Friday, August 21, 2015

ရင္းႏွီးကၽြမ္းဝင္မႈႏွင့္အတူလန္းဆန္းမႈကို တစ္ၿပိဳင္နက္ခံစားရေစမည့္ Windows 10

ရင္းႏွီးကၽြမ္းဝင္မႈႏွင့္အတူလန္းဆန္းမႈကို တစ္ၿပိဳင္နက္ခံစားရေစမည့္ Windows 10
ပိုမိုတိုးတက္ေကာင္းမြန္ေအာင္စြမ္းေဆာင္မႈမ်ားစြာႏွင့္ တကယ့္ apps အသစ္။ အခြင့္အေရးတစ္ခုသာေပးလိုက္ပါ သင့္ကိုတိုးတက္ေျပာင္းလဲေစပါလိမ္မည္။
Windows 10 မွာ လူတိုင္းအတြက္ တစ္စံုတစ္ရာ ရိွေနပါသည္။ ဘယ္ Version ကိုသံုးေနသည္ျဖစ္ေစ၊ Window 10 သည္ ရင္းႏွီးကြ်မ္းဝင္မႈ ကိုခံစားေစလိမ္မည္၊ သို႔ေသာ္ ျခားနာမွဳေတာ့ရိွပါသသည္။
သို႔ရာတြင္ Windows 8 မွ Windows 10 သို႔ေျပာင္းလဲသံုးစြဲသူ အတြက္ေတာ့ သိပ္မကြာျခားပါဘူး။
ပထမဦးစြာ Microsoft ၏ ဒုတိယအႀကိမ္ ႀကိဳးစားမွဳအေနျဖင့္ operating system တစ္ခုတည္းျဖင့္ device အားလံုးကို သံုးႏိုင္ေစရန္ start menu တြင္ ထည့္ထားသည္။ ဤအရာက Windows 7 သံုးစဥ္ တစ္ေလွ်ာက္လံုး desktop မွ တစ္ဆင့္ သံုးႏိုင္ေသာ interface ႏွင့္ အလားတူျဖစ္ရာ Windows ကို ကာလအတန္ၾကာသံုးစဲြခဲ့သူမ်ားအတြက္ သက္ေတာင့္သက္သာရိွေစသည္။
တစ္ခ်ိန္တည္းမွာပင္ Windows 8 သည္ ယခင္ Version မ်ားကေပးခဲ့သည္ တို႔ကို ျဖတ္ခ်ပစ္သကဲ့သို႔ပင္ (Windows 10 တြင္ tablet mode ဟုသိေနၾကသည့္) title-based interface မ်ားကို ျဖတ္ေတာက္ပစ္ သည္မ်ားရိွသည္။ လက္ႏွင့္ထိ၍ ဆဲြ၍ခိုင္းႏိုင္သည္ မွန္ေသာ္လည္းလွည့္စားထားခဲ့သည္။
Window 10 ၏ အဓိက အဂၤါရပ္အခ်ိဳ႕ကိုၾကည့္ပါ။
Start Menu ျပန္ပါဝင္လာျခင္း
Start Menu ျပန္ပါဝင္လာ ေသာ္လည္း Windows 7 ကလိုေတာ့မဟုတ္ပါ။ ဥပမာတစ္ခု အေနျဖင့္ ျပရလွ်င္ ယင္း Menu ၏ ထိပ္ဖက္ႏွင္ ့ယာဖက္အစြန္းတို႔ကို ဖိဆဲြၿပီး Size ကိုျပင္ႏိုင္သည္။
Start Menu ကို ေပါင္းစပ္ဖြဲ႔စည္းထားပါသည္။ ဝဲဖက္အျခမ္းသည္ မၾကာခဏ သံုးေလ့ရိွသည့္ apps မ်ားကိုျပထားသည့္ File Explorer ႏွင့္ယခင္က Setting apps မ်ားကိုအသြင္ေျပာင္းထားသည့္ apps မ်ားျဖစ္ပါသည္။ ပို၍အေရးႀကီးသည့္က ဤေနရာတြင္ ပါဝါခလုတ္ထည့္သြင္းထားပါသည္။ ထို႔ေၾကာင့္ Windows 8 မွာႏွင့္မတူပဲ၊ စက္ပိတ္ရန္ျပသနာမရိွႏိုင္ေတာ့ပါ။
တစ္ဆက္တည္းမွာပဲ ယာဖက္အျခမ္းတြင္ Windows 8 မွာေတြ႔ရသည့္ နာမည္မ်ားျဖင့္ desktop မွေခၚယူအသံုးျပဳႏိုင္ေသာ apps အမည္မ်ားကိုေဖာ္ျပထားသည္။ ႏွစ္သက္ရာအမည္တစ္ခု ကိုဖိႏွိပ္ဆဲြလိုက္လွ်င္ Start menu မွဖယ္ထုတ္ပစ္ရန္ သို႔မဟုတ္ အရြယ္အစားေျပာင္းရန္ ျပဳလုပ္ႏိုင္ပါသည္။
တစ္ခ်က္ထိရုံျဖင့္ ဝဲဖက္ျခမ္း touch screen ကုိဖိဆဲြလိုက္လွ်င္ menu တစ္ခုျဖင့္ apps အားလံုးကို အကၡရာႏွင့္အလုိက္ ေဖာ္ျပပါမည္။ menu ၏ေအာက္ေျခတြင္ mouse ၏ pointer ကိုေထာက္ၿပီး ကလစ္ႏွိပ္ ျခင္းျဖင့္ apps မ်ား ကိုယခင္ကလို သံုးႏိုင္ပါသည္။
Windows 8 မွာကဲ့သို႔ Start menu ေပၚတြင္ ညာကလစ္ႏိွပ္ျခင္းျဖင့္ power options / command prompt ႏွင့္ control panel စသည့္တို႔ ပါဝင္ေသာ menu ေနာက္တစ္မ်ိဳးကို Shortcut မ်ားႏွင့္ အတူေပၚလာေစပါမည္။
Action Center
Windows 8 တြင္ touch screen ေပၚမွာ ညာဖက္အစြန္းမွဖိဆဲြျခင္းျဖင့္ Charms bar ေပၚေစခဲ့သည္။ Windows 10 တြင္မူ Action Center ကိုေပၚလာေစပါသည္။ System Tray ၏ ေအာက္ေျခညာဖက္ေထာင့္ရိွ Action Center Icon ေပၚတြင္ ကလစ္ႏွိပ္လိုက္ပါက Action Center သည္ apps မ်ားမွ notification မ်ားကိုျပပါမည္။ ယင္းကအဓိကအသံုးျပဳႏုိင္ေသာ Function မ်ားျဖစ္သည့္ Wi-Fi ပိတ္/ဖြင့္ ႏွင့္ Screen လင္း/မွိန္ ညွိႏိုင္သည့္ icon မ်ားကိုလည္းျပပါမည္။ Android Phone မ်ားေပၚတြင္ notification မ်ားတက္လာၿပီး icon မ်ားျပသသည့္ စာရင္းကိုလည္း လိုသလိုျပဳျပင္ႏိုင္ပါသည္။ Charms bar ႏွင့္ႏိႈင္းယွဥ္လွ်င္၊ အသစ္ျဖစ္ေသာ Action Center သည္ပို၍ သိနားလည္မွဳရိွၿပီး ပိုမိုလုပ္ေဆာင္ေပးႏိုင္ပါသည္။
Continuum (ယခင္ႏွင့္မတူေျပာင္းလဲမွဳမ်ား)
Device မ်ားစြာႏွင့္အလုုပ္လုပ္ရန္၊ Windows 10 သည္ ထို device ကိုအသံုးျပဳပံုေပၚမူတည္ၿပီး ပံုစံ အမ်ိဳးမ်ိဳးကူးေျပာင္း လုပ္ေဆာင္ရပါသည္။ Surface Pro 3 တြင္ ၊ Keyboard ကိုျဖဳတ္ထားေသာအခါ Tablet Mode သို႔ေျပာင္းမလားဟု notification ျဖင့္ အၾကိမ္မ်ားစြာေမးတတ္ပါသည္။ Tablet mode တြင္ System Tray ႏွင့္ task bar တို႔သည္ ပိုမိုႀကီးမားၿပီး လက္ျဖင့္အသာတို႔ၿပီး လြယ္ကူစြာသံုးျပဳႏိုင္ပါသည္။
Start Menu ခလုတ္ေပၚတြင္ ကလစ္ႏွိပ္ျခင္းျဖင့္ Windows 8 စတိုင္ အသံုးျပဳႏိုင္ပါသည္။ သို႔ရာတြင္ task bar သည္ User အတြက္သံုးေနက်မ်ားကို မွတ္သားသည့္အရာအျဖစ္လုပ္ေဆာင္ပါသည္။ Action Center တြင္ Tablet Mode သို႔မိမိကိုယ္တိုင္ ေရြးခ်ယ္ကူးေျပာင္းႏိုင္ပါသည္။
App ကို Setting လုပ္ျခင္း
Setting app အသစ္သည္ ပို၍အသံုးဝင္သည္။ Windows Setting အမ်ားစုကို Setting app ျဖင့္လိုသလိုျပဳျပင္ႏူိင္သည္။ Option တစ္ခုကိုေရြးခ်ယ္သည့္အခါ မူလပံုစံ Control Panel တက္လာသည္။
Pops up ႏွင့္အဆင္မေျပ ျဖစ္တတ္ပါသည္။ သို႔ရာတြင္ Windows 8 မွာ ျဖစ္သေလာက္ေတာ့ အႀကိမ္မ စိတ္ေတာ့ပါ။
Windows hello / windows ကိုစတင္ျခင္း
Passwords ကိုႏႈတ္ဆက္ထားရစ္ေပေတာ့။ Windows 10 သင့္ကို Sign-In ဝင္ရန္ သင့္၏မ်က္ႏွာ (သို႔) လက္ေခ်ာင္းမ်ားျဖင့္ခိုင္းႏိုင္သည္။ Third-Party apps တစ္ခုကို သံုးၿပီး ဤလုပ္ငန္း ကိုလုပ္ကိုင္ႏိုင္ေသာ္လည္း Windows တြင္ ဤ Function ကို စုစည္းထည့္သြင္းထားေသာေၾကာင့္ ပို၍အဆင္ေျပေစပါသည္။ မ်က္ႏွာကိုမွတ္မိရမည့္ အေနအထားတြက္ Intel Realsense 3D Camera ကို Dell Insprion 15 Laptop အသစ္တြင္ သံုးထားသကဲ့သို႔ အထူး Camera တစ္လံုးလိုအပ္ပါသည္။
မ်က္ႏွာကိုမွတ္မိေအာင္ Setting Up လုပ္ဖို႔လိုအပ္ပါသည္။ Intel Website မွ Driver ကို Download လုပ္ပါ။ Setting ထဲမွ Sign-In Option ကိုသြားပါ။ ကိန္းဂဏန္းမ်ားရိုက္ထည့္ၿပီး PIN တစ္ခုကို Create လုပ္ပါ။ Camera ေရွ႕မွာ စကၠန္႔အနည္းငယ္စိုက္ၾကည့္ေပးပါ။
အမ်ားအားျဖင့္ ဤ Setting က အလုပ္လုပ္ပါသည္။ အေအာင္ျမင္ေသာ အၾကိမ္အနည္းတြက္မႈ Sign-In လုပ္ရန္ PIN ကိုရိုက္ထည့္ရပါမည္။ PIN ကို ဂဏန္းမ်ားရိုက္ထည့္ရသည့္က Password ရုိက္ရသည္ ထက္ပိုျမန္၍ ေကာင္းသလို User အမ်ားစုကလည့္း မိမိတို႔ ကြန္ပ်ဴတာတြင္ ကိရိယာအသစ္မ်ား ထပ္မံတပ္ဆင္ရန္ မႏွစ္သက္ၾကေပ။
‘Cortana’ စင္ကာပူတြင္မရွိ
Apple ၏ iOS ေပၚမွ Siri ႏွင့္ Android Phone မ်ားေပၚတြင္ Google Now တို႔ ကဲ့သို႔ Personal Assistant မ်ိဳး Windows 10 ေပၚတြင္ပါပါသည္။ ယင္းသည္ မိုးေလဝသ သိလိုေရးႏွင့္ ေမးသိသည္မွ အားကစားၿပိဳင္ပြဲ ရမွတ္တို႔လို ေမးခြန္းမ်ိဳးတို႔ကို ေျဖႏုိင္သည္။ Events မ်ားကို Create လုပ္ျခင္း၊ ျပကၡဒိန္ တြင္ အခ်ိန္က်လွ်င္ ႏိႈးေဆာ္ျခင္းတို႔ကိုလုပ္ႏိုင္သည္။
Cortana သည္ စင္ကာပူတြင္ မရွိပါ။ Microsoft ကေတာ့ေျပာပါသည္ အနာဂတ္မွာ Windows 10 ေပၚမွာ Cortana ပါဝင္ၿပီး အေမရိကန္၊ ၿဗိတိန္၊ တရုတ္၊ ျပင္သစ္၊ အီတလီ၊ ဂ်ာမနီ ႏွင့္ စပိန္စသည့္ ခုႏွစ္ႏိုင္တြင္ သံုးႏိုင္ေစမည္။ ယခုႏွစ္ကုန္တြင္ ၾသစေတးလ်၊ ဘရာဇီး၊ ကေနဒါ၊ အိႏိၵယ၊ ဂ်ပန္ႏွင့္ မကၠဆီကို တို႔မွာသံုး၍ ရႏိုင္မည္ဟုဆိုပါသည္။
သင္ေကာ အဆင့္ျမင့္သံုးစြဲမည္လား
Windows 10 ပထမ Version ကို ေအာက္တိုဘာလမွ စ၍ Beta မွတစ္ဆင့္ စမ္းသပ္သူမ်ားထံေပးပို႔ ၿပီးေနာက္ ထြက္လာသည္မွာ ၾကာခဲျပီျဖစ္ပါသည္။
ေနာက္ဆံုး Version ကိုပို၍ အေခ်ာသပ္ထားသည့္အတြက္ တည္ျငိမ္သည္။ ကၽြႏု္ပ္ စမ္းသပ္သံုးဆြဲခဲ့သည့္ ရက္သတၱပတ္တြင္း ႀကီးႀကီးမားမား ထိုးရပ္သြားျခင္း၊ Screen ေသးသြားျခင္းမေတြ႕ရပါ။ Microsoft Apps အသစ္မ်ားျဖစ္ေသာ Mail ၊ News ၊ Calendar တို႔မွာ ထူးကဲေကာင္းမြန္ၿပီး အၾကိမ္ၾကိမ္ မြမ္းမံထားၿပီးသားမ်ားျဖစ္ေပသည္။
Windows User အမ်ားစုအတြက္ အခမဲ့တိုးျမွင့္ႏိုင္ၿပီး Upgrade လုပ္ၿပီး တစ္လအတြင္း မူလ Windows သို႔ျပန္ေျပာင္းယူႏိုင္သည္ျဖစ္ရာ၊ Windows 10 ကို အခြင့္အေရးေလးတစ္ခုေတာ့ေပးေစခ်င္ပါသည္။
သင့္ကိုတိုးတက္ေျပာင္းလဲ ေကာင္းေျပာင္းလဲ ေစပါလိမ့္မည္။
ရင်းနှီးကျွမ်းဝင်မှုနှင့်အတူလန်းဆန်းမှုကို တစ်ပြိုင်နက်ခံစားရစေမည့် Windows 10
ပိုမိုတိုးတက်ကောင်းမွန်အောင်စွမ်းဆောင်မှုများစွာနှင့် တကယ့် apps အသစ်။ အခွင့်အရေးတစ်ခုသာပေးလိုက်ပါ သင့်ကိုတိုးတက်ပြောင်းလဲစေပါလိမ်မည်။
Windows 10 မှာ လူတိုင်းအတွက် တစ်စုံတစ်ရာ ရှိနေပါသည်။ ဘယ် Version ကိုသုံးနေသည်ဖြစ်စေ၊ Window 10 သည် ရင်းနှီးကျွမ်းဝင်မှု ကိုခံစားစေလိမ်မည်၊ သို့သော် ခြားနာမှုတော့ရှိပါသသည်။
သို့ရာတွင် Windows 8 မှ Windows 10 သို့ပြောင်းလဲသုံးစွဲသူ အတွက်တော့ သိပ်မကွာခြားပါဘူး။
ပထမဦးစွာ Microsoft ၏ ဒုတိယအကြိမ် ကြိုးစားမှုအနေဖြင့် operating system တစ်ခုတည်းဖြင့် device အားလုံးကို သုံးနိုင်စေရန် start menu တွင် ထည့်ထားသည်။ ဤအရာက Windows 7 သုံးစဉ် တစ်လျှောက်လုံး desktop မှ တစ်ဆင့် သုံးနိုင်သော interface နှင့် အလားတူဖြစ်ရာ Windows ကို ကာလအတန်ကြာသုံးစွဲခဲ့သူများအတွက် သက်တောင့်သက်သာရှိစေသည်။
တစ်ချိန်တည်းမှာပင် Windows 8 သည် ယခင် Version များကပေးခဲ့သည် တို့ကို ဖြတ်ချပစ်သကဲ့သို့ပင် (Windows 10 တွင် tablet mode ဟုသိနေကြသည့်) title-based interface များကို ဖြတ်တောက်ပစ် သည်များရှိသည်။ လက်နှင့်ထိ၍ ဆွဲ၍ခိုင်းနိုင်သည် မှန်သော်လည်းလှည့်စားထားခဲ့သည်။
Window 10 ၏ အဓိက အင်္ဂါရပ်အချို့ကိုကြည့်ပါ။
Start Menu ပြန်ပါဝင်လာခြင်း
Start Menu ပြန်ပါဝင်လာ သော်လည်း Windows 7 ကလိုတော့မဟုတ်ပါ။ ဥပမာတစ်ခု အနေဖြင့် ပြရလျှင် ယင်း Menu ၏ ထိပ်ဖက်နှင် ့ယာဖက်အစွန်းတို့ကို ဖိဆွဲပြီး Size ကိုပြင်နိုင်သည်။
Start Menu ကို ပေါင်းစပ်ဖွဲ့စည်းထားပါသည်။ ဝဲဖက်အခြမ်းသည် မကြာခဏ သုံးလေ့ရှိသည့် apps များကိုပြထားသည့် File Explorer နှင့်ယခင်က Setting apps များကိုအသွင်ပြောင်းထားသည့် apps များဖြစ်ပါသည်။ ပို၍အရေးကြီးသည့်က ဤနေရာတွင် ပါဝါခလုတ်ထည့်သွင်းထားပါသည်။ ထို့ကြောင့် Windows 8 မှာနှင့်မတူပဲ၊ စက်ပိတ်ရန်ပြသနာမရှိနိုင်တော့ပါ။
တစ်ဆက်တည်းမှာပဲ ယာဖက်အခြမ်းတွင် Windows 8 မှာတွေ့ရသည့် နာမည်များဖြင့် desktop မှခေါ်ယူအသုံးပြုနိုင်သော apps အမည်များကိုဖော်ပြထားသည်။ နှစ်သက်ရာအမည်တစ်ခု ကိုဖိနှိပ်ဆွဲလိုက်လျှင် Start menu မှဖယ်ထုတ်ပစ်ရန် သို့မဟုတ် အရွယ်အစားပြောင်းရန် ပြုလုပ်နိုင်ပါသည်။
တစ်ချက်ထိရုံဖြင့် ဝဲဖက်ခြမ်း touch screen ကိုဖိဆွဲလိုက်လျှင် menu တစ်ခုဖြင့် apps အားလုံးကို အက္ခရာနှင့်အလိုက် ဖော်ပြပါမည်။ menu ၏အောက်ခြေတွင် mouse ၏ pointer ကိုထောက်ပြီး ကလစ်နှိပ် ခြင်းဖြင့် apps များ ကိုယခင်ကလို သုံးနိုင်ပါသည်။
Windows 8 မှာကဲ့သို့ Start menu ပေါ်တွင် ညာကလစ်နှိပ်ခြင်းဖြင့် power options / command prompt နှင့် control panel စသည့်တို့ ပါဝင်သော menu နောက်တစ်မျိုးကို Shortcut များနှင့် အတူပေါ်လာစေပါမည်။
Action Center
Windows 8 တွင် touch screen ပေါ်မှာ ညာဖက်အစွန်းမှဖိဆွဲခြင်းဖြင့် Charms bar ပေါ်စေခဲ့သည်။ Windows 10 တွင်မူ Action Center ကိုပေါ်လာစေပါသည်။ System Tray ၏ အောက်ခြေညာဖက်ထောင့်ရှိ Action Center Icon ပေါ်တွင် ကလစ်နှိပ်လိုက်ပါက Action Center သည် apps များမှ notification များကိုပြပါမည်။ ယင်းကအဓိကအသုံးပြုနိုင်သော Function များဖြစ်သည့် Wi-Fi ပိတ်/ဖွင့် နှင့် Screen လင်း/မှိန် ညှိနိုင်သည့် icon များကိုလည်းပြပါမည်။ Android Phone များပေါ်တွင် notification များတက်လာပြီး icon များပြသသည့် စာရင်းကိုလည်း လိုသလိုပြုပြင်နိုင်ပါသည်။ Charms bar နှင့်နှိုင်းယှဉ်လျှင်၊ အသစ်ဖြစ်သော Action Center သည်ပို၍ သိနားလည်မှုရှိပြီး ပိုမိုလုပ်ဆောင်ပေးနိုင်ပါသည်။
Continuum (ယခင်နှင့်မတူပြောင်းလဲမှုများ)
Device များစွာနှင့်အလုုပ်လုပ်ရန်၊ Windows 10 သည် ထို device ကိုအသုံးပြုပုံပေါ်မူတည်ပြီး ပုံစံ အမျိုးမျိုးကူးပြောင်း လုပ်ဆောင်ရပါသည်။ Surface Pro 3 တွင် ၊ Keyboard ကိုဖြုတ်ထားသောအခါ Tablet Mode သို့ပြောင်းမလားဟု notification ဖြင့် အကြိမ်များစွာမေးတတ်ပါသည်။ Tablet mode တွင် System Tray နှင့် task bar တို့သည် ပိုမိုကြီးမားပြီး လက်ဖြင့်အသာတို့ပြီး လွယ်ကူစွာသုံးပြုနိုင်ပါသည်။
Start Menu ခလုတ်ပေါ်တွင် ကလစ်နှိပ်ခြင်းဖြင့် Windows 8 စတိုင် အသုံးပြုနိုင်ပါသည်။ သို့ရာတွင် task bar သည် User အတွက်သုံးနေကျများကို မှတ်သားသည့်အရာအဖြစ်လုပ်ဆောင်ပါသည်။ Action Center တွင် Tablet Mode သို့မိမိကိုယ်တိုင် ရွေးချယ်ကူးပြောင်းနိုင်ပါသည်။
App ကို Setting လုပ်ခြင်း
Setting app အသစ်သည် ပို၍အသုံးဝင်သည်။ Windows Setting အများစုကို Setting app ဖြင့်လိုသလိုပြုပြင်နိူင်သည်။ Option တစ်ခုကိုရွေးချယ်သည့်အခါ မူလပုံစံ Control Panel တက်လာသည်။
Pops up နှင့်အဆင်မပြေ ဖြစ်တတ်ပါသည်။ သို့ရာတွင် Windows 8 မှာ ဖြစ်သလောက်တော့ အကြိမ်မ စိတ်တော့ပါ။
Windows hello / windows ကိုစတင်ခြင်း
Passwords ကိုနှုတ်ဆက်ထားရစ်ပေတော့။ Windows 10 သင့်ကို Sign-In ဝင်ရန် သင့်၏မျက်နှာ (သို့) လက်ချောင်းများဖြင့်ခိုင်းနိုင်သည်။ Third-Party apps တစ်ခုကို သုံးပြီး ဤလုပ်ငန်း ကိုလုပ်ကိုင်နိုင်သော်လည်း Windows တွင် ဤ Function ကို စုစည်းထည့်သွင်းထားသောကြောင့် ပို၍အဆင်ပြေစေပါသည်။ မျက်နှာကိုမှတ်မိရမည့် အနေအထားတွက် Intel Realsense 3D Camera ကို Dell Insprion 15 Laptop အသစ်တွင် သုံးထားသကဲ့သို့ အထူး Camera တစ်လုံးလိုအပ်ပါသည်။
မျက်နှာကိုမှတ်မိအောင် Setting Up လုပ်ဖို့လိုအပ်ပါသည်။ Intel Website မှ Driver ကို Download လုပ်ပါ။ Setting ထဲမှ Sign-In Option ကိုသွားပါ။ ကိန်းဂဏန်းများရိုက်ထည့်ပြီး PIN တစ်ခုကို Create လုပ်ပါ။ Camera ရှေ့မှာ စက္ကန့်အနည်းငယ်စိုက်ကြည့်ပေးပါ။
အများအားဖြင့် ဤ Setting က အလုပ်လုပ်ပါသည်။ အအောင်မြင်သော အကြိမ်အနည်းတွက်မှု Sign-In လုပ်ရန် PIN ကိုရိုက်ထည့်ရပါမည်။ PIN ကို ဂဏန်းများရိုက်ထည့်ရသည့်က Password ရိုက်ရသည် ထက်ပိုမြန်၍ ကောင်းသလို User အများစုကလည့်း မိမိတို့ ကွန်ပျူတာတွင် ကိရိယာအသစ်များ ထပ်မံတပ်ဆင်ရန် မနှစ်သက်ကြပေ။
‘Cortana’ စင်ကာပူတွင်မရှိ
Apple ၏ iOS ပေါ်မှ Siri နှင့် Android Phone များပေါ်တွင် Google Now တို့ ကဲ့သို့ Personal Assistant မျိုး Windows 10 ပေါ်တွင်ပါပါသည်။ ယင်းသည် မိုးလေဝသ သိလိုရေးနှင့် မေးသိသည်မှ အားကစားပြိုင်ပွဲ ရမှတ်တို့လို မေးခွန်းမျိုးတို့ကို ဖြေနိုင်သည်။ Events များကို Create လုပ်ခြင်း၊ ပြက္ခဒိန် တွင် အချိန်ကျလျှင် နှိုးဆော်ခြင်းတို့ကိုလုပ်နိုင်သည်။
Cortana သည် စင်ကာပူတွင် မရှိပါ။ Microsoft ကတော့ပြောပါသည် အနာဂတ်မှာ Windows 10 ပေါ်မှာ Cortana ပါဝင်ပြီး အမေရိကန်၊ ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ အီတလီ၊ ဂျာမနီ နှင့် စပိန်စသည့် ခုနှစ်နိုင်တွင် သုံးနိုင်စေမည်။ ယခုနှစ်ကုန်တွင် သြစတေးလျ၊ ဘရာဇီး၊ ကနေဒါ၊ အိန္ဒိယ၊ ဂျပန်နှင့် မက္ကဆီကို တို့မှာသုံး၍ ရနိုင်မည်ဟုဆိုပါသည်။
သင်ကော အဆင့်မြင့်သုံးစွဲမည်လား
Windows 10 ပထမ Version ကို အောက်တိုဘာလမှ စ၍ Beta မှတစ်ဆင့် စမ်းသပ်သူများထံပေးပို့ ပြီးနောက် ထွက်လာသည်မှာ ကြာခဲပြီဖြစ်ပါသည်။
နောက်ဆုံး Version ကိုပို၍ အချောသပ်ထားသည့်အတွက် တည်ငြိမ်သည်။ ကျွနု်ပ် စမ်းသပ်သုံးဆွဲခဲ့သည့် ရက်သတ္တပတ်တွင်း ကြီးကြီးမားမား ထိုးရပ်သွားခြင်း၊ Screen သေးသွားခြင်းမတွေ့ရပါ။ Microsoft Apps အသစ်များဖြစ်သော Mail ၊ News ၊ Calendar တို့မှာ ထူးကဲကောင်းမွန်ပြီး အကြိမ်ကြိမ် မွမ်းမံထားပြီးသားများဖြစ်ပေသည်။
Windows User အများစုအတွက် အခမဲ့တိုးမြှင့်နိုင်ပြီး Upgrade လုပ်ပြီး တစ်လအတွင်း မူလ Windows သို့ပြန်ပြောင်းယူနိုင်သည်ဖြစ်ရာ၊ Windows 10 ကို အခွင့်အရေးလေးတစ်ခုတော့ပေးစေချင်ပါသည်။
သင့်ကိုတိုးတက်ပြောင်းလဲ ကောင်းပြောင်းလဲ စေပါလိမ့်မည်။


Wednesday, July 29, 2015

Towards a Digital Life Style

Towards a Digital Life Style
(၂၀၁၃)ခုႏွစ္ အတြင္းက ရန္ကုန္ျမိဳ႕ တပ္မေတာ္ခန္းမမွာ က်င္းပ ခဲ့တဲ့ International Myanmar ICT Exhibition 2013 ၂၀၁၃ မွာ အရင္ႏွစ္ေတြ ကထက္ပုိျပီး ထူးျခားတဲ့အစီအစဥ္ တစ္ခုအေနနဲ႕ ပြဲက်င္းပေနတဲ့ရက္ေတြရဲ႕ေန႕ လည္ပုိင္းေတြမွာ Televised Session ဆုိျပီး အုိင္တီ၊အင္တာနက္၊မုိဘိုင္းလ္၊ e-Government၊ Web Technology စသျဖင့္ တုိင္းျပည္အတြက္ေရာ၊ မိဘျပည္သူေတြ၊ လူငယ္တီထြင္ ဖန္တီးသူေတြ အက်ိဳးရွိေစမည့္ Knowledge ရေစမည့္ အေၾကာင္းအရာေတြကုိ အုိင္တီ အသင္းအဖြဲ႕ေတြက တာ၀န္ရွိသူေတြ အျပင္ ပညာရပ္ဆုိင္ရာ တတ္သိနားလည္တဲ့သူေတြ၊ အထူးသျဖင့္ အုိင္တီကုိ ရူးသြပ္ျပီး ဘ၀တစ္ခုလုိ႕သတ္မွတ္ ထားၾကတဲ့ လူငယ္ ပညာရွင္ေတြကုိဖိတ္ၾကားျပီး Brocasting Media Partner မ်ားရဲ႕ ကူညီမႈနဲ႔ Channel (3) ခု ကေနတုိက္ရုိက္လႊင့္မယ့္ လူ(၄)ဦးကေန(၆)ဦးအထိ စုေပါင္းေဆြးေႏြး ေမးျမန္းၾကမည္႕ အစီအစဥ္တစ္ခုကုိ ထည့္သြင္းထားခဲ့ၾကပါတယ္။ ကြ်န္ေတာ့္အေနနဲ႔ ေန႔တစ္ေန႔အတြက္ ဒုတိယပုိင္းအစီအစဥ္ျဖစ္တဲ့ Towards a Digital Life Style ဆုိတဲ့ ေခါင္းစဥ္နဲ႕ အုိင္တီအသင္းက တာ၀န္ရွိသူေတြအျပင္ အုိင္တီစီးပြားေရး လုပ္ငန္းထဲကုိ စတင္အေျခခံ ၀င္ေရာက္လာ တဲ့လူငယ္စီးပြားေရးနဲ႕ အုိင္တီပညာရွင္(၃) ဦး နဲ႕အတူ နာရီ၀က္ေလာက္ေဆြးေႏြးမႈကုိ ဦးေဆာင္ျပီး Moderator အေနနဲ႕ ပါ၀င္ ေဆာင္ရြက္ေပးျဖစ္ခဲ့ပါတယ္။ ကြ်န္ေတာ္တုိ႔ အစီအစဥ္မစခင္ Panelist ေတြနဲ႕ အၾကိဳေဆြးေႏြးခဲ့ၾကတဲ့အခါ ကမာၻနဲ႕တ၀ွမ္း ေျပာင္းလဲတုိးတက္လာ ေနတဲ့ Digital နည္းပညာေတြနဲ႔ Equipment ေတြျဖစ္တဲ့ PC, Labtop နဲ႔ Tablet ေတြ၊ Digital Camera, MP3, MP4 နဲ႔ Digital TV Channel ေတြနဲ႕နည္းပညာ အသစ္အဆန္းေတြ၊ Digital Telephone ေတြကေန ဒီကေန႔ အသုံးျပဳေနၾကတဲ့ Mobile Smart Phone Technology ေတြ Internet, e-Mail နဲ႔ Web Technology ေတြဟာတႏွစ္ျပီး တႏွစ္အံ့မခန္း တုိး တက္လာၾကျပီးေတာ့ ကြ်န္ေတာ္တို႕ျမန္မာ နုိင္ငံမွာလည္း (၁၀) စုႏွစ္(၁) ခုေက်ာ္ (၂)ခုေလာက္ စိမ့္၀င္ပ်ံ႕နွံ႕ခဲ့ျပီး အရင္ ကလုိခ်င္တယ္လုိ႕ဆုိတဲ့ Digital အသုံး အေဆာင္ပစၥည္းေတြဟာ အခုဆုိရင္ မရွိမျဖစ္ လုိအပ္ေနတဲ့ Daily Needs ေတြအျဖစ္ ေရာက္မွန္းမသိ ေရာက္လာၾကျပီ ျဖစ္ဆုိတာေတြ ေျပာျဖစ္ၾကပါတယ္။ မွတ္မွတ္ရရ ကြ်န္ေတာ္တုိ႕ကုိယ္ တုိင္လုပ္ငန္းအတြက္ေရာ ကုိယ္ပုိင္သုံးဖုိ႕ အတြက္ေရာ Projecter တစ္လုံးကုိ သိန္း(၄၀)ေက်ာ္၊ Labtop တစ္လုံးကုိ (၁၅)သိန္း (၁၈)သိန္း၊ Digital Camera တစ္လုံးကုိ(၅)သိန္းေလာက္နဲ႔ Mobile Phone တစ္လုံးကုိ ျပင္ပေပါက္ ေစ်း သိန္း(၂၅) (၃၀) နဲ႕ ၀ယ္သုံးခဲ့ၾကရတဲ့ လြန္ခဲ့တဲ့ (၁၅)ႏွစ္ ေလာက္ကထက္ Digital နည္းပညာေတြနဲ႕ဆက္စပ္တဲ့ Equipment ေတြဟာ အခုဆုိရင္ အလြန္ကုိသက္သာတဲ့ ႏႈန္းထားေတြနဲ႕ Accessibility လုိ႕ေခၚတဲ့ ေနရာတကာမွာ အလြယ္တကူ ၀ယ္ယူရရွိ လာနုိင္တာေတြ၊ Affordability လုိ႕ေခၚတဲ့ တန္ဖုိးအရမ္းမမ်ားပဲ လူလတ္တန္းစားေတြပါ တတ္နိုင္ ၀ယ္ႏုိင္လာတဲ့အေျခအေနေတြ ကလည္း Human Being without survive with Digital Life style လုိ႕ သတ္မွတ္လာရတဲ့အထိ ေရာက္ရွိ လာေအာင္ တြန္းပုိ႕ေပးတဲ့ ေမာင္းႏွင္အား Driving Force ေတြဆုိရင္လည္း မမွားပါဘူး။ အဲဒီလုိ Digital နည္းပညာေတြ အလြယ္တကူ ၀ယ္ယူအသုံးျပဳလာႏုိင္တဲ့ အတြက္ လူသားေတြအတြက္ အက်ိဳးေက်းဇူး အမ်ားၾကီး ျဖစ္ထြန္းေစတယ္ဆုိတာ ဘယ္သူမွျငင္းနုိင္မွာမဟုတ္ပါဘူး။ အရင္က ဖလင္ကုိအသံုးျပဳရျပီး ကူးဖုိ႕ေဆးဖုိ႕ ခက္ခဲခဲ့တဲ့ ဓါတ္ပုံနည္းပညာေတြမွာ အခု Digital Camera ေပၚေပါက္လာေတာ့ ကူးဖုိ႕ပဲျဖစ္ျဖစ္ Distribute လုပ္ဖုိ႕ပဲ ျဖစ္ျဖစ္ အလြယ္တကူျဖစ္လာတယ္။ အရင္က အဆက္အသြယ္ရဖုိ႕ ခက္ခဲတဲ့ေနရာေဒသေတြအတြက္ လူကုိယ္ တုိင္သြားလာရတဲ့အေျခအေနတစ္ခုကေန အခုဆုိရင္ လြယ္လြယ္ကူကူ ဖုန္းကေလး ဆက္လုိက္ယုံနဲ႕ ဆက္သြယ္နုိင္လာတယ္။ အရင္ကကားခ်ပ္ရုပ္ပုံေတြကုိပန္းခ်ီ Drawing Design ေတြနဲ႕တစ္ခုခ်င္းစီ လုပ္ေနရာကေနအခု Powerpoint လုိ Presentation Software ေတြ ေပၚလာေတာ့အရုပ္ေရာ၊ အသံေရာအားလုံး ပုံစံမ်ိဳးစုံနဲ႕ Present လုပ္နုိင္လာတယ္။ အရင္က ဖလင္အသုံးျပဳခဲ့တဲ့ရုပ္ရွင္စနစ္ေနရာမွာ အခု Digital TV ေတြ Prepaid Channel ေတြ၊ Cable TV ေတြ CD, DVD, EVD Player ေတြ ေပၚေပါက္လာေတာ့ Entertainment နဲ႕ Knowledge အတြက္ မိမိၾကည္႔လုိတဲ့ အစီအစဥ္ကုိ မိမိၾကည့္လုိတဲ့အခ်ိန္မွာ မိမိၾကည့္ခ်င္တဲ့နည္းပညာတစ္ခုခုနဲ႕ စိတ္ၾကိဳက္ၾကည့္႐ႈလာနုိင္တယ္။ အရင္ကသတင္းစာ၊ ဂ်ာနယ္၊ စာေစာင္ေတြကုိ တေနရာရာမွာသြား၀ယ္ျပီးမွ အဆင္ေျပတဲ့အခ်ိန္တစ္ခုမွာမွ ၾကည့္လုိ႔ ရေပမဲ့ အခုဆုိရင္ Printed Media ေတြ အားလံုးနီးပါး Digital Form နဲ႔ OnLine ေပၚမွာရွိ လာျပီျဖစ္လုိ႕ ကုိယ့္မွာ Mobile ဒါမွမဟုတ္ Tablet ေလးတစ္ခု ရွိေနယံုနဲ႕ ေနရာ၊ ေဒသအခ်ိန္မေရြး ကုိယ္ၾကည္႕ခ်င္တဲ့စာေစာင္နဲ႔ Article ေတြကုိ ၾကည့္နုိင္လာတယ္။ အရင္ကအစည္းအေ၀း၊ အခမ္းအနားတစ္ခုခု (ဒါမွမဟုတ္) အင္တာဗ်ဴးတစ္ခုခုအတြက္ အသံပုိင္းဆိုင္ရာ Record လုပ္ထားခ်င္တယ္ ဆုိရင္ Tape ေတြသုံးရျပီးျပန္ Convert လုပ္ဖုိ႕ Medium အခက္အခဲရိွတာေရာ၊ ၾကာရွည္ သိမ္းထားဖုိ႕အတြက္ေရာ အဆင္မေျပေပမဲ့ အခုဆုိရင္ Digital Recorder ေတြသုံးျပီး ဘာကိစၥအတြက္ပဲျဖစ္ျဖစ္ ကုိယ္သိမ္းလုိတဲ့ Digital Format တစ္ခုခုနဲ႕သိမ္းျပီးျပန္နား ေထာင္ခ်င္တဲ့မည့္သည့္ Digital Device တစ္ခုခုနဲ႕မဆုိျပန္နားေထာင္လုိ႕ရလာတယ္။ အဲဒီအခ်က္ေတြကေတာ့ Digital နည္းပညာေတြ ေျပာင္းလဲ တုိးတက္လာတာေၾကာင့္ လူေတြရဲ႕ Daily Life Style ေတြမွာအက်ိဳးရွိလာ တာေတြထဲက တခ်ိဳ႕ျဖစ္ျပီး ဘယ္ေနရာမဆုိအေကာင္းနဲ႕အဆုိး ဒြန္တြဲရွိေနတတ္တာမို႔ Digital နည္းပညာမ်ားရဲ႕ အားနည္းတဲ့၊ မေကာင္းတဲ့အခ်က္ တစ္ခ်ိဳ႕ကိုလည္း သတိျပဳေရွာင္ရွားၾကဖုိ႔ လုိအပ္ေနအုံးမွာပဲျဖစ္ပါတယ္။ ဥပမာအားျဖင့္ ဖလင္ဓါတ္ပုံတစ္ခုဟာ အေၾကာင္းတစ္ခုခုေၾကာင့္ ျပင္ပကုိ ေပါက္ၾကားသြားတယ္ဆုိရင္ လက္သည္ (တရားခံ) ရွာဖုိ႕ အရမ္းမခက္ခဲေပမဲ့ Digital Photo တစ္ခုကေတာ့ ဘာေၾကာင့္မွန္း၊ ဘယ္သူေၾကာင့္မွန္း မသိဘဲ တကမၻာလုံးကုိ အခ်ိန္ပုိင္း အတြင္း ပ်ံ႕ႏွံ႕ ေပါက္ၾကားသြားေစနုိင္ပါတယ္။ အဲဒီလုိပဲ အရင္က အေရးၾကီး ေဆြးေႏြးမႈေတြ အစည္းအေ၀းေတြကစကားသံေတြ မွတ္တမ္းေတြကုိ Tape Recorder ေတြနဲ႕ခုိးျပီး ဖမ္းယူဖုိ႕ဆုိရာ ခက္ခဲေပမဲ့ အခုဆုိရင္ ေဘာပင္၊ ေဖါင္တိန္ပုံစံ Digital Recorder တစ္ခုခုနဲ႕လ်ွိဳ႕၀ွက္ ဖမ္းယူျပီးမိနစ္ပုိင္းအတြင္း OnLine Internet ေပၚလႊင့္တင္လုိက္ဖုိ႕အလြန္ပဲ လြယ္ကူလာပါတယ္။ ဒါတင္မက ေသးပါဘူး Individual ေတြ၊ စီးပြားေရးလုပ္ငန္းေတြ၊ အဖြဲ႕အစည္းေတြရဲ႕ အေရးၾကီးတဲ့ သတင္း အခ်က္အလက္ေတြဟာ Digital Format တမ်ိဳးမ်ိဳးနဲ႕ ကြန္ပ်ဴတာထဲမွာ၊ Memory Stick ေပၚမွာ၊ Hard Disk ဒါမွမဟုတ္ Tape Drive ထဲမွာ၊ VDC, CD ေတြထဲမွာ သိမ္းဆည္းလာၾကေတာ့ အခန္႕မသင့္ရင္အားလုံး မသမာသူေတြလက္ထဲ အလြယ္တကူေရာက္ရွိနုိင္ျပီး အလြဲသုံးစား ျပဳခံရမႈေတြ ျဖစ္လာနုိင္ပါတယ္။ အခုဆုိရင္ လူသားေတြရဲ႕ Virtual Life လုိ႕ေတာင္တင္စားလာၾကတဲ့ FaceBook Internet အသုံးျပဳမႈကလည္း တကမာၻလုံးအတုိင္းအတာ သာမက ကြ်န္ေတာ္တုိ႕ ျမန္မာနုိင္ငံအဆင့္မွာေတာင္ တေန႔တျခား တုိးတက္ မ်ားျပားလာျပီး အထူးသျဖင့္ လူငယ္တုိင္းနီးပါးမွာ Hand Phone မရွိရင္သာေနမယ္၊ Facebook Account တစ္ခုရွိလာေနတာကလည္း အက်ိဳးရွိတာေတြ အမ်ားၾကီးရွိေပမဲ့ သတိထားစရာေတြ၊ ေရွာင္ရန္ေတြလည္း Threat တစ္ခုအေနနဲ႔ ျဖစ္လာေနျပီျဖစ္ပါတယ္။ တစ္ခ်ိဳ႕ကေတာ့ Facebook ကုိ အျပင္မွာ ကုိယ္တကယ္ မျဖစ္ပဲ ျဖစ္ခ်င္ေနတဲ့ဘ၀ (Society) တစ္ခုအျဖစ္ အသုံးခ်လာၾကေတာ့ တကယ္မဟုတ္တဲ့ Personal Information ေတြ၊ စိတ္ခံစားခ်က္ေတြ၊ အျမင္ေတြ၊ ေနထုိင္မႈပုံစံေတြကုိ ထင္ေယာင္ထင္မွား၊ ဆင္တူယုိးမွား လုပ္လာၾကျပီး ဒါကုိယုံလြယ္တဲ့သူ တစ္ခ်ိဳ႕ေၾကာင့္ လူမႈေရးုျပသနာေတြ၊ ေငြေၾကးအရွဳပ္အရွင္းေတြအမ်ားၾကီး ၾကံဳေတြ႕လာၾကရတယ္။ အဲဒါအျပင္ တစ္ခ်ိဳ႕ Facebook ကုိ Information အမွန္အကန္နဲ႕ အသုံးျပဳတဲ့ လူငယ္ေလးေတြ သူတုိ႕ရဲ႕အခ်က္ အလက္ေတြနဲ႕အလြဲသုံးစား လုပ္ခံရတာ၊ ဂုဏ္သိကၡာနဲ႕လူ႕ပါတ္၀န္းက်င္က အေလးထားမႈေတြကုိ ေႏွာက္ယွက္ ဖ်က္စီးခံေနရတာေတြလည္း မၾကာခဏၾကားလာေနရပါတယ္။ တခ်ိဳ႕ဆုိရင္ နာမည္ေက်ာ္ Celebrities မ်ားရဲ႕ဓါတ္ပုံ၊ လိပ္စာေတြကုိအသုံးျပဳျပီး အဲဒီ Celebrities ကဲ့သုိ႔ ပါ၀င္ခံစား သရုပ္ေဆာင္ျပီး Misuse ေတြ လုပ္လာၾကတာေတြရွိလာေတာ့ Awareness, Education နဲ႔ Ethical ေတြနားမလည္ထားဘူး၊ ဥပေဒေၾကာင္းအရ ဘာေတြဆုိရင္မလုပ္သင့္ဘူး၊ မလုပ္ရဘူး၊ လုပ္တယ္ဆုိရင္ ထုိက္သင့္တဲ့ျပစ္မႈ၊ ျပစ္ဒါဏ္ေတြ ခံၾကရမယ္ဆုိတာမ်ိဳး အသိေပးတာမ်ိဳး မလုပ္နုိင္ရင္ အေရာင္အဆင္း ကင္းမဲ့တဲ့ လူေနမူပုံစံ Digital LifeStyle ကုိ ေတာ္ေတာ္နဲ႕ရရွိခံစားနုိင္ၾကအုံးမွာ မဟုတ္ပါဘူး။ ကြ်န္ေတာ္တုိ႕ရဲ႕ အိမ္နီးခ်င္း နုိင္ငံၾကီးတစ္ခုမွာဆုိရင္ OnLine Abuse ေတြမ်ားလြန္းလုိ႔ ဘယ္ Internet Service Provider ကေနပဲ Access လုပ္လုပ္၊ အသုံးျပဳသူ အားလုံးမိမိတုိ႕ရဲ႕ Personal Data ေတြကို အတိအက် မွန္မွန္ကန္ကန္ Register လုပ္ထားရမယ္ဆုိျပီး ဥပေဒေတြ စည္းမ်ဥ္းေတြ ခ်မွတ္လုိက္တာကုိ လည္းမၾကာေသးခင္ကမွ သိလုိက္ရပါေသးတယ္။ နုိင္ငံအသီးသီးကလည္း On Line ေပၚမွာလုံျခံဳတဲ့ စည္းကမ္းရွိတဲ့ ဆက္သြယ္ အသုံးျပဳမႈေတြျဖစ္လာဖုိ႕အတြက္ အဖက္ဖက္ကေနတရားဥပေ’ပုိင္းေရာ၊ ပညာေပးမႈအပုိင္းေရာ၊ အေရးယူမႈ အပုိင္းေတြေရာ အရွိန္အဟုန္နဲ႕ လုပ္လာၾကျပီျဖစ္ပါတယ္။ ကြ်န္ေတာ္ၾကားဘူးသေလာက္ Awareness နည္းေသးတဲ့ မိဘအုပ္ထိန္းသူတစ္ခ်ိဳ႕ကလည္း ကုိယ့္သားသမီးအျပင္ေလွ်ာက္ မလည္ရင္ ျပီးေရာ အခန္းထဲမွာပဲ ကြန္ပ်ဴတာနဲ႔ အင္တာနက္ခ်ိတ္ေပးထားတယ္။ တေနကုန္ အခန္းအိမ္ထဲကအျပင္ မထြက္တာကုိပဲ ေက်းဇူးတင္ေနျပီး ကုိယ္တုိင္လည္း Digital Divide ေၾကာင့္၀င္ျပီး Touch မလုပ္ နုိင္ေတာ့ သားသမီးေျပာသမွ် အေကာင္းထင္ေနျပီး ျပီးမွ ၾကီးမားတဲ့ျပသနာေတြေပၚလာမွ ကယ္ပါအုံး ဆုိတာမ်ိဳးရွိၾကပါတယ္။ တစ္ခ်ိဳ႕ကေတာ့အဲဒီလုိျဖစ္လာကာမွ ဒီေန႕ကစျပီး အင္တာနက္မသုံးရေတာ့ဘူး၊ ကြန္ပ်ဴတာမသုံးရေတာ့ဘူးဆုိျပီး အတင္းအၾကပ္ ပိတ္ပင္တာမ်ိဳးေတြ ကန္႕သတ္လာတာမ်ိဳးေတြလည္း ၾကားရ သိရဘူးပါတယ္။ တကယ္ေတာ့ ေခတ္ေရစီးေၾကာင္းနဲ႕ နည္းပညာတုိးတက္ေျပာင္းလဲမႈ ေတြကုိ ကန္႕သတ္တားဆီးဖုိ႕ဆုိတာ ေတာ္ေတာ္မလြယ္ကူတဲ့ ကိစၥျဖစ္ျပီး မိဘအုပ္ထိန္းသူ ေတြကုိယ္တုိင္က မတင္းလြန္းမေလွ်ာ့လြန္းေသာ စည္းကမ္းမ်ားနဲ႕ မိမိတုိ႕ကုိယ္တုိင္လည္း အထိုက္အေလွ်ာက္ နည္းပညာနဲ႕မကင္းေ၀းေအာင္ ေလ့လာၾကိဳးစားျပီး အနည္းဆုံး ကုိယ့္သားသမီးအသုံးျပဳေနတဲ့ နည္းပညာေတြ၊ Equipment ေတြအေၾကာင္း ငါတုိ႕လည္းနားလည္တယ္။ လာျပီး နပ္ခ်လုိ႕မရဘူးဆုိတဲ့ အေျခအေနမ်ိဳး ျပင္ဆင္ထားရင္ အတုိင္းအတာတစ္ခုအထိ Control လုပ္နုိင္ Monitor လုပ္နုိင္လာမွာ ျဖစ္ပါတယ္။ တဖက္ကလည္း On Line, Facebook အသုံးျပဳတဲ့အခါမွာ ခံယူခ်က္၊ ယဥ္ေက်းမႈအပုိင္း အားနည္းေနေသးတာေတြလည္း ေတြ႕ေနရပါတယ္။ လူငယ္ခ်င္း အဆင္မေျပမႈေလးတစ္ခုခုအတြက္ Facebook Account ထဲမွာရွိေနတဲ့ အျခား Member မ်ားရဲ႕ဂုဏ္သိကၡာ၊ အေျခအေနေတြကုိ ထည့္မတြက္ေတာ့ပဲ ဆုိင္ဆုိင္မဆုိင္ဆုိင္ ကုိယ္စိတ္ထဲမွာ ရွိတာေတြကိုတစ္တစ္ခြခြ၊ အမ်ားလက္မခံနုိင္တဲ့ အေျပာအဆုိအသုံးအနဳန္းေတြနဲ႕ ေရးသားေျပာဆုိလာၾကတာေတြကလည္း သတိျပဳဆင္ျခင္စရာ ျဖစ္ပါတယ္။ အေျခခံအေၾကာင္းအရာတစ္ခုျဖစ္တဲ့ လူ႕က်င့္ ၀တ္ (Ethics) နဲ႕ ဘယ္ေနရာမွာ ဘာလုပ္သင့္တယ္ ဘာမလုပ္ သင့္ဘူး၊ ဘယ္လုိအခ်ိန္မွာ ဘာေျပာသင့္တယ္၊ ဘာမေျပာသင့္ဘူးဆုိတာေလးကုိ ဆင္ျခင္နုိင္ရင္ ပုိျပီးေကာင္းလာမယ္လုိ႔ ယူဆပါတယ္။ နိဂုံးခ်ဴပ္ရမယ္ဆုိရင္ေတာ့ ေျပာင္းလဲလာတဲ့ Digital နည္းပညာေတြေၾကာင့္ ကြ်န္ေတာ္တုိ႕လူသားေတြရဲ႕ လူေနမႈပုံစံေတြဟာ သာမန္ပုံစံကေန Ditial Life Style ကုိ ေရာက္ရွိလာၾကတယ္။ ဒါေပမဲ့ အေကာင္းဆုံးျဖစ္ေအာင္၊ လိုက္ေလွ်ာညီေထြျဖစ္ေအာင္ ေနထုိင္နုိင္ဖုိ႕ အသိေတြ၊ သတိေတြ၊ က်င့္၀တ္ေတြနဲ႕ ဥပေဒပုိင္းဆုိင္ရာ အခ်က္ေတြကုိ နားလည္သေဘာေပါက္ေအာင္ လုပ္ျပီး အက်ိဳးရွိရွိ အသုံးျပဳ၊ အသုံးခ်ၾကမယ္ဆုိရင္ တန္ဖုိးရွိျပီး အေရာင္အဆင္းကင္းမဲ့တဲ့ Perfect Digital Lifestyle အျဖစ္သို႕ တကယ္ေရာက္ရိွ ခံစားနုိင္ၾကေတာ့မွာ ျဖစ္တဲ့ဆုိတဲ့ အေၾကာင္း မ်ွေ၀ခံစားရင္း . . . . .
(၂၀၁၃)ခုႏွစ္၊ ေအာက္တုိဘာလ(၁၉)ရက္ေန႕တြင္ က်င္းပခဲ့ေသာ International Myanmar ICT Exhibition Televised Session Day (3) ကုိျပန္ေျပာင္းသတိရလွ်က္
UNO (အုိင္တီခရီးသည္)
Towards a Digital Life Style
(၂၀၁၃)ခုနှစ် အတွင်းက ရန်ကုန်မြို့ တပ်မတော်ခန်းမမှာ ကျင်းပ ခဲ့တဲ့ International Myanmar ICT Exhibition 2013 ၂၀၁၃ မှာ အရင်နှစ်တွေ ကထက်ပိုပြီး ထူးခြားတဲ့အစီအစဉ် တစ်ခုအနေနဲ့ ပွဲကျင်းပနေတဲ့ရက်တွေရဲ့နေ့ လည်ပိုင်းတွေမှာ Televised Session ဆိုပြီး အိုင်တီ၊အင်တာနက်၊မိုဘိုင်းလ်၊ e-Government၊ Web Technology စသဖြင့် တိုင်းပြည်အတွက်ရော၊ မိဘပြည်သူတွေ၊ လူငယ်တီထွင် ဖန်တီးသူတွေ အကျိုးရှိစေမည့် Knowledge ရစေမည့် အကြောင်းအရာတွေကို အိုင်တီ အသင်းအဖွဲ့တွေက တာဝန်ရှိသူတွေ အပြင် ပညာရပ်ဆိုင်ရာ တတ်သိနားလည်တဲ့သူတွေ၊ အထူးသဖြင့် အိုင်တီကို ရူးသွပ်ပြီး ဘဝတစ်ခုလို့သတ်မှတ် ထားကြတဲ့ လူငယ် ပညာရှင်တွေကိုဖိတ်ကြားပြီး Brocasting Media Partner များရဲ့ ကူညီမှုနဲ့ Channel (3) ခု ကနေတိုက်ရိုက်လွှင့်မယ့် လူ(၄)ဦးကနေ(၆)ဦးအထိ စုပေါင်းဆွေးနွေး မေးမြန်းကြမည့် အစီအစဉ်တစ်ခုကို ထည့်သွင်းထားခဲ့ကြပါတယ်။ ကျွန်တော့်အနေနဲ့ နေ့တစ်နေ့အတွက် ဒုတိယပိုင်းအစီအစဉ်ဖြစ်တဲ့ Towards a Digital Life Style ဆိုတဲ့ ခေါင်းစဉ်နဲ့ အိုင်တီအသင်းက တာဝန်ရှိသူတွေအပြင် အိုင်တီစီးပွားရေး လုပ်ငန်းထဲကို စတင်အခြေခံ ၀င်ရောက်လာ တဲ့လူငယ်စီးပွားရေးနဲ့ အိုင်တီပညာရှင်(၃) ဦး နဲ့အတူ နာရီဝက်လောက်ဆွေးနွေးမှုကို ဦးဆောင်ပြီး Moderator အနေနဲ့ ပါ၀င် ဆောင်ရွက်ပေးဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ အစီအစဉ်မစခင် Panelist တွေနဲ့ အကြိုဆွေးနွေးခဲ့ကြတဲ့အခါ ကမ္ဘာနဲ့တဝှမ်း ပြောင်းလဲတိုးတက်လာ နေတဲ့ Digital နည်းပညာတွေနဲ့ Equipment တွေဖြစ်တဲ့ PC, Labtop နဲ့ Tablet တွေ၊ Digital Camera, MP3, MP4 နဲ့ Digital TV Channel တွေနဲ့နည်းပညာ အသစ်အဆန်းတွေ၊ Digital Telephone တွေကနေ ဒီကနေ့ အသုံးပြုနေကြတဲ့ Mobile Smart Phone Technology တွေ Internet, e-Mail နဲ့ Web Technology တွေဟာတနှစ်ပြီး တနှစ်အံ့မခန်း တိုး တက်လာကြပြီးတော့ ကျွန်တော်တို့မြန်မာ နိုင်ငံမှာလည်း (၁၀) စုနှစ်(၁) ခုကျော် (၂)ခုလောက် စိမ့်ဝင်ပျံ့နှံ့ခဲ့ပြီး အရင် ကလိုချင်တယ်လို့ဆိုတဲ့ Digital အသုံး အဆောင်ပစ္စည်းတွေဟာ အခုဆိုရင် မရှိမဖြစ် လိုအပ်နေတဲ့ Daily Needs တွေအဖြစ် ရောက်မှန်းမသိ ရောက်လာကြပြီ ဖြစ်ဆိုတာတွေ ပြောဖြစ်ကြပါတယ်။ မှတ်မှတ်ရရ ကျွန်တော်တို့ကိုယ် တိုင်လုပ်ငန်းအတွက်ရော ကိုယ်ပိုင်သုံးဖို့ အတွက်ရော Projecter တစ်လုံးကို သိန်း(၄၀)ကျော်၊ Labtop တစ်လုံးကို (၁၅)သိန်း (၁၈)သိန်း၊ Digital Camera တစ်လုံးကို(၅)သိန်းလောက်နဲ့ Mobile Phone တစ်လုံးကို ပြင်ပပေါက် စျေး သိန်း(၂၅) (၃၀) နဲ့ ၀ယ်သုံးခဲ့ကြရတဲ့ လွန်ခဲ့တဲ့ (၁၅)နှစ် လောက်ကထက် Digital နည်းပညာတွေနဲ့ဆက်စပ်တဲ့ Equipment တွေဟာ အခုဆိုရင် အလွန်ကိုသက်သာတဲ့ နှုန်းထားတွေနဲ့ Accessibility လို့ခေါ်တဲ့ နေရာတကာမှာ အလွယ်တကူ ၀ယ်ယူရရှိ လာနိုင်တာတွေ၊ Affordability လို့ခေါ်တဲ့ တန်ဖိုးအရမ်းမများပဲ လူလတ်တန်းစားတွေပါ တတ်နိုင် ၀ယ်နိုင်လာတဲ့အခြေအနေတွေ ကလည်း Human Being without survive with Digital Life style လို့ သတ်မှတ်လာရတဲ့အထိ ရောက်ရှိ လာအောင် တွန်းပို့ပေးတဲ့ မောင်းနှင်အား Driving Force တွေဆိုရင်လည်း မမှားပါဘူး။ အဲဒီလို Digital နည်းပညာတွေ အလွယ်တကူ ၀ယ်ယူအသုံးပြုလာနိုင်တဲ့ အတွက် လူသားတွေအတွက် အကျိုးကျေးဇူး အများကြီး ဖြစ်ထွန်းစေတယ်ဆိုတာ ဘယ်သူမှငြင်းနိုင်မှာမဟုတ်ပါဘူး။ အရင်က ဖလင်ကိုအသုံးပြုရပြီး ကူးဖို့ဆေးဖို့ ခက်ခဲခဲ့တဲ့ ဓါတ်ပုံနည်းပညာတွေမှာ အခု Digital Camera ပေါ်ပေါက်လာတော့ ကူးဖို့ပဲဖြစ်ဖြစ် Distribute လုပ်ဖို့ပဲ ဖြစ်ဖြစ် အလွယ်တကူဖြစ်လာတယ်။ အရင်က အဆက်အသွယ်ရဖို့ ခက်ခဲတဲ့နေရာဒေသတွေအတွက် လူကိုယ် တိုင်သွားလာရတဲ့အခြေအနေတစ်ခုကနေ အခုဆိုရင် လွယ်လွယ်ကူကူ ဖုန်းကလေး ဆက်လိုက်ယုံနဲ့ ဆက်သွယ်နိုင်လာတယ်။ အရင်ကကားချပ်ရုပ်ပုံတွေကိုပန်းချီ Drawing Design တွေနဲ့တစ်ခုချင်းစီ လုပ်နေရာကနေအခု Powerpoint လို Presentation Software တွေ ပေါ်လာတော့အရုပ်ရော၊ အသံရောအားလုံး ပုံစံမျိုးစုံနဲ့ Present လုပ်နိုင်လာတယ်။ အရင်က ဖလင်အသုံးပြုခဲ့တဲ့ရုပ်ရှင်စနစ်နေရာမှာ အခု Digital TV တွေ Prepaid Channel တွေ၊ Cable TV တွေ CD, DVD, EVD Player တွေ ပေါ်ပေါက်လာတော့ Entertainment နဲ့ Knowledge အတွက် မိမိကြည့်လိုတဲ့ အစီအစဉ်ကို မိမိကြည့်လိုတဲ့အချိန်မှာ မိမိကြည့်ချင်တဲ့နည်းပညာတစ်ခုခုနဲ့ စိတ်ကြိုက်ကြည့်ရှုလာနိုင်တယ်။ အရင်ကသတင်းစာ၊ ဂျာနယ်၊ စာစောင်တွေကို တနေရာရာမှာသွားဝယ်ပြီးမှ အဆင်ပြေတဲ့အချိန်တစ်ခုမှာမှ ကြည့်လို့ ရပေမဲ့ အခုဆိုရင် Printed Media တွေ အားလုံးနီးပါး Digital Form နဲ့ OnLine ပေါ်မှာရှိ လာပြီဖြစ်လို့ ကိုယ့်မှာ Mobile ဒါမှမဟုတ် Tablet လေးတစ်ခု ရှိနေယုံနဲ့ နေရာ၊ ဒေသအချိန်မရွေး ကိုယ်ကြည့်ချင်တဲ့စာစောင်နဲ့ Article တွေကို ကြည့်နိုင်လာတယ်။ အရင်ကအစည်းအဝေး၊ အခမ်းအနားတစ်ခုခု (ဒါမှမဟုတ်) အင်တာဗျူးတစ်ခုခုအတွက် အသံပိုင်းဆိုင်ရာ Record လုပ်ထားချင်တယ် ဆိုရင် Tape တွေသုံးရပြီးပြန် Convert လုပ်ဖို့ Medium အခက်အခဲရှိတာရော၊ ကြာရှည် သိမ်းထားဖို့အတွက်ရော အဆင်မပြေပေမဲ့ အခုဆိုရင် Digital Recorder တွေသုံးပြီး ဘာကိစ္စအတွက်ပဲဖြစ်ဖြစ် ကိုယ်သိမ်းလိုတဲ့ Digital Format တစ်ခုခုနဲ့သိမ်းပြီးပြန်နား ထောင်ချင်တဲ့မည့်သည့် Digital Device တစ်ခုခုနဲ့မဆိုပြန်နားထောင်လို့ရလာတယ်။ အဲဒီအချက်တွေကတော့ Digital နည်းပညာတွေ ပြောင်းလဲ တိုးတက်လာတာကြောင့် လူတွေရဲ့ Daily Life Style တွေမှာအကျိုးရှိလာ တာတွေထဲက တချို့ဖြစ်ပြီး ဘယ်နေရာမဆိုအကောင်းနဲ့အဆိုး ဒွန်တွဲရှိနေတတ်တာမို့ Digital နည်းပညာများရဲ့ အားနည်းတဲ့၊ မကောင်းတဲ့အချက် တစ်ချို့ကိုလည်း သတိပြုရှောင်ရှားကြဖို့ လိုအပ်နေအုံးမှာပဲဖြစ်ပါတယ်။ ဥပမာအားဖြင့် ဖလင်ဓါတ်ပုံတစ်ခုဟာ အကြောင်းတစ်ခုခုကြောင့် ပြင်ပကို ပေါက်ကြားသွားတယ်ဆိုရင် လက်သည် (တရားခံ) ရှာဖို့ အရမ်းမခက်ခဲပေမဲ့ Digital Photo တစ်ခုကတော့ ဘာကြောင့်မှန်း၊ ဘယ်သူကြောင့်မှန်း မသိဘဲ တကမ္ဘာလုံးကို အချိန်ပိုင်း အတွင်း ပျံ့နှံ့ ပေါက်ကြားသွားစေနိုင်ပါတယ်။ အဲဒီလိုပဲ အရင်က အရေးကြီး ဆွေးနွေးမှုတွေ အစည်းအဝေးတွေကစကားသံတွေ မှတ်တမ်းတွေကို Tape Recorder တွေနဲ့ခိုးပြီး ဖမ်းယူဖို့ဆိုရာ ခက်ခဲပေမဲ့ အခုဆိုရင် ဘောပင်၊ ဖေါင်တိန်ပုံစံ Digital Recorder တစ်ခုခုနဲ့လျှို့ဝှက် ဖမ်းယူပြီးမိနစ်ပိုင်းအတွင်း OnLine Internet ပေါ်လွှင့်တင်လိုက်ဖို့အလွန်ပဲ လွယ်ကူလာပါတယ်။ ဒါတင်မက သေးပါဘူး Individual တွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေရဲ့ အရေးကြီးတဲ့ သတင်း အချက်အလက်တွေဟာ Digital Format တမျိုးမျိုးနဲ့ ကွန်ပျူတာထဲမှာ၊ Memory Stick ပေါ်မှာ၊ Hard Disk ဒါမှမဟုတ် Tape Drive ထဲမှာ၊ VDC, CD တွေထဲမှာ သိမ်းဆည်းလာကြတော့ အခန့်မသင့်ရင်အားလုံး မသမာသူတွေလက်ထဲ အလွယ်တကူရောက်ရှိနိုင်ပြီး အလွဲသုံးစား ပြုခံရမှုတွေ ဖြစ်လာနိုင်ပါတယ်။ အခုဆိုရင် လူသားတွေရဲ့ Virtual Life လို့တောင်တင်စားလာကြတဲ့ FaceBook Internet အသုံးပြုမှုကလည်း တကမ္ဘာလုံးအတိုင်းအတာ သာမက ကျွန်တော်တို့ မြန်မာနိုင်ငံအဆင့်မှာတောင် တနေ့တခြား တိုးတက် များပြားလာပြီး အထူးသဖြင့် လူငယ်တိုင်းနီးပါးမှာ Hand Phone မရှိရင်သာနေမယ်၊ Facebook Account တစ်ခုရှိလာနေတာကလည်း အကျိုးရှိတာတွေ အများကြီးရှိပေမဲ့ သတိထားစရာတွေ၊ ရှောင်ရန်တွေလည်း Threat တစ်ခုအနေနဲ့ ဖြစ်လာနေပြီဖြစ်ပါတယ်။ တစ်ချို့ကတော့ Facebook ကို အပြင်မှာ ကိုယ်တကယ် မဖြစ်ပဲ ဖြစ်ချင်နေတဲ့ဘဝ (Society) တစ်ခုအဖြစ် အသုံးချလာကြတော့ တကယ်မဟုတ်တဲ့ Personal Information တွေ၊ စိတ်ခံစားချက်တွေ၊ အမြင်တွေ၊ နေထိုင်မှုပုံစံတွေကို ထင်ယောင်ထင်မှား၊ ဆင်တူယိုးမှား လုပ်လာကြပြီး ဒါကိုယုံလွယ်တဲ့သူ တစ်ချို့ကြောင့် လူမှုရေုးပြသနာတွေ၊ ငွေကြေးအရှုပ်အရှင်းတွေအများကြီး ကြုံတွေ့လာကြရတယ်။ အဲဒါအပြင် တစ်ချို့ Facebook ကို Information အမှန်အကန်နဲ့ အသုံးပြုတဲ့ လူငယ်လေးတွေ သူတို့ရဲ့အချက် အလက်တွေနဲ့အလွဲသုံးစား လုပ်ခံရတာ၊ ဂုဏ်သိက္ခာနဲ့လူ့ပါတ်ဝန်းကျင်က အလေးထားမှုတွေကို နှောက်ယှက် ဖျက်စီးခံနေရတာတွေလည်း မကြာခဏကြားလာနေရပါတယ်။ တချို့ဆိုရင် နာမည်ကျော် Celebrities များရဲ့ဓါတ်ပုံ၊ လိပ်စာတွေကိုအသုံးပြုပြီး အဲဒီ Celebrities ကဲ့သို့ ပါ၀င်ခံစား သရုပ်ဆောင်ပြီး Misuse တွေ လုပ်လာကြတာတွေရှိလာတော့ Awareness, Education နဲ့ Ethical တွေနားမလည်ထားဘူး၊ ဥပဒေကြောင်းအရ ဘာတွေဆိုရင်မလုပ်သင့်ဘူး၊ မလုပ်ရဘူး၊ လုပ်တယ်ဆိုရင် ထိုက်သင့်တဲ့ပြစ်မှု၊ ပြစ်ဒါဏ်တွေ ခံကြရမယ်ဆိုတာမျိုး အသိပေးတာမျိုး မလုပ်နိုင်ရင် အရောင်အဆင်း ကင်းမဲ့တဲ့ လူနေမူပုံစံ Digital LifeStyle ကို တော်တော်နဲ့ရရှိခံစားနိုင်ကြအုံးမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ အိမ်နီးချင်း နိုင်ငံကြီးတစ်ခုမှာဆိုရင် OnLine Abuse တွေများလွန်းလို့ ဘယ် Internet Service Provider ကနေပဲ Access လုပ်လုပ်၊ အသုံးပြုသူ အားလုံးမိမိတို့ရဲ့ Personal Data တွေကို အတိအကျ မှန်မှန်ကန်ကန် Register လုပ်ထားရမယ်ဆိုပြီး ဥပဒေတွေ စည်းမျဉ်းတွေ ချမှတ်လိုက်တာကို လည်းမကြာသေးခင်ကမှ သိလိုက်ရပါသေးတယ်။ နိုင်ငံအသီးသီးကလည်း On Line ပေါ်မှာလုံခြံုတဲ့ စည်းကမ်းရှိတဲ့ ဆက်သွယ် အသုံးပြုမှုတွေဖြစ်လာဖို့အတွက် အဖက်ဖက်ကနေတရားဥပေ’ပိုင်းရော၊ ပညာပေးမှုအပိုင်းရော၊ အရေးယူမှု အပိုင်းတွေရော အရှိန်အဟုန်နဲ့ လုပ်လာကြပြီဖြစ်ပါတယ်။ ကျွန်တော်ကြားဘူးသလောက် Awareness နည်းသေးတဲ့ မိဘအုပ်ထိန်းသူတစ်ချို့ကလည်း ကိုယ့်သားသမီးအပြင်လျှောက် မလည်ရင် ပြီးရော အခန်းထဲမှာပဲ ကွန်ပျူတာနဲ့ အင်တာနက်ချိတ်ပေးထားတယ်။ တနေကုန် အခန်းအိမ်ထဲကအပြင် မထွက်တာကိုပဲ ကျေးဇူးတင်နေပြီး ကိုယ်တိုင်လည်း Digital Divide ကြောင့်ဝင်ပြီး Touch မလုပ် နိုင်တော့ သားသမီးပြောသမျှ အကောင်းထင်နေပြီး ပြီးမှ ကြီးမားတဲ့ပြသနာတွေပေါ်လာမှ ကယ်ပါအုံး ဆိုတာမျိုးရှိကြပါတယ်။ တစ်ချို့ကတော့အဲဒီလိုဖြစ်လာကာမှ ဒီနေ့ကစပြီး အင်တာနက်မသုံးရတော့ဘူး၊ ကွန်ပျူတာမသုံးရတော့ဘူးဆိုပြီး အတင်းအကြပ် ပိတ်ပင်တာမျိုးတွေ ကန့်သတ်လာတာမျိုးတွေလည်း ကြားရ သိရဘူးပါတယ်။ တကယ်တော့ ခေတ်ရေစီးကြောင်းနဲ့ နည်းပညာတိုးတက်ပြောင်းလဲမှု တွေကို ကန့်သတ်တားဆီးဖို့ဆိုတာ တော်တော်မလွယ်ကူတဲ့ ကိစ္စဖြစ်ပြီး မိဘအုပ်ထိန်းသူ တွေကိုယ်တိုင်က မတင်းလွန်းမလျှော့လွန်းသော စည်းကမ်းများနဲ့ မိမိတို့ကိုယ်တိုင်လည်း အထိုက်အလျှောက် နည်းပညာနဲ့မကင်းဝေးအောင် လေ့လာကြိုးစားပြီး အနည်းဆုံး ကိုယ့်သားသမီးအသုံးပြုနေတဲ့ နည်းပညာတွေ၊ Equipment တွေအကြောင်း ငါတို့လည်းနားလည်တယ်။ လာပြီး နပ်ချလို့မရဘူးဆိုတဲ့ အခြေအနေမျိုး ပြင်ဆင်ထားရင် အတိုင်းအတာတစ်ခုအထိ Control လုပ်နိုင် Monitor လုပ်နိုင်လာမှာ ဖြစ်ပါတယ်။ တဖက်ကလည်း On Line, Facebook အသုံးပြုတဲ့အခါမှာ ခံယူချက်၊ ယဉ်ကျေးမှုအပိုင်း အားနည်းနေသေးတာတွေလည်း တွေ့နေရပါတယ်။ လူငယ်ချင်း အဆင်မပြေမှုလေးတစ်ခုခုအတွက် Facebook Account ထဲမှာရှိနေတဲ့ အခြား Member များရဲ့ဂုဏ်သိက္ခာ၊ အခြေအနေတွေကို ထည့်မတွက်တော့ပဲ ဆိုင်ဆိုင်မဆိုင်ဆိုင် ကိုယ်စိတ်ထဲမှာ ရှိတာတွေကိုတစ်တစ်ခွခွ၊ အများလက်မခံနိုင်တဲ့ အပြောအဆိုအသုံးအနုန်းတွေနဲ့ ရေးသားပြောဆိုလာကြတာတွေကလည်း သတိပြုဆင်ခြင်စရာ ဖြစ်ပါတယ်။ အခြေခံအကြောင်းအရာတစ်ခုဖြစ်တဲ့ လူ့ကျင့် ၀တ် (Ethics) နဲ့ ဘယ်နေရာမှာ ဘာလုပ်သင့်တယ် ဘာမလုပ် သင့်ဘူး၊ ဘယ်လိုအချိန်မှာ ဘာပြောသင့်တယ်၊ ဘာမပြောသင့်ဘူးဆိုတာလေးကို ဆင်ခြင်နိုင်ရင် ပိုပြီးကောင်းလာမယ်လို့ ယူဆပါတယ်။ နိဂုံးချူပ်ရမယ်ဆိုရင်တော့ ပြောင်းလဲလာတဲ့ Digital နည်းပညာတွေကြောင့် ကျွန်တော်တို့လူသားတွေရဲ့ လူနေမှုပုံစံတွေဟာ သာမန်ပုံစံကနေ Ditial Life Style ကို ရောက်ရှိလာကြတယ်။ ဒါပေမဲ့ အကောင်းဆုံးဖြစ်အောင်၊ လိုက်လျှောညီထွေဖြစ်အောင် နေထိုင်နိုင်ဖို့ အသိတွေ၊ သတိတွေ၊ ကျင့်ဝတ်တွေနဲ့ ဥပဒေပိုင်းဆိုင်ရာ အချက်တွေကို နားလည်သဘောပေါက်အောင် လုပ်ပြီး အကျိုးရှိရှိ အသုံးပြု၊ အသုံးချကြမယ်ဆိုရင် တန်ဖိုးရှိပြီး အရောင်အဆင်းကင်းမဲ့တဲ့ Perfect Digital Lifestyle အဖြစ်သို့ တကယ်ရောက်ရှိ ခံစားနိုင်ကြတော့မှာ ဖြစ်တဲ့ဆိုတဲ့ အကြောင်း မျှဝေခံစားရင်း . . . . .
(၂၀၁၃)ခုနှစ်၊ အောက်တိုဘာလ(၁၉)ရက်နေ့တွင် ကျင်းပခဲ့သော International Myanmar ICT Exhibition Televised Session Day (3) ကိုပြန်ပြောင်းသတိရလျှက်
UNO (အိုင်တီခရီးသည်)


Monday, July 27, 2015

MRTV-4 ႏွင့္ MCC ဥကၠဌ ဦးတင္း၀င္းေအာင္ အင္တာဗ်ဴး Polytechnic အေၾကာင္း

MRTV-4 ႏွင့္ MCC ဥကၠဌ ဦးတင္း၀င္းေအာင္ အင္တာဗ်ဴး Polytechnic အေၾကာင္း
MRTV-4 - မဂၤလာပါဆရာ
UTWA - မဂၤလာပါ။ ထပ္ၿပီး ဗ်ဴးၾကရျပန္ၿပီေပါ့...
MRTV-4 - ဒီတစ္ေခါက္ အင္မတန္ စိတ္၀င္စားစရာ ေကာင္းတဲ့ Polytechnic အေၾကာင္း ဆရာက ေျပာမယ္ဆုိလုိ႔ . .
UTWA - ဟုတ္ပါတယ္။ တုိင္းျပည္အတြက္ေရာ၊ လူငယ္လူရြယ္ေတြအတြက္ေရာ အလြန္အေရးႀကီးတဲ့ ျမန္မာႏုိင္ငံမွာ အခုအေရးတႀကီး လုိအပ္ေနတဲ့ အသက္ေမြး၀မ္းေက်ာင္းဆုိင္ရာ နည္းပညာေတြကုိ သင္ယူႏုိင္မယ့္ Polytechnic ဒါမွမဟုတ္ နည္းပညာသိပၸံေက်ာင္းေတြျဖစ္တဲ့ (Vocational Institute) ေတြအေၾကာင္း ေျပာမွာပါ။
MRTV-4 - ေက်းဇူးတင္ပါတယ္ဆရာ။ ဆရာ မေဆြးေႏြးခင္ သမီးတစ္ခုေလာက္ ေမးခ်င္လုိ႔။
UTWA - ဆရာက ျမန္မာႏုိင္ငံရဲ႕ လက္ရွိအေျခအေနနဲ႔ အနာဂါတ္အတြက္ ၾကည့္လိုက္ေတာ့ တုိင္းျပည္မွာ စစ္မွန္တဲ့ အသက္ေမြး၀မ္းေက်ာင္းပညာ (Vocational Institute) ေတြကုိ က်ယ္က်ယ္ျပန္႔ျပန္႔ သင္ေပးေနတာ မရွိေသး ဘူး ျဖစ္ေနတယ္။ လူေတြကလည္း အသက္ေမြးေက်ာင္းပညာ သိပၸံေတြကုိ အထင္မႀကီးဘူး ျဖစ္ေနတယ္။ စကၤာပူ ႏုိင္ငံရဲ႕ ပညာေရးစနစ္ကုိ အရမ္းအတုယူဖုိ႔ ေကာင္းပါတယ္။ တကၠသုိလ္အေရအတြက္ အနည္းငယ္ပဲရွိၿပီး GCE.O. Level ၿပီးတာနဲ႔ လူတုိင္းနီးပါး Polytechnic ေတြကုိ တက္ၾကရပါတယ္။ အဲဒီ Polytechnic ေတြက ဆင္းလာရင္ ၀င္ေငြေကာင္းတဲ့ အလုပ္အကိုင္ေကာင္းေတြ တန္းရဖုိ႔အျပင္ စီးပြားေရးလုပ္ငန္းေတြ ထူေထာင္ႏုိင္ ၾကၿပီး ႀကီးပြားကုန္က်တာ ေတြ႕ရပါတယ္။ အဲဒီ စကၤာပူႏုိင္ငံ အေျခအေနကုိ အားက်ၿပီး MCC Polytechnic ေတြကုိ တပုိင္တႏုိင္ ထူေထာင္ခဲ့တာပါပဲ။
MRTV-4 - ဒီမွာက တကၠသုိလ္၀င္တန္း (Grade–11) ေအာင္တာနဲ႔ အားလံုး တကၠသုိလ္ကုိသြားဖုိ႔ လုပ္ၾကၿပီး Polytechnic လုိ အသက္ေမြး၀မ္းေက်ာင္းသိပၸံကုိ သြားတာ နည္းေနတာလုိ႔ ဆုိလုိခ်င္တာလား . . . .
UTWA - အားလံုး တကၠသိုလ္တစ္ခုခုတက္ဖုိ႔ပဲ လုပ္ေနၾကၿပီး စိတ္ႀကိဳက္မရရင္ အေ၀းသင္တကၠသုိလ္ကုိေတာ့ တက္လိုက္ ၾကပါတယ္။ ဘြဲ႕တစ္ခုခုရေအာင္လုိ႔ေပါ့။ ဒါေပမယ့္ သူနာျပဳတကၠသုိလ္တုိ႔၊ ေရေၾကာင္းသိပၸံတကၠသို္လ္တုိ႔ေတြကုိ ေတာ့ လုၿပီး တက္ၾကပါတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ျပည္တြင္းျပည္ပမွာ အလုပ္အကုိင္ ေကာင္းေကာင္းေတြ႕ရလုိ႔ ျဖစ္ပါတယ္။
MRTV-4 - တကၠသုိလ္၀င္တန္း မေအာင္ျမင္ေသးတဲ့သူေတြအတြက္က်ေတာ့ တက္စရာေက်ာင္း သိပ္မရွိဘူးလုိျဖစ္ေနတာေပါ့ ေနာ္ . . . .
UTWA - ဟုတ္ပါတယ္။ ျမန္မာျပည္မွာ တကၠသုိလ္၀င္တန္းစာေမးပြဲ (Grade – 11) ကုိ ေျဖတဲ့သူ (၄၀၀၀၀၀) ေက်ာ္ထဲက (၃၀%) ေက်ာ္ေက်ာ္ပဲ ေအာင္တယ္ဆုိေတာ့ မေအာင္တဲ့သူေတြက အေဟာသိကံ ျဖစ္ေနတာေပါ့။ ဒါေၾကာင့္ ဆရာတုိ႔ရဲ႕ MCC Polytechnic ေတြမွာ တကၠသုိလ္၀င္တန္းမေအာင္တဲ့သူေတြ (Level – 3) ကေနစတင္ၿပီး (Level – 4) (Level – 5) ေတြ ဆက္တက္သြားရင္း အဂၤလန္ႏုိင္ငံ တကၠသုိလ္ေတြက (Top-Up) လုပ္ေပးတဲ့ ဘြဲ႕ေတြရႏုိင္ေအာင္ (Channel) ဖြင့္ထားပါတယ္။
MRTV-4 - ေကာင္းလိုက္တာဆရာရယ္။ ဆရာတုိ႔ရဲ႕ MCC Polytechnic ေတြကုိ ႏုိင္ငံတကာနဲ႔ ခ်ိတ္ဆက္ၿပီး သင္တာ ပါလား . . . .
UTWA - ဟုတ္ပါတယ္။ အဂၤလန္ႏုိင္ငံရဲ႕ အသက္ေမြး၀မ္းေက်ာင္းပညာ သင္ၾကားတဲ့ အႀကီးဆံုးအဖြဲ႕အစည္းျဖစ္တဲ့ PEARSON Group နဲ႔ သေဘာတူစာခ်ဳပ္ခ်ဳပ္ဆုိၿပီး သူတုိ႔သင္႐ိုးညႊန္းတန္းေတြအတုိင္း သင္ပါတယ္။ Edexcel ရဲ႕ အသိအမွတ္ျပဳ အဖြဲ႕အစည္းႀကီး PEARSON ရဲ႕ BTEC Program ကေန HND လုိ႔ေခၚတဲ့ Higher National Diploma ေတြ ေပးပါတယ္။ အဲဒီကေပးတဲ့ Higher National Diploma (HND) Level – 5 ၿပီး ရင္ေတာ့ အဂၤလန္ႏုိင္ငံ၊ ၾသစေၾတးလ်ႏုိင္ငံ၊ စကၤာပူႏုိင္ငံေတြမွာရွိတဲ့ တကၠသုိလ္ေတြရဲ႕ ေနာက္ဆံုးႏွစ္ကုိ ဆက္ လက္တက္ေရာက္ၿပီး ဘြဲ႕ရရွိႏုိင္မွာ ျဖစ္ပါတယ္။ Grade – 9 (ယခင္ရွစ္တန္း) မေအာင္တဲ့ ကေလးေတြကုိလည္း (Level – 2) ကေန စတက္ႏုိင္ဖုိ႔လည္း စီစဥ္ထားပါတယ္။
MRTV-4 - ဆရာ ခုနတုန္းက အဂၤလန္ႏုိင္ငံ တကၠသုိလ္ေတြရဲ႕ Top-Up ဒီဂရီရႏုိင္မယ္ဆုိေတာ့ ဘယ္တကၠသုိလ္ေတြနဲ႔ ခ်ိတ္ဆက္ထားပါသလဲဆရာ . . .
UTWA - အဂၤလန္ႏုိင္ငံက Middlesex University နဲ႔ Bermingham City University ေတြနဲ႔ MOU ထုိးထားၿပီး ျဖစ္ ပါတယ္။ Liverpool John Moores University နဲ႔လည္း MOU ထုိးဖုိ႔ လုပ္ေနပါတယ္။
MRTV-4 - ဆရာတုိ႔ အခု MCC Polytechnic ဘယ္ႏွစ္ခုေလာက္ ဖြင့္ၿပီးပါၿပီလဲ ဆရာ ... .
UTWA - အရင္ဆံုး ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္နဲ႔ ရတနာပံုဆုိင္ဘာစီးတီးေတြမွာ ဖြင့္ၿပီးပါၿပီ။ မၾကာခင္ မံုရြာမွာ ဖြင့္ဖုိ႔ လုပ္ေနပါတယ္။ ၿပီးေတာ့ ျပည္၊ ပဲခူး၊ ပုသိမ္၊ မေကြး၊ ေမာ္လၿမိဳင္၊ ေတာင္ႀကီးေတြမွာလည္း ဆက္တုိက္ ဖြင့္ေပး သြားမွာ ျဖစ္ပါတယ္။
MRTV-4 - ေက်းဇူးတင္ပါတယ္ ဆရာ . . . .
UTWA - ကြၽန္ေတာ္လည္း MCC Group ကုိယ္စား MRTV-4 ကုိ ေက်းဇူးတင္ပါတယ္။
ဦးမ်ိဳးေအာင္
MRTV-4 - ပထမဆံုး ဆရာအမည္နဲ႔ ရာထူးကုိ မိတ္ဆက္ေပးပါဦးဆရာ . . . .
UMA - ကြၽန္ေတာ္ ဦးမ်ိဳးေအာင္ပါ MCC Group ရဲ႕ School of Engineering ရဲ႕ CEO ျဖစ္ပါတယ္။
MRTV-4 - MCC က ဖြင့္လွစ္တဲ့ MCC Polytechnic ေတြအေၾကာင္းကုိ စံုစံုလင္လင္နဲ႔ ဆရာဦးတင္၀င္းေအာင္က ေျပာၿပီးသြားပါၿပီ။ ဆရာအေနနဲ႔ ဘယ္ဘာသာရပ္ေတြကုိ သင္ေနလဲဆုိတာေလး ရွင္းျပပါ။
UMA - MCC Polytechnic ေတြမွာ အခုအခ်ိန္ထိ အင္ဂ်င္နီယာ ဒီပလုိမာ၊ စီးပြားေရးပညာဒီပလုိမာနဲ႔ ကြန္ပ်ဴတာ ဒီပလုိမာေတြကုိ သင္ၾကားလ်က္ရွိပါတယ္။ အင္ဂ်င္နီယာ ဒီပလုိမာမွာ Construction and the Built Environment လုိ႔ေခၚတဲ့ (Civil Engineering), Electrical and Electronics Engineering နဲ႔ Mechanical Engineering ေတြ ေလ့လာသင္ၾကားႏုိင္ပါတယ္။ စီးပြားေရး ဒီပလုိမာမွာ Business Administration ဒီပလုိမာနဲ႔ Hotel & Tourism ေတြ ေလ့လာသင္ၾကားႏုိင္ပါတယ္။
MRTV-4 - သင္ၾကားမဲ့ဆရာေတြကေရာ ဆရာ . . .
UMA - ျမန္မာႏုိင္ငံ စက္မႈတကၠသုိလ္၊ နည္းပညာတကၠသုိလ္ေတြက အေတြ႕အႀကံဳရွိၿပီး ဆရာေတြနဲ႔ အသက္ေမြး၀မ္း ေက်ာင္းပညာကုိ စာေတြ႕လက္ေတြ႕ သင္ၾကားတဲ့ အေတြ႕အႀကံဳရွိတဲံ ယခင္ GTI က ဆရာေကာင္းေတြလည္း ပါပါတယ္။ ၿပီးေတာ့ PEARSON ကေနၿပီး အလွည့္က် ဆရာေတြလာၿပီး အရည္အေသြး မီမမီ ပံုမွန္စစ္ေဆး ပါတယ္။
ေဒၚအိအုအုေအာင္
MRTV-4 - ဆရာမနာမည္နဲ႔ အလုပ္တာ၀န္ကုိ ေျပာျပေပးပါအံုး . . . .
DEEEA - ကြၽန္မနာမည္ ေဒၚအိအုအုေအာင္ ျဖစ္ပါတယ္။ School of Engineering က ဒုတိယ ေက်ာင္းအုပ္ႀကီး ျဖစ္ပါတယ္။
MRTV-4 - ဆရာမရဲ႕ ရရွိထားတဲ့ဘြဲ႕ကုိလဲ ေျပာျပပါအံုး . .. .
DEEEA - ကြၽန္မက စကၤာပူႏုိင္ငံ Nanyan Technology University (NTU) က မဟာအင္ဂ်င္နီယာသိပၸံ (ME) ဘြဲ႕ ရရွိထားပါတယ္။
MRTV-4 - ဆရာမက Polytechnic မွာ ဘာတာ၀န္ေတြ ယူရပါသလဲ . . . .
DEEEA - ကြၽန္မက ေက်ာင္းသူ/သားေတြနဲ႔ Assignment ေတြ လုပ္တာကုိ တာ၀န္ယူေဆာင္ရြက္ရပါတယ္။
MRTV-4 နှင့် MCC ဥက္ကဌ ဦးတင်းဝင်းအောင် အင်တာဗျူး Polytechnic အကြောင်း
MRTV-4 - မင်္ဂလာပါဆရာ
UTWA - မင်္ဂလာပါ။ ထပ်ပြီး ဗျူးကြရပြန်ပြီပေါ့...
MRTV-4 - ဒီတစ်ခေါက် အင်မတန် စိတ်ဝင်စားစရာ ကောင်းတဲ့ Polytechnic အကြောင်း ဆရာက ပြောမယ်ဆိုလို့ . .
UTWA - ဟုတ်ပါတယ်။ တိုင်းပြည်အတွက်ရော၊ လူငယ်လူရွယ်တွေအတွက်ရော အလွန်အရေးကြီးတဲ့ မြန်မာနိုင်ငံမှာ အခုအရေးတကြီး လိုအပ်နေတဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ နည်းပညာတွေကို သင်ယူနိုင်မယ့် Polytechnic ဒါမှမဟုတ် နည်းပညာသိပ္ပံကျောင်းတွေဖြစ်တဲ့ (Vocational Institute) တွေအကြောင်း ပြောမှာပါ။
MRTV-4 - ကျေးဇူးတင်ပါတယ်ဆရာ။ ဆရာ မဆွေးနွေးခင် သမီးတစ်ခုလောက် မေးချင်လို့။
UTWA - ဆရာက မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ အနာဂါတ်အတွက် ကြည့်လိုက်တော့ တိုင်းပြည်မှာ စစ်မှန်တဲ့ အသက်မွေးဝမ်းကျောင်းပညာ (Vocational Institute) တွေကို ကျယ်ကျယ်ပြန့်ပြန့် သင်ပေးနေတာ မရှိသေး ဘူး ဖြစ်နေတယ်။ လူတွေကလည်း အသက်မွေးကျောင်းပညာ သိပ္ပံတွေကို အထင်မကြီးဘူး ဖြစ်နေတယ်။ စင်္ကာပူ နိုင်ငံရဲ့ ပညာရေးစနစ်ကို အရမ်းအတုယူဖို့ ကောင်းပါတယ်။ တက္ကသိုလ်အရေအတွက် အနည်းငယ်ပဲရှိပြီး GCE.O. Level ပြီးတာနဲ့ လူတိုင်းနီးပါး Polytechnic တွေကို တက်ကြရပါတယ်။ အဲဒီ Polytechnic တွေက ဆင်းလာရင် ၀င်ငွေကောင်းတဲ့ အလုပ်အကိုင်ကောင်းတွေ တန်းရဖို့အပြင် စီးပွားရေးလုပ်ငန်းတွေ ထူထောင်နိုင် ကြပြီး ကြီးပွားကုန်ကျတာ တွေ့ရပါတယ်။ အဲဒီ စင်္ကာပူနိုင်ငံ အခြေအနေကို အားကျပြီး MCC Polytechnic တွေကို တပိုင်တနိုင် ထူထောင်ခဲ့တာပါပဲ။
MRTV-4 - ဒီမှာက တက္ကသိုလ်ဝင်တန်း (Grade–11) အောင်တာနဲ့ အားလုံး တက္ကသိုလ်ကိုသွားဖို့ လုပ်ကြပြီး Polytechnic လို အသက်မွေးဝမ်းကျောင်းသိပ္ပံကို သွားတာ နည်းနေတာလို့ ဆိုလိုချင်တာလား . . . .
UTWA - အားလုံး တက္ကသိုလ်တစ်ခုခုတက်ဖို့ပဲ လုပ်နေကြပြီး စိတ်ကြိုက်မရရင် အဝေးသင်တက္ကသိုလ်ကိုတော့ တက်လိုက် ကြပါတယ်။ ဘွဲ့တစ်ခုခုရအောင်လို့ပေါ့။ ဒါပေမယ့် သူနာပြုတက္ကသိုလ်တို့၊ ရေကြောင်းသိပ္ပံတက္ကသို်လ်တို့တွေကို တော့ လုပြီး တက်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းပြည်ပမှာ အလုပ်အကိုင် ကောင်းကောင်းတွေ့ရလို့ ဖြစ်ပါတယ်။
MRTV-4 - တက္ကသိုလ်ဝင်တန်း မအောင်မြင်သေးတဲ့သူတွေအတွက်ကျတော့ တက်စရာကျောင်း သိပ်မရှိဘူးလိုဖြစ်နေတာပေါ့ နော် . . . .
UTWA - ဟုတ်ပါတယ်။ မြန်မာပြည်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ (Grade – 11) ကို ဖြေတဲ့သူ (၄၀၀၀၀၀) ကျော်ထဲက (၃၀%) ကျော်ကျော်ပဲ အောင်တယ်ဆိုတော့ မအောင်တဲ့သူတွေက အဟောသိကံ ဖြစ်နေတာပေါ့။ ဒါကြောင့် ဆရာတို့ရဲ့ MCC Polytechnic တွေမှာ တက္ကသိုလ်ဝင်တန်းမအောင်တဲ့သူတွေ (Level – 3) ကနေစတင်ပြီး (Level – 4) (Level – 5) တွေ ဆက်တက်သွားရင်း အင်္ဂလန်နိုင်ငံ တက္ကသိုလ်တွေက (Top-Up) လုပ်ပေးတဲ့ ဘွဲ့တွေရနိုင်အောင် (Channel) ဖွင့်ထားပါတယ်။
MRTV-4 - ကောင်းလိုက်တာဆရာရယ်။ ဆရာတို့ရဲ့ MCC Polytechnic တွေကို နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီး သင်တာ ပါလား . . . .
UTWA - ဟုတ်ပါတယ်။ အင်္ဂလန်နိုင်ငံရဲ့ အသက်မွေးဝမ်းကျောင်းပညာ သင်ကြားတဲ့ အကြီးဆုံးအဖွဲ့အစည်းဖြစ်တဲ့ PEARSON Group နဲ့ သဘောတူစာချုပ်ချုပ်ဆိုပြီး သူတို့သင်ရိုးညွှန်းတန်းတွေအတိုင်း သင်ပါတယ်။ Edexcel ရဲ့ အသိအမှတ်ပြု အဖွဲ့အစည်းကြီး PEARSON ရဲ့ BTEC Program ကနေ HND လို့ခေါ်တဲ့ Higher National Diploma တွေ ပေးပါတယ်။ အဲဒီကပေးတဲ့ Higher National Diploma (HND) Level – 5 ပြီး ရင်တော့ အင်္ဂလန်နိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ စင်္ကာပူနိုင်ငံတွေမှာရှိတဲ့ တက္ကသိုလ်တွေရဲ့ နောက်ဆုံးနှစ်ကို ဆက် လက်တက်ရောက်ပြီး ဘွဲ့ရရှိနိုင်မှာ ဖြစ်ပါတယ်။ Grade – 9 (ယခင်ရှစ်တန်း) မအောင်တဲ့ ကလေးတွေကိုလည်း (Level – 2) ကနေ စတက်နိုင်ဖို့လည်း စီစဉ်ထားပါတယ်။
MRTV-4 - ဆရာ ခုနတုန်းက အင်္ဂလန်နိုင်ငံ တက္ကသိုလ်တွေရဲ့ Top-Up ဒီဂရီရနိုင်မယ်ဆိုတော့ ဘယ်တက္ကသိုလ်တွေနဲ့ ချိတ်ဆက်ထားပါသလဲဆရာ . . .
UTWA - အင်္ဂလန်နိုင်ငံက Middlesex University နဲ့ Bermingham City University တွေနဲ့ MOU ထိုးထားပြီး ဖြစ် ပါတယ်။ Liverpool John Moores University နဲ့လည်း MOU ထိုးဖို့ လုပ်နေပါတယ်။
MRTV-4 - ဆရာတို့ အခု MCC Polytechnic ဘယ်နှစ်ခုလောက် ဖွင့်ပြီးပါပြီလဲ ဆရာ ... .
UTWA - အရင်ဆုံး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ ရတနာပုံဆိုင်ဘာစီးတီးတွေမှာ ဖွင့်ပြီးပါပြီ။ မကြာခင် မုံရွာမှာ ဖွင့်ဖို့ လုပ်နေပါတယ်။ ပြီးတော့ ပြည်၊ ပဲခူး၊ ပုသိမ်၊ မကွေး၊ မော်လမြိုင်၊ တောင်ကြီးတွေမှာလည်း ဆက်တိုက် ဖွင့်ပေး သွားမှာ ဖြစ်ပါတယ်။
MRTV-4 - ကျေးဇူးတင်ပါတယ် ဆရာ . . . .
UTWA - ကျွန်တော်လည်း MCC Group ကိုယ်စား MRTV-4 ကို ကျေးဇူးတင်ပါတယ်။
ဦးမျိုးအောင်
MRTV-4 - ပထမဆုံး ဆရာအမည်နဲ့ ရာထူးကို မိတ်ဆက်ပေးပါဦးဆရာ . . . .
UMA - ကျွန်တော် ဦးမျိုးအောင်ပါ MCC Group ရဲ့ School of Engineering ရဲ့ CEO ဖြစ်ပါတယ်။
MRTV-4 - MCC က ဖွင့်လှစ်တဲ့ MCC Polytechnic တွေအကြောင်းကို စုံစုံလင်လင်နဲ့ ဆရာဦးတင်ဝင်းအောင်က ပြောပြီးသွားပါပြီ။ ဆရာအနေနဲ့ ဘယ်ဘာသာရပ်တွေကို သင်နေလဲဆိုတာလေး ရှင်းပြပါ။
UMA - MCC Polytechnic တွေမှာ အခုအချိန်ထိ အင်ဂျင်နီယာ ဒီပလိုမာ၊ စီးပွားရေးပညာဒီပလိုမာနဲ့ ကွန်ပျူတာ ဒီပလိုမာတွေကို သင်ကြားလျက်ရှိပါတယ်။ အင်ဂျင်နီယာ ဒီပလိုမာမှာ Construction and the Built Environment လို့ခေါ်တဲ့ (Civil Engineering), Electrical and Electronics Engineering နဲ့ Mechanical Engineering တွေ လေ့လာသင်ကြားနိုင်ပါတယ်။ စီးပွားရေး ဒီပလိုမာမှာ Business Administration ဒီပလိုမာနဲ့ Hotel & Tourism တွေ လေ့လာသင်ကြားနိုင်ပါတယ်။
MRTV-4 - သင်ကြားမဲ့ဆရာတွေကရော ဆရာ . . .
UMA - မြန်မာနိုင်ငံ စက်မှုတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်တွေက အတွေ့အကြုံရှိပြီး ဆရာတွေနဲ့ အသက်မွေးဝမ်း ကျောင်းပညာကို စာတွေ့လက်တွေ့ သင်ကြားတဲ့ အတွေ့အကြံုရှိတဲံ ယခင် GTI က ဆရာကောင်းတွေလည်း ပါပါတယ်။ ပြီးတော့ PEARSON ကနေပြီး အလှည့်ကျ ဆရာတွေလာပြီး အရည်အသွေး မီမမီ ပုံမှန်စစ်ဆေး ပါတယ်။
ဒေါ်အိအုအုအောင်
MRTV-4 - ဆရာမနာမည်နဲ့ အလုပ်တာဝန်ကို ပြောပြပေးပါအုံး . . . .
DEEEA - ကျွန်မနာမည် ဒေါ်အိအုအုအောင် ဖြစ်ပါတယ်။ School of Engineering က ဒုတိယ ကျောင်းအုပ်ကြီး ဖြစ်ပါတယ်။
MRTV-4 - ဆရာမရဲ့ ရရှိထားတဲ့ဘွဲ့ကိုလဲ ပြောပြပါအုံး . .. .
DEEEA - ကျွန်မက စင်္ကာပူနိုင်ငံ Nanyan Technology University (NTU) က မဟာအင်ဂျင်နီယာသိပ္ပံ (ME) ဘွဲ့ ရရှိထားပါတယ်။
MRTV-4 - ဆရာမက Polytechnic မှာ ဘာတာဝန်တွေ ယူရပါသလဲ . . . .
DEEEA - ကျွန်မက ကျောင်းသူ/သားတွေနဲ့ Assignment တွေ လုပ်တာကို တာဝန်ယူဆောင်ရွက်ရပါတယ်။


Sunday, July 19, 2015

(Vocational Training) မ်ားျပဳလုပ္ေပးႏုိင္ရန္ MCC Polytechnic မ်ား ဖြင့္လွစ္ျခင္း

(Vocational Training) မ်ားျပဳလုပ္ေပးႏုိင္ရန္ MCC Polytechnic မ်ား ဖြင့္လွစ္ျခင္း
ႏုိင္ငံေရး၊ စီးပြားေရး ျပဳျပင္ေျပာင္းလဲမႈမ်ား အခ်ိန္တုိင္း စီးပြားေရး တုိးတက္ဖြံ႕ၿဖိဳးလာေသာ ျမန္မာႏုိင္ငံအတြက္ ျပည္တြင္းျပည္ပ လုပ္ငန္းႀကီးမ်ားတြင္ အသက္ေမြး၀မ္းေက်ာင္းပညာ ကြၽမ္းက်င္မႈ (Vocational Skill) ရွိသူမ်ား အေျမာက္အျမား လုိအပ္လ်က္ရွိၿပီး လုပ္ခလစာ ျမင့္မားေသာ အလုပ္အကုိင္ေကာင္းမ်ား ရရွိရန္ အခြင့္အလမ္းမ်ား ေပၚေပါက္လ်က္ရွိပါသည္။ ထုိ႔ေၾကာင့္ MCC Group သည္ အဂၤလန္ႏုိင္ငံမွ ကမၻာ့အႀကီးဆံုး အသက္ေမြး၀မ္းေက်ာင္းပညာ (Vocational Qualification) ျဖန္႔ျဖဴးေအာင္ PEARSON Group ႏွင့္ ပူးေပါင္းကာ အသက္ေမြး၀မ္းေက်ာင္းပညာ Highly National Diploma (HND) မ်ား ေလ့က်င့္သင္ၾကား ခ်ီးျမႇင့္ႏုိင္ရန္ အသက္ေမြး၀မ္းေက်ာင္းပညာ Vocational Training မ်ား သင္ၾကားႏုိင္ေရးအတြက္ Polytechnic ေက်ာင္းမ်ားကုိ ဖြင့္လွစ္လိုက္ပါၿပီ။ အသက္ေမြး၀မ္းေက်ာင္း ပညာရပ္မ်ားျဖစ္ေသာ IT အတတ္ပညာ၊ အင္ဂ်င္နီယာအတတ္ပညာ၊ စီးပြားေရး စီမံခန္႔ခြဲမႈ ပညာရပ္မ်ားကုိ စာေတြ႕လက္ေတြ႕ သင္ၾကားပုိ႔ခ်မည္ျဖစ္ၿပီး အင္ဂ်င္နီယာ ပညာရပ္မွာလဲ Construction and Build Environment, (Civil Engineering), Electrical and Electronic Engineering, Mechanical Engineering မ်ား စိတ္ႀကိဳက္ေရြးခ်ယ္ တက္ေရာက္ႏုိင္မည္ ျဖစ္ပါသည္။ တကၠသုိလ္၀င္တန္း (Grade 11) ေအာင္ျမင္ၿပီးသူမ်ား၊ iGCSE, LCCI (Level-3) မ်ားလည္း တက္ေရာက္ႏုိင္ပါသည္။ တကၠသုိလ္၀င္တန္း မေအာင္ျမင္သူမ်ားအေနျဖင့္ Level-3 Diploma သုိ႔ တက္ေရာက္ၿပီး Level-4 & Level-5 Diploma မ်ားမွ တစ္ဆင့္ ဘြဲ႕ဒီဂရီမ်ားအထိ အသက္ေမြး၀မ္းေက်ာင္းပညာ လမ္းေၾကာင္းမွ ရယူႏုိင္မည္ ျဖစ္ပါသည္။ Grade-9 (ယခင္ရွစ္တန္း) မေအာင္ျမင္ေသာ ေက်ာင္းသူ/ေက်ာင္းသားငယ္မ်ားလည္း Level-2 အဆင့္မွ စတင္တက္ ေရာက္ႏုိင္ၿပီး Level-3, Level - 4 & 5 Diploma မ်ားကုိလည္း ဆက္လက္တက္ေရာက္ႏုိင္ရန္ စီစဥ္ထားပါသည္။ MCC Polytechnic မ်ားကုိ ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္၊ ရတနာပံု ဆုိက္ဘာစီးတီးမ်ားတြင္ စတင္ဖြင့္လွစ္ထားၿပီး မံုရြာ၊ ျပည္၊ ပဲခူး၊ ပုသိမ္၊ ေမာ္လၿမိဳင္၊ မေကြး၊ ေတာင္ႀကီး စသည္ၿမိဳ႕မ်ားတြင္လည္း ဆက္လက္ဖြင့္လွစ္သြားမည္ ျဖစ္ပါသည္။
(Vocational Training) များပြုလုပ်ပေးနိုင်ရန် MCC Polytechnic များ ဖွင့်လှစ်ခြင်း
နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ အချိန်တိုင်း စီးပွားရေး တိုးတက်ဖွံ့ဖြိုးလာသော မြန်မာနိုင်ငံအတွက် ပြည်တွင်းပြည်ပ လုပ်ငန်းကြီးများတွင် အသက်မွေးဝမ်းကျောင်းပညာ ကျွမ်းကျင်မှု (Vocational Skill) ရှိသူများ အမြောက်အမြား လိုအပ်လျက်ရှိပြီး လုပ်ခလစာ မြင့်မားသော အလုပ်အကိုင်ကောင်းများ ရရှိရန် အခွင့်အလမ်းများ ပေါ်ပေါက်လျက်ရှိပါသည်။ ထို့ကြောင့် MCC Group သည် အင်္ဂလန်နိုင်ငံမှ ကမ္ဘာ့အကြီးဆုံး အသက်မွေးဝမ်းကျောင်းပညာ (Vocational Qualification) ဖြန့်ဖြူးအောင် PEARSON Group နှင့် ပူးပေါင်းကာ အသက်မွေးဝမ်းကျောင်းပညာ Highly National Diploma (HND) များ လေ့ကျင့်သင်ကြား ချီးမြှင့်နိုင်ရန် အသက်မွေးဝမ်းကျောင်းပညာ Vocational Training များ သင်ကြားနိုင်ရေးအတွက် Polytechnic ကျောင်းများကို ဖွင့်လှစ်လိုက်ပါပြီ။ အသက်မွေးဝမ်းကျောင်း ပညာရပ်များဖြစ်သော IT အတတ်ပညာ၊ အင်ဂျင်နီယာအတတ်ပညာ၊ စီးပွားရေး စီမံခန့်ခွဲမှု ပညာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချမည်ဖြစ်ပြီး အင်ဂျင်နီယာ ပညာရပ်မှာလဲ Construction and Build Environment, (Civil Engineering), Electrical and Electronic Engineering, Mechanical Engineering များ စိတ်ကြိုက်ရွေးချယ် တက်ရောက်နိုင်မည် ဖြစ်ပါသည်။ တက္ကသိုလ်ဝင်တန်း (Grade 11) အောင်မြင်ပြီးသူများ၊ iGCSE, LCCI (Level-3) များလည်း တက်ရောက်နိုင်ပါသည်။ တက္ကသိုလ်ဝင်တန်း မအောင်မြင်သူများအနေဖြင့် Level-3 Diploma သို့ တက်ရောက်ပြီး Level-4 & Level-5 Diploma များမှ တစ်ဆင့် ဘွဲ့ဒီဂရီများအထိ အသက်မွေးဝမ်းကျောင်းပညာ လမ်းကြောင်းမှ ရယူနိုင်မည် ဖြစ်ပါသည်။ Grade-9 (ယခင်ရှစ်တန်း) မအောင်မြင်သော ကျောင်းသူ/ကျောင်းသားငယ်များလည်း Level-2 အဆင့်မှ စတင်တက် ရောက်နိုင်ပြီး Level-3, Level - 4 & 5 Diploma များကိုလည်း ဆက်လက်တက်ရောက်နိုင်ရန် စီစဉ်ထားပါသည်။ MCC Polytechnic များကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ရတနာပုံ ဆိုက်ဘာစီးတီးများတွင် စတင်ဖွင့်လှစ်ထားပြီး မုံရွာ၊ ပြည်၊ ပဲခူး၊ ပုသိမ်၊ မော်လမြိုင်၊ မကွေး၊ တောင်ကြီး စသည်မြို့များတွင်လည်း ဆက်လက်ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။

နည္းပညာျဖင့္ Super Rich ျဖစ္ၾကသူမ်ား

နည္းပညာျဖင့္ Super Rich ျဖစ္ၾကသူမ်ား
ကမၻာေပၚမွာ ဘီလ်ံနာသူေ႒းႀကီးေတြ အေျမာက္အျမား ရွိပါတယ္။ ေျမယာ၊ အုိးအိမ္၊ တိုက္တာ (Real Estate) လုပ္ငန္းေတြ၊ ပင္လယ္ကူး သေဘၤာႀကီးေတြပိုင္တဲ့ လုပ္ငန္းေတြ၊ တကမၻာလံုးမွာ ဖြင့္ႏုိင္တဲ့ လက္လီ Super ကုန္တုိက္ႀကီးေတြ၊ ဘဏ္လုပ္ငန္းႀကီးေတြ၊ ဆက္သြယ္ေရးနဲ႔ ေရနံဓါတု လုပ္ငန္းႀကီးေတြ စသည္တုိ႔ကုိ မ်ိဳးရိုးစဥ္ဆက္ လုပ္ကုိင္ရင္း ခ်မ္းသာလာခဲ့ၾကျခင္း ျဖစ္ပါသည္။ သုိ႔ေသာ္ မ်ိဳးရိုးစဥ္ဆက္ လည္းမရွိ၊ ေငြေၾကးအရင္းအႏွီးလဲမရွိဘဲ ေန႔ျခင္းညျခင္း ဘီလ်ံနာမ်ား ျဖစ္လာၾကသူမ်ားမွာ နည္းပညာ အထူးသျဖင့္ (Information Technology) ျဖင့္ ေအာင္ျမင္လာေသာ (Technoprenure) မ်ား ျဖစ္ပါသည္။ Bloomberg Bummers မဂၢဇင္းမွ ျပဳလုပ္ေသာ ကမၻာ့အခ်မ္းသာဆံုး ပုဂၢိဳလ္ (၅၀) ဦးတြင္ နည္းပညာျဖင့္ ခ်မ္းသာသူ (၁၀) ဦး ပါ၀င္ေၾကာင္း ေတြ႕ရပါသည္။ ယင္း (၅၀) ဦးထဲမွ အခ်မ္းသာဆံုး ပုဂၢိဳလ္မွာ Microsoft နည္းပညာ လုပ္ငန္းကုိ ထူေထာင္ႏုိင္ခဲ့သူ Bill Gate ပင္ ျဖစ္ပါသည္။ Bill Gate ၏ ခ်မ္းသာ ၾကြယ္၀မႈမွာ ေဒၚလာ (၇၉.၂) ဘီလ်ံျဖစ္ၿပီး Personal Computer တြင္ အသံုးျပဳသည့္ Software စနစ္မ်ားကုိ တီထြင္ထုတ္လုပ္ရာမွ ခ်မ္းသာျခင္း ျဖစ္ပါသည္။ 
ကမၻာ့ ပဥၥမေျမာက္ အခ်မ္းသာဆံုး ပုဂၢိဳလ္မွာ နည္းပညာကုမၸဏီျဖစ္ေသာ Oracle ကုိ ပုိင္ဆုိင္သည့္ Larry Ellison ျဖစ္ပါသည္။ သူ၏ ပုိင္ဆုိင္မႈ တန္ဖိုးမွာ ေဒၚလာ (၅၄.၃) ဘီလ်ံျဖစ္ၿပီး ကြန္ပ်ဴတာအသံုးျပဳစနစ္မ်ားအတြက္ မရွိမျဖစ္ လုိအပ္ေသာ Database စနစ္ကုိ တီထြင္ထုတ္လုပ္ရာမွ ခ်မ္းသာသြားၿပီး Database အျပင္ အျခားေသာ Enterprise System ကုမၸဏီမ်ားကုိ ၀ယ္ယူၿပီး Oracle အမည္ျဖင့္ ေရာင္းခ်လ်က္ ရွိပါသည္။ 
ကမၻာ့အခ်မ္းသာဆံုးစာရင္း၏ (၁၅) ေယာက္ေျမာက္ ပုဂၢိဳလ္မွာ နည္းပညာနယ္ပယ္တြင္ E-Commerce လုပ္ငန္းျဖစ္ေသာ Amazon.com ကုိ တည္ေထာင္လုပ္ကုိင္သူ Jeff-Bezo မည္ ျဖစ္ပါသည္။ အြန္လုိင္းစနစ္ျဖင့္ စာအုပ္မ်ားကုိ ေရာင္းရာမွ ယခုအခါ ပစၥည္းမ်ိဳးစံု ေရာင္းခ်ေသာ ကမၻာ့အႀကီးဆံုး e-Commer လုပ္ငန္းႀကီးအျဖစ္ ထူေထာင္ခဲ့ၿပီး ေဒၚလာ (၃၄.၉) ဘီလ်ံ ခ်မ္းသာေသာ Super Rich ျဖစ္လာခဲ့ပါသည္။ အခ်မ္းသာဆံုး (၁၀) ေယာက္ေျမာက္ျဖစ္သူမွာလည္း နည္းပညာနယ္ပါယ္မွျဖစ္ၿပီး စူပါျဖစ္ေနေသာ Facebook.com ကုိ တီထြင္သူ Mark-Zuckerberg ျဖစ္ပါသည္။ သူ၏ ခ်မ္းသာၾကြယ္၀မႈမွာ ေဒၚလာ (၃၃.၄) ဘီလ်ံ ျဖစ္ပါသည္။ ကမၻာ့အခ်မ္းသာဆံုးအဆင့္ (၁၈) ႏွင့္ (၁၉) ေနရာ အသီးသီး ယူထားသူမ်ားမွာ ကမၻာတစ္ခုလံုးရွိ လူတုိင္း ေန႔စဥ္ အသံုးျပဳေနေသာ Search Enginee ျဖစ္သည့္ Google ကုိ တီထြင္သူ Larry Page ႏွင့္ Serge Brin တုိ႔ ျဖစ္ၾကပါသည္။ Larry Page အေနျဖင့္ ေဒၚလာ (၂၉.၇) ဘီလ်ံ ခ်မ္းသာၿပီး Sergey Brin က ေဒၚလာ (၂၉.၂) ဘီလ်ံ ခ်မ္းသာပါသည္။ 
ေန႔ခ်င္းညခ်င္း ကမၻာ့အခ်မ္းသာဆံုး အဆင့္ (၃၃) ဦးမွာ ေဒၚလာ (၂၂.၇) ဘီလ်ံျဖင့္ ၾကြယ္၀ခ်မ္းသာသူ တ႐ုတ္ႏုိင္ငံမွ Jack Ma ဆုိသူျဖစ္ၿပီး e-Commerce Portal ျဖစ္ေသာ Alibaba.com ကုိ တီထြင္ထူေထာင္လုပ္ကုိင္သူ ျဖစ္ပါသည္။ ကမၻာ့အခ်မ္းသာဆံုးအဆင့္ (၃၅) တြင္ Microsoft ကုိ ပူးတြဲတည္ေထာင္သူ Steve Ballmer က ေဒၚလာ (၂၁.၅) ဘီလ်ံ ခ်မ္းသာၿပီး Apple Disney လုပ္ငန္းလုပ္ကုိင္သူ Ms. Laurence Powell Jobs အေနျဖင့္ ေဒၚလာ (၁၉.၅) ဘီလ်ံျဖင့္ အဆင့္ (၄၅) ေနရာတြင္ ေရာက္ေနပါသည္။ 
အထက္ေဖာ္ျပပါ နည္းပညာလုပ္ငန္းျဖင့္ ကမၻာ့အခ်မ္းသာဆံုး (၅၀) စာရင္းတြင္ နည္းပညာတီထြင္ဖန္တီးသူမ်ားအျပင္ ေနာက္ဆံုး မေမ်ာ္လင့္ဘဲ တရွိန္ထုိး လိုက္လာသူမ်ားမွာ သာမန္ Mobile Application (Mobile App) မ်ား တီထြင္ထုတ္လုပ္ျခင္းျဖင့္ မထင္မွတ္ဘဲ ျမန္ျမန္ဆန္ဆန္ ဘီလ်ံနာ ျဖစ္လာသူမ်ားျဖစ္ပါသည္။ ယင္းတုိ႔အထဲတြင္ Texi ငွားသည့္ Mobile App ျဖစ္ေသာ Uber ကုိ တီထြင္သူ Travie Kalanick ျဖစ္ၿပီး ေဒၚလာ (၁၈) ဘီလ်ံ ၾကြယ္၀သူ ျဖစ္လာပါသည္။ Facebook မွ ေဒၚလာ (၁၉) ဘီလ်ံ ေပး၀ယ္လိုက္ရေသာ Messaging App ျဖစ္ေသာ WhatsApp ကုိ တီထြင္လုိက္သူမွာ Jan Koum ဆုိသူ ျဖစ္ပါသည္။ နာမည္ေက်ာ္ Online Payment စနစ္ျဖစ္ေသာ Paypal သည္ ယခုအခါ ေဒၚလာ (၄၇) ဘီလ်ံ တန္ေနၿပီဟု ဆုိရပါမည္။ ယင္းစနစ္ကုိ ပူးတြဲတီထြင္သူ Max Levchin သည္လည္း ဘီလ်ံနာ ျဖစ္ေနၿပီး ကမၻာ့ Super Rich ကလပ္သုိ႔ ၀င္ေရာက္လာသူ ေနာက္တစ္ဦးမွာ တ႐ုတ္ႏုိင္ငံမွ Frank Wang ဆုိသူျဖစ္ၿပီး ယေန႔ေပၚျပဴလာ ျဖစ္ေနေသာ ကြန္ပ်ဴတာစနစ္ျဖင့္ ထိန္းခ်ဳပ္သည့္ ေမာင္းသူမဲ့ ေလယာဥ္ငယ္ (Drone) မ်ားကုိ တီထြင္ထုတ္လုပ္ေနသူ ျဖစ္ပါသည္။ သူ၏ (DJI) ကုမၸဏီသည္ ေဒၚလာ (၄၅) ဘီလ်ံတန္ေနၿပီ ျဖစ္ပါသည္။ 
ယေန႔ လူငယ္လူရြယ္မ်ား သင္ယူေနေသာ နည္းပညာသည္ Super Rich ျဖစ္ရန္ အေျခခံေကာင္းျဖစ္ပါသည္။ အထက္ေဖာ္ျပပါ နည္းပညာျဖင့္ Super Rich ျဖစ္သူမ်ားသည္ သူလုိကုိယ္လုိ လူငယ္လူရြယ္မ်ားသာ ျဖစ္ပါသည္။ စိတ္ကူးေကာင္းတစ္ခုကုိ တီထြင္ႀကံဆႏုိင္သည့္ အတြက္ လ်င္ျမန္စြာ ခ်မ္းသာသြားၾကျခင္းျဖစ္ပါသည္။ ျမန္မာႏုိင္ငံမွ လူငယ္လူရြယ္တုိင္း စိတ္ကူးေကာင္း ႀကံဆႏုိင္ပါက Super Rich ျဖစ္ႏုိင္သည့္ အခြင့္အလမ္းရွိပါေၾကာင္း သတင္းေကာင္း ပါးလိုက္ပါသည္။
နည်းပညာဖြင့် Super Rich ဖြစ်ကြသူများ
ကမ္ဘာပေါ်မှာ ဘီလျံနာသူဋ္ဌေးကြီးတွေ အမြောက်အမြား ရှိပါတယ်။ မြေယာ၊ အိုးအိမ်၊ တိုက်တာ (Real Estate) လုပ်ငန်းတွေ၊ ပင်လယ်ကူး သင်္ဘောကြီးတွေပိုင်တဲ့ လုပ်ငန်းတွေ၊ တကမ္ဘာလုံးမှာ ဖွင့်နိုင်တဲ့ လက်လီ Super ကုန်တိုက်ကြီးတွေ၊ ဘဏ်လုပ်ငန်းကြီးတွေ၊ ဆက်သွယ်ရေးနဲ့ ရေနံဓါတု လုပ်ငန်းကြီးတွေ စသည်တို့ကို မျိုးရိုးစဉ်ဆက် လုပ်ကိုင်ရင်း ချမ်းသာလာခဲ့ကြခြင်း ဖြစ်ပါသည်။ သို့သော် မျိုးရိုးစဉ်ဆက် လည်းမရှိ၊ ငွေကြေးအရင်းအနှီးလဲမရှိဘဲ နေ့ခြင်းညခြင်း ဘီလျံနာများ ဖြစ်လာကြသူများမှာ နည်းပညာ အထူးသဖြင့် (Information Technology) ဖြင့် အောင်မြင်လာသော (Technoprenure) များ ဖြစ်ပါသည်။ Bloomberg Bummers မဂ္ဂဇင်းမှ ပြုလုပ်သော ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် (၅၀) ဦးတွင် နည်းပညာဖြင့် ချမ်းသာသူ (၁၀) ဦး ပါ၀င်ကြောင်း တွေ့ရပါသည်။ ယင်း (၅၀) ဦးထဲမှ အချမ်းသာဆုံး ပုဂ္ဂိုလ်မှာ Microsoft နည်းပညာ လုပ်ငန်းကို ထူထောင်နိုင်ခဲ့သူ Bill Gate ပင် ဖြစ်ပါသည်။ Bill Gate ၏ ချမ်းသာ ကြွယ်ဝမှုမှာ ဒေါ်လာ (၇၉.၂) ဘီလျံဖြစ်ပြီး Personal Computer တွင် အသုံးပြုသည့် Software စနစ်များကို တီထွင်ထုတ်လုပ်ရာမှ ချမ်းသာခြင်း ဖြစ်ပါသည်။ 
ကမ္ဘာ့ ပဥ္စမမြောက် အချမ်းသာဆုံး ပုဂ္ဂိုလ်မှာ နည်းပညာကုမ္ပဏီဖြစ်သော Oracle ကို ပိုင်ဆိုင်သည့် Larry Ellison ဖြစ်ပါသည်။ သူ၏ ပိုင်ဆိုင်မှု တန်ဖိုးမှာ ဒေါ်လာ (၅၄.၃) ဘီလျံဖြစ်ပြီး ကွန်ပျူတာအသုံးပြုစနစ်များအတွက် မရှိမဖြစ် လိုအပ်သော Database စနစ်ကို တီထွင်ထုတ်လုပ်ရာမှ ချမ်းသာသွားပြီး Database အပြင် အခြားသော Enterprise System ကုမ္ပဏီများကို ၀ယ်ယူပြီး Oracle အမည်ဖြင့် ရောင်းချလျက် ရှိပါသည်။ 
ကမ္ဘာ့အချမ်းသာဆုံးစာရင်း၏ (၁၅) ယောက်မြောက် ပုဂ္ဂိုလ်မှာ နည်းပညာနယ်ပယ်တွင် E-Commerce လုပ်ငန်းဖြစ်သော Amazon.com ကို တည်ထောင်လုပ်ကိုင်သူ Jeff-Bezo မည် ဖြစ်ပါသည်။ အွန်လိုင်းစနစ်ဖြင့် စာအုပ်များကို ရောင်းရာမှ ယခုအခါ ပစ္စည်းမျိုးစုံ ရောင်းချသော ကမ္ဘာ့အကြီးဆုံး e-Commer လုပ်ငန်းကြီးအဖြစ် ထူထောင်ခဲ့ပြီး ဒေါ်လာ (၃၄.၉) ဘီလျံ ချမ်းသာသော Super Rich ဖြစ်လာခဲ့ပါသည်။ အချမ်းသာဆုံး (၁၀) ယောက်မြောက်ဖြစ်သူမှာလည်း နည်းပညာနယ်ပါယ်မှဖြစ်ပြီး စူပါဖြစ်နေသော Facebook.com ကို တီထွင်သူ Mark-Zuckerberg ဖြစ်ပါသည်။ သူ၏ ချမ်းသာကြွယ်ဝမှုမှာ ဒေါ်လာ (၃၃.၄) ဘီလျံ ဖြစ်ပါသည်။ ကမ္ဘာ့အချမ်းသာဆုံးအဆင့် (၁၈) နှင့် (၁၉) နေရာ အသီးသီး ယူထားသူများမှာ ကမ္ဘာတစ်ခုလုံးရှိ လူတိုင်း နေ့စဉ် အသုံးပြုနေသော Search Enginee ဖြစ်သည့် Google ကို တီထွင်သူ Larry Page နှင့် Serge Brin တို့ ဖြစ်ကြပါသည်။ Larry Page အနေဖြင့် ဒေါ်လာ (၂၉.၇) ဘီလျံ ချမ်းသာပြီး Sergey Brin က ဒေါ်လာ (၂၉.၂) ဘီလျံ ချမ်းသာပါသည်။ 
နေ့ချင်းညချင်း ကမ္ဘာ့အချမ်းသာဆုံး အဆင့် (၃၃) ဦးမှာ ဒေါ်လာ (၂၂.၇) ဘီလျံဖြင့် ကြွယ်ဝချမ်းသာသူ တရုတ်နိုင်ငံမှ Jack Ma ဆိုသူဖြစ်ပြီး e-Commerce Portal ဖြစ်သော Alibaba.com ကို တီထွင်ထူထောင်လုပ်ကိုင်သူ ဖြစ်ပါသည်။ ကမ္ဘာ့အချမ်းသာဆုံးအဆင့် (၃၅) တွင် Microsoft ကို ပူးတွဲတည်ထောင်သူ Steve Ballmer က ဒေါ်လာ (၂၁.၅) ဘီလျံ ချမ်းသာပြီး Apple Disney လုပ်ငန်းလုပ်ကိုင်သူ Ms. Laurence Powell Jobs အနေဖြင့် ဒေါ်လာ (၁၉.၅) ဘီလျံဖြင့် အဆင့် (၄၅) နေရာတွင် ရောက်နေပါသည်။ 
အထက်ဖော်ပြပါ နည်းပညာလုပ်ငန်းဖြင့် ကမ္ဘာ့အချမ်းသာဆုံး (၅၀) စာရင်းတွင် နည်းပညာတီထွင်ဖန်တီးသူများအပြင် နောက်ဆုံး မမျော်လင့်ဘဲ တရှိန်ထိုး လိုက်လာသူများမှာ သာမန် Mobile Application (Mobile App) များ တီထွင်ထုတ်လုပ်ခြင်းဖြင့် မထင်မှတ်ဘဲ မြန်မြန်ဆန်ဆန် ဘီလျံနာ ဖြစ်လာသူများဖြစ်ပါသည်။ ယင်းတို့အထဲတွင် Texi ငှားသည့် Mobile App ဖြစ်သော Uber ကို တီထွင်သူ Travie Kalanick ဖြစ်ပြီး ဒေါ်လာ (၁၈) ဘီလျံ ကြွယ်ဝသူ ဖြစ်လာပါသည်။ Facebook မှ ဒေါ်လာ (၁၉) ဘီလျံ ပေးဝယ်လိုက်ရသော Messaging App ဖြစ်သော WhatsApp ကို တီထွင်လိုက်သူမှာ Jan Koum ဆိုသူ ဖြစ်ပါသည်။ နာမည်ကျော် Online Payment စနစ်ဖြစ်သော Paypal သည် ယခုအခါ ဒေါ်လာ (၄၇) ဘီလျံ တန်နေပြီဟု ဆိုရပါမည်။ ယင်းစနစ်ကို ပူးတွဲတီထွင်သူ Max Levchin သည်လည်း ဘီလျံနာ ဖြစ်နေပြီး ကမ္ဘာ့ Super Rich ကလပ်သို့ ၀င်ရောက်လာသူ နောက်တစ်ဦးမှာ တရုတ်နိုင်ငံမှ Frank Wang ဆိုသူဖြစ်ပြီး ယနေ့ပေါ်ပြူလာ ဖြစ်နေသော ကွန်ပျူတာစနစ်ဖြင့် ထိန်းချုပ်သည့် မောင်းသူမဲ့ လေယာဉ်ငယ် (Drone) များကို တီထွင်ထုတ်လုပ်နေသူ ဖြစ်ပါသည်။ သူ၏ (DJI) ကုမ္ပဏီသည် ဒေါ်လာ (၄၅) ဘီလျံတန်နေပြီ ဖြစ်ပါသည်။ 
ယနေ့ လူငယ်လူရွယ်များ သင်ယူနေသော နည်းပညာသည် Super Rich ဖြစ်ရန် အခြေခံကောင်းဖြစ်ပါသည်။ အထက်ဖော်ပြပါ နည်းပညာဖြင့် Super Rich ဖြစ်သူများသည် သူလိုကိုယ်လို လူငယ်လူရွယ်များသာ ဖြစ်ပါသည်။ စိတ်ကူးကောင်းတစ်ခုကို တီထွင်ကြံဆနိုင်သည့် အတွက် လျင်မြန်စွာ ချမ်းသာသွားကြခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံမှ လူငယ်လူရွယ်တိုင်း စိတ်ကူးကောင်း ကြံဆနိုင်ပါက Super Rich ဖြစ်နိုင်သည့် အခွင့်အလမ်းရှိပါကြောင်း သတင်းကောင်း ပါးလိုက်ပါသည်။




 

 

 

 

 

Friday, July 17, 2015

MCC BBA တုိ႔ Bangkok ကုိ သြားၾကၿပီ . . .

MCC BBA တုိ႔ Bangkok ကုိ သြားၾကၿပီ . . .
ရန္ကုန္မုိးက ဆက္တုိက္ သဲႀကီးမဲႀကီးရြာေနဆဲ မနက္ (၄) နာရီ ဇိမ္နဲ႔ အိပ္လုိ႔ေကာင္းမဲ့အခ်ိန္. . . .
လက္ကုိင္ဖုန္းသံ ျမည္လာပါတယ္ . . . .
“ဟဲလုိ ႏုိးၿပီလား... ျမန္ျမန္လုပ္ (၅) နာရီစထြက္မွာ..ေလဆိပ္ကုိ ၇ နာရီခြဲ ေရာက္မွျဖစ္မယ္. . ငါတုိ႔လဲ အခ်ိန္မီ ေရာက္လာမယ္.. “
“ေအးပါဟယ္... စိတ္လႈပ္ရွားလုိ႔ ... တစ္ညလံုး ေကာင္းေကာင္းမအိပ္ရလုိ႔ ...ယူမဲ့ပစၥည္းေတြေကာက္ထည့္ ...ဘာလုပ္၊ ညာလုပ္နဲ႔ ...အေစာႀကီးတည္းက ႏုိးေနတာ... ဘာပဲေျပာေျပာ ...ငါတုိ႔ေန႔ခင္းဆုိ ... ဘန္ေကာက္ ေရာက္ၿပီ... ေပ်ာ္စရာႀကီးေနာ္”
“မာမီ မၿပီးေသးဘူးလား ... သူငယ္ခ်င္းေတြ ေခၚေနၿပီ...”
“ၿပီးၿပီ သမီးေရ... ညည္းဒယ္ဒီအတြက္ လုပ္ေပးေနလုိ႔ ... သူကလဲ ဘုရားရွီခုိးေနတာ မၿပီးႏုိင္ဘူး ... ေလယာဥ္ပ်ံစီးရမယ္ဆုိေတာ့ မုိးေလ၀သေကာင္းေအာင္ ဆုေတာင္းေနတာနဲ႔ တူတယ္...”
“ဒါေၾကာင့္ေျပာတာ ... မာမီတုိ႔ကလဲ သမီးဘာသာ လြတ္လြတ္လပ္လပ္ သူငယ္ခ်င္းေတြနဲ႔ မသြားရဘူး”
“ဟဲ့ . . . ဘယ္လုိေျပာလိုက္တာလဲ... တုိ႔သမီးေလး တက္မဲ့ေက်ာင္းကုိ နင့္အေဖက ၾကည့္ျခင္လုိ႔... ၿပီးေတာ့ ဘန္ေကာက္ေရာက္တုန္း ေဆးေလးဘာေလး စစ္မယ္ဆုိလား ... “
“ဟဲဟဲ . . . သမီးသိပါတယ္... သမီးကုိ လုိက္ပုိ႔တယ္ဆုိၿပီး မာမီက ေရွာပင္လုပ္မလုိ႔ . . . ဟုိေန႔က သူငယ္ ခ်င္းအေမနဲ႔ ခ်ိန္းေနၾကတာ မသိတာလိုက္လုိ႔...”
“ေအးေပါ့ဟယ္ ဘုရားလဲဖူး ... လိပ္ဥလဲတူးရင္း ျမဘုရားကုိ ဖူးခ်င္ေနတာ ၾကာၿပီ... ဘုရားအရင္ ဖူးမွာပါ...႐ုပ္ရွင္ မင္းသမီးေတြမွ ဘန္ေကာက္ကုိ ေရွာပင္သြားႏုိင္တာမဟုတ္ဘူးေဟ့...ငါတုိ႔လဲ သမီးဆီသြားရင္း ေရွာပင္ေပါ့...”
ရန္ကုန္အျပည္ျပည္ဆုိင္ရာ ေလဆိပ္ထဲမွာ မုိးမလင္းေသးဘူး လူေတြျပည့္က်ပ္ေနပါတယ္။ အဲဒီအထဲမွာ MCC ကေန ဘန္ေကာက္ Siam University ကုိ သြားၾကမဲ့ BBA ေက်ာင္းသား/သူေတြက ယူနီေဖာင္းေတြနဲ႔ဆုိေတာ့ လွပၿပီး ၾကြရြေနပါေတာ့တယ္။ ေက်ာင္းသူ/ေက်ာင္းသားေတြတင္မဟုတ္ဘူး။ ဘန္ေကာက္ထိ လိုက္ပုိ႔ေပးၾကမဲ့ မိဘေတြလဲ ပါတယ္ဆုိေတာ့ အုပ္စုေတာ္ေတာ္မ်ားပါတယ္။ ဒီတေခါက္ ရန္ကုန္ Campus ေရာ မႏၲေလး Campus ႏွစ္ခုေပါင္း ေက်ာင္းသား/သူ (၄၀) ေက်ာ္ လိုက္ပုိ႔ေပးတဲ့ မိဘေတြက (၂၀) ေက်ာ္ဆုိေတာ့ Thai Airway ေလယာဥ္ပ်ံတခုလံုး MCC ေတြ ျဖစ္ေနမွာ...
ေလဆိပ္ကုိ MCC ကဥကၠ႒ႀကီး ဦးတင္၀င္းေအာင္ကုိယ္တုိင္ ဆင္းပုိ႔ပါတယ္။ ဘန္ေကာက္အထိ လိုက္ပုိ႔မယ့္ ဆရာဦးမ်ိဳးေအာင္ကလည္း ေက်ာင္းသား/သူေတြ Check-in လုပ္ဖုိ႔ လူစုခုိင္းေနတာ ေတြ႕ရပါတယ္။
“ကေလးေတြ ေတာ္ေတာ္စံုၿပီလား ... “
“ဟုတ္ကဲ့ . . . ရန္ကုန္ Campus ကေတာ့ စံုပါၿပီ... မႏၲေလး Campus က လူေတြေတာ့ မေတြ႕ေသးဘူး ... “
“ဖုန္းဆက္ၾကည့္ပါလား . . . .”
“ဟုတ္ကဲ့ . . . ဆက္ၿပီးပါၿပီ။ လမ္းမွာ လာေနပါၿပီတဲ့။”
“ဟုိမွာ လာေနၾကၿပီ... ေဒါက္တာ ေက်ာေဇာနဲ႔ တစ္ဖြဲ႕ႀကီးပါ...”
“ဆရာ ေဒါက္တာ ေက်ာက္ေဇာကုိ ကြၽန္ေတာ္က ေက်ာင္းသားနဲ႔ လူမွားေနလုိ႔”
“ဟုတ္လား . . .ဆရာေရ သမီးကုိ အေဖေရာ၊ အေမေရာ လိုက္ပုိ႔မွာ... ဘန္ေကာက္မွာ သမီးေနဖုိ႔ေရာ၊
ကြၽန္ေတာ္သြားတဲ့အခါ ေနဖုိ႔ေရာ၊ ကြန္ဒုိႏွစ္ခန္း ငွားထားၿပီးၿပီ... သမီးအေမက သမီးနဲ႔ တစ္ခါထဲ ေနက်န္ခဲ့မွာ . . .”
“ေကာင္းတာေပါ့ဆရာရယ္ ။ အေမပါ တစ္ခါတည္း ေက်ာင္းတက္လိုက္ရင္ မေကာင္းဘူးလား .. . ဟား . . .. ဟား . . .။”
“ဟုတ္ပါ့ဗ်ာ . .. ကြၽန္ေတာ္လည္း သြားလိုက္ လာလိုက္ လုပ္မွာပါ... စေန၊ တနဂၤေႏြဆုိရင္ မႏၲေလးကေန ဘန္ေကာက္ကုိ တိုက္ရိုက္စီးလုိ႔ရေနေတာ့ Week End သမီးနဲ႔ ေတြ႕ရတာေပါ့”
Thai Airway ေလယာဥ္ပ်ံထဲကုိ Boarding လုပ္ဖုိ႔ ေက်ာင္းသူ/သားေတြ အထဲေရာက္ေနပါၿပီ။ ဓာတ္ပံု႐ိုက္ၾက စၾက ေနာက္ၾက တခ်ိဳ႕ကလည္း ဘုရားစာရြတ္ဖုိ႔ စာအုပ္ကေလးေတြ ထုတ္ေနတာ ေတြ႕ရပါတယ္။ ထုိင္းေလယာဥ္ မယ္ေလးေတြကလည္း ထမီစကပ္နဲ႔ ပု၀ါနဲ႔ ဆံပင္ပံုစံကလည္း ျမန္မာဆန္ဆန္နဲ႔ ဆုိေတာ့ ၾကည့္လုိ႔ အေတာ္ေကာင္းပါတယ္။
“ဟဲ့ မဆု နင္ဘယ္လုိေနလဲ ...ေလယာဥ္ပ်ံစီးရမွာ ေၾကာက္လားဟင္”
“နင့္အဘ ေၾကာက္ေတာ့ေၾကာက္တာေပါ့... ဒါေပမယ့္ (၁) နာရီေလာက္ပဲဆုိေတာ့ ခနေန ေရာက္သြားမွာပါ “
“ေနာက္က အေကာင္ေတြေတာ့ ဘယ္လုိေနမယ္မသိဘူး ...”
“အဲဒီအေကာင္ေတြက ေၾကာက္ရမဲ့အစား ဟုိက ယိုးဒယားမေတြနဲ႔ ေတြ႕ရေတာ့မယ္ဆုိၿပီး မသိရင္ခက္မယ္...”
ေလယာဥ္ပ်ံက ဘန္ေကာက္၊ သု၀ဏၰဘုမၼိေလဆိပ္ကုိ စတင္ ဆင္းေတာ့မယ္လုိ႔ ေၾကျငာေနပါၿပီ။ ဆင္းေနၿပီဆုိေတာ့ ေလယာဥ္ပ်ံက တုန္ခါလုိ႔ ေနပါတယ္။ အားလံုး ၿငိမ္သက္ေနၾကၿပီး စိတ္လႈပ္ရွားေနၾကပါတယ္။
“ဟိတ္ေကာင္ ကုိတုိး ေရာက္ေတာ့မယ္ ထေတာ့”
“ေအးပါကြာ ငါသိပါတယ္။ ဇိမ္ယူေနတာ...”
“နင္ ပိုက္ဆံ ဘယ္ေလာက္ပါလဲ... ဟုိက် ေက်ာင္းလခ သြင္းတာတုိ႔ ဘာတုိ႔ ညာတုိ႔ ၿပီးေတာ့ ငါတုိ႔ ကဲဖုိ႔ ...”
“ငါ... US ႏွစ္ေထာင္ေက်ာ္ေလာက္ပဲ ယူလာတယ္ ...မႏၲေလးက KBZ တုိ႔ CB ဘဏ္တုိ႔ကေန အိမ္က ေငြလႊဲေပးမယ္ ေျပာတယ္ ...ၿပီးေတာ့ CB ဘဏ္ကထုတ္တဲ့ Master Card ပါတယ္... အဲဒါက ဘန္ေကာက္မွာ သံုးလုိ႔ရတယ္ “
“ဟာ လယ္ကြင္းေတြ ေတြ႕ေနရၿပီ ... ဘန္ေကာက္ေလဆိပ္ ေရာက္ေတာ့မယ္”
ေလယာဥ္မယ္က ေလယာဥ္ ဆင္းေတာ့မယ္လုိ႔ ေၾကျငာေနၿပီ။ ထုိင္ခံုခါးပတ္ေတြ ပတ္ထားဖုိ႔၊ ျပတင္းေပါက္ မွန္အကာေတြ ဖြင့္ထားဖုိ႔၊ ထုိင္ခံုကုိ တည့္မတ္ဖုိ႔ ညႊန္ၾကားေနပါတယ္။ မၾကာခင္ ေလယာဥ္က ေျပးလမ္းေပၚ ဆင္းလိုက္ပါၿပီ။ ေက်ာင္းသူ/သားေတြ ဘန္ေကာက္ေရာက္ၿပီဆုိတဲ့ အသိနဲ႔ စိတ္လႈပ္ရွားလ်က္ . . . . . .။
MCC BBA တို့ Bangkok ကို သွားကြပြီ . . .
ရန်ကုန်မိုးက ဆက်တိုက် သဲကြီးမဲကြီးရွာနေဆဲ မနက် (၄) နာရီ ဇိမ်နဲ့ အိပ်လို့ကောင်းမဲ့အချိန်. . . .
လက်ကိုင်ဖုန်းသံ မြည်လာပါတယ် . . . .
“ဟဲလို နိုးပြီလား... မြန်မြန်လုပ် (၅) နာရီစထွက်မှာ..လေဆိပ်ကို ရ နာရီခွဲ ရောက်မှဖြစ်မယ်. . ငါတို့လဲ အချိန်မီ ရောက်လာမယ်.. “
“အေးပါဟယ်... စိတ်လှုပ်ရှားလို့ ... တစ်ညလုံး ကောင်းကောင်းမအိပ်ရလို့ ...ယူမဲ့ပစ္စည်းတွေကောက်ထည့် ...ဘာလုပ်၊ ညာလုပ်နဲ့ ...အစောကြီးတည်းက နိုးနေတာ... ဘာပဲပြောပြော ...ငါတို့နေ့ခင်းဆို ... ဘန်ကောက် ရောက်ပြီ... ပျော်စရာကြီးနော်”
“မာမီ မပြီးသေးဘူးလား ... သူငယ်ချင်းတွေ ခေါ်နေပြီ...”
“ပြီးပြီ သမီးရေ... ညည်းဒယ်ဒီအတွက် လုပ်ပေးနေလို့ ... သူကလဲ ဘုရားရှီခိုးနေတာ မပြီးနိုင်ဘူး ... လေယာဉ်ပျံစီးရမယ်ဆိုတော့ မိုးလေဝသကောင်းအောင် ဆုတောင်းနေတာနဲ့ တူတယ်...”
“ဒါကြောင့်ပြောတာ ... မာမီတို့ကလဲ သမီးဘာသာ လွတ်လွတ်လပ်လပ် သူငယ်ချင်းတွေနဲ့ မသွားရဘူး”
“ဟဲ့ . . . ဘယ်လိုပြောလိုက်တာလဲ... တို့သမီးလေး တက်မဲ့ကျောင်းကို နင့်အဖေက ကြည့်ခြင်လို့... ပြီးတော့ ဘန်ကောက်ရောက်တုန်း ဆေးလေးဘာလေး စစ်မယ်ဆိုလား ... “
“ဟဲဟဲ . . . သမီးသိပါတယ်... သမီးကို လိုက်ပို့တယ်ဆိုပြီး မာမီက ရှောပင်လုပ်မလို့ . . . ဟိုနေ့က သူငယ် ချင်းအမေနဲ့ ချိန်းနေကြတာ မသိတာလိုက်လို့...”
“အေးပေါ့ဟယ် ဘုရားလဲဖူး ... လိပ်ဥလဲတူးရင်း မြဘုရားကို ဖူးချင်နေတာ ကြာပြီ... ဘုရားအရင် ဖူးမှာပါ...ရုပ်ရှင် မင်းသမီးတွေမှ ဘန်ကောက်ကို ရှောပင်သွားနိုင်တာမဟုတ်ဘူးဟေ့...ငါတို့လဲ သမီးဆီသွားရင်း ရှောပင်ပေါ့...”
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ထဲမှာ မိုးမလင်းသေးဘူး လူတွေပြည့်ကျပ်နေပါတယ်။ အဲဒီအထဲမှာ MCC ကနေ ဘန်ကောက် Siam University ကို သွားကြမဲ့ BBA ကျောင်းသား/သူတွေက ယူနီဖောင်းတွေနဲ့ဆိုတော့ လှပပြီး ကြွရွနေပါတော့တယ်။ ကျောင်းသူ/ကျောင်းသားတွေတင်မဟုတ်ဘူး။ ဘန်ကောက်ထိ လိုက်ပို့ပေးကြမဲ့ မိဘတွေလဲ ပါတယ်ဆိုတော့ အုပ်စုတော်တော်များပါတယ်။ ဒီတခေါက် ရန်ကုန် Campus ရော မန္တလေး Campus နှစ်ခုပေါင်း ကျောင်းသား/သူ (၄၀) ကျော် လိုက်ပို့ပေးတဲ့ မိဘတွေက (၂၀) ကျော်ဆိုတော့ Thai Airway လေယာဉ်ပျံတခုလုံး MCC တွေ ဖြစ်နေမှာ...
လေဆိပ်ကို MCC ကဥက္ကဋ္ဌကြီး ဦးတင်ဝင်းအောင်ကိုယ်တိုင် ဆင်းပို့ပါတယ်။ ဘန်ကောက်အထိ လိုက်ပို့မယ့် ဆရာဦးမျိုးအောင်ကလည်း ကျောင်းသား/သူတွေ Check-in လုပ်ဖို့ လူစုခိုင်းနေတာ တွေ့ရပါတယ်။
“ကလေးတွေ တော်တော်စုံပြီလား ... “
“ဟုတ်ကဲ့ . . . ရန်ကုန် Campus ကတော့ စုံပါပြီ... မန္တလေး Campus က လူတွေတော့ မတွေ့သေးဘူး ... “
“ဖုန်းဆက်ကြည့်ပါလား . . . .”
“ဟုတ်ကဲ့ . . . ဆက်ပြီးပါပြီ။ လမ်းမှာ လာနေပါပြီတဲ့။”
“ဟိုမှာ လာနေကြပြီ... ဒေါက်တာ ကျောဇောနဲ့ တစ်ဖွဲ့ကြီးပါ...”
“ဆရာ ဒေါက်တာ ကျောက်ဇောကို ကျွန်တော်က ကျောင်းသားနဲ့ လူမှားနေလို့”
“ဟုတ်လား . . .ဆရာရေ သမီးကို အဖေရော၊ အမေရော လိုက်ပို့မှာ... ဘန်ကောက်မှာ သမီးနေဖို့ရော၊
ကျွန်တော်သွားတဲ့အခါ နေဖို့ရော၊ ကွန်ဒိုနှစ်ခန်း ငှားထားပြီးပြီ... သမီးအမေက သမီးနဲ့ တစ်ခါထဲ နေကျန်ခဲ့မှာ . . .”
“ကောင်းတာပေါ့ဆရာရယ် ။ အမေပါ တစ်ခါတည်း ကျောင်းတက်လိုက်ရင် မကောင်းဘူးလား .. . ဟား . . .. ဟား . . .။”
“ဟုတ်ပါ့ဗျာ . .. ကျွန်တော်လည်း သွားလိုက် လာလိုက် လုပ်မှာပါ... စနေ၊ တနင်္ဂနွေဆိုရင် မန္တလေးကနေ ဘန်ကောက်ကို တိုက်ရိုက်စီးလို့ရနေတော့ Week End သမီးနဲ့ တွေ့ရတာပေါ့”
Thai Airway လေယာဉ်ပျံထဲကို Boarding လုပ်ဖို့ ကျောင်းသူ/သားတွေ အထဲရောက်နေပါပြီ။ ဓာတ်ပုံရိုက်ကြ စကြ နောက်ကြ တချို့ကလည်း ဘုရားစာရွတ်ဖို့ စာအုပ်ကလေးတွေ ထုတ်နေတာ တွေ့ရပါတယ်။ ထိုင်းလေယာဉ် မယ်လေးတွေကလည်း ထမီစကပ်နဲ့ ပုဝါနဲ့ ဆံပင်ပုံစံကလည်း မြန်မာဆန်ဆန်နဲ့ ဆိုတော့ ကြည့်လို့ အတော်ကောင်းပါတယ်။
“ဟဲ့ မဆု နင်ဘယ်လိုနေလဲ ...လေယာဉ်ပျံစီးရမှာ ကြောက်လားဟင်”
“နင့်အဘ ကြောက်တော့ကြောက်တာပေါ့... ဒါပေမယ့် (၁) နာရီလောက်ပဲဆိုတော့ ခနနေ ရောက်သွားမှာပါ “
“နောက်က အကောင်တွေတော့ ဘယ်လိုနေမယ်မသိဘူး ...”
“အဲဒီအကောင်တွေက ကြောက်ရမဲ့အစား ဟိုက ယိုးဒယားမတွေနဲ့ တွေ့ရတော့မယ်ဆိုပြီး မသိရင်ခက်မယ်...”
လေယာဉ်ပျံက ဘန်ကောက်၊ သုဝဏ္ဏဘုမ္မိလေဆိပ်ကို စတင် ဆင်းတော့မယ်လို့ ကြေငြာနေပါပြီ။ ဆင်းနေပြီဆိုတော့ လေယာဉ်ပျံက တုန်ခါလို့ နေပါတယ်။ အားလုံး ငြိမ်သက်နေကြပြီး စိတ်လှုပ်ရှားနေကြပါတယ်။
“ဟိတ်ကောင် ကိုတိုး ရောက်တော့မယ် ထတော့”
“အေးပါကွာ ငါသိပါတယ်။ ဇိမ်ယူနေတာ...”
“နင် ပိုက်ဆံ ဘယ်လောက်ပါလဲ... ဟိုကျ ကျောင်းလခ သွင်းတာတို့ ဘာတို့ ညာတို့ ပြီးတော့ ငါတို့ ကဲဖို့ ...”
“ငါ... US နှစ်ထောင်ကျော်လောက်ပဲ ယူလာတယ် ...မန္တလေးက KBZ တို့ CB ဘဏ်တို့ကနေ အိမ်က ငွေလွှဲပေးမယ် ပြောတယ် ...ပြီးတော့ CB ဘဏ်ကထုတ်တဲ့ Master Card ပါတယ်... အဲဒါက ဘန်ကောက်မှာ သုံးလို့ရတယ် “
“ဟာ လယ်ကွင်းတွေ တွေ့နေရပြီ ... ဘန်ကောက်လေဆိပ် ရောက်တော့မယ်”
လေယာဉ်မယ်က လေယာဉ် ဆင်းတော့မယ်လို့ ကြေငြာနေပြီ။ ထိုင်ခုံခါးပတ်တွေ ပတ်ထားဖို့၊ ပြတင်းပေါက် မှန်အကာတွေ ဖွင့်ထားဖို့၊ ထိုင်ခုံကို တည့်မတ်ဖို့ ညွှန်ကြားနေပါတယ်။ မကြာခင် လေယာဉ်က ပြေးလမ်းပေါ် ဆင်းလိုက်ပါပြီ။ ကျောင်းသူ/သားတွေ ဘန်ကောက်ရောက်ပြီဆိုတဲ့ အသိနဲ့ စိတ်လှုပ်ရှားလျက် . . . . . .။





ဒီတစ္ပတ္ အမ္စီစီ




ဇူလိုင္လ ၁၇ ရက္ေန႔က MCC Institute Yangon Campus တြင္ျပဳလုပ္ေသာ Theingyi Zay App Development Workshop ၌ MCC ၏ Chairman ဆရာဦးတင္၀င္းေအာင္က MCC Institue တြင္ တက္ေရာက္ေနေသာ BIT ေက်ာင္းသား/သူမ်ားအား Mobile App Development Opportunities မ်ားႏွင့္ Venture Capital အခြင့္အလမ္းမ်ားအေၾကာင္း ေဆြးေႏြးစဥ္။


ဇူလိုင္လ ၁၅ ရက္ေန႔က မႏၱေလးၿမိဳ႕ Oriental House ခန္းမေဆာင္တြင္ က်င္းပျပဳလုပ္ေသာ Campus 2015 June Intake Fresher Welcome အခမ္းအနားတြင္ ေက်ာင္းအုပ္ခ်ဳပ္ေရးအဖြဲ႕၀င္မ်ား၊ ဆရာဆရာမမ်ား၊ တာ၀န္ရွိသူမ်ားႏွင့္ BIT Program, BBA Program တို႔မွ ေမာင္မယ္သစ္လြင္မ်ား တက္ေရာက္ကာ ေပ်ာ္ပြဲရႊင္ပြဲမ်ားျဖင့္ စည္ကားသိုက္ၿမိဳက္စြာ က်င္းပေပးခဲ့ၾကပါသည္။


ဇူလိုင္လ ၁၇ ရက္ေန႔က မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕တြင္ က်င္းပျပဳလုပ္ေသာ ႏိုင္ငံတကာပညာေရးႏွင့္ လူငယ္မ်ားအတြက္ အခြင့္အလမ္းေခါင္းစဥ္ျဖင့္ ျပဳလုပ္ေသာ MCC Institute ပညာေရးေဆြးေႏြးပြဲ၌ MCC Education Services CEO ဦးၿငိမ္းဦးက ရွင္းလင္းေဆြးေႏြးစဥ္။


သာသနာေရး၀န္ႀကီးဌာန၊ သာသနာေတာ္ ထြန္းကားျပန္႔ပြားေရးဦးစီးဌာနႏွင့္ မဟာဓမၼပါလအသင္းတို႔ ဦးစီးျပဳလုပ္ေသာ ကမၻာေအး ဗုဒၶသုေတသန စာၾကည့္တိုက္၏ Online e-Library Public Access Catalog Website (www.kbrl.gov.mm) ကို MCC က တည္ေဆာက္အေကာင္အထည္ေဖာ္ လွဴဒါန္းခ့ဲပါသည္။