Friday, July 17, 2015

ဒီတစ်ပတ် အမ်စီစီ




ဇူလိုင်လ ၁၇ ရက်နေ့က MCC Institute Yangon Campus တွင်ပြုလုပ်သော Theingyi Zay App Development Workshop ၌ MCC ၏ Chairman ဆရာဦးတင်ဝင်းအောင်က MCC Institue တွင် တက်ရောက်နေသော BIT ကျောင်းသား/သူများအား Mobile App Development Opportunities များနှင့် Venture Capital အခွင့်အလမ်းများအကြောင်း ဆွေးနွေးစဉ်။


ဇူလိုင်လ ၁၅ ရက်နေ့က မန္တလေးမြို့ Oriental House ခန်းမဆောင်တွင် ကျင်းပပြုလုပ်သော Campus 2015 June Intake Fresher Welcome အခမ်းအနားတွင် ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဆရာဆရာမများ၊ တာဝန်ရှိသူများနှင့် BIT Program, BBA Program တို့မှ မောင်မယ်သစ်လွင်များ တက်ရောက်ကာ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပေးခဲ့ကြပါသည်။


ဇူလိုင်လ ၁၇ ရက်နေ့က မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကျင်းပပြုလုပ်သော နိုင်ငံတကာပညာရေးနှင့် လူငယ်များအတွက် အခွင့်အလမ်းခေါင်းစဉ်ဖြင့် ပြုလုပ်သော MCC Institute ပညာရေးဆွေးနွေးပွဲ၌ MCC Education Services CEO ဦးငြိမ်းဦးက ရှင်းလင်းဆွေးနွေးစဉ်။


သာသနာရေးဝန်ကြီးဌာန၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနနှင့် မဟာဓမ္မပါလအသင်းတို့ ဦးစီးပြုလုပ်သော ကမ္ဘာအေး ဗုဒ္ဓသုတေသန စာကြည့်တိုက်၏ Online e-Library Public Access Catalog Website (www.kbrl.gov.mm) ကို MCC က တည်ဆောက်အကောင်အထည်ဖော် လှူဒါန်းခဲ့ပါသည်။