Saturday, April 8, 2017




  • Bookkeeping & Accounts
  • Employability Skills
  • Prectical ICT Skills
  • Personal Grooming


ဦးသက်လွင်တိုး


ဒေါ်မေမြတ်မွန်ဝင်း


ဒေါ်ခင်သက်မော်
Joint Secretary (1)


Secretary Training တက်ရောက်ပြီး အောင်မြင်ကျော်ကြားသူများ

လုပ်ငန်းတိုင်း၏ ရုံးအဖွဲ့၊ ဥက္ကဌရုံး၊ မန်နေဂျာ၊ ဒါရိုက်တာရုံးတို့တွင် မရှိမဖြစ်ရှိရမည့် ဝန်းထမ်းတစ်ဦးမှာ Secretary (သို့) အတွင်းရေးမှူးပင်ဖြစ်ပါသည်။ သာမာန်အားဖြင့် အများနားလည်လေ့ရှိသည်မှာ လူကြီးတစ်ယောက်၏ Secretary၊ တစ်နည်းအားဖြင့် ကိုယ်ရေးလက်ထောက် (Personal Assistant) ဟူ၍ ဖြစ်ပါသည်။ ယင်းကို ကိုယ်ရေးအတွင်းရေးမှူး (Personal Secretary) ဟူ၍လည်းခေါ်လေ့ရှိပါသည်။ ဘာမျှထူးထူးထွေထွေ တာဝန်မရှိ၊ ကိုယ်ရေးကိုယ်တာ၊ အတိုအထွာများကိုလုပ်ရသည့် အလုပ်ဟုလည်း အယူအဆမှားယွင်းခြင်းမျိုးလည်း ရှိပါသည်။ အမှန်တကယ်တွင် ထိုကဲ့သို့မဟုတ်ပါ။ Secretary (အတွင်းရေးမှူး) ဟူသည်မှာ ထူးခြားသောအရည် အချင်းများရှိသည့် (Profession) တစ်ခုပင် ဖြစ်ပါသည်။ စာရင်းကိုင်၊ မန်နေဂျာ၊ အင်ဂျင်နီယာစသည့် မိမိတို့ ကျွမ်းကျင်ရာအလိုက် စူးစမ်းလုပ်ရသော အလုပ်မျိုးမဟုတ်ဘဲ အရည်အချင်းပေါင်းစုံရှိပြီး အလုပ်မျိုးစုံလုပ်တတ်ရသော၊ လေ့ကျင့်သင်ကြားမှသာ လုပ်နိုင်မည်ဖြစ်သော အလုပ်သဘာဝပင်ဖြစ်ပါသည်။ လုပ်ငန်းတွင်း၊ လုပ်ငန်းပြင်ပ ဆက်သွယ် ဆောင်ရွက်နိုင်သော (Communication Skill)၊ နိုင်ငံတကာသုံးဘာသာစကား (အထူးသဖြင့် အင်္ဂလိပ်ဘာသာစကား) ကျွမ်းကျင်မှု (Language Skill) ၊ စာရင်းကိုင်ခြင်းအပါအဝင် ရုံးလုပ်ငန်းများကို ကျွမ်းကျင်သော (Office Skill) ၊ ကွန်ပျူတာကို ကောင်းစွာ အသုံးပြုတတ်သော (Computing Skill) ၊ အစည်းအဝေးများတွင် တက်ရောက်ပြီး အစည်းအဝေးမှတ်တမ်း (Meeting Minute) များ ပြုစုထုတ်ပြန်နိုင်မှု၊ အခမ်းအနားများတွင် ပြုလုပ်ရန်လိုအပ်သည်များကို စီမံတတ်ခြင်း၊ (Event Management) ၊ တစ်နည်းအားဖြင့် အကြီးအကဲ၏ လုပ်ငန်းများပြီးမြောက်အောင်မြင်ရန် အစစအရာရာ စီစဉ် ဆောင်ရွက်ပေးရသည်ဖြစ်ရာ အကြီးအကဲ၏ ကိုယ်ပွားသဖွယ်ဖြစ်သောကြောင့် ရာထူးငယ်သော်လည်း အရေးပါသည့်အလုပ်တာဝန် ဆောင်ရွက်ရသူဖြစ်ပါသည်။ ထို့ကြောင့် အကြီးအကဲ၏ ကိုယ်ရေးအတွင်းရေးမှူး (Personal Secretary) မှသည် မိမိ၏ကြိုးစားမှု၊ အရည်အချင်းနှင့် ကျွမ်းကျင်မှုတို့ကြောင့် အဆင့်မြင့်သော (Executive Secretary) အဆင့်အထိ တက်လှမ်းသွားနိုင်သည့်အပြင် အဆင့်မြင့်စီမံအုပ်ချုပ်သူ (Top Management) ရာထူးမျိုးအထိပါ အောင်မြင်တိုးတက်သွားနိုင်ပါသည်။ ထိုကဲ့သို့သော အရည်အချင်း ကျွမ်းကျင်မှုများရှိရုံ သာမက မိမိကိုယ်ကိုလည်း သပ်ရပ်သန့်ရှင်း ချောမောလှပ နေရန်အတွက်လည်း (Personal Grooming) ပြုလုပ်ရန်လည်း လိုအပ်ပါသေးသည်။ ထို့ကြောင့် Secretary ဟူသောအလုပ်ကို လွယ်လွယ်ပေါ့ပေါ့ ရုပ်ချောလျှင် Secretary ဖြစ်သည်ဟု ယူဆလျှင် မှားသွားတော့မည်ဖြစ်ပါသည်။ လိုအပ်သော အရည်အချင်းများနှင့် ပြည့်စုံရန် လေ့လာသင်ကြားရမည်ဖြစ်ပါသည်။ ထို့ကြောင့် နာမည်ကြီး MCC Secretary သင်တန်းတွင် အောက်ပါ ဘာသာရပ်များကို သငိကြားပေးမည်ဖြစ်ပါသည်။

  • Business Administration
  • Bookkeeping & Accounts
  • Business Communication English
  • Employability Skills
  • Prectical ICT Skills
  • Personal Grooming
ကုမ္ပဏီကြီးများ၊ ကော်ပိုရေးရှင်းကြီးများတွင် အရည်အချင်းပြည့်စုံပြီး သွယ်လက်ထက်မျက်သော Secretary ရာထူးနေရာများစွာ လိုအပ်လျက်ရှိနေပါသည်။ ထို့ကြောင့် Secretary Training သင်တန်းတက်ရောက်ပြီးလျှင် အလုပ်အကိုင်ရရှိရန် အခွင့်အလမ်းကောင်းများ ရရှိနိုင်မည် ဖြစ်ပါသည်။ MCC Secretary သင်တန်းတက်ရောက် ပြီးအဆင့်မြင့်ရာထူးများ၊ ကိုယ်ပိုင်လုပ်ငန်းများဖြင့် အောင်မြင်နေသူများအကြောင်းကို အကျဉ်းချုပ် ဖော်ပြပေးလိုက်ပါသည်။

ဦးသက်လွင်တိုး
Vice Chairman (Myanmar Tourism Federation)
Managing Director at Myanmar Voyages International Tourism Chairman at Union of Myanmar Travel Association
Vice Chairman/Co-Founder (Asia cruise Service Networks)
Co-Founder/Board Member (Green Economy & Green Growth - GEGG)


ဒေါ်မေမြတ်မွန်ဝင်း
CO-founder of PMA (Professional Marketers Association)
General Manager (Chatrium Hotel)


ဒေါ်ခင်သက်မော်
Managing Director (KAPS Engineering Co., Ltd.)
Owner – Nan Taw Win Printing House
Executive Director (SVS Microfinance Institution)
Executive Director (Social Vision Services Association)
( Implementing communities' Hygiene awareness, Livelihood Development and Social Protection especially for Women and Child ) ( from 2008 till now )
Joint Secretary (1)
(Myanmar Women Entrepreneurs' Association )( from 2001 till now )
Executive Committee Member (UMFCCI)