Showing posts with label အသက်မွေးဝမ်းကျောင်းအခွင့်အလမ်းများ. Show all posts
Showing posts with label အသက်မွေးဝမ်းကျောင်းအခွင့်အလမ်းများ. Show all posts

Tuesday, July 7, 2015

MCC Carrer Opportunies


မြန်မာနိုင်ငံ၏ အကြီးဆုံးနည်းပညာ ကုမ္ပဏီများအုပ်စုဖြစ်သော MCC Group သည် ပညာရေးဝန်ဆောင်မှု (Education Services) နှင့် ICT ၀န်ဆောင်မှုများ (ICT Services) ကို နိုင်ငံတနိုင်ငံလုံး ဖြန့်ကျက် လုပ်ဆောင် လျက်ရှိပါသည်။ အရှိန်အဟုန်ဖြင့် လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေသော မြန်မာနိုင်ငံ၏ အခြေအနေနှင့် လိုက်လျောညီထွေစွာ လုပ်ငန်းများတိုးချဲ့ ဆောင်ရွက်လျက်ရှိသည့်အတွက် မိမိ၏ဘ၀ အောင်မြင်တိုးတက်မှု ရရှိစေရန် MCC Group နှင့်လက်တွဲ ဆောင်ရွက်နိုင်ရေးအတွက် ဖိတ်ခေါ်ပါသည်။ စွမ်းရည်ပြည့်ဝပြီး လုပ်ရည်ကိုင်ရည်ရှိပြီး ဘ၀ရည်မှန်းချက်မြင့်မားသူများကို အောက်ပါလုပ်ငန်းများတွင် ခန့်အပ်ရန်အလိုရှိပါသည်။


MCC Corporate ICT Training Programme

မြန်မာကွန်ပျူတာလီမိတက် MCC အနေဖြင့် ရုံးဌာနလုပ်ငန်း အဖွဲ့အစည်းအသီးသီးရှိ အရာထမ်း၊ အမှုထမ်းများ အတွက် ICT စွမ်းရည်မြှင့်တင်မှုသင်တန်းများကို မိမိတို့ဌာနအသီးသီး၏ လိုအပ်ချက်များအလိုက် သီးသန့် သင်ရိုးညွှန်းတန်းများ (Customize Syllabus)များ ပြုစုပြီး အစဉ်အလာကြီးစွာဖြင့် စဉ်ဆက်မပျက် သင်ကြားပို့ချ ပေးလျှက်ရှိပြီး အဆိုပါ ICT စွမ်းရည်မြှင့်တင်မှု သင်တန်းများများတွင် ICT Skill Training Level - 1 (အခြေခံအဆင့်သင်တန်းများ)၊ ICT Skill Training Level - 2 (တစ်ဆင့်မြှင့် ကျွမ်းကျင်မှုသင်တန်း)၊ ICT Skill Training Level - 3 (အထူးပြု Level အလိုက် အဆင့်မြင့်ကျွမ်းကျင်မှုသင်တန်း) များ စသည်ဖြင့် အဆင့်လိုက် သင်ကြားပို့ချ ပေးလျှက်ရှိပါသည်။