Tuesday, June 7, 2016

MCC POLYTECHNIC COLLEGE

ျမန္မာနိုင္ငံတြင္ ေက်ာင္းသူ၊ေက်ာင္းသား အားလံုးနီးပါသည္ တကၠသိုလ္၀င္တန္း စာေမးပြဲ ေအာင္ျမင္သည့္အခါတြင္ တကၠသိုလ္တစ္ခုခုကုိ တက္ေရာက္ရန္သာ ဦးတည္လ်က္ ရွိႀကပါသည္။ ႏွစ္စဥ္ စာေမးပြဲေအာင္ျမင္သည့္ ဦးေရႏွင့္ တကၠသိုလ္အသီးသီးမွ လက္ခံသင္ႀကားေပးႏုိင္သည့္ ဦးေရမမွ်၍ စုစုေပါင္းေအာင္ျမင္သူမ်ား၏ (၂၅%-၃၀%)ခန္႕သာ တကၠသိုလ္မ်ားတြင္ ပညာသင္ႏုိင္ခြင့္ရရွိျပီး က်န္(၇၀%)ေက်ာ္မွာ အေ၀းသင္ တကၠသိုလ္မ်ားသို႕သာ တက္ေရာက္လ်က္ရွိပါသည္။ အႀကီးမားဆံုး ျပႆနာမွာ တကၠသိုလ္မ်ားမွ ဘြဲ႕ရၿပီး အလုပ္မရၾကျခင္း ျဖစ္ပါသည္။ အလုပ္လုပ္သည့္တုိင္ လုပ္ခလစာ ေကာင္းမြန္ေသာ ပညာအရည္အခ်င္းႏွင့္ ကြၽမ္းက်င္မႈအေျခခံသည့္ အလုပ္မ်ိဳးကုိ မရႏုိင္ျခင္း ျဖစ္ပါသည္။ ျမန္မာႏုိင္ငံ၏ စီးပြားေရး ဖြံ႕ၿဖိဳးတုိးတက္မႈ၊ မိသားတစ္စုခ်င္းႏွင့္ လူပုဂၢိဳလ္ တစ္ဦးခ်င္းတုိ႔၏ တုိးတက္မႈအတြက္ အသက္ေမြး၀မ္းေက်ာင္း ပညာမ်ား လုိအပ္ပါသည္။ အသက္ေမြး၀မ္းေက်ာင္းပညာ (Vocalional Qualification) ကြၽမ္းက်င္တတ္ေျမာက္သူ အေျမာက္အျမားကုိ စီးပြားေရး က႑အသီးသီးရွိ ျပည္တြင္းျပည္ပ ကုမၸဏီႀကီးငယ္မ်ားက ခန္႔ထားရန္ လုိအပ္လ်က္ရွိပါသည္။ သုိ႔ေသာ္ ယင္းကဲ့သုိ႔ေသာ အသက္ေမြး၀မ္းေက်ာင္းပညာ ကြၽမ္းက်င္တတ္ေျမာက္ေသာ လုပ္သားအင္အား ျမန္မာႏုိင္ငံတြင္ ရွားပါးလ်က္ရွိပါသည္။ ႏွစ္စဥ္ တကၠသုိလ္၀င္တန္းစာေမးပြဲကုိ ေက်ာင္းသူ၊ေက်ာင္းသား (၆၀၀၀၀၀) ေျဖဆုိရာ (၂၅%-၃၀%) ခန္႔က ေအာင္ျမင္ၿပီး မေအာင္ျမင္ေသာ ေက်ာင္းသား၊ ေက်ာင္းသူဦးေရ (၄၀၀၀၀၀) ေက်ာ္အတြက္ ဘ၀ ဆက္လက္ရွင္ သန္ႏုိင္ရန္ လမ္းေၾကာင္း တိတိက်က် မရွိပါ။ ေအာင္ျမင္သူမ်ား၏ (၇၀%) မွာလည္း အေ၀းသင္ တက္ေရာက္လ်က္ ရွိေနပါသည္။ ယင္းကဲ့သုိ႔ေသာ ေကာင္းသား/ေက်ာင္းသူမ်ားအတြက္ အသက္ေမြး၀မ္းေက်ာင္းပညာ သင္ၾကားႏုိင္ေသာ အခြင့္အလမ္းမ်ားရရွိရန္ MCCGroup အေနျဖင့္ MCC Polytechnic College မ်ားကုိ တုိင္းေဒသႀကီးမ်ားႏွင့္ ျပည္နယ္မ်ားတြင္ စတင္ဖြင့္လွစ္ ေပးလ်က္ရွိပါသည္။ ယခုအခါ ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္၊ ရတနာပံုဆုိင္ဘာစီးတီး၊ မံုရြာ၊ ပုသိမ္ၿမိဳ႕မ်ားတြင္ ဖြင့္လွစ္ၿပီး ျဖစ္ပါသည္။ MCC Polytechnic College မ်ားတြင္ အဂၤလန္ႏုိင္ငံ၏ အႀကီးဆံုး Vocational Education Provider ျဖစ္ေသာ PEARSON Group ၏ BTEC Program မွ ခ်ီးျမႇင့္မည့္ HND (Higher National Diploma) မ်ားကုိ သင္တန္းကာလ (၂)ႏွစ္ တက္ေရာက္ သင္ယူႏုိင္ပါသည္။ အင္ဂ်င္နီယာ၊ IT ၊ စီးပြားေရး၊ ဟုိတယ္ႏွင့္ ခရီးသြားလုပ္ငန္းမ်ားဆုိင္ရာ HND ဒီပလုိမာမ်ားကုိ ေရြးခ်ယ္ သင္ယူႏုိင္ပါမည္ ျဖစ္ပါသည္။ MCC Polytechnic College မ်ားမွ HND ဒီပလုိမာမ်ား ရရွိၿပီးလွ်င္ အလုပ္ခြင္သုိ႔ တုိက္႐ိုက္ ၀င္ေရာက္ လုပ္ကုိင္ႏုိင္ၾကမည္ ျဖစ္ပါသည္။ အကယ္၍ ဘြဲ႕ဒီဂရီကုိ ဆက္လက္ရယူလုိလွ်င္ MCC Institute မ်ားသုိ႔ တတိယႏွစ္ ဆက္လက္ တက္ေရာက္ ၿပီး Top-Up ဒီဂရီမ်ား ရယူႏုိင္ပါမည္။ အဂၤလန္ႏုိင္ငံ Barminghan City University တုိ႔၏ Top-Up ဒီဂရီမ်ားကုိေပးမည္ ျဖစ္ပါသည္။ သတင္းေကာင္းတစ္ခုမွာ တကၠသုိလ္၀င္စာေမးပြဲ မေအာင္ေသးေသာ ေက်ာင္းသား၊ ေက်ာင္းသူမ်ား အေနျဖင့္ Level-3 ဒီပလုိမာကုိ တုိက္႐ိုက္တက္ေရာက္ႏုိင္ၿပီး Level-4 ႏွင့္ Level-5 သုိ႔ ဆက္လက္တက္ေရာက္ကာ HND ဒီပလုိမာ ရရွိႏုိင္မည့္ အခြင့္အေရး သာမက Top-Up ဒီဂရီရရွိသည္အထိ ဆက္လက္ တက္ေရာက္သြားႏုိင္သည့္ အခြင့္အလမ္းပင္ ျဖစ္ပါသည္။ အေျခခံ ပညာအလယ္တန္း Grade-9 မေအာင္ျမင္သည့္ ေက်ာင္းသား၊ ေက်ာင္းသူ လူငယ္မ်ားအတြက္လည္း အသက္ေမြး၀မ္းေက်ာင္းပညာ သင္ၾကားသည့္ နည္းလမ္းျဖင့္ Level – 2 ကုိ တက္ေရာက္ႏုိင္ပါသည္။ ထုိမွတစ္ဆင့္ Level -3, Level -4, Level-5 မ်ား ဆက္လက္တက္ေရာက္ကာ HND Diploma မ်ား ရရွိႏုိင္ပါသည္။ ထုိ႔ေၾကာင့္ အေျခခံပညာ အလယ္တန္း၊ အေျခခံပညာ အထက္တန္း စာေမးပြဲမေအာင္ျမင္သည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ မိဘမ်ား စိတ္ဓာတ္က်ရန္မလုိဘဲ အသက္ေမြး၀မ္းေက်ာင္း ပညာရပ္မ်ား သင္ၾကားရင္းျဖင့္ ဒီပလိုမာႏွင့္ ဘြဲ႕ဒီဂရီမ်ားအထိပါ ရရွိႏုိင္မည္ ျဖစ္ေသာေၾကာင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ ဘ၀အာမခံခ်က္ ဆံုး႐ႈံးမႈ ျဖစ္ျခင္းမွ လြတ္ေျမာက္ႏုိင္ပါသည္။

What is BTEC

BTEC ဆုိသည္မွာ လက္ေတြ႕အလုပ္အေပၚ အေျခခံသည့္ ပညာသင္ၾကားေရးအစီအစဥ္ျဖစ္ၿပီး ကမၻာေပၚတြင္ အေအာင္ျမင္ဆံုး အသက္ေမြး၀မ္းေက်ာင္းပညာ သင္တန္းျဖစ္ပါသည္။ လက္ေတြ႕အလုပ္ခြင္ နယ္ပယ္၏ လုိအပ္ခ်က္မ်ားကုိ အေျခခံထားေသာ လက္ေတြ႕ ကြၽမ္းက်င္မႈရရွိေအာင္ သင္ၾကားသည့္စနစ္ျဖစ္ေသာေၾကာင့္ အလုပ္ရွင္မ်ားက BTEC စာေမးပြဲမ်ား ေအာင္ျမင္ၿပီး အရည္အခ်င္းရွိသူမ်ားကုိ အလုပ္ခန္႔ထားရန္ စိတ္အား ထက္သန္ၾကပါသည္။

 MCC POLYTECHNIC COLLEGE

မြန်မာနိုင်ငံတွင် ကျောင်းသူ၊ကျောင်းသား အားလုံးနီးပါသည် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သည့်အခါတွင် တက္ကသိုလ်တစ်ခုခုကို တက်ရောက်ရန်သာ ဦးတည်လျက် ရှိကြပါသည်။ နှစ်စဉ် စာမေးပွဲအောင်မြင်သည့် ဦးရေနှင့် တက္ကသိုလ်အသီးသီးမှ လက်ခံသင်ကြားပေးနိုင်သည့် ဦးရေမမျှ၍ စုစုပေါင်းအောင်မြင်သူများ၏ (၂၅%-၃၀%)ခန့်သာ တက္ကသိုလ်များတွင် ပညာသင်နိုင်ခွင့်ရရှိပြီး ကျန်(၇၀%)ကျော်မှာ အဝေးသင် တက္ကသိုလ်များသို့သာ တက်ရောက်လျက်ရှိပါသည်။ အကြီးမားဆုံး ပြဿနာမှာ တက္ကသိုလ်များမှ ဘွဲ့ရပြီး အလုပ်မရကြခြင်း ဖြစ်ပါသည်။ အလုပ်လုပ်သည့်တိုင် လုပ်ခလစာ ကောင်းမွန်သော ပညာအရည်အချင်းနှင့် ကျွမ်းကျင်မှုအခြေခံသည့် အလုပ်မျိုးကို မရနိုင်ခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ မိသားတစ်စုချင်းနှင့် လူပုဂ္ဂိုလ် တစ်ဦးချင်းတို့၏ တိုးတက်မှုအတွက် အသက်မွေးဝမ်းကျောင်း ပညာများ လိုအပ်ပါသည်။ အသက်မွေးဝမ်းကျောင်းပညာ (Vocalional Qualification) ကျွမ်းကျင်တတ်မြောက်သူ အမြောက်အမြားကို စီးပွားရေး ကဏ္ဍအသီးသီးရှိ ပြည်တွင်းပြည်ပ ကုမ္ပဏီကြီးငယ်များက ခန့်ထားရန် လိုအပ်လျက်ရှိပါသည်။ သို့သော် ယင်းကဲ့သို့သော အသက်မွေးဝမ်းကျောင်းပညာ ကျွမ်းကျင်တတ်မြောက်သော လုပ်သားအင်အား မြန်မာနိုင်ငံတွင် ရှားပါးလျက်ရှိပါသည်။ နှစ်စဉ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသူ၊ကျောင်းသား (၆၀၀၀၀၀) ဖြေဆိုရာ (၂၅%-၃၀%) ခန့်က အောင်မြင်ပြီး မအောင်မြင်သော ကျောင်းသား၊ ကျောင်းသူဦးရေ (၄၀၀၀၀၀) ကျော်အတွက် ဘဝ ဆက်လက်ရှင် သန်နိုင်ရန် လမ်းကြောင်း တိတိကျကျ မရှိပါ။ အောင်မြင်သူများ၏ (၇၀%) မှာလည်း အဝေးသင် တက်ရောက်လျက် ရှိနေပါသည်။ ယင်းကဲ့သို့သော ကောင်းသား/ကျောင်းသူများအတွက် အသက်မွေးဝမ်းကျောင်းပညာ သင်ကြားနိုင်သော အခွင့်အလမ်းများရရှိရန် MCCGroup အနေဖြင့် MCC Polytechnic College များကို တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် စတင်ဖွင့်လှစ် ပေးလျက်ရှိပါသည်။ ယခုအခါ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ရတနာပုံဆိုင်ဘာစီးတီး၊ မုံရွာ၊ ပုသိမ်မြို့များတွင် ဖွင့်လှစ်ပြီး ဖြစ်ပါသည်။ MCC Polytechnic College များတွင် အင်္ဂလန်နိုင်ငံ၏ အကြီးဆုံး Vocational Education Provider ဖြစ်သော PEARSON Group ၏ BTEC Program မှ ချီးမြှင့်မည့် HND (Higher National Diploma) များကို သင်တန်းကာလ (၂)နှစ် တက်ရောက် သင်ယူနိုင်ပါသည်။ အင်ဂျင်နီယာ၊ IT ၊ စီးပွားရေး၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများဆိုင်ရာ HND ဒီပလိုမာများကို ရွေးချယ် သင်ယူနိုင်ပါမည် ဖြစ်ပါသည်။ MCC Polytechnic College များမှ HND ဒီပလိုမာများ ရရှိပြီးလျှင် အလုပ်ခွင်သို့ တိုက်ရိုက် ၀င်ရောက် လုပ်ကိုင်နိုင်ကြမည် ဖြစ်ပါသည်။ အကယ်၍ ဘွဲ့ဒီဂရီကို ဆက်လက်ရယူလိုလျှင် MCC Institute များသို့ တတိယနှစ် ဆက်လက် တက်ရောက် ပြီး Top-Up ဒီဂရီများ ရယူနိုင်ပါမည်။ အင်္ဂလန်နိုင်ငံ Barminghan City University တို့၏ Top-Up ဒီဂရီများကိုပေးမည် ဖြစ်ပါသည်။ သတင်းကောင်းတစ်ခုမှာ တက္ကသိုလ်ဝင်စာမေးပွဲ မအောင်သေးသော ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် Level-3 ဒီပလိုမာကို တိုက်ရိုက်တက်ရောက်နိုင်ပြီး Level-4 နှင့် Level-5 သို့ ဆက်လက်တက်ရောက်ကာ HND ဒီပလိုမာ ရရှိနိုင်မည့် အခွင့်အရေး သာမက Top-Up ဒီဂရီရရှိသည်အထိ ဆက်လက် တက်ရောက်သွားနိုင်သည့် အခွင့်အလမ်းပင် ဖြစ်ပါသည်။ အခြေခံ ပညာအလယ်တန်း Grade-9 မအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူ လူငယ်များအတွက်လည်း အသက်မွေးဝမ်းကျောင်းပညာ သင်ကြားသည့် နည်းလမ်းဖြင့် Level - 2 ကို တက်ရောက်နိုင်ပါသည်။ ထိုမှတစ်ဆင့် Level -3, Level -4, Level-5 များ ဆက်လက်တက်ရောက်ကာ HND Diploma များ ရရှိနိုင်ပါသည်။ ထို့ကြောင့် အခြေခံပညာ အလယ်တန်း၊ အခြေခံပညာ အထက်တန်း စာမေးပွဲမအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ စိတ်ဓာတ်ကျရန်မလိုဘဲ အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားရင်းဖြင့် ဒီပလိုမာနှင့် ဘွဲ့ဒီဂရီများအထိပါ ရရှိနိုင်မည် ဖြစ်သောကြောင့် ကျောင်းသား၊ ကျောင်းသူများ၏ ဘဝအာမခံချက် ဆုံးရှုံးမှု ဖြစ်ခြင်းမှ လွတ်မြောက်နိုင်ပါသည်။

What is BTEC

BTEC ဆိုသည်မှာ လက်တွေ့အလုပ်အပေါ် အခြေခံသည့် ပညာသင်ကြားရေးအစီအစဉ်ဖြစ်ပြီး ကမ္ဘာပေါ်တွင် အအောင်မြင်ဆုံး အသက်မွေးဝမ်းကျောင်းပညာ သင်တန်းဖြစ်ပါသည်။ လက်တွေ့အလုပ်ခွင် နယ်ပယ်၏ လိုအပ်ချက်များကို အခြေခံထားသော လက်တွေ့ ကျွမ်းကျင်မှုရရှိအောင် သင်ကြားသည့်စနစ်ဖြစ်သောကြောင့် အလုပ်ရှင်များက BTEC စာမေးပွဲများ အောင်မြင်ပြီး အရည်အချင်းရှိသူများကို အလုပ်ခန့်ထားရန် စိတ်အား ထက်သန်ကြပါသည်။







0 comments:

Post a Comment