Saturday, April 8, 2017

Certified Professional Manager ဘြဲ႕ရၿပီး အလုပ္ဝင္ႏိုင္ရန္ အေထာက္အကူျပဳမည့္ သင္တန္း

Certified Professional Manager ဘြဲ႕ရၿပီး အလုပ္ဝင္ႏိုင္ရန္ အေထာက္အကူျပဳမည့္ သင္တန္း

ႏွစ္စဥ္ တကၠသိုလ္ဝင္တန္းစာေမးပြဲကို ေက်ာင္းသူ၊ ေက်ာင္းသားေပါင္း (၆၀ဝ၀ဝ၀)ေက်ာ္ ေျဖဆိုၾကပါသည္။ ပ်မ္းမွ်ေအာင္ျမင္သူ (၃၀%) ခန္႔ရွိရာ တကၠသိုလ္တက္ရန္ ေက်ာင္းသားေက်ာင္းသူေပါင္း (၁၈၀ဝ၀ဝ) ခန္႔ ေပၚထြက္လာေလ့ရွိေသာ္လည္း ျမန္မာတစ္ႏိုင္ငံလံုးရွိ တကၠသိုလ္၊ ေကာလိပ္ေပါင္း (၁၈၀)ခန္႔မွ လက္ခံသင္ၾကားေပးႏိုင္ေသာ အေရအတြက္မွာ တကၠသိုလ္ဝင္တန္းစာေမးပြဲ ေအာင္ျမင္သူမ်ား၏ သံုးပံု တစ္ပံုခန္႔သာရွိၿပီး (၆၀ဝ၀ဝ)ခန္႔သာ တက္ေရာက္ႏိုင္ၿပီး က်န္ (၁၂၀ဝ၀ဝ) ခန္႔သည္ အေဝးသင္တကၠသိုလ္သို႔ တက္ေရာက္ၾကရပါသည္။ ဤနည္းအားျဖင့္ ႏွစ္စဥ္ ေက်ာင္းသူ၊ ေက်ာင္းသားေပါင္း (၁၀ဝ၀ဝ၀) ေက်ာ္သည္ အေဝးသင္ဘြဲ႕မ်ားျဖင့္ အလုပ္အကိုင္ရွာေဖြ၍ မရႏိုင္ဘဲ တစ္ဝဲလယ္လယ္ျဖစ္ၿပီး ႀကံဳရာက်ပမ္း အလုပ္မ်ားကို လုပ္ကိုင္ေနၾကေသာ အေျခအေနပင္ျဖစ္ပါသည္။ အမွန္တကယ္တြင္ အလုပ္အကိုင္မ်ားမရွိ၍ အလုပ္မရၾက ျခင္းမဟုတ္ပါ။ ယေန႔ေခတ္တြင္ အလုပ္အကိုင္မ်ား ေပါမ်ားလွပါသည္။ ေဈးကြက္စီးပြားေရး စနစ္ျဖစ္သည့္ အတြက္ ပုဂၢလလုပ္ငန္းမ်ားစြာ ေပၚေပါက္လာလ်က္ရွိရာ ေန႔စဥ္သတင္းစာမ်ားတြင္ အလုပ္အကိုင္ ရာထူးအမ်ိဳးမ်ိဳးအတြက္ေခၚယူသည့္ ေၾကာ္ျငာမ်ားကို ေတြ႕ႏိုင္မည္ျဖစ္ပါသည္။ ဘြဲ႕ရမ်ားရွိလ်က္ အလုပ္အကိုင္ မရၾက၊ ဝန္ထမ္းရွာမရျဖစ္ ၾကရသည္မွာ ဘြဲ႕ရမ်ားသည္ အလုပ္ခြင္သို႔ ဝင္ေရာက္ႏိုင္သည့္ အသိပညာႏွင့္ကြ်မ္းက်င္မႈမ်ား မရွိၾကေသာေၾကာင့္ျဖစ္ပါသည္။ ထို႔ေၾကာင့္ ဘြဲ႕ရမ်ားအေနျဖင့္ အသိပညာႏွင့္ကြ်မ္းက်င္မႈမ်ားကို ဆက္လက္ဆည္းပူးၾကရျပန္ပါသည္။ ဘြဲ႕ရသူမ်ား အလုပ္အကိုင္ ရရွိေရးအတြက္ အေထာက္အကူျပဳမည့္ သင္တန္းတစ္ခုမွာ MCC မွ သင္ၾကားေပး လ်က္ရွိေသာ Certified Professional Manager သင္တန္းပင္ ျဖစ္ပါသည္။ အခ်ိန္တိုအတြင္း လုပ္ငန္းစီမံခန္႔ခြဲမႈပညာကို တက္ေျမာက္ သြားေစႏိုင္မည္ျဖစ္ပါသည္။ အလုပ္အကိုင္ရွာေဖြေနသည့္ ဘြဲ႕ရမ်ားသာမက အေျခခံ ရာထူးမ်ားတြင္ ဝင္ေရာက္လုပ္ကိုင္လ်က္ရွိၿပီး လုပ္ငန္းတြင္ တစ္ဆင့္ျမင့္ ရာထူးမ်ားသို႔ တက္လွမ္းႏိုင္ရန္အတြက္လည္း အေထာက္အကူျပဳသည့္သင္တန္း ျဖစ္ပါသည္။ အဘယ္ေၾကာင့္ဆိုေသာ္ လုပ္ငန္းတိုင္းလိုလိုတြင္ စီမံခန္႔ခြဲမႈပညာ တတ္ေျမာက္သည့္ အငယ္တန္း မန္ေနဂ်ာမ်ားစြာ လိုအပ္လ်က္ ရွိေနပါသည္။ သို႔ေသာ္ အမ်ားစုမွာ စီမံခန္႔ခြဲမႈပညာကို မတတ္ေျမာက္ၾကသျဖင့္ အလုပ္ရရန္ ခဲယဥ္းၾကျခင္း ျဖစ္ပါသည္။ သာမန္အားျဖင့္ စီမံခန္႔ခြဲသည့္ပညာကို လူတိုင္း လုပ္တတ္သလိုလိုျဖစ္ေသာ္လည္း အမွန္တကယ္တြင္ စီမံခန္႔ခြဲမႈ ပညာဟူသည္မွာ အသက္ေမြးဝမ္းေက်ာင္းပညာရပ္ တစ္ခုျဖစ္ပါသည္။ သင္ယူမွ တတ္ေျမာက္ႏိုင္ပါမည္။

MCC ၏ Certified Professional Manager သင္တန္းတြင္ ေအာက္ပါဘာသာရပ္မ်ား သင္ၾကားေပးမည္ ျဖစ္ပါသည္။

Part One - Principals of Management
Part Two - Financial and Management Accounting
Part Three - Strategic Management & Planning
Part Four - Human Resource Management
Part Five - Marketing Management
Part Six - Organizational Management
Duration - (8) Weeks
Fees - Kyat 200,000
Only Weekend - (Sat -Sun)

Certified Professional Manager ဘွဲ့ရပြီး အလုပ်ဝင်နိုင်ရန် အထောက်အကူပြုမည့် သင်တန်း

နှစ်စဉ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသူ၊ ကျောင်းသားပေါင်း (၆၀ဝဝဝဝ)ကျော် ဖြေဆိုကြပါသည်။ ပျမ်းမျှအောင်မြင်သူ (၃၀%) ခန့်ရှိရာ တက္ကသိုလ်တက်ရန် ကျောင်းသားကျောင်းသူပေါင်း (၁၈၀ဝဝဝ) ခန့် ပေါ်ထွက်လာလေ့ရှိသော်လည်း မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ်၊ ကောလိပ်ပေါင်း (၁၈၀)ခန့်မှ လက်ခံသင်ကြားပေးနိုင်သော အရေအတွက်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများ၏ သုံးပုံ တစ်ပုံခန့်သာရှိပြီး (၆၀ဝဝဝ)ခန့်သာ တက်ရောက်နိုင်ပြီး ကျန် (၁၂၀ဝဝဝ) ခန့်သည် အဝေးသင်တက္ကသိုလ်သို့ တက်ရောက်ကြရပါသည်။ ဤနည်းအားဖြင့် နှစ်စဉ် ကျောင်းသူ၊ ကျောင်းသားပေါင်း (၁၀ဝဝဝဝ) ကျော်သည် အဝေးသင်ဘွဲ့များဖြင့် အလုပ်အကိုင်ရှာဖွေ၍ မရနိုင်ဘဲ တစ်ဝဲလယ်လယ်ဖြစ်ပြီး ကြုံရာကျပမ်း အလုပ်များကို လုပ်ကိုင်နေကြသော အခြေအနေပင်ဖြစ်ပါသည်။ အမှန်တကယ်တွင် အလုပ်အကိုင်များမရှိ၍ အလုပ်မရကြ ခြင်းမဟုတ်ပါ။ ယနေ့ခေတ်တွင် အလုပ်အကိုင်များ ပေါများလှပါသည်။ ဈေးကွက်စီးပွားရေး စနစ်ဖြစ်သည့် အတွက် ပုဂ္ဂလလုပ်ငန်းများစွာ ပေါ်ပေါက်လာလျက်ရှိရာ နေ့စဉ်သတင်းစာများတွင် အလုပ်အကိုင် ရာထူးအမျိုးမျိုးအတွက်ခေါ်ယူသည့် ကြော်ငြာများကို တွေ့နိုင်မည်ဖြစ်ပါသည်။ ဘွဲ့ရများရှိလျက် အလုပ်အကိုင် မရကြ၊ ဝန်ထမ်းရှာမရဖြစ် ကြရသည်မှာ ဘွဲ့ရများသည် အလုပ်ခွင်သို့ ဝင်ရောက်နိုင်သည့် အသိပညာနှင့်ကျွမ်းကျင်မှုများ မရှိကြသောကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် ဘွဲ့ရများအနေဖြင့် အသိပညာနှင့်ကျွမ်းကျင်မှုများကို ဆက်လက်ဆည်းပူးကြရပြန်ပါသည်။ ဘွဲ့ရသူများ အလုပ်အကိုင် ရရှိရေးအတွက် အထောက်အကူပြုမည့် သင်တန်းတစ်ခုမှာ MCC မှ သင်ကြားပေး လျက်ရှိသော Certified Professional Manager သင်တန်းပင် ဖြစ်ပါသည်။ အချိန်တိုအတွင်း လုပ်ငန်းစီမံခန့်ခွဲမှုပညာကို တက်မြောက် သွားစေနိုင်မည်ဖြစ်ပါသည်။ အလုပ်အကိုင်ရှာဖွေနေသည့် ဘွဲ့ရများသာမက အခြေခံ ရာထူးများတွင် ဝင်ရောက်လုပ်ကိုင်လျက်ရှိပြီး လုပ်ငန်းတွင် တစ်ဆင့်မြင့် ရာထူးများသို့ တက်လှမ်းနိုင်ရန်အတွက်လည်း အထောက်အကူပြုသည့်သင်တန်း ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် လုပ်ငန်းတိုင်းလိုလိုတွင် စီမံခန့်ခွဲမှုပညာ တတ်မြောက်သည့် အငယ်တန်း မန်နေဂျာများစွာ လိုအပ်လျက် ရှိနေပါသည်။ သို့သော် အများစုမှာ စီမံခန့်ခွဲမှုပညာကို မတတ်မြောက်ကြသဖြင့် အလုပ်ရရန် ခဲယဉ်းကြခြင်း ဖြစ်ပါသည်။ သာမန်အားဖြင့် စီမံခန့်ခွဲသည့်ပညာကို လူတိုင်း လုပ်တတ်သလိုလိုဖြစ်သော်လည်း အမှန်တကယ်တွင် စီမံခန့်ခွဲမှု ပညာဟူသည်မှာ အသက်မွေးဝမ်းကျောင်းပညာရပ် တစ်ခုဖြစ်ပါသည်။ သင်ယူမှ တတ်မြောက်နိုင်ပါမည်။

MCC ၏ Certified Professional Manager သင်တန်းတွင် အောက်ပါဘာသာရပ်များ သင်ကြားပေးမည် ဖြစ်ပါသည်။

Part One - Principals of Management
Part Two - Financial and Management Accounting
Part Three - Strategic Management & Planning
Part Four - Human Resource Management
Part Five - Marketing Management
Part Six - Organizational Management
Duration - (8) Weeks
Fees - Kyat 200,000