Monday, October 10, 2016

အစိုးရလုပ်ငန်းသဘာဝနှင့် e-Government

အစိုးရလုပ်ငန်းများတွင် e-Government လုပ်ငန်း အကောင်အထည်ဖော်သည့်အခါ အစိုးရလုပ်ငန်း သဘာဝအရ လုပ်ငန်းကိစ္စများမြောင်လှသည်ဖြစ်ရာ မည်သည့်ကိစ္စအတွက် e-Government လုပ်ရသည်ကို သေချာစွာမသိဘဲ မိမိလိုအပ်ချက်အရ ဦးစားပေးလုပ်ရမည့် လုပ်ငန်းကိုမသိဘဲ အခြေအနေပေးသည့်လုပ်ငန်းအထက်မှ ဆောင်ရွက်ရမည်ဟု သတ်မှတ်သည့်လုပ်ငန်း၊ အဖွဲ့အစည်း တစ်ခုခုမှ လာရောက်ပြသသည့်လုပ်ငန်းတို့ကို လုပ်ဖြစ်ကြပါသည်။ အမှန်တကယ်တွင် အစိုးရ လုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နေသော လုပ်ငန်းများကို အမျိုးအစားခွဲခြားပြီး ယင်းလုပ်ငန်းများအလိုက် (IT) နည်းပညာများကိုအသုံးပြုကာ စနစ်များ အကောင် အထည်ဖော်သွားခြင်းဖြင့် e-Government လုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်သကဲ့သို့ မိမိတို့အဖွဲ့အစည်းအတွက်လည်း (IT) နည်းပညာ အသုံးပြုရသည့်အတွက် အကျိုးကျေးဇူးရှိနိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် အစိုးရလုပ်ငန်းများ သဘာဝနှင့် (ICT) နည်းပညာကို အသုံးချနိုင်သည့် လုပ်ငန်းများကို ဦးစွာ နားလည်သဘောပေါက်ရန် လိုအပ်ပါသည်။

g.ERP (Government Enterprise Resources Planning)

အစိုးရ ပင်မလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဦးစွာ အစိုးရဌာနများကို ဖွဲ့စည်းတည်ထောင် ကြရပါသည်။ ထို့ကြောင့် အစိုးရအဖွဲ့ အစည်းများတွင် ၀န်ထမ်းများ၊ အဆောက်အဦးများ၊ ပရိဘောဂများနှင့် ယဉ်ကျေးမှုစာတိုက်များ စသည်တို့ရှိနေပြီး လုပ်ငန်းဆောင်ရွက်ရန် ခွဲဝေ သတ်မှတ်ပေးသော ဘတ်ဂျက်အရ ငွေကြေးသုံးစွဲကြရပါသည်။ ငွေကြေးကို စနစ်တကျ ထိန်းသိမ်းကြရပြီး သတ်မှတ်ထားသော စာရင်းခေါင်းစဉ်များအလိုက် အစိုးရစာရင်းများ ပြုစုကြရပါသည်။ ထို့ကြောင့် အစိုးရလုပ်ငန်းများ နေ့တဒူဝ အလုပ်များပြီး အလုပ်ရှုပ်နေသော ကိစ္စများမှာ Back Office Management ဟူသော လူကိစ္စ၊ ငွေကိစ္စ၊ ပစ္စည်းကိစ္စများပင် ဖြစ်ပါသည်။

ယင်းကဲ့သို့ အစိုးရလုပ်ငန်းများ၏ Back Office ကို စီမံခန့်ခွဲရန် MCC GROUP မ g.ERP (Government Enterprise Resources Planning) ဟူသော လုပ်ငန်းကြီး သုံး အသုံးချစနစ်ကို တီထွင်ထားပါသည်။ g.ERP တွင် အသုံးချစနစ် (၅) ခုပါဝင်ပါသည်။ ယင်းတို့မှာ ၀န်ထမ်းစီမံခန့်ခွဲခြင်းစနစ် (Staff Management Information System) ၊ ၀န်ထမ်း လစာစနစ် (Payroll System) ၊ အစိုးရဘတ်ဂျက်နှင့် ငွေစာရင်းစနစ် (Budget and Account System) နှင့် မြေ၊ အဆောက်အဦး၊ ယာဉ်၊ ပရိဘောဂ စသည့် ပုံသေပိုင်ဆိုင်ပစ္စည်းများ စီမံခန့်ခွဲနိုင်မည့် (Asset Management System) ၊ အစိုးရလုပ်ငန်းများတွင် အသုံးပြုရန် ၀ယ်ယူသိမ်းဆည်းထားပြီး ထုတ်ယူသုံးစွဲရသော စက်ဆီ၊ ဓာတ်ဆီ၊ ရုံးလုပ်ငန်းသုံးပစ္စည်းများ၊ စာရေးကရိယာ စသည်တို့ကို စနစ်တကျလက်ခံ သိမ်းဆည်းထုတ်ယူမှုများအတွက် (Store Control System) တို့ဖြစ်ပါသည်။

g.DMS (Government Document Management System)

အစိုးရလုပ်ငန်းများသည် ပင်မလုပ်ငန်းများ (Core Operation) အထောက်အကူပြု Back Office လုပ်ငန်းများဆောင်ရွက်ရာတွင် စာရွက်စာတမ်းများ အသုံးပြုဆောင်ရွက်ရသည့် အတွက် အစိုးရ လုပ်ငန်းများ၏ ကြန်အင်လက္ခဏာတစ်ခုမှာ စာရွက်စာတမ်းများ၊ ဖိုင်များ၊ စုပုံနေခြင်းဖြစ်ပါသည်။ အကြောင်းကိစ္စအားလုံးအတွက် စာရွက်စာတမ်းများ ပြုစုရခြင်း၊ ပေးပို့ရခြင်း၊ လက်ခံရခြင်း၊ သိမ်းဆည်းရခြင်း တို့အတွက် အလုပ်ရှုပ်ကြရသည့်အပြင် အကြောင်းကိစ္စ တစ်ခုခုအတွက် စာရွက်စာတမ်းများ ရှာဖွေရခြင်း အလုပ်ကိုလည်း ခက်ခဲစွာ လုပ်ဆောင်နေကြရပါသည်။ ယင်းအလုပ်များကို လွယ်ကူလျင်မြန်စွာ ပြုစု၊ ပေးပို့၊ လက်ခံ၊ သိမ်းဆည်း၊ ရှာဖွေရနိုင်ရန် အစိုးရစာရွက်စာတမ်း စီမံခန့်ခွဲသည့်စနစ် g.DMS (Government Document Management System) ကိုလည်း တီထွင်ထားရှိပြီးဖြစ်ပါသည်။

g.MIS (e-Government Portal)

အစိုးရအဖွဲ့အစည်းများ၏ Front Office တွင် ယေဘုယျအားဖြင့် လုပ်ငန်းကြီး နှစ်မျိုးရှိရာ အစိုးရဌာနအခြင်းခြင်း၊ အစိုးရနှင့် စီးပွားရေးလုပ်ငန်းများ၊ အစိုးရနှင့် ပြည်သူလူထုအကြား အပြန်အလှန် ဆက်သွယ်ဆောင်ရွက်နေရသော (Information Sharing and Coordination) လုပ်ရသည့်အလုပ်သည်လည်း တစ်ခုအပါအ၀င်ဖြစ်ပါသည်။ e-Government ၏ အစိတ်အပိုင်းမှာ G2G, G2B, G2C ဟူသော အထက်ဖော်ပြပါ အလုပ်များ ဖြစ်ပါသည်။ ယင်းကဲ့သို့သော e-Government လုပ်ငန်းများကို လွယ်ကူ လျင်မြန်စွာ ဆောင်ရွက် နိုင်ရန် အစိုးရဌာနတိုင်းတွင် e-Government Portal ကို တည်ထောင်အသုံးပြုရန် လိုအပ်ပါသည်။ MCC Group အနေဖြင့် e-Government Portal များ တည်ထောင်ရာတွင် လွယ်ကူလျင်မြန်စွာ တည်ဆောက်နိုင်ရန် g.MIS သော e-Government Portal အင်ဂျင်ကို တီထွင်ထားရှိပါသည်။ အစိုးရ၀န်ကြီးဌာနများတွင် လက်ရှိအသုံးပြုလျက်ရှိသော နာမည်ကြီး e-Government စနစ်တစ်ခု ဖြစ်ပါသည်။

GOS (Government Online System)

အစိုးရဌာနအခြင်းခြင်း၊ အစိုးရဌာနတွင် အရေးကြီးသော ဆက်သွယ်လုပ်ဆောင်ချက်များ အတွက် တီထွင်ထားသောစနစ်ကို GOS (Government Online System) ဟု ခေါ်ပါသည်။ မြန်မာနိုင်ငံအစိုးရ၏ ရုံးလုပ်ငန်းလက်စွဲ လုပ်ထုံးလုပ်နည်းများအတိုင်း သီးသန့် (Customized) ပြုလုပ်ထားခြင်းဖြစ်ပြီး သတင်းအချက်အလက်များ၏ အရေးပါမှုအတွက် လုံခြုံရေးအဆင့် အမြင့်ဆုံးဖြစ်သော စနစ်ဖြစ်ပါသည်။ ၀န်ကြီးချုပ်ရုံးနှင့် ၀န်ကြီးဌာနများ၊ အစိုးရရုံးနှင့် တိုင်းနှင့်ပြည်နယ် အုပ်ချုပ်ရေးရုံးများတွင် အသုံးပြုခဲ့သော စနစ် ဖြစ်ပါသည်။

g.COM (Government Core Operation Management)

အစိုးရအဖွဲ့အစည်းများ တည်ထောင်လုပ်ကိုင်ရခြင်းမှာ ၀န်ကြီးဌာနများအလိုက်၊ ပင်မ လုပ်ငန်းကြီးများဖြစ်သော ပို့ဆောင်ဆက်သွယ်ရေး၊ ရေ၊ လျှပ်စစ်၊ သန့်ရှင်းရေး စသော ပြည်သူများ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရသော (Public Utilities) နှင့် စသည့် လုပ်ငန်းများ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများ၊ အခွန်အခများ ကောက်ခံခြင်းလုပ်ငန်းများ၊ လုပ်ငန်းလိုင်စင်နှင့် လုပ်ကိုင်ခွင့် ပါမစ်များ ချပေးရသောလုပ်ငန်းများ စသည်အားဖြင့် များမြောင်လှပါသည်။ ယင်းတို့ကို အစိုးရအဖွဲ့ အစည်းများ၏ ပင်မလုပ်ငန်းကြီးများ (Core Operation) ဟုခေါ်ပါသည်။ အစိုးရဌာန တစ်ခုနှင့် တစ်ခု ဆောင်ရွက်မှုပေးရခြင်းပုံစံမတူသကဲ့သို့ အစိုးရဌာနတစ်ခုစီ၏ လိုအပ်ချက်အရ တီထွင်ပေးရသော စနစ်များဖြစ်ပါသည်။ ထို့ကြောင့် အထက်တွင် တင်ပြခဲ့သော စနစ်များကဲ့သို့ အစိုးရဌာနများအားလုံး အသုံးပြုနိုင်သော စနစ်များမဟုတ်ဘဲ သီးသန့် စနစ်များဖြစ်ပါသည်။ ထိုကဲ့သို့သော အစိုးရဌာန တစ်ခုခြင်းစီအတွက် သီးသန့်လိုအပ်သော စနစ်များကို MCC Group ၏ ISDC (International Software Development Center) မှ သီးသန့်တီထွင်ထုတ်လုပ်ပေးပါသည်။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ရတနာပုံဆိုင် ဘာစီးတီးတို့ရှိ ISDC များတွင် Software Development လုပ်ရန် Software Engineering များ ပြည့်စုံလုံလောက်စွာ ရှိနေကြပါသည်။ အစိုးရပင်မလုပ်ငန်းများဖြစ်သည့် အောက်ပါစနစ်များကိုလည်း တီထွင်ပြီး အသင့်ရှိပါသည်။

(၁) Registration (မှတ်ပုံတင်ခြင်း)
(၂) Licensing System (လိုင်စင်ထုတ်ပေးရေးစနစ်)
(၃) Utilities Fees Collection (လျှပ်စစ်၊ တယ်လီဖုန်း၊ စည်ပင်သာယာ အခွန်အခများ ကောက်ခံသည့်စနစ်)
(၄) e-Procurement System (အီလက်ထရောနစ်စနစ်ဖြင့် အစိုးရ၀ယ်ယူခြင်းစနစ်)
(၅) Tender and Bidding System (တင်ဒါ စနစ်၊ ဈေးပြိုင်စနစ်တို့ဖြင့် ရောင်းချခြင်းစနစ်)
 
MCC e-Government Suite

MCC Group အနေဖြင့် အစိုးရဌာန များ၏ သဘာဝအရ Back Office နှင့် Front Office တို့အတွက် လိုအပ်သမျှသော အသုံးချစနစ်များ (Application Systems)ကို ပြည့်စုံစွာ တီထွင်ထားသည့် အတွက် MCC e-Government Solution တစ်ခုလုံးကို MCC e-Government Suite ဟုခေါ်ပါသည်။ အစိုးရဌာနများအနေဖြင့် စနစ်တစ်ခုခြင်းစီကို အသုံးပြုနိုင်သကဲ့သို့ Suite တစ်ခုလုံးကိုလည်း အသုံးချနိုင်ပါသည်။