Monday, July 27, 2015

MRTV-4 ႏွင့္ MCC ဥကၠဌ ဦးတင္း၀င္းေအာင္ အင္တာဗ်ဴး Polytechnic အေၾကာင္း

MRTV-4 ႏွင့္ MCC ဥကၠဌ ဦးတင္း၀င္းေအာင္ အင္တာဗ်ဴး Polytechnic အေၾကာင္း
MRTV-4 - မဂၤလာပါဆရာ
UTWA - မဂၤလာပါ။ ထပ္ၿပီး ဗ်ဴးၾကရျပန္ၿပီေပါ့...
MRTV-4 - ဒီတစ္ေခါက္ အင္မတန္ စိတ္၀င္စားစရာ ေကာင္းတဲ့ Polytechnic အေၾကာင္း ဆရာက ေျပာမယ္ဆုိလုိ႔ . .
UTWA - ဟုတ္ပါတယ္။ တုိင္းျပည္အတြက္ေရာ၊ လူငယ္လူရြယ္ေတြအတြက္ေရာ အလြန္အေရးႀကီးတဲ့ ျမန္မာႏုိင္ငံမွာ အခုအေရးတႀကီး လုိအပ္ေနတဲ့ အသက္ေမြး၀မ္းေက်ာင္းဆုိင္ရာ နည္းပညာေတြကုိ သင္ယူႏုိင္မယ့္ Polytechnic ဒါမွမဟုတ္ နည္းပညာသိပၸံေက်ာင္းေတြျဖစ္တဲ့ (Vocational Institute) ေတြအေၾကာင္း ေျပာမွာပါ။
MRTV-4 - ေက်းဇူးတင္ပါတယ္ဆရာ။ ဆရာ မေဆြးေႏြးခင္ သမီးတစ္ခုေလာက္ ေမးခ်င္လုိ႔။
UTWA - ဆရာက ျမန္မာႏုိင္ငံရဲ႕ လက္ရွိအေျခအေနနဲ႔ အနာဂါတ္အတြက္ ၾကည့္လိုက္ေတာ့ တုိင္းျပည္မွာ စစ္မွန္တဲ့ အသက္ေမြး၀မ္းေက်ာင္းပညာ (Vocational Institute) ေတြကုိ က်ယ္က်ယ္ျပန္႔ျပန္႔ သင္ေပးေနတာ မရွိေသး ဘူး ျဖစ္ေနတယ္။ လူေတြကလည္း အသက္ေမြးေက်ာင္းပညာ သိပၸံေတြကုိ အထင္မႀကီးဘူး ျဖစ္ေနတယ္။ စကၤာပူ ႏုိင္ငံရဲ႕ ပညာေရးစနစ္ကုိ အရမ္းအတုယူဖုိ႔ ေကာင္းပါတယ္။ တကၠသုိလ္အေရအတြက္ အနည္းငယ္ပဲရွိၿပီး GCE.O. Level ၿပီးတာနဲ႔ လူတုိင္းနီးပါး Polytechnic ေတြကုိ တက္ၾကရပါတယ္။ အဲဒီ Polytechnic ေတြက ဆင္းလာရင္ ၀င္ေငြေကာင္းတဲ့ အလုပ္အကိုင္ေကာင္းေတြ တန္းရဖုိ႔အျပင္ စီးပြားေရးလုပ္ငန္းေတြ ထူေထာင္ႏုိင္ ၾကၿပီး ႀကီးပြားကုန္က်တာ ေတြ႕ရပါတယ္။ အဲဒီ စကၤာပူႏုိင္ငံ အေျခအေနကုိ အားက်ၿပီး MCC Polytechnic ေတြကုိ တပုိင္တႏုိင္ ထူေထာင္ခဲ့တာပါပဲ။
MRTV-4 - ဒီမွာက တကၠသုိလ္၀င္တန္း (Grade–11) ေအာင္တာနဲ႔ အားလံုး တကၠသုိလ္ကုိသြားဖုိ႔ လုပ္ၾကၿပီး Polytechnic လုိ အသက္ေမြး၀မ္းေက်ာင္းသိပၸံကုိ သြားတာ နည္းေနတာလုိ႔ ဆုိလုိခ်င္တာလား . . . .
UTWA - အားလံုး တကၠသိုလ္တစ္ခုခုတက္ဖုိ႔ပဲ လုပ္ေနၾကၿပီး စိတ္ႀကိဳက္မရရင္ အေ၀းသင္တကၠသုိလ္ကုိေတာ့ တက္လိုက္ ၾကပါတယ္။ ဘြဲ႕တစ္ခုခုရေအာင္လုိ႔ေပါ့။ ဒါေပမယ့္ သူနာျပဳတကၠသုိလ္တုိ႔၊ ေရေၾကာင္းသိပၸံတကၠသို္လ္တုိ႔ေတြကုိ ေတာ့ လုၿပီး တက္ၾကပါတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ျပည္တြင္းျပည္ပမွာ အလုပ္အကုိင္ ေကာင္းေကာင္းေတြ႕ရလုိ႔ ျဖစ္ပါတယ္။
MRTV-4 - တကၠသုိလ္၀င္တန္း မေအာင္ျမင္ေသးတဲ့သူေတြအတြက္က်ေတာ့ တက္စရာေက်ာင္း သိပ္မရွိဘူးလုိျဖစ္ေနတာေပါ့ ေနာ္ . . . .
UTWA - ဟုတ္ပါတယ္။ ျမန္မာျပည္မွာ တကၠသုိလ္၀င္တန္းစာေမးပြဲ (Grade – 11) ကုိ ေျဖတဲ့သူ (၄၀၀၀၀၀) ေက်ာ္ထဲက (၃၀%) ေက်ာ္ေက်ာ္ပဲ ေအာင္တယ္ဆုိေတာ့ မေအာင္တဲ့သူေတြက အေဟာသိကံ ျဖစ္ေနတာေပါ့။ ဒါေၾကာင့္ ဆရာတုိ႔ရဲ႕ MCC Polytechnic ေတြမွာ တကၠသုိလ္၀င္တန္းမေအာင္တဲ့သူေတြ (Level – 3) ကေနစတင္ၿပီး (Level – 4) (Level – 5) ေတြ ဆက္တက္သြားရင္း အဂၤလန္ႏုိင္ငံ တကၠသုိလ္ေတြက (Top-Up) လုပ္ေပးတဲ့ ဘြဲ႕ေတြရႏုိင္ေအာင္ (Channel) ဖြင့္ထားပါတယ္။
MRTV-4 - ေကာင္းလိုက္တာဆရာရယ္။ ဆရာတုိ႔ရဲ႕ MCC Polytechnic ေတြကုိ ႏုိင္ငံတကာနဲ႔ ခ်ိတ္ဆက္ၿပီး သင္တာ ပါလား . . . .
UTWA - ဟုတ္ပါတယ္။ အဂၤလန္ႏုိင္ငံရဲ႕ အသက္ေမြး၀မ္းေက်ာင္းပညာ သင္ၾကားတဲ့ အႀကီးဆံုးအဖြဲ႕အစည္းျဖစ္တဲ့ PEARSON Group နဲ႔ သေဘာတူစာခ်ဳပ္ခ်ဳပ္ဆုိၿပီး သူတုိ႔သင္႐ိုးညႊန္းတန္းေတြအတုိင္း သင္ပါတယ္။ Edexcel ရဲ႕ အသိအမွတ္ျပဳ အဖြဲ႕အစည္းႀကီး PEARSON ရဲ႕ BTEC Program ကေန HND လုိ႔ေခၚတဲ့ Higher National Diploma ေတြ ေပးပါတယ္။ အဲဒီကေပးတဲ့ Higher National Diploma (HND) Level – 5 ၿပီး ရင္ေတာ့ အဂၤလန္ႏုိင္ငံ၊ ၾသစေၾတးလ်ႏုိင္ငံ၊ စကၤာပူႏုိင္ငံေတြမွာရွိတဲ့ တကၠသုိလ္ေတြရဲ႕ ေနာက္ဆံုးႏွစ္ကုိ ဆက္ လက္တက္ေရာက္ၿပီး ဘြဲ႕ရရွိႏုိင္မွာ ျဖစ္ပါတယ္။ Grade – 9 (ယခင္ရွစ္တန္း) မေအာင္တဲ့ ကေလးေတြကုိလည္း (Level – 2) ကေန စတက္ႏုိင္ဖုိ႔လည္း စီစဥ္ထားပါတယ္။
MRTV-4 - ဆရာ ခုနတုန္းက အဂၤလန္ႏုိင္ငံ တကၠသုိလ္ေတြရဲ႕ Top-Up ဒီဂရီရႏုိင္မယ္ဆုိေတာ့ ဘယ္တကၠသုိလ္ေတြနဲ႔ ခ်ိတ္ဆက္ထားပါသလဲဆရာ . . .
UTWA - အဂၤလန္ႏုိင္ငံက Middlesex University နဲ႔ Bermingham City University ေတြနဲ႔ MOU ထုိးထားၿပီး ျဖစ္ ပါတယ္။ Liverpool John Moores University နဲ႔လည္း MOU ထုိးဖုိ႔ လုပ္ေနပါတယ္။
MRTV-4 - ဆရာတုိ႔ အခု MCC Polytechnic ဘယ္ႏွစ္ခုေလာက္ ဖြင့္ၿပီးပါၿပီလဲ ဆရာ ... .
UTWA - အရင္ဆံုး ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္နဲ႔ ရတနာပံုဆုိင္ဘာစီးတီးေတြမွာ ဖြင့္ၿပီးပါၿပီ။ မၾကာခင္ မံုရြာမွာ ဖြင့္ဖုိ႔ လုပ္ေနပါတယ္။ ၿပီးေတာ့ ျပည္၊ ပဲခူး၊ ပုသိမ္၊ မေကြး၊ ေမာ္လၿမိဳင္၊ ေတာင္ႀကီးေတြမွာလည္း ဆက္တုိက္ ဖြင့္ေပး သြားမွာ ျဖစ္ပါတယ္။
MRTV-4 - ေက်းဇူးတင္ပါတယ္ ဆရာ . . . .
UTWA - ကြၽန္ေတာ္လည္း MCC Group ကုိယ္စား MRTV-4 ကုိ ေက်းဇူးတင္ပါတယ္။
ဦးမ်ိဳးေအာင္
MRTV-4 - ပထမဆံုး ဆရာအမည္နဲ႔ ရာထူးကုိ မိတ္ဆက္ေပးပါဦးဆရာ . . . .
UMA - ကြၽန္ေတာ္ ဦးမ်ိဳးေအာင္ပါ MCC Group ရဲ႕ School of Engineering ရဲ႕ CEO ျဖစ္ပါတယ္။
MRTV-4 - MCC က ဖြင့္လွစ္တဲ့ MCC Polytechnic ေတြအေၾကာင္းကုိ စံုစံုလင္လင္နဲ႔ ဆရာဦးတင္၀င္းေအာင္က ေျပာၿပီးသြားပါၿပီ။ ဆရာအေနနဲ႔ ဘယ္ဘာသာရပ္ေတြကုိ သင္ေနလဲဆုိတာေလး ရွင္းျပပါ။
UMA - MCC Polytechnic ေတြမွာ အခုအခ်ိန္ထိ အင္ဂ်င္နီယာ ဒီပလုိမာ၊ စီးပြားေရးပညာဒီပလုိမာနဲ႔ ကြန္ပ်ဴတာ ဒီပလုိမာေတြကုိ သင္ၾကားလ်က္ရွိပါတယ္။ အင္ဂ်င္နီယာ ဒီပလုိမာမွာ Construction and the Built Environment လုိ႔ေခၚတဲ့ (Civil Engineering), Electrical and Electronics Engineering နဲ႔ Mechanical Engineering ေတြ ေလ့လာသင္ၾကားႏုိင္ပါတယ္။ စီးပြားေရး ဒီပလုိမာမွာ Business Administration ဒီပလုိမာနဲ႔ Hotel & Tourism ေတြ ေလ့လာသင္ၾကားႏုိင္ပါတယ္။
MRTV-4 - သင္ၾကားမဲ့ဆရာေတြကေရာ ဆရာ . . .
UMA - ျမန္မာႏုိင္ငံ စက္မႈတကၠသုိလ္၊ နည္းပညာတကၠသုိလ္ေတြက အေတြ႕အႀကံဳရွိၿပီး ဆရာေတြနဲ႔ အသက္ေမြး၀မ္း ေက်ာင္းပညာကုိ စာေတြ႕လက္ေတြ႕ သင္ၾကားတဲ့ အေတြ႕အႀကံဳရွိတဲံ ယခင္ GTI က ဆရာေကာင္းေတြလည္း ပါပါတယ္။ ၿပီးေတာ့ PEARSON ကေနၿပီး အလွည့္က် ဆရာေတြလာၿပီး အရည္အေသြး မီမမီ ပံုမွန္စစ္ေဆး ပါတယ္။
ေဒၚအိအုအုေအာင္
MRTV-4 - ဆရာမနာမည္နဲ႔ အလုပ္တာ၀န္ကုိ ေျပာျပေပးပါအံုး . . . .
DEEEA - ကြၽန္မနာမည္ ေဒၚအိအုအုေအာင္ ျဖစ္ပါတယ္။ School of Engineering က ဒုတိယ ေက်ာင္းအုပ္ႀကီး ျဖစ္ပါတယ္။
MRTV-4 - ဆရာမရဲ႕ ရရွိထားတဲ့ဘြဲ႕ကုိလဲ ေျပာျပပါအံုး . .. .
DEEEA - ကြၽန္မက စကၤာပူႏုိင္ငံ Nanyan Technology University (NTU) က မဟာအင္ဂ်င္နီယာသိပၸံ (ME) ဘြဲ႕ ရရွိထားပါတယ္။
MRTV-4 - ဆရာမက Polytechnic မွာ ဘာတာ၀န္ေတြ ယူရပါသလဲ . . . .
DEEEA - ကြၽန္မက ေက်ာင္းသူ/သားေတြနဲ႔ Assignment ေတြ လုပ္တာကုိ တာ၀န္ယူေဆာင္ရြက္ရပါတယ္။
MRTV-4 နှင့် MCC ဥက္ကဌ ဦးတင်းဝင်းအောင် အင်တာဗျူး Polytechnic အကြောင်း
MRTV-4 - မင်္ဂလာပါဆရာ
UTWA - မင်္ဂလာပါ။ ထပ်ပြီး ဗျူးကြရပြန်ပြီပေါ့...
MRTV-4 - ဒီတစ်ခေါက် အင်မတန် စိတ်ဝင်စားစရာ ကောင်းတဲ့ Polytechnic အကြောင်း ဆရာက ပြောမယ်ဆိုလို့ . .
UTWA - ဟုတ်ပါတယ်။ တိုင်းပြည်အတွက်ရော၊ လူငယ်လူရွယ်တွေအတွက်ရော အလွန်အရေးကြီးတဲ့ မြန်မာနိုင်ငံမှာ အခုအရေးတကြီး လိုအပ်နေတဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ နည်းပညာတွေကို သင်ယူနိုင်မယ့် Polytechnic ဒါမှမဟုတ် နည်းပညာသိပ္ပံကျောင်းတွေဖြစ်တဲ့ (Vocational Institute) တွေအကြောင်း ပြောမှာပါ။
MRTV-4 - ကျေးဇူးတင်ပါတယ်ဆရာ။ ဆရာ မဆွေးနွေးခင် သမီးတစ်ခုလောက် မေးချင်လို့။
UTWA - ဆရာက မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ အနာဂါတ်အတွက် ကြည့်လိုက်တော့ တိုင်းပြည်မှာ စစ်မှန်တဲ့ အသက်မွေးဝမ်းကျောင်းပညာ (Vocational Institute) တွေကို ကျယ်ကျယ်ပြန့်ပြန့် သင်ပေးနေတာ မရှိသေး ဘူး ဖြစ်နေတယ်။ လူတွေကလည်း အသက်မွေးကျောင်းပညာ သိပ္ပံတွေကို အထင်မကြီးဘူး ဖြစ်နေတယ်။ စင်္ကာပူ နိုင်ငံရဲ့ ပညာရေးစနစ်ကို အရမ်းအတုယူဖို့ ကောင်းပါတယ်။ တက္ကသိုလ်အရေအတွက် အနည်းငယ်ပဲရှိပြီး GCE.O. Level ပြီးတာနဲ့ လူတိုင်းနီးပါး Polytechnic တွေကို တက်ကြရပါတယ်။ အဲဒီ Polytechnic တွေက ဆင်းလာရင် ၀င်ငွေကောင်းတဲ့ အလုပ်အကိုင်ကောင်းတွေ တန်းရဖို့အပြင် စီးပွားရေးလုပ်ငန်းတွေ ထူထောင်နိုင် ကြပြီး ကြီးပွားကုန်ကျတာ တွေ့ရပါတယ်။ အဲဒီ စင်္ကာပူနိုင်ငံ အခြေအနေကို အားကျပြီး MCC Polytechnic တွေကို တပိုင်တနိုင် ထူထောင်ခဲ့တာပါပဲ။
MRTV-4 - ဒီမှာက တက္ကသိုလ်ဝင်တန်း (Grade–11) အောင်တာနဲ့ အားလုံး တက္ကသိုလ်ကိုသွားဖို့ လုပ်ကြပြီး Polytechnic လို အသက်မွေးဝမ်းကျောင်းသိပ္ပံကို သွားတာ နည်းနေတာလို့ ဆိုလိုချင်တာလား . . . .
UTWA - အားလုံး တက္ကသိုလ်တစ်ခုခုတက်ဖို့ပဲ လုပ်နေကြပြီး စိတ်ကြိုက်မရရင် အဝေးသင်တက္ကသိုလ်ကိုတော့ တက်လိုက် ကြပါတယ်။ ဘွဲ့တစ်ခုခုရအောင်လို့ပေါ့။ ဒါပေမယ့် သူနာပြုတက္ကသိုလ်တို့၊ ရေကြောင်းသိပ္ပံတက္ကသို်လ်တို့တွေကို တော့ လုပြီး တက်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းပြည်ပမှာ အလုပ်အကိုင် ကောင်းကောင်းတွေ့ရလို့ ဖြစ်ပါတယ်။
MRTV-4 - တက္ကသိုလ်ဝင်တန်း မအောင်မြင်သေးတဲ့သူတွေအတွက်ကျတော့ တက်စရာကျောင်း သိပ်မရှိဘူးလိုဖြစ်နေတာပေါ့ နော် . . . .
UTWA - ဟုတ်ပါတယ်။ မြန်မာပြည်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ (Grade – 11) ကို ဖြေတဲ့သူ (၄၀၀၀၀၀) ကျော်ထဲက (၃၀%) ကျော်ကျော်ပဲ အောင်တယ်ဆိုတော့ မအောင်တဲ့သူတွေက အဟောသိကံ ဖြစ်နေတာပေါ့။ ဒါကြောင့် ဆရာတို့ရဲ့ MCC Polytechnic တွေမှာ တက္ကသိုလ်ဝင်တန်းမအောင်တဲ့သူတွေ (Level – 3) ကနေစတင်ပြီး (Level – 4) (Level – 5) တွေ ဆက်တက်သွားရင်း အင်္ဂလန်နိုင်ငံ တက္ကသိုလ်တွေက (Top-Up) လုပ်ပေးတဲ့ ဘွဲ့တွေရနိုင်အောင် (Channel) ဖွင့်ထားပါတယ်။
MRTV-4 - ကောင်းလိုက်တာဆရာရယ်။ ဆရာတို့ရဲ့ MCC Polytechnic တွေကို နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီး သင်တာ ပါလား . . . .
UTWA - ဟုတ်ပါတယ်။ အင်္ဂလန်နိုင်ငံရဲ့ အသက်မွေးဝမ်းကျောင်းပညာ သင်ကြားတဲ့ အကြီးဆုံးအဖွဲ့အစည်းဖြစ်တဲ့ PEARSON Group နဲ့ သဘောတူစာချုပ်ချုပ်ဆိုပြီး သူတို့သင်ရိုးညွှန်းတန်းတွေအတိုင်း သင်ပါတယ်။ Edexcel ရဲ့ အသိအမှတ်ပြု အဖွဲ့အစည်းကြီး PEARSON ရဲ့ BTEC Program ကနေ HND လို့ခေါ်တဲ့ Higher National Diploma တွေ ပေးပါတယ်။ အဲဒီကပေးတဲ့ Higher National Diploma (HND) Level – 5 ပြီး ရင်တော့ အင်္ဂလန်နိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ စင်္ကာပူနိုင်ငံတွေမှာရှိတဲ့ တက္ကသိုလ်တွေရဲ့ နောက်ဆုံးနှစ်ကို ဆက် လက်တက်ရောက်ပြီး ဘွဲ့ရရှိနိုင်မှာ ဖြစ်ပါတယ်။ Grade – 9 (ယခင်ရှစ်တန်း) မအောင်တဲ့ ကလေးတွေကိုလည်း (Level – 2) ကနေ စတက်နိုင်ဖို့လည်း စီစဉ်ထားပါတယ်။
MRTV-4 - ဆရာ ခုနတုန်းက အင်္ဂလန်နိုင်ငံ တက္ကသိုလ်တွေရဲ့ Top-Up ဒီဂရီရနိုင်မယ်ဆိုတော့ ဘယ်တက္ကသိုလ်တွေနဲ့ ချိတ်ဆက်ထားပါသလဲဆရာ . . .
UTWA - အင်္ဂလန်နိုင်ငံက Middlesex University နဲ့ Bermingham City University တွေနဲ့ MOU ထိုးထားပြီး ဖြစ် ပါတယ်။ Liverpool John Moores University နဲ့လည်း MOU ထိုးဖို့ လုပ်နေပါတယ်။
MRTV-4 - ဆရာတို့ အခု MCC Polytechnic ဘယ်နှစ်ခုလောက် ဖွင့်ပြီးပါပြီလဲ ဆရာ ... .
UTWA - အရင်ဆုံး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ ရတနာပုံဆိုင်ဘာစီးတီးတွေမှာ ဖွင့်ပြီးပါပြီ။ မကြာခင် မုံရွာမှာ ဖွင့်ဖို့ လုပ်နေပါတယ်။ ပြီးတော့ ပြည်၊ ပဲခူး၊ ပုသိမ်၊ မကွေး၊ မော်လမြိုင်၊ တောင်ကြီးတွေမှာလည်း ဆက်တိုက် ဖွင့်ပေး သွားမှာ ဖြစ်ပါတယ်။
MRTV-4 - ကျေးဇူးတင်ပါတယ် ဆရာ . . . .
UTWA - ကျွန်တော်လည်း MCC Group ကိုယ်စား MRTV-4 ကို ကျေးဇူးတင်ပါတယ်။
ဦးမျိုးအောင်
MRTV-4 - ပထမဆုံး ဆရာအမည်နဲ့ ရာထူးကို မိတ်ဆက်ပေးပါဦးဆရာ . . . .
UMA - ကျွန်တော် ဦးမျိုးအောင်ပါ MCC Group ရဲ့ School of Engineering ရဲ့ CEO ဖြစ်ပါတယ်။
MRTV-4 - MCC က ဖွင့်လှစ်တဲ့ MCC Polytechnic တွေအကြောင်းကို စုံစုံလင်လင်နဲ့ ဆရာဦးတင်ဝင်းအောင်က ပြောပြီးသွားပါပြီ။ ဆရာအနေနဲ့ ဘယ်ဘာသာရပ်တွေကို သင်နေလဲဆိုတာလေး ရှင်းပြပါ။
UMA - MCC Polytechnic တွေမှာ အခုအချိန်ထိ အင်ဂျင်နီယာ ဒီပလိုမာ၊ စီးပွားရေးပညာဒီပလိုမာနဲ့ ကွန်ပျူတာ ဒီပလိုမာတွေကို သင်ကြားလျက်ရှိပါတယ်။ အင်ဂျင်နီယာ ဒီပလိုမာမှာ Construction and the Built Environment လို့ခေါ်တဲ့ (Civil Engineering), Electrical and Electronics Engineering နဲ့ Mechanical Engineering တွေ လေ့လာသင်ကြားနိုင်ပါတယ်။ စီးပွားရေး ဒီပလိုမာမှာ Business Administration ဒီပလိုမာနဲ့ Hotel & Tourism တွေ လေ့လာသင်ကြားနိုင်ပါတယ်။
MRTV-4 - သင်ကြားမဲ့ဆရာတွေကရော ဆရာ . . .
UMA - မြန်မာနိုင်ငံ စက်မှုတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်တွေက အတွေ့အကြုံရှိပြီး ဆရာတွေနဲ့ အသက်မွေးဝမ်း ကျောင်းပညာကို စာတွေ့လက်တွေ့ သင်ကြားတဲ့ အတွေ့အကြံုရှိတဲံ ယခင် GTI က ဆရာကောင်းတွေလည်း ပါပါတယ်။ ပြီးတော့ PEARSON ကနေပြီး အလှည့်ကျ ဆရာတွေလာပြီး အရည်အသွေး မီမမီ ပုံမှန်စစ်ဆေး ပါတယ်။
ဒေါ်အိအုအုအောင်
MRTV-4 - ဆရာမနာမည်နဲ့ အလုပ်တာဝန်ကို ပြောပြပေးပါအုံး . . . .
DEEEA - ကျွန်မနာမည် ဒေါ်အိအုအုအောင် ဖြစ်ပါတယ်။ School of Engineering က ဒုတိယ ကျောင်းအုပ်ကြီး ဖြစ်ပါတယ်။
MRTV-4 - ဆရာမရဲ့ ရရှိထားတဲ့ဘွဲ့ကိုလဲ ပြောပြပါအုံး . .. .
DEEEA - ကျွန်မက စင်္ကာပူနိုင်ငံ Nanyan Technology University (NTU) က မဟာအင်ဂျင်နီယာသိပ္ပံ (ME) ဘွဲ့ ရရှိထားပါတယ်။
MRTV-4 - ဆရာမက Polytechnic မှာ ဘာတာဝန်တွေ ယူရပါသလဲ . . . .
DEEEA - ကျွန်မက ကျောင်းသူ/သားတွေနဲ့ Assignment တွေ လုပ်တာကို တာဝန်ယူဆောင်ရွက်ရပါတယ်။