Saturday, April 8, 2017

Myanmar Institute of Telecommunication Technology (MITT)

Myanmar Institute of Telecommunication Technology (MITT)

ျမန္မာႏိုင္ငံ၏ ဆက္သြယ္ေရးက႑ (Telecom Sector) ကို ဖြင့္ေပးလိုက္ေသာအခါ လူတိုင္း Mobile Phone ကိုင္ႏိုင္သည္အထိ တိုးတက္လာခဲ့ပါသည္။ Telenor, Ooredoo စေသာ ျပည္ပ ဆက္သြယ္ေရး ကုမၸဏီႀကီးမ်ားအျပင္ ျပည္တြင္းဆက္သြယ္ေရး (MPT) သည္လည္း ဂ်ပန္ႏိုင္ငံမွ (KDDI) ႏွင့္ ပူးေပါင္းကာ Mobile Phone သံုးစြဲသူ သန္း (၄၀) အထိရွိလာေအာင္ လုပ္ေဆာင္ႏိုင္ခဲ့ၿပီ ျဖစ္ပါသည္။ ယခုအခါ စတုတၳေျမာက္ တယ္လီဖုန္းကုမၸဏီ (Fourth Operator) အျဖစ္ ျပည္တြင္းကုမၸဏီမ်ားႏွင့္ ဗီယက္နမ္ႏိုင္ငံမွ (Vietel) ကုမၸဏီတို႔ ဖက္စပ္လုပ္ကိုင္ခြင့္ ေပးလိုက္ၿပီလည္းျဖစ္ပါသည္။ ျမန္မာႏိုင္ငံ၏ ဆက္သြယ္ေရးက႑ တိုးတက္လာသည္ႏွင့္အမွ် တစ္ႏိုင္ငံလံုး ဆက္သြယ္ေရး၊ တာဝါတိုင္မ်ား စိုက္ထူေနျခင္း၊ ဖိုင္ဘာလိုင္း ကြန္ရက္ (Fiber Network) မ်ား သြယ္တန္းေနျခင္း၊ ၿဂိဳဟ္တုဆက္သြယ္ေရးစနစ္မ်ား တည္ေထာင္ေနျခင္း စသည့္ တစ္ႏိုင္ငံလံုး အင္တာနက္ကို လ်င္လ်င္ျမန္ျမန္ႏွင့္ (Broadbard) သံုးစြဲႏိုင္ေအာင္ ေဆာက္ရြက္လ်က္ ရွိပါသည္။ Telecom Operator ကုမၸဏီမ်ားအျပင္ ဆက္သြယ္ေရးက႑ႏွင့္ ဆက္စပ္ေနေသာ ျပည္တြင္း၊ ျပည္ပကုမၸဏီမ်ားစြာလည္း လုပ္ငန္းမ်ား ေဆာင္ရြက္လ်က္ရွိရာ ဆက္သြယ္ေရးႏွင့္ သက္ဆိုင္ေသာ အလုပ္အကိုင္အခြင့္ အလမ္းမ်ားစြာ ေပၚေပါက္လ်က္ရွိပါသည္။ ျမန္မာႏိုင္ငံတြင္ ဆက္သြယ္ေရး နည္းပညာသင္ၾကားေသာ တကၠသိုလ္မ်ား မရွိပါ။ ျမန္မာ့ဆက္သြယ္ေရး လုပ္ငန္းေအာက္တြင္ ဆက္သြယ္ေရးသင္တန္းေက်ာင္း တစ္ေက်ာင္းသာရွိပါသည္။ ထို႔ေၾကာင့္ ဆက္သြယ္ေရးက႑တြင္ အလုပ္အကိုင္ေပါမ်ားေသာ္လည္း ကြ်မ္းက်င္သူ ရွားပါး လ်က္ရွိေနပါသည္။ ထို႔ေၾကာင့္ MCC Group မွ ဆက္သြယ္ေရးနည္းပညာႏွင့္ ဆက္သြယ္ေရးဆိုင္ရာ ပစၥည္းမ်ား ထုတ္လုပ္မႈတြင္ ကမၻာ့နံပါတ္(၁)ျဖစ္ေသာ Huawei ကုမၸဏီႏွင့္ပူးေပါင္းကာ ျမန္မာႏိုင္ငံတြင္ ICT နည္းပညာ ထူးခြ်န္ေသာ လူငယ္လူရြယ္မ်ား ေပၚထြန္းလာေရးအစီအစဥ္ (Myanmar ICT Talent Development Program) အရ ျမန္မာႏိုင္ငံ၏ ပထမဆံုး ဆက္သြယ္ေရး နည္းပညာသိပၸံ Myanmar Institute of Telecommunication Technology (MITT) ကို ရတနာပံုနည္းပညာၿမိဳ႕ေတာ္ (Yatanarpon Cyber City) တြင္ ဖြင့္လွစ္လိုက္ပါၿပီ။ (MITT) ၏ သင္တန္းမ်ားကို ရန္ကုန္၊ မႏၱေလး၊ ေနျပည္ေတာ္၊ မံုရြာႏွင့္ ပုသိမ္ၿမိဳ႕တို႔၌ ဖြင့္လွစ္ထားေသာ MCC Polytechnic College မ်ားတြင္ (၂) ႏွစ္ စတင္တက္ေရာက္ႏိုင္မည္ျဖစ္ၿပီး ပထမႏွစ္ၿပီးလွ်င္ Huawei အသိအမွတ္ျပဳ ကြ်မ္းက်င္မႈလက္မွတ္ရရွိၿပီး ဒုတိယႏွစ္တြင္ ဆက္သြယ္ေရးအင္ဂ်င္နီယာ ဒီပလိုမာကို ရရွိမည္ ျဖစ္ပါသည္။ တတိယႏွစ္တြင္ ရတနာပံုနည္းပညာၿမိဳ႕ (႔Yatanarpon Cyber City) ရွိ MITT တြင္ ဆက္လက္ တက္ေရာက္ကာ ဆက္သြယ္ေရး အင္ဂ်င္နီယာဘြဲ႕ (Telecommunication Engineering) ကို ရရွိႏိုင္မည္ ျဖစ္ပါသည္။ တကၠသိုလ္ဝင္တန္း စာေမးပြဲေအာင္ ျမင္ၿပီးသူမ်ား စတင္တက္ေရာက္ႏိုင္ၿပီး ပထမႏွစ္ၿပီးလွ်င္ Huawei ၏ Certificate ကို ရရွိမည္ ျဖစ္ပါသည္။ ယင္းဆက္သြယ္ေရးနည္းပညာ ကြ်မ္းက်င္မႈ လက္မွတ္ျဖင့္ ျမန္မာႏိုင္ငံရွိ ျပည္တြင္း ျပည္ပဆက္သြယ္ေရး ကုမၸဏီမ်ားတြင္ ခ်က္ခ်င္း အလုပ္ဝင္ေရာက္ လုပ္ကိုင္ႏိုင္မည္ျဖစ္ပါသည္။ Telecom Engineer သင္တန္းသို႔ ဘြဲ႕ရမ်ားလည္း တက္ေရာက္ႏိုင္ပါသည္။ ဘြဲ႕ရသင္တန္းဆင္းမ်ားကို Huawei Technology (Myanmar) တြင္ အလုပ္ဝင္ေရာက္ လုပ္ကိုင္ႏိုင္မည္ ျဖစ္ပါသည္။

Myanmar Institute of Telecommunication Technology (MITT)


မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ (Telecom Sector) ကို ဖွင့်ပေးလိုက်သောအခါ လူတိုင်း Mobile Phone ကိုင်နိုင်သည်အထိ တိုးတက်လာခဲ့ပါသည်။ Telenor, Ooredoo စသော ပြည်ပ ဆက်သွယ်ရေး ကုမ္ပဏီကြီးများအပြင် ပြည်တွင်းဆက်သွယ်ရေး (MPT) သည်လည်း ဂျပန်နိုင်ငံမှ (KDDI) နှင့် ပူးပေါင်းကာ Mobile Phone သုံးစွဲသူ သန်း (၄၀) အထိရှိလာအောင် လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ ယခုအခါ စတုတ္ထမြောက် တယ်လီဖုန်းကုမ္ပဏီ (Fourth Operator) အဖြစ် ပြည်တွင်းကုမ္ပဏီများနှင့် ဗီယက်နမ်နိုင်ငံမှ (Vietel) ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်ခွင့် ပေးလိုက်ပြီလည်းဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ တိုးတက်လာသည်နှင့်အမျှ တစ်နိုင်ငံလုံး ဆက်သွယ်ရေး၊ တာဝါတိုင်များ စိုက်ထူနေခြင်း၊ ဖိုင်ဘာလိုင်း ကွန်ရက် (Fiber Network) များ သွယ်တန်းနေခြင်း၊ ဂြိုဟ်တုဆက်သွယ်ရေးစနစ်များ တည်ထောင်နေခြင်း စသည့် တစ်နိုင်ငံလုံး အင်တာနက်ကို လျင်လျင်မြန်မြန်နှင့် (Broadbard) သုံးစွဲနိုင်အောင် ဆောက်ရွက်လျက် ရှိပါသည်။ Telecom Operator ကုမ္ပဏီများအပြင် ဆက်သွယ်ရေးကဏ္ဍနှင့် ဆက်စပ်နေသော ပြည်တွင်း၊ ပြည်ပကုမ္ပဏီများစွာလည်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဆက်သွယ်ရေးနှင့် သက်ဆိုင်သော အလုပ်အကိုင်အခွင့် အလမ်းများစွာ ပေါ်ပေါက်လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး နည်းပညာသင်ကြားသော တက္ကသိုလ်များ မရှိပါ။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအောက်တွင် ဆက်သွယ်ရေးသင်တန်းကျောင်း တစ်ကျောင်းသာရှိပါသည်။ ထို့ကြောင့် ဆက်သွယ်ရေးကဏ္ဍတွင် အလုပ်အကိုင်ပေါများသော်လည်း ကျွမ်းကျင်သူ ရှားပါး လျက်ရှိနေပါသည်။ ထို့ကြောင့် MCC Group မှ ဆက်သွယ်ရေးနည်းပညာနှင့် ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းများ ထုတ်လုပ်မှုတွင် ကမ္ဘာ့နံပါတ်(၁)ဖြစ်သော Huawei ကုမ္ပဏီနှင့်ပူးပေါင်းကာ မြန်မာနိုင်ငံတွင် ICT နည်းပညာ ထူးချွန်သော လူငယ်လူရွယ်များ ပေါ်ထွန်းလာရေးအစီအစဉ် (Myanmar ICT Talent Development Program) အရ မြန်မာနိုင်ငံ၏ ပထမဆုံး ဆက်သွယ်ရေး နည်းပညာသိပ္ပံ Myanmar Institute of Telecommunication Technology (MITT) ကို ရတနာပုံနည်းပညာမြို့တော် (Yatanarpon Cyber City) တွင် ဖွင့်လှစ်လိုက်ပါပြီ။ (MITT) ၏ သင်တန်းများကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မုံရွာနှင့် ပုသိမ်မြို့တို့၌ ဖွင့်လှစ်ထားသော MCC Polytechnic College များတွင် (၂) နှစ် စတင်တက်ရောက်နိုင်မည်ဖြစ်ပြီး ပထမနှစ်ပြီးလျှင် Huawei အသိအမှတ်ပြု ကျွမ်းကျင်မှုလက်မှတ်ရရှိပြီး ဒုတိယနှစ်တွင် ဆက်သွယ်ရေးအင်ဂျင်နီယာ ဒီပလိုမာကို ရရှိမည် ဖြစ်ပါသည်။ တတိယနှစ်တွင် ရတနာပုံနည်းပညာမြို့ (့Yatanarpon Cyber City) ရှိ MITT တွင် ဆက်လက် တက်ရောက်ကာ ဆက်သွယ်ရေး အင်ဂျင်နီယာဘွဲ့ (Telecommunication Engineering) ကို ရရှိနိုင်မည် ဖြစ်ပါသည်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင် မြင်ပြီးသူများ စတင်တက်ရောက်နိုင်ပြီး ပထမနှစ်ပြီးလျှင် Huawei ၏ Certificate ကို ရရှိမည် ဖြစ်ပါသည်။ ယင်းဆက်သွယ်ရေးနည်းပညာ ကျွမ်းကျင်မှု လက်မှတ်ဖြင့် မြန်မာနိုင်ငံရှိ ပြည်တွင်း ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများတွင် ချက်ချင်း အလုပ်ဝင်ရောက် လုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။ Telecom Engineer သင်တန်းသို့ ဘွဲ့ရများလည်း တက်ရောက်နိုင်ပါသည်။ ဘွဲ့ရသင်တန်းဆင်းများကို Huawei Technology (Myanmar) တွင် အလုပ်ဝင်ရောက် လုပ်ကိုင်နိုင်မည် ဖြစ်ပါသည်။