Friday, November 4, 2016

ျပင္သစ္ကုိ သြားလည္ၾကမယ္

ျပင္သစ္ႏုိင္ငံဟာ ကမၻာမွာ အေက်ာ္ၾကားဆံုး ခရီးသြားေတြ ႏွစ္သက္တဲ့ႏုိင္ငံ ျဖစ္ပါတယ္။ တစ္ႏွစ္ကုိ ႏုိင္ငံျခားခရီးသြား ေတြ (၈၂) သန္းေက်ာ္ လာလည္ေလ့ရွိပါ တယ္။ ခရီးသြားေတြကုိ အဓိက ဆြဲေဆာင္ ထားေတြကေတာ့ ျပင္သစ္ယဥ္ေက်းမႈ သမုိင္း၀င္ ထင္ရွားတဲ့ အေဆာက္အဦေတြ နဲ႔ ေနရာေတြ၊ နာမည္ႀကီး ျပင္သစ္၀ုိင္နဲ႔ အလွအဖက္ရွင္ေတြပါဘဲ။ ဥေရာပရဲ႕ ေရွး အက်ဆံုးၿမိဳ႕ေတြထဲမွာ ျပင္သစ္ႏုိင္ငံေတာင္ပုိင္းမွာရွိတဲ့ ဒုတိယအႀကီးဆံုးၿမိဳ႕ျဖစ္တဲ့ မာေဆး(ဂ္) Marsille ၿမိဳ႕ျဖစ္ပါတယ္။ ေျမထဲပင္လယ္ရဲ႕ အေငြ႕အသက္နဲ႔ ေရွးက်ေသာ္လည္း လွပတဲ့ၿမိဳ႕ဟာ သြားေရာက္ လည္ပတ္ရမယ့္ေနရာတစ္ခုျဖစ္ပါတယ္။

ပဲရစ္ၿမိဳ႕ကေတာ့ ေျပာစရာေတာင္ မလုိပါဘူး။ တစ္ကမၻာလံုးသိၿပီး သြားၿပီးရင္း သြားျခင္စရာေကာင္းတဲ့ ၿမိဳ႕ႀကီးျဖစ္ပါတယ္။ ကမၻာေပၚမွာ တုိးရစ္အမ်ားဆံုးလာတဲ့ၿမိဳ႕လုိ႔သိရပါတယ္။ တစ္ႏွစ္ကုိ ပ်မ္းမွ် တုိးရစ္ (၄၅)သန္းေလာက္ လာပါတယ္။ ပဲရစ္ဟာ ျပင္သစ္ႏုိင္ငံရဲ႕ ၿမိဳ႕ေတာ္ဆုိတာအျပင္ City of Light, City of Love, Cap¬ital of Fashion လုိ႔လည္း တင္စား ၾကပါေသးတယ္။ ပဲရစ္ၿမိဳ႕မွာ လည္ပတ္စရာ ကမၻာ့အံ့ဖြယ္ အီဖယ္(လ္)ေမွ်ာ္စင္ (Eiffel Tower) အျပင္ ေရွးေဟာင္းအေဆာက္အဦမ်ား ျဖစ္ေသာ Notre-Dame ဘုရားရွစ္ခုိးေက်ာင္း၊ ေရွးေဟာင္း Pont Neut တံတား၊ ျပင္သစ္သူရဲေကာင္းမ်ား အထိမ္းအမွတ္ အေဆာက္အဦမ်ားအျပင္ (၁၇၉၃) ခုႏွစ္ ျပင္သစ္ေတာ္လွန္ေရးကာလတြင္ ဖြင့္လွစ္ခဲ့ေသာ The Louvre ျပတုိက္သုိ႔လည္းလည္ပတ္ႏုိင္ပါတယ္။

The Eiffel Tower

ျပင္သစ္လုိ႔ဆုိလိုက္လွ်င္ ပဲရစ္ႏွင့္ အီဖယ္(လ္)ေမွ်ာ္စင္ကုိ လူတုိင္းသိၾကပါ တယ္။ ကမၻာအံ့ဖြယ္တစ္ခုျဖစ္သလုိ ျပင္သစ္ႏုိင္ငံရဲ႕ ဒီဇုိင္နာစက္မႈအင္ဂ်င္နီယာပညာကုိ ေဖာ္ျပတဲ့ ျပယုဂ္တစ္ခုျဖစ္ပါတယ္။ ၁၈၈၉ ခုႏွစ္မွာ တည္ေဆာက္ခဲ့ၿပီး မီတာ (၃၀၀)ျမင့္တဲ့အတြက္ အဲဒီအခ်ိန္က ကမၻာမွာ အျမင့္ ဆံုးအေဆာက္အဦတစ္ခု ျဖစ္ခဲ့ပါတယ္။
ျပင္သစ္ႏုိင္ငံ၏ အထိမ္းအမွတ္ ျဖစ္ေသာ Are De Trionphe မုဒ္ဦး သကၠန္းေက်ာင္းတုိင္မွာလည္း အံ့ဖြယ္တစ္ မ်ိဳးျဖစ္ပါတယ္။ ျပင္သစ္ဘုရင္ နပုိလီယံမွ စစ္ပြဲမ်ားတြင္ ပါ၀င္ခဲ့ေသာ စစ္ဗုိလ္ခ်ဳပ္ႀကီး (၆၆၀)၏ အမည္မ်ား သာမက အသက္စြန္႔ခဲ့ ေသာ အညတရစစ္သားမ်ားအတြက္ ဂုဏ္ျပဳေမာ္ကြန္းတင္ထားေသာ အေဆာက္အဦ ျဖစ္ပါတယ္။
ပဲရစ္ၿမိဳ႕တြင္ ေရွးေဟာင္းအထိမ္း အမွတ္အေဆာက္အဦမ်ားသာမက ေစ်း၀ယ္စင္တာမ်ား၊ ျပင္သစ္ စားေသာက္ဆုိင္မ်ား၊ ဖက္ရွင္ျပပြဲမ်ား၊ ျပင္သစ္ ယဥ္ေက်းမႈ အႏုပညာျပတိုက္မ်ား စသည္ျဖင့္ လည္စရာ ပတ္စရာစံုလင္ေသာ ၿမိဳ႕ႀကီးျဖစ္ပါတယ္။ ေရွးအက်ဆံုး ကုန္တုိက္ႀကီးျဖစ္ေသာ Gal¬eris Lafayette သုိ႔လည္း သြားေရာက္ ေစ်း၀ယ္ႏုိင္ပါတယ္။

ျပင္သစ္မွာ သြားလည္စရာေနာက္ တစ္ေနရာကေတာ့ French Reviera ျဖစ္ပါတယ္။ ေျမထဲပင္လယ္ရဲ႕ ပင္လယ္ကမ္းေျခေနရာျဖစ္ပါတယ္။ ကမၻာ့သူေ႒းႀကီးေတြ နာမည္ႀကီးအေက်ာ္အေမာ္ေတြ သြား တဲ့ေနရာလုိ႔ နာမည္ႀကီးပါတယ္။ အားလံုးသိၾကတဲ့ နာမည္ေက်ာ္ ကိန္း(စ္)႐ုပ္ရွင္ပြဲ ေတာ္ (Cannes Film Festival) ျပဳလုပ္ေလ့ရွိတဲ့ေနရာ ျဖစ္ပါတယ္။

တုိးရစ္ေတြသြားေလ့ရွိတဲ့ ေနရာ တစ္ခုကေတာ့ Loire Valley ျဖစ္ပါတယ္။ ျပင္သစ္ႏုိင္ငံ အလယ္ပုိင္းျဖစ္ၿပီး ကမၻာေက်ာ္ရဲတိုက္ႀကီးေတြ၊ ျပင္သစ္၀ုိင္ထုတ္လုပ္တဲ့ Vineyard ေတြနဲ႔ သမုိင္း၀င္ ေက်းရြာေတြကုိပါ ေတြ႕ႏုိင္ပါတယ္။ နာမည္ႀကီး၀ုိင္ ထုတ္လုပ္တဲ့ ေနရာေတြျဖစ္တဲ့အတြက္ တုိးရစ္ေတြဟာ လည္ရင္းပါတ္ရင္းနဲ႔ ၀ိုင္မည္းတဲ့အရ သာကုိလည္း ခံစားႏုိင္ၾကမွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ခရီးသြားလုပ္ငန္းကုမၸဏီေတြဟာ Loire Valley အတြက္ သီးသန္႔ Wine Tasting Tour အစီအစဥ္ေတြလည္း ျပဳလုပ္ၿပီး ခရီးသြားေတြကုိ ဆြဲေဆာင္ေလ့ရွိပါတယ္။ Loire ျမစ္တစ္ေလွ်ာက္မွာ အလြန္လွပတဲ့ သဘာ၀႐ႈခင္းေတြနဲ႔ သမုိင္း၀င္ေနရာေတြ ရွိတဲ့အတြက္ ထင္ရွားတဲ့ေနရာတခု ျဖစ္ပါတယ္။

Unicode Version

ပြင်သစ်ကို သွားလည်ကြမယ်
ပြင်သစ်နိုင်ငံဟာ ကမ္ဘာမှာ အကျော်ကြားဆုံး ခရီးသွားတွေ နှစ်သက်တဲ့နိုင်ငံ ဖြစ်ပါတယ်။ တစ်နှစ်ကို နိုင်ငံခြားခရီးသွား တွေ (၈၂) သန်းကျော် လာလည်လေ့ရှိပါ တယ်။ ခရီးသွားတွေကို အဓိက ဆွဲဆောင် ထားတွေကတော့ ပြင်သစ်ယဉ်ကျေးမှု သမိုင်းဝင် ထင်ရှားတဲ့ အဆောက်အဦတွေ နဲ့ နေရာတွေ၊ နာမည်ကြီး ပြင်သစ်ဝိုင်နဲ့ အလှအဖက်ရှင်တွေပါဘဲ။ ဥရောပရဲ့ ရှေး အကျဆုံးမြို့တွေထဲမှာ ပြင်သစ်နိုင်ငံတောင်ပိုင်းမှာရှိတဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မာဆေး(ဂ်) Marsille မြို့ဖြစ်ပါတယ်။ မြေထဲပင်လယ်ရဲ့ အငွေ့အသက်နဲ့ ရှေးကျသော်လည်း လှပတဲ့မြို့ဟာ သွားရောက် လည်ပတ်ရမယ့်နေရာတစ်ခုဖြစ်ပါတယ်။

ပဲရစ်မြို့ကတော့ ပြောစရာတောင် မလိုပါဘူး။ တစ်ကမ္ဘာလုံးသိပြီး သွားပြီးရင်း သွားခြင်စရာကောင်းတဲ့ မြို့ကြီးဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ တိုးရစ်အများဆုံးလာတဲ့မြို့လို့သိရပါတယ်။ တစ်နှစ်ကို ပျမ်းမျှ တိုးရစ် (၄၅)သန်းလောက် လာပါတယ်။ ပဲရစ်ဟာ ပြင်သစ်နိုင်ငံရဲ့ မြို့တော်ဆိုတာအပြင် City of Light, City of Love, Cap¬ital of Fashion လို့လည်း တင်စား ကြပါသေးတယ်။ ပဲရစ်မြို့မှာ လည်ပတ်စရာ ကမ္ဘာ့အံ့ဖွယ် အီဖယ်(လ်)မျှော်စင် (Eiffel Tower) အပြင် ရှေးဟောင်းအဆောက်အဦများ ဖြစ်သော Notre-Dame ဘုရားရှစ်ခိုးကျောင်း၊ ရှေးဟောင်း Pont Neut တံတား၊ ပြင်သစ်သူရဲကောင်းများ အထိမ်းအမှတ် အဆောက်အဦများအပြင် (၁၇၉၃) ခုနှစ် ပြင်သစ်တော်လှန်ရေးကာလတွင် ဖွင့်လှစ်ခဲ့သော The Louvre ပြတိုက်သို့လည်းလည်ပတ်နိုင်ပါတယ်။

The Eiffel Tower

ပြင်သစ်လို့ဆိုလိုက်လျှင် ပဲရစ်နှင့် အီဖယ်(လ်)မျှော်စင်ကို လူတိုင်းသိကြပါ တယ်။ ကမ္ဘာအံ့ဖွယ်တစ်ခုဖြစ်သလို ပြင်သစ်နိုင်ငံရဲ့ ဒီဇိုင်နာစက်မှုအင်ဂျင်နီယာပညာကို ဖော်ပြတဲ့ ပြယုဂ်တစ်ခုဖြစ်ပါတယ်။ ၁၈၈၉ ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး မီတာ (၃၀၀)မြင့်တဲ့အတွက် အဲဒီအချိန်က ကမ္ဘာမှာ အမြင့် ဆုံးအဆောက်အဦတစ်ခု ဖြစ်ခဲ့ပါတယ်။
ပြင်သစ်နိုင်ငံ၏ အထိမ်းအမှတ် ဖြစ်သော Are De Trionphe မုဒ်ဦး သက္ကန်းကျောင်းတိုင်မှာလည်း အံ့ဖွယ်တစ် မျိုးဖြစ်ပါတယ်။ ပြင်သစ်ဘုရင် နပိုလီယံမှ စစ်ပွဲများတွင် ပါ၀င်ခဲ့သော စစ်ဗိုလ်ချုပ်ကြီး (၆၆၀)၏ အမည်များ သာမက အသက်စွန့်ခဲ့ သော အညတရစစ်သားများအတွက် ဂုဏ်ပြုမော်ကွန်းတင်ထားသော အဆောက်အဦ ဖြစ်ပါတယ်။
ပဲရစ်မြို့တွင် ရှေးဟောင်းအထိမ်း အမှတ်အဆောက်အဦများသာမက စျေးဝယ်စင်တာများ၊ ပြင်သစ် စားသောက်ဆိုင်များ၊ ဖက်ရှင်ပြပွဲများ၊ ပြင်သစ် ယဉ်ကျေးမှု အနုပညာပြတိုက်များ စသည်ဖြင့် လည်စရာ ပတ်စရာစုံလင်သော မြို့ကြီးဖြစ်ပါတယ်။ ရှေးအကျဆုံး ကုန်တိုက်ကြီးဖြစ်သော Gal¬eris Lafayette သို့လည်း သွားရောက် စျေးဝယ်နိုင်ပါတယ်။

ပြင်သစ်မှာ သွားလည်စရာနောက် တစ်နေရာကတော့ French Reviera ဖြစ်ပါတယ်။ မြေထဲပင်လယ်ရဲ့ ပင်လယ်ကမ်းခြေနေရာဖြစ်ပါတယ်။ ကမ္ဘာ့သူဋ္ဌေးကြီးတွေ နာမည်ကြီးအကျော်အမော်တွေ သွား တဲ့နေရာလို့ နာမည်ကြီးပါတယ်။ အားလုံးသိကြတဲ့ နာမည်ကျော် ကိန်း(စ်)ရုပ်ရှင်ပွဲ တော် (Cannes Film Festival) ပြုလုပ်လေ့ရှိတဲ့နေရာ ဖြစ်ပါတယ်။

တိုးရစ်တွေသွားလေ့ရှိတဲ့ နေရာ တစ်ခုကတော့ Loire Valley ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံ အလယ်ပိုင်းဖြစ်ပြီး ကမ္ဘာကျော်ရဲတိုက်ကြီးတွေ၊ ပြင်သစ်ဝိုင်ထုတ်လုပ်တဲ့ Vineyard တွေနဲ့ သမိုင်းဝင် ကျေးရွာတွေကိုပါ တွေ့နိုင်ပါတယ်။ နာမည်ကြီးဝိုင် ထုတ်လုပ်တဲ့ နေရာတွေဖြစ်တဲ့အတွက် တိုးရစ်တွေဟာ လည်ရင်းပါတ်ရင်းနဲ့ ၀ိုင်မည်းတဲ့အရ သာကိုလည်း ခံစားနိုင်ကြမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ခရီးသွားလုပ်ငန်းကုမ္ပဏီတွေဟာ Loire Valley အတွက် သီးသန့် Wine Tasting Tour အစီအစဉ်တွေလည်း ပြုလုပ်ပြီး ခရီးသွားတွေကို ဆွဲဆောင်လေ့ရှိပါတယ်။ Loire မြစ်တစ်လျှောက်မှာ အလွန်လှပတဲ့ သဘာဝရှုခင်းတွေနဲ့ သမိုင်းဝင်နေရာတွေ ရှိတဲ့အတွက် ထင်ရှားတဲ့နေရာတခု ဖြစ်ပါတယ်။