Sunday, July 19, 2015

(Vocational Training) မ်ားျပဳလုပ္ေပးႏုိင္ရန္ MCC Polytechnic မ်ား ဖြင့္လွစ္ျခင္း

(Vocational Training) မ်ားျပဳလုပ္ေပးႏုိင္ရန္ MCC Polytechnic မ်ား ဖြင့္လွစ္ျခင္း
ႏုိင္ငံေရး၊ စီးပြားေရး ျပဳျပင္ေျပာင္းလဲမႈမ်ား အခ်ိန္တုိင္း စီးပြားေရး တုိးတက္ဖြံ႕ၿဖိဳးလာေသာ ျမန္မာႏုိင္ငံအတြက္ ျပည္တြင္းျပည္ပ လုပ္ငန္းႀကီးမ်ားတြင္ အသက္ေမြး၀မ္းေက်ာင္းပညာ ကြၽမ္းက်င္မႈ (Vocational Skill) ရွိသူမ်ား အေျမာက္အျမား လုိအပ္လ်က္ရွိၿပီး လုပ္ခလစာ ျမင့္မားေသာ အလုပ္အကုိင္ေကာင္းမ်ား ရရွိရန္ အခြင့္အလမ္းမ်ား ေပၚေပါက္လ်က္ရွိပါသည္။ ထုိ႔ေၾကာင့္ MCC Group သည္ အဂၤလန္ႏုိင္ငံမွ ကမၻာ့အႀကီးဆံုး အသက္ေမြး၀မ္းေက်ာင္းပညာ (Vocational Qualification) ျဖန္႔ျဖဴးေအာင္ PEARSON Group ႏွင့္ ပူးေပါင္းကာ အသက္ေမြး၀မ္းေက်ာင္းပညာ Highly National Diploma (HND) မ်ား ေလ့က်င့္သင္ၾကား ခ်ီးျမႇင့္ႏုိင္ရန္ အသက္ေမြး၀မ္းေက်ာင္းပညာ Vocational Training မ်ား သင္ၾကားႏုိင္ေရးအတြက္ Polytechnic ေက်ာင္းမ်ားကုိ ဖြင့္လွစ္လိုက္ပါၿပီ။ အသက္ေမြး၀မ္းေက်ာင္း ပညာရပ္မ်ားျဖစ္ေသာ IT အတတ္ပညာ၊ အင္ဂ်င္နီယာအတတ္ပညာ၊ စီးပြားေရး စီမံခန္႔ခြဲမႈ ပညာရပ္မ်ားကုိ စာေတြ႕လက္ေတြ႕ သင္ၾကားပုိ႔ခ်မည္ျဖစ္ၿပီး အင္ဂ်င္နီယာ ပညာရပ္မွာလဲ Construction and Build Environment, (Civil Engineering), Electrical and Electronic Engineering, Mechanical Engineering မ်ား စိတ္ႀကိဳက္ေရြးခ်ယ္ တက္ေရာက္ႏုိင္မည္ ျဖစ္ပါသည္။ တကၠသုိလ္၀င္တန္း (Grade 11) ေအာင္ျမင္ၿပီးသူမ်ား၊ iGCSE, LCCI (Level-3) မ်ားလည္း တက္ေရာက္ႏုိင္ပါသည္။ တကၠသုိလ္၀င္တန္း မေအာင္ျမင္သူမ်ားအေနျဖင့္ Level-3 Diploma သုိ႔ တက္ေရာက္ၿပီး Level-4 & Level-5 Diploma မ်ားမွ တစ္ဆင့္ ဘြဲ႕ဒီဂရီမ်ားအထိ အသက္ေမြး၀မ္းေက်ာင္းပညာ လမ္းေၾကာင္းမွ ရယူႏုိင္မည္ ျဖစ္ပါသည္။ Grade-9 (ယခင္ရွစ္တန္း) မေအာင္ျမင္ေသာ ေက်ာင္းသူ/ေက်ာင္းသားငယ္မ်ားလည္း Level-2 အဆင့္မွ စတင္တက္ ေရာက္ႏုိင္ၿပီး Level-3, Level - 4 & 5 Diploma မ်ားကုိလည္း ဆက္လက္တက္ေရာက္ႏုိင္ရန္ စီစဥ္ထားပါသည္။ MCC Polytechnic မ်ားကုိ ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္၊ ရတနာပံု ဆုိက္ဘာစီးတီးမ်ားတြင္ စတင္ဖြင့္လွစ္ထားၿပီး မံုရြာ၊ ျပည္၊ ပဲခူး၊ ပုသိမ္၊ ေမာ္လၿမိဳင္၊ မေကြး၊ ေတာင္ႀကီး စသည္ၿမိဳ႕မ်ားတြင္လည္း ဆက္လက္ဖြင့္လွစ္သြားမည္ ျဖစ္ပါသည္။
(Vocational Training) များပြုလုပ်ပေးနိုင်ရန် MCC Polytechnic များ ဖွင့်လှစ်ခြင်း
နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ အချိန်တိုင်း စီးပွားရေး တိုးတက်ဖွံ့ဖြိုးလာသော မြန်မာနိုင်ငံအတွက် ပြည်တွင်းပြည်ပ လုပ်ငန်းကြီးများတွင် အသက်မွေးဝမ်းကျောင်းပညာ ကျွမ်းကျင်မှု (Vocational Skill) ရှိသူများ အမြောက်အမြား လိုအပ်လျက်ရှိပြီး လုပ်ခလစာ မြင့်မားသော အလုပ်အကိုင်ကောင်းများ ရရှိရန် အခွင့်အလမ်းများ ပေါ်ပေါက်လျက်ရှိပါသည်။ ထို့ကြောင့် MCC Group သည် အင်္ဂလန်နိုင်ငံမှ ကမ္ဘာ့အကြီးဆုံး အသက်မွေးဝမ်းကျောင်းပညာ (Vocational Qualification) ဖြန့်ဖြူးအောင် PEARSON Group နှင့် ပူးပေါင်းကာ အသက်မွေးဝမ်းကျောင်းပညာ Highly National Diploma (HND) များ လေ့ကျင့်သင်ကြား ချီးမြှင့်နိုင်ရန် အသက်မွေးဝမ်းကျောင်းပညာ Vocational Training များ သင်ကြားနိုင်ရေးအတွက် Polytechnic ကျောင်းများကို ဖွင့်လှစ်လိုက်ပါပြီ။ အသက်မွေးဝမ်းကျောင်း ပညာရပ်များဖြစ်သော IT အတတ်ပညာ၊ အင်ဂျင်နီယာအတတ်ပညာ၊ စီးပွားရေး စီမံခန့်ခွဲမှု ပညာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချမည်ဖြစ်ပြီး အင်ဂျင်နီယာ ပညာရပ်မှာလဲ Construction and Build Environment, (Civil Engineering), Electrical and Electronic Engineering, Mechanical Engineering များ စိတ်ကြိုက်ရွေးချယ် တက်ရောက်နိုင်မည် ဖြစ်ပါသည်။ တက္ကသိုလ်ဝင်တန်း (Grade 11) အောင်မြင်ပြီးသူများ၊ iGCSE, LCCI (Level-3) များလည်း တက်ရောက်နိုင်ပါသည်။ တက္ကသိုလ်ဝင်တန်း မအောင်မြင်သူများအနေဖြင့် Level-3 Diploma သို့ တက်ရောက်ပြီး Level-4 & Level-5 Diploma များမှ တစ်ဆင့် ဘွဲ့ဒီဂရီများအထိ အသက်မွေးဝမ်းကျောင်းပညာ လမ်းကြောင်းမှ ရယူနိုင်မည် ဖြစ်ပါသည်။ Grade-9 (ယခင်ရှစ်တန်း) မအောင်မြင်သော ကျောင်းသူ/ကျောင်းသားငယ်များလည်း Level-2 အဆင့်မှ စတင်တက် ရောက်နိုင်ပြီး Level-3, Level - 4 & 5 Diploma များကိုလည်း ဆက်လက်တက်ရောက်နိုင်ရန် စီစဉ်ထားပါသည်။ MCC Polytechnic များကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ရတနာပုံ ဆိုက်ဘာစီးတီးများတွင် စတင်ဖွင့်လှစ်ထားပြီး မုံရွာ၊ ပြည်၊ ပဲခူး၊ ပုသိမ်၊ မော်လမြိုင်၊ မကွေး၊ တောင်ကြီး စသည်မြို့များတွင်လည်း ဆက်လက်ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။