Friday, December 18, 2015

ကာလီဖုိးနီးယားသြား ေတာလား . . .

ကာလီဖုိးနီးယားဆုိတာ အေမရိကန္ႏုိင္ငံ အေနာက္ဖက္ကမ္းေျခရွိ LA ဟုေခၚတဲ့ (Los Angelia) ၊ ဆန္ဖရန္စစၥကုိ (Senfrensisco) တုိ႔ တည္ရွိရာ ကမၻာေက်ာ္ (Silicon Valley) ရွိရာ ျပည္နယ္ျဖစ္ပါတယ္။ ဆန္ဖရန္စစၥကုိဟာ ပင္လယ္ေကြ႕နဲ႔ ေတာင္တန္းေတြအၾကားမွာ လွလွပပ တည္ေဆာက္ထားတဲ့ ၿမိဳ႕ျဖစ္ပါတယ္။ ကမၻာေက်ာ္ Golden Gate တံတားႀကီး၊ ကမၻာေက်ာ္ Silicon Valley ဆုိတာေတြဟာ ၿမိဳ႕ရဲ႕ ဂုဏ္ေဆာင္ေတြ ျဖစ္ပါတယ္။ ကမၻာႀကီးကုိ ကုိင္လႈပ္ေနတဲ့ Facebook တုိ႔ Google တုိ႔ရွိတဲ့အရပ္ပါ။ အဲဒီအရပ္က လူေတြၾကည့္လိုက္ရင္ ေန႔ျခင္း၊ ညျခင္း သူေဌးျဖစ္ဖုိ႔ ႀကံစည္ေနတဲ့ လူေတြခ်ည္းပါပဲ။ စားလုိ႔စားရမွန္းမသိ၊ အိပ္လုိ႔အိပ္ရမွန္းမသိ နည္းပညာေတြ ထြန္းကားတဲ့ စီလီကြန္ေတာင္ၾကားထဲမွာ ေဒၚလာဘီလ်ံေပါင္းမ်ားစြာ တန္ဖုိးရွိတဲ့ နည္းပညာေတြကုိ ဖန္တီးရင္းနဲ႔ Super Rich ျဖစ္ဖုိ႔ စိတ္ကူးယဥ္ေနၾကပါတယ္။ အဲဒီ Silicon Valley မွာ ကမၻာ့ဒုတိယအႀကီးဆံုး Software ကုမၸဏီျဖစ္တဲ့ ORACLE လည္း ရွိပါတယ္။ MCC ဟာ ORACLE ရဲ႕ Gold Partner ျဖစ္တဲ့အတြက္ ႏွစ္စဥ္ျပဳလုပ္ေနၾက ORACLE OPEN WORLD လုိ႔ေခၚတဲ့ ORACLE နဲ႔ ပါတ္သက္တဲ့ တစ္ကမၻာလံုးက ပါတနာေတြ ORACLE သံုးတဲ့ Customer ေတြ၊ ႐ံုးခြဲေတြက ၀န္ထမ္းေတြ ေတြ႕ဆံုတဲ့ပြဲေပါ့။

“ဟဲလုိ . . ဒယ္ဒီလား . . ORACLE OPEN WORLD က စက္တင္ဘာ (၂၀) ရက္ကေန ေအာက္တုိဘာ (၂) ရက္ထိ လုပ္မွာ . . ဒယ္ဒီ .. လန္ဒန္ေရာက္ေနတုန္း . . တစ္ခါထဲ သြားလိုက္ပါလား . . .”

သမီးျဖစ္သူက ရန္ကုန္က ဖုန္းဆက္လုိ႔ စာေရးသူ ပဲရစ္ကေန လန္ဒန္ျပန္ေနတဲ့ ရထားေပၚမွာ ေရာက္ေနပါတယ္။

“ေအးေပါ့ သမီးရယ္ . . . ဒယ္ဒီသြားလိုက္ပါ့မယ္ . .”

ေျပာမယ့္သာ ေျပာလိုက္ရတာ.. တစ္ကယ္ေတာ့ ဒီခရီး မနီးပါ။ အ၀တ္အစားေတြလည္း ၀တ္ၿပီးသား ေဟာင္းကုန္ၿပီ။ ၿပီးေတာ့ အရင္တစ္ေခါက္ ပဲရစ္ကေန အီတလီ သြားတုန္း ေလယာဥ္ပ်ံေပၚမွာက်န္ခဲ့လုိ႔ သံ႐ံုးက ကုိျပည္စုိးတုိ႔ သိမ္းထားတဲ့ ေသတၱာတစ္လံုးကလည္း ပါေသးတယ္။ အဲဒီထဲမွာလည္း အ၀တ္ေဟာင္းေတြနဲ႔ လမ္းေလွ်ာက္ဖိနပ္တစ္ရံ။

ရန္ကုန္႐ံုးကုိ အီးေမးလ္ပုိ႔ၿပီး လန္ဒန္၊ ဆန္ဖရန္စစၥကုိ ေလယာဥ္လက္မွတ္ ၀ယ္ခိုင္းပါတယ္။ အရင္တစ္ေခါက္ ၀ါရွင္တန္သြားတုန္းက အေမရိကန္ေလေၾကာင္းလုိင္းျဖစ္တဲ့ United Airline က မေကာင္းလုိ႔။ ဒီတစ္ေခါက္ Virgin Airline နဲ႔ လုပ္ခုိင္းရပါတယ္။ ဆန္ဖရန္စစၥကုိသြားမဲ့ေန႔ ဟီသ႐ိုးေလဆိပ္မွာ စာေရးသူ ေသတၱာသံုးလံုးနဲ႔ ဒုကၡေတြ႕ေနပါၿပီ။ Checking လုပ္ေတာ့ Baggage က ေသတၱာတစ္လံုး၊ လက္ဆြဲက ေသတၱာတစ္လံုး ဒါပဲရတယ္။ က်န္တဲ့ေသတၱာတစ္လံုးက ယူလုိ႔မရဘူးတဲ့။ ဒါနဲ႔ေသတၱာကုိ Left Baggage မွာထားၿပီး အျပန္မွယူမယ္ေပါ့ . . အျပန္မွာစီးမဲ့ TG (Thai Airway) က Terminal (2) မွာဆုိလုိ႔ အဲဒီအိတ္ႀကီး သံုးလံုးကုိ Trolley ေပၚတင္ ေက်ာပိုးအိတ္လည္း တစ္ဖက္နဲ႔ ပံုပ်က္ပန္းပ်က္ လန္ဒန္ ဟီသ႐ိုးေလဆိပ္ Terminal (3) ေအာက္ကုိဆင္း Terminal (2) ေရာက္ေအာင္ အေ၀းႀကီး Trolley ကုိတြန္း . . ဟုိေရာက္ေတာ့ TG ေလယာဥ္လုိင္းက သူတုိ႔အပ္ခဲ့လုိ႔ မရပါဘူး . . ။ ေလဆိပ္ရဲက Left Baggage ႐ံုကုိ သြားပါဆုိလုိ႔ .. အဲဒီ ျဗဳတ္စၿဗဲေလာင္းေတြနဲ႔ Terminal (3) ကုိ လာရာလမ္းအတုိင္း ျပန္တြန္းကာ အဲဒါနဲ႔ စိတ္ကမရွည္ေတာ့ဘူး။ Virgn Airline က Baggage (၁) ခုပဲ လက္ခံေတာ့ Excess Baggage ဖုိးေပးၿပီး အေမရိကန္ႏုိင္ငံကုိ ဆက္သြားမယ္ဆုိၿပီး Airline မွာ Check-In လုပ္၊ Excess ဖုိးေပးရင္ ရမလားဆုိေတာ့ ေငြေပးရင္ ဘာမဆုိ အျမန္ရပါတယ္ဆုိလုိ႔ မူလေလယာဥ္ခထဲမွာမပါတဲ့ Excess Baggage ဖုိး ေဒၚလာ (၂၀၀)ေလာက္ ေပးလိုက္ရပါတယ္ .. .။ ေငြေပးလိုက္လုိ႔ ျပႆနာ ေျပလည္သြားတဲ့အတြက္ အဲဒီအီတလီျပန္ ေသတၱာတစ္လံုးဟာ အေမရိကန္သုိ႔ ပါသြားၿပီ ျဖစ္ပါတယ္။

အေမရိကန္ႏုိင္ငံရွိတဲ့ ကမၻာ့ ဒုတိယအႀကီးဆံုး Software ကုမၸဏီ ORACLE မွာ Vice President အဆင့္ေရာက္ေနတဲ့ ျမန္မာတစ္ဦးရွိပါတယ္။ သူ႕နာမည္က Rafial Ahad လုိ႔ ေခၚပါတယ္။ စာေရးသူတုိ႔ကေတာ့ ကုိရာဖယ္လုိ႔ ေခၚပါတယ္။ ျမန္မာေတြ ဂုဏ္ယူရမွာပါ။ ORACLE ႐ံုးခ်ဳပ္ရဲ႕ အဆင့္ျမင့္ရာထူး တစ္ခုမွာ ျမန္မာရွိေနလုိ႔ ျဖစ္ပါတယ္။ ကိုရာဖယ္က အိႏၵိယေသြးစပ္တဲ့ ျမန္မာလူမ်ိဳး ျဖစ္ပါတယ္။ MCC အေနနဲ႔ ORACLE OPEN WORLD ကြန္ရက္ကုိ ပထမဆံုး တက္တာဆုိေတာ့ အစစအရာရာ ကူညီပါတယ္။ သူ႕ကုိ ဆန္ဖရန္စစၥကုိ လာမယ့္အေၾကာင္း၊ တည္းမယ့္ ဟုိတယ္နဲ႔ ORACLE ကြန္ဖရင့္မတုိင္မီေတြ႕ဖုိ႔ အားလံုး အီးေမးလ္နဲ႔ ပုိ႔ထားၿပီးပါၿပီ။ ဒီလုိနဲ႔ ကမၻာေက်ာ္ စြန္ဦးတီထြင္သူ စီးပြားေရးလုပ္ငန္းရွင္ႀကီး Sir Richard Bramson ပိုင္တဲ့ Virgin Airline ကုိ စီးၿပီး အေမရိကန္ႏုိင္ငံ ဆန္ဖရန္စစၥကုိၿမိဳ႕ကုိ (၁၃) နာရီေလာက္ၾကာတဲ့ ခရီးရွည္ႀကီး ေရာက္လာပါေတာ့တယ္။ အေမရိကန္ႏုိင္ငံကုိ၀င္တဲ့ ႏုိင္ငံတကာေလဆိပ္ဆုိေတာ့ ထံုးစံအတုိင္း လူ၀င္မႈႀကီးၾကပ္ေရးဂိတ္မွာ လူေပါင္းမ်ားစြာ တန္းစီတဲ့အထဲ ၀င္တန္းစီ ရပါတယ္။ မတတ္ႏုိင္ဘူးေပါ့။ ကုိယ္ကလဲ အေမရိကန္ကုိလာတာကုိ . . ထူးျခားတာက အဲဒီတန္းစီေနတဲ့ လူအုပ္ႀကီးထဲမွာ တ႐ုတ္လူမ်ိဳးေတြက တစ္၀က္ေလာက္ျဖစ္ပါတယ္။ ဒီလုိနဲ႔ ကုိယ့္အလွည့္ ေရာက္လာေတာ့ ခပ္ျမန္ျမန္ တံုးထုလိုက္ပါတယ္။ အေမးအျမန္း ဘာမွမရွိပါဘူး။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ရန္ကုန္မွာရွိတဲ့ အေမရိ ကန္သံုး႐ံုးက Multientry Business Visa တစ္ႏွစ္ေပးလိုက္လုိ႔ ျဖစ္ပါတယ္။ ၿပီးေတာ့ ကုိရဲ႕ Baggage ေတြကုိ သက္ဆုိင္ရာ Baggage Clain ေနရာ မွာ ေရြးၿပီးလုိ႔ Arrival Hall ထဲကုိလည္း ေရာက္ေရာ Welcome to Senfrensisco ဆုိတဲ့ ဆုိင္းဘုတ္ေတြ႕ပါတယ္။ ဒါေပမယ့္ ထူးထူးဆန္းဆန္း တစ္ျခား ဘယ္သာဘာစကားနဲ႔မွ ႏုတ္မဆက္ဘဲ ..တ႐ုတ္လုိ တ႐ုတ္စာနဲ႔ Welcome လုပ္တာေတြ႕လုိ႔ တ႐ုတ္ႏုိင္ငံ ေရာက္ေနသလားလုိ႔ေတာင္ ထင္ရပါတယ္။ အေရးႀကီးတာ Sim Card ၀ယ္ရမွာ ျဖစ္တဲ့အတြက္ Arrival Hall ကအထြက္ Sim Card ေရာင္းတဲ့ဆုိင္မွာ ၀ယ္ဖုိ႔သြားတဲ့အခါ . . . "Can I have a sim card please" ဆုိင္ရွင္က ျပန္ေျဖပါတယ္။ "We don't have other brand, we have only Huawei" စာေရးသူေရာက္ေနတာ အေမရိကန္ပါ။ တ႐ုတ္ျပည္မဟုတ္ပါဘူး။ ဒါေပမယ့္ ၾကည့္ေလ အေမရိကန္ႏုိင္ငံ ဆန္ဖရန္ စစၥကုိ ႏုိင္ငံတကာေလဆိပ္ရဲ႕ အေရာင္း ဆုိင္မွာ Huawei Sim Card ပဲ ရွိတယ္ဆုိေတာ့ . .. ။ ဒါနဲ႔ဘဲ တကၠစီငွားၿပီး ဟုိတယ္ရွိရာကုိ လာခဲ့ပါေတာ့တယ္။ ဟုိတယ္ေရွ႕ေရာက္ေတာ့မွ အဲဒီဟုိတယ္ဟာ ဆန္ဖရန္စစၥကုိရဲ႕ ေရွးအက်ဆံုး တ႐ုတ္ ဟုိတယ္ ျဖစ္ေနပါေလေရာ။ ဟုိတယ္နာမည္က .. Hotel Whitconb တဲ့ Checking Conuter မွာ တ႐ုတ္လူမ်ိဳးႀကီးနဲ႔ တ႐ုတ္မလွလွေတြကုိ ေတြ႕လိုက္ရပါေတာ့တယ္။ ORACLE OPEN WORLD ပြဲ မစခင္မွာ ေတြ႕လုိက္ရတဲ့ အေတြ႕အႀကံဳကေတာ့ အေမရိကန္ႏုိင္ငံ ကာလီဖုိးနီးယားျပည္နယ္ ဆန္ဖရန္စစၥကုိမွာ တ႐ုတ္ျပည္ ေရာက္ေနသလုိပါပဲလား။ အားလံုး တရားအားထုတ္... တ႐ုတ္ အားထား ေနၾကရၿပီျဖစ္တဲ့ Globalzation ပါဘဲလား။

ORACLE OPEN WORLD ကုိ ကမၻာအရပ္ရပ္က လူေပါင္း ၆၀၀၀၀ ေက်ာ္ လာပါတယ္။ ဒီႏွစ္ရဲ႕ အဓိက ေဆြးေႏြးတာကေတာ့ Cloud Computing ပဲ ျဖစ္ပါတယ္။ ORACLE ရဲ႕ တည္ေထာင္သူ ကမၻာ့အခ်မ္းသာဆံုး (၁၀) ေယာက္ထဲမွာပါတဲ့ Lary Ellison ကုိယ္တုိင္ ORACLE ရဲ႕ Cloud Solution မ်ားကုိ ရွင္းျပပါတယ္။ MCC ဟာလည္း ျမန္မာျပည္မွာ Cloud Computing နည္းပညာနဲ႔ Cloud Services ေတြေပးဖုိ႔ စီစဥ္ေနပါတယ္။ ဒါ့ေၾကာင့္ ORACLE OPEN WORLD ကုိကုိယ္တုိင္လာၿပီး ORACLE က တာ၀န္ရွိသူေတြနဲ႔လည္း ေတြ႕ရင္း ORACLE ရဲ႕ ေနာက္ဆံုးေပၚ နည္းပညာေတြကုိ ေလ့လာရင္းနဲ႔ စာေရးသူ ORACLE OPEN WORLD ကုိ ေရာက္ေနတာ ျဖစ္ပါတယ္။

“ဟဲလုိ . . ဦးတင္၀င္းေအာင္လား . . .ကြၽန္ေတာ္ ရာဖါယ္ပါ . . ကြၽန္ေတာ္တုိ႔ ORACLE OPEN WORLD ေနာက္ဆံုးေန႔မွာ . . Silicon Valley ကုိ လိုက္ျပမယ္ . .။ ၿပီးေတာ့ အဲဒီမွာ Golf ႐ိုက္ရေအာင္ . .ဘယ္နဲ႔လဲ . .”
ORACLE OPEN WORLD က သူေတြမ်ားေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ မေတြ႕ဘူးျဖစ္ေနတုန္း ကုိရာဖါယ္ဆီက ဖုန္းလာတာ ျဖစ္ပါတယ္။ “ကုိရာဖါယ္ေရ . . အလြန္ေကာင္းတဲ့ အစီအစဥ္ပါဘဲ။ ဒါေပမယ့္ ကြၽန္ေတာ့္မွာ Golf Set မပါဘူး . . ေဂါက္ကြင္းေရာက္မွ ငွားရမယ္ထင္တယ္ ...”

“ဆရာဦးတင္၀င္းေအာင္ . .. စိတ္မပူပါနဲ႔ . . ကြၽန္ေတာ့္မွာ Golf Set အပုိရွိတယ္။ အဲဒါယူလာပါမယ္။ အဲဒီေန႔ မနက္ေစာေစာ ဆန္ဖရန္စစၥကုိ Hotel Whtconb ေရွ႕က ဘူတာကေန ရထားစီးလာပါတယ္ . . ။ ဘူတာမွာ ကြၽန္ေတာ္ေစာင့္ေနပါ့မယ္ . . ။ Golf ႐ိုက္အၿပီး ကြၽန္ေတာ့္အိမ္မွာ ေရမုိးခ်ိဳး အ၀တ္အစားလဲၿပီး Mandalay Restaurant မွာ ျမန္မာထမင္းစားၾကမယ္ .. ျမန္မာျပည္က ေရာက္ေနတဲ့အဖြဲ႕ေတြအား လံုး အဲဒီမွာ ဆံုမယ္ . . .”

ေနာက္ေန႔မနက္ေစာေစာ ရထားစီးၿပီး ကုိရာဖါယ္ေျပာတဲ့ .. ဘူတာကုိ ေရာက္လုိ႔ သူကုိကြၽန္ေတာ့္က ေစာင့္ေနပါတယ္။ ေစာင့္ေနရင္း သတိထားမိတာက ဘူတာ႐ံုမွာေရာ ရထားစီးဖုိ႔ တစ္စီးၿပီးတစ္စီး ဆုိက္လာတဲ့ ကားေတြထဲက လူေတြေရာ ရထားေပၚက ဆင္းလာတဲ့သူေတြေရာ အားလံုးနီးပါး အိႏၵယလူမ်ိဳးေတြ ျဖစ္ေနလုိ႔ . . ငါမ်ား အိႏၵိယေရာက္ေနသလားလုိ႔ေတာင္ ထင္မိပါတယ္။ ေနာက္ေတာ့မွ ေမးၾကည့္ေတာ့။ Silicon Valley မွာ အလုပ္လုပ္ေနတဲ့ အိႏၵိယက IT ပညာရွင္ေတြနဲ႔ သူတုိ႔ရဲ႕ မိသားစုေတြလုိ႔ သိရပါတယ္။ Silicon Valley တစ္ခုလံုးမွာရွိတဲ့ ကမၻာေက်ာ္ IT ကုမၸဏီေတြမွာ အိႏၵိယ လူငယ္လူရြယ္ ပညာရွင္ေတြ အေျမာက္အျမား အလုပ္လုပ္နုိင္ေနတာ အိႏၵိယလူမ်ိဳးေတြအတြက္ ဂုဏ္ယူစရာပါ။ သူတုိ႔ေတြဟာ IT ကုမၸဏီေတြရဲ႕ ၀န္ထမ္းအျဖစ္မဟုတ္ဘဲ ကမၻာေက်ာ္ IT ကုမၸဏီႀကီးေတြရဲ႕ ထိပ္ပုိင္း Top Management အဆင့္ေတြေတာင္ ေရာက္ေနၾကပါၿပီ။ ကုိယ့္ျမန္မာျပည္က လူငယ္လူရြယ္ေတြကုိလည္း အဲဒီလုိျဖစ္ေစျခင္လိုက္တာ။ အဲဒီလုိ အေတြးနယ္ခ်ဲ႕ေနတုန္း ကုိရာဖါယ္ကားနဲ႔ေရာက္ၿပီး Silicon Valley ထဲ ေလွ်ာက္ျပပါေတာ့တယ္။ အရင္ဆံုး သူအလုပ္လုပ္တဲ့ ORACLE ႐ံုးခ်ဳပ္။ ၿပီးေတာ့ Google တုိ႔ Facebook တုိ႔ရဲ႕ ႐ံုးေတြ ေလွ်ာက္ၾကည့္ၾကပါတယ္။ Silicon Valley ဆုိလုိ႔ လွပတဲ့ ေတာင္ၾကားထင္လုိ႔။ တစ္ကယ္ေတာ့ မဟုတ္ပါဘူး။ ပင္လယ္ကမ္းစပ္နဲ႔ မနီးမေ၀းက ေစ်းေပါတဲ့ ကြင္းျပင္မွာ လုပ္ငန္းေတြ လာတည္ေထာင္ၾကရင္း နာမည္ႀကီးလာလုိ႔ Silicon Valley ျဖစ္လာတာလုိ႔ သိရပါတယ္။ ေဂါက္ကြင္းမွာ ရန္ကုန္လုိ ကယ္ရီေတြမရွိပါ။ ကုိယ့္ေဂါက္အိတ္တင္တဲ့လွည္း ကုိယ့္ဘာသာဆြဲၿပီး ႐ိုက္ၾကရပါတယ္။ အားပါးပါး . . ပူလိုက္တာ။ ကာလီဖုိးနီးယားရဲ႕ အပူဒဏ္ကုိ ခံရၿပီ။ မတတ္ႏုိင္ဘူး ကာလီဖုိးနီးယားရဲ႕ Silicon Valley မွာ ေဂါက္႐ိုက္ဘူးတယ္ရွိေအာင္ ႀကိတ္မွိတ္ၿပီး ႐ိုက္ရ ပါေတာ့တယ္ . . ။ အဲဒီေန႔က ႐ိုက္ခ်က္ေတြကလည္း . . ႏွစ္ေယာက္လံုး (၁၈) က်င္းကုိ အခ်က္ေပါင္း (၉၀) ေက်ာ္ သြားပါတယ္။ ေဂါက္႐ိုက္အၿပီး ကုိရာဖါယ္ရဲ႕ အိမ္သြားေတာ့ သူ႕ဇနီးက ဗီယက္နမ္သူပါ။ အိမ္ကလဲ ၿခံအက်ယ္ႀကီးထဲမွာ ဒီဇိုင္းေကာင္းေကာင္းနဲ႔ ေဆာက္ထားတဲ့ ႏွစ္ထပ္တိုက္ႀကီး ျဖစ္ပါတယ္။ ဘယ္ေလာက္တန္သလဲ ေမးၾကည့္ေတာ့ ေဒၚလာ တစ္သန္းနီးပါး က်တယ္လုိ႔ ေျပာပါတယ္။ ေဒၚလာတစ္သန္းဆုိတာ ျမန္မာေငြနဲ႔ က်ပ္သိန္း တစ္ေသာင္းေက်ာ္ေပါ့ . . ။ အဲဒီေငြနဲ႔ဆုိရင္ မႏၲေလးမွာ လမ္းမေပၚက ေပ ၄၀ x ေပ ၆၀ ဘဲရႏုိင္မယ္ဆုိေတာ့ . . မႏၲေလးသားေတြ အိမ္ေရာင္းၿပီး ကာလီဖုိးနီးယားမွာ သြားေနႏုိင္ၿပီ ျဖစ္ပါတယ္။ အေမရိကန္မွာ ေစ်းႀကီးမယ္ထင္တာ . . အားလံုးလုိလုိ ျမန္မာျပည္ထက္ ေစ်းသက္သာာ ေတြ႕ရပါတယ္။ ဒါေၾကာင့္ ျမန္မာေတြ ဆင္းရဲတယ္ဆုိတာ ဟုတ္မွဟုတ္ပါ့မလား . . ။ အေမရိကန္ေတြထက္ ပုိၿပီး ခ်မ္းသာေနသလုိလုိပါဘဲ။ တစ္ကယ္ေျပာတာပါ . . ျမန္မာျပည္မွာ မီလ်ံနာေတြ အမ်ားႀကီးပါဘဲ စာရင္းေကာက္ မၾကည့္ရေသးလုိ႔ မသိတာပါ .. ။ ဆန္ဖရန္စစၥကုိမွာရွိတဲ့ ျမန္မာ စားေသာက္ဆုိင္ေတြထဲမွာ Mandalay Restaurant ဟာ နာမည္ႀကီးပါ။ အဲဒီမွာ ျမန္မာျပည္က ေရာက္ေနတဲ့ IT အဖြဲ႕ေတြ နဲ႔ဆံုၿပီး ညစာ စားၾကပါတယ္။ ျမန္မာထမင္းဟင္းမ်ိဳးစံု ျမန္မာျပည္အတုိင္း စားရလုိ႔ ျမန္မာျပည္ ျပန္ေရာက္ေနသလုိ ခံစားရပါတယ္. . .။

ORACLE OPEN WORLD ၿပီးလုိ႔ ေနာက္တစ္ရက္ေရာက္ေတာ့ ကာလီဖုိးနီးယားရဲ႕ နာမည္ႀကီး ၀ုိင္အရက္ေတြ ထုတ္လုပ္တဲ့ NAPA Valley ကုိသြား လည္ပါတယ္။ ျမန္မာလူမ်ိဳးျဖစ္တဲ့ Gorden Kaung (ဦးေကာင္းရဲ႕သား) ဟာ NAPA Valley မွာ စပ်စ္ၿခံဧက (၆၀) ေလာက္ပုိင္ၿပီး သူကုိယ္တုိင္ နာမည္ႀကီး NAPA WINE ကုိ ထုတ္လုပ္ေနပါတယ္။ သူက ဟုိတယ္ကုိ ကားနဲ႔ လာေခၚၿပီး လိုက္ၾကတာပါ။ စာေရးသူ ဆန္ဖရန္စစၥကုိ မသြားမီတေန႔က သူနဲ႕ အီးေမးလ္ အဆက္အသြယ္ လုပ္ထားပါတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ရမည္းသင္းၿမိဳ႕နယ္ထဲက ရန္ကုန္-မႏၲေလး အျမန္လမ္းေဘး မုိင္တုိင္အမွတ္ (၂၅၅)နားမွာ စပ်စ္ၿခံစစိုက္ေနလုိ႔ ျဖစ္ပါတယ္။ ၀ုိင္ေလးဘာေလး ထုတ္မယ္စိတ္ကူးလုိ႔ ရမည္းသင္းေဒသရဲ႕ အပူခ်ိန္၊ စုိထုိင္းဆ၊ မုိးေရခ်ိန္၊ ေျမဆီလႊာ စတာေတြကုိ သူဆီပို႔ၿပီး စစ္ခုိင္းတာ။ မိမိတုိ႔ ရမည္းသင္းရာသီဥတုဟာ ကာလီဖုိးနီးယားနဲ႔ အတူတူ ျဖစ္တာမုိ႔ NAPA Valley မွာ စပ်စ္၀ုိင္ လုပ္ငန္းေတြ ေအာင္ျမင္သလုိ မိတ္ေဆြတုိ႔ ရမည္းသင္းေဒသ စပ်စ္စိုက္တဲ့ လုပ္ငန္းရွင္ေတြလည္း ေအာင္ျမင္ႏုိင္ပါတယ္။ မိတၳီလာ၊ ရမည္းသင္း ေဒသမွာ စပ်စ္စိုက္တဲ့ ေတာင္သူတစ္ဦးျဖစ္တဲ့ စာေရးသူဟာ ကာလီဖုိးနီးယားရဲ႕ နာမည္ႀကီး NAPA Valley ကုိ ေရာက္ခဲ့ပါၿပီ။ Gorden Kaung ရဲ႕ ေက်းဇူးနဲ႔ Vine Yard ေတြကို ေလ့လာခြင့္ ရခဲ့ပါတယ္။ ရန္ကုန္-မႏၲေလး အျမန္လမ္းနဲ႔ လမ္းေဟာင္းအၾကား ရမည္းသင္းၿမိဳ႕နယ္မွာ စပ်စ္ေတြ အႀကီးအက်ယ္ စိုက္ေနတာ ျဖစ္တဲ့အတြက္ တစ္ေန႔မွာ NAPA Valley လုိ မိတၳီလာ Valley ေတြ ရမည္းသင္း Valley ေတြ ျဖစ္လာေလမလား . . ။ ORACLE OPEN WORLD ကေန NAPA Valley အထိ စိတ္ကူးေတြ တစ္ေပြ႕တစ္ပိုက္နဲ႔ ျမန္မာျပည္ျပန္ဖုိ႔ ဟန္ျပင္ေနၿပီ ျဖစ္ပါတယ္။

ORACLE ရဲ႕ ေနာက္ဆံုးေပၚ နည္းပညာေတြ၊ Silicon Valley ရဲ႕ Feeling ေတြ၊ NAPA Valley ရဲ႕ အိပ္မက္ေတြ တစ္ေပြ႕တစ္ပုိက္နဲ႔သာမက လာတုန္းက ပါလာခဲ့တဲ့ Baggage (၃) လံုး တစ္ေပြ႕တစ္ပိုက္နဲ႔ ႏုိင္ငံတကာေလဆိပ္ကို လာခဲ့ပါတယ္ . . ။ ထံုးစံအတုိင္း Checking လုပ္မယ္ဆုိေတာ့ လက္ဆြဲတစ္လံုး Baggage အိတ္ႀကီးတစ္လံုး ေနာက္တစ္လံုးကေတာ့ မရဘူး။ Excess Baggage ဖုိးေပးရမယ္ဆုိေတာ့ ေဒၚလာ (၂၀၀) ထပ္ေပးလိုက္ရျပန္ေရာ..။ ၿပီးေတာ့ အေပါ့အပါးသြားဖုိ႔ ထရလြယ္ေအာင္ အလယ္လမ္းေဘးက ထုိင္ခံုေပးပါဆုိေတာ့လည္း မရွိေတာ့ . . ။ ေဒၚလာ (၉၀) ထပ္ေပးရင္ေတာ့ ေရွ႕ဘက္နားက ေျခဆန္႔လုိရမယ့္ေနရာ ရမယ္ေျပာျပေတာ့ .. ေပးလိုက္ရျပန္ပါေရာ . .. ။ အီတလီသြားတုန္းက က်န္ခဲ့တဲ့ ေသတၱာတစ္လံုးဟာ ျပင္သစ္က အဂၤလန္၊ အဂၤလန္ကေန အေမရိကန္ ေတာက္ေလွ်ာက္ ပါေနၿပီး အခုလည္း ဆန္ဖရန္စစၥကုိက လန္ဒန္၊ လန္ဒန္ကေန ဘန္ေကာက္၊ ဘန္ေကာက္ကေန ရန္ကုန္ စံုခ်ည္ဆန္ခ်ည္ ပါေနပါၿပီ။ ေပးလိုက္ရတဲ့ Excess Baggage ဖုိးကလည္း ေဒၚလာ (၄၀၀) ေလာက္နဲ႔ ရန္ကုန္ကုိ မွင္ေမာင္းေကာင္းေကာင္းနဲ႔ ျပန္သယ္လာခဲ့ပါ တယ္ . . ။ ရန္ကုန္ေရာက္လုိ႔ အဲဒီေသတၱာဖြင့္လိုက္ေတာ့ အထဲမွာ ၀တ္ၿပီးသား အ၀တ္အစားေဟာင္းေတြနဲ႔ လမ္းေလွ်ာက္စီး Walking Shoe တစ္ရံ ဒါဘဲပါပါတယ္ . .။ ေသတၱာဖုိးက လည္း ေဒၚလာ (၁၀၀)မရွိ၊ အထဲက အ၀တ္ေဟာင္းေတြနဲ႔ ပစၥည္းတန္ဖုိးကလည္း ေဒၚလာ(၁၀၀) မရွိဘဲ အဲဒီေသတၱာကုိ ေငြေတြအကုန္ခံ အခေပးၿပီး ရန္ကုန္ကုိ ျပန္သယ္လာခဲ့တဲ့ ပုဂၢိဳလ္ကေတာ့ . . စီမံခန္႔ခြဲမႈပညာေတြ သင္ေပးေနတဲ့ MCC ဥကၠ႒ႀကီးမွ ဟုတ္မွဟုတ္ပါ့မလားဘဲ . .။
MCC ဥကၠ႒ႀကီးရဲ႕ ဇာတ္လမ္းေတြထဲက ေနာက္ဇာတ္လမ္းတစ္ပုဒ္ေပါ့ . . .။

အီကုိကုိေအာင္

ကာလီဖိုးနီးယားသွား တောလား . . .

ကာလီဖိုးနီးယားဆိုတာ အမေရိကန်နိုင်ငံ အနောက်ဖက်ကမ်းခြေရှိ LA ဟုခေါ်တဲ့ (Los Angelia) ၊ ဆန်ဖရန်စစ္စကို (Senfrensisco) တို့ တည်ရှိရာ ကမ္ဘာကျော် (Silicon Valley) ရှိရာ ပြည်နယ်ဖြစ်ပါတယ်။ ဆန်ဖရန်စစ္စကိုဟာ ပင်လယ်ကွေ့နဲ့ တောင်တန်းတွေအကြားမှာ လှလှပပ တည်ဆောက်ထားတဲ့ မြို့ဖြစ်ပါတယ်။ ကမ္ဘာကျော် Golden Gate တံတားကြီး၊ ကမ္ဘာကျော် Silicon Valley ဆိုတာတွေဟာ မြို့ရဲ့ ဂုဏ်ဆောင်တွေ ဖြစ်ပါတယ်။ ကမ္ဘာကြီးကို ကိုင်လှုပ်နေတဲ့
Facebook တို့ Google တို့ရှိတဲ့အရပ်ပါ။ အဲဒီအရပ်က လူတွေကြည့်လိုက်ရင် နေ့ခြင်း၊ ညခြင်း သူဌေးဖြစ်ဖို့ ကြံစည်နေတဲ့ လူတွေချည်းပါပဲ။ စားလို့စားရမှန်းမသိ၊ အိပ်လို့အိပ်ရမှန်းမသိ နည်းပညာတွေ ထွန်းကားတဲ့ စီလီကွန်တောင်ကြားထဲမှာ ဒေါ်လာဘီလျံပေါင်းများစွာ တန်ဖိုးရှိတဲ့ နည်းပညာတွေကို ဖန်တီးရင်းနဲ့ Super Rich ဖြစ်ဖို့ စိတ်ကူးယဉ်နေကြပါတယ်။ အဲဒီ Silicon Valley မှာ ကမ္ဘာ့ဒုတိယအကြီးဆုံး Software ကုမ္ပဏီဖြစ်တဲ့ ORACLE လည်း ရှိပါတယ်။ MCC ဟာ ORACLE ရဲ့ Gold Partner ဖြစ်တဲ့အတွက် နှစ်စဉ်ပြုလုပ်နေကြ ORACLE OPEN WORLD လို့ခေါ်တဲ့ ORACLE နဲ့ ပါတ်သက်တဲ့ တစ်ကမ္ဘာလုံးက ပါတနာတွေ ORACLE သုံးတဲ့ Customer တွေ၊ ရုံးခွဲတွေက ၀န်ထမ်းတွေ တွေ့ဆုံတဲ့ပွဲပေါ့။

“ဟဲလို . . ဒယ်ဒီလား . . ORACLE OPEN WORLD က စက်တင်ဘာ (၂၀) ရက်ကနေ အောက်တိုဘာ (၂) ရက်ထိ လုပ်မှာ . . ဒယ်ဒီ .. လန်ဒန်ရောက်နေတုန်း . . တစ်ခါထဲ သွားလိုက်ပါလား . . .”

သမီးဖြစ်သူက ရန်ကုန်က ဖုန်းဆက်လို့ စာရေးသူ ပဲရစ်ကနေ လန်ဒန်ပြန်နေတဲ့ ရထားပေါ်မှာ ရောက်နေပါတယ်။

“အေးပေါ့ သမီးရယ် . . . ဒယ်ဒီသွားလိုက်ပါ့မယ် . .”

ပြောမယ့်သာ ပြောလိုက်ရတာ.. တစ်ကယ်တော့ ဒီခရီး မနီးပါ။ အဝတ်အစားတွေလည်း ၀တ်ပြီးသား ဟောင်းကုန်ပြီ။ ပြီးတော့ အရင်တစ်ခေါက် ပဲရစ်ကနေ အီတလီသွားတုန်း လေယာဉ်ပျံပေါ်မှာကျန်ခဲ့လို့ သံရုံးက ကိုပြည်စိုးတို့ သိမ်းထားတဲ့ သေတ္တာတစ်လုံးကလည်း ပါသေးတယ်။ အဲဒီထဲမှာလည်း အဝတ်ဟောင်းတွေနဲ့ လမ်းလျှောက်ဖိနပ်တစ်ရံ။

ရန်ကုန်ရုံးကို အီးမေးလ်ပို့ပြီး လန်ဒန်၊ ဆန်ဖရန်စစ္စကို လေယာဉ်လက်မှတ် ၀ယ်ခိုင်းပါတယ်။ အရင်တစ်ခေါက် ၀ါရှင်တန်သွားတုန်းက အမေရိကန်လေကြောင်းလိုင်းဖြစ်တဲ့ United Airline က မကောင်းလို့။ ဒီတစ်ခေါက် Virgin Airline နဲ့ လုပ်ခိုင်းရပါတယ်။ ဆန်ဖရန်စစ္စကိုသွားမဲ့နေ့ ဟီသရိုးလေဆိပ်မှာ စာရေးသူ သေတ္တာသုံးလုံးနဲ့ ဒုက္ခတွေ့နေပါပြီ။ Checking လုပ်တော့ Baggage က သေတ္တာတစ်လုံး၊ လက်ဆွဲက သေတ္တာတစ်လုံး ဒါပဲရတယ်။ ကျန်တဲ့သေတ္တာတစ်လုံးက ယူလို့မရဘူးတဲ့။ ဒါနဲ့သေတ္တာကို Left Baggage မှာထားပြီး အပြန်မှယူမယ်ပေါ့ . . အပြန်မှာစီးမဲ့ TG (Thai Airway) က Terminal (2) မှာဆိုလို့ အဲဒီအိတ်ကြီး သုံးလုံးကို Trolley ပေါ်တင် ကျောပိုးအိတ်လည်း တစ်ဖက်နဲ့ ပုံပျက်ပန်းပျက် လန်ဒန် ဟီသရိုးလေဆိပ် Terminal (3) အောက်ကိုဆင်း Terminal (2) ရောက်အောင် အဝေးကြီး Trolley ကိုတွန်း . . ဟိုရောက်တော့ TG
 လေယာဉ်လိုင်းက သူတို့အပ်ခဲ့လို့ မရပါဘူး . . ။ လေဆိပ်ရဲက Left Baggage ရုံကို သွားပါဆိုလို့ .. အဲဒီ ဗြုတ်စဗြဲလောင်းတွေနဲ့ Terminal (3) ကို လာရာလမ်းအတိုင်း ပြန်တွန်းကာ
အဲဒါနဲ့ စိတ်ကမရှည်တော့ဘူး။ Virgn Airline က Baggage (၁) ခုပဲ လက်ခံတော့ Excess Baggage ဖိုးပေးပြီး အမေရိကန်နိုင်ငံကို ဆက်သွားမယ်ဆိုပြီး Airline မှာ Check-In လုပ်၊ Excess ဖိုးပေးရင် ရမလားဆိုတော့ ငွေပေးရင် ဘာမဆို အမြန်ရပါတယ်ဆိုလို့ မူလလေယာဉ်ခထဲမှာမပါတဲ့ Excess Baggage ဖိုး ဒေါ်လာ (၂၀၀)လောက် ပေးလိုက်ရပါတယ် .. .။ ငွေပေးလိုက်လို့ ပြဿနာ ပြေလည်သွားတဲ့အတွက် အဲဒီအီတလီပြန် သေတ္တာတစ်လုံးဟာ အမေရိကန်သို့ ပါသွားပြီ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံရှိတဲ့ ကမ္ဘာ့ ဒုတိယအကြီးဆုံး Software ကုမ္ပဏီ ORACLE မှာ Vice President အဆင့်ရောက်နေတဲ့ မြန်မာတစ်ဦးရှိပါတယ်။ သူ့နာမည်က Rafial Ahad လို့ ခေါ်ပါတယ်။ စာရေးသူတို့ကတော့ ကိုရာဖယ်လို့ ခေါ်ပါတယ်။ မြန်မာတွေ ဂုဏ်ယူရမှာပါ။ ORACLE ရုံးချုပ်ရဲ့ အဆင့်မြင့်ရာထူး တစ်ခုမှာ မြန်မာရှိနေလို့ ဖြစ်ပါတယ်။ ကိုရာဖယ်က အိန္ဒိယသွေးစပ်တဲ့ မြန်မာလူမျိုး ဖြစ်ပါတယ်။ MCC အနေနဲ့ ORACLE OPEN WORLD ကွန်ရက်ကို ပထမဆုံး တက်တာဆိုတော့ အစစအရာရာ ကူညီပါတယ်။ သူ့ကို ဆန်ဖရန်စစ္စကို လာမယ့်အကြောင်း၊ တည်းမယ့် ဟိုတယ်နဲ့ ORACLE ကွန်ဖရင့်မတိုင်မီတွေ့ဖို့ အားလုံး အီးမေးလ်နဲ့ ပို့ထားပြီးပါပြီ။ ဒီလိုနဲ့ ကမ္ဘာကျော် စွန်ဦးတီထွင်သူ စီးပွားရေးလုပ်ငန်းရှင်ကြီး Sir Richard Bramson ပိုင်တဲ့ Virgin Airline ကို စီးပြီး အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့ကို (၁၃) နာရီလောက်ကြာတဲ့ ခရီးရှည်ကြီး ရောက်လာပါတော့တယ်။ အမေရိကန်နိုင်ငံကို၀င်တဲ့ နိုင်ငံတကာလေဆိပ်ဆိုတော့ ထုံးစံအတိုင်း လူဝင်မှုကြီးကြပ်ရေးဂိတ်မှာ လူပေါင်းများစွာ တန်းစီတဲ့အထဲ ၀င်တန်းစီ ရပါတယ်။ မတတ်နိုင်ဘူးပေါ့။ ကိုယ်ကလဲ အမေရိကန်ကိုလာတာကို . . ထူးခြားတာက အဲဒီတန်းစီနေတဲ့ လူအုပ်ကြီးထဲမှာ တရုတ်လူမျိုးတွေက တစ်ဝက်လောက်ဖြစ်ပါတယ်။ ဒီလိုနဲ့ ကိုယ့်အလှည့် ရောက်လာတော့ ခပ်မြန်မြန် တုံးထုလိုက်ပါတယ်။ အမေးအမြန်း ဘာမှမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်မှာရှိတဲ့ အမေရိ ကန်သုံးရုံးက Multientry Business Visa တစ်နှစ်ပေးလိုက်လို့ ဖြစ်ပါတယ်။ ပြီးတော့ ကိုရဲ့ Baggage တွေကို သက်ဆိုင်ရာ Baggage Clain နေရာ မှာ ရွေးပြီးလို့ Arrival Hall ထဲကိုလည်း ရောက်ရော Welcome to Senfrensisco ဆိုတဲ့ ဆိုင်းဘုတ်တွေ့ပါတယ်။ ဒါပေမယ့် ထူးထူးဆန်းဆန်း တစ်ခြား ဘယ်သာဘာစကားနဲ့မှ နုတ်မဆက်ဘဲ ..တရုတ်လို တရုတ်စာနဲ့ Welcome လုပ်တာတွေ့လို့ တရုတ်နိုင်ငံ ရောက်နေသလားလို့တောင် ထင်ရပါတယ်။ အရေးကြီးတာ Sim Card ၀ယ်ရမှာ ဖြစ်တဲ့အတွက် Arrival Hall ကအထွက် Sim Card ရောင်းတဲ့ဆိုင်မှာ ၀ယ်ဖို့သွားတဲ့အခါ . . . "Can I have a sim card please" ဆိုင်ရှင်က ပြန်ဖြေပါတယ်။ "We don't have other brand, we have only Huawei" စာရေးသူရောက်နေတာ အမေရိကန်ပါ။ တရုတ်ပြည်မဟုတ်ပါဘူး။ ဒါပေမယ့် ကြည့်လေ အမေရိကန်နိုင်ငံ ဆန်ဖရန် စစ္စကို နိုင်ငံတကာလေဆိပ်ရဲ့ အရောင်း ဆိုင်မှာ Huawei Sim Card ပဲ ရှိတယ်ဆိုတော့ . .. ။ ဒါနဲ့ဘဲ တက္ကစီငှားပြီး ဟိုတယ်ရှိရာကို လာခဲ့ပါတော့တယ်။ ဟိုတယ်ရှေ့ရောက်တော့မှ အဲဒီဟိုတယ်ဟာ ဆန်ဖရန်စစ္စကိုရဲ့ ရှေးအကျဆုံး တရုတ်ဟိုတယ် ဖြစ်နေပါလေရော။ ဟိုတယ်နာမည်က .. Hotel Whitconb တဲ့ Checking Conuter မှာ တရုတ်လူမျိုးကြီးနဲ့ တရုတ်မလှလှတွေကို တွေ့လိုက်ရပါတော့တယ်။ ORACLE OPEN WORLD ပွဲ မစခင်မှာ တွေ့လိုက်ရတဲ့ အတွေ့အကြုံကတော့ အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမှာ တရုတ်ပြည် ရောက်နေသလိုပါပဲလား။ အားလုံး တရားအားထုတ်... တရုတ်အားထား နေကြရပြီဖြစ်တဲ့ Globalzation ပါဘဲလား။

ORACLE OPEN WORLD ကို ကမ္ဘာအရပ်ရပ်က လူပေါင်း ၆၀၀၀၀ ကျော် လာပါတယ်။ ဒီနှစ်ရဲ့ အဓိက ဆွေးနွေးတာကတော့ Cloud Computing ပဲ ဖြစ်ပါတယ်။ ORACLE ရဲ့ တည်ထောင်သူ ကမ္ဘာ့အချမ်းသာဆုံး (၁၀) ယောက်ထဲမှာပါတဲ့ Lary Ellison ကိုယ်တိုင် ORACLE ရဲ့ Cloud Solution များကို ရှင်းပြပါတယ်။ MCC ဟာလည်း မြန်မာပြည်မှာ Cloud Computing နည်းပညာနဲ့ Cloud Services တွေပေးဖို့ စီစဉ်နေပါတယ်။ ဒါ့ကြောင့် ORACLE OPEN WORLD ကိုကိုယ်တိုင်လာပြီး ORACLE က တာဝန်ရှိသူတွေနဲ့လည်း တွေ့ရင်း ORACLE ရဲ့ နောက်ဆုံးပေါ် နည်းပညာတွေကို လေ့လာရင်းနဲ့ စာရေးသူ ORACLE OPEN WORLD ကို ရောက်နေတာ ဖြစ်ပါတယ်။

“ဟဲလို . . ဦးတင်ဝင်းအောင်လား . . .ကျွန်တော် ရာဖါယ်ပါ . . ကျွန်တော်တို့ ORACLE OPEN WORLD နောက်ဆုံးနေ့မှာ . . Silicon Valley ကို လိုက်ပြမယ် . .။ ပြီးတော့ အဲဒီမှာ Golf ရိုက်ရအောင် . .ဘယ်နဲ့လဲ . .”
ORACLE OPEN WORLD က သူတွေများတော့ တစ်ယောက်နဲ့တစ်ယောက် မတွေ့ဘူးဖြစ်နေတုန်း ကိုရာဖါယ်ဆီက ဖုန်းလာတာ ဖြစ်ပါတယ်။ “ကိုရာဖါယ်ရေ . . အလွန်ကောင်းတဲ့ အစီအစဉ်ပါဘဲ။ ဒါပေမယ့် ကျွန်တော့်မှာ Golf Set မပါဘူး . . ဂေါက်ကွင်းရောက်မှ ငှားရမယ်ထင်တယ် ...”

“ဆရာဦးတင်ဝင်းအောင် . .. စိတ်မပူပါနဲ့ . . ကျွန်တော့်မှာ Golf Set အပိုရှိတယ်။ အဲဒါယူလာပါမယ်။ အဲဒီနေ့ မနက်စောစော ဆန်ဖရန်စစ္စကို Hotel Whtconb ရှေ့က ဘူတာကနေ ရထားစီးလာပါတယ် . . ။ ဘူတာမှာ ကျွန်တော်စောင့်နေပါ့မယ် . . ။ Golf ရိုက်အပြီး ကျွန်တော့်အိမ်မှာ ရေမိုးချိုး အဝတ်အစားလဲပြီး Mandalay Restaurant မှာ မြန်မာထမင်းစားကြမယ် .. မြန်မာပြည်က ရောက်နေတဲ့အဖွဲ့တွေအား လုံး အဲဒီမှာ ဆုံမယ် . . .”

နောက်နေ့မနက်စောစော ရထားစီးပြီး ကိုရာဖါယ်ပြောတဲ့ .. ဘူတာကို ရောက်လို့ သူကိုကျွန်တော့်က စောင့်နေပါတယ်။ စောင့်နေရင်း သတိထားမိတာက ဘူတာရုံမှာရော ရထားစီးဖို့ တစ်စီးပြီးတစ်စီး ဆိုက်လာတဲ့ ကားတွေထဲက လူတွေရော ရထားပေါ်က ဆင်းလာတဲ့သူတွေရော အားလုံးနီးပါး အိန္ဒယလူမျိုးတွေ ဖြစ်နေလို့ . . ငါများ အိန္ဒိယရောက်နေသလားလို့တောင် ထင်မိပါတယ်။ နောက်တော့မှ မေးကြည့်တော့။ Silicon Valley မှာ အလုပ်လုပ်နေတဲ့ အိန္ဒိယက IT ပညာရှင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေလို့ သိရပါတယ်။ Silicon Valley တစ်ခုလုံးမှာရှိတဲ့ ကမ္ဘာကျော် IT ကုမ္ပဏီတွေမှာ အိန္ဒိယ လူငယ်လူရွယ် ပညာရှင်တွေ အမြောက်အမြား အလုပ်လုပ်နိုင်နေတာ အိန္ဒိယလူမျိုးတွေအတွက် ဂုဏ်ယူစရာပါ။ သူတို့တွေဟာ IT ကုမ္ပဏီတွေရဲ့ ၀န်ထမ်းအဖြစ်မဟုတ်ဘဲ ကမ္ဘာကျော် IT ကုမ္ပဏီကြီးတွေရဲ့ ထိပ်ပိုင်း Top Management အဆင့်တွေတောင် ရောက်နေကြပါပြီ။ ကိုယ့်မြန်မာပြည်က လူငယ်လူရွယ်တွေကိုလည်း အဲဒီလိုဖြစ်စေခြင်လိုက်တာ။ အဲဒီလို အတွေးနယ်ချဲ့နေတုန်း ကိုရာဖါယ်ကားနဲ့ရောက်ပြီး Silicon Valley ထဲ လျှောက်ပြပါတော့တယ်။ အရင်ဆုံး သူအလုပ်လုပ်တဲ့ ORACLE ရုံးချုပ်။ ပြီးတော့ Google တို့ Facebook တို့ရဲ့ ရုံးတွေ လျှောက်ကြည့်ကြပါတယ်။ Silicon Valley ဆိုလို့ လှပတဲ့ တောင်ကြား
ထင်လို့။ တစ်ကယ်တော့ မဟုတ်ပါဘူး။ ပင်လယ်ကမ်းစပ်နဲ့ မနီးမဝေးက စျေးပေါတဲ့ ကွင်းပြင်မှာ လုပ်ငန်းတွေ လာတည်ထောင်ကြရင်း နာမည်ကြီးလာလို့ Silicon Valley ဖြစ်လာတာလို့ သိရပါတယ်။ ဂေါက်ကွင်းမှာ ရန်ကုန်လို ကယ်ရီတွေမရှိပါ။ ကိုယ့်ဂေါက်အိတ်တင်တဲ့လှည်း ကိုယ့်ဘာသာဆွဲပြီး ရိုက်ကြရပါတယ်။ အားပါးပါး . . ပူလိုက်တာ။ ကာလီဖိုးနီးယားရဲ့ အပူဒဏ်ကို ခံရပြီ။ မတတ်နိုင်ဘူး ကာလီဖိုးနီးယားရဲ့ Silicon Valley မှာ ဂေါက်ရိုက်ဘူးတယ်ရှိအောင် ကြိတ်မှိတ်ပြီး ရိုက်ရ ပါတော့တယ် . . ။ အဲဒီနေ့က ရိုက်ချက်တွေကလည်း . . နှစ်ယောက်လုံး (၁၈) ကျင်းကို အချက်ပေါင်း (၉၀) ကျော်သွားပါတယ်။ ဂေါက်ရိုက်အပြီး ကိုရာဖါယ်ရဲ့ အိမ်သွားတော့ သူ့ဇနီးက ဗီယက်နမ်သူပါ။ အိမ်ကလဲ ခြံအကျယ်ကြီးထဲမှာ ဒီဇိုင်းကောင်းကောင်းနဲ့ ဆောက်ထားတဲ့ နှစ်ထပ်တိုက်ကြီး ဖြစ်ပါတယ်။ ဘယ်လောက်တန်သလဲ မေးကြည့်တော့ ဒေါ်လာ တစ်သန်းနီးပါး ကျတယ်လို့ ပြောပါတယ်။ ဒေါ်လာတစ်သန်းဆိုတာ မြန်မာငွေနဲ့ ကျပ်သိန်း တစ်သောင်းကျော်ပေါ့ . . ။ အဲဒီငွေနဲ့ဆိုရင် မန္တလေးမှာ လမ်းမပေါ်က ပေ ၄၀ x ပေ ၆၀ ဘဲရနိုင်မယ်ဆိုတော့ . . မန္တလေးသားတွေ အိမ်ရောင်းပြီး ကာလီဖိုးနီးယားမှာ သွားနေနိုင်ပြီ ဖြစ်ပါတယ်။ အမေရိကန်မှာ စျေးကြီးမယ်ထင်တာ . . အားလုံးလိုလို မြန်မာပြည်ထက် စျေးသက်သာာ တွေ့ရပါတယ်။ ဒါကြောင့် မြန်မာတွေ ဆင်းရဲတယ်ဆိုတာ ဟုတ်မှဟုတ်ပါ့မလား . . ။ အမေရိကန်တွေထက် ပိုပြီး ချမ်းသာနေသလိုလိုပါဘဲ။ တစ်ကယ်ပြောတာပါ . . မြန်မာပြည်မှာ မီလျံနာတွေ အများကြီးပါဘဲ စာရင်းကောက် မကြည့်ရသေးလို့ မသိတာပါ .. ။ ဆန်ဖရန်စစ္စကိုမှာရှိတဲ့ မြန်မာ စားသောက်ဆိုင်တွေထဲမှာ Mandalay Restaurant ဟာ နာမည်ကြီးပါ။ အဲဒီမှာ မြန်မာပြည်က ရောက်နေတဲ့ IT အဖွဲ့တွေ နဲ့ဆုံပြီး ညစာစားကြပါတယ်။ မြန်မာထမင်းဟင်းမျိုးစုံ မြန်မာပြည်အတိုင်း စားရလို့ မြန်မာပြည် ပြန်ရောက်နေသလို ခံစားရပါတယ်. . .။

ORACLE OPEN WORLD ပြီးလို့ နောက်တစ်ရက်ရောက်တော့ ကာလီဖိုးနီးယားရဲ့ နာမည်ကြီး ၀ုိင်အရက်တွေ ထုတ်လုပ်တဲ့ NAPA Valley ကိုသွား လည်ပါတယ်။ မြန်မာလူမျိုးဖြစ်တဲ့ Gorden Kaung (ဦးကောင်းရဲ့သား) ဟာ NAPA Valley မှာ စပျစ်ခြံဧက (၆၀) လောက်ပိုင်ပြီး သူကိုယ်တိုင် နာမည်ကြီး NAPA WINE ကို ထုတ်လုပ်နေပါတယ်။ သူက ဟိုတယ်ကို ကားနဲ့ လာခေါ်ပြီး လိုက်ကြတာပါ။ စာရေးသူ ဆန်ဖရန်စစ္စကို မသွားမီတနေ့က သူနဲ့ အီးမေးလ် အဆက်အသွယ် လုပ်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရမည်းသင်းမြို့နယ်ထဲက ရန်ကုန်-မန္တလေး အမြန်လမ်းဘေး မိုင်တိုင်အမှတ် (၂၅၅)နားမှာ စပျစ်ခြံစစိုက်နေလို့ ဖြစ်ပါတယ်။ ၀ုိင်လေးဘာလေး ထုတ်မယ်စိတ်ကူးလို့ ရမည်းသင်းဒေသရဲ့ အပူချိန်၊ စိုထိုင်းဆ၊ မိုးရေချိန်၊ မြေဆီလွှာ စတာတွေကို သူဆီပို့ပြီး စစ်ခိုင်းတာ။ မိမိတို့ ရမည်းသင်းရာသီဥတုဟာ ကာလီဖိုးနီးယားနဲ့ အတူတူ ဖြစ်တာမို့ NAPA Valley မှာ စပျစ်ဝိုင် လုပ်ငန်းတွေ အောင်မြင်သလို မိတ်ဆွေတို့ ရမည်းသင်းဒေသ စပျစ်စိုက်တဲ့ လုပ်ငန်းရှင်တွေလည်း အောင်မြင်နိုင်ပါတယ်။ မိတ္ထီလာ၊ ရမည်းသင်း ဒေသမှာ စပျစ်စိုက်တဲ့ တောင်သူတစ်ဦးဖြစ်တဲ့ စာရေးသူဟာ ကာလီဖိုးနီးယားရဲ့ နာမည်ကြီး NAPA Valley ကို ရောက်ခဲ့ပါပြီ။ Gorden Kaung ရဲ့ ကျေးဇူးနဲ့ Vine Yard တွေကို လေ့လာခွင့် ရခဲ့ပါတယ်။ ရန်ကုန်-မန္တလေး အမြန်လမ်းနဲ့ လမ်းဟောင်းအကြား ရမည်းသင်းမြို့နယ်မှာ စပျစ်တွေ အကြီးအကျယ် စိုက်နေတာ ဖြစ်တဲ့အတွက် တစ်နေ့မှာ NAPA Valley လို မိတ္ထီလာ Valley တွေ ရမည်းသင်း Valley တွေ ဖြစ်လာလေမလား . . ။ ORACLE OPEN WORLD ကနေ NAPA Valley အထိ စိတ်ကူးတွေ တစ်ပွေ့တစ်ပိုက်နဲ့ မြန်မာပြည်ပြန်ဖို့ ဟန်ပြင်နေပြီ ဖြစ်ပါတယ်။

ORACLE ရဲ့ နောက်ဆုံးပေါ် နည်းပညာတွေ၊ Silicon Valley ရဲ့ Feeling တွေ၊ NAPA Valley ရဲ့ အိပ်မက်တွေ တစ်ပွေ့တစ်ပိုက်နဲ့သာမက လာတုန်းက ပါလာခဲ့တဲ့ Baggage (၃) လုံး တစ်ပွေ့တစ်ပိုက်နဲ့ နိုင်ငံတကာလေဆိပ်ကို လာခဲ့ပါတယ် . . ။ ထုံးစံအတိုင်း Checking လုပ်မယ်ဆိုတော့ လက်ဆွဲတစ်လုံး Baggage အိတ်ကြီးတစ်လုံး နောက်တစ်လုံးကတော့ မရဘူး။ Excess Baggage ဖိုးပေးရမယ်ဆိုတော့ ဒေါ်လာ (၂၀၀) ထပ်ပေးလိုက်ရပြန်ရော..။ ပြီးတော့ အပေါ့အပါးသွားဖို့ ထရလွယ်အောင် အလယ်လမ်းဘေးက ထိုင်ခုံပေးပါဆိုတော့လည်း မရှိတော့ . . ။ ဒေါ်လာ (၉၀) ထပ်ပေးရင်တော့ ရှေ့ဘက်နားက ခြေဆန့်လိုရမယ့်နေရာ ရမယ်ပြောပြတော့ .. ပေးလိုက်ရပြန်ပါရော . .. ။ အီတလီသွားတုန်းက ကျန်ခဲ့တဲ့ သေတ္တာတစ်လုံးဟာ ပြင်သစ်က အင်္ဂလန်၊ အင်္ဂလန်ကနေ အမေရိကန် တောက်လျှောက် ပါနေပြီး အခုလည်း ဆန်ဖရန်စစ္စကိုက လန်ဒန်၊ လန်ဒန်ကနေ ဘန်ကောက်၊ ဘန်ကောက်ကနေ ရန်ကုန် စုံချည်ဆန်ချည် ပါနေပါပြီ။ ပေးလိုက်ရတဲ့ Excess Baggage ဖိုးကလည်း ဒေါ်လာ (၄၀၀) လောက်နဲ့ ရန်ကုန်ကို မှင်မောင်းကောင်းကောင်းနဲ့ ပြန်သယ်လာခဲ့ပါ တယ် . . ။ ရန်ကုန်ရောက်လို့ အဲဒီသေတ္တာဖွင့်လိုက်တော့ အထဲမှာ ၀တ်ပြီးသား အဝတ်အစားဟောင်းတွေနဲ့ လမ်းလျှောက်စီး Walking Shoe တစ်ရံ ဒါဘဲပါပါတယ် . .။ သေတ္တာဖိုးက လည်း ဒေါ်လာ (၁၀၀)မရှိ၊ အထဲက အဝတ်ဟောင်းတွေနဲ့ ပစ္စည်းတန်ဖိုးကလည်း ဒေါ်လာ(၁၀၀) မရှိဘဲ အဲဒီသေတ္တာကို ငွေတွေအကုန်ခံ အခပေးပြီး ရန်ကုန်ကို ပြန်သယ်လာခဲ့တဲ့ ပုဂ္ဂိုလ်ကတော့ . . စီမံခန့်ခွဲမှုပညာတွေ သင်ပေးနေတဲ့ MCC ဥက္ကဋ္ဌကြီးမှ ဟုတ်မှဟုတ်ပါ့မလားဘဲ . .။
MCC ဥက္ကဋ္ဌကြီးရဲ့ ဇာတ်လမ်းတွေထဲက နောက်ဇာတ်လမ်းတစ်ပုဒ်ပေါ့ . . .။

အီကိုကိုအောင်