Sunday, July 19, 2015

နည္းပညာျဖင့္ Super Rich ျဖစ္ၾကသူမ်ား

နည္းပညာျဖင့္ Super Rich ျဖစ္ၾကသူမ်ား
ကမၻာေပၚမွာ ဘီလ်ံနာသူေ႒းႀကီးေတြ အေျမာက္အျမား ရွိပါတယ္။ ေျမယာ၊ အုိးအိမ္၊ တိုက္တာ (Real Estate) လုပ္ငန္းေတြ၊ ပင္လယ္ကူး သေဘၤာႀကီးေတြပိုင္တဲ့ လုပ္ငန္းေတြ၊ တကမၻာလံုးမွာ ဖြင့္ႏုိင္တဲ့ လက္လီ Super ကုန္တုိက္ႀကီးေတြ၊ ဘဏ္လုပ္ငန္းႀကီးေတြ၊ ဆက္သြယ္ေရးနဲ႔ ေရနံဓါတု လုပ္ငန္းႀကီးေတြ စသည္တုိ႔ကုိ မ်ိဳးရိုးစဥ္ဆက္ လုပ္ကုိင္ရင္း ခ်မ္းသာလာခဲ့ၾကျခင္း ျဖစ္ပါသည္။ သုိ႔ေသာ္ မ်ိဳးရိုးစဥ္ဆက္ လည္းမရွိ၊ ေငြေၾကးအရင္းအႏွီးလဲမရွိဘဲ ေန႔ျခင္းညျခင္း ဘီလ်ံနာမ်ား ျဖစ္လာၾကသူမ်ားမွာ နည္းပညာ အထူးသျဖင့္ (Information Technology) ျဖင့္ ေအာင္ျမင္လာေသာ (Technoprenure) မ်ား ျဖစ္ပါသည္။ Bloomberg Bummers မဂၢဇင္းမွ ျပဳလုပ္ေသာ ကမၻာ့အခ်မ္းသာဆံုး ပုဂၢိဳလ္ (၅၀) ဦးတြင္ နည္းပညာျဖင့္ ခ်မ္းသာသူ (၁၀) ဦး ပါ၀င္ေၾကာင္း ေတြ႕ရပါသည္။ ယင္း (၅၀) ဦးထဲမွ အခ်မ္းသာဆံုး ပုဂၢိဳလ္မွာ Microsoft နည္းပညာ လုပ္ငန္းကုိ ထူေထာင္ႏုိင္ခဲ့သူ Bill Gate ပင္ ျဖစ္ပါသည္။ Bill Gate ၏ ခ်မ္းသာ ၾကြယ္၀မႈမွာ ေဒၚလာ (၇၉.၂) ဘီလ်ံျဖစ္ၿပီး Personal Computer တြင္ အသံုးျပဳသည့္ Software စနစ္မ်ားကုိ တီထြင္ထုတ္လုပ္ရာမွ ခ်မ္းသာျခင္း ျဖစ္ပါသည္။ 
ကမၻာ့ ပဥၥမေျမာက္ အခ်မ္းသာဆံုး ပုဂၢိဳလ္မွာ နည္းပညာကုမၸဏီျဖစ္ေသာ Oracle ကုိ ပုိင္ဆုိင္သည့္ Larry Ellison ျဖစ္ပါသည္။ သူ၏ ပုိင္ဆုိင္မႈ တန္ဖိုးမွာ ေဒၚလာ (၅၄.၃) ဘီလ်ံျဖစ္ၿပီး ကြန္ပ်ဴတာအသံုးျပဳစနစ္မ်ားအတြက္ မရွိမျဖစ္ လုိအပ္ေသာ Database စနစ္ကုိ တီထြင္ထုတ္လုပ္ရာမွ ခ်မ္းသာသြားၿပီး Database အျပင္ အျခားေသာ Enterprise System ကုမၸဏီမ်ားကုိ ၀ယ္ယူၿပီး Oracle အမည္ျဖင့္ ေရာင္းခ်လ်က္ ရွိပါသည္။ 
ကမၻာ့အခ်မ္းသာဆံုးစာရင္း၏ (၁၅) ေယာက္ေျမာက္ ပုဂၢိဳလ္မွာ နည္းပညာနယ္ပယ္တြင္ E-Commerce လုပ္ငန္းျဖစ္ေသာ Amazon.com ကုိ တည္ေထာင္လုပ္ကုိင္သူ Jeff-Bezo မည္ ျဖစ္ပါသည္။ အြန္လုိင္းစနစ္ျဖင့္ စာအုပ္မ်ားကုိ ေရာင္းရာမွ ယခုအခါ ပစၥည္းမ်ိဳးစံု ေရာင္းခ်ေသာ ကမၻာ့အႀကီးဆံုး e-Commer လုပ္ငန္းႀကီးအျဖစ္ ထူေထာင္ခဲ့ၿပီး ေဒၚလာ (၃၄.၉) ဘီလ်ံ ခ်မ္းသာေသာ Super Rich ျဖစ္လာခဲ့ပါသည္။ အခ်မ္းသာဆံုး (၁၀) ေယာက္ေျမာက္ျဖစ္သူမွာလည္း နည္းပညာနယ္ပါယ္မွျဖစ္ၿပီး စူပါျဖစ္ေနေသာ Facebook.com ကုိ တီထြင္သူ Mark-Zuckerberg ျဖစ္ပါသည္။ သူ၏ ခ်မ္းသာၾကြယ္၀မႈမွာ ေဒၚလာ (၃၃.၄) ဘီလ်ံ ျဖစ္ပါသည္။ ကမၻာ့အခ်မ္းသာဆံုးအဆင့္ (၁၈) ႏွင့္ (၁၉) ေနရာ အသီးသီး ယူထားသူမ်ားမွာ ကမၻာတစ္ခုလံုးရွိ လူတုိင္း ေန႔စဥ္ အသံုးျပဳေနေသာ Search Enginee ျဖစ္သည့္ Google ကုိ တီထြင္သူ Larry Page ႏွင့္ Serge Brin တုိ႔ ျဖစ္ၾကပါသည္။ Larry Page အေနျဖင့္ ေဒၚလာ (၂၉.၇) ဘီလ်ံ ခ်မ္းသာၿပီး Sergey Brin က ေဒၚလာ (၂၉.၂) ဘီလ်ံ ခ်မ္းသာပါသည္။ 
ေန႔ခ်င္းညခ်င္း ကမၻာ့အခ်မ္းသာဆံုး အဆင့္ (၃၃) ဦးမွာ ေဒၚလာ (၂၂.၇) ဘီလ်ံျဖင့္ ၾကြယ္၀ခ်မ္းသာသူ တ႐ုတ္ႏုိင္ငံမွ Jack Ma ဆုိသူျဖစ္ၿပီး e-Commerce Portal ျဖစ္ေသာ Alibaba.com ကုိ တီထြင္ထူေထာင္လုပ္ကုိင္သူ ျဖစ္ပါသည္။ ကမၻာ့အခ်မ္းသာဆံုးအဆင့္ (၃၅) တြင္ Microsoft ကုိ ပူးတြဲတည္ေထာင္သူ Steve Ballmer က ေဒၚလာ (၂၁.၅) ဘီလ်ံ ခ်မ္းသာၿပီး Apple Disney လုပ္ငန္းလုပ္ကုိင္သူ Ms. Laurence Powell Jobs အေနျဖင့္ ေဒၚလာ (၁၉.၅) ဘီလ်ံျဖင့္ အဆင့္ (၄၅) ေနရာတြင္ ေရာက္ေနပါသည္။ 
အထက္ေဖာ္ျပပါ နည္းပညာလုပ္ငန္းျဖင့္ ကမၻာ့အခ်မ္းသာဆံုး (၅၀) စာရင္းတြင္ နည္းပညာတီထြင္ဖန္တီးသူမ်ားအျပင္ ေနာက္ဆံုး မေမ်ာ္လင့္ဘဲ တရွိန္ထုိး လိုက္လာသူမ်ားမွာ သာမန္ Mobile Application (Mobile App) မ်ား တီထြင္ထုတ္လုပ္ျခင္းျဖင့္ မထင္မွတ္ဘဲ ျမန္ျမန္ဆန္ဆန္ ဘီလ်ံနာ ျဖစ္လာသူမ်ားျဖစ္ပါသည္။ ယင္းတုိ႔အထဲတြင္ Texi ငွားသည့္ Mobile App ျဖစ္ေသာ Uber ကုိ တီထြင္သူ Travie Kalanick ျဖစ္ၿပီး ေဒၚလာ (၁၈) ဘီလ်ံ ၾကြယ္၀သူ ျဖစ္လာပါသည္။ Facebook မွ ေဒၚလာ (၁၉) ဘီလ်ံ ေပး၀ယ္လိုက္ရေသာ Messaging App ျဖစ္ေသာ WhatsApp ကုိ တီထြင္လုိက္သူမွာ Jan Koum ဆုိသူ ျဖစ္ပါသည္။ နာမည္ေက်ာ္ Online Payment စနစ္ျဖစ္ေသာ Paypal သည္ ယခုအခါ ေဒၚလာ (၄၇) ဘီလ်ံ တန္ေနၿပီဟု ဆုိရပါမည္။ ယင္းစနစ္ကုိ ပူးတြဲတီထြင္သူ Max Levchin သည္လည္း ဘီလ်ံနာ ျဖစ္ေနၿပီး ကမၻာ့ Super Rich ကလပ္သုိ႔ ၀င္ေရာက္လာသူ ေနာက္တစ္ဦးမွာ တ႐ုတ္ႏုိင္ငံမွ Frank Wang ဆုိသူျဖစ္ၿပီး ယေန႔ေပၚျပဴလာ ျဖစ္ေနေသာ ကြန္ပ်ဴတာစနစ္ျဖင့္ ထိန္းခ်ဳပ္သည့္ ေမာင္းသူမဲ့ ေလယာဥ္ငယ္ (Drone) မ်ားကုိ တီထြင္ထုတ္လုပ္ေနသူ ျဖစ္ပါသည္။ သူ၏ (DJI) ကုမၸဏီသည္ ေဒၚလာ (၄၅) ဘီလ်ံတန္ေနၿပီ ျဖစ္ပါသည္။ 
ယေန႔ လူငယ္လူရြယ္မ်ား သင္ယူေနေသာ နည္းပညာသည္ Super Rich ျဖစ္ရန္ အေျခခံေကာင္းျဖစ္ပါသည္။ အထက္ေဖာ္ျပပါ နည္းပညာျဖင့္ Super Rich ျဖစ္သူမ်ားသည္ သူလုိကုိယ္လုိ လူငယ္လူရြယ္မ်ားသာ ျဖစ္ပါသည္။ စိတ္ကူးေကာင္းတစ္ခုကုိ တီထြင္ႀကံဆႏုိင္သည့္ အတြက္ လ်င္ျမန္စြာ ခ်မ္းသာသြားၾကျခင္းျဖစ္ပါသည္။ ျမန္မာႏုိင္ငံမွ လူငယ္လူရြယ္တုိင္း စိတ္ကူးေကာင္း ႀကံဆႏုိင္ပါက Super Rich ျဖစ္ႏုိင္သည့္ အခြင့္အလမ္းရွိပါေၾကာင္း သတင္းေကာင္း ပါးလိုက္ပါသည္။
နည်းပညာဖြင့် Super Rich ဖြစ်ကြသူများ
ကမ္ဘာပေါ်မှာ ဘီလျံနာသူဋ္ဌေးကြီးတွေ အမြောက်အမြား ရှိပါတယ်။ မြေယာ၊ အိုးအိမ်၊ တိုက်တာ (Real Estate) လုပ်ငန်းတွေ၊ ပင်လယ်ကူး သင်္ဘောကြီးတွေပိုင်တဲ့ လုပ်ငန်းတွေ၊ တကမ္ဘာလုံးမှာ ဖွင့်နိုင်တဲ့ လက်လီ Super ကုန်တိုက်ကြီးတွေ၊ ဘဏ်လုပ်ငန်းကြီးတွေ၊ ဆက်သွယ်ရေးနဲ့ ရေနံဓါတု လုပ်ငန်းကြီးတွေ စသည်တို့ကို မျိုးရိုးစဉ်ဆက် လုပ်ကိုင်ရင်း ချမ်းသာလာခဲ့ကြခြင်း ဖြစ်ပါသည်။ သို့သော် မျိုးရိုးစဉ်ဆက် လည်းမရှိ၊ ငွေကြေးအရင်းအနှီးလဲမရှိဘဲ နေ့ခြင်းညခြင်း ဘီလျံနာများ ဖြစ်လာကြသူများမှာ နည်းပညာ အထူးသဖြင့် (Information Technology) ဖြင့် အောင်မြင်လာသော (Technoprenure) များ ဖြစ်ပါသည်။ Bloomberg Bummers မဂ္ဂဇင်းမှ ပြုလုပ်သော ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် (၅၀) ဦးတွင် နည်းပညာဖြင့် ချမ်းသာသူ (၁၀) ဦး ပါ၀င်ကြောင်း တွေ့ရပါသည်။ ယင်း (၅၀) ဦးထဲမှ အချမ်းသာဆုံး ပုဂ္ဂိုလ်မှာ Microsoft နည်းပညာ လုပ်ငန်းကို ထူထောင်နိုင်ခဲ့သူ Bill Gate ပင် ဖြစ်ပါသည်။ Bill Gate ၏ ချမ်းသာ ကြွယ်ဝမှုမှာ ဒေါ်လာ (၇၉.၂) ဘီလျံဖြစ်ပြီး Personal Computer တွင် အသုံးပြုသည့် Software စနစ်များကို တီထွင်ထုတ်လုပ်ရာမှ ချမ်းသာခြင်း ဖြစ်ပါသည်။ 
ကမ္ဘာ့ ပဥ္စမမြောက် အချမ်းသာဆုံး ပုဂ္ဂိုလ်မှာ နည်းပညာကုမ္ပဏီဖြစ်သော Oracle ကို ပိုင်ဆိုင်သည့် Larry Ellison ဖြစ်ပါသည်။ သူ၏ ပိုင်ဆိုင်မှု တန်ဖိုးမှာ ဒေါ်လာ (၅၄.၃) ဘီလျံဖြစ်ပြီး ကွန်ပျူတာအသုံးပြုစနစ်များအတွက် မရှိမဖြစ် လိုအပ်သော Database စနစ်ကို တီထွင်ထုတ်လုပ်ရာမှ ချမ်းသာသွားပြီး Database အပြင် အခြားသော Enterprise System ကုမ္ပဏီများကို ၀ယ်ယူပြီး Oracle အမည်ဖြင့် ရောင်းချလျက် ရှိပါသည်။ 
ကမ္ဘာ့အချမ်းသာဆုံးစာရင်း၏ (၁၅) ယောက်မြောက် ပုဂ္ဂိုလ်မှာ နည်းပညာနယ်ပယ်တွင် E-Commerce လုပ်ငန်းဖြစ်သော Amazon.com ကို တည်ထောင်လုပ်ကိုင်သူ Jeff-Bezo မည် ဖြစ်ပါသည်။ အွန်လိုင်းစနစ်ဖြင့် စာအုပ်များကို ရောင်းရာမှ ယခုအခါ ပစ္စည်းမျိုးစုံ ရောင်းချသော ကမ္ဘာ့အကြီးဆုံး e-Commer လုပ်ငန်းကြီးအဖြစ် ထူထောင်ခဲ့ပြီး ဒေါ်လာ (၃၄.၉) ဘီလျံ ချမ်းသာသော Super Rich ဖြစ်လာခဲ့ပါသည်။ အချမ်းသာဆုံး (၁၀) ယောက်မြောက်ဖြစ်သူမှာလည်း နည်းပညာနယ်ပါယ်မှဖြစ်ပြီး စူပါဖြစ်နေသော Facebook.com ကို တီထွင်သူ Mark-Zuckerberg ဖြစ်ပါသည်။ သူ၏ ချမ်းသာကြွယ်ဝမှုမှာ ဒေါ်လာ (၃၃.၄) ဘီလျံ ဖြစ်ပါသည်။ ကမ္ဘာ့အချမ်းသာဆုံးအဆင့် (၁၈) နှင့် (၁၉) နေရာ အသီးသီး ယူထားသူများမှာ ကမ္ဘာတစ်ခုလုံးရှိ လူတိုင်း နေ့စဉ် အသုံးပြုနေသော Search Enginee ဖြစ်သည့် Google ကို တီထွင်သူ Larry Page နှင့် Serge Brin တို့ ဖြစ်ကြပါသည်။ Larry Page အနေဖြင့် ဒေါ်လာ (၂၉.၇) ဘီလျံ ချမ်းသာပြီး Sergey Brin က ဒေါ်လာ (၂၉.၂) ဘီလျံ ချမ်းသာပါသည်။ 
နေ့ချင်းညချင်း ကမ္ဘာ့အချမ်းသာဆုံး အဆင့် (၃၃) ဦးမှာ ဒေါ်လာ (၂၂.၇) ဘီလျံဖြင့် ကြွယ်ဝချမ်းသာသူ တရုတ်နိုင်ငံမှ Jack Ma ဆိုသူဖြစ်ပြီး e-Commerce Portal ဖြစ်သော Alibaba.com ကို တီထွင်ထူထောင်လုပ်ကိုင်သူ ဖြစ်ပါသည်။ ကမ္ဘာ့အချမ်းသာဆုံးအဆင့် (၃၅) တွင် Microsoft ကို ပူးတွဲတည်ထောင်သူ Steve Ballmer က ဒေါ်လာ (၂၁.၅) ဘီလျံ ချမ်းသာပြီး Apple Disney လုပ်ငန်းလုပ်ကိုင်သူ Ms. Laurence Powell Jobs အနေဖြင့် ဒေါ်လာ (၁၉.၅) ဘီလျံဖြင့် အဆင့် (၄၅) နေရာတွင် ရောက်နေပါသည်။ 
အထက်ဖော်ပြပါ နည်းပညာလုပ်ငန်းဖြင့် ကမ္ဘာ့အချမ်းသာဆုံး (၅၀) စာရင်းတွင် နည်းပညာတီထွင်ဖန်တီးသူများအပြင် နောက်ဆုံး မမျော်လင့်ဘဲ တရှိန်ထိုး လိုက်လာသူများမှာ သာမန် Mobile Application (Mobile App) များ တီထွင်ထုတ်လုပ်ခြင်းဖြင့် မထင်မှတ်ဘဲ မြန်မြန်ဆန်ဆန် ဘီလျံနာ ဖြစ်လာသူများဖြစ်ပါသည်။ ယင်းတို့အထဲတွင် Texi ငှားသည့် Mobile App ဖြစ်သော Uber ကို တီထွင်သူ Travie Kalanick ဖြစ်ပြီး ဒေါ်လာ (၁၈) ဘီလျံ ကြွယ်ဝသူ ဖြစ်လာပါသည်။ Facebook မှ ဒေါ်လာ (၁၉) ဘီလျံ ပေးဝယ်လိုက်ရသော Messaging App ဖြစ်သော WhatsApp ကို တီထွင်လိုက်သူမှာ Jan Koum ဆိုသူ ဖြစ်ပါသည်။ နာမည်ကျော် Online Payment စနစ်ဖြစ်သော Paypal သည် ယခုအခါ ဒေါ်လာ (၄၇) ဘီလျံ တန်နေပြီဟု ဆိုရပါမည်။ ယင်းစနစ်ကို ပူးတွဲတီထွင်သူ Max Levchin သည်လည်း ဘီလျံနာ ဖြစ်နေပြီး ကမ္ဘာ့ Super Rich ကလပ်သို့ ၀င်ရောက်လာသူ နောက်တစ်ဦးမှာ တရုတ်နိုင်ငံမှ Frank Wang ဆိုသူဖြစ်ပြီး ယနေ့ပေါ်ပြူလာ ဖြစ်နေသော ကွန်ပျူတာစနစ်ဖြင့် ထိန်းချုပ်သည့် မောင်းသူမဲ့ လေယာဉ်ငယ် (Drone) များကို တီထွင်ထုတ်လုပ်နေသူ ဖြစ်ပါသည်။ သူ၏ (DJI) ကုမ္ပဏီသည် ဒေါ်လာ (၄၅) ဘီလျံတန်နေပြီ ဖြစ်ပါသည်။ 
ယနေ့ လူငယ်လူရွယ်များ သင်ယူနေသော နည်းပညာသည် Super Rich ဖြစ်ရန် အခြေခံကောင်းဖြစ်ပါသည်။ အထက်ဖော်ပြပါ နည်းပညာဖြင့် Super Rich ဖြစ်သူများသည် သူလိုကိုယ်လို လူငယ်လူရွယ်များသာ ဖြစ်ပါသည်။ စိတ်ကူးကောင်းတစ်ခုကို တီထွင်ကြံဆနိုင်သည့် အတွက် လျင်မြန်စွာ ချမ်းသာသွားကြခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံမှ လူငယ်လူရွယ်တိုင်း စိတ်ကူးကောင်း ကြံဆနိုင်ပါက Super Rich ဖြစ်နိုင်သည့် အခွင့်အလမ်းရှိပါကြောင်း သတင်းကောင်း ပါးလိုက်ပါသည်။