Friday, July 17, 2015

MCC BBA တုိ႔ Bangkok ကုိ သြားၾကၿပီ . . .

MCC BBA တုိ႔ Bangkok ကုိ သြားၾကၿပီ . . .
ရန္ကုန္မုိးက ဆက္တုိက္ သဲႀကီးမဲႀကီးရြာေနဆဲ မနက္ (၄) နာရီ ဇိမ္နဲ႔ အိပ္လုိ႔ေကာင္းမဲ့အခ်ိန္. . . .
လက္ကုိင္ဖုန္းသံ ျမည္လာပါတယ္ . . . .
“ဟဲလုိ ႏုိးၿပီလား... ျမန္ျမန္လုပ္ (၅) နာရီစထြက္မွာ..ေလဆိပ္ကုိ ၇ နာရီခြဲ ေရာက္မွျဖစ္မယ္. . ငါတုိ႔လဲ အခ်ိန္မီ ေရာက္လာမယ္.. “
“ေအးပါဟယ္... စိတ္လႈပ္ရွားလုိ႔ ... တစ္ညလံုး ေကာင္းေကာင္းမအိပ္ရလုိ႔ ...ယူမဲ့ပစၥည္းေတြေကာက္ထည့္ ...ဘာလုပ္၊ ညာလုပ္နဲ႔ ...အေစာႀကီးတည္းက ႏုိးေနတာ... ဘာပဲေျပာေျပာ ...ငါတုိ႔ေန႔ခင္းဆုိ ... ဘန္ေကာက္ ေရာက္ၿပီ... ေပ်ာ္စရာႀကီးေနာ္”
“မာမီ မၿပီးေသးဘူးလား ... သူငယ္ခ်င္းေတြ ေခၚေနၿပီ...”
“ၿပီးၿပီ သမီးေရ... ညည္းဒယ္ဒီအတြက္ လုပ္ေပးေနလုိ႔ ... သူကလဲ ဘုရားရွီခုိးေနတာ မၿပီးႏုိင္ဘူး ... ေလယာဥ္ပ်ံစီးရမယ္ဆုိေတာ့ မုိးေလ၀သေကာင္းေအာင္ ဆုေတာင္းေနတာနဲ႔ တူတယ္...”
“ဒါေၾကာင့္ေျပာတာ ... မာမီတုိ႔ကလဲ သမီးဘာသာ လြတ္လြတ္လပ္လပ္ သူငယ္ခ်င္းေတြနဲ႔ မသြားရဘူး”
“ဟဲ့ . . . ဘယ္လုိေျပာလိုက္တာလဲ... တုိ႔သမီးေလး တက္မဲ့ေက်ာင္းကုိ နင့္အေဖက ၾကည့္ျခင္လုိ႔... ၿပီးေတာ့ ဘန္ေကာက္ေရာက္တုန္း ေဆးေလးဘာေလး စစ္မယ္ဆုိလား ... “
“ဟဲဟဲ . . . သမီးသိပါတယ္... သမီးကုိ လုိက္ပုိ႔တယ္ဆုိၿပီး မာမီက ေရွာပင္လုပ္မလုိ႔ . . . ဟုိေန႔က သူငယ္ ခ်င္းအေမနဲ႔ ခ်ိန္းေနၾကတာ မသိတာလိုက္လုိ႔...”
“ေအးေပါ့ဟယ္ ဘုရားလဲဖူး ... လိပ္ဥလဲတူးရင္း ျမဘုရားကုိ ဖူးခ်င္ေနတာ ၾကာၿပီ... ဘုရားအရင္ ဖူးမွာပါ...႐ုပ္ရွင္ မင္းသမီးေတြမွ ဘန္ေကာက္ကုိ ေရွာပင္သြားႏုိင္တာမဟုတ္ဘူးေဟ့...ငါတုိ႔လဲ သမီးဆီသြားရင္း ေရွာပင္ေပါ့...”
ရန္ကုန္အျပည္ျပည္ဆုိင္ရာ ေလဆိပ္ထဲမွာ မုိးမလင္းေသးဘူး လူေတြျပည့္က်ပ္ေနပါတယ္။ အဲဒီအထဲမွာ MCC ကေန ဘန္ေကာက္ Siam University ကုိ သြားၾကမဲ့ BBA ေက်ာင္းသား/သူေတြက ယူနီေဖာင္းေတြနဲ႔ဆုိေတာ့ လွပၿပီး ၾကြရြေနပါေတာ့တယ္။ ေက်ာင္းသူ/ေက်ာင္းသားေတြတင္မဟုတ္ဘူး။ ဘန္ေကာက္ထိ လိုက္ပုိ႔ေပးၾကမဲ့ မိဘေတြလဲ ပါတယ္ဆုိေတာ့ အုပ္စုေတာ္ေတာ္မ်ားပါတယ္။ ဒီတေခါက္ ရန္ကုန္ Campus ေရာ မႏၲေလး Campus ႏွစ္ခုေပါင္း ေက်ာင္းသား/သူ (၄၀) ေက်ာ္ လိုက္ပုိ႔ေပးတဲ့ မိဘေတြက (၂၀) ေက်ာ္ဆုိေတာ့ Thai Airway ေလယာဥ္ပ်ံတခုလံုး MCC ေတြ ျဖစ္ေနမွာ...
ေလဆိပ္ကုိ MCC ကဥကၠ႒ႀကီး ဦးတင္၀င္းေအာင္ကုိယ္တုိင္ ဆင္းပုိ႔ပါတယ္။ ဘန္ေကာက္အထိ လိုက္ပုိ႔မယ့္ ဆရာဦးမ်ိဳးေအာင္ကလည္း ေက်ာင္းသား/သူေတြ Check-in လုပ္ဖုိ႔ လူစုခုိင္းေနတာ ေတြ႕ရပါတယ္။
“ကေလးေတြ ေတာ္ေတာ္စံုၿပီလား ... “
“ဟုတ္ကဲ့ . . . ရန္ကုန္ Campus ကေတာ့ စံုပါၿပီ... မႏၲေလး Campus က လူေတြေတာ့ မေတြ႕ေသးဘူး ... “
“ဖုန္းဆက္ၾကည့္ပါလား . . . .”
“ဟုတ္ကဲ့ . . . ဆက္ၿပီးပါၿပီ။ လမ္းမွာ လာေနပါၿပီတဲ့။”
“ဟုိမွာ လာေနၾကၿပီ... ေဒါက္တာ ေက်ာေဇာနဲ႔ တစ္ဖြဲ႕ႀကီးပါ...”
“ဆရာ ေဒါက္တာ ေက်ာက္ေဇာကုိ ကြၽန္ေတာ္က ေက်ာင္းသားနဲ႔ လူမွားေနလုိ႔”
“ဟုတ္လား . . .ဆရာေရ သမီးကုိ အေဖေရာ၊ အေမေရာ လိုက္ပုိ႔မွာ... ဘန္ေကာက္မွာ သမီးေနဖုိ႔ေရာ၊
ကြၽန္ေတာ္သြားတဲ့အခါ ေနဖုိ႔ေရာ၊ ကြန္ဒုိႏွစ္ခန္း ငွားထားၿပီးၿပီ... သမီးအေမက သမီးနဲ႔ တစ္ခါထဲ ေနက်န္ခဲ့မွာ . . .”
“ေကာင္းတာေပါ့ဆရာရယ္ ။ အေမပါ တစ္ခါတည္း ေက်ာင္းတက္လိုက္ရင္ မေကာင္းဘူးလား .. . ဟား . . .. ဟား . . .။”
“ဟုတ္ပါ့ဗ်ာ . .. ကြၽန္ေတာ္လည္း သြားလိုက္ လာလိုက္ လုပ္မွာပါ... စေန၊ တနဂၤေႏြဆုိရင္ မႏၲေလးကေန ဘန္ေကာက္ကုိ တိုက္ရိုက္စီးလုိ႔ရေနေတာ့ Week End သမီးနဲ႔ ေတြ႕ရတာေပါ့”
Thai Airway ေလယာဥ္ပ်ံထဲကုိ Boarding လုပ္ဖုိ႔ ေက်ာင္းသူ/သားေတြ အထဲေရာက္ေနပါၿပီ။ ဓာတ္ပံု႐ိုက္ၾက စၾက ေနာက္ၾက တခ်ိဳ႕ကလည္း ဘုရားစာရြတ္ဖုိ႔ စာအုပ္ကေလးေတြ ထုတ္ေနတာ ေတြ႕ရပါတယ္။ ထုိင္းေလယာဥ္ မယ္ေလးေတြကလည္း ထမီစကပ္နဲ႔ ပု၀ါနဲ႔ ဆံပင္ပံုစံကလည္း ျမန္မာဆန္ဆန္နဲ႔ ဆုိေတာ့ ၾကည့္လုိ႔ အေတာ္ေကာင္းပါတယ္။
“ဟဲ့ မဆု နင္ဘယ္လုိေနလဲ ...ေလယာဥ္ပ်ံစီးရမွာ ေၾကာက္လားဟင္”
“နင့္အဘ ေၾကာက္ေတာ့ေၾကာက္တာေပါ့... ဒါေပမယ့္ (၁) နာရီေလာက္ပဲဆုိေတာ့ ခနေန ေရာက္သြားမွာပါ “
“ေနာက္က အေကာင္ေတြေတာ့ ဘယ္လုိေနမယ္မသိဘူး ...”
“အဲဒီအေကာင္ေတြက ေၾကာက္ရမဲ့အစား ဟုိက ယိုးဒယားမေတြနဲ႔ ေတြ႕ရေတာ့မယ္ဆုိၿပီး မသိရင္ခက္မယ္...”
ေလယာဥ္ပ်ံက ဘန္ေကာက္၊ သု၀ဏၰဘုမၼိေလဆိပ္ကုိ စတင္ ဆင္းေတာ့မယ္လုိ႔ ေၾကျငာေနပါၿပီ။ ဆင္းေနၿပီဆုိေတာ့ ေလယာဥ္ပ်ံက တုန္ခါလုိ႔ ေနပါတယ္။ အားလံုး ၿငိမ္သက္ေနၾကၿပီး စိတ္လႈပ္ရွားေနၾကပါတယ္။
“ဟိတ္ေကာင္ ကုိတုိး ေရာက္ေတာ့မယ္ ထေတာ့”
“ေအးပါကြာ ငါသိပါတယ္။ ဇိမ္ယူေနတာ...”
“နင္ ပိုက္ဆံ ဘယ္ေလာက္ပါလဲ... ဟုိက် ေက်ာင္းလခ သြင္းတာတုိ႔ ဘာတုိ႔ ညာတုိ႔ ၿပီးေတာ့ ငါတုိ႔ ကဲဖုိ႔ ...”
“ငါ... US ႏွစ္ေထာင္ေက်ာ္ေလာက္ပဲ ယူလာတယ္ ...မႏၲေလးက KBZ တုိ႔ CB ဘဏ္တုိ႔ကေန အိမ္က ေငြလႊဲေပးမယ္ ေျပာတယ္ ...ၿပီးေတာ့ CB ဘဏ္ကထုတ္တဲ့ Master Card ပါတယ္... အဲဒါက ဘန္ေကာက္မွာ သံုးလုိ႔ရတယ္ “
“ဟာ လယ္ကြင္းေတြ ေတြ႕ေနရၿပီ ... ဘန္ေကာက္ေလဆိပ္ ေရာက္ေတာ့မယ္”
ေလယာဥ္မယ္က ေလယာဥ္ ဆင္းေတာ့မယ္လုိ႔ ေၾကျငာေနၿပီ။ ထုိင္ခံုခါးပတ္ေတြ ပတ္ထားဖုိ႔၊ ျပတင္းေပါက္ မွန္အကာေတြ ဖြင့္ထားဖုိ႔၊ ထုိင္ခံုကုိ တည့္မတ္ဖုိ႔ ညႊန္ၾကားေနပါတယ္။ မၾကာခင္ ေလယာဥ္က ေျပးလမ္းေပၚ ဆင္းလိုက္ပါၿပီ။ ေက်ာင္းသူ/သားေတြ ဘန္ေကာက္ေရာက္ၿပီဆုိတဲ့ အသိနဲ႔ စိတ္လႈပ္ရွားလ်က္ . . . . . .။
MCC BBA တို့ Bangkok ကို သွားကြပြီ . . .
ရန်ကုန်မိုးက ဆက်တိုက် သဲကြီးမဲကြီးရွာနေဆဲ မနက် (၄) နာရီ ဇိမ်နဲ့ အိပ်လို့ကောင်းမဲ့အချိန်. . . .
လက်ကိုင်ဖုန်းသံ မြည်လာပါတယ် . . . .
“ဟဲလို နိုးပြီလား... မြန်မြန်လုပ် (၅) နာရီစထွက်မှာ..လေဆိပ်ကို ရ နာရီခွဲ ရောက်မှဖြစ်မယ်. . ငါတို့လဲ အချိန်မီ ရောက်လာမယ်.. “
“အေးပါဟယ်... စိတ်လှုပ်ရှားလို့ ... တစ်ညလုံး ကောင်းကောင်းမအိပ်ရလို့ ...ယူမဲ့ပစ္စည်းတွေကောက်ထည့် ...ဘာလုပ်၊ ညာလုပ်နဲ့ ...အစောကြီးတည်းက နိုးနေတာ... ဘာပဲပြောပြော ...ငါတို့နေ့ခင်းဆို ... ဘန်ကောက် ရောက်ပြီ... ပျော်စရာကြီးနော်”
“မာမီ မပြီးသေးဘူးလား ... သူငယ်ချင်းတွေ ခေါ်နေပြီ...”
“ပြီးပြီ သမီးရေ... ညည်းဒယ်ဒီအတွက် လုပ်ပေးနေလို့ ... သူကလဲ ဘုရားရှီခိုးနေတာ မပြီးနိုင်ဘူး ... လေယာဉ်ပျံစီးရမယ်ဆိုတော့ မိုးလေဝသကောင်းအောင် ဆုတောင်းနေတာနဲ့ တူတယ်...”
“ဒါကြောင့်ပြောတာ ... မာမီတို့ကလဲ သမီးဘာသာ လွတ်လွတ်လပ်လပ် သူငယ်ချင်းတွေနဲ့ မသွားရဘူး”
“ဟဲ့ . . . ဘယ်လိုပြောလိုက်တာလဲ... တို့သမီးလေး တက်မဲ့ကျောင်းကို နင့်အဖေက ကြည့်ခြင်လို့... ပြီးတော့ ဘန်ကောက်ရောက်တုန်း ဆေးလေးဘာလေး စစ်မယ်ဆိုလား ... “
“ဟဲဟဲ . . . သမီးသိပါတယ်... သမီးကို လိုက်ပို့တယ်ဆိုပြီး မာမီက ရှောပင်လုပ်မလို့ . . . ဟိုနေ့က သူငယ် ချင်းအမေနဲ့ ချိန်းနေကြတာ မသိတာလိုက်လို့...”
“အေးပေါ့ဟယ် ဘုရားလဲဖူး ... လိပ်ဥလဲတူးရင်း မြဘုရားကို ဖူးချင်နေတာ ကြာပြီ... ဘုရားအရင် ဖူးမှာပါ...ရုပ်ရှင် မင်းသမီးတွေမှ ဘန်ကောက်ကို ရှောပင်သွားနိုင်တာမဟုတ်ဘူးဟေ့...ငါတို့လဲ သမီးဆီသွားရင်း ရှောပင်ပေါ့...”
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ထဲမှာ မိုးမလင်းသေးဘူး လူတွေပြည့်ကျပ်နေပါတယ်။ အဲဒီအထဲမှာ MCC ကနေ ဘန်ကောက် Siam University ကို သွားကြမဲ့ BBA ကျောင်းသား/သူတွေက ယူနီဖောင်းတွေနဲ့ဆိုတော့ လှပပြီး ကြွရွနေပါတော့တယ်။ ကျောင်းသူ/ကျောင်းသားတွေတင်မဟုတ်ဘူး။ ဘန်ကောက်ထိ လိုက်ပို့ပေးကြမဲ့ မိဘတွေလဲ ပါတယ်ဆိုတော့ အုပ်စုတော်တော်များပါတယ်။ ဒီတခေါက် ရန်ကုန် Campus ရော မန္တလေး Campus နှစ်ခုပေါင်း ကျောင်းသား/သူ (၄၀) ကျော် လိုက်ပို့ပေးတဲ့ မိဘတွေက (၂၀) ကျော်ဆိုတော့ Thai Airway လေယာဉ်ပျံတခုလုံး MCC တွေ ဖြစ်နေမှာ...
လေဆိပ်ကို MCC ကဥက္ကဋ္ဌကြီး ဦးတင်ဝင်းအောင်ကိုယ်တိုင် ဆင်းပို့ပါတယ်။ ဘန်ကောက်အထိ လိုက်ပို့မယ့် ဆရာဦးမျိုးအောင်ကလည်း ကျောင်းသား/သူတွေ Check-in လုပ်ဖို့ လူစုခိုင်းနေတာ တွေ့ရပါတယ်။
“ကလေးတွေ တော်တော်စုံပြီလား ... “
“ဟုတ်ကဲ့ . . . ရန်ကုန် Campus ကတော့ စုံပါပြီ... မန္တလေး Campus က လူတွေတော့ မတွေ့သေးဘူး ... “
“ဖုန်းဆက်ကြည့်ပါလား . . . .”
“ဟုတ်ကဲ့ . . . ဆက်ပြီးပါပြီ။ လမ်းမှာ လာနေပါပြီတဲ့။”
“ဟိုမှာ လာနေကြပြီ... ဒေါက်တာ ကျောဇောနဲ့ တစ်ဖွဲ့ကြီးပါ...”
“ဆရာ ဒေါက်တာ ကျောက်ဇောကို ကျွန်တော်က ကျောင်းသားနဲ့ လူမှားနေလို့”
“ဟုတ်လား . . .ဆရာရေ သမီးကို အဖေရော၊ အမေရော လိုက်ပို့မှာ... ဘန်ကောက်မှာ သမီးနေဖို့ရော၊
ကျွန်တော်သွားတဲ့အခါ နေဖို့ရော၊ ကွန်ဒိုနှစ်ခန်း ငှားထားပြီးပြီ... သမီးအမေက သမီးနဲ့ တစ်ခါထဲ နေကျန်ခဲ့မှာ . . .”
“ကောင်းတာပေါ့ဆရာရယ် ။ အမေပါ တစ်ခါတည်း ကျောင်းတက်လိုက်ရင် မကောင်းဘူးလား .. . ဟား . . .. ဟား . . .။”
“ဟုတ်ပါ့ဗျာ . .. ကျွန်တော်လည်း သွားလိုက် လာလိုက် လုပ်မှာပါ... စနေ၊ တနင်္ဂနွေဆိုရင် မန္တလေးကနေ ဘန်ကောက်ကို တိုက်ရိုက်စီးလို့ရနေတော့ Week End သမီးနဲ့ တွေ့ရတာပေါ့”
Thai Airway လေယာဉ်ပျံထဲကို Boarding လုပ်ဖို့ ကျောင်းသူ/သားတွေ အထဲရောက်နေပါပြီ။ ဓာတ်ပုံရိုက်ကြ စကြ နောက်ကြ တချို့ကလည်း ဘုရားစာရွတ်ဖို့ စာအုပ်ကလေးတွေ ထုတ်နေတာ တွေ့ရပါတယ်။ ထိုင်းလေယာဉ် မယ်လေးတွေကလည်း ထမီစကပ်နဲ့ ပုဝါနဲ့ ဆံပင်ပုံစံကလည်း မြန်မာဆန်ဆန်နဲ့ ဆိုတော့ ကြည့်လို့ အတော်ကောင်းပါတယ်။
“ဟဲ့ မဆု နင်ဘယ်လိုနေလဲ ...လေယာဉ်ပျံစီးရမှာ ကြောက်လားဟင်”
“နင့်အဘ ကြောက်တော့ကြောက်တာပေါ့... ဒါပေမယ့် (၁) နာရီလောက်ပဲဆိုတော့ ခနနေ ရောက်သွားမှာပါ “
“နောက်က အကောင်တွေတော့ ဘယ်လိုနေမယ်မသိဘူး ...”
“အဲဒီအကောင်တွေက ကြောက်ရမဲ့အစား ဟိုက ယိုးဒယားမတွေနဲ့ တွေ့ရတော့မယ်ဆိုပြီး မသိရင်ခက်မယ်...”
လေယာဉ်ပျံက ဘန်ကောက်၊ သုဝဏ္ဏဘုမ္မိလေဆိပ်ကို စတင် ဆင်းတော့မယ်လို့ ကြေငြာနေပါပြီ။ ဆင်းနေပြီဆိုတော့ လေယာဉ်ပျံက တုန်ခါလို့ နေပါတယ်။ အားလုံး ငြိမ်သက်နေကြပြီး စိတ်လှုပ်ရှားနေကြပါတယ်။
“ဟိတ်ကောင် ကိုတိုး ရောက်တော့မယ် ထတော့”
“အေးပါကွာ ငါသိပါတယ်။ ဇိမ်ယူနေတာ...”
“နင် ပိုက်ဆံ ဘယ်လောက်ပါလဲ... ဟိုကျ ကျောင်းလခ သွင်းတာတို့ ဘာတို့ ညာတို့ ပြီးတော့ ငါတို့ ကဲဖို့ ...”
“ငါ... US နှစ်ထောင်ကျော်လောက်ပဲ ယူလာတယ် ...မန္တလေးက KBZ တို့ CB ဘဏ်တို့ကနေ အိမ်က ငွေလွှဲပေးမယ် ပြောတယ် ...ပြီးတော့ CB ဘဏ်ကထုတ်တဲ့ Master Card ပါတယ်... အဲဒါက ဘန်ကောက်မှာ သုံးလို့ရတယ် “
“ဟာ လယ်ကွင်းတွေ တွေ့နေရပြီ ... ဘန်ကောက်လေဆိပ် ရောက်တော့မယ်”
လေယာဉ်မယ်က လေယာဉ် ဆင်းတော့မယ်လို့ ကြေငြာနေပြီ။ ထိုင်ခုံခါးပတ်တွေ ပတ်ထားဖို့၊ ပြတင်းပေါက် မှန်အကာတွေ ဖွင့်ထားဖို့၊ ထိုင်ခုံကို တည့်မတ်ဖို့ ညွှန်ကြားနေပါတယ်။ မကြာခင် လေယာဉ်က ပြေးလမ်းပေါ် ဆင်းလိုက်ပါပြီ။ ကျောင်းသူ/သားတွေ ဘန်ကောက်ရောက်ပြီဆိုတဲ့ အသိနဲ့ စိတ်လှုပ်ရှားလျက် . . . . . .။