Thursday, November 19, 2015

လုိအပ္ေသာ္လည္း မေကာင္းသည့္နတ္ဆုိး Necessary Evil (သုိ႔) စာေမးပြဲ

စာေမးပြဲ (Examination) ဆုိသည္မွာ ကမၻာေပၚရွိလူတုိင္းအား ငယ္စဥ္ ဘ၀မွစကာ ေျခာက္လွန္႔ေနခဲ့ေသာ လူတုိ႕ ျပဳလုပ္ထားသည့္ အထိမ္းအကြပ္တစ္ခု ျဖစ္ ပါသည္။ လူရယ္လုိ႔ျဖစ္လာလွ်င္ ပညာတတ္ၾကရမည္။ ပညာတတ္မွ လူရာ၀င္မည္။ ထုိ႔ေၾကာင့္ ကေလးဘ၀မွစကာ ပညာသင္ ၾကားၾကရပါသည္။ သင္ယူေသာ ပညာမ်ား တတ္ေျမာက္မႈရွိ/မရွိကုိ စာေမးပြဲျဖင့္ စစ္ ေဆးၾကရသည္။ မူလတန္းအဆင့္ ေအာင္ ျမင္ၿပီးမွ အလယ္တန္းအဆင့္၊ ထုိမွ အထက္ တန္းအဆင့္ တကၠသုိလ္ဘြဲ႕၊ ဘြဲႀကိဳ ဘြဲ႕လြန္ တုိ႔မွ ပါရဂူ (PHD) အထိ စာေမးပြဲမ်ား ေျဖဆုိၾကရသည္။ ယင္းစာေမးပြဲစနစ္ျဖင့္ စစ္ေဆးၿပီး လူအမ်ား၏ ပညာအရည္ အခ်င္းကုိ သတ္မွတ္ အဆင့္အတန္း ခြဲျခား ေပးပါသည္။ ထုိ႔ေၾကာင့္ မူလတန္းေက်ာင္း သားမွအစ တကၠသုိလ္ေက်ာင္းသားမ်ား အထိ စားေမးပြဲ ေအာင္ျမင္ေအာင္ ႀကိဳးစား ၾကရပါသည္။ လူတုိင္း စာေမးပြဲနားနီးလွ်င္ စာေမးပြဲနတ္ ဖမ္းစားျခင္းခံရၿပီး အေသ အလဲ ျဖစ္ေလ့ရွိပါသည္။ ပညာသင္ျခင္းသည္ လူတုိ႔အား အသိပညာ (Knowledge) ရေအာင္ ျပဳလုပ္ေပးျခင္းျဖစ္ၿပီး ယင္းအသိပညာ(Knowledge) ရ/မရ ကုိ စာေမးပြဲျဖင့္ စစ္ေဆးၾကည့္ျခင္း ျဖစ္ပါသည္။ စာေမးပြဲသည္ ေနာက္ဆံုးရလဒ္ End Result မဟုတ္ပါ။ အသိပညာ (Knowledge) ရ/မရကုိ စစ္ေဆးေသာ နည္းလမ္း (Mean) သာ ျဖစ္ပါသည္။ သုိ႔ ေသာ္ အသိပညာ ရျခင္း/မရျခင္းက အဓိကမဟုတ္။ စာေမးပြဲေအာင္ဖုိ႔သာ အဓိက ျဖစ္လာကာ စာေမးပြဲသည္ နည္းလမ္း (Mean) ျဖစ္ရမည့္အစား ေနာက္ ဆံုးရလဒ္ End Result ျဖစ္လာကာ ဒုကၡေပးလာပါေတာ့သည္။ စာေမးပြဲေအာင္ မွ ျဖစ္မည္။ စာေမးပြဲတြင္ အမွတ္မ်ားမ်ားရ မွ ျဖစ္မည္။ ထုိ႔ေၾကာင့္ စာေမးပြဲေအာင္ဖုိ႔သာ အဓိက၊ စာေမးပြဲတြင္ အမွတ္မ်ားမ်ား ရဖုိ႔သာ အဓိကျဖစ္ကာ စာေမးပြဲေအာင္ေရး၊ စာေမးပြဲတြင္ အမွတ္မ်ားမ်ားရေရးဘက္ကုိ ဦးတည္ သင္ၾကားေလ့က်င့္ျခင္းမ်ိဳး ျဖစ္လာခဲ့ပါသည္။ ထုိ႔ေၾကာင့္ စာေမးပြဲ ေအာင္ ျခင္း/မေအာင္ျခင္း၊ စာေမးပြဲတြင္ အမွတ္ မ်ားမ်ားရျခင္း/မရျခင္းတုိ႔သည္ လူတုိ႔၏ အသိပညာ ရရွိျခင္း/မရရွိျခင္းကုိ အမွန္တကယ္ တုိင္းတာႏုိင္ပါသလားဟူေသာ ေမးခြန္းမ်ားျဖင့္ ေစာဒကစရာ ျဖစ္လာကာ ကမၻာေပၚရွိ ပညာရွင္မ်ားအေနျဖင့္လည္း သေဘာေပါက္လာခဲ့ၾကပါၿပီ။ စာေမးပြဲစနစ္ သည္ လူတုိ႔၏ အသိပညာရွိမႈ/မရွိမႈႏွင့္ အသိပညာ အဆင့္အတန္းကုိ မတုိင္းတာႏုိင္။ စာေမးပြဲေအာင္ေအာင္ ေျဖဆုိတတ္ ျခင္း/မတတ္ျခင္းႏွင့္ အမွတ္မ်ားေအာင္ ျပဳ လုပ္တတ္ျခင္း/မတတ္ျခင္းႏွင့္ပါ ပုိမုိသက္ ဆုိင္မႈရွိေၾကာင္း ေတြ႕ရွိလာခဲ့ၾကပါသည္။ သုိ႔ေသာ္ စာေမးပြဲစနစ္ကုိ အစားထုိးႏုိင္မည့္ စနစ္ေကာင္း မရွိေသးသည့္အတြက္ မသံုး မျဖစ္ သံုးေနရေသးျခင္း၊ မခ်စ္ေသာ္လည္း ေအာင့္ကာနမ္းဆုိသလုိ မေကာင္းေသာ္လည္း လုိအပ္ေနေသး၍ ဆက္လက္အသံုး ျပဳေနရေသာ နတ္ဆုိး (Necessary Evil) ဟု တင္စားေျပာဆုိလ်က္ ရွိပါသည္။
မွန္ပါသည္။ စာေမးပြဲသည္ နတ္ဆုိး (Evil) ျဖစ္ပါသည္။ စာေမးပြဲမေအာင္ ၍၊ စာေမးပြဲမေျဖႏုိင္၍၊ စာေမးပြဲတြင္ အမွတ္ရနည္း၍ ကုိကုိယ္ကုိ သတ္ေသေန ၾကေသာ ေက်ာင္းသူ/သားမ်ားသတင္းကုိ အားလံုး ၾကးဖူးၾကမည္ ထင္ပါသည္။ အထူး သျဖင့္ ၿပိဳင္ဆုိင္မႈ ျပင္းထန္ေသာ ကုိရီးယားႏုိင္ငံ၊ ဂ်ပန္ႏုိင္ငံ၊ စကၤာပူႏုိင္ငံတုိ႔တြင္ အျဖစ္မ်ားလ်က္ ရွိပါသည္။ ျမန္မာႏုိင္ငံတြင္ပင္ စာေမးပြဲမေအာင္၍ သတ္ေသသြား ေသာ သတင္းမ်ား မၾကာခဏ ၾကားေနၿပီ ျဖစ္ပါသည္။ အေမရိကန္ႏုိင္ငံ တကၠသုိလ္မ်ားတြင္ ပါရဂူသင္တန္းတက္ေနေသာ ေက်ာင္းသူမ်ား မိမိတုိ႔ခႏၶာကုိယ္ကုိရင္း၍ ပါေမာကၡမ်ားအား လာဘ္ထုိးကာ စားေမးပြဲ ေအာင္ေအာင္ ျပဳလုပ္ေနၾကေၾကာင္း၊ တကၠသုိလ္ပါေမာကၡမ်ားကုိ တာ၀န္ရွိသူမ်ားမွ စစ္ေဆးေနရေသာ သတင္း၊ အိႏၵိယႏုိင္ငံ တြင္ သားသမီးမ်ား စာေမးပြဲေအာင္ျမင္ေရး အတြက္ မိဘမ်ားကုိယ္တုိင္ (သုိ႔) လူမ်ား ငွားရမ္းကာ စာေမးပြဲက်င္းပေနသည့္ ေက်ာင္းခန္းသုိ႔ နံရံမ်ားကုိ ကုတ္ကပ္တြယ္တက္ကာ ခုိးပုိ႔ေနမႈကို ဓာတ္ပံုႏွင့္တကြေဖာ္ ျပခဲ့သည့္အတြက္ ကမၻာေက်ာ္သြားေသာ သတင္းမ်ားအျပင္၊ ကြၽႏု္ပ္တုိ႔ ျမန္မာႏုိင္ငံ တကၠသုိလ္မ်ားတည္ရွိရာ ကမာရြက္လွည္းတန္းတစ္၀ိုက္ တကၠသုိလ္စာေမးပြဲကာလ မ်ားတြင္ မိတၱဴကူးဆုိင္မ်ား၊ စာရြက္စာတမ္း အေသးခ်ံဳ႕/ခ်ဲ႕ျခင္းအလုပ္မ်ား လက္မလည္ေအာင္ ျပဳလုပ္ေပးရၿပီး စာေမးပြဲအၿပီး ခုိးခ်ရာတြင္ အသံုးျပဳခဲ့ေသာ မိတၱဴျဖင့္ ခ်ဳံ႕ထား ေသာ စာရြက္မ်ား ပလူပ်ံေနေအာင္ လႊင့္ပစ္ထားခဲ့မႈမ်ား အစရွိသည္တုိ႔က စာေမးပြဲ နတ္ဆုိး၏ သေဘာသဘာ၀ကုိ ျပသလ်က္ ရွိပါသည္။
လူတုိ႔ အသိပညာ ရရွိေရးအတြက္ ပညာသင္ၾကားေပးေသာ စနစ္တစ္ခုလံုး၏ အဓိကသည္ စာေမးပြဲေအာင္ျမင္ေရး၊ စာေမးပြဲတြင္ အမွတ္မ်ားမ်ားရရွိေရး ျဖစ္ လာသျဖင့္ စာေမးပြဲေအာင္ရန္သာ အဓိက ျဖစ္သည့္နည္းျဖင့္ အမွတ္မ်ားမ်ားရရွိေရးသာ အဓိကျဖစ္ေသာေၾကာင့္ က်ဴရွင္ဟူ၍ ေပၚေပါက္လာခဲ့ပါသည္။ က်ဴရွင္သည္ ေငြအပုိေပးကာ စာေမးပြဲေအာင္ရန္၊ အမွတ္မ်ားရန္ ေလ့က်င့္သင္ၾကားေပးေသာ စနစ္ျဖစ္ကာ အသိပညာ (Knowledge) ရရွိေရးႏွင့္ ဖီလာဆန္႔က်င္ကာ စာေမးပြဲတြင္ ေမးတတ္သည္မ်ားကုိသာ ဦးစားေပးၿပီး စာေမးပြဲတြင္ ေမးေလ့မရွိေသာ၊ ေမးခဲေသာအေၾကာင္းအရာမ်ားကုိ လံုး၀မသင္ေတာ့။ စာေမးပြဲေအာင္ေအာင္ေျဖနည္း၊ အမွတ္မ်ားေအာင္ လုပ္နည္းကုိသာ ဦးစားေပးၿပီး ေလ့က်င့္ေစပါေတာ့သည္။ စာေမးပြဲေအာင္ဖုိ႔၊ အမွတ္မ်ားဖုိ႔က အဓိကျဖစ္၍ ဘာသာစံု က်ဴရွင္ ယူၾကရပါေတာ့သည္။ မူႀကိဳအတန္း မွအစ တကၠသုိလ္ေနာက္ဆံုးႏွစ္အထိ၊ ေဆး တကၠသုိလ္၊ အင္ဂ်င္နီယာတကၠသုိလ္တုိ႔တြင္လည္း က်ဴရွင္ယူၾကသည္သာမက မဟာဘြဲ႕လြန္ သင္တန္းမ်ားအထိပင္ က်ဴရွင္မလြတ္ေတာ့။ က်ဴရွင္ကုိ ျပင္ပ ဆရာမ်ားတြင္ ယူၾကရာမွ ေက်ာင္းတြင္ က်ဴရွင္မ်ား ေပၚေပါက္လာသည္။ ေက်ာင္းဆရာ/ဆရာမမ်ားမွ က်ဴရွင္ေပးလာၾကရာ မူႀကိဳ၊ မူလ တန္း၊ အလယ္တန္း၊ အထက္တန္း ဆရာ/ဆရာမမ်ားမွားအတြက္ ၀င္ေငြလမ္းေျဖာင့္ လာရာမွ ေလာဘတက္ကာ ေက်ာင္းတြင္ စာေကာင္းေကာင္းမသင္ က်ဴရွင္တက္မွ စာအားလံုးၿပီးၿပီး၊ အတန္းပိုင္ဆရာ/ဆရာမထဲတြင္ က်ဴရွင္မယူလ်င္ မ်က္ႏွာသာအေပးမခံရေတာ့ေသာ အေျခအေနမ်ား ျဖစ္ေပၚလာကာ ပညာေရးေလာကတြင္ အဂတိလိုက္စားမႈမ်ား ျဖစ္ေပၚလာခဲ့ပါသည္။ ေက်ာင္းသူ/သားမ်ားကလည္း ေက်ာင္းတက္ရန္မလုိ၊ က်ဴရွင္တက္ၿပီး စာေမးပြဲေျဖဆုိႏုိင္ေသာေၾကာင့္ပင္ ျဖစ္ပါသည္။ ထုိ႔ေၾကာင့္ ပံုမွန္ ေက်ာင္းမ်ားတြင္ စာသင္ခန္းအတြင္း ပညာ သင္ရသည္မွာ စိတ္၀င္စားဖြယ္မေကာင္းေတာ့ ေက်ာင္းသူ/သားမ်ားအေနျဖင့္ စာကုိ ေကာင္းစြာ သင္ယူလုိစိတ္ မရွိၾကေတာ့ဘဲ ေက်ာင္းစာသင္ၾကားမႈ စနစ္ႀကီးတစ္ခုလံုး ပ်က္စီးသြားပါေတာ့သည္။ လူတုိ႔အား အသိပညာေပးရမည့္ ပညာေရးစနစ္တစ္ခုလံုး စာေမးပြဲ နတ္ဆုိး၏ ဖမ္းစားျခင္းခံရၿပီး ပ်က္စီးသြားရာမွ လူငယ္လူရြယ္မ်ား စာေမး ပြဲေအာင္လာေသာ္လည္း၊ အမွတ္မ်ားမ်ား ရလာၾကေသာ္လည္း၊ ပညာမတတ္သူမ်ား ျဖစ္လာပါသည္။ တုိင္းျပည္ ဖြံ႕ၿဖိဳးတုိးတက္ ေရးအတြက္ လုိအပ္ေသာ အသိပညာရွင္၊ အတတ္ပညာရွင္မ်ား ေခါင္းပါးေသာ အေျခအေနျဖစ္လာကာ တုိင္းျပည္ဖြံ႕ၿဖိဳးတုိးတက္ ေရးကုိပါ ထိခိုက္လာပါေတာ့သည္။ အျခား တစ္ဖက္တြင္ စာေမးပြဲမေအာင္ေသာ၊ စာ ေမးပြဲတြင္ ရမွတ္နည္းေသာ ေက်ာင္းသူ/ သားမ်ားမွာလည္း ဘ၀ပ်က္ကာ ႀကံဳသလုိႏွင့္ စခန္းသြားၾကရာမွ တုိင္းျပည္ထူေထာင္ ေရးအတြက္ လုိအပ္ေသာ လူသားအရင္း အႏွီး(Human Capital) ျဖစ္ မလာေတာ့ပါ။
စာေမးပြဲမေအာင္ျခင္း၊ စာေမးပြဲတြင္ အမွတ္မ်ားမ်ားမရျခင္းသည္ အသိပညာမရွိ၍မဟုတ္၊ စာေမးပြဲေအာင္ေအာင္ မေျဖတတ္ျခင္း၊ အမွတ္မ်ားမ်ားရေအာင္ မလုပ္တတ္ျခင္းသာ ျဖစ္ပါသည္။ ထုိ႔ေၾကာင့္ စာေမးပြဲမေအာင္သည္ႏွင့္ အမွတ္ မမ်ားသည္ႏွင့္ ယင္းေက်ာင္းသူ/သားမ်ားကုိ လူညံ့ဟူ၍ သတ္မွတ္၍ မရႏုိင္ပါ။ စာေမးပြဲမေအာင္ေသာ္လည္း လူေတာ္လူေကာင္း ထူးခႊ်န္သူ မ်ားစြာ ရွိပါသည္။ စာေမးပြဲမေအာင္သည့္အတြက္ အစြန္းအစရွိသည့္ (Talented) လူငယ္လူရြယ္မ်ားစြာကုိ စြန္႔လြတ္ေတာ့ရသည့္ အေျခအေနမ်ိဳး ျဖစ္ေနပါသည္။ နည္းပညာနယ္ပယ္မွ နာမည္ေက်ာ္ Apple ကြန္ပ်ဴတာကုမၸဏီကုိ တည္ေထာင္ခဲ့သူ Apple ကုိ ကမၻာ့တန္ဖုိး အႀကီးဆံုး ကုမၸဏီျဖစ္ေအာင္ ျပဳလုပ္ႏုိင္ခဲ့ သူ၊ ကမၻာ့ပထမဆံုး (Personal Computer) ကုိ တီထြင္ႏုိင္ခဲ့သူ Steve Job သည္ စာေမးပြဲမေအာင္၍ ေကာလိပ္မွ ထြက္ခဲ့ရေသာ (Collage Drop-out) တစ္ဦး ျဖစ္ပါသည္။ Microsoft ကုမၸဏီကုိ တည္ေထာင္ၿပီး ယေန႔အထိ ငယ္ငယ္ရြယ္ရြယ္ျဖင့္ ကမၻာ့အခ်မ္းသာဆံုး ပုဂၢိဳလ္ျဖစ္သူ Bill Gate မွာလည္း တကၠသုိလ္ဘြဲ႕ မရဘဲ ထြက္ခဲ့ရေသာ (Collage Drop-out) ပင္ ျဖစ္ပါသည္။
ကမၻာအရပ္ရပ္ ပညာေရးနယ္ ပါယ္မွ ေက်ာင္းသူ/သားမ်ားသည္ စာေမး ပြဲစနစ္၏ အားနည္းခ်က္မ်ားကုိ သိေသာ္လည္း လူတုိ႔၏ အရည္အခ်င္းကုိ စစ္ေဆးေသာ အျခားေကာင္းမြန္သည့္ နည္းလမ္းျဖင့္ အစားထိုးရန္ မရွိေသးသည့္အတြက္ မခ်စ္ေသာ္လည္း ေအာင့္ကာနမ္းဆုိသည့္အတုိင္း မရွိမျဖစ္ေသာ နတ္ဆုိးအျဖစ္ (Necessary Evil) အျဖစ္ ဆက္လက္ အသံုးျပဳေနရျခင္း ျဖစ္ပါသည္။ လက္ရွိ စာေမးပြဲနစ္ျဖင့္ သင္ၾကား အရည္အခ်င္း စစ္သည့္ပံုစံအား ျပဳျပင္သည့္အေနျဖင့္ အေမရိကန္ႏုိင္ငံတြင္(Work & Learn) ပံုစံ သင္ၾကားနည္းစနစ္ကုိ ေျပာင္းလဲ က်င့္သံုးလာေနၿပီ ျဖစ္ပါသည္။ ေက်ာင္း သူ/သားမ်ားကုိ စာသင္ရာတြင္ လက္ေတြ႕ကြၽမ္းက်င္မႈအခ်က္ပါ တြဲဖက္သင္ၾကားၿပီး စာေမးပြဲတြင္ (Assignment) မ်ား၊ (Project) မ်ားကုိ လက္ေတြ႕လုပ္ေစၿပီး ယင္းရလဒ္မ်ားျဖင့္ ေက်ာင္းသူ/သားမ်ား၏ အရည္အခ်င္းကုိ အကဲျဖတ္ျခင္းျဖစ္ပါသည္။ ယင္းစနစ္သည္ ေက်ာင္းသူ/သား မ်ားအတြက္ အကန္႔အသတ္မရွိေသာ အသိပညာ (Knowledge) ကုိ ရရွိေစႏုိင္သည့္အျပင္ ေက်ာင္းသူ/သားမ်ားမွာလည္း စိတ္ အားထက္သန္စြာ ပညာဆည္းပူးလုိမႈ (Motivation) ကုိလည္း ျဖစ္ေပၚလာေစေၾကာင္း ေတြ႕ရွိရပါသည္။
MCC ၏ (Work & Learn) ပညာ သင္ၾကားနည္းစနစ္
MCC Institute မ်ားတြင္ (၂၀၀၉)ခုႏွစ္မွစတင္ၿပီး (Work & Learn) ပညာသင္ၾကားနည္း စနစ္မ်ားကုိ က်င့္သံုးလာခဲ့ပါသည္။ MCC ၏ နာမည္ B.Sc(Hons: ) Business IT ကြန္ပ်ဴတာသိပၸံဘြဲ႕သင္တန္းကုိ (Work & Learn) ပံုစံျဖင့္ သင္ၾကားခဲ့ရာ ထူးခြၽန္ေသာ ေက်ာင္းသူ/သားမ်ားကုိ ေမြးထုတ္ေပးႏုိင္ခဲ့ၿပီး ျပည္တြင္းျပည္ပတြင္ လုပ္ခ လစာေကာင္းေကာင္းျဖင့္ အဆင့္ျမင့္ ကြန္ပ်ဴတာပညာရွင္မ်ားအျဖစ္ အသိအမွတ္ျပဳ ခံရကာ အလုပ္လုပ္ကုိင္လ်က္ ရွိၾကပါသည္။ အဂၤလန္ႏုိင္ငံ (University of Greenwich) မွ ခ်ီးျမႇင့္သည့္ B.Sc(Hons: ) Business IT သင္တန္းကုိ စတင္တက္ေရာက္ေနေသာ ေက်ာင္းသူ/သားမ်ားအား ပထမႏွစ္ စတင္တက္ေရာက္ သည့္အခ်ိန္မွစကာ (On - the - Job - Training) ကုိ အပါတ္စဥ္ျပဳလုပ္ရၿပီး တတိယႏွစ္ ေရာက္သည့္ႏွင့္ အခ်ိန္ပိုင္း အလုပ္ခန္႔ထားကာ တစ္ပါတ္လွ်င္ (၃) ရက္ ေက်ာင္းတက္ (၂) ရက္ အလုပ္လုပ္ေစပါသည္။ လက္ေတြ႕ (Job Training) ကုိ MCC ၏ ICT Services ေအာက္ရွိ လက္ေတြ႕ေဆာင္ရြက္လ်က္ရွိေသာ IT Projcet ႀကီးမ်ားတြင္ ပါ၀င္လုပ္ကုိင္ေစသည့္စနစ္ ျဖစ္ပါသည္။ တတိယႏွစ္ ေက်ာင္းစၿပီး ဘြဲ႕ရသည္ႏွင့္ ေက်ာင္းသူ/သားမ်ားအားလံုးကုိ အလုပ္ခန္႔ထားကာ JSE (Junior Software Engineering) မ်ားအျဖစ္ အေတြ႕အႀကံဳရေအာင္ ေလ့က်င့္သင္ၾကားေပးျခင္း ျဖစ္ပါသည္။
MCC ၏ (Work & Learn) သင္ၾကားသည့္ အစီအစဥ္တစ္ခုမွာ အဂၤလန္ႏုိင္ငံ၏ အသက္ေမြး၀မ္းေက်ာင္းပညာရပ္မ်ား သင္ၾကားမႈစနစ္ကုိ အေကာင္အထည္ ေဖာ္ေနေသာ အႀကီးဆံုး အဖြဲ႕အစည္း ျဖစ္ ပါသည္။ PEARSON Group ႏွင့္ ပူးေပါင္းေဆာင္ရြက္ၿပီး MCC Polytechnic မ်ားတြင္ BTEC Program မ်ား သင္ၾကားေပးျခင္း ျဖစ္ပါသည္။ BTEC Level-4 ႏွင့္ Level-5 ကုိ (၂) ႏွစ္ တက္ေရာက္ၿပီးလွ်င္ အဂၤလန္ႏုိင္ငံ၏ HND (Higher National Diploma) ရရွိႏုိင္မည္ ျဖစ္ပါသည္။ ယခုအခါ အင္ဂ်င္နီ ယာဒီပလုိမာ၊ စီးပြားေရး ဒီပလုိမာ၊ ကြန္ပ်ဴတာဒီပလုိမာ သင္တန္းမ်ား စတင္ သင္ၾကားလ်က္ ရွိပါသည္။ PEARSON ၏ HND ဒီပလုိမာသင္တန္းမ်ားသည္ စာေမးပြဲစနစ္မဟုတ္ဘဲ (Assignment) စနစ္ျဖင့္ သင္ၾကားေပးျခင္းျဖစ္ေၾကာင္း စာေမးပြဲနတ္ဆုိး (Exam Evil) ပူးကပ္ျခင္းမရွိပါ။ ေက်ာင္းသူ/သားမ်ားမွာလည္း စာေမးပြဲစနစ္၏ သားေကာင္မ်ား မဟုတ္ေတာ့ဘဲ လြတ္လြတ္လပ္လပ္ စိတ္အားထင္သန္စြာ လက္ေတြ႕အလုပ္ျဖင့္ ပညာသင္ယူလ်က္ ရွိၾကပါသည္။ ယင္းကဲ့သုိ႔ အသက္ေမြး၀မ္းေက်ာင္းပညာမ်ား လက္ ေတြ႕သင္ၾကားမႈ၏ ရလဒ္ကုိ အသိအမွတ္ျပဳ သည့္အေနျဖင့္ အဂၤလန္ႏုိင္ငံ (QCF) ပညာ အဆင့္အတန္း စံသတ္မွတ္ခ်က္မ်ား အရ BTEC Level-4 ကုိ တကၠသုိလ္ ပထမႏွစ္၊ BTEC Level-5 ကုိ တကၠသုိလ္ ဒုတိယႏွစ္ အတန္းမ်ားႏွင့္ အဆင့္တူ အသိအမွတ္ျပဳထားပါသည္။ ထုိ႔ေၾကာင့္ HND Level - 5 ဒီပလုိမာရရွိၿပီးသူမ်ားသည္ အဂၤလန္ႏုိင္ငံ ပညာအရည္အခ်င္း စံသတ္ မွတ္ခ်က္ Level - 6 ျဖစ္ေသာ အဂၤလန္ႏုိင္ငံ တကၠသုိလ္မ်ား၏ တတိယႏွစ္သုိ႔ ၀င္ခြင့္ရၿပီး (Top-Up) ဘြဲ႕ ဒီပလုိမာမ်ားကုိ ဆက္လက္သင္ၾကားရယူႏုိင္မည္ ျဖစ္ပါသည္။
MCC အေနျဖင့္ အဂၤလန္ႏုိင္ငံ တကၠသုိလ္မ်ားျဖစ္ေသာ University of Greenwich, Middlesex University, Bermingham City University, Austriliam Institute of Business တုိ႔ျဖင့္ ခ်ိတ္ဆက္ထားကာ HND ဒီပလုိမာ ရရွိၿပီးသူမ်ားအတြက္ (Top-Up) ဒီပလုိမာ သင္တန္းမ်ားကုိ MCC Institute မ်ားတြင္ တက္ေရာက္သင္ၾကားႏုိင္ရန္ စီစဥ္ ထားရွိပါသည္။
MCC Polytechnic မ်ားတြင္ သင္ၾကားလ်က္ရွိေသာ HND ဒီပလုိမာ သင္တန္းမ်ားကုိ တကၠသုိလ္၀င္တန္း ေအာင္ျမင္ၿပီးသူမ်ား တက္ေရာက္သင္ၾကားႏုိင္ပါသည္။ တကၠသုိလ္၀င္တန္း စာေမးပြဲ မေအာငfျမင္သည့္ ေက်ာင္းသား/သူမ်ားအတြက္ ဘ၀တက္လမ္း ပိတ္ဆုိ႔မသြားေအာင္ BTEC Level – 3 သုိ႔ တက္ေရာက္ႏုိင္ၿပီး ယင္းမွတစ္ဆင့္ Level – 4 ႏွင့္ Level – 5 မ်ားသို႔ ဆက္လက္ တက္ေရာက္ကာ အသက္ေမြးေက်ာင္း ဒီပလုိမာမ်ား ရရွိႏုိင္သည္သာမက Level – 6 တကၠသုိလ္ေနာက္ဆံုးႏွစ္သုိ႔ ဆက္လက္တက္ေရာက္ၿပီး တကၠသုိလ္၀င္တန္း စာေမးပြဲေအာင္ျမင္သူ မ်ားကဲ့သုိ႔ပင္ အဂၤလန္ႏုိင္ငံမွ ခ်ီးျမႇင့္မည့္ ဘြဲ႕ဒီဂရီမ်ား ရရွိႏုိင္မည္လည္း ျဖစ္ပါသည္။ ျမန္မာႏုိင္ငံ၏ တကၠသုိလ္၀င္တန္းစာေမးပြဲ က်႐ႈံးသူမ်ား ဘ၀မပ်က္ေစရန္ အစီအစဥ္ရွိ သကဲ့သုိ႔ အ႒မတန္း(Grade-9) စာေမးပြဲက်႐ံႈးေသာ ကေလးငယ္မ်ားအတြက္လည္း ငယ္ငယ္ရြယ္ရြယ္ျဖင့္ ပညာသင္ၾကားေရး လမ္းေၾကာင္း အဆက္မျပတ္ေစရန္ BTEC Level – 2 သုိ႔ တက္ႏုိင္ရန္လည္း စီစဥ္ ထားပါသည္။ ယင္းကေလးငယ္မ်ားအေန ျဖင့္ စာေမးပြဲစနစ္ နတ္ဆုိးရန္မွ လြတ္ေျမာက္ၿပီး အသက္ေမြး၀မ္းေက်ာင္းပညာကုိ တက္ ေရာက္ကာ Level – 2 မွတစ္ဆင့္ Level – 3, Level – 4, Level – 5 မ်ား တက္ေရာက္ကာ HND (Higher National Diploma) မ်ား ရရွိႏုိင္မည္ ျဖစ္ပါသည္။ ထုိမွတစ္ဆင့္ Level – 6 တကၠသုိလ္ေနာက္ဆံုးႏွစ္ သင္တန္းမ်ားကုိ MCC Institute မ်ားတြင္ တက္ေရာက္ကာ အဂၤလန္ႏုိင္ငံ တကၠသုိလ္မ်ား၏ အင္ဂ်င္နီယာသိပၸံဒီဂရီ၊ စီးပြားေရးပညာ သိပၸံဒိဂရီႏွင့္ ကြန္ပ်ဴတာသိပၸံ ဒီဂရီမ်ားကုိ တက္လွမ္း ရရွိႏုိင္မည္ ျဖစ္ပါသည္။

လိုအပ်သော်လည်း မကောင်းသည့်နတ်ဆိုး Necessary Evil (သို့) စာမေးပွဲ

စာမေးပွဲ (Examination) ဆိုသည်မှာ ကမ္ဘာပေါ်ရှိလူတိုင်းအား ငယ်စဉ် ဘဝမှစကာ ခြောက်လှန့်နေခဲ့သော လူတို့ ပြုလုပ်ထားသည့် အထိမ်းအကွပ်တစ်ခု ဖြစ် ပါသည်။ လူရယ်လို့ဖြစ်လာလျှင် ပညာတတ်ကြရမည်။ ပညာတတ်မှ လူရာဝင်မည်။ ထို့ကြောင့် ကလေးဘဝမှစကာ ပညာသင် ကြားကြရပါသည်။ သင်ယူသော ပညာများ တတ်မြောက်မှုရှိ/မရှိကို စာမေးပွဲဖြင့် စစ် ဆေးကြရသည်။ မူလတန်းအဆင့် အောင် မြင်ပြီးမှ အလယ်တန်းအဆင့်၊ ထိုမှ အထက် တန်းအဆင့် တက္ကသိုလ်ဘွဲ့၊ ဘွဲကြို ဘွဲ့လွန် တို့မှ ပါရဂူ (PHD) အထိ စာမေးပွဲများ ဖြေဆိုကြရသည်။ ယင်းစာမေးပွဲစနစ်ဖြင့် စစ်ဆေးပြီး လူအများ၏ ပညာအရည် အချင်းကို သတ်မှတ် အဆင့်အတန်း ခွဲခြား ပေးပါသည်။ ထို့ကြောင့် မူလတန်းကျောင်း သားမှအစ တက္ကသိုလ်ကျောင်းသားများ အထိ စားမေးပွဲ အောင်မြင်အောင် ကြိုးစား ကြရပါသည်။ လူတိုင်း စာမေးပွဲနားနီးလျှင် စာမေးပွဲနတ် ဖမ်းစားခြင်းခံရပြီး အသေ အလဲ ဖြစ်လေ့ရှိပါသည်။ ပညာသင်ခြင်းသည် လူတို့အား အသိပညာ (Knowledge) ရအောင် ပြုလုပ်ပေးခြင်းဖြစ်ပြီး ယင်းအသိပညာ(Knowledge) ရ/မရ ကို စာမေးပွဲဖြင့် စစ်ဆေးကြည့်ခြင်း ဖြစ်ပါသည်။ စာမေးပွဲသည် နောက်ဆုံးရလဒ် End Result မဟုတ်ပါ။ အသိပညာ (Knowledge) ရ/မရကို စစ်ဆေးသော နည်းလမ်း (Mean) သာ ဖြစ်ပါသည်။ သို့ သော် အသိပညာ ရခြင်း/မရခြင်းက အဓိကမဟုတ်။ စာမေးပွဲအောင်ဖို့သာ အဓိက ဖြစ်လာကာ စာမေးပွဲသည် နည်းလမ်း (Mean) ဖြစ်ရမည့်အစား နောက် ဆုံးရလဒ် End Result ဖြစ်လာကာ ဒုက္ခပေးလာပါတော့သည်။ စာမေးပွဲအောင် မှ ဖြစ်မည်။ စာမေးပွဲတွင် အမှတ်များများရ မှ ဖြစ်မည်။ ထို့ကြောင့် စာမေးပွဲအောင်ဖို့သာ အဓိက၊ စာမေးပွဲတွင် အမှတ်များများ ရဖို့သာ အဓိကဖြစ်ကာ စာမေးပွဲအောင်ရေး၊ စာမေးပွဲတွင် အမှတ်များများရရေးဘက်ကို ဦးတည် သင်ကြားလေ့ကျင့်ခြင်းမျိုး ဖြစ်လာခဲ့ပါသည်။ ထို့ကြောင့် စာမေးပွဲ အောင် ခြင်း/မအောင်ခြင်း၊ စာမေးပွဲတွင် အမှတ် များများရခြင်း/မရခြင်းတို့သည် လူတို့၏ အသိပညာ ရရှိခြင်း/မရရှိခြင်းကို အမှန်တကယ် တိုင်းတာနိုင်ပါသလားဟူသော မေးခွန်းများဖြင့် စောဒကစရာ ဖြစ်လာကာ ကမ္ဘာပေါ်ရှိ ပညာရှင်များအနေဖြင့်လည်း သဘောပေါက်လာခဲ့ကြပါပြီ။ စာမေးပွဲစနစ် သည် လူတို့၏ အသိပညာရှိမှု/မရှိမှုနှင့် အသိပညာ အဆင့်အတန်းကို မတိုင်းတာနိုင်။ စာမေးပွဲအောင်အောင် ဖြေဆိုတတ် ခြင်း/မတတ်ခြင်းနှင့် အမှတ်များအောင် ပြု လုပ်တတ်ခြင်း/မတတ်ခြင်းနှင့်ပါ ပိုမိုသက် ဆိုင်မှုရှိကြောင်း တွေ့ရှိလာခဲ့ကြပါသည်။ သို့သော် စာမေးပွဲစနစ်ကို အစားထိုးနိုင်မည့် စနစ်ကောင်း မရှိသေးသည့်အတွက် မသုံး မဖြစ် သုံးနေရသေးခြင်း၊ မချစ်သော်လည်း အောင့်ကာနမ်းဆိုသလို မကောင်းသော်လည်း လိုအပ်နေသေး၍ ဆက်လက်အသုံး ပြုနေရသော နတ်ဆိုး (Necessary Evil) ဟု တင်စားပြောဆိုလျက် ရှိပါသည်။
မှန်ပါသည်။ စာမေးပွဲသည် နတ်ဆိုး (Evil) ဖြစ်ပါသည်။ စာမေးပွဲမအောင် ၍၊ စာမေးပွဲမဖြေနိုင်၍၊ စာမေးပွဲတွင် အမှတ်ရနည်း၍ ကိုကိုယ်ကို သတ်သေနေ ကြသော ကျောင်းသူ/သားများသတင်းကို အားလုံး ကြးဖူးကြမည် ထင်ပါသည်။ အထူး သဖြင့် ပြိုင်ဆိုင်မှု ပြင်းထန်သော ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ စင်္ကာပူနိုင်ငံတို့တွင် အဖြစ်များလျက် ရှိပါသည်။ မြန်မာနိုင်ငံတွင်ပင် စာမေးပွဲမအောင်၍ သတ်သေသွား သော သတင်းများ မကြာခဏ ကြားနေပြီ ဖြစ်ပါသည်။ အမေရိကန်နိုင်ငံ တက္ကသိုလ်များတွင် ပါရဂူသင်တန်းတက်နေသော ကျောင်းသူများ မိမိတို့ခန္ဓာကိုယ်ကိုရင်း၍ ပါမောက္ခများအား လာဘ်ထိုးကာ စားမေးပွဲ အောင်အောင် ပြုလုပ်နေကြကြောင်း၊ တက္ကသိုလ်ပါမောက္ခများကို တာဝန်ရှိသူများမှ စစ်ဆေးနေရသော သတင်း၊ အိန္ဒိယနိုင်ငံ တွင် သားသမီးများ စာမေးပွဲအောင်မြင်ရေး အတွက် မိဘများကိုယ်တိုင် (သို့) လူများ ငှားရမ်းကာ စာမေးပွဲကျင်းပနေသည့် ကျောင်းခန်းသို့ နံရံများကို ကုတ်ကပ်တွယ်တက်ကာ ခိုးပို့နေမှုကို ဓာတ်ပုံနှင့်တကွဖော် ပြခဲ့သည့်အတွက် ကမ္ဘာကျော်သွားသော သတင်းများအပြင်၊ ကျွနု်ပ်တို့ မြန်မာနိုင်ငံ တက္ကသိုလ်များတည်ရှိရာ ကမာရွက်လှည်းတန်းတစ်ဝိုက် တက္ကသိုလ်စာမေးပွဲကာလ များတွင် မိတ္တူကူးဆိုင်များ၊ စာရွက်စာတမ်း အသေးချုံ့/ချဲ့ခြင်းအလုပ်များ လက်မလည်အောင် ပြုလုပ်ပေးရပြီး စာမေးပွဲအပြီး ခိုးချရာတွင် အသုံးပြုခဲ့သော မိတ္တူဖြင့် ချုံ့ထား သော စာရွက်များ ပလူပျံနေအောင် လွှင့်ပစ်ထားခဲ့မှုများ အစရှိသည်တို့က စာမေးပွဲ နတ်ဆိုး၏ သဘောသဘာဝကို ပြသလျက် ရှိပါသည်။
လူတို့ အသိပညာ ရရှိရေးအတွက် ပညာသင်ကြားပေးသော စနစ်တစ်ခုလုံး၏ အဓိကသည် စာမေးပွဲအောင်မြင်ရေး၊ စာမေးပွဲတွင် အမှတ်များများရရှိရေး ဖြစ် လာသဖြင့် စာမေးပွဲအောင်ရန်သာ အဓိက ဖြစ်သည့်နည်းဖြင့် အမှတ်များများရရှိရေးသာ အဓိကဖြစ်သောကြောင့် ကျူရှင်ဟူ၍ ပေါ်ပေါက်လာခဲ့ပါသည်။ ကျူရှင်သည် ငွေအပိုပေးကာ စာမေးပွဲအောင်ရန်၊ အမှတ်များရန် လေ့ကျင့်သင်ကြားပေးသော စနစ်ဖြစ်ကာ အသိပညာ (Knowledge) ရရှိရေးနှင့် ဖီလာဆန့်ကျင်ကာ စာမေးပွဲတွင် မေးတတ်သည်များကိုသာ ဦးစားပေးပြီး စာမေးပွဲတွင် မေးလေ့မရှိသော၊ မေးခဲသောအကြောင်းအရာများကို လုံးဝမသင်တော့။ စာမေးပွဲအောင်အောင်ဖြေနည်း၊ အမှတ်များအောင် လုပ်နည်းကိုသာ ဦးစားပေးပြီး လေ့ကျင့်စေပါတော့သည်။ စာမေးပွဲအောင်ဖို့၊ အမှတ်များဖို့က အဓိကဖြစ်၍ ဘာသာစုံ ကျူရှင် ယူကြရပါတော့သည်။ မူကြိုအတန်း မှအစ တက္ကသိုလ်နောက်ဆုံးနှစ်အထိ၊ ဆေး တက္ကသိုလ်၊ အင်ဂျင်နီယာတက္ကသိုလ်တို့တွင်လည်း ကျူရှင်ယူကြသည်သာမက မဟာဘွဲ့လွန် သင်တန်းများအထိပင် ကျူရှင်မလွတ်တော့။ ကျူရှင်ကို ပြင်ပ ဆရာများတွင် ယူကြရာမှ ကျောင်းတွင် ကျူရှင်များ ပေါ်ပေါက်လာသည်။ ကျောင်းဆရာ/ဆရာမများမှ ကျူရှင်ပေးလာကြရာ မူကြို၊ မူလ တန်း၊ အလယ်တန်း၊ အထက်တန်း ဆရာ/ဆရာမများမှားအတွက် ၀င်ငွေလမ်းဖြောင့် လာရာမှ လောဘတက်ကာ ကျောင်းတွင် စာကောင်းကောင်းမသင် ကျူရှင်တက်မှ စာအားလုံးပြီးပြီး၊ အတန်းပိုင်ဆရာ/ဆရာမထဲတွင် ကျူရှင်မယူလျင် မျက်နှာသာအပေးမခံရတော့သော အခြေအနေများ ဖြစ်ပေါ်လာကာ ပညာရေးလောကတွင် အဂတိလိုက်စားမှုများ ဖြစ်ပေါ်လာခဲ့ပါသည်။ ကျောင်းသူ/သားများကလည်း ကျောင်းတက်ရန်မလို၊ ကျူရှင်တက်ပြီး စာမေးပွဲဖြေဆိုနိုင်သောကြောင့်ပင် ဖြစ်ပါသည်။ ထို့ကြောင့် ပုံမှန် ကျောင်းများတွင် စာသင်ခန်းအတွင်း ပညာ သင်ရသည်မှာ စိတ်ဝင်စားဖွယ်မကောင်းတော့ ကျောင်းသူ/သားများအနေဖြင့် စာကို ကောင်းစွာ သင်ယူလိုစိတ် မရှိကြတော့ဘဲ ကျောင်းစာသင်ကြားမှု စနစ်ကြီးတစ်ခုလုံး ပျက်စီးသွားပါတော့သည်။ လူတို့အား အသိပညာပေးရမည့် ပညာရေးစနစ်တစ်ခုလုံး စာမေးပွဲ နတ်ဆိုး၏ ဖမ်းစားခြင်းခံရပြီး ပျက်စီးသွားရာမှ လူငယ်လူရွယ်များ စာမေး ပွဲအောင်လာသော်လည်း၊ အမှတ်များများ ရလာကြသော်လည်း၊ ပညာမတတ်သူများ ဖြစ်လာပါသည်။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက် ရေးအတွက် လိုအပ်သော အသိပညာရှင်၊ အတတ်ပညာရှင်များ ခေါင်းပါးသော အခြေအနေဖြစ်လာကာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ရေးကိုပါ ထိခိုက်လာပါတော့သည်။ အခြား တစ်ဖက်တွင် စာမေးပွဲမအောင်သော၊ စာ မေးပွဲတွင် ရမှတ်နည်းသော ကျောင်းသူ/ သားများမှာလည်း ဘဝပျက်ကာ ကြံုသလိုနှင့် စခန်းသွားကြရာမှ တိုင်းပြည်ထူထောင် ရေးအတွက် လိုအပ်သော လူသားအရင်း အနှီး(Human Capital) ဖြစ် မလာတော့ပါ။
စာမေးပွဲမအောင်ခြင်း၊ စာမေးပွဲတွင် အမှတ်များများမရခြင်းသည် အသိပညာမရှိ၍မဟုတ်၊ စာမေးပွဲအောင်အောင် မဖြေတတ်ခြင်း၊ အမှတ်များများရအောင် မလုပ်တတ်ခြင်းသာ ဖြစ်ပါသည်။ ထို့ကြောင့် စာမေးပွဲမအောင်သည်နှင့် အမှတ် မများသည်နှင့် ယင်းကျောင်းသူ/သားများကို လူညံ့ဟူ၍ သတ်မှတ်၍ မရနိုင်ပါ။ စာမေးပွဲမအောင်သော်လည်း လူတော်လူကောင်း ထူးချွှန်သူ များစွာ ရှိပါသည်။ စာမေးပွဲမအောင်သည့်အတွက် အစွန်းအစရှိသည့် (Talented) လူငယ်လူရွယ်များစွာကို စွန့်လွတ်တော့ရသည့် အခြေအနေမျိုး ဖြစ်နေပါသည်။ နည်းပညာနယ်ပယ်မှ နာမည်ကျော် Apple ကွန်ပျူတာကုမ္ပဏီကို တည်ထောင်ခဲ့သူ Apple ကို ကမ္ဘာ့တန်ဖိုး အကြီးဆုံး ကုမ္ပဏီဖြစ်အောင် ပြုလုပ်နိုင်ခဲ့ သူ၊ ကမ္ဘာ့ပထမဆုံး (Personal Computer) ကို တီထွင်နိုင်ခဲ့သူ Steve Job သည် စာမေးပွဲမအောင်၍ ကောလိပ်မှ ထွက်ခဲ့ရသော (Collage Drop-out) တစ်ဦး ဖြစ်ပါသည်။ Microsoft ကုမ္ပဏီကို တည်ထောင်ပြီး ယနေ့အထိ ငယ်ငယ်ရွယ်ရွယ်ဖြင့် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်သူ Bill Gate မှာလည်း တက္ကသိုလ်ဘွဲ့ မရဘဲ ထွက်ခဲ့ရသော (Collage Drop-out) ပင် ဖြစ်ပါသည်။
ကမ္ဘာအရပ်ရပ် ပညာရေးနယ် ပါယ်မှ ကျောင်းသူ/သားများသည် စာမေး ပွဲစနစ်၏ အားနည်းချက်များကို သိသော်လည်း လူတို့၏ အရည်အချင်းကို စစ်ဆေးသော အခြားကောင်းမွန်သည့် နည်းလမ်းဖြင့် အစားထိုးရန် မရှိသေးသည့်အတွက် မချစ်သော်လည်း အောင့်ကာနမ်းဆိုသည့်အတိုင်း မရှိမဖြစ်သော နတ်ဆိုးအဖြစ် (Necessary Evil) အဖြစ် ဆက်လက် အသုံးပြုနေရခြင်း ဖြစ်ပါသည်။ လက်ရှိ စာမေးပွဲနစ်ဖြင့် သင်ကြား အရည်အချင်း စစ်သည့်ပုံစံအား ပြုပြင်သည့်အနေဖြင့် အမေရိကန်နိုင်ငံတွင်(Work & Learn) ပုံစံ သင်ကြားနည်းစနစ်ကို ပြောင်းလဲ ကျင့်သုံးလာနေပြီ ဖြစ်ပါသည်။ ကျောင်း သူ/သားများကို စာသင်ရာတွင် လက်တွေ့ကျွမ်းကျင်မှုအချက်ပါ တွဲဖက်သင်ကြားပြီး စာမေးပွဲတွင် (Assignment) များ၊ (Project) များကို လက်တွေ့လုပ်စေပြီး ယင်းရလဒ်များဖြင့် ကျောင်းသူ/သားများ၏ အရည်အချင်းကို အကဲဖြတ်ခြင်းဖြစ်ပါသည်။ ယင်းစနစ်သည် ကျောင်းသူ/သား များအတွက် အကန့်အသတ်မရှိသော အသိပညာ (Knowledge) ကို ရရှိစေနိုင်သည့်အပြင် ကျောင်းသူ/သားများမှာလည်း စိတ် အားထက်သန်စွာ ပညာဆည်းပူးလိုမှု (Motivation) ကိုလည်း ဖြစ်ပေါ်လာစေကြောင်း တွေ့ရှိရပါသည်။
MCC ၏ (Work & Learn) ပညာ သင်ကြားနည်းစနစ်
MCC Institute များတွင် (၂၀၀၉)ခုနှစ်မှစတင်ပြီး (Work & Learn) ပညာသင်ကြားနည်း စနစ်များကို ကျင့်သုံးလာခဲ့ပါသည်။ MCC ၏ နာမည် B.Sc(Hons: ) Business IT ကွန်ပျူတာသိပ္ပံဘွဲ့သင်တန်းကို (Work & Learn) ပုံစံဖြင့် သင်ကြားခဲ့ရာ ထူးချွန်သော ကျောင်းသူ/သားများကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ပြည်တွင်းပြည်ပတွင် လုပ်ခ လစာကောင်းကောင်းဖြင့် အဆင့်မြင့် ကွန်ပျူတာပညာရှင်များအဖြစ် အသိအမှတ်ပြု ခံရကာ အလုပ်လုပ်ကိုင်လျက် ရှိကြပါသည်။ အင်္ဂလန်နိုင်ငံ (University of Greenwich) မှ ချီးမြှင့်သည့် B.Sc(Hons: ) Business IT သင်တန်းကို စတင်တက်ရောက်နေသော ကျောင်းသူ/သားများအား ပထမနှစ် စတင်တက်ရောက် သည့်အချိန်မှစကာ (On - the - Job - Training) ကို အပါတ်စဉ်ပြုလုပ်ရပြီး တတိယနှစ် ရောက်သည့်နှင့် အချိန်ပိုင်း အလုပ်ခန့်ထားကာ တစ်ပါတ်လျှင် (၃) ရက် ကျောင်းတက် (၂) ရက် အလုပ်လုပ်စေပါသည်။ လက်တွေ့ (Job Training) ကို MCC ၏ ICT Services အောက်ရှိ လက်တွေ့ဆောင်ရွက်လျက်ရှိသော IT Projcet ကြီးများတွင် ပါ၀င်လုပ်ကိုင်စေသည့်စနစ် ဖြစ်ပါသည်။ တတိယနှစ် ကျောင်းစပြီး ဘွဲ့ရသည်နှင့် ကျောင်းသူ/သားများအားလုံးကို အလုပ်ခန့်ထားကာ JSE (Junior Software Engineering) များအဖြစ် အတွေ့အကြံုရအောင် လေ့ကျင့်သင်ကြားပေးခြင်း ဖြစ်ပါသည်။
MCC ၏ (Work & Learn) သင်ကြားသည့် အစီအစဉ်တစ်ခုမှာ အင်္ဂလန်နိုင်ငံ၏ အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားမှုစနစ်ကို အကောင်အထည် ဖော်နေသော အကြီးဆုံး အဖွဲ့အစည်း ဖြစ် ပါသည်။ PEARSON Group နှင့် ပူးပေါင်းဆောင်ရွက်ပြီး MCC Polytechnic များတွင် BTEC Program များ သင်ကြားပေးခြင်း ဖြစ်ပါသည်။ BTEC Level-4 နှင့် Level-5 ကို (၂) နှစ် တက်ရောက်ပြီးလျှင် အင်္ဂလန်နိုင်ငံ၏ HND (Higher National Diploma) ရရှိနိုင်မည် ဖြစ်ပါသည်။ ယခုအခါ အင်ဂျင်နီ ယာဒီပလိုမာ၊ စီးပွားရေး ဒီပလိုမာ၊ ကွန်ပျူတာဒီပလိုမာ သင်တန်းများ စတင် သင်ကြားလျက် ရှိပါသည်။ PEARSON ၏ HND ဒီပလိုမာသင်တန်းများသည် စာမေးပွဲစနစ်မဟုတ်ဘဲ (Assignment) စနစ်ဖြင့် သင်ကြားပေးခြင်းဖြစ်ကြောင်း စာမေးပွဲနတ်ဆိုး (Exam Evil) ပူးကပ်ခြင်းမရှိပါ။ ကျောင်းသူ/သားများမှာလည်း စာမေးပွဲစနစ်၏ သားကောင်များ မဟုတ်တော့ဘဲ လွတ်လွတ်လပ်လပ် စိတ်အားထင်သန်စွာ လက်တွေ့အလုပ်ဖြင့် ပညာသင်ယူလျက် ရှိကြပါသည်။ ယင်းကဲ့သို့ အသက်မွေးဝမ်းကျောင်းပညာများ လက် တွေ့သင်ကြားမှု၏ ရလဒ်ကို အသိအမှတ်ပြု သည့်အနေဖြင့် အင်္ဂလန်နိုင်ငံ (QCF) ပညာ အဆင့်အတန်း စံသတ်မှတ်ချက်များ အရ BTEC Level-4 ကို တက္ကသိုလ် ပထမနှစ်၊ BTEC Level-5 ကို တက္ကသိုလ် ဒုတိယနှစ် အတန်းများနှင့် အဆင့်တူ အသိအမှတ်ပြုထားပါသည်။ ထို့ကြောင့် HND Level - 5 ဒီပလိုမာရရှိပြီးသူများသည် အင်္ဂလန်နိုင်ငံ ပညာအရည်အချင်း စံသတ် မှတ်ချက် Level - 6 ဖြစ်သော အင်္ဂလန်နိုင်ငံ တက္ကသိုလ်များ၏ တတိယနှစ်သို့ ၀င်ခွင့်ရပြီး (Top-Up) ဘွဲ့ ဒီပလိုမာများကို ဆက်လက်သင်ကြားရယူနိုင်မည် ဖြစ်ပါသည်။
MCC အနေဖြင့် အင်္ဂလန်နိုင်ငံ တက္ကသိုလ်များဖြစ်သော University of Greenwich, Middlesex University, Bermingham City University, Austriliam Institute of Business တို့ဖြင့် ချိတ်ဆက်ထားကာ HND ဒီပလိုမာ ရရှိပြီးသူများအတွက် (Top-Up) ဒီပလိုမာ သင်တန်းများကို MCC Institute များတွင် တက်ရောက်သင်ကြားနိုင်ရန် စီစဉ် ထားရှိပါသည်။
MCC Polytechnic များတွင် သင်ကြားလျက်ရှိသော HND ဒီပလိုမာ သင်တန်းများကို တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများ တက်ရောက်သင်ကြားနိုင်ပါသည်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲ မအောငfမြင်သည့် ကျောင်းသား/သူများအတွက် ဘဝတက်လမ်း ပိတ်ဆို့မသွားအောင် BTEC Level – 3 သို့ တက်ရောက်နိုင်ပြီး ယင်းမှတစ်ဆင့် Level – 4 နှင့် Level – 5 များသို့ ဆက်လက် တက်ရောက်ကာ အသက်မွေးကျောင်း ဒီပလိုမာများ ရရှိနိုင်သည်သာမက Level – 6 တက္ကသိုလ်နောက်ဆုံးနှစ်သို့ ဆက်လက်တက်ရောက်ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သူ များကဲ့သို့ပင် အင်္ဂလန်နိုင်ငံမှ ချီးမြှင့်မည့် ဘွဲ့ဒီဂရီများ ရရှိနိုင်မည်လည်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျရှုံးသူများ ဘဝမပျက်စေရန် အစီအစဉ်ရှိ သကဲ့သို့ အဋ္ဌမတန်း(Grade-9) စာမေးပွဲကျရှုံးသော ကလေးငယ်များအတွက်လည်း ငယ်ငယ်ရွယ်ရွယ်ဖြင့် ပညာသင်ကြားရေး လမ်းကြောင်း အဆက်မပြတ်စေရန် BTEC Level – 2 သို့ တက်နိုင်ရန်လည်း စီစဉ် ထားပါသည်။ ယင်းကလေးငယ်များအနေ ဖြင့် စာမေးပွဲစနစ် နတ်ဆိုးရန်မှ လွတ်မြောက်ပြီး အသက်မွေးဝမ်းကျောင်းပညာကို တက် ရောက်ကာ Level – 2 မှတစ်ဆင့် Level – 3, Level – 4, Level – 5 များ တက်ရောက်ကာ HND (Higher National Diploma) များ ရရှိနိုင်မည် ဖြစ်ပါသည်။ ထိုမှတစ်ဆင့် Level – 6 တက္ကသိုလ်နောက်ဆုံးနှစ် သင်တန်းများကို MCC Institute များတွင် တက်ရောက်ကာ အင်္ဂလန်နိုင်ငံ တက္ကသိုလ်များ၏ အင်ဂျင်နီယာသိပ္ပံဒီဂရီ၊ စီးပွားရေးပညာ သိပ္ပံဒိဂရီနှင့် ကွန်ပျူတာသိပ္ပံ ဒီဂရီများကို တက်လှမ်း ရရှိနိုင်မည် ဖြစ်ပါသည်။