Monday, July 6, 2015

ပညာသင္ဆုႏွင့္ ပညာသင္ေထာက္ပံ့ေၾကး

ပညာသင္ဆုႏွင့္ ပညာသင္ေထာက္ပံ့ေၾကး
MCC.i ပညာသင္ဆုႏွင့္ ပညာသင္ေထာက္ပံ့ေၾကးဆုိသည္မွာ .......
MCC.i ပညာသင္ဆုႏွင့္ ပညာသင္ေထာက္ပံ့ေၾကးကုိ တကၠသုိလ္၀င္တန္းစာေမးပြဲမ်ားတြင္ ထူးခ်ြန္စြာေအာင္ျမင္ေသာ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကုိ ဂုဏ္ျပဳသည့္အေနျဖင့္ ေပးအပ္ျခင္းျဖစ္ၿပီး MCC.i ပညာသင္ေထာက္ပံ့ေၾကးကုိမူ တကၠသုိလ္၀င္တန္း စာေမးပြဲေအာင္ျမင္ထားေသာ ထူးခ်ြန္ၿပီး ခ်ိဳ႕တဲ့ႏြမ္းပါးသူ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ေပးအပ္သြားမွာ ျဖစ္ပါသည္။
MCC.i ပညာသင္ဆုႏွင့္ ပညာသင္ေထာက္ပံ့ေၾကးကုိ တကၠသုိလ္၀င္တန္းစာေမးပြဲမ်ားတြင္ ထူးခ်ြန္စြာ ေအာင္ျမင္ေသာ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ ရရွိသည့္ ဂုဏ္ထူးအေရအတြက္ေပၚ မူတည္ၿပီး ေအာက္ပါ အတုိင္း ေပးအပ္သြားမွာ ျဖစ္ပါသည္။
• ဂုဏ္ထူး (၅ ဘာသာ (သုိ႔) ၆ ဘာသာ) ရရွိသူမ်ား သင္တန္းေၾကး ကင္းလြတ္ခြင့္ (၁၀၀%)
• ဂုဏ္ထူး (၃ ဘာသာ (သုိ႔) ၄ ဘာသာ) ရရွိသူမ်ား သင္တန္းေၾကး ကင္းလြတ္ခြင့္ (၇၅%)
• ဂုဏ္ထူး (၁ ဘာသာ (သုိ႔) ၂ ဘာသာ) ရရွိသူမ်ား သင္တန္းေၾကး ကင္းလြတ္ခြင့္ (၅၀%)
ဂုဏ္ထူး (၃) ဘာသာႏွင့္ အထက္ရရွိေသာ ခ်ိဳ႕တဲ့ႏြမ္းပါးသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား သင္တန္းေၾကး (၅၀%) ကင္းလြတ္ခြင့္ ေပးသြားမည္ျဖစ္ပါသည္။
MCC.i ပညာသင္ဆုသည္ တကၠသုိလ္၀င္တန္းစာေမးပြဲမ်ားတြင္ ထူးခ်ြန္စြာ ေအာင္ျမင္ထားေသာ ေက်ာင္းသား၊ ေက်ာင္းသူ မည္သူ ကုိမဆုိ ထူးခြ်န္မႈအတြက္ ဂုဏ္ျပဳေပးအပ္ျခင္းျဖစ္ၿပီး MCC.i ပညာ သင္ေထာက္ပံ့ေၾကးမွာ တကၠသုိလ္ ၀င္တန္း စာေမးပြဲမ်ားတြင္ ဂုဏ္ထူး (၃) ဘာသာအထက္ရရွိၿပီး ခ်ိဳ႕တဲ့ႏြမ္းပါးသူ ျဖစ္ေၾကာင္း သက္ဆုိင္ရာ ရပ္ကြက္ႏွင့္ သက္ဆုိင္ရာေက်ာင္းမွ ေထာက္ခံေပးသူမ်ားကုိ ေပးအပ္ျခင္းျဖစ္ပါသည္။
MCC.i ပညာသင္ဆု ေလွ်ာက္ထားရန္အတြက္ တကၠသုိလ္၀င္တန္း စာေမးပြဲမ်ားတြင္ ထူးခြ်န္စြာ ေအာင္ျမင္ထားေသာ အေထာက္အထားျပသရန္ လုိအပ္ပါသည္။ MCC.i ပညာသင္ဆုႏွင့္ ပညာသင္ ေထာက္ပံ့ေၾကး ကုိ သက္ဆုိင္ရာ ေက်ာင္းမ်ားမွလည္း ေလွ်ာက္ထားႏုိင္ပါသည္။ မိမိအစီအစဥ္ျဖင့္လည္း ေလွ်ာက္ထားႏုိင္ပါသည္။
မိမိအစီအစဥ္ျဖင့္ ေလွ်ာက္ထားျခင္းသည္ MCC.i ပညာသင္ဆု တစ္မ်ိဳးတည္းအတြက္သာ အက်ံဳး၀င္ၿပီး MCC.i ပညာသင္ဆု ေရြးခ်ယ္ေရးအဖြဲ႕၏ ဆံုးျဖတ္ခ်က္ျဖင့္သာ အတည္ျပဳေပးမည္ျဖစ္ၿပီး သက္ဆုိင္ရာေက်ာင္းမ်ားမွ တဆင့္ ေလွ်ာက္ထားလွ်င္ ပညာသင္ဆု ေလွ်ာက္ထားႏုိင္မည့္ ေက်ာင္းအလုိက္ သတ္မွတ္ထားေသာ အေရအတြက္ အတုိင္း ရရွိခံစားႏုိင္မည္ ျဖစ္ပါသည္။
• ဂုဏ္ထူး (၃) ဘာသာႏွင့္အထက္ သင္တန္းေၾကး ကင္းလြတ္ခြင့္ (၁၀၀%) (၁) ဦး
• ဂုဏ္ထူး (၂) ဘာသာႏွင့္အထက္ သင္တန္းေၾကး ကင္းလြတ္ခြင့္ (၅၀%) (၂) ဦး
• ဂုဏ္ထူး (၁) ဘာသာႏွင့္အထက္ သင္တန္းေၾကး ကင္းလြတ္ခြင့္ (၂၅%) (၃) ဦး
ေက်ာင္းမွေပးအပ္မည့္ ပညာသင္ေထာက္ပံ့ေၾကးအေရအတြက္
• ဂုဏ္ထူး (၃) ဘာသာႏွင့္အထက္ သင္တန္းေၾကး ကင္းလြတ္ခြင့္ (၅၀%) (၂) ဦး
ပညာသင္ဆုႏွင့္ သင္တန္းေၾကးေထာက္ပံ့မည့္သင္တန္းမ်ားမွာ ၂၀၁၅ ခုႏွစ္ ဇူလုိင္လတြင္ ရန္ကုန္၊ ေနျပည္ေတာ္၊ မႏၱေလး၊ ရတနာပံု နည္းပညာၿမိဳ႕သစ္မ်ားတြင္ တည္ရွိေသာ MCC.i Campus မ်ားတြင္ ဖြင့္လွစ္ေပးမည့္ BIT,BBA, BTEC သင္တန္းမ်ား၏ ပထမႏွစ္ စာသင္ႏွစ္မ်ားအတြက္ သတ္မွတ္ထားေသာ သင္တန္းေၾကးမ်ားမွ ရရွိမည့္ သင္တန္းေၾကး ကင္းလြတ္ခြင့္ (%) အလိုက္ ခံစားခြင့္ ရရွိမည္ျဖစ္ပါသည္။
အထက္ေဖာ္ျပပါ ပညာသင္ဆုႏွင့္ ပညာသင္ေထာက္ပံ့ေၾကးမ်ားသည္ MCC.i Campus မ်ားတြင္ ၂၀၁၅ ခုႏွစ္၊ ဇူလုိင္လတြင္ ဖြင့္လွစ္မည့္ BIT, BBA, BTEC Program မ်ား၏ သင္တန္းမ်ားႏွင့္သာ သက္ဆုိင္ၿပီး MCC.i Campus မ်ားတြင္ ဖြင့္လွစ္လ်က္ရွိေသာ အျခားမည္သည့္ သင္တန္းႏွင့္မွ် မသက္ဆုိင္ပါ။
ပညာသင္ဆုရရွိေသာ ေက်ာင္းသား၊ ေက်ာင္းသူ တစ္ဦးဦးသည္ မိမိရရွိေသာ ပညာသင္ဆုအတြက္ သတ္မွတ္ထားေသာ ဘြဲ႕သင္တန္းႏွင့္ ေက်ာင္းတက္ရမည့္ ကာလမ်ားကုိ မိမိအစီအစဥ္ျဖင့္ ေျပာင္းလဲျခင္း၊ လူစားထုိး လဲလွယ္ျခင္း၊ က်သင့္ေသာ သင္တန္းေၾကးအား ေက်ာင္းမတက္ဘဲ ျပန္လည္ ထုတ္ယူျခင္းမ်ားကုိ ခြင့္ျပဳမည္မဟုတ္ပါ။
အထက္ေဖာ္ျပပါ MCC ပညာသင္ဆုႏွင့္ ပညာသင္ေထာက္ပံ့ေၾကးမ်ားႏွင့္ မသက္ဆုိင္ေသာ ဂုဏ္ထူး (၁) ဘာသာလွ်င္ က်ပ္ (၁၀၀,၀၀၀) စာ သင္တန္းေၾကးကင္းလြတ္ခြင့္ျပဳသည့္ ပံုမွန္ပညာသင္ဆု အမ်ိဳးအစားကုိလည္း ေလွ်ာက္ထားႏုိင္ပါသည္။ MCC.i Campus မ်ားတြင္ ပံုမွန္သင္ၾကားလ်က္ရွိေသာ BIT Full Time Program အျပင္ BIT Part Time Program အတြက္ပါ ရရွိခံစား ႏုိင္ ပါသည္။
MCC ပညာသင္ဆုႏွင့္ ပညာသင္ေထာက္ပံ့ေၾကးမ်ားသည္ MCC.i Campus မ်ားတြင္ သင္ၾကားလ်က္ရွိေသာ BIT, BBA, BTEC ဘြဲ႕သင္တန္း မ်ား၏ ပထမႏွစ္သင္တန္းအတြက္သာ အက်ံဳး၀င္ၿပီး ဆက္လက္တက္ေရာက္မည့္ ပညာသင္ႏွစ္မ်ားအတြက္ ေက်ာင္းသား၏ ထူးခြ်န္မႈအေျခအေနေပၚမူတည္၍ MCC ပညာသင္ဆု ေရြးခ်ယ္ေရး ဘုတ္အဖြဲ႕မွ လုိအပ္ခ်က္အရ ေဆာင္ရြက္သြား မည္ျဖစ္ပါသည္။
MCC.i ပညာသင္ဆု ေရြးခ်ယ္ေရးအဖြဲ႕မွ ၂၀၁၅ ခုႏွစ္၊ ဇူလုိင္လတြင္ ဖြင့္လွစ္မည့္ MCC.i Campus မ်ား တည္ရွိရာ ရန္ကုန္၊ ေနျပည္ေတာ္၊ မႏၱေလး၊ ရတနာပံုနည္းပညာၿမိဳ႕ႀကီးမ်ားတြင္ သတ္မွတ္ အေရအတြက္အတုိင္း ေရြးခ်ယ္ ေပးအပ္သြားမွာျဖစ္တဲ့အတြက္ အခြင့္အလမ္းမ်ားစြာရွိၿပီး MCC ပညာသင္ ေထာက္ပံ့ေၾကး အတြက္လည္း မိမိ၏ထူးခ်ြန္မႈ၊ အက်င့္စာရိတၱ၊ ေငြေၾကးခ်ိဳ႕တဲ့မႈမ်ားအလုိက္ အခြင့္အလမ္းမ်ားစြာ ရရွိႏုိင္ပါသည္။
MCC.i ပညာသင္ဆုႏွင့္ ပညာသင္ေထာက္ပံ့ေၾကး ေလွ်ာက္လႊာမ်ားကုိ www.facebook.com/mcc.institute မ်ားတြင္ Online မွ တုိက္ရိုက္ျဖည့္သြင္းႏုိင္ၿပီး သက္ဆုိင္ရာ အေထာက္အထားမ်ားကုိ Scan လုပ္၍တစ္ပါတည္း Upload လုပ္ေပးရမည္ ျဖစ္ပါသည္။
MCC.i ပညာသင္ဆုႏွင့္ ပညာသင္ေထာက္ပံ့ေၾကးမ်ားကုိ Android, IOS ဖုန္းကိုင္ေဆာင္သူမ်ားအတြက္ Google Play Store တြင္ MCC APP ကုိ အခမဲ့ Download ရယူႏုိင္ပါသည္။ သုိ႔မဟုတ္ MCC.i ံ Hot Line Ph No: ၂၄၆၆၃၄ယ ၂၃၀၄၁၅၆ သုိ႔ ဆက္သြယ္ စံုစမ္းႏုိင္ပါသည္။
MCC.i ပညာသင္ဆုႏွင့္ ပညာသင္ေထာက္ပံ့ေၾကး ေလွ်ာက္ထားသူမ်ားသည္ သတ္မွတ္ထားေသာ အေရအတြက္ထက္ လြန္စြာပမာဏမ်ားျပားလွ်င္ MCC.i ပညာသင္ဆု ေရြးခ်ယ္ေရးအဖြဲ႕မွ သတ္မွတ္ထားေသာ စည္းကမ္းခ်က္မ်ားအတုိင္း အတည္ျပဳ ေရြးခ်ယ္မည္ျဖစ္ၿပီး ေရြးခ်ယ္ခံရပါက သက္ဆုိင္ရာ သင္တန္းမဖြင့္မီ (၁)ပတ္ အလုိ ေလွ်ာက္ထားသူမွ ဆက္သြယ္ရန္ ေပးအပ္ထား ေသာ Phone (or) Email ျဖင့္ ျပန္လည္အေၾကာင္းၾကား ေပးမည္ျဖစ္ၿပီး အေၾကာင္းၾကားျခင္းမရွိပါက ပညာသင္ဆု သုိ႔မဟုတ္ ပညာသင္ေထာက္ပံ့ေၾကး ရရွိျခင္းမရွိဟု တစ္ပါတည္း မွတ္ယူရမည္။
MCC.i ပညာသင်ဆုနှင့် ပညာသင်ထောက်ပံ့ကြေးဆိုသည်မှာ .......
MCC.i ပညာသင်ဆုနှင့် ပညာသင်ထောက်ပံ့ကြေးကို တက္ကသိုလ်ဝင်တန်းစာမေးပွဲများတွင် ထူးချွန်စွာအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုသည့်အနေဖြင့် ပေးအပ်ခြင်းဖြစ်ပြီး MCC.i ပညာသင်ထောက်ပံ့ကြေးကိုမူ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ထားသော ထူးချွန်ပြီး ချို့တဲ့နွမ်းပါးသူ ကျောင်းသား၊ ကျောင်းသူများအား ပေးအပ်သွားမှာ ဖြစ်ပါသည်။
MCC.i ပညာသင်ဆုနှင့် ပညာသင်ထောက်ပံ့ကြေးကို တက္ကသိုလ်ဝင်တန်းစာမေးပွဲများတွင် ထူးချွန်စွာ အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ၏ ရရှိသည့် ဂုဏ်ထူးအရေအတွက်ပေါ် မူတည်ပြီး အောက်ပါ အတိုင်း ပေးအပ်သွားမှာ ဖြစ်ပါသည်။
• ဂုဏ်ထူး (၅ ဘာသာ (သို့) ၆ ဘာသာ) ရရှိသူများ သင်တန်းကြေး ကင်းလွတ်ခွင့် (၁၀၀%)
• ဂုဏ်ထူး (၃ ဘာသာ (သို့) ၄ ဘာသာ) ရရှိသူများ သင်တန်းကြေး ကင်းလွတ်ခွင့် (၇၅%)
• ဂုဏ်ထူး (၁ ဘာသာ (သို့) ၂ ဘာသာ) ရရှိသူများ သင်တန်းကြေး ကင်းလွတ်ခွင့် (၅၀%)
ဂုဏ်ထူး (၃) ဘာသာနှင့် အထက်ရရှိသော ချို့တဲ့နွမ်းပါးသည့် ကျောင်းသား၊ ကျောင်းသူများအား သင်တန်းကြေး (၅၀%) ကင်းလွတ်ခွင့် ပေးသွားမည်ဖြစ်ပါသည်။
MCC.i ပညာသင်ဆုသည် တက္ကသိုလ်ဝင်တန်းစာမေးပွဲများတွင် ထူးချွန်စွာ အောင်မြင်ထားသော ကျောင်းသား၊ ကျောင်းသူ မည်သူ ကိုမဆို ထူးချွန်မှုအတွက် ဂုဏ်ပြုပေးအပ်ခြင်းဖြစ်ပြီး MCC.i ပညာ သင်ထောက်ပံ့ကြေးမှာ တက္ကသိုလ် ၀င်တန်း စာမေးပွဲများတွင် ဂုဏ်ထူး (၃) ဘာသာအထက်ရရှိပြီး ချို့တဲ့နွမ်းပါးသူ ဖြစ်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်နှင့် သက်ဆိုင်ရာကျောင်းမှ ထောက်ခံပေးသူများကို ပေးအပ်ခြင်းဖြစ်ပါသည်။
MCC.i ပညာသင်ဆု လျှောက်ထားရန်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲများတွင် ထူးချွန်စွာ အောင်မြင်ထားသော အထောက်အထားပြသရန် လိုအပ်ပါသည်။ MCC.i ပညာသင်ဆုနှင့် ပညာသင် ထောက်ပံ့ကြေး ကို သက်ဆိုင်ရာ ကျောင်းများမှလည်း လျှောက်ထားနိုင်ပါသည်။ မိမိအစီအစဉ်ဖြင့်လည်း လျှောက်ထားနိုင်ပါသည်။
မိမိအစီအစဉ်ဖြင့် လျှောက်ထားခြင်းသည် MCC.i ပညာသင်ဆု တစ်မျိုးတည်းအတွက်သာ အကျုံးဝင်ပြီး MCC.i ပညာသင်ဆု ရွေးချယ်ရေးအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့်သာ အတည်ပြုပေးမည်ဖြစ်ပြီး သက်ဆိုင်ရာကျောင်းများမှ တဆင့် လျှောက်ထားလျှင် ပညာသင်ဆု လျှောက်ထားနိုင်မည့် ကျောင်းအလိုက် သတ်မှတ်ထားသော အရေအတွက် အတိုင်း ရရှိခံစားနိုင်မည် ဖြစ်ပါသည်။
• ဂုဏ်ထူး (၃) ဘာသာနှင့်အထက် သင်တန်းကြေး ကင်းလွတ်ခွင့် (၁၀၀%) (၁) ဦး
• ဂုဏ်ထူး (၂) ဘာသာနှင့်အထက် သင်တန်းကြေး ကင်းလွတ်ခွင့် (၅၀%) (၂) ဦး
• ဂုဏ်ထူး (၁) ဘာသာနှင့်အထက် သင်တန်းကြေး ကင်းလွတ်ခွင့် (၂၅%) (၃) ဦး
ကျောင်းမှပေးအပ်မည့် ပညာသင်ထောက်ပံ့ကြေးအရေအတွက်
• ဂုဏ်ထူး (၃) ဘာသာနှင့်အထက် သင်တန်းကြေး ကင်းလွတ်ခွင့် (၅၀%) (၂) ဦး
ပညာသင်ဆုနှင့် သင်တန်းကြေးထောက်ပံ့မည့်သင်တန်းများမှာ ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ရတနာပုံ နည်းပညာမြို့သစ်များတွင် တည်ရှိသော MCC.i Campus များတွင် ဖွင့်လှစ်ပေးမည့် BIT,BBA, BTEC သင်တန်းများ၏ ပထမနှစ် စာသင်နှစ်များအတွက် သတ်မှတ်ထားသော သင်တန်းကြေးများမှ ရရှိမည့် သင်တန်းကြေး ကင်းလွတ်ခွင့် (%) အလိုက် ခံစားခွင့် ရရှိမည်ဖြစ်ပါသည်။
အထက်ဖော်ပြပါ ပညာသင်ဆုနှင့် ပညာသင်ထောက်ပံ့ကြေးများသည် MCC.i Campus များတွင် ၂၀၁၅ ခုနှစ်၊ ဇူလိုင်လတွင် ဖွင့်လှစ်မည့် BIT, BBA, BTEC Program များ၏ သင်တန်းများနှင့်သာ သက်ဆိုင်ပြီး MCC.i Campus များတွင် ဖွင့်လှစ်လျက်ရှိသော အခြားမည်သည့် သင်တန်းနှင့်မျှ မသက်ဆိုင်ပါ။
ပညာသင်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူ တစ်ဦးဦးသည် မိမိရရှိသော ပညာသင်ဆုအတွက် သတ်မှတ်ထားသော ဘွဲ့သင်တန်းနှင့် ကျောင်းတက်ရမည့် ကာလများကို မိမိအစီအစဉ်ဖြင့် ပြောင်းလဲခြင်း၊ လူစားထိုး လဲလှယ်ခြင်း၊ ကျသင့်သော သင်တန်းကြေးအား ကျောင်းမတက်ဘဲ ပြန်လည် ထုတ်ယူခြင်းများကို ခွင့်ပြုမည်မဟုတ်ပါ။
အထက်ဖော်ပြပါ MCC ပညာသင်ဆုနှင့် ပညာသင်ထောက်ပံ့ကြေးများနှင့် မသက်ဆိုင်သော ဂုဏ်ထူး (၁) ဘာသာလျှင် ကျပ် (၁၀၀,၀၀၀) စာ သင်တန်းကြေးကင်းလွတ်ခွင့်ပြုသည့် ပုံမှန်ပညာသင်ဆု အမျိုးအစားကိုလည်း လျှောက်ထားနိုင်ပါသည်။ MCC.i Campus များတွင် ပုံမှန်သင်ကြားလျက်ရှိသော BIT Full Time Program အပြင် BIT Part Time Program အတွက်ပါ ရရှိခံစား နိုင် ပါသည်။
MCC ပညာသင်ဆုနှင့် ပညာသင်ထောက်ပံ့ကြေးများသည် MCC.i Campus များတွင် သင်ကြားလျက်ရှိသော BIT, BBA, BTEC ဘွဲ့သင်တန်း များ၏ ပထမနှစ်သင်တန်းအတွက်သာ အကျံုးဝင်ပြီး ဆက်လက်တက်ရောက်မည့် ပညာသင်နှစ်များအတွက် ကျောင်းသား၏ ထူးချွန်မှုအခြေအနေပေါ်မူတည်၍ MCC ပညာသင်ဆု ရွေးချယ်ရေး ဘုတ်အဖွဲ့မှ လိုအပ်ချက်အရ ဆောင်ရွက်သွား မည်ဖြစ်ပါသည်။
MCC.i ပညာသင်ဆု ရွေးချယ်ရေးအဖွဲ့မှ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လတွင် ဖွင့်လှစ်မည့် MCC.i Campus များ တည်ရှိရာ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ရတနာပုံနည်းပညာမြို့ကြီးများတွင် သတ်မှတ် အရေအတွက်အတိုင်း ရွေးချယ် ပေးအပ်သွားမှာဖြစ်တဲ့အတွက် အခွင့်အလမ်းများစွာရှိပြီး MCC ပညာသင် ထောက်ပံ့ကြေး အတွက်လည်း မိမိ၏ထူးချွန်မှု၊ အကျင့်စာရိတ္တ၊ ငွေကြေးချို့တဲ့မှုများအလိုက် အခွင့်အလမ်းများစွာ ရရှိနိုင်ပါသည်။
MCC.i ပညာသင်ဆုနှင့် ပညာသင်ထောက်ပံ့ကြေး လျှောက်လွှာများကိုwww.facebook.com/mcc.institute များတွင် Online မှ တိုက်ရိုက်ဖြည့်သွင်းနိုင်ပြီး သက်ဆိုင်ရာ အထောက်အထားများကို Scan လုပ်၍တစ်ပါတည်း Upload လုပ်ပေးရမည် ဖြစ်ပါသည်။
MCC.i ပညာသင်ဆုနှင့် ပညာသင်ထောက်ပံ့ကြေးများကို Android, IOS ဖုန်းကိုင်ဆောင်သူများအတွက် Google Play Store တွင် MCC APP ကို အခမဲ့ Download ရယူနိုင်ပါသည်။ သို့မဟုတ် MCC.i ံ Hot Line Ph No: ၂၄၆၆၃၄ယ ၂၃၀၄၁၅၆ သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။
MCC.i ပညာသင်ဆုနှင့် ပညာသင်ထောက်ပံ့ကြေး လျှောက်ထားသူများသည် သတ်မှတ်ထားသော အရေအတွက်ထက် လွန်စွာပမာဏများပြားလျှင် MCC.i ပညာသင်ဆု ရွေးချယ်ရေးအဖွဲ့မှ သတ်မှတ်ထားသော စည်းကမ်းချက်များအတိုင်း အတည်ပြု ရွေးချယ်မည်ဖြစ်ပြီး ရွေးချယ်ခံရပါက သက်ဆိုင်ရာ သင်တန်းမဖွင့်မီ (၁)ပတ် အလို လျှောက်ထားသူမှ ဆက်သွယ်ရန် ပေးအပ်ထား သော Phone (or) Email ဖြင့် ပြန်လည်အကြောင်းကြား ပေးမည်ဖြစ်ပြီး အကြောင်းကြားခြင်းမရှိပါက ပညာသင်ဆု သို့မဟုတ် ပညာသင်ထောက်ပံ့ကြေး ရရှိခြင်းမရှိဟု တစ်ပါတည်း မှတ်ယူရမည်။