Monday, July 6, 2015

ဒီတစ်ပတ် အမ်စီစီ


၂၀၀၅ခုနှစ်မှစတင်၍ မြန်မာ့ကျောက်မျက်ရတနာပြပွဲများကို MCC Group မှ တီထွင်ထားသော Emporium Management Information System ဖြင့် စဉ်ဆက်မပြတ် အကောင်အထည်ဖော် ၀န်ဆောင်မှုပေးခဲ့ရာ (၅၂) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာခန်းမတွင် ၀န်ထမ်းများနှင့် လက်တွေ့လုပ်ငန်းခွင်ဝင် ကျောင်းသား၊ ကျောင်းသူပေါင်း ၂၀၀ ကျော်တို့ဖြင့် ၂၀၁၅ခုနှစ် ဇွန်လ ၂၄ ရက်နေ့မှ ဇူလိုင်လ ၆ ရက်နေ့အထိ နေ့ညမပြတ် (၂၇) ကြိမ်မြောက် အောင်မြင်စွာ ၀န်ဆောင်မှုပေးနိုင်ခဲ့ပါသည်။


၂၀၁၅ခုနှစ် ပညာသင်နှစ်အတွက် Siam University (Bangkok) တွင် ဆက်လက်တက်ရောက်သင်ယူရန် ရောက်ရှိနေသော MCC မှ BBA ကျောင်းသား၊ ကျောင်းသူများကို ကြိုဆိုသူများနှင့်အတူ တွေ့ရပုံ


၂၀၁၅ခုနှစ် June Intake B.Sc (Hons) Business IT သင်တန်း စတင်ဖွင့်လှစ် သင်ကြားနေပုံ


MCC ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေး ဗဟုသုတ ရရှိစေရန် အပတ်စဉ်ပြုလုပ်လျက်ရှိသော TGZ Tech Talk တွင် ဒေါက်တာခင်မောင်လွင် (လမ်းမတော်)က ကာလသားသမီးနှင့် ကာလပေါ်ရောဂါများအကြောင်း ဟောပြောနေပုံ