Wednesday, October 14, 2015

အသိအမွတ္ျပဳ လက္မွတ္ဆိုသည္မွာ


ယေန႔ မိမိတို႔ေနထိုင္ရာ ကမၻာေပၚမွာ တိုးတက္ေျပာင္းလဲမႈေတြဟာ အခ်ိန္ႏွင့္အမွ် ေတြ႔ႀကံဳေနရပါတယ္။ ဒီလိုတိုးတက္ ေျပာင္းလဲေနေသာေခတ္ၾကီးမွာ မိမိတို႕ တစ္ဦးခ်င္းအတြက္ ဘ၀အာမခံခ်က္ရွိဖို႔ လြန္စြာမွ အေရးၾကီးလွပါတယ္။ မိမိတို႔ျဖတ္သန္းေနရေသာ ေခတ္တြင္ မိမိတို႕ ပိုင္ဆိုင္ေသာ တန္ဖိုးရွိလွတဲ့အခ်ိန္မ်ားကို အက်ိဳးရိွစြာ အသံုးခ်ဖို႔ လိုအပ္ပါတယ္။ မိမိတို႔တစ္ဦးခ်င္း တတ္ႏိုင္သေလာက္ ႐ုန္းကန္ႀကိဳးစားေနေသာ္လည္း ဒီလိုၾကိဳးစားေနမႈကို အသိအမွတ္ျပဳမႈ လူသားတိုင္း ခံစားခ်င္ၾကပါတယ္။
အသိအမွတ္ျပဳတယ္ဆိုတာ ကိုယ္တတ္ေၾကာင္း၊ ကိုယ္ေတာ္ေၾကာင္းကို ကိုယ္ကိုယ္တိုင္ေျပာပါက အမ်ားလက္ခံႏိုင္မည္ မဟုတ္ပါ။ ဒီေနရာမွာ မိမိေတာ္ေၾကာင္း မိမိၾကိဳးစားထားေၾကာင္းကို မိမိကိုေထာက္ခံ ေျပာေပးမည့္ တစ္ျခားသူ၊ တစ္ျခားအဖြဲ႕အစည္း လိုအပ္ပါတယ္။ ကြန္ပ်ဴတာအေခၚ (Third Party) ေပါ့။ Windows တင္ျပီး တစ္နည္း Operating System တင္ျပီးတာနဲ႔ တစ္ခါတည္းပါလာတာမဟုတ္ပဲ ေနာက္တစ္ဆင့္ ထပ္တင္ရတဲ့ Software ေတြကို Third Party Organization လို႔ေခၚၾကပါတယ္။ အခုဟာက Third Party Organization ပါ။ မိမိေတာ္ေၾကာင္းကို အေထာက္အပံ့ေပးမည့္ မိမိမဟုတ္ေသာ အဖြဲ႕အစညး္ ပါ။ ထိုအဖြဲ႕အစည္း ေတြရဲ႕ ေထာက္ခံမႈရဖို႔ဆိုတာ သူတို႔သတ္မွတ္ထားတဲ့ စံခ်ိန္စံညႊန္းေတြကို မိမိဘက္မွ အျပည့္အ၀ လိုက္နာရဖို႔ လိုပါတယ္။ သို႔မွသာ သူတို႔ အဖြဲ႔အစည္းေတြရဲ့ ေထာက္ခံမႈကို မိမိတို႔ရရွိ ခံစားႏိုင္မည္ ျဖစ္ပါတယ္။ အဖြဲ႔အစည္းတစ္ခုအေနျဖင့္ မိမိတို႔၏ လုပ္ေဆာင္ခ်က္မ်ားသည္ ႏိုင္ငံတကာ အဖြဲ႔အစည္းမ်ား၏ ယံုၾကည္မႈရယူရန္ လြန္စြာမွ အေရးၾကီးလွပါတယ္။ ဒီလို ယံုၾကည္မႈရယူရန္ သတ္မွတ္စံခ်ိန္စံညႊန္းေတြအတိုင္း လုပ္ေဆာင္ေနပါတယ္ဆိုတာကို အစစ္အေဆး ခံယူရပါတယ္။ သို႔မွသာ (ISO) (International Organization for Standardization) အဖြဲ႔အစည္းမ်ားမွ မိမိတို႔အဖြဲ႔အစည္းကို အသိအမွတ္ျပဳပါတယ္ဆိုတဲ့ Certified လက္မွတ္ခ်ီးျမႇင့္ျခင္း ခံရပါတယ္။ ဒီလို Certified အဖြဲ႔အစည္းျဖစ္မွသာ လုပ္ငန္းလုပ္ေဆာင္ရာတြင္ လူအမ်ားရဲ႕ ယံုၾကည္မႈ Trust ကိုရရွိႏိုင္မွာ ျဖစ္ပါတယ္။
ထုိနည္းတူစြာ လူတစ္ဦးခ်င္းစီအတြက္ မိမိတိုကို လူအမ်ားယံုၾကည္မႈ ရေအာင္၊ အဖြဲ႔အစည္းမ်ားရဲ့ ယံုၾကည္မႈ ရေအာင္၊ မိမိဘက္မွ လုပ္ငန္းမ၀င္ခင္ ၾကိဳတင္ ျပင္ဆင္မႈေတြ ျပဳလုပ္ထားဖို႔ လိုပါတယ္။ ယေန႔ေခတ္သည္ ပညာေခတ္ျဖစ္ပါတယ္။ ႏိုင္ငံတကာမွ လက္ခံထားေသာ ေထာင္စုႏွစ္ရည္မွန္းခ်က္ျဖစ္သည့္ Education for All လူတိုင္းအတြက္ ပညာေရးဆိုတဲ့ လူသားတိုင္းအတြက္ မျဖစ္မေနတတ္ရမည့္ ပညာေရးကို အမွီလိုက္ေနရေသာေခတ္တြင္ ဘယ္အဖြဲ႔အစည္းမွ အသိအမွတ္ျပဳထားပါတယ္ဆိုတာ အေရးၾကီးလွပါတယ္။ ဒီလို Certified အသိအမွတ္ျပဳလက္မွတ္ေတြရဲ့ တန္ဖိုးက မိမိတို႔ Life Carrier မွာ ထမင္းစား လက္မွတ္ တစ္ခုအေနနဲ႔ ရွိေနပါတယ္။ ဘယ္လုပ္ငန္းပဲ လုပ္လုပ္ ယေန႔ေခတ္တြင္ ဘယ္သူေတြက အသိအမွတ္ျပဳထားသလဲ၊ ဘာလက္မွတ္ရွိ သလဲဆိုတာ ပထမဆံုး ေျဖရမည့္ေမးခြန္းပါ။ ဒီပထမဆံုးေမးခြန္းကို ေအာင္ျမင္စြာ ေျဖႏိုင္မွသာ ေနာက္ေမးခြန္းေတြအတြက္ ဆက္လက္ျပင္ဆင္ရႏိုင္မွာ ျဖစ္ပါတယ္။ ပထမဆံုး မိမိတို႔တစ္ဦးခ်င္းစီမွာ မတူညီေသာ ရည္မွန္းခ်က္ ပိုင္ရွင္ေတြျဖစ္တာႏွင့္အညီ မိမိတို႔ဘ၀မွာ ဘာေတြလုပ္ခ်င္တာလဲ မိမိတို႔သမိုင္းမွာ ဘာေတြ ခ်န္ထားခဲ့မလဲဆိုတာ ဦးစြာေမးရမည့္ ေမးခြန္းပါ။ ယေန႔လူငယ္ေတြ အမ်ားဆံုးျဖစ္ ေနတာက အမ်ားၾကီး လုပ္ခ်င္၊ ျဖစ္ခ်င္တဲ့ျပႆနာပါ။ ဒီလိုစိတ္ထားရွိတာ လြန္စြာမွ ေကာင္းတဲ့ရည္မွန္းခ်က္ပါ။
သို႔ေသာ္ သြားရမည့္၊ လုပ္ရမည့္ အလုပ္မ်ားကို မိမိကိုယ္တုိင္ စီမံခန္႔ခြဲတတ္ဖို႔ လိုပါတယ္။ မိမိေလွ်ာက္မည့္လမ္းကို ေရြးခ်ယ္ျပီးေနာက္ ဒီအသိုင္းအ၀န္းမွာ ဘယ္သူေတြကို ဘယ္အဖြဲ႔အစည္းေတြကို အမ်ားက ေလးစားယံုၾကည္ထားသလဲဆုိတာ ေလ့လာပါ။ အမ်ားယံုၾကည္ေလးစားထားျခင္းခံရေသာ အဖြဲ႔အစည္းေတြက မိမိကို ေတာ္ေၾကာင္းတတ္ေၾကာင္းကို ေထာက္ခံေပးပါက မိမိအေနျဖင့္ လူအမ်ားရဲ႕ အသိအမွတ္ျပဳမႈကို အျမန္ဆံုးရယူ ႏိုင္မွာျဖစ္ပါတယ္။ ယေန႔ေခတ္ကို နည္းပညာေခတ္လို႔ အမ်ားက လက္ခံထားၾကျပီး နည္းပညာနဲ႔ ကင္းကြာျပီး လုပ္ေနေသာ လုပ္ငန္းမ်ား အင္မတန္မွ နည္းလာတာကို မိမိတို႔ သတိမူမိမွာ ျဖစ္ပါတယ္။ နည္းပညာနဲ႔ ပတ္သက္ေသာ လုပ္ငန္းမ်ားဟာလည္း အရွိန္အဟုန္ေကာင္းစြာျဖင့္ ေရွ႕ဆက္ေနပါတယ္။ နည္းပညာ လုပ္ငန္းၾကီးမ်ားကလည္း မိမိတိုရဲ့ ထုတ္ကုန္မ်ား ေကာင္းေၾကာင္းကို မိမိတို႕ကိုယ္တိုင္ ေၾကာ္ျငာေနရသလို မိမိတို႔ရဲ့ ထုတ္ကုန္ေတြကို မိမိတို႔မဟုတ္ေသာ အဖြဲ႔အစည္း (Third Party Organization) မွလည္း ေထာက္ခံေၾကာင္း အစဥ္အၿမဲ ေၾကညာေပးေနရပါတယ္။ ဆိုလိုတာကေတာ့ လူအမ်ားရဲ့ အသိအမွတ္ျပဳမႈကို ရယူျခင္းျဖစ္ပါတယ္။ ယေန႔ေခတ္တြင္ နည္းပညာႏွင့္ပတ္သက္ေသာ အသိအမွတ္ျပဳမႈ လက္မွတ္ေတြကို အခ်ိန္နဲ႔တေျပးညီ ရယူဖို႔လိုအပ္လွပါတယ္။ အသိအမွတ္ျပဳ လက္မွတ္အတြက္ ျပင္ဆင္မႈမ်ားသည္လည္း မိမိေရြးခ်ယ္ထားေသာ အဖြဲ႕အစည္းေပၚမူတည္ျပီး မိမိဘက္မွ ေပးရမည့္အခ်ိန္၊ ကုန္က်ရမည့္ေငြကို ေသေသခ်ာခ်ာ ျပင္ဆင္ထားဖို႔ လုိအပ္ပါတယ္။ သက္ဆိုင္ရာ အဖြဲ႔အစည္းမ်ားမွလည္း မိမိတို႔၏ အသိအမွတ္ျပဳ လက္မွတ္မ်ားကို မိမိတို႔ကိုယ္တိုင္ မစစ္ေဆးပဲ တျခားအဖြဲ႔အစည္း (Third Party Organization) မွတာ၀န္ယူ စစ္ေဆးေလ့ရွုိပါတယ္။ ထိုစစ္ေဆးမႈမ်ားကို မိမိတို႔ဘက္မွ ခံယူမွသာ မိမိအေနျဖင့္ လူအမ်ားရဲ့ အသိအမွတ္ျပဳ မႈကို လက္ခံရရွိနိင္မွာျဖစ္ပါတယ္။
ဆရာဇာနည္ (MCT)

အသိအမှတ်ပြု လက်မှတ်ဆိုသည်မှာ

ယနေ့ မိမိတို့နေထိုင်ရာ ကမ္ဘာပေါ်မှာ တိုးတက်ပြောင်းလဲမှုတွေဟာ အချိန်နှင့်အမျှ တွေ့ကြုံနေရပါတယ်။ ဒီလိုတိုးတက် ပြောင်းလဲနေသောခေတ်ကြီးမှာ မိမိတို့ တစ်ဦးချင်းအတွက် ဘဝအာမခံချက်ရှိဖို့ လွန်စွာမှ အရေးကြီးလှပါတယ်။ မိမိတို့ဖြတ်သန်းနေရသော ခေတ်တွင် မိမိတို့ ပိုင်ဆိုင်သော တန်ဖိုးရှိလှတဲ့အချိန်များကို အကျိုးရှိစွာ အသုံးချဖို့ လိုအပ်ပါတယ်။ မိမိတို့တစ်ဦးချင်း တတ်နိုင်သလောက် ရုန်းကန်ကြိုးစားနေသော်လည်း ဒီလိုကြိုးစားနေမှုကို အသိအမှတ်ပြုမှု လူသားတိုင်း ခံစားချင်ကြပါတယ်။
အသိအမှတ်ပြုတယ်ဆိုတာ ကိုယ်တတ်ကြောင်း၊ ကိုယ်တော်ကြောင်းကို ကိုယ်ကိုယ်တိုင်ပြောပါက အများလက်ခံနိုင်မည် မဟုတ်ပါ။ ဒီနေရာမှာ မိမိတော်ကြောင်း မိမိကြိုးစားထားကြောင်းကို မိမိကိုထောက်ခံ ပြောပေးမည့် တစ်ခြားသူ၊ တစ်ခြားအဖွဲ့အစည်း လိုအပ်ပါတယ်။ ကွန်ပျူတာအခေါ် (Third Party) ပေါ့။ Windows တင်ပြီး တစ်နည်း Operating System တင်ပြီးတာနဲ့ တစ်ခါတည်းပါလာတာမဟုတ်ပဲ နောက်တစ်ဆင့် ထပ်တင်ရတဲ့ Software တွေကို Third Party Organization လို့ခေါ်ကြပါတယ်။ အခုဟာက Third Party Organization ပါ။ မိမိတော်ကြောင်းကို အထောက်အပံ့ပေးမည့် မိမိမဟုတ်သော အဖွဲ့အစညး် ပါ။ ထိုအဖွဲ့အစည်း တွေရဲ့ ထောက်ခံမှုရဖို့ဆိုတာ သူတို့သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေကို မိမိဘက်မှ အပြည့်အဝ လိုက်နာရဖို့ လိုပါတယ်။ သို့မှသာ သူတို့ အဖွဲ့အစည်းတွေရဲ့ ထောက်ခံမှုကို မိမိတို့ရရှိ ခံစားနိုင်မည် ဖြစ်ပါတယ်။ အဖွဲ့အစည်းတစ်ခုအနေဖြင့် မိမိတို့၏ လုပ်ဆောင်ချက်များသည် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ယုံကြည်မှုရယူရန် လွန်စွာမှ အရေးကြီးလှပါတယ်။ ဒီလို ယုံကြည်မှုရယူရန် သတ်မှတ်စံချိန်စံညွှန်းတွေအတိုင်း လုပ်ဆောင်နေပါတယ်ဆိုတာကို အစစ်အဆေး ခံယူရပါတယ်။ သို့မှသာ (ISO) (International Organization for Standardization) အဖွဲ့အစည်းများမှ မိမိတို့အဖွဲ့အစည်းကို အသိအမှတ်ပြုပါတယ်ဆိုတဲ့ Certified လက်မှတ်ချီးမြှင့်ခြင်း ခံရပါတယ်။ ဒီလို Certified အဖွဲ့အစည်းဖြစ်မှသာ လုပ်ငန်းလုပ်ဆောင်ရာတွင် လူအများရဲ့ ယုံကြည်မှု Trust ကိုရရှိနိုင်မှာ ဖြစ်ပါတယ်။
ထိုနည်းတူစွာ လူတစ်ဦးချင်းစီအတွက် မိမိတိုကို လူအများယုံကြည်မှု ရအောင်၊ အဖွဲ့အစည်းများရဲ့ ယုံကြည်မှု ရအောင်၊ မိမိဘက်မှ လုပ်ငန်းမဝင်ခင် ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်ထားဖို့ လိုပါတယ်။ ယနေ့ခေတ်သည် ပညာခေတ်ဖြစ်ပါတယ်။ နိုင်ငံတကာမှ လက်ခံထားသော ထောင်စုနှစ်ရည်မှန်းချက်ဖြစ်သည့် Education for All လူတိုင်းအတွက် ပညာရေးဆိုတဲ့ လူသားတိုင်းအတွက် မဖြစ်မနေတတ်ရမည့် ပညာရေးကို အမှီလိုက်နေရသောခေတ်တွင် ဘယ်အဖွဲ့အစည်းမှ အသိအမှတ်ပြုထားပါတယ်ဆိုတာ အရေးကြီးလှပါတယ်။ ဒီလို Certified အသိအမှတ်ပြုလက်မှတ်တွေရဲ့ တန်ဖိုးက မိမိတို့ Life Carrier မှာ ထမင်းစား လက်မှတ် တစ်ခုအနေနဲ့ ရှိနေပါတယ်။ ဘယ်လုပ်ငန်းပဲ လုပ်လုပ် ယနေ့ခေတ်တွင် ဘယ်သူတွေက အသိအမှတ်ပြုထားသလဲ၊ ဘာလက်မှတ်ရှိ သလဲဆိုတာ ပထမဆုံး ဖြေရမည့်မေးခွန်းပါ။ ဒီပထမဆုံးမေးခွန်းကို အောင်မြင်စွာ ဖြေနိုင်မှသာ နောက်မေးခွန်းတွေအတွက် ဆက်လက်ပြင်ဆင်ရနိုင်မှာ ဖြစ်ပါတယ်။ ပထမဆုံး မိမိတို့တစ်ဦးချင်းစီမှာ မတူညီသော ရည်မှန်းချက် ပိုင်ရှင်တွေဖြစ်တာနှင့်အညီ မိမိတို့ဘဝမှာ ဘာတွေလုပ်ချင်တာလဲ မိမိတို့သမိုင်းမှာ ဘာတွေ ချန်ထားခဲ့မလဲဆိုတာ ဦးစွာမေးရမည့် မေးခွန်းပါ။ ယနေ့လူငယ်တွေ အများဆုံးဖြစ် နေတာက အများကြီး လုပ်ချင်၊ ဖြစ်ချင်တဲ့ပြဿနာပါ။ ဒီလိုစိတ်ထားရှိတာ လွန်စွာမှ ကောင်းတဲ့ရည်မှန်းချက်ပါ။
သို့သော် သွားရမည့်၊ လုပ်ရမည့် အလုပ်များကို မိမိကိုယ်တိုင် စီမံခန့်ခွဲတတ်ဖို့ လိုပါတယ်။ မိမိလျှောက်မည့်လမ်းကို ရွေးချယ်ပြီးနောက် ဒီအသိုင်းအဝန်းမှာ ဘယ်သူတွေကို ဘယ်အဖွဲ့အစည်းတွေကို အများက လေးစားယုံကြည်ထားသလဲဆိုတာ လေ့လာပါ။ အများယုံကြည်လေးစားထားခြင်းခံရသော အဖွဲ့အစည်းတွေက မိမိကို တော်ကြောင်းတတ်ကြောင်းကို ထောက်ခံပေးပါက မိမိအနေဖြင့် လူအများရဲ့ အသိအမှတ်ပြုမှုကို အမြန်ဆုံးရယူ နိုင်မှာဖြစ်ပါတယ်။ ယနေ့ခေတ်ကို နည်းပညာခေတ်လို့ အများက လက်ခံထားကြပြီး နည်းပညာနဲ့ ကင်းကွာပြီး လုပ်နေသော လုပ်ငန်းများ အင်မတန်မှ နည်းလာတာကို မိမိတို့ သတိမူမိမှာ ဖြစ်ပါတယ်။ နည်းပညာနဲ့ ပတ်သက်သော လုပ်ငန်းများဟာလည်း အရှိန်အဟုန်ကောင်းစွာဖြင့် ရှေ့ဆက်နေပါတယ်။ နည်းပညာ လုပ်ငန်းကြီးများကလည်း မိမိတိုရဲ့ ထုတ်ကုန်များ ကောင်းကြောင်းကို မိမိတို့ကိုယ်တိုင် ကြော်ငြာနေရသလို မိမိတို့ရဲ့ ထုတ်ကုန်တွေကို မိမိတို့မဟုတ်သော အဖွဲ့အစည်း (Third Party Organization) မှလည်း ထောက်ခံကြောင်း အစဉ်အမြဲ ကြေညာပေးနေရပါတယ်။ ဆိုလိုတာကတော့ လူအများရဲ့ အသိအမှတ်ပြုမှုကို ရယူခြင်းဖြစ်ပါတယ်။ ယနေ့ခေတ်တွင် နည်းပညာနှင့်ပတ်သက်သော အသိအမှတ်ပြုမှု လက်မှတ်တွေကို အချိန်နဲ့တပြေးညီ ရယူဖို့လိုအပ်လှပါတယ်။ အသိအမှတ်ပြု လက်မှတ်အတွက် ပြင်ဆင်မှုများသည်လည်း မိမိရွေးချယ်ထားသော အဖွဲ့အစည်းပေါ်မူတည်ပြီး မိမိဘက်မှ ပေးရမည့်အချိန်၊ ကုန်ကျရမည့်ငွေကို သေသေချာချာ ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းများမှလည်း မိမိတို့၏ အသိအမှတ်ပြု လက်မှတ်များကို မိမိတို့ကိုယ်တိုင် မစစ်ဆေးပဲ တခြားအဖွဲ့အစည်း (Third Party Organization) မှတာဝန်ယူ စစ်ဆေးလေ့ရှိုပါတယ်။ ထိုစစ်ဆေးမှုများကို မိမိတို့ဘက်မှ ခံယူမှသာ မိမိအနေဖြင့် လူအများရဲ့ အသိအမှတ်ပြု မှုကို လက်ခံရရှိနိင်မှာဖြစ်ပါတယ်။
ဆရာဇာနည် (MCT)


MCC.i ရဲ႕ကာယအလွမယ္


(၂၀၀၉) ခုႏွစ္ကစၿပီး ျမန္မာႏုိင္ငံ၏ ပထမဦးဆံုး Private Higher Institute တစ္ခုအျဖစ္ စတင္ခဲ့ေသာ MCC Training Institute (MCC Institute) သည္ ျမန္မာႏုိင္ငံ တစ္၀ွမ္းမွ ေက်ာင္းသားလူငယ္မ်ားအား ႏုိင္ငံတကာအဆင့္ ပညာရပ္မ်ားျဖစ္ ေသာ IT ၊ စီးပြားေရးႏွင့္ အင္ဂ်င္နီယာ ပညာရပ္မ်ားအား ႏုိင္ငံတကာ တကၠသုိလ္ ႀကီးမ်ား၊ ပညာေရး အဖြဲ႕ အစည္းမ်ားႏွင့္ ပူးေပါင္းၿပီးစနစ္တက် ျပဳစုပ်ိဳးေထာင္ေပးသကဲ့သုိ႔ အဓိက ပညာရပ္သင္ယူမႈမ်ားတြင္ သာမက ဘက္စံုထူးခြၽန္ေသာ လူေကာင္းလူေတာ္မ်ား ျဖစ္လာေစရန္ အဘက္ဘက္ မွ ေဆာင္ရြက္ေပးလ်က္ ရွိပါသည္။
အထူးသျဖင့္ IT ေမဂ်ာအထူးျပဳ B.Sc (Hons:) Business IT ႏုိင္ငံတကာအသိအမွတ္ျပဳ ကြန္ပ်ဴတာသိပၸံဘြဲ႕သင္တန္း တြင္ ပင္မ Academic ဘာသာရပ္မ်ား အျပင္ English Proficiency သင္ ၾကားေပးမႈ အစီအစဥ္မ်ား၊ On The Job Training (လက္ေတြ႕လုပ္ငန္းခြင္ ေလ့ လာေဆာင္ရြက္မႈ အစီအစဥ္မ်ား၊ Microsoft Coporation ကဲ့သုိ႔ ႏုိင္ငံတကာ IT ကုမၸဏီႀကီးမ်ား၏ ကြၽမ္းက်င္မႈ လက္မွတ္ Skill Certification သင္ၾကားမႈ အစီအစဥ္မ်ားအျပင္ Extra Curriculun Activities ဟု ေခၚဆုိႏုိင္ေသာ ေက်ာင္းသင္ခန္းစာျပင္ပ လႈပ္ရွားမႈမ်ား ျဖစ္သည့္ စာေပ၊ ဂီတ၊ အားကစားႏွင့္ လူမႈေရးအက်ိဳးျပဳေသာ လုပ္ငန္းမ်ားကုိလည္း သတ္မွတ္ထားေသာ အခ်ိန္ဇယားမ်ားအတိုင္း MCC.i Campus အလိုက္ ေဆာင္ရြက္ ျပဳလုပ္ေပးလ်က္ ရွိပါသည္။ အားကစား လႈပ္ရွားမႈမ်ားအေနျဖင့္ ေက်ာင္းသား/သူမ်ား စုေပါင္းလမ္းေလွ်ာက္ျခင္း၊ ေအ႐ိုးပစ္ကခုန္ျခင္း၊ ၾကက္ေတာင္႐ိုက္ျခင္း၊ ပင္ေပါင္ကစားျခင္း၊ Fusal ႏွင့္ ဖိတ္ေခၚ ေဘာလံုးပြဲမ်ားကုိလည္း ဆက္စဥ္မျပတ္ ျပဳလုပ္က်င္းပေပးလ်က္ ရွိပါသည္။
ထုိကဲ့သုိ႔ MCC Institute မွ ေက်ာင္းသားလူငယ္မ်ားအတြက္ အေျမာ္အျမင္ ရည္မွန္းခ်က္ႀကီးစြာျဖင့္ က်ိဳးစားေဆာင္ရြက္လ်က္ရွိရာ မၾကာမွီ ကာလမ်ားတြင္ IT ပညာ သာမက အားကစားႏွင့္ ဘက္စံုထူးခြၽန္ေသာ လူငယ္လူရြယ္မ်ားမ်ားစြာ ေပၚထြက္လာမည္ဟု ယံုၾကည္လ်က္ရွိၿပီး MCC Institute တြင္ သူတုိ႔ ေမွ်ာ္မွန္းထားေသာ ရည္မွန္းခ်က္ ပန္းတုိင္မ်ားအတြက္ လာေရာက္ပညာဆည္း ပူးေနေသာ နယ္ပယ္အသီးသီးမွ ထူးခြၽန္လူငယ္မ်ားလည္း ေပ်ာ္ရႊင္စြာ ပညာသင္ၾကား လ်က္ ရွိေနပါတယ္။
ထုိအထဲမွ MCC Institute (NayPyiTaw Campus) တြင္ နုိင္ငံတကအသိအမွတ္ျပဳ ကြန္ပ်ဴတာသိပၸံဘြဲ႕ သင္တန္း (B.Sc Hons Business IT) တက္ေရာက္ေနေသာဒုတိယနွစ္ ေက်ာင ္းသူေလး မဆုရတနာသည္လည္း တစ္ဦးအပါအ၀င္ျဖစ္ပါသည္။ မဆုရတနာသည္ငယ္စဥ္ကပင္အႏုပညာႏွင့္က်မ္းမာေရးအတြက္ကုိယ္ကာယ လွဳပ္ရွားမႈမ်ားကုိ စိတ္၀င္တစားေဆာင္ရြက္ခဲ့ျပီး အျမင့္ဆုံးထူးခြ်န္ဆုအျဖစ္ ရွမ္းျပည္နယ ္ေတာင္ပုိင္းတြင္ က်င္းပေသာ၊ ျပည္ေထာင္စုကာယ အလွမယ္ျပိဳင္ပြဲတြင္ ဒုတိယဆုကုိထုိက ္ထုိက္တန္ တန္ ဆြတ္ခူးရရွိခဲ့ျပီး သူမ၀ါသနာပါေသာအနုပညာ၊အားကစားႏွင့္အတူဘ၀အတြက္ အာမခံခ်က္ရွိမည့္ အတန္း ပညာမ်ားကုိ လည္းေနာက္မက်ရေလေအာင္ အတြဲညီညီၾကိဳးစားေဆာင္ရြက္လွ်က္ရွိျပီး သူ႕ဘ၀ရည္မွန္း ခ်က္မ်ားနဲ႕ အိပ္မက္မ်ားကုိေမးျမန္းေဖၚျပလုိက္ရပါတယ္…
အမည္ရင္းမွာမဆုရတနာျဖစ္ျပီး ဦးျပည္စိုးဟန္ႏွင့္ ေဒၚသီသီညြန္႕ တုိ႕၏သမီး(၂)ေယာက္အနက္ သမီးအႀကီး ျဖစ္ပါသည္။ မဆုရတနာအား (၂၉.၄.၁၉၉၇) ေန႕တြင္ေမြးဖြားခဲ့ျပီး ယခုအခါ အသက္(၁၈)ႏွစ္ျဖစ္ျပီး သူ၀ါသနာပါ ရာအုိင္တီပညာရပ္မ်ားကုိ အဆင့္မွီမွီ တတ္ေျမာက္နုိင္ဖုိ႕ MCC Institute သုိ႕ ဆက္သြယ္တက္ေရာက္ခဲ့သူေလး တစ္ဦးလည္းျဖစ္ပါသည္။ မူလတန္းမွ အလယ္တန္းအထိ TTC (ကမာရြတ္ၿမိဳ႕နယ္၊ ရန္ကုန္) တြင္ တက္ေရာက္ပညာသင္ၾကားခဲ့သည္။ အႏုပညာႏွင့္ ပတ္သက္၍ အေျခခံပညာ ပဥၥမတန္းမွ အဌမတန္းအထိ တေယာထိုးျခင္း၊ ယိမ္းအကမ်ား ကျခင္းျဖင့္ ေက်ာင္းကပြဲမ်ားတြင္ ပါ၀င္ခဲ့ပါသည္။ ထို႕အျပင္ တေယာႏွင့္ ယိမ္းအကမ်ားအတြက္ ေက်ာင္းတြင္း ထူးခြ်န္ဆုမ်ားလည္း မၾကာခဏ ရရွိခဲ့ေသာ ေက်ာင္းသူျဖစ္ပါသည္။ န၀မတန္းမွ ဒသမတန္း ပညာရပ္ကို စိုးစံ ကိုယ္ပိုင္ အထက္တန္းေက်ာင္း (ေနျပည္ေတာ္) မွ ေအာင္ျမင္ခဲ့ပါသည္။ မဆုရတနာသည္ ရိုးရာထည္၀တ္စံု၊ ျမန္မာ၀တ္စံု ႏွင့္ လူငယ္၀တ္စံုတိုကို ၀တ္ဆင္ရျခင္းမ်ား ကို ႏွစ္သက္ၿပီး မိန္းခေလးတစ္ေယာက္၏ လွပေက်ာ့ရွင္း ေနေစဖို႕ အလွအပ ေရးရာကို စိတ္၀င္စားသည္။ထို႕ကဲ့သို႕ေသာ ၀ါသနာပါသည့္အားေလ်ာ္စြာ ကာယအလွမယ္၀င္ၿပိဳင္ျဖစ္ဖို႕ တြန္းအား ျဖစ္ေစခဲ့ပါသည္။မိဘမ်ားႏွင့္ ေဆြမ်ိဳးမ်ား၊ ရင္းႏွီးေသာ မိတ္ေဆြ သူငယ္ခ်င္းမ်ားမွ ကာယအလွမယ္ ၀င္ၿပိဳင္ျဖစ္ဖို႕ အားေပးခဲ့ၾကသည္။
ေနျပည္ေတာ္ ၿမိဳမေစ်း White Gym အားကစား ေလ့က်င္ေရး စင္တာတြင္လည္း က်န္းမာေရး ႏွင့္ ခႏၶာကိုယ္ အခ်ိဳးအစား အတြက္ ဒသမတန္း စာေမးပြဲေျဖၿပီးခ်ိန္မွစ၍ တစ္ပတ္မွာ (၄ရက္-၅ရက္) အၿမဲေလ့က်င့္ ကစားခဲ့သည္။ White Gym မွ ကာယအလွမယ္ေဟာင္း ျဖစ္သူ ဆရာမ ေဒၚျဖဴျဖဴေအာင္ မွ လည္း မဆုရတနာအား ျပည္ေထာင္စုမယ္ ၀င္ေရာက္ယွဥ္ၿပိဳင္ႏို္င္ရန္ အားေပးခဲ့၊ ေလ့က်င့္သင္ၾကားေပးခဲ့သည္။ ကာယအလွမယ္ၿပိဳင္ပြဲမတို္င္ခင္ ႏွစ္လတာ အခ်ိန္တြင္း Special Camp ၀င္၍ ၊ ၾကပ္ၾကပ္မက္မက္ ေလ့က်င့္သင္ၾကားခဲ့သည္။
ကေလာၿမိဳ႕နယ္ ျပည္ေထာင္စု ေန႕ အထိမ္းအမွတ္ ျပည္ေထာင္စုေန႕တြင္ ရွမ္းျပည္နယ္ ေတာင္ပိုင္း ျပည္ေထာင္စု ကာယအလွမယ္ၿပိဳင္ပြဲ ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့သည္။ ၄င္းၿပိဳင္ပြဲတြင္ ျပည္ေထာင္စုကာယအလွမယ္ ဒုတိယဆုႏွင့္ အသားအရည္ ေကာင္းမြန္လွပဆံုး ဆုမ်ား ရရွိခဲ့ပါသည္။ မဆုရတနာသည္ အသားအရည္ ေကာင္းမြန္လွပဆံုး ဆုရရွိျခင္းမွာ ဒသမတန္း ေအာင္ျမင္ၿပီးခ်ိန္မွစ၍ Gym ကစားခဲ့ျခင္း၊ အစားအစာမ်ားကိုလည္း ငယ္ငယ္က တည္းက အသီးအရြက္မ်ားအား ပိုမိုႏွစ္သက္ စားခဲ့ျခင္း ၊ အမာရြတ္ မျဖစ္လြယ္ေသာ အသားအေရကို ပိုင္ဆိုင္ထားျခင္း ေၾကာင့္ အသားအေရအတြက္ Cosmetic မ်ားလည္း အထူးတလည္ သံုးစြဲျခင္းမရွိျခင္းမွာ မိဘမ်ား၏ ေက်းဇူးေၾကာင့္ ျဖစ္ပါသည္ဟု သူမက ခံယူထားပါသည္။ ေနာက္ေနာင္တြင္လည္း ပညာသင္ၾကား ေနရင္း မိမိ၀ါသနာပါေသာ အႏုပညာအလုပ္မ်ားလည္း တြဲဖက္ညီညီလုပ္ေဆာင္ သြားမည္ ဟု သူမ၏ အနာဂတ္အား ဆံုးျဖတ္ထားသူျဖစ္ပါသည္။

MCC.i ရဲ့ကာယအလှမယ်

(၂၀၀၉) ခုနှစ်ကစပြီး မြန်မာနိုင်ငံ၏ ပထမဦးဆုံး Private Higher Institute တစ်ခုအဖြစ် စတင်ခဲ့သော MCC Training Institute (MCC Institute) သည် မြန်မာနိုင်ငံ တစ်ဝှမ်းမှ ကျောင်းသားလူငယ်များအား နိုင်ငံတကာအဆင့် ပညာရပ်များဖြစ် သော IT ၊ စီးပွားရေးနှင့် အင်ဂျင်နီယာ ပညာရပ်များအား နိုင်ငံတကာ တက္ကသိုလ် ကြီးများ၊ ပညာရေး အဖွဲ့ အစည်းများနှင့် ပူးပေါင်းပြီးစနစ်တကျ ပြုစုပျိုးထောင်ပေးသကဲ့သို့ အဓိက ပညာရပ်သင်ယူမှုများတွင် သာမက ဘက်စုံထူးချွန်သော လူကောင်းလူတော်များ ဖြစ်လာစေရန် အဘက်ဘက် မှ ဆောင်ရွက်ပေးလျက် ရှိပါသည်။
အထူးသဖြင့် IT မေဂျာအထူးပြု B.Sc (Hons:) Business IT နိုင်ငံတကာအသိအမှတ်ပြု ကွန်ပျူတာသိပ္ပံဘွဲ့သင်တန်း တွင် ပင်မ Academic ဘာသာရပ်များ အပြင် English Proficiency သင် ကြားပေးမှု အစီအစဉ်များ၊ On The Job Training (လက်တွေ့လုပ်ငန်းခွင် လေ့ လာဆောင်ရွက်မှု အစီအစဉ်များ၊ Microsoft Coporation ကဲ့သို့ နိုင်ငံတကာ IT ကုမ္ပဏီကြီးများ၏ ကျွမ်းကျင်မှု လက်မှတ် Skill Certification သင်ကြားမှု အစီအစဉ်များအပြင် Extra Curriculun Activities ဟု ခေါ်ဆိုနိုင်သော ကျောင်းသင်ခန်းစာပြင်ပ လှုပ်ရှားမှုများ ဖြစ်သည့် စာပေ၊ ဂီတ၊ အားကစားနှင့် လူမှုရေးအကျိုးပြုသော လုပ်ငန်းများကိုလည်း သတ်မှတ်ထားသော အချိန်ဇယားများအတိုင်း MCC.i Campus အလိုက် ဆောင်ရွက် ပြုလုပ်ပေးလျက် ရှိပါသည်။ အားကစား လှုပ်ရှားမှုများအနေဖြင့် ကျောင်းသား/သူများ စုပေါင်းလမ်းလျှောက်ခြင်း၊ အေရိုးပစ်ကခုန်ခြင်း၊ ကြက်တောင်ရိုက်ခြင်း၊ ပင်ပေါင်ကစားခြင်း၊ Fusal နှင့် ဖိတ်ခေါ် ဘောလုံးပွဲများကိုလည်း ဆက်စဉ်မပြတ် ပြုလုပ်ကျင်းပပေးလျက် ရှိပါသည်။
ထိုကဲ့သို့ MCC Institute မှ ကျောင်းသားလူငယ်များအတွက် အမြော်အမြင် ရည်မှန်းချက်ကြီးစွာဖြင့် ကျိုးစားဆောင်ရွက်လျက်ရှိရာ မကြာမှီ ကာလများတွင် IT ပညာ သာမက အားကစားနှင့် ဘက်စုံထူးချွန်သော လူငယ်လူရွယ်များများစွာ ပေါ်ထွက်လာမည်ဟု ယုံကြည်လျက်ရှိပြီး MCC Institute တွင် သူတို့ မျှော်မှန်းထားသော ရည်မှန်းချက် ပန်းတိုင်များအတွက် လာရောက်ပညာဆည်း ပူးနေသော နယ်ပယ်အသီးသီးမှ ထူးချွန်လူငယ်များလည်း ပျော်ရွှင်စွာ ပညာသင်ကြား လျက် ရှိနေပါတယ်။
ထိုအထဲမှ MCC Institute (NayPyiTaw Campus) တွင် နိုင်ငံတကအသိအမှတ်ပြု ကွန်ပျူတာသိပ္ပံဘွဲ့ သင်တန်း (B.Sc Hons Business IT) တက်ရောက်နေသောဒုတိယနှစ် ကျောင ်းသူလေး မဆုရတနာသည်လည်း တစ်ဦးအပါအဝင်ဖြစ်ပါသည်။ မဆုရတနာသည်ငယ်စဉ်ကပင်အနုပညာနှင့်ကျမ်းမာရေးအတွက်ကိုယ်ကာယ လှုပ်ရှားမှုများကို စိတ်ဝင်တစားဆောင်ရွက်ခဲ့ပြီး အမြင့်ဆုံးထူးချွန်ဆုအဖြစ် ရှမ်းပြည်နယ ်တောင်ပိုင်းတွင် ကျင်းပသော၊ ပြည်ထောင်စုကာယ အလှမယ်ပြိုင်ပွဲတွင် ဒုတိယဆုကိုထိုက ်ထိုက်တန် တန် ဆွတ်ခူးရရှိခဲ့ပြီး သူမဝါသနာပါသောအနုပညာ၊အားကစားနှင့်အတူဘဝအတွက် အာမခံချက်ရှိမည့် အတန်း ပညာများကို လည်းနောက်မကျရလေအောင် အတွဲညီညီကြိုးစားဆောင်ရွက်လျှက်ရှိပြီး သူ့ဘဝရည်မှန်း ချက်များနဲ့ အိပ်မက်များကိုမေးမြန်းဖေါ်ပြလိုက်ရပါတယ်…
အမည်ရင်းမှာမဆုရတနာဖြစ်ပြီး ဦးပြည်စိုးဟန်နှင့် ဒေါ်သီသီညွန့် တို့၏သမီး(၂)ယောက်အနက် သမီးအကြီး ဖြစ်ပါသည်။ မဆုရတနာအား (၂၉.၄.၁၉၉၇) နေ့တွင်မွေးဖွားခဲ့ပြီး ယခုအခါ အသက်(၁၈)နှစ်ဖြစ်ပြီး သူဝါသနာပါ ရာအိုင်တီပညာရပ်များကို အဆင့်မှီမှီ တတ်မြောက်နိုင်ဖို့ MCC Institute သို့ ဆက်သွယ်တက်ရောက်ခဲ့သူလေး တစ်ဦးလည်းဖြစ်ပါသည်။ မူလတန်းမှ အလယ်တန်းအထိ TTC (ကမာရွတ်မြို့နယ်၊ ရန်ကုန်) တွင် တက်ရောက်ပညာသင်ကြားခဲ့သည်။ အနုပညာနှင့် ပတ်သက်၍ အခြေခံပညာ ပဥ္စမတန်းမှ အဌမတန်းအထိ တယောထိုးခြင်း၊ ယိမ်းအကများ ကခြင်းဖြင့် ကျောင်းကပွဲများတွင် ပါ၀င်ခဲ့ပါသည်။ ထို့အပြင် တယောနှင့် ယိမ်းအကများအတွက် ကျောင်းတွင်း ထူးချွန်ဆုများလည်း မကြာခဏ ရရှိခဲ့သော ကျောင်းသူဖြစ်ပါသည်။ နဝမတန်းမှ ဒသမတန်း ပညာရပ်ကို စိုးစံ ကိုယ်ပိုင် အထက်တန်းကျောင်း (နေပြည်တော်) မှ အောင်မြင်ခဲ့ပါသည်။ မဆုရတနာသည် ရိုးရာထည်ဝတ်စုံ၊ မြန်မာဝတ်စုံ နှင့် လူငယ်ဝတ်စုံတိုကို ၀တ်ဆင်ရခြင်းများ ကို နှစ်သက်ပြီး မိန်းခလေးတစ်ယောက်၏ လှပကျော့ရှင်း နေစေဖို့ အလှအပ ရေးရာကို စိတ်ဝင်စားသည်။ထို့ကဲ့သို့သော ၀ါသနာပါသည့်အားလျော်စွာ ကာယအလှမယ်ဝင်ပြိုင်ဖြစ်ဖို့ တွန်းအား ဖြစ်စေခဲ့ပါသည်။မိဘများနှင့် ဆွေမျိုးများ၊ ရင်းနှီးသော မိတ်ဆွေ သူငယ်ချင်းများမှ ကာယအလှမယ် ၀င်ပြိုင်ဖြစ်ဖို့ အားပေးခဲ့ကြသည်။
နေပြည်တော် မြိုမစျေး White Gym အားကစား လေ့ကျင်ရေး စင်တာတွင်လည်း ကျန်းမာရေး နှင့် ခန္ဓာကိုယ် အချိုးအစား အတွက် ဒသမတန်း စာမေးပွဲဖြေပြီးချိန်မှစ၍ တစ်ပတ်မှာ (၄ရက်-၅ရက်) အမြဲလေ့ကျင့် ကစားခဲ့သည်။ White Gym မှ ကာယအလှမယ်ဟောင်း ဖြစ်သူ ဆရာမ ဒေါ်ဖြူဖြူအောင် မှ လည်း မဆုရတနာအား ပြည်ထောင်စုမယ် ၀င်ရောက်ယှဉ်ပြိုင်နို်င်ရန် အားပေးခဲ့၊ လေ့ကျင့်သင်ကြားပေးခဲ့သည်။ ကာယအလှမယ်ပြိုင်ပွဲမတို်င်ခင် နှစ်လတာ အချိန်တွင်း Special Camp ၀င်၍ ၊ ကြပ်ကြပ်မက်မက် လေ့ကျင့်သင်ကြားခဲ့သည်။
ကလောမြို့နယ် ပြည်ထောင်စု နေ့ အထိမ်းအမှတ် ပြည်ထောင်စုနေ့တွင် ရှမ်းပြည်နယ် တောင်ပိုင်း ပြည်ထောင်စု ကာယအလှမယ်ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ၄င်းပြိုင်ပွဲတွင် ပြည်ထောင်စုကာယအလှမယ် ဒုတိယဆုနှင့် အသားအရည် ကောင်းမွန်လှပဆုံး ဆုများ ရရှိခဲ့ပါသည်။ မဆုရတနာသည် အသားအရည် ကောင်းမွန်လှပဆုံး ဆုရရှိခြင်းမှာ ဒသမတန်း အောင်မြင်ပြီးချိန်မှစ၍ Gym ကစားခဲ့ခြင်း၊ အစားအစာများကိုလည်း ငယ်ငယ်က တည်းက အသီးအရွက်များအား ပိုမိုနှစ်သက် စားခဲ့ခြင်း ၊ အမာရွတ် မဖြစ်လွယ်သော အသားအရေကို ပိုင်ဆိုင်ထားခြင်း ကြောင့် အသားအရေအတွက် Cosmetic များလည်း အထူးတလည် သုံးစွဲခြင်းမရှိခြင်းမှာ မိဘများ၏ ကျေးဇူးကြောင့် ဖြစ်ပါသည်ဟု သူမက ခံယူထားပါသည်။ နောက်နောင်တွင်လည်း ပညာသင်ကြား နေရင်း မိမိ၀ါသနာပါသော အနုပညာအလုပ်များလည်း တွဲဖက်ညီညီလုပ်ဆောင် သွားမည် ဟု သူမ၏ အနာဂတ်အား ဆုံးဖြတ်ထားသူဖြစ်ပါသည်။

ရတနာပံုမွသည္ ဂလိုဘယ္လိုက္ေဇးရွင္းဆီသို႔


စာေရးသူ မႏၱေလးေရာက္တိုင္း မလြဲမေသြ လုပ္ေလ့လုပ္ထရွိသည့္ အေလ့အထမွာ မိမိတည္းခိုရာ ဆီဒိုးနားဟိုတယ္ေရွ႕ရွိ က်ံဳးေဘးမွ မႏၱေလးေတာင္ေျခသို႔ က်ံဳး၏ အျခားတစ္ဖက္မွစ၍ နံနက္ေစာေစာ လမ္းေလွ်ာက္ျခင္းပင္ျဖစ္ပါသည္။ နံနက္ေစာေစာ က်ံဳးေရျပင္မွ တိုက္ခတ္လာေသာ ေလကိုရွဴရင္း လမ္းေလွ်ာက္ရသည့္ အရသာမွာ မည္သို႔မွ် တန္ဖိုးမျဖတ္ႏိုင္ေအာင္ပင္ ျဖစ္ပါသည္။ လမ္းေလွ်ာက္ရင္း လြန္ခဲ့ေသာ ႏွစ္ေပါင္း (၁၃၀)ေက်ာ္က ကိုယ့္ထီးကိုယ့္နန္း ကိုယ့္ၾကငွန္းျဖင့္ စံျမန္းခဲ့ေသာ ရတနာပံု မင္းေနျပည္ေတာ္ႀကီးက ေရွးေခတ္ပံုစံအတိုင္း မပ်က္စီးပဲ ရွိေနပါသည္။ ခန္႔ညားစြာရွိေနသကဲ့သို႕ လမ္း၏ညာဘက္တြင္ အမ်ိဳးသားျပတိုက္ႀကီး အပါအ၀င္ Hotel မ်ား၊ Café City ကဲ့သို႕ ေခတ္မွီစားေသာက္ဆိုင္ႀကီးမ်ားကလည္း ငွားငွားစြင့္စြင့္ တည္ရွိေနျပန္ပါသည္။ မိမိသည္ ေခတ္ႏွစ္ေခတ္အၾကား လမ္းေလွ်ာက္ေနသကဲ့သို႕ ခံစားမိၿပီး ဘယ္ဖက္တြင္ ရတနာပံုမင္းေရႊျပည္ေခတ္ မႏၱေလးနန္းေတာ္ ညာဖက္တြင္ ၂၁ရာစုႏွစ္ အေျချပ အေဆာက္အဦႏွင့္ လုပ္ငန္းမ်ား၊ ယင္းႏွစ္ခုအျပင္ လမ္းမေပၚတြင္ ေခတ္မွီေမာ္ေတာ္ယာဥ္ႏွင့္ ေမာ္ေတာ္ဆိုင္ကယ္မ်ား ေတြ႕ျမင္ႏိုင္သကဲ့သို႔ ႏိုင္ငံတကာအတိုင္း Mountain Bike မ်ားစီး၍ က်န္းမာေရးအတြက္ စက္ဘီးစီးေနေသာ အုပ္စုမ်ားကို ေတြ႕ရပါသည္။ မိမိေလွ်ာက္ေနေသာ ပလက္ေဖာင္းေပၚတြင္ေတာ့ တရုတ္သီခ်င္းမ်ားျဖင့္ တရုတ္အားကစားလွဳပ္ရွားမႈ လုပ္ေနၾကေသာ တရုတ္လူမ်ိဳးမ်ားကို ေတြ႕ရပါသည္။ တရုတ္သီခ်င္းမ်ားမဟုတ္ေသာေခတ္မီ အဂၤလိပ္ သီခ်င္းမ်ားျဖင့္လည္း အားကစားလွဳပ္ရွားေနေသာ အုပ္စုမ်ားလည္း ရွိပါသည္။ သတိျပဳမိလုိက္သည္က ရတနာပံုမင္းေရႊျပည္ျပတိုက္သည္လည္း မႏၱေလးၿမိဳ႕၏ ဂလိုဘယ္လိုက္ေဇးရွင္း ျဖစ္ေနၿပီဟု သိရပါသည္။
“ ဦးဘျမင့္ေရ ….. တျဖည္းျဖည္း တရုတ္ေတြ မ်ိဳသြားေတာ့မယ္ ထင္ပါတယ္ဗ်ာ……… ဘယ္သြားသြား… တရုတ္ေတြခ်ည္းပဲ……. အခု က်ံဳးေဘးမွာ လမ္းေလွ်ာက္ရတာ တရုတ္ေတြ ေရွာင္ေရွာင္ေနရတာနဲ႕...... လမ္းေတာင္ေကာင္းေကာင္းေလွ်ာက္လို႔မရဘူး ျဖစ္ေနေတာ့တာဘဲ....”
“ ဟုတ္ပ.. ဦးေနဒြန္းေရ…… ခင္ဗ်ားေျပာတဲ့အတိုင္းပါပဲ ……. ကၽြန္ေတာ္တို႕လဲ ကိုယ့္ကိုကိုယ္ တရုတ္ျပည္ေရာက္ေနသလား ေအာက္ေမ့ရတယဒါေပမဲ့… ဂလိုဘယ္လိုက္ေဇးရွင္းသေဘာအရ ေျပာရင္ေတာ့ ကမၻာႀကီးဟာ ရြာႀကီး (၁)ရြာလို ျဖစ္ေနၿပီဆိုေတာ့ ျမန္မာရယ္ တရုတ္ရယ္ဆိုတာ တစ္ရြာတည္းသားေတြ ျဖစ္ေနတာေပါ့...”
“ ခင္ဗ်ားေျပာသလိုဆိုရင္………….. တရုတ္လူမ်ိဳးေတြ မ်ားလာတာကို ခင္ဗ်ားက သေဘာက်တယ္ေပါ့ ...”
“ ႏိုး... ႏိုး... ႏိုး.. စိတ္မဆိုးပါနဲ႕ဗ်ာ…….. ကၽြန္ေတာ္က တရုတ္ေတြကို မဆိုလိုပါဘူး…………… ဂလိုဘယ္လိုက္ေဇးရွင္း ကိုဆိုလိုတာပါ…….. အခု… မႏၱေလးမွာ ႏိုင္ငံျခားသားေတြ အမ်ားႀကီးေတြ႕ေနရတာလည္း ခင္ဗ်ားသိမွာပါ... ၿပီးေတာ့ လူတိုင္းလဲ မိုဘိုင္းဖုန္းေတြကိုင္လို႕……… Facebook ေတြသံုးလို႕ …….. တရုတ္ေတြ မ်ားလာတာသာ ေျပာတာ…. ကေလးေတြရဲ႕ ၀တ္စားဆင္ယင္မႈေတြက Korea Style ေတြ အားလံုးျဖစ္ကုန္ၾကၿပီ ….. Korea ကားေတြၾကည့္ၿပီး ကိုရီးယားစားေသာက္ဆိုင္ေတြ၊ ယိုးဒယားစားေသာက္ဆိုင္ေတြရယ္ မွိဳလိုေပါက္ေနၿပီ ……ဟိုေရွ႕က Café City မွာ မႏၱေလးသားေတြ Ham Burger ေတြ ၊ Roasted Chicken ေတြစားၿပီး ေနၾကၿပီ။ ကၽြန္ေတာ္ေျပာတာက မႏၱေလးမွာ ဂလိုဘယ္လိုက္ေဇးရွင္းျဖစ္ေနၿပီလို႕ ဆိုလိုတာပါ။ ခင္ဗ်ားေတာင္ အိပ္ထဲမွာ အိုင္ဖုန္းႀကီးနဲ႕ မဟုတ္လား…… ဟား………………… ဟား……………. ဟား …………………………… ”
“ ခင္ဗ်ားေျပာသလိုဆို ………………… က်ဳပ္တို႕ရဲ႕မႏၱေလး ေျပာင္းသြားၿပီေပါ့ ....”
“ ေျပာင္းသြားၿပီ ………………………. ေျပာင္းသြားၿပီ ………… ခင္ဗ်ားလဲ …. ေျပာလို႕မရ……ကၽြန္ေတာ္လဲ…… တားလို႕မရ…… မႏၱေလးသူေတြ ေျခက်င္း၀တ္ၿပီး စက္ဘီးစီးတဲ့ေခတ္မဟုတ္ေတာ့ဘူး… ဂလိုဘယ္လိုက္ေဇးရွင္း…. ၿပီးေတာ့….မႏၱေလးလူငယ္ေတြ…အခု…… ႏိုင္ငံျခားက ဘြဲ႕ေတြကို သင္ယူေနတယ္ဆိုတာကလဲ ဂလိုဘယ္လိုက္ေဇးရွင္းဘဲဗ်....”
“ ဘယ့္ႏွယ့္ … ခင္ဗ်ားက ကေလးေတြ အဲဒီလို ေက်ာင္းတက္ၾကတာ အဆန္းလုပ္လို႕ ဘာျဖစ္လို႕ ဂလိုဘယ္လိုက္ေဇးရွင္းလို႕ ေျပာၾကတာလဲ…”
“ ဟာ …ခင္ဗ်ား မသိဘူးလား…… ကေလးေတြက… ႏိုင္ငံတကာအဆင့္ ပညာေတြသင္ၿပီး …………….. ႏုိင္ငံတကာမွာ … ဘယ္မွာျဖစ္ျဖစ္………… အလုပ္လုပ္ႏိုင္တာကို ေျပာတာ……………. MCC က ဆရာႀကီး ဦးတင္၀င္းေအာင္က သူ႕ေက်ာင္းမွာ ကေလးေတြကို Global Employability ရေအာင္ သင္ေပးတယ္လို႕ ေျပာေနပါေရာ….. အဲဒါက …ေက်ာင္းသူေက်ာင္းသားေတြ ဘယ္ႏိုင္ငံသြားသြား အလုပ္လုပ္ႏိုင္ေအာင္ သင္ၾကားေပးတယ္လို႕ေျပာတာ...........”
ဟုတ္ပါတယ္ မႏၱေလးၿမိဳ႕ ၇၈ လမ္းေပၚမွာရွိတဲ့ ရတနာပံု စူပါစင္တာ ရဲ႕ (၅)ထပ္မွာ ဖြင့္လွစ္ထားတဲ့ MCC Institute မွ ေက်ာင္းသူေက်ာင္းသားမ်ားကို Global Employability ရေအာင္ ေလ့က်င့္ သင္ၾကားေပးေနပါတယ္” BIT လို႕ လူသိမ်ားတဲ့ အဂၤလန္ႏိုင္ငံ Greenwich University ကခ်ီးျမွင့္မည့္ B.Sc (Hons:) Business IT အတြက္ တက္ေရာက္သင္ၾကားေနတဲ့ ေက်ာင္းသူေက်ာင္းသားမ်ားကို ကမၻာေပၚမွာ ဘယ္ႏိုင္ငံသြားသြား အလုပ္အကိုင္ေကာင္းေတြကို လစာေကာင္းေကာင္းနဲ႕ရေအာင္ ေလ့က်င့္သင္ၾကားေပးေနပါတယ္……………. Diploma နဲ႕ ဘြဲ႕ဒီဂရီ သင္ရိုးေတြအတြက္ “Academic” သင္ၾကားေပးရံုသာမက ကမၻာ့အႀကီးဆံုး Software Company ႀကီးျဖစ္တဲ့ Microsoft ရဲ႕ နည္းပညာ ကၽြမ္းက်င္မႈလက္မွတ္ရထားေသာ (Skill Certifications) ေတြကိုပါ တစ္ပါတည္း ရေစမွာျဖစ္ပါသည္။ အေရးႀကီးတဲ့ အဂၤလိပ္စာ ကၽြမ္းက်င္မႈအတြက္ကိုပါ တစ္ပါတည္း တြဲဖက္၍ သင္ၾကားေပးၿပီး (၃)ႏွစ္ တက္ၿပီးတဲ့အခ်ိန္မွာ အဂၤလိပ္စာ ကၽြမ္းက်င္မႈကို IELTS (၅.၅) အဆင့္ အနည္းဆံုး ရရွိသြားမွာ ျဖစ္ပါတယ္။ ကေလးေတြအတြက္ အလုပ္၀င္ႏိုင္ဖို႕ အေတြ႕အႀကံဳလိုပါတယ္။ အဲဒီအတြက္လည္း OJT (On-the Job-Training)ဆိုတဲ့ အစီအစဥ္ကိုလည္း တစ္ပါတည္း ထည့္သြင္းထားပါတယ္။ ေက်ာင္းသူေက်ာင္းသားမ်ားကို ပထမႏွစ္ကစၿပီး လက္ေတြ႕ OJT လုပ္ရတဲ့အခ်ိန္ေတြကို သီးသန္႔ထားေပးၿပီး အလုပ္အေတြ႕အႀကံဳ ရေစပါတယ္။ MCC ရဲ႕ ICT Services လုပ္ေနတဲ့ လုပ္ငန္းႀကီးေတြမွာ လက္ေတြ႕အလုပ္သင္ရပါတယ္။ ေနာက္ဆံုး ႏွစ္ေရာက္ရင္ အခ်ိန္ပိုင္းအလုပ္ခန္႕ေပးၿပီး တစ္ပါတ္ကို (၂)ရက္ အလုပ္လုပ္ေစပါတယ္။ ေနာက္ (၁)ႏွစ္ ဘြဲ႕ရၿပီးရင္ေတာ့ MCC ရဲ႕ International Software Development Center (ISDC) မွာ Junior Software Engineer မ်ားအျဖစ္ အလုပ္ခန္႔ေပးပါတယ္။ အဲဒီအစီအစဥ္ကို MCC မွ Global Employability အစီအစဥ္လို႕ေခၚပါတယ္။
ဦးေနဒြန္းတစ္ေယာက္ မနက္ေစာေစာ က်ံဳးနံေဘး လမ္းေလွ်ာက္ရာက အိမ္ျပန္ေရာက္လာပါၿပီ။
“ ဟဲ့ ……... အေမႀကီး ……….. သမီး အိပ္ရာက ထၿပီလား …………”
“ အမေလးေတာ္ ………….. ရွင္…. ဘာျဖစ္လာတာလဲ.. ထူးထူးဆန္းဆန္း ………. သမီးကို အိပ္ရာထၿပီလားတဲ႔ … ရွင့္သမီး… ဘယ္တုန္းက အိပ္ရာက ထလို႕လဲ… ေနဖင္ထိုးမွ ထတဲ့ကေလးမ ………….. ကေလး အိပ္ေရး၀ေအာင္ အိပ္ပါေစအံုး..”
“ ေက်ာင္းအမေရ… အိပ္ေနလို႕မျဖစ္ဘူး…. မႏၱေလးမွာ ဂလိုဘယ္လိုက္ေဇးရွင္း ျဖစ္ေနၿပီလို႕ ဦးဘျမင့္က လမ္းေလွ်ာက္ရင္း ေျပာလိုက္တယ္ ………”
“ ရွင္… ဘာ အရူးထတာလဲ …. ဦးဘျမင့္နဲ႕ေပါင္းၿပီး ဘာ မဟုတ္ကဟုတ္ကေတြ ေလွ်ာက္ေျပာေနတာလဲ …. က်ဳပ္ဘာမွန္းလဲမသိဘူး… စိတ္လဲမ၀င္စားဘူး”
“ ဟာဒီမိန္းမ ……… အေတာ္ကို ‘အ’ ၿပီးနားေ၀းပါလား…. ဂလိုဘယ္လိုက္ေဇးရွင္းတဲ့ ….. နင္မသိရင္ နင္ေနာက္က်က်န္ခဲ့လိမ့္မယ္ ……………… နင္ ေနာက္က်က်န္ခဲ့တာက ကိစၥမရွိဘူး ………. ငါ့သမီး ေနာက္က်က်န္ခဲ့လို႕မျဖစ္ဘူး… ဦးဘျမင့္ေျပာတဲ့… MCC ကိုသြားမွ ”
“ MCC ကိုသြားၿပီး ဘာလုပ္မွာလဲ… ေတာ္က … အရင္းမရွိ အဖ်ားမရွိ ………”
“ ဦးဘျမင့္ကေျပာတယ္… MCC မွာ …. က Global Employability ” လို႔ေခၚတဲ့ သင္တန္းေတြ ေပးေနတယ္တဲ့။ ကမၻာ့အဆင့္မွီတဲ့ ဒီပလိုမာေတြ၊ အဂၤလန္ႏိုင္ငံက ခ်ီးျမွင့္တဲ့ဘြဲ႕ေတြယူၿပီး တစ္ကမၻာလံုး ဘယ္သြားသြား အလုပ္အကိုင္ေကာင္းေတြ ရႏိုင္တယ္လို႔ေျပာတယ္။
“ ရွင္ေျပာေနတာေတြ က်ဳပ္ေတာ့နားမလည္ေပါင္။ ဘာပဲျဖစ္ျဖစ္ ဦးဘျမင့္ေျပာတာမွန္ႏိုင္ပါတယ္ သူကဂလိုဘယ္လိုက္ေဇးရွင္းဆိုေတာ့ ရွင္လည္းဂလိုဘယ္လိုက္ေဇးရွင္း ျဖစ္လာတာေပါ့။ ရွင္ကဂလိုဘယ္လိုက္ေဇးရွင္းဆိုေတာ့ ေယာင္ေနာက္ဆံထံုးပါ က်ဳပ္လည္း သိသိ မသိသိ ဂလိုဘယ္လိုက္ေဇးရွင္းဘဲေပါ့။”
“ အဲဒီေတာ့ မင္းသမီး အိပ္ယာႏိုးတဲ့အခါ ရွင္းျပၿပီး ဂလိုဘယ္လိုက္ေဇးရွင္းေခတ္မွာ MCC ကေပးေနတဲ့ Global Employability ရမယ့္သင္တန္းေတြကို တက္ႏိုင္ဖို႔ အျမန္ဆံုး သားအမိႏွစ္ေယာက္ သြားေပေတာ့။ ငါလည္း မနက္ျဖန္လမ္းေလွ်ာက္တဲ့အခါ က်ဳပ္တို႔လည္း ဂလိုဘယ္လိုက္ေဇးရွင္းျဖစ္သြားၿပီလို႔ ဦးဘျမင့္ကို ၾကြားလိုက္အံုးမယ္...”
ဟုတ္ပါတယ္ ဦးေနဒြန္းတို႔ရဲ႕ မိသားစုလိုဘဲ မႏၲေလးကလူေတြ မ်က္စိပြင့္လာၾကပါၿပီ။ ရတနာပံုမင္းေရႊျပည္ရဲ႕ အမွတ္တရ မႏၲေလးနန္းေတာ္နဲ႔ က်ဳံးကိုထိန္းသိမ္းရင္းနဲ႔ ကမၻာအရပ္ရပ္ကလာတဲ့ ခရီးသြားဧည့္သည္ေတြကို ႀကိဳဆိုေနရပါတယ္။ သူတို႔ေနႏိုင္မယ့္ ဟိုတယ္သူတို႔စားႏိုင္မယ့္ အစားအေသာက္ေတြ ျဖစ္ေအာင္လည္း ေျပာင္းေပးေနရပါတယ္။ သူတို႔နဲ႔စကားေျပာႏိုင္ဖို႔လည္း ႏိုင္ငံျခားဘာသာစကားေတြ တတ္ေျမာက္ေအာင္ သင္ေနၾကရပါတယ္။ မႏၲေလးၿမိဳ႕က ၿမိဳ႕သူၿမိဳ႕သားေတြ ၀တ္ပံု၊ စားပံု၊ ေနထိုင္မႈပံုစံေတြလည္း ေျပာင္းလဲေနပါၿပီ။ တစ္ဖက္မွာ ျမန္မာ့အလွ၊ ျမန္မာ့ယဥ္ေက်းမႈကို ထိန္းသိမ္းရင္း တစ္ဖက္မွာေတာ့ ေခတ္နဲ႔အညီ ေျပာင္းလဲလို႔လာၾကပါၿပီ။ စာေရးသူ မႏၲေလးေတာင္ဖက္ကေနၿပီး ျပန္ေလွ်ာက္လို႔ က်ဳံေထာင့္က မီးပြိဳင့္ကိုျဖတ္ၿပီး မႏၲေလးဆီဒိုးနားဟိုတယ္ ဘက္ကိုလမ္းအကူး မာစီးဒီးကားျပခန္းႀကီးနဲ႔ အထဲမွာ ေနာင္ဆံုးေပၚ မာစီးဒီးကား အသစ္ေတြေတြ႕လိုက္ပါတယ္။ ရတနာပံုၿမိဳ႕ေရႊျပည္မွာေတာ့ ဂလိုဘယ္လိုက္ေဇးရွင္း ျဖစ္ေနတာ ေသခ်ာေနပါၿပီ။
အီကို ကိုေအာင္

ရတနာပုံမှသည် ဂလိုဘယ်လိုက်ဇေးရှင်းဆီသို့

စာရေးသူ မန္တလေးရောက်တိုင်း မလွဲမသွေ လုပ်လေ့လုပ်ထရှိသည့် အလေ့အထမှာ မိမိတည်းခိုရာ ဆီဒိုးနားဟိုတယ်ရှေ့ရှိ ကျုံးဘေးမှ မန္တလေးတောင်ခြေသို့ ကျံုး၏ အခြားတစ်ဖက်မှစ၍ နံနက်စောစော လမ်းလျှောက်ခြင်းပင်ဖြစ်ပါသည်။ နံနက်စောစော ကျံုးရေပြင်မှ တိုက်ခတ်လာသော လေကိုရှူရင်း လမ်းလျှောက်ရသည့် အရသာမှာ မည်သို့မျှ တန်ဖိုးမဖြတ်နိုင်အောင်ပင် ဖြစ်ပါသည်။ လမ်းလျှောက်ရင်း လွန်ခဲ့သော နှစ်ပေါင်း (၁၃၀)ကျော်က ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် စံမြန်းခဲ့သော ရတနာပုံ မင်းနေပြည်တော်ကြီးက ရှေးခေတ်ပုံစံအတိုင်း မပျက်စီးပဲ ရှိနေပါသည်။ ခန့်ညားစွာရှိနေသကဲ့သို့ လမ်း၏ညာဘက်တွင် အမျိုးသားပြတိုက်ကြီး အပါအဝင် Hotel များ၊ Café City ကဲ့သို့ ခေတ်မှီစားသောက်ဆိုင်ကြီးများကလည်း ငှားငှားစွင့်စွင့် တည်ရှိနေပြန်ပါသည်။ မိမိသည် ခေတ်နှစ်ခေတ်အကြား လမ်းလျှောက်နေသကဲ့သို့ ခံစားမိပြီး ဘယ်ဖက်တွင် ရတနာပုံမင်းရွှေပြည်ခေတ် မန္တလေးနန်းတော် ညာဖက်တွင် ၂၁ရာစုနှစ် အခြေပြ အဆောက်အဦနှင့် လုပ်ငန်းများ၊ ယင်းနှစ်ခုအပြင် လမ်းမပေါ်တွင် ခေတ်မှီမော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ တွေ့မြင်နိုင်သကဲ့သို့ နိုင်ငံတကာအတိုင်း Mountain Bike များစီး၍ ကျန်းမာရေးအတွက် စက်ဘီးစီးနေသော အုပ်စုများကို တွေ့ရပါသည်။ မိမိလျှောက်နေသော ပလက်ဖောင်းပေါ်တွင်တော့ တရုတ်သီချင်းများဖြင့် တရုတ်အားကစားလှုပ်ရှားမှု လုပ်နေကြသော တရုတ်လူမျိုးများကို တွေ့ရပါသည်။ တရုတ်သီချင်းများမဟုတ်သောခေတ်မီ အင်္ဂလိပ် သီချင်းများဖြင့်လည်း အားကစားလှုပ်ရှားနေသော အုပ်စုများလည်း ရှိပါသည်။ သတိပြုမိလိုက်သည်က ရတနာပုံမင်းရွှေပြည်ပြတိုက်သည်လည်း မန္တလေးမြို့၏ ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်နေပြီဟု သိရပါသည်။
“ ဦးဘမြင့်ရေ ….. တဖြည်းဖြည်း တရုတ်တွေ မျိုသွားတော့မယ် ထင်ပါတယ်ဗျာ……… ဘယ်သွားသွား… တရုတ်တွေချည်းပဲ……. အခု ကျံုးဘေးမှာ လမ်းလျှောက်ရတာ တရုတ်တွေ ရှောင်ရှောင်နေရတာနဲ့...... လမ်းတောင်ကောင်းကောင်းလျှောက်လို့မရဘူး ဖြစ်နေတော့တာဘဲ....”
“ ဟုတ်ပ.. ဦးနေဒွန်းရေ…… ခင်ဗျားပြောတဲ့အတိုင်းပါပဲ ……. ကျွန်တော်တို့လဲ ကိုယ့်ကိုကိုယ် တရုတ်ပြည်ရောက်နေသလား အောက်မေ့ရတယဒါပေမဲ့… ဂလိုဘယ်လိုက်ဇေးရှင်းသဘောအရ ပြောရင်တော့ ကမ္ဘာကြီးဟာ ရွာကြီး (၁)ရွာလို ဖြစ်နေပြီဆိုတော့ မြန်မာရယ် တရုတ်ရယ်ဆိုတာ တစ်ရွာတည်းသားတွေ ဖြစ်နေတာပေါ့...”
“ ခင်ဗျားပြောသလိုဆိုရင်………….. တရုတ်လူမျိုးတွေ များလာတာကို ခင်ဗျားက သဘောကျတယ်ပေါ့ ...”
“ နိုး... နိုး... နိုး.. စိတ်မဆိုးပါနဲ့ဗျာ…….. ကျွန်တော်က တရုတ်တွေကို မဆိုလိုပါဘူး…………… ဂလိုဘယ်လိုက်ဇေးရှင်း ကိုဆိုလိုတာပါ…….. အခု… မန္တလေးမှာ နိုင်ငံခြားသားတွေ အများကြီးတွေ့နေရတာလည်း ခင်ဗျားသိမှာပါ... ပြီးတော့ လူတိုင်းလဲ မိုဘိုင်းဖုန်းတွေကိုင်လို့……… Facebook တွေသုံးလို့ …….. တရုတ်တွေ များလာတာသာ ပြောတာ…. ကလေးတွေရဲ့ ၀တ်စားဆင်ယင်မှုတွေက Korea Style တွေ အားလုံးဖြစ်ကုန်ကြပြီ ….. Korea ကားတွေကြည့်ပြီး ကိုရီးယားစားသောက်ဆိုင်တွေ၊ ယိုးဒယားစားသောက်ဆိုင်တွေရယ် မှိုလိုပေါက်နေပြီ ……ဟိုရှေ့က Café City မှာ မန္တလေးသားတွေ Ham Burger တွေ ၊ Roasted Chicken တွေစားပြီး နေကြပြီ။ ကျွန်တော်ပြောတာက မန္တလေးမှာ ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်နေပြီလို့ ဆိုလိုတာပါ။ ခင်ဗျားတောင် အိပ်ထဲမှာ အိုင်ဖုန်းကြီးနဲ့ မဟုတ်လား…… ဟား………………… ဟား……………. ဟား …………………………… ”
“ ခင်ဗျားပြောသလိုဆို ………………… ကျုပ်တို့ရဲ့မန္တလေး ပြောင်းသွားပြီပေါ့ ....”
“ ပြောင်းသွားပြီ ………………………. ပြောင်းသွားပြီ ………… ခင်ဗျားလဲ …. ပြောလို့မရ……ကျွန်တော်လဲ…… တားလို့မရ…… မန္တလေးသူတွေ ခြေကျင်းဝတ်ပြီး စက်ဘီးစီးတဲ့ခေတ်မဟုတ်တော့ဘူး… ဂလိုဘယ်လိုက်ဇေးရှင်း…. ပြီးတော့….မန္တလေးလူငယ်တွေ…အခု…… နိုင်ငံခြားက ဘွဲ့တွေကို သင်ယူနေတယ်ဆိုတာကလဲ ဂလိုဘယ်လိုက်ဇေးရှင်းဘဲဗျ....”
“ ဘယ့်နှယ့် … ခင်ဗျားက ကလေးတွေ အဲဒီလို ကျောင်းတက်ကြတာ အဆန်းလုပ်လို့ ဘာဖြစ်လို့ ဂလိုဘယ်လိုက်ဇေးရှင်းလို့ ပြောကြတာလဲ…”
“ ဟာ …ခင်ဗျား မသိဘူးလား…… ကလေးတွေက… နိုင်ငံတကာအဆင့် ပညာတွေသင်ပြီး …………….. နိုင်ငံတကာမှာ … ဘယ်မှာဖြစ်ဖြစ်………… အလုပ်လုပ်နိုင်တာကို ပြောတာ……………. MCC က ဆရာကြီး ဦးတင်ဝင်းအောင်က သူ့ကျောင်းမှာ ကလေးတွေကို Global Employability ရအောင် သင်ပေးတယ်လို့ ပြောနေပါရော….. အဲဒါက …ကျောင်းသူကျောင်းသားတွေ ဘယ်နိုင်ငံသွားသွား အလုပ်လုပ်နိုင်အောင် သင်ကြားပေးတယ်လို့ပြောတာ...........”
ဟုတ်ပါတယ် မန္တလေးမြို့ ရ၈ လမ်းပေါ်မှာရှိတဲ့ ရတနာပုံ စူပါစင်တာ ရဲ့ (၅)ထပ်မှာ ဖွင့်လှစ်ထားတဲ့ MCC Institute မှ ကျောင်းသူကျောင်းသားများကို Global Employability ရအောင် လေ့ကျင့် သင်ကြားပေးနေပါတယ်” BIT လို့ လူသိများတဲ့ အင်္ဂလန်နိုင်ငံ Greenwich University ကချီးမြှင့်မည့် B.Sc (Hons:) Business IT အတွက် တက်ရောက်သင်ကြားနေတဲ့ ကျောင်းသူကျောင်းသားများကို ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံသွားသွား အလုပ်အကိုင်ကောင်းတွေကို လစာကောင်းကောင်းနဲ့ရအောင် လေ့ကျင့်သင်ကြားပေးနေပါတယ်……………. Diploma နဲ့ ဘွဲ့ဒီဂရီ သင်ရိုးတွေအတွက် “Academic” သင်ကြားပေးရုံသာမက ကမ္ဘာ့အကြီးဆုံး Software Company ကြီးဖြစ်တဲ့ Microsoft ရဲ့ နည်းပညာ ကျွမ်းကျင်မှုလက်မှတ်ရထားသော (Skill Certifications) တွေကိုပါ တစ်ပါတည်း ရစေမှာဖြစ်ပါသည်။ အရေးကြီးတဲ့ အင်္ဂလိပ်စာ ကျွမ်းကျင်မှုအတွက်ကိုပါ တစ်ပါတည်း တွဲဖက်၍ သင်ကြားပေးပြီး (၃)နှစ် တက်ပြီးတဲ့အချိန်မှာ အင်္ဂလိပ်စာ ကျွမ်းကျင်မှုကို IELTS (၅.၅) အဆင့် အနည်းဆုံး ရရှိသွားမှာ ဖြစ်ပါတယ်။ ကလေးတွေအတွက် အလုပ်ဝင်နိုင်ဖို့ အတွေ့အကြံုလိုပါတယ်။ အဲဒီအတွက်လည်း OJT (On-the Job-Training)ဆိုတဲ့ အစီအစဉ်ကိုလည်း တစ်ပါတည်း ထည့်သွင်းထားပါတယ်။ ကျောင်းသူကျောင်းသားများကို ပထမနှစ်ကစပြီး လက်တွေ့ OJT လုပ်ရတဲ့အချိန်တွေကို သီးသန့်ထားပေးပြီး အလုပ်အတွေ့အကြံု ရစေပါတယ်။ MCC ရဲ့ ICT Services လုပ်နေတဲ့ လုပ်ငန်းကြီးတွေမှာ လက်တွေ့အလုပ်သင်ရပါတယ်။ နောက်ဆုံး နှစ်ရောက်ရင် အချိန်ပိုင်းအလုပ်ခန့်ပေးပြီး တစ်ပါတ်ကို (၂)ရက် အလုပ်လုပ်စေပါတယ်။ နောက် (၁)နှစ် ဘွဲ့ရပြီးရင်တော့ MCC ရဲ့ International Software Development Center (ISDC) မှာ Junior Software Engineer များအဖြစ် အလုပ်ခန့်ပေးပါတယ်။ အဲဒီအစီအစဉ်ကို MCC မှ Global Employability အစီအစဉ်လို့ခေါ်ပါတယ်။
ဦးနေဒွန်းတစ်ယောက် မနက်စောစော ကျံုးနံဘေး လမ်းလျှောက်ရာက အိမ်ပြန်ရောက်လာပါပြီ။
“ ဟဲ့ ……... အမေကြီး ……….. သမီး အိပ်ရာက ထပြီလား …………”
“ အမလေးတော် ………….. ရှင်…. ဘာဖြစ်လာတာလဲ.. ထူးထူးဆန်းဆန်း ………. သမီးကို အိပ်ရာထပြီလားတဲ့ … ရှင့်သမီး… ဘယ်တုန်းက အိပ်ရာက ထလို့လဲ… နေဖင်ထိုးမှ ထတဲ့ကလေးမ ………….. ကလေး အိပ်ရေးဝအောင် အိပ်ပါစေအုံး..”
“ ကျောင်းအမရေ… အိပ်နေလို့မဖြစ်ဘူး…. မန္တလေးမှာ ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်နေပြီလို့ ဦးဘမြင့်က လမ်းလျှောက်ရင်း ပြောလိုက်တယ် ………”
“ ရှင်… ဘာ အရူးထတာလဲ …. ဦးဘမြင့်နဲ့ပေါင်းပြီး ဘာ မဟုတ်ကဟုတ်ကတွေ လျှောက်ပြောနေတာလဲ …. ကျုပ်ဘာမှန်းလဲမသိဘူး… စိတ်လဲမဝင်စားဘူး”
“ ဟာဒီမိန်းမ ……… အတော်ကို ‘အ’ ပြီးနားဝေးပါလား…. ဂလိုဘယ်လိုက်ဇေးရှင်းတဲ့ ….. နင်မသိရင် နင်နောက်ကျကျန်ခဲ့လိမ့်မယ် ……………… နင် နောက်ကျကျန်ခဲ့တာက ကိစ္စမရှိဘူး ………. ငါ့သမီး နောက်ကျကျန်ခဲ့လို့မဖြစ်ဘူး… ဦးဘမြင့်ပြောတဲ့… MCC ကိုသွားမှ ”
“ MCC ကိုသွားပြီး ဘာလုပ်မှာလဲ… တော်က … အရင်းမရှိ အဖျားမရှိ ………”
“ ဦးဘမြင့်ကပြောတယ်… MCC မှာ …. က Global Employability ” လို့ခေါ်တဲ့ သင်တန်းတွေ ပေးနေတယ်တဲ့။ ကမ္ဘာ့အဆင့်မှီတဲ့ ဒီပလိုမာတွေ၊ အင်္ဂလန်နိုင်ငံက ချီးမြှင့်တဲ့ဘွဲ့တွေယူပြီး တစ်ကမ္ဘာလုံး ဘယ်သွားသွား အလုပ်အကိုင်ကောင်းတွေ ရနိုင်တယ်လို့ပြောတယ်။
“ ရှင်ပြောနေတာတွေ ကျုပ်တော့နားမလည်ပေါင်။ ဘာပဲဖြစ်ဖြစ် ဦးဘမြင့်ပြောတာမှန်နိုင်ပါတယ် သူကဂလိုဘယ်လိုက်ဇေးရှင်းဆိုတော့ ရှင်လည်းဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်လာတာပေါ့။ ရှင်ကဂလိုဘယ်လိုက်ဇေးရှင်းဆိုတော့ ယောင်နောက်ဆံထုံးပါ ကျုပ်လည်း သိသိ မသိသိ ဂလိုဘယ်လိုက်ဇေးရှင်းဘဲပေါ့။”
“ အဲဒီတော့ မင်းသမီး အိပ်ယာနိုးတဲ့အခါ ရှင်းပြပြီး ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ MCC ကပေးနေတဲ့ Global Employability ရမယ့်သင်တန်းတွေကို တက်နိုင်ဖို့ အမြန်ဆုံး သားအမိနှစ်ယောက် သွားပေတော့။ ငါလည်း မနက်ဖြန်လမ်းလျှောက်တဲ့အခါ ကျုပ်တို့လည်း ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်သွားပြီလို့ ဦးဘမြင့်ကို ကြွားလိုက်အုံးမယ်...”
ဟုတ်ပါတယ် ဦးနေဒွန်းတို့ရဲ့ မိသားစုလိုဘဲ မန္တလေးကလူတွေ မျက်စိပွင့်လာကြပါပြီ။ ရတနာပုံမင်းရွှေပြည်ရဲ့ အမှတ်တရ မန္တလေးနန်းတော်နဲ့ ကျုံးကိုထိန်းသိမ်းရင်းနဲ့ ကမ္ဘာအရပ်ရပ်ကလာတဲ့ ခရီးသွားဧည့်သည်တွေကို ကြိုဆိုနေရပါတယ်။ သူတို့နေနိုင်မယ့် ဟိုတယ်သူတို့စားနိုင်မယ့် အစားအသောက်တွေ ဖြစ်အောင်လည်း ပြောင်းပေးနေရပါတယ်။ သူတို့နဲ့စကားပြောနိုင်ဖို့လည်း နိုင်ငံခြားဘာသာစကားတွေ တတ်မြောက်အောင် သင်နေကြရပါတယ်။ မန္တလေးမြို့က မြို့သူမြို့သားတွေ ၀တ်ပုံ၊ စားပုံ၊ နေထိုင်မှုပုံစံတွေလည်း ပြောင်းလဲနေပါပြီ။ တစ်ဖက်မှာ မြန်မာ့အလှ၊ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းရင်း တစ်ဖက်မှာတော့ ခေတ်နဲ့အညီ ပြောင်းလဲလို့လာကြပါပြီ။ စာရေးသူ မန္တလေးတောင်ဖက်ကနေပြီး ပြန်လျှောက်လို့ ကျုံထောင့်က မီးပွိုင့်ကိုဖြတ်ပြီး မန္တလေးဆီဒိုးနားဟိုတယ် ဘက်ကိုလမ်းအကူး မာစီးဒီးကားပြခန်းကြီးနဲ့ အထဲမှာ နောင်ဆုံးပေါ် မာစီးဒီးကား အသစ်တွေတွေ့လိုက်ပါတယ်။ ရတနာပုံမြို့ရွှေပြည်မှာတော့ ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်နေတာ သေချာနေပါပြီ။
အီကို ကိုအောင်

MCC Style

 Yatanarpon Campus, BIT, Year-2, Section-17 မွ ေက်ာင္းသား ေမာင္စိုင္းေကာင္းထက္ေ၀ယံ

Yatanarpon Campus, BIT, Year-3, Section-10 မွ ေက်ာင္းသူ မဖူးပြင့္ေသာ္

Yatanarpon Campus, BIT, Year-3, Section-9 မွ ေက်ာင္းသူ မေအးမိုးေအာင္

Yatanarpon Campus, BIT, Year-1, Section-24 မွ ေက်ာင္းသား ေမာင္ၿဖိဳးေ၀ေအာင္

Yatanarpon Campus, BIT မွ ေက်ာင္းသားမ်ား
Yatanarpon Campus, BIT မွ ေက်ာင္းသူမ်ား

Monday, September 21, 2015

တီထြင္ႀကံဆ BTEC ေက်ာင္းသားဘ၀

တီထြင္ႀကံဆ BTEC ေက်ာင္းသားဘ၀
MCC Group အေနျဖင့္ ျမန္မာႏုိင္ငံတစ္၀ွမ္းတြင္ရွိေသာ ေက်ာင္းသားလူငယ္မ်ား ႏုိင္ငံတကာအဆင့္ IT ၊ စီးပြားေရး၊ အင္ဂ်င္နီယာ ဘြဲ႕သင္တန္းမ်ား တက္ေရာက္ႏုိင္ရန္ MCC Institute မ်ား တည္ေထာင္ထားေပးသကဲ့သုိ႔ လက္ေတြ႕ လုပ္ငန္းနယ္ပယ္အသီးသီးတြင္ အသက္ေမြး၀မ္းေက်ာင္းပညာမ်ားအား ကြၽမ္းက်င္တတ္ေျမာက္ၿပီး အလုပ္အကုိင္အခြင့္အလမ္းေကာင္းမ်ား ရရွိေစရန္ ရည္ရြယ္၍ အသက္ေမြး၀မ္းေက်ာင္းပညာသင္တန္းမ်ား MCC Polytechnic မ်ားအား အစီအစဥ္တက် ဖြင့္လွစ္ေပးလ်က္ရွိရာ ယခုအခါ ရန္ကုန္၊ ေနျပည္ေတာ္၊ မႏၱေလး ၿမိဳ႕ႀကီးမ်ား တြင္သာမက မၾကာမီကာလအတြင္း စစ္ကုိင္းတုိင္းေဒသႀကီး၊ မံုရြာၿမိဳ႕တြင္လည္းေကာင္း MCC Polytechnic (Monywa) အား ဖြင့္လွစ္ေပးသြားေတာ့မည္ ျဖစ္ပါသည္။ အဆုိပါ MCC Polytechnic မ်ားတြင္ Civil Engineering သင္တန္းမ်ား၊ Mechanical Engineering, Electrical and Electronic Engineering သင္တန္းမ်ား၊ IT Engineering သင္တန္းမ်ားအား အဂၤလန္ႏုိင္ငံမွ ပညာေရးအဖြဲ႕အစည္းမ်ား ျဖစ္ေသာ edexcel
ႏွင့္ BTEC တုိ႔ ပူးေပါင္းကာ ႏုိင္ငံတကာ အသိအမွတ္ျပဳ HND (Higher National Diploma) အဆင့္သင္တန္းမ်ားအား ျပည္တြင္း ျပည္ပ သင္ၾကားမႈႏွင့္ အေတြ႕အႀကံဳမ်ားစြာရွိသည့္ ဆရာႀကီး/ဆရာမႀကီးမ်ားမွ အနီးကပ္ ႀကီးၾကပ္သင္ၾကား ပုိ႔ခ်ေပးလ်က္ရွိပါသည္။
MCC Polytechnic မ်ားတြင္ တက္ေရာက္ေနေသာ HND Diploma ေက်ာင္းသား/သူမ်ားသည္ စာေတြ႕လက္ေတြ႕ သင္ၾကားမႈမ်ားအျပင္ သတ္မွတ္ထားေသာ ဘာသာရပ္အလိုက္ သင္႐ိုးလုိအပ္ခ်က္အတုိင္း Assignment မ်ား၊ Project မ်ား တီထြင္ဖန္တီးမႈမ်ားကုိ ေဆာင္ရြက္ၾကရပါသည္။
၎င္းတုိ႔အနက္မွ MCC Polytechnic (Mandalay) တြင္ Electrical and Electronic Engineering အထူးျပဳဘာသာရပ္ တက္ေရာက္ေနေသာ ေက်ာင္းသားေလး ေမာင္လိႈင္မင္းၿဖိဳး တီထြင္ႀကံဆ ခဲ့ေသာ ေမာင္းသူမဲ့ယာဥ္ (Drone) ဖန္တီးမႈ Project သည္ ဘာသာရပ္လုိအပ္ခ်က္ ျပည့္မွီ႐ံုတင္မက အဂၤလန္ႏုိင္ငံမွ လာေရာက္ႀကီးၾကပ္စစ္ေဆးေသာ External Verifier and Accessor မ်ားမွပင္ အထူးဂုဏ္ျပဳ အားေပးခ်ီးျမႇင့္ခဲ့သျဖင့္ ေမာင္လိႈင္မင္းၿဖိဳး၏ HND ေက်ာင္းသား ဘ၀ ရည္မွန္းခ်က္မ်ားႏွင့္ အနာဂတ္ ေမွ်ာ္မွန္းခ်က္မ်ားအား စုစည္းေမးျမန္း တင္ျပလိုက္ရပါသည္။
Electronic Device ဆိုတာ လူေတြနဲ႕ ဘယ္ေတာ့မွ ေ၀းကြာလုိ႔မရတဲ့ ပစၥည္းေတြပါ။ ဒါေပမယ့္ ကြ်န္ေတာ့္ ဘ၀အတြက္ေတာ့ Electronic Device ဆိုတာ ကြ်န္ေတာ္နဲ႕ အရင္းႏွီးဆံုး ကြ်န္ေတာ္ အခင္တြယ္ရဆံုး ပစၥည္းေတြ ဆိုလည္း မမွားပါဘူး။ ဒီ Capacitor, Cesistor နဲ. Ciode ေတြကို ၾကည့္ေနရတာ Circuit ေတြ တပ္ဆင္ေနရတာကိုက ကြ်န္ေတာ့္အတြက္ ဘာ game မွ မလိုေတာ့ပဲ ၿပီးျပည့္စံုေနသလို ေလာကႀကီးကို ေမ့ေမ့ေနတတ္ပါတယ္။ ဒီလိုနဲ႕ တေန႔ေတာ့ ကြ်န္ေတာ့္အိပ္မက္ေတြ လက္ေတြ႕ အေကာင္အထည္ေဖာ္ဖို႕ အခြင့္အေရး တစ္ရပ္ ရခဲ့ပါတယ္။ အဲ့ဒါကေတာ့ သတင္းစာေၾကာ္ျငာေတြထဲက MCC ကေန အသစ္ဖြင့္မယ့္ Mandalay Polytechnic အေၾကာင္းကို ကြ်န္ေတာ္ ဖတ္ခဲ့ရတယ္။ Mandalay Polytechnic မွာ Engineering, Computing နဲ႔ Hospitality Management ေတြ သင္တဲ့အျပင္ စာေတြ႕ပါ မဟုတ္ပဲ Vocational က်က် လက္ေတြ႕ပါ တြဲသင္မယ္ဆိုတာ သိလိုက္ရေတာ့ ကြ်န္ေတာ့အိပ္မက္ တကယ္ ျဖစ္လာေတာ့မွာ ေတြးၿပီး ခ်က္ျခင္း phone ဆက္ၿပီး MCC ကေန ဖြင့္မဲ့ MCC Polytechnic မွာ Diplomain Electrical and Electronic Engineering ဘာသသာနဲ. ေက်ာင္းတက္ဖုိ႔ ဆံုးျဖတ္ခဲ့ပါတယ္။ ေက်ာင္းတက္ခဲ့တဲ့တေလ်ာက္ Assignment ေတြကို လက္ေတြ႕ လုပ္ရင္းနဲ႔ ေက်ာင္းခ်ိန္ျပင္ပမွာလည္း ကြ်န္ေတာ္ စိတ္၀င္စားတဲ့ Electrical နဲ႔ ပစၥည္းေတြကို စမ္းသပ္တီထြင္ ေနခဲ့ပါတယ္။ ကြ်န္ေတာ္ နားမလည္တာေတြ Error တက္ေနတာေတြကိုလည္း ေက်ာင္းက Assessor ေတြနဲ႕ ေမးၿပီး တုိင္ပင္ၿပီး လုပ္ခဲ့ပါတယ္။ အဲ့ဒီ တီထြင္မႈေတြထဲကမွ ကြ်န္ေတာ္ ေနာက္ထပ္စိတ္၀င္စားတာက Drone ပါ။ ထပ္တီထြင္ခ်င္စိတ္ေတြ ၿဖစ္္ေပၚလာခဲ့လို႔ ေက်ာင္းခ်ိန္ျပင္ပ အားတဲ့အခ်ိန္ေတြမွာ ဒီ Drone ေလးကို စၿပီး တီထြင္ခဲ့ပါေတာ့တယ္။
Electronic နည္းပညာ ဖြံ.ၿဖိဳးလာေသာ ယေန႔ေခတ္တြင္ ေမာင္းသူမဲ့ယာဥ္မ်ား (unmanned vehicles) အထူးပင္ တြင္က်ယ္လာသည္ကို ေတြ႕ရမွာျဖစ္တယ္။ လူလိုက္ပါရန္ ခက္ခဲေသာ ေနရာမ်ား၊ လူသားမ်ားအတြက္ အႏၱရာယ္ ရွိေသာ ေနရာမ်ားတြင္လည္းေကာင္း၊ Unmanned Vehicles မ်ားကို အရပ္ဖက္တြင္ သာမက စစ္ဖက္တြင္လည္း အသံုးျပဳလ်က္ရွိပါသည္။ အရပ္ဖက္တြင္ အသံုးမ်ားသည့္ Unmanned Vehicles မွာ Unmanned Aerial Vehicles အုပ္စု၀င္ Drone ၿဖစ္ပါသည္။ အမွန္စင္စစ္ Drone ဆိုသည္မွာ Flying Robot ျဖစ္ပါသည္။ ထုိ Flying Robot ဟာ လူအားျဖင့္ အေ၀းထိန္းခ်ဳပ္၍ ေသာ္လည္းေကာင္း၊ Software အားျဖင့္ အလိုအေလ်ာက္ ထိန္းခ်ဳပ္ႏိုင္သည္။ Drone တြင္ Aircraft ႏွင့္ Multicopter ဟူၿပီး ႏွစ္မ်ိဳး သတ္မွတ္ထားပါသည္။ Aircraft သည္ စစ္ဖက္တြင္ အသံုးမ်ား၍ Multicopter Drone မ်ားသည္ Aerial photo ရိုက္ယူျခင္း၊ ကင္းေထာက္ျခင္း၊ ပစၥည္းသယ္ယူပို႔ေဆာင္ၿခင္းႏွင့္ ကယ္ဆယ္ေရးလုပ္ငန္း လုပ္ေဆာင္ရန္ စသည့္ တာ၀န္မ်ား ထမ္းေဆာင္ႏိုင္ပါသည္။
ကြ်န္ေတာ္ ၿပဳလုပ္ထားေသာ Drone အမ်ိဳးအစားမွာ Multicopter အုပ္စု၀င္ Quad Copter
ၿဖစ္ပါသည္။ ၄င္း Quad Copter ကို dji ၏ ထုတ္ကုန္မ်ားကို အေျခခံယူ တည္ေဆာက္ထားျခင္း ၿဖစ္ပါသည္။ Quad Copter ဆိုသည္မွာ ၀င္ရိုးေလးခု၊ Propeller Driver ေလးခုပါရွိေသာ Drone ကို ဆိုလုိျခင္းၿဖစ္ပါသည္။ ၀င္ရိုးတစ္ခုတည္းတြင္ ရွိေသာ Propeller Driver မ်ားသည္ လားရာတူညီ၍ က်န္၀င္ရိုးရွိ Propeller Driver မ်ားႏွင့္ လားရာဆန္႔က်င္ပါသည္။ ၿဂိဳဟ္တု GPS အကူအညီျဖင့္ ျပင္ပ အေႏွာင့္အယွက္မ်ား (ဥပမာ-ေလတိုက္ႏွဳန္း) ကို မသက္ေရာက္ေစပဲ Control Part Mommand ကုိသာ လက္ခံရယူေစၿခင္း ၿဖစ္ပါသည္။ Return Home System ထည့္သြင္းေပးထားေသာေႀကာင့္ Control System ႏွင့္ ေႀကာင္းတစ္စံုတစ္ရာေႀကာင့္ ျပတ္္ေတာက္သြားပါက မူလေစလြွတ္ခဲ့သည့္ ေနရာကိုၿပန္္လာႏိုင္ပါသည္။ ထို Quad
Copter ကို တည္ေဆာက္ရၿခင္း၏ ရည္ရြယ္ခ်က္မွာ Aerial photo ရိုက္ယူရန္၊ Survey
တိုင္းတာရန္ တို႕အတြက္ ျဖစ္ပါသည္။
Hlaing Min Phyo
EEE Sec-1
တီထွင်ကြံဆ BTEC ကျောင်းသားဘဝ
MCC Group အနေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းတွင်ရှိသော ကျောင်းသားလူငယ်များ နိုင်ငံတကာအဆင့် IT ၊ စီးပွားရေး၊ အင်ဂျင်နီယာ ဘွဲ့သင်တန်းများ တက်ရောက်နိုင်ရန်
MCC Institute များ တည်ထောင်ထားပေးသကဲ့သို့ လက်တွေ့ လုပ်ငန်းနယ်ပယ်အသီးသီးတွင် အသက်မွေးဝမ်းကျောင်းပညာများအား ကျွမ်းကျင်တတ်မြောက်ပြီး အလုပ်အကိုင်အခွင့်
အလမ်းကောင်းများ ရရှိစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းပညာသင်တန်းများ MCC Polytechnic များအား အစီအစဉ်တကျ ဖွင့်လှစ်ပေးလျက်ရှိရာ ယခုအခါ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး မြို့ကြီးများ တွင်သာမက မကြာမီကာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင်လည်းကောင်း MCC Polytechnic (Monywa) အား ဖွင့်လှစ်ပေးသွားတော့မည် ဖြစ်ပါသည်။ အဆိုပါ MCC Polytechnic များတွင် Civil Engineering
သင်တန်းများ၊ Mechanical Engineering, Electrical and Electronic Engineering သင်တန်းများ၊ IT Engineering သင်တန်းများအား အင်္ဂလန်နိုင်ငံမှ ပညာရေးအဖွဲ့အစည်းများ ဖြစ်သော edexcel
နှင့် BTEC တို့ ပူးပေါင်းကာ နိုင်ငံတကာ အသိအမှတ်ပြု HND (Higher National Diploma)
အဆင့်သင်တန်းများအား ပြည်တွင်း ပြည်ပ သင်ကြားမှုနှင့် အတွေ့အကြုံများစွာရှိသည့် ဆရာကြီး/ဆရာမကြီးများမှ အနီးကပ် ကြီးကြပ်သင်ကြား ပို့ချပေးလျက်ရှိပါသည်။
MCC Polytechnic များတွင် တက်ရောက်နေသော HND Diploma ကျောင်းသား/သူများသည် စာတွေ့လက်တွေ့ သင်ကြားမှုများအပြင် သတ်မှတ်ထားသော ဘာသာရပ်အလိုက် သင်ရိုးလိုအပ်ချက်အတိုင်း Assignment များ၊ Project များ တီထွင်ဖန်တီးမှုများကို ဆောင်ရွက်ကြရပါသည်။
၎င်းင်းတို့အနက်မှ MCC Polytechnic (Mandalay) တွင် Electrical and Electronic Engineering အထူးပြုဘာသာရပ် တက်ရောက်နေသော ကျောင်းသားလေး မောင်လှိုင်မင်းဖြိုး တီထွင်ကြံဆ ခဲ့သော မောင်းသူမဲ့ယာဉ် (Drone) ဖန်တီးမှု Project သည် ဘာသာရပ်လိုအပ်ချက် ပြည့်မှီရုံတင်မက အင်္ဂလန်နိုင်ငံမှ လာရောက်ကြီးကြပ်စစ်ဆေးသော External Verifier and Accessor များမှပင် အထူးဂုဏ်ပြု အားပေးချီးမြှင့်ခဲ့သဖြင့် မောင်လှိုင်မင်းဖြိုး၏ HND ကျောင်းသား ဘဝ ရည်မှန်းချက်များနှင့် အနာဂတ် မျှော်မှန်းချက်များအား စုစည်းမေးမြန်း တင်ပြလိုက်ရပါသည်။
Electronic Device ဆိုတာ လူတွေနဲ့ ဘယ်တော့မှ ဝေးကွာလို့မရတဲ့ ပစ္စည်းတွေပါ။ ဒါပေမယ့် ကျွန်တော့် ဘဝအတွက်တော့ Electronic Device ဆိုတာ ကျွန်တော်နဲ့ အရင်းနှီးဆုံး ကျွန်တော် အခင်တွယ်ရဆုံး ပစ္စည်းတွေ ဆိုလည်း မမှားပါဘူး။ ဒီ Capacitor, Cesistor နဲ. Ciode တွေကို ကြည့်နေရတာ Circuit တွေ တပ်ဆင်နေရတာကိုက ကျွန်တော့်အတွက် ဘာ game မှ မလိုတော့ပဲ ပြီးပြည့်စုံနေသလို လောကကြီးကို မေ့မေ့နေတတ်ပါတယ်။ ဒီလိုနဲ့ တနေ့တော့ ကျွန်တော့်အိပ်မက်တွေ လက်တွေ့ အကောင်အထည်ဖော်ဖို့ အခွင့်အရေး တစ်ရပ် ရခဲ့ပါတယ်။ အဲ့ဒါကတော့ သတင်းစာကြော်ငြာတွေထဲက MCC ကနေ အသစ်ဖွင့်မယ့် Mandalay Polytechnic အကြောင်းကို ကျွန်တော် ဖတ်ခဲ့ရတယ်။ Mandalay Polytechnic မှာ Engineering, Computing နဲ့ Hospitality Management တွေ သင်တဲ့အပြင် စာတွေ့ပါ မဟုတ်ပဲ Vocational ကျကျ လက်တွေ့ပါ တွဲသင်မယ်ဆိုတာ သိလိုက်ရတော့ ကျွန်တော့အိပ်မက် တကယ် ဖြစ်လာတော့မှာ တွေးပြီး ချက်ခြင်း phone ဆက်ပြီး MCC ကနေ ဖွင့်မဲ့ MCC Polytechnic မှာ Diplomain Electrical and Electronic Engineering ဘာသသာနဲ. ကျောင်းတက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျောင်းတက်ခဲ့တဲ့တလျောက် Assignment တွေကို လက်တွေ့ လုပ်ရင်းနဲ့ ကျောင်းချိန်ပြင်ပမှာလည်း ကျွန်တော် စိတ်ဝင်စားတဲ့ Electrical နဲ့ ပစ္စည်းတွေကို စမ်းသပ်တီထွင် နေခဲ့ပါတယ်။ ကျွန်တော် နားမလည်တာတွေ Error တက်နေတာတွေကိုလည်း ကျောင်းက Assessor တွေနဲ့ မေးပြီး တိုင်ပင်ပြီး လုပ်ခဲ့ပါတယ်။ အဲ့ဒီ တီထွင်မှုတွေထဲကမှ ကျွန်တော် နောက်ထပ်စိတ်ဝင်စားတာက Drone ပါ။ ထပ်တီထွင်ချင်စိတ်တွေ ဖြစ််ပေါ်လာခဲ့လို့ ကျောင်းချိန်ပြင်ပ အားတဲ့အချိန်တွေမှာ ဒီ Drone လေးကို စပြီး တီထွင်ခဲ့ပါတော့တယ်။
Electronic နည်းပညာ ဖွံ.ဖြိုးလာသော ယနေ့ခေတ်တွင် မောင်းသူမဲ့ယာဉ်များ (unmanned vehicles) အထူးပင် တွင်ကျယ်လာသည်ကို တွေ့ရမှာဖြစ်တယ်။ လူလိုက်ပါရန် ခက်ခဲသော နေရာများ၊ လူသားများအတွက် အန္တရာယ် ရှိသော နေရာများတွင်လည်းကောင်း၊ Unmanned Vehicles များကို အရပ်ဖက်တွင် သာမက စစ်ဖက်တွင်လည်း အသုံးပြုလျက်ရှိပါသည်။ အရပ်ဖက်တွင် အသုံးများသည့် Unmanned Vehicles မှာ Unmanned Aerial Vehicles အုပ်စုဝင် Drone ဖြစ်ပါသည်။ အမှန်စင်စစ် Drone ဆိုသည်မှာ Flying Robot ဖြစ်ပါသည်။ ထို Flying Robot ဟာ လူအားဖြင့် အဝေးထိန်းချုပ်၍ သော်လည်းကောင်း၊ Software အားဖြင့် အလိုအလျောက် ထိန်းချုပ်နိုင်သည်။ Drone တွင် Aircraft နှင့် Multicopter ဟူပြီး နှစ်မျိုး သတ်မှတ်ထားပါသည်။ Aircraft သည် စစ်ဖက်တွင် အသုံးများ၍ Multicopter Drone များသည် Aerial photo ရိုက်ယူခြင်း၊ ကင်းထောက်ခြင်း၊ ပစ္စည်းသယ်ယူပို့ဆောင်ခြင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်ရန် စသည့် တာဝန်များ ထမ်းဆောင်နိုင်ပါသည်။
ကျွန်တော် ပြုလုပ်ထားသော Drone အမျိုးအစားမှာ Multicopter အုပ်စုဝင် Quad Copter
ဖြစ်ပါသည်။ ၄င်း Quad Copter ကို dji ၏ ထုတ်ကုန်များကို အခြေခံယူ တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ Quad Copter ဆိုသည်မှာ ၀င်ရိုးလေးခု၊ Propeller Driver လေးခုပါရှိသော Drone ကို ဆိုလိုခြင်းဖြစ်ပါသည်။ ၀င်ရိုးတစ်ခုတည်းတွင် ရှိသော Propeller Driver များသည် လားရာတူညီ၍ ကျန်ဝင်ရိုးရှိ Propeller Driver များနှင့် လားရာဆန့်ကျင်ပါသည်။ ဂြိုဟ်တု GPS အကူအညီဖြင့် ပြင်ပ အနှောင့်အယှက်များ (ဥပမာ-လေတိုက်နှုန်း) ကို မသက်ရောက်စေပဲ Control Part Mommand ကိုသာ လက်ခံရယူစေခြင်း ဖြစ်ပါသည်။ Return Home System ထည့်သွင်းပေးထားသောကြောင့် Control System နှင့် ကြောင်းတစ်စုံတစ်ရာကြောင့် ပြတ််တောက်သွားပါက မူလစေလွှတ်ခဲ့သည့် နေရာကိုပြန််လာနိုင်ပါသည်။ ထို Quad
Copter ကို တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်မှာ Aerial photo ရိုက်ယူရန်၊ Survey
တိုင်းတာရန် တို့အတွက် ဖြစ်ပါသည်။
Hlaing Min Phyo
EEE Sec-1




သတင္းအခ်က္ ႏွင့္ ကြန္ယက္ လံုျခံဳေရး အပိုင္း(၂)

သတင္းအခ်က္ ႏွင့္ ကြန္ယက္ လံုျခံဳေရး
အပိုင္း(၂)
ဒီတစ္ပါတ္ေတာ့ သတင္းအခ်က္အလက္ႏွင့္ ကြန္ရက္လံုျခံဳေရးအတြက္ အဖြဲ႕အစည္းအလိုက္ (သို႔မဟုတ္) တစ္ဦး တစ္ေယာက္ခ်င္းစီ ၾကိဳတင္ျပင္ဆင္ထားႏိုင္ရန္ သတင္းအခ်က္အလက္ လံုျခံဳေရးမူ၀ါဒမ်ား (Information Security Policies) ခ်မွတ္ႏိုင္မည့္ အေၾကာင္းမ်ားကို ေဆြးေႏြးပါမည္။
ပထမဦးဆံုး မိမိတို႔အဖြဲ႕အစည္းတြင္ လက္ရွိအသံုးျပဳေနေသာ Computer ႏွင့္ ဆက္စပ္ ပစၥည္းမ်ား၊ Network ႏွင့္ Internet စနစ္မ်ား၊ Database မ်ားႏွင့္ သိမ္းဆည္းထားေသာ သတင္းအခ်က္အလက္မ်ား၊ စနစ္စီမံခန္႔ခြဲမႈ႕မ်ားႏွင့္ သာမာန္အသံုးျပဳသူမ်ား စသည္တို႔ကို စနစ္တက် ျပဳစု မွတ္တမ္းထားရွိျပီးေနာက္ အေရးၾကီး ခ်မွတ္သင့္သည့္ မူ၀ါဒမ်ား ျဖစ္သည့္ သတင္းအခ်က္အလက္ မူ၀ါဒ (Information Policy)၊ လံုျခံဳေရးမူ၀ါဒ (Security Policy) Computer ႏွင့္ ဆက္စပ္ပစၥည္း အသံုးျပဳမႈ႕မူ၀ါဒ (Computer and Peripheral Use Policy)၊ Internet အသံုးျပဳမႈ႕မူ၀ါဒ (Internet Use Policy)၊ E-mail အသံုးျပဳမႈ႕မူ၀ါဒ (E-mail Use Policy)၊ အသံုးျပဳသူစီမံခန္႔ခြဲမႈ႕မူ၀ါဒ (User Management Policy)၊ စနစ္စီမံခန္႔ခြဲမႈ႕မူ၀ါဒ (System Adminstation Policy)၊ လွ်ိဳ႕၀ွက္သေကၤတ မူ၀ါဒ (Password Policy) စသည္မ်ားက္ို ေရးဆြဲခ်မွတ္ ရမည္ ျဖစ္ပါသည္။
သတင္းအခ်က္အလက္ မူ၀ါဒ ေရးဆြဲခ်မွတ္ရာတြင္ မိမိ (သို႔မဟုတ္) အဖြဲ႕အစည္းတြင္ ရွိေနေသာ သတင္းအခ်က္မ်ားႏွင့္ ပတ္သတ္ျပီး မည္သည့္ သတင္းအခ်က္အလက္မ်ားကို သိမ္းဆည္းရန္၊ မည္သည့္ပံုစံျဖင့္ မည္သည့္ေနရာတြင္ သိမ္းဆည္းရန္ႏွင့္ မည္သူက အဆိုပါ သတင္းအခ်က္အလက္မ်ားအား တာ၀န္ယူ ထိန္းသိမ္းမည္ ဆိုသည္မ်ားကို ၾကိဳတင္သတ္မွတ္ျပီး အဆိုပါ သတင္းအခ်က္အလက္မ်ားအား သိမ္းဆည္းမႈ ဆက္သြယ္အသံုးျပဳမႈႏွင့္ ျဖန္႔ေ၀ျခင္းကိစၥမ်ား အဆိုပါ သတင္းအခ်က္အလက္မ်ားကို လံုျခံဳမႈ အဆင့္အတန္းမ်ားအလိုက္ ေဆာင္ရြက္ရမည္ ျဖစ္ပါသည္။ ဆက္လက္ျပီး သတင္းအခ်က္အလက္ လံုျခံဳမႈ႕မူ၀ါဒ (Security Policy)မ်ား ခ်မွတ္ အေကာင္အထည္ ေဖာ္ရာတြင္လည္း သတင္းအခ်က္အလက္မ်ား၏ လံုျခံဳမႈအဆင့္ႏွင့္ ဦးစားေပးမႈ႕ အေျခအေနမ်ားေပၚ မူတည္ျပီး သတ္မွတ္ထားေသာ နည္းပညာစံခ်ိန္ စံညႊန္းမ်ားအတိုင္း ေရရွည္ ေရတို ပံုစံအမ်ိဳးမ်ိဳးျဖင့္ ခ်မွတ္ေဆာင္ရြက္ရမည္ ျဖစ္ပါသည္။
ယခုအခါ နည္းပညာ တိုးတက္ ေျပာင္းလဲလာျခင္း IT Electronic ႏွင့္ Mobile Device မ်ားအား အလြယ္တကူ အသံုးျပဳလာႏိုင္ျခင္း တို႔သည္လည္း လုပ္ငန္းအသီးသီးရွိ အေရးၾကီး အခ်က္အလက္မ်ား ျပင္ပသို႔ အလြယ္တကူ ေပါက္ၾကားႏိုင္ေစရန္ အေျခအေန ျဖစ္လာခဲ့ပါသည္။ သို႔ျဖစ္၍ အဖြဲ႕အစည္းၾကီးမ်ား၊ ႏိုင္ငံတကာလုပ္ငန္းၾကီးမ်ားတြင္ ၀န္ထမ္းမ်ားႏွင့္ သာမန္ အသံုးျပဳသူမ်ား အတြက္ Computer ႏွင့္ အျခားဆက္စပ္ ပစၥည္းမ်ား အသံုးျပဳျခင္းကို မူ၀ါဒႏွင့္ စည္းကမ္း ခ်မွတ္ျပီး ကန္႔သတ္ လာခဲ့ၾကပါသည္။ ဥပမာအားျဖင့္ အေရးၾကီး အခ်က္အလက္မ်ား ရွိေသာ အခန္းမ်ားအတြင္းသို႔ မည္သည့္ IT Electronic ပစၥည္းမ်ား သယ္ေဆာင္ခြင့္ မေပးျခင္း၊ အဆိုပါ အခန္းအတြင္းသို႔ ၀င္ေရာက္ရန္ လံုျခံဳမႈ အစီအစဥ္ အဆင့္ဆင့္အား ျဖတ္ေက်ာ္ရျခင္း၊ အေရးၾကီး အခ်က္အလက္မ်ားအား တာ၀န္ခ်ိန္အတြင္း၌ သက္ဆိုင္ရာ လုပ္ငန္းေနရာ၌ ခြင့္ျပဳခ်က္ျဖင့္ အသံုးျပဳရျခင္း စသည္မ်ားကို ေဆာင္ရြက္ ၾကရမည္ ျဖစ္ပါသည္။
လုပ္ငန္းခြင္ အသီးသီးတြင္ Internet & E-mail အသံုးျပဳမႈသည္လည္း ေခတ္၏ လိုအပ္ခ်က္အရ မျဖစ္မေန အသံုးျပဳ ေနၾကရမည္ ျဖစ္သျဖင့္ တာ၀န္ခ်ိန္အတြင္း Internet & E-mail တို႔ကို လုပ္ငန္းကိစၥအတြက္ အသံုးျပဳျခင္း (သို႔မဟုတ္) မိမိကိုယ္က်ိဳးအတြက္ အသံုးျပဳျခင္း စသည့္မ်ားကို ခြဲျခား သိရွိႏိုင္ေစရန္ Internet ႏွင့္ E-mail အသံုးျပဳမႈ႕မူ၀ါဒ (Internet & E-mail Policy) မ်ားကို ခ်မွတ္ ေဆာင္ရြက္ရမည္ ျဖစ္ပါသည္။ Internet Policy ခ်မွတ္ရာတြင္ အသံုးျပဳ ၾကည့္ရႈခြင့္ရွိေသာ Website ႏွင့္ Socil Media Site မ်ားအား သတ္မွတ္ထားျခင္း၊ အသံုးျပဳရန္ အသင့္ေသာ Website မ်ားအား သတ္မွတ္ထားျခင္း၊ တစ္ကိုယ္ရည္ ကိုယ္ပိုင္ Internet အသံုးျပဳႏိုင္ရန္ အားလပ္ခ်ိန္မ်ား သတ္မွတ္ေပးျခင္း စသည္တို႔ကို ခ်မွတ္ရမည့္အျပင္ နည္းပညာပိုင္းႏွင့္ စီမံခန္႔ခြဲမႈ႕အပိုင္းမွာပါ မူ၀ါဒခ်မွတ္ရမည္ ျဖစ္ပါသည္။
E-mail အသံုးျပဳမႈ႕မူ၀ါဒ (E-mail Use Policy) ခ်မွတ္ရာတြင္လည္း ၀န္ထမ္းမ်ားအတြက္ တရား၀င္ E-mail Account မ်ား ျပဳလုပ္ေပးျခင္းႏွင့္ တာ၀န္ခ်ိန္အတြင္း E-mail အသံုးျပဳမႈ႕မ်ားအား အလုပ္ကိစၥ အတြက္သာ ခြင့္ျပဳျခင္း၊ ကိုယ္ေရးကိုယ္တာ ကိစၥမ်ားအား အလုပ္အတြက္ ျပဳလုပ္ေပး ထားေသာ ကိုယ္ပိုင္ E-mail တြင္ အသံုးမျပဳရန္ ကန္႔သတ္ျခင္း၊ အလုပ္ခ်ိန္အတြက္ Personal E-mail အသံုးျပဳျခင္းႏွင့္ အလုပ္ႏွင့္ ပါတ္သတ္သည့္ အေၾကာင္းအရာ ကိစၥမ်ား Personal E-mail တြင္ ေရးသား ေပးပို႔ျခင္း တို႔ကို ကန္႔သတ္ထားသည့္ မူ၀ါဒမ်ား ခ်မွတ္ရမည့္အျပင္ နည္းပညာပိုင္းမွာလည္း E-mail Server မ်ား ထူေထာင္ထားရွိျခင္း၊ E-mail အ၀င္ အထြက္မ်ားကို ေဆာင့္ၾကပ္ၾကည့္ရႈရန္ လိုအပ္မည္ ျဖစ္ပါသည္။
ဆက္လက္ျပီး အသံုးျပဳသူ စီမံခန္႔ခြဲေရးမူ၀ါဒ (User Management Policy) အေနျဖင့္ ၀န္ထမ္းအသစ္ ၀င္ေရာက္လာလွ်င္ Internet & E-mail ၊ Database အသံုးျပဳမႈ႕မ်ား အတြက္ User Pripilages မ်ားသတ္မွတ္ေပးျခင္း၊ ရာထူးတာ၀န္ ေျပာင္းလဲမႈ႕မ်ားအတြက္ အသံုးျပဳပိုင္ခြင့္ ျပင္ဆင္ သတ္မွတ္ျခင္း၊ အလုပ္မွ ႏႈတ္ထြက္သြားလွ်င္ (သို႔မဟုတ္) တာ၀န္မွ ရပ္ဆိုင္းခံရလွ်င္ အဆိုပါ ၀န္ထမ္း၏ Internet & E-mail ၊ Database အသံုးျပဳမႈ႕မ်ား စနစ္တက် လႊဲေျပာင္းယူျခင္းႏွင့္ User Account ပိတ္သိမ္းျခင္း စသည္မ်ားအတြက္ ျပည့္စံုလံုေလာက္ေသာ မူ၀ါဒမ်ားအား ၀န္ထမ္းေရးရာ မူ၀ါဒ (HR Policy) ႏွင့္အတူ ျပင္ဆင္ထုတ္ျပန္ထားရမည္ ျဖစ္ပါသည္။
မိမိရံုးဌာနတြင္ တပ္ဆင္ထားေသာ Computer စနစ္မ်ား၊ Software မ်ားႏွင့္ Utilities Software မ်ားအား Updated ျပဳလုပ္မထားလွ်င္ Loop Hole မ်ားျဖစ္ေပၚလာျပီး စနစ္၏ လံုျခံဳမႈ႕ကို ထိပါးႏိုင္သျဖင့္ မိမိတို႔တြင္ အသံုးျပဳလွ်က္ရွိေသာ Oprating System, System Software, Application Software ႏွင့္ Utilities Software မ်ားအား အဆင့္ျမွင့္တင္ျခင္း၊ ပံုမွန္ Maintenance ျပဳလုပ္ျခင္း၊ မလိုအပ္သည့္ Software ႏွင့္ Program မ်ားအား Removable လုပ္ျခင္း စသည့္မ်ား ျပဳလုပ္ျပီး System Update ႏွင့္ Maintenance Plan မ်ားကို အခ်ိန္ဇယားႏွင့္ တိတိက်က် သတ္မွတ္ ေဆာင္ရြက္ရမည္ ျဖစ္ပါသည္။
အဖြဲ႕အစည္းမ်ားတြင္ရွိေသာ အေရးၾကီးအခ်က္အလက္ Database မ်ားသည္ ရည္ရြယ္ခ်က္ရွိရွိ ေႏွာင့္ယွက္ခံရျခင္း၊ သဘာ၀ေဘးအႏၱရာယ္ (သို႔မဟုတ္) အေၾကာင္း တစ္ခုခုေၾကာင့္ ထိခိုက္ပ်က္စီးျခင္းမ်ား ျဖစ္ေပၚလာႏိုင္သျဖင့္ အျခားေနရာတစ္ခုခုတြင္ ပံုစံအမ်ိဳးမ်ိဳးျဖင့္ သိမ္းဆည္းထားသင့္ပါသည္။ ထိုသို႔ သိမ္းဆည္းႏိုင္ရန္အတြက္ Database မ်ားကို ဦးစားေပးအဆင့္ သတ္မွတ္ျခင္း၊ လံုျခံဳစြာ သိမ္းဆည္းထားႏိုင္မည့္ ေနရာ ေရြးခ်ယ္ျခင္း၊ သိမ္းဆည္းမည့္ နည္းစနစ္ပံုစံႏွင့္ နည္းပညာ ေရြးခ်ယ္ျခင္းမ်ားကို မူ၀ါဒခ်ေဆာင္ရြက္ရမည္ ျဖစ္ပါသည္။
ကမၻာတစ္၀ွမ္း အဖြဲ႕အစည္းမ်ားတြင္ သတင္းအခ်က္အလက္မ်ား ေပ်ာက္ဆံုးျခင္း၊ ပ်က္ဆံုးျခင္းႏွင့္ စီးပြားေရး အလို႔ငွာ ေျပာင္းလဲ ေရာင္းခ်ခံရျခင္း ျဖစ္စဥ္မ်ားတြင္ အသံုးျပဳသူမ်ား၏ လွ်ိဳ႕၀ွက္သေကၤတ (Password) ေပါက္ၾကားမႈ႕ (သို႔မဟုတ္) ေဖာက္ယူျခင္း စသည္တို႔ေၾကာင့္ ျဖစ္ေၾကာင္း၊ အမ်ားအားျဖင့္ ေလ့လာသိရွိႏုိင္သျဖင့္ မိမိတို႔အတြက္ လြန္စြာအေရးၾကီးလွေသာ လွ်ိဳ႕၀ွက္သေကၤတ(Password) အသံုးျပဳမႈ႕မ်ားကို မူ၀ါဒခ်မွတ္ျပီး စနစ္တက်ေဆာင္ရြက္ရမည္ ျဖစ္ပါသည္။ ယခုအခါတြင္ အဆိုပါ Password မ်ားကို အလြယ္တကူ ရွာေဖြ ေဖာ္ထုတ္ႏိုင္ေသာ Program မ်ား နည္းပညာမ်ား ေပၚေပါက္ေနျပီျဖစ္ရာ Password မူ၀ါဒေရးဆြဲရာ၌ သတ္မွတ္ထားေသာ စည္းကမ္းခ်က္မ်ားႏွင့္ လမ္းညႊန္မႈ႕မ်ားကို မျဖစ္မေန လိုက္နာေဆာင္ရြက္ သင့္ေပသည္။
UNO(အုိင္တီခရီးသည္)
သတင်းအချက် နှင့် ကွန်ယက် လုံခြုံရေး
အပိုင်း(၂)
ဒီတစ်ပါတ်တော့ သတင်းအချက်အလက်နှင့် ကွန်ရက်လုံခြံုရေးအတွက် အဖွဲ့အစည်းအလိုက် (သို့မဟုတ်) တစ်ဦး တစ်ယောက်ချင်းစီ ကြိုတင်ပြင်ဆင်ထားနိုင်ရန် သတင်းအချက်အလက် လုံခြံုရေးမူဝါဒများ (Information Security Policies) ချမှတ်နိုင်မည့် အကြောင်းများကို ဆွေးနွေးပါမည်။
ပထမဦးဆုံး မိမိတို့အဖွဲ့အစည်းတွင် လက်ရှိအသုံးပြုနေသော Computer နှင့် ဆက်စပ် ပစ္စည်းများ၊ Network နှင့် Internet စနစ်များ၊ Database များနှင့် သိမ်းဆည်းထားသော သတင်းအချက်အလက်များ၊ စနစ်စီမံခန့်ခွဲမှု့များနှင့် သာမာန်အသုံးပြုသူများ စသည်တို့ကို စနစ်တကျ ပြုစု မှတ်တမ်းထားရှိပြီးနောက် အရေးကြီး ချမှတ်သင့်သည့် မူဝါဒများ ဖြစ်သည့် သတင်းအချက်အလက် မူဝါဒ (Information Policy)၊ လုံခြံုရေးမူဝါဒ (Security Policy) Computer နှင့် ဆက်စပ်ပစ္စည်း အသုံးပြုမှု့မူဝါဒ (Computer and Peripheral Use Policy)၊ Internet အသုံးပြုမှု့မူဝါဒ (Internet Use Policy)၊ E-mail အသုံးပြုမှု့မူဝါဒ (E-mail Use Policy)၊ အသုံးပြုသူစီမံခန့်ခွဲမှု့မူဝါဒ (User Management Policy)၊ စနစ်စီမံခန့်ခွဲမှု့မူဝါဒ (System Adminstation Policy)၊ လျှို့ဝှက်သင်္ကေတ မူဝါဒ (Password Policy) စသည်များက်ို ရေးဆွဲချမှတ် ရမည် ဖြစ်ပါသည်။
သတင်းအချက်အလက် မူဝါဒ ရေးဆွဲချမှတ်ရာတွင် မိမိ (သို့မဟုတ်) အဖွဲ့အစည်းတွင် ရှိနေသော သတင်းအချက်များနှင့် ပတ်သတ်ပြီး မည်သည့် သတင်းအချက်အလက်များကို သိမ်းဆည်းရန်၊ မည်သည့်ပုံစံဖြင့် မည်သည့်နေရာတွင် သိမ်းဆည်းရန်နှင့် မည်သူက အဆိုပါ သတင်းအချက်အလက်များအား တာဝန်ယူ ထိန်းသိမ်းမည် ဆိုသည်များကို ကြိုတင်သတ်မှတ်ပြီး အဆိုပါ သတင်းအချက်အလက်များအား သိမ်းဆည်းမှု ဆက်သွယ်အသုံးပြုမှုနှင့် ဖြန့်ဝေခြင်းကိစ္စများ အဆိုပါ သတင်းအချက်အလက်များကို လုံခြံုမှု အဆင့်အတန်းများအလိုက် ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ဆက်လက်ပြီး သတင်းအချက်အလက် လုံခြံုမှု့မူဝါဒ (Security Policy)များ ချမှတ် အကောင်အထည် ဖော်ရာတွင်လည်း သတင်းအချက်အလက်များ၏ လုံခြံုမှုအဆင့်နှင့် ဦးစားပေးမှု့ အခြေအနေများပေါ် မူတည်ပြီး သတ်မှတ်ထားသော နည်းပညာစံချိန် စံညွှန်းများအတိုင်း ရေရှည် ရေတို ပုံစံအမျိုးမျိုးဖြင့် ချမှတ်ဆောင်ရွက်ရမည် ဖြစ်ပါသည်။
ယခုအခါ နည်းပညာ တိုးတက် ပြောင်းလဲလာခြင်း IT Electronic နှင့် Mobile Device များအား အလွယ်တကူ အသုံးပြုလာနိုင်ခြင်း တို့သည်လည်း လုပ်ငန်းအသီးသီးရှိ အရေးကြီး အချက်အလက်များ ပြင်ပသို့ အလွယ်တကူ ပေါက်ကြားနိုင်စေရန် အခြေအနေ ဖြစ်လာခဲ့ပါသည်။ သို့ဖြစ်၍ အဖွဲ့အစည်းကြီးများ၊ နိုင်ငံတကာလုပ်ငန်းကြီးများတွင် ၀န်ထမ်းများနှင့် သာမန် အသုံးပြုသူများ အတွက် Computer နှင့် အခြားဆက်စပ် ပစ္စည်းများ အသုံးပြုခြင်းကို မူဝါဒနှင့် စည်းကမ်း ချမှတ်ပြီး ကန့်သတ် လာခဲ့ကြပါသည်။ ဥပမာအားဖြင့် အရေးကြီး အချက်အလက်များ ရှိသော အခန်းများအတွင်းသို့ မည်သည့် IT Electronic ပစ္စည်းများ သယ်ဆောင်ခွင့် မပေးခြင်း၊ အဆိုပါ အခန်းအတွင်းသို့ ၀င်ရောက်ရန် လုံခြံုမှု အစီအစဉ် အဆင့်ဆင့်အား ဖြတ်ကျော်ရခြင်း၊ အရေးကြီး အချက်အလက်များအား တာဝန်ချိန်အတွင်း၌ သက်ဆိုင်ရာ လုပ်ငန်းနေရာ၌ ခွင့်ပြုချက်ဖြင့် အသုံးပြုရခြင်း စသည်များကို ဆောင်ရွက် ကြရမည် ဖြစ်ပါသည်။
လုပ်ငန်းခွင် အသီးသီးတွင် Internet & E-mail အသုံးပြုမှုသည်လည်း ခေတ်၏ လိုအပ်ချက်အရ မဖြစ်မနေ အသုံးပြု နေကြရမည် ဖြစ်သဖြင့် တာဝန်ချိန်အတွင်း Internet & E-mail တို့ကို လုပ်ငန်းကိစ္စအတွက် အသုံးပြုခြင်း (သို့မဟုတ်) မိမိကိုယ်ကျိုးအတွက် အသုံးပြုခြင်း စသည့်များကို ခွဲခြား သိရှိနိုင်စေရန် Internet နှင့် E-mail အသုံးပြုမှု့မူဝါဒ (Internet & E-mail Policy) များကို ချမှတ် ဆောင်ရွက်ရမည် ဖြစ်ပါသည်။ Internet Policy ချမှတ်ရာတွင် အသုံးပြု ကြည့်ရှုခွင့်ရှိသော Website နှင့် Socil Media Site များအား သတ်မှတ်ထားခြင်း၊ အသုံးပြုရန် အသင့်သော Website များအား သတ်မှတ်ထားခြင်း၊ တစ်ကိုယ်ရည် ကိုယ်ပိုင် Internet အသုံးပြုနိုင်ရန် အားလပ်ချိန်များ သတ်မှတ်ပေးခြင်း စသည်တို့ကို ချမှတ်ရမည့်အပြင် နည်းပညာပိုင်းနှင့် စီမံခန့်ခွဲမှု့အပိုင်းမှာပါ မူဝါဒချမှတ်ရမည် ဖြစ်ပါသည်။
E-mail အသုံးပြုမှု့မူဝါဒ (E-mail Use Policy) ချမှတ်ရာတွင်လည်း ၀န်ထမ်းများအတွက် တရားဝင် E-mail Account များ ပြုလုပ်ပေးခြင်းနှင့် တာဝန်ချိန်အတွင်း E-mail အသုံးပြုမှု့များအား အလုပ်ကိစ္စ အတွက်သာ ခွင့်ပြုခြင်း၊ ကိုယ်ရေးကိုယ်တာ ကိစ္စများအား အလုပ်အတွက် ပြုလုပ်ပေး ထားသော ကိုယ်ပိုင် E-mail တွင် အသုံးမပြုရန် ကန့်သတ်ခြင်း၊ အလုပ်ချိန်အတွက် Personal E-mail အသုံးပြုခြင်းနှင့် အလုပ်နှင့် ပါတ်သတ်သည့် အကြောင်းအရာ ကိစ္စများ Personal E-mail တွင် ရေးသား ပေးပို့ခြင်း တို့ကို ကန့်သတ်ထားသည့် မူဝါဒများ ချမှတ်ရမည့်အပြင် နည်းပညာပိုင်းမှာလည်း E-mail Server များ ထူထောင်ထားရှိခြင်း၊ E-mail အဝင် အထွက်များကို ဆောင့်ကြပ်ကြည့်ရှုရန် လိုအပ်မည် ဖြစ်ပါသည်။
ဆက်လက်ပြီး အသုံးပြုသူ စီမံခန့်ခွဲရေးမူဝါဒ (User Management Policy) အနေဖြင့် ၀န်ထမ်းအသစ် ၀င်ရောက်လာလျှင် Internet & E-mail ၊ Database အသုံးပြုမှု့များ အတွက် User Pripilages များသတ်မှတ်ပေးခြင်း၊ ရာထူးတာဝန် ပြောင်းလဲမှု့များအတွက် အသုံးပြုပိုင်ခွင့် ပြင်ဆင် သတ်မှတ်ခြင်း၊ အလုပ်မှ နှုတ်ထွက်သွားလျှင် (သို့မဟုတ်) တာဝန်မှ ရပ်ဆိုင်းခံရလျှင် အဆိုပါ ၀န်ထမ်း၏ Internet & E-mail ၊ Database အသုံးပြုမှု့များ စနစ်တကျ လွှဲပြောင်းယူခြင်းနှင့် User Account ပိတ်သိမ်းခြင်း စသည်များအတွက် ပြည့်စုံလုံလောက်သော မူဝါဒများအား ၀န်ထမ်းရေးရာ မူဝါဒ (HR Policy) နှင့်အတူ ပြင်ဆင်ထုတ်ပြန်ထားရမည် ဖြစ်ပါသည်။
မိမိရုံးဌာနတွင် တပ်ဆင်ထားသော Computer စနစ်များ၊ Software များနှင့် Utilities Software များအား Updated ပြုလုပ်မထားလျှင် Loop Hole များဖြစ်ပေါ်လာပြီး စနစ်၏ လုံခြံုမှု့ကို ထိပါးနိုင်သဖြင့် မိမိတို့တွင် အသုံးပြုလျှက်ရှိသော Oprating System, System Software, Application Software နှင့် Utilities Software များအား အဆင့်မြှင့်တင်ခြင်း၊ ပုံမှန် Maintenance ပြုလုပ်ခြင်း၊ မလိုအပ်သည့် Software နှင့် Program များအား Removable လုပ်ခြင်း စသည့်များ ပြုလုပ်ပြီး System Update နှင့် Maintenance Plan များကို အချိန်ဇယားနှင့် တိတိကျကျ သတ်မှတ် ဆောင်ရွက်ရမည် ဖြစ်ပါသည်။
အဖွဲ့အစည်းများတွင်ရှိသော အရေးကြီးအချက်အလက် Database များသည် ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက်ခံရခြင်း၊ သဘာဝဘေးအန္တရာယ် (သို့မဟုတ်) အကြောင်း တစ်ခုခုကြောင့် ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပေါ်လာနိုင်သဖြင့် အခြားနေရာတစ်ခုခုတွင် ပုံစံအမျိုးမျိုးဖြင့် သိမ်းဆည်းထားသင့်ပါသည်။ ထိုသို့ သိမ်းဆည်းနိုင်ရန်အတွက် Database များကို ဦးစားပေးအဆင့် သတ်မှတ်ခြင်း၊ လုံခြံုစွာ သိမ်းဆည်းထားနိုင်မည့် နေရာ ရွေးချယ်ခြင်း၊ သိမ်းဆည်းမည့် နည်းစနစ်ပုံစံနှင့် နည်းပညာ ရွေးချယ်ခြင်းများကို မူဝါဒချဆောင်ရွက်ရမည် ဖြစ်ပါသည်။
ကမ္ဘာတစ်ဝှမ်း အဖွဲ့အစည်းများတွင် သတင်းအချက်အလက်များ ပျောက်ဆုံးခြင်း၊ ပျက်ဆုံးခြင်းနှင့် စီးပွားရေး အလို့ငှာ ပြောင်းလဲ ရောင်းချခံရခြင်း ဖြစ်စဉ်များတွင် အသုံးပြုသူများ၏ လျှို့ဝှက်သင်္ကေတ (Password) ပေါက်ကြားမှု့ (သို့မဟုတ်) ဖောက်ယူခြင်း စသည်တို့ကြောင့် ဖြစ်ကြောင်း၊ အများအားဖြင့် လေ့လာသိရှိနိုင်သဖြင့် မိမိတို့အတွက် လွန်စွာအရေးကြီးလှသော လျှို့ဝှက်သင်္ကေတ(Password) အသုံးပြုမှု့များကို မူဝါဒချမှတ်ပြီး စနစ်တကျဆောင်ရွက်ရမည် ဖြစ်ပါသည်။ ယခုအခါတွင် အဆိုပါ Password များကို အလွယ်တကူ ရှာဖွေ ဖော်ထုတ်နိုင်သော Program များ နည်းပညာများ ပေါ်ပေါက်နေပြီဖြစ်ရာ Password မူဝါဒရေးဆွဲရာ၌ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် လမ်းညွှန်မှု့များကို မဖြစ်မနေ လိုက်နာဆောင်ရွက် သင့်ပေသည်။
UNO(အိုင်တီခရီးသည်)

ေပၚလီ (Poly) တစ္ေခတ္ဆန္းၿပီေလာ . . .

ေပၚလီ (Poly) တစ္ေခတ္ဆန္းၿပီေလာ . . .
“ ယေန႔ကမၻာႀကီးရဲ႕ ပညာေရးပံုစံ ေျပာင္းေနပါတယ္။ အဲဒါကေတာ့ Work and Learn ဆုိတဲ့ပံုစံပါပဲ . . ဘယ္လုိလဲဆုိေတာ့ . .သီအုိရီစာေတြခ်ည္းကုိပဲ မသင္ေနဘဲ လက္ေတြ႕အလုပ္လုပ္ကုိင္မႈ အတြက္ကုိပါ တြဲဖက္သင္ၾကားမႈမ်ိဳး ျဖစ္ပါတယ္ . . တကယ့္လက္ေတြ႕ဟာ သီအုိရီ စာေတြနဲ႔ အေတြးအေခၚပိုင္းေတြကုိ ဦးစားေပးခဲ့ရာ ေရာက္ေနၿပီး လက္ေတြ႕ ကြၽမ္းက်င္မႈ အားနည္းတဲ့အတြက္ အဲဒီလုိပံုစံေတြကုိ ေျပာင္းေနပါတယ္။ အထူးသျဖင့္ အေမရိကန္ႏုိင္ငံရဲ႕ တကၠသုိလ္ေတြမွာ Work and Learn ပံုစံေျပာင္းေနပါၿပီ...”
မႏၲေလးၿမိဳ႕ ၇၈ လမ္းေပၚမွာရွိတဲ့ ဟုိတယ္မႏၲေလး (Hotel Mandalay) ရဲ႕ ခန္းမႀကီးထဲက ဟိန္းထြက္လာတဲ့အသံ ျဖစ္ပါတယ္။ MCC Training Institute (Mandalay) က ျပဳလုပ္ေနတဲ့ “Work and Learn ပညာေရး” ေဟာေျပာပြဲမွာ MCC Group ရဲ႕ ဥကၠ႒ ဦးတင္၀င္းေအာင္ရဲ႕ ထံုးစံအတုိင္း တက္တက္ၾကြၾကြ ဟန္နဲ႔ ေဟာေျပာေနတာ ျဖစ္ပါတယ္။ ခန္းမႀကီးတစ္ခုလံုးမွာ မႏၲေလးၿမိဳ႕က မိဘမ်ား၊ ေက်ာင္းသား/ေက်ာင္းသူမ်ားနဲ႔ အျပည့္ စိတ္၀င္တစား နားေထာင္ ေနၾကတာကုိ ေတြ႕ရပါတယ္ . . ။
“ ဒီကေန႔အထိ ေက်ာင္းသူ/သားအမ်ားစုဟာ.. အဲဒီသီအုိရီနဲ႔ အေတြးအေခၚေတြကုိ ဦးစားေပးသင္တဲ့ တကၠသုိလ္ေတြကုိသာ သြားေနၾကပါတယ္.. တကၠသုိလ္က ဘြဲ႕တစ္ခုခု ရဖုိ႔သာ ျဖစ္ပါတယ္.. ဒါေပမယ့္ လက္ေတြ႕လုပ္ငန္းကုိ နားမလည္ၾကလုိ႔ ... ဘြဲ႕ရၿပီး .. အလုပ္မရၾကပါဘူး.. စကၤာပူႏုိင္ငံမွာ ဆုိရင္ GCE(O) Level ေအာင္ၿပီးတာနဲ႔ Polytechnic ေက်ာင္းေတြကုိ တက္ၾကတာမ်ားပါတယ္.. တကၠသုိလ္ကုိ တက္တဲ့ ေက်ာင္းသားေတြ နည္းပါတယ္.. ဘာျဖစ္လုိ႔လဲဆုိေတာ့ . အဲဒီ Polytechnic ေက်ာင္းေတြကရတဲ့ အသက္ေမြး၀မ္း ေက်ာင္းဒီပလုိမာေတြနဲ႔ အလုပ္အကုိင္ ေကာင္းေကာင္းေတြရၾကလုိ႔ ျဖစ္ပါတယ္.. အလုပ္ရွင္ေတြကလည္း လက္ေတြ႕ကြၽမ္း က်င္တဲ့သူေတြကုိ လစာေကာင္းေကာင္းေပးၿပီး ခန္႔ၾကပါတယ္ . . ။
ခန္းမထဲက မႏၲေလးပရိသတ္ လႈပ္လႈပ္ရြရြ ျဖစ္လာပါတယ္..။ ဒီႏွစ္ (၁၀) တန္း ေအာင္ထားတဲ့ ေက်ာင္းသူ/သားအမ်ားစုနဲ႔ သူတုိ႔ရဲ႕ မိဘေတြအၾကား မၾကားဘူးတဲ့ စကားေတြကုိ ၾကားရလုိ႔ နည္းနည္းထူးဆန္း ေနတယ္လုိ႔ ထင္ပါတယ္..။
“ ကဲ... အမႀကီး ေဒၚခင္မုိးျမင့္ေရ ေျပာမေျပာခ်င္ပါဘူး.. သားေတြသမီးေတြ ဆယ္တန္း ေအာင္ေအာင္ လုပ္ လုိက္ရတာလဲ.. အေမာ.. ေငြေတြလည္း ကုန္လိုက္တာ မေျပာနဲ႔ ေအာင္လာျပန္ေတာ့လဲ.. ဘယ္တကၠသုိလ္ တက္ရမွန္းမသိ . .အမွတ္ကလည္း ဟုိမမီွ. . ဒီမမွီ . .”
“ မွန္တယ္ . . မွန္တယ္ . . မမုိးေရ . . ဒီအတုိင္းပဲ သူတုိ႔ေမးလိုက္ရင္ မထံုတက္ေသးနဲ႔ . . ခုေခတ္ကေလးေတြ.. ကုိယ္ဘာသာကုိယ္ ဘာလုပ္ရမွန္းမသိ.. ဘာရည္မွန္းခ်က္ရွိမွန္း မသိနဲ႔ . . ေတာ္ ေတာ္ခက္ပါတယ္..” “ အခုလည္း ၾကည့္ေလ.. ေဟာေျပာပြဲကုိလာၿပီး.. ေရွ႕က ဘာေတြ ေျပာေနမွန္းမသိဘဲ.. သူတုိ႔တယ္လီဖုန္းေတြကုိပဲ ပြတ္ေနၾကတာ.. ဘယ္အခ်ိန္ၾကည့္လိုက္… ၾကည့္လိုက္ အဲဒီတယ္လီဖုန္းေတြ၊ အင္တာနက္ေတြနဲ႔ပဲ ညားေနၾကတာ…”
“ ဟဲ့ . . ေမာ္လီ . . ေပၚလီ အေၾကာင္းေတြေျပာေနတာ.. နင္ဘယ္လုိထင္လဲဟင္.. ငါေတာ့ . . ဒီပလုိမာ ဘဲရမွာဆုိေတာ့ . . စိတ္မ၀င္စားဘူး...”
“ ေမာ္လီတုိ႔ကေတာ့ .. ေပၚလီမွ ေပၚလီျဖစ္သြားၿပီ . . ဘာျဖစ္ လုိ႔လဲသိ လား . . စာေမးပြဲ ေျဖစရာမလုိလုိ႔ .. Assignment နဲ႔ အတန္းတက္သြား ႏုိင္တယ္ဆုိေတာ့ . .ငါနဲ႔အကုိက္ဘဲ. . ဘာျဖစ္လုိ႔လဲသိလား . . စာေမးပြဲဆုိရင္ ေၾကာက္လြန္းလုိ႔ . .”
“ စာေမးပြဲေျဖဖုိ႔မလုိဘဲ ဒီပလုိမာေတြ ရမယ္ဆုိေတာ့.. နင့္ဟာက ဟုတ္ရဲ႕လား . ဘယ္လုိလုပ္အဆင့္ရွိမွာလဲ...”
“ ရွိသမွ . . သိပ္ရွိ . . ဒီပလုိမာက အဂၤလန္ႏုိင္ငံက ေပးတာ . . ၿပီးေတာ့.. ဘြဲ႕လုိခ်င္ရင္ အဂၤလန္ႏုိင္ငံ တကၠသုိလ္ေတြရဲ႕ ေနာက္ဆံုးႏွစ္ကုိ တက္ၿပီး ... ဘြဲ႕လည္း ရႏုိင္မယ္တဲ့ . . ဘယ္ေလာက္ေကာင္းတဲ့ အစီအစဥ္လဲ ...”
“ ဒကာႀကီး ဦးတင္၀င္းေအာင္ကုိ ေမးခ်င္ပါတယ္ ... ဦးဇင္းတုိ႔လည္း စိတ္၀င္စားလုိ႔ လာနားေထာင္တာပါ ... ဒကာႀကီးေျပာသြားတာ ေကာင္းပါတယ္ ... ဒါေပမယ့္ ျမန္မာျပည္မွာလည္း GTC တုိ႔ အရင္ရွိခဲ့ဘူးတာပဲ မဟုတ္လား ... ဒကာႀကီးေျပာတဲ့ ေပၚလီနဲ႔ ဘာကြာလုိ႔လဲ ...”
“ တင္ပါ့ ... သေဘာကေတာ့ မကြာပါဘူးဘုရား .. ဒါေပမယ့္ လုပ္နည္း လုပ္ဟန္ ကြာသြားတာပါ ... GTC ရဲ႕ ရည္ရြယ္ခ်က္က ေကာင္းပါတယ္ . . လက္ေတြ႕ အေကာင္အထည္ေဖာ္တာ အားနည္း ခဲ့လုိ႔ပါ ... အသက္ေမြး၀မ္းေက်ာင္းပညာေတြကုိ လက္ေတြ႕ ကြၽမ္းက်င္ သင္ရမဲ့အစား သီအုိရီေတြကုိ အလြတ္က်က္ၿပီး စာေမးပြဲ ေအာင္ေအာင္သာ လုပ္ခဲ့လုိ႔ . . မေအာင္ျမင္တာ ျဖစ္ပါတယ္ ... အခုဖြင့္တဲ့ ေပၚလီေတြမွာဆုိရင္ . . သီအုိရီနဲ႔ လက္ေတြ႕ေပါင္းစပ္ၿပီး Assignment ေတြ တကယ္ လုပ္ရပါတယ္ . . ေက်ာင္းသား/သူေတြဟာ ပထမပိုင္းမွာေတာ့ ခပ္အင္တင္တင္နဲ႔ အထင္ေသး သလုိျဖစ္လာတယ္... လုပ္ရင္း လုပ္ရင္းနဲ႔ စိတ္၀င္စားလာၾကပါတယ္ ... တပည့္ေတာ္တုိ႔ ပညာေရးစနစ္မွာ အလုပ္လုပ္လုပ္ မလုပ္လုပ္ စာေတြ အလြတ္က်က္... စာသင္တာ စိတ္၀င္စားစရာလည္း မေကာင္းဘူး ... ကေလးေတြကလည္း မတတ္သာလုိ႔သာ လုပ္ေနရတာ ... စိတ္မပါဘူး … ေပၚလီတကၠနစ္ေတြမွာေတာ့ ဒီလုိမဟုတ္ဘူး ... သီအုိရီထဲက အေၾကာင္းအရာေတြကုိ အျပင္မွာ လက္ေတြ႕လုပ္ရေတာ့ ... ကေလးေတြ စိတ္၀င္စားတယ္… တစ္နည္းအားျဖင့္ ကေလးေတြ စိတ္၀င္စားမယ့္ စာသင္နည္း ျဖစ္ပါတယ္... ကေလးေတြက စိတ္၀င္စားတာတင္ မကဘဲ စိတ္းကူးစိတ္သန္း ေကာင္းေတြပါ တီထြင္ႀကံဆ လာၾကပါတယ္.. တပည့္ေတာ္တုိ႔ မႏၲေလးေပၚလီက ေက်ာင္းသား တစ္ေယာက္ဆုိရင္ ဒ႐ံုး (Drone) လုိ႔ေခၚတဲ့ ေမာင္းသူမဲ့ ေလယာဥ္ပ်ံကုိ Assignment လုပ္ၿပီး တီထြင္ႏုိင္ခဲ့တာ အဂၤလန္ ႏုိင္ငံကလာတဲ့ ပါေမာကၡကေတာင္ ခ်ီးက်ဴးသြားခဲ့ပါတယ္ ...”
“ ဦးဇင္းတုိ႔လည္း လက္ေတြ႕လုပ္ရ တာေတြကုိ စိတ္၀င္းစားပါတယ္ ... ဦးဇင္းတုိ႔ေရာ တက္လုိ႔မရဘူးလား ...”
“ တင္ပါ့ ... အခုေလာေလာ ဆယ္မွာေတာ့ ကေလးေတြအတြက္ အခ်ိန္ျပည့္ သင္တန္းေတြ စဖြင့္ထားပါတယ္ ... ဘုရား ... ေနာက္ပုိင္းမွာ အလုပ္တစ္ပိုင္းနဲ႔ လူႀကီးေတြ တက္ႏုိင္ေအာင္ စေန၊ တနဂၤေႏြ အခ်ိန္ပိုင္းသင္တန္းေတြ ဆက္ဖြင့္ ေပးပါ့မယ္ ...”
MCC Training Institute (Mandalay) ရဲ႕ “Work and Learn ပညာေရး” ေဟာေျပာပြဲအၿပီးမွာ မိဘနဲ႔ ေက်ာင္းသူ/သားေတြ အလွ်ိဳလွ်ိဳ ျပန္ထြက္ သြားၾကပါၿပီ ... မႏၲေလးထံုးစံအတုိင္း ရာသီဥတုက ခပ္မိႈင္းမိႈင္း၊ ခန္းမအျပင္ေရာက္တာနဲ႔ ေလပူနဲ႔ေတြ႕လုိ႔ ကုိေကာင္းျမတ္တုိ႔ မိသားစု ကားဆီကုိ ခပ္ျမန္ျမန္ေလွ်ာက္လုိက္ၾကပါတယ္ . . ။
“ ကုိျမတ္ေရ ကေလးေတြအတြက္ ျပန္စဥ္းစားၾကရမယ္ထင္တယ္ ...”
“ အ၀င္းရယ္ ... အရင္းမရွိ အဖ်ားမရွိနဲ႔ ... ဘာကုိဆုိလုိတာလဲ ...”
“ ရွင္ကလည္း ... နားေ၀းလိုက္တာ ... ကေလးေတြက အမွတ္သိပ္မေကာင္းေတာ့ အေ၀းသင္ ယူခုိင္းရမလုိ ျဖစ္ေနတာ ... ။ ေပၚလီတကၠနစ္ကုိ တက္ခုိင္းရင္ ေကာင္းမလားလုိ႔ ... ဘာျဖစ္ျဖစ္ ... ဒီမိန္းမကပဲ စဥ္းစားရတယ္... ေယာက်္ားလုပ္တဲ့လူက… ဘာမွ အားမကုိးရဘူး ...”
“ မဟုတ္ပါဘူး ... အ၀င္းရယ္ … ကုိျမတ္လည္း အဲဒီလုိပဲ စဥ္းစားေနတာပါ… ညည္းက အရင္ေျပာလိုက္ေတာ့ ... ကုိျမတ္ေနာက္က်သြားတာေပါ့ ... ဟဲ ... ဟဲ ကုိယ့္မိန္းမက ပုိေတာ္ပါတယ္ ...”
“ ရွင္ ... စကားကုိ ေကာင္းေကာင္းေျပာ ... ဒီလုိဆုိရင္ ... တစ္ခါတည္း ေပၚလီကုိ သြားအပ္မယ္… သားေလးေရာ သေဘာက်လားဟင္…”
“ သားက တီထြင္ရတာေတြ ၀ါသနာပါတယ္… အဲဒီလုိလုပ္ရမယ္ဆုိရင္ သားႀကိဳးစားပါ့မယ္…”
“ သမီး ... အင္ၾကင္းကေတာ့ ဒီႏွစ္ စာေမးပြဲေအာင္ေအာင္ အရင္ႀကိဳးစား လိုက္အံုးေပါ့...”
“ သမီးလည္း ႀကိဳးစားတာပဲ မာမီရယ္ ... ဒါေပမယ့္ မေအာင္ေတာ့ ... စိတ္ဆင္းရဲတယ္ ... ဒီဆယ္တန္းစာေမးပြဲကုိ ဆက္မေျဖခ်င္ေတာ့ဘူး...”
ကုိေကာင္းျမတ္တုိ႔ ေမာင္းလာတဲ့ ကားကေလးဟာ (၃၅) လမ္းေပၚက ၀ါခင္း ကုန္းဘုရားရွိတဲ့ လမ္းသြယ္ေလးထဲ ၀င္လာ လိုက္ၿပီး MCC Training Institute (Mandalay) ဆုိတဲ့ ဆုိင္းဘုတ္ ေတြ႕တာနဲ႔ ၿခံထဲကုိ ၀င္လာလိုက္ပါတယ္… MCC Polytechnic ဆုိလုိ႔ အေဆာက္အအံု ႀကီးႀကီးမားမားေတြ ေတြ႕ရမယ္ထင္တာ… တစ္ထပ္အေဆာက္အအံု ခပ္ျပန္႔ျပန္႔ ကေလးေတြရွိတဲ့ ၿခံက်ယ္ႀကီးျဖစ္ပါတယ္… ၀င္လိုက္တာနဲ႔ လမ္းရဲ႕ ညာဘက္မွာ ေရကန္ေတြ႕ရလုိ႔ သစ္ပင္ရိပ္နဲ႔ ေရကန္ရဲ႕ အေငြ႕အသက္နဲ႔မုိ႔ ကားထဲက ဆင္းလိုက္တာနဲ႔ ၿမိဳ႕ထဲနဲ႔ မတူတဲ့ အရသာကုိ ခံစားလိုက္ရပါတယ္… ၿခံ၀င္းတစ္ခုလံုး သစ္ပင္ေတြနဲ႔မုိ႔ မႏၲေလးၿမိဳ႕ရဲ႕ အုိေအစစ္ေလး တစ္ခုလုိ ျဖစ္ေနပါတယ္... (၇) ဧကေလာက္ က်ယ္တဲ့ ေနရာျဖစ္လုိ႔ Campus ထဲမွာ ေက်ာင္းသား/သူေတြ လြတ္လြတ္လပ္လပ္ က်ယ္က်ယ္ျပန္႔ျပန္႔ ရွိလွပါတယ္… စာသင္ေဆာင္ေတြ၊ လက္ေတြ႕ခန္းေတြ၊ ႐ံုးခန္းေတြကုိေတာ့ သူ႕ေနရာနဲ႔သူ အကြက္က်က် တည္ေဆာက္ထားတာကုိ ေတြ႕ရပါတယ္… ဒါနဲ႔ဘဲ Reception ထဲကုိ ၀င္လိုက္ၿပီး ေနရာယူလိုက္ၾကပါ တယ္ ... ။
“ သမီးတုိ႔ေရ ... ေဟာဒီသားကုိ BTEC သင္တန္း အပ္ခ်င္လုိ႔ပါ…”
“ ဟုတ္ကဲ့ပါအန္တီ ... ဒီဟာက BTEC သင္တန္းနဲ႔ ပတ္သက္တဲ့ Brochure ေတြ ျဖစ္ပါတယ္… (၁၀) တန္း ေအာင္ထားတဲ့ ကေလးေတြဟာ BTEC Level (4) နဲ႔ Level (5) ကုိ ႏွစ္ႏွစ္ တက္ရပါမယ္… ၿပီးရင္ HND လုိ႔ေခၚ တဲ့ အဂၤလန္ႏုိင္ငံက Higher National Diploma ကုိ ရမွာ ျဖစ္ပါတယ္… MCC Polytechnic မွာ ဒီပလုိမာအမ်ိဳးအစား (၃) ခုရႏုိင္ပါတယ္... အင္ဂ်င္နီယာ ဒီပလုိမာ၊ ကြန္ပ်ဴတာ ဒီပလုိမာနဲ႔ ဟုိတယ္နဲ႔ ခရီးသြားလုပ္ငန္း ဒီပလုိမာေတြ ျဖစ္ပါတယ္ အင္ဂ်င္နီယာမွာ Civil, Mechanical နဲ႔ Electricl and Electronic ဆုိ ၿပီး ျပန္ခြဲထားပါတယ္…”
“ သားငယ္ ေမာင္ျပည့္ ... မင္းဘာကုိ စိတ္၀င္စားသလဲ …”
“ သားက အင္ဂ်င္နီယာကုိ ယူမယ္ ပံုဆြဲတာေတြက ပညာပါေတာ့ Civil ယူရင္ ေကာင္းမယ္ထင္တယ္ …”
“BTEC Level (4) နဲ႔ Level (5) ကုိ (၁၀) တန္းေအာင္တဲ့သူေတြ တက္ႏုိင္သလုိ (၁၀) တန္းမေအာင္တဲ့သူေတြ အေနနဲ႔လည္း BTEC Level (3) ကုိ တက္ၿပီး BTEC Level (4) နဲ႔ Level (5) ကုိ ဆက္တက္သြားႏုိင္ပါတယ္…”
“ ေဟာေတာ့ ... ကုိျမတ္ေရ ... အဲ့ဒါမသိပါလား ... သမီးအင္ၾကင္း အတြက္ အေတာ္ပဲေပါ့ … ျပန္ရွင္းျပပါအံုး … (၁၀)တန္းမေအာင္ဘဲ တက္လုိ႔ရတယ္ ဆုိတာ ...”
“ ဟုတ္ပါတယ္ ... အန္တီ Polytechnic ဆုိတာ အသက္ေမြး၀မ္း ေက်ာင္းပညာေတြကုိ လက္ေတြ႕ ဦးစားေပးသင္တဲ့ ေက်ာင္းျဖစ္ပါတယ္ ... ဒါ့ေၾကာင့္ (၁၀)တန္း စာေမးပြဲ ေအာင္သည္ျဖစ္ေစ၊ က်သည္ျဖစ္ေစ အသက္ေမြး၀မ္းေက်ာင္းပညာကုိ တစ္ဆင့္ၿပီး တစ္ဆင့္ ဆက္ယူသြားႏုိင္ပါတယ္ ... ၿပီးေတာ့ ဘြဲ႕ရသည္အထိ ဆက္တက္သြားႏုိင္ပါတယ္ရွင့္ ...”
“ ဘယ္ကဘြဲ႕ရမွာလဲ ... သမီး” “ သမီးတုိ႔ေက်ာင္းက အဂၤလန္ႏုိင္ငံက တကၠသုိလ္ႀကီး ႏွစ္ခုနဲ႔ ခ်ိတ္ဆက္ထားပါတယ္ ... Middlesex University ရယ္ Birmingham City University တုိ႔ ျဖစ္ပါတယ္ ... ကေလးေတြ HND Level (5) ၿပီးရင္ အဲဒီတကၠသုိလ္ဘြဲ႕သင္တန္းရဲ႕ ေနာက္ဆံုးႏွစ္ကုိ တက္လုိ႔ရပါတယ္ ... အဂၤလန္ႏုိင္ငံကုိ သြားၿပီး တက္လုိ႔ရသလုိ MCC Institute ေတြမွာလည္း တက္လုိ႔ရပါတယ္ ...”
“ ကုိျမတ္ရယ္ ... ဒီေန႔ေဟာေျပာ ပြဲတက္လိုက္ရတဲ့ အက်ိဳးေက်းဇူးပဲ ... အခုေတာ့ သားေရာ သမီးအတြက္ပါ စိတ္ေအး ရၿပီ …”
ကုိေကာင္းျမတ္တုိ႔ မိသားစု ကားကေလး MCC Polytechnic (Mandalay) ၿခံ၀န္းထဲက ျပန္အထြက္မွာ အလာ တုန္းကထက္ ပုိသြက္ေနပါေတာ့တယ္ . . မိသားစုတစ္ခုလံုး စိတ္လက္ ေပါ့ပါးသလုိ ကားကေလးကလည္း ေပါ့ပါးေနပါတယ္ .. အုိေအစစ္ထဲက ထြက္လိုက္လုိ႔ အျပင္ေရာက္တာနဲ႔ ပူျပင္းေျခာက္ေသြ႕တဲ့ ပတ္၀န္းက်င္ ေရာက္လာေပမယ့္ ကေလးေတြ ဒီအုိေအစစ္ထဲကုိ မၾကာခင္ျပန္သြားရမယ္ဆုိတဲ့ အသိနဲ႔ မပူၾကေတာ့ပါဘူး ... ရာသီဥတု အပူကုိ ေလ်ာ့ပါးေစ႐ံုတင္မက ကေလးေတြရဲ႕ ဘ၀ေနာင္ေရးအတြက္ ရင္ထဲက အပူကုိလည္း သက္သာသြားေစပါေတာ့တယ္ . .. . . . ။
ပေါ်လီ (Poly) တစ်ခေတ်ဆန်းပြီလော . . .
“ ယနေ့ကမ္ဘာကြီးရဲ့ ပညာရေးပုံစံ ပြောင်းနေပါတယ်။ အဲဒါကတော့ Work and Learn ဆိုတဲ့ပုံစံပါပဲ . . ဘယ်လိုလဲဆိုတော့ . .သီအိုရီစာတွေချည်းကိုပဲ မသင်နေဘဲ လက်တွေ့အလုပ်လုပ်ကိုင်မှု အတွက်ကိုပါ တွဲဖက်သင်ကြားမှုမျိုး ဖြစ်ပါတယ် . . တကယ့်လက်တွေ့ဟာ သီအိုရီ စာတွေနဲ့ အတွေးအခေါ်ပိုင်းတွေကို ဦးစားပေးခဲ့ရာ ရောက်နေပြီး လက်တွေ့ ကျွမ်းကျင်မှု အားနည်းတဲ့အတွက် အဲဒီလိုပုံစံတွေကို ပြောင်းနေပါတယ်။ အထူးသဖြင့် အမေရိကန်နိုင်ငံရဲ့ တက္ကသိုလ်တွေမှာ Work and Learn ပုံစံပြောင်းနေပါပြီ...”
မန္တလေးမြို့ ရ၈ လမ်းပေါ်မှာရှိတဲ့ ဟိုတယ်မန္တလေး (Hotel Mandalay) ရဲ့ ခန်းမကြီးထဲက ဟိန်းထွက်လာတဲ့အသံ ဖြစ်ပါတယ်။ MCC Training Institute (Mandalay) က ပြုလုပ်နေတဲ့ “Work and Learn ပညာရေး” ဟောပြောပွဲမှာ MCC Group ရဲ့ ဥက္ကဋ္ဌ ဦးတင်ဝင်းအောင်ရဲ့ ထုံးစံအတိုင်း တက်တက်ကြွကြွ ဟန်နဲ့ ဟောပြောနေတာ ဖြစ်ပါတယ်။ ခန်းမကြီးတစ်ခုလုံးမှာ မန္တလေးမြို့က မိဘများ၊ ကျောင်းသား/ကျောင်းသူများနဲ့ အပြည့် စိတ်ဝင်တစား နားထောင် နေကြတာကို တွေ့ရပါတယ် . . ။
“ ဒီကနေ့အထိ ကျောင်းသူ/သားအများစုဟာ.. အဲဒီသီအိုရီနဲ့ အတွေးအခေါ်တွေကို ဦးစားပေးသင်တဲ့ တက္ကသိုလ်တွေကိုသာ သွားနေကြပါတယ်.. တက္ကသိုလ်က ဘွဲ့တစ်ခုခု ရဖို့သာ ဖြစ်ပါတယ်.. ဒါပေမယ့် လက်တွေ့လုပ်ငန်းကို နားမလည်ကြလို့ ... ဘွဲ့ရပြီး .. အလုပ်မရကြပါဘူး.. စင်္ကာပူနိုင်ငံမှာ ဆိုရင် GCE(O) Level အောင်ပြီးတာနဲ့ Polytechnic ကျောင်းတွေကို တက်ကြတာများပါတယ်.. တက္ကသိုလ်ကို တက်တဲ့ ကျောင်းသားတွေ နည်းပါတယ်.. ဘာဖြစ်လို့လဲဆိုတော့ . အဲဒီ Polytechnic ကျောင်းတွေကရတဲ့ အသက်မွေးဝမ်း ကျောင်းဒီပလိုမာတွေနဲ့ အလုပ်အကိုင် ကောင်းကောင်းတွေရကြလို့ ဖြစ်ပါတယ်.. အလုပ်ရှင်တွေကလည်း လက်တွေ့ကျွမ်း ကျင်တဲ့သူတွေကို လစာကောင်းကောင်းပေးပြီး ခန့်ကြပါတယ် . . ။
ခန်းမထဲက မန္တလေးပရိသတ် လှုပ်လှုပ်ရွရွ ဖြစ်လာပါတယ်..။ ဒီနှစ် (၁၀) တန်း အောင်ထားတဲ့ ကျောင်းသူ/သားအများစုနဲ့ သူတို့ရဲ့ မိဘတွေအကြား မကြားဘူးတဲ့ စကားတွေကို ကြားရလို့ နည်းနည်းထူးဆန်း နေတယ်လို့ ထင်ပါတယ်..။
“ ကဲ... အမကြီး ဒေါ်ခင်မိုးမြင့်ရေ ပြောမပြောချင်ပါဘူး.. သားတွေသမီးတွေ ဆယ်တန်း အောင်အောင် လုပ် လိုက်ရတာလဲ.. အမော.. ငွေတွေလည်း ကုန်လိုက်တာ မပြောနဲ့ အောင်လာပြန်တော့လဲ.. ဘယ်တက္ကသိုလ် တက်ရမှန်းမသိ . .အမှတ်ကလည်း ဟိုမမှီ. . ဒီမမှီ . .”
“ မှန်တယ် . . မှန်တယ် . . မမိုးရေ . . ဒီအတိုင်းပဲ သူတို့မေးလိုက်ရင် မထုံတက်သေးနဲ့ . . ခုခေတ်ကလေးတွေ.. ကိုယ်ဘာသာကိုယ် ဘာလုပ်ရမှန်းမသိ.. ဘာရည်မှန်းချက်ရှိမှန်း မသိနဲ့ . . တော် တော်ခက်ပါတယ်..” “ အခုလည်း ကြည့်လေ.. ဟောပြောပွဲကိုလာပြီး.. ရှေ့က ဘာတွေ ပြောနေမှန်းမသိဘဲ.. သူတို့တယ်လီဖုန်းတွေကိုပဲ ပွတ်နေကြတာ.. ဘယ်အချိန်ကြည့်လိုက်… ကြည့်လိုက် အဲဒီတယ်လီဖုန်းတွေ၊ အင်တာနက်တွေနဲ့ပဲ ညားနေကြတာ…”
“ ဟဲ့ . . မော်လီ . . ပေါ်လီ အကြောင်းတွေပြောနေတာ.. နင်ဘယ်လိုထင်လဲဟင်.. ငါတော့ . . ဒီပလိုမာ ဘဲရမှာဆိုတော့ . . စိတ်မဝင်စားဘူး...”
“ မော်လီတို့ကတော့ .. ပေါ်လီမှ ပေါ်လီဖြစ်သွားပြီ . . ဘာဖြစ် လို့လဲသိ လား . . စာမေးပွဲ ဖြေစရာမလိုလို့ .. Assignment နဲ့ အတန်းတက်သွား နိုင်တယ်ဆိုတော့ . .ငါနဲ့အကိုက်ဘဲ. . ဘာဖြစ်လို့လဲသိလား . . စာမေးပွဲဆိုရင် ကြောက်လွန်းလို့ . .”
“ စာမေးပွဲဖြေဖို့မလိုဘဲ ဒီပလိုမာတွေ ရမယ်ဆိုတော့.. နင့်ဟာက ဟုတ်ရဲ့လား . ဘယ်လိုလုပ်အဆင့်ရှိမှာလဲ...”
“ ရှိသမှ . . သိပ်ရှိ . . ဒီပလိုမာက အင်္ဂလန်နိုင်ငံက ပေးတာ . . ပြီးတော့.. ဘွဲ့လိုချင်ရင် အင်္ဂလန်နိုင်ငံ တက္ကသိုလ်တွေရဲ့ နောက်ဆုံးနှစ်ကို တက်ပြီး ... ဘွဲ့လည်း ရနိုင်မယ်တဲ့ . . ဘယ်လောက်ကောင်းတဲ့ အစီအစဉ်လဲ ...”
“ ဒကာကြီး ဦးတင်ဝင်းအောင်ကို မေးချင်ပါတယ် ... ဦးဇင်းတို့လည်း စိတ်ဝင်စားလို့ လာနားထောင်တာပါ ... ဒကာကြီးပြောသွားတာ ကောင်းပါတယ် ... ဒါပေမယ့် မြန်မာပြည်မှာလည်း GTC တို့ အရင်ရှိခဲ့ဘူးတာပဲ မဟုတ်လား ... ဒကာကြီးပြောတဲ့ ပေါ်လီနဲ့ ဘာကွာလို့လဲ ...”
“ တင်ပါ့ ... သဘောကတော့ မကွာပါဘူးဘုရား .. ဒါပေမယ့် လုပ်နည်း လုပ်ဟန် ကွာသွားတာပါ ... GTC ရဲ့ ရည်ရွယ်ချက်က ကောင်းပါတယ် . . လက်တွေ့ အကောင်အထည်ဖော်တာ အားနည်း ခဲ့လို့ပါ ... အသက်မွေးဝမ်းကျောင်းပညာတွေကို လက်တွေ့ ကျွမ်းကျင် သင်ရမဲ့အစား သီအိုရီတွေကို အလွတ်ကျက်ပြီး စာမေးပွဲ အောင်အောင်သာ လုပ်ခဲ့လို့ . . မအောင်မြင်တာ ဖြစ်ပါတယ် ... အခုဖွင့်တဲ့ ပေါ်လီတွေမှာဆိုရင် . . သီအိုရီနဲ့ လက်တွေ့ပေါင်းစပ်ပြီး Assignment တွေ တကယ် လုပ်ရပါတယ် . . ကျောင်းသား/သူတွေဟာ ပထမပိုင်းမှာတော့ ခပ်အင်တင်တင်နဲ့ အထင်သေး သလိုဖြစ်လာတယ်... လုပ်ရင်း လုပ်ရင်းနဲ့ စိတ်ဝင်စားလာကြပါတယ် ... တပည့်တော်တို့ ပညာရေးစနစ်မှာ အလုပ်လုပ်လုပ် မလုပ်လုပ် စာတွေ အလွတ်ကျက်... စာသင်တာ စိတ်ဝင်စားစရာလည်း မကောင်းဘူး ... ကလေးတွေကလည်း မတတ်သာလို့သာ လုပ်နေရတာ ... စိတ်မပါဘူး … ပေါ်လီတက္ကနစ်တွေမှာတော့ ဒီလိုမဟုတ်ဘူး ... သီအိုရီထဲက အကြောင်းအရာတွေကို အပြင်မှာ လက်တွေ့လုပ်ရတော့ ... ကလေးတွေ စိတ်ဝင်စားတယ်… တစ်နည်းအားဖြင့် ကလေးတွေ စိတ်ဝင်စားမယ့် စာသင်နည်း ဖြစ်ပါတယ်... ကလေးတွေက စိတ်ဝင်စားတာတင် မကဘဲ စိတ်းကူးစိတ်သန်း ကောင်းတွေပါ တီထွင်ကြံဆ လာကြပါတယ်.. တပည့်တော်တို့ မန္တလေးပေါ်လီက ကျောင်းသား တစ်ယောက်ဆိုရင် ဒရုံး (Drone) လို့ခေါ်တဲ့ မောင်းသူမဲ့ လေယာဉ်ပျံကို Assignment လုပ်ပြီး တီထွင်နိုင်ခဲ့တာ အင်္ဂလန် နိုင်ငံကလာတဲ့ ပါမောက္ခကတောင် ချီးကျူးသွားခဲ့ပါတယ် ...”
“ ဦးဇင်းတို့လည်း လက်တွေ့လုပ်ရ တာတွေကို စိတ်ဝင်းစားပါတယ် ... ဦးဇင်းတို့ရော တက်လို့မရဘူးလား ...”
“ တင်ပါ့ ... အခုလောလော ဆယ်မှာတော့ ကလေးတွေအတွက် အချိန်ပြည့် သင်တန်းတွေ စဖွင့်ထားပါတယ် ... ဘုရား ... နောက်ပိုင်းမှာ အလုပ်တစ်ပိုင်းနဲ့ လူကြီးတွေ တက်နိုင်အောင် စနေ၊ တနင်္ဂနွေ အချိန်ပိုင်းသင်တန်းတွေ ဆက်ဖွင့် ပေးပါ့မယ် ...”
MCC Training Institute (Mandalay) ရဲ့ “Work and Learn ပညာရေး” ဟောပြောပွဲအပြီးမှာ မိဘနဲ့ ကျောင်းသူ/သားတွေ အလျှိုလျှို ပြန်ထွက် သွားကြပါပြီ ... မန္တလေးထုံးစံအတိုင်း ရာသီဥတုက ခပ်မှိုင်းမှိုင်း၊ ခန်းမအပြင်ရောက်တာနဲ့ လေပူနဲ့တွေ့လို့ ကိုကောင်းမြတ်တို့ မိသားစု ကားဆီကို ခပ်မြန်မြန်လျှောက်လိုက်ကြပါတယ် . . ။
“ ကိုမြတ်ရေ ကလေးတွေအတွက် ပြန်စဉ်းစားကြရမယ်ထင်တယ် ...”
“ အဝင်းရယ် ... အရင်းမရှိ အဖျားမရှိနဲ့ ... ဘာကိုဆိုလိုတာလဲ ...”
“ ရှင်ကလည်း ... နားဝေးလိုက်တာ ... ကလေးတွေက အမှတ်သိပ်မကောင်းတော့ အဝေးသင် ယူခိုင်းရမလို ဖြစ်နေတာ ... ။ ပေါ်လီတက္ကနစ်ကို တက်ခိုင်းရင် ကောင်းမလားလို့ ... ဘာဖြစ်ဖြစ် ... ဒီမိန်းမကပဲ စဉ်းစားရတယ်... ယောကျ်ားလုပ်တဲ့လူက… ဘာမှ အားမကိုးရဘူး ...”
“ မဟုတ်ပါဘူး ... အဝင်းရယ် … ကိုမြတ်လည်း အဲဒီလိုပဲ စဉ်းစားနေတာပါ… ညည်းက အရင်ပြောလိုက်တော့ ... ကိုမြတ်နောက်ကျသွားတာပေါ့ ... ဟဲ ... ဟဲ ကိုယ့်မိန်းမက ပိုတော်ပါတယ် ...”
“ ရှင် ... စကားကို ကောင်းကောင်းပြော ... ဒီလိုဆိုရင် ... တစ်ခါတည်း ပေါ်လီကို သွားအပ်မယ်… သားလေးရော သဘောကျလားဟင်…”
“ သားက တီထွင်ရတာတွေ ၀ါသနာပါတယ်… အဲဒီလိုလုပ်ရမယ်ဆိုရင် သားကြိုးစားပါ့မယ်…”
“ သမီး ... အင်ကြင်းကတော့ ဒီနှစ် စာမေးပွဲအောင်အောင် အရင်ကြိုးစား လိုက်အုံးပေါ့...”
“ သမီးလည်း ကြိုးစားတာပဲ မာမီရယ် ... ဒါပေမယ့် မအောင်တော့ ... စိတ်ဆင်းရဲတယ် ... ဒီဆယ်တန်းစာမေးပွဲကို ဆက်မဖြေချင်တော့ဘူး...”
ကိုကောင်းမြတ်တို့ မောင်းလာတဲ့ ကားကလေးဟာ (၃၅) လမ်းပေါ်က ၀ါခင်း ကုန်းဘုရားရှိတဲ့ လမ်းသွယ်လေးထဲ ၀င်လာ လိုက်ပြီး MCC Training Institute (Mandalay) ဆိုတဲ့ ဆိုင်းဘုတ် တွေ့တာနဲ့ ခြံထဲကို ၀င်လာလိုက်ပါတယ်… MCC Polytechnic ဆိုလို့ အဆောက်အအုံ ကြီးကြီးမားမားတွေ တွေ့ရမယ်ထင်တာ… တစ်ထပ်အဆောက်အအုံ ခပ်ပြန့်ပြန့် ကလေးတွေရှိတဲ့ ခြံကျယ်ကြီးဖြစ်ပါတယ်… ၀င်လိုက်တာနဲ့ လမ်းရဲ့ ညာဘက်မှာ ရေကန်တွေ့ရလို့ သစ်ပင်ရိပ်နဲ့ ရေကန်ရဲ့ အငွေ့အသက်နဲ့မို့ ကားထဲက ဆင်းလိုက်တာနဲ့ မြို့ထဲနဲ့ မတူတဲ့ အရသာကို ခံစားလိုက်ရပါတယ်… ခြံဝင်းတစ်ခုလုံး သစ်ပင်တွေနဲ့မို့ မန္တလေးမြို့ရဲ့ အိုအေစစ်လေး တစ်ခုလို ဖြစ်နေပါတယ်... (၇) ဧကလောက် ကျယ်တဲ့ နေရာဖြစ်လို့ Campus ထဲမှာ ကျောင်းသား/သူတွေ လွတ်လွတ်လပ်လပ် ကျယ်ကျယ်ပြန့်ပြန့် ရှိလှပါတယ်… စာသင်ဆောင်တွေ၊ လက်တွေ့ခန်းတွေ၊ ရုံးခန်းတွေကိုတော့ သူ့နေရာနဲ့သူ အကွက်ကျကျ တည်ဆောက်ထားတာကို တွေ့ရပါတယ်… ဒါနဲ့ဘဲ Reception ထဲကို ၀င်လိုက်ပြီး နေရာယူလိုက်ကြပါ တယ် ... ။
“ သမီးတို့ရေ ... ဟောဒီသားကို BTEC သင်တန်း အပ်ချင်လို့ပါ…”
“ ဟုတ်ကဲ့ပါအန်တီ ... ဒီဟာက BTEC သင်တန်းနဲ့ ပတ်သက်တဲ့ Brochure တွေ ဖြစ်ပါတယ်… (၁၀) တန်း အောင်ထားတဲ့ ကလေးတွေဟာ BTEC Level (4) နဲ့ Level (5) ကို နှစ်နှစ် တက်ရပါမယ်… ပြီးရင် HND လို့ခေါ် တဲ့ အင်္ဂလန်နိုင်ငံက Higher National Diploma ကို ရမှာ ဖြစ်ပါတယ်… MCC Polytechnic မှာ ဒီပလိုမာအမျိုးအစား (၃) ခုရနိုင်ပါတယ်... အင်ဂျင်နီယာ ဒီပလိုမာ၊ ကွန်ပျူတာ ဒီပလိုမာနဲ့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း ဒီပလိုမာတွေ ဖြစ်ပါတယ် အင်ဂျင်နီယာမှာ Civil, Mechanical နဲ့ Electricl and Electronic ဆို ပြီး ပြန်ခွဲထားပါတယ်…”
“ သားငယ် မောင်ပြည့် ... မင်းဘာကို စိတ်ဝင်စားသလဲ …”
“ သားက အင်ဂျင်နီယာကို ယူမယ် ပုံဆွဲတာတွေက ပညာပါတော့ Civil ယူရင် ကောင်းမယ်ထင်တယ် …”
“BTEC Level (4) နဲ့ Level (5) ကို (၁၀) တန်းအောင်တဲ့သူတွေ တက်နိုင်သလို (၁၀) တန်းမအောင်တဲ့သူတွေ အနေနဲ့လည်း BTEC Level (3) ကို တက်ပြီး BTEC Level (4) နဲ့ Level (5) ကို ဆက်တက်သွားနိုင်ပါတယ်…”
“ ဟောတော့ ... ကိုမြတ်ရေ ... အဲ့ဒါမသိပါလား ... သမီးအင်ကြင်း အတွက် အတော်ပဲပေါ့ … ပြန်ရှင်းပြပါအုံး … (၁၀)တန်းမအောင်ဘဲ တက်လို့ရတယ် ဆိုတာ ...”
“ ဟုတ်ပါတယ် ... အန်တီ Polytechnic ဆိုတာ အသက်မွေးဝမ်း ကျောင်းပညာတွေကို လက်တွေ့ ဦးစားပေးသင်တဲ့ ကျောင်းဖြစ်ပါတယ် ... ဒါ့ကြောင့် (၁၀)တန်း စာမေးပွဲ အောင်သည်ဖြစ်စေ၊ ကျသည်ဖြစ်စေ အသက်မွေးဝမ်းကျောင်းပညာကို တစ်ဆင့်ပြီး တစ်ဆင့် ဆက်ယူသွားနိုင်ပါတယ် ... ပြီးတော့ ဘွဲ့ရသည်အထိ ဆက်တက်သွားနိုင်ပါတယ်ရှင့် ...”
“ ဘယ်ကဘွဲ့ရမှာလဲ ... သမီး” “ သမီးတို့ကျောင်းက အင်္ဂလန်နိုင်ငံက တက္ကသိုလ်ကြီး နှစ်ခုနဲ့ ချိတ်ဆက်ထားပါတယ် ... Middlesex University ရယ် Birmingham City University တို့ ဖြစ်ပါတယ် ... ကလေးတွေ HND Level (5) ပြီးရင် အဲဒီတက္ကသိုလ်ဘွဲ့သင်တန်းရဲ့ နောက်ဆုံးနှစ်ကို တက်လို့ရပါတယ် ... အင်္ဂလန်နိုင်ငံကို သွားပြီး တက်လို့ရသလို MCC Institute တွေမှာလည်း တက်လို့ရပါတယ် ...”
“ ကိုမြတ်ရယ် ... ဒီနေ့ဟောပြော ပွဲတက်လိုက်ရတဲ့ အကျိုးကျေးဇူးပဲ ... အခုတော့ သားရော သမီးအတွက်ပါ စိတ်အေး ရပြီ …”
ကိုကောင်းမြတ်တို့ မိသားစု ကားကလေး MCC Polytechnic (Mandalay) ခြံဝန်းထဲက ပြန်အထွက်မှာ အလာ တုန်းကထက် ပိုသွက်နေပါတော့တယ် . . မိသားစုတစ်ခုလုံး စိတ်လက် ပေါ့ပါးသလို ကားကလေးကလည်း ပေါ့ပါးနေပါတယ် .. အိုအေစစ်ထဲက ထွက်လိုက်လို့ အပြင်ရောက်တာနဲ့ ပူပြင်းခြောက်သွေ့တဲ့ ပတ်ဝန်းကျင် ရောက်လာပေမယ့် ကလေးတွေ ဒီအိုအေစစ်ထဲကို မကြာခင်ပြန်သွားရမယ်ဆိုတဲ့ အသိနဲ့ မပူကြတော့ပါဘူး ... ရာသီဥတု အပူကို လျော့ပါးစေရုံတင်မက ကလေးတွေရဲ့ ဘဝနောင်ရေးအတွက် ရင်ထဲက အပူကိုလည်း သက်သာသွားစေပါတော့တယ် . .. . . . ။