Monday, September 21, 2015

တီထြင္ႀကံဆ BTEC ေက်ာင္းသားဘ၀

တီထြင္ႀကံဆ BTEC ေက်ာင္းသားဘ၀
MCC Group အေနျဖင့္ ျမန္မာႏုိင္ငံတစ္၀ွမ္းတြင္ရွိေသာ ေက်ာင္းသားလူငယ္မ်ား ႏုိင္ငံတကာအဆင့္ IT ၊ စီးပြားေရး၊ အင္ဂ်င္နီယာ ဘြဲ႕သင္တန္းမ်ား တက္ေရာက္ႏုိင္ရန္ MCC Institute မ်ား တည္ေထာင္ထားေပးသကဲ့သုိ႔ လက္ေတြ႕ လုပ္ငန္းနယ္ပယ္အသီးသီးတြင္ အသက္ေမြး၀မ္းေက်ာင္းပညာမ်ားအား ကြၽမ္းက်င္တတ္ေျမာက္ၿပီး အလုပ္အကုိင္အခြင့္အလမ္းေကာင္းမ်ား ရရွိေစရန္ ရည္ရြယ္၍ အသက္ေမြး၀မ္းေက်ာင္းပညာသင္တန္းမ်ား MCC Polytechnic မ်ားအား အစီအစဥ္တက် ဖြင့္လွစ္ေပးလ်က္ရွိရာ ယခုအခါ ရန္ကုန္၊ ေနျပည္ေတာ္၊ မႏၱေလး ၿမိဳ႕ႀကီးမ်ား တြင္သာမက မၾကာမီကာလအတြင္း စစ္ကုိင္းတုိင္းေဒသႀကီး၊ မံုရြာၿမိဳ႕တြင္လည္းေကာင္း MCC Polytechnic (Monywa) အား ဖြင့္လွစ္ေပးသြားေတာ့မည္ ျဖစ္ပါသည္။ အဆုိပါ MCC Polytechnic မ်ားတြင္ Civil Engineering သင္တန္းမ်ား၊ Mechanical Engineering, Electrical and Electronic Engineering သင္တန္းမ်ား၊ IT Engineering သင္တန္းမ်ားအား အဂၤလန္ႏုိင္ငံမွ ပညာေရးအဖြဲ႕အစည္းမ်ား ျဖစ္ေသာ edexcel
ႏွင့္ BTEC တုိ႔ ပူးေပါင္းကာ ႏုိင္ငံတကာ အသိအမွတ္ျပဳ HND (Higher National Diploma) အဆင့္သင္တန္းမ်ားအား ျပည္တြင္း ျပည္ပ သင္ၾကားမႈႏွင့္ အေတြ႕အႀကံဳမ်ားစြာရွိသည့္ ဆရာႀကီး/ဆရာမႀကီးမ်ားမွ အနီးကပ္ ႀကီးၾကပ္သင္ၾကား ပုိ႔ခ်ေပးလ်က္ရွိပါသည္။
MCC Polytechnic မ်ားတြင္ တက္ေရာက္ေနေသာ HND Diploma ေက်ာင္းသား/သူမ်ားသည္ စာေတြ႕လက္ေတြ႕ သင္ၾကားမႈမ်ားအျပင္ သတ္မွတ္ထားေသာ ဘာသာရပ္အလိုက္ သင္႐ိုးလုိအပ္ခ်က္အတုိင္း Assignment မ်ား၊ Project မ်ား တီထြင္ဖန္တီးမႈမ်ားကုိ ေဆာင္ရြက္ၾကရပါသည္။
၎င္းတုိ႔အနက္မွ MCC Polytechnic (Mandalay) တြင္ Electrical and Electronic Engineering အထူးျပဳဘာသာရပ္ တက္ေရာက္ေနေသာ ေက်ာင္းသားေလး ေမာင္လိႈင္မင္းၿဖိဳး တီထြင္ႀကံဆ ခဲ့ေသာ ေမာင္းသူမဲ့ယာဥ္ (Drone) ဖန္တီးမႈ Project သည္ ဘာသာရပ္လုိအပ္ခ်က္ ျပည့္မွီ႐ံုတင္မက အဂၤလန္ႏုိင္ငံမွ လာေရာက္ႀကီးၾကပ္စစ္ေဆးေသာ External Verifier and Accessor မ်ားမွပင္ အထူးဂုဏ္ျပဳ အားေပးခ်ီးျမႇင့္ခဲ့သျဖင့္ ေမာင္လိႈင္မင္းၿဖိဳး၏ HND ေက်ာင္းသား ဘ၀ ရည္မွန္းခ်က္မ်ားႏွင့္ အနာဂတ္ ေမွ်ာ္မွန္းခ်က္မ်ားအား စုစည္းေမးျမန္း တင္ျပလိုက္ရပါသည္။
Electronic Device ဆိုတာ လူေတြနဲ႕ ဘယ္ေတာ့မွ ေ၀းကြာလုိ႔မရတဲ့ ပစၥည္းေတြပါ။ ဒါေပမယ့္ ကြ်န္ေတာ့္ ဘ၀အတြက္ေတာ့ Electronic Device ဆိုတာ ကြ်န္ေတာ္နဲ႕ အရင္းႏွီးဆံုး ကြ်န္ေတာ္ အခင္တြယ္ရဆံုး ပစၥည္းေတြ ဆိုလည္း မမွားပါဘူး။ ဒီ Capacitor, Cesistor နဲ. Ciode ေတြကို ၾကည့္ေနရတာ Circuit ေတြ တပ္ဆင္ေနရတာကိုက ကြ်န္ေတာ့္အတြက္ ဘာ game မွ မလိုေတာ့ပဲ ၿပီးျပည့္စံုေနသလို ေလာကႀကီးကို ေမ့ေမ့ေနတတ္ပါတယ္။ ဒီလိုနဲ႕ တေန႔ေတာ့ ကြ်န္ေတာ့္အိပ္မက္ေတြ လက္ေတြ႕ အေကာင္အထည္ေဖာ္ဖို႕ အခြင့္အေရး တစ္ရပ္ ရခဲ့ပါတယ္။ အဲ့ဒါကေတာ့ သတင္းစာေၾကာ္ျငာေတြထဲက MCC ကေန အသစ္ဖြင့္မယ့္ Mandalay Polytechnic အေၾကာင္းကို ကြ်န္ေတာ္ ဖတ္ခဲ့ရတယ္။ Mandalay Polytechnic မွာ Engineering, Computing နဲ႔ Hospitality Management ေတြ သင္တဲ့အျပင္ စာေတြ႕ပါ မဟုတ္ပဲ Vocational က်က် လက္ေတြ႕ပါ တြဲသင္မယ္ဆိုတာ သိလိုက္ရေတာ့ ကြ်န္ေတာ့အိပ္မက္ တကယ္ ျဖစ္လာေတာ့မွာ ေတြးၿပီး ခ်က္ျခင္း phone ဆက္ၿပီး MCC ကေန ဖြင့္မဲ့ MCC Polytechnic မွာ Diplomain Electrical and Electronic Engineering ဘာသသာနဲ. ေက်ာင္းတက္ဖုိ႔ ဆံုးျဖတ္ခဲ့ပါတယ္။ ေက်ာင္းတက္ခဲ့တဲ့တေလ်ာက္ Assignment ေတြကို လက္ေတြ႕ လုပ္ရင္းနဲ႔ ေက်ာင္းခ်ိန္ျပင္ပမွာလည္း ကြ်န္ေတာ္ စိတ္၀င္စားတဲ့ Electrical နဲ႔ ပစၥည္းေတြကို စမ္းသပ္တီထြင္ ေနခဲ့ပါတယ္။ ကြ်န္ေတာ္ နားမလည္တာေတြ Error တက္ေနတာေတြကိုလည္း ေက်ာင္းက Assessor ေတြနဲ႕ ေမးၿပီး တုိင္ပင္ၿပီး လုပ္ခဲ့ပါတယ္။ အဲ့ဒီ တီထြင္မႈေတြထဲကမွ ကြ်န္ေတာ္ ေနာက္ထပ္စိတ္၀င္စားတာက Drone ပါ။ ထပ္တီထြင္ခ်င္စိတ္ေတြ ၿဖစ္္ေပၚလာခဲ့လို႔ ေက်ာင္းခ်ိန္ျပင္ပ အားတဲ့အခ်ိန္ေတြမွာ ဒီ Drone ေလးကို စၿပီး တီထြင္ခဲ့ပါေတာ့တယ္။
Electronic နည္းပညာ ဖြံ.ၿဖိဳးလာေသာ ယေန႔ေခတ္တြင္ ေမာင္းသူမဲ့ယာဥ္မ်ား (unmanned vehicles) အထူးပင္ တြင္က်ယ္လာသည္ကို ေတြ႕ရမွာျဖစ္တယ္။ လူလိုက္ပါရန္ ခက္ခဲေသာ ေနရာမ်ား၊ လူသားမ်ားအတြက္ အႏၱရာယ္ ရွိေသာ ေနရာမ်ားတြင္လည္းေကာင္း၊ Unmanned Vehicles မ်ားကို အရပ္ဖက္တြင္ သာမက စစ္ဖက္တြင္လည္း အသံုးျပဳလ်က္ရွိပါသည္။ အရပ္ဖက္တြင္ အသံုးမ်ားသည့္ Unmanned Vehicles မွာ Unmanned Aerial Vehicles အုပ္စု၀င္ Drone ၿဖစ္ပါသည္။ အမွန္စင္စစ္ Drone ဆိုသည္မွာ Flying Robot ျဖစ္ပါသည္။ ထုိ Flying Robot ဟာ လူအားျဖင့္ အေ၀းထိန္းခ်ဳပ္၍ ေသာ္လည္းေကာင္း၊ Software အားျဖင့္ အလိုအေလ်ာက္ ထိန္းခ်ဳပ္ႏိုင္သည္။ Drone တြင္ Aircraft ႏွင့္ Multicopter ဟူၿပီး ႏွစ္မ်ိဳး သတ္မွတ္ထားပါသည္။ Aircraft သည္ စစ္ဖက္တြင္ အသံုးမ်ား၍ Multicopter Drone မ်ားသည္ Aerial photo ရိုက္ယူျခင္း၊ ကင္းေထာက္ျခင္း၊ ပစၥည္းသယ္ယူပို႔ေဆာင္ၿခင္းႏွင့္ ကယ္ဆယ္ေရးလုပ္ငန္း လုပ္ေဆာင္ရန္ စသည့္ တာ၀န္မ်ား ထမ္းေဆာင္ႏိုင္ပါသည္။
ကြ်န္ေတာ္ ၿပဳလုပ္ထားေသာ Drone အမ်ိဳးအစားမွာ Multicopter အုပ္စု၀င္ Quad Copter
ၿဖစ္ပါသည္။ ၄င္း Quad Copter ကို dji ၏ ထုတ္ကုန္မ်ားကို အေျခခံယူ တည္ေဆာက္ထားျခင္း ၿဖစ္ပါသည္။ Quad Copter ဆိုသည္မွာ ၀င္ရိုးေလးခု၊ Propeller Driver ေလးခုပါရွိေသာ Drone ကို ဆိုလုိျခင္းၿဖစ္ပါသည္။ ၀င္ရိုးတစ္ခုတည္းတြင္ ရွိေသာ Propeller Driver မ်ားသည္ လားရာတူညီ၍ က်န္၀င္ရိုးရွိ Propeller Driver မ်ားႏွင့္ လားရာဆန္႔က်င္ပါသည္။ ၿဂိဳဟ္တု GPS အကူအညီျဖင့္ ျပင္ပ အေႏွာင့္အယွက္မ်ား (ဥပမာ-ေလတိုက္ႏွဳန္း) ကို မသက္ေရာက္ေစပဲ Control Part Mommand ကုိသာ လက္ခံရယူေစၿခင္း ၿဖစ္ပါသည္။ Return Home System ထည့္သြင္းေပးထားေသာေႀကာင့္ Control System ႏွင့္ ေႀကာင္းတစ္စံုတစ္ရာေႀကာင့္ ျပတ္္ေတာက္သြားပါက မူလေစလြွတ္ခဲ့သည့္ ေနရာကိုၿပန္္လာႏိုင္ပါသည္။ ထို Quad
Copter ကို တည္ေဆာက္ရၿခင္း၏ ရည္ရြယ္ခ်က္မွာ Aerial photo ရိုက္ယူရန္၊ Survey
တိုင္းတာရန္ တို႕အတြက္ ျဖစ္ပါသည္။
Hlaing Min Phyo
EEE Sec-1
တီထွင်ကြံဆ BTEC ကျောင်းသားဘဝ
MCC Group အနေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းတွင်ရှိသော ကျောင်းသားလူငယ်များ နိုင်ငံတကာအဆင့် IT ၊ စီးပွားရေး၊ အင်ဂျင်နီယာ ဘွဲ့သင်တန်းများ တက်ရောက်နိုင်ရန်
MCC Institute များ တည်ထောင်ထားပေးသကဲ့သို့ လက်တွေ့ လုပ်ငန်းနယ်ပယ်အသီးသီးတွင် အသက်မွေးဝမ်းကျောင်းပညာများအား ကျွမ်းကျင်တတ်မြောက်ပြီး အလုပ်အကိုင်အခွင့်
အလမ်းကောင်းများ ရရှိစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းပညာသင်တန်းများ MCC Polytechnic များအား အစီအစဉ်တကျ ဖွင့်လှစ်ပေးလျက်ရှိရာ ယခုအခါ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး မြို့ကြီးများ တွင်သာမက မကြာမီကာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင်လည်းကောင်း MCC Polytechnic (Monywa) အား ဖွင့်လှစ်ပေးသွားတော့မည် ဖြစ်ပါသည်။ အဆိုပါ MCC Polytechnic များတွင် Civil Engineering
သင်တန်းများ၊ Mechanical Engineering, Electrical and Electronic Engineering သင်တန်းများ၊ IT Engineering သင်တန်းများအား အင်္ဂလန်နိုင်ငံမှ ပညာရေးအဖွဲ့အစည်းများ ဖြစ်သော edexcel
နှင့် BTEC တို့ ပူးပေါင်းကာ နိုင်ငံတကာ အသိအမှတ်ပြု HND (Higher National Diploma)
အဆင့်သင်တန်းများအား ပြည်တွင်း ပြည်ပ သင်ကြားမှုနှင့် အတွေ့အကြုံများစွာရှိသည့် ဆရာကြီး/ဆရာမကြီးများမှ အနီးကပ် ကြီးကြပ်သင်ကြား ပို့ချပေးလျက်ရှိပါသည်။
MCC Polytechnic များတွင် တက်ရောက်နေသော HND Diploma ကျောင်းသား/သူများသည် စာတွေ့လက်တွေ့ သင်ကြားမှုများအပြင် သတ်မှတ်ထားသော ဘာသာရပ်အလိုက် သင်ရိုးလိုအပ်ချက်အတိုင်း Assignment များ၊ Project များ တီထွင်ဖန်တီးမှုများကို ဆောင်ရွက်ကြရပါသည်။
၎င်းင်းတို့အနက်မှ MCC Polytechnic (Mandalay) တွင် Electrical and Electronic Engineering အထူးပြုဘာသာရပ် တက်ရောက်နေသော ကျောင်းသားလေး မောင်လှိုင်မင်းဖြိုး တီထွင်ကြံဆ ခဲ့သော မောင်းသူမဲ့ယာဉ် (Drone) ဖန်တီးမှု Project သည် ဘာသာရပ်လိုအပ်ချက် ပြည့်မှီရုံတင်မက အင်္ဂလန်နိုင်ငံမှ လာရောက်ကြီးကြပ်စစ်ဆေးသော External Verifier and Accessor များမှပင် အထူးဂုဏ်ပြု အားပေးချီးမြှင့်ခဲ့သဖြင့် မောင်လှိုင်မင်းဖြိုး၏ HND ကျောင်းသား ဘဝ ရည်မှန်းချက်များနှင့် အနာဂတ် မျှော်မှန်းချက်များအား စုစည်းမေးမြန်း တင်ပြလိုက်ရပါသည်။
Electronic Device ဆိုတာ လူတွေနဲ့ ဘယ်တော့မှ ဝေးကွာလို့မရတဲ့ ပစ္စည်းတွေပါ။ ဒါပေမယ့် ကျွန်တော့် ဘဝအတွက်တော့ Electronic Device ဆိုတာ ကျွန်တော်နဲ့ အရင်းနှီးဆုံး ကျွန်တော် အခင်တွယ်ရဆုံး ပစ္စည်းတွေ ဆိုလည်း မမှားပါဘူး။ ဒီ Capacitor, Cesistor နဲ. Ciode တွေကို ကြည့်နေရတာ Circuit တွေ တပ်ဆင်နေရတာကိုက ကျွန်တော့်အတွက် ဘာ game မှ မလိုတော့ပဲ ပြီးပြည့်စုံနေသလို လောကကြီးကို မေ့မေ့နေတတ်ပါတယ်။ ဒီလိုနဲ့ တနေ့တော့ ကျွန်တော့်အိပ်မက်တွေ လက်တွေ့ အကောင်အထည်ဖော်ဖို့ အခွင့်အရေး တစ်ရပ် ရခဲ့ပါတယ်။ အဲ့ဒါကတော့ သတင်းစာကြော်ငြာတွေထဲက MCC ကနေ အသစ်ဖွင့်မယ့် Mandalay Polytechnic အကြောင်းကို ကျွန်တော် ဖတ်ခဲ့ရတယ်။ Mandalay Polytechnic မှာ Engineering, Computing နဲ့ Hospitality Management တွေ သင်တဲ့အပြင် စာတွေ့ပါ မဟုတ်ပဲ Vocational ကျကျ လက်တွေ့ပါ တွဲသင်မယ်ဆိုတာ သိလိုက်ရတော့ ကျွန်တော့အိပ်မက် တကယ် ဖြစ်လာတော့မှာ တွေးပြီး ချက်ခြင်း phone ဆက်ပြီး MCC ကနေ ဖွင့်မဲ့ MCC Polytechnic မှာ Diplomain Electrical and Electronic Engineering ဘာသသာနဲ. ကျောင်းတက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျောင်းတက်ခဲ့တဲ့တလျောက် Assignment တွေကို လက်တွေ့ လုပ်ရင်းနဲ့ ကျောင်းချိန်ပြင်ပမှာလည်း ကျွန်တော် စိတ်ဝင်စားတဲ့ Electrical နဲ့ ပစ္စည်းတွေကို စမ်းသပ်တီထွင် နေခဲ့ပါတယ်။ ကျွန်တော် နားမလည်တာတွေ Error တက်နေတာတွေကိုလည်း ကျောင်းက Assessor တွေနဲ့ မေးပြီး တိုင်ပင်ပြီး လုပ်ခဲ့ပါတယ်။ အဲ့ဒီ တီထွင်မှုတွေထဲကမှ ကျွန်တော် နောက်ထပ်စိတ်ဝင်စားတာက Drone ပါ။ ထပ်တီထွင်ချင်စိတ်တွေ ဖြစ််ပေါ်လာခဲ့လို့ ကျောင်းချိန်ပြင်ပ အားတဲ့အချိန်တွေမှာ ဒီ Drone လေးကို စပြီး တီထွင်ခဲ့ပါတော့တယ်။
Electronic နည်းပညာ ဖွံ.ဖြိုးလာသော ယနေ့ခေတ်တွင် မောင်းသူမဲ့ယာဉ်များ (unmanned vehicles) အထူးပင် တွင်ကျယ်လာသည်ကို တွေ့ရမှာဖြစ်တယ်။ လူလိုက်ပါရန် ခက်ခဲသော နေရာများ၊ လူသားများအတွက် အန္တရာယ် ရှိသော နေရာများတွင်လည်းကောင်း၊ Unmanned Vehicles များကို အရပ်ဖက်တွင် သာမက စစ်ဖက်တွင်လည်း အသုံးပြုလျက်ရှိပါသည်။ အရပ်ဖက်တွင် အသုံးများသည့် Unmanned Vehicles မှာ Unmanned Aerial Vehicles အုပ်စုဝင် Drone ဖြစ်ပါသည်။ အမှန်စင်စစ် Drone ဆိုသည်မှာ Flying Robot ဖြစ်ပါသည်။ ထို Flying Robot ဟာ လူအားဖြင့် အဝေးထိန်းချုပ်၍ သော်လည်းကောင်း၊ Software အားဖြင့် အလိုအလျောက် ထိန်းချုပ်နိုင်သည်။ Drone တွင် Aircraft နှင့် Multicopter ဟူပြီး နှစ်မျိုး သတ်မှတ်ထားပါသည်။ Aircraft သည် စစ်ဖက်တွင် အသုံးများ၍ Multicopter Drone များသည် Aerial photo ရိုက်ယူခြင်း၊ ကင်းထောက်ခြင်း၊ ပစ္စည်းသယ်ယူပို့ဆောင်ခြင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်ရန် စသည့် တာဝန်များ ထမ်းဆောင်နိုင်ပါသည်။
ကျွန်တော် ပြုလုပ်ထားသော Drone အမျိုးအစားမှာ Multicopter အုပ်စုဝင် Quad Copter
ဖြစ်ပါသည်။ ၄င်း Quad Copter ကို dji ၏ ထုတ်ကုန်များကို အခြေခံယူ တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ Quad Copter ဆိုသည်မှာ ၀င်ရိုးလေးခု၊ Propeller Driver လေးခုပါရှိသော Drone ကို ဆိုလိုခြင်းဖြစ်ပါသည်။ ၀င်ရိုးတစ်ခုတည်းတွင် ရှိသော Propeller Driver များသည် လားရာတူညီ၍ ကျန်ဝင်ရိုးရှိ Propeller Driver များနှင့် လားရာဆန့်ကျင်ပါသည်။ ဂြိုဟ်တု GPS အကူအညီဖြင့် ပြင်ပ အနှောင့်အယှက်များ (ဥပမာ-လေတိုက်နှုန်း) ကို မသက်ရောက်စေပဲ Control Part Mommand ကိုသာ လက်ခံရယူစေခြင်း ဖြစ်ပါသည်။ Return Home System ထည့်သွင်းပေးထားသောကြောင့် Control System နှင့် ကြောင်းတစ်စုံတစ်ရာကြောင့် ပြတ််တောက်သွားပါက မူလစေလွှတ်ခဲ့သည့် နေရာကိုပြန််လာနိုင်ပါသည်။ ထို Quad
Copter ကို တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်မှာ Aerial photo ရိုက်ယူရန်၊ Survey
တိုင်းတာရန် တို့အတွက် ဖြစ်ပါသည်။
Hlaing Min Phyo
EEE Sec-1