Wednesday, October 14, 2015

အသိအမွတ္ျပဳ လက္မွတ္ဆိုသည္မွာ


ယေန႔ မိမိတို႔ေနထိုင္ရာ ကမၻာေပၚမွာ တိုးတက္ေျပာင္းလဲမႈေတြဟာ အခ်ိန္ႏွင့္အမွ် ေတြ႔ႀကံဳေနရပါတယ္။ ဒီလိုတိုးတက္ ေျပာင္းလဲေနေသာေခတ္ၾကီးမွာ မိမိတို႕ တစ္ဦးခ်င္းအတြက္ ဘ၀အာမခံခ်က္ရွိဖို႔ လြန္စြာမွ အေရးၾကီးလွပါတယ္။ မိမိတို႔ျဖတ္သန္းေနရေသာ ေခတ္တြင္ မိမိတို႕ ပိုင္ဆိုင္ေသာ တန္ဖိုးရွိလွတဲ့အခ်ိန္မ်ားကို အက်ိဳးရိွစြာ အသံုးခ်ဖို႔ လိုအပ္ပါတယ္။ မိမိတို႔တစ္ဦးခ်င္း တတ္ႏိုင္သေလာက္ ႐ုန္းကန္ႀကိဳးစားေနေသာ္လည္း ဒီလိုၾကိဳးစားေနမႈကို အသိအမွတ္ျပဳမႈ လူသားတိုင္း ခံစားခ်င္ၾကပါတယ္။
အသိအမွတ္ျပဳတယ္ဆိုတာ ကိုယ္တတ္ေၾကာင္း၊ ကိုယ္ေတာ္ေၾကာင္းကို ကိုယ္ကိုယ္တိုင္ေျပာပါက အမ်ားလက္ခံႏိုင္မည္ မဟုတ္ပါ။ ဒီေနရာမွာ မိမိေတာ္ေၾကာင္း မိမိၾကိဳးစားထားေၾကာင္းကို မိမိကိုေထာက္ခံ ေျပာေပးမည့္ တစ္ျခားသူ၊ တစ္ျခားအဖြဲ႕အစည္း လိုအပ္ပါတယ္။ ကြန္ပ်ဴတာအေခၚ (Third Party) ေပါ့။ Windows တင္ျပီး တစ္နည္း Operating System တင္ျပီးတာနဲ႔ တစ္ခါတည္းပါလာတာမဟုတ္ပဲ ေနာက္တစ္ဆင့္ ထပ္တင္ရတဲ့ Software ေတြကို Third Party Organization လို႔ေခၚၾကပါတယ္။ အခုဟာက Third Party Organization ပါ။ မိမိေတာ္ေၾကာင္းကို အေထာက္အပံ့ေပးမည့္ မိမိမဟုတ္ေသာ အဖြဲ႕အစညး္ ပါ။ ထိုအဖြဲ႕အစည္း ေတြရဲ႕ ေထာက္ခံမႈရဖို႔ဆိုတာ သူတို႔သတ္မွတ္ထားတဲ့ စံခ်ိန္စံညႊန္းေတြကို မိမိဘက္မွ အျပည့္အ၀ လိုက္နာရဖို႔ လိုပါတယ္။ သို႔မွသာ သူတို႔ အဖြဲ႔အစည္းေတြရဲ့ ေထာက္ခံမႈကို မိမိတို႔ရရွိ ခံစားႏိုင္မည္ ျဖစ္ပါတယ္။ အဖြဲ႔အစည္းတစ္ခုအေနျဖင့္ မိမိတို႔၏ လုပ္ေဆာင္ခ်က္မ်ားသည္ ႏိုင္ငံတကာ အဖြဲ႔အစည္းမ်ား၏ ယံုၾကည္မႈရယူရန္ လြန္စြာမွ အေရးၾကီးလွပါတယ္။ ဒီလို ယံုၾကည္မႈရယူရန္ သတ္မွတ္စံခ်ိန္စံညႊန္းေတြအတိုင္း လုပ္ေဆာင္ေနပါတယ္ဆိုတာကို အစစ္အေဆး ခံယူရပါတယ္။ သို႔မွသာ (ISO) (International Organization for Standardization) အဖြဲ႔အစည္းမ်ားမွ မိမိတို႔အဖြဲ႔အစည္းကို အသိအမွတ္ျပဳပါတယ္ဆိုတဲ့ Certified လက္မွတ္ခ်ီးျမႇင့္ျခင္း ခံရပါတယ္။ ဒီလို Certified အဖြဲ႔အစည္းျဖစ္မွသာ လုပ္ငန္းလုပ္ေဆာင္ရာတြင္ လူအမ်ားရဲ႕ ယံုၾကည္မႈ Trust ကိုရရွိႏိုင္မွာ ျဖစ္ပါတယ္။
ထုိနည္းတူစြာ လူတစ္ဦးခ်င္းစီအတြက္ မိမိတိုကို လူအမ်ားယံုၾကည္မႈ ရေအာင္၊ အဖြဲ႔အစည္းမ်ားရဲ့ ယံုၾကည္မႈ ရေအာင္၊ မိမိဘက္မွ လုပ္ငန္းမ၀င္ခင္ ၾကိဳတင္ ျပင္ဆင္မႈေတြ ျပဳလုပ္ထားဖို႔ လိုပါတယ္။ ယေန႔ေခတ္သည္ ပညာေခတ္ျဖစ္ပါတယ္။ ႏိုင္ငံတကာမွ လက္ခံထားေသာ ေထာင္စုႏွစ္ရည္မွန္းခ်က္ျဖစ္သည့္ Education for All လူတိုင္းအတြက္ ပညာေရးဆိုတဲ့ လူသားတိုင္းအတြက္ မျဖစ္မေနတတ္ရမည့္ ပညာေရးကို အမွီလိုက္ေနရေသာေခတ္တြင္ ဘယ္အဖြဲ႔အစည္းမွ အသိအမွတ္ျပဳထားပါတယ္ဆိုတာ အေရးၾကီးလွပါတယ္။ ဒီလို Certified အသိအမွတ္ျပဳလက္မွတ္ေတြရဲ့ တန္ဖိုးက မိမိတို႔ Life Carrier မွာ ထမင္းစား လက္မွတ္ တစ္ခုအေနနဲ႔ ရွိေနပါတယ္။ ဘယ္လုပ္ငန္းပဲ လုပ္လုပ္ ယေန႔ေခတ္တြင္ ဘယ္သူေတြက အသိအမွတ္ျပဳထားသလဲ၊ ဘာလက္မွတ္ရွိ သလဲဆိုတာ ပထမဆံုး ေျဖရမည့္ေမးခြန္းပါ။ ဒီပထမဆံုးေမးခြန္းကို ေအာင္ျမင္စြာ ေျဖႏိုင္မွသာ ေနာက္ေမးခြန္းေတြအတြက္ ဆက္လက္ျပင္ဆင္ရႏိုင္မွာ ျဖစ္ပါတယ္။ ပထမဆံုး မိမိတို႔တစ္ဦးခ်င္းစီမွာ မတူညီေသာ ရည္မွန္းခ်က္ ပိုင္ရွင္ေတြျဖစ္တာႏွင့္အညီ မိမိတို႔ဘ၀မွာ ဘာေတြလုပ္ခ်င္တာလဲ မိမိတို႔သမိုင္းမွာ ဘာေတြ ခ်န္ထားခဲ့မလဲဆိုတာ ဦးစြာေမးရမည့္ ေမးခြန္းပါ။ ယေန႔လူငယ္ေတြ အမ်ားဆံုးျဖစ္ ေနတာက အမ်ားၾကီး လုပ္ခ်င္၊ ျဖစ္ခ်င္တဲ့ျပႆနာပါ။ ဒီလိုစိတ္ထားရွိတာ လြန္စြာမွ ေကာင္းတဲ့ရည္မွန္းခ်က္ပါ။
သို႔ေသာ္ သြားရမည့္၊ လုပ္ရမည့္ အလုပ္မ်ားကို မိမိကိုယ္တုိင္ စီမံခန္႔ခြဲတတ္ဖို႔ လိုပါတယ္။ မိမိေလွ်ာက္မည့္လမ္းကို ေရြးခ်ယ္ျပီးေနာက္ ဒီအသိုင္းအ၀န္းမွာ ဘယ္သူေတြကို ဘယ္အဖြဲ႔အစည္းေတြကို အမ်ားက ေလးစားယံုၾကည္ထားသလဲဆုိတာ ေလ့လာပါ။ အမ်ားယံုၾကည္ေလးစားထားျခင္းခံရေသာ အဖြဲ႔အစည္းေတြက မိမိကို ေတာ္ေၾကာင္းတတ္ေၾကာင္းကို ေထာက္ခံေပးပါက မိမိအေနျဖင့္ လူအမ်ားရဲ႕ အသိအမွတ္ျပဳမႈကို အျမန္ဆံုးရယူ ႏိုင္မွာျဖစ္ပါတယ္။ ယေန႔ေခတ္ကို နည္းပညာေခတ္လို႔ အမ်ားက လက္ခံထားၾကျပီး နည္းပညာနဲ႔ ကင္းကြာျပီး လုပ္ေနေသာ လုပ္ငန္းမ်ား အင္မတန္မွ နည္းလာတာကို မိမိတို႔ သတိမူမိမွာ ျဖစ္ပါတယ္။ နည္းပညာနဲ႔ ပတ္သက္ေသာ လုပ္ငန္းမ်ားဟာလည္း အရွိန္အဟုန္ေကာင္းစြာျဖင့္ ေရွ႕ဆက္ေနပါတယ္။ နည္းပညာ လုပ္ငန္းၾကီးမ်ားကလည္း မိမိတိုရဲ့ ထုတ္ကုန္မ်ား ေကာင္းေၾကာင္းကို မိမိတို႕ကိုယ္တိုင္ ေၾကာ္ျငာေနရသလို မိမိတို႔ရဲ့ ထုတ္ကုန္ေတြကို မိမိတို႔မဟုတ္ေသာ အဖြဲ႔အစည္း (Third Party Organization) မွလည္း ေထာက္ခံေၾကာင္း အစဥ္အၿမဲ ေၾကညာေပးေနရပါတယ္။ ဆိုလိုတာကေတာ့ လူအမ်ားရဲ့ အသိအမွတ္ျပဳမႈကို ရယူျခင္းျဖစ္ပါတယ္။ ယေန႔ေခတ္တြင္ နည္းပညာႏွင့္ပတ္သက္ေသာ အသိအမွတ္ျပဳမႈ လက္မွတ္ေတြကို အခ်ိန္နဲ႔တေျပးညီ ရယူဖို႔လိုအပ္လွပါတယ္။ အသိအမွတ္ျပဳ လက္မွတ္အတြက္ ျပင္ဆင္မႈမ်ားသည္လည္း မိမိေရြးခ်ယ္ထားေသာ အဖြဲ႕အစည္းေပၚမူတည္ျပီး မိမိဘက္မွ ေပးရမည့္အခ်ိန္၊ ကုန္က်ရမည့္ေငြကို ေသေသခ်ာခ်ာ ျပင္ဆင္ထားဖို႔ လုိအပ္ပါတယ္။ သက္ဆိုင္ရာ အဖြဲ႔အစည္းမ်ားမွလည္း မိမိတို႔၏ အသိအမွတ္ျပဳ လက္မွတ္မ်ားကို မိမိတို႔ကိုယ္တိုင္ မစစ္ေဆးပဲ တျခားအဖြဲ႔အစည္း (Third Party Organization) မွတာ၀န္ယူ စစ္ေဆးေလ့ရွုိပါတယ္။ ထိုစစ္ေဆးမႈမ်ားကို မိမိတို႔ဘက္မွ ခံယူမွသာ မိမိအေနျဖင့္ လူအမ်ားရဲ့ အသိအမွတ္ျပဳ မႈကို လက္ခံရရွိနိင္မွာျဖစ္ပါတယ္။
ဆရာဇာနည္ (MCT)

အသိအမှတ်ပြု လက်မှတ်ဆိုသည်မှာ

ယနေ့ မိမိတို့နေထိုင်ရာ ကမ္ဘာပေါ်မှာ တိုးတက်ပြောင်းလဲမှုတွေဟာ အချိန်နှင့်အမျှ တွေ့ကြုံနေရပါတယ်။ ဒီလိုတိုးတက် ပြောင်းလဲနေသောခေတ်ကြီးမှာ မိမိတို့ တစ်ဦးချင်းအတွက် ဘဝအာမခံချက်ရှိဖို့ လွန်စွာမှ အရေးကြီးလှပါတယ်။ မိမိတို့ဖြတ်သန်းနေရသော ခေတ်တွင် မိမိတို့ ပိုင်ဆိုင်သော တန်ဖိုးရှိလှတဲ့အချိန်များကို အကျိုးရှိစွာ အသုံးချဖို့ လိုအပ်ပါတယ်။ မိမိတို့တစ်ဦးချင်း တတ်နိုင်သလောက် ရုန်းကန်ကြိုးစားနေသော်လည်း ဒီလိုကြိုးစားနေမှုကို အသိအမှတ်ပြုမှု လူသားတိုင်း ခံစားချင်ကြပါတယ်။
အသိအမှတ်ပြုတယ်ဆိုတာ ကိုယ်တတ်ကြောင်း၊ ကိုယ်တော်ကြောင်းကို ကိုယ်ကိုယ်တိုင်ပြောပါက အများလက်ခံနိုင်မည် မဟုတ်ပါ။ ဒီနေရာမှာ မိမိတော်ကြောင်း မိမိကြိုးစားထားကြောင်းကို မိမိကိုထောက်ခံ ပြောပေးမည့် တစ်ခြားသူ၊ တစ်ခြားအဖွဲ့အစည်း လိုအပ်ပါတယ်။ ကွန်ပျူတာအခေါ် (Third Party) ပေါ့။ Windows တင်ပြီး တစ်နည်း Operating System တင်ပြီးတာနဲ့ တစ်ခါတည်းပါလာတာမဟုတ်ပဲ နောက်တစ်ဆင့် ထပ်တင်ရတဲ့ Software တွေကို Third Party Organization လို့ခေါ်ကြပါတယ်။ အခုဟာက Third Party Organization ပါ။ မိမိတော်ကြောင်းကို အထောက်အပံ့ပေးမည့် မိမိမဟုတ်သော အဖွဲ့အစညး် ပါ။ ထိုအဖွဲ့အစည်း တွေရဲ့ ထောက်ခံမှုရဖို့ဆိုတာ သူတို့သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေကို မိမိဘက်မှ အပြည့်အဝ လိုက်နာရဖို့ လိုပါတယ်။ သို့မှသာ သူတို့ အဖွဲ့အစည်းတွေရဲ့ ထောက်ခံမှုကို မိမိတို့ရရှိ ခံစားနိုင်မည် ဖြစ်ပါတယ်။ အဖွဲ့အစည်းတစ်ခုအနေဖြင့် မိမိတို့၏ လုပ်ဆောင်ချက်များသည် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ယုံကြည်မှုရယူရန် လွန်စွာမှ အရေးကြီးလှပါတယ်။ ဒီလို ယုံကြည်မှုရယူရန် သတ်မှတ်စံချိန်စံညွှန်းတွေအတိုင်း လုပ်ဆောင်နေပါတယ်ဆိုတာကို အစစ်အဆေး ခံယူရပါတယ်။ သို့မှသာ (ISO) (International Organization for Standardization) အဖွဲ့အစည်းများမှ မိမိတို့အဖွဲ့အစည်းကို အသိအမှတ်ပြုပါတယ်ဆိုတဲ့ Certified လက်မှတ်ချီးမြှင့်ခြင်း ခံရပါတယ်။ ဒီလို Certified အဖွဲ့အစည်းဖြစ်မှသာ လုပ်ငန်းလုပ်ဆောင်ရာတွင် လူအများရဲ့ ယုံကြည်မှု Trust ကိုရရှိနိုင်မှာ ဖြစ်ပါတယ်။
ထိုနည်းတူစွာ လူတစ်ဦးချင်းစီအတွက် မိမိတိုကို လူအများယုံကြည်မှု ရအောင်၊ အဖွဲ့အစည်းများရဲ့ ယုံကြည်မှု ရအောင်၊ မိမိဘက်မှ လုပ်ငန်းမဝင်ခင် ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်ထားဖို့ လိုပါတယ်။ ယနေ့ခေတ်သည် ပညာခေတ်ဖြစ်ပါတယ်။ နိုင်ငံတကာမှ လက်ခံထားသော ထောင်စုနှစ်ရည်မှန်းချက်ဖြစ်သည့် Education for All လူတိုင်းအတွက် ပညာရေးဆိုတဲ့ လူသားတိုင်းအတွက် မဖြစ်မနေတတ်ရမည့် ပညာရေးကို အမှီလိုက်နေရသောခေတ်တွင် ဘယ်အဖွဲ့အစည်းမှ အသိအမှတ်ပြုထားပါတယ်ဆိုတာ အရေးကြီးလှပါတယ်။ ဒီလို Certified အသိအမှတ်ပြုလက်မှတ်တွေရဲ့ တန်ဖိုးက မိမိတို့ Life Carrier မှာ ထမင်းစား လက်မှတ် တစ်ခုအနေနဲ့ ရှိနေပါတယ်။ ဘယ်လုပ်ငန်းပဲ လုပ်လုပ် ယနေ့ခေတ်တွင် ဘယ်သူတွေက အသိအမှတ်ပြုထားသလဲ၊ ဘာလက်မှတ်ရှိ သလဲဆိုတာ ပထမဆုံး ဖြေရမည့်မေးခွန်းပါ။ ဒီပထမဆုံးမေးခွန်းကို အောင်မြင်စွာ ဖြေနိုင်မှသာ နောက်မေးခွန်းတွေအတွက် ဆက်လက်ပြင်ဆင်ရနိုင်မှာ ဖြစ်ပါတယ်။ ပထမဆုံး မိမိတို့တစ်ဦးချင်းစီမှာ မတူညီသော ရည်မှန်းချက် ပိုင်ရှင်တွေဖြစ်တာနှင့်အညီ မိမိတို့ဘဝမှာ ဘာတွေလုပ်ချင်တာလဲ မိမိတို့သမိုင်းမှာ ဘာတွေ ချန်ထားခဲ့မလဲဆိုတာ ဦးစွာမေးရမည့် မေးခွန်းပါ။ ယနေ့လူငယ်တွေ အများဆုံးဖြစ် နေတာက အများကြီး လုပ်ချင်၊ ဖြစ်ချင်တဲ့ပြဿနာပါ။ ဒီလိုစိတ်ထားရှိတာ လွန်စွာမှ ကောင်းတဲ့ရည်မှန်းချက်ပါ။
သို့သော် သွားရမည့်၊ လုပ်ရမည့် အလုပ်များကို မိမိကိုယ်တိုင် စီမံခန့်ခွဲတတ်ဖို့ လိုပါတယ်။ မိမိလျှောက်မည့်လမ်းကို ရွေးချယ်ပြီးနောက် ဒီအသိုင်းအဝန်းမှာ ဘယ်သူတွေကို ဘယ်အဖွဲ့အစည်းတွေကို အများက လေးစားယုံကြည်ထားသလဲဆိုတာ လေ့လာပါ။ အများယုံကြည်လေးစားထားခြင်းခံရသော အဖွဲ့အစည်းတွေက မိမိကို တော်ကြောင်းတတ်ကြောင်းကို ထောက်ခံပေးပါက မိမိအနေဖြင့် လူအများရဲ့ အသိအမှတ်ပြုမှုကို အမြန်ဆုံးရယူ နိုင်မှာဖြစ်ပါတယ်။ ယနေ့ခေတ်ကို နည်းပညာခေတ်လို့ အများက လက်ခံထားကြပြီး နည်းပညာနဲ့ ကင်းကွာပြီး လုပ်နေသော လုပ်ငန်းများ အင်မတန်မှ နည်းလာတာကို မိမိတို့ သတိမူမိမှာ ဖြစ်ပါတယ်။ နည်းပညာနဲ့ ပတ်သက်သော လုပ်ငန်းများဟာလည်း အရှိန်အဟုန်ကောင်းစွာဖြင့် ရှေ့ဆက်နေပါတယ်။ နည်းပညာ လုပ်ငန်းကြီးများကလည်း မိမိတိုရဲ့ ထုတ်ကုန်များ ကောင်းကြောင်းကို မိမိတို့ကိုယ်တိုင် ကြော်ငြာနေရသလို မိမိတို့ရဲ့ ထုတ်ကုန်တွေကို မိမိတို့မဟုတ်သော အဖွဲ့အစည်း (Third Party Organization) မှလည်း ထောက်ခံကြောင်း အစဉ်အမြဲ ကြေညာပေးနေရပါတယ်။ ဆိုလိုတာကတော့ လူအများရဲ့ အသိအမှတ်ပြုမှုကို ရယူခြင်းဖြစ်ပါတယ်။ ယနေ့ခေတ်တွင် နည်းပညာနှင့်ပတ်သက်သော အသိအမှတ်ပြုမှု လက်မှတ်တွေကို အချိန်နဲ့တပြေးညီ ရယူဖို့လိုအပ်လှပါတယ်။ အသိအမှတ်ပြု လက်မှတ်အတွက် ပြင်ဆင်မှုများသည်လည်း မိမိရွေးချယ်ထားသော အဖွဲ့အစည်းပေါ်မူတည်ပြီး မိမိဘက်မှ ပေးရမည့်အချိန်၊ ကုန်ကျရမည့်ငွေကို သေသေချာချာ ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းများမှလည်း မိမိတို့၏ အသိအမှတ်ပြု လက်မှတ်များကို မိမိတို့ကိုယ်တိုင် မစစ်ဆေးပဲ တခြားအဖွဲ့အစည်း (Third Party Organization) မှတာဝန်ယူ စစ်ဆေးလေ့ရှိုပါတယ်။ ထိုစစ်ဆေးမှုများကို မိမိတို့ဘက်မှ ခံယူမှသာ မိမိအနေဖြင့် လူအများရဲ့ အသိအမှတ်ပြု မှုကို လက်ခံရရှိနိင်မှာဖြစ်ပါတယ်။
ဆရာဇာနည် (MCT)