Wednesday, October 14, 2015

MCC.i ရဲ႕ကာယအလွမယ္


(၂၀၀၉) ခုႏွစ္ကစၿပီး ျမန္မာႏုိင္ငံ၏ ပထမဦးဆံုး Private Higher Institute တစ္ခုအျဖစ္ စတင္ခဲ့ေသာ MCC Training Institute (MCC Institute) သည္ ျမန္မာႏုိင္ငံ တစ္၀ွမ္းမွ ေက်ာင္းသားလူငယ္မ်ားအား ႏုိင္ငံတကာအဆင့္ ပညာရပ္မ်ားျဖစ္ ေသာ IT ၊ စီးပြားေရးႏွင့္ အင္ဂ်င္နီယာ ပညာရပ္မ်ားအား ႏုိင္ငံတကာ တကၠသုိလ္ ႀကီးမ်ား၊ ပညာေရး အဖြဲ႕ အစည္းမ်ားႏွင့္ ပူးေပါင္းၿပီးစနစ္တက် ျပဳစုပ်ိဳးေထာင္ေပးသကဲ့သုိ႔ အဓိက ပညာရပ္သင္ယူမႈမ်ားတြင္ သာမက ဘက္စံုထူးခြၽန္ေသာ လူေကာင္းလူေတာ္မ်ား ျဖစ္လာေစရန္ အဘက္ဘက္ မွ ေဆာင္ရြက္ေပးလ်က္ ရွိပါသည္။
အထူးသျဖင့္ IT ေမဂ်ာအထူးျပဳ B.Sc (Hons:) Business IT ႏုိင္ငံတကာအသိအမွတ္ျပဳ ကြန္ပ်ဴတာသိပၸံဘြဲ႕သင္တန္း တြင္ ပင္မ Academic ဘာသာရပ္မ်ား အျပင္ English Proficiency သင္ ၾကားေပးမႈ အစီအစဥ္မ်ား၊ On The Job Training (လက္ေတြ႕လုပ္ငန္းခြင္ ေလ့ လာေဆာင္ရြက္မႈ အစီအစဥ္မ်ား၊ Microsoft Coporation ကဲ့သုိ႔ ႏုိင္ငံတကာ IT ကုမၸဏီႀကီးမ်ား၏ ကြၽမ္းက်င္မႈ လက္မွတ္ Skill Certification သင္ၾကားမႈ အစီအစဥ္မ်ားအျပင္ Extra Curriculun Activities ဟု ေခၚဆုိႏုိင္ေသာ ေက်ာင္းသင္ခန္းစာျပင္ပ လႈပ္ရွားမႈမ်ား ျဖစ္သည့္ စာေပ၊ ဂီတ၊ အားကစားႏွင့္ လူမႈေရးအက်ိဳးျပဳေသာ လုပ္ငန္းမ်ားကုိလည္း သတ္မွတ္ထားေသာ အခ်ိန္ဇယားမ်ားအတိုင္း MCC.i Campus အလိုက္ ေဆာင္ရြက္ ျပဳလုပ္ေပးလ်က္ ရွိပါသည္။ အားကစား လႈပ္ရွားမႈမ်ားအေနျဖင့္ ေက်ာင္းသား/သူမ်ား စုေပါင္းလမ္းေလွ်ာက္ျခင္း၊ ေအ႐ိုးပစ္ကခုန္ျခင္း၊ ၾကက္ေတာင္႐ိုက္ျခင္း၊ ပင္ေပါင္ကစားျခင္း၊ Fusal ႏွင့္ ဖိတ္ေခၚ ေဘာလံုးပြဲမ်ားကုိလည္း ဆက္စဥ္မျပတ္ ျပဳလုပ္က်င္းပေပးလ်က္ ရွိပါသည္။
ထုိကဲ့သုိ႔ MCC Institute မွ ေက်ာင္းသားလူငယ္မ်ားအတြက္ အေျမာ္အျမင္ ရည္မွန္းခ်က္ႀကီးစြာျဖင့္ က်ိဳးစားေဆာင္ရြက္လ်က္ရွိရာ မၾကာမွီ ကာလမ်ားတြင္ IT ပညာ သာမက အားကစားႏွင့္ ဘက္စံုထူးခြၽန္ေသာ လူငယ္လူရြယ္မ်ားမ်ားစြာ ေပၚထြက္လာမည္ဟု ယံုၾကည္လ်က္ရွိၿပီး MCC Institute တြင္ သူတုိ႔ ေမွ်ာ္မွန္းထားေသာ ရည္မွန္းခ်က္ ပန္းတုိင္မ်ားအတြက္ လာေရာက္ပညာဆည္း ပူးေနေသာ နယ္ပယ္အသီးသီးမွ ထူးခြၽန္လူငယ္မ်ားလည္း ေပ်ာ္ရႊင္စြာ ပညာသင္ၾကား လ်က္ ရွိေနပါတယ္။
ထုိအထဲမွ MCC Institute (NayPyiTaw Campus) တြင္ နုိင္ငံတကအသိအမွတ္ျပဳ ကြန္ပ်ဴတာသိပၸံဘြဲ႕ သင္တန္း (B.Sc Hons Business IT) တက္ေရာက္ေနေသာဒုတိယနွစ္ ေက်ာင ္းသူေလး မဆုရတနာသည္လည္း တစ္ဦးအပါအ၀င္ျဖစ္ပါသည္။ မဆုရတနာသည္ငယ္စဥ္ကပင္အႏုပညာႏွင့္က်မ္းမာေရးအတြက္ကုိယ္ကာယ လွဳပ္ရွားမႈမ်ားကုိ စိတ္၀င္တစားေဆာင္ရြက္ခဲ့ျပီး အျမင့္ဆုံးထူးခြ်န္ဆုအျဖစ္ ရွမ္းျပည္နယ ္ေတာင္ပုိင္းတြင္ က်င္းပေသာ၊ ျပည္ေထာင္စုကာယ အလွမယ္ျပိဳင္ပြဲတြင္ ဒုတိယဆုကုိထုိက ္ထုိက္တန္ တန္ ဆြတ္ခူးရရွိခဲ့ျပီး သူမ၀ါသနာပါေသာအနုပညာ၊အားကစားႏွင့္အတူဘ၀အတြက္ အာမခံခ်က္ရွိမည့္ အတန္း ပညာမ်ားကုိ လည္းေနာက္မက်ရေလေအာင္ အတြဲညီညီၾကိဳးစားေဆာင္ရြက္လွ်က္ရွိျပီး သူ႕ဘ၀ရည္မွန္း ခ်က္မ်ားနဲ႕ အိပ္မက္မ်ားကုိေမးျမန္းေဖၚျပလုိက္ရပါတယ္…
အမည္ရင္းမွာမဆုရတနာျဖစ္ျပီး ဦးျပည္စိုးဟန္ႏွင့္ ေဒၚသီသီညြန္႕ တုိ႕၏သမီး(၂)ေယာက္အနက္ သမီးအႀကီး ျဖစ္ပါသည္။ မဆုရတနာအား (၂၉.၄.၁၉၉၇) ေန႕တြင္ေမြးဖြားခဲ့ျပီး ယခုအခါ အသက္(၁၈)ႏွစ္ျဖစ္ျပီး သူ၀ါသနာပါ ရာအုိင္တီပညာရပ္မ်ားကုိ အဆင့္မွီမွီ တတ္ေျမာက္နုိင္ဖုိ႕ MCC Institute သုိ႕ ဆက္သြယ္တက္ေရာက္ခဲ့သူေလး တစ္ဦးလည္းျဖစ္ပါသည္။ မူလတန္းမွ အလယ္တန္းအထိ TTC (ကမာရြတ္ၿမိဳ႕နယ္၊ ရန္ကုန္) တြင္ တက္ေရာက္ပညာသင္ၾကားခဲ့သည္။ အႏုပညာႏွင့္ ပတ္သက္၍ အေျခခံပညာ ပဥၥမတန္းမွ အဌမတန္းအထိ တေယာထိုးျခင္း၊ ယိမ္းအကမ်ား ကျခင္းျဖင့္ ေက်ာင္းကပြဲမ်ားတြင္ ပါ၀င္ခဲ့ပါသည္။ ထို႕အျပင္ တေယာႏွင့္ ယိမ္းအကမ်ားအတြက္ ေက်ာင္းတြင္း ထူးခြ်န္ဆုမ်ားလည္း မၾကာခဏ ရရွိခဲ့ေသာ ေက်ာင္းသူျဖစ္ပါသည္။ န၀မတန္းမွ ဒသမတန္း ပညာရပ္ကို စိုးစံ ကိုယ္ပိုင္ အထက္တန္းေက်ာင္း (ေနျပည္ေတာ္) မွ ေအာင္ျမင္ခဲ့ပါသည္။ မဆုရတနာသည္ ရိုးရာထည္၀တ္စံု၊ ျမန္မာ၀တ္စံု ႏွင့္ လူငယ္၀တ္စံုတိုကို ၀တ္ဆင္ရျခင္းမ်ား ကို ႏွစ္သက္ၿပီး မိန္းခေလးတစ္ေယာက္၏ လွပေက်ာ့ရွင္း ေနေစဖို႕ အလွအပ ေရးရာကို စိတ္၀င္စားသည္။ထို႕ကဲ့သို႕ေသာ ၀ါသနာပါသည့္အားေလ်ာ္စြာ ကာယအလွမယ္၀င္ၿပိဳင္ျဖစ္ဖို႕ တြန္းအား ျဖစ္ေစခဲ့ပါသည္။မိဘမ်ားႏွင့္ ေဆြမ်ိဳးမ်ား၊ ရင္းႏွီးေသာ မိတ္ေဆြ သူငယ္ခ်င္းမ်ားမွ ကာယအလွမယ္ ၀င္ၿပိဳင္ျဖစ္ဖို႕ အားေပးခဲ့ၾကသည္။
ေနျပည္ေတာ္ ၿမိဳမေစ်း White Gym အားကစား ေလ့က်င္ေရး စင္တာတြင္လည္း က်န္းမာေရး ႏွင့္ ခႏၶာကိုယ္ အခ်ိဳးအစား အတြက္ ဒသမတန္း စာေမးပြဲေျဖၿပီးခ်ိန္မွစ၍ တစ္ပတ္မွာ (၄ရက္-၅ရက္) အၿမဲေလ့က်င့္ ကစားခဲ့သည္။ White Gym မွ ကာယအလွမယ္ေဟာင္း ျဖစ္သူ ဆရာမ ေဒၚျဖဴျဖဴေအာင္ မွ လည္း မဆုရတနာအား ျပည္ေထာင္စုမယ္ ၀င္ေရာက္ယွဥ္ၿပိဳင္ႏို္င္ရန္ အားေပးခဲ့၊ ေလ့က်င့္သင္ၾကားေပးခဲ့သည္။ ကာယအလွမယ္ၿပိဳင္ပြဲမတို္င္ခင္ ႏွစ္လတာ အခ်ိန္တြင္း Special Camp ၀င္၍ ၊ ၾကပ္ၾကပ္မက္မက္ ေလ့က်င့္သင္ၾကားခဲ့သည္။
ကေလာၿမိဳ႕နယ္ ျပည္ေထာင္စု ေန႕ အထိမ္းအမွတ္ ျပည္ေထာင္စုေန႕တြင္ ရွမ္းျပည္နယ္ ေတာင္ပိုင္း ျပည္ေထာင္စု ကာယအလွမယ္ၿပိဳင္ပြဲ ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့သည္။ ၄င္းၿပိဳင္ပြဲတြင္ ျပည္ေထာင္စုကာယအလွမယ္ ဒုတိယဆုႏွင့္ အသားအရည္ ေကာင္းမြန္လွပဆံုး ဆုမ်ား ရရွိခဲ့ပါသည္။ မဆုရတနာသည္ အသားအရည္ ေကာင္းမြန္လွပဆံုး ဆုရရွိျခင္းမွာ ဒသမတန္း ေအာင္ျမင္ၿပီးခ်ိန္မွစ၍ Gym ကစားခဲ့ျခင္း၊ အစားအစာမ်ားကိုလည္း ငယ္ငယ္က တည္းက အသီးအရြက္မ်ားအား ပိုမိုႏွစ္သက္ စားခဲ့ျခင္း ၊ အမာရြတ္ မျဖစ္လြယ္ေသာ အသားအေရကို ပိုင္ဆိုင္ထားျခင္း ေၾကာင့္ အသားအေရအတြက္ Cosmetic မ်ားလည္း အထူးတလည္ သံုးစြဲျခင္းမရွိျခင္းမွာ မိဘမ်ား၏ ေက်းဇူးေၾကာင့္ ျဖစ္ပါသည္ဟု သူမက ခံယူထားပါသည္။ ေနာက္ေနာင္တြင္လည္း ပညာသင္ၾကား ေနရင္း မိမိ၀ါသနာပါေသာ အႏုပညာအလုပ္မ်ားလည္း တြဲဖက္ညီညီလုပ္ေဆာင္ သြားမည္ ဟု သူမ၏ အနာဂတ္အား ဆံုးျဖတ္ထားသူျဖစ္ပါသည္။

MCC.i ရဲ့ကာယအလှမယ်

(၂၀၀၉) ခုနှစ်ကစပြီး မြန်မာနိုင်ငံ၏ ပထမဦးဆုံး Private Higher Institute တစ်ခုအဖြစ် စတင်ခဲ့သော MCC Training Institute (MCC Institute) သည် မြန်မာနိုင်ငံ တစ်ဝှမ်းမှ ကျောင်းသားလူငယ်များအား နိုင်ငံတကာအဆင့် ပညာရပ်များဖြစ် သော IT ၊ စီးပွားရေးနှင့် အင်ဂျင်နီယာ ပညာရပ်များအား နိုင်ငံတကာ တက္ကသိုလ် ကြီးများ၊ ပညာရေး အဖွဲ့ အစည်းများနှင့် ပူးပေါင်းပြီးစနစ်တကျ ပြုစုပျိုးထောင်ပေးသကဲ့သို့ အဓိက ပညာရပ်သင်ယူမှုများတွင် သာမက ဘက်စုံထူးချွန်သော လူကောင်းလူတော်များ ဖြစ်လာစေရန် အဘက်ဘက် မှ ဆောင်ရွက်ပေးလျက် ရှိပါသည်။
အထူးသဖြင့် IT မေဂျာအထူးပြု B.Sc (Hons:) Business IT နိုင်ငံတကာအသိအမှတ်ပြု ကွန်ပျူတာသိပ္ပံဘွဲ့သင်တန်း တွင် ပင်မ Academic ဘာသာရပ်များ အပြင် English Proficiency သင် ကြားပေးမှု အစီအစဉ်များ၊ On The Job Training (လက်တွေ့လုပ်ငန်းခွင် လေ့ လာဆောင်ရွက်မှု အစီအစဉ်များ၊ Microsoft Coporation ကဲ့သို့ နိုင်ငံတကာ IT ကုမ္ပဏီကြီးများ၏ ကျွမ်းကျင်မှု လက်မှတ် Skill Certification သင်ကြားမှု အစီအစဉ်များအပြင် Extra Curriculun Activities ဟု ခေါ်ဆိုနိုင်သော ကျောင်းသင်ခန်းစာပြင်ပ လှုပ်ရှားမှုများ ဖြစ်သည့် စာပေ၊ ဂီတ၊ အားကစားနှင့် လူမှုရေးအကျိုးပြုသော လုပ်ငန်းများကိုလည်း သတ်မှတ်ထားသော အချိန်ဇယားများအတိုင်း MCC.i Campus အလိုက် ဆောင်ရွက် ပြုလုပ်ပေးလျက် ရှိပါသည်။ အားကစား လှုပ်ရှားမှုများအနေဖြင့် ကျောင်းသား/သူများ စုပေါင်းလမ်းလျှောက်ခြင်း၊ အေရိုးပစ်ကခုန်ခြင်း၊ ကြက်တောင်ရိုက်ခြင်း၊ ပင်ပေါင်ကစားခြင်း၊ Fusal နှင့် ဖိတ်ခေါ် ဘောလုံးပွဲများကိုလည်း ဆက်စဉ်မပြတ် ပြုလုပ်ကျင်းပပေးလျက် ရှိပါသည်။
ထိုကဲ့သို့ MCC Institute မှ ကျောင်းသားလူငယ်များအတွက် အမြော်အမြင် ရည်မှန်းချက်ကြီးစွာဖြင့် ကျိုးစားဆောင်ရွက်လျက်ရှိရာ မကြာမှီ ကာလများတွင် IT ပညာ သာမက အားကစားနှင့် ဘက်စုံထူးချွန်သော လူငယ်လူရွယ်များများစွာ ပေါ်ထွက်လာမည်ဟု ယုံကြည်လျက်ရှိပြီး MCC Institute တွင် သူတို့ မျှော်မှန်းထားသော ရည်မှန်းချက် ပန်းတိုင်များအတွက် လာရောက်ပညာဆည်း ပူးနေသော နယ်ပယ်အသီးသီးမှ ထူးချွန်လူငယ်များလည်း ပျော်ရွှင်စွာ ပညာသင်ကြား လျက် ရှိနေပါတယ်။
ထိုအထဲမှ MCC Institute (NayPyiTaw Campus) တွင် နိုင်ငံတကအသိအမှတ်ပြု ကွန်ပျူတာသိပ္ပံဘွဲ့ သင်တန်း (B.Sc Hons Business IT) တက်ရောက်နေသောဒုတိယနှစ် ကျောင ်းသူလေး မဆုရတနာသည်လည်း တစ်ဦးအပါအဝင်ဖြစ်ပါသည်။ မဆုရတနာသည်ငယ်စဉ်ကပင်အနုပညာနှင့်ကျမ်းမာရေးအတွက်ကိုယ်ကာယ လှုပ်ရှားမှုများကို စိတ်ဝင်တစားဆောင်ရွက်ခဲ့ပြီး အမြင့်ဆုံးထူးချွန်ဆုအဖြစ် ရှမ်းပြည်နယ ်တောင်ပိုင်းတွင် ကျင်းပသော၊ ပြည်ထောင်စုကာယ အလှမယ်ပြိုင်ပွဲတွင် ဒုတိယဆုကိုထိုက ်ထိုက်တန် တန် ဆွတ်ခူးရရှိခဲ့ပြီး သူမဝါသနာပါသောအနုပညာ၊အားကစားနှင့်အတူဘဝအတွက် အာမခံချက်ရှိမည့် အတန်း ပညာများကို လည်းနောက်မကျရလေအောင် အတွဲညီညီကြိုးစားဆောင်ရွက်လျှက်ရှိပြီး သူ့ဘဝရည်မှန်း ချက်များနဲ့ အိပ်မက်များကိုမေးမြန်းဖေါ်ပြလိုက်ရပါတယ်…
အမည်ရင်းမှာမဆုရတနာဖြစ်ပြီး ဦးပြည်စိုးဟန်နှင့် ဒေါ်သီသီညွန့် တို့၏သမီး(၂)ယောက်အနက် သမီးအကြီး ဖြစ်ပါသည်။ မဆုရတနာအား (၂၉.၄.၁၉၉၇) နေ့တွင်မွေးဖွားခဲ့ပြီး ယခုအခါ အသက်(၁၈)နှစ်ဖြစ်ပြီး သူဝါသနာပါ ရာအိုင်တီပညာရပ်များကို အဆင့်မှီမှီ တတ်မြောက်နိုင်ဖို့ MCC Institute သို့ ဆက်သွယ်တက်ရောက်ခဲ့သူလေး တစ်ဦးလည်းဖြစ်ပါသည်။ မူလတန်းမှ အလယ်တန်းအထိ TTC (ကမာရွတ်မြို့နယ်၊ ရန်ကုန်) တွင် တက်ရောက်ပညာသင်ကြားခဲ့သည်။ အနုပညာနှင့် ပတ်သက်၍ အခြေခံပညာ ပဥ္စမတန်းမှ အဌမတန်းအထိ တယောထိုးခြင်း၊ ယိမ်းအကများ ကခြင်းဖြင့် ကျောင်းကပွဲများတွင် ပါ၀င်ခဲ့ပါသည်။ ထို့အပြင် တယောနှင့် ယိမ်းအကများအတွက် ကျောင်းတွင်း ထူးချွန်ဆုများလည်း မကြာခဏ ရရှိခဲ့သော ကျောင်းသူဖြစ်ပါသည်။ နဝမတန်းမှ ဒသမတန်း ပညာရပ်ကို စိုးစံ ကိုယ်ပိုင် အထက်တန်းကျောင်း (နေပြည်တော်) မှ အောင်မြင်ခဲ့ပါသည်။ မဆုရတနာသည် ရိုးရာထည်ဝတ်စုံ၊ မြန်မာဝတ်စုံ နှင့် လူငယ်ဝတ်စုံတိုကို ၀တ်ဆင်ရခြင်းများ ကို နှစ်သက်ပြီး မိန်းခလေးတစ်ယောက်၏ လှပကျော့ရှင်း နေစေဖို့ အလှအပ ရေးရာကို စိတ်ဝင်စားသည်။ထို့ကဲ့သို့သော ၀ါသနာပါသည့်အားလျော်စွာ ကာယအလှမယ်ဝင်ပြိုင်ဖြစ်ဖို့ တွန်းအား ဖြစ်စေခဲ့ပါသည်။မိဘများနှင့် ဆွေမျိုးများ၊ ရင်းနှီးသော မိတ်ဆွေ သူငယ်ချင်းများမှ ကာယအလှမယ် ၀င်ပြိုင်ဖြစ်ဖို့ အားပေးခဲ့ကြသည်။
နေပြည်တော် မြိုမစျေး White Gym အားကစား လေ့ကျင်ရေး စင်တာတွင်လည်း ကျန်းမာရေး နှင့် ခန္ဓာကိုယ် အချိုးအစား အတွက် ဒသမတန်း စာမေးပွဲဖြေပြီးချိန်မှစ၍ တစ်ပတ်မှာ (၄ရက်-၅ရက်) အမြဲလေ့ကျင့် ကစားခဲ့သည်။ White Gym မှ ကာယအလှမယ်ဟောင်း ဖြစ်သူ ဆရာမ ဒေါ်ဖြူဖြူအောင် မှ လည်း မဆုရတနာအား ပြည်ထောင်စုမယ် ၀င်ရောက်ယှဉ်ပြိုင်နို်င်ရန် အားပေးခဲ့၊ လေ့ကျင့်သင်ကြားပေးခဲ့သည်။ ကာယအလှမယ်ပြိုင်ပွဲမတို်င်ခင် နှစ်လတာ အချိန်တွင်း Special Camp ၀င်၍ ၊ ကြပ်ကြပ်မက်မက် လေ့ကျင့်သင်ကြားခဲ့သည်။
ကလောမြို့နယ် ပြည်ထောင်စု နေ့ အထိမ်းအမှတ် ပြည်ထောင်စုနေ့တွင် ရှမ်းပြည်နယ် တောင်ပိုင်း ပြည်ထောင်စု ကာယအလှမယ်ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ၄င်းပြိုင်ပွဲတွင် ပြည်ထောင်စုကာယအလှမယ် ဒုတိယဆုနှင့် အသားအရည် ကောင်းမွန်လှပဆုံး ဆုများ ရရှိခဲ့ပါသည်။ မဆုရတနာသည် အသားအရည် ကောင်းမွန်လှပဆုံး ဆုရရှိခြင်းမှာ ဒသမတန်း အောင်မြင်ပြီးချိန်မှစ၍ Gym ကစားခဲ့ခြင်း၊ အစားအစာများကိုလည်း ငယ်ငယ်က တည်းက အသီးအရွက်များအား ပိုမိုနှစ်သက် စားခဲ့ခြင်း ၊ အမာရွတ် မဖြစ်လွယ်သော အသားအရေကို ပိုင်ဆိုင်ထားခြင်း ကြောင့် အသားအရေအတွက် Cosmetic များလည်း အထူးတလည် သုံးစွဲခြင်းမရှိခြင်းမှာ မိဘများ၏ ကျေးဇူးကြောင့် ဖြစ်ပါသည်ဟု သူမက ခံယူထားပါသည်။ နောက်နောင်တွင်လည်း ပညာသင်ကြား နေရင်း မိမိ၀ါသနာပါသော အနုပညာအလုပ်များလည်း တွဲဖက်ညီညီလုပ်ဆောင် သွားမည် ဟု သူမ၏ အနာဂတ်အား ဆုံးဖြတ်ထားသူဖြစ်ပါသည်။