Friday, December 18, 2015

ဒီတစ္ပတ္ အမ္စီစီ

MCC Institute Campus အလုိက္ ကထိန္သကၤန္းမ်ား ဆက္ကပ္လွဴဒါန္း




MCC Style

 
Mandalay Campus, BIT, Year 2, Section-12  မွ ေက်ာင္းသူ မေအးျမတ္ေအာင္

 
Naypyitaw Campus, BIT, Year 2, Section-1 မွ ေက်ာင္းသူ မခင္လျပည့္၀န္း

 
Yatanarpon Campus, BIT, Year 2, Section-17 မွ ေက်ာင္းသူ မနန္းဆုိင္ဖူးဟြန္

ဘ၀မွာ အေပ်ာ္ဆံုးႏွင့္ အမွတ္အရဆံုးအခ်ိန္ေလးမ်ား

21 September 2009 –
ငါတုိ႔ေတြ တစ္ေယာက္တစ္နယ္စီကေန လူသူအသိနည္းတဲ့ နည္းပညာၿမိဳ႕သစ္ေလး တစ္ခုကုိ ဘ၀မွတ္တုိင္ တစ္ခုထူဖုိ႔ ေရာက္လာၾကတယ္ . . .
အစကေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ ခပ္စိမ္းစိမ္းေပါ့ . . . ေက်ာင္းကလဲ အစဆုိေတာ့ လုိအပ္ခ်က္ ေတြၾကားမွာ ဆုိးအတူ ေကာင္းအတူ ေနလာၾကရင္း (၂) လ (၃)လၾကာလာေတာ့ ညီအစ္ကုိေမာင္ႏွမေတြလုိ ျဖစ္လာၾကတယ္ . . .
အခက္အခဲေတြ အတူတူ ေက်ာ္လႊားခဲ့ၾကတယ္ . . . ခဏခဏ အတူတူ႐ႈံးနိမ့္ ခဲ့ၾကဖူးတယ္ . . . လဲက်တုိင္း တစ္ေယာက္ကုိတစ္ေယာက္ ေဖးကူထူမရင္း အႀကိမ္ႀကိမ္ ျပန္ထခဲ့ၾကတယ္ . . . ၀မ္းနည္းစရာရွိလဲ အတူတူ . . . ေပ်ာ္စရာရွိလဲ အတူတူေပါ. . .
ငါတုိ႔ အတန္းအတူတူလစ္ဖူးတယ္ . . . စာသင္ခ်ိန္မွာ စာမသင္ခ်င္လုိ႔ ေရခ်ိဳးခန္းထဲမွာ စာသင္ခ်ိန္တစ္ခုလံုး ေရခ်ိဳးေနခဲ့ဖူးတယ္ . . . ဆရာမေတြ မေခၚရဲလို႔ ဆရာေတြကုိ အကူအအညီေတာင္းရတဲ့အထိေပါ့ . . .
ဘာေတြ ဘယ္လုိပဲျဖစ္ျဖစ္ အားလံုးက MCC Yatanarpon Section – 2 ဆုိတဲ့ ေခါင္းစဥ္ေအာက္မွာပဲ တကၠသုိလ္ေက်ာင္းသားဘ၀ကုိ အေရာင္စံု ျခယ္မႈန္းခဲ့ၾကတယ္ . . .
အခ်ိန္ေတြ ၾကာလာတာနဲ႔ လူေတြနည္းနည္းလာတယ္ . . . တစ္ခ်ိဳ႕ကလဲ ကုိယ္ေရးကုိယ္တာ ကိစၥ၊ တစ္ခ်ိဳ႕ကလဲ စီးပြားေရးကိစၥ၊ အမ်ိဳးမ်ိဳးေပါ့ . . .
အခ်ိန္နဲ႔အမွ် လူေတြ ေလ်ာ့သြား . . . လူေတြေျပာင္းသြားေပမယ့္ Section - 2 ဆုိတာႀကီးကေတာ့ ေပ်ာက္မသြားခဲ့ပါဘူး . . . ရွိတဲ့လူေတြနဲ႔ အေရာင္စံုေအာင္ ဆက္လက္ျခယ္သေနတုန္းပါပဲ . ..
ဒီလုိနဲ႔ပဲ December 2012 မွာ ငါတုိ႔ေက်ာင္းႀကီး ၿပီးသြားခဲ့တယ္ . . .
သူငယ္ခ်င္းေတြ ခြဲရၿပီဆုိတဲ့အသိနဲ႔ ေကာင္းေကာင္းေတာင္ မႏႈတ္ဆက္ျဖစ္ခဲ့ၾကပါဘူး . .
အခုေတာ့လဲ တစ္ေယာက္ကုိ တစ္ေနရာစီနဲ႔ နယ္ပယ္တစ္ခုစီမွာ အသီးသီး အလုပ္လုပ္ေနၾကပါတယ္ . . . တစ္ခါတေလ လူစံုမိေတာ့လဲ ဘ၀အေၾကာင္း၊ အနာဂတ္အေၾကာင္း ေလႀကီးမုိးႀကီး ေျပာၾကတာေပါ့ . . .
အခုခ်ိန္မွာ အရင္က ငါတုိ႔အတူတူ ျခယ္ခဲ့တဲ့ ေရာင္စံုပန္းခ်ီကားတစ္ခ်ပ္က ေတာ္ေတာ္အေရာင္ေတြ စံုၿပီး အဓိပၸာယ္အျပည့္နဲ႔ေပါ့ . . .

ရတနာပံုမွာ ေက်ာင္းသားေဟာင္းတစ္ဦး

ဘဝမှာ အပျော်ဆုံးနှင့် အမှတ်အရဆုံးအချိန်လေးများ

21 September 2009 –
ငါတို့တွေ တစ်ယောက်တစ်နယ်စီကနေ လူသူအသိနည်းတဲ့ နည်းပညာမြို့သစ်လေး တစ်ခုကို ဘဝမှတ်တိုင် တစ်ခုထူဖို့ ရောက်လာကြတယ် . . .
အစကတော့ တစ်ယောက်နဲ့တစ်ယောက် ခပ်စိမ်းစိမ်းပေါ့ . . . ကျောင်းကလဲ အစဆိုတော့ လိုအပ်ချက် တွေကြားမှာ ဆိုးအတူ ကောင်းအတူ နေလာကြရင်း (၂) လ (၃)လကြာလာတော့ ညီအစ်ကိုမောင်နှမတွေလို ဖြစ်လာကြတယ် . . .
အခက်အခဲတွေ အတူတူ ကျော်လွှားခဲ့ကြတယ် . . . ခဏခဏ အတူတူရှုံးနိမ့် ခဲ့ကြဖူးတယ် . . . လဲကျတိုင်း တစ်ယောက်ကိုတစ်ယောက် ဖေးကူထူမရင်း အကြိမ်ကြိမ် ပြန်ထခဲ့ကြတယ် . . . ၀မ်းနည်းစရာရှိလဲ အတူတူ . . . ပျော်စရာရှိလဲ အတူတူပေါ. . .
ငါတို့ အတန်းအတူတူလစ်ဖူးတယ် . . . စာသင်ချိန်မှာ စာမသင်ချင်လို့ ရေချိုးခန်းထဲမှာ စာသင်ချိန်တစ်ခုလုံး ရေချိုးနေခဲ့ဖူးတယ် . . . ဆရာမတွေ မခေါ်ရဲလို့ ဆရာတွေကို အကူအအညီတောင်းရတဲ့အထိပေါ့ . . .
ဘာတွေ ဘယ်လိုပဲဖြစ်ဖြစ် အားလုံးက MCC Yatanarpon Section – 2 ဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲ တက္ကသိုလ်ကျောင်းသားဘဝကို အရောင်စုံ ခြယ်မှုန်းခဲ့ကြတယ် . . .
အချိန်တွေ ကြာလာတာနဲ့ လူတွေနည်းနည်းလာတယ် . . . တစ်ချို့ကလဲ ကိုယ်ရေးကိုယ်တာ ကိစ္စ၊ တစ်ချို့ကလဲ စီးပွားရေးကိစ္စ၊ အမျိုးမျိုးပေါ့ . . .
အချိန်နဲ့အမျှ လူတွေ လျော့သွား . . . လူတွေပြောင်းသွားပေမယ့် Section - 2 ဆိုတာကြီးကတော့ ပျောက်မသွားခဲ့ပါဘူး . . . ရှိတဲ့လူတွေနဲ့ အရောင်စုံအောင် ဆက်လက်ခြယ်သနေတုန်းပါပဲ . ..
ဒီလိုနဲ့ပဲ December 2012 မှာ ငါတို့ကျောင်းကြီး ပြီးသွားခဲ့တယ် . . .
သူငယ်ချင်းတွေ ခွဲရပြီဆိုတဲ့အသိနဲ့ ကောင်းကောင်းတောင် မနှုတ်ဆက်ဖြစ်ခဲ့ကြပါဘူး . .
အခုတော့လဲ တစ်ယောက်ကို တစ်နေရာစီနဲ့ နယ်ပယ်တစ်ခုစီမှာ အသီးသီး အလုပ်လုပ်နေကြပါတယ် . . . တစ်ခါတလေ လူစုံမိတော့လဲ ဘဝအကြောင်း၊ အနာဂတ်အကြောင်း လေကြီးမိုးကြီး ပြောကြတာပေါ့ . . .
အခုချိန်မှာ အရင်က ငါတို့အတူတူ ခြယ်ခဲ့တဲ့ ရောင်စုံပန်းချီကားတစ်ချပ်က တော်တော်အရောင်တွေ စုံပြီး အဓိပ္ပာယ်အပြည့်နဲ့ပေါ့ . . .

ရတနာပုံမှာ ကျောင်းသားဟောင်းတစ်ဦး

ေရႊျဖစ္ေအာင္ႀကိဳးစားခဲ့ရေသာ ေက်ာင္းသားတစ္ဦး၏ ဖြင့္ဟသံ

ဒီေန႔တစ္ေန႕လံုး Third Year ရဲ႕ ပထမဆံုး Project ခ်ိန္ တက္လိုက္ရတယ္ . . .
ဘယ္လုိခံစားခ်က္လဲဆုိေတာ့ လြန္ခဲ့တဲ့ ၂ ႏွစ္က ႐ုတ္တရက္ GTC က MCC.i ကုိ ေျပာင္းလာလာျခင္း Assignment အလုပ္ခိုင္းခံရတဲ့ ခံစားမႈမ်ိဳး . . .
တစ္သက္လံုး Assignment ဆုိတာ Copy ဆုိင္က ၀ယ္ရတယ္လုိ႔ပဲ သိထားတဲ့အေတြးနဲ႔ ေက်ာင္းေရာက္စ First Year တံုးက Assignment ေတြ လုပ္ခိုင္းေတာ့ အားလံုးစုၿပီး လုပ္ၾကရင္း အိမ္ကုိ ည ၁ နာရီေက်ာ္မွ ျပန္ခဲ့ဖူးတယ္ . . .
Assignment ေတြၿပီး ျပန္ေတာ့ Global Exam ေတြ ေျဖရေတာ့ ေျဖခါနီး ႏွစ္ပတ္ေလာက္ တစ္ေန႔ကုိ ထမင္းစား၊ ေရခ်ိဳး၊ အိပ္ခ်ိန္ စုစုေပါင္း ၅ နာရီပဲ ႏုတ္ၿပီး တစ္ေန႔ (၁၉) နာရီ စာက်က္ဖူးပါတယ္ . . .
Second Year မွာ Project လုပ္ရေတာ့ မအိပ္ႏုိင္၊ မစားႏုိင္နဲ႕ Stress မ်ားၿပီး၊ စိတ္ဓာတ္ေတြက်ၿပီး ေဆး႐ံုေရာက္ဖူးတယ္ . . .
Project Presentation ေန႔ တစ္ပတ္အလုိမွာ Error ေတြ တက္ေနလုိ႔ Third Year က Senior ေတြရဲ႕ အႏွိမ္ခံၿပီး ခံုေအာက္က ငုတ္တုပ္ေလးထုိင္ၿပီး Coding ျပင္ခိုင္းဖူးပါတယ္ . . .
Presentation ေန႔မတိုင္မီ တေရးမွ မအိပ္ဘဲ ည (၃) နာရီေလာက္ ငုတ္တုပ္ မုိးလင္းဖူးပါတယ္ . . .
Presentation ေန႔မတုိင္မီ ညက Error ေတြ တက္ေနလုိ႔ ထူပူၿပီး မ်က္ရည္ စက္လက္နဲ႔ ေခါင္းမီးေတာက္ရင္း မနက္ (၅) နာရီထုိးေတာ့ ည၀တ္ ၀တ္စံုနဲ႔ မ်က္ႏွာမသစ္ဘဲ ေက်ာင္းေရွ႕မွာ သူေတာင္းစားလုိ ထုိင္မိႈင္ခဲ့ဖူးပါတယ္ . . .
Second Year Global Legend ဘာသာ NSC နဲ႔ Agile က်က္တုန္းက တစ္ေန႔ နာရီ (၂၀) ေလာက္ ႏွာေခါင္းေသြးလွ်ံေအာင္က်က္ေတာ့ ႐ူးေၾကာင္ေၾကာင္ ျဖစ္ခဲ့ဖူးပါတယ္ . . .
ဒီလုိျဖတ္ေက်ာ္ခဲ့တာ အမ်ားႀကီးပါ။ ဒီေနာက္ဆံုးႏွစ္ေလး ေအးေဆးပဲလုိ႔ထင္ခဲ့တာ မွားသြားတယ္ . . . ။
ျဖတ္ေက်ာ္ခဲ့တဲ့ (၂) ႏွစ္က Third Year နဲ႔ ယွဥ္လိုက္ေတာ့ Oh man, this is just the beginning ဆုိသလုိပဲ . . . .
႐ုတ္တရက္ ေက်ာကုန္းေလးလံလာသလုိ ထြက္ပဲေျပးခ်င္တာလုိ ခံစားမိပါတယ္. . .
ယံုၾကည္မႈမရွိေပမယ့္ ဒီတစ္ႏွစ္ေလးအတြက္ သိန္း (၆၀) နီးပါး ေပးထားရတဲ့ အေမ့ကုိ အားနာမိတယ္ . . . .။
First Year တုန္းက အတန္းထဲမွာ Intake တစ္ခုကုိ အမ်ားဆံုး (၅) ေယာက္ပဲ တက္ႏုိင္ေတာ့တယ္ . . .။
Ha Ha မနာလုိတဲ့ ဦးေႏွာက္မဲ့ လူတစ္ခ်ိဳ႕က ေျပာေသးတယ္ ပိုက္ဆံရွိတုိင္း ဘြဲ႕အလကား ေပးေနတဲ့ေက်ာင္းတဲ့ အဲဒါဆုိ တက္ၾကည့္ေလ England က NCC Education က လြယ္လြယ္နဲ႔ လႊတ္ေပးမယ္ထင္လား ဆုေတာင္းေလ . . .။

Phyo Kywe

ရွှေဖြစ်အောင်ကြိုးစားခဲ့ရသော ကျောင်းသားတစ်ဦး၏ ဖွင့်ဟသံ

ဒီနေ့တစ်နေ့လုံး Third Year ရဲ့ ပထမဆုံး Project ချိန် တက်လိုက်ရတယ် . . .
ဘယ်လိုခံစားချက်လဲဆိုတော့ လွန်ခဲ့တဲ့ ၂ နှစ်က ရုတ်တရက် GTC က MCC.i ကို ပြောင်းလာလာခြင်း Assignment အလုပ်ခိုင်းခံရတဲ့ ခံစားမှုမျိုး . . .
တစ်သက်လုံး Assignment ဆိုတာ Copy ဆိုင်က ၀ယ်ရတယ်လို့ပဲ သိထားတဲ့အတွေးနဲ့ ကျောင်းရောက်စ First Year တုံးက Assignment တွေ လုပ်ခိုင်းတော့ အားလုံးစုပြီး လုပ်ကြရင်း အိမ်ကို ည ၁ နာရီကျော်မှ ပြန်ခဲ့ဖူးတယ် . . .
Assignment တွေပြီး ပြန်တော့ Global Exam တွေ ဖြေရတော့ ဖြေခါနီး နှစ်ပတ်လောက် တစ်နေ့ကို ထမင်းစား၊ ရေချိုး၊ အိပ်ချိန် စုစုပေါင်း ၅ နာရီပဲ နုတ်ပြီး တစ်နေ့ (၁၉) နာရီ စာကျက်ဖူးပါတယ် . . .
Second Year မှာ Project လုပ်ရတော့ မအိပ်နိုင်၊ မစားနိုင်နဲ့ Stress များပြီး၊ စိတ်ဓာတ်တွေကျပြီး ဆေးရုံရောက်ဖူးတယ် . . .
Project Presentation နေ့ တစ်ပတ်အလိုမှာ Error တွေ တက်နေလို့ Third Year က Senior တွေရဲ့ အနှိမ်ခံပြီး ခုံအောက်က ငုတ်တုပ်လေးထိုင်ပြီး Coding ပြင်ခိုင်းဖူးပါတယ် . . .
Presentation နေ့မတိုင်မီ တရေးမှ မအိပ်ဘဲ ည (၃) နာရီလောက် ငုတ်တုပ် မိုးလင်းဖူးပါတယ် . . .
Presentation နေ့မတိုင်မီ ညက Error တွေ တက်နေလို့ ထူပူပြီး မျက်ရည် စက်လက်နဲ့ ခေါင်းမီးတောက်ရင်း မနက် (၅) နာရီထိုးတော့ ညဝတ် ၀တ်စုံနဲ့ မျက်နှာမသစ်ဘဲ ကျောင်းရှေ့မှာ သူတောင်းစားလို ထိုင်မှိုင်ခဲ့ဖူးပါတယ် . . .
Second Year Global Legend ဘာသာ NSC နဲ့ Agile ကျက်တုန်းက တစ်နေ့ နာရီ (၂၀) လောက် နှာခေါင်းသွေးလျှံအောင်ကျက်တော့ ရူးကြောင်ကြောင် ဖြစ်ခဲ့ဖူးပါတယ် . . .
ဒီလိုဖြတ်ကျော်ခဲ့တာ အများကြီးပါ။ ဒီနောက်ဆုံးနှစ်လေး အေးဆေးပဲလို့ထင်ခဲ့တာ မှားသွားတယ် . . . ။
ဖြတ်ကျော်ခဲ့တဲ့ (၂) နှစ်က Third Year နဲ့ ယှဉ်လိုက်တော့ Oh man, this is just the beginning ဆိုသလိုပဲ . . . .
ရုတ်တရက် ကျောကုန်းလေးလံလာသလို ထွက်ပဲပြေးချင်တာလို ခံစားမိပါတယ်. . .
ယုံကြည်မှုမရှိပေမယ့် ဒီတစ်နှစ်လေးအတွက် သိန်း (၆၀) နီးပါး ပေးထားရတဲ့ အမေ့ကို အားနာမိတယ် . . . .။
First Year တုန်းက အတန်းထဲမှာ Intake တစ်ခုကို အများဆုံး (၅) ယောက်ပဲ တက်နိုင်တော့တယ် . . .။
Ha Ha မနာလိုတဲ့ ဦးနှောက်မဲ့ လူတစ်ချို့က ပြောသေးတယ် ပိုက်ဆံရှိတိုင်း ဘွဲ့အလကား ပေးနေတဲ့ကျောင်းတဲ့ အဲဒါဆို တက်ကြည့်လေ England က NCC Education က လွယ်လွယ်နဲ့ လွှတ်ပေးမယ်ထင်လား ဆုတောင်းလေ . . .။

Phyo Kywe

FACEBOOK FAKES

အိုဟုိကလပ္သည္ ထိုင္းႏိုင္ငံမွာ ဝိတ္ခ်လိုသူမ်ားအတြက္ Facebook ေပၚမွတစ္ဆင့္ဓါတ္စာမ်ားေရာင္းခ် ျဖန္႔ျဖဴးေရာင္းခ်ေသာ Online  ျဖန္႔ျဖဴးေရးလုပ္ငန္းတစ္ခုျဖစ္ပါသည္။ မၾကာေသးမီက သတင္းေခါင္းစီးမ်ားတြင္ လစဥ္ဘတ္ တစ္သန္းခန္႔ဆံုးရႈံးရေၾကာင္း သတင္းမ်ားပါဝင္လာခဲ့သည္။ အေၾကာင္းအရင္းမွာ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာမ်ားေပၚတြင္ ကုမၸဏီ၏ စာမ်က္ႏွာအတုမ်ားဖန္တီးကာ ေငြလိမ္လည္မႈမ်ား ျပဳလုပ္ၾကသျဖင့္ အလိမ္ခံရသည့္ ေဖာက္သည္မ်ားကို ေလ်ာ္ေၾကး မ်ား ေပးေဆာင္ရေသာေၾကာင့္ ျဖစ္ေလသည္။
အိုဟို၏ ေဈးကြက္ေဖာ္ေဆာင္ေရး MD သာႏုကင္ဆီရီဒူးဇစ္ေဝါင္းကေျပာသည္မွာ “ကၽြန္ေတာ္တို႔ ေဖာက္သည္ေတြဟာ Oho ရဲ႕ တရားဝင္စာမ်က္ႏွာမ်ားႏွင့္ ေရာေရာင္စာမ်က္ႏွာအတုမ်ား အၾကားအတုအစစ္ခြဲရအလြန္ခက္ပါတယ္” သူကဆက္လက္ ေျပာၾကားခ်က္အရ “သူတို႔ရဲ႕ထုတ္ကုန္ေတြကို ဝယ္ယူလာၾကမဲ့ ေဖာက္သည္ေတြကို ဆြဲေဆာင္ျဖားေယာင္းဖို႔ ဒီျပစ္မႈက်ဴးလြန္သူေတြဟာ အစစ္နဲ႔တူတဲ့ Website (သို႔မဟုတ္) ေဖ့စ္ဘြတ္ခ္ေတြကို ဖန္းတီးၾကတယ္” ထိုင္းႏိုင္ငံရဲ႕ အီလက္ထရြန္းနစ္ ကူးသန္းေရာင္းဝယ္မႈ (e-commerce) ဟာ တစ္ႏိုင္ငံလံုးအတိုင္းအတာနဲ႔ က်ဆင္းေနတယ္။ ဒါဟာ ႏိုင္ငံစီးပြားေရး က်ဆင္းတာေၾကာင့္သာမက ယခုကဲ့သို႔ Online လိမ္လည္မႈမ်ားေၾကာင္းလည္းပါပါသည္။ အိုဟိုကလပ္သည္ သာဓကတစ္ခုျဖစ္ပါသည္။ အိုဟိုကလပ္သည္ လစဥ္ဘတ္သန္းတစ္ရာနီးပါး ေဖ့စ္ဘြတ္ခ္ေပၚမွ ဝင္ေငြမ်ားရေနေသာ ထိုင္းႏိုင္ငံ၏ နံပါတ္တစ္ဝင္ေငြ ဖန္တီးႏိုင္သည့္ ကုမၸဏီျဖစ္သည္ဟုဆိုပါသည္။ ကုမၸဏီသည္ ေဖာက္သည္တစ္သန္းခန္႔ရွိၿပီး ေဖ့စ္ဘြတ္ခ္ေၾကာ္ျငာအတြက္ လစဥ္ဘတ္၁၀သန္းခန္႔သံုးစြဲပါသည္။ ယင္း၏ အလွအပျပဳျပင္ေရးႏွင့္ ဝိတ္ခ် ကုန္ပစၥည္းႏွစ္မ်ိဳး မွ လစဥ္ (၅၀)ရာခုိင္းနဳန္းတိုးတက္လာသည္ဟု အိုဟိုက ဆိုပါသည္။
ထိုေဖ့စ္ဘြတ္ခ္ေပၚမွ အလိမ္စာမ်က္ႏွာေပၚတြင္ ကုမၸဏီ၏ တရားဝင္စာမ်က္ႏွာေပၚမွ ဘဏ္ေငြစာရင္းႏွင့္မတူ ကြဲျပားေသာ ဘဏ္ေငြစာရင္းအမွတ္ကို ေဖာက္သည္မ်ားအားေပးထားပါသည္။ “အခ်ိဳ႕ေဖာက္သည္မ်ားကို အိုဟို၏ေငြစာရင္းနံပါတ္ ေျပာင္းလဲထားေၾကာင္း ေငြလြဲလွ်င္ ေငြစာရင္းနံပါတ္အသစ္သို႔ လႊဲေျပာင္းပါရန္ အသိေပးထားေၾကာင္း ေျပာၾကားထား ေၾကာင္း”  သာႏုကင္ကေျပာသည္။ ဆက္လက္၍ ဒီလိုဟာက ျပစ္မႈက်ဴးလြန္သူေတြ အေနနဲ႔ လိမ္နည္းေပါင္းမ်ားစြာထဲက သံုးေလ့ရွိတဲ့လိမ္နည္းတစ္မ်ိဳးျဖစ္တယ္လို႔ ေျပာပါသည္။ တစ္ခ်ိဳ႕ အိုဟို အလိမ္စာမ်က္ႏွာမ်ားေပၚမွာ ပစၥည္းအသစ္ေတြေပၚမွာ အထူးစပါယ္ရွယ္ Discount ပါတယ္ ဆိုၿပီး တကယ္ စင္စစ္ သူတို႔မွာ ဘာေရာင္းစာရာမွ မရွိပါဘူး။
“ကၽြန္ေတာ္တို႔ရဲ႕ အမွန္တကယ္ ေရာင္းခ်ပစၥည္းေတြေပၚမွာ ဘာ Discount မွမရွိေၾကာင္းေၾကာ္ျငာထားပါတယ္၊ အဲဒီေၾကာ္ျငာ ထားတဲ့ အထူးေဈးႏႈန္းေတြဟာ တကယ္မဟုတ္ပါဘူး”
ျပစ္မႈက်ဴးလြန္သူေတြ သူတို႔ဒုကၡေပးရမဲ့သူေတြကို ရွာေနခ်ိန္မွာ အိုဟိုရဲ႕ စာမ်က္ႏွာေပၚမွာ မွတ္ခ်က္ေရးလာၾကတဲ့ က်ေနာ္တို႔ရဲ႕ေဖာက္သည္ျဖစ္လာမဲ့သူေတြကို မွတ္ခ်က္ေတြက ကၽြန္ေတာ္တို႔အတြက္ ကယ္ေပါက္ေလး တစ္ခုျဖစ္ပါလာတယ္။ (မွတ္ခ်က္မ်ားက ျပစ္မႈက်ဴးလြန္သူေတြကို ေဖာက္သည္ေတြဆီ တိုက္ရိုက္ဆက္သြယ္ႏိုင္ေစၿပီး ဒီစာမ်က္ႏွာဟာ တကယ္အစစ္လား စူးစမ္းဖို႔ ေဖာက္သည္ေတြဆီကို အၾကံဥာဏ္ေပးသလိုျဖစ္ပါတယ္။)
လိမ္လည္ခံရသူေတြကို ရဲကိုအေၾကာင္းၾကားဖို႔ အၾကံျပဳပါတယ္။ ဒါေပမဲ့ကံဆိုးတာ တစ္ခ်က္က တရားဝင္အေရးယူဖို႔ ဆံုးျဖတ္တဲ့ေဖာက္သည္မ်ားအေနနဲ႔ ဒီလိုတိုင္ၾကားဖို႔ လုပ္ထံုးလုပ္နည္းကို စိတ္ပ်က္ေစပါသည္။ ဘာေၾကာင့္လဲဆိုေတာ့ တရားဝင္ေျပာရမယ္ဆိုရင္ အေၾကာင္းအရာတစ္ခုက အလားတူဆယ္ႀကိမ္ထက္မနဲ တိုင္ၾကားသူရွိမွ အဲဒီကိစၥကို လိမ္လည္မႈ ရယ္လို႔ ယူဆတယ္။ ဥပေဒက်င့္ထံုးေတြက အခ်ိန္ေတြၾကာေစၿပီး ဒုကၡေရာက္ရသူမ်ားကို မိမိတို႔ကိုယ္တိုင္အတြက္ေျဖရွင္း တိုက္ပြဲဝင္ဖို႔ရာကို ေမွ်ာ္လင့္ခ်က္မဲ့ စိတ္ပ်က္ေစတယ္။
“အဲဒီလို လိမ္လည္ျခင္းခံရတဲ့ ေဖာက္သည္ေတြရဲ႕ ျပသနာကို အစကနဦး ေျဖရွင္းတဲ့အေနနဲ႔ ပစၥည္းေတြကို အစံုလိုက္ေပး လွဴျခင္းျဖင့္ အစားထိုးေပးခဲ့တယ္ က်ေနာ္တို႔ ဒီလိုမလုပ္ရင္ က်ေနာ္တို႔ေဖာက္သည္ေတြ အေပၚဘယ္တရားမလဲ၊ ဒါအျပင္ ေဖာက္သည္ေတြရဲ႕ (လိမ္လည္မႈအေပၚ)သတိေပးခ်က္ေတြကို ျဖစ္ႏိုင္သမွ်အမ်ားဆံုးစုေဆာင္း ဖို႔ႀကိဳးစားတယ္။ ဒါေပမဲ့ျပသနာက အဓိကအားျဖင့္နယ္ဖက္မွာေနတဲ့ ေဖာက္သည္ေတြက သူတို႔ရဲ႕ ေဒသအာဏာပိုင္ေတြဆီကို ဘယ္လိုခ်ဥ္းကပ္ရမယ္ဆိုတာ ေတာင္မသိၾကဘူး” လို႔ MD ကေျပာတယ္၊ ပ်မ္းမွ်အားျဖင့္ အိုဟိုရဲ႕ကုန္ပစၥည္းေတြကို ဝယ္ယူသူေတြရဲ႕ Bill ဟာ ဘတ္ ၁၀၀၀ ကေန ၄၀၀၀ ဖိုးေလာက္အထိဝယ္ၾကတယ္၊ ျပစ္မႈက်ဴးလြန္သူေတြက ေဖာက္သည္အသစ္ေတြ (သိုမဟုတ္) ဘတ္ ၄၀၀၀ ထက္မနဲဝယ္တဲ့ ဝယ္သူေတြအေပၚ ပစ္မွတ္ထားၾကသည္။
ေလးႏွစ္ခန္႔အလုပ္လုပ္ခဲ့ၿပီးမွ အိုဟိုကလပ္သည္ လြန္ခဲ့ေသာႏွစ္ ႏွစ္လည္ကမွစၿပီးမမွန္မကန္ လိမ္လည္ေတာင္းဆိုျခင္းမ်ား စတင္ၾကံဳေတြ႕ရပါသည္။
“ကုမၸဏီမွာ ဒီလိုျပသနာေတြဂရုစိုက္လုပ္ေဆာင္ဖို႔ အထူးလုပ္ငန္းအဖြဲ႕တစ္ဖြဲ႕ထားရွိၿပီးၿပီလို႔ သာႏုကင္ကေျပာပါတယ္။” အားလံုးေသာ လိမ္အညာစာမ်က္ႏွာအမည္ေတြကို စုေဆာင္းၿပီး က်ေနာ္တို႔ရဲ႕ေဖာက္သည္ေတြဆီကို နာမည္ပ်က္စာရင္း သြင္းၿပီး စာမ်က္ႏွာမ်ားအျဖစ္ ေပးပို႔ပါသည္။
ေနာက္ထပ္ ျပသနာမ်ားကိုရွင္းဖို႔ အိုဟိုသည္ သူတို႔ပစၥည္းမ်ားကိုအာမခံထားသည္။ ထို႔ေၾကာင္ အာမခံကုမၸဏီသည္ အလိမ္အညာစာမ်က္ႏွာပါ ပစၥည္းမ်ားေၾကာင့္ ေဖာက္သည္မ်ားအႏၱရာယ္က်ေသာေၾကာင္း ေသခ်ာေတြ႕ရလွ်င္ ကိစၥတစ္ခုခ်င္းအလိုက္ ဘတ္၁၀သန္းေပးပါလိမ့္မည္။
ေဖာက္သည္မ်ားဖက္ကလည္း မိမိတို႔ထံေပးလိုေသာ ေထာက္ပံ့ပို႔ေဆာင္ေရးစနစ္ႏွင့္ စာတိုက္စနစ္တို႔၏ ျဖန္႔ေဝပို႔ေဆာင္ေရး ေဆာင္ရြက္ပံုမွတစ္ဆင့္ ေျခရာခံႏိုင္ေတာ့မည္ျဖစ္သည္။ ကုမၸဏီသည္ ေဖာက္သည္မ်ား ကုန္ပစၥည္းမ်ားႏ်င့္ ပတ္သက္၍ ပိုမိုတိက်စြာ စစ္ေဆးႏိုင္ေစမည့္ GPS စနစ္သံုးေျခရာခံစနစ္သံုးေျခရာခံစနစ္ကို တည္ေဆာက္အသံုးျပဳမည့္ ေထာက္ပံ့ ပို႔ေဆာင္ေရးကုမၸဏီႏွင့္ အတူလက္တြဲလုပ္ကိုင္ေနၿပီျဖစ္ေပၚသည္။
ေဖာက္သည္မ်ားႏွင့္ဆက္ဆံမႈစီမံခန္႔ခြဲေရးစနစ္ (Customer Relationship Management System) ကဲ့သို႔အလုပ္လုပ္မည့္ စီမံခန္႔ခြဲေရး Software System တစ္ခုအတြက္ ရင္းႏွီးျမဳပ္ႏွံမႈ ျပဳလုပ္ၿပီးျဖစ္သည္။ “ဤအနာဂါတ္သည္ က်ေနာ္တို႔ကို ကိုယ့္ေဖာက္သည္မ်ားအေၾကာင္း ပိုမိုနားလည္ေစမည္၊ ဘယ္အခ်ိန္မွာ ဘယ္ဟာကိုလိုမည္၊ သို႔မွသာ က်ေနာ္တို႔က လိုတဲ့အခ်ိန္မွာ လိုတဲ့အရာကို ညိွႏႈိန္းေပးႏိုင္မည္” ဟု သာႏုကင္ကေျပာပါတယ္။
ေဖ့စ္ဘြတ္ခ္ကိုတြင္က်ယ္စြာသံုးလာၾကၿပီျဖစ္ေသာ က်ေနာ္တို႔ႏိုင္ငံအတြက္ e-commerce စနစ္ကို တစ္စတစ္စက်င့္သံုးလာ ေနေသာ က်ေနာ္တို႔အတြက္ သတိထားစရာ လိမ္လည္မႈမ်ိဳးကို တင္ျပလိုက္ရေလသည္။

ေလ့လာသူတစ္ဦး

FACEBOOK FAKES

အိုဟိုကလပ်သည် ထိုင်းနိုင်ငံမှာ ဝိတ်ချလိုသူများအတွက် Facebook ပေါ်မှတစ်ဆင့်ဓါတ်စာများရောင်းချ ဖြန့်ဖြူးရောင်းချသော Online  ဖြန့်ဖြူးရေးလုပ်ငန်းတစ်ခုဖြစ်ပါသည်။ မကြာသေးမီက သတင်းခေါင်းစီးများတွင် လစဉ်ဘတ် တစ်သန်းခန့်ဆုံးရှုံးရကြောင်း သတင်းများပါဝင်လာခဲ့သည်။ အကြောင်းအရင်းမှာ ဖေ့စ်ဘွတ်ခ် စာမျက်နှာများပေါ်တွင် ကုမ္ပဏီ၏ စာမျက်နှာအတုများဖန်တီးကာ ငွေလိမ်လည်မှုများ ပြုလုပ်ကြသဖြင့် အလိမ်ခံရသည့် ဖောက်သည်များကို လျော်ကြေး များ ပေးဆောင်ရသောကြောင့် ဖြစ်လေသည်။
အိုဟို၏ ဈေးကွက်ဖော်ဆောင်ရေး MD သာနုကင်ဆီရီဒူးဇစ်ဝေါင်းကပြောသည်မှာ “ကျွန်တော်တို့ ဖောက်သည်တွေဟာ Oho ရဲ့ တရားဝင်စာမျက်နှာများနှင့် ရောရောင်စာမျက်နှာအတုများ အကြားအတုအစစ်ခွဲရအလွန်ခက်ပါတယ်” သူကဆက်လက် ပြောကြားချက်အရ “သူတို့ရဲ့ထုတ်ကုန်တွေကို ဝယ်ယူလာကြမဲ့ ဖောက်သည်တွေကို ဆွဲဆောင်ဖြားယောင်းဖို့ ဒီပြစ်မှုကျူးလွန်သူတွေဟာ အစစ်နဲ့တူတဲ့ Website (သို့မဟုတ်) ဖေ့စ်ဘွတ်ခ်တွေကို ဖန်းတီးကြတယ်” ထိုင်းနိုင်ငံရဲ့ အီလက်ထရွန်းနစ် ကူးသန်းရောင်းဝယ်မှု (e-commerce) ဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျဆင်းနေတယ်။ ဒါဟာ နိုင်ငံစီးပွားရေး ကျဆင်းတာကြောင့်သာမက ယခုကဲ့သို့ Online လိမ်လည်မှုများကြောင်းလည်းပါပါသည်။ အိုဟိုကလပ်သည် သာဓကတစ်ခုဖြစ်ပါသည်။ အိုဟိုကလပ်သည် လစဉ်ဘတ်သန်းတစ်ရာနီးပါး ဖေ့စ်ဘွတ်ခ်ပေါ်မှ ဝင်ငွေများရနေသော ထိုင်းနိုင်ငံ၏ နံပါတ်တစ်ဝင်ငွေ ဖန်တီးနိုင်သည့် ကုမ္ပဏီဖြစ်သည်ဟုဆိုပါသည်။ ကုမ္ပဏီသည် ဖောက်သည်တစ်သန်းခန့်ရှိပြီး ဖေ့စ်ဘွတ်ခ်ကြော်ငြာအတွက် လစဉ်ဘတ်၁၀သန်းခန့်သုံးစွဲပါသည်။ ယင်း၏ အလှအပပြုပြင်ရေးနှင့် ဝိတ်ချ ကုန်ပစ္စည်းနှစ်မျိုး မှ လစဉ် (၅၀)ရာခိုင်းနုန်းတိုးတက်လာသည်ဟု အိုဟိုက ဆိုပါသည်။
ထိုဖေ့စ်ဘွတ်ခ်ပေါ်မှ အလိမ်စာမျက်နှာပေါ်တွင် ကုမ္ပဏီ၏ တရားဝင်စာမျက်နှာပေါ်မှ ဘဏ်ငွေစာရင်းနှင့်မတူ ကွဲပြားသော ဘဏ်ငွေစာရင်းအမှတ်ကို ဖောက်သည်များအားပေးထားပါသည်။ “အချို့ဖောက်သည်များကို အိုဟို၏ငွေစာရင်းနံပါတ် ပြောင်းလဲထားကြောင်း ငွေလွဲလျှင် ငွေစာရင်းနံပါတ်အသစ်သို့ လွှဲပြောင်းပါရန် အသိပေးထားကြောင်း ပြောကြားထား ကြောင်း”  သာနုကင်ကပြောသည်။ ဆက်လက်၍ ဒီလိုဟာက ပြစ်မှုကျူးလွန်သူတွေ အနေနဲ့ လိမ်နည်းပေါင်းများစွာထဲက သုံးလေ့ရှိတဲ့လိမ်နည်းတစ်မျိုးဖြစ်တယ်လို့ ပြောပါသည်။ တစ်ချို့ အိုဟို အလိမ်စာမျက်နှာများပေါ်မှာ ပစ္စည်းအသစ်တွေပေါ်မှာ အထူးစပါယ်ရှယ် Discount ပါတယ် ဆိုပြီး တကယ် စင်စစ် သူတို့မှာ ဘာရောင်းစာရာမှ မရှိပါဘူး။
“ကျွန်တော်တို့ရဲ့ အမှန်တကယ် ရောင်းချပစ္စည်းတွေပေါ်မှာ ဘာ Discount မှမရှိကြောင်းကြော်ငြာထားပါတယ်၊ အဲဒီကြော်ငြာ ထားတဲ့ အထူးဈေးနှုန်းတွေဟာ တကယ်မဟုတ်ပါဘူး”
ပြစ်မှုကျူးလွန်သူတွေ သူတို့ဒုက္ခပေးရမဲ့သူတွေကို ရှာနေချိန်မှာ အိုဟိုရဲ့ စာမျက်နှာပေါ်မှာ မှတ်ချက်ရေးလာကြတဲ့ ကျနော်တို့ရဲ့ဖောက်သည်ဖြစ်လာမဲ့သူတွေကို မှတ်ချက်တွေက ကျွန်တော်တို့အတွက် ကယ်ပေါက်လေး တစ်ခုဖြစ်ပါလာတယ်။ (မှတ်ချက်များက ပြစ်မှုကျူးလွန်သူတွေကို ဖောက်သည်တွေဆီ တိုက်ရိုက်ဆက်သွယ်နိုင်စေပြီး ဒီစာမျက်နှာဟာ တကယ်အစစ်လား စူးစမ်းဖို့ ဖောက်သည်တွေဆီကို အကြံဉာဏ်ပေးသလိုဖြစ်ပါတယ်။)
လိမ်လည်ခံရသူတွေကို ရဲကိုအကြောင်းကြားဖို့ အကြံပြုပါတယ်။ ဒါပေမဲ့ကံဆိုးတာ တစ်ချက်က တရားဝင်အရေးယူဖို့ ဆုံးဖြတ်တဲ့ဖောက်သည်များအနေနဲ့ ဒီလိုတိုင်ကြားဖို့ လုပ်ထုံးလုပ်နည်းကို စိတ်ပျက်စေပါသည်။ ဘာကြောင့်လဲဆိုတော့ တရားဝင်ပြောရမယ်ဆိုရင် အကြောင်းအရာတစ်ခုက အလားတူဆယ်ကြိမ်ထက်မနဲ တိုင်ကြားသူရှိမှ အဲဒီကိစ္စကို လိမ်လည်မှု ရယ်လို့ ယူဆတယ်။ ဥပဒေကျင့်ထုံးတွေက အချိန်တွေကြာစေပြီး ဒုက္ခရောက်ရသူများကို မိမိတို့ကိုယ်တိုင်အတွက်ဖြေရှင်း တိုက်ပွဲဝင်ဖို့ရာကို မျှော်လင့်ချက်မဲ့ စိတ်ပျက်စေတယ်။
“အဲဒီလို လိမ်လည်ခြင်းခံရတဲ့ ဖောက်သည်တွေရဲ့ ပြသနာကို အစကနဦး ဖြေရှင်းတဲ့အနေနဲ့ ပစ္စည်းတွေကို အစုံလိုက်ပေး လှူခြင်းဖြင့် အစားထိုးပေးခဲ့တယ် ကျနော်တို့ ဒီလိုမလုပ်ရင် ကျနော်တို့ဖောက်သည်တွေ အပေါ်ဘယ်တရားမလဲ၊ ဒါအပြင် ဖောက်သည်တွေရဲ့ (လိမ်လည်မှုအပေါ်)သတိပေးချက်တွေကို ဖြစ်နိုင်သမျှအများဆုံးစုဆောင်း ဖို့ကြိုးစားတယ်။ ဒါပေမဲ့ပြသနာက အဓိကအားဖြင့်နယ်ဖက်မှာနေတဲ့ ဖောက်သည်တွေက သူတို့ရဲ့ ဒေသအာဏာပိုင်တွေဆီကို ဘယ်လိုချဉ်းကပ်ရမယ်ဆိုတာ တောင်မသိကြဘူး” လို့ MD ကပြောတယ်၊ ပျမ်းမျှအားဖြင့် အိုဟိုရဲ့ကုန်ပစ္စည်းတွေကို ဝယ်ယူသူတွေရဲ့ Bill ဟာ ဘတ် ၁၀၀၀ ကနေ ၄၀၀၀ ဖိုးလောက်အထိဝယ်ကြတယ်၊ ပြစ်မှုကျူးလွန်သူတွေက ဖောက်သည်အသစ်တွေ (သိုမဟုတ်) ဘတ် ၄၀၀၀ ထက်မနဲဝယ်တဲ့ ဝယ်သူတွေအပေါ် ပစ်မှတ်ထားကြသည်။
လေးနှစ်ခန့်အလုပ်လုပ်ခဲ့ပြီးမှ အိုဟိုကလပ်သည် လွန်ခဲ့သောနှစ် နှစ်လည်ကမှစပြီးမမှန်မကန် လိမ်လည်တောင်းဆိုခြင်းများ စတင်ကြုံတွေ့ရပါသည်။
“ကုမ္ပဏီမှာ ဒီလိုပြသနာတွေဂရုစိုက်လုပ်ဆောင်ဖို့ အထူးလုပ်ငန်းအဖွဲ့တစ်ဖွဲ့ထားရှိပြီးပြီလို့ သာနုကင်ကပြောပါတယ်။” အားလုံးသော လိမ်အညာစာမျက်နှာအမည်တွေကို စုဆောင်းပြီး ကျနော်တို့ရဲ့ဖောက်သည်တွေဆီကို နာမည်ပျက်စာရင်း သွင်းပြီး စာမျက်နှာများအဖြစ် ပေးပို့ပါသည်။
နောက်ထပ် ပြသနာများကိုရှင်းဖို့ အိုဟိုသည် သူတို့ပစ္စည်းများကိုအာမခံထားသည်။ ထို့ကြောင် အာမခံကုမ္ပဏီသည် အလိမ်အညာစာမျက်နှာပါ ပစ္စည်းများကြောင့် ဖောက်သည်များအန္တရာယ်ကျသောကြောင်း သေချာတွေ့ရလျှင် ကိစ္စတစ်ခုချင်းအလိုက် ဘတ်၁၀သန်းပေးပါလိမ့်မည်။
ဖောက်သည်များဖက်ကလည်း မိမိတို့ထံပေးလိုသော ထောက်ပံ့ပို့ဆောင်ရေးစနစ်နှင့် စာတိုက်စနစ်တို့၏ ဖြန့်ဝေပို့ဆောင်ရေး ဆောင်ရွက်ပုံမှတစ်ဆင့် ခြေရာခံနိုင်တော့မည်ဖြစ်သည်။ ကုမ္ပဏီသည် ဖောက်သည်များ ကုန်ပစ္စည်းများနျင့် ပတ်သက်၍ ပိုမိုတိကျစွာ စစ်ဆေးနိုင်စေမည့် GPS စနစ်သုံးခြေရာခံစနစ်သုံးခြေရာခံစနစ်ကို တည်ဆောက်အသုံးပြုမည့် ထောက်ပံ့ ပို့ဆောင်ရေးကုမ္ပဏီနှင့် အတူလက်တွဲလုပ်ကိုင်နေပြီဖြစ်ပေါ်သည်။
ဖောက်သည်များနှင့်ဆက်ဆံမှုစီမံခန့်ခွဲရေးစနစ် (Customer Relationship Management System) ကဲ့သို့အလုပ်လုပ်မည့် စီမံခန့်ခွဲရေး Software System တစ်ခုအတွက် ရင်းနှီးမြုပ်နှံမှု ပြုလုပ်ပြီးဖြစ်သည်။ “ဤအနာဂါတ်သည် ကျနော်တို့ကို ကိုယ့်ဖောက်သည်များအကြောင်း ပိုမိုနားလည်စေမည်၊ ဘယ်အချိန်မှာ ဘယ်ဟာကိုလိုမည်၊ သို့မှသာ ကျနော်တို့က လိုတဲ့အချိန်မှာ လိုတဲ့အရာကို ညှိနှိုန်းပေးနိုင်မည်” ဟု သာနုကင်ကပြောပါတယ်။
ဖေ့စ်ဘွတ်ခ်ကိုတွင်ကျယ်စွာသုံးလာကြပြီဖြစ်သော ကျနော်တို့နိုင်ငံအတွက် e-commerce စနစ်ကို တစ်စတစ်စကျင့်သုံးလာ နေသော ကျနော်တို့အတွက် သတိထားစရာ လိမ်လည်မှုမျိုးကို တင်ပြလိုက်ရလေသည်။

လေ့လာသူတစ်ဦး


အသိအမွတ္ျပဳဖို႔ဆိုတာ အပိုင္း(၃)

ဒီတစ္ပတ္မွာေတာ့ အပိုင္း(၂)မွာေျပာထားတဲ့အတိုင္း မိမိတို႔စိတ္ၾကိဳက္ ေရြးခ်ယ္မႈရဲ႕ ေနာက္ဆက္တြဲ ျဖစ္တဲ့ လက္ေတြ႕အေကာင္အထည္ေဖာ္မႈအပိုင္းကို ဆက္လက္ေမာင္းႏွင္ၾကပါစို႔။
မိမိတို႔ေနထိုင္ရာ ပတ္၀န္းက်င္က အသိအမွတ္ျပဳမႈကို လူသားတုိင္း လိုခ်င္ၾကပါတယ္။ အခ်ုိဳ႕ေတြေျပာေလ့ရွိတဲ့ စကားကေတာ့ ပတ္၀န္းက်င္အသိ အမွတ္ျပဳဖို႔မလိုပါဘူး။ ကိုယ္ေကာင္းဖို႔ပဲလိုတယ္။ ကိုယ္ေတာ္ဖို႔ပဲလိုတယ္။ သိပ္မွန္တဲ့စကားေတြပါလို႔ စာေရးသူျမင္ပါတယ္။ သို႔ေသာ္ လူဆိုတာ ပတ္၀န္းက်င္နဲ႕ကင္းျပီး တစ္ဦးတည္းေနတဲ့ သတၲ၀ါမဟုတ္ေတာ့ ပတ္၀န္းက်င္ ကို မိမိဘက္က ဦးစြာေလးစားျပီး ေနထိုင္ရမွာ ျဖစ္ပါတယ္။ သို႔မွသာ ပတ္၀န္းက်င္ရဲ႕ေလးစားမႈကို ျပန္ရမွာျဖစ္ပါတယ္။ ပတ္၀န္းက်င္ကိုကင္းေအာင္ ေနထိုင္ရင္ ပတ္၀န္းက်င္က ဘာမွမျဖစ္ေပမယ့္ ပတ္၀န္းက်င္က မိမိကို အသိအမွတ္မျပဳပဲ ကင္းလာရင္ေတာ့ မိမိပဲထိခိုက္ခံစားရမွာျဖစ္ပါတယ္။
ဒီအခ်က္ကို ယေန႔ေခတ္လူငယ္ေတြ မ်ားစြာသတိမူမိေစလိုတာကေတာ့ စာေရးသူဆႏၵပါ။ လြန္စြာမွ အေရးၾကီးလွပါတယ္။ ယေန႕ေခတ္သည္ တုိုးတက္ ေနေသာနည္းပညာမ်ားကို အသံုးျပဳျပီး မိမိတို႔တစ္ဦး တည္းပိုင္ ပတ္၀န္းက်င္ကို ဖန္တီးရယူႏိုင္ေသာ အခ်ိန္ကာလျဖစ္ပါတယ္။ ဒီလုိမ်ိဳးဖန္တီးရယူျခင္းကို Virtual Life လုို႔ေခၚဆိုႏိုင္ပါတယ္။ အမွန္တစ္ကယ္မရွိေသာ အရာမ်ားကို ဖန္တီးရယူျခင္းပါ။ ဒီလုိဖန္တီးရင္းနဲ႔ မိမိတို႔လက္ေတြ႔ရွိေနတဲ့ ပတ္၀န္းက်င္ကို သတိမမူမိပဲ မိမိတို႔ရဲ့ ရည္မွန္းခ်က္ေတြ၊ ဦးတည္ခ်က္ေတြ၊ ပန္းတိုင္ေတြ ေပ်ာက္ဆံုးသြားႏိုင္ပါတယ္။ ဒီအခ်က္ကေတာ့ အရွိန္ျပင္းစြာေမာင္းႏွင္ေတာ့မည့္ ကားကို လမ္းေၾကာင္းေျပာင္းသြားေစေသာ အခ်က္ျဖစ္ပါတယ္။
အရွိန္ျပင္းစြာ ေျပာင္းလဲေနေသာေခတ္ထဲတြင္ မိမိတို႔ကို အသိအမွတ္ ျပဳမႈအတြက္ ၾကိဳးစားသူူတစ္ဦးအေနျဖင့္ လမ္းေၾကာင္း (Trend)  မေခ်ာ္ဖို႔ လြန္စြာမွ အေရးၾကီးလွပါတယ္။
ကားတစ္စီးေမာင္းႏွင္တယ္ဆိုတာ စက္တစ္ခုတည္းေကာင္းေနရံုျဖင့္ မျပီး ေသးပါ။ အစစအရာရာ ေကာင္းမြန္ဖို႔လိုပါတယ္။ မိမိရဲ့လိုရာပန္းတိုင္ေရာက္ဖို႕ ေမာင္းႏွင္ရန္လိုအပ္သလို သြားေနတဲ့လမ္းေၾကာင္းရဲ့ အတားအဆီးေတြကိုလည္း ေရွာင္ႏိုင္ဖို႔လိုပါတယ္။ ဒီအခ်က္ေတြကေတာ့ ယေန႔ေခတ္မွာ အမ်ားရဲ့အသိ အမွတ္ျပဳျခင္းအတြက္ ၾကိဳးစားေနသူမ်ား သတိမူရမယ့္အခ်က္ေတြျဖစ္ပါတယ္။ အသိအမွတ္ျပဳတယ္ဆိုတာ မိမိရဲ့ ယံုၾကည္ခ်က္ကို အခိုင္အမာခ်ထားျပီး မေလ်ာ့ေသာ ဇြဲ၊ လံု႔လ၊ ၀ီရိယရွိသူမ်ား ရရွိမည့္ ခံစားမႈတစ္ခုျဖစ္ပါတယ္။ မိမိတို႔ရဲ့ အမ်ားအက်ိဳးျပဳလုပ္ရပ္မ်ားအတြက္ ေကာင္းတာေတြ ရရွိျပီး အက်ဳိးမဲ့ လုပ္ရပ္မ်ားအတြက္လည္း ဆန္႔က်င္သည့္ အသိအမွတ္ျပဳျခင္းကို ခံစားရရွိမွာ ျဖစ္ပါတယ္။
ယေန႔ေခတ္ကာလတြင္ အသိအမွတ္ျပဳျခင္းက လြန္စြာမွ အေရးၾကီးလွပါ တယ္။ အသိအမွတ္ျပဳျခင္းအတြက္ ၾကိဳးစားေနသူမ်ား သတိမူရမည့္ ဒုတိယအခ်က္ကို ဆက္လက္တင္ျပပါ့မယ္။
အသိအမွတ္ျပဳျခင္းအတြက္ ၾကိဳးစားသူမ်ားအေနျဖင့္ မိမိတို႔လုပ္ရပ္ အတြက္ ခ်က္ခ်င္းလက္ငင္း ခံစားမူမရသည့္ အျဖစ္အပ်က္မ်ိဳး ႀကံဳေတြ႕ရတတ္ ပါတယ္။ တစ္ခါတစ္ရံ ေလွ်ာက္လွမ္းမူအတြက္ အခ်ိန္လိုပါတယ္။ ဒီအခ်ိန္မွာ လူအမ်ားစိတ္ယိုင္လဲတတ္ပါတယ္။ ခိုင္မာမူကို ခိုင္ျမဲစြာခ်ထားဖို႔ လိုပါတယ္။ ဒီေနရာမွာ စာေရးသူရဲ့အေတြ႕အၾကံဳေလးကို မွ်ေ၀ခ်င္ပါတယ္။
Microsoft Exam ေတြေျဖဆိုသည့္အခ်ိန္မွာ ဒီစာေမးပြဲေတြရဲ႕တန္ဖိုးကို အေလးထားမူမရွိေသာကာလကို ႀကံဳခဲ့ဘူးပါတယ္။ သို႔ေသာ္ မိမိရဲ့ယံုၾကည္ခ်က္ ကိုမေလ်ာ့ပဲ တစ္ဆင့္ခ်င္း ဆက္တိုက္ေျဖသင့္ေသာ စာေမးပြဲမ်ားကို ေျဖထား ရန္လိုပါတယ္။ စာေမးပြဲေျဖဆုိဖို႔ ဦးစြာဆည္းပူးမႈလုပ္ရပါတယ္။ ဆည္းပူးတယ္ ဆိုတာ စုေဆာင္းမွတ္သားျခင္းပါ။
ဘ၀ဆိုတာ အခ်ိန္ေတြနဲ႔ဖြဲစည္းထားတဲ့အတြက္ အခ်ိန္တိုင္းမွာ ဆည္းပူး ေနရပါတယ္။ ဆည္းပူးတဲ့ေနရာမွာ လမ္းညႊန္မႈ (Instruction)၊ သင္ၾကားမႈ (Teaching)၊ ေလ့က်င့္မႈ (Training) လုပ္ရပ္ေတြကို သူ႔ေနရာသူ စနစ္က် စြာလုပ္ေဆာင္ရပါမယ္။ မိမိအတြက္စစ္မွန္တဲ့ လမ္းညႊန္မႈကိုရယူျပီး နည္းစနစ္ မွန္ကန္စြာ သင္ၾကားမႈ ခံယူရမွာျဖစ္ပါတယ္။ သို႔မွသာ မွန္ကန္ေသာ လမ္းညႊန္မႈ အတြက္ ေလ့က်င့္မႈေတြရယူႏိုင္မွာျဖစ္ပါတယ္။
Microsoft Exam rS MCP (Microsoft Certified Professional) ျဖစ္ရန္ ဦးစြာ မိမိေျဖဆိုမည့္ဘာသာရပ္ကို ေရြးခ်ယ္ရပါမယ္။ စာေမးပြဲအတြက္ ျပင္ဆင္မႈတစ္ခုတည္းျပဳလုပ္ျခင္းထက္ ဘာသာရပ္အေပၚ နားလည္ႏုိင္ရန္ ဦးစြာေလ့လာရပါတယ္။ Microsoft Exam အတြက္ သင္ၾကားသည့္ရက္မွာ အမ်ားအားျဖင့္ (၅)ရက္ျဖစ္ပါတယ္။ (၅)ရက္တည္းျဖင့္ ဘာသာရပ္တစ္ခုလံုး ၿခံဳၿငံဳမိဖို႔ သင္ၾကားသူ Microsoft Certified Trainer ဘက္မွ တာ၀န္ယူ သင္ၾကားေပးရပါ့မယ္။ သင္တန္းမတက္မီ အရင္ သင္ၾကား မည့္သူဘက္က ဖတ္ထားသင့္တဲ့စာမ်ားကို ေရွးဦးစြာ ေလ့လာထားရဖို႔လိုပါ တယ္။ Microsoft ဘာသာရပ္အတြက္ Skill pipe မွ ဘာသာရပ္အလုိက္ ဖတ္သင့္သည့္ စာအုပ္မ်ားကို ၀ယ္ယူႏိုင္ပါတယ္။ လက္ေတြ႕ ေလ့က်င့္ခန္းမ်ား အတြက္ သင္ခန္းစာမ်ားကို Microsoft Certified Trainer (MCT) နဲ႔ တပါတည္း လုပ္ေဆာင္ရမွာျဖစ္ပါတယ္။ သင္ၾကားေပးမည့္သူနဲ႔ သင္ၾကားမည့္ သူေတြ အျပန္အလွန္ လိုက္နာရမည့္ စနစ္မ်ားကို လိုက္နာရမွာျဖစ္ပါတယ္။

အရွိန္ျပင္းစြာ ေရြ႕လ်ားေနေသာေခတ္ၾကီးတြင္ စီးေမ်ာေနရေသာသူမ်ား အတြက္ အခ်ိန္ႏွင့္ အမွ်ေျပာင္းလဲေနေသာ နည္းပညာအသစ္မ်ား ႀကံဳေတြ႔ရမည္ မွာမလြဲပါ။ သို႔ေသာ္ ၁၉၉၄ ခုႏွစ္တြင္ ဘာလင္ရွိ တကၠသိုလ္ေက်ာင္းအုပ္ၾကီး Dieter Lenzen က ပညာေရးသည္ လြန္ခဲ့ေသာႏွစ္ေပါင္းမ်ားစြာက စတင္ခဲ့ ျပီး ၁၇၇၀ ျပည့္ႏွစ္တြင္ ျပီးဆံုးသြားခဲ့သည္ဟုေျပာခဲ့သည္။ ဆရာၾကီး၏ဆိုလို ခ်က္မွာ ပညာေရးဆိုသည္ သိပံၸပညာရပ္တစ္ခုျဖစ္ျပီး ယခင္ရွိျပီးသား သတ္မွတ္ခ်က္မ်ားထက္ ေနာက္ထပ္မခ်ဲ႕ကားႏိုင္ဆုိသည့္ သေဘာပင္ျဖစ္သည္။ ေနာက္႐ႈေထာင့္တစ္ခုအရဆုိလွ်င္ ပညာရပ္ ေပါင္းစည္းမႈကို ၿခံဳၿငံဳမိသူအတြက္ အသစ္သည္ အေဟာင္း၏အားနည္းခ်က္ကုိ ျဖည့္ဆည္းထားျခင္းသာျဖစ္သည္ ဆိုတာကို ေလ့လာသူမ်ားခံစားရမည္ဟု ထင္ျမင္မိပါသည္။ Computer အေခၚအရ Version ျမႇင့္တယ္ကို ဆိုလိုျခင္း ျဖစ္ပါတယ္။
ယေန႔ေခတ္တြင္ Version ျမႇင့္ဖို႔လိုအပ္ပါတယ္။ အသိအမွတ္ျပဳ လက္မွတ္မ်ား ကိုင္ေဆာင္ထားသူမ်ား အေနျဖင့္ လိုအပ္ပါက လက္မွတ္မ်ားကို ျမႇင့္တင္ေပးရပါတယ္။ အသိအမွတ္ျပဳလက္မွတ္မ်ားကို Version ျမႇင့္ဖို႔ အတြက္ အစဥ္အၿမဲလိုအပ္ေနသည္လို႕ေတာ့ မယူဆသင့္ပါ။ လုပ္ငန္း၏ လိုအပ္ခ်က္ေပၚမူတည္ပါတယ္။ ဒီေနရာမွာ လူအမ်ားရဲ့နားလည္မႈလြဲမွား ေစေသာအခ်က္ကို သတိမူေစလုိပါတယ္။ အသိအမွတ္ျပဳ လက္မွတ္ေတြအတြက္ Expire ျဖစ္တယ္ဆုိတဲ့အခ်က္ပါ။ နည္းပညာေခတ္သည္ ရပ္တန္႔ျခင္းမရွိပဲ ေရြ႕လ်ားေနသည္ကို သတိမူသင့္ပါတယ္။ ဒီလိုအခ်ိန္မွာ ေျဖဆိုထားေသာ အသိအမွတ္ျပဳလက္မွတ္ကို ပယ္ဖ်က္သည္ကုိ ဆိုလိုျခင္းမဟုတ္ပါ။ လိုအပ္ ပါက အသစ္ထြက္ရွိေသာ နည္းပညာအတြက္ ျဖည့္ဆည္းဖို႔သာ လိုပါတယ္။
အခ်ဳပ္အားျဖင့္ ဒီတစ္ပတ္မွာေတာ့ အရွိန္ျပင္းစြာေမာင္းေနေသာ ကားတစီးကို ဟန္႔တားေစမည့္ အေၾကာင္းအရာမ်ားကို ေလ့လာထားရမည္ျဖစ္ျပီး မိမိရဲ့ေမာင္းႏွင္ေနေသာအရွိန္ထိန္းရင္း အရွိန္မေလ်ာ့ရန္ ဆက္လက္ၾကိဳးစားရမွာ ျဖစ္ပါတယ္။

ဆရာဇာနည္ (MCC)

အသိအမှတ်ပြုဖို့ဆိုတာ အပိုင်း(၃)

ဒီတစ်ပတ်မှာတော့ အပိုင်း(၂)မှာပြောထားတဲ့အတိုင်း မိမိတို့စိတ်ကြိုက် ရွေးချယ်မှုရဲ့ နောက်ဆက်တွဲ ဖြစ်တဲ့ လက်တွေ့အကောင်အထည်ဖော်မှုအပိုင်းကို ဆက်လက်မောင်းနှင်ကြပါစို့။
မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်က အသိအမှတ်ပြုမှုကို လူသားတိုင်း လိုချင်ကြပါတယ်။ အချိုု့တွေပြောလေ့ရှိတဲ့ စကားကတော့ ပတ်ဝန်းကျင်အသိ အမှတ်ပြုဖို့မလိုပါဘူး။ ကိုယ်ကောင်းဖို့ပဲလိုတယ်။ ကိုယ်တော်ဖို့ပဲလိုတယ်။ သိပ်မှန်တဲ့စကားတွေပါလို့ စာရေးသူမြင်ပါတယ်။ သို့သော် လူဆိုတာ ပတ်ဝန်းကျင်နဲ့ကင်းပြီး တစ်ဦးတည်းနေတဲ့ သတ္တဝါမဟုတ်တော့ ပတ်ဝန်းကျင် ကို မိမိဘက်က ဦးစွာလေးစားပြီး နေထိုင်ရမှာ ဖြစ်ပါတယ်။ သို့မှသာ ပတ်ဝန်းကျင်ရဲ့လေးစားမှုကို ပြန်ရမှာဖြစ်ပါတယ်။ ပတ်ဝန်းကျင်ကိုကင်းအောင် နေထိုင်ရင် ပတ်ဝန်းကျင်က ဘာမှမဖြစ်ပေမယ့် ပတ်ဝန်းကျင်က မိမိကို အသိအမှတ်မပြုပဲ ကင်းလာရင်တော့ မိမိပဲထိခိုက်ခံစားရမှာဖြစ်ပါတယ်။
ဒီအချက်ကို ယနေ့ခေတ်လူငယ်တွေ များစွာသတိမူမိစေလိုတာကတော့ စာရေးသူဆန္ဒပါ။ လွန်စွာမှ အရေးကြီးလှပါတယ်။ ယနေ့ခေတ်သည် တိုုးတက် နေသောနည်းပညာများကို အသုံးပြုပြီး မိမိတို့တစ်ဦး တည်းပိုင် ပတ်ဝန်းကျင်ကို ဖန်တီးရယူနိုင်သော အချိန်ကာလဖြစ်ပါတယ်။ ဒီလိုမျိုးဖန်တီးရယူခြင်းကို Virtual Life လိုု့ခေါ်ဆိုနိုင်ပါတယ်။ အမှန်တစ်ကယ်မရှိသော အရာများကို ဖန်တီးရယူခြင်းပါ။ ဒီလိုဖန်တီးရင်းနဲ့ မိမိတို့လက်တွေ့ရှိနေတဲ့ ပတ်ဝန်းကျင်ကို သတိမမူမိပဲ မိမိတို့ရဲ့ ရည်မှန်းချက်တွေ၊ ဦးတည်ချက်တွေ၊ ပန်းတိုင်တွေ ပျောက်ဆုံးသွားနိုင်ပါတယ်။ ဒီအချက်ကတော့ အရှိန်ပြင်းစွာမောင်းနှင်တော့မည့် ကားကို လမ်းကြောင်းပြောင်းသွားစေသော အချက်ဖြစ်ပါတယ်။
အရှိန်ပြင်းစွာ ပြောင်းလဲနေသောခေတ်ထဲတွင် မိမိတို့ကို အသိအမှတ် ပြုမှုအတွက် ကြိုးစားသူူတစ်ဦးအနေဖြင့် လမ်းကြောင်း (Trend)  မချော်ဖို့ လွန်စွာမှ အရေးကြီးလှပါတယ်။
ကားတစ်စီးမောင်းနှင်တယ်ဆိုတာ စက်တစ်ခုတည်းကောင်းနေရုံဖြင့် မပြီး သေးပါ။ အစစအရာရာ ကောင်းမွန်ဖို့လိုပါတယ်။ မိမိရဲ့လိုရာပန်းတိုင်ရောက်ဖို့ မောင်းနှင်ရန်လိုအပ်သလို သွားနေတဲ့လမ်းကြောင်းရဲ့ အတားအဆီးတွေကိုလည်း ရှောင်နိုင်ဖို့လိုပါတယ်။ ဒီအချက်တွေကတော့ ယနေ့ခေတ်မှာ အများရဲ့အသိ အမှတ်ပြုခြင်းအတွက် ကြိုးစားနေသူများ သတိမူရမယ့်အချက်တွေဖြစ်ပါတယ်။ အသိအမှတ်ပြုတယ်ဆိုတာ မိမိရဲ့ ယုံကြည်ချက်ကို အခိုင်အမာချထားပြီး မလျော့သော ဇွဲ၊ လုံ့လ၊ ၀ီရိယရှိသူများ ရရှိမည့် ခံစားမှုတစ်ခုဖြစ်ပါတယ်။ မိမိတို့ရဲ့ အများအကျိုးပြုလုပ်ရပ်များအတွက် ကောင်းတာတွေ ရရှိပြီး အကျိုးမဲ့ လုပ်ရပ်များအတွက်လည်း ဆန့်ကျင်သည့် အသိအမှတ်ပြုခြင်းကို ခံစားရရှိမှာ ဖြစ်ပါတယ်။
ယနေ့ခေတ်ကာလတွင် အသိအမှတ်ပြုခြင်းက လွန်စွာမှ အရေးကြီးလှပါ တယ်။ အသိအမှတ်ပြုခြင်းအတွက် ကြိုးစားနေသူများ သတိမူရမည့် ဒုတိယအချက်ကို ဆက်လက်တင်ပြပါ့မယ်။
အသိအမှတ်ပြုခြင်းအတွက် ကြိုးစားသူများအနေဖြင့် မိမိတို့လုပ်ရပ် အတွက် ချက်ချင်းလက်ငင်း ခံစားမူမရသည့် အဖြစ်အပျက်မျိုး ကြုံတွေ့ရတတ် ပါတယ်။ တစ်ခါတစ်ရံ လျှောက်လှမ်းမူအတွက် အချိန်လိုပါတယ်။ ဒီအချိန်မှာ လူအများစိတ်ယိုင်လဲတတ်ပါတယ်။ ခိုင်မာမူကို ခိုင်မြဲစွာချထားဖို့ လိုပါတယ်။ ဒီနေရာမှာ စာရေးသူရဲ့အတွေ့အကြံုလေးကို မျှဝေချင်ပါတယ်။
Microsoft Exam တွေဖြေဆိုသည့်အချိန်မှာ ဒီစာမေးပွဲတွေရဲ့တန်ဖိုးကို အလေးထားမူမရှိသောကာလကို ကြံုခဲ့ဘူးပါတယ်။ သို့သော် မိမိရဲ့ယုံကြည်ချက် ကိုမလျော့ပဲ တစ်ဆင့်ချင်း ဆက်တိုက်ဖြေသင့်သော စာမေးပွဲများကို ဖြေထား ရန်လိုပါတယ်။ စာမေးပွဲဖြေဆိုဖို့ ဦးစွာဆည်းပူးမှုလုပ်ရပါတယ်။ ဆည်းပူးတယ် ဆိုတာ စုဆောင်းမှတ်သားခြင်းပါ။
ဘဝဆိုတာ အချိန်တွေနဲ့ဖွဲစည်းထားတဲ့အတွက် အချိန်တိုင်းမှာ ဆည်းပူး နေရပါတယ်။ ဆည်းပူးတဲ့နေရာမှာ လမ်းညွှန်မှု (Instruction)၊ သင်ကြားမှု (Teaching)၊ လေ့ကျင့်မှု (Training) လုပ်ရပ်တွေကို သူ့နေရာသူ စနစ်ကျ စွာလုပ်ဆောင်ရပါမယ်။ မိမိအတွက်စစ်မှန်တဲ့ လမ်းညွှန်မှုကိုရယူပြီး နည်းစနစ် မှန်ကန်စွာ သင်ကြားမှု ခံယူရမှာဖြစ်ပါတယ်။ သို့မှသာ မှန်ကန်သော လမ်းညွှန်မှု အတွက် လေ့ကျင့်မှုတွေရယူနိုင်မှာဖြစ်ပါတယ်။
Microsoft Exam rS MCP (Microsoft Certified Professional) ဖြစ်ရန် ဦးစွာ မိမိဖြေဆိုမည့်ဘာသာရပ်ကို ရွေးချယ်ရပါမယ်။ စာမေးပွဲအတွက် ပြင်ဆင်မှုတစ်ခုတည်းပြုလုပ်ခြင်းထက် ဘာသာရပ်အပေါ် နားလည်နိုင်ရန် ဦးစွာလေ့လာရပါတယ်။ Microsoft Exam အတွက် သင်ကြားသည့်ရက်မှာ အများအားဖြင့် (၅)ရက်ဖြစ်ပါတယ်။ (၅)ရက်တည်းဖြင့် ဘာသာရပ်တစ်ခုလုံး ခြံုငြံုမိဖို့ သင်ကြားသူ Microsoft Certified Trainer ဘက်မှ တာဝန်ယူ သင်ကြားပေးရပါ့မယ်။ သင်တန်းမတက်မီ အရင် သင်ကြား မည့်သူဘက်က ဖတ်ထားသင့်တဲ့စာများကို ရှေးဦးစွာ လေ့လာထားရဖို့လိုပါ တယ်။ Microsoft ဘာသာရပ်အတွက် Skill pipe မှ ဘာသာရပ်အလိုက် ဖတ်သင့်သည့် စာအုပ်များကို ၀ယ်ယူနိုင်ပါတယ်။ လက်တွေ့ လေ့ကျင့်ခန်းများ အတွက် သင်ခန်းစာများကို Microsoft Certified Trainer (MCT) နဲ့ တပါတည်း လုပ်ဆောင်ရမှာဖြစ်ပါတယ်။ သင်ကြားပေးမည့်သူနဲ့ သင်ကြားမည့် သူတွေ အပြန်အလှန် လိုက်နာရမည့် စနစ်များကို လိုက်နာရမှာဖြစ်ပါတယ်။

အရှိန်ပြင်းစွာ ရွေ့လျားနေသောခေတ်ကြီးတွင် စီးမျောနေရသောသူများ အတွက် အချိန်နှင့် အမျှပြောင်းလဲနေသော နည်းပညာအသစ်များ ကြံုတွေ့ရမည် မှာမလွဲပါ။ သို့သော် ၁၉၉၄ ခုနှစ်တွင် ဘာလင်ရှိ တက္ကသိုလ်ကျောင်းအုပ်ကြီး Dieter Lenzen က ပညာရေးသည် လွန်ခဲ့သောနှစ်ပေါင်းများစွာက စတင်ခဲ့ ပြီး ၁၇၇၀ ပြည့်နှစ်တွင် ပြီးဆုံးသွားခဲ့သည်ဟုပြောခဲ့သည်။ ဆရာကြီး၏ဆိုလို ချက်မှာ ပညာရေးဆိုသည် သိပ္ပံပညာရပ်တစ်ခုဖြစ်ပြီး ယခင်ရှိပြီးသား သတ်မှတ်ချက်များထက် နောက်ထပ်မချဲ့ကားနိုင်ဆိုသည့် သဘောပင်ဖြစ်သည်။ နောက်ရှုထောင့်တစ်ခုအရဆိုလျှင် ပညာရပ် ပေါင်းစည်းမှုကို ခြံုငြံုမိသူအတွက် အသစ်သည် အဟောင်း၏အားနည်းချက်ကို ဖြည့်ဆည်းထားခြင်းသာဖြစ်သည် ဆိုတာကို လေ့လာသူများခံစားရမည်ဟု ထင်မြင်မိပါသည်။ Computer အခေါ်အရ Version မြှင့်တယ်ကို ဆိုလိုခြင်း ဖြစ်ပါတယ်။
ယနေ့ခေတ်တွင် Version မြှင့်ဖို့လိုအပ်ပါတယ်။ အသိအမှတ်ပြု လက်မှတ်များ ကိုင်ဆောင်ထားသူများ အနေဖြင့် လိုအပ်ပါက လက်မှတ်များကို မြှင့်တင်ပေးရပါတယ်။ အသိအမှတ်ပြုလက်မှတ်များကို Version မြှင့်ဖို့ အတွက် အစဉ်အမြဲလိုအပ်နေသည်လို့တော့ မယူဆသင့်ပါ။ လုပ်ငန်း၏ လိုအပ်ချက်ပေါ်မူတည်ပါတယ်။ ဒီနေရာမှာ လူအများရဲ့နားလည်မှုလွဲမှား စေသောအချက်ကို သတိမူစေလိုပါတယ်။ အသိအမှတ်ပြု လက်မှတ်တွေအတွက် Expire ဖြစ်တယ်ဆိုတဲ့အချက်ပါ။ နည်းပညာခေတ်သည် ရပ်တန့်ခြင်းမရှိပဲ ရွေ့လျားနေသည်ကို သတိမူသင့်ပါတယ်။ ဒီလိုအချိန်မှာ ဖြေဆိုထားသော အသိအမှတ်ပြုလက်မှတ်ကို ပယ်ဖျက်သည်ကို ဆိုလိုခြင်းမဟုတ်ပါ။ လိုအပ် ပါက အသစ်ထွက်ရှိသော နည်းပညာအတွက် ဖြည့်ဆည်းဖို့သာ လိုပါတယ်။
အချုပ်အားဖြင့် ဒီတစ်ပတ်မှာတော့ အရှိန်ပြင်းစွာမောင်းနေသော ကားတစီးကို ဟန့်တားစေမည့် အကြောင်းအရာများကို လေ့လာထားရမည်ဖြစ်ပြီး မိမိရဲ့မောင်းနှင်နေသောအရှိန်ထိန်းရင်း အရှိန်မလျော့ရန် ဆက်လက်ကြိုးစားရမှာ ဖြစ်ပါတယ်။

ဆရာဇာနည် (MCC)


BIT နဲ႕အတူ AiKido Black Belt ယူ

(၂၀၀၉) ခုႏွစ္ကစၿပီး ျမန္မာႏုိင္ငံ၏ ပထမဦးဆံုး Private Higher Institute တစ္ခုအျဖစ္ စတင္ခဲ့ေသာ MCC Training Institute (MCC Institute) သည္ ျမန္မာႏုိင္ငံတစ္၀ွမ္းမွ ေက်ာင္းသားလူငယ္မ်ားအား ႏုိင္ငံတကာအဆင့္ ပညာရပ္မ်ားျဖစ္ ေသာ IT ၊ စီးပြားေရးႏွင့္ အင္ဂ်င္နီယာ ပညာရပ္မ်ားအား ႏုိင္ငံတကာ တကၠသုိလ္ ႀကီးမ်ား၊ ပညာေရး အဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းၿပီး စနစ္တက် ျပဳစုပ်ိဳးေထာင္ေပးသကဲ့သုိ႔ အဓိက ပညာရပ္သင္ယူမႈမ်ားတြင္ သာမက ဘက္စံုထူးခြၽန္ေသာ လူေကာင္းလူေတာ္မ်ား ျဖစ္လာေစရန္ အဘက္ဘက္မွ ေဆာင္ရြက္ေပးလ်က္ ရွိပါသည္။ အထူးသျဖင့္ IT ေမဂ်ာအထူးျပဳ B.Sc (Hons) Business IT ႏုိင္ငံတကာ အသိအမွတ္ျပဳ ကြန္ပ်ဴတာ သိပၸံဘြဲ႕သင္တန္းတြင္ ပင္မ Academic ဘာသာရပ္မ်ားအျပင္ English Proficiency သင္ၾကားေပးမႈ အစီအစဥ္မ်ား၊ On the Job Training  (လက္ေတြ႕လုပ္ငန္းခြင္ ေလ့လာ ေဆာင္ရြက္မႈ အစီအစဥ္မ်ား၊ Microsoft Corporation ကဲ့သုိ႔ ႏုိင္ငံတကာ IT ကုမၸဏီႀကီးမ်ား၏ ကြၽမ္းက်င္မႈလက္မွတ္ Skill Certification သင္ၾကားမႈ အစီအစဥ္မ်ားအျပင္ Extra Curriculum Activities ဟု ေခၚဆုိႏုိင္ေသာ ေက်ာင္းသင္ခန္းစာျပင္ပ လႈပ္ရွားမႈမ်ားျဖစ္သည့္ စာေပ၊ ဂီတ၊ အားကစားႏွင့္ လူမႈေရး အက်ိဳးျပဳေသာ လုပ္ငန္းမ်ားကုိလည္း သတ္မွတ္ထားေသာ အခ်ိန္ဇယားမ်ားအတိုင္း MCC.i Campus အလိုက္ ေဆာင္ရြက္ျပဳလုပ္ေပးလ်က္ ရွိပါသည္။ အားကစား လႈပ္ရွားမႈမ်ားအေနျဖင့္ ေက်ာင္းသား/သူမ်ား စုေပါင္း လမ္းေလွ်ာက္ျခင္း၊ ေအ႐ိုးပစ္ကခုန္ျခင္း၊ ၾကက္ေတာင္႐ိုက္ျခင္း၊ ပင္ေပါင္ကစားျခင္း၊ Fusal ႏွင့္ ဖိတ္ေခၚ ေဘာလံုးပြဲမ်ားကုိလည္း ဆက္စဥ္မျပတ္ ျပဳလုပ္က်င္းပေပးလ်က္ ရွိပါသည္။
ကၽြန္ေတာ္ နာမည္ က ဇင္လိႈင္းထြန္းျဖစ္ပါတယ္၊ ေဖေဖ က ဦးထြန္းပို ေမေမက ေဒၚစိန္စိန္ျမင့္ ျဖစ္ျပီး ကခ်င္ျပည္နယ္ မိုးညွင္းျမို႕ ေပ်ာ္ဘြယ္ရပ္မွာ ေနထိုင္ၾကပါတယ္။ တကၠသိလ္ဝင္တန္း ေအာင္ျမင္ခဲ့သည့္ခုႏွစ္နဲ႕ MCC မွာ BIT ေရြးခ်ယ္တက္ေရာက္ျဖစ္ခဲ့ ၂၀၀၉ ခုႏွစ္ မွာ အ.ထ.က (၁) မိုးညွင္း မွ ကၽြန္ေတာ္ တကၠသိုလ္ဝင္တန္း ေအာင္ျမင္ခဲ့ပါတယ္။ ဘဝတစ္ဆစ္ခ်ိဳးလို႕ ေခၚၾကတဲ့ တကၠသိုလ္ဝင္တန္း ေအာင္ျမင္ျပီး ဘာတက္ရမလဲ ျဖစ္ေန ေရြးရခက္ေနတဲ့ အခ်ိန္ ဂ်ာနယ္တစ္ခု မွာ MCC.i ရဲ႕BIT သင္တန္းေၾကာ္ျငာကို ေတြ႕ ျပီး စ စိတ္ဝင္စား တာနဲ႕ စံုစမ္း ခဲ့ပါတယ္။ ငယ္ငယ္ကတည္းက Computer ကို စိတ္ဝင္စားခဲ့ လို႕ ဆံုးျဖတ္ျပီး ၂၀၀၉ ခုႏွစ္ ဒီဇင္ဘာလ ၂၁ ရက္ေန႕ Yangon Campus ပထမဆံုး စဖြင့္တဲ့ Section 1 မွာ တက္ေရာက္ျဖစ္ခဲ့ပါတယ္။
ေက်ာင္းတက္ခဲ့ရတဲ့ အေတြ႕ အၾကံဳ ဆိုရင္ေတာ့ အမွတ္တရေတြ မ်ားၾကီးပါ။ ၃ႏွစ္တာကာလမွာ ျဖတ္သန္းရတာ က Assignment ေတြ Project ေတြနဲ႕ လံုးပန္းရတဲ့ အမွတ္တရေတြ ေပါ့။ ပထမႏွစ္ (IDCS/ Level 4) ပထမႏွစ္ဝက္ မွာ သူငယ္ခ်ငး္အသစ္ေတြနဲ႕ စခင္မင္ရတဲ့ အခ်ိန္ ျဖစ္ေပမယ့္ တစ္ဦးနဲ႕တစ္ဦး မိတ္ဆက္ခင္မင္ရတယ္ ဘဝရဲ႕ ေမ့မရတဲ့အမွတ္ရစရာ first day of University Life ပါ။ ဒုတိယႏွစ္ဝက္ စတက္ ၾကတဲ့အခါမွာ ေက်ာင္းဖြင့္စမွာ OJT (On the Job Training) စသြားရျပီ ၊ အဲ့အခ်ိန္က ေက်ာက္မ်က္ပြဲကို ရန္ကုန္ MCC ခန္းမ မွာ လုပ္တယ္။ ေက်ာင္းမွာ သင္ၾကားရတာေတြကို စေလ့လာ ရတဲ့ အခ်ိန္ လုပ္ငန္းခြင္ဆိုတာ ဒါမ်ိုးပါလားလို႕ စသိရတဲ့ အခ်ိန္ဆိုေတာ့ စိတ္အရမ္းလႈပ္ရွားျပီး အေတြ႕အၾကံဳေတြ အမ်ားၾကီးရခဲ့တယ္။ Customer ေတြနဲ႕ ဆက္ဆံပံုေတြ ကအစ ျပဳလို႕ အလုပ္မွာ ရွိလာတဲ့ error ကို solving လုပ္တာေတြ အထိ အနီးကပ္ေလ့လာ ခြင့္ သင္ၾကားခြင့္ရတယ္။ အမွတ္တရ ပင္ပန္းမႈေတြမ်ားစြာရရွိခဲ့တယ္။ ဒုတိယႏွစ္ သင္တန္းကာလမွာ ေတာ့ Assignment  ေတြလုပ္ရတာ ပိုလြယ္ကူလာတယ္ OJT က ရလာတဲ့ experience နဲ႕ ဆရာေတြ ေျပာျပတဲ့ သူတို႕ ျဖတ္သန္းလာတဲ့ experience ေတြေၾကာင့္ Assignment နဲ႕ သင္ၾကားမႈေတြမွာ ပိုမိုထိေရာက္လာခဲ့တယ္။ဒုတိယႏွစ္ ကေတာ့ ေပ်ာ္စရာအေကာင္းဆံုးလို႕ ေျပာရင္လဲ မမွားပါဘူး။ ဒုတိယႏွစ္မွာ Advance Level ေရာက္လာေတာ့ သင္ၾကားရတာေတြလဲ ပိုခက္လာတယ္။ ျပီးေတာ့ ကၽြန္ေတာ္တို႕ တုန္းက Group Project လုပ္ရေတာ့ အသင္းတစ္ခုရဲ႕ တာဝန္ယူမႈေတြ လဲ ရခဲ့တယ္။ Project တစ္ခုကို ကိုယ္တိုင္ဖန္တီးရတာျဖစ္တတ္အတြက္ အစလယ္ဆံုး လုပ္ၾကရတယ္။ OJT ေတြမွာလဲ Senior Level ျဖစ္လာေတာ့ ပြဲ(ေက်ာက္မ်က္ပြဲ စသျဖင့္) ေတြမွာ တခ်ိဳ႕အရာေတြမွာ ဦးေဆာင္တာဝန္ယူရတာေတြ ရွိလာတယ္။ ဒါေတြက တာဝန္ယူမႈေတြ ကိုပိုမိုနားလည္လာေစခဲ့ပါတယ္။ OJT ကို ပြဲအခ်ိန္ အျပင္ MCC ရဲ႕ ISDC အလုပ္ေတြ မွာပါ ဆင္းရေတာ့ လုပ္ငန္းအေတြ႕အၾကံဳျပင္ ေက်ာင္းစာအတြက္ လက္ေတြ႕ ကိုပါ လံုးဝ အျပည့္အဝ ရရွိခဲ့ပါတယ္။ တတိယနွစ္မွာေတာ့ Senior ၾကီးေတြ ျဖစ္လာၾကတဲ့အျပင္ သင္ၾကားရတဲ့ ဘာသာရပ္ေတြကလဲ ပိုအဆင့္ျမင့္လာတယ္။ 3rd Year မွာ OJT က အလုပ္အကိုင္ပံုစံ ျဖစ္လာခဲ့ပါတယ္။ ၃ရက္ေက်ာင္းတက္ရင္း ၂ရက္ကို လုပ္ငန္းခြင္ထဲ ဝန္ထမ္းဘဝ ျဖစ္ခဲ့တယ္။ ေက်ာင္းတက္ရင္း အလုပ္လုပ္ရ ေတာ့ Time Management ကို self management လုပ္လာရတယ္။ တခ်ိဳ႕ ေနရာေတြမွာ Customer site ဆင္းရတာမ်ိဳးေတြ ရွိလာတယ္။ အရင္ ပြဲက ေတြ႕ ရတဲ့ Customer အေတြ႕အၾကံဳထက္ ပိုတဲ့ experience ေတြကို ရခဲ့တယ္။  တကယ့္ လုပ္ငန္း  ဧရိယာေတါကို  excursion ထြက္ေလ့လာရေတာ့ MCC ရဲ႕ လုပ္ငန္းေတြအျပင္တျခားေသာ လုပ္ငန္းေတြကိုပါ ေလ့လာရတယ္။ Project ကို Individual လုပ္ရတယ္။ ေက်ာင္းProject ဆိုေပမယ့္ လိုအပ္တာေတြကို လုပ္မယ့္ Project ေပၚမူတည္ျပီး လုပ္ငန္းဧရိယာေတြမွာ survey ေတြလိုက္ေကာက္ ရတယ္။ ဒီအေတြ႕အၾကံဳေတြ ဒုကၡေတြ က ေနာင္တခ်ိန္ ကိုယ့္အလုပ္မွာ ရလာမယ့္ ဗဟုသုေတြဆိုတာ အဲ့တုန္းက မသိခဲ့တာ အမွန္ပါ။ MCC ကေန ပညာေတြ သင္ယူေနရင္း တတိယနွစ္ မတက္ခင္ ၁နွစ္နားခဲ့ေတာ့ တျခားသူေတြထက္ ေနာက္က်ျပီး 2013 ခုႏွစ္မွာ Bsc.(Honus).Business Information Technology ဘြဲ႕ကိုရရွိခဲ့ပါတယ္။ ဘြဲ႕ရရခ်င္းမွာ MCC က ISDC (International Software Development Center) မွာ Software Engineer အလုပ္ဝင္လုပ္ခဲ့ပါတယ္။ အခုအခ်ိန္ မွာေတာ့ Singapore အေျခစိုက္ (JNBK)  Innovix Solution မွာ Web Template, UI & Graphic Designer အျဖစ္ လုပ္ကိုင္ေနပါတယ္။
အလုပ္နဲ႕ ပက္သက္ျပီး ေက်ာင္းျပီးလို႕ အလုပ္ကို ၂ခုေလာက္ေျပာင္းလုပ္ခဲ့ဖူးပါတယ္။ BIT ဘြဲ႕ျဖစ္တဲ့ အတြက္ IT အျပင္ Business Subject ကိုပါသင္ၾကား ရတာျဖစ္တဲ့အတြက္ Buisiness အေၾကာင္းမ်ား သင္ၾကားခဲ့ပါတယ္။ အဲ့လိုသင္ၾကားမႈက ယခုအလုပ္မတိုင္ခင္ Online Trading Company တစ္ခုမွာ Business Consultant အျဖစ္လုပ္ကိုင္ရာမွာ အမ်ားၾကီး အေထာက္အကူရပါတယ္။ Business ကိုသိတတ္နားလည္တဲ့ အျပင္ Online ျဖစ္တဲ့ Ecommerce ကိုပါ IT သမားတစ္ေယာက္အေနနဲ႕ ေကာင္းမြန္းစြာ နာလည္လို႕ Assistant Business Manager ကို ခန္႔ထားျခင္းခံရပါတယ္။ ဒါေပမယ့္ ဝါသနာ အရ ယခုအလုပ္ကို ေျပာင္းေရြ႕ခဲ့တာပါ။ ေက်ာင္းကသင္ၾကားရတဲ့ လက္ေတြ႕ ေတြ သင္ၾကားမႈဘာသာရပ္ေတြ ဆရာေတြ ေဝမွ်တဲ့ ျဖတ္သန္းလာတဲ့ Experience ေတြ သူတို႕ေလ့လာသမွ်ေတြက ကၽြန္ေတာ့အတြက္ အလုပ္မွာသာမက လူမႈေရးမွာပါ အေထာက္အကူအမ်ားၾကီးရပါတယ္။ အလုပ္ဝင္ခါစ ဝန္းထမ္းအသစ္အေနနဲ႕ ရွိသင့္တဲ့ ဝန္းထမ္းလုပ္ငန္းအေတြ႕အၾကံဳ ထက္ပို ျပီးရွိေနပါတယ္။ အလုပ္မွာ ရွိတဲ့ pressure ကအစ ျဖစ္လာတဲ့ error, Customer နဲ႕ စကားေျပာျခင္းေတြမ်ာ အေတြ႕အၾကံဳေတြရထားတဲ့ အတြက္ သာမာန္ senior ေတြ႕ ထက္ သာေနပါတယ္။ ယခု လုပ္ေနတဲ့ company က သာမာန္အားျဖင့္ ဝန္ထမ္းအသစ္ ကို အနည္းဆံုး အစမ္းခန္႔ အေနနဲ႕ ၁လကေန ၃လ အထိ ေစာင့္ၾကည့္ျပီးမွ permanent  ခန္႕ေပမယ့္ ေက်ာင္းက ရတဲ့ အက်ိဳးေတြက  ကၽြန္ေတာ့ ၂ပတ္အၾကာမွာ permanent ျဖစ္ေစခဲ့ပါတယ္။
အားကစားအေနနဲ႕ ကၽြန္ေတာ္ ဂ်ပန္ရိုးရာ Martial Art ျဖစ္တဲ့ Aikido ကို ကစားျဖစ္ပါတယ္။ စ ကစားတာ ကေတာ့ MMC.i တက္ေနတဲ့ ပထမႏွစ္ ၊ Second Semester စတတ္တဲ့ အခ်ိန္ ေလာက္မ်ာပါ ၂၀၁၀ ဇြန္လ ေလာက္မွာပါ။ ေက်ာင္းတက္ရင္း နဲ႕ ရတဲ့အခ်ိန္မ်ာ စိတ္ထြက္ေပါက္အေနနဲ႕ အျဖစ္ေရာ အားကစားအေနနဲ႕ အျဖစ္ေရာ ကစားျဖစ္ခဲ့ပါတယ္။ ေက်ာင္းကို ၉ နာရီကေန ၄နာရီအထိ တက္ရင္း ညေနဘက္မွာ သင္တန္းကိုသြားျပီး ကစားျဖစ္တယ္။ ညဘက္ကို ေက်ာင္းကစာေတြျပန္ေႏြးရင္း အိပ္ခါနည္းမွာ ဝါသနာပါတဲ့ ပန္းခ်ီကို အနည္းငယ္ဆြဲျဖစ္ပါတယ္။ တေန႕တေန႕ ေက်ာင္းနဲ႔သင္တန္းသြားေနရင္း တခါတေလ သူငယ္ခ်င္းေတြနဲ႕ ဂိမ္းေတြလဲ ေဆာ့ျဖစ္ပါတယ္။ ေက်ာင္းပိတ္ရက္ေတြမွာေတာ့ ဝါသနာပါတဲ့ Photography ကိုေလ့လာရင္ ဓါတ္ပံုေတြ ထြက္ရိုက္ျဖစ္ခဲ့ပါတယ္။
Aikido ကို ကိုယ္ခံပညာတစ္ခု အားကစားတစ္ခု အေနနဲ႕အျပင္ ဝါသနာနဲ႕စိတ္ဝင္စားကာ ၾကိဳးစားေလ့က်င့္ ခဲ့လို႕ ေက်ာင္းတက္ေနစဲ ၂၀၁၂ ခုႏွစ္ မွာ အျပည္ျပည္ဆိုင္ရာအသိအမွတ္ျပဳ Sho Dan(1st Dan) Black Belt ကို ရရွိခဲ့ပါတယ္။  ၂၀၁၃ ခုႏွစ္ Myanmar Aikido Development Committee ရဲ႕ Assistant Secretary ျဖစ္ခဲ့ပါတယ္။ ၂၀၁၅ ခုႏွစ္ ယခုႏွစ္စပိုင္းမွာ Ni Dan (2nd Dan) ကိုရရွိခဲ့ပါတယ္။
အားကစားအျပင္ အႏုပညာအေနနဲ႕ ဓါတ္ပံုနဲ႕ ပတ္သက္ျပီး ၂၀၁၄ ခုႏွစ္ဒီဇင္ဘာမွာ ျပဳလုပ္တဲ့ Photo Marathon ပြဲ မွာ ေခါင္းစဥ္ ၅ခု အနက္ တစ္ခုမွာ 1st Runner Up ရရွိခဲ့ပါတယ္။
ခုလို ရရွိခဲ့တဲ့ ေအာင္ျမင္မႈေတြအရ နားလည္လာခဲ့ျခင္းေတြက ကၽြန္ေတာ္တို႕ လူငယ္ေတြမွာ ေအာင္ျမင္တိုးတက္ ဖို႕ တြက္ ေက်ာင္းမွာသင္ၾကားရတဲ့ သင္ခန္းစာ ေတြအျပင္ အျခားေသာ အရာေတြပါ လိုအပ္ပါတယ္။ အားကစားတစ္ခုခု ကိုလဲ ကစားဖို႕ လိုအပ္ပါတယ္။ Aikido မွ Martial Art မွ Football မွ မဟုတ္ပါဘူး မည္သည့္အားကစားမဆို တစ္ခုခု လိုအပ္ပါတယ္။ ဒါက က်န္းမာေရးကို အေထာက္အကူျပဳတဲ့အျပင္ ဇြဲကို လံုးလ ၾကံခိုင္မႈ ျဖတ္ထိုးဉာဏ္ စိတ္ပိုင္းဆိုင္ရင္ တိုးတက္မႈေတြကို အေထာက္အကူမ်ားစြာျပဳပါတယ္။ အားကစာလုပ္ရင္း မရမက လုပ္ရတာေတြ ေလ့က်င့္ရတာေတြ ၾကံဳေတြ႕လာရတဲ့ အရံႈးေတြ စတာေတြက စိတ္ပိုင္းဆိုင္ရာခြန္အားကို ျဖစ္ေစပါတယ္။ ငါ မရရေအာင္ေလ့က်င့္မယ္ မရရေအာင္လုပ္မယ္ ဆိုတဲ့ စိတ္ေတြက ခြန္အားျဖစ္ေစပါတယ္။ ကၽြန္ေတာ္ က စာေပမ်ာ အားနည္တယ္လို႕ေျပာရင္ရပါတယ္။ စာေမးပြဲေတြက်ခဲ့ဖူးပါတယ္။ Project ေတြ Assignment ေတြေၾကာင့္ စိတ္ဓါတ္ေတြက် ဖူးေပမယ့္ အားကစားက ရတဲ့ လံုးလစိတ္ ငါလုပ္နုိင္ပါတယ္ဆိုတဲ့စိတ္ေတြက အေထာက္အကူျဖစ္ေစခဲ့ပါတယ္။ တခါတေလ တခ်ိဳ႕အခ်ိန္ေတြမွာ စိတ္ေတြေလျပီး ဘာလုပ္ရမလဲ မသိတဲ့ အခါမ်ိဳးေတြျဖစ္တတ္ေပမယ့္ အဲ့လိုျဖစ္လာခဲ့တုိင္း ဝါသနာပါတဲ့ ပန္းခ်ီနဲ႕ ဓါတ္ပံုေတြကိုပဲ လုပ္ျဖစ္ခဲ့ပါတယ္။
ကိုယ့္ထက္ငယ္တဲ့ ညီ ညီမေတြကို အမွာစကား အေနနဲ႕ ကၽြန္ေတာ့ ေဖေဖေျပာ တဲ့စကားေလးပဲ လက္ေဆာင္ ေပးပါရေစ။ ငါတစ္ခုခုျဖစ္ရမယ္လို႕ ထားတဲ့ရည္မွန္းခ်က္ထက္ ေရာက္တဲ့ေနရာမွာ ကိုယ္လုပ္တဲ့ အလုပ္ကို အေကာင္းဆံုးျဖစ္ေအာင္လုပ္ပါ လို႕ေျပာပါရေစ။ ဘယ္ေနရာမွာ ျဖစ္ျဖစ္ ဘယ္အလုပ္ကိုပဲ လုပ္လုပ္ကိုယ္လုပ္တဲ့ အလုပ္ကို အေကာင္းဆံုးျဖစ္ေအာင္ လုပ္ရင္ ကိုယ့္ရည္မွန္းထားတာထက္ပိုျပီးရနိုင္ပါတယ္။ တခါတေလမွာ က်ဆံုးမႈ ရႈံးနိမ့္မႈေတြ ရွိလာခဲ့ရင္လဲ စိတ္ဓါတ္က်မေနပဲ ျဖစ္လာတဲ့အရာကိုပဲ အေကာင္းဆံုးျဖစ္ေအာင္လုပ္ပါ။ လွဲက်တာ ရံႈးနိမ့္တာက ရွက္စရာမဟုတ္ပါဘူး၊ လွဲက်ေနတာ ရႈံး နိမ့္ေနတာကို ျပန္မထပဲ အရႈံးေပးလိုက္တာကမွ ရွက္စရာေကာင္းတာပါ။ အဲ့ေတာ့ ညီ ညီမေတြကို မွာခ်င္တာက ဘာပဲ လုပ္လုပ္ ကိုယ္လုပ္ရတဲ့ အလုပ္ကို အေကာင္းမြန္ဆံုးနဲ႕ အေကာင္းဆံုးျဖစ္ေအာင္လုပ္ပါလို႕ မွာခ်င္ပါတယ္။
ကၽြန္ေတာ္အေနနဲ႕ MCC.i က မိသားစုတစ္ခုလို အမွတ္တရေတြ မေမ့ႏိုင္စရာေတြ နဲ႕ ပါ။ Campus အတန္းေတြ ရန္ကုန္မွာ စဖြင့္တဲ့ အခ်ိန္ မွာ တက္ခဲ့ ရေတာ့ လိုအပ္ခ်က္ေတြ ရွိေပမယ့္ ေပ်ာ္စရာ အလြန္ေကာင္းခဲ့ပါတယ္။ ေက်ာင္းမွာ ၾကံဳရတဲ့ ဒုကၡေတြ ျဖစ္ပ်က္တာေတြက ဆရာအၾကည္ေတာ္ ေျပာသလို ဒုကၡဆိုတာ ေနာက္တစ္ခ်ိန္ျဖစ္လာမယ့္ ဟာသ ဆိုသလို ခုခ်ိန္သူငယ္ခ်င္းေတြ ေတြ႕တိုင္း ေျပာျပီး သတိရေနစဲပါ။ …
ထုိကဲ့သုိ႔ MCC Institute မွ ေက်ာင္းသားလူငယ္မ်ားအတြက္ အေျမာ္အျမင္ ရည္မွန္းခ်က္ႀကီးစြာျဖင့္ က်ိဳးစား ေဆာင္ရြက္လ်က္ရွိရာ မၾကာမွီ ကာလမ်ားတြင္ IT ပညာသာမက အားကစားႏွင့္ ဘက္စံုထူးခြၽန္ေသာ လူငယ္လူရြယ္မ်ား မ်ားစြာ ေပၚထြက္လာမည္ဟု ယံုၾကည္လ်က္ရွိၿပီး MCC Institute တြင္ သူတုိ႔ ေမွ်ာ္မွန္းထားေသာ ရည္မွန္းခ်က္ ပန္းတုိင္မ်ားအတြက္ လာေရာက္ပညာဆည္းပူးေနေသာ နယ္ပယ္အသီးသီးမွ ထူးခြၽန္လူငယ္မ်ားလည္း ေပ်ာ္ရႊင္စြာ ပညာသင္ၾကားလ်က္ ရွိေနပါတယ္။

ေမးျမန္းသူ
UNO (အုိင္တီခရီးသည္)

BIT နဲ့အတူ AiKido Black Belt ယူ

(၂၀၀၉) ခုနှစ်ကစပြီး မြန်မာနိုင်ငံ၏ ပထမဦးဆုံး Private Higher Institute တစ်ခုအဖြစ် စတင်ခဲ့သော MCC Training Institute (MCC Institute) သည် မြန်မာနိုင်ငံတစ်ဝှမ်းမှ ကျောင်းသားလူငယ်များအား နိုင်ငံတကာအဆင့် ပညာရပ်များဖြစ် သော IT ၊ စီးပွားရေးနှင့် အင်ဂျင်နီယာ ပညာရပ်များအား နိုင်ငံတကာ တက္ကသိုလ် ကြီးများ၊ ပညာရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး စနစ်တကျ ပြုစုပျိုးထောင်ပေးသကဲ့သို့ အဓိက ပညာရပ်သင်ယူမှုများတွင် သာမက ဘက်စုံထူးချွန်သော လူကောင်းလူတော်များ ဖြစ်လာစေရန် အဘက်ဘက်မှ ဆောင်ရွက်ပေးလျက် ရှိပါသည်။ အထူးသဖြင့် IT မေဂျာအထူးပြု B.Sc (Hons) Business IT နိုင်ငံတကာ အသိအမှတ်ပြု ကွန်ပျူတာ သိပ္ပံဘွဲ့သင်တန်းတွင် ပင်မ Academic ဘာသာရပ်များအပြင် English Proficiency သင်ကြားပေးမှု အစီအစဉ်များ၊ On the Job Training  (လက်တွေ့လုပ်ငန်းခွင် လေ့လာ ဆောင်ရွက်မှု အစီအစဉ်များ၊ Microsoft Corporation ကဲ့သို့ နိုင်ငံတကာ IT ကုမ္ပဏီကြီးများ၏ ကျွမ်းကျင်မှုလက်မှတ် Skill Certification သင်ကြားမှု အစီအစဉ်များအပြင် Extra Curriculum Activities ဟု ခေါ်ဆိုနိုင်သော ကျောင်းသင်ခန်းစာပြင်ပ လှုပ်ရှားမှုများဖြစ်သည့် စာပေ၊ ဂီတ၊ အားကစားနှင့် လူမှုရေး အကျိုးပြုသော လုပ်ငန်းများကိုလည်း သတ်မှတ်ထားသော အချိန်ဇယားများအတိုင်း MCC.i Campus အလိုက် ဆောင်ရွက်ပြုလုပ်ပေးလျက် ရှိပါသည်။ အားကစား လှုပ်ရှားမှုများအနေဖြင့် ကျောင်းသား/သူများ စုပေါင်း လမ်းလျှောက်ခြင်း၊ အေရိုးပစ်ကခုန်ခြင်း၊ ကြက်တောင်ရိုက်ခြင်း၊ ပင်ပေါင်ကစားခြင်း၊ Fusal နှင့် ဖိတ်ခေါ် ဘောလုံးပွဲများကိုလည်း ဆက်စဉ်မပြတ် ပြုလုပ်ကျင်းပပေးလျက် ရှိပါသည်။
ကျွန်တော် နာမည် က ဇင်လှိုင်းထွန်းဖြစ်ပါတယ်၊ ဖေဖေ က ဦးထွန်းပို မေမေက ဒေါ်စိန်စိန်မြင့် ဖြစ်ပြီး ကချင်ပြည်နယ် မိုးညှင်းမြို့ ပျော်ဘွယ်ရပ်မှာ နေထိုင်ကြပါတယ်။ တက္ကသိလ်ဝင်တန်း အောင်မြင်ခဲ့သည့်ခုနှစ်နဲ့ MCC မှာ BIT ရွေးချယ်တက်ရောက်ဖြစ်ခဲ့ ၂၀၀၉ ခုနှစ် မှာ အ.ထ.က (၁) မိုးညှင်း မှ ကျွန်တော် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ပါတယ်။ ဘဝတစ်ဆစ်ချိုးလို့ ခေါ်ကြတဲ့ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး ဘာတက်ရမလဲ ဖြစ်နေ ရွေးရခက်နေတဲ့ အချိန် ဂျာနယ်တစ်ခု မှာ MCC.i ရဲ့BIT သင်တန်းကြော်ငြာကို တွေ့ ပြီး စ စိတ်ဝင်စား တာနဲ့ စုံစမ်း ခဲ့ပါတယ်။ ငယ်ငယ်ကတည်းက Computer ကို စိတ်ဝင်စားခဲ့ လို့ ဆုံးဖြတ်ပြီး ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ Yangon Campus ပထမဆုံး စဖွင့်တဲ့ Section 1 မှာ တက်ရောက်ဖြစ်ခဲ့ပါတယ်။
ကျောင်းတက်ခဲ့ရတဲ့ အတွေ့ အကြုံ ဆိုရင်တော့ အမှတ်တရတွေ များကြီးပါ။ ၃နှစ်တာကာလမှာ ဖြတ်သန်းရတာ က Assignment တွေ Project တွေနဲ့ လုံးပန်းရတဲ့ အမှတ်တရတွေ ပေါ့။ ပထမနှစ် (IDCS/ Level 4) ပထမနှစ်ဝက် မှာ သူငယ်ချငး်အသစ်တွေနဲ့ စခင်မင်ရတဲ့ အချိန် ဖြစ်ပေမယ့် တစ်ဦးနဲ့တစ်ဦး မိတ်ဆက်ခင်မင်ရတယ် ဘဝရဲ့ မေ့မရတဲ့အမှတ်ရစရာ first day of University Life ပါ။ ဒုတိယနှစ်ဝက် စတက် ကြတဲ့အခါမှာ ကျောင်းဖွင့်စမှာ OJT (On the Job Training) စသွားရပြီ ၊ အဲ့အချိန်က ကျောက်မျက်ပွဲကို ရန်ကုန် MCC ခန်းမ မှာ လုပ်တယ်။ ကျောင်းမှာ သင်ကြားရတာတွေကို စလေ့လာ ရတဲ့ အချိန် လုပ်ငန်းခွင်ဆိုတာ ဒါမျိုးပါလားလို့ စသိရတဲ့ အချိန်ဆိုတော့ စိတ်အရမ်းလှုပ်ရှားပြီး အတွေ့အကြံုတွေ အများကြီးရခဲ့တယ်။ Customer တွေနဲ့ ဆက်ဆံပုံတွေ ကအစ ပြုလို့ အလုပ်မှာ ရှိလာတဲ့ error ကို solving လုပ်တာတွေ အထိ အနီးကပ်လေ့လာ ခွင့် သင်ကြားခွင့်ရတယ်။ အမှတ်တရ ပင်ပန်းမှုတွေများစွာရရှိခဲ့တယ်။ ဒုတိယနှစ် သင်တန်းကာလမှာ တော့ Assignment  တွေလုပ်ရတာ ပိုလွယ်ကူလာတယ် OJT က ရလာတဲ့ experience နဲ့ ဆရာတွေ ပြောပြတဲ့ သူတို့ ဖြတ်သန်းလာတဲ့ experience တွေကြောင့် Assignment နဲ့ သင်ကြားမှုတွေမှာ ပိုမိုထိရောက်လာခဲ့တယ်။ဒုတိယနှစ် ကတော့ ပျော်စရာအကောင်းဆုံးလို့ ပြောရင်လဲ မမှားပါဘူး။ ဒုတိယနှစ်မှာ Advance Level ရောက်လာတော့ သင်ကြားရတာတွေလဲ ပိုခက်လာတယ်။ ပြီးတော့ ကျွန်တော်တို့ တုန်းက Group Project လုပ်ရတော့ အသင်းတစ်ခုရဲ့ တာဝန်ယူမှုတွေ လဲ ရခဲ့တယ်။ Project တစ်ခုကို ကိုယ်တိုင်ဖန်တီးရတာဖြစ်တတ်အတွက် အစလယ်ဆုံး လုပ်ကြရတယ်။ OJT တွေမှာလဲ Senior Level ဖြစ်လာတော့ ပွဲ(ကျောက်မျက်ပွဲ စသဖြင့်) တွေမှာ တချို့အရာတွေမှာ ဦးဆောင်တာဝန်ယူရတာတွေ ရှိလာတယ်။ ဒါတွေက တာဝန်ယူမှုတွေ ကိုပိုမိုနားလည်လာစေခဲ့ပါတယ်။ OJT ကို ပွဲအချိန် အပြင် MCC ရဲ့ ISDC အလုပ်တွေ မှာပါ ဆင်းရတော့ လုပ်ငန်းအတွေ့အကြံုပြင် ကျောင်းစာအတွက် လက်တွေ့ ကိုပါ လုံးဝ အပြည့်အဝ ရရှိခဲ့ပါတယ်။ တတိယနှစ်မှာတော့ Senior ကြီးတွေ ဖြစ်လာကြတဲ့အပြင် သင်ကြားရတဲ့ ဘာသာရပ်တွေကလဲ ပိုအဆင့်မြင့်လာတယ်။ 3rd Year မှာ OJT က အလုပ်အကိုင်ပုံစံ ဖြစ်လာခဲ့ပါတယ်။ ၃ရက်ကျောင်းတက်ရင်း ၂ရက်ကို လုပ်ငန်းခွင်ထဲ ဝန်ထမ်းဘဝ ဖြစ်ခဲ့တယ်။ ကျောင်းတက်ရင်း အလုပ်လုပ်ရ တော့ Time Management ကို self management လုပ်လာရတယ်။ တချို့ နေရာတွေမှာ Customer site ဆင်းရတာမျိုးတွေ ရှိလာတယ်။ အရင် ပွဲက တွေ့ ရတဲ့ Customer အတွေ့အကြံုထက် ပိုတဲ့ experience တွေကို ရခဲ့တယ်။  တကယ့် လုပ်ငန်း  ဧရိယာတေါကို  excursion ထွက်လေ့လာရတော့ MCC ရဲ့ လုပ်ငန်းတွေအပြင်တခြားသော လုပ်ငန်းတွေကိုပါ လေ့လာရတယ်။ Project ကို Individual လုပ်ရတယ်။ ကျောင်းProject ဆိုပေမယ့် လိုအပ်တာတွေကို လုပ်မယ့် Project ပေါ်မူတည်ပြီး လုပ်ငန်းဧရိယာတွေမှာ survey တွေလိုက်ကောက် ရတယ်။ ဒီအတွေ့အကြံုတွေ ဒုက္ခတွေ က နောင်တချိန် ကိုယ့်အလုပ်မှာ ရလာမယ့် ဗဟုသုတွေဆိုတာ အဲ့တုန်းက မသိခဲ့တာ အမှန်ပါ။ MCC ကနေ ပညာတွေ သင်ယူနေရင်း တတိယနှစ် မတက်ခင် ၁နှစ်နားခဲ့တော့ တခြားသူတွေထက် နောက်ကျပြီး 2013 ခုနှစ်မှာ Bsc.(Honus).Business Information Technology ဘွဲ့ကိုရရှိခဲ့ပါတယ်။ ဘွဲ့ရရချင်းမှာ MCC က ISDC (International Software Development Center) မှာ Software Engineer အလုပ်ဝင်လုပ်ခဲ့ပါတယ်။ အခုအချိန် မှာတော့ Singapore အခြေစိုက် (JNBK)  Innovix Solution မှာ Web Template, UI & Graphic Designer အဖြစ် လုပ်ကိုင်နေပါတယ်။
အလုပ်နဲ့ ပက်သက်ပြီး ကျောင်းပြီးလို့ အလုပ်ကို ၂ခုလောက်ပြောင်းလုပ်ခဲ့ဖူးပါတယ်။ BIT ဘွဲ့ဖြစ်တဲ့ အတွက် IT အပြင် Business Subject ကိုပါသင်ကြား ရတာဖြစ်တဲ့အတွက် Buisiness အကြောင်းများ သင်ကြားခဲ့ပါတယ်။ အဲ့လိုသင်ကြားမှုက ယခုအလုပ်မတိုင်ခင် Online Trading Company တစ်ခုမှာ Business Consultant အဖြစ်လုပ်ကိုင်ရာမှာ အများကြီး အထောက်အကူရပါတယ်။ Business ကိုသိတတ်နားလည်တဲ့ အပြင် Online ဖြစ်တဲ့ Ecommerce ကိုပါ IT သမားတစ်ယောက်အနေနဲ့ ကောင်းမွန်းစွာ နာလည်လို့ Assistant Business Manager ကို ခန့်ထားခြင်းခံရပါတယ်။ ဒါပေမယ့် ဝါသနာ အရ ယခုအလုပ်ကို ပြောင်းရွေ့ခဲ့တာပါ။ ကျောင်းကသင်ကြားရတဲ့ လက်တွေ့ တွေ သင်ကြားမှုဘာသာရပ်တွေ ဆရာတွေ ဝေမျှတဲ့ ဖြတ်သန်းလာတဲ့ Experience တွေ သူတို့လေ့လာသမျှတွေက ကျွန်တော့အတွက် အလုပ်မှာသာမက လူမှုရေးမှာပါ အထောက်အကူအများကြီးရပါတယ်။ အလုပ်ဝင်ခါစ ဝန်းထမ်းအသစ်အနေနဲ့ ရှိသင့်တဲ့ ဝန်းထမ်းလုပ်ငန်းအတွေ့အကြံု ထက်ပို ပြီးရှိနေပါတယ်။ အလုပ်မှာ ရှိတဲ့ pressure ကအစ ဖြစ်လာတဲ့ error, Customer နဲ့ စကားပြောခြင်းတွေမျာ အတွေ့အကြံုတွေရထားတဲ့ အတွက် သာမာန် senior တွေ့ ထက် သာနေပါတယ်။ ယခု လုပ်နေတဲ့ company က သာမာန်အားဖြင့် ဝန်ထမ်းအသစ် ကို အနည်းဆုံး အစမ်းခန့် အနေနဲ့ ၁လကနေ ၃လ အထိ စောင့်ကြည့်ပြီးမှ permanent  ခန့်ပေမယ့် ကျောင်းက ရတဲ့ အကျိုးတွေက  ကျွန်တော့ ၂ပတ်အကြာမှာ permanent ဖြစ်စေခဲ့ပါတယ်။
အားကစားအနေနဲ့ ကျွန်တော် ဂျပန်ရိုးရာ Martial Art ဖြစ်တဲ့ Aikido ကို ကစားဖြစ်ပါတယ်။ စ ကစားတာ ကတော့ MMC.i တက်နေတဲ့ ပထမနှစ် ၊ Second Semester စတတ်တဲ့ အချိန် လောက်မျာပါ ၂၀၁၀ ဇွန်လ လောက်မှာပါ။ ကျောင်းတက်ရင်း နဲ့ ရတဲ့အချိန်မျာ စိတ်ထွက်ပေါက်အနေနဲ့ အဖြစ်ရော အားကစားအနေနဲ့ အဖြစ်ရော ကစားဖြစ်ခဲ့ပါတယ်။ ကျောင်းကို ၉ နာရီကနေ ၄နာရီအထိ တက်ရင်း ညနေဘက်မှာ သင်တန်းကိုသွားပြီး ကစားဖြစ်တယ်။ ညဘက်ကို ကျောင်းကစာတွေပြန်နွေးရင်း အိပ်ခါနည်းမှာ ဝါသနာပါတဲ့ ပန်းချီကို အနည်းငယ်ဆွဲဖြစ်ပါတယ်။ တနေ့တနေ့ ကျောင်းနဲ့သင်တန်းသွားနေရင်း တခါတလေ သူငယ်ချင်းတွေနဲ့ ဂိမ်းတွေလဲ ဆော့ဖြစ်ပါတယ်။ ကျောင်းပိတ်ရက်တွေမှာတော့ ဝါသနာပါတဲ့ Photography ကိုလေ့လာရင် ဓါတ်ပုံတွေ ထွက်ရိုက်ဖြစ်ခဲ့ပါတယ်။
Aikido ကို ကိုယ်ခံပညာတစ်ခု အားကစားတစ်ခု အနေနဲ့အပြင် ဝါသနာနဲ့စိတ်ဝင်စားကာ ကြိုးစားလေ့ကျင့် ခဲ့လို့ ကျောင်းတက်နေစဲ ၂၀၁၂ ခုနှစ် မှာ အပြည်ပြည်ဆိုင်ရာအသိအမှတ်ပြု Sho Dan(1st Dan) Black Belt ကို ရရှိခဲ့ပါတယ်။  ၂၀၁၃ ခုနှစ် Myanmar Aikido Development Committee ရဲ့ Assistant Secretary ဖြစ်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် ယခုနှစ်စပိုင်းမှာ Ni Dan (2nd Dan) ကိုရရှိခဲ့ပါတယ်။
အားကစားအပြင် အနုပညာအနေနဲ့ ဓါတ်ပုံနဲ့ ပတ်သက်ပြီး ၂၀၁၄ ခုနှစ်ဒီဇင်ဘာမှာ ပြုလုပ်တဲ့ Photo Marathon ပွဲ မှာ ခေါင်းစဉ် ၅ခု အနက် တစ်ခုမှာ 1st Runner Up ရရှိခဲ့ပါတယ်။
ခုလို ရရှိခဲ့တဲ့ အောင်မြင်မှုတွေအရ နားလည်လာခဲ့ခြင်းတွေက ကျွန်တော်တို့ လူငယ်တွေမှာ အောင်မြင်တိုးတက် ဖို့ တွက် ကျောင်းမှာသင်ကြားရတဲ့ သင်ခန်းစာ တွေအပြင် အခြားသော အရာတွေပါ လိုအပ်ပါတယ်။ အားကစားတစ်ခုခု ကိုလဲ ကစားဖို့ လိုအပ်ပါတယ်။ Aikido မှ Martial Art မှ Football မှ မဟုတ်ပါဘူး မည်သည့်အားကစားမဆို တစ်ခုခု လိုအပ်ပါတယ်။ ဒါက ကျန်းမာရေးကို အထောက်အကူပြုတဲ့အပြင် ဇွဲကို လုံးလ ကြံခိုင်မှု ဖြတ်ထိုးဉာဏ် စိတ်ပိုင်းဆိုင်ရင် တိုးတက်မှုတွေကို အထောက်အကူများစွာပြုပါတယ်။ အားကစာလုပ်ရင်း မရမက လုပ်ရတာတွေ လေ့ကျင့်ရတာတွေ ကြံုတွေ့လာရတဲ့ အရှုံးတွေ စတာတွေက စိတ်ပိုင်းဆိုင်ရာခွန်အားကို ဖြစ်စေပါတယ်။ ငါ မရရအောင်လေ့ကျင့်မယ် မရရအောင်လုပ်မယ် ဆိုတဲ့ စိတ်တွေက ခွန်အားဖြစ်စေပါတယ်။ ကျွန်တော် က စာပေမျာ အားနည်တယ်လို့ပြောရင်ရပါတယ်။ စာမေးပွဲတွေကျခဲ့ဖူးပါတယ်။ Project တွေ Assignment တွေကြောင့် စိတ်ဓါတ်တွေကျ ဖူးပေမယ့် အားကစားက ရတဲ့ လုံးလစိတ် ငါလုပ်နိုင်ပါတယ်ဆိုတဲ့စိတ်တွေက အထောက်အကူဖြစ်စေခဲ့ပါတယ်။ တခါတလေ တချို့အချိန်တွေမှာ စိတ်တွေလေပြီး ဘာလုပ်ရမလဲ မသိတဲ့ အခါမျိုးတွေဖြစ်တတ်ပေမယ့် အဲ့လိုဖြစ်လာခဲ့တိုင်း ဝါသနာပါတဲ့ ပန်းချီနဲ့ ဓါတ်ပုံတွေကိုပဲ လုပ်ဖြစ်ခဲ့ပါတယ်။
ကိုယ့်ထက်ငယ်တဲ့ ညီ ညီမတွေကို အမှာစကား အနေနဲ့ ကျွန်တော့ ဖေဖေပြော တဲ့စကားလေးပဲ လက်ဆောင် ပေးပါရစေ။ ငါတစ်ခုခုဖြစ်ရမယ်လို့ ထားတဲ့ရည်မှန်းချက်ထက် ရောက်တဲ့နေရာမှာ ကိုယ်လုပ်တဲ့ အလုပ်ကို အကောင်းဆုံးဖြစ်အောင်လုပ်ပါ လို့ပြောပါရစေ။ ဘယ်နေရာမှာ ဖြစ်ဖြစ် ဘယ်အလုပ်ကိုပဲ လုပ်လုပ်ကိုယ်လုပ်တဲ့ အလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်ရင် ကိုယ့်ရည်မှန်းထားတာထက်ပိုပြီးရနိုင်ပါတယ်။ တခါတလေမှာ ကျဆုံးမှု ရှုံးနိမ့်မှုတွေ ရှိလာခဲ့ရင်လဲ စိတ်ဓါတ်ကျမနေပဲ ဖြစ်လာတဲ့အရာကိုပဲ အကောင်းဆုံးဖြစ်အောင်လုပ်ပါ။ လှဲကျတာ ရှုံးနိမ့်တာက ရှက်စရာမဟုတ်ပါဘူး၊ လှဲကျနေတာ ရှုံး နိမ့်နေတာကို ပြန်မထပဲ အရှုံးပေးလိုက်တာကမှ ရှက်စရာကောင်းတာပါ။ အဲ့တော့ ညီ ညီမတွေကို မှာချင်တာက ဘာပဲ လုပ်လုပ် ကိုယ်လုပ်ရတဲ့ အလုပ်ကို အကောင်းမွန်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင်လုပ်ပါလို့ မှာချင်ပါတယ်။
ကျွန်တော်အနေနဲ့ MCC.i က မိသားစုတစ်ခုလို အမှတ်တရတွေ မမေ့နိုင်စရာတွေ နဲ့ ပါ။ Campus အတန်းတွေ ရန်ကုန်မှာ စဖွင့်တဲ့ အချိန် မှာ တက်ခဲ့ ရတော့ လိုအပ်ချက်တွေ ရှိပေမယ့် ပျော်စရာ အလွန်ကောင်းခဲ့ပါတယ်။ ကျောင်းမှာ ကြံုရတဲ့ ဒုက္ခတွေ ဖြစ်ပျက်တာတွေက ဆရာအကြည်တော် ပြောသလို ဒုက္ခဆိုတာ နောက်တစ်ချိန်ဖြစ်လာမယ့် ဟာသ ဆိုသလို ခုချိန်သူငယ်ချင်းတွေ တွေ့တိုင်း ပြောပြီး သတိရနေစဲပါ။ …
ထိုကဲ့သို့ MCC Institute မှ ကျောင်းသားလူငယ်များအတွက် အမြော်အမြင် ရည်မှန်းချက်ကြီးစွာဖြင့် ကျိုးစား ဆောင်ရွက်လျက်ရှိရာ မကြာမှီ ကာလများတွင် IT ပညာသာမက အားကစားနှင့် ဘက်စုံထူးချွန်သော လူငယ်လူရွယ်များ များစွာ ပေါ်ထွက်လာမည်ဟု ယုံကြည်လျက်ရှိပြီး MCC Institute တွင် သူတို့ မျှော်မှန်းထားသော ရည်မှန်းချက် ပန်းတိုင်များအတွက် လာရောက်ပညာဆည်းပူးနေသော နယ်ပယ်အသီးသီးမှ ထူးချွန်လူငယ်များလည်း ပျော်ရွှင်စွာ ပညာသင်ကြားလျက် ရှိနေပါတယ်။

မေးမြန်းသူ
UNO (အိုင်တီခရီးသည်)