Friday, December 18, 2015

ဘ၀မွာ အေပ်ာ္ဆံုးႏွင့္ အမွတ္အရဆံုးအခ်ိန္ေလးမ်ား

21 September 2009 –
ငါတုိ႔ေတြ တစ္ေယာက္တစ္နယ္စီကေန လူသူအသိနည္းတဲ့ နည္းပညာၿမိဳ႕သစ္ေလး တစ္ခုကုိ ဘ၀မွတ္တုိင္ တစ္ခုထူဖုိ႔ ေရာက္လာၾကတယ္ . . .
အစကေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ ခပ္စိမ္းစိမ္းေပါ့ . . . ေက်ာင္းကလဲ အစဆုိေတာ့ လုိအပ္ခ်က္ ေတြၾကားမွာ ဆုိးအတူ ေကာင္းအတူ ေနလာၾကရင္း (၂) လ (၃)လၾကာလာေတာ့ ညီအစ္ကုိေမာင္ႏွမေတြလုိ ျဖစ္လာၾကတယ္ . . .
အခက္အခဲေတြ အတူတူ ေက်ာ္လႊားခဲ့ၾကတယ္ . . . ခဏခဏ အတူတူ႐ႈံးနိမ့္ ခဲ့ၾကဖူးတယ္ . . . လဲက်တုိင္း တစ္ေယာက္ကုိတစ္ေယာက္ ေဖးကူထူမရင္း အႀကိမ္ႀကိမ္ ျပန္ထခဲ့ၾကတယ္ . . . ၀မ္းနည္းစရာရွိလဲ အတူတူ . . . ေပ်ာ္စရာရွိလဲ အတူတူေပါ. . .
ငါတုိ႔ အတန္းအတူတူလစ္ဖူးတယ္ . . . စာသင္ခ်ိန္မွာ စာမသင္ခ်င္လုိ႔ ေရခ်ိဳးခန္းထဲမွာ စာသင္ခ်ိန္တစ္ခုလံုး ေရခ်ိဳးေနခဲ့ဖူးတယ္ . . . ဆရာမေတြ မေခၚရဲလို႔ ဆရာေတြကုိ အကူအအညီေတာင္းရတဲ့အထိေပါ့ . . .
ဘာေတြ ဘယ္လုိပဲျဖစ္ျဖစ္ အားလံုးက MCC Yatanarpon Section – 2 ဆုိတဲ့ ေခါင္းစဥ္ေအာက္မွာပဲ တကၠသုိလ္ေက်ာင္းသားဘ၀ကုိ အေရာင္စံု ျခယ္မႈန္းခဲ့ၾကတယ္ . . .
အခ်ိန္ေတြ ၾကာလာတာနဲ႔ လူေတြနည္းနည္းလာတယ္ . . . တစ္ခ်ိဳ႕ကလဲ ကုိယ္ေရးကုိယ္တာ ကိစၥ၊ တစ္ခ်ိဳ႕ကလဲ စီးပြားေရးကိစၥ၊ အမ်ိဳးမ်ိဳးေပါ့ . . .
အခ်ိန္နဲ႔အမွ် လူေတြ ေလ်ာ့သြား . . . လူေတြေျပာင္းသြားေပမယ့္ Section - 2 ဆုိတာႀကီးကေတာ့ ေပ်ာက္မသြားခဲ့ပါဘူး . . . ရွိတဲ့လူေတြနဲ႔ အေရာင္စံုေအာင္ ဆက္လက္ျခယ္သေနတုန္းပါပဲ . ..
ဒီလုိနဲ႔ပဲ December 2012 မွာ ငါတုိ႔ေက်ာင္းႀကီး ၿပီးသြားခဲ့တယ္ . . .
သူငယ္ခ်င္းေတြ ခြဲရၿပီဆုိတဲ့အသိနဲ႔ ေကာင္းေကာင္းေတာင္ မႏႈတ္ဆက္ျဖစ္ခဲ့ၾကပါဘူး . .
အခုေတာ့လဲ တစ္ေယာက္ကုိ တစ္ေနရာစီနဲ႔ နယ္ပယ္တစ္ခုစီမွာ အသီးသီး အလုပ္လုပ္ေနၾကပါတယ္ . . . တစ္ခါတေလ လူစံုမိေတာ့လဲ ဘ၀အေၾကာင္း၊ အနာဂတ္အေၾကာင္း ေလႀကီးမုိးႀကီး ေျပာၾကတာေပါ့ . . .
အခုခ်ိန္မွာ အရင္က ငါတုိ႔အတူတူ ျခယ္ခဲ့တဲ့ ေရာင္စံုပန္းခ်ီကားတစ္ခ်ပ္က ေတာ္ေတာ္အေရာင္ေတြ စံုၿပီး အဓိပၸာယ္အျပည့္နဲ႔ေပါ့ . . .

ရတနာပံုမွာ ေက်ာင္းသားေဟာင္းတစ္ဦး

ဘဝမှာ အပျော်ဆုံးနှင့် အမှတ်အရဆုံးအချိန်လေးများ

21 September 2009 –
ငါတို့တွေ တစ်ယောက်တစ်နယ်စီကနေ လူသူအသိနည်းတဲ့ နည်းပညာမြို့သစ်လေး တစ်ခုကို ဘဝမှတ်တိုင် တစ်ခုထူဖို့ ရောက်လာကြတယ် . . .
အစကတော့ တစ်ယောက်နဲ့တစ်ယောက် ခပ်စိမ်းစိမ်းပေါ့ . . . ကျောင်းကလဲ အစဆိုတော့ လိုအပ်ချက် တွေကြားမှာ ဆိုးအတူ ကောင်းအတူ နေလာကြရင်း (၂) လ (၃)လကြာလာတော့ ညီအစ်ကိုမောင်နှမတွေလို ဖြစ်လာကြတယ် . . .
အခက်အခဲတွေ အတူတူ ကျော်လွှားခဲ့ကြတယ် . . . ခဏခဏ အတူတူရှုံးနိမ့် ခဲ့ကြဖူးတယ် . . . လဲကျတိုင်း တစ်ယောက်ကိုတစ်ယောက် ဖေးကူထူမရင်း အကြိမ်ကြိမ် ပြန်ထခဲ့ကြတယ် . . . ၀မ်းနည်းစရာရှိလဲ အတူတူ . . . ပျော်စရာရှိလဲ အတူတူပေါ. . .
ငါတို့ အတန်းအတူတူလစ်ဖူးတယ် . . . စာသင်ချိန်မှာ စာမသင်ချင်လို့ ရေချိုးခန်းထဲမှာ စာသင်ချိန်တစ်ခုလုံး ရေချိုးနေခဲ့ဖူးတယ် . . . ဆရာမတွေ မခေါ်ရဲလို့ ဆရာတွေကို အကူအအညီတောင်းရတဲ့အထိပေါ့ . . .
ဘာတွေ ဘယ်လိုပဲဖြစ်ဖြစ် အားလုံးက MCC Yatanarpon Section – 2 ဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲ တက္ကသိုလ်ကျောင်းသားဘဝကို အရောင်စုံ ခြယ်မှုန်းခဲ့ကြတယ် . . .
အချိန်တွေ ကြာလာတာနဲ့ လူတွေနည်းနည်းလာတယ် . . . တစ်ချို့ကလဲ ကိုယ်ရေးကိုယ်တာ ကိစ္စ၊ တစ်ချို့ကလဲ စီးပွားရေးကိစ္စ၊ အမျိုးမျိုးပေါ့ . . .
အချိန်နဲ့အမျှ လူတွေ လျော့သွား . . . လူတွေပြောင်းသွားပေမယ့် Section - 2 ဆိုတာကြီးကတော့ ပျောက်မသွားခဲ့ပါဘူး . . . ရှိတဲ့လူတွေနဲ့ အရောင်စုံအောင် ဆက်လက်ခြယ်သနေတုန်းပါပဲ . ..
ဒီလိုနဲ့ပဲ December 2012 မှာ ငါတို့ကျောင်းကြီး ပြီးသွားခဲ့တယ် . . .
သူငယ်ချင်းတွေ ခွဲရပြီဆိုတဲ့အသိနဲ့ ကောင်းကောင်းတောင် မနှုတ်ဆက်ဖြစ်ခဲ့ကြပါဘူး . .
အခုတော့လဲ တစ်ယောက်ကို တစ်နေရာစီနဲ့ နယ်ပယ်တစ်ခုစီမှာ အသီးသီး အလုပ်လုပ်နေကြပါတယ် . . . တစ်ခါတလေ လူစုံမိတော့လဲ ဘဝအကြောင်း၊ အနာဂတ်အကြောင်း လေကြီးမိုးကြီး ပြောကြတာပေါ့ . . .
အခုချိန်မှာ အရင်က ငါတို့အတူတူ ခြယ်ခဲ့တဲ့ ရောင်စုံပန်းချီကားတစ်ချပ်က တော်တော်အရောင်တွေ စုံပြီး အဓိပ္ပာယ်အပြည့်နဲ့ပေါ့ . . .

ရတနာပုံမှာ ကျောင်းသားဟောင်းတစ်ဦး