Friday, December 18, 2015

BIT နဲ႕အတူ AiKido Black Belt ယူ

(၂၀၀၉) ခုႏွစ္ကစၿပီး ျမန္မာႏုိင္ငံ၏ ပထမဦးဆံုး Private Higher Institute တစ္ခုအျဖစ္ စတင္ခဲ့ေသာ MCC Training Institute (MCC Institute) သည္ ျမန္မာႏုိင္ငံတစ္၀ွမ္းမွ ေက်ာင္းသားလူငယ္မ်ားအား ႏုိင္ငံတကာအဆင့္ ပညာရပ္မ်ားျဖစ္ ေသာ IT ၊ စီးပြားေရးႏွင့္ အင္ဂ်င္နီယာ ပညာရပ္မ်ားအား ႏုိင္ငံတကာ တကၠသုိလ္ ႀကီးမ်ား၊ ပညာေရး အဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းၿပီး စနစ္တက် ျပဳစုပ်ိဳးေထာင္ေပးသကဲ့သုိ႔ အဓိက ပညာရပ္သင္ယူမႈမ်ားတြင္ သာမက ဘက္စံုထူးခြၽန္ေသာ လူေကာင္းလူေတာ္မ်ား ျဖစ္လာေစရန္ အဘက္ဘက္မွ ေဆာင္ရြက္ေပးလ်က္ ရွိပါသည္။ အထူးသျဖင့္ IT ေမဂ်ာအထူးျပဳ B.Sc (Hons) Business IT ႏုိင္ငံတကာ အသိအမွတ္ျပဳ ကြန္ပ်ဴတာ သိပၸံဘြဲ႕သင္တန္းတြင္ ပင္မ Academic ဘာသာရပ္မ်ားအျပင္ English Proficiency သင္ၾကားေပးမႈ အစီအစဥ္မ်ား၊ On the Job Training  (လက္ေတြ႕လုပ္ငန္းခြင္ ေလ့လာ ေဆာင္ရြက္မႈ အစီအစဥ္မ်ား၊ Microsoft Corporation ကဲ့သုိ႔ ႏုိင္ငံတကာ IT ကုမၸဏီႀကီးမ်ား၏ ကြၽမ္းက်င္မႈလက္မွတ္ Skill Certification သင္ၾကားမႈ အစီအစဥ္မ်ားအျပင္ Extra Curriculum Activities ဟု ေခၚဆုိႏုိင္ေသာ ေက်ာင္းသင္ခန္းစာျပင္ပ လႈပ္ရွားမႈမ်ားျဖစ္သည့္ စာေပ၊ ဂီတ၊ အားကစားႏွင့္ လူမႈေရး အက်ိဳးျပဳေသာ လုပ္ငန္းမ်ားကုိလည္း သတ္မွတ္ထားေသာ အခ်ိန္ဇယားမ်ားအတိုင္း MCC.i Campus အလိုက္ ေဆာင္ရြက္ျပဳလုပ္ေပးလ်က္ ရွိပါသည္။ အားကစား လႈပ္ရွားမႈမ်ားအေနျဖင့္ ေက်ာင္းသား/သူမ်ား စုေပါင္း လမ္းေလွ်ာက္ျခင္း၊ ေအ႐ိုးပစ္ကခုန္ျခင္း၊ ၾကက္ေတာင္႐ိုက္ျခင္း၊ ပင္ေပါင္ကစားျခင္း၊ Fusal ႏွင့္ ဖိတ္ေခၚ ေဘာလံုးပြဲမ်ားကုိလည္း ဆက္စဥ္မျပတ္ ျပဳလုပ္က်င္းပေပးလ်က္ ရွိပါသည္။
ကၽြန္ေတာ္ နာမည္ က ဇင္လိႈင္းထြန္းျဖစ္ပါတယ္၊ ေဖေဖ က ဦးထြန္းပို ေမေမက ေဒၚစိန္စိန္ျမင့္ ျဖစ္ျပီး ကခ်င္ျပည္နယ္ မိုးညွင္းျမို႕ ေပ်ာ္ဘြယ္ရပ္မွာ ေနထိုင္ၾကပါတယ္။ တကၠသိလ္ဝင္တန္း ေအာင္ျမင္ခဲ့သည့္ခုႏွစ္နဲ႕ MCC မွာ BIT ေရြးခ်ယ္တက္ေရာက္ျဖစ္ခဲ့ ၂၀၀၉ ခုႏွစ္ မွာ အ.ထ.က (၁) မိုးညွင္း မွ ကၽြန္ေတာ္ တကၠသိုလ္ဝင္တန္း ေအာင္ျမင္ခဲ့ပါတယ္။ ဘဝတစ္ဆစ္ခ်ိဳးလို႕ ေခၚၾကတဲ့ တကၠသိုလ္ဝင္တန္း ေအာင္ျမင္ျပီး ဘာတက္ရမလဲ ျဖစ္ေန ေရြးရခက္ေနတဲ့ အခ်ိန္ ဂ်ာနယ္တစ္ခု မွာ MCC.i ရဲ႕BIT သင္တန္းေၾကာ္ျငာကို ေတြ႕ ျပီး စ စိတ္ဝင္စား တာနဲ႕ စံုစမ္း ခဲ့ပါတယ္။ ငယ္ငယ္ကတည္းက Computer ကို စိတ္ဝင္စားခဲ့ လို႕ ဆံုးျဖတ္ျပီး ၂၀၀၉ ခုႏွစ္ ဒီဇင္ဘာလ ၂၁ ရက္ေန႕ Yangon Campus ပထမဆံုး စဖြင့္တဲ့ Section 1 မွာ တက္ေရာက္ျဖစ္ခဲ့ပါတယ္။
ေက်ာင္းတက္ခဲ့ရတဲ့ အေတြ႕ အၾကံဳ ဆိုရင္ေတာ့ အမွတ္တရေတြ မ်ားၾကီးပါ။ ၃ႏွစ္တာကာလမွာ ျဖတ္သန္းရတာ က Assignment ေတြ Project ေတြနဲ႕ လံုးပန္းရတဲ့ အမွတ္တရေတြ ေပါ့။ ပထမႏွစ္ (IDCS/ Level 4) ပထမႏွစ္ဝက္ မွာ သူငယ္ခ်ငး္အသစ္ေတြနဲ႕ စခင္မင္ရတဲ့ အခ်ိန္ ျဖစ္ေပမယ့္ တစ္ဦးနဲ႕တစ္ဦး မိတ္ဆက္ခင္မင္ရတယ္ ဘဝရဲ႕ ေမ့မရတဲ့အမွတ္ရစရာ first day of University Life ပါ။ ဒုတိယႏွစ္ဝက္ စတက္ ၾကတဲ့အခါမွာ ေက်ာင္းဖြင့္စမွာ OJT (On the Job Training) စသြားရျပီ ၊ အဲ့အခ်ိန္က ေက်ာက္မ်က္ပြဲကို ရန္ကုန္ MCC ခန္းမ မွာ လုပ္တယ္။ ေက်ာင္းမွာ သင္ၾကားရတာေတြကို စေလ့လာ ရတဲ့ အခ်ိန္ လုပ္ငန္းခြင္ဆိုတာ ဒါမ်ိုးပါလားလို႕ စသိရတဲ့ အခ်ိန္ဆိုေတာ့ စိတ္အရမ္းလႈပ္ရွားျပီး အေတြ႕အၾကံဳေတြ အမ်ားၾကီးရခဲ့တယ္။ Customer ေတြနဲ႕ ဆက္ဆံပံုေတြ ကအစ ျပဳလို႕ အလုပ္မွာ ရွိလာတဲ့ error ကို solving လုပ္တာေတြ အထိ အနီးကပ္ေလ့လာ ခြင့္ သင္ၾကားခြင့္ရတယ္။ အမွတ္တရ ပင္ပန္းမႈေတြမ်ားစြာရရွိခဲ့တယ္။ ဒုတိယႏွစ္ သင္တန္းကာလမွာ ေတာ့ Assignment  ေတြလုပ္ရတာ ပိုလြယ္ကူလာတယ္ OJT က ရလာတဲ့ experience နဲ႕ ဆရာေတြ ေျပာျပတဲ့ သူတို႕ ျဖတ္သန္းလာတဲ့ experience ေတြေၾကာင့္ Assignment နဲ႕ သင္ၾကားမႈေတြမွာ ပိုမိုထိေရာက္လာခဲ့တယ္။ဒုတိယႏွစ္ ကေတာ့ ေပ်ာ္စရာအေကာင္းဆံုးလို႕ ေျပာရင္လဲ မမွားပါဘူး။ ဒုတိယႏွစ္မွာ Advance Level ေရာက္လာေတာ့ သင္ၾကားရတာေတြလဲ ပိုခက္လာတယ္။ ျပီးေတာ့ ကၽြန္ေတာ္တို႕ တုန္းက Group Project လုပ္ရေတာ့ အသင္းတစ္ခုရဲ႕ တာဝန္ယူမႈေတြ လဲ ရခဲ့တယ္။ Project တစ္ခုကို ကိုယ္တိုင္ဖန္တီးရတာျဖစ္တတ္အတြက္ အစလယ္ဆံုး လုပ္ၾကရတယ္။ OJT ေတြမွာလဲ Senior Level ျဖစ္လာေတာ့ ပြဲ(ေက်ာက္မ်က္ပြဲ စသျဖင့္) ေတြမွာ တခ်ိဳ႕အရာေတြမွာ ဦးေဆာင္တာဝန္ယူရတာေတြ ရွိလာတယ္။ ဒါေတြက တာဝန္ယူမႈေတြ ကိုပိုမိုနားလည္လာေစခဲ့ပါတယ္။ OJT ကို ပြဲအခ်ိန္ အျပင္ MCC ရဲ႕ ISDC အလုပ္ေတြ မွာပါ ဆင္းရေတာ့ လုပ္ငန္းအေတြ႕အၾကံဳျပင္ ေက်ာင္းစာအတြက္ လက္ေတြ႕ ကိုပါ လံုးဝ အျပည့္အဝ ရရွိခဲ့ပါတယ္။ တတိယနွစ္မွာေတာ့ Senior ၾကီးေတြ ျဖစ္လာၾကတဲ့အျပင္ သင္ၾကားရတဲ့ ဘာသာရပ္ေတြကလဲ ပိုအဆင့္ျမင့္လာတယ္။ 3rd Year မွာ OJT က အလုပ္အကိုင္ပံုစံ ျဖစ္လာခဲ့ပါတယ္။ ၃ရက္ေက်ာင္းတက္ရင္း ၂ရက္ကို လုပ္ငန္းခြင္ထဲ ဝန္ထမ္းဘဝ ျဖစ္ခဲ့တယ္။ ေက်ာင္းတက္ရင္း အလုပ္လုပ္ရ ေတာ့ Time Management ကို self management လုပ္လာရတယ္။ တခ်ိဳ႕ ေနရာေတြမွာ Customer site ဆင္းရတာမ်ိဳးေတြ ရွိလာတယ္။ အရင္ ပြဲက ေတြ႕ ရတဲ့ Customer အေတြ႕အၾကံဳထက္ ပိုတဲ့ experience ေတြကို ရခဲ့တယ္။  တကယ့္ လုပ္ငန္း  ဧရိယာေတါကို  excursion ထြက္ေလ့လာရေတာ့ MCC ရဲ႕ လုပ္ငန္းေတြအျပင္တျခားေသာ လုပ္ငန္းေတြကိုပါ ေလ့လာရတယ္။ Project ကို Individual လုပ္ရတယ္။ ေက်ာင္းProject ဆိုေပမယ့္ လိုအပ္တာေတြကို လုပ္မယ့္ Project ေပၚမူတည္ျပီး လုပ္ငန္းဧရိယာေတြမွာ survey ေတြလိုက္ေကာက္ ရတယ္။ ဒီအေတြ႕အၾကံဳေတြ ဒုကၡေတြ က ေနာင္တခ်ိန္ ကိုယ့္အလုပ္မွာ ရလာမယ့္ ဗဟုသုေတြဆိုတာ အဲ့တုန္းက မသိခဲ့တာ အမွန္ပါ။ MCC ကေန ပညာေတြ သင္ယူေနရင္း တတိယနွစ္ မတက္ခင္ ၁နွစ္နားခဲ့ေတာ့ တျခားသူေတြထက္ ေနာက္က်ျပီး 2013 ခုႏွစ္မွာ Bsc.(Honus).Business Information Technology ဘြဲ႕ကိုရရွိခဲ့ပါတယ္။ ဘြဲ႕ရရခ်င္းမွာ MCC က ISDC (International Software Development Center) မွာ Software Engineer အလုပ္ဝင္လုပ္ခဲ့ပါတယ္။ အခုအခ်ိန္ မွာေတာ့ Singapore အေျခစိုက္ (JNBK)  Innovix Solution မွာ Web Template, UI & Graphic Designer အျဖစ္ လုပ္ကိုင္ေနပါတယ္။
အလုပ္နဲ႕ ပက္သက္ျပီး ေက်ာင္းျပီးလို႕ အလုပ္ကို ၂ခုေလာက္ေျပာင္းလုပ္ခဲ့ဖူးပါတယ္။ BIT ဘြဲ႕ျဖစ္တဲ့ အတြက္ IT အျပင္ Business Subject ကိုပါသင္ၾကား ရတာျဖစ္တဲ့အတြက္ Buisiness အေၾကာင္းမ်ား သင္ၾကားခဲ့ပါတယ္။ အဲ့လိုသင္ၾကားမႈက ယခုအလုပ္မတိုင္ခင္ Online Trading Company တစ္ခုမွာ Business Consultant အျဖစ္လုပ္ကိုင္ရာမွာ အမ်ားၾကီး အေထာက္အကူရပါတယ္။ Business ကိုသိတတ္နားလည္တဲ့ အျပင္ Online ျဖစ္တဲ့ Ecommerce ကိုပါ IT သမားတစ္ေယာက္အေနနဲ႕ ေကာင္းမြန္းစြာ နာလည္လို႕ Assistant Business Manager ကို ခန္႔ထားျခင္းခံရပါတယ္။ ဒါေပမယ့္ ဝါသနာ အရ ယခုအလုပ္ကို ေျပာင္းေရြ႕ခဲ့တာပါ။ ေက်ာင္းကသင္ၾကားရတဲ့ လက္ေတြ႕ ေတြ သင္ၾကားမႈဘာသာရပ္ေတြ ဆရာေတြ ေဝမွ်တဲ့ ျဖတ္သန္းလာတဲ့ Experience ေတြ သူတို႕ေလ့လာသမွ်ေတြက ကၽြန္ေတာ့အတြက္ အလုပ္မွာသာမက လူမႈေရးမွာပါ အေထာက္အကူအမ်ားၾကီးရပါတယ္။ အလုပ္ဝင္ခါစ ဝန္းထမ္းအသစ္အေနနဲ႕ ရွိသင့္တဲ့ ဝန္းထမ္းလုပ္ငန္းအေတြ႕အၾကံဳ ထက္ပို ျပီးရွိေနပါတယ္။ အလုပ္မွာ ရွိတဲ့ pressure ကအစ ျဖစ္လာတဲ့ error, Customer နဲ႕ စကားေျပာျခင္းေတြမ်ာ အေတြ႕အၾကံဳေတြရထားတဲ့ အတြက္ သာမာန္ senior ေတြ႕ ထက္ သာေနပါတယ္။ ယခု လုပ္ေနတဲ့ company က သာမာန္အားျဖင့္ ဝန္ထမ္းအသစ္ ကို အနည္းဆံုး အစမ္းခန္႔ အေနနဲ႕ ၁လကေန ၃လ အထိ ေစာင့္ၾကည့္ျပီးမွ permanent  ခန္႕ေပမယ့္ ေက်ာင္းက ရတဲ့ အက်ိဳးေတြက  ကၽြန္ေတာ့ ၂ပတ္အၾကာမွာ permanent ျဖစ္ေစခဲ့ပါတယ္။
အားကစားအေနနဲ႕ ကၽြန္ေတာ္ ဂ်ပန္ရိုးရာ Martial Art ျဖစ္တဲ့ Aikido ကို ကစားျဖစ္ပါတယ္။ စ ကစားတာ ကေတာ့ MMC.i တက္ေနတဲ့ ပထမႏွစ္ ၊ Second Semester စတတ္တဲ့ အခ်ိန္ ေလာက္မ်ာပါ ၂၀၁၀ ဇြန္လ ေလာက္မွာပါ။ ေက်ာင္းတက္ရင္း နဲ႕ ရတဲ့အခ်ိန္မ်ာ စိတ္ထြက္ေပါက္အေနနဲ႕ အျဖစ္ေရာ အားကစားအေနနဲ႕ အျဖစ္ေရာ ကစားျဖစ္ခဲ့ပါတယ္။ ေက်ာင္းကို ၉ နာရီကေန ၄နာရီအထိ တက္ရင္း ညေနဘက္မွာ သင္တန္းကိုသြားျပီး ကစားျဖစ္တယ္။ ညဘက္ကို ေက်ာင္းကစာေတြျပန္ေႏြးရင္း အိပ္ခါနည္းမွာ ဝါသနာပါတဲ့ ပန္းခ်ီကို အနည္းငယ္ဆြဲျဖစ္ပါတယ္။ တေန႕တေန႕ ေက်ာင္းနဲ႔သင္တန္းသြားေနရင္း တခါတေလ သူငယ္ခ်င္းေတြနဲ႕ ဂိမ္းေတြလဲ ေဆာ့ျဖစ္ပါတယ္။ ေက်ာင္းပိတ္ရက္ေတြမွာေတာ့ ဝါသနာပါတဲ့ Photography ကိုေလ့လာရင္ ဓါတ္ပံုေတြ ထြက္ရိုက္ျဖစ္ခဲ့ပါတယ္။
Aikido ကို ကိုယ္ခံပညာတစ္ခု အားကစားတစ္ခု အေနနဲ႕အျပင္ ဝါသနာနဲ႕စိတ္ဝင္စားကာ ၾကိဳးစားေလ့က်င့္ ခဲ့လို႕ ေက်ာင္းတက္ေနစဲ ၂၀၁၂ ခုႏွစ္ မွာ အျပည္ျပည္ဆိုင္ရာအသိအမွတ္ျပဳ Sho Dan(1st Dan) Black Belt ကို ရရွိခဲ့ပါတယ္။  ၂၀၁၃ ခုႏွစ္ Myanmar Aikido Development Committee ရဲ႕ Assistant Secretary ျဖစ္ခဲ့ပါတယ္။ ၂၀၁၅ ခုႏွစ္ ယခုႏွစ္စပိုင္းမွာ Ni Dan (2nd Dan) ကိုရရွိခဲ့ပါတယ္။
အားကစားအျပင္ အႏုပညာအေနနဲ႕ ဓါတ္ပံုနဲ႕ ပတ္သက္ျပီး ၂၀၁၄ ခုႏွစ္ဒီဇင္ဘာမွာ ျပဳလုပ္တဲ့ Photo Marathon ပြဲ မွာ ေခါင္းစဥ္ ၅ခု အနက္ တစ္ခုမွာ 1st Runner Up ရရွိခဲ့ပါတယ္။
ခုလို ရရွိခဲ့တဲ့ ေအာင္ျမင္မႈေတြအရ နားလည္လာခဲ့ျခင္းေတြက ကၽြန္ေတာ္တို႕ လူငယ္ေတြမွာ ေအာင္ျမင္တိုးတက္ ဖို႕ တြက္ ေက်ာင္းမွာသင္ၾကားရတဲ့ သင္ခန္းစာ ေတြအျပင္ အျခားေသာ အရာေတြပါ လိုအပ္ပါတယ္။ အားကစားတစ္ခုခု ကိုလဲ ကစားဖို႕ လိုအပ္ပါတယ္။ Aikido မွ Martial Art မွ Football မွ မဟုတ္ပါဘူး မည္သည့္အားကစားမဆို တစ္ခုခု လိုအပ္ပါတယ္။ ဒါက က်န္းမာေရးကို အေထာက္အကူျပဳတဲ့အျပင္ ဇြဲကို လံုးလ ၾကံခိုင္မႈ ျဖတ္ထိုးဉာဏ္ စိတ္ပိုင္းဆိုင္ရင္ တိုးတက္မႈေတြကို အေထာက္အကူမ်ားစြာျပဳပါတယ္။ အားကစာလုပ္ရင္း မရမက လုပ္ရတာေတြ ေလ့က်င့္ရတာေတြ ၾကံဳေတြ႕လာရတဲ့ အရံႈးေတြ စတာေတြက စိတ္ပိုင္းဆိုင္ရာခြန္အားကို ျဖစ္ေစပါတယ္။ ငါ မရရေအာင္ေလ့က်င့္မယ္ မရရေအာင္လုပ္မယ္ ဆိုတဲ့ စိတ္ေတြက ခြန္အားျဖစ္ေစပါတယ္။ ကၽြန္ေတာ္ က စာေပမ်ာ အားနည္တယ္လို႕ေျပာရင္ရပါတယ္။ စာေမးပြဲေတြက်ခဲ့ဖူးပါတယ္။ Project ေတြ Assignment ေတြေၾကာင့္ စိတ္ဓါတ္ေတြက် ဖူးေပမယ့္ အားကစားက ရတဲ့ လံုးလစိတ္ ငါလုပ္နုိင္ပါတယ္ဆိုတဲ့စိတ္ေတြက အေထာက္အကူျဖစ္ေစခဲ့ပါတယ္။ တခါတေလ တခ်ိဳ႕အခ်ိန္ေတြမွာ စိတ္ေတြေလျပီး ဘာလုပ္ရမလဲ မသိတဲ့ အခါမ်ိဳးေတြျဖစ္တတ္ေပမယ့္ အဲ့လိုျဖစ္လာခဲ့တုိင္း ဝါသနာပါတဲ့ ပန္းခ်ီနဲ႕ ဓါတ္ပံုေတြကိုပဲ လုပ္ျဖစ္ခဲ့ပါတယ္။
ကိုယ့္ထက္ငယ္တဲ့ ညီ ညီမေတြကို အမွာစကား အေနနဲ႕ ကၽြန္ေတာ့ ေဖေဖေျပာ တဲ့စကားေလးပဲ လက္ေဆာင္ ေပးပါရေစ။ ငါတစ္ခုခုျဖစ္ရမယ္လို႕ ထားတဲ့ရည္မွန္းခ်က္ထက္ ေရာက္တဲ့ေနရာမွာ ကိုယ္လုပ္တဲ့ အလုပ္ကို အေကာင္းဆံုးျဖစ္ေအာင္လုပ္ပါ လို႕ေျပာပါရေစ။ ဘယ္ေနရာမွာ ျဖစ္ျဖစ္ ဘယ္အလုပ္ကိုပဲ လုပ္လုပ္ကိုယ္လုပ္တဲ့ အလုပ္ကို အေကာင္းဆံုးျဖစ္ေအာင္ လုပ္ရင္ ကိုယ့္ရည္မွန္းထားတာထက္ပိုျပီးရနိုင္ပါတယ္။ တခါတေလမွာ က်ဆံုးမႈ ရႈံးနိမ့္မႈေတြ ရွိလာခဲ့ရင္လဲ စိတ္ဓါတ္က်မေနပဲ ျဖစ္လာတဲ့အရာကိုပဲ အေကာင္းဆံုးျဖစ္ေအာင္လုပ္ပါ။ လွဲက်တာ ရံႈးနိမ့္တာက ရွက္စရာမဟုတ္ပါဘူး၊ လွဲက်ေနတာ ရႈံး နိမ့္ေနတာကို ျပန္မထပဲ အရႈံးေပးလိုက္တာကမွ ရွက္စရာေကာင္းတာပါ။ အဲ့ေတာ့ ညီ ညီမေတြကို မွာခ်င္တာက ဘာပဲ လုပ္လုပ္ ကိုယ္လုပ္ရတဲ့ အလုပ္ကို အေကာင္းမြန္ဆံုးနဲ႕ အေကာင္းဆံုးျဖစ္ေအာင္လုပ္ပါလို႕ မွာခ်င္ပါတယ္။
ကၽြန္ေတာ္အေနနဲ႕ MCC.i က မိသားစုတစ္ခုလို အမွတ္တရေတြ မေမ့ႏိုင္စရာေတြ နဲ႕ ပါ။ Campus အတန္းေတြ ရန္ကုန္မွာ စဖြင့္တဲ့ အခ်ိန္ မွာ တက္ခဲ့ ရေတာ့ လိုအပ္ခ်က္ေတြ ရွိေပမယ့္ ေပ်ာ္စရာ အလြန္ေကာင္းခဲ့ပါတယ္။ ေက်ာင္းမွာ ၾကံဳရတဲ့ ဒုကၡေတြ ျဖစ္ပ်က္တာေတြက ဆရာအၾကည္ေတာ္ ေျပာသလို ဒုကၡဆိုတာ ေနာက္တစ္ခ်ိန္ျဖစ္လာမယ့္ ဟာသ ဆိုသလို ခုခ်ိန္သူငယ္ခ်င္းေတြ ေတြ႕တိုင္း ေျပာျပီး သတိရေနစဲပါ။ …
ထုိကဲ့သုိ႔ MCC Institute မွ ေက်ာင္းသားလူငယ္မ်ားအတြက္ အေျမာ္အျမင္ ရည္မွန္းခ်က္ႀကီးစြာျဖင့္ က်ိဳးစား ေဆာင္ရြက္လ်က္ရွိရာ မၾကာမွီ ကာလမ်ားတြင္ IT ပညာသာမက အားကစားႏွင့္ ဘက္စံုထူးခြၽန္ေသာ လူငယ္လူရြယ္မ်ား မ်ားစြာ ေပၚထြက္လာမည္ဟု ယံုၾကည္လ်က္ရွိၿပီး MCC Institute တြင္ သူတုိ႔ ေမွ်ာ္မွန္းထားေသာ ရည္မွန္းခ်က္ ပန္းတုိင္မ်ားအတြက္ လာေရာက္ပညာဆည္းပူးေနေသာ နယ္ပယ္အသီးသီးမွ ထူးခြၽန္လူငယ္မ်ားလည္း ေပ်ာ္ရႊင္စြာ ပညာသင္ၾကားလ်က္ ရွိေနပါတယ္။

ေမးျမန္းသူ
UNO (အုိင္တီခရီးသည္)

BIT နဲ့အတူ AiKido Black Belt ယူ

(၂၀၀၉) ခုနှစ်ကစပြီး မြန်မာနိုင်ငံ၏ ပထမဦးဆုံး Private Higher Institute တစ်ခုအဖြစ် စတင်ခဲ့သော MCC Training Institute (MCC Institute) သည် မြန်မာနိုင်ငံတစ်ဝှမ်းမှ ကျောင်းသားလူငယ်များအား နိုင်ငံတကာအဆင့် ပညာရပ်များဖြစ် သော IT ၊ စီးပွားရေးနှင့် အင်ဂျင်နီယာ ပညာရပ်များအား နိုင်ငံတကာ တက္ကသိုလ် ကြီးများ၊ ပညာရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး စနစ်တကျ ပြုစုပျိုးထောင်ပေးသကဲ့သို့ အဓိက ပညာရပ်သင်ယူမှုများတွင် သာမက ဘက်စုံထူးချွန်သော လူကောင်းလူတော်များ ဖြစ်လာစေရန် အဘက်ဘက်မှ ဆောင်ရွက်ပေးလျက် ရှိပါသည်။ အထူးသဖြင့် IT မေဂျာအထူးပြု B.Sc (Hons) Business IT နိုင်ငံတကာ အသိအမှတ်ပြု ကွန်ပျူတာ သိပ္ပံဘွဲ့သင်တန်းတွင် ပင်မ Academic ဘာသာရပ်များအပြင် English Proficiency သင်ကြားပေးမှု အစီအစဉ်များ၊ On the Job Training  (လက်တွေ့လုပ်ငန်းခွင် လေ့လာ ဆောင်ရွက်မှု အစီအစဉ်များ၊ Microsoft Corporation ကဲ့သို့ နိုင်ငံတကာ IT ကုမ္ပဏီကြီးများ၏ ကျွမ်းကျင်မှုလက်မှတ် Skill Certification သင်ကြားမှု အစီအစဉ်များအပြင် Extra Curriculum Activities ဟု ခေါ်ဆိုနိုင်သော ကျောင်းသင်ခန်းစာပြင်ပ လှုပ်ရှားမှုများဖြစ်သည့် စာပေ၊ ဂီတ၊ အားကစားနှင့် လူမှုရေး အကျိုးပြုသော လုပ်ငန်းများကိုလည်း သတ်မှတ်ထားသော အချိန်ဇယားများအတိုင်း MCC.i Campus အလိုက် ဆောင်ရွက်ပြုလုပ်ပေးလျက် ရှိပါသည်။ အားကစား လှုပ်ရှားမှုများအနေဖြင့် ကျောင်းသား/သူများ စုပေါင်း လမ်းလျှောက်ခြင်း၊ အေရိုးပစ်ကခုန်ခြင်း၊ ကြက်တောင်ရိုက်ခြင်း၊ ပင်ပေါင်ကစားခြင်း၊ Fusal နှင့် ဖိတ်ခေါ် ဘောလုံးပွဲများကိုလည်း ဆက်စဉ်မပြတ် ပြုလုပ်ကျင်းပပေးလျက် ရှိပါသည်။
ကျွန်တော် နာမည် က ဇင်လှိုင်းထွန်းဖြစ်ပါတယ်၊ ဖေဖေ က ဦးထွန်းပို မေမေက ဒေါ်စိန်စိန်မြင့် ဖြစ်ပြီး ကချင်ပြည်နယ် မိုးညှင်းမြို့ ပျော်ဘွယ်ရပ်မှာ နေထိုင်ကြပါတယ်။ တက္ကသိလ်ဝင်တန်း အောင်မြင်ခဲ့သည့်ခုနှစ်နဲ့ MCC မှာ BIT ရွေးချယ်တက်ရောက်ဖြစ်ခဲ့ ၂၀၀၉ ခုနှစ် မှာ အ.ထ.က (၁) မိုးညှင်း မှ ကျွန်တော် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ပါတယ်။ ဘဝတစ်ဆစ်ချိုးလို့ ခေါ်ကြတဲ့ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး ဘာတက်ရမလဲ ဖြစ်နေ ရွေးရခက်နေတဲ့ အချိန် ဂျာနယ်တစ်ခု မှာ MCC.i ရဲ့BIT သင်တန်းကြော်ငြာကို တွေ့ ပြီး စ စိတ်ဝင်စား တာနဲ့ စုံစမ်း ခဲ့ပါတယ်။ ငယ်ငယ်ကတည်းက Computer ကို စိတ်ဝင်စားခဲ့ လို့ ဆုံးဖြတ်ပြီး ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ Yangon Campus ပထမဆုံး စဖွင့်တဲ့ Section 1 မှာ တက်ရောက်ဖြစ်ခဲ့ပါတယ်။
ကျောင်းတက်ခဲ့ရတဲ့ အတွေ့ အကြုံ ဆိုရင်တော့ အမှတ်တရတွေ များကြီးပါ။ ၃နှစ်တာကာလမှာ ဖြတ်သန်းရတာ က Assignment တွေ Project တွေနဲ့ လုံးပန်းရတဲ့ အမှတ်တရတွေ ပေါ့။ ပထမနှစ် (IDCS/ Level 4) ပထမနှစ်ဝက် မှာ သူငယ်ချငး်အသစ်တွေနဲ့ စခင်မင်ရတဲ့ အချိန် ဖြစ်ပေမယ့် တစ်ဦးနဲ့တစ်ဦး မိတ်ဆက်ခင်မင်ရတယ် ဘဝရဲ့ မေ့မရတဲ့အမှတ်ရစရာ first day of University Life ပါ။ ဒုတိယနှစ်ဝက် စတက် ကြတဲ့အခါမှာ ကျောင်းဖွင့်စမှာ OJT (On the Job Training) စသွားရပြီ ၊ အဲ့အချိန်က ကျောက်မျက်ပွဲကို ရန်ကုန် MCC ခန်းမ မှာ လုပ်တယ်။ ကျောင်းမှာ သင်ကြားရတာတွေကို စလေ့လာ ရတဲ့ အချိန် လုပ်ငန်းခွင်ဆိုတာ ဒါမျိုးပါလားလို့ စသိရတဲ့ အချိန်ဆိုတော့ စိတ်အရမ်းလှုပ်ရှားပြီး အတွေ့အကြံုတွေ အများကြီးရခဲ့တယ်။ Customer တွေနဲ့ ဆက်ဆံပုံတွေ ကအစ ပြုလို့ အလုပ်မှာ ရှိလာတဲ့ error ကို solving လုပ်တာတွေ အထိ အနီးကပ်လေ့လာ ခွင့် သင်ကြားခွင့်ရတယ်။ အမှတ်တရ ပင်ပန်းမှုတွေများစွာရရှိခဲ့တယ်။ ဒုတိယနှစ် သင်တန်းကာလမှာ တော့ Assignment  တွေလုပ်ရတာ ပိုလွယ်ကူလာတယ် OJT က ရလာတဲ့ experience နဲ့ ဆရာတွေ ပြောပြတဲ့ သူတို့ ဖြတ်သန်းလာတဲ့ experience တွေကြောင့် Assignment နဲ့ သင်ကြားမှုတွေမှာ ပိုမိုထိရောက်လာခဲ့တယ်။ဒုတိယနှစ် ကတော့ ပျော်စရာအကောင်းဆုံးလို့ ပြောရင်လဲ မမှားပါဘူး။ ဒုတိယနှစ်မှာ Advance Level ရောက်လာတော့ သင်ကြားရတာတွေလဲ ပိုခက်လာတယ်။ ပြီးတော့ ကျွန်တော်တို့ တုန်းက Group Project လုပ်ရတော့ အသင်းတစ်ခုရဲ့ တာဝန်ယူမှုတွေ လဲ ရခဲ့တယ်။ Project တစ်ခုကို ကိုယ်တိုင်ဖန်တီးရတာဖြစ်တတ်အတွက် အစလယ်ဆုံး လုပ်ကြရတယ်။ OJT တွေမှာလဲ Senior Level ဖြစ်လာတော့ ပွဲ(ကျောက်မျက်ပွဲ စသဖြင့်) တွေမှာ တချို့အရာတွေမှာ ဦးဆောင်တာဝန်ယူရတာတွေ ရှိလာတယ်။ ဒါတွေက တာဝန်ယူမှုတွေ ကိုပိုမိုနားလည်လာစေခဲ့ပါတယ်။ OJT ကို ပွဲအချိန် အပြင် MCC ရဲ့ ISDC အလုပ်တွေ မှာပါ ဆင်းရတော့ လုပ်ငန်းအတွေ့အကြံုပြင် ကျောင်းစာအတွက် လက်တွေ့ ကိုပါ လုံးဝ အပြည့်အဝ ရရှိခဲ့ပါတယ်။ တတိယနှစ်မှာတော့ Senior ကြီးတွေ ဖြစ်လာကြတဲ့အပြင် သင်ကြားရတဲ့ ဘာသာရပ်တွေကလဲ ပိုအဆင့်မြင့်လာတယ်။ 3rd Year မှာ OJT က အလုပ်အကိုင်ပုံစံ ဖြစ်လာခဲ့ပါတယ်။ ၃ရက်ကျောင်းတက်ရင်း ၂ရက်ကို လုပ်ငန်းခွင်ထဲ ဝန်ထမ်းဘဝ ဖြစ်ခဲ့တယ်။ ကျောင်းတက်ရင်း အလုပ်လုပ်ရ တော့ Time Management ကို self management လုပ်လာရတယ်။ တချို့ နေရာတွေမှာ Customer site ဆင်းရတာမျိုးတွေ ရှိလာတယ်။ အရင် ပွဲက တွေ့ ရတဲ့ Customer အတွေ့အကြံုထက် ပိုတဲ့ experience တွေကို ရခဲ့တယ်။  တကယ့် လုပ်ငန်း  ဧရိယာတေါကို  excursion ထွက်လေ့လာရတော့ MCC ရဲ့ လုပ်ငန်းတွေအပြင်တခြားသော လုပ်ငန်းတွေကိုပါ လေ့လာရတယ်။ Project ကို Individual လုပ်ရတယ်။ ကျောင်းProject ဆိုပေမယ့် လိုအပ်တာတွေကို လုပ်မယ့် Project ပေါ်မူတည်ပြီး လုပ်ငန်းဧရိယာတွေမှာ survey တွေလိုက်ကောက် ရတယ်။ ဒီအတွေ့အကြံုတွေ ဒုက္ခတွေ က နောင်တချိန် ကိုယ့်အလုပ်မှာ ရလာမယ့် ဗဟုသုတွေဆိုတာ အဲ့တုန်းက မသိခဲ့တာ အမှန်ပါ။ MCC ကနေ ပညာတွေ သင်ယူနေရင်း တတိယနှစ် မတက်ခင် ၁နှစ်နားခဲ့တော့ တခြားသူတွေထက် နောက်ကျပြီး 2013 ခုနှစ်မှာ Bsc.(Honus).Business Information Technology ဘွဲ့ကိုရရှိခဲ့ပါတယ်။ ဘွဲ့ရရချင်းမှာ MCC က ISDC (International Software Development Center) မှာ Software Engineer အလုပ်ဝင်လုပ်ခဲ့ပါတယ်။ အခုအချိန် မှာတော့ Singapore အခြေစိုက် (JNBK)  Innovix Solution မှာ Web Template, UI & Graphic Designer အဖြစ် လုပ်ကိုင်နေပါတယ်။
အလုပ်နဲ့ ပက်သက်ပြီး ကျောင်းပြီးလို့ အလုပ်ကို ၂ခုလောက်ပြောင်းလုပ်ခဲ့ဖူးပါတယ်။ BIT ဘွဲ့ဖြစ်တဲ့ အတွက် IT အပြင် Business Subject ကိုပါသင်ကြား ရတာဖြစ်တဲ့အတွက် Buisiness အကြောင်းများ သင်ကြားခဲ့ပါတယ်။ အဲ့လိုသင်ကြားမှုက ယခုအလုပ်မတိုင်ခင် Online Trading Company တစ်ခုမှာ Business Consultant အဖြစ်လုပ်ကိုင်ရာမှာ အများကြီး အထောက်အကူရပါတယ်။ Business ကိုသိတတ်နားလည်တဲ့ အပြင် Online ဖြစ်တဲ့ Ecommerce ကိုပါ IT သမားတစ်ယောက်အနေနဲ့ ကောင်းမွန်းစွာ နာလည်လို့ Assistant Business Manager ကို ခန့်ထားခြင်းခံရပါတယ်။ ဒါပေမယ့် ဝါသနာ အရ ယခုအလုပ်ကို ပြောင်းရွေ့ခဲ့တာပါ။ ကျောင်းကသင်ကြားရတဲ့ လက်တွေ့ တွေ သင်ကြားမှုဘာသာရပ်တွေ ဆရာတွေ ဝေမျှတဲ့ ဖြတ်သန်းလာတဲ့ Experience တွေ သူတို့လေ့လာသမျှတွေက ကျွန်တော့အတွက် အလုပ်မှာသာမက လူမှုရေးမှာပါ အထောက်အကူအများကြီးရပါတယ်။ အလုပ်ဝင်ခါစ ဝန်းထမ်းအသစ်အနေနဲ့ ရှိသင့်တဲ့ ဝန်းထမ်းလုပ်ငန်းအတွေ့အကြံု ထက်ပို ပြီးရှိနေပါတယ်။ အလုပ်မှာ ရှိတဲ့ pressure ကအစ ဖြစ်လာတဲ့ error, Customer နဲ့ စကားပြောခြင်းတွေမျာ အတွေ့အကြံုတွေရထားတဲ့ အတွက် သာမာန် senior တွေ့ ထက် သာနေပါတယ်။ ယခု လုပ်နေတဲ့ company က သာမာန်အားဖြင့် ဝန်ထမ်းအသစ် ကို အနည်းဆုံး အစမ်းခန့် အနေနဲ့ ၁လကနေ ၃လ အထိ စောင့်ကြည့်ပြီးမှ permanent  ခန့်ပေမယ့် ကျောင်းက ရတဲ့ အကျိုးတွေက  ကျွန်တော့ ၂ပတ်အကြာမှာ permanent ဖြစ်စေခဲ့ပါတယ်။
အားကစားအနေနဲ့ ကျွန်တော် ဂျပန်ရိုးရာ Martial Art ဖြစ်တဲ့ Aikido ကို ကစားဖြစ်ပါတယ်။ စ ကစားတာ ကတော့ MMC.i တက်နေတဲ့ ပထမနှစ် ၊ Second Semester စတတ်တဲ့ အချိန် လောက်မျာပါ ၂၀၁၀ ဇွန်လ လောက်မှာပါ။ ကျောင်းတက်ရင်း နဲ့ ရတဲ့အချိန်မျာ စိတ်ထွက်ပေါက်အနေနဲ့ အဖြစ်ရော အားကစားအနေနဲ့ အဖြစ်ရော ကစားဖြစ်ခဲ့ပါတယ်။ ကျောင်းကို ၉ နာရီကနေ ၄နာရီအထိ တက်ရင်း ညနေဘက်မှာ သင်တန်းကိုသွားပြီး ကစားဖြစ်တယ်။ ညဘက်ကို ကျောင်းကစာတွေပြန်နွေးရင်း အိပ်ခါနည်းမှာ ဝါသနာပါတဲ့ ပန်းချီကို အနည်းငယ်ဆွဲဖြစ်ပါတယ်။ တနေ့တနေ့ ကျောင်းနဲ့သင်တန်းသွားနေရင်း တခါတလေ သူငယ်ချင်းတွေနဲ့ ဂိမ်းတွေလဲ ဆော့ဖြစ်ပါတယ်။ ကျောင်းပိတ်ရက်တွေမှာတော့ ဝါသနာပါတဲ့ Photography ကိုလေ့လာရင် ဓါတ်ပုံတွေ ထွက်ရိုက်ဖြစ်ခဲ့ပါတယ်။
Aikido ကို ကိုယ်ခံပညာတစ်ခု အားကစားတစ်ခု အနေနဲ့အပြင် ဝါသနာနဲ့စိတ်ဝင်စားကာ ကြိုးစားလေ့ကျင့် ခဲ့လို့ ကျောင်းတက်နေစဲ ၂၀၁၂ ခုနှစ် မှာ အပြည်ပြည်ဆိုင်ရာအသိအမှတ်ပြု Sho Dan(1st Dan) Black Belt ကို ရရှိခဲ့ပါတယ်။  ၂၀၁၃ ခုနှစ် Myanmar Aikido Development Committee ရဲ့ Assistant Secretary ဖြစ်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် ယခုနှစ်စပိုင်းမှာ Ni Dan (2nd Dan) ကိုရရှိခဲ့ပါတယ်။
အားကစားအပြင် အနုပညာအနေနဲ့ ဓါတ်ပုံနဲ့ ပတ်သက်ပြီး ၂၀၁၄ ခုနှစ်ဒီဇင်ဘာမှာ ပြုလုပ်တဲ့ Photo Marathon ပွဲ မှာ ခေါင်းစဉ် ၅ခု အနက် တစ်ခုမှာ 1st Runner Up ရရှိခဲ့ပါတယ်။
ခုလို ရရှိခဲ့တဲ့ အောင်မြင်မှုတွေအရ နားလည်လာခဲ့ခြင်းတွေက ကျွန်တော်တို့ လူငယ်တွေမှာ အောင်မြင်တိုးတက် ဖို့ တွက် ကျောင်းမှာသင်ကြားရတဲ့ သင်ခန်းစာ တွေအပြင် အခြားသော အရာတွေပါ လိုအပ်ပါတယ်။ အားကစားတစ်ခုခု ကိုလဲ ကစားဖို့ လိုအပ်ပါတယ်။ Aikido မှ Martial Art မှ Football မှ မဟုတ်ပါဘူး မည်သည့်အားကစားမဆို တစ်ခုခု လိုအပ်ပါတယ်။ ဒါက ကျန်းမာရေးကို အထောက်အကူပြုတဲ့အပြင် ဇွဲကို လုံးလ ကြံခိုင်မှု ဖြတ်ထိုးဉာဏ် စိတ်ပိုင်းဆိုင်ရင် တိုးတက်မှုတွေကို အထောက်အကူများစွာပြုပါတယ်။ အားကစာလုပ်ရင်း မရမက လုပ်ရတာတွေ လေ့ကျင့်ရတာတွေ ကြံုတွေ့လာရတဲ့ အရှုံးတွေ စတာတွေက စိတ်ပိုင်းဆိုင်ရာခွန်အားကို ဖြစ်စေပါတယ်။ ငါ မရရအောင်လေ့ကျင့်မယ် မရရအောင်လုပ်မယ် ဆိုတဲ့ စိတ်တွေက ခွန်အားဖြစ်စေပါတယ်။ ကျွန်တော် က စာပေမျာ အားနည်တယ်လို့ပြောရင်ရပါတယ်။ စာမေးပွဲတွေကျခဲ့ဖူးပါတယ်။ Project တွေ Assignment တွေကြောင့် စိတ်ဓါတ်တွေကျ ဖူးပေမယ့် အားကစားက ရတဲ့ လုံးလစိတ် ငါလုပ်နိုင်ပါတယ်ဆိုတဲ့စိတ်တွေက အထောက်အကူဖြစ်စေခဲ့ပါတယ်။ တခါတလေ တချို့အချိန်တွေမှာ စိတ်တွေလေပြီး ဘာလုပ်ရမလဲ မသိတဲ့ အခါမျိုးတွေဖြစ်တတ်ပေမယ့် အဲ့လိုဖြစ်လာခဲ့တိုင်း ဝါသနာပါတဲ့ ပန်းချီနဲ့ ဓါတ်ပုံတွေကိုပဲ လုပ်ဖြစ်ခဲ့ပါတယ်။
ကိုယ့်ထက်ငယ်တဲ့ ညီ ညီမတွေကို အမှာစကား အနေနဲ့ ကျွန်တော့ ဖေဖေပြော တဲ့စကားလေးပဲ လက်ဆောင် ပေးပါရစေ။ ငါတစ်ခုခုဖြစ်ရမယ်လို့ ထားတဲ့ရည်မှန်းချက်ထက် ရောက်တဲ့နေရာမှာ ကိုယ်လုပ်တဲ့ အလုပ်ကို အကောင်းဆုံးဖြစ်အောင်လုပ်ပါ လို့ပြောပါရစေ။ ဘယ်နေရာမှာ ဖြစ်ဖြစ် ဘယ်အလုပ်ကိုပဲ လုပ်လုပ်ကိုယ်လုပ်တဲ့ အလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်ရင် ကိုယ့်ရည်မှန်းထားတာထက်ပိုပြီးရနိုင်ပါတယ်။ တခါတလေမှာ ကျဆုံးမှု ရှုံးနိမ့်မှုတွေ ရှိလာခဲ့ရင်လဲ စိတ်ဓါတ်ကျမနေပဲ ဖြစ်လာတဲ့အရာကိုပဲ အကောင်းဆုံးဖြစ်အောင်လုပ်ပါ။ လှဲကျတာ ရှုံးနိမ့်တာက ရှက်စရာမဟုတ်ပါဘူး၊ လှဲကျနေတာ ရှုံး နိမ့်နေတာကို ပြန်မထပဲ အရှုံးပေးလိုက်တာကမှ ရှက်စရာကောင်းတာပါ။ အဲ့တော့ ညီ ညီမတွေကို မှာချင်တာက ဘာပဲ လုပ်လုပ် ကိုယ်လုပ်ရတဲ့ အလုပ်ကို အကောင်းမွန်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင်လုပ်ပါလို့ မှာချင်ပါတယ်။
ကျွန်တော်အနေနဲ့ MCC.i က မိသားစုတစ်ခုလို အမှတ်တရတွေ မမေ့နိုင်စရာတွေ နဲ့ ပါ။ Campus အတန်းတွေ ရန်ကုန်မှာ စဖွင့်တဲ့ အချိန် မှာ တက်ခဲ့ ရတော့ လိုအပ်ချက်တွေ ရှိပေမယ့် ပျော်စရာ အလွန်ကောင်းခဲ့ပါတယ်။ ကျောင်းမှာ ကြံုရတဲ့ ဒုက္ခတွေ ဖြစ်ပျက်တာတွေက ဆရာအကြည်တော် ပြောသလို ဒုက္ခဆိုတာ နောက်တစ်ချိန်ဖြစ်လာမယ့် ဟာသ ဆိုသလို ခုချိန်သူငယ်ချင်းတွေ တွေ့တိုင်း ပြောပြီး သတိရနေစဲပါ။ …
ထိုကဲ့သို့ MCC Institute မှ ကျောင်းသားလူငယ်များအတွက် အမြော်အမြင် ရည်မှန်းချက်ကြီးစွာဖြင့် ကျိုးစား ဆောင်ရွက်လျက်ရှိရာ မကြာမှီ ကာလများတွင် IT ပညာသာမက အားကစားနှင့် ဘက်စုံထူးချွန်သော လူငယ်လူရွယ်များ များစွာ ပေါ်ထွက်လာမည်ဟု ယုံကြည်လျက်ရှိပြီး MCC Institute တွင် သူတို့ မျှော်မှန်းထားသော ရည်မှန်းချက် ပန်းတိုင်များအတွက် လာရောက်ပညာဆည်းပူးနေသော နယ်ပယ်အသီးသီးမှ ထူးချွန်လူငယ်များလည်း ပျော်ရွှင်စွာ ပညာသင်ကြားလျက် ရှိနေပါတယ်။

မေးမြန်းသူ
UNO (အိုင်တီခရီးသည်)