Tuesday, June 7, 2016

ဘြဲ႕ရၿပီးတာနဲ႔ ခ်က္ခ်င္း အလုပ္ခန္႔ေပးမည့္ အဂၤလန္ႏုိင္ငံမွ ကြန္ပ်ဴတာ သိပံၸဒီဂရီ

ဘြဲ႕ရၿပီးတာနဲ႔ ခ်က္ခ်င္း အလုပ္ခန္႔ေပးမည့္ အဂၤလန္ႏုိင္ငံမွ ကြန္ပ်ဴတာ သိပံၸဒီဂရီ
ဘြဲ႕ရၿပီးတာနဲ႔ ခ်က္ခ်င္း အလုပ္ခန္႔ေပးမည့္ အဂၤလန္ႏုိင္ငံမွ ကြန္ပ်ဴတာ သိပံၸဒီဂရီ တကၠသုိလ္၀င္တန္း စာေမးပြဲေအာင္ စာရင္းေတြထြက္ၿပီး စာေမးပြဲေအာင္ျမင္ၾကလုိ႔ ၀မ္းသာပီတိျဖစ္ၿပီးတဲ့အခါ ဘယ္တကၠသုိလ္ တက္ရမလဲ၊ ဘယ္တကၠသုိလ္ တက္တာက ကုိယ့္ဘ၀ ေအာင္ျမင္မႈကုိ အျမန္ဆံုးရမွာလဲဆုိတဲ့ ေသာကတစ္ခု ခ်က္ခ်င္း ျဖစ္လာေလ့ ရွိတတ္ၾကပါတယ္။ ေရြးစရာ၊ ခ်ယ္စရာ တကၠသုိလ္ေတြက မ်ားသလုိလုိနဲ႔ မိမိရတဲ့ အမွတ္ေပၚမူတည္ၿပီး ေရြးခ်ယ္ႏုိင္တာကလည္း သိပ္မရွိသလုိပါဘဲ။ ခ်က္ခ်င္းေတာ့ ဘာဆံုးျဖတ္ရမယ္မွန္း မသိသလုိ မိဘေတြကလည္း ဘာလုပ္ရမွန္းမသိ၊ ေက်ာင္းသူ ေက်ာင္းသားေတြလည္း ဘာလုပ္ရမွန္းမသိ ျဖစ္ေန တတ္ပါတယ္။ စိတ္ဇေ၀ဇ၀ါမျဖစ္ဘဲ၊ အမွတ္ အနည္းအမ်ားမရွိဘဲ ေရြးခ်ယ္တက္ေရာက္ႏုိင္တာကေတာ့ ကြန္ပ်ဴတာသိပၸံဘြဲ႕သင္တန္း ျဖစ္ပါတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ အနာဂတ္မွာ အရာရာဟာ IT မသံုးလုိ႔မရတဲ့ ေခတ္ႀကီးျဖစ္လုိ႔ IT ပညာ တတ္ေျမာက္ထားတဲ့သူေတြဟာ ျပည္တြင္းမွာေရာ ျပည္ပမွာပါ အလုပ္အကုိင္ အခြင့္အလမ္းေတြ ေပါမ်ားလုိ႔ပဲ ျဖစ္ပါတယ္။ အဲဒီကြန္ပ်ဴတာသိပၸံဘြဲ႕ကေတာ့ အဂၤလန္ႏုိင္ငံ University of Greenwich က ခ်ီးျမႇင့္မယ့္ B.Sc (Hons:) ဒီဂရီပဲ ျဖစ္ပါတယ္။ ျမန္မာႏုိင္ငံ MCC Institute ေတြမွာ (၃)ႏွစ္ တက္ေရာက္ၿပီး ရမွာျဖစ္ပါတယ္။ MCC မွာ သင္ေပမဲ့ အဲဒီ ကြန္ပ်ဴတာသိပၸံဘြဲ႕ဟာ အလြန္နာမည္ႀကီးပါတယ္။ ျမန္မာႏုိင္ငံမွာ အေကာင္းဆံုးျဖစ္ပါတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ အဂၤလန္ႏုိင္ငံက သတ္မွတ္ ျပ႒ာန္းထားတဲ့ သင္ခန္းစာေတြအျပင္ Microsoft ရဲ႕ ကြၽမ္းက်င္မႈ လက္ေတြ႕ Skill Certification ေတြကုိ တစ္ပါတည္းရေအာင္ လုပ္ထားပါတယ္။ အဂၤလိပ္စာ ကြၽမ္းက်င္မႈ အတြက္လည္း ထပ္ေဆာင္းသင္ၾကားေပးသလုိ လက္ေတြ႕ အေတြ႕အႀကံဳေတြရေအာင္ ပထမႏွစ္မွစၿပီး OJT (On-the-Job-Training) က တစ္ပါတည္း လုပ္ေပးပါတယ္။ တတိယႏွစ္ (ေနာက္ဆံုး) ေရာက္တဲ့အခါ အခ်ိန္ပုိင္း၀န္ထမ္းေတြအျဖစ္ ခန္႔ထားၿပီး တစ္ပတ္အတြက္ (၂) ရက္ လက္ေတြ႕အလုပ္ေတြ လုပ္ေစပါတယ္။ ေနာက္ဆံုးႏွစ္ စာေမးပြဲေအာင္ၿပီးတာနဲ႔ MCC ရဲ႕ International Software Development Center (ISDC) မွာ အလုပ္တစ္ခါတည္း ခန္႔ေပးၿပီး အလုပ္အေတြ႕အႀကံဳေတြကုိ ရေအာင္ ျပဳလုပ္ေပးပါတယ္။ ဒါ့ေၾကာင့္ MCC မွာ သင္ေပးတဲ့ B.Sc (Hons:) Business IT သင္တန္းက ေရာက္လာတဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြဟာ စီးပြားေရးနဲ႔ ပတ္သက္တဲ့ စနစ္ေတြကုိ တီထြင္ ထုတ္လုပ္ႏုိင္တဲ့ အသိပညာေတြ၊ လက္ေတြ႕လုပ္ငန္းခြင္မွာ လုပ္ႏုိင္မယ့္ ကြၽမ္းက်င္မႈေတြ၊ လက္ ေတြ႕လုပ္ငန္းေတြမွာ လုပ္ဖူးတဲ့ အလုပ္အေတြ႕အႀကံဳေတြ၊ ႏုိင္ငံတကာမွာ ဆက္ဆံေျပာဆုိ အလုပ္လုပ္ႏုိင္တဲ့ အဂၤလိပ္ဘာသာ ကြၽမ္းက်င္မႈေတြ၊ ျပည့္စံုတဲ့ ေခတ္မီ လူငယ္လူရြယ္ေတြ ျဖစ္လာႏုိင္တဲ့အတြက္ ျဖစ္ပါတယ္။ ၿပီးေတာ့ ကုိယ္ပိုင္စနစ္ေတြ တီထြင္ၿပီး ကုိယ္ပုိင္လုပ္ငန္း တည္ေထာင္ခ်င္တဲ့ လူငယ္လူရြယ္ေတြ အတြက္လည္း လုိအပ္တဲ့ အရင္းအႏွီးအတြက္ MCC က Venture Capital ထုတ္ေပးလ်က္ရွိပါတယ္။ ဒါ့ေၾကာင့္ ဘယ္သူနဲ႔မွမတူတဲ့ MCC ရဲ႕ ကြန္ပ်ဴတာသိပၸံဘြဲ႕သင္တန္းကုိ ျမန္မာႏုိင္ငံအႏွံ႕မွာ တက္လုိ႔ရေအာင္လည္း စီစဥ္ေပးပါတယ္။ ရန္ကုန္၊ မႏၱေလး၊ ေနျပည္ေတာ္၊ ရတနာပံုဆုိင္ဘာ စီတီးတုိ႔မွာ ျဖစ္ပါတယ္။ အနယ္နယ္အရပ္ရပ္မွ ေက်ာင္းသား၊ ေက်ာင္းသူမ်ား တက္ေရာက္ႏုိင္ဖို႕ MCC Institute (Yatanarpon) မွာ ေက်ာင္းသား၊ ေက်ာင္းသူ အေဆာင္ေတြ ထားရွိပါတယ္။

ဘွဲ့ရပြီးတာနဲ့ ချက်ချင်း အလုပ်ခန့်ပေးမည့် အင်္ဂလန်နိုင်ငံမှ ကွန်ပျူတာ သိပ္ပံဒီဂရီ

ဘွဲ့ရပြီးတာနဲ့ ချက်ချင်း အလုပ်ခန့်ပေးမည့် အင်္ဂလန်နိုင်ငံမှ ကွန်ပျူတာ သိပ္ပံဒီဂရီ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင် စာရင်းတွေထွက်ပြီး စာမေးပွဲအောင်မြင်ကြလို့ ၀မ်းသာပီတိဖြစ်ပြီးတဲ့အခါ ဘယ်တက္ကသိုလ် တက်ရမလဲ၊ ဘယ်တက္ကသိုလ် တက်တာက ကိုယ့်ဘဝ အောင်မြင်မှုကို အမြန်ဆုံးရမှာလဲဆိုတဲ့ သောကတစ်ခု ချက်ချင်း ဖြစ်လာလေ့ ရှိတတ်ကြပါတယ်။ ရွေးစရာ၊ ချယ်စရာ တက္ကသိုလ်တွေက များသလိုလိုနဲ့ မိမိရတဲ့ အမှတ်ပေါ်မူတည်ပြီး ရွေးချယ်နိုင်တာကလည်း သိပ်မရှိသလိုပါဘဲ။ ချက်ချင်းတော့ ဘာဆုံးဖြတ်ရမယ်မှန်း မသိသလို မိဘတွေကလည်း ဘာလုပ်ရမှန်းမသိ၊ ကျောင်းသူ ကျောင်းသားတွေလည်း ဘာလုပ်ရမှန်းမသိ ဖြစ်နေ တတ်ပါတယ်။ စိတ်ဇဝေဇဝါမဖြစ်ဘဲ၊ အမှတ် အနည်းအများမရှိဘဲ ရွေးချယ်တက်ရောက်နိုင်တာကတော့ ကွန်ပျူတာသိပ္ပံဘွဲ့သင်တန်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အနာဂတ်မှာ အရာရာဟာ IT မသုံးလို့မရတဲ့ ခေတ်ကြီးဖြစ်လို့ IT ပညာ တတ်မြောက်ထားတဲ့သူတွေဟာ ပြည်တွင်းမှာရော ပြည်ပမှာပါ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများလို့ပဲ ဖြစ်ပါတယ်။ အဲဒီကွန်ပျူတာသိပ္ပံဘွဲ့ကတော့ အင်္ဂလန်နိုင်ငံ University of Greenwich က ချီးမြှင့်မယ့် B.Sc (Hons:) ဒီဂရီပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ MCC Institute တွေမှာ (၃)နှစ် တက်ရောက်ပြီး ရမှာဖြစ်ပါတယ်။ MCC မှာ သင်ပေမဲ့ အဲဒီ ကွန်ပျူတာသိပ္ပံဘွဲ့ဟာ အလွန်နာမည်ကြီးပါတယ်။ မြန်မာနိုင်ငံမှာ အကောင်းဆုံးဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အင်္ဂလန်နိုင်ငံက သတ်မှတ် ပြဋ္ဌာန်းထားတဲ့ သင်ခန်းစာတွေအပြင် Microsoft ရဲ့ ကျွမ်းကျင်မှု လက်တွေ့ Skill Certification တွေကို တစ်ပါတည်းရအောင် လုပ်ထားပါတယ်။ အင်္ဂလိပ်စာ ကျွမ်းကျင်မှု အတွက်လည်း ထပ်ဆောင်းသင်ကြားပေးသလို လက်တွေ့ အတွေ့အကြုံတွေရအောင် ပထမနှစ်မှစပြီး OJT (On-the-Job-Training) က တစ်ပါတည်း လုပ်ပေးပါတယ်။ တတိယနှစ် (နောက်ဆုံး) ရောက်တဲ့အခါ အချိန်ပိုင်းဝန်ထမ်းတွေအဖြစ် ခန့်ထားပြီး တစ်ပတ်အတွက် (၂) ရက် လက်တွေ့အလုပ်တွေ လုပ်စေပါတယ်။ နောက်ဆုံးနှစ် စာမေးပွဲအောင်ပြီးတာနဲ့ MCC ရဲ့ International Software Development Center (ISDC) မှာ အလုပ်တစ်ခါတည်း ခန့်ပေးပြီး အလုပ်အတွေ့အကြုံတွေကို ရအောင် ပြုလုပ်ပေးပါတယ်။ ဒါ့ကြောင့် MCC မှာ သင်ပေးတဲ့ B.Sc (Hons:) Business IT သင်တန်းက ရောက်လာတဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ စီးပွားရေးနဲ့ ပတ်သက်တဲ့ စနစ်တွေကို တီထွင် ထုတ်လုပ်နိုင်တဲ့ အသိပညာတွေ၊ လက်တွေ့လုပ်ငန်းခွင်မှာ လုပ်နိုင်မယ့် ကျွမ်းကျင်မှုတွေ၊ လက် တွေ့လုပ်ငန်းတွေမှာ လုပ်ဖူးတဲ့ အလုပ်အတွေ့အကြံုတွေ၊ နိုင်ငံတကာမှာ ဆက်ဆံပြောဆို အလုပ်လုပ်နိုင်တဲ့ အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှုတွေ၊ ပြည့်စုံတဲ့ ခေတ်မီ လူငယ်လူရွယ်တွေ ဖြစ်လာနိုင်တဲ့အတွက် ဖြစ်ပါတယ်။ ပြီးတော့ ကိုယ်ပိုင်စနစ်တွေ တီထွင်ပြီး ကိုယ်ပိုင်လုပ်ငန်း တည်ထောင်ချင်တဲ့ လူငယ်လူရွယ်တွေ အတွက်လည်း လိုအပ်တဲ့ အရင်းအနှီးအတွက် MCC က Venture Capital ထုတ်ပေးလျက်ရှိပါတယ်။ ဒါ့ကြောင့် ဘယ်သူနဲ့မှမတူတဲ့ MCC ရဲ့ ကွန်ပျူတာသိပ္ပံဘွဲ့သင်တန်းကို မြန်မာနိုင်ငံအနှံ့မှာ တက်လို့ရအောင်လည်း စီစဉ်ပေးပါတယ်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ရတနာပုံဆိုင်ဘာ စီတီးတို့မှာ ဖြစ်ပါတယ်။ အနယ်နယ်အရပ်ရပ်မှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်နိုင်ဖို့ MCC Institute (Yatanarpon) မှာ ကျောင်းသား၊ ကျောင်းသူ အဆောင်တွေ ထားရှိပါတယ်။





Saturday, May 14, 2016

ျမန္မာ့ ဆက္သြယ္ေရး က႑အတြက္ အေထာက္အကူ ျဖစ္ေစရန္ Huawei ႏွင့္ MCC Group တုိ ့ပူးေပါင္း၍ ဆက္သြယ္ေရး ဆုိင္ရာ သင္တန္းမ်ား ေပးမည္

ရန္ကုန္ ၊ ေမ ၁၄ ရက္ (ဆင္ဟြာ)
ျမန္မာႏုိင္ငံ၏ အရွိန္အဟုန္ႏွင့္ တုိးတက္က်ယ္ျပန္ ့လာေသာ ဆက္သြယ္ေရး က႑အတြက္ ကြ်မ္းက်င္ လုပ္သား ရွားပါးေနျခင္းကို အေထာက္အကူ ျဖစ္ေစရန္ Huawei ႏွင့္ MCC Group တုိ ့ပူးေပါင္း၍ အေျခခံ ဆက္သြယ္ေရး ဆုိင္ရာ သင္တန္းမ်ား ေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏုိင္ငံ၏ ဆက္သြယ္ေရး က႑တြင္ ကြ်မ္းက်င္ ပညာရွင္မ်ား ျပည့္စုံ လုံေလာက္စြာ မရွိသည့္ အတြက္ အခက္အခဲကုိ ႀကဳံေတြ ့ေနရေၾကာင္း ၊ ထုိ ့ေၾကာင့္ ဆက္သြယ္ေရးဆိုင္ရာ သင္တန္း မ်ားကုိ ျပဳလုပ္ႏုိင္ရန္ ပူးေပါင္း ေဆာင္ရြက္လ်က္ ရွိေၾကာင္း ၊ ထုိကဲ့သုိ ့ျပဳလုပ္ရာတြင္ တကၠသုိလ္မ်ားႏွင့္ ပူးေပါင္း ေဆာင္ရြက္မႈ အျဖစ္ သန္လ်င္ နည္းပညာ တကၠသုိလ္ႏွင့္ HAINA ဟူေသာ အစီအစဥ္ကုိ ျပဳလုပ္ခဲ့ၿပီး ယခုအခါ အသက္ေမြးဝမ္းေက်ာင္း ပညာသင္ေသာ MCC Polytechnic College မ်ားတြင္ သင္ၾကားႏုိင္ရန္ MCC Group ႏွင့္ ပူးေပါင္းၿပီး HALP Model ပုံစံျဖင့္ အေျခခံ ဆက္သြယ္ေရးဆိုင္ရာ သင္တန္း မ်ား ေပးႏုိင္ရန္ လက္မွတ္ ေရးထုိးျခင္း ျဖစ္ေၾကာင္း Huawei (Myanmar) ၏ CEO Mr.Zhang Liman က ေျပာၾကားခဲ့သည္။

ဆက္သြယ္ေရး ဆုိင္ရာ သင္တန္းမ်ား (Telecommunication Training) ပုိ ့ခ်ႏုိင္ရန္ႏွင့္ ကြ်မ္းက်င္ပညာရွင္မ်ား ေမြးထုတ္ေပးႏုိင္ရန္ MCC Group ႏွင့္ Huawei တုိ ့အၾကား နားလည္မႈ စာခြ်န္လႊာ(MOU)ကုိ ယေန ့ေမလ ၁၄ ရက္တြင္ Huawei (Myanmar) ၏ CEO Mr.Zhang Liman ႏွင့္ MCC Group, Group CEO ေဒၚေခ်ာခင္ခင္တုိ ့မွ လက္မွတ္ေရးထုိးခဲ့ၾကသည္။

Huawei အစီအစဥ္ျဖင့္ ျပဳလုပ္မည့္ ဆက္သြယ္ေရးဆိုင္ရာ သင္တန္း တြင္ ကြ်မ္းက်င္မႈလက္မွတ္ ႏွင့္ ဒီပလုိမာ သင္တန္းမ်ားကုိ ရန္ကုန္ ၊ မႏၱေလး ၊ ေနျပည္ေတာ္ ၊ မုံရြာ ၊ ပုသိမ္ ႏွင့္ ရတနာပုံ Cyber City တုိ ့တြင္ ဖြင့္လွစ္ထားၿပီး MCC Polytechnic College မ်ားတြင္ ယခု ၂၀၁၆ ခုႏွစ္ ဇြန္လမွ စတင္၍ သင္ၾကားမည္ ျဖစ္ေၾကာင္း သိရသည္။

ထ႔ုိအတူ မၾကာမီ အခ်ိန္တြင္ ျမန္မာႏုိင္ငံ၏ ပထမဆုံး ဆက္သြယ္ေရး ပညာ သိပၸံ (Myanmar Institute of Telecommunication Technology (MITT) )ကုိ Huawei ႏွင့္ ပူးေပါင္း ဖြင့္လွစ္ရန္ စီစဥ္ထားေၾကာင္း သိရသည္။ (Xinhua)
--------------------------------------------------------
(Unicode Version)
မြန်မာ့ ဆက်သွယ်ရေး ကဏ္ဍအတွက် အထောက်အကူ ဖြစ်စေရန် Huawei နှင့် MCC Group တို ့ပူးပေါင်း၍ ဆက်သွယ်ရေး ဆိုင်ရာ သင်တန်းများ ပေးမည်

ရန်ကုန် ၊ မေ ၁၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၏ အရှိန်အဟုန်နှင့် တိုးတက်ကျယ်ပြန် ့လာသော ဆက်သွယ်ရေး ကဏ္ဍအတွက် ကျွမ်းကျင် လုပ်သား ရှားပါးနေခြင်းကို အထောက်အကူ ဖြစ်စေရန် Huawei နှင့် MCC Group တို ့ပူးပေါင်း၍ အခြေခံ ဆက်သွယ်ရေး ဆိုင်ရာ သင်တန်းများ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍတွင် ကျွမ်းကျင် ပညာရှင်များ ပြည့်စုံ လုံလောက်စွာ မရှိသည့် အတွက် အခက်အခဲကို ကြုံတွေ ့နေရကြောင်း ၊ ထို ့ကြောင့် ဆက်သွယ်ရေးဆိုင်ရာ သင်တန်း များကို ပြုလုပ်နိုင်ရန် ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း ၊ ထိုကဲ့သို ့ပြုလုပ်ရာတွင် တက္ကသိုလ်များနှင့် ပူးပေါင်း ဆောင်ရွက်မှု အဖြစ် သန်လျင် နည်းပညာ တက္ကသိုလ်နှင့် HAINA ဟူသော အစီအစဉ်ကို ပြုလုပ်ခဲ့ပြီး ယခုအခါ အသက်မွေးဝမ်းကျောင်း ပညာသင်သော MCC Polytechnic College များတွင် သင်ကြားနိုင်ရန် MCC Group နှင့် ပူးပေါင်းပြီး HALP Model ပုံစံဖြင့် အခြေခံ ဆက်သွယ်ရေးဆိုင်ရာ သင်တန်း များ ပေးနိုင်ရန် လက်မှတ် ရေးထိုးခြင်း ဖြစ်ကြောင်း Huawei (Myanmar) ၏ CEO Mr.Zhang Liman က ပြောကြားခဲ့သည်။

ဆက်သွယ်ရေး ဆိုင်ရာ သင်တန်းများ (Telecommunication Training) ပို ့ချနိုင်ရန်နှင့် ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပေးနိုင်ရန် MCC Group နှင့် Huawei တို ့အကြား နားလည်မှု စာချွန်လွှာ(MOU)ကို ယနေ ့မေလ ၁၄ ရက်တွင် Huawei (Myanmar) ၏ CEO Mr.Zhang Liman နှင့် MCC Group, Group CEO ဒေါ်ချောခင်ခင်တို ့မှ လက်မှတ်ရေးထိုးခဲ့ကြသည်။

Huawei အစီအစဉ်ဖြင့် ပြုလုပ်မည့် ဆက်သွယ်ရေးဆိုင်ရာ သင်တန်း တွင် ကျွမ်းကျင်မှုလက်မှတ် နှင့် ဒီပလိုမာ သင်တန်းများကို ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော် ၊ မုံရွာ ၊ ပုသိမ် နှင့် ရတနာပုံ Cyber City တို ့တွင် ဖွင့်လှစ်ထားပြီး MCC Polytechnic College များတွင် ယခု ၂၀၁၆ ခုနှစ် ဇွန်လမှ စတင်၍ သင်ကြားမည် ဖြစ်ကြောင်း သိရသည်။

ထို့အတူ မကြာမီ အချိန်တွင် မြန်မာနိုင်ငံ၏ ပထမဆုံး ဆက်သွယ်ရေး ပညာ သိပ္ပံ (Myanmar Institute of Telecommunication Technology (MITT) )ကို Huawei နှင့် ပူးပေါင်း ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)





Friday, December 18, 2015

ဒီတစ္ပတ္ အမ္စီစီ

MCC Institute Campus အလုိက္ ကထိန္သကၤန္းမ်ား ဆက္ကပ္လွဴဒါန္း




MCC Style

 
Mandalay Campus, BIT, Year 2, Section-12  မွ ေက်ာင္းသူ မေအးျမတ္ေအာင္

 
Naypyitaw Campus, BIT, Year 2, Section-1 မွ ေက်ာင္းသူ မခင္လျပည့္၀န္း

 
Yatanarpon Campus, BIT, Year 2, Section-17 မွ ေက်ာင္းသူ မနန္းဆုိင္ဖူးဟြန္

ဘ၀မွာ အေပ်ာ္ဆံုးႏွင့္ အမွတ္အရဆံုးအခ်ိန္ေလးမ်ား

21 September 2009 –
ငါတုိ႔ေတြ တစ္ေယာက္တစ္နယ္စီကေန လူသူအသိနည္းတဲ့ နည္းပညာၿမိဳ႕သစ္ေလး တစ္ခုကုိ ဘ၀မွတ္တုိင္ တစ္ခုထူဖုိ႔ ေရာက္လာၾကတယ္ . . .
အစကေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ ခပ္စိမ္းစိမ္းေပါ့ . . . ေက်ာင္းကလဲ အစဆုိေတာ့ လုိအပ္ခ်က္ ေတြၾကားမွာ ဆုိးအတူ ေကာင္းအတူ ေနလာၾကရင္း (၂) လ (၃)လၾကာလာေတာ့ ညီအစ္ကုိေမာင္ႏွမေတြလုိ ျဖစ္လာၾကတယ္ . . .
အခက္အခဲေတြ အတူတူ ေက်ာ္လႊားခဲ့ၾကတယ္ . . . ခဏခဏ အတူတူ႐ႈံးနိမ့္ ခဲ့ၾကဖူးတယ္ . . . လဲက်တုိင္း တစ္ေယာက္ကုိတစ္ေယာက္ ေဖးကူထူမရင္း အႀကိမ္ႀကိမ္ ျပန္ထခဲ့ၾကတယ္ . . . ၀မ္းနည္းစရာရွိလဲ အတူတူ . . . ေပ်ာ္စရာရွိလဲ အတူတူေပါ. . .
ငါတုိ႔ အတန္းအတူတူလစ္ဖူးတယ္ . . . စာသင္ခ်ိန္မွာ စာမသင္ခ်င္လုိ႔ ေရခ်ိဳးခန္းထဲမွာ စာသင္ခ်ိန္တစ္ခုလံုး ေရခ်ိဳးေနခဲ့ဖူးတယ္ . . . ဆရာမေတြ မေခၚရဲလို႔ ဆရာေတြကုိ အကူအအညီေတာင္းရတဲ့အထိေပါ့ . . .
ဘာေတြ ဘယ္လုိပဲျဖစ္ျဖစ္ အားလံုးက MCC Yatanarpon Section – 2 ဆုိတဲ့ ေခါင္းစဥ္ေအာက္မွာပဲ တကၠသုိလ္ေက်ာင္းသားဘ၀ကုိ အေရာင္စံု ျခယ္မႈန္းခဲ့ၾကတယ္ . . .
အခ်ိန္ေတြ ၾကာလာတာနဲ႔ လူေတြနည္းနည္းလာတယ္ . . . တစ္ခ်ိဳ႕ကလဲ ကုိယ္ေရးကုိယ္တာ ကိစၥ၊ တစ္ခ်ိဳ႕ကလဲ စီးပြားေရးကိစၥ၊ အမ်ိဳးမ်ိဳးေပါ့ . . .
အခ်ိန္နဲ႔အမွ် လူေတြ ေလ်ာ့သြား . . . လူေတြေျပာင္းသြားေပမယ့္ Section - 2 ဆုိတာႀကီးကေတာ့ ေပ်ာက္မသြားခဲ့ပါဘူး . . . ရွိတဲ့လူေတြနဲ႔ အေရာင္စံုေအာင္ ဆက္လက္ျခယ္သေနတုန္းပါပဲ . ..
ဒီလုိနဲ႔ပဲ December 2012 မွာ ငါတုိ႔ေက်ာင္းႀကီး ၿပီးသြားခဲ့တယ္ . . .
သူငယ္ခ်င္းေတြ ခြဲရၿပီဆုိတဲ့အသိနဲ႔ ေကာင္းေကာင္းေတာင္ မႏႈတ္ဆက္ျဖစ္ခဲ့ၾကပါဘူး . .
အခုေတာ့လဲ တစ္ေယာက္ကုိ တစ္ေနရာစီနဲ႔ နယ္ပယ္တစ္ခုစီမွာ အသီးသီး အလုပ္လုပ္ေနၾကပါတယ္ . . . တစ္ခါတေလ လူစံုမိေတာ့လဲ ဘ၀အေၾကာင္း၊ အနာဂတ္အေၾကာင္း ေလႀကီးမုိးႀကီး ေျပာၾကတာေပါ့ . . .
အခုခ်ိန္မွာ အရင္က ငါတုိ႔အတူတူ ျခယ္ခဲ့တဲ့ ေရာင္စံုပန္းခ်ီကားတစ္ခ်ပ္က ေတာ္ေတာ္အေရာင္ေတြ စံုၿပီး အဓိပၸာယ္အျပည့္နဲ႔ေပါ့ . . .

ရတနာပံုမွာ ေက်ာင္းသားေဟာင္းတစ္ဦး

ဘဝမှာ အပျော်ဆုံးနှင့် အမှတ်အရဆုံးအချိန်လေးများ

21 September 2009 –
ငါတို့တွေ တစ်ယောက်တစ်နယ်စီကနေ လူသူအသိနည်းတဲ့ နည်းပညာမြို့သစ်လေး တစ်ခုကို ဘဝမှတ်တိုင် တစ်ခုထူဖို့ ရောက်လာကြတယ် . . .
အစကတော့ တစ်ယောက်နဲ့တစ်ယောက် ခပ်စိမ်းစိမ်းပေါ့ . . . ကျောင်းကလဲ အစဆိုတော့ လိုအပ်ချက် တွေကြားမှာ ဆိုးအတူ ကောင်းအတူ နေလာကြရင်း (၂) လ (၃)လကြာလာတော့ ညီအစ်ကိုမောင်နှမတွေလို ဖြစ်လာကြတယ် . . .
အခက်အခဲတွေ အတူတူ ကျော်လွှားခဲ့ကြတယ် . . . ခဏခဏ အတူတူရှုံးနိမ့် ခဲ့ကြဖူးတယ် . . . လဲကျတိုင်း တစ်ယောက်ကိုတစ်ယောက် ဖေးကူထူမရင်း အကြိမ်ကြိမ် ပြန်ထခဲ့ကြတယ် . . . ၀မ်းနည်းစရာရှိလဲ အတူတူ . . . ပျော်စရာရှိလဲ အတူတူပေါ. . .
ငါတို့ အတန်းအတူတူလစ်ဖူးတယ် . . . စာသင်ချိန်မှာ စာမသင်ချင်လို့ ရေချိုးခန်းထဲမှာ စာသင်ချိန်တစ်ခုလုံး ရေချိုးနေခဲ့ဖူးတယ် . . . ဆရာမတွေ မခေါ်ရဲလို့ ဆရာတွေကို အကူအအညီတောင်းရတဲ့အထိပေါ့ . . .
ဘာတွေ ဘယ်လိုပဲဖြစ်ဖြစ် အားလုံးက MCC Yatanarpon Section – 2 ဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲ တက္ကသိုလ်ကျောင်းသားဘဝကို အရောင်စုံ ခြယ်မှုန်းခဲ့ကြတယ် . . .
အချိန်တွေ ကြာလာတာနဲ့ လူတွေနည်းနည်းလာတယ် . . . တစ်ချို့ကလဲ ကိုယ်ရေးကိုယ်တာ ကိစ္စ၊ တစ်ချို့ကလဲ စီးပွားရေးကိစ္စ၊ အမျိုးမျိုးပေါ့ . . .
အချိန်နဲ့အမျှ လူတွေ လျော့သွား . . . လူတွေပြောင်းသွားပေမယ့် Section - 2 ဆိုတာကြီးကတော့ ပျောက်မသွားခဲ့ပါဘူး . . . ရှိတဲ့လူတွေနဲ့ အရောင်စုံအောင် ဆက်လက်ခြယ်သနေတုန်းပါပဲ . ..
ဒီလိုနဲ့ပဲ December 2012 မှာ ငါတို့ကျောင်းကြီး ပြီးသွားခဲ့တယ် . . .
သူငယ်ချင်းတွေ ခွဲရပြီဆိုတဲ့အသိနဲ့ ကောင်းကောင်းတောင် မနှုတ်ဆက်ဖြစ်ခဲ့ကြပါဘူး . .
အခုတော့လဲ တစ်ယောက်ကို တစ်နေရာစီနဲ့ နယ်ပယ်တစ်ခုစီမှာ အသီးသီး အလုပ်လုပ်နေကြပါတယ် . . . တစ်ခါတလေ လူစုံမိတော့လဲ ဘဝအကြောင်း၊ အနာဂတ်အကြောင်း လေကြီးမိုးကြီး ပြောကြတာပေါ့ . . .
အခုချိန်မှာ အရင်က ငါတို့အတူတူ ခြယ်ခဲ့တဲ့ ရောင်စုံပန်းချီကားတစ်ချပ်က တော်တော်အရောင်တွေ စုံပြီး အဓိပ္ပာယ်အပြည့်နဲ့ပေါ့ . . .

ရတနာပုံမှာ ကျောင်းသားဟောင်းတစ်ဦး

ေရႊျဖစ္ေအာင္ႀကိဳးစားခဲ့ရေသာ ေက်ာင္းသားတစ္ဦး၏ ဖြင့္ဟသံ

ဒီေန႔တစ္ေန႕လံုး Third Year ရဲ႕ ပထမဆံုး Project ခ်ိန္ တက္လိုက္ရတယ္ . . .
ဘယ္လုိခံစားခ်က္လဲဆုိေတာ့ လြန္ခဲ့တဲ့ ၂ ႏွစ္က ႐ုတ္တရက္ GTC က MCC.i ကုိ ေျပာင္းလာလာျခင္း Assignment အလုပ္ခိုင္းခံရတဲ့ ခံစားမႈမ်ိဳး . . .
တစ္သက္လံုး Assignment ဆုိတာ Copy ဆုိင္က ၀ယ္ရတယ္လုိ႔ပဲ သိထားတဲ့အေတြးနဲ႔ ေက်ာင္းေရာက္စ First Year တံုးက Assignment ေတြ လုပ္ခိုင္းေတာ့ အားလံုးစုၿပီး လုပ္ၾကရင္း အိမ္ကုိ ည ၁ နာရီေက်ာ္မွ ျပန္ခဲ့ဖူးတယ္ . . .
Assignment ေတြၿပီး ျပန္ေတာ့ Global Exam ေတြ ေျဖရေတာ့ ေျဖခါနီး ႏွစ္ပတ္ေလာက္ တစ္ေန႔ကုိ ထမင္းစား၊ ေရခ်ိဳး၊ အိပ္ခ်ိန္ စုစုေပါင္း ၅ နာရီပဲ ႏုတ္ၿပီး တစ္ေန႔ (၁၉) နာရီ စာက်က္ဖူးပါတယ္ . . .
Second Year မွာ Project လုပ္ရေတာ့ မအိပ္ႏုိင္၊ မစားႏုိင္နဲ႕ Stress မ်ားၿပီး၊ စိတ္ဓာတ္ေတြက်ၿပီး ေဆး႐ံုေရာက္ဖူးတယ္ . . .
Project Presentation ေန႔ တစ္ပတ္အလုိမွာ Error ေတြ တက္ေနလုိ႔ Third Year က Senior ေတြရဲ႕ အႏွိမ္ခံၿပီး ခံုေအာက္က ငုတ္တုပ္ေလးထုိင္ၿပီး Coding ျပင္ခိုင္းဖူးပါတယ္ . . .
Presentation ေန႔မတိုင္မီ တေရးမွ မအိပ္ဘဲ ည (၃) နာရီေလာက္ ငုတ္တုပ္ မုိးလင္းဖူးပါတယ္ . . .
Presentation ေန႔မတုိင္မီ ညက Error ေတြ တက္ေနလုိ႔ ထူပူၿပီး မ်က္ရည္ စက္လက္နဲ႔ ေခါင္းမီးေတာက္ရင္း မနက္ (၅) နာရီထုိးေတာ့ ည၀တ္ ၀တ္စံုနဲ႔ မ်က္ႏွာမသစ္ဘဲ ေက်ာင္းေရွ႕မွာ သူေတာင္းစားလုိ ထုိင္မိႈင္ခဲ့ဖူးပါတယ္ . . .
Second Year Global Legend ဘာသာ NSC နဲ႔ Agile က်က္တုန္းက တစ္ေန႔ နာရီ (၂၀) ေလာက္ ႏွာေခါင္းေသြးလွ်ံေအာင္က်က္ေတာ့ ႐ူးေၾကာင္ေၾကာင္ ျဖစ္ခဲ့ဖူးပါတယ္ . . .
ဒီလုိျဖတ္ေက်ာ္ခဲ့တာ အမ်ားႀကီးပါ။ ဒီေနာက္ဆံုးႏွစ္ေလး ေအးေဆးပဲလုိ႔ထင္ခဲ့တာ မွားသြားတယ္ . . . ။
ျဖတ္ေက်ာ္ခဲ့တဲ့ (၂) ႏွစ္က Third Year နဲ႔ ယွဥ္လိုက္ေတာ့ Oh man, this is just the beginning ဆုိသလုိပဲ . . . .
႐ုတ္တရက္ ေက်ာကုန္းေလးလံလာသလုိ ထြက္ပဲေျပးခ်င္တာလုိ ခံစားမိပါတယ္. . .
ယံုၾကည္မႈမရွိေပမယ့္ ဒီတစ္ႏွစ္ေလးအတြက္ သိန္း (၆၀) နီးပါး ေပးထားရတဲ့ အေမ့ကုိ အားနာမိတယ္ . . . .။
First Year တုန္းက အတန္းထဲမွာ Intake တစ္ခုကုိ အမ်ားဆံုး (၅) ေယာက္ပဲ တက္ႏုိင္ေတာ့တယ္ . . .။
Ha Ha မနာလုိတဲ့ ဦးေႏွာက္မဲ့ လူတစ္ခ်ိဳ႕က ေျပာေသးတယ္ ပိုက္ဆံရွိတုိင္း ဘြဲ႕အလကား ေပးေနတဲ့ေက်ာင္းတဲ့ အဲဒါဆုိ တက္ၾကည့္ေလ England က NCC Education က လြယ္လြယ္နဲ႔ လႊတ္ေပးမယ္ထင္လား ဆုေတာင္းေလ . . .။

Phyo Kywe

ရွှေဖြစ်အောင်ကြိုးစားခဲ့ရသော ကျောင်းသားတစ်ဦး၏ ဖွင့်ဟသံ

ဒီနေ့တစ်နေ့လုံး Third Year ရဲ့ ပထမဆုံး Project ချိန် တက်လိုက်ရတယ် . . .
ဘယ်လိုခံစားချက်လဲဆိုတော့ လွန်ခဲ့တဲ့ ၂ နှစ်က ရုတ်တရက် GTC က MCC.i ကို ပြောင်းလာလာခြင်း Assignment အလုပ်ခိုင်းခံရတဲ့ ခံစားမှုမျိုး . . .
တစ်သက်လုံး Assignment ဆိုတာ Copy ဆိုင်က ၀ယ်ရတယ်လို့ပဲ သိထားတဲ့အတွေးနဲ့ ကျောင်းရောက်စ First Year တုံးက Assignment တွေ လုပ်ခိုင်းတော့ အားလုံးစုပြီး လုပ်ကြရင်း အိမ်ကို ည ၁ နာရီကျော်မှ ပြန်ခဲ့ဖူးတယ် . . .
Assignment တွေပြီး ပြန်တော့ Global Exam တွေ ဖြေရတော့ ဖြေခါနီး နှစ်ပတ်လောက် တစ်နေ့ကို ထမင်းစား၊ ရေချိုး၊ အိပ်ချိန် စုစုပေါင်း ၅ နာရီပဲ နုတ်ပြီး တစ်နေ့ (၁၉) နာရီ စာကျက်ဖူးပါတယ် . . .
Second Year မှာ Project လုပ်ရတော့ မအိပ်နိုင်၊ မစားနိုင်နဲ့ Stress များပြီး၊ စိတ်ဓာတ်တွေကျပြီး ဆေးရုံရောက်ဖူးတယ် . . .
Project Presentation နေ့ တစ်ပတ်အလိုမှာ Error တွေ တက်နေလို့ Third Year က Senior တွေရဲ့ အနှိမ်ခံပြီး ခုံအောက်က ငုတ်တုပ်လေးထိုင်ပြီး Coding ပြင်ခိုင်းဖူးပါတယ် . . .
Presentation နေ့မတိုင်မီ တရေးမှ မအိပ်ဘဲ ည (၃) နာရီလောက် ငုတ်တုပ် မိုးလင်းဖူးပါတယ် . . .
Presentation နေ့မတိုင်မီ ညက Error တွေ တက်နေလို့ ထူပူပြီး မျက်ရည် စက်လက်နဲ့ ခေါင်းမီးတောက်ရင်း မနက် (၅) နာရီထိုးတော့ ညဝတ် ၀တ်စုံနဲ့ မျက်နှာမသစ်ဘဲ ကျောင်းရှေ့မှာ သူတောင်းစားလို ထိုင်မှိုင်ခဲ့ဖူးပါတယ် . . .
Second Year Global Legend ဘာသာ NSC နဲ့ Agile ကျက်တုန်းက တစ်နေ့ နာရီ (၂၀) လောက် နှာခေါင်းသွေးလျှံအောင်ကျက်တော့ ရူးကြောင်ကြောင် ဖြစ်ခဲ့ဖူးပါတယ် . . .
ဒီလိုဖြတ်ကျော်ခဲ့တာ အများကြီးပါ။ ဒီနောက်ဆုံးနှစ်လေး အေးဆေးပဲလို့ထင်ခဲ့တာ မှားသွားတယ် . . . ။
ဖြတ်ကျော်ခဲ့တဲ့ (၂) နှစ်က Third Year နဲ့ ယှဉ်လိုက်တော့ Oh man, this is just the beginning ဆိုသလိုပဲ . . . .
ရုတ်တရက် ကျောကုန်းလေးလံလာသလို ထွက်ပဲပြေးချင်တာလို ခံစားမိပါတယ်. . .
ယုံကြည်မှုမရှိပေမယ့် ဒီတစ်နှစ်လေးအတွက် သိန်း (၆၀) နီးပါး ပေးထားရတဲ့ အမေ့ကို အားနာမိတယ် . . . .။
First Year တုန်းက အတန်းထဲမှာ Intake တစ်ခုကို အများဆုံး (၅) ယောက်ပဲ တက်နိုင်တော့တယ် . . .။
Ha Ha မနာလိုတဲ့ ဦးနှောက်မဲ့ လူတစ်ချို့က ပြောသေးတယ် ပိုက်ဆံရှိတိုင်း ဘွဲ့အလကား ပေးနေတဲ့ကျောင်းတဲ့ အဲဒါဆို တက်ကြည့်လေ England က NCC Education က လွယ်လွယ်နဲ့ လွှတ်ပေးမယ်ထင်လား ဆုတောင်းလေ . . .။

Phyo Kywe

FACEBOOK FAKES

အိုဟုိကလပ္သည္ ထိုင္းႏိုင္ငံမွာ ဝိတ္ခ်လိုသူမ်ားအတြက္ Facebook ေပၚမွတစ္ဆင့္ဓါတ္စာမ်ားေရာင္းခ် ျဖန္႔ျဖဴးေရာင္းခ်ေသာ Online  ျဖန္႔ျဖဴးေရးလုပ္ငန္းတစ္ခုျဖစ္ပါသည္။ မၾကာေသးမီက သတင္းေခါင္းစီးမ်ားတြင္ လစဥ္ဘတ္ တစ္သန္းခန္႔ဆံုးရႈံးရေၾကာင္း သတင္းမ်ားပါဝင္လာခဲ့သည္။ အေၾကာင္းအရင္းမွာ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာမ်ားေပၚတြင္ ကုမၸဏီ၏ စာမ်က္ႏွာအတုမ်ားဖန္တီးကာ ေငြလိမ္လည္မႈမ်ား ျပဳလုပ္ၾကသျဖင့္ အလိမ္ခံရသည့္ ေဖာက္သည္မ်ားကို ေလ်ာ္ေၾကး မ်ား ေပးေဆာင္ရေသာေၾကာင့္ ျဖစ္ေလသည္။
အိုဟို၏ ေဈးကြက္ေဖာ္ေဆာင္ေရး MD သာႏုကင္ဆီရီဒူးဇစ္ေဝါင္းကေျပာသည္မွာ “ကၽြန္ေတာ္တို႔ ေဖာက္သည္ေတြဟာ Oho ရဲ႕ တရားဝင္စာမ်က္ႏွာမ်ားႏွင့္ ေရာေရာင္စာမ်က္ႏွာအတုမ်ား အၾကားအတုအစစ္ခြဲရအလြန္ခက္ပါတယ္” သူကဆက္လက္ ေျပာၾကားခ်က္အရ “သူတို႔ရဲ႕ထုတ္ကုန္ေတြကို ဝယ္ယူလာၾကမဲ့ ေဖာက္သည္ေတြကို ဆြဲေဆာင္ျဖားေယာင္းဖို႔ ဒီျပစ္မႈက်ဴးလြန္သူေတြဟာ အစစ္နဲ႔တူတဲ့ Website (သို႔မဟုတ္) ေဖ့စ္ဘြတ္ခ္ေတြကို ဖန္းတီးၾကတယ္” ထိုင္းႏိုင္ငံရဲ႕ အီလက္ထရြန္းနစ္ ကူးသန္းေရာင္းဝယ္မႈ (e-commerce) ဟာ တစ္ႏိုင္ငံလံုးအတိုင္းအတာနဲ႔ က်ဆင္းေနတယ္။ ဒါဟာ ႏိုင္ငံစီးပြားေရး က်ဆင္းတာေၾကာင့္သာမက ယခုကဲ့သို႔ Online လိမ္လည္မႈမ်ားေၾကာင္းလည္းပါပါသည္။ အိုဟိုကလပ္သည္ သာဓကတစ္ခုျဖစ္ပါသည္။ အိုဟိုကလပ္သည္ လစဥ္ဘတ္သန္းတစ္ရာနီးပါး ေဖ့စ္ဘြတ္ခ္ေပၚမွ ဝင္ေငြမ်ားရေနေသာ ထိုင္းႏိုင္ငံ၏ နံပါတ္တစ္ဝင္ေငြ ဖန္တီးႏိုင္သည့္ ကုမၸဏီျဖစ္သည္ဟုဆိုပါသည္။ ကုမၸဏီသည္ ေဖာက္သည္တစ္သန္းခန္႔ရွိၿပီး ေဖ့စ္ဘြတ္ခ္ေၾကာ္ျငာအတြက္ လစဥ္ဘတ္၁၀သန္းခန္႔သံုးစြဲပါသည္။ ယင္း၏ အလွအပျပဳျပင္ေရးႏွင့္ ဝိတ္ခ် ကုန္ပစၥည္းႏွစ္မ်ိဳး မွ လစဥ္ (၅၀)ရာခုိင္းနဳန္းတိုးတက္လာသည္ဟု အိုဟိုက ဆိုပါသည္။
ထိုေဖ့စ္ဘြတ္ခ္ေပၚမွ အလိမ္စာမ်က္ႏွာေပၚတြင္ ကုမၸဏီ၏ တရားဝင္စာမ်က္ႏွာေပၚမွ ဘဏ္ေငြစာရင္းႏွင့္မတူ ကြဲျပားေသာ ဘဏ္ေငြစာရင္းအမွတ္ကို ေဖာက္သည္မ်ားအားေပးထားပါသည္။ “အခ်ိဳ႕ေဖာက္သည္မ်ားကို အိုဟို၏ေငြစာရင္းနံပါတ္ ေျပာင္းလဲထားေၾကာင္း ေငြလြဲလွ်င္ ေငြစာရင္းနံပါတ္အသစ္သို႔ လႊဲေျပာင္းပါရန္ အသိေပးထားေၾကာင္း ေျပာၾကားထား ေၾကာင္း”  သာႏုကင္ကေျပာသည္။ ဆက္လက္၍ ဒီလိုဟာက ျပစ္မႈက်ဴးလြန္သူေတြ အေနနဲ႔ လိမ္နည္းေပါင္းမ်ားစြာထဲက သံုးေလ့ရွိတဲ့လိမ္နည္းတစ္မ်ိဳးျဖစ္တယ္လို႔ ေျပာပါသည္။ တစ္ခ်ိဳ႕ အိုဟို အလိမ္စာမ်က္ႏွာမ်ားေပၚမွာ ပစၥည္းအသစ္ေတြေပၚမွာ အထူးစပါယ္ရွယ္ Discount ပါတယ္ ဆိုၿပီး တကယ္ စင္စစ္ သူတို႔မွာ ဘာေရာင္းစာရာမွ မရွိပါဘူး။
“ကၽြန္ေတာ္တို႔ရဲ႕ အမွန္တကယ္ ေရာင္းခ်ပစၥည္းေတြေပၚမွာ ဘာ Discount မွမရွိေၾကာင္းေၾကာ္ျငာထားပါတယ္၊ အဲဒီေၾကာ္ျငာ ထားတဲ့ အထူးေဈးႏႈန္းေတြဟာ တကယ္မဟုတ္ပါဘူး”
ျပစ္မႈက်ဴးလြန္သူေတြ သူတို႔ဒုကၡေပးရမဲ့သူေတြကို ရွာေနခ်ိန္မွာ အိုဟိုရဲ႕ စာမ်က္ႏွာေပၚမွာ မွတ္ခ်က္ေရးလာၾကတဲ့ က်ေနာ္တို႔ရဲ႕ေဖာက္သည္ျဖစ္လာမဲ့သူေတြကို မွတ္ခ်က္ေတြက ကၽြန္ေတာ္တို႔အတြက္ ကယ္ေပါက္ေလး တစ္ခုျဖစ္ပါလာတယ္။ (မွတ္ခ်က္မ်ားက ျပစ္မႈက်ဴးလြန္သူေတြကို ေဖာက္သည္ေတြဆီ တိုက္ရိုက္ဆက္သြယ္ႏိုင္ေစၿပီး ဒီစာမ်က္ႏွာဟာ တကယ္အစစ္လား စူးစမ္းဖို႔ ေဖာက္သည္ေတြဆီကို အၾကံဥာဏ္ေပးသလိုျဖစ္ပါတယ္။)
လိမ္လည္ခံရသူေတြကို ရဲကိုအေၾကာင္းၾကားဖို႔ အၾကံျပဳပါတယ္။ ဒါေပမဲ့ကံဆိုးတာ တစ္ခ်က္က တရားဝင္အေရးယူဖို႔ ဆံုးျဖတ္တဲ့ေဖာက္သည္မ်ားအေနနဲ႔ ဒီလိုတိုင္ၾကားဖို႔ လုပ္ထံုးလုပ္နည္းကို စိတ္ပ်က္ေစပါသည္။ ဘာေၾကာင့္လဲဆိုေတာ့ တရားဝင္ေျပာရမယ္ဆိုရင္ အေၾကာင္းအရာတစ္ခုက အလားတူဆယ္ႀကိမ္ထက္မနဲ တိုင္ၾကားသူရွိမွ အဲဒီကိစၥကို လိမ္လည္မႈ ရယ္လို႔ ယူဆတယ္။ ဥပေဒက်င့္ထံုးေတြက အခ်ိန္ေတြၾကာေစၿပီး ဒုကၡေရာက္ရသူမ်ားကို မိမိတို႔ကိုယ္တိုင္အတြက္ေျဖရွင္း တိုက္ပြဲဝင္ဖို႔ရာကို ေမွ်ာ္လင့္ခ်က္မဲ့ စိတ္ပ်က္ေစတယ္။
“အဲဒီလို လိမ္လည္ျခင္းခံရတဲ့ ေဖာက္သည္ေတြရဲ႕ ျပသနာကို အစကနဦး ေျဖရွင္းတဲ့အေနနဲ႔ ပစၥည္းေတြကို အစံုလိုက္ေပး လွဴျခင္းျဖင့္ အစားထိုးေပးခဲ့တယ္ က်ေနာ္တို႔ ဒီလိုမလုပ္ရင္ က်ေနာ္တို႔ေဖာက္သည္ေတြ အေပၚဘယ္တရားမလဲ၊ ဒါအျပင္ ေဖာက္သည္ေတြရဲ႕ (လိမ္လည္မႈအေပၚ)သတိေပးခ်က္ေတြကို ျဖစ္ႏိုင္သမွ်အမ်ားဆံုးစုေဆာင္း ဖို႔ႀကိဳးစားတယ္။ ဒါေပမဲ့ျပသနာက အဓိကအားျဖင့္နယ္ဖက္မွာေနတဲ့ ေဖာက္သည္ေတြက သူတို႔ရဲ႕ ေဒသအာဏာပိုင္ေတြဆီကို ဘယ္လိုခ်ဥ္းကပ္ရမယ္ဆိုတာ ေတာင္မသိၾကဘူး” လို႔ MD ကေျပာတယ္၊ ပ်မ္းမွ်အားျဖင့္ အိုဟိုရဲ႕ကုန္ပစၥည္းေတြကို ဝယ္ယူသူေတြရဲ႕ Bill ဟာ ဘတ္ ၁၀၀၀ ကေန ၄၀၀၀ ဖိုးေလာက္အထိဝယ္ၾကတယ္၊ ျပစ္မႈက်ဴးလြန္သူေတြက ေဖာက္သည္အသစ္ေတြ (သိုမဟုတ္) ဘတ္ ၄၀၀၀ ထက္မနဲဝယ္တဲ့ ဝယ္သူေတြအေပၚ ပစ္မွတ္ထားၾကသည္။
ေလးႏွစ္ခန္႔အလုပ္လုပ္ခဲ့ၿပီးမွ အိုဟိုကလပ္သည္ လြန္ခဲ့ေသာႏွစ္ ႏွစ္လည္ကမွစၿပီးမမွန္မကန္ လိမ္လည္ေတာင္းဆိုျခင္းမ်ား စတင္ၾကံဳေတြ႕ရပါသည္။
“ကုမၸဏီမွာ ဒီလိုျပသနာေတြဂရုစိုက္လုပ္ေဆာင္ဖို႔ အထူးလုပ္ငန္းအဖြဲ႕တစ္ဖြဲ႕ထားရွိၿပီးၿပီလို႔ သာႏုကင္ကေျပာပါတယ္။” အားလံုးေသာ လိမ္အညာစာမ်က္ႏွာအမည္ေတြကို စုေဆာင္းၿပီး က်ေနာ္တို႔ရဲ႕ေဖာက္သည္ေတြဆီကို နာမည္ပ်က္စာရင္း သြင္းၿပီး စာမ်က္ႏွာမ်ားအျဖစ္ ေပးပို႔ပါသည္။
ေနာက္ထပ္ ျပသနာမ်ားကိုရွင္းဖို႔ အိုဟိုသည္ သူတို႔ပစၥည္းမ်ားကိုအာမခံထားသည္။ ထို႔ေၾကာင္ အာမခံကုမၸဏီသည္ အလိမ္အညာစာမ်က္ႏွာပါ ပစၥည္းမ်ားေၾကာင့္ ေဖာက္သည္မ်ားအႏၱရာယ္က်ေသာေၾကာင္း ေသခ်ာေတြ႕ရလွ်င္ ကိစၥတစ္ခုခ်င္းအလိုက္ ဘတ္၁၀သန္းေပးပါလိမ့္မည္။
ေဖာက္သည္မ်ားဖက္ကလည္း မိမိတို႔ထံေပးလိုေသာ ေထာက္ပံ့ပို႔ေဆာင္ေရးစနစ္ႏွင့္ စာတိုက္စနစ္တို႔၏ ျဖန္႔ေဝပို႔ေဆာင္ေရး ေဆာင္ရြက္ပံုမွတစ္ဆင့္ ေျခရာခံႏိုင္ေတာ့မည္ျဖစ္သည္။ ကုမၸဏီသည္ ေဖာက္သည္မ်ား ကုန္ပစၥည္းမ်ားႏ်င့္ ပတ္သက္၍ ပိုမိုတိက်စြာ စစ္ေဆးႏိုင္ေစမည့္ GPS စနစ္သံုးေျခရာခံစနစ္သံုးေျခရာခံစနစ္ကို တည္ေဆာက္အသံုးျပဳမည့္ ေထာက္ပံ့ ပို႔ေဆာင္ေရးကုမၸဏီႏွင့္ အတူလက္တြဲလုပ္ကိုင္ေနၿပီျဖစ္ေပၚသည္။
ေဖာက္သည္မ်ားႏွင့္ဆက္ဆံမႈစီမံခန္႔ခြဲေရးစနစ္ (Customer Relationship Management System) ကဲ့သို႔အလုပ္လုပ္မည့္ စီမံခန္႔ခြဲေရး Software System တစ္ခုအတြက္ ရင္းႏွီးျမဳပ္ႏွံမႈ ျပဳလုပ္ၿပီးျဖစ္သည္။ “ဤအနာဂါတ္သည္ က်ေနာ္တို႔ကို ကိုယ့္ေဖာက္သည္မ်ားအေၾကာင္း ပိုမိုနားလည္ေစမည္၊ ဘယ္အခ်ိန္မွာ ဘယ္ဟာကိုလိုမည္၊ သို႔မွသာ က်ေနာ္တို႔က လိုတဲ့အခ်ိန္မွာ လိုတဲ့အရာကို ညိွႏႈိန္းေပးႏိုင္မည္” ဟု သာႏုကင္ကေျပာပါတယ္။
ေဖ့စ္ဘြတ္ခ္ကိုတြင္က်ယ္စြာသံုးလာၾကၿပီျဖစ္ေသာ က်ေနာ္တို႔ႏိုင္ငံအတြက္ e-commerce စနစ္ကို တစ္စတစ္စက်င့္သံုးလာ ေနေသာ က်ေနာ္တို႔အတြက္ သတိထားစရာ လိမ္လည္မႈမ်ိဳးကို တင္ျပလိုက္ရေလသည္။

ေလ့လာသူတစ္ဦး

FACEBOOK FAKES

အိုဟိုကလပ်သည် ထိုင်းနိုင်ငံမှာ ဝိတ်ချလိုသူများအတွက် Facebook ပေါ်မှတစ်ဆင့်ဓါတ်စာများရောင်းချ ဖြန့်ဖြူးရောင်းချသော Online  ဖြန့်ဖြူးရေးလုပ်ငန်းတစ်ခုဖြစ်ပါသည်။ မကြာသေးမီက သတင်းခေါင်းစီးများတွင် လစဉ်ဘတ် တစ်သန်းခန့်ဆုံးရှုံးရကြောင်း သတင်းများပါဝင်လာခဲ့သည်။ အကြောင်းအရင်းမှာ ဖေ့စ်ဘွတ်ခ် စာမျက်နှာများပေါ်တွင် ကုမ္ပဏီ၏ စာမျက်နှာအတုများဖန်တီးကာ ငွေလိမ်လည်မှုများ ပြုလုပ်ကြသဖြင့် အလိမ်ခံရသည့် ဖောက်သည်များကို လျော်ကြေး များ ပေးဆောင်ရသောကြောင့် ဖြစ်လေသည်။
အိုဟို၏ ဈေးကွက်ဖော်ဆောင်ရေး MD သာနုကင်ဆီရီဒူးဇစ်ဝေါင်းကပြောသည်မှာ “ကျွန်တော်တို့ ဖောက်သည်တွေဟာ Oho ရဲ့ တရားဝင်စာမျက်နှာများနှင့် ရောရောင်စာမျက်နှာအတုများ အကြားအတုအစစ်ခွဲရအလွန်ခက်ပါတယ်” သူကဆက်လက် ပြောကြားချက်အရ “သူတို့ရဲ့ထုတ်ကုန်တွေကို ဝယ်ယူလာကြမဲ့ ဖောက်သည်တွေကို ဆွဲဆောင်ဖြားယောင်းဖို့ ဒီပြစ်မှုကျူးလွန်သူတွေဟာ အစစ်နဲ့တူတဲ့ Website (သို့မဟုတ်) ဖေ့စ်ဘွတ်ခ်တွေကို ဖန်းတီးကြတယ်” ထိုင်းနိုင်ငံရဲ့ အီလက်ထရွန်းနစ် ကူးသန်းရောင်းဝယ်မှု (e-commerce) ဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျဆင်းနေတယ်။ ဒါဟာ နိုင်ငံစီးပွားရေး ကျဆင်းတာကြောင့်သာမက ယခုကဲ့သို့ Online လိမ်လည်မှုများကြောင်းလည်းပါပါသည်။ အိုဟိုကလပ်သည် သာဓကတစ်ခုဖြစ်ပါသည်။ အိုဟိုကလပ်သည် လစဉ်ဘတ်သန်းတစ်ရာနီးပါး ဖေ့စ်ဘွတ်ခ်ပေါ်မှ ဝင်ငွေများရနေသော ထိုင်းနိုင်ငံ၏ နံပါတ်တစ်ဝင်ငွေ ဖန်တီးနိုင်သည့် ကုမ္ပဏီဖြစ်သည်ဟုဆိုပါသည်။ ကုမ္ပဏီသည် ဖောက်သည်တစ်သန်းခန့်ရှိပြီး ဖေ့စ်ဘွတ်ခ်ကြော်ငြာအတွက် လစဉ်ဘတ်၁၀သန်းခန့်သုံးစွဲပါသည်။ ယင်း၏ အလှအပပြုပြင်ရေးနှင့် ဝိတ်ချ ကုန်ပစ္စည်းနှစ်မျိုး မှ လစဉ် (၅၀)ရာခိုင်းနုန်းတိုးတက်လာသည်ဟု အိုဟိုက ဆိုပါသည်။
ထိုဖေ့စ်ဘွတ်ခ်ပေါ်မှ အလိမ်စာမျက်နှာပေါ်တွင် ကုမ္ပဏီ၏ တရားဝင်စာမျက်နှာပေါ်မှ ဘဏ်ငွေစာရင်းနှင့်မတူ ကွဲပြားသော ဘဏ်ငွေစာရင်းအမှတ်ကို ဖောက်သည်များအားပေးထားပါသည်။ “အချို့ဖောက်သည်များကို အိုဟို၏ငွေစာရင်းနံပါတ် ပြောင်းလဲထားကြောင်း ငွေလွဲလျှင် ငွေစာရင်းနံပါတ်အသစ်သို့ လွှဲပြောင်းပါရန် အသိပေးထားကြောင်း ပြောကြားထား ကြောင်း”  သာနုကင်ကပြောသည်။ ဆက်လက်၍ ဒီလိုဟာက ပြစ်မှုကျူးလွန်သူတွေ အနေနဲ့ လိမ်နည်းပေါင်းများစွာထဲက သုံးလေ့ရှိတဲ့လိမ်နည်းတစ်မျိုးဖြစ်တယ်လို့ ပြောပါသည်။ တစ်ချို့ အိုဟို အလိမ်စာမျက်နှာများပေါ်မှာ ပစ္စည်းအသစ်တွေပေါ်မှာ အထူးစပါယ်ရှယ် Discount ပါတယ် ဆိုပြီး တကယ် စင်စစ် သူတို့မှာ ဘာရောင်းစာရာမှ မရှိပါဘူး။
“ကျွန်တော်တို့ရဲ့ အမှန်တကယ် ရောင်းချပစ္စည်းတွေပေါ်မှာ ဘာ Discount မှမရှိကြောင်းကြော်ငြာထားပါတယ်၊ အဲဒီကြော်ငြာ ထားတဲ့ အထူးဈေးနှုန်းတွေဟာ တကယ်မဟုတ်ပါဘူး”
ပြစ်မှုကျူးလွန်သူတွေ သူတို့ဒုက္ခပေးရမဲ့သူတွေကို ရှာနေချိန်မှာ အိုဟိုရဲ့ စာမျက်နှာပေါ်မှာ မှတ်ချက်ရေးလာကြတဲ့ ကျနော်တို့ရဲ့ဖောက်သည်ဖြစ်လာမဲ့သူတွေကို မှတ်ချက်တွေက ကျွန်တော်တို့အတွက် ကယ်ပေါက်လေး တစ်ခုဖြစ်ပါလာတယ်။ (မှတ်ချက်များက ပြစ်မှုကျူးလွန်သူတွေကို ဖောက်သည်တွေဆီ တိုက်ရိုက်ဆက်သွယ်နိုင်စေပြီး ဒီစာမျက်နှာဟာ တကယ်အစစ်လား စူးစမ်းဖို့ ဖောက်သည်တွေဆီကို အကြံဉာဏ်ပေးသလိုဖြစ်ပါတယ်။)
လိမ်လည်ခံရသူတွေကို ရဲကိုအကြောင်းကြားဖို့ အကြံပြုပါတယ်။ ဒါပေမဲ့ကံဆိုးတာ တစ်ချက်က တရားဝင်အရေးယူဖို့ ဆုံးဖြတ်တဲ့ဖောက်သည်များအနေနဲ့ ဒီလိုတိုင်ကြားဖို့ လုပ်ထုံးလုပ်နည်းကို စိတ်ပျက်စေပါသည်။ ဘာကြောင့်လဲဆိုတော့ တရားဝင်ပြောရမယ်ဆိုရင် အကြောင်းအရာတစ်ခုက အလားတူဆယ်ကြိမ်ထက်မနဲ တိုင်ကြားသူရှိမှ အဲဒီကိစ္စကို လိမ်လည်မှု ရယ်လို့ ယူဆတယ်။ ဥပဒေကျင့်ထုံးတွေက အချိန်တွေကြာစေပြီး ဒုက္ခရောက်ရသူများကို မိမိတို့ကိုယ်တိုင်အတွက်ဖြေရှင်း တိုက်ပွဲဝင်ဖို့ရာကို မျှော်လင့်ချက်မဲ့ စိတ်ပျက်စေတယ်။
“အဲဒီလို လိမ်လည်ခြင်းခံရတဲ့ ဖောက်သည်တွေရဲ့ ပြသနာကို အစကနဦး ဖြေရှင်းတဲ့အနေနဲ့ ပစ္စည်းတွေကို အစုံလိုက်ပေး လှူခြင်းဖြင့် အစားထိုးပေးခဲ့တယ် ကျနော်တို့ ဒီလိုမလုပ်ရင် ကျနော်တို့ဖောက်သည်တွေ အပေါ်ဘယ်တရားမလဲ၊ ဒါအပြင် ဖောက်သည်တွေရဲ့ (လိမ်လည်မှုအပေါ်)သတိပေးချက်တွေကို ဖြစ်နိုင်သမျှအများဆုံးစုဆောင်း ဖို့ကြိုးစားတယ်။ ဒါပေမဲ့ပြသနာက အဓိကအားဖြင့်နယ်ဖက်မှာနေတဲ့ ဖောက်သည်တွေက သူတို့ရဲ့ ဒေသအာဏာပိုင်တွေဆီကို ဘယ်လိုချဉ်းကပ်ရမယ်ဆိုတာ တောင်မသိကြဘူး” လို့ MD ကပြောတယ်၊ ပျမ်းမျှအားဖြင့် အိုဟိုရဲ့ကုန်ပစ္စည်းတွေကို ဝယ်ယူသူတွေရဲ့ Bill ဟာ ဘတ် ၁၀၀၀ ကနေ ၄၀၀၀ ဖိုးလောက်အထိဝယ်ကြတယ်၊ ပြစ်မှုကျူးလွန်သူတွေက ဖောက်သည်အသစ်တွေ (သိုမဟုတ်) ဘတ် ၄၀၀၀ ထက်မနဲဝယ်တဲ့ ဝယ်သူတွေအပေါ် ပစ်မှတ်ထားကြသည်။
လေးနှစ်ခန့်အလုပ်လုပ်ခဲ့ပြီးမှ အိုဟိုကလပ်သည် လွန်ခဲ့သောနှစ် နှစ်လည်ကမှစပြီးမမှန်မကန် လိမ်လည်တောင်းဆိုခြင်းများ စတင်ကြုံတွေ့ရပါသည်။
“ကုမ္ပဏီမှာ ဒီလိုပြသနာတွေဂရုစိုက်လုပ်ဆောင်ဖို့ အထူးလုပ်ငန်းအဖွဲ့တစ်ဖွဲ့ထားရှိပြီးပြီလို့ သာနုကင်ကပြောပါတယ်။” အားလုံးသော လိမ်အညာစာမျက်နှာအမည်တွေကို စုဆောင်းပြီး ကျနော်တို့ရဲ့ဖောက်သည်တွေဆီကို နာမည်ပျက်စာရင်း သွင်းပြီး စာမျက်နှာများအဖြစ် ပေးပို့ပါသည်။
နောက်ထပ် ပြသနာများကိုရှင်းဖို့ အိုဟိုသည် သူတို့ပစ္စည်းများကိုအာမခံထားသည်။ ထို့ကြောင် အာမခံကုမ္ပဏီသည် အလိမ်အညာစာမျက်နှာပါ ပစ္စည်းများကြောင့် ဖောက်သည်များအန္တရာယ်ကျသောကြောင်း သေချာတွေ့ရလျှင် ကိစ္စတစ်ခုချင်းအလိုက် ဘတ်၁၀သန်းပေးပါလိမ့်မည်။
ဖောက်သည်များဖက်ကလည်း မိမိတို့ထံပေးလိုသော ထောက်ပံ့ပို့ဆောင်ရေးစနစ်နှင့် စာတိုက်စနစ်တို့၏ ဖြန့်ဝေပို့ဆောင်ရေး ဆောင်ရွက်ပုံမှတစ်ဆင့် ခြေရာခံနိုင်တော့မည်ဖြစ်သည်။ ကုမ္ပဏီသည် ဖောက်သည်များ ကုန်ပစ္စည်းများနျင့် ပတ်သက်၍ ပိုမိုတိကျစွာ စစ်ဆေးနိုင်စေမည့် GPS စနစ်သုံးခြေရာခံစနစ်သုံးခြေရာခံစနစ်ကို တည်ဆောက်အသုံးပြုမည့် ထောက်ပံ့ ပို့ဆောင်ရေးကုမ္ပဏီနှင့် အတူလက်တွဲလုပ်ကိုင်နေပြီဖြစ်ပေါ်သည်။
ဖောက်သည်များနှင့်ဆက်ဆံမှုစီမံခန့်ခွဲရေးစနစ် (Customer Relationship Management System) ကဲ့သို့အလုပ်လုပ်မည့် စီမံခန့်ခွဲရေး Software System တစ်ခုအတွက် ရင်းနှီးမြုပ်နှံမှု ပြုလုပ်ပြီးဖြစ်သည်။ “ဤအနာဂါတ်သည် ကျနော်တို့ကို ကိုယ့်ဖောက်သည်များအကြောင်း ပိုမိုနားလည်စေမည်၊ ဘယ်အချိန်မှာ ဘယ်ဟာကိုလိုမည်၊ သို့မှသာ ကျနော်တို့က လိုတဲ့အချိန်မှာ လိုတဲ့အရာကို ညှိနှိုန်းပေးနိုင်မည်” ဟု သာနုကင်ကပြောပါတယ်။
ဖေ့စ်ဘွတ်ခ်ကိုတွင်ကျယ်စွာသုံးလာကြပြီဖြစ်သော ကျနော်တို့နိုင်ငံအတွက် e-commerce စနစ်ကို တစ်စတစ်စကျင့်သုံးလာ နေသော ကျနော်တို့အတွက် သတိထားစရာ လိမ်လည်မှုမျိုးကို တင်ပြလိုက်ရလေသည်။

လေ့လာသူတစ်ဦး