Tuesday, June 7, 2016

ဘြဲ႕ရၿပီးတာနဲ႔ ခ်က္ခ်င္း အလုပ္ခန္႔ေပးမည့္ အဂၤလန္ႏုိင္ငံမွ ကြန္ပ်ဴတာ သိပံၸဒီဂရီ

ဘြဲ႕ရၿပီးတာနဲ႔ ခ်က္ခ်င္း အလုပ္ခန္႔ေပးမည့္ အဂၤလန္ႏုိင္ငံမွ ကြန္ပ်ဴတာ သိပံၸဒီဂရီ
ဘြဲ႕ရၿပီးတာနဲ႔ ခ်က္ခ်င္း အလုပ္ခန္႔ေပးမည့္ အဂၤလန္ႏုိင္ငံမွ ကြန္ပ်ဴတာ သိပံၸဒီဂရီ တကၠသုိလ္၀င္တန္း စာေမးပြဲေအာင္ စာရင္းေတြထြက္ၿပီး စာေမးပြဲေအာင္ျမင္ၾကလုိ႔ ၀မ္းသာပီတိျဖစ္ၿပီးတဲ့အခါ ဘယ္တကၠသုိလ္ တက္ရမလဲ၊ ဘယ္တကၠသုိလ္ တက္တာက ကုိယ့္ဘ၀ ေအာင္ျမင္မႈကုိ အျမန္ဆံုးရမွာလဲဆုိတဲ့ ေသာကတစ္ခု ခ်က္ခ်င္း ျဖစ္လာေလ့ ရွိတတ္ၾကပါတယ္။ ေရြးစရာ၊ ခ်ယ္စရာ တကၠသုိလ္ေတြက မ်ားသလုိလုိနဲ႔ မိမိရတဲ့ အမွတ္ေပၚမူတည္ၿပီး ေရြးခ်ယ္ႏုိင္တာကလည္း သိပ္မရွိသလုိပါဘဲ။ ခ်က္ခ်င္းေတာ့ ဘာဆံုးျဖတ္ရမယ္မွန္း မသိသလုိ မိဘေတြကလည္း ဘာလုပ္ရမွန္းမသိ၊ ေက်ာင္းသူ ေက်ာင္းသားေတြလည္း ဘာလုပ္ရမွန္းမသိ ျဖစ္ေန တတ္ပါတယ္။ စိတ္ဇေ၀ဇ၀ါမျဖစ္ဘဲ၊ အမွတ္ အနည္းအမ်ားမရွိဘဲ ေရြးခ်ယ္တက္ေရာက္ႏုိင္တာကေတာ့ ကြန္ပ်ဴတာသိပၸံဘြဲ႕သင္တန္း ျဖစ္ပါတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ အနာဂတ္မွာ အရာရာဟာ IT မသံုးလုိ႔မရတဲ့ ေခတ္ႀကီးျဖစ္လုိ႔ IT ပညာ တတ္ေျမာက္ထားတဲ့သူေတြဟာ ျပည္တြင္းမွာေရာ ျပည္ပမွာပါ အလုပ္အကုိင္ အခြင့္အလမ္းေတြ ေပါမ်ားလုိ႔ပဲ ျဖစ္ပါတယ္။ အဲဒီကြန္ပ်ဴတာသိပၸံဘြဲ႕ကေတာ့ အဂၤလန္ႏုိင္ငံ University of Greenwich က ခ်ီးျမႇင့္မယ့္ B.Sc (Hons:) ဒီဂရီပဲ ျဖစ္ပါတယ္။ ျမန္မာႏုိင္ငံ MCC Institute ေတြမွာ (၃)ႏွစ္ တက္ေရာက္ၿပီး ရမွာျဖစ္ပါတယ္။ MCC မွာ သင္ေပမဲ့ အဲဒီ ကြန္ပ်ဴတာသိပၸံဘြဲ႕ဟာ အလြန္နာမည္ႀကီးပါတယ္။ ျမန္မာႏုိင္ငံမွာ အေကာင္းဆံုးျဖစ္ပါတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ အဂၤလန္ႏုိင္ငံက သတ္မွတ္ ျပ႒ာန္းထားတဲ့ သင္ခန္းစာေတြအျပင္ Microsoft ရဲ႕ ကြၽမ္းက်င္မႈ လက္ေတြ႕ Skill Certification ေတြကုိ တစ္ပါတည္းရေအာင္ လုပ္ထားပါတယ္။ အဂၤလိပ္စာ ကြၽမ္းက်င္မႈ အတြက္လည္း ထပ္ေဆာင္းသင္ၾကားေပးသလုိ လက္ေတြ႕ အေတြ႕အႀကံဳေတြရေအာင္ ပထမႏွစ္မွစၿပီး OJT (On-the-Job-Training) က တစ္ပါတည္း လုပ္ေပးပါတယ္။ တတိယႏွစ္ (ေနာက္ဆံုး) ေရာက္တဲ့အခါ အခ်ိန္ပုိင္း၀န္ထမ္းေတြအျဖစ္ ခန္႔ထားၿပီး တစ္ပတ္အတြက္ (၂) ရက္ လက္ေတြ႕အလုပ္ေတြ လုပ္ေစပါတယ္။ ေနာက္ဆံုးႏွစ္ စာေမးပြဲေအာင္ၿပီးတာနဲ႔ MCC ရဲ႕ International Software Development Center (ISDC) မွာ အလုပ္တစ္ခါတည္း ခန္႔ေပးၿပီး အလုပ္အေတြ႕အႀကံဳေတြကုိ ရေအာင္ ျပဳလုပ္ေပးပါတယ္။ ဒါ့ေၾကာင့္ MCC မွာ သင္ေပးတဲ့ B.Sc (Hons:) Business IT သင္တန္းက ေရာက္လာတဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြဟာ စီးပြားေရးနဲ႔ ပတ္သက္တဲ့ စနစ္ေတြကုိ တီထြင္ ထုတ္လုပ္ႏုိင္တဲ့ အသိပညာေတြ၊ လက္ေတြ႕လုပ္ငန္းခြင္မွာ လုပ္ႏုိင္မယ့္ ကြၽမ္းက်င္မႈေတြ၊ လက္ ေတြ႕လုပ္ငန္းေတြမွာ လုပ္ဖူးတဲ့ အလုပ္အေတြ႕အႀကံဳေတြ၊ ႏုိင္ငံတကာမွာ ဆက္ဆံေျပာဆုိ အလုပ္လုပ္ႏုိင္တဲ့ အဂၤလိပ္ဘာသာ ကြၽမ္းက်င္မႈေတြ၊ ျပည့္စံုတဲ့ ေခတ္မီ လူငယ္လူရြယ္ေတြ ျဖစ္လာႏုိင္တဲ့အတြက္ ျဖစ္ပါတယ္။ ၿပီးေတာ့ ကုိယ္ပိုင္စနစ္ေတြ တီထြင္ၿပီး ကုိယ္ပုိင္လုပ္ငန္း တည္ေထာင္ခ်င္တဲ့ လူငယ္လူရြယ္ေတြ အတြက္လည္း လုိအပ္တဲ့ အရင္းအႏွီးအတြက္ MCC က Venture Capital ထုတ္ေပးလ်က္ရွိပါတယ္။ ဒါ့ေၾကာင့္ ဘယ္သူနဲ႔မွမတူတဲ့ MCC ရဲ႕ ကြန္ပ်ဴတာသိပၸံဘြဲ႕သင္တန္းကုိ ျမန္မာႏုိင္ငံအႏွံ႕မွာ တက္လုိ႔ရေအာင္လည္း စီစဥ္ေပးပါတယ္။ ရန္ကုန္၊ မႏၱေလး၊ ေနျပည္ေတာ္၊ ရတနာပံုဆုိင္ဘာ စီတီးတုိ႔မွာ ျဖစ္ပါတယ္။ အနယ္နယ္အရပ္ရပ္မွ ေက်ာင္းသား၊ ေက်ာင္းသူမ်ား တက္ေရာက္ႏုိင္ဖို႕ MCC Institute (Yatanarpon) မွာ ေက်ာင္းသား၊ ေက်ာင္းသူ အေဆာင္ေတြ ထားရွိပါတယ္။

ဘွဲ့ရပြီးတာနဲ့ ချက်ချင်း အလုပ်ခန့်ပေးမည့် အင်္ဂလန်နိုင်ငံမှ ကွန်ပျူတာ သိပ္ပံဒီဂရီ

ဘွဲ့ရပြီးတာနဲ့ ချက်ချင်း အလုပ်ခန့်ပေးမည့် အင်္ဂလန်နိုင်ငံမှ ကွန်ပျူတာ သိပ္ပံဒီဂရီ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင် စာရင်းတွေထွက်ပြီး စာမေးပွဲအောင်မြင်ကြလို့ ၀မ်းသာပီတိဖြစ်ပြီးတဲ့အခါ ဘယ်တက္ကသိုလ် တက်ရမလဲ၊ ဘယ်တက္ကသိုလ် တက်တာက ကိုယ့်ဘဝ အောင်မြင်မှုကို အမြန်ဆုံးရမှာလဲဆိုတဲ့ သောကတစ်ခု ချက်ချင်း ဖြစ်လာလေ့ ရှိတတ်ကြပါတယ်။ ရွေးစရာ၊ ချယ်စရာ တက္ကသိုလ်တွေက များသလိုလိုနဲ့ မိမိရတဲ့ အမှတ်ပေါ်မူတည်ပြီး ရွေးချယ်နိုင်တာကလည်း သိပ်မရှိသလိုပါဘဲ။ ချက်ချင်းတော့ ဘာဆုံးဖြတ်ရမယ်မှန်း မသိသလို မိဘတွေကလည်း ဘာလုပ်ရမှန်းမသိ၊ ကျောင်းသူ ကျောင်းသားတွေလည်း ဘာလုပ်ရမှန်းမသိ ဖြစ်နေ တတ်ပါတယ်။ စိတ်ဇဝေဇဝါမဖြစ်ဘဲ၊ အမှတ် အနည်းအများမရှိဘဲ ရွေးချယ်တက်ရောက်နိုင်တာကတော့ ကွန်ပျူတာသိပ္ပံဘွဲ့သင်တန်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အနာဂတ်မှာ အရာရာဟာ IT မသုံးလို့မရတဲ့ ခေတ်ကြီးဖြစ်လို့ IT ပညာ တတ်မြောက်ထားတဲ့သူတွေဟာ ပြည်တွင်းမှာရော ပြည်ပမှာပါ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများလို့ပဲ ဖြစ်ပါတယ်။ အဲဒီကွန်ပျူတာသိပ္ပံဘွဲ့ကတော့ အင်္ဂလန်နိုင်ငံ University of Greenwich က ချီးမြှင့်မယ့် B.Sc (Hons:) ဒီဂရီပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ MCC Institute တွေမှာ (၃)နှစ် တက်ရောက်ပြီး ရမှာဖြစ်ပါတယ်။ MCC မှာ သင်ပေမဲ့ အဲဒီ ကွန်ပျူတာသိပ္ပံဘွဲ့ဟာ အလွန်နာမည်ကြီးပါတယ်။ မြန်မာနိုင်ငံမှာ အကောင်းဆုံးဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အင်္ဂလန်နိုင်ငံက သတ်မှတ် ပြဋ္ဌာန်းထားတဲ့ သင်ခန်းစာတွေအပြင် Microsoft ရဲ့ ကျွမ်းကျင်မှု လက်တွေ့ Skill Certification တွေကို တစ်ပါတည်းရအောင် လုပ်ထားပါတယ်။ အင်္ဂလိပ်စာ ကျွမ်းကျင်မှု အတွက်လည်း ထပ်ဆောင်းသင်ကြားပေးသလို လက်တွေ့ အတွေ့အကြုံတွေရအောင် ပထမနှစ်မှစပြီး OJT (On-the-Job-Training) က တစ်ပါတည်း လုပ်ပေးပါတယ်။ တတိယနှစ် (နောက်ဆုံး) ရောက်တဲ့အခါ အချိန်ပိုင်းဝန်ထမ်းတွေအဖြစ် ခန့်ထားပြီး တစ်ပတ်အတွက် (၂) ရက် လက်တွေ့အလုပ်တွေ လုပ်စေပါတယ်။ နောက်ဆုံးနှစ် စာမေးပွဲအောင်ပြီးတာနဲ့ MCC ရဲ့ International Software Development Center (ISDC) မှာ အလုပ်တစ်ခါတည်း ခန့်ပေးပြီး အလုပ်အတွေ့အကြုံတွေကို ရအောင် ပြုလုပ်ပေးပါတယ်။ ဒါ့ကြောင့် MCC မှာ သင်ပေးတဲ့ B.Sc (Hons:) Business IT သင်တန်းက ရောက်လာတဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ စီးပွားရေးနဲ့ ပတ်သက်တဲ့ စနစ်တွေကို တီထွင် ထုတ်လုပ်နိုင်တဲ့ အသိပညာတွေ၊ လက်တွေ့လုပ်ငန်းခွင်မှာ လုပ်နိုင်မယ့် ကျွမ်းကျင်မှုတွေ၊ လက် တွေ့လုပ်ငန်းတွေမှာ လုပ်ဖူးတဲ့ အလုပ်အတွေ့အကြံုတွေ၊ နိုင်ငံတကာမှာ ဆက်ဆံပြောဆို အလုပ်လုပ်နိုင်တဲ့ အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှုတွေ၊ ပြည့်စုံတဲ့ ခေတ်မီ လူငယ်လူရွယ်တွေ ဖြစ်လာနိုင်တဲ့အတွက် ဖြစ်ပါတယ်။ ပြီးတော့ ကိုယ်ပိုင်စနစ်တွေ တီထွင်ပြီး ကိုယ်ပိုင်လုပ်ငန်း တည်ထောင်ချင်တဲ့ လူငယ်လူရွယ်တွေ အတွက်လည်း လိုအပ်တဲ့ အရင်းအနှီးအတွက် MCC က Venture Capital ထုတ်ပေးလျက်ရှိပါတယ်။ ဒါ့ကြောင့် ဘယ်သူနဲ့မှမတူတဲ့ MCC ရဲ့ ကွန်ပျူတာသိပ္ပံဘွဲ့သင်တန်းကို မြန်မာနိုင်ငံအနှံ့မှာ တက်လို့ရအောင်လည်း စီစဉ်ပေးပါတယ်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ရတနာပုံဆိုင်ဘာ စီတီးတို့မှာ ဖြစ်ပါတယ်။ အနယ်နယ်အရပ်ရပ်မှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်နိုင်ဖို့ MCC Institute (Yatanarpon) မှာ ကျောင်းသား၊ ကျောင်းသူ အဆောင်တွေ ထားရှိပါတယ်။





0 comments:

Post a Comment