Monday, September 21, 2015

ဒီတစ္ပတ္ အမ္စီစီ



(၂၇.၈.၂၀၁၅) ရက္ေန႔တြင္ MCC.i NayPyiTaw Campus ၌ က်င္းပျပဳလုပ္ေသာ ႏိုင္ငံတကာ အသိအမွတ္ျပဳ ကြန္ပ်ဴတာသိပၸံဘြဲ႕ သင္တန္းဆိုင္ရာ ေဟာေျပာေဆြးေႏြးပြဲ၌ MCC Education Services CEO ဦးၿငိမ္းဦးမွ ေဟာေျပာေနစဥ္။


(၂၇.၈.၂၀၁၅) ရက္ေန႔တြင္ MCC.i Mandalay Campus မွ BTEC ေက်ာင္းသား၊ ေက်ာင္းသူမ်ား ေလ့လာေရးခရီးစဥ္။


(၂၉.၈.၂၀၁၅) ရက္ေန႔တြင္ ျမန္မာႏိုင္ငံ အမ်ိဳးသမီးေရးရာအဖြဲ႕ခ်ုဳပ္ႏွင့္ MCC Group တို႔ ပူးေပါင္းစီစဥ္မွုျဖင့္ အမ်ိဳးသမီးငယ္မ်ားအတြက္ Basic Office Skill အေျခခံရံုးလုပ္ငန္းဆိုင္ရာ ကၽြမ္းက်င္မွုသင္တန္းမ်ား စတင္ဖြင့္လွစ္


MCC.i Yatanarpon Campus ေက်ာင္းသား၊ ေက်ာင္းသူမ်ား စစ္ကိုင္းမင္းကြန္း ေလ့လာေရး ခရီးစဥ္။

Tuesday, September 15, 2015

MCC Group ႏွင့္ AIT တို႔ နားလည္မွုစာခၽြန္လႊာ (MOU) ထပ္မံေရးထိုးျခင္း


၂၀၀၉ခုႏွစ္တြင္ စတင္ခ့ဲေသာ MCC Training Institute သည္ ယခုအခါတြင္ ေျခာက္ႏွစ္ေက်ာ္ ကာလကို ေက်ာ္လႊားျဖတ္သန္းခ့ဲပါၿပီ။ ၂၀၀၉ခုႏွစ္တြင္ ကြန္ပ်ဴတာသိပၸံဘြဲ႕ သင္တန္းမ်ားျဖင့္ စတင္ခ့ဲၿပီး ၂၀၁၀ျပည့္ႏွစ္တြင္ School of Engineering ကို တိုးခ်ဲ႕ဖြင့္လွစ္ကာ အင္ဂ်င္နီယာသိပၸံဘြဲ႕သင္တန္းမ်ား ပို႔ခ်ေပးခ့ဲပါသည္။ အင္ဂ်င္နီယာ ကြန္ပ်ဴတာသိပၸံဘြဲ႕မ်ား ခ်ီးျမွင့္ေပးသည့္ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ရွိ AIT (Asian Institute of Technology) ႏွင့္ ပူးေပါင္းေဆာင္ရြက္ခ့ဲရပါသည္။ အဓိကအားျဖင့္ AIT ၏ ဘြဲ႕ႀကိဳသင္တန္းမ်ားျဖစ္ေသာ BSE (Bachelor of Science in Engineering) အင္ဂ်င္နီယာသိပၸံဘြဲ႕ သင္တန္းမ်ားကို MCC Training Institute (MCC.i) ႏွင့္ AIT တို႔အၾကား (2+2) Twinning Program ေဆာင္ရြက္ခ့ဲျခင္း ျဖစ္ပါသည္။ ျမန္မာႏိုင္ငံ MCC.i တြင္ (၂)ႏွစ္ တက္ရၿပီး တတိယႏွစ္ႏွင့္ စတုတၳႏွစ္တို႔ကို AIT တြင္ တက္ကာ AIT မွ ခ်ီးျမွင့္ေသာ အင္ဂ်င္နီယာသိပၸံဘြဲ႕ကို ရယူရန္ျဖစ္ပါသည္။ ယခုတစ္ႀကိမ္ ၂၀၁၅ခုႏွစ္ စက္တင္ဘာလ ၉ ရက္ေန႔တြင္ ေရးထိုးေသာ နားလည္မွုစာခၽြန္လႊာ (MOU) မွာ AIT မွ ခ်ီးျမွင့္မည့္ မဟာအင္ဂ်င္နီယာသိပၸံဘြဲ႕ (Master of Engineering) အတြက္ ျဖစ္ပါသည္။ AIT ၏ President ျဖစ္သူ Mr. Worsnk Kanok-Nukulchai ႏွင့္ MCC Group ၏ Chairman ဦးတင္၀င္းေအာင္တို႔ ကိုယ္တိုင္ MOU ေရးထိုးခ့ဲၾကျခင္းျဖစ္ၿပီး ယင္းလက္မွတ္ေရးထိုးပြဲသို႔ AIT Vice President ပါေမာကၡ Dr. Scivamappan Kumar အပါအ၀င္ School of Engineering and Technology, School of Environmental Resource and Development, School of Management တို႔၏ အႀကီးအကဲမ်ား၊ Program Director ျဖစ္သူ Dr. Netin Kumar Tripathi ႏွင့္ Under Graduate Program ကို တာ၀န္ယူေနသူ ပါေမာကၡေဒါက္တာ သန္းလင္းတို႔ တက္ေရာက္ခ့ဲပါသည္။ MCC Group ဘက္မွ Chairman ဦးတင္၀င္းေအာင္ႏွင့္အတူ Vice-Chairman ေဒၚသာယာသန္းတို႔ တက္ေရာက္ခ့ဲပါသည္။ ယခုတစ္ေခါက္ ေရးထိုးခ့ဲေသာ MOU မွာ Unified International Bachelors-Master Degree Program ျဖစ္ၿပီး ေက်ာင္းသား၊ ေက်ာင္းသူမ်ား အေနျဖင့္ ငါးႏွစ္အတြင္း အင္ဂ်င္နီယာသိပၸံ ဒီဂရီႏွင့္ မဟာအင္ဂ်င္နီယာသိပၸံ ဒီဂရီ ရရွိေစႏိုင္မည့္ အစီအစဥ္ ျဖစ္ပါသည္။ လက္ရွိ MCC က ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား AIT မွ ခ်ီးျမွင့္မည့္ အင္ဂ်င္နီယာသိပၸံဘြဲ႕ အစီအစဥ္ (MCC တြင္ ႏွစ္ႏွစ္၊ AIT တြင္ ႏွစ္ႏွစ္) အစား MCC ႏွင့္ AIT တို႔ လက္မွတ္ေရးထိုးလိုက္ေသာ အစီအစဥ္တြင္ (3+2) အစီအစဥ္ျဖစ္သည့္ MCC တြင္ သံုးႏွစ္၊ AIT တြင္ ႏွစ္ႏွစ္တက္ၿပီး မဟာအင္ဂ်င္နီယာသိပၸံဘြဲ႕ (Master of Engineering) ကို ရယူႏိုင္မည္ ျဖစ္ပါသည္။ AIT တက္ခ်င္ေသာ ျမန္မာႏိုင္ငံမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ မဂၤလာ သတင္းေကာင္းပင္ျဖစ္ၿပီး ယင္းေရႊအခြင့္အေရးႀကီးကို MCC က ျမန္မာႏိုင္ငံသို႔ ယူေဆာင္လာခ့ဲၿပီ ျဖစ္ပါသည္။








AIT သည္ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕တြင္ရွိေသာ ႏိုင္ငံတကာတကၠသိုလ္ (International Institute) ျဖစ္ပါသည္။ ႏိုင္ငံတကာတကၠသိုလ္မ်ား အဆင့္သတ္မွတ္ခ်က္အရ အာရွေဒသ၏ ထိပ္တန္း တကၠသိုလ္ႀကီးျဖစ္ပါသည္။ ႏိုင္ငံေပါင္း ၈၃ ႏိုင္ငံရွိ တကၠသိုလ္ေပါင္း ၁၂၀၀ ေက်ာ္အနက္ ထိပ္ဆံုးအဆင့္ တကၠသိုလ္ႀကီး ၄၁ ခုတြင္ ပါ၀င္ေသာ တကၠသိုလ္ ျဖစ္ပါသည္။ ကမၻာ့တကၠသိုလ္မ်ား၏ အဆင့္ကို သတ္မွတ္ေသာ QS Stars Rating Program အရ အတန္းအစား သံုးမ်ိဳး၏ ၾကယ္ငါးပြင့္စီကို AIT က ရရွိထားပါသည္။


Saturday, September 5, 2015

ထူးခြၽန္ေဘာလံုးသမား MCC.i ေက်ာင္းသား

ထူးခြၽန္ေဘာလံုးသမား MCC.i ေက်ာင္းသား
(၂၀၀၉) ခုႏွစ္ကစၿပီး ျမန္မာႏုိင္ငံ၏ ပထမဦးဆံုး Private Higher Institute တစ္ခုအျဖစ္ စတင္ခဲ့ေသာ MCC Training Institute (MCC Institute) သည္ ျမန္မာႏုိင္ငံတစ္၀ွမ္းမွ ေက်ာင္းသားလူငယ္မ်ားအား ႏုိင္ငံတကာအဆင့္ ပညာရပ္မ်ားျဖစ္ ေသာ IT ၊ စီးပြားေရးႏွင့္ အင္ဂ်င္နီယာ ပညာရပ္မ်ားအား ႏုိင္ငံတကာ တကၠသုိလ္ ႀကီးမ်ား၊ ပညာေရး အဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းၿပီး စနစ္တက် ျပဳစုပ်ိဳးေထာင္ေပးသကဲ့သုိ႔ အဓိက ပညာရပ္သင္ယူမႈမ်ားတြင္ သာမက ဘက္စံုထူးခြၽန္ေသာ လူေကာင္းလူေတာ္မ်ား ျဖစ္လာေစရန္ အဘက္ဘက္မွ ေဆာင္ရြက္ေပးလ်က္ ရွိပါသည္။
အထူးသျဖင့္ IT ေမဂ်ာအထူးျပဳ B.Sc (Hons) Business IT ႏုိင္ငံတကာအသိအမွတ္ျပဳ ကြန္ပ်ဴတာ သိပၸံဘြဲ႕သင္တန္းတြင္ ပင္မ Academic ဘာသာရပ္မ်ား အျပင္ English Proficiency သင္ၾကားေပးမႈ အစီအစဥ္မ်ား၊ On the Job Training (လက္ေတြ႕လုပ္ငန္းခြင္ ေလ့ လာေဆာင္ရြက္မႈ အစီအစဥ္မ်ား၊ Microsoft Corporation ကဲ့သုိ႔ ႏုိင္ငံတကာ IT ကုမၸဏီႀကီးမ်ား၏ ကြၽမ္းက်င္မႈ လက္မွတ္ Skill Certification သင္ၾကားမႈ အစီအစဥ္မ်ားအျပင္ Extra Curriculum Activities ဟု ေခၚဆုိႏုိင္ေသာ ေက်ာင္းသင္ခန္းစာျပင္ပ လႈပ္ရွားမႈမ်ားျဖစ္သည့္ စာေပ၊ ဂီတ၊ အားကစားႏွင့္ လူမႈေရး အက်ိဳးျပဳေသာ လုပ္ငန္းမ်ားကုိလည္း သတ္မွတ္ထားေသာ အခ်ိန္ဇယားမ်ားအတိုင္း MCC.i Campus အလိုက္ ေဆာင္ရြက္ ျပဳလုပ္ေပးလ်က္ ရွိပါသည္။ အားကစား လႈပ္ရွားမႈမ်ားအေနျဖင့္ ေက်ာင္းသား/သူ မ်ား စုေပါင္း လမ္းေလွ်ာက္ျခင္း၊ ေအ႐ိုးပစ္ကခုန္ျခင္း၊ ၾကက္ေတာင္႐ိုက္ျခင္း၊ ပင္ေပါင္ကစားျခင္း၊ Fusal ႏွင့္ ဖိတ္ေခၚ ေဘာလံုးပြဲမ်ားကုိလည္း ဆက္စဥ္မျပတ္ ျပဳလုပ္က်င္းပေပးလ်က္ ရွိပါသည္။
ထုိကဲ့သုိ႔ MCC Institute မွ ေက်ာင္းသားလူငယ္မ်ားအတြက္ အေျမာ္ အျမင္ ရည္မွန္းခ်က္ႀကီးစြာျဖင့္ က်ိဳးစား ေဆာင္ရြက္လ်က္ရွိရာ မၾကာမွီ ကာလမ်ား တြင္ IT ပညာသာမက အားကစားႏွင့္ ဘက္စံုထူးခြၽန္ေသာ လူငယ္လူရြယ္မ်ားမ်ားစြာ ေပၚထြက္လာမည္ဟု ယံုၾကည္လ်က္ရွိၿပီး MCC Institute တြင္ သူတုိ႔ ေမွ်ာ္မွန္းထားေသာ ရည္မွန္းခ်က္ ပန္းတုိင္မ်ားအတြက္ လာေရာက္ပညာဆည္းပူးေနေသာ နယ္ပယ္အသီးသီးမွ ထူးခြၽန္လူငယ္မ်ားလည္း ေပ်ာ္ရႊင္စြာ ပညာသင္ၾကားလ်က္ ရွိေနပါတယ္။
ထုိအထဲမွ MCC Institute (Yatanarpon Campus) တြင္ ႏုိင္ငံတကာအသိအမွတ္ျပဳ ကြန္ပ်ဴတာသိပၸံဘြဲ႕ ပထမႏွစ္ သင္တန္းကုိ (၂၀၁၅) ပညာသင္ႏွစ္တြင္ စတင္တက္ေရာက္ေနေသာ ႏုိင္ငံေက်ာ္ လူငယ္ေဘာလံုးကစားသမား ျမန္မာ့ လက္ေရြးစင္ U19 ေဘာလံုးအသင္းမွ ကစားသမားေလး ေမာင္ေနထူးကဲရဲ႕ အနာဂတ္အိမ္မက္ေလး ေတြကုိလည္း အခုလုိပဲ ၾကားသိရမွာ ျဖစ္ပါတယ္။
ဆက္လက္ၿပီး (၂) ပတ္တစ္ႀကိမ္ ထုတ္ေ၀မည့္ MCC Monitor ဂ်ာနယ္ တြင္ MCC Institute Campus အသီး သီးမွ တက္ေရာက္ေနၾကေသာ အတတ္ပညာရပ္ နယ္ပယ္ တစ္ခုခုကုိ ထူးခြၽန္စြာ ေအာင္ျမင္ေနတဲ့ မည္သူအေၾကာင္း ေဖာ္ျပခ်က္ေတြကုိ ေစာင့္ေမွ်ာ္ဖတ္႐ႈရမလဲဆုိတာကုိ သတင္းေကာင္းပါးရင္းျဖင့္ .............
တုိးေ၀ွ႕တိုက္ခတ္လာတဲ့ ေလေျပေလညင္းေလးေတြေၾကာင့္ ေအး စိမ့္လာတဲ့အခါ ကြၽန္ေတာ္အက်ႌအိတ္ထဲ လက္ကေလးကုိ ထည့္လိုက္တယ္။ ဘယ္ေလာက္ေအးေအး ရင္ထဲမွာေႏြးေနေတာ့ ကြၽန္ေတာ့္ေျခလွမ္းေတြက အားအ ျပည့္နဲ႔ပါ။ တကၠသုိလ္၀င္တန္းကုိ ေအာင္ျမင္ၿပီးတဲ့အခါ လုိခ်င္တဲ့ရည္မွန္းခ်က္ပန္းတုိင္ အတြက္ ေလွ်ာက္လွမ္းၾကရတဲ့ ကြၽန္ေတာ္တုိ႔ လူငယ္ေတြအတြက္ တကၠသုိလ္ဆုိ တာ တစ္ခ်ိန္က မက္ခဲ့တဲ့ အိပ္မက္ပါ။ ဒါေၾကာင့္ ျမဴေတြၾကားက ကြၽန္ေတာ္ေရြးခ်ယ္ခဲ့တဲ့ MCC Training Institute ဆုိတဲ့ အဆင့္ျမင့္ေက်ာင္းႀကီးကုိ ေရာက္ရွိ လာခဲ့ပါတယ္။
တစ္ခ်ိန္ေတာ့ ေအာင္ျမင္တဲ့ Technical ပညာရွင္ဘ၀ကုိ ကြၽန္ေတာ္ေရာက္ေအာင္ ႀကိဳးစားဖို႔လဲ ေမွ်ာ္လင့္ထားခဲ့ပါတယ္။ Walt Disney က "If you can dream it, You can do it" တဲ့ စိတ္ကူးယဥ္ၾကည့္ပါ။ စိတ္ကူးယဥ္လုိ႔ရရင္ လုပ္လုိ႔ရပါတယ္တဲ့။ ဒါဘ၀ရဲ႕ ရည္ရြယ္ခ်က္ဆုိေပမဲ့ ၀ါသနာပါတာကုိလည္း ေမ့မပစ္ရဘူး၊ ေဖ်ာက္မပစ္ရဘူးဆုိတာ လူႀကီး သူမေတြရဲ႕ ဆံုးမစကားေတြထဲ အၿမဲပါေန တတ္ပါတယ္။
ကြၽန္ေတာ့္ ၀ါသနာကေတာ့ အားကစားေပါ့ဗ်ာ။ အထူးသျဖင့္ ေဘာလံုးအားကစားကုိ ပုိ၀ါသနာပါတယ္။ ကံေကာင္းစြာနဲ႔ ကြၽန္ေတာ္တုိ႔ေက်ာင္းမွာ ကြၽန္ေတာ္ လက္ေရြးစင္ အျဖစ္ ေဘာလံုးကန္ခြင့္ရခဲ့ပါတယ္။ အဲဒီအတြက္ ကြၽန္ေတာ္ ၀ါသနာပါတာကုိ ကြၽန္ေတာ္ဆက္လုပ္ခြင့္ ရခဲ့ပါတယ္။
ကြၽန္ေတာ္ ေဘာလံုးအားကစားနဲ႔ စတင္ရင္းႏွီးခဲ့ပံုက သိပ္ေတာ့မထူးဆန္းခဲ့ပါဘူး။ ကြၽန္ေတာ္ စတုတၳတန္း ႏွစ္ေလာက္တုန္းက အရမ္း၀တဲ့ကြၽန္ေတာ့္ကုိ အေမက ေဘာလံုးအားကစား နဲ႔ ရင္းႏွီးခြင့္ ေပးခဲ့ပါတယ္။ အဲ့ဒီအခ်န္ကစၿပီး အားလပ္ခ်ိန္မွာေတာင္ ကြၽန္ေတာ္ေဆာ့တဲ့ ကစားနည္းက ေဘာလံုးကန္ျခင္းသာ ျဖစ္ ခဲ့သလုိ ကစားေဖာ္သူငယ္ခ်င္းမ်ားကလည္း ေဘာလံုး ၀ါသနာပါသူအႀကီးမ်ားႏွင့္သာ ကြၽန္ေတာ့္ ေက်ာင္းသားဘ၀ကုိ ျဖတ္သန္းခဲ့ပါတယ္။
ဒီလုိနဲ႔ ကြၽန္ေတာ္ အ႒မတန္းေရာက္ေတာ့ ၿမိဳ႕နယ္ လက္ေရြးစင္အျဖစ္ ေရြးခ်ယ္ခံခဲ့ရပါတယ္။ အေဖနဲ႔အေမလည္း အဲ့ဒီအတြက္ ဂုဏ္ယူခဲ့ပါတယ္။ ဒါေၾကာင့္ ၀ါသနာကုိ လြတ္လပ္စြာ လုပ္ေဆာင္ခြင့္ ရခဲ့ပါတယ္။ ေနာက္ၿပီး ကြၽန္ေတာ္ေက်ာင္းလက္ေရြးစင္ အျဖစ္ ဆ႒မတန္းမွာ ဆက္လက္ေရြးခ်ယ္ခံခဲ့ရပါတယ္။ အဲ့ဒီ ေနာက္မွာေတာ့ ေက်ာင္းလက္ေရြးစင္ဒုိင္မ်ား ဆံုးျဖတ္ခ်က္ျဖင့္ မႏၲေလးတုိင္းကုိ သြားေရာက္ယွဥ္ၿပိဳင္ခြင့္ ရခဲ့ပါတယ္။
ထုိၿပိဳင္ပြဲေၾကာင့္ ကြၽန္ေတာ္ အက်ိဳးအျမတ္တစ္ခု အျဖစ္ ရတနာပံုအကယ္ဒမီမွာ (၂၀၁၄-၂၀၁၅)ခုႏွစ္ ေဘာလံုးသမားေကာင္း အျဖစ္ Camp သြင္းခံခဲ့ရၿပီး မႏၲေလးၿမိဳ႕မွာ ေလ့က်င့္ခြင့္ ရခဲ့ပါ တယ္။ ဒါတင္မကဘဲ တစ္ျခားႏုိင္ငံမ်ားအထိ သြားေရာက္ ေလ့က်င့္ခြင့္ ရခဲ့ပါတယ္။ ၿပိဳင္ပြဲေတြအမ်ိဳးမ်ိဳး ၀င္ေရာက္ယွဥ္ၿပိဳင္ခြင့္ ရရွိ ခဲ့ပါတယ္။ တစ္ခ်ိဳ႕ၿပိဳင္ပြဲေတြမွာ အႏုိင္ရခဲ့ေပမဲ့ တစ္ခ်ိဳ႕ၿပိဳင္ပြဲေတြမွာ က်႐ံႈးခဲ့ဖူးပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ့္ဆရာႀကီး ဦး၀င္းလိႈင္ဦး ေျပာဖူးတဲ့စကားလုိပဲ "Sometimes you win, Sometimes you learn" အဓိပၸာယ္ကေတာ့ တစ္ခါတေလက်ရင္ အႏုိင္ယူပါ။ တစ္ခါတေလက်ရင္ ပညာယူပါဆုိတဲ့ အားေပး ပံ့ပုိးမႈေတြေၾကာင့္ ကြၽန္ေတာ္တုိ႔အဖြဲ႕ မႏၲေလးၿမိဳ႕ေတာ္၀န္ၿပိဳင္ပြဲမွာ ပထမဆု ရယူႏုိင္ခဲ့ပါတယ္။
ကြၽန္ေတာ္၀ါသနာပါရာကုိ လုပ္ခြင့္ရတာေၾကာင့္ လူငယ္ ပီပီ ေဘာလံုးအားကစားဘက္ကုိသာ အာ႐ံုစုိက္ႀကိဳးစားခဲ့တာေၾကာင့္ ကြၽန္ေတာ့္ ဘ၀အတြက္အေရးပါတဲ့ ပညာေရးဘက္ကုိ အားနည္းခဲ့ပါ တယ္။ ဒါေၾကာင့္ မိဘမ်ားနဲ႔ ဆရာ၊ ဆရာမမ်ားက ေစတနာထား လမ္းျပေခၚေဆာင္ေပးခဲ့ပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တကၠသုိလ္၀င္ တန္းစာေမးပြဲကုိ ပညာစံအိမ္ ကုိယ္ပုိင္အထက္တန္းေက်ာင္းမွာ ထူးခြၽန္စြာ ေအာင္ျမင္ခဲ့ပါတယ္။ ဒီလုိေအာင္ျမင္မႈေတြေၾကာင့္ ႏုိင္ငံတကာ အဆင့္မီွ MCC Training Institute မွာ အခုဆုိရင္ ပထမႏွစ္ (Level4 Diploma in Computing) ကုိ Section 25 မွာ ေပ်ာ္ရႊင္စြာ ပညာသင္ၾကားလ်က္ ရွိပါတယ္။
ေရွးေရွးတုန္းက ေကာင္းေလး တစ္ေယာက္ဟာ လသာတဲ့ ေန႔ေတြမွာလကို အၿမဲခုန္ဖမ္းၾကည့္ခဲ့တယ္။ လမင္းႀကီးကုိ မွီ ႏုိင္မလားဆုိတဲ့ အေတြးနဲ႔ေပါ့။ တစ္ပါးသူ မေျပာနဲ႔ သူ႕အေမကေတာင္ သူ႕ကုိ သြား ရွာ ၿပီလုိ႔ ထင္ခဲ့တာ။ ဒါေပမယ့္လည္း အနာ ဂတ္တစ္ခ်ိန္မွာေတာ့ လကမၻာေပၚ ပထမဦးဆံုး ေျခခ်ခဲ့တဲ့ လူသားတစ္ဦးဟာ ဒီေကာင္ေလး ျဖစ္ ခဲ့တယ္လုိ႔ Neil Armstrong က ေျပာခဲ့ဖူးပါတယ္။ အဲ့ဒီအျဖစ္ အပ်က္ေလးဟာ ကြၽန္ေတာ့္အတြက္ ေမွ်ာ္လင့္ခ်က္အိပ္မက္ေတြကုိ ဆက္လက္ရွင္သန္ခြင့္ ေပးခဲ့ပါတယ္။
"I never dreamed about being a million- aire, I dreamed about being a football player" ကြၽန္ေတာ္ မီလီယံနာ တစ္ေယာက္ျဖစ္ဖုိ႔ အိပ္မက္မမက္ခဲ့ဖူးပါဘူး။ ကြၽန္ေတာ္ ဟာ အေကာင္းဆံုး ေဘာလံုးသမား တစ္ေယာက္ ျဖစ္ဖုိ႔သာ အိပ္မက္မက္ေနသူ ျဖစ္ပါတယ္ ................
ထူးချွန်ဘောလုံးသမား MCC.i ကျောင်းသား
(၂၀၀၉) ခုနှစ်ကစပြီး မြန်မာနိုင်ငံ၏ ပထမဦးဆုံး Private Higher Institute တစ်ခုအဖြစ် စတင်ခဲ့သော MCC Training Institute (MCC Institute) သည် မြန်မာနိုင်ငံတစ်ဝှမ်းမှ ကျောင်းသားလူငယ်များအား နိုင်ငံတကာအဆင့် ပညာရပ်များဖြစ် သော IT ၊ စီးပွားရေးနှင့် အင်ဂျင်နီယာ ပညာရပ်များအား နိုင်ငံတကာ တက္ကသိုလ် ကြီးများ၊ ပညာရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး စနစ်တကျ ပြုစုပျိုးထောင်ပေးသကဲ့သို့ အဓိက ပညာရပ်သင်ယူမှုများတွင် သာမက ဘက်စုံထူးချွန်သော လူကောင်းလူတော်များ ဖြစ်လာစေရန် အဘက်ဘက်မှ ဆောင်ရွက်ပေးလျက် ရှိပါသည်။
အထူးသဖြင့် IT မေဂျာအထူးပြု B.Sc (Hons) Business IT နိုင်ငံတကာအသိအမှတ်ပြု ကွန်ပျူတာ သိပ္ပံဘွဲ့သင်တန်းတွင် ပင်မ Academic ဘာသာရပ်များ အပြင် English Proficiency သင်ကြားပေးမှု အစီအစဉ်များ၊ On the Job Training (လက်တွေ့လုပ်ငန်းခွင် လေ့ လာဆောင်ရွက်မှု အစီအစဉ်များ၊ Microsoft Corporation ကဲ့သို့ နိုင်ငံတကာ IT ကုမ္ပဏီကြီးများ၏ ကျွမ်းကျင်မှု လက်မှတ် Skill Certification သင်ကြားမှု အစီအစဉ်များအပြင် Extra Curriculum Activities ဟု ခေါ်ဆိုနိုင်သော ကျောင်းသင်ခန်းစာပြင်ပ လှုပ်ရှားမှုများဖြစ်သည့် စာပေ၊ ဂီတ၊ အားကစားနှင့် လူမှုရေး အကျိုးပြုသော လုပ်ငန်းများကိုလည်း သတ်မှတ်ထားသော အချိန်ဇယားများအတိုင်း MCC.i Campus အလိုက် ဆောင်ရွက် ပြုလုပ်ပေးလျက် ရှိပါသည်။ အားကစား လှုပ်ရှားမှုများအနေဖြင့် ကျောင်းသား/သူ များ စုပေါင်း လမ်းလျှောက်ခြင်း၊ အေရိုးပစ်ကခုန်ခြင်း၊ ကြက်တောင်ရိုက်ခြင်း၊ ပင်ပေါင်ကစားခြင်း၊ Fusal နှင့် ဖိတ်ခေါ် ဘောလုံးပွဲများကိုလည်း ဆက်စဉ်မပြတ် ပြုလုပ်ကျင်းပပေးလျက် ရှိပါသည်။
ထိုကဲ့သို့ MCC Institute မှ ကျောင်းသားလူငယ်များအတွက် အမြော် အမြင် ရည်မှန်းချက်ကြီးစွာဖြင့် ကျိုးစား ဆောင်ရွက်လျက်ရှိရာ မကြာမှီ ကာလများ တွင် IT ပညာသာမက အားကစားနှင့် ဘက်စုံထူးချွန်သော လူငယ်လူရွယ်များများစွာ ပေါ်ထွက်လာမည်ဟု ယုံကြည်လျက်ရှိပြီး MCC Institute တွင် သူတို့ မျှော်မှန်းထားသော ရည်မှန်းချက် ပန်းတိုင်များအတွက် လာရောက်ပညာဆည်းပူးနေသော နယ်ပယ်အသီးသီးမှ ထူးချွန်လူငယ်များလည်း ပျော်ရွှင်စွာ ပညာသင်ကြားလျက် ရှိနေပါတယ်။
ထိုအထဲမှ MCC Institute (Yatanarpon Campus) တွင် နိုင်ငံတကာအသိအမှတ်ပြု ကွန်ပျူတာသိပ္ပံဘွဲ့ ပထမနှစ် သင်တန်းကို (၂၀၁၅) ပညာသင်နှစ်တွင် စတင်တက်ရောက်နေသော နိုင်ငံကျော် လူငယ်ဘောလုံးကစားသမား မြန်မာ့ လက်ရွေးစင် U19 ဘောလုံးအသင်းမှ ကစားသမားလေး မောင်နေထူးကဲရဲ့ အနာဂတ်အိမ်မက်လေး တွေကိုလည်း အခုလိုပဲ ကြားသိရမှာ ဖြစ်ပါတယ်။
ဆက်လက်ပြီး (၂) ပတ်တစ်ကြိမ် ထုတ်ဝေမည့် MCC Monitor ဂျာနယ် တွင် MCC Institute Campus အသီး သီးမှ တက်ရောက်နေကြသော အတတ်ပညာရပ် နယ်ပယ် တစ်ခုခုကို ထူးချွန်စွာ အောင်မြင်နေတဲ့ မည်သူအကြောင်း ဖော်ပြချက်တွေကို စောင့်မျှော်ဖတ်ရှုရမလဲဆိုတာကို သတင်းကောင်းပါးရင်းဖြင့် .............
တိုးဝှေ့တိုက်ခတ်လာတဲ့ လေပြေလေညင်းလေးတွေကြောင့် အေး စိမ့်လာတဲ့အခါ ကျွန်တော်အကျႌအိတ်ထဲ လက်ကလေးကို ထည့်လိုက်တယ်။ ဘယ်လောက်အေးအေး ရင်ထဲမှာနွေးနေတော့ ကျွန်တော့်ခြေလှမ်းတွေက အားအ ပြည့်နဲ့ပါ။ တက္ကသိုလ်ဝင်တန်းကို အောင်မြင်ပြီးတဲ့အခါ လိုချင်တဲ့ရည်မှန်းချက်ပန်းတိုင် အတွက် လျှောက်လှမ်းကြရတဲ့ ကျွန်တော်တို့ လူငယ်တွေအတွက် တက္ကသိုလ်ဆို တာ တစ်ချိန်က မက်ခဲ့တဲ့ အိပ်မက်ပါ။ ဒါကြောင့် မြူတွေကြားက ကျွန်တော်ရွေးချယ်ခဲ့တဲ့ MCC Training Institute ဆိုတဲ့ အဆင့်မြင့်ကျောင်းကြီးကို ရောက်ရှိ လာခဲ့ပါတယ်။
တစ်ချိန်တော့ အောင်မြင်တဲ့ Technical ပညာရှင်ဘဝကို ကျွန်တော်ရောက်အောင် ကြိုးစားဖို့လဲ မျှော်လင့်ထားခဲ့ပါတယ်။ Walt Disney က "If you can dream it, You can do it" တဲ့ စိတ်ကူးယဉ်ကြည့်ပါ။ စိတ်ကူးယဉ်လို့ရရင် လုပ်လို့ရပါတယ်တဲ့။ ဒါဘဝရဲ့ ရည်ရွယ်ချက်ဆိုပေမဲ့ ၀ါသနာပါတာကိုလည်း မေ့မပစ်ရဘူး၊ ဖျောက်မပစ်ရဘူးဆိုတာ လူကြီး သူမတွေရဲ့ ဆုံးမစကားတွေထဲ အမြဲပါနေ တတ်ပါတယ်။
ကျွန်တော့် ၀ါသနာကတော့ အားကစားပေါ့ဗျာ။ အထူးသဖြင့် ဘောလုံးအားကစားကို ပို၀ါသနာပါတယ်။ ကံကောင်းစွာနဲ့ ကျွန်တော်တို့ကျောင်းမှာ ကျွန်တော် လက်ရွေးစင် အဖြစ် ဘောလုံးကန်ခွင့်ရခဲ့ပါတယ်။ အဲဒီအတွက် ကျွန်တော် ၀ါသနာပါတာကို ကျွန်တော်ဆက်လုပ်ခွင့် ရခဲ့ပါတယ်။
ကျွန်တော် ဘောလုံးအားကစားနဲ့ စတင်ရင်းနှီးခဲ့ပုံက သိပ်တော့မထူးဆန်းခဲ့ပါဘူး။ ကျွန်တော် စတုတ္ထတန်း နှစ်လောက်တုန်းက အရမ်းဝတဲ့ကျွန်တော့်ကို အမေက ဘောလုံးအားကစား နဲ့ ရင်းနှီးခွင့် ပေးခဲ့ပါတယ်။ အဲ့ဒီအချန်ကစပြီး အားလပ်ချိန်မှာတောင် ကျွန်တော်ဆော့တဲ့ ကစားနည်းက ဘောလုံးကန်ခြင်းသာ ဖြစ် ခဲ့သလို ကစားဖော်သူငယ်ချင်းများကလည်း ဘောလုံး ၀ါသနာပါသူအကြီးများနှင့်သာ ကျွန်တော့် ကျောင်းသားဘဝကို ဖြတ်သန်းခဲ့ပါတယ်။
ဒီလိုနဲ့ ကျွန်တော် အဋ္ဌမတန်းရောက်တော့ မြို့နယ် လက်ရွေးစင်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ အဖေနဲ့အမေလည်း အဲ့ဒီအတွက် ဂုဏ်ယူခဲ့ပါတယ်။ ဒါကြောင့် ၀ါသနာကို လွတ်လပ်စွာ လုပ်ဆောင်ခွင့် ရခဲ့ပါတယ်။ နောက်ပြီး ကျွန်တော်ကျောင်းလက်ရွေးစင် အဖြစ် ဆဋ္ဌမတန်းမှာ ဆက်လက်ရွေးချယ်ခံခဲ့ရပါတယ်။ အဲ့ဒီ နောက်မှာတော့ ကျောင်းလက်ရွေးစင်ဒိုင်များ ဆုံးဖြတ်ချက်ဖြင့် မန္တလေးတိုင်းကို သွားရောက်ယှဉ်ပြိုင်ခွင့် ရခဲ့ပါတယ်။
ထိုပြိုင်ပွဲကြောင့် ကျွန်တော် အကျိုးအမြတ်တစ်ခု အဖြစ် ရတနာပုံအကယ်ဒမီမှာ (၂၀၁၄-၂၀၁၅)ခုနှစ် ဘောလုံးသမားကောင်း အဖြစ် Camp သွင်းခံခဲ့ရပြီး မန္တလေးမြို့မှာ လေ့ကျင့်ခွင့် ရခဲ့ပါ တယ်။ ဒါတင်မကဘဲ တစ်ခြားနိုင်ငံများအထိ သွားရောက် လေ့ကျင့်ခွင့် ရခဲ့ပါတယ်။ ပြိုင်ပွဲတွေအမျိုးမျိုး ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိ ခဲ့ပါတယ်။ တစ်ချို့ပြိုင်ပွဲတွေမှာ အနိုင်ရခဲ့ပေမဲ့ တစ်ချို့ပြိုင်ပွဲတွေမှာ ကျရှုံးခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျွန်တော့်ဆရာကြီး ဦးဝင်းလှိုင်ဦး ပြောဖူးတဲ့စကားလိုပဲ "Sometimes you win, Sometimes you learn" အဓိပ္ပာယ်ကတော့ တစ်ခါတလေကျရင် အနိုင်ယူပါ။ တစ်ခါတလေကျရင် ပညာယူပါဆိုတဲ့ အားပေး ပံ့ပိုးမှုတွေကြောင့် ကျွန်တော်တို့အဖွဲ့ မန္တလေးမြို့တော်ဝန်ပြိုင်ပွဲမှာ ပထမဆု ရယူနိုင်ခဲ့ပါတယ်။
ကျွန်တော်ဝါသနာပါရာကို လုပ်ခွင့်ရတာကြောင့် လူငယ် ပီပီ ဘောလုံးအားကစားဘက်ကိုသာ အာရုံစိုက်ကြိုးစားခဲ့တာကြောင့် ကျွန်တော့် ဘဝအတွက်အရေးပါတဲ့ ပညာရေးဘက်ကို အားနည်းခဲ့ပါ တယ်။ ဒါကြောင့် မိဘများနဲ့ ဆရာ၊ ဆရာမများက စေတနာထား လမ်းပြခေါ်ဆောင်ပေးခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တက္ကသိုလ်ဝင် တန်းစာမေးပွဲကို ပညာစံအိမ် ကိုယ်ပိုင်အထက်တန်းကျောင်းမှာ ထူးချွန်စွာ အောင်မြင်ခဲ့ပါတယ်။ ဒီလိုအောင်မြင်မှုတွေကြောင့် နိုင်ငံတကာ အဆင့်မှီ MCC Training Institute မှာ အခုဆိုရင် ပထမနှစ် (Level4 Diploma in Computing) ကို Section 25 မှာ ပျော်ရွှင်စွာ ပညာသင်ကြားလျက် ရှိပါတယ်။
ရှေးရှေးတုန်းက ကောင်းလေး တစ်ယောက်ဟာ လသာတဲ့ နေ့တွေမှာလကို အမြဲခုန်ဖမ်းကြည့်ခဲ့တယ်။ လမင်းကြီးကို မှီ နိုင်မလားဆိုတဲ့ အတွေးနဲ့ပေါ့။ တစ်ပါးသူ မပြောနဲ့ သူ့အမေကတောင် သူ့ကို သွား ရှာ ပြီလို့ ထင်ခဲ့တာ။ ဒါပေမယ့်လည်း အနာ ဂတ်တစ်ချိန်မှာတော့ လကမ္ဘာပေါ် ပထမဦးဆုံး ခြေချခဲ့တဲ့ လူသားတစ်ဦးဟာ ဒီကောင်လေး ဖြစ် ခဲ့တယ်လို့ Neil Armstrong က ပြောခဲ့ဖူးပါတယ်။ အဲ့ဒီအဖြစ် အပျက်လေးဟာ ကျွန်တော့်အတွက် မျှော်လင့်ချက်အိပ်မက်တွေကို ဆက်လက်ရှင်သန်ခွင့် ပေးခဲ့ပါတယ်။
"I never dreamed about being a million- aire, I dreamed about being a football player" ကျွန်တော် မီလီယံနာ တစ်ယောက်ဖြစ်ဖို့ အိပ်မက်မမက်ခဲ့ဖူးပါဘူး။ ကျွန်တော် ဟာ အကောင်းဆုံး ဘောလုံးသမား တစ်ယောက် ဖြစ်ဖို့သာ အိပ်မက်မက်နေသူ ဖြစ်ပါတယ် ................


သတင္းအခ်က္အလက္ႏွင့္ကြန္ယက္လုံျခဳံေရး အပိုင္း(၁)

သတင္းအခ်က္အလက္ႏွင့္ကြန္ယက္လုံျခဳံေရး
အပိုင္း(၁)
UNO
သတင္းအခ်က္အလက္ လုံျခဳံမွုအတြက္ ဘယ္လိုလုံျခဳံေအာင္ ေဆာင္ရြက္ရမလဲဆိုတာ မလာခင္ သတင္းအခ်က္ အလက္လုံျခဳံမွုကို ထိခိုက္ေစနိုင္တဲ့အခ်က္ေတြကို အရင္ေလ့လာထားဖို႔ လိုပါမယ္။
ပထမဦးဆုံးအခ်က္ကေတာ့ လူေတာ္ေတာ္မ်ားမ်ားလည္း ရင္းႏွီးကၽြမ္းဝင္ၿပီးသားျဖစ္တဲ့ ဗိုင္းရပ္စ္ျပႆနာပါ၊ အခုဆိုရင္ လူတိုင္းနီးပါး ကြန္ပ်ဴတာ အသုံးျပဳၾကတယ္၊ ကိုယ့္အိမ္မွာအလုပ္မွာ သင္တန္းေက်ာင္းမွာပဲျဖစ္ျဖစ္ ကြန္ပ်ဴတာ အသုံးျပဳၾကတဲ့အခါ အနည္းနဲ႔အမ်ား ကြန္ပ်ဴတာဗိုင္းရပ္စ္ ျပႆနာေတြနဲ႔ ၾကဳံေတြ႕ရ ေလ့ရွိပါတယ္။
အခုဘယ္လိုျဖစ္လာလဲဆိုေတာ့ ဗိုင္းရပ္စ္ေတြက ကြန္ပ်ဴတာေတြထဲက သတင္းအခ်က္အလက္ေတြကို ဖ်က္စီးပစ္လိုက္ယုံသာမကပဲ ကြန္ပ်ဴတာထဲမွာရွိတဲ့ အေရးႀကီးတဲ့ အခ်က္အလက္ေတြ (ဥပမာ - Password ၊ Credit Card Information ေတြ) ကိုမသမာသူ ေတြဆီကို ျပန္ပို႔ေပးတာတို႔၊ ကြန္ပ်ဴတာရဲ့ စက္ပစၥည္း အစိတ္အပိုင္းေတြကို ဖ်က္ဆီးပစ္နိုင္တဲ့အထိ အဖ်က္စြမ္းအားေတြ ႀကီးမားလာပါၿပီ၊ ဗိုင္းရပ္စ္ အမ်ိဳးအစားေတြကို ေလ့လာၾကည့္ရင္ Macro Virus, Hybrid,Trojan Horse, SPAM နဲ႔ Spyware စသည္ျဖင့္ ေတြ႕ရမွာျဖစ္ပါတယ္၊ အဲဒီထဲက Spyware အမ်ိဳးအစား ဗိုင္းရပ္စ္ေတြဆိုရင္ ကြန္ပ်ဴတာ ထဲကိုဘယ္ လိုေရာက္လာမွန္း မသိရပဲနဲ႔ ကိုယ္ကြန္ပ်ဴတာထဲမွာရွိတဲ့ အခ်က္အလက္ေတြကို အျပင္ကို တနည္းနည္းနဲ႔ ေရာက္ေအာင္ျပန္ပို႔ေပးနိုင္တဲ့အတြက္ ေတာ္ေတာ္ သတိထားရမဲ့အေျခအေနပါ။
ကာကြယ္နိုင္မဲ့ နည္းလမ္းကေတာ့ စြမ္းအားျမင့္တဲ့ ဗိုင္းရပ္စ္ကာကြယ္မွု ပရိုဂရမ္ Anti-Virus ေတြမိမိရဲ့ ကြန္ပ်ဴတာစနစ္မွာ တပ္ဆင္အသုံးျပဳရမွာ ျဖစ္ပါတယ္၊ Anti Virus သုံးတယ္ဆိုတာ ကိုလည္းသာမန္ Software တစ္ခု Install လုပ္ၿပီးသုံးတယ္ဆိုတဲ့အဆင့္ ေလာက္ သေဘာမထားပဲ သူ႔ရဲ့ထူးျခားခ်က္ေတြ၊ ကာကြယ္နိုင္မွု အစီအစဥ္ေတြ၊ အလြယ္တကူအသုံးျပဳနိုင္မွုရွိ မရွိစတာ ေတြကိုခ်ိန္ထိုးၿပီး အသုံးျပဳရမွာ ျဖစ္ပါတယ္၊ အေရးႀကီးတဲ့တစ္ခ်က္ကေတာ့ Anti-Virus ေတြကို ဝယ္ပဲသုံးသုံး၊ အလကားရလို႔ပဲ သုံးသုံးအခ်ိန္ႏွင့္အမၽွ Update လုပ္ေနဖိုလိုပါတယ္မဟုတ္ရင္ ေတာ့အိတ္ေပါက္နဲ႔ ဖားေကာက္လိုပဲ ျဖစ္ေနပါမယ္။
ေနာက္အႏၲရာယ္တစ္မ်ိဳးကေတာ့ Unauthorized Access လို႔ေခၚတဲ့ပိုင္ခြင့္မရွိပဲအသုံးျပဳေနၾက ျခင္းပဲ ျဖစ္ပါတယ္၊ သုံးပိုင္ခြင့္မရွိပဲအျခားတစ္ဦးတစ္ေယာက္ကဝင္အသုံးျပဳေနရင္အဲဒီကြန္ပ်ဴတာ အတြင္းမွာရွိတဲ့ Confidentiality, Integrity နဲ႔ Availability ကိုထိခိုက္နိုင္ပါတယ္၊အလုပ္ထဲမွာ လူတကာအလြယ္တကူ ဝင္သုံးနိုင္တဲ့ ကြန္ပ်ဴတာထဲက အခ်က္အလက္ေတြ ေပ်ာက္ဆုံးတာ၊ လိုအပ္တဲ့အခ်ိန္မွာ အဲဒီအခ်က္ အလက္ေတြက ရွိမေနေတာ့တာ၊ အေရးႀကီးတဲ့ အခ်က္အလက္ေတြကို ဝန္ထမ္းတိုင္း သိသြားတာ၊ စတာေတြဟာ လုပ္ငန္းအတြက္ေတာ္ေတာ္ကိုထိခိုက္မွုရွိပါတယ္။
ဒီအတြက္ေတာ့ ကာကြယ္နိုင္မဲ့နည္းလမ္းက မွန္ကန္တဲ့ Access Control Process ေတြေဆာင္ရြက္ ေပးရမွာျဖစ္ပါတယ္၊ ကြန္ပ်ဴတာကို ခြင့္ျပဳထားတဲ့သူပဲ သုံးနိုင္ေအာင္ Login Password လုပ္ထားတာ၊ အေရးႀကီးတဲ့ဖိုင္ေတြ၊ ပရိုဂရမ္ေတြကို သီးသန္႔သိမ္းၿပီး လူတိုင္းဖြင့္ၾကည့္ လို႔မရေအာင္ လုပ္ထားတာေတြနဲ႔ ထိန္းခ်ဳပ္နိုင္ပါတယ္။
ေနာက္တခ်က္ကေတာ့ Errors နဲ႔ Malfunction ေတြပါ၊ Hardware ပိုင္းေရာ Software ပိုင္းပါ Error ေတြ Malfunction ေတြရွိနိုင္ပါတယ္၊ ရွိလည္းရွိပါတယ္၊ အဲဒါေတြေၾကာင့္လည္း အခ်က္ အလက္ေတြ ဆုံးရွုံးနိုင္ပါတယ္၊ ကၽြန္ေတာ္တို႔႐ုံးက Hard Disk ႂကြသြားလို႔ ဘာ Data မွ ျပန္မရ လိုက္ဘူးဆိုတာေတြ ၾကားဖူးၾကမွာပါ၊ Software Error တက္လို႔ဘယ္လိုမွ Database Access လုပ္လို႔မရဘူး ဆိုတာေတြလည္း ရွိပါတယ္၊ အဲဒါေတြကို ကိုယ္တြယ္ အသုံးျပဳေနတဲ့ လူေတြကိုယ္တိုင္ကလည္း အမွားမကင္းပါဘူး၊ Copy ကူးရမဲ့ဖိုင္ကို မွားၿပီးဖ်က္လိုက္မိတာ၊ Shock ျဖစ္ေနတဲ့ခလုတ္ကို သုံးလိုက္လို႔ ကြန္ပ်ဴတာပါ ထိခိုက္သြားၿပီး စက္ျပန္ဖြင့္လို႔ မရေတာ့တာေတြလည္း ရွိပါတယ္။
ကာကြယ္မွုအစီအစဥ္ကေတာ့ စက္ေတြပုံမွန္အလုပ္လုပ္နိုင္ဖို႔အတြက္ Hardware Maintenace , Software Maintenance ေတြကိုစနစ္တက် ေဆာင္ရြက္တာ၊ လူေတြအတြက္ေတာ့ Standard Operation Procedure ေတြခ်မွတ္ေပးၿပီး လုပ္ေဆာင္ရမဲ့ အဆင့္ေတြကို အမွားအယြင္းမရွိေအာင္ ေဆာင္ရြက္ေပးနိုင္ပါတယ္။
တခါတေလမွာ ကြန္ပ်ဴတာသမားအမ်ားစုက အခ်က္အလက္လုံျခဳံဖို႔အတြက္ Technically ပဲစဥ္းစား ျဖစ္ၾကပါတယ္၊ တကယ္ဆိုရင္ မိမိကြန္ပ်ဴတာ၊ Database ေတြထားတဲ့ Physical Environment ကေရာ လုံျခဳံမွု တကယ္ရွိလား ဆိုတာကို စစ္ေဆးသင့္ပါတယ္၊ အေရးႀကီးတဲ့ ကိုယ္ေရးမွတ္တမ္းေတြ ထည့္ထားတဲ့ Notebook ကြန္ပ်ဴတာ အခိုးခံရတယ္၊ ကိုယ့္ကုမၸဏီက မၾကာခင္ ထုတ္လုပ္မဲ့ ကုန္ပစၥည္းအမ်ိဳးအစားသစ္ရဲ့ Design ထည့္ထားတဲ့ CD ေပ်ာက္သြားတယ္ စသည္ျဖင့္နိုင္ငံ တကာသတင္းေတြမွာသိၾကမွာပါ။
Physical Environment ကို Save ျဖစ္ခ်င္တယ္ဆိုရင္ေတာ့ Physical Security ေတြလုပ္ရမွာပဲျဖစ္ပါတယ္၊ ကြန္ပ်ဴတာခန္းကိုေသာ့ခတ္ထားတာ၊ကြန္ပ်ဴတာကိုအလြယ္တကူဖြင့္လို႔မရေအာင္စနစ္တက်တပ္ဆင္ၿပီး လုံျခဳံမွု ေတြလုပ္ထားတာ စသည္ျဖင့္ ေဆာင္ရြက္နိုင္ပါတယ္။
ေနာက္တစ္ခ်က္က မိမိတို႔ကြန္ပ်ဴတာေတြ၊ Database ေတြ၊ ကြန္ယက္စနစ္ Network ေတြကို ဘာမွ တိတိက်က် လုံျခဳံမွုအစီအစဥ္ေတြ ျပဳလုပ္မထားျခင္းပဲ ျဖစ္ပါတယ္၊ အဲဒါကို Vulnerability လို႔ေခၚပါတယ္၊ မိမိကြန္ပ်ဴတာက Vulnerable Computer ျဖစ္ေနတယ္၊ မိမိတို႔ Network က Vulnerable Network ျဖစ္ေနတယ္ ဆိုရင္ေတာ့ လုံျခဳံဖို႔ခက္သြားပါၿပီ။
Vulnerability ကို ကာကြယ္ဖို႔ကေတာ့ မိမိတို႔လုပ္ငန္းမွာရွိတဲ့ ကြန္ပ်ဴတာေတြ၊ ကြန္ယက္စနစ္ေတြကို စနစ္ တက် အားနည္းခ်က္ရွာေဖြျခင္း Vulnerability Scanning ေတြလုပ္ရမွာျဖစ္ပါတယ္။
အခုဆိုရင္ နိုင္ငံတကာအဖြဲ႕အစည္းေတြ၊ ဘဏ္ႀကီးေတြ၊ ေလေၾကာင္းလိုင္းႀကီးေတြ၊ ကုန္တိုက္ႀကီးေတြဟာ သူတို႔ရဲ့ ကြန္ယက္စနစ္ေတြကို တမင္တကာ ရည္ရြယ္ခ်က္နဲ႔ ဝင္ေရာက္ထိုးေဖါက္ တိုက္ခိုက္မွုေတြကို မၾကာခဏခံ ၾကရပါတယ္၊ ဒါကိုေတာ့ Intensionally လုပ္တဲ့အတြက္ Attack လို႔ သတ္မွတ္ပါတယ္။
Attack လုပ္ခံရတဲ့ ပုံစံကေတာ့ အမ်ိဳးမ်ိဳးရွိပါတယ္၊ အေယာင္ေဆာင္ၿပီး အခ်က္အလက္ေတြ ရယူသြားတာ၊ ကြန္ယက္လမ္းေၾကာင္း တေလၽွာက္ၾကားထဲကေန ၾကားျဖတ္ရယူတာ၊ မူလအေျခအေနအတိုင္း မျဖစ္ေအာင္ျပင္တာ ေျပာင္းတာ၊ ဖ်က္လိုက္တာ စသည္ျဖင့္လည္း ရွိပါတယ္၊ ၿပီးေတာ့ ကိုယ္လုပ္ခ်င္တဲ့ အလုပ္ကို လုပ္လို႔မရေအာင္ Service ေတြ Denial လုပ္တာ၊ သတင္းအခ်က္အလက္ရဲ့ မူလ တန္ဖိုး ေပ်ာက္ပ်က္သြားေအာင္ ေဆာင္ရြက္ လိုက္တာ၊ Network ေပၚကေန လမ္းေၾကာင္းတေလၽွာက္ မွာရွိတဲ့ အခ်က္အလက္ေတြကို ေစာင့္ၾကည့္ၿပီး အေရးႀကီးတာေတြကို ရယူသြားတာေတြ စသည္ျဖင့္ ေတြ႕ရွိရမွာ ျဖစ္ပါတယ္။
Attach ေတြကို ကာကြယ္ဖို႔ကေတာ့ မိမိတို႔ကြန္ပ်ဴတာစနစ္ေတြကို Firewall ေတြ Virtual Private Network ေတြ၊ Encryption Technique ေတြ၊ Digital Signature Digital Certification အသုံးျပဳမွုေတြနဲ႔ ကာကြယ္နိုင္မွာ ျဖစ္ပါတယ္၊ ဒုတိယပိုင္း ေဟာေျပာမွုမွာ အေသးစိတ္သိနိုင္ပါတယ္။
Incident လို႔ေခၚတဲ့ မေတာ္တဆမွုေတြေၾကာင့္ အခ်က္အလက္ေတြ ပ်က္စီးဆုံးရွုံးနိုင္တာ၊ Disaster လို႔ေခၚတဲ့ သဘာဝေဘးအႏၲရာယ္ေတြေၾကာင့္ ပ်က္စီးဆုံးရွုံးနိုင္တာ (ဥပမာ- ေရေဘး၊ မီးေဘး၊ ေလေဘး၊ ေျမငလၽွင္) ေတြလည္း ျဖစ္နိုင္ပါတယ္။
Incident ျဖစ္တာကိုေတာ့ ခ်က္ခ်င္းကာကြယ္ဖို႔ ခက္ပါမယ္ ဒါေပမဲ့ ခိုင္မာတဲ့ တုံ႔ျပန္မွု အစီအစဥ္ေတြ ႀကိဳတင္စီစဥ္ထား လို႔ရပါတယ္၊ နိုင္ငံတကာမွာေတာ့ Incident Response Procedure ေတြ ေဘးအႏၲရာယ္ေတြ အတြက္ Disastaer Recovery plan ေတြကို အေသးစိတ္ေရးဆြဲၿပီး မိမိလုပ္ငန္းနဲ႔ သင္ေတာ္မဲ့အတိုင္း ျပင္ဆင္ ေဆာင္ရြက္ထားနိုင္ပါတယ္။
ေနာက္တခ်က္ကေတာ့ Technical နဲနဲဆန္မယ္ထင္ပါတယ္၊ မိမိတို႔လုပ္ငန္းမွာသုံးေနတဲ့ ကြန္ပ်ဴတာ စနစ္ေတြနဲ႔ ကြန္ယယ္စနစ္ေတြကို စနစ္တက် တပ္ဆင္ထားျခင္း မရွိတာပါ၊ လုပ္ငန္းေတာ္ေတာ္မ်ားမ်ားမွာ ကြန္ပ်ဴတာ၊ ပရင္တာအပါအဝင္ Network ဆက္သြယ္ တပ္ဆင္တာေတြကိုစနစ္ ေဆာင္ရြက္ထားမွု အားနည္းပါတယ္ Inproper Configuration နဲ႔ Unstructured Cabling လို႔ေျပာရင္ရမယ္ ထင္ပါတယ္၊ အဲဒီအတြက္ ဘာျဖစ္သလဲဆိုေတာ့ တစ္ခုခုျပႆနာေပၚရင္ဘဲ ဥအစရွာရသလိုပဲ ေတာ္ေတာ္ခက္ခဲပါတယ္။
ဒီဟာအတြက္ေတာ့ လုပ္ရမဲ့နည္းလမ္းက Configuration Management ပါ၊ မိမိတို႔ လုပ္ငန္းမွာ ရွိေနတဲ့ hardware, Software, Network နဲ႔ဆက္စပ္ ပစၥည္းေတြအားလုံးကို စနစ္တက် မွတ္တမ္း တင္ထားရမယ္၊ ပ်က္စီးမွု တစုံတခုအတြက္ အစားထိုး လဲလွယ္မယ္ဆိုရင္လည္း Change Control Record စနစ္တက် လုပ္ထားမယ္၊ Network ေတြအတြက္ဆိုရင္ Structure Cabling Design နဲ႔ Security Oriented Layout /Design ေတြစဥ္းစားေဆာင္ရြက္ရမယ္၊ ပစၥည္းဝယ္တာကအစ ၾကဳံသလို ဝယ္တာမ်ိဳးမဟုတ္ပဲ စနစ္တက် သတ္သတ္မွတ္မွတ္ ေရြးခ်ယ္ဝယ္ယူ အသုံးျပဳတပ္ဖို႔လို အပ္မွာျဖစ္ပါတယ္။
ေနာက္ဆုံးနဲ႔ အေရးႀကီးဆုံး တစ္ခ်က္ကေတာ့ သတင္းအခ်က္အလက္ လုံျခဳံမွုကို အေလးထား ေဆာင္ရြက္ရမယ္ဆိုတဲ့ ဗဟုသုတ Knowledge မရွိၾကတာပါ၊ Knowledge မရွိတဲ့အတြက္ ဘာလုပ္ရမယ္ ဆိုတာမသိဘူး၊ ဘာလုပ္ရမယ္ဆိုတာ မသိတဲ့အတြက္ ဘာမွမလုပ္ထားဘူး၊ ဘာမွမလုပ္ထားတဲ့ အတြက္ သတင္းအခ်က္အလက္ လုံျခဳံမွုမရွိေတာ့ဘူး၊ အဖြဲ႕အစည္းကို ဦးေဆာင္တဲ့သူ ကိုယ္တိုင္က ဒီအခ်က္အလက္ေတြက ကြန္ပ်ဳတာထဲမွာရွိတဲ့ အတြက္ ကြန္ပ်ဳတာသမားေတြနဲ႔ပဲ ဆိုင္တယ္ သူတို႔ကိုပဲ တာဝန္ ယူခိုင္းမယ္ဆိုတာမ်ိဳး စဥ္စားရင္ေတာ့ မလြယ္ဘူး၊ စီမံခန္႔ခြဲသူေတြ ဦးေဆာင္သူေတြ ကိုယ္တိုင္က Information လုံျခဳံမွုဟာ လူတိုင္းနဲ႔ သက္ဆိုင္တယ္ဆိုတဲ့ သေဘာတရားကို ခံယူက်င့္သုံးနိုင္ဖို႔ လိုပါတယ္။
ဒီအတြက္ အားကိုးရမွာကေတာ့ အသိပညာေပး အစီအစဥ္ေတြ Education and Training ပဲျဖစ္ပါတယ္၊ မသိေသးတာကို သိေအာင္အရင္ လုပ္ရပါမယ္၊ သိၿပီးရင္လည္း စနစ္တက် အသုံးျပဳတပ္ေအာင္ Train လုပ္ေပးရပါမယ္။
သတင်းအချက်အလက်နှင့်ကွန်ယက်လုံခြုံရေး
အပိုင်း(၁)
UNO
သတင်းအချက်အလက် လုံခြုံမှုအတွက် ဘယ်လိုလုံခြုံအောင် ဆောင်ရွက်ရမလဲဆိုတာ မလာခင် သတင်းအချက် အလက်လုံခြုံမှုကို ထိခိုက်စေနိုင်တဲ့အချက်တွေကို အရင်လေ့လာထားဖို့ လိုပါမယ်။
ပထမဦးဆုံးအချက်ကတော့ လူတော်တော်များများလည်း ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်တဲ့ ဗိုင်းရပ်စ်ပြဿနာပါ၊ အခုဆိုရင် လူတိုင်းနီးပါး ကွန်ပျူတာ အသုံးပြုကြတယ်၊ ကိုယ့်အိမ်မှာအလုပ်မှာ သင်တန်းကျောင်းမှာပဲဖြစ်ဖြစ် ကွန်ပျူတာ အသုံးပြုကြတဲ့အခါ အနည်းနဲ့အများ ကွန်ပျူတာဗိုင်းရပ်စ် ပြဿနာတွေနဲ့ ကြုံတွေ့ရ လေ့ရှိပါတယ်။
အခုဘယ်လိုဖြစ်လာလဲဆိုတော့ ဗိုင်းရပ်စ်တွေက ကွန်ပျူတာတွေထဲက သတင်းအချက်အလက်တွေကို ဖျက်စီးပစ်လိုက်ယုံသာမကပဲ ကွန်ပျူတာထဲမှာရှိတဲ့ အရေးကြီးတဲ့ အချက်အလက်တွေ (ဥပမာ - Password ၊ Credit Card Information တွေ) ကိုမသမာသူ တွေဆီကို ပြန်ပို့ပေးတာတို့၊ ကွန်ပျူတာရဲ့ စက်ပစ္စည်း အစိတ်အပိုင်းတွေကို ဖျက်ဆီးပစ်နိုင်တဲ့အထိ အဖျက်စွမ်းအားတွေ ကြီးမားလာပါပြီ၊ ဗိုင်းရပ်စ် အမျိုးအစားတွေကို လေ့လာကြည့်ရင် Macro Virus, Hybrid,Trojan Horse, SPAM နဲ့ Spyware စသည်ဖြင့် တွေ့ရမှာဖြစ်ပါတယ်၊ အဲဒီထဲက Spyware အမျိုးအစား ဗိုင်းရပ်စ်တွေဆိုရင် ကွန်ပျူတာ ထဲကိုဘယ် လိုရောက်လာမှန်း မသိရပဲနဲ့ ကိုယ်ကွန်ပျူတာထဲမှာရှိတဲ့ အချက်အလက်တွေကို အပြင်ကို တနည်းနည်းနဲ့ ရောက်အောင်ပြန်ပို့ပေးနိုင်တဲ့အတွက် တော်တော် သတိထားရမဲ့အခြေအနေပါ။
ကာကွယ်နိုင်မဲ့ နည်းလမ်းကတော့ စွမ်းအားမြင့်တဲ့ ဗိုင်းရပ်စ်ကာကွယ်မှု ပရိုဂရမ် Anti-Virus တွေမိမိရဲ့ ကွန်ပျူတာစနစ်မှာ တပ်ဆင်အသုံးပြုရမှာ ဖြစ်ပါတယ်၊ Anti Virus သုံးတယ်ဆိုတာ ကိုလည်းသာမန် Software တစ်ခု Install လုပ်ပြီးသုံးတယ်ဆိုတဲ့အဆင့် လောက် သဘောမထားပဲ သူ့ရဲ့ထူးခြားချက်တွေ၊ ကာကွယ်နိုင်မှု အစီအစဉ်တွေ၊ အလွယ်တကူအသုံးပြုနိုင်မှုရှိ မရှိစတာ တွေကိုချိန်ထိုးပြီး အသုံးပြုရမှာ ဖြစ်ပါတယ်၊ အရေးကြီးတဲ့တစ်ချက်ကတော့ Anti-Virus တွေကို ဝယ်ပဲသုံးသုံး၊ အလကားရလို့ပဲ သုံးသုံးအချိန်နှင့်အမျှ Update လုပ်နေဖိုလိုပါတယ်မဟုတ်ရင် တော့အိတ်ပေါက်နဲ့ ဖားကောက်လိုပဲ ဖြစ်နေပါမယ်။
နောက်အန္တရာယ်တစ်မျိုးကတော့ Unauthorized Access လို့ခေါ်တဲ့ပိုင်ခွင့်မရှိပဲအသုံးပြုနေကြ ခြင်းပဲ ဖြစ်ပါတယ်၊ သုံးပိုင်ခွင့်မရှိပဲအခြားတစ်ဦးတစ်ယောက်ကဝင်အသုံးပြုနေရင်အဲဒီကွန်ပျူတာ အတွင်းမှာရှိတဲ့ Confidentiality, Integrity နဲ့ Availability ကိုထိခိုက်နိုင်ပါတယ်၊အလုပ်ထဲမှာ လူတကာအလွယ်တကူ ဝင်သုံးနိုင်တဲ့ ကွန်ပျူတာထဲက အချက်အလက်တွေ ပျောက်ဆုံးတာ၊ လိုအပ်တဲ့အချိန်မှာ အဲဒီအချက် အလက်တွေက ရှိမနေတော့တာ၊ အရေးကြီးတဲ့ အချက်အလက်တွေကို ဝန်ထမ်းတိုင်း သိသွားတာ၊ စတာတွေဟာ လုပ်ငန်းအတွက်တော်တော်ကိုထိခိုက်မှုရှိပါတယ်။
ဒီအတွက်တော့ ကာကွယ်နိုင်မဲ့နည်းလမ်းက မှန်ကန်တဲ့ Access Control Process တွေဆောင်ရွက် ပေးရမှာဖြစ်ပါတယ်၊ ကွန်ပျူတာကို ခွင့်ပြုထားတဲ့သူပဲ သုံးနိုင်အောင် Login Password လုပ်ထားတာ၊ အရေးကြီးတဲ့ဖိုင်တွေ၊ ပရိုဂရမ်တွေကို သီးသန့်သိမ်းပြီး လူတိုင်းဖွင့်ကြည့် လို့မရအောင် လုပ်ထားတာတွေနဲ့ ထိန်းချုပ်နိုင်ပါတယ်။
နောက်တချက်ကတော့ Errors နဲ့ Malfunction တွေပါ၊ Hardware ပိုင်းရော Software ပိုင်းပါ Error တွေ Malfunction တွေရှိနိုင်ပါတယ်၊ ရှိလည်းရှိပါတယ်၊ အဲဒါတွေကြောင့်လည်း အချက် အလက်တွေ ဆုံးရှုံးနိုင်ပါတယ်၊ ကျွန်တော်တို့ရုံးက Hard Disk ကြွသွားလို့ ဘာ Data မှ ပြန်မရ လိုက်ဘူးဆိုတာတွေ ကြားဖူးကြမှာပါ၊ Software Error တက်လို့ဘယ်လိုမှ Database Access လုပ်လို့မရဘူး ဆိုတာတွေလည်း ရှိပါတယ်၊ အဲဒါတွေကို ကိုယ်တွယ် အသုံးပြုနေတဲ့ လူတွေကိုယ်တိုင်ကလည်း အမှားမကင်းပါဘူး၊ Copy ကူးရမဲ့ဖိုင်ကို မှားပြီးဖျက်လိုက်မိတာ၊ Shock ဖြစ်နေတဲ့ခလုတ်ကို သုံးလိုက်လို့ ကွန်ပျူတာပါ ထိခိုက်သွားပြီး စက်ပြန်ဖွင့်လို့ မရတော့တာတွေလည်း ရှိပါတယ်။
ကာကွယ်မှုအစီအစဉ်ကတော့ စက်တွေပုံမှန်အလုပ်လုပ်နိုင်ဖို့အတွက် Hardware Maintenace , Software Maintenance တွေကိုစနစ်တကျ ဆောင်ရွက်တာ၊ လူတွေအတွက်တော့ Standard Operation Procedure တွေချမှတ်ပေးပြီး လုပ်ဆောင်ရမဲ့ အဆင့်တွေကို အမှားအယွင်းမရှိအောင် ဆောင်ရွက်ပေးနိုင်ပါတယ်။
တခါတလေမှာ ကွန်ပျူတာသမားအများစုက အချက်အလက်လုံခြုံဖို့အတွက် Technically ပဲစဉ်းစား ဖြစ်ကြပါတယ်၊ တကယ်ဆိုရင် မိမိကွန်ပျူတာ၊ Database တွေထားတဲ့ Physical Environment ကရော လုံခြုံမှု တကယ်ရှိလား ဆိုတာကို စစ်ဆေးသင့်ပါတယ်၊ အရေးကြီးတဲ့ ကိုယ်ရေးမှတ်တမ်းတွေ ထည့်ထားတဲ့ Notebook ကွန်ပျူတာ အခိုးခံရတယ်၊ ကိုယ့်ကုမ္ပဏီက မကြာခင် ထုတ်လုပ်မဲ့ ကုန်ပစ္စည်းအမျိုးအစားသစ်ရဲ့ Design ထည့်ထားတဲ့ CD ပျောက်သွားတယ် စသည်ဖြင့်နိုင်ငံ တကာသတင်းတွေမှာသိကြမှာပါ။
Physical Environment ကို Save ဖြစ်ချင်တယ်ဆိုရင်တော့ Physical Security တွေလုပ်ရမှာပဲဖြစ်ပါတယ်၊ ကွန်ပျူတာခန်းကိုသော့ခတ်ထားတာ၊ကွန်ပျူတာကိုအလွယ်တကူဖွင့်လို့မရအောင်စနစ်တကျတပ်ဆင်ပြီး လုံခြုံမှု တွေလုပ်ထားတာ စသည်ဖြင့် ဆောင်ရွက်နိုင်ပါတယ်။
နောက်တစ်ချက်က မိမိတို့ကွန်ပျူတာတွေ၊ Database တွေ၊ ကွန်ယက်စနစ် Network တွေကို ဘာမှ တိတိကျကျ လုံခြုံမှုအစီအစဉ်တွေ ပြုလုပ်မထားခြင်းပဲ ဖြစ်ပါတယ်၊ အဲဒါကို Vulnerability လို့ခေါ်ပါတယ်၊ မိမိကွန်ပျူတာက Vulnerable Computer ဖြစ်နေတယ်၊ မိမိတို့ Network က Vulnerable Network ဖြစ်နေတယ် ဆိုရင်တော့ လုံခြုံဖို့ခက်သွားပါပြီ။
Vulnerability ကို ကာကွယ်ဖို့ကတော့ မိမိတို့လုပ်ငန်းမှာရှိတဲ့ ကွန်ပျူတာတွေ၊ ကွန်ယက်စနစ်တွေကို စနစ် တကျ အားနည်းချက်ရှာဖွေခြင်း Vulnerability Scanning တွေလုပ်ရမှာဖြစ်ပါတယ်။
အခုဆိုရင် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ဘဏ်ကြီးတွေ၊ လေကြောင်းလိုင်းကြီးတွေ၊ ကုန်တိုက်ကြီးတွေဟာ သူတို့ရဲ့ ကွန်ယက်စနစ်တွေကို တမင်တကာ ရည်ရွယ်ချက်နဲ့ ဝင်ရောက်ထိုးဖေါက် တိုက်ခိုက်မှုတွေကို မကြာခဏခံ ကြရပါတယ်၊ ဒါကိုတော့ Intensionally လုပ်တဲ့အတွက် Attack လို့ သတ်မှတ်ပါတယ်။
Attack လုပ်ခံရတဲ့ ပုံစံကတော့ အမျိုးမျိုးရှိပါတယ်၊ အယောင်ဆောင်ပြီး အချက်အလက်တွေ ရယူသွားတာ၊ ကွန်ယက်လမ်းကြောင်း တလျှောက်ကြားထဲကနေ ကြားဖြတ်ရယူတာ၊ မူလအခြေအနေအတိုင်း မဖြစ်အောင်ပြင်တာ ပြောင်းတာ၊ ဖျက်လိုက်တာ စသည်ဖြင့်လည်း ရှိပါတယ်၊ ပြီးတော့ ကိုယ်လုပ်ချင်တဲ့ အလုပ်ကို လုပ်လို့မရအောင် Service တွေ Denial လုပ်တာ၊ သတင်းအချက်အလက်ရဲ့ မူလ တန်ဖိုး ပျောက်ပျက်သွားအောင် ဆောင်ရွက် လိုက်တာ၊ Network ပေါ်ကနေ လမ်းကြောင်းတလျှောက် မှာရှိတဲ့ အချက်အလက်တွေကို စောင့်ကြည့်ပြီး အရေးကြီးတာတွေကို ရယူသွားတာတွေ စသည်ဖြင့် တွေ့ရှိရမှာ ဖြစ်ပါတယ်။
Attach တွေကို ကာကွယ်ဖို့ကတော့ မိမိတို့ကွန်ပျူတာစနစ်တွေကို Firewall တွေ Virtual Private Network တွေ၊ Encryption Technique တွေ၊ Digital Signature Digital Certification အသုံးပြုမှုတွေနဲ့ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်၊ ဒုတိယပိုင်း ဟောပြောမှုမှာ အသေးစိတ်သိနိုင်ပါတယ်။
Incident လို့ခေါ်တဲ့ မတော်တဆမှုတွေကြောင့် အချက်အလက်တွေ ပျက်စီးဆုံးရှုံးနိုင်တာ၊ Disaster လို့ခေါ်တဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် ပျက်စီးဆုံးရှုံးနိုင်တာ (ဥပမာ- ရေဘေး၊ မီးဘေး၊ လေဘေး၊ မြေငလျှင်) တွေလည်း ဖြစ်နိုင်ပါတယ်။
Incident ဖြစ်တာကိုတော့ ချက်ချင်းကာကွယ်ဖို့ ခက်ပါမယ် ဒါပေမဲ့ ခိုင်မာတဲ့ တုံ့ပြန်မှု အစီအစဉ်တွေ ကြိုတင်စီစဉ်ထား လို့ရပါတယ်၊ နိုင်ငံတကာမှာတော့ Incident Response Procedure တွေ ဘေးအန္တရာယ်တွေ အတွက် Disastaer Recovery plan တွေကို အသေးစိတ်ရေးဆွဲပြီး မိမိလုပ်ငန်းနဲ့ သင်တော်မဲ့အတိုင်း ပြင်ဆင် ဆောင်ရွက်ထားနိုင်ပါတယ်။
နောက်တချက်ကတော့ Technical နဲနဲဆန်မယ်ထင်ပါတယ်၊ မိမိတို့လုပ်ငန်းမှာသုံးနေတဲ့ ကွန်ပျူတာ စနစ်တွေနဲ့ ကွန်ယယ်စနစ်တွေကို စနစ်တကျ တပ်ဆင်ထားခြင်း မရှိတာပါ၊ လုပ်ငန်းတော်တော်များများမှာ ကွန်ပျူတာ၊ ပရင်တာအပါအဝင် Network ဆက်သွယ် တပ်ဆင်တာတွေကိုစနစ် ဆောင်ရွက်ထားမှု အားနည်းပါတယ် Inproper Configuration နဲ့ Unstructured Cabling လို့ပြောရင်ရမယ် ထင်ပါတယ်၊ အဲဒီအတွက် ဘာဖြစ်သလဲဆိုတော့ တစ်ခုခုပြဿနာပေါ်ရင်ဘဲ ဥအစရှာရသလိုပဲ တော်တော်ခက်ခဲပါတယ်။
ဒီဟာအတွက်တော့ လုပ်ရမဲ့နည်းလမ်းက Configuration Management ပါ၊ မိမိတို့ လုပ်ငန်းမှာ ရှိနေတဲ့ hardware, Software, Network နဲ့ဆက်စပ် ပစ္စည်းတွေအားလုံးကို စနစ်တကျ မှတ်တမ်း တင်ထားရမယ်၊ ပျက်စီးမှု တစုံတခုအတွက် အစားထိုး လဲလှယ်မယ်ဆိုရင်လည်း Change Control Record စနစ်တကျ လုပ်ထားမယ်၊ Network တွေအတွက်ဆိုရင် Structure Cabling Design နဲ့ Security Oriented Layout /Design တွေစဉ်းစားဆောင်ရွက်ရမယ်၊ ပစ္စည်းဝယ်တာကအစ ကြုံသလို ဝယ်တာမျိုးမဟုတ်ပဲ စနစ်တကျ သတ်သတ်မှတ်မှတ် ရွေးချယ်ဝယ်ယူ အသုံးပြုတပ်ဖို့လို အပ်မှာဖြစ်ပါတယ်။
နောက်ဆုံးနဲ့ အရေးကြီးဆုံး တစ်ချက်ကတော့ သတင်းအချက်အလက် လုံခြုံမှုကို အလေးထား ဆောင်ရွက်ရမယ်ဆိုတဲ့ ဗဟုသုတ Knowledge မရှိကြတာပါ၊ Knowledge မရှိတဲ့အတွက် ဘာလုပ်ရမယ် ဆိုတာမသိဘူး၊ ဘာလုပ်ရမယ်ဆိုတာ မသိတဲ့အတွက် ဘာမှမလုပ်ထားဘူး၊ ဘာမှမလုပ်ထားတဲ့ အတွက် သတင်းအချက်အလက် လုံခြုံမှုမရှိတော့ဘူး၊ အဖွဲ့အစည်းကို ဦးဆောင်တဲ့သူ ကိုယ်တိုင်က ဒီအချက်အလက်တွေက ကွန်ပျုတာထဲမှာရှိတဲ့ အတွက် ကွန်ပျုတာသမားတွေနဲ့ပဲ ဆိုင်တယ် သူတို့ကိုပဲ တာဝန် ယူခိုင်းမယ်ဆိုတာမျိုး စဉ်စားရင်တော့ မလွယ်ဘူး၊ စီမံခန့်ခွဲသူတွေ ဦးဆောင်သူတွေ ကိုယ်တိုင်က Information လုံခြုံမှုဟာ လူတိုင်းနဲ့ သက်ဆိုင်တယ်ဆိုတဲ့ သဘောတရားကို ခံယူကျင့်သုံးနိုင်ဖို့ လိုပါတယ်။
ဒီအတွက် အားကိုးရမှာကတော့ အသိပညာပေး အစီအစဉ်တွေ Education and Training ပဲဖြစ်ပါတယ်၊ မသိသေးတာကို သိအောင်အရင် လုပ်ရပါမယ်၊ သိပြီးရင်လည်း စနစ်တကျ အသုံးပြုတပ်အောင် Train လုပ်ပေးရပါမယ်။




MCC သြား ေတာလား

MCC သြား ေတာလား
နံနက္ခင္းေနေရာင္ျခည္ႏွင့္အတူ ပန္းၿမိဳ႕ေတာ္ျပင္ဦးလြင္ ႏုိးထလာခဲ့ပါၿပီ... ၁၅ ဒီဂရီအပူရွိန္ခန္႔ရွိသျဖင့္ အဂၤလန္ရာသီ ဥတုကဲ့သုိ႔ ေအးျမျမရွိေနျခင္းသည္ ျပင္ဦး လြင္ (ယခင္အေခၚေမၿမိဳ႕၊ အဂၤလိပ္လက္ ေထာက္ႏွင့္ ေမဂ်ာေမကုိ အစြဲျပဳ၍ အမည္ နာမေပးထားေသာ ေမၿမိဳ႕) ၏ ရွားပါးၿပီး ထူးျခားေသာ ရာသီဥတု ျဖစ္ပါသည္။ ထုိ႔ ေၾကာင့္လည္း ကုိလုိနီေခတ္ အဂၤလိပ္ ဘုရင္ခံသည္ ေႏြရာသီတြင္ ယခင္အေခၚ (Governor's House) က ပင္နယူးကုမဏီ မွ ထိမ္းသိမ္းျပဳျပင္ထားသည့္ ေရႊစံအိမ္ ဟုိတယ္ရွိ ဘုရင္ခံအိမ္ေတာ္တြင္ ႐ံုးစိုက္ၿပီး တုိင္းျပည္ကုိ အုပ္ခ်ဳပ္ခဲ့ရာ ေတာင္ေပၚ အပန္းေျဖ (Hill-Top Resort) ၿမိဳ႕ေလး ျဖစ္ပါသည္။ ကုိလုိနီေခတ္ ကာလအတြင္းရွိ အေဆာက္အဦးမ်ား၊ ႏွစ္ေပါင္း (၁၀၀)ေက်ာ္ သက္တမ္းရွိ နာရီစင္တုိ႔က ႏုိင္ငံျခား ခရီးသြားမ်ားကုိ ဆြဲေဆာင္လ်က္ရွိကာ ျမင္း ဆြဲရထားလံုးမ်ားလည္း ရွိေနပါေသးသည္။ ပန္းၿမိဳ႕ေတာ္သည္ကုိ တစ္ေနရာ တည္းတြင္ ခံစားၾကည့္႐ႈႏုိင္မည့္ ႐ုကၡေဗဒ ဥယ်ာဥ္ (Botanical Garden) တြင္လည္း သဘာ၀ေတာႏွင့္ ကန္ေတာ္ႀကီးကုိ အေျခခံ ကာ ပန္းမ်ိဳးစံုအလွဆင္ ခင္က်င္းစိုက္ပ်ိဳး ထားပါသည္။ စစ္တကၠသုိလ္ (တပ္မေတာ္ ဗုိလ္သင္တန္းေက်ာင္း)၊ တပ္မေတာ္ အုပ္ခ်ဳပ္ေရးပညာသင္ေက်ာင္း၊ တပ္မေတာ္ နည္းပညာတကၠသုိလ္တုိ႔ အေျခစိုက္ထား သျဖင့္လည္း စစ္တပ္ၿမိဳ႕ကေလးအသြင္ ျမင္ ႏုိင္ပါသည္။ ျပင္ဦးလြင္အနီးတ၀ိုက္တြင္ လည္း တန္ခုိးႀကီး ......... ဘုရား၊ ဓာတ္ေတာ္ခ်ိဳင့္ေရတံခြန္၊ ဘီလီေရတံခြန္ႏွင့္ နာမည္ေက်ာ္ ပိတ္ခ်င္းေျမႇာင္ သဘာ၀ဂူတုိ႔ ရွိေနေသာေၾကာင့္လည္း လည္စရာ ပါတ္ စရာ ေပါမ်ားၿပီး ႏုိင္ငံျခားသား တုိးရစ္မ်ား အတြက္သာမက ျပည္တြင္းခရီးသြားမ်ား အတြက္ပါ လည္ပတ္စရာ၊ အပန္းေျဖ နားေနစရာ ၿမိဳ႕ကေလး ျဖစ္ပါသည္။ ၿမိဳ႕ ကေလးဆုိေပမယ့္လည္း မႏၲေလး - လား႐ိႈး -မူဆယ္လမ္းေပၚ ရွိေနသျဖင့္ တစ္ျဖည္း ျဖည္း ၿမိဳ႕ႀကီး ျဖစ္ပါေနပါၿပီ။ ကုိလုိနီ ေခတ္ အေဆာက္အဦးမ်ား တစ္ျဖည္းျဖည္း ေပ်ာက္လာၿပီး ေခတ္မွီ အိမ္ႀကီးအိမ္ေကာင္း မ်ား အလွ်ိဳအလွ်ိဳ ေပၚေပါက္လာေနၿပီး အဂၤလိပ္တုိ႔ ေခၚလာၿပီး အေျခခ်ေနထုိင္ ေသာ ေဂၚရခါးလူမ်ိဳးမ်ား၊ ေျမာက္ပုိင္း ရွမ္း ျပည္၀င္ေပါက္ျဖစ္သျဖင့္ ႏွစ္ေပါင္းမ်ားစြာ အေျခခ်ေနထုိင္ေသာ ရွမ္းလူမ်ိဳးမ်ား၊ ပအုိ႕ လူမ်ိဳးမ်ားလည္း က်ဲတိ က်ဲေတာက္ ျဖစ္လာ ေနၿပီး က်န္ျပည္နယ္အရပ္ရပ္မွ လူမ်ိဳးစံု၊ အထူးသျဖင့္ ေျမာက္ပုိင္းမွလာေသာ လူမ်ိဳးမ်ားကုိ ပုိေတြ႕ေနရပါသည္။ သစ္ေတာမ်ား ခုတ္ထြင္ၿပီး လူေနအိမ္ယာမ်ား တုိးခ်ဲ႕လာသျဖင့္ ယခင္ေလာက္ မေအးဘဲ ပူလာသည္ဟု ဘယ္လုိပဲေျပာေျပာ . .. ေမၿမိဳ႕က . . ေမၿမိဳ႕ . .ျပင္ဦးလြင္က ..ျပင္ဦးလြင္ ျဖစ္ဆဲပါ။
ေဒၚနန္းမြန္ခမ္းႏွင့္သမီး နန္႔သီရိ ခ်ယ္ရီလမ္းအတုိင္း ကန္ေတာ္ႀကီးပတ္ဖုိ႔ မေႏွးမျမန္ လမ္းေလွ်ာက္လ်က္ရွိရာ ေန႕ဓဒူ၀ေလွ်ာက္ေနတာမို႔ မေမာႏုိင္ မပန္းႏုိင္ ေလွ်ာက္ႏုိင္သလုိ နံနက္ခင္း အေအး ဓာတ္ကလည္း လမ္းေလွ်ာက္ရသည္မွာ အားကစားလႈပ္ရွားမႈအျဖစ္သာမက နံနက္ခင္း၏ အရသာကုိပါ ခံစားႏုိင္ေသာေၾကာင့္လည္း ျဖစ္ပါသည္။ လမ္းေလွ်ာက္ ေနရင္းလည္း စကားကုိ အျမႇင္မျပတ္လည္း ေျပာေနျပန္ပါသည္။
ဟဲ့. . .ေကာင္မေလးေတြ . . မွီေအာင္ေလွ်ာက္ေလ . . .ဘာလုိ႔ ေႏွး တုံ႕ေႏွးတံု႕ လုပ္ေနတာလဲ . . မုိးမလင္း ေသးဘူး . . တယ္လီဖုန္းလက္ကမခ် ျဖစ္ေနတာ . . တကတဲ ေျပာလုိ႔ . . ၾကည့္ လုိ႕ပဲ မၿပီးႏုိင္ဘူး . .
အေမကလည္း . . မသိဘဲနဲ႔ စြတ္မေျပာပါနဲ႔ . . ဒီကေန႔ သမီးသူငယ္ ခ်င္းနဲ႕ မနက္ (၁၀)နာရီမွာ ေက်ာင္းတက္ဖုိ႔ သြားစံုစမ္းမလုိ႔ .. . ခ်ိန္းေနတာပါ . .
ညီးက ဘယ္ေက်ာင္းတက္မွာ မုိ႔လုိ .. ဒီေလာက္ေတာင္ အကဲပုိေနရတာလဲ.
ျပင္စာမွာရွိတဲ့ ရတနာပံုဆုိဒ္ဘာ စီးတီးမွာ ဖြင့္ထားတဲ့ MCC Institute ကုိ ေျပာတာပါ . .
ေနပါအံုး . .. ညည္းတုိ႕က တကၠသုိလ္ေတြဖြင့္ေတာ့မွာမုိ႔လုိ႔ ေလွ်ာက္ ၾကမယ္မဟုတ္လား . . ဘယ္က MCC Institute လည္း ႐ႈပ္႐ႈပ္ယွက္ယွက္ . .
မ႐ႈပ္ပါဘူး အေမရဲ႕ . . . . . တကၠသုိလ္လိုမ်ိဳး ဖြင့္တာတဲ့ . . ပုဂၢလိက ေက်ာင္းပါ . . အဂၤလန္ႏုိင္ငံကေန တိုက္ ႐ိုက္ေပးအပ္မယ့္ ႏုိင္ငံျခား ဒီဂရီရမယ္လုိ႔ ေျပာပါတယ္ . . .
ၾကည့္လဲ လုပ္ပါအံုးေအ . . ေတာ္ေတာ္ၾကာ . . တဲ့လူေတြနဲ႔ ေတြ႕ေနပါအုန္းမယ္ . . .
MCC Institute ဆုိတာ ၂၀၀၉ ခုႏွစ္ကတည္းက အစိုးရခြင့္ျပဳခ်က္နဲ႔ ရတ နာပံုဆုိဒ္ဘာစီးတီးမွာ ဖြင့္ခဲ့တာပါ . .အခု ဆုိရင္ (၅) ႏွစ္ ေက်ာ္ခဲ့ပါၿပီ . . ႏွစ္တုိင္း လည္း ဘြဲ႕ႏွင္းသဘင္ ျပဳလုပ္ၿပီး ႏုိင္ငံျခား တကၠသုိလ္ဘြဲ႕ေတြ ခ်ီးျမႇင့္ေပးေနပါတယ္ . သမီးတုိ႔ ျပင္ဦးလြင္ကသူေတြ ကံေကာင္းပါ တယ္ . . ဘာျဖစ္လုိ႔လဲဆုိေတာ့ အုိးမကြာ အိမ္မကြာ ႏုိင္ငံျခားဘြဲ႕သင္တန္းကုိ ေန႔ ေက်ာင္းသားအျဖစ္ တက္ႏုိင္လုိ႔ . . တစ္ ျခားၿမိဳ႕ကသူေတြဆုိ အေဆာင္မွာ ေနၾကရ တာ . . .
ဒီလုိဆုိေတာ့လဲ ဘယ္ဆုိးလုိ႔လဲ . ညည္းတုိ႔ေတြ အပါအ၀င္ ဒီႏွစ္ ဆယ္တန္း ေအာင္တဲ့သူေတြအတြက္ ေရကန္အသင့္ . . ၾကာအသင့္ ျဖစ္ေနတာေပါ့ . . .
ေဒၚနန္းမြန္ခမ္းရဲ႕ သမီး နန္႔သီရိ နဲ႔ သူငယ္ခ်င္းတသုိက္ ျပင္သီးလြင္ကေနၿပီး ျပင္စာကုိ ကားနဲ႔ လာခဲ့ၿပီး ရတနာပံု ဆုိဒ္ ဘာစီးတီးဆုိင္းဘုတ္ေတြ႕ၿပီး ညာဖက္ကုိ ေကြ႕ကာနီးမွာ MCC Training Institute ေၾကာ္ျငာဆုိင္းဘုတ္ကုိ ေတြ႕လိုက္ရပါၿပီ။
ကဲ . .ေရာက္ေတာ့မယ္ . . သူငယ္ခ်င္းတုိ႔ ဒီေနရာၾကည့္ရတာ .. . ေတာရိပ္ ေတာင္ရိပ္နဲ႔ ေတာ္ေတာ္လွတာပဲ . . အထဲမွာေတြ႕ရတဲ့ အေဆာက္အဦးႀကီး က ဘာႀကီးပါလိမ့္ . .
နင္ . .မ်က္ေစ့မပါဘူးလား . Yatanarpon Teleport လုိ႔ ေရးထားတယ္ . . ဆက္သြယ္ေရးကုမၸဏီႀကီးရဲ႕ ပင္မ အေဆာက္အဦးႀကီး ျဖစ္မွာေပါ့ . . .
နန္းသီရိတုိ႔ စီးလာတဲ့ကားကုိ ညာ ဘက္ေကြ႕ၿပီး ခဏအၾကာမွာေတာ့ အမုိး အျပာေရာင္နဲ႕ တိုက္ေတြ အစီအရီ ေတြ႕ လိုက္ရပါေတာ့တယ္ . . အ၀င္၀မွာေတာ့ MCC Training Institute (Yatanarpon) ဆုိတဲ့ ဆုိင္းဘုတ္ေတြ႕ၿပီး ေက်ာင္း အ၀င္ ညာဘက္မွာ သဘာ၀ ေက်ာက္တုန္း ေတြနဲ႔ အလွဆင္ထားတဲ့ Rock Garden ရွိၿပီး ဘယ္ဘက္မွာေတာ့ ဘတ္(စ္)ကက္ ေဘာ ကစားကြင္းကုိ ေတြ႕လုိက္ရပါတယ္ . . ဘတ္(စ္)ကက္ေဘာ ကစားကြင္းနဲ႔ ကပ္လ်က္ ေနာက္မွာလည္း သဘာ၀ ေက်ာက္တုန္းေတြနဲ႕ ရွိေနတဲ့ Rock Garden တစ္ခု ထပ္ရွိေနျပန္ပါတယ္ . . ဒါနဲ႕ ပဲ ပင္မအေဆာက္အဦးျဖစ္တဲ့ IC (3) ေရွ႕ အေရာက္ ကားေပၚကအဆင္း ညာဘက္ မွာ သစ္ေတာနဲ႔ ေတာင္ကုန္းတစ္ခု ကပ္ၿပီး ရွိေနၿပီး အေဆာက္အဦးေဘးမွာ Loners Lane ဆုိတဲ့ ဆုိင္းဘုတ္နဲ႔ ေတာင္ပတ္လမ္း ကေလးကုိ ေဖာက္ထားတာ ေတြ႕ရပါတယ္။
“ဟဲ့ . . . ေကာင္မေတြ . ေက်ာင္းမတက္ရေသးဘူး . . Loners Lane ေတြ႕ေနရၿပီ . . ခ်စ္သူနဲ႔အတူ ေလွ်ာက္ရေအာင္ လုပ္ထားတာ ျဖစ္မွာေပါ့ ...”
“ဟင္း . . ဟင္း . . စိတ္၀င္ စားစရာေတြ ..စိတ္၀င္စားစရာေတြ. .”
ဒီလုိနဲ႕ပဲ သူငယ္ခ်င္းတစ္သိုက္ Reception ကေနတစ္ဆင့္ ေက်ာင္းသား ေရးရာဌာနထဲကုိ ေရာက္သြားၿပီ။ Marketing ၀န္ထမ္းေတြက သင္တန္းအေၾကာင္း ရွင္းျပလုိ႔ နားေထာင္လိုက္ရပါတယ္ . . .
“ညီမေလးတုိ႔ အခုစတက္မယ္ဆုိ ရင္ စက္တင္ဘာမွာ ဖြင့္မဲ့အတန္းကုိ တက္ ႏုိင္ပါတယ္။ အဲဒီအတန္းဟာ (၃) ႏွစ္တက္ ရမွာျဖစ္ၿပီး အဂၤလန္ႏုိင္ငံ University of Greenwich ကခ်ီးျမႇင့္မယ့္ B.Sc(Hons) (Business IT) ဘြဲ႕ကုိ ရမွာျဖစ္ပါတယ္။ အဲဒီသင္တန္းကုိ တုိေကာက္ BIT လုိ႔ လူသိမ်ားပါတယ္။
Marketing ၀န္ထမ္းက MCC Training Institute ရဲ႕ (၂၀၁၅) ခုႏွစ္ Prospectus ကုိ ေပးရင္း စရွင္းျပေနပါတယ္။
“ပထမႏွစ္ၿပီးတာနဲ႔ Level – 5 ကြန္ပ်ဴတာ ဒီပလုိမာေတြကုိ တစ္ပါတည္း ရသြားမွာ ျဖစ္သလုိ တစ္ခ်ိန္တည္း ေက်ာင္း တက္ေနရင္း အခ်ိန္အလုပ္ ခန္႔ထားေပးၿပီး အလုပ္အေတြ႕အႀကံဳ ရေအာင္ပါ လုပ္ေပး ပါတယ္။ ၿပီးေတာ့ ဘြဲ႕ရၿပီးတာနဲ႔ ISDC လုိ႔ ေခၚတဲ့ (International Software Development Centre) မွာ Junior Software Engineering အျဖစ္ အားလံုးကုိ အလုပ္ခန္႔ေပးတာပါ ...”
“တစ္ကယ္ . . .အလုပ္ခန္႔ တာလား . .” နန္းသီရိရဲ႕သူငယ္ခ်င္း ခင္စံပါယ္ဦးက အာေမဋိတ္နဲ႔ ေမးလိုက္ပါ တယ္။
“တစ္ကယ္ ခန္႔တာပါ . . ၿပီး ေတာ့ ISDC အလုပ္ လုပ္ရမဲ့ေနရာကုိပါ ျပေပးပါတယ္ . .”
“ဒါနဲ႕ စကားမစပ္ . . သမီးတုိ႔ ေမးခ်င္တာ ရွိပါတယ္ . . အဲဒါဘာလဲဆုိ ေတာ့ ေက်ာင္းထဲ၀င္လာတုန္းက ေဘးမွာ Lovers Lane ဆုိတာ ေတြ႕ခဲ့တယ္ . . အဲဒါ ဘယ္သူေတြက လုပ္ထားတာလဲဟင္ . .”
“ကြၽန္မတုိ႔ ဥကၠ႒ႀကီး ဦးတင္၀င္း ေအာင္ေပါ့ . . တုိ႔ Institute ဆုိတာ တကၠသုိလ္ပဲ . . တုိ႔ေတြ တကၠသုိလ္တုန္း က ကံေကာ္ၿမိဳင္တန္းတုိ႔၊ ေရတမာလမ္းတုိ႔၊ အင္းယားကန္ေဘာင္တုိ႔ေတြမွာ ေလွ်ာက္ခဲ့ၾကသလုိ တုိ႔ေက်ာင္းသူ ေက်ာင္းသားေတြကုိ လည္း ေတာင္ထိပ္ကုိ ဖီလင္နဲ႕ ေလွ်ာက္ တက္ေစခ်င္လုိ႔ Lovers Lane ကုိ ေဖာက္ ေပးထားတာတဲ့ . ..”
“ေတာ္ေတာ္စိတ္ကူးယဥ္တဲ့ ဆရာ ႀကီးပါလား . သူတကၠသုိလ္တုန္းက ဘယ္ ေလာက္ကဲခဲ့သလဲေတာ့ မသိဘူး . . ဟား .ဟား ..ေက်ာင္းတက္ေတာ့မွ ဆရာႀကီး ဆႏၵျပည့္သြားေအာင္ Lovers Lane ကုိ ေလွ်ာက္တက္ရမယ္ . .”
“ႀကီးေတာ္ . . Lovers Lane ေလွ်ာက္ဖုိ႔ Lover က ဘယ္မွာမွန္း မသိ”
“ဟဲ့ . . Lover မရွိေသးလည္း စမ္းေခ်ာင္းၾကည့္မွာေပါ့ . . ေနာက္ေတာ့ ရွိလာမွာေပါ့ဟဲ့. ..”
_ _ _ _ _ _ _ _ _ _
အဲဒီလုိနဲ႔ ေက်ာင္းကုိ လာစံုစမ္းတဲ့ နန္းသီရိတုိ႔ တစ္သိုက္ကုိ သူတုိ႔တက္ရမယ့္ စာသင္ခန္းေတြ၊ စာၾကည့္တုိက္နဲ႔ စား ေသာက္ခန္းေတြကုိ လိုက္ျပေပးပါတယ္။ IC(3) အေဆာင္ ဆင္းၿပီး IC(2) အေဆာင္ ကူးၾကားထဲမွာ စားေသာက္ဆုိင္ Canter ကုိ ျဖတ္ေလွ်ာက္တဲ့အခါ စားေသာက္ဆုိင္ ထုိင္ေနၾကတဲ့ ေက်ာင္းသူ/သားေတြက သူ တုိ႔ကုိ လုိက္ၾကည့္ေနတာ ေတြ႕ရေတာ့ ရွက္ ကုိးရွက္ကန္း ျဖစ္ေနၾကပါၿပီ။
“ဟဲ့ . .သီရိ . . နင္ ခုဏက ေျပာတဲ့ Lovers Lane ေလွ်ာက္ဖုိ႔ ကုန္ ၾကမ္းေတြ . . ေတြ႕လား . .”
“သူတုိ႔က ကုန္ၾကမ္းမျဖစ္ဘဲ .. နင္တုိ႔က ကုန္ၾကမ္းျဖစ္ေနအံုးမယ္ . ျမန္ ျမန္ေလွ်ာက္ . .”
IC(2) အေဆာင္ၾကည့္ၿပီး အျပင္ ဘက္ IC(1) အေဆာင္အကူးမွာ အင္မ တန္လွပတဲ့ ႐ႈခင္းကုိ ေတြ႕လိုက္ရပါတယ္။ အဲဒါကေတာ့ ေတာင္ေပၚကေန ေတာင္ တက္လမ္းငယ္ကုိ ျမင္ရတဲ့ ႐ႈခင္းျဖစ္ၿပီး ေငြေရာင္မွာ ေငြေရာင္တစ္ဖိတ္ဖိတ္ ေတာက္ေနတဲ့ ဧရာ၀တီျမစ္ႀကီးကုိ ေတြ႕လိုက္ရတဲ့ ျမင္ကြင္း ျဖစ္ပါတယ္။
“ အား .. ပါး . .ပါး .. လွ လိုက္တာ.. ဒီျမင္ကြင္းတစ္ခုထဲနဲ႔ ဒီမွာ ေက်ာင္းတက္ဖုိ႔ တန္သြားၿပီ . .”
မွန္ပါတယ္။ MCC Training Institute (Yatanarpon) ဟာ အင္မတန္ လွပၿပီး အင္မတန္ဆိတ္ၿငိမ္တဲ့ ေနရာျဖစ္ပါ သည္။ ရာသီဥတုကလည္း ပင္လယ္ေရမ်က္ ႏွာျပင္အထက္ ေပ (၃၀၀၀) ေက်ာ္မွာရွိလုိ႔ အလြန္ေကာင္းမြန္ပါတယ္။ ပညာသင္ဖုိ႔ ရွားရွားပါးပါး အလြန္ေကာင္းတဲ့ေနရာ ျဖစ္ပါတယ္။
ေက်ာင္းကအျပန္ ကားေပၚ ေရာက္ေတာ့ သူတုိ႔ ဆံုးျဖတ္လိုက္ၾကပါတယ္။
“တုိ႔ေတြအတြက္ အသင့္ေတာ္ဆံုး ျဖစ္တဲ့ IT ဒီဂရီကုိ ႏုိင္ငံျခားတကၠသုိလ္က လည္းရမယ္ .. ၿပီးေတာ့ . . အလုပ္ လည္းရမယ္ . .ၿပီးေတာ့ အုိးမကြာ အိမ္ မကြာမွာ . . ၿပီးေတာ့ Lovers Lane လည္း ေလွ်ာက္လုိ႔ရမယ္ဆုိေတာ့ .. သူငယ္ခ်င္းတုိ႔ေရ .. မနက္ျဖန္မွာ အျမန္ ဆံုး စာရင္းသြင္းလုိက္ၾကစုိ႔လား . .”
“စိတ္ခ် . .စိတ္ခ်.. ညက MRTV-4 မွာ ပါသြားသလုိ ကြန္ပ်ဴတာဆုိ MCC ပါပဲ . . ဒါေပမယ့္ ညည္းတုိ႔ Lovers Lane အေၾကာင္းကုိ အေမႀကီးကုိ ေတာ့ သြားမေျပာနဲ႔ေနာ္ . .”
“ဘာျဖစ္လုိ႔လဲ . .နင့္အေမႀကီး က ဖီးလ္တက္ၿပီး သူတုိ႔တကၠသုိလ္တက္ တုန္းကကုိ သတိရၿပီး Lovers Lane ကုိ နင္မေလွ်ာက္ခင္ သူအရင္ေလွ်ာက္မွာ စုိး လုိ႔လား . . ဟား...ဟား ..ဟား ..”
MCC သွား တောလား
နံနက်ခင်းနေရောင်ခြည်နှင့်အတူ ပန်းမြို့တော်ပြင်ဦးလွင် နိုးထလာခဲ့ပါပြီ... ၁၅ ဒီဂရီအပူရှိန်ခန့်ရှိသဖြင့် အင်္ဂလန်ရာသီ ဥတုကဲ့သို့ အေးမြမြရှိနေခြင်းသည် ပြင်ဦး လွင် (ယခင်အခေါ်မေမြို့၊ အင်္ဂလိပ်လက် ထောက်နှင့် မေဂျာမေကို အစွဲပြု၍ အမည် နာမပေးထားသော မေမြို့) ၏ ရှားပါးပြီး ထူးခြားသော ရာသီဥတု ဖြစ်ပါသည်။ ထို့ ကြောင့်လည်း ကိုလိုနီခေတ် အင်္ဂလိပ် ဘုရင်ခံသည် နွေရာသီတွင် ယခင်အခေါ် (Governor's House) က ပင်နယူးကုမဏီ မှ ထိမ်းသိမ်းပြုပြင်ထားသည့် ရွှေစံအိမ် ဟိုတယ်ရှိ ဘုရင်ခံအိမ်တော်တွင် ရုံးစိုက်ပြီး တိုင်းပြည်ကို အုပ်ချုပ်ခဲ့ရာ တောင်ပေါ် အပန်းဖြေ (Hill-Top Resort) မြို့လေး ဖြစ်ပါသည်။ ကိုလိုနီခေတ် ကာလအတွင်းရှိ အဆောက်အဦးများ၊ နှစ်ပေါင်း (၁၀၀)ကျော် သက်တမ်းရှိ နာရီစင်တို့က နိုင်ငံခြား ခရီးသွားများကို ဆွဲဆောင်လျက်ရှိကာ မြင်း ဆွဲရထားလုံးများလည်း ရှိနေပါသေးသည်။ ပန်းမြို့တော်သည်ကို တစ်နေရာ တည်းတွင် ခံစားကြည့်ရှုနိုင်မည့် ရုက္ခဗေဒ ဥယျာဉ် (Botanical Garden) တွင်လည်း သဘာဝတောနှင့် ကန်တော်ကြီးကို အခြေခံ ကာ ပန်းမျိုးစုံအလှဆင် ခင်ကျင်းစိုက်ပျိုး ထားပါသည်။ စစ်တက္ကသိုလ် (တပ်မတော် ဗိုလ်သင်တန်းကျောင်း)၊ တပ်မတော် အုပ်ချုပ်ရေးပညာသင်ကျောင်း၊ တပ်မတော် နည်းပညာတက္ကသိုလ်တို့ အခြေစိုက်ထား သဖြင့်လည်း စစ်တပ်မြို့ကလေးအသွင် မြင် နိုင်ပါသည်။ ပြင်ဦးလွင်အနီးတဝိုက်တွင် လည်း တန်ခိုးကြီး ......... ဘုရား၊ ဓာတ်တော်ချိုင့်ရေတံခွန်၊ ဘီလီရေတံခွန်နှင့် နာမည်ကျော် ပိတ်ချင်းမြှောင် သဘာဝဂူတို့ ရှိနေသောကြောင့်လည်း လည်စရာ ပါတ် စရာ ပေါများပြီး နိုင်ငံခြားသား တိုးရစ်များ အတွက်သာမက ပြည်တွင်းခရီးသွားများ အတွက်ပါ လည်ပတ်စရာ၊ အပန်းဖြေ နားနေစရာ မြို့ကလေး ဖြစ်ပါသည်။ မြို့ ကလေးဆိုပေမယ့်လည်း မန္တလေး - လားရှိုး -မူဆယ်လမ်းပေါ် ရှိနေသဖြင့် တစ်ဖြည်း ဖြည်း မြို့ကြီး ဖြစ်ပါနေပါပြီ။ ကိုလိုနီ ခေတ် အဆောက်အဦးများ တစ်ဖြည်းဖြည်း ပျောက်လာပြီး ခေတ်မှီ အိမ်ကြီးအိမ်ကောင်း များ အလျှိုအလျှို ပေါ်ပေါက်လာနေပြီး အင်္ဂလိပ်တို့ ခေါ်လာပြီး အခြေချနေထိုင် သော ဂေါ်ရခါးလူမျိုးများ၊ မြောက်ပိုင်း ရှမ်း ပြည်ဝင်ပေါက်ဖြစ်သဖြင့် နှစ်ပေါင်းများစွာ အခြေချနေထိုင်သော ရှမ်းလူမျိုးများ၊ ပအို့ လူမျိုးများလည်း ကျဲတိ ကျဲတောက် ဖြစ်လာ နေပြီး ကျန်ပြည်နယ်အရပ်ရပ်မှ လူမျိုးစုံ၊ အထူးသဖြင့် မြောက်ပိုင်းမှလာသော လူမျိုးများကို ပိုတွေ့နေရပါသည်။ သစ်တောများ ခုတ်ထွင်ပြီး လူနေအိမ်ယာများ တိုးချဲ့လာသဖြင့် ယခင်လောက် မအေးဘဲ ပူလာသည်ဟု ဘယ်လိုပဲပြောပြော . .. မေမြို့က . . မေမြို့ . .ပြင်ဦးလွင်က ..ပြင်ဦးလွင် ဖြစ်ဆဲပါ။
ဒေါ်နန်းမွန်ခမ်းနှင့်သမီး နန့်သီရိ ချယ်ရီလမ်းအတိုင်း ကန်တော်ကြီးပတ်ဖို့ မနှေးမမြန် လမ်းလျှောက်လျက်ရှိရာ နေ့ဓဒူဝလျှောက်နေတာမို့ မမောနိုင် မပန်းနိုင် လျှောက်နိုင်သလို နံနက်ခင်း အအေး ဓာတ်ကလည်း လမ်းလျှောက်ရသည်မှာ အားကစားလှုပ်ရှားမှုအဖြစ်သာမက နံနက်ခင်း၏ အရသာကိုပါ ခံစားနိုင်သောကြောင့်လည်း ဖြစ်ပါသည်။ လမ်းလျှောက် နေရင်းလည်း စကားကို အမြှင်မပြတ်လည်း ပြောနေပြန်ပါသည်။
ဟဲ့. . .ကောင်မလေးတွေ . . မှီအောင်လျှောက်လေ . . .ဘာလို့ နှေး တုံ့နှေးတုံ့ လုပ်နေတာလဲ . . မိုးမလင်း သေးဘူး . . တယ်လီဖုန်းလက်ကမချ ဖြစ်နေတာ . . တကတဲ ပြောလို့ . . ကြည့် လို့ပဲ မပြီးနိုင်ဘူး . .
အမေကလည်း . . မသိဘဲနဲ့ စွတ်မပြောပါနဲ့ . . ဒီကနေ့ သမီးသူငယ် ချင်းနဲ့ မနက် (၁၀)နာရီမှာ ကျောင်းတက်ဖို့ သွားစုံစမ်းမလို့ .. . ချိန်းနေတာပါ . .
ညီးက ဘယ်ကျောင်းတက်မှာ မို့လို .. ဒီလောက်တောင် အကဲပိုနေရတာလဲ.
ပြင်စာမှာရှိတဲ့ ရတနာပုံဆိုဒ်ဘာ စီးတီးမှာ ဖွင့်ထားတဲ့ MCC Institute ကို ပြောတာပါ . .
နေပါအုံး . .. ညည်းတို့က တက္ကသိုလ်တွေဖွင့်တော့မှာမို့လို့ လျှောက် ကြမယ်မဟုတ်လား . . ဘယ်က MCC Institute လည်း ရှုပ်ရှုပ်ယှက်ယှက် . .
မရှုပ်ပါဘူး အမေရဲ့ . . . . . တက္ကသိုလ်လိုမျိုး ဖွင့်တာတဲ့ . . ပုဂ္ဂလိက ကျောင်းပါ . . အင်္ဂလန်နိုင်ငံကနေ တိုက် ရိုက်ပေးအပ်မယ့် နိုင်ငံခြား ဒီဂရီရမယ်လို့ ပြောပါတယ် . . .
ကြည့်လဲ လုပ်ပါအုံးအေ . . တော်တော်ကြာ . . တဲ့လူတွေနဲ့ တွေ့နေပါအုန်းမယ် . . .
MCC Institute ဆိုတာ ၂၀၀၉ ခုနှစ်ကတည်းက အစိုးရခွင့်ပြုချက်နဲ့ ရတ နာပုံဆိုဒ်ဘာစီးတီးမှာ ဖွင့်ခဲ့တာပါ . .အခု ဆိုရင် (၅) နှစ် ကျော်ခဲ့ပါပြီ . . နှစ်တိုင်း လည်း ဘွဲ့နှင်းသဘင် ပြုလုပ်ပြီး နိုင်ငံခြား တက္ကသိုလ်ဘွဲ့တွေ ချီးမြှင့်ပေးနေပါတယ် . သမီးတို့ ပြင်ဦးလွင်ကသူတွေ ကံကောင်းပါ တယ် . . ဘာဖြစ်လို့လဲဆိုတော့ အိုးမကွာ အိမ်မကွာ နိုင်ငံခြားဘွဲ့သင်တန်းကို နေ့ ကျောင်းသားအဖြစ် တက်နိုင်လို့ . . တစ် ခြားမြို့ကသူတွေဆို အဆောင်မှာ နေကြရ တာ . . .
ဒီလိုဆိုတော့လဲ ဘယ်ဆိုးလို့လဲ . ညည်းတို့တွေ အပါအဝင် ဒီနှစ် ဆယ်တန်း အောင်တဲ့သူတွေအတွက် ရေကန်အသင့် . . ကြာအသင့် ဖြစ်နေတာပေါ့ . . .
ဒေါ်နန်းမွန်ခမ်းရဲ့ သမီး နန့်သီရိ နဲ့ သူငယ်ချင်းတသိုက် ပြင်သီးလွင်ကနေပြီး ပြင်စာကို ကားနဲ့ လာခဲ့ပြီး ရတနာပုံ ဆိုဒ် ဘာစီးတီးဆိုင်းဘုတ်တွေ့ပြီး ညာဖက်ကို ကွေ့ကာနီးမှာ MCC Training Institute ကြော်ငြာဆိုင်းဘုတ်ကို တွေ့လိုက်ရပါပြီ။
ကဲ . .ရောက်တော့မယ် . . သူငယ်ချင်းတို့ ဒီနေရာကြည့်ရတာ .. . တောရိပ် တောင်ရိပ်နဲ့ တော်တော်လှတာပဲ . . အထဲမှာတွေ့ရတဲ့ အဆောက်အဦးကြီး က ဘာကြီးပါလိမ့် . .
နင် . .မျက်စေ့မပါဘူးလား . Yatanarpon Teleport လို့ ရေးထားတယ် . . ဆက်သွယ်ရေးကုမ္ပဏီကြီးရဲ့ ပင်မ အဆောက်အဦးကြီး ဖြစ်မှာပေါ့ . . .
နန်းသီရိတို့ စီးလာတဲ့ကားကို ညာ ဘက်ကွေ့ပြီး ခဏအကြာမှာတော့ အမိုး အပြာရောင်နဲ့ တိုက်တွေ အစီအရီ တွေ့ လိုက်ရပါတော့တယ် . . အဝင်ဝမှာတော့ MCC Training Institute (Yatanarpon) ဆိုတဲ့ ဆိုင်းဘုတ်တွေ့ပြီး ကျောင်း အဝင် ညာဘက်မှာ သဘာဝ ကျောက်တုန်း တွေနဲ့ အလှဆင်ထားတဲ့ Rock Garden ရှိပြီး ဘယ်ဘက်မှာတော့ ဘတ်(စ်)ကက် ဘော ကစားကွင်းကို တွေ့လိုက်ရပါတယ် . . ဘတ်(စ်)ကက်ဘော ကစားကွင်းနဲ့ ကပ်လျက် နောက်မှာလည်း သဘာဝ ကျောက်တုန်းတွေနဲ့ ရှိနေတဲ့ Rock Garden တစ်ခု ထပ်ရှိနေပြန်ပါတယ် . . ဒါနဲ့ ပဲ ပင်မအဆောက်အဦးဖြစ်တဲ့ IC (3) ရှေ့ အရောက် ကားပေါ်ကအဆင်း ညာဘက် မှာ သစ်တောနဲ့ တောင်ကုန်းတစ်ခု ကပ်ပြီး ရှိနေပြီး အဆောက်အဦးဘေးမှာ Loners Lane ဆိုတဲ့ ဆိုင်းဘုတ်နဲ့ တောင်ပတ်လမ်း ကလေးကို ဖောက်ထားတာ တွေ့ရပါတယ်။
“ဟဲ့ . . . ကောင်မတွေ . ကျောင်းမတက်ရသေးဘူး . . Loners Lane တွေ့နေရပြီ . . ချစ်သူနဲ့အတူ လျှောက်ရအောင် လုပ်ထားတာ ဖြစ်မှာပေါ့ ...”
“ဟင်း . . ဟင်း . . စိတ်ဝင် စားစရာတွေ ..စိတ်ဝင်စားစရာတွေ. .”
ဒီလိုနဲ့ပဲ သူငယ်ချင်းတစ်သိုက် Reception ကနေတစ်ဆင့် ကျောင်းသား ရေးရာဌာနထဲကို ရောက်သွားပြီ။ Marketing ၀န်ထမ်းတွေက သင်တန်းအကြောင်း ရှင်းပြလို့ နားထောင်လိုက်ရပါတယ် . . .
“ညီမလေးတို့ အခုစတက်မယ်ဆို ရင် စက်တင်ဘာမှာ ဖွင့်မဲ့အတန်းကို တက် နိုင်ပါတယ်။ အဲဒီအတန်းဟာ (၃) နှစ်တက် ရမှာဖြစ်ပြီး အင်္ဂလန်နိုင်ငံ University of Greenwich ကချီးမြှင့်မယ့် B.Sc(Hons) (Business IT) ဘွဲ့ကို ရမှာဖြစ်ပါတယ်။ အဲဒီသင်တန်းကို တိုကောက် BIT လို့ လူသိများပါတယ်။
Marketing ၀န်ထမ်းက MCC Training Institute ရဲ့ (၂၀၁၅) ခုနှစ် Prospectus ကို ပေးရင်း စရှင်းပြနေပါတယ်။
“ပထမနှစ်ပြီးတာနဲ့ Level – 5 ကွန်ပျူတာ ဒီပလိုမာတွေကို တစ်ပါတည်း ရသွားမှာ ဖြစ်သလို တစ်ချိန်တည်း ကျောင်း တက်နေရင်း အချိန်အလုပ် ခန့်ထားပေးပြီး အလုပ်အတွေ့အကြုံ ရအောင်ပါ လုပ်ပေး ပါတယ်။ ပြီးတော့ ဘွဲ့ရပြီးတာနဲ့ ISDC လို့ ခေါ်တဲ့ (International Software Development Centre) မှာ Junior Software Engineering အဖြစ် အားလုံးကို အလုပ်ခန့်ပေးတာပါ ...”
“တစ်ကယ် . . .အလုပ်ခန့် တာလား . .” နန်းသီရိရဲ့သူငယ်ချင်း ခင်စံပါယ်ဦးက အာမေဋိတ်နဲ့ မေးလိုက်ပါ တယ်။
“တစ်ကယ် ခန့်တာပါ . . ပြီး တော့ ISDC အလုပ် လုပ်ရမဲ့နေရာကိုပါ ပြပေးပါတယ် . .”
“ဒါနဲ့ စကားမစပ် . . သမီးတို့ မေးချင်တာ ရှိပါတယ် . . အဲဒါဘာလဲဆို တော့ ကျောင်းထဲဝင်လာတုန်းက ဘေးမှာ Lovers Lane ဆိုတာ တွေ့ခဲ့တယ် . . အဲဒါ ဘယ်သူတွေက လုပ်ထားတာလဲဟင် . .”
“ကျွန်မတို့ ဥက္ကဋ္ဌကြီး ဦးတင်ဝင်း အောင်ပေါ့ . . တို့ Institute ဆိုတာ တက္ကသိုလ်ပဲ . . တို့တွေ တက္ကသိုလ်တုန်း က ကံကော်မြိုင်တန်းတို့၊ ရေတမာလမ်းတို့၊ အင်းယားကန်ဘောင်တို့တွေမှာ လျှောက်ခဲ့ကြသလို တို့ကျောင်းသူ ကျောင်းသားတွေကို လည်း တောင်ထိပ်ကို ဖီလင်နဲ့ လျှောက် တက်စေချင်လို့ Lovers Lane ကို ဖောက် ပေးထားတာတဲ့ . ..”
“တော်တော်စိတ်ကူးယဉ်တဲ့ ဆရာ ကြီးပါလား . သူတက္ကသိုလ်တုန်းက ဘယ် လောက်ကဲခဲ့သလဲတော့ မသိဘူး . . ဟား .ဟား ..ကျောင်းတက်တော့မှ ဆရာကြီး ဆန္ဒပြည့်သွားအောင် Lovers Lane ကို လျှောက်တက်ရမယ် . .”
“ကြီးတော် . . Lovers Lane လျှောက်ဖို့ Lover က ဘယ်မှာမှန်း မသိ”
“ဟဲ့ . . Lover မရှိသေးလည်း စမ်းချောင်းကြည့်မှာပေါ့ . . နောက်တော့ ရှိလာမှာပေါ့ဟဲ့. ..”
_ _ _ _ _ _ _ _ _ _
အဲဒီလိုနဲ့ ကျောင်းကို လာစုံစမ်းတဲ့ နန်းသီရိတို့ တစ်သိုက်ကို သူတို့တက်ရမယ့် စာသင်ခန်းတွေ၊ စာကြည့်တိုက်နဲ့ စား သောက်ခန်းတွေကို လိုက်ပြပေးပါတယ်။ IC(3) အဆောင် ဆင်းပြီး IC(2) အဆောင် ကူးကြားထဲမှာ စားသောက်ဆိုင် Canter ကို ဖြတ်လျှောက်တဲ့အခါ စားသောက်ဆိုင် ထိုင်နေကြတဲ့ ကျောင်းသူ/သားတွေက သူ တို့ကို လိုက်ကြည့်နေတာ တွေ့ရတော့ ရှက် ကိုးရှက်ကန်း ဖြစ်နေကြပါပြီ။
“ဟဲ့ . .သီရိ . . နင် ခုဏက ပြောတဲ့ Lovers Lane လျှောက်ဖို့ ကုန် ကြမ်းတွေ . . တွေ့လား . .”
“သူတို့က ကုန်ကြမ်းမဖြစ်ဘဲ .. နင်တို့က ကုန်ကြမ်းဖြစ်နေအုံးမယ် . မြန် မြန်လျှောက် . .”
IC(2) အဆောင်ကြည့်ပြီး အပြင် ဘက် IC(1) အဆောင်အကူးမှာ အင်မ တန်လှပတဲ့ ရှုခင်းကို တွေ့လိုက်ရပါတယ်။ အဲဒါကတော့ တောင်ပေါ်ကနေ တောင် တက်လမ်းငယ်ကို မြင်ရတဲ့ ရှုခင်းဖြစ်ပြီး ငွေရောင်မှာ ငွေရောင်တစ်ဖိတ်ဖိတ် တောက်နေတဲ့ ဧရာဝတီမြစ်ကြီးကို တွေ့လိုက်ရတဲ့ မြင်ကွင်း ဖြစ်ပါတယ်။
“ အား .. ပါး . .ပါး .. လှ လိုက်တာ.. ဒီမြင်ကွင်းတစ်ခုထဲနဲ့ ဒီမှာ ကျောင်းတက်ဖို့ တန်သွားပြီ . .”
မှန်ပါတယ်။ MCC Training Institute (Yatanarpon) ဟာ အင်မတန် လှပပြီး အင်မတန်ဆိတ်ငြိမ်တဲ့ နေရာဖြစ်ပါ သည်။ ရာသီဥတုကလည်း ပင်လယ်ရေမျက် နှာပြင်အထက် ပေ (၃၀၀၀) ကျော်မှာရှိလို့ အလွန်ကောင်းမွန်ပါတယ်။ ပညာသင်ဖို့ ရှားရှားပါးပါး အလွန်ကောင်းတဲ့နေရာ ဖြစ်ပါတယ်။
ကျောင်းကအပြန် ကားပေါ် ရောက်တော့ သူတို့ ဆုံးဖြတ်လိုက်ကြပါတယ်။
“တို့တွေအတွက် အသင့်တော်ဆုံး ဖြစ်တဲ့ IT ဒီဂရီကို နိုင်ငံခြားတက္ကသိုလ်က လည်းရမယ် .. ပြီးတော့ . . အလုပ် လည်းရမယ် . .ပြီးတော့ အိုးမကွာ အိမ် မကွာမှာ . . ပြီးတော့ Lovers Lane လည်း လျှောက်လို့ရမယ်ဆိုတော့ .. သူငယ်ချင်းတို့ရေ .. မနက်ဖြန်မှာ အမြန် ဆုံး စာရင်းသွင်းလိုက်ကြစို့လား . .”
“စိတ်ချ . .စိတ်ချ.. ညက MRTV-4 မှာ ပါသွားသလို ကွန်ပျူတာဆို MCC ပါပဲ . . ဒါပေမယ့် ညည်းတို့ Lovers Lane အကြောင်းကို အမေကြီးကို တော့ သွားမပြောနဲ့နော် . .”
“ဘာဖြစ်လို့လဲ . .နင့်အမေကြီး က ဖီးလ်တက်ပြီး သူတို့တက္ကသိုလ်တက် တုန်းကကို သတိရပြီး Lovers Lane ကို နင်မလျှောက်ခင် သူအရင်လျှောက်မှာ စိုး လို့လား . . ဟား...ဟား ..ဟား ..”



ဒီတစ္ပတ္ အမ္စီစီ


(၂၀.၈.၂၀၁၅) ရက္ေန႔တြင္ MCC Training Institute, School of Engineering မွ ေက်ာင္းသား/သူမ်ား ထိုင္းႏိုင္ငံရွိ Asian Institute of Technology (AIT) တြင္ Third Year ဆက္လက္တက္ေရာက္ရန္အတြက္ DD-4231 ေလယာဥ္အား ေစာင့္ဆိုင္းေနစဥ္


ေရးေဘးသင့္ ျပည္သူမ်ားအတြက္ စုေပါင္းအလွဴေငြေကာက္ခံေနေသာ MCC.i (Yangon Campus) မွ BBA ေက်ာင္းသား/သူမ်ား


MCC Style


NayPyiTaw Campus, BIT, Year-2, Section-4 မွ ေက်ာင္းသား ေမာင္မင္းသန္႔ေက်ာ္


NayPyiTaw Campus, BIT, Year-2, Section-4 မွ မခ်ိဳေနျခည္ေႏြး


Yatanarpon Campus, BIT, Year-2, Section-12 မွ ေက်ာင္းသူ မေနႏြယ္ဇင္လင္း


Mandalay Campus, BIT, Year-2, Section-12 မွ ေက်ာင္းသား ေမာင္ဟိန္းသီဟ


Mandalay Campus, BIT, Year-2, Section-12 မွ ေက်ာင္းသူ မေအးျမတ္ေအာင္


Mandalay Campus, BIT, Year-2, Section-12 မွ ေက်ာင္းသူ မ၀သန္ၿဖိဳး