Saturday, September 5, 2015

ထူးခြၽန္ေဘာလံုးသမား MCC.i ေက်ာင္းသား

ထူးခြၽန္ေဘာလံုးသမား MCC.i ေက်ာင္းသား
(၂၀၀၉) ခုႏွစ္ကစၿပီး ျမန္မာႏုိင္ငံ၏ ပထမဦးဆံုး Private Higher Institute တစ္ခုအျဖစ္ စတင္ခဲ့ေသာ MCC Training Institute (MCC Institute) သည္ ျမန္မာႏုိင္ငံတစ္၀ွမ္းမွ ေက်ာင္းသားလူငယ္မ်ားအား ႏုိင္ငံတကာအဆင့္ ပညာရပ္မ်ားျဖစ္ ေသာ IT ၊ စီးပြားေရးႏွင့္ အင္ဂ်င္နီယာ ပညာရပ္မ်ားအား ႏုိင္ငံတကာ တကၠသုိလ္ ႀကီးမ်ား၊ ပညာေရး အဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းၿပီး စနစ္တက် ျပဳစုပ်ိဳးေထာင္ေပးသကဲ့သုိ႔ အဓိက ပညာရပ္သင္ယူမႈမ်ားတြင္ သာမက ဘက္စံုထူးခြၽန္ေသာ လူေကာင္းလူေတာ္မ်ား ျဖစ္လာေစရန္ အဘက္ဘက္မွ ေဆာင္ရြက္ေပးလ်က္ ရွိပါသည္။
အထူးသျဖင့္ IT ေမဂ်ာအထူးျပဳ B.Sc (Hons) Business IT ႏုိင္ငံတကာအသိအမွတ္ျပဳ ကြန္ပ်ဴတာ သိပၸံဘြဲ႕သင္တန္းတြင္ ပင္မ Academic ဘာသာရပ္မ်ား အျပင္ English Proficiency သင္ၾကားေပးမႈ အစီအစဥ္မ်ား၊ On the Job Training (လက္ေတြ႕လုပ္ငန္းခြင္ ေလ့ လာေဆာင္ရြက္မႈ အစီအစဥ္မ်ား၊ Microsoft Corporation ကဲ့သုိ႔ ႏုိင္ငံတကာ IT ကုမၸဏီႀကီးမ်ား၏ ကြၽမ္းက်င္မႈ လက္မွတ္ Skill Certification သင္ၾကားမႈ အစီအစဥ္မ်ားအျပင္ Extra Curriculum Activities ဟု ေခၚဆုိႏုိင္ေသာ ေက်ာင္းသင္ခန္းစာျပင္ပ လႈပ္ရွားမႈမ်ားျဖစ္သည့္ စာေပ၊ ဂီတ၊ အားကစားႏွင့္ လူမႈေရး အက်ိဳးျပဳေသာ လုပ္ငန္းမ်ားကုိလည္း သတ္မွတ္ထားေသာ အခ်ိန္ဇယားမ်ားအတိုင္း MCC.i Campus အလိုက္ ေဆာင္ရြက္ ျပဳလုပ္ေပးလ်က္ ရွိပါသည္။ အားကစား လႈပ္ရွားမႈမ်ားအေနျဖင့္ ေက်ာင္းသား/သူ မ်ား စုေပါင္း လမ္းေလွ်ာက္ျခင္း၊ ေအ႐ိုးပစ္ကခုန္ျခင္း၊ ၾကက္ေတာင္႐ိုက္ျခင္း၊ ပင္ေပါင္ကစားျခင္း၊ Fusal ႏွင့္ ဖိတ္ေခၚ ေဘာလံုးပြဲမ်ားကုိလည္း ဆက္စဥ္မျပတ္ ျပဳလုပ္က်င္းပေပးလ်က္ ရွိပါသည္။
ထုိကဲ့သုိ႔ MCC Institute မွ ေက်ာင္းသားလူငယ္မ်ားအတြက္ အေျမာ္ အျမင္ ရည္မွန္းခ်က္ႀကီးစြာျဖင့္ က်ိဳးစား ေဆာင္ရြက္လ်က္ရွိရာ မၾကာမွီ ကာလမ်ား တြင္ IT ပညာသာမက အားကစားႏွင့္ ဘက္စံုထူးခြၽန္ေသာ လူငယ္လူရြယ္မ်ားမ်ားစြာ ေပၚထြက္လာမည္ဟု ယံုၾကည္လ်က္ရွိၿပီး MCC Institute တြင္ သူတုိ႔ ေမွ်ာ္မွန္းထားေသာ ရည္မွန္းခ်က္ ပန္းတုိင္မ်ားအတြက္ လာေရာက္ပညာဆည္းပူးေနေသာ နယ္ပယ္အသီးသီးမွ ထူးခြၽန္လူငယ္မ်ားလည္း ေပ်ာ္ရႊင္စြာ ပညာသင္ၾကားလ်က္ ရွိေနပါတယ္။
ထုိအထဲမွ MCC Institute (Yatanarpon Campus) တြင္ ႏုိင္ငံတကာအသိအမွတ္ျပဳ ကြန္ပ်ဴတာသိပၸံဘြဲ႕ ပထမႏွစ္ သင္တန္းကုိ (၂၀၁၅) ပညာသင္ႏွစ္တြင္ စတင္တက္ေရာက္ေနေသာ ႏုိင္ငံေက်ာ္ လူငယ္ေဘာလံုးကစားသမား ျမန္မာ့ လက္ေရြးစင္ U19 ေဘာလံုးအသင္းမွ ကစားသမားေလး ေမာင္ေနထူးကဲရဲ႕ အနာဂတ္အိမ္မက္ေလး ေတြကုိလည္း အခုလုိပဲ ၾကားသိရမွာ ျဖစ္ပါတယ္။
ဆက္လက္ၿပီး (၂) ပတ္တစ္ႀကိမ္ ထုတ္ေ၀မည့္ MCC Monitor ဂ်ာနယ္ တြင္ MCC Institute Campus အသီး သီးမွ တက္ေရာက္ေနၾကေသာ အတတ္ပညာရပ္ နယ္ပယ္ တစ္ခုခုကုိ ထူးခြၽန္စြာ ေအာင္ျမင္ေနတဲ့ မည္သူအေၾကာင္း ေဖာ္ျပခ်က္ေတြကုိ ေစာင့္ေမွ်ာ္ဖတ္႐ႈရမလဲဆုိတာကုိ သတင္းေကာင္းပါးရင္းျဖင့္ .............
တုိးေ၀ွ႕တိုက္ခတ္လာတဲ့ ေလေျပေလညင္းေလးေတြေၾကာင့္ ေအး စိမ့္လာတဲ့အခါ ကြၽန္ေတာ္အက်ႌအိတ္ထဲ လက္ကေလးကုိ ထည့္လိုက္တယ္။ ဘယ္ေလာက္ေအးေအး ရင္ထဲမွာေႏြးေနေတာ့ ကြၽန္ေတာ့္ေျခလွမ္းေတြက အားအ ျပည့္နဲ႔ပါ။ တကၠသုိလ္၀င္တန္းကုိ ေအာင္ျမင္ၿပီးတဲ့အခါ လုိခ်င္တဲ့ရည္မွန္းခ်က္ပန္းတုိင္ အတြက္ ေလွ်ာက္လွမ္းၾကရတဲ့ ကြၽန္ေတာ္တုိ႔ လူငယ္ေတြအတြက္ တကၠသုိလ္ဆုိ တာ တစ္ခ်ိန္က မက္ခဲ့တဲ့ အိပ္မက္ပါ။ ဒါေၾကာင့္ ျမဴေတြၾကားက ကြၽန္ေတာ္ေရြးခ်ယ္ခဲ့တဲ့ MCC Training Institute ဆုိတဲ့ အဆင့္ျမင့္ေက်ာင္းႀကီးကုိ ေရာက္ရွိ လာခဲ့ပါတယ္။
တစ္ခ်ိန္ေတာ့ ေအာင္ျမင္တဲ့ Technical ပညာရွင္ဘ၀ကုိ ကြၽန္ေတာ္ေရာက္ေအာင္ ႀကိဳးစားဖို႔လဲ ေမွ်ာ္လင့္ထားခဲ့ပါတယ္။ Walt Disney က "If you can dream it, You can do it" တဲ့ စိတ္ကူးယဥ္ၾကည့္ပါ။ စိတ္ကူးယဥ္လုိ႔ရရင္ လုပ္လုိ႔ရပါတယ္တဲ့။ ဒါဘ၀ရဲ႕ ရည္ရြယ္ခ်က္ဆုိေပမဲ့ ၀ါသနာပါတာကုိလည္း ေမ့မပစ္ရဘူး၊ ေဖ်ာက္မပစ္ရဘူးဆုိတာ လူႀကီး သူမေတြရဲ႕ ဆံုးမစကားေတြထဲ အၿမဲပါေန တတ္ပါတယ္။
ကြၽန္ေတာ့္ ၀ါသနာကေတာ့ အားကစားေပါ့ဗ်ာ။ အထူးသျဖင့္ ေဘာလံုးအားကစားကုိ ပုိ၀ါသနာပါတယ္။ ကံေကာင္းစြာနဲ႔ ကြၽန္ေတာ္တုိ႔ေက်ာင္းမွာ ကြၽန္ေတာ္ လက္ေရြးစင္ အျဖစ္ ေဘာလံုးကန္ခြင့္ရခဲ့ပါတယ္။ အဲဒီအတြက္ ကြၽန္ေတာ္ ၀ါသနာပါတာကုိ ကြၽန္ေတာ္ဆက္လုပ္ခြင့္ ရခဲ့ပါတယ္။
ကြၽန္ေတာ္ ေဘာလံုးအားကစားနဲ႔ စတင္ရင္းႏွီးခဲ့ပံုက သိပ္ေတာ့မထူးဆန္းခဲ့ပါဘူး။ ကြၽန္ေတာ္ စတုတၳတန္း ႏွစ္ေလာက္တုန္းက အရမ္း၀တဲ့ကြၽန္ေတာ့္ကုိ အေမက ေဘာလံုးအားကစား နဲ႔ ရင္းႏွီးခြင့္ ေပးခဲ့ပါတယ္။ အဲ့ဒီအခ်န္ကစၿပီး အားလပ္ခ်ိန္မွာေတာင္ ကြၽန္ေတာ္ေဆာ့တဲ့ ကစားနည္းက ေဘာလံုးကန္ျခင္းသာ ျဖစ္ ခဲ့သလုိ ကစားေဖာ္သူငယ္ခ်င္းမ်ားကလည္း ေဘာလံုး ၀ါသနာပါသူအႀကီးမ်ားႏွင့္သာ ကြၽန္ေတာ့္ ေက်ာင္းသားဘ၀ကုိ ျဖတ္သန္းခဲ့ပါတယ္။
ဒီလုိနဲ႔ ကြၽန္ေတာ္ အ႒မတန္းေရာက္ေတာ့ ၿမိဳ႕နယ္ လက္ေရြးစင္အျဖစ္ ေရြးခ်ယ္ခံခဲ့ရပါတယ္။ အေဖနဲ႔အေမလည္း အဲ့ဒီအတြက္ ဂုဏ္ယူခဲ့ပါတယ္။ ဒါေၾကာင့္ ၀ါသနာကုိ လြတ္လပ္စြာ လုပ္ေဆာင္ခြင့္ ရခဲ့ပါတယ္။ ေနာက္ၿပီး ကြၽန္ေတာ္ေက်ာင္းလက္ေရြးစင္ အျဖစ္ ဆ႒မတန္းမွာ ဆက္လက္ေရြးခ်ယ္ခံခဲ့ရပါတယ္။ အဲ့ဒီ ေနာက္မွာေတာ့ ေက်ာင္းလက္ေရြးစင္ဒုိင္မ်ား ဆံုးျဖတ္ခ်က္ျဖင့္ မႏၲေလးတုိင္းကုိ သြားေရာက္ယွဥ္ၿပိဳင္ခြင့္ ရခဲ့ပါတယ္။
ထုိၿပိဳင္ပြဲေၾကာင့္ ကြၽန္ေတာ္ အက်ိဳးအျမတ္တစ္ခု အျဖစ္ ရတနာပံုအကယ္ဒမီမွာ (၂၀၁၄-၂၀၁၅)ခုႏွစ္ ေဘာလံုးသမားေကာင္း အျဖစ္ Camp သြင္းခံခဲ့ရၿပီး မႏၲေလးၿမိဳ႕မွာ ေလ့က်င့္ခြင့္ ရခဲ့ပါ တယ္။ ဒါတင္မကဘဲ တစ္ျခားႏုိင္ငံမ်ားအထိ သြားေရာက္ ေလ့က်င့္ခြင့္ ရခဲ့ပါတယ္။ ၿပိဳင္ပြဲေတြအမ်ိဳးမ်ိဳး ၀င္ေရာက္ယွဥ္ၿပိဳင္ခြင့္ ရရွိ ခဲ့ပါတယ္။ တစ္ခ်ိဳ႕ၿပိဳင္ပြဲေတြမွာ အႏုိင္ရခဲ့ေပမဲ့ တစ္ခ်ိဳ႕ၿပိဳင္ပြဲေတြမွာ က်႐ံႈးခဲ့ဖူးပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ့္ဆရာႀကီး ဦး၀င္းလိႈင္ဦး ေျပာဖူးတဲ့စကားလုိပဲ "Sometimes you win, Sometimes you learn" အဓိပၸာယ္ကေတာ့ တစ္ခါတေလက်ရင္ အႏုိင္ယူပါ။ တစ္ခါတေလက်ရင္ ပညာယူပါဆုိတဲ့ အားေပး ပံ့ပုိးမႈေတြေၾကာင့္ ကြၽန္ေတာ္တုိ႔အဖြဲ႕ မႏၲေလးၿမိဳ႕ေတာ္၀န္ၿပိဳင္ပြဲမွာ ပထမဆု ရယူႏုိင္ခဲ့ပါတယ္။
ကြၽန္ေတာ္၀ါသနာပါရာကုိ လုပ္ခြင့္ရတာေၾကာင့္ လူငယ္ ပီပီ ေဘာလံုးအားကစားဘက္ကုိသာ အာ႐ံုစုိက္ႀကိဳးစားခဲ့တာေၾကာင့္ ကြၽန္ေတာ့္ ဘ၀အတြက္အေရးပါတဲ့ ပညာေရးဘက္ကုိ အားနည္းခဲ့ပါ တယ္။ ဒါေၾကာင့္ မိဘမ်ားနဲ႔ ဆရာ၊ ဆရာမမ်ားက ေစတနာထား လမ္းျပေခၚေဆာင္ေပးခဲ့ပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တကၠသုိလ္၀င္ တန္းစာေမးပြဲကုိ ပညာစံအိမ္ ကုိယ္ပုိင္အထက္တန္းေက်ာင္းမွာ ထူးခြၽန္စြာ ေအာင္ျမင္ခဲ့ပါတယ္။ ဒီလုိေအာင္ျမင္မႈေတြေၾကာင့္ ႏုိင္ငံတကာ အဆင့္မီွ MCC Training Institute မွာ အခုဆုိရင္ ပထမႏွစ္ (Level4 Diploma in Computing) ကုိ Section 25 မွာ ေပ်ာ္ရႊင္စြာ ပညာသင္ၾကားလ်က္ ရွိပါတယ္။
ေရွးေရွးတုန္းက ေကာင္းေလး တစ္ေယာက္ဟာ လသာတဲ့ ေန႔ေတြမွာလကို အၿမဲခုန္ဖမ္းၾကည့္ခဲ့တယ္။ လမင္းႀကီးကုိ မွီ ႏုိင္မလားဆုိတဲ့ အေတြးနဲ႔ေပါ့။ တစ္ပါးသူ မေျပာနဲ႔ သူ႕အေမကေတာင္ သူ႕ကုိ သြား ရွာ ၿပီလုိ႔ ထင္ခဲ့တာ။ ဒါေပမယ့္လည္း အနာ ဂတ္တစ္ခ်ိန္မွာေတာ့ လကမၻာေပၚ ပထမဦးဆံုး ေျခခ်ခဲ့တဲ့ လူသားတစ္ဦးဟာ ဒီေကာင္ေလး ျဖစ္ ခဲ့တယ္လုိ႔ Neil Armstrong က ေျပာခဲ့ဖူးပါတယ္။ အဲ့ဒီအျဖစ္ အပ်က္ေလးဟာ ကြၽန္ေတာ့္အတြက္ ေမွ်ာ္လင့္ခ်က္အိပ္မက္ေတြကုိ ဆက္လက္ရွင္သန္ခြင့္ ေပးခဲ့ပါတယ္။
"I never dreamed about being a million- aire, I dreamed about being a football player" ကြၽန္ေတာ္ မီလီယံနာ တစ္ေယာက္ျဖစ္ဖုိ႔ အိပ္မက္မမက္ခဲ့ဖူးပါဘူး။ ကြၽန္ေတာ္ ဟာ အေကာင္းဆံုး ေဘာလံုးသမား တစ္ေယာက္ ျဖစ္ဖုိ႔သာ အိပ္မက္မက္ေနသူ ျဖစ္ပါတယ္ ................
ထူးချွန်ဘောလုံးသမား MCC.i ကျောင်းသား
(၂၀၀၉) ခုနှစ်ကစပြီး မြန်မာနိုင်ငံ၏ ပထမဦးဆုံး Private Higher Institute တစ်ခုအဖြစ် စတင်ခဲ့သော MCC Training Institute (MCC Institute) သည် မြန်မာနိုင်ငံတစ်ဝှမ်းမှ ကျောင်းသားလူငယ်များအား နိုင်ငံတကာအဆင့် ပညာရပ်များဖြစ် သော IT ၊ စီးပွားရေးနှင့် အင်ဂျင်နီယာ ပညာရပ်များအား နိုင်ငံတကာ တက္ကသိုလ် ကြီးများ၊ ပညာရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး စနစ်တကျ ပြုစုပျိုးထောင်ပေးသကဲ့သို့ အဓိက ပညာရပ်သင်ယူမှုများတွင် သာမက ဘက်စုံထူးချွန်သော လူကောင်းလူတော်များ ဖြစ်လာစေရန် အဘက်ဘက်မှ ဆောင်ရွက်ပေးလျက် ရှိပါသည်။
အထူးသဖြင့် IT မေဂျာအထူးပြု B.Sc (Hons) Business IT နိုင်ငံတကာအသိအမှတ်ပြု ကွန်ပျူတာ သိပ္ပံဘွဲ့သင်တန်းတွင် ပင်မ Academic ဘာသာရပ်များ အပြင် English Proficiency သင်ကြားပေးမှု အစီအစဉ်များ၊ On the Job Training (လက်တွေ့လုပ်ငန်းခွင် လေ့ လာဆောင်ရွက်မှု အစီအစဉ်များ၊ Microsoft Corporation ကဲ့သို့ နိုင်ငံတကာ IT ကုမ္ပဏီကြီးများ၏ ကျွမ်းကျင်မှု လက်မှတ် Skill Certification သင်ကြားမှု အစီအစဉ်များအပြင် Extra Curriculum Activities ဟု ခေါ်ဆိုနိုင်သော ကျောင်းသင်ခန်းစာပြင်ပ လှုပ်ရှားမှုများဖြစ်သည့် စာပေ၊ ဂီတ၊ အားကစားနှင့် လူမှုရေး အကျိုးပြုသော လုပ်ငန်းများကိုလည်း သတ်မှတ်ထားသော အချိန်ဇယားများအတိုင်း MCC.i Campus အလိုက် ဆောင်ရွက် ပြုလုပ်ပေးလျက် ရှိပါသည်။ အားကစား လှုပ်ရှားမှုများအနေဖြင့် ကျောင်းသား/သူ များ စုပေါင်း လမ်းလျှောက်ခြင်း၊ အေရိုးပစ်ကခုန်ခြင်း၊ ကြက်တောင်ရိုက်ခြင်း၊ ပင်ပေါင်ကစားခြင်း၊ Fusal နှင့် ဖိတ်ခေါ် ဘောလုံးပွဲများကိုလည်း ဆက်စဉ်မပြတ် ပြုလုပ်ကျင်းပပေးလျက် ရှိပါသည်။
ထိုကဲ့သို့ MCC Institute မှ ကျောင်းသားလူငယ်များအတွက် အမြော် အမြင် ရည်မှန်းချက်ကြီးစွာဖြင့် ကျိုးစား ဆောင်ရွက်လျက်ရှိရာ မကြာမှီ ကာလများ တွင် IT ပညာသာမက အားကစားနှင့် ဘက်စုံထူးချွန်သော လူငယ်လူရွယ်များများစွာ ပေါ်ထွက်လာမည်ဟု ယုံကြည်လျက်ရှိပြီး MCC Institute တွင် သူတို့ မျှော်မှန်းထားသော ရည်မှန်းချက် ပန်းတိုင်များအတွက် လာရောက်ပညာဆည်းပူးနေသော နယ်ပယ်အသီးသီးမှ ထူးချွန်လူငယ်များလည်း ပျော်ရွှင်စွာ ပညာသင်ကြားလျက် ရှိနေပါတယ်။
ထိုအထဲမှ MCC Institute (Yatanarpon Campus) တွင် နိုင်ငံတကာအသိအမှတ်ပြု ကွန်ပျူတာသိပ္ပံဘွဲ့ ပထမနှစ် သင်တန်းကို (၂၀၁၅) ပညာသင်နှစ်တွင် စတင်တက်ရောက်နေသော နိုင်ငံကျော် လူငယ်ဘောလုံးကစားသမား မြန်မာ့ လက်ရွေးစင် U19 ဘောလုံးအသင်းမှ ကစားသမားလေး မောင်နေထူးကဲရဲ့ အနာဂတ်အိမ်မက်လေး တွေကိုလည်း အခုလိုပဲ ကြားသိရမှာ ဖြစ်ပါတယ်။
ဆက်လက်ပြီး (၂) ပတ်တစ်ကြိမ် ထုတ်ဝေမည့် MCC Monitor ဂျာနယ် တွင် MCC Institute Campus အသီး သီးမှ တက်ရောက်နေကြသော အတတ်ပညာရပ် နယ်ပယ် တစ်ခုခုကို ထူးချွန်စွာ အောင်မြင်နေတဲ့ မည်သူအကြောင်း ဖော်ပြချက်တွေကို စောင့်မျှော်ဖတ်ရှုရမလဲဆိုတာကို သတင်းကောင်းပါးရင်းဖြင့် .............
တိုးဝှေ့တိုက်ခတ်လာတဲ့ လေပြေလေညင်းလေးတွေကြောင့် အေး စိမ့်လာတဲ့အခါ ကျွန်တော်အကျႌအိတ်ထဲ လက်ကလေးကို ထည့်လိုက်တယ်။ ဘယ်လောက်အေးအေး ရင်ထဲမှာနွေးနေတော့ ကျွန်တော့်ခြေလှမ်းတွေက အားအ ပြည့်နဲ့ပါ။ တက္ကသိုလ်ဝင်တန်းကို အောင်မြင်ပြီးတဲ့အခါ လိုချင်တဲ့ရည်မှန်းချက်ပန်းတိုင် အတွက် လျှောက်လှမ်းကြရတဲ့ ကျွန်တော်တို့ လူငယ်တွေအတွက် တက္ကသိုလ်ဆို တာ တစ်ချိန်က မက်ခဲ့တဲ့ အိပ်မက်ပါ။ ဒါကြောင့် မြူတွေကြားက ကျွန်တော်ရွေးချယ်ခဲ့တဲ့ MCC Training Institute ဆိုတဲ့ အဆင့်မြင့်ကျောင်းကြီးကို ရောက်ရှိ လာခဲ့ပါတယ်။
တစ်ချိန်တော့ အောင်မြင်တဲ့ Technical ပညာရှင်ဘဝကို ကျွန်တော်ရောက်အောင် ကြိုးစားဖို့လဲ မျှော်လင့်ထားခဲ့ပါတယ်။ Walt Disney က "If you can dream it, You can do it" တဲ့ စိတ်ကူးယဉ်ကြည့်ပါ။ စိတ်ကူးယဉ်လို့ရရင် လုပ်လို့ရပါတယ်တဲ့။ ဒါဘဝရဲ့ ရည်ရွယ်ချက်ဆိုပေမဲ့ ၀ါသနာပါတာကိုလည်း မေ့မပစ်ရဘူး၊ ဖျောက်မပစ်ရဘူးဆိုတာ လူကြီး သူမတွေရဲ့ ဆုံးမစကားတွေထဲ အမြဲပါနေ တတ်ပါတယ်။
ကျွန်တော့် ၀ါသနာကတော့ အားကစားပေါ့ဗျာ။ အထူးသဖြင့် ဘောလုံးအားကစားကို ပို၀ါသနာပါတယ်။ ကံကောင်းစွာနဲ့ ကျွန်တော်တို့ကျောင်းမှာ ကျွန်တော် လက်ရွေးစင် အဖြစ် ဘောလုံးကန်ခွင့်ရခဲ့ပါတယ်။ အဲဒီအတွက် ကျွန်တော် ၀ါသနာပါတာကို ကျွန်တော်ဆက်လုပ်ခွင့် ရခဲ့ပါတယ်။
ကျွန်တော် ဘောလုံးအားကစားနဲ့ စတင်ရင်းနှီးခဲ့ပုံက သိပ်တော့မထူးဆန်းခဲ့ပါဘူး။ ကျွန်တော် စတုတ္ထတန်း နှစ်လောက်တုန်းက အရမ်းဝတဲ့ကျွန်တော့်ကို အမေက ဘောလုံးအားကစား နဲ့ ရင်းနှီးခွင့် ပေးခဲ့ပါတယ်။ အဲ့ဒီအချန်ကစပြီး အားလပ်ချိန်မှာတောင် ကျွန်တော်ဆော့တဲ့ ကစားနည်းက ဘောလုံးကန်ခြင်းသာ ဖြစ် ခဲ့သလို ကစားဖော်သူငယ်ချင်းများကလည်း ဘောလုံး ၀ါသနာပါသူအကြီးများနှင့်သာ ကျွန်တော့် ကျောင်းသားဘဝကို ဖြတ်သန်းခဲ့ပါတယ်။
ဒီလိုနဲ့ ကျွန်တော် အဋ္ဌမတန်းရောက်တော့ မြို့နယ် လက်ရွေးစင်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ အဖေနဲ့အမေလည်း အဲ့ဒီအတွက် ဂုဏ်ယူခဲ့ပါတယ်။ ဒါကြောင့် ၀ါသနာကို လွတ်လပ်စွာ လုပ်ဆောင်ခွင့် ရခဲ့ပါတယ်။ နောက်ပြီး ကျွန်တော်ကျောင်းလက်ရွေးစင် အဖြစ် ဆဋ္ဌမတန်းမှာ ဆက်လက်ရွေးချယ်ခံခဲ့ရပါတယ်။ အဲ့ဒီ နောက်မှာတော့ ကျောင်းလက်ရွေးစင်ဒိုင်များ ဆုံးဖြတ်ချက်ဖြင့် မန္တလေးတိုင်းကို သွားရောက်ယှဉ်ပြိုင်ခွင့် ရခဲ့ပါတယ်။
ထိုပြိုင်ပွဲကြောင့် ကျွန်တော် အကျိုးအမြတ်တစ်ခု အဖြစ် ရတနာပုံအကယ်ဒမီမှာ (၂၀၁၄-၂၀၁၅)ခုနှစ် ဘောလုံးသမားကောင်း အဖြစ် Camp သွင်းခံခဲ့ရပြီး မန္တလေးမြို့မှာ လေ့ကျင့်ခွင့် ရခဲ့ပါ တယ်။ ဒါတင်မကဘဲ တစ်ခြားနိုင်ငံများအထိ သွားရောက် လေ့ကျင့်ခွင့် ရခဲ့ပါတယ်။ ပြိုင်ပွဲတွေအမျိုးမျိုး ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိ ခဲ့ပါတယ်။ တစ်ချို့ပြိုင်ပွဲတွေမှာ အနိုင်ရခဲ့ပေမဲ့ တစ်ချို့ပြိုင်ပွဲတွေမှာ ကျရှုံးခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျွန်တော့်ဆရာကြီး ဦးဝင်းလှိုင်ဦး ပြောဖူးတဲ့စကားလိုပဲ "Sometimes you win, Sometimes you learn" အဓိပ္ပာယ်ကတော့ တစ်ခါတလေကျရင် အနိုင်ယူပါ။ တစ်ခါတလေကျရင် ပညာယူပါဆိုတဲ့ အားပေး ပံ့ပိုးမှုတွေကြောင့် ကျွန်တော်တို့အဖွဲ့ မန္တလေးမြို့တော်ဝန်ပြိုင်ပွဲမှာ ပထမဆု ရယူနိုင်ခဲ့ပါတယ်။
ကျွန်တော်ဝါသနာပါရာကို လုပ်ခွင့်ရတာကြောင့် လူငယ် ပီပီ ဘောလုံးအားကစားဘက်ကိုသာ အာရုံစိုက်ကြိုးစားခဲ့တာကြောင့် ကျွန်တော့် ဘဝအတွက်အရေးပါတဲ့ ပညာရေးဘက်ကို အားနည်းခဲ့ပါ တယ်။ ဒါကြောင့် မိဘများနဲ့ ဆရာ၊ ဆရာမများက စေတနာထား လမ်းပြခေါ်ဆောင်ပေးခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တက္ကသိုလ်ဝင် တန်းစာမေးပွဲကို ပညာစံအိမ် ကိုယ်ပိုင်အထက်တန်းကျောင်းမှာ ထူးချွန်စွာ အောင်မြင်ခဲ့ပါတယ်။ ဒီလိုအောင်မြင်မှုတွေကြောင့် နိုင်ငံတကာ အဆင့်မှီ MCC Training Institute မှာ အခုဆိုရင် ပထမနှစ် (Level4 Diploma in Computing) ကို Section 25 မှာ ပျော်ရွှင်စွာ ပညာသင်ကြားလျက် ရှိပါတယ်။
ရှေးရှေးတုန်းက ကောင်းလေး တစ်ယောက်ဟာ လသာတဲ့ နေ့တွေမှာလကို အမြဲခုန်ဖမ်းကြည့်ခဲ့တယ်။ လမင်းကြီးကို မှီ နိုင်မလားဆိုတဲ့ အတွေးနဲ့ပေါ့။ တစ်ပါးသူ မပြောနဲ့ သူ့အမေကတောင် သူ့ကို သွား ရှာ ပြီလို့ ထင်ခဲ့တာ။ ဒါပေမယ့်လည်း အနာ ဂတ်တစ်ချိန်မှာတော့ လကမ္ဘာပေါ် ပထမဦးဆုံး ခြေချခဲ့တဲ့ လူသားတစ်ဦးဟာ ဒီကောင်လေး ဖြစ် ခဲ့တယ်လို့ Neil Armstrong က ပြောခဲ့ဖူးပါတယ်။ အဲ့ဒီအဖြစ် အပျက်လေးဟာ ကျွန်တော့်အတွက် မျှော်လင့်ချက်အိပ်မက်တွေကို ဆက်လက်ရှင်သန်ခွင့် ပေးခဲ့ပါတယ်။
"I never dreamed about being a million- aire, I dreamed about being a football player" ကျွန်တော် မီလီယံနာ တစ်ယောက်ဖြစ်ဖို့ အိပ်မက်မမက်ခဲ့ဖူးပါဘူး။ ကျွန်တော် ဟာ အကောင်းဆုံး ဘောလုံးသမား တစ်ယောက် ဖြစ်ဖို့သာ အိပ်မက်မက်နေသူ ဖြစ်ပါတယ် ................