Thursday, September 8, 2016

MCC မွ “ေရႊ” မ်ား

MCC မွ “ေရႊ” မ်ား

“ေရႊ” ဆုိသည္မွာ တန္ဖုိးအရွိဆံုးေသာ ျဒပ္စင္ျဖစ္ပါသည္။ အေရာင္ေျပာင္း လဲသြားျခင္း၊ ေမွးမွိန္သြားျခင္း မရွိသကဲ့သုိ႔ ပ်က္စီးသြားျခင္းလည္းမရွိဘဲ ကာလရွည္ၾကာစြာ ေတာက္ပ၀ါ၀င္းေသာ အေရာင္အဆင္းျဖင့္ တင့္တယ္ေသာ ဂုဏ္သတၱိရွိေသာေၾကာင့္ လူအမ်ားတန္ဖုိးထား ၀တ္ဆင္႐ံုသာမက တန္ဖုိးမွာလည္း ေလ်ာ့က်မသြားဘဲ တည္ၿငိမ္႐ံုသာမက အၿမဲတမ္းလည္း တန္ဖုိးတက္ေနသျဖင့္ စုေဆာင္းသုိေလွာင္ၿပီး အျမတ္တႏုိး သိမ္းဆည္းေလ့ရွိေသာ အဖုိးတန္ ရတနာျဖစ္ပါသည္။ ထုိကဲ့သုိ႔ အဖုိးထိုက္တန္လွေသာ “ေရႊ” ကုိ သာမာန္လြယ္လြယ္ကူကူ ႀကိဳက္သေလာက္ ထုတ္လုပ္၍မရ။ အထပ္ထပ္သန္႔စင္ၿပီး၊ ဓာတုေဗဒ နည္းလမ္းျဖင့္ ခြဲျခားထုတ္ယူၿပီးမွ အနည္းငယ္စီသာ ရရွိျခင္းျဖစ္ပါသည္။

MCC မွ “ေရႊ” မ်ားဟု အမည္ နာမကင္းပြန္းတပ္ရျခင္းမ်ားလည္း MCC တြင္ B.Sc (Hons:) Business IT (ကြန္ပ်ဴတာသိပၸံဒီဂရီ) သင္တန္းတက္ေရာက္ ေအာင္ျမင္သူမ်ားသည္ “ေရႊ” ကဲ့သုိ႔ပင္ တန္ဖုိး ရွိလွေသာေၾကာင့္ပင္ျဖစ္ပါသည္။ “ေရႊ” ကုိ လူတုိင္းလုိျခင္သကဲ့သုိ႔ ျပည္တြင္းျပည္ပကုမၸဏီ အဖြဲ႕အစည္းမ်ားမွလည္း အလုပ္ခန္႔ထားရန္ လုိျခင္ၾကပါသည္။ “ေရႊ” ကဲ့သုိ႔ အေရာင္တ၀င္း၀င္းျဖစ္ေနသကဲ့သုိ႔ MCC ေက်ာင္းထြက္မ်ားမွာလည္း အလုပ္ခြင္တြင္ ေအာင္ျမင္စြာ လုပ္ကုိင္ႏုိင္ၾကၿပီး ဂုဏ္သတင္းေက်ာ္ေဇာၾကပါ သည္။ အဘယ့္ေၾကာင့္ဆုိေသာ္ “ေရႊ” က်င္သလုိ က်င္ယူခဲ့ရေသာေၾကာင့္ျဖစ္ပါသည္။ “ေရႊ” ကုိ ဓာတုေဗဒနည္းျဖင့္ သန္႔စင္ခဲ့ရသလုိ MCC ၏ (Supply Chain) ပံုစံ သင္ၾကားနည္းျဖင့္ ေလ့က်င္ခဲ့ရေသာေၾကာင့္ ျဖစ္ပါသည္။

B.Sc (Hons:) Business IT (ကြန္ပ်ဴတာသိပၸံဒီဂရီ) ကုိ အဂၤလန္ႏုိင္ငံ University of Greenwich မွ ခ်ီးျမႇင့္ျခင္းျဖစ္ပါသည္။ ယင္းတကၠသုိလ္မွ ျပ႒ာန္းထားေသာ သင္႐ိုး (Syllabus) အတုိင္းသင္ၾကားရၿပီး Assignment မ်ား၊ Project မ်ားကုိလည္း ေက်ာင္းသူ၊ ေက်ာင္းသား တစ္ဦးျခင္းကုိယ္တုိင္ ျပဳစုကာ၊ ကၠသုိလ္သုိ႔ ကုိယ္တုိင္ (On Line) မွ တင္ရပါသည္။ အဂၤလန္ႏုိင္ငံ တကၠသုိလ္မွ တိုက္႐ိုက္ ေမးခြန္းထုတ္စစ္ေဆးေသာ စာေမးပြဲကုိလည္း တစ္ကမၻာလံုးအတုိင္းအတာျဖင့္ တစ္ၿပိဳင္တည္း ေျဖဆုိၾကရပါသည္။ ယင္းကဲ့သုိ႔ သင္ၾကားေသာ စနစ္သည္ ေက်ာင္းသူ ေက်ာင္းသားမ်ား အားသက္ဆုိင္ရာဘာသာရပ္ကုိ တတ္သိနားလည္ ေသာ (Knowledge) ကုိ ရရွိသြားေစႏုိင္ျခင္း ပင္ျဖစ္ပါသည္။ ျမန္မာႏုိင္ငံပညာေရးစနစ္ အရ ေက်ာင္းသူ၊ ေက်ာင္းသားမ်ားသည္ မူလတန္းအဆင့္မွ တကၠသုိလ္အဆင့္ေရာက္ သည္အထိ စာကုိအလြတ္က်က္မွတ္ၿပီး စာေမးပြဲကုိ ေျဖဆုိေအာင္ျမင္ေအာင္ ႀကိဳးစားရေသာေၾကာင့္ မွတ္ဉာဏ္ျဖင့္ မွတ္ထားရေသာ (Memorize) အေလ့အက်င့္သာ ရရွိခဲ့ပါသည္။ အသိပညာ (Knowledge) ပံုစံမ်ိဳး မရရွိခဲ့ပါ။ အလြတ္က်က္ မွတ္ရျခင္းသည္ အလြတ္က်က္ သေလာက္ သာမွတ္မိၿပီး ယင္းထက္မပုိပါ။ အလြတ္ကုိ သာေရးျပတတ္ၿပီး သေဘာတရားကုိ အသံုးမခ်တတ္ပါ။ ၿပီးလွ်င္ ေမ့ေပ်ာက္သြားတတ္ပါသည္။ စာေမးပြဲေျဖရန္အတြက္သာျဖစ္ၿပီး သေဘာတရားကုိ အသံုးခ်ရန္အတြက္ မဟုတ္ပါ။ အသိပညာ (Knowledge) ဟူသည္ ပညာရပ္ကုိသိရွိနားလည္သေဘာ ေပါက္သြားျခင္းျဖစ္ၿပီး အလြတ္က်က္သကဲ့သုိ႔ က်က္သေလာက္သာ မွတ္မိျခင္းမဟုတ္ဘဲ အတုိင္းအဆမရွိ ေတြးေတာ ႀကံဆႏုိင္ၿပီး အသံုးခ်တတ္ျခင္း (Apply) ျဖစ္ပါသည္။ ထုိ႔ေၾကာင့္ အသိပညာ (Knowledge) ရေအာင္ သင္ၾကားေပးရျခင္းသည္ အလြတ္က်က္မွတ္ေစျခင္း (Memorize) ကဲ့သုိ႔ မလြယ္ကူ။ ေက်ာင္းသူ ေက်ာင္းသားမ်ား ထင္သကဲ့သုိ႔ အလြတ္က်က္လုိက္လွ်င္ၿပီးႏုိင္မည္မဟုတ္ပါ။ ပညာရပ္၏ သေဘာတရားကုိ နားလည္ေအာင္ ႀကိဳးစားၾကရပါသည္။ ေက်ာင္းသူ၊ ေက်ာင္းသားမ်ားကုိယ္တိုင္ နားလည္မွ ကုိယ္တုိင္ပညာရပ္ကို အသံုးခ်ၿပီး Assignment မ်ား Project မ်ား လုပ္ႏုိင္ေပမည္။ ျမန္မာႏုိင္ငံ၏ ေက်ာင္းမ်ား၊ တကၠသုိလ္မ်ားကဲ့သုိ႔ ေနာက္ဆံုးစစ္သည့္ စာေမးပြဲျဖင့္ အေအာင္အ႐ွဳံးကို ဆံုးျဖတ္ျခင္းမဟုတ္။ ေက်ာင္းသူ၊ ေက်ာင္းသားမ်ား ၏ အသိပညာျဖင့္ျပဳလုပ္ရေသာ Assignment မ်ား၊ Project မ်ားျဖင့္လည္း အမွတ္ေပးၿပီး ေရးေျဖေျဖဆုိရေသာ စာေမးပြဲတြင္လည္း ျပ႒ာန္းစာအုပ္ပါစာမ်ားကုိ အလြတ္ေမးျခင္းမဟုတ္ဘဲ အသံုးခ်တတ္ မတတ္ (Application) ကုိ ေမးျခင္းျဖစ္ပါသည္။ ျပ႒ာန္းစာအုပ္ပါအတုိင္း တစ္ေသြမတိမ္းေရးလွ်င္ အမွတ္မရပါ။ (Plagiarism) ဟူေသာ စစ္ေဆးမႈေၾကာင့္ စာေမးပြဲက်မည္ ျဖစ္ပါသည္။ ေက်ာင္းသူ၊ ေက်ာင္းသားအျခင္းျခင္း ေရးသားပံုတူလွ်င္လည္း ယင္းေက်ာင္းသူ၊ ေက်ာင္းသားမ်ား စာေမးပြဲက်ပါသည္။ အျခင္းျခင္းကူယူျခင္း၊ မသာမာမႈပံုစံဟု သတ္မွတ္ပါသည္။ ျပ႒ာန္းစာအုပ္အတုိင္း တူမတူ၊ ေက်ာင္းသား အျခင္းျခင္း တူမတူကုိ ကြန္ပ်ဴတာ Software ျဖင့္ စစ္ေဆးသည့္အတြက္ လိမ္ညာ၍မရပါ။ ထုိကဲ့သုိ႔ အသိပညာ (Knowledge) ရေအာင္သင္ၾကားျခငး၊ အသိပညာ (Knowledge) ျဖင့္ စာေမးပြဲေျဖဆုိရ ျခင္းပံုစံ ျဖစ္သည့္အတြက္ ျမန္မာႏုိင္ငံမွ ေက်ာင္းသူ၊ ေက်ာင္းသားမ်ားအတြက္ ခက္သည္ဟု ဆုိႏုိင္ပါသည္။ အမွန္တကယ္တြင္ မခက္ပါ။ ျမန္မာႏုိင္ငံ၏ တကၠသုိလ္၀င္ တန္းစာေမးပြဲေအာင္ျမင္ၿပီးသူ ေက်ာင္းသူ၊ ေက်ာင္းသား ေထာင္ေပါင္းမ်ားစြာ ဤခရီးလမ္းကုိ ေလွ်ာက္လွမ္းၿပီးခဲ့သလို လက္ရွိအေျခအေနမွာလည္း MCC Institute မ်ားတြင္ ေလွ်ာက္လွမ္းလွ်က္ရွိပါသည္။

MCC Institute မ်ားမွ သင္ၾကားေပးမႈအစီအစဥ္အတုိင္း ပံုမွန္သင္ယူ ေလ့က်င့္သြား႐ံုသာျဖစ္ပါသည္။ က်ဴရွင္လဲ ယူရန္မလုိ။ က်ဴရွင္လဲ ယူ၍မရပါ။ အဘယ့္ေၾကာင့္ဆုိေသာ္ အသိပညာ (Knowledge) ရေအာင္သင္ယူျခင္းျဖစ္ရာ စာေမး ပြဲေျဖဆုိႏုိင္ရန္ အလြတ္က်က္မွတ္ရန္ေလ့ က်င့္ေသာ က်ဴရွင္ေၾကာင့္ စာေမးပြဲမေအာင္ႏုိင္ပါ။ ထုိ႔ေၾကာင့္ MCC Institute မ်ားသုိ႔ ပထမႏွစ္ စတင္တက္ေရာက္ေသာ ေက်ာင္းသူ၊ ေက်ာင္းသားမ်ား ပထမပုိင္းတြင္ အခက္အခဲေတြ႕ၾကရပါသည္။ ျမန္မာႏုိင္ငံမွ စစ္ေဆးေသာ စာေမးပြဲပံုစံႏွင့္မတူေသာေၾကာင့္၊ သင္ၾကားနည္းပံုစံမွာလည္း မတူေသာေၾကာင့္ ျဖစ္ပါသည္။ ထုိ႔ေၾကာင့္ ႏုိင္ငံတကာအဆင့္ပညာသင္ၾကားရျခင္းျဖစ္၍ အဂၤလိပ္ဘာသာျဖင့္ ျပ႒ာန္းထားေသာ သင္ခန္းစာမ်ားကုိ သင္ၾကားရျခင္းျဖစ္ၿပီး အဂၤလိပ္ဘာသာျဖင့္ပင္ Assignment မ်ား၊ Project မ်ား ျပဳလုပ္ရျခင္း၊ Presentation မ်ား ျပဳလုပ္ရျခင္းျဖစ္ၿပီး အဂၤလိပ္ဘာသာျဖင့္ပင္ စာေမးပြဲေျဖဆုိရ ေသာေၾကာင့္ ျဖစ္ပါသည္။ ထုိ႔ေၾကာင့္ ေကာင္းမွန္မွန္မတက္ဘဲ စာေမးပြဲနီးမွ စာအလြတ္ က်က္ၿပီးေျဖဆုိရန္အားထုတ္ေသာ ေက်ာင္းသူ၊ ေက်ာင္းသားမ်ား၊ က်ဴရွင္ယူၿပီး စာေမးပြဲ ေျဖရန္ျပဳလုပ္ေသာ ေက်ာင္းသူ၊ ေက်ာင္းသားမ်ား စာေမးပြဲမေအာင္မျမင္ ျဖစ္ၾကရပါသည္။ ထုိ႔ေၾကာင့္ ပထမႏွစ္တြင္ စာေမးပြဲအက်အ႐ံွဳးမ်ား ပါသည္။ ေက်ာင္းမွသင္ၾကားေပးမႈကုိခံယူၿပီး ေက်ာင္းမွန္မွန္တက္ေသာ ေက်ာင္းသူ၊ ေက်ာင္းသားမ်ား စာေမးပြဲေအာင္ပါသည္။ ေက်ာင္းသင္ၾကားမႈပံုစံကုိ မလုိက္နာေသာ ေက်ာင္းသား၊ ေက်ာင္းသူမ်ားသာ စာေမးပြဲမေအာင္ျခင္း ျဖစ္ပါသည္။ ပထမႏွစ္ၿပီး၍ ဒုတိယႏွစ္သုိ႔ ေရာက္ရွိလာေသာအခါ ေက်ာင္းသူ၊ ေက်ာင္းသားမ်ား အေတာ္အတန္ ရင့္က်က္လာၿပီး ႏုိင္ငံတကာပညာသင္ၾကားေရးပံုစံႏွင့္ အသားက် လာပါသည္။သို႔ေသာ္ ဘြဲ႕ယူရမည့္ ေနာက္ဆံုးႏွစ္သုိ႔ တတ္ရမည့္အႀကိဳသင္တန္းျဖစ္သည္ အတြက္ ဘာသာရပ္မ်ား ပိုမိုနက္နဲလာကာ Arrangement ႏွင့္ Project မ်ားတြင္လည္း အဆင့္ျမင့္ လာပါသည္။ ထို႔ေႀကာင့္ ေက်ာင္းသူ၊ ေက်ာင္းသားမ်ား အားသြန္ႀကိဳးပမ္းရမည္ ျဖစ္ပါသည္။ အရွိန္ယူေနဆဲကာလျဖစ္၍ အရွိန္ေလ်ာ့လိုက္ပါ၍မရ။ အရွိန္ေလ်ာ့လိုက္ပါက စာေမးပြဲက်သြားႏိုင္ပါသည္။ အရွိန္ေလ်ာ့လိုက္ေသာ ေက်ာင္းသူ၊ ေက်ာင္းသားအဖို႕ စာေမးပြဲက်ႏိုင္ပါသည္။ ဒုတိယႏွစ္ေအာင္ျပီး တတိယႏွစ္(ေနာက္ဆံုးႏွစ္)သုိ႔ ေရာက္ေသာ အခ်ိန္တြင္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား တည္ျငိမ္ရင့္က်ပ္လာျပီး၊ အရွိန္ရသြားျပီျဖစ္ပါသည္။ အားလံုးလည္းတက္စံုလက္စံုသြားႏိုင္ေသာ အသိပညာ (Knowledge) ရျပီျဖစ္၍ ေက်ာင္းသား၊ ေက်ာင္းသူမ်ား မိမိကိုယ္ကိုမိမိ ယံုႀကည္စြာျဖင့္ တည္ျငိမ္စြာ ပညာဆက္လက္ သင္ႀကားပါေတာ့သည္။ တတိယႏွစ္ေနာက္ဆံုး စာေမးပြဲကို ရာႏွဳန္းျပည့္နီးပါး ေအာင္ျမင္ႏိုင္ႀကျပီး၊ ရာႏွဳန္းျပည့္နီးပါး ေအာင္ျမင္စြာေျဖဆိုးႏိုင္ႀကျပီး၊ ရာႏွဳန္းနီးပါးေအာင္ျမင္ႀကပါသည္။ ဤကဲ့သို႔ ျပဳစုပ်ိဳးေထာင္ျပီး အသိပညာ (Knowledge) ရရွိေစေသာ စာေမးပြဲေအာင္ျမင္ျပီး ႏိုင္ငံတကာအဆင့္ ကြန္ပ်ဴတာသိပၸံဒီဂရီကို ရရွိလာေသာေႀကာင့္ “ေရႊ” မ်ားဟု အမည္ကင္ပြန္တတ္ရ ျခင္းျဖစ္ပါသည္။ “ေရႊ” က်င္သလိုက်င္ျပီး “ေရႊ” ကို သန္႔စင္သကဲ့သို႔ ေလ့က်င့္ပ်ိဳးေထာင္ ယူခဲ့ရေသာေႀကာင့္ ျဖစ္သည္။

အဂၤလန္ႏိုင္ငံ ႕University of Greenwich မွခ်ီးျမွင့္သည့္ B.Sc (Hons:) Business IT (ကြန္ပ်ဴတာသိပၸံဒီဂရီ)ရရွ ိ သည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ “ေရႊ” သားပါ၀င္မႈပိုမိုလာေစရန္ ေရႊေရာင္တ၀င္း၀င္းျဖစ္ရန္ တပ္မံ အားျဖည့္ေပးေသာ သင္ႀကားနည္း ပံုးစံမ်ား MCC ၏ (Supply Chain) ပံုစံသင္ႀကားနည္းျဖစ္ပါသည္။ ဘြဲ႕သင္တန္း (Academic) အတြက္သင္ရိုးအျပင္၊ ကြၽမ္းက်င္မႈအတြက္ (Skill Certification) လက္ေတြ႕ အလုပ္အေတြ႕အႀကံဳအတြက္ OJT (On-Job-Training) ႏွင့္ အဂၤလိပ္စာ အေရအေသြးတိုးတတ္ေရး (English Proficiency) အားျဖည့္ သင္ႀကားေပးျခင္းတို႕ပင္ ျဖစ္ပါသည္။

အသိပညာ (Knowledge) ရရွိရန္ အတြက္ ကြၽမ္းက်င္မႈ (Skill) ႏွင့္တစ္ျပိဳင္နက္ ရရွိေစရန္ Microsoft မွျပဳလုပ္ေသာ Microsoft အသိအမွတ္ျပဳ ကြၽမ္းက်င္မႈ (Microsoft Certification) မ်ားကိုလည္း တစ္ျပိဳင္နက္တည္း ေျဖဆိုႏိုင္ရန္ သင္ႀကားေပးပါသည္။ ဘက္စံုတတ္ေျမာက္ေစရန္၊ လက္ေတြ႕အေတြ႕အႀကံဳ ရရန္ OJT (On-Job-Training) အခ်ိန္မ်ား စီစဥ္သတ္မွတ္ျပီး ေလ့က်င့္သင္ႀကားေပး၍ တတိယႏွစ္တြင္ အခ်ိန္ပိုင္းအလုပ္ကိုပါ ခန္႔ထားျပီး တစ္ပတ္ႏွစ္ရက္ လုပ္ကိုင္ေစပါသည္။ ႏိုင္ငံတကာ ပညာကို အဂၤလိပ္လိုေျဖဆိုရမည္ျဖစ္၍ အဂၤလိပ္စာ ကြၽမ္းက်င္ပိုင္ႏိုင္ေစရန္ အဂၤလိပ္ဘာသာကို သီးသန္႔ ထပ္ဆင့္သင္ႀကားေပးပါသည္။ တတိယႏွစ္၊ ေနာက္ဆံုးႏွစ္စာေမးပြဲ ေအာင္ျမင္ျပီး ဘြဲ႕ရ ေက်ာင္းသူ၊ ေက်ာင္းသားတို႔၏ အဂၤလိပ္စာကြၽမ္း က်င္မႈကို IELTS (5.5)  အဆင့္အနည္းဆံုးရရွိေစရန္ ရည္မွန္းသင္ႀကားေပးျခင္းျဖစ္ပါသည္။ ထို႔ေႀကာင့္ MCC ကို “ေရႊ” ျဖစ္မည့္ ေက်ာင္းသူ၊ ေက်ာင္းသားမ်ား၏ “ေရႊ” အဆင့္ျဖစ္ရန္(Supply Chain) ပံုစံ ဘက္စံုတစ္ျပိဳင္တည္း ေလ့က်င့္သင္ႀကား ေပးျခင္းျဖစ္ပါသည္။ ဘြဲ႕ရျပီးလွ်င္ အလုပ္အေတြ႕ အႀကံဳရရွိရန္ JSE (Junior Software Engineering) အျဖစ္ အလုပ္သင္ခန္႔ အပ္ေပးျခင္းျဖင့္ ပိုမိုျပည့္စံုသြားေစပါေတာ့သည္။ MCC ၏သင္ႀကားမႈပံုစံကို “ေရႊ” တန္ဖိုး တိုးေစမည့္ (Value Chain) ပံုစံအသြင္လည္း ျမင္ႏိုင္ပါသည္။ ေက်ာင္းသူေက်ာင္းသားမ်ားသည္ တစ္ႏွစ္ျပီးတစ္ႏွစ္ အသိပညာႏွင့္ ကြၽမ္းက်င္မႈ တိုးပြားလာသျဖင့္ ထပ္ဆင့္တန္ဖိုးမ်ား (Value Add) တက္ေနသကဲ့သို႔ ကြၽမ္းက်င္မႈ (Skill) လက္ေတြ႕ အေတြ႕အႀကံဳ (Experience) အဂၤလိပ္ စာကြၽမ္းက်င္မႈ (English Proficiency) တို႔ေႀကာင့္ တန္ဖိုးခ်ဲ႕ထြင္ႏိုင္မႈ (Value Expansion) မ်ားလည္းျဖစ္ေပၚလာေစပါသည္။

ထုိ႔ေၾကာင့္ MCC မွ “ေရႊ” မ်ားဟု အမည္ကင္းပြန္းတပ္ျခင္း ျဖစ္ပါသည္။ B.Sc (Hons:) Business IT (ကြန္ပ်ဴတာသိပၸံဒီဂရီ) ဘြဲ႕ရမ်ားသည္ “ေရႊ”  ျဖစ္လာရျခင္း အေၾကာင္းကုိ အားလံုးသိရွိနားလည္ သေဘာေပါက္လိမ့္မည္ဟု ယံုၾကည္ပါတယ္။

MCC မှ “ရွှေ” များ

“ရွှေ” ဆိုသည်မှာ တန်ဖိုးအရှိဆုံးသော ဒြပ်စင်ဖြစ်ပါသည်။ အရောင်ပြောင်း လဲသွားခြင်း၊ မှေးမှိန်သွားခြင်း မရှိသကဲ့သို့ ပျက်စီးသွားခြင်းလည်းမရှိဘဲ ကာလရှည်ကြာစွာ တောက်ပဝါ၀င်းသော အရောင်အဆင်းဖြင့် တင့်တယ်သော ဂုဏ်သတ္တိရှိသောကြောင့် လူအများတန်ဖိုးထား ၀တ်ဆင်ရုံသာမက တန်ဖိုးမှာလည်း လျော့ကျမသွားဘဲ တည်ငြိမ်ရုံသာမက အမြဲတမ်းလည်း တန်ဖိုးတက်နေသဖြင့် စုဆောင်းသိုလှောင်ပြီး အမြတ်တနိုး သိမ်းဆည်းလေ့ရှိသော အဖိုးတန် ရတနာဖြစ်ပါသည်။ ထိုကဲ့သို့ အဖိုးထိုက်တန်လှသော “ရွှေ” ကို သာမာန်လွယ်လွယ်ကူကူ ကြိုက်သလောက် ထုတ်လုပ်၍မရ။ အထပ်ထပ်သန့်စင်ပြီး၊ ဓာတုဗေဒ နည်းလမ်းဖြင့် ခွဲခြားထုတ်ယူပြီးမှ အနည်းငယ်စီသာ ရရှိခြင်းဖြစ်ပါသည်။

MCC မှ “ရွှေ” များဟု အမည် နာမကင်းပွန်းတပ်ရခြင်းများလည်း MCC တွင် B.Sc (Hons:) Business IT (ကွန်ပျူတာသိပ္ပံဒီဂရီ) သင်တန်းတက်ရောက် အောင်မြင်သူများသည် “ရွှေ” ကဲ့သို့ပင် တန်ဖိုး ရှိလှသောကြောင့်ပင်ဖြစ်ပါသည်။ “ရွှေ” ကို လူတိုင်းလိုခြင်သကဲ့သို့ ပြည်တွင်းပြည်ပကုမ္ပဏီ အဖွဲ့အစည်းများမှလည်း အလုပ်ခန့်ထားရန် လိုခြင်ကြပါသည်။ “ရွှေ” ကဲ့သို့ အရောင်တဝင်းဝင်းဖြစ်နေသကဲ့သို့ MCC ကျောင်းထွက်များမှာလည်း အလုပ်ခွင်တွင် အောင်မြင်စွာ လုပ်ကိုင်နိုင်ကြပြီး ဂုဏ်သတင်းကျော်ဇောကြပါ သည်။ အဘယ့်ကြောင့်ဆိုသော် “ရွှေ” ကျင်သလို ကျင်ယူခဲ့ရသောကြောင့်ဖြစ်ပါသည်။ “ရွှေ” ကို ဓာတုဗေဒနည်းဖြင့် သန့်စင်ခဲ့ရသလို MCC ၏ (Supply Chain) ပုံစံ သင်ကြားနည်းဖြင့် လေ့ကျင်ခဲ့ရသောကြောင့် ဖြစ်ပါသည်။

B.Sc (Hons:) Business IT (ကွန်ပျူတာသိပ္ပံဒီဂရီ) ကို အင်္ဂလန်နိုင်ငံ University of Greenwich မှ ချီးမြှင့်ခြင်းဖြစ်ပါသည်။ ယင်းတက္ကသိုလ်မှ ပြဋ္ဌာန်းထားသော သင်ရိုး (Syllabus) အတိုင်းသင်ကြားရပြီး Assignment များ၊ Project များကိုလည်း ကျောင်းသူ၊ ကျောင်းသား တစ်ဦးခြင်းကိုယ်တိုင် ပြုစုကာ၊ က္ကသိုလ်သို့ ကိုယ်တိုင် (On Line) မှ တင်ရပါသည်။ အင်္ဂလန်နိုင်ငံ တက္ကသိုလ်မှ တိုက်ရိုက် မေးခွန်းထုတ်စစ်ဆေးသော စာမေးပွဲကိုလည်း တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် တစ်ပြိုင်တည်း ဖြေဆိုကြရပါသည်။ ယင်းကဲ့သို့ သင်ကြားသော စနစ်သည် ကျောင်းသူ ကျောင်းသားများ အားသက်ဆိုင်ရာဘာသာရပ်ကို တတ်သိနားလည် သော (Knowledge) ကို ရရှိသွားစေနိုင်ခြင်း ပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံပညာရေးစနစ် အရ ကျောင်းသူ၊ ကျောင်းသားများသည် မူလတန်းအဆင့်မှ တက္ကသိုလ်အဆင့်ရောက် သည်အထိ စာကိုအလွတ်ကျက်မှတ်ပြီး စာမေးပွဲကို ဖြေဆိုအောင်မြင်အောင် ကြိုးစားရသောကြောင့် မှတ်ဉာဏ်ဖြင့် မှတ်ထားရသော (Memorize) အလေ့အကျင့်သာ ရရှိခဲ့ပါသည်။ အသိပညာ (Knowledge) ပုံစံမျိုး မရရှိခဲ့ပါ။ အလွတ်ကျက် မှတ်ရခြင်းသည် အလွတ်ကျက် သလောက် သာမှတ်မိပြီး ယင်းထက်မပိုပါ။ အလွတ်ကို သာရေးပြတတ်ပြီး သဘောတရားကို အသုံးမချတတ်ပါ။ ပြီးလျှင် မေ့ပျောက်သွားတတ်ပါသည်။ စာမေးပွဲဖြေရန်အတွက်သာဖြစ်ပြီး သဘောတရားကို အသုံးချရန်အတွက် မဟုတ်ပါ။ အသိပညာ (Knowledge) ဟူသည် ပညာရပ်ကိုသိရှိနားလည်သဘော ပေါက်သွားခြင်းဖြစ်ပြီး အလွတ်ကျက်သကဲ့သို့ ကျက်သလောက်သာ မှတ်မိခြင်းမဟုတ်ဘဲ အတိုင်းအဆမရှိ တွေးတော ကြံဆနိုင်ပြီး အသုံးချတတ်ခြင်း (Apply) ဖြစ်ပါသည်။ ထို့ကြောင့် အသိပညာ (Knowledge) ရအောင် သင်ကြားပေးရခြင်းသည် အလွတ်ကျက်မှတ်စေခြင်း (Memorize) ကဲ့သို့ မလွယ်ကူ။ ကျောင်းသူ ကျောင်းသားများ ထင်သကဲ့သို့ အလွတ်ကျက်လိုက်လျှင် ပြီးနိုင်မည်မဟုတ်ပါ။ ပညာရပ်၏ သဘောတရားကို နားလည်အောင် ကြိုးစားကြရပါသည်။ ကျောင်းသူ၊ ကျောင်းသားများကိုယ်တိုင် နားလည်မှ ကိုယ်တိုင်ပညာရပ်ကို အသုံးချပြီး Assignment များ Project များ လုပ်နိုင်ပေမည်။ မြန်မာနိုင်ငံ၏ ကျောင်းများ၊ တက္ကသိုလ်များကဲ့သို့ နောက်ဆုံးစစ်သည့် စာမေးပွဲဖြင့် အအောင်အရှုံးကို ဆုံးဖြတ်ခြင်းမဟုတ်။ ကျောင်းသူ၊ ကျောင်းသားများ ၏ အသိပညာဖြင့်ပြုလုပ်ရသော Assignment များ၊ Project များဖြင့်လည်း အမှတ်ပေးပြီး ရေးဖြေဖြေဆိုရသော စာမေးပွဲတွင်လည်း ပြဋ္ဌာန်းစာအုပ်ပါစာများကို အလွတ်မေးခြင်းမဟုတ်ဘဲ အသုံးချတတ် မတတ် (Application) ကို မေးခြင်းဖြစ်ပါသည်။ ပြဋ္ဌာန်းစာအုပ်ပါအတိုင်း တစ်သွေမတိမ်းရေးလျှင် အမှတ်မရပါ။ (Plagiarism) ဟူသော စစ်ဆေးမှုကြောင့် စာမေးပွဲကျမည် ဖြစ်ပါသည်။ ကျောင်းသူ၊ ကျောင်းသားအခြင်းခြင်း ရေးသားပုံတူလျှင်လည်း ယင်းကျောင်းသူ၊ ကျောင်းသားများ စာမေးပွဲကျပါသည်။ အခြင်းခြင်းကူယူခြင်း၊ မသာမာမှုပုံစံဟု သတ်မှတ်ပါသည်။ ပြဋ္ဌာန်းစာအုပ်အတိုင်း တူမတူ၊ ကျောင်းသား အခြင်းခြင်း တူမတူကို ကွန်ပျူတာ Software ဖြင့် စစ်ဆေးသည့်အတွက် လိမ်ညာ၍မရပါ။ ထိုကဲ့သို့ အသိပညာ (Knowledge) ရအောင်သင်ကြားခြင်း၊ အသိပညာ (Knowledge) ဖြင့် စာမေးပွဲဖြေဆိုရ ခြင်းပုံစံ ဖြစ်သည့်အတွက် မြန်မာနိုင်ငံမှ ကျောင်းသူ၊ ကျောင်းသားများအတွက် ခက်သည်ဟု ဆိုနိုင်ပါသည်။ အမှန်တကယ်တွင် မခက်ပါ။ မြန်မာနိုင်ငံ၏ တက္ကသိုလ်ဝင် တန်းစာမေးပွဲအောင်မြင်ပြီးသူ ကျောင်းသူ၊ ကျောင်းသား ထောင်ပေါင်းများစွာ ဤခရီးလမ်းကို လျှောက်လှမ်းပြီးခဲ့သလို လက်ရှိအခြေအနေမှာလည်း MCC Institute များတွင် လျှောက်လှမ်းလျှက်ရှိပါသည်။

MCC Institute များမှ သင်ကြားပေးမှုအစီအစဉ်အတိုင်း ပုံမှန်သင်ယူ လေ့ကျင့်သွားရုံသာဖြစ်ပါသည်။ ကျူရှင်လဲ ယူရန်မလို။ ကျူရှင်လဲ ယူ၍မရပါ။ အဘယ့်ကြောင့်ဆိုသော် အသိပညာ (Knowledge) ရအောင်သင်ယူခြင်းဖြစ်ရာ စာမေး ပွဲဖြေဆိုနိုင်ရန် အလွတ်ကျက်မှတ်ရန်လေ့ ကျင့်သော ကျူရှင်ကြောင့် စာမေးပွဲမအောင်နိုင်ပါ။ ထို့ကြောင့် MCC Institute များသို့ ပထမနှစ် စတင်တက်ရောက်သော ကျောင်းသူ၊ ကျောင်းသားများ ပထမပိုင်းတွင် အခက်အခဲတွေ့ကြရပါသည်။ မြန်မာနိုင်ငံမှ စစ်ဆေးသော စာမေးပွဲပုံစံနှင့်မတူသောကြောင့်၊ သင်ကြားနည်းပုံစံမှာလည်း မတူသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတကာအဆင့်ပညာသင်ကြားရခြင်းဖြစ်၍ အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားသော သင်ခန်းစာများကို သင်ကြားရခြင်းဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင့်ပင် Assignment များ၊ Project များ ပြုလုပ်ရခြင်း၊ Presentation များ ပြုလုပ်ရခြင်းဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင့်ပင် စာမေးပွဲဖြေဆိုရ သောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ကောင်းမှန်မှန်မတက်ဘဲ စာမေးပွဲနီးမှ စာအလွတ် ကျက်ပြီးဖြေဆိုရန်အားထုတ်သော ကျောင်းသူ၊ ကျောင်းသားများ၊ ကျူရှင်ယူပြီး စာမေးပွဲ ဖြေရန်ပြုလုပ်သော ကျောင်းသူ၊ ကျောင်းသားများ စာမေးပွဲမအောင်မမြင် ဖြစ်ကြရပါသည်။ ထို့ကြောင့် ပထမနှစ်တွင် စာမေးပွဲအကျအရှုံးများ ပါသည်။ ကျောင်းမှသင်ကြားပေးမှုကိုခံယူပြီး ကျောင်းမှန်မှန်တက်သော ကျောင်းသူ၊ ကျောင်းသားများ စာမေးပွဲအောင်ပါသည်။ ကျောင်းသင်ကြားမှုပုံစံကို မလိုက်နာသော ကျောင်းသား၊ ကျောင်းသူများသာ စာမေးပွဲမအောင်ခြင်း ဖြစ်ပါသည်။ ပထမနှစ်ပြီး၍ ဒုတိယနှစ်သို့ ရောက်ရှိလာသောအခါ ကျောင်းသူ၊ ကျောင်းသားများ အတော်အတန် ရင့်ကျက်လာပြီး နိုင်ငံတကာပညာသင်ကြားရေးပုံစံနှင့် အသားကျ လာပါသည်။သို့သော် ဘွဲ့ယူရမည့် နောက်ဆုံးနှစ်သို့ တတ်ရမည့်အကြိုသင်တန်းဖြစ်သည် အတွက် ဘာသာရပ်များ ပိုမိုနက်နဲလာကာ Arrangement နှင့် Project များတွင်လည်း အဆင့်မြင့် လာပါသည်။ ထို့ကြောင့် ကျောင်းသူ၊ ကျောင်းသားများ အားသွန်ကြိုးပမ်းရမည် ဖြစ်ပါသည်။ အရှိန်ယူနေဆဲကာလဖြစ်၍ အရှိန်လျော့လိုက်ပါ၍မရ။ အရှိန်လျော့လိုက်ပါက စာမေးပွဲကျသွားနိုင်ပါသည်။ အရှိန်လျော့လိုက်သော ကျောင်းသူ၊ ကျောင်းသားအဖို့ စာမေးပွဲကျနိုင်ပါသည်။ ဒုတိယနှစ်အောင်ပြီး တတိယနှစ်(နောက်ဆုံးနှစ်)သို့ ရောက်သော အချိန်တွင် ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်ရင့်ကျပ်လာပြီး၊ အရှိန်ရသွားပြီဖြစ်ပါသည်။ အားလုံးလည်း တက်စုံလက်စုံ သွားနိုင်သော အသိပညာ (Knowledge) ရပြီဖြစ်၍ ကျောင်းသား၊ ကျောင်းသူများ မိမိကိုယ်ကိုမိမိ ယုံကြည်စွာဖြင့် တည်ငြိမ်စွာ ပညာဆက်လက် သင်ကြားပါတော့သည်။ တတိယနှစ်နောက်ဆုံး စာမေးပွဲကို ရာနှုန်းပြည့်နီးပါး အောင်မြင်နိုင်ကြပြီး၊ ရာနှုန်းပြည့်နီးပါး အောင်မြင်စွာဖြေဆိုးနိုင်ကြပြီး၊ ရာနှုန်းနီးပါး အောင်မြင်ကြပါသည်။ ဤကဲ့သို့ ပြုစုပျိုးထောင်ပြီး အသိပညာ (Knowledge) ရရှိစေသော စာမေးပွဲအောင်မြင်ပြီး နိုင်ငံတကာအဆင့် ကွန်ပျူတာသိပ္ပံဒီဂရီကို ရရှိလာသောကြောင့် “ရွှေ” များဟု အမည်ကင်ပွန်တတ်ရ ခြင်းဖြစ်ပါသည်။ “ရွှေ” ကျင်သလိုကျင်ပြီး “ရွှေ” ကို သန့်စင်သကဲ့သို့ လေ့ကျင့်ပျိုးထောင် ယူခဲ့ရသောကြောင့် ဖြစ်သည်။

အင်္ဂလန်နိုင်ငံ University of Greenwich မှချီးမြှင့်သည့် B.Sc (Hons:) Business IT (ကွန်ပျူတာသိပ္ပံဒီဂရီ) ရရှိသည့် ကျောင်းသား၊ ကျောင်းသူများအတွက် “ရွှေ” သားပါ၀င်မှုပိုမိုလာစေရန် ရွှေရောင်တဝင်းဝင်းဖြစ်ရန် တပ်မံ အားဖြည့်ပေးသော သင်ကြားနည်း ပုံးစံများ MCC ၏ (Supply Chain) ပုံစံသင်ကြားနည်းဖြစ်ပါသည်။ ဘွဲ့သင်တန်း (Academic) အတွက်သင်ရိုးအပြင်၊ ကျွမ်းကျင်မှုအတွက် (Skill Certification) လက်တွေ့ အလုပ်အတွေ့အကြုံအတွက် OJT (On-Job-Training) နှင့် အင်္ဂလိပ်စာ အရေအသွေးတိုးတတ်ရေး (English Proficiency) အားဖြည့် သင်ကြားပေးခြင်းတို့ပင် ဖြစ်ပါသည်။

အသိပညာ (Knowledge) ရရှိရန် အတွက် ကျွမ်းကျင်မှု (Skill) နှင့်တစ်ပြိုင်နက် ရရှိစေရန် Microsoft မှပြုလုပ်သော Microsoft အသိအမှတ်ပြု ကျွမ်းကျင်မှု (Microsoft Certification) များကိုလည်း တစ်ပြိုင်နက်တည်း ဖြေဆိုနိုင်ရန် သင်ကြားပေးပါသည်။ ဘက်စုံတတ်မြောက်စေရန်၊ လက်တွေ့အတွေ့အကြုံ ရရန် OJT (On-Job-Training) အချိန်များ စီစဉ်သတ်မှတ်ပြီး လေ့ကျင့်သင်ကြားပေး၍ တတိယနှစ်တွင် အချိန်ပိုင်းအလုပ်ကိုပါ ခန့်ထားပြီး တစ်ပတ်နှစ်ရက် လုပ်ကိုင်စေပါသည်။ နိုင်ငံတကာ ပညာကို အင်္ဂလိပ်လိုဖြေဆိုရမည်ဖြစ်၍ အင်္ဂလိပ်စာ ကျွမ်းကျင်ပိုင်နိုင်စေရန် အင်္ဂလိပ်ဘာသာကို သီးသန့် ထပ်ဆင့်သင်ကြားပေးပါသည်။ တတိယနှစ်၊ နောက်ဆုံးနှစ်စာမေးပွဲ အောင်မြင်ပြီး ဘွဲ့ရ ကျောင်းသူ၊ ကျောင်းသားတို့၏ အင်္ဂလိပ်စာကျွမ်း ကျင်မှုကို IELTS (5.5)  အဆင့်အနည်းဆုံးရရှိစေရန် ရည်မှန်း သင်ကြားပေးခြင်း ဖြစ်ပါသည်။ ထို့ကြောင့် MCC ကို “ရွှေ” ဖြစ်မည့် ကျောင်းသူ၊ ကျောင်းသားများ၏ “ရွှေ” အဆင့်ဖြစ်ရန် (Supply Chain) ပုံစံ ဘက်စုံတစ်ပြိုင်တည်း လေ့ကျင့်သင်ကြား ပေးခြင်းဖြစ်ပါသည်။ ဘွဲ့ရပြီးလျှင် အလုပ်အတွေ့ အကြုံရရှိရန် JSE (Junior Software Engineering) အဖြစ် အလုပ်သင်ခန့် အပ်ပေးခြင်းဖြင့် ပိုမိုပြည့်စုံသွားစေပါတော့သည်။ MCC ၏သင်ကြားမှုပုံစံကို “ရွှေ” တန်ဖိုး တိုးစေမည့် (Value Chain) ပုံစံအသွင်လည်း မြင်နိုင်ပါသည်။ ကျောင်းသူကျောင်းသားများသည် တစ်နှစ်ပြီးတစ်နှစ် အသိပညာနှင့် ကျွမ်းကျင်မှု တိုးပွားလာသဖြင့် ထပ်ဆင့်တန်ဖိုးများ (Value Add) တက်နေသကဲ့သို့ ကျွမ်းကျင်မှု (Skill) လက်တွေ့ အတွေ့အကြုံ (Experience) အင်္ဂလိပ် စာကျွမ်းကျင်မှု (English Proficiency) တို့ကြောင့် တန်ဖိုးချဲ့ထွင်နိုင်မှု (Value Expansion) များလည်းဖြစ်ပေါ်လာစေပါသည်။


ထို့ကြောင့် MCC မှ “ရွှေ” များဟု အမည်ကင်းပွန်းတပ်ခြင်း ဖြစ်ပါသည်။ B.Sc (Hons:) Business IT (ကွန်ပျူတာသိပ္ပံဒီဂရီ) ဘွဲ့ရများသည် “ရွှေ”  ဖြစ်လာရခြင်း အကြောင်းကို အားလုံးသိရှိနားလည် သဘောပေါက်လိမ့်မည်ဟု ယုံကြည်ပါတယ်။