Thursday, September 8, 2016

MCC မွ သူေ႒းေလာင္းမ်ား

MCC မွ သူေ႒းေလာင္းမ်ား

၂၁ ရာစုေခတ္တြင္ သူေ႒းမ်ား အလြန္မ်ားလာပါသည္။ သူေ႒းမ်ားလာသည္သာမက ဓနဥစၥာ ၾကြယ္၀မႈမ်ားမွာလည္း အဆမတန္ျဖစ္လာပါသည္။ ယခင္ရာစုႏွစ္မ်ားတြင္ အေမရိကန္ႏွင့္ ဥေရာပတုိ႔တြင္သာ ကမၻာ့ခ်မ္းသာ ၾကြယ္၀သူမ်ားရွိခဲ့ၿပီး ယခုအခါတြင္မူ အာရွ၊ အာဖရိကႏွင့္ လက္တင္အေမရိကတုိ႔တြင္ ခ်မ္းသာၾကြယ္၀ သူမ်ားရွိလာရာ အာရွေဒသတြင္ အမ်ားဆံုးျဖစ္ပါသည္။ ကမၻာ့ခ်မ္းသာသူမ်ားအတြက္ အထူးသီးသန္႔ထုတ္ေ၀ေသာ Forbes မဂၢဇင္းဟူ၍ရွိရာ ယခုအခါတြင္ အာရွ ခ်မ္းသာသူမ်ားအတြက္ Forbes Asia ဟူ၍ သီးျခားထုတ္ေ၀ရသည္အထိ ျဖစ္လာခဲ့ပါသည္။ ခ်မ္းသာလာၾကရာတြင္လည္း ယခင္ကကဲ့သုိ႔ လူႀကီးမ်ားသာမဟုတ္ေတာ့ဘဲ လူလတ္ပိုင္းႏွင့္ အထူးသျဖင့္ လူငယ္ပုိင္းခ်မ္းသာသူအေရအတြက္ တုိးပြားလာခဲ့သလုိ ခ်မ္းသာရာတြင္လည္း မိဘလုပ္ငုတ္လုပ္ရင္းရွိေသာ လုပ္ငန္းမ်ားကုိဆက္လက္လုပ္ကုိင္ရင္း ခ်မ္းသာမႈမ်ိဳးထက္ အေျခခံလံုး၀မရွိဘဲ တီထြင္ႀကံဆႏုိင္မႈေၾကာင့္၊ အထူးသျဖင့္ အသိပညာ (Knowledge) ႏွင့္နည္းပညာ (Technology) ေၾကာင့္ ခ်မ္းသာသူမ်ား ေပၚေပါက္လာခဲ့ျခင္းျဖစ္ပါသည္။

ကမၻာ့အခ်မ္းသာဆံုး ပုဂၢိဳလ္အျဖစ္နည္းပညာကုမၸဏီျဖစ္ေသာ Microsoft  တည္ေထာင္သူ Bill Gate မွ ေနရာယူထားသကဲ့သုိ႔ ကမၻာ့အခ်မ္းသာဆံုးပုဂၢိဳလ္ (၁၀) ဦးတြင္လည္း နည္းပညာကုမၸဏီမ်ားျဖစ္ေသာ Apple, Facebook, Google, Amazon.com စသည္တုိ႔ကုိ တည္ေထာင္သူမ်ားျဖစ္ေသာ Steve Job (ကြယ္လြန္)၊ Mark Zuckerberg Larry Page, Sergey Brin, Jeff Bezos တုိ႔မွ ေနရာယူေတာ့ပါသည္။ အာရွ၏အခ်မ္းသာဆံုးပုဂၢိဳလ္မ်ားတြင္ Alibaba.com တည္ေထာင္သူ Jack Ma, Soft Bank တည္ေထာင္သူ Massayoshi Son ၊ China Internet Services တည္ေထာင္သူ Robin Li ၊ China Online Game တည္ထြင္သူ Willian Ding စသည္တုိ႔ ပါ၀င္ပါသည္။ ၎င္းတုိ႔၏ ခ်မ္းသာမႈမ်ားကုိ ေဒၚလာဘီလီယံျဖင့္သာ တုိင္းတာရေသာ ခ်မ္းသာၾကြယ္၀မႈပမာဏ ျဖစ္ပါသည္။ အရင္းအႏွီးမရွိ၊ မိဘမ်ိဳး႐ိုးမရွိဘဲ အျမန္ဆံုး ခ်မ္းသာလာၾကသူမ်ားမွာ (၂၁) ရာစုႏွစ္လူငယ္လူရြယ္မ်ားျဖစ္ၾကၿပီး လူငယ္ဘီလီယံနာမ်ားကုိ အေရအတြက္မ်ားျပားစြာ ေတြ႕ေနၾကရၿပီလည္း ျဖစ္ပါသည္။

ထုိ႔ေၾကာင့္ (၂၁) ရာစုႏွစ္ လူငယ္လူရြယ္မ်ား၏ အိမ္မက္သည္ ယခင္ကကဲ့သုိ႔ ဆရာ၀န္ႀကီးျဖစ္ရန္၊ အင္ဂ်င္နီယာႀကီးျဖစ္ရန္ စေသာ သမား႐ိုးက် ရည္မွန္းခ်က္မ်ားမဟုတ္ေတာ့ဘဲ သူေ႒းျဖစ္ရန္၊ အထူးသျဖင့္ ျမန္ျမန္သူေ႒းျဖစ္ရန္ (Get-Rich-Quick) ပင္ျဖစ္ပါသည္။ မ်က္ေစ့ေရွ႕တြင္ပင္ သူလုိကုိယ္လုိလူမ်ား နည္းပညာ တီထြင္ႀကံဆရင္း သူေ႒းျဖစ္သြားၾကသည္ကုိ ျမင္ၾကရေသာေၾကာင့္ အိပ္မက္မက္ေနၾကျခင္းျဖစ္ပါသည္။ ယခင္က နည္းပညာ တီထြင္ႀကံဆရန္ ပစၥည္းကိရိယာ၊ အရင္းအႏွီးမ်ားစြာ လုိအပ္ေသာ္လည္း၊ ယခုအခါတြင္ အခမဲ့သံုးႏုိင္ေသာ အင္တာနက္ႏွင့္ လူတုိင္းကုိင္ႏုိင္ေသာ Mobile Phone တုိ႔ အသံုးျပဳ၍ ဘီလီယံေဒၚလာ တန္ေသာ Mobile App (မုိဘုိင္းဖံုးအသံုးျပဳစနစ္မ်ား) ကုိ တီထြင္လာႏုိင္ၾကရာ လူငယ္လူရြယ္ အမ်ားအျပား စိတ္၀င္းတစားျဖင့္ Mobile App မ်ား တီထြင္ႀကံဆလ်က္ ရွိၾကပါသည္။ အေမရိကန္ႏုိင္ငံတြင္မွမဟုတ္ဘဲ ကမၻာေပၚရွိ မည္သည့္ေဒသမွ မည္သူမဆုိ တူညီေသာ အခြင့္အလမ္းျဖင့္ တီထြင္ႀကံဆရင္း စိတ္ကူးယဥ္ႏုိင္ ေသာ အေျခအေနမ်ိဳး ျဖစ္လာပါေတာ့သည္။

ထုိ႔ေၾကာင့္ (၂၁) ရာစုႏွစ္ မ်ိဳးဆက္သစ္မ်ားကုိ “Digital Native” ဟု ေခၚပါသည္။ တစ္နည္းအားျဖင့္ ဒီဂ်စ္တယ္လူသားမ်ားျဖစ္ပါသည္။ သူတုိ႔သည္ အင္တာနက္ႏွင့္ Smart Phone မ်ားျဖင့္ ႀကီးျပင္းလာေသာေၾကာင့္ ျဖစ္ပါသည္။ ထုိ႔ေၾကာင့္ စဥ္းစားေတြးေခၚ၊ ေနထုိင္၊ စားေသာက္မႈပံုစံလည္း မ်ားစြာ ေျပာင္းလဲသြားၿပီ ျဖစ္ပါသည္။ ဆန္းသစ္ေသာအေတြးအေခၚမ်ားျဖင့္ အရာရာကုိ ျပဳျပင္ေျပာင္းလဲလာၾကပါသည္။ ယင္းစိတ္ကူးစိတ္သန္းမ်ားျဖင့္ ဖန္တီးရင္း မထင္မွတ္ဘဲ ခ်မ္းသာလာၾကပါသည္။ ယခင္က အေနာက္ႏုိင္ငံမ်ားမွ လူငယ္လူရြယ္မ်ား၏ ကံၾကမၼာ ဖန္တီးႏုိင္မႈ (Fortune) ျဖစ္ခဲ့ေသာ္လည္း ယခုအခါ တစ္ကမၻာလံုးရွိ လူငယ္လူရြယ္မ်ားအတြက္ အကန္႔အသတ္မရွိေသာ အခြင့္အလမ္းျဖစ္ပါသည္။ ဒီဂ်စ္တယ္နည္းျဖင့္ စီးပြားျဖစ္ရန္ ႀကိဳးပမ္းလာၾကရာ၌ လုပ္ငန္းပံုစံအသစ္ကုိ လုပ္ငန္းငယ္ကေလးမ်ား (Start-Up) အသြင္ျဖင့္စတင္ေလ့ရွိပါသည္။ ေက်ာင္းတက္ေနေသာ ေက်ာင္းသူ၊ ေက်ာင္းသားအျခင္းျခင္း ဘြဲ႕ရၿပီး သူငယ္ခ်င္းမ်ား စုေပါင္း၍ တည္ေထာင္ၾကျခင္းျဖစ္ၿပီး မည္သည့္ အရင္းအႏွီးမွလည္းမရွိ၊ ေနရာထုိင္ခင္းလည္းမရွိ၊ မိမိတုိ႔၏ Notebook ကြန္ပ်ဴတာ၊ မိမိတုိ႔၏ Smart Phone သာရွိၿပီး အင္တာနက္အသံုးျပဳႏုိင္ေသာ အခြင့္အလမ္းျဖင့္ လုပ္ငန္းစတင္ၾကေလ့ရွိပါသည္။ သုိ႔ေသာ္ စိတ္ကူးထဲတြင္မူ Facebook တည္ေထာင္သူ Mark Zuckerberg ၊ Google တည္ေထာင္သူ Larry Page, Sergey Brin ၊ Amazone.com  တည္ေထာင္သူ Jeff Bezos ၊ Alibaba.com တည္ေထာင္သူ Jack Ma တုိ႔ကုိသာ ျမင္ေနၿပီး သူတုိ႔လုိျဖစ္ရန္ စိတ္ကူးယဥ္ ယဥ္ေနျပီ ျဖစ္ပါသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ယေန႔ေဒၚလာ ဘီလီယံမ်ားစြာ ခ်မ္းသာၾကယ္၀ သြားေသာ ယင္းပုဂိၢဳလ္မ်ား၏ အစသည္လည္း ဘ၀တူပံုစံမ်ိဳးျဖင့္ စခဲ့ၾကရေသာ ေၾကာင့္ျဖစ္ပါသည္။

ယင္းကဲ့သို႔ နည္းပညာလုပ္ငန္းမ်ား (Start-Up) မ်ားအတြက္ အင္အားတစ္ခုမွာ Venture Capital ဟူေသာ အတိုးေပးရန္မလို အေၾကြးျပန္ဆပ္ရန္မလိုေသာ ရင္းႏွီးျမႇပ္ႏွံသူမ်ား၏ စြန္႔စားရင္းႏွီးျမႇပ္ႏွံမႈမ်ားပင္ ျဖစ္ပါသည္။ အားမရွိေသာ နည္းပညာ လုပ္ငန္းငယ္မ်ား အတြက္ အားေဆးပင္ျဖစ္ပါသည္။ အလားအလာ ရွိလွ်င္ရွိသေလာက္ လုပ္ငန္းအတြက္လိုအပ္ေသာ အရင္းအႏွီးမ်ားကို ရရွိႏိုင္ျခင္း ျဖစ္ပါသည္။ မိမိလုပ္ငန္း ေအာင္ျမင္ေသာအခါတြင္မွသာ ပိုင္ဆိုင္မႈအခ်ိဳးအစားတစ္ခုကို ေပးရံုသာျဖစ္ပါသည္။ ဤနည္းအားျဖင့္ ကမၻာေပၚတြင္ နည္းပညာလုပ္ငန္းငယ္မ်ား (Start-Up) အျပိဳင္အဆိုင္ျဖင့္ ေပၚေပါက္လုပ္ေဆာင္လွ်က္ရွိေနျပီ ျဖစ္ပါသည္။ ယင္းတို႔သည္ “ သူေ႒းေလာင္း ” မ်ားပင္ျဖစ္ပါသည္။

ယင္းကဲ့သို႔အေျခအေနမ်ိဳးသည္လည္း ျမန္မာႏိုင္ငံတြင္ စတင္ျဖစ္ေပၚလွ်က္ရွိပါသည္။ ျမန္မာႏိုင္ငံရွိ လူငယ္လူရြယ္မ်ားမွာ လည္း ဒီဂ်စ္တယ္လူသားမ်ား(Digital Natives) အသြင္ျဖစ္လာေနျပီး တစ္သက္လံုးမစြန္႔စားဖူးေသာ နည္းပညာႏွင့္ ခ်မ္းသာၾကယ္၀မႈအတြက္ နည္းလမ္းရွာေဖြေနႀကျပီ ျဖစ္ပါသည္။ ျမန္မာႏိုင္ငံသည္ အရာရာတြင္ ေခတ္ေနာက္က်လွ်က္ရွိေသာ္လည္း ႏိုင္ငံေရး၊ စီးပြားေရး၊ ျပဳျပင္ေျပာင္းလဲမႈမ်ားေႀကာင့္ ဆက္သြယ္ေရးကဏၭတြင္ လြတ္လပ္ခြင့္ေပးလိုက္ရာမွ ႏိုင္ငံျခားဆက္သြယ္ေရး ကုမၸဏီႀကီမ်ားပါေရာက္ရွိႀကျပီး ျမန္မာႏိုင္ငံတြင္ Mobile Phone မ်ားကိုလူတိုင္းကိုင္ႏိုင္သည့္ အေျခအေနမ်ိဳးသို႔ေရာက္ရွိပါခဲ့သည္။ Mobile Phone အသံုးျပဳရာတြင္လည္း အမ်ားစုမွာ Smart Phone မ်ားပင္ျဖစ္သည္။ ယခုအခါ Telecom Operator ကုမၸဏီမွေရာင္းခ်ေသာ Sim Card အရအတြက္မွာ သန္း(၄၀)ေက်ာ္သြား ျပီျဖစ္ပါသည္။ ယင္းအေျခအေနတြင္ Mobile App တီထြင္သူမ်ားအတြက္ႀကီးမားေသာ ေစ်းကြက္ႀကီးပင္ျဖစ္ပါသည္။ Mobile App မ်ားကိုေရာင္းျပီး “သူေ႒း” ျဖစ္ရန္ စိတ္ကူးယဥ္ႏုိင္ ျပီျဖစ္ပါသည္။

MCC မွေက်ာင္းသူ၊ ေက်ာင္းသားမ်ားကို မိမိတုိ႔ကိုယ္တိုင္ တီထြင္ၾကံဆျပီး Mobile App မ်ားတီထြင္ ထုတ္လုပ္ကာ ၾကြယ္၀လာေစရန္ ေလ့က်င့္ေပးလ်က္ရွိပါသည္။ (၂၀၁၆) ခုႏွစ္ ပညာသင္ႏွစ္တြင္ MCC Institute မ်ား၌ တတိယႏွစ္သင္တန္းမ်ားတြင္ ပညာသင္ၾကားလွ်က္ရွိေသာ ေက်ာင္းသူ၊ ေက်ာင္းသားေပါင္း (၂၀၀) ခန္႔ရွိပါသည္။ ယင္းတို႔အား (Campus) အလိုက္ Mobile App မ်ား တီထြင္ၾကံဆမႈ Project Persentation မ်ား ျပဳလုပ္ေစခဲ့ရာ Home Help, Home Service, Online Shopping, Food Delivery, Cinema Booking, Trip Management, B2B e-commerce, Online Auction, Dating, Health Care စေသာ စိတ္၀င္စားဖြယ္ရာ စိတ္ကူးစိတ္သန္းမ်ားျဖင့္ ႀကိဳးစားလ်က္ သူေ႒းျဖစ္ႏိုင္ေသာ လမ္းစမ်ားေတြ႕ရွိကိုေတြ႕ရွိေနၾကျပီ ျဖစ္ပါသည္။

အလားအလာရွိေသာ Mobile App မ်ား အတြက္အရင္းအႏွီးေပးရန္ MCC Capital ကုိလည္း အသင့္တည္ေထာင္ျပီးျဖစ္ရာ MCC မွ “သူေ႒းေလာင္းမ်ား” စိတ္ကူးယဥ္ႏုိင္ ျပီျဖစ္ပါသည္။

(Unicode Version)

MCC မှ သူဋ္ဌေးလောင်းများ

၂၁ ရာစုခေတ်တွင် သူဋ္ဌေးများ အလွန်များလာပါသည်။ သူဋ္ဌေးများလာသည်သာမက ဓနဥစ္စာ ကြွယ်ဝမှုများမှာလည်း အဆမတန်ဖြစ်လာပါသည်။ ယခင်ရာစုနှစ်များတွင် အမေရိကန်နှင့် ဥရောပတို့တွင်သာ ကမ္ဘာ့ချမ်းသာ ကြွယ်ဝသူများရှိခဲ့ပြီး ယခုအခါတွင်မူ အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကတို့တွင် ချမ်းသာကြွယ်ဝ သူများရှိလာရာ အာရှဒေသတွင် အများဆုံးဖြစ်ပါသည်။ ကမ္ဘာ့ချမ်းသာသူများအတွက် အထူးသီးသန့်ထုတ်ဝေသော Forbes မဂ္ဂဇင်းဟူ၍ရှိရာ ယခုအခါတွင် အာရှ ချမ်းသာသူများအတွက် Forbes Asia ဟူ၍ သီးခြားထုတ်ဝေရသည်အထိ ဖြစ်လာခဲ့ပါသည်။ ချမ်းသာလာကြရာတွင်လည်း ယခင်ကကဲ့သို့ လူကြီးများသာမဟုတ်တော့ဘဲ လူလတ်ပိုင်းနှင့် အထူးသဖြင့် လူငယ်ပိုင်းချမ်းသာသူအရေအတွက် တိုးပွားလာခဲ့သလို ချမ်းသာရာတွင်လည်း မိဘလုပ်ငုတ်လုပ်ရင်းရှိသော လုပ်ငန်းများကိုဆက်လက်လုပ်ကိုင်ရင်း ချမ်းသာမှုမျိုးထက် အခြေခံလုံးဝမရှိဘဲ တီထွင်ကြံဆနိုင်မှုကြောင့်၊ အထူးသဖြင့် အသိပညာ (Knowledge) နှင့်နည်းပညာ (Technology) ကြောင့် ချမ်းသာသူများ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါသည်။

ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ်နည်းပညာကုမ္ပဏီဖြစ်သော Microsoft  တည်ထောင်သူ Bill Gate မှ နေရာယူထားသကဲ့သို့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် (၁၀) ဦးတွင်လည်း နည်းပညာကုမ္ပဏီများဖြစ်သော Apple, Facebook, Google, Amazon.com စသည်တို့ကို တည်ထောင်သူများဖြစ်သော Steve Job (ကွယ်လွန်)၊ Mark Zuckerberg Larry Page, Sergey Brin, Jeff Bezos တို့မှ နေရာယူတော့ပါသည်။ အာရှ၏အချမ်းသာဆုံးပုဂ္ဂိုလ်များတွင် Alibaba.com တည်ထောင်သူ Jack Ma, Soft Bank တည်ထောင်သူ Massayoshi Son ၊ China Internet Services တည်ထောင်သူ Robin Li ၊ China Online Game တည်ထွင်သူ Willian Ding စသည်တို့ ပါ၀င်ပါသည်။ ၎င်းင်းတို့၏ ချမ်းသာမှုများကို ဒေါ်လာဘီလီယံဖြင့်သာ တိုင်းတာရသော ချမ်းသာကြွယ်ဝမှုပမာဏ ဖြစ်ပါသည်။ အရင်းအနှီးမရှိ၊ မိဘမျိုးရိုးမရှိဘဲ အမြန်ဆုံး ချမ်းသာလာကြသူများမှာ (၂၁) ရာစုနှစ်လူငယ်လူရွယ်များဖြစ်ကြပြီး လူငယ်ဘီလီယံနာများကို အရေအတွက်များပြားစွာ တွေ့နေကြရပြီလည်း ဖြစ်ပါသည်။

ထို့ကြောင့် (၂၁) ရာစုနှစ် လူငယ်လူရွယ်များ၏ အိမ်မက်သည် ယခင်ကကဲ့သို့ ဆရာဝန်ကြီးဖြစ်ရန်၊ အင်ဂျင်နီယာကြီးဖြစ်ရန် စသော သမားရိုးကျ ရည်မှန်းချက်များမဟုတ်တော့ဘဲ သူဋ္ဌေးဖြစ်ရန်၊ အထူးသဖြင့် မြန်မြန်သူဋ္ဌေးဖြစ်ရန် (Get-Rich-Quick) ပင်ဖြစ်ပါသည်။ မျက်စေ့ရှေ့တွင်ပင် သူလိုကိုယ်လိုလူများ နည်းပညာ တီထွင်ကြံဆရင်း သူဋ္ဌေးဖြစ်သွားကြသည်ကို မြင်ကြရသောကြောင့် အိပ်မက်မက်နေကြခြင်းဖြစ်ပါသည်။ ယခင်က နည်းပညာ တီထွင်ကြံဆရန် ပစ္စည်းကိရိယာ၊ အရင်းအနှီးများစွာ လိုအပ်သော်လည်း၊ ယခုအခါတွင် အခမဲ့သုံးနိုင်သော အင်တာနက်နှင့် လူတိုင်းကိုင်နိုင်သော Mobile Phone တို့ အသုံးပြု၍ ဘီလီယံဒေါ်လာ တန်သော Mobile App (မိုဘိုင်းဖုံးအသုံးပြုစနစ်များ) ကို တီထွင်လာနိုင်ကြရာ လူငယ်လူရွယ် အများအပြား စိတ်ဝင်းတစားဖြင့် Mobile App များ တီထွင်ကြံဆလျက် ရှိကြပါသည်။ အမေရိကန်နိုင်ငံတွင်မှမဟုတ်ဘဲ ကမ္ဘာပေါ်ရှိ မည်သည့်ဒေသမှ မည်သူမဆို တူညီသော အခွင့်အလမ်းဖြင့် တီထွင်ကြံဆရင်း စိတ်ကူးယဉ်နိုင်သော အခြေအနေမျိုး ဖြစ်လာပါတော့သည်။

ထို့ကြောင့် (၂၁) ရာစုနှစ် မျိုးဆက်သစ်များကို “Digital Native” ဟု ခေါ်ပါသည်။ တစ်နည်းအားဖြင့် ဒီဂျစ်တယ်လူသားများဖြစ်ပါသည်။ သူတို့သည် အင်တာနက်နှင့် Smart Phone များဖြင့် ကြီးပြင်းလာသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် စဉ်းစားတွေးခေါ်၊ နေထိုင်၊ စားသောက်မှုပုံစံလည်း များစွာ ပြောင်းလဲသွားပြီ ဖြစ်ပါသည်။ ဆန်းသစ်သောအတွေးအခေါ်များဖြင့် အရာရာကို ပြုပြင်ပြောင်းလဲလာကြပါသည်။ ယင်းစိတ်ကူးစိတ်သန်းများဖြင့် ဖန်တီးရင်း မထင်မှတ်ဘဲ ချမ်းသာလာကြပါသည်။ ယခင်က အနောက်နိုင်ငံများမှ လူငယ်လူရွယ်များ၏ ကံကြမ္မာ ဖန်တီးနိုင်မှု (Fortune) ဖြစ်ခဲ့သော်လည်း ယခုအခါ တစ်ကမ္ဘာလုံးရှိ လူငယ်လူရွယ်များအတွက် အကန့်အသတ်မရှိသော အခွင့်အလမ်းဖြစ်ပါသည်။ ဒီဂျစ်တယ်နည်းဖြင့် စီးပွားဖြစ်ရန် ကြိုးပမ်းလာကြရာ၌ လုပ်ငန်းပုံစံအသစ်ကို လုပ်ငန်းငယ်ကလေးများ (Start-Up) အသွင်ဖြင့် စတင်လေ့ရှိပါသည်။ ကျောင်းတက်နေသော ကျောင်းသူ၊ ကျောင်းသားအခြင်းခြင်း ဘွဲ့ရပြီး သူငယ်ချင်းများ စုပေါင်း၍ တည်ထောင်ကြခြင်းဖြစ်ပြီး မည်သည့်အရင်းအနှီးမှလည်းမရှိ၊ နေရာထိုင်ခင်းလည်းမရှိ၊ မိမိတို့၏ Notebook ကွန်ပျူတာ၊ မိမိတို့၏ Smart Phone သာရှိပြီး အင်တာနက်အသုံးပြုနိုင်သော အခွင့်အလမ်းဖြင့် လုပ်ငန်းစတင်ကြလေ့ရှိပါသည်။ သို့သော် စိတ်ကူးထဲတွင်မူ Facebook တည်ထောင်သူ Mark Zuckerberg ၊ Google တည်ထောင်သူ Larry Page, Sergey Brin ၊ Amazone.com  တည်ထောင်သူ Jeff Bezos ၊ Alibaba.com တည်ထောင်သူ Jack Ma တို့ကိုသာ မြင်နေပြီး သူတို့လိုဖြစ်ရန် စိတ်ကူးယဉ် ယဉ်နေပြီ ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ယနေ့ဒေါ်လာ ဘီလီယံများစွာ ချမ်းသာကြယ်ဝ သွားသော ယင်းပုဂ္ဂိုလ်များ၏ အစသည်လည်း ဘဝတူပုံစံမျိုးဖြင့် စခဲ့ကြရသော ကြောင့်ဖြစ်ပါသည်။

ယင်းကဲ့သို့ နည်းပညာလုပ်ငန်းများ (Start-Up) များအတွက် အင်အားတစ်ခုမှာ Venture Capital ဟူသော အတိုးပေးရန်မလို အကြွေးပြန်ဆပ်ရန်မလိုသော ရင်းနှီးမြှပ်နှံသူများ၏ စွန့်စားရင်းနှီးမြှပ်နှံမှုများပင် ဖြစ်ပါသည်။ အားမရှိသော နည်းပညာ လုပ်ငန်းငယ်များ အတွက် အားဆေးပင်ဖြစ်ပါသည်။ အလားအလာ ရှိလျှင်ရှိသလောက် လုပ်ငန်းအတွက်လိုအပ်သော အရင်းအနှီးများကို ရရှိနိုင်ခြင်း ဖြစ်ပါသည်။ မိမိလုပ်ငန်း အောင်မြင်သော အခါတွင်မှသာ ပိုင်ဆိုင်မှုအချိုးအစားတစ်ခုကို ပေးရုံသာဖြစ်ပါသည်။ ဤနည်းအားဖြင့် ကမ္ဘာပေါ်တွင် နည်းပညာ လုပ်ငန်းငယ်များ (Start-Up) အပြိုင်အဆိုင်ဖြင့် ပေါ်ပေါက်လုပ်ဆောင်လျှက်ရှိနေပြီ ဖြစ်ပါသည်။ ယင်းတို့သည် “ သူဋ္ဌေးလောင်း ” များပင်ဖြစ်ပါသည်။

ယင်းကဲ့သို့အခြေအနေမျိုးသည်လည်း မြန်မာနိုင်ငံတွင် စတင်ဖြစ်ပေါ်လျှက်ရှိပါသည်။ မြန်မာနိုင်ငံရှိ လူငယ်လူရွယ်များမှာ လည်း ဒီဂျစ်တယ်လူသားများ(Digital Natives) အသွင်ဖြစ်လာနေပြီး တစ်သက်လုံးမစွန့်စားဖူးသော နည်းပညာနှင့် ချမ်းသာကြယ်ဝမှုအတွက် နည်းလမ်းရှာဖွေနေကြပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် အရာရာတွင် ခေတ်နောက်ကျလျှက်ရှိသော်လည်း နိုင်ငံရေး၊ စီးပွားရေး၊ ပြုပြင်ပြောင်းလဲမှုများကြောင့် ဆက်သွယ်ရေးကဏ္ဌတွင် လွတ်လပ်ခွင့်ပေးလိုက်ရာမှ နိုင်ငံခြားဆက်သွယ်ရေး ကုမ္ပဏီကြီများပါရောက်ရှိကြပြီး မြန်မာနိုင်ငံတွင် Mobile Phone များကိုလူတိုင်းကိုင်နိုင်သည့် အခြေအနေမျိုးသို့ရောက်ရှိပါခဲ့သည်။ Mobile Phone အသုံးပြုရာတွင်လည်း အများစုမှာ Smart Phone များပင်ဖြစ်သည်။ ယခုအခါ Telecom Operator ကုမ္ပဏီမှရောင်းချသော Sim Card အရအတွက်မှာ သန်း(၄၀)ကျော်သွား ပြီဖြစ်ပါသည်။ ယင်းအခြေအနေတွင် Mobile App တီထွင်သူများအတွက်ကြီးမားသော စျေးကွက်ကြီးပင်ဖြစ်ပါသည်။ Mobile App များကိုရောင်းပြီး “သူဋ္ဌေး” ဖြစ်ရန် စိတ်ကူးယဉ်နိုင် ပြီဖြစ်ပါသည်။

MCC မှကျောင်းသူ၊ ကျောင်းသားများကို မိမိတို့ကိုယ်တိုင် တီထွင်ကြံဆပြီး Mobile App များတီထွင် ထုတ်လုပ်ကာ ကြွယ်ဝလာစေရန် လေ့ကျင့်ပေးလျက်ရှိပါသည်။ (၂၀၁၆) ခုနှစ် ပညာသင်နှစ်တွင် MCC Institute များ၌ တတိယနှစ်သင်တန်းများတွင် ပညာသင်ကြားလျှက်ရှိသော ကျောင်းသူ၊ ကျောင်းသားပေါင်း (၂၀၀) ခန့်ရှိပါသည်။ ယင်းတို့အား (Campus) အလိုက် Mobile App များ တီထွင်ကြံဆမှု Project Presentation များ ပြုလုပ်စေခဲ့ရာ Home Help, Home Service, Online Shopping, Food Delivery, Cinema Booking, Trip Management, B2B e-commerce, Online Auction, Dating, Health Care စသော စိတ်ဝင်စားဖွယ်ရာ စိတ်ကူးစိတ်သန်းများဖြင့် ကြိုးစားလျက် သူဋ္ဌေးဖြစ်နိုင်သော လမ်းစများတွေ့ရှိကို တွေ့ရှိနေကြပြီ ဖြစ်ပါသည်။

အလားအလာရှိသော Mobile App များ အတွက်အရင်းအနှီးပေးရန် MCC Capital ကိုလည်း အသင့်တည်ထောင်ပြီးဖြစ်ရာ MCC မှ “သူဋ္ဌေးလောင်းများ” စိတ်ကူးယဉ်နိုင် ပြီဖြစ်ပါသည်။