Thursday, September 8, 2016

အားလံုးအတြက္ MCC

အားလံုးအတြက္ MCC

MCC ကို ၁၉၈၆ခုႏွစ္တြင္ ျမန္မာႏိုင္ငံ၏ပထမဆံုး ကြန္ပ်ဴတာသင္တန္း ေက်ာင္း ငယ္ကေလးျဖင့္ စတင္ေမြးဖြားသန္႕စင္ ေပၚေပါက္လာခဲ့ပါသည္။ စတင္ကတည္းက လူသိမ်ား ထင္ရွားခဲ့ေသာအမွတ္ တံဆိပ္ (Brand) ျဖစ္သည္။ ေစ်းကြက္စီးပြားေရးစနစ္စတင္ခဲ့ေသာ ၁၉၈၉ တြင္ ျမန္မာကြန္ပ်ဴတာကုမၸဏီလီမိတတ္ (MCC)ကို မွတ္ပံုတင္ တည္ေထာင္ခဲ့ကာ ႏွစ္ေပါင္း (၂၇) ႏွစ္ေက်ာ္ ရပ္တည္ခဲ့ေသာ ျမန္မာႏုိင္ငံပုဂၢလိကက႑ ပညာေရး၀န္ေဆာင္မႈ (Education Services) ႏွင့္ ပတ္သက္ၿပီး ခိုင္မာေသာ အမွတ္တံဆိပ္ (Brand)ကို တည္ေထာင္ထားႏိုင္ခဲ့ပါသည္။ ယခုအခါ ျမန္မာ ပုဂၢလိကကဏၭတြင္ အႀကီးဆံုးျဖစ္ျပီး၊ ႏိုင္ငံႏွင့္တ၀ွမ္း က်ယ္ျပန္႔ေသာ အဖြဲ႕အစည္းႀကီးျဖစ္သည္။

MCC ၏ပညာေရး၀န္ေဆာင္မႈမ်ားကို ပိရမစ္ပံုစံျဖင့္ အေျခခံမွ အဆင့္ျမင့္အထိ တက္ေရာက္ႏိုင္ပါသည္။

၁။ MCC Franshise Network
ျမန္မာနိုင္ငံအႏွံ႕ ေနရာေဒသေပါင္း (၁၈၀)ေက်ာ္တြင္ MCC Training Center မ်ားကို Franchise ပံုစံမ်ားျဖင့္ Partner မ်ားျဖင့္ ပူးေပါင္းဖြင့္လွစ္ႏိုင္ခဲ့ပါသည္။ အသက္ေမြး၀မ္းေက်ာင္းလုပ္ငန္းတို႔အတြက္ အေျခခံ လိုအပ္ေသာ အေျခခံကြန္ပ်ဴတာပညာ၊ အေျခခံ စီးပြားေရးပညာမ်ားကို သင္ႀကားေပးလ်က္ ရွိၿပီး အေျခခံ အင္ဂ်င္နီယာပညာမ်ားကိုလည္း မႀကာမီ သင္ႀကားေပးေတာ့မည္ ျဖစ္ပါသည္။

(၂) MCC Polytechnic Colleges
ျမန္မာႏိုင္ငံအတြက္ အဓိကလုိအပ္လ်က္ရွိျပီး၊ အလုပ္အကိုင္ရရွိရန္အတြက္လည္း လြယ္ကူေသာ အသက္ေမြး၀မ္းေက်ာင္းပညာ (Volcational Training) မ်ားကိုသင္ၾကား ေပးႏိုင္ရန္ တိုင္းႏွင့္ျပည္နယ္ ေဒသႀကီးမ်ားတြင္ MCC Polytechnic Colleges မ်ား ဆက္လက္ ဖြင့္လွစ္လ်က္ရွိပါသည္။ ယခုအခါတြင္ ေအာက္ပါ ေနရာမ်ား၌ ဖြင့္လွစ္ျပီးျဖစ္ပါသည္။

(က) MCC Polytechnic College (ရန္ကုန္)
(ခ) MCC Polytechnic College (မႏ ၱေလး)
(ဂ) MCC Polytechnic College (ေနျပည္ေတာ္)
(ဃ) MCC Polytechnic College (မံုရြာ)
(င) MCC Polytechnic College (ပုသိမ္)
(စ) MCC Polytechnic College (ရတနာပံုနည္းပညာျမိဳ႕)၊

က်န္တိုင္းႏွင့္ ျပည္နယ္ႀကီးမ်ားတြင္လည္း ဆက္လက္ ဖြင့္လွစ္သြားမည္ ျဖစ္ပါသည္။ MCC Polytechnic College (ရတနာပံု နည္းပညာျမိဳ႕) တြင္ ေက်ာင္းအိပ္ေက်ာင္းစား အျဖစ္ တက္ေရာက္ႏိုင္မည္ျဖစ္ပါသည္။
MCC Polytechnic College ကို အဂၤလန္နိုင္ငံ အသက္ေမြး၀မ္းေက်ာင္းပညာ (Vocational Training) ႏွင့္ပါတ္သက္ျပီး အႀကီးဆံုးအဖြဲ႕အစည္းျဖစ္ေသာ PEARSON ပညာေရးအဖြဲ႕အစည္းႏွင့္ ခ်ိတ္ဆက္ထားျပီး၊ အဂၤလန္ႏိုင္ငံ ပညာေရးအရည္အေသြး သတ္မွတ္ခ်က္ အသိအမွတ္ျပဳ ဒီပလိုမာသင္တန္းမ်ားကို သင္ၾကားေပးလွ်က္ရွိပါသည္။ သင္တန္းကာလ (၂)ႏွစ္ျပီးလွ်င္ အဂၤလန္ႏုိင္ငံ၏ HND (Higher National Diploma ) ကိုရရွိမည္ ျဖစ္ပါသည္။ MCC Polytechnic College မ်ားတြင္ ေအာက္ပါဒီပလိုမာသင္တန္းမ်ားကို တက္ေရာက္ႏိုင္ျပီျဖစ္ပါသည္။

(က) Diploma in Engineering (အင္ဂ်င္နီယာပညာ ဒီပလိုမာ)
(ခ) Diploma in Computing (ကြန္ပ်ဴတာပညာ ဒီပလိုမာ )
(ဂ) Diploma in Business (စီပြားေရးပညာ ဒီပလိုမာ )
(ဃ) Diploma in Hotel and Tourism (ဟိုတယ္ႏွင့္ခရီးသြာလာေရးပညာ ဒီပလိုမာ)
(င) Diploma in Telecommunication (ဆက္သြယ္ေရးပညာ ဒီပလိုမာ)

MCC Polytechnic College မ်ားတြင္ (၂) သင္တန္းတတ္ေရာက္ျပီး HND ဒီပလိုမာမ်ား ရရွိျပီးေသာအခါ အလုပ္ခြင္ကို ၀င္ေရာက္ႏိုင္ပါသည္၊ ပညာဆက္လက္သင္ၾကားလိုပါက MCC Institute မ်ားတြင္ တတိယ ႏွစ္သင္တန္း (အခ်ိန္ျပည့္၊အခ်ိန္ပိုင္း)ကို ဆက္လက္တက္ေရာက္နိုင္ျပီး အဂၤလန္ႏုိင္ငံ တကၠသိုလ္မ်ားမွ ခ်ီးျမႇင့္မည့္ဘြဲ႕၊ ဒီဂရီမ်ားကို ဆက္လက္ရယူ ႏိုင္ပါသည္။

(၃) MCC Institute
MCC Polytechnic College မ်ားမွဒီပလိုမာရရွိျပီးေသာ ေက်ာင္းသူေက်ာင္းသားမ်ားအတြက္ Top-up Degree မ်ား ဆက္လက္တတ္ေရာက္ သင္ယူႏိုင္ရန္ ေအာက္ပါ ေနရာမ်ားတြင္ ဖြင့္လွစ္ျပီးျဖစ္ပါသည္။

(က) MCC Institute (ရန္ကုန္)
(ခ) MCC Institute (မႏ ၱေလး)
(ဂ) MCC Institute (ေနျပည္ေတာ္)
(ဃ) MCC Institute (ရတနာပံုနည္းပညာျမိဳ႕)

MCC Institute မ်ားတြင္ Top-up ဒီဂရီမ်ားေပးႏိုင္ရန္ ေအာက္ပါအတုိင္း ဖြဲ႕စည္းထားရွိပါသည္။

(က) School of Computing (ကြန္ပ်ဴတာ သိပ ၸံဒီဂရီမ်ားေပးရန္)
(ခ) School of Engineering (အင္ဂ်င္နီ ယာသိပ ၸံဒီဂရီမ်ားေပးရန္)
(ဂ) School of Business Management (စီးပြားေရးပညာ သိပၸံဒီဂရီမ်ားေပးရန္)
MCC Institute  မ်ားမွ နိုင္ငံတကာအသိအမွတ္ျပဳ ဘြဲ႕၊ ဒီဂရီမ်ားေပးႏိုင္ရန္ ေအာက္ပါ အဂၤလန္ႏုိင္ငံ တကၠသိုလ္မ်ားႏွင့္ ခ်ိတ္ဆက္ထားရွိပါသည္။

(က) University of Greenwich
(ခ) London Metropolitan University
(ဂ) Barmingham City University
(ဃ) Middlesex University

ရန္ကုန္၊ မႏၱေလး၊ ေနျပည္ေတာ္မ်ားမွအပ က်န္ေဒသမ်ားရွိ MCC Polytechnic College မ်ားမွ ေက်ာင္းသားေက်ာင္းသူမ်ားအတြက္ တတိယႏွစ္ဘြဲ႕သင္တန္းကုိ MCC Institute (ရတနာပံုနည္းပညာျမိဳ႕) တြင္ ေက်ာင္းအိပ္ေက်ာင္းစား တတ္ေရာက္ႏုိင္မည္ ျဖစ္ပါသည္။

(၄) MCC University
MCC အေနျဖင့္ ကိုယ္ပိုင္တကၠသိုလ္ႀကီးကို စတင္ဖြင့္လွစ္ရန္ စီစဥ္လ်က္ရွိပါသည္။ မၾကာမီ ေပၚေပါက္လာေတာ့မည့္ ကိုယ္ပိုင္ တကၠသိုလ္ ဥပေဒ ( Private University Law ) အရ တရား၀င္ ခြင့္ျပဳခ်က္ရယူျပီး ဖြင့္လွစ္မည္ျဖစ္ပါသည္။

အားလုံးအတွက် MCC

MCC ကို ၁၉၈၆ခုနှစ်တွင် မြန်မာနိုင်ငံ၏ပထမဆုံး ကွန်ပျူတာသင်တန်း ကျောင်း ငယ်ကလေးဖြင့် စတင်မွေးဖွားသန့်စင် ပေါ်ပေါက်လာခဲ့ပါသည်။ စတင်ကတည်းက လူသိများ ထင်ရှားခဲ့သောအမှတ် တံဆိပ် (Brand) ဖြစ်သည်။ စျေးကွက်စီးပွားရေးစနစ်စတင်ခဲ့သော ၁၉၈၉ တွင် မြန်မာကွန်ပျူတာကုမ္ပဏီလီမိတတ် (MCC)ကို မှတ်ပုံတင် တည်ထောင်ခဲ့ကာ နှစ်ပေါင်း (၂၇) နှစ်ကျော် ရပ်တည်ခဲ့သော မြန်မာနိုင်ငံပုဂ္ဂလိကကဏ္ဍ ပညာရေးဝန်ဆောင်မှု (Education Services) နှင့် ပတ်သက်ပြီး ခိုင်မာသော အမှတ်တံဆိပ် (Brand)ကို တည်ထောင်ထားနိုင်ခဲ့ပါသည်။ ယခုအခါ မြန်မာ ပုဂ္ဂလိကကဏ္ဌတွင် အကြီးဆုံးဖြစ်ပြီး၊ နိုင်ငံနှင့်တဝှမ်း ကျယ်ပြန့်သော အဖွဲ့အစည်းကြီးဖြစ်သည်။

MCC ၏ပညာရေးဝန်ဆောင်မှုများကို ပိရမစ်ပုံစံဖြင့် အခြေခံမှ အဆင့်မြင့်အထိ တက်ရောက်နိုင်ပါသည်။

၁။ MCC Franshise Network
မြန်မာနိုင်ငံအနှံ့ နေရာဒေသပေါင်း (၁၈၀)ကျော်တွင် MCC Training Center များကို Franchise ပုံစံများဖြင့် Partner များဖြင့် ပူးပေါင်းဖွင့်လှစ်နိုင်ခဲ့ပါသည်။ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတို့အတွက် အခြေခံ လိုအပ်သော အခြေခံကွန်ပျူတာပညာ၊ အခြေခံ စီးပွားရေးပညာများကို သင်ကြားပေးလျက် ရှိပြီး အခြေခံ အင်ဂျင်နီယာပညာများကိုလည်း မကြာမီ သင်ကြားပေးတော့မည် ဖြစ်ပါသည်။

(၂) MCC Polytechnic Colleges
မြန်မာနိုင်ငံအတွက် အဓိကလိုအပ်လျက်ရှိပြီး၊ အလုပ်အကိုင်ရရှိရန်အတွက်လည်း လွယ်ကူသော အသက်မွေးဝမ်းကျောင်းပညာ (Volcational Training) များကိုသင်ကြား ပေးနိုင်ရန် တိုင်းနှင့်ပြည်နယ် ဒေသကြီးများတွင် MCC Polytechnic Colleges များ ဆက်လက် ဖွင့်လှစ်လျက်ရှိပါသည်။ ယခုအခါတွင် အောက်ပါ နေရာများ၌ ဖွင့်လှစ်ပြီးဖြစ်ပါသည်။

(က) MCC Polytechnic College (ရန်ကုန်)
(ခ) MCC Polytechnic College (မန္တလေး)
(ဂ) MCC Polytechnic College (နေပြည်တော်)
(ဃ) MCC Polytechnic College (မုံရွာ)
(င) MCC Polytechnic College (ပုသိမ်)
(စ) MCC Polytechnic College (ရတနာပုံနည်းပညာမြို့)၊

ကျန်တိုင်းနှင့် ပြည်နယ်ကြီးများတွင်လည်း ဆက်လက် ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။ MCC Polytechnic College (ရတနာပုံ နည်းပညာမြို့) တွင် ကျောင်းအိပ်ကျောင်းစား အဖြစ် တက်ရောက်နိုင်မည်ဖြစ်ပါသည်။
MCC Polytechnic College ကို အင်္ဂလန်နိုင်ငံ အသက်မွေးဝမ်းကျောင်းပညာ (Vocational Training) နှင့်ပါတ်သက်ပြီး အကြီးဆုံးအဖွဲ့အစည်းဖြစ်သော PEARSON ပညာရေးအဖွဲ့အစည်းနှင့် ချိတ်ဆက်ထားပြီး၊ အင်္ဂလန်နိုင်ငံ ပညာရေးအရည်အသွေး သတ်မှတ်ချက် အသိအမှတ်ပြု ဒီပလိုမာသင်တန်းများကို သင်ကြားပေးလျှက်ရှိပါသည်။ သင်တန်းကာလ (၂)နှစ်ပြီးလျှင် အင်္ဂလန်နိုင်ငံ၏ HND (Higher National Diploma ) ကိုရရှိမည် ဖြစ်ပါသည်။ MCC Polytechnic College များတွင် အောက်ပါဒီပလိုမာသင်တန်းများကို တက်ရောက်နိုင်ပြီဖြစ်ပါသည်။

(က) Diploma in Engineering (အင်ဂျင်နီယာပညာ ဒီပလိုမာ)
(ခ) Diploma in Computing (ကွန်ပျူတာပညာ ဒီပလိုမာ )
(ဂ) Diploma in Business (စီပွားရေးပညာ ဒီပလိုမာ )
(ဃ) Diploma in Hotel and Tourism (ဟိုတယ်နှင့်ခရီးသွာလာရေးပညာ ဒီပလိုမာ)
(င) Diploma in Telecommunication (ဆက်သွယ်ရေးပညာ ဒီပလိုမာ)

MCC Polytechnic College များတွင် (၂) သင်တန်းတတ်ရောက်ပြီး HND ဒီပလိုမာများ ရရှိပြီးသောအခါ အလုပ်ခွင်ကို ၀င်ရောက်နိုင်ပါသည်၊ ပညာဆက်လက်သင်ကြားလိုပါက MCC Institute များတွင် တတိယ နှစ်သင်တန်း (အချိန်ပြည့်၊အချိန်ပိုင်း)ကို ဆက်လက်တက်ရောက်နိုင်ပြီး အင်္ဂလန်နိုင်ငံ တက္ကသိုလ်များမှ ချီးမြှင့်မည့်ဘွဲ့၊ ဒီဂရီများကို ဆက်လက်ရယူ နိုင်ပါသည်။

(၃) MCC Institute
MCC Polytechnic College များမှဒီပလိုမာရရှိပြီးသော ကျောင်းသူကျောင်းသားများအတွက် Top-up Degree များ ဆက်လက်တတ်ရောက် သင်ယူနိုင်ရန် အောက်ပါ နေရာများတွင် ဖွင့်လှစ်ပြီးဖြစ်ပါသည်။

(က) MCC Institute (ရန်ကုန်)
(ခ) MCC Institute (မန္တလေး)
(ဂ) MCC Institute (နေပြည်တော်)
(ဃ) MCC Institute (ရတနာပုံနည်းပညာမြို့)

MCC Institute များတွင် Top-up ဒီဂရီများပေးနိုင်ရန် အောက်ပါအတိုင်း ဖွဲ့စည်းထားရှိပါသည်။

(က) School of Computing (ကွန်ပျူတာ သိပ္ပံဒီဂရီများပေးရန်)
(ခ) School of Engineering (အင်ဂျင်နီ ယာသိပ္ပံဒီဂရီများပေးရန်)
(ဂ) School of Business Management (စီးပွားရေးပညာ သိပ္ပံဒီဂရီများပေးရန်)

MCC Institute  များမှ နိုင်ငံတကာအသိအမှတ်ပြု ဘွဲ့၊ ဒီဂရီများပေးနိုင်ရန် အောက်ပါ အင်္ဂလန်နိုင်ငံ တက္ကသိုလ်များနှင့် ချိတ်ဆက်ထားရှိပါသည်။

(က) University of Greenwich
(ခ) London Metropolitan University
(ဂ) Barmingham City University
(ဃ) Middlesex University

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်များမှအပ ကျန်ဒေသများရှိ MCC Polytechnic College များမှ ကျောင်းသားကျောင်းသူများအတွက် တတိယနှစ်ဘွဲ့သင်တန်းကို MCC Institute (ရတနာပုံနည်းပညာမြို့) တွင် ကျောင်းအိပ်ကျောင်းစား တတ်ရောက်နိုင်မည် ဖြစ်ပါသည်။

(၄) MCC University

MCC အနေဖြင့် ကိုယ်ပိုင်တက္ကသိုလ်ကြီးကို စတင်ဖွင့်လှစ်ရန် စီစဉ်လျက်ရှိပါသည်။ မကြာမီ ပေါ်ပေါက်လာတော့မည့် ကိုယ်ပိုင် တက္ကသိုလ် ဥပဒေ ( Private University Law ) အရ တရားဝင် ခွင့်ပြုချက်ရယူပြီး ဖွင့်လှစ်မည်ဖြစ်ပါသည်။