Thursday, September 8, 2016

႐ွဳပ္ေထြးလ်က္ရွိေသာ ဘ၀ေအာင္ျမင္ေရးအတြက္ ပညာေရး

႐ွဳပ္ေထြးလ်က္ရွိေသာ ဘ၀ေအာင္ျမင္ေရးအတြက္ ပညာေရး

မိသားစုတုိင္းအတြက္ အဓိကအျခင္းအရာတစ္ခုမွာ မိသားစု၀င္ သားငယ္၊ သမီးငယ္မ်ား၏ ပညာေရးပင္ ျဖစ္ပါသည္။ ေက်ာင္းအပ္ႏွံရမည့္အရြယ္ျဖစ္ေသာ အသက္ (၆)ႏွစ္မတုိင္မီကပင္ မူႀကိဳ ဟူေသာ မူလတန္းႀကိဳအတန္းကုိ စတင္တက္ေရာက္လ်က္ရွိၿပီး မူလတန္း၊ အလယ္တန္း၊ အထက္ တန္းစသည္အားျဖင့္ အဆင့္ဆင့္ပညာသင္ယူေစပါသည္။ ထုိကဲ့သုိ႔ အေျခခံအဆင့္ ပညာသင္ၾကားေပးရာ၌ ေခါင္းကုိက္ရန္မလုိ၊ ဘာသာရပ္ေရြးခ်ယ္ရန္မလုိ ႏုိင္ငံေတာ္မွ ျပ႒ာန္းထားေသာ သင္း႐ုိးမ်ားကုိ ေလ့လာသင္ယူရန္သာျဖစ္ပါသည္။ သုိ႔ေသာ္ မည္သည့္ေက်ာင္းတြင္ ထားမည္ဟူေသာ ျပႆနာေတာ့ရွိပါသည္။ မိမိတုိ႔၏ရင္ေသြးငယ္မ်ားအတြက္ သင့္ေလ်ာ္မည့္ အဆင့္အတန္းရွိမည့္ ေက်ာင္းေကာင္းေကာင္းတြင္ထားႏုိင္ ရန္ျဖစ္ပါသည္။ မိဘမ်ား၏ ေသာကတစ္ခုမွာ ကေလးမ်ား စာေမးပြဲေအာင္ျမင္ေရး၊ အမွတ္မ်ားမ်ားရၿပီးအဆင့္ေကာင္းမြန္ေရး ျဖစ္ပါသည္။ ထုိ႔ေၾကာင့္ က်ဴရွင္ထားၾကရျပန္ပါသည္။ ေငြကုန္ေၾကးက်ခံကာ အေကာင္းဆံုးက်ဴရွင္မ်ားကုိ မူလတန္းမွ စတင္ကာ တကၠသုိလ္၀င္တန္းအထိ အားနည္းေသာ ဘာသာရပ္သာမက ဘာသာစံု က်ဴရွင္မ်ားထားကာ မိဘေရာ၊ သားသမီးမ်ားပါ မီးကုန္ယမ္းကုန္ ႀကိဳးစားၾကရျပန္ပါသည္။ အျခားနည္းလမ္းတစ္ခုမွာ နာမည္ႀကီးကုိယ္ပုိင္ေက်ာင္းမ်ားသုိ႔ ေငြကုန္ေၾကးက်ခံကာ ေက်ာင္းအိပ္ေက်ာင္းစား အပ္ႏွံၿပီး ပညာသင္ ေစျခင္းျဖစ္ပါသည္။ ဤသုိ႔ျဖင့္ တကၠသုိလ္၀င္တန္း စာေမးပြဲေျဖဆုိၾကရသည့္ အဆင့္ထိ ေရာက္လာၿပီး စာေမးပြဲေျဖဆုိကာ ေအာင္စာရင္းကုိ ရင္တမမႏွင့္ေစာင့္ေမွ်ာ္ရင္း၊ ေအာင္စာရင္း ထြက္လာေသာအခါ ေအာင္သူေအာင္၊ က်႐ံႈးသူက်႐ံႈးျဖင့္ ဘ၀စာေမးပြဲ အခ်ိဳးအဆစ္တစ္ခုကုိ ေရာက္ရွိ သြားၾကပါေတာ့သည္။ စာေမးပြဲေအာင္ျမင္သူမ်ား အတြက္လည္း ဂုဏ္ထူးရမရ၊ အမွတ္စုစုေပါင္းမည္ မွ်ရသည္ဟူေသာ ေအာင္ျမင္သည့္ အဆင့္ေပၚတည္ၿပီး ၀မ္းနည္း၀မ္းသာ ျဖစ္ၾကရသကဲ့သုိ႔ စာေမးပြဲ က်႐ံႈးသူမ်ားအတြက္ ၀မ္းနည္းေၾကကြဲ႐ံုသာမက ဘ၀ပ်က္ၾကရမတတ္ ျဖစ္ၾကရပါသည္။ ေနာက္တစ္ ႀကိမ္ျပန္ႀကိဳးစားၾကရသလုိ အမ်ားစုမွာ ပညာတစ္ပုိင္းတစ္စျဖင့္ ေက်ာင္းထြက္ၾကရပါသည္။ တကၠသုိလ္ ၀င္တန္းစာေမးပြဲ ေအာင္ျမင္ႏႈန္းမွာ (၃၀%) ထက္မပုိသျဖင့္ ႏွစ္စဥ္ပ်မ္းမွ် စာေမးပြဲေျဖဆုိသူ ေက်ာင္းသူ၊ ေက်ာင္းသား (၆၀၀၀၀၀) ခန္႔ရွိရာ စာေမးပြဲမေအာင္ျမင္သူ (၄၂၀၀၀၀)၏ ကံၾကမၼာသည္ အေဟာသိကံျဖစ္ကုန္ၾကပါသည္။

စာေမးပြဲေအာင္ျမင္သူ ေက်ာင္းသူ၊ ေက်ာင္းသားမ်ားအတြက္ ၀မ္းသာလံုးဆုိ႔ၿပီး အခါတြင္ မိဘမ်ားအဖုိ မိမိတုိ႔၏သားငယ္၊ သမီးငယ္မ်ား ပညာဆက္လက္ သင္ၾကားေရးအတြက္ ေခါင္းကုိက္ၾကရျပန္ပါသည္။ မည္သည့္ အဆင့္ျမင့္ပညာကုိ ဆည္းပူးရန္၊ မည္သည့္ တကၠသုိလ္ထား မည္လဲဟူေသာ ျပႆနာပင္ျဖစ္ပါသည္။ ေယဘုယ်အားျဖင့္ တကၠသုိလ္၀င္ ခြင့္အမွတ္အနည္း အမ်ားအလိုက္ ပထမဦးစားေပးမွာ ေဆးတကၠသုိလ္၊ ဒုတိယဦးစားေပးမွာ အင္ဂ်င္နီယာတကၠသုိလ္၊ တတိယဦးစားေပး ကြန္ပ်ဴတာတကၠသုိလ္၊ စီးပြားေရးတကၠသုိလ္၊ ေရေၾကာင္းပညာတကၠသုိလ္ ႐ွဳပ္ေထြးလ်က္ရွိေသာ ဘ၀ေအာင္ျမင္ေရးအတြက္ ပညာေရး စသည္အားျဖင့္ ေလွ်ာက္ထားေလ့ရွိၾကပါသည္။ သက္ဆုိင္ရာ တကၠသုိလ္မ်ား၏ လက္ခံႏုိင္မည့္ ေက်ာင္းသား အေရအတြက္ ေပၚတည္ၿပီး အမွတ္မည္မွ်ရမွ ေဆးတကၠသုိလ္တက္ႏုိင္မည္၊ နည္းပညာတကၠသုိလ္တက္ႏုိင္မည္၊ စီးပြားေရးတကၠသုိလ္တက္ႏုိင္မည္ စသည္တုိ႔ျဖစ္ပါသည္။ ထုိ႔ကဲ့သုိ႔ တကၠသုိလ္အသီးအသီးမွ လက္ခံႏုိင္မည့္ ေက်ာင္းသူ၊ ေက်ာင္းသား အေရအတြက္စုစုေပါင္းမွာ တကၠသုိလ္၀င္တန္းစာေမးပြဲေအာင္ ျမင္သူအားလံုး၏ (၃၀%)ခန္႔သာျဖစ္သျဖင့္ အမွတ္အရနည္းၿပီး နာမည္ႀကီးတကၠသုိလ္မ်ားသုိ႔ တက္ေရာက္ခြင့္မရၾကေသာ ေက်ာင္းသား၊ ေက်ာင္းသူအမ်ားစုမွာ အေ၀းသင္တကၠသုိလ္ (Distance Learning) သုိ႔ ေရာက္ရွိ သြားၾကရျပန္ပါသည္။ ယင္းေရာက္ရွိသြားေသာ ေက်ာင္းသူ၊ ေက်ာင္းသားအေရအတြက္မွာ တကၠသုိလ္၀င္တန္း စာေမးပြဲေအာင္ျမင္သူ စုစုေပါင္း၏ (၇၀%)ခန္႔ပင္ရွိသည္ဟု သိရပါသည္။ တကၠသုိလ္မ်ားကုိ ေရြးခ်ယ္ရာတြင္လည္း အလုပ္အကုိင္ ရရွိႏုိင္မႈေပၚမူတည္ၿပီး ေရြးခ်ယ္ၾကသျဖင့္ အလုပ္အကုိင္ရရွိေစႏိုင္ေသာ ေရေၾကာင္း ပညာတကၠသုိလ္၊ သူနာျပဳတကၠသုိလ္စသည့္ေနရာမ်ားသုိ႔ ၿပံဳတုိးၾကသလုိ ၿမိဳ႕ျပင္ေ၀းလံေသာ တကၠသုိလ္မ်ားသုိ႔မသြားလုိၾကသျဖင့္ ၿမိဳ႕လယ္ေခါင္တြင္ရွိေသာ ႏုိင္ငံျခား ဘာသာတကၠသုိလ္သုိ႔လည္း ေလွ်ာက္ထားသည့္ဦးေရ မ်ားျပားလ်က္ရွိပါသည္။ ဤသုိ႔ျဖင့္ ျမန္မာႏုိင္ငံ၏ ပညာေရးေလာကတြင္ မိဘမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား ျခာျခာလည္လ်က္ရွိ ၾကပါသည္။ အေျခခံပညာအဆင့္တြင္လည္းစိတ္မေအးရ၊ အေျခခံပညာအဆင့္ ေအာင္ျမင္သြားျပန္ ေတာ့လည္းစိတ္ပူရ စသည္ျဖင့္ မိသားစုတုိင္း ရင္ဆုိင္ေနရေသာ သားငယ္၊ သမီးငယ္မ်ား၏ ဘ၀ေနာင္ေရး အတြက္ ပညာေရးပင္ ျဖစ္ပါသည္။

လက္ရွိျမန္မာႏုိင္ငံ၏ပညာေရးမွာ အမွတ္အနည္းအမ်ားအလုိက္ သက္ဆုိင္ရာ တကၠသုိလ္မ်ားသုိ႔ ၀င္ခြင့္သတ္မွတ္ထားသျဖင့္ အမွတ္မ်ားမွ စိတ္ႀကိဳက္တကၠသုိလ္မ်ား ၀င္ခြင့္ရၿပီး အမွတ္မမ်ားသည္ႏွင့္ တက္လုိရသည့္တကၠသုိလ္ကုိ ႀကံဳသလုိက်ပမ္း တက္လိုက္ၾကရၿပီး ဘ၀ေအာင္ျမင္မႈအတြက္ ဖ႐ိုဖရဲျဖစ္သြားပါေတာ့သည္။ မည္သည့္တကၠသုိလ္တက္တက္ ဘြဲ႕တစ္ခုရရန္သာျဖစ္ၿပီး ေနာက္ဆံုး မည္သည့္တကၠသုိလ္မွ်မရလွ်င္ အေ၀းသင္တကၠသုိလ္တက္ကာ ဘြဲ႕ကုိျဖစ္သည့္နည္းႏွင့္ယူလုိက္ၿပီး အဂၤလိပ္စာကြၽမ္းက်င္မႈ၊ ကြန္ပ်ဴတာကြၽမ္းက်င္မႈ၊ စာရင္းကုိင္ ကြၽမ္းက်င္မႈမ်ားကုိ ျပင္ပပုဂၢလိက သင္တန္းမ်ားတက္ကာ အလုပ္ခြင့္သုိ႔ အေျခခံအဆင့္မ်ားမွ ၀င္တုိးၾကရပါေတာ့သည္။ ေက်ာင္းသူ၊ ေက်ာင္းသား လူငယ္လူရြယ္မ်ားစြာတုိ႔အတြက္ မိမိ၀ါသနာပါရာ ပညာရပ္ကုိ ဆည္းပူးႏုိင္ေသာအခြင့္အေရး မရွိသကဲ့သုိ႔ ေအာင္ျမင္ေသာဘ၀ကုိတည္ေဆာက္ရန္ ပညာရပ္တစ္ခုခုကုိ တတ္သိနားလည္ ကြၽမ္းက်င္ေသာပညာရွင္လည္း ျဖစ္မလာေတာ့ပါ။

စာေမးပြဲက်႐ံႈးေသာ ေက်ာင္းသူ၊ ေက်ာင္းသားအမ်ားစုမွာလည္း တကၠသုိလ္၀င္တန္း စာေမးပြဲကုိေျဖဆုိေသာ ေက်ာင္းသူ၊ ေက်ာင္းသားစုစုေပါင္း၏ (၇၀%)ခန္႔သည္ စာေမးပြဲမေအာင္ျမင္ၾကသျဖင့္ အသက္ (၁၇)ႏွစ္၊ (၁၈)ႏွစ္ အရြယ္ေကာင္း လူငယ္လူရြယ္မ်ား ဘ၀ပ်က္ၾကရျပန္ပါသည္။ တန္ဖိုးရွိေသာ ဘ၀တစ္ခုကုိ စရမည့္အခ်ိန္တြင္ပင္ ေန၀င္ခ်ိန္သုိ႔ ေရာက္သြားၾကၿပီး ျဖစ္သလုိ၊ ႀကံဳသလုိ စခန္းသြားၾကပါေတာ့သည္။ တုိင္းျပည္အတြက္ တန္ဖုိးရွိေသာ လူငယ္လူရြယ္မ်ား၏ စြမ္းအားကုိဆံုး႐ႈံးသကဲ့သုိ႔ ငယ္ရြယ္စဥ္ မူလတန္းအဆင့္မွ ျပဳစုပ်ိဳးေထာင္ ပညာသင္ေပးလာေသာ မိဘမ်ား အတြက္လည္း ရင္ကြဲပက္လက္ ျဖစ္ၾကရျပန္ပါသည္။

ထုိ႔ေၾကာင့္ ျမန္မာႏုိင္ငံ၏ လက္ရွိပညာေရးစနစ္အတြင္း၀ယ္ မိဘမ်ားမွလည္း ေသခ်ာစြာ နားမလည္၊ ေက်ာင္းသူ၊ ေက်ာင္းသားမ်ားမွလည္း မည္သည့္ပညာရပ္ကုိ စိတ္၀င္စားသည္ကုိ မိမိကုိယ္တုိင္ပင္ မသိ ျဖစ္ေနၾကၿပီး အဆင္ေျပသလုိ၊ ႀကံဳသလုိ စခန္းသြားေနၾကရာ အသိပညာ အေရးပါေသာ ေခတ္ႀကီးတြင္ တုိင္းျပည္လည္းအက်ိဳးမရွိ၊ မိသားစုလည္းအက်ိဳးမရွိ၊ ေက်ာင္းသူ၊ ေက်ာင္းသား လူငယ္လူရြယ္မ်ားလည္း အက်ိဳးမရွိျဖစ္ေနေသာ အေျခအေနပင္ ျဖစ္ပါသည္။ ယင္းအခက္အခဲကုိ ေက်ာ္လႊားႏုိင္ရန္မွာ ပညာေရး အဖြဲ႕အစည္းတစ္ခုခုႏွင့္ ညႇိႏိႈင္းတုိင္ပင္သင့္ပါသည္။ MCC အေနျဖင့္ မိဘမ်ားႏွင့္ ေက်ာင္းသူ၊ ေက်ာင္းသားမ်ားကုိ အၾကံဉာဏ္ေပးရန္ အၿမဲအသင့္ရွိပါသည္။ လူကုိယ္တုိင္ လာေရာက္၍ ေမးေသာ္လည္းေကာင္း၊ MCC ၏ Facebook Page မွတစ္ဆင့္ လည္းေကာင္း ဆက္သြယ္ စံုစမ္းေမးျမန္းႏုိင္ပါသည္။ ေက်ာင္းသူ၊ ေက်ာင္းသားမ်ား၏ ဘ၀ေနာင္ေရး အတြက္ ဆံုးျဖတ္ခ်က္ မမွားေစရန္ ေဆြးေႏြးတုိင္ပင္သင့္ပါသည္။

(Unicode Version)

ရှုပ်ထွေးလျက်ရှိသော ဘဝအောင်မြင်ရေးအတွက် ပညာရေး

မိသားစုတိုင်းအတွက် အဓိကအခြင်းအရာတစ်ခုမှာ မိသားစုဝင် သားငယ်၊ သမီးငယ်များ၏ ပညာရေးပင် ဖြစ်ပါသည်။ ကျောင်းအပ်နှံရမည့်အရွယ်ဖြစ်သော အသက် (၆)နှစ်မတိုင်မီကပင် မူကြို ဟူသော မူလတန်းကြိုအတန်းကို စတင်တက်ရောက်လျက်ရှိပြီး မူလတန်း၊ အလယ်တန်း၊ အထက် တန်းစသည်အားဖြင့် အဆင့်ဆင့်ပညာသင်ယူစေပါသည်။ ထိုကဲ့သို့ အခြေခံအဆင့် ပညာသင်ကြားပေးရာ၌ ခေါင်းကိုက်ရန်မလို၊ ဘာသာရပ်ရွေးချယ်ရန်မလို နိုင်ငံတော်မှ ပြဋ္ဌာန်းထားသော သင်းရိုးများကို လေ့လာသင်ယူရန်သာဖြစ်ပါသည်။ သို့သော် မည်သည့်ကျောင်းတွင် ထားမည်ဟူသော ပြဿနာတော့ရှိပါသည်။ မိမိတို့၏ရင်သွေးငယ်များအတွက် သင့်လျော်မည့် အဆင့်အတန်းရှိမည့် ကျောင်းကောင်းကောင်းတွင်ထားနိုင် ရန်ဖြစ်ပါသည်။ မိဘများ၏ သောကတစ်ခုမှာ ကလေးများ စာမေးပွဲအောင်မြင်ရေး၊ အမှတ်များများရပြီးအဆင့်ကောင်းမွန်ရေး ဖြစ်ပါသည်။ ထို့ကြောင့် ကျူရှင်ထားကြရပြန်ပါသည်။ ငွေကုန်ကြေးကျခံကာ အကောင်းဆုံးကျူရှင်များကို မူလတန်းမှ စတင်ကာ တက္ကသိုလ်ဝင်တန်းအထိ အားနည်းသော ဘာသာရပ်သာမက ဘာသာစုံ ကျူရှင်များထားကာ မိဘရော၊ သားသမီးများပါ မီးကုန်ယမ်းကုန် ကြိုးစားကြရပြန်ပါသည်။ အခြားနည်းလမ်းတစ်ခုမှာ နာမည်ကြီးကိုယ်ပိုင်ကျောင်းများသို့ ငွေကုန်ကြေးကျခံကာ ကျောင်းအိပ်ကျောင်းစား အပ်နှံပြီး ပညာသင် စေခြင်းဖြစ်ပါသည်။ ဤသို့ဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုကြရသည့် အဆင့်ထိ ရောက်လာပြီး စာမေးပွဲဖြေဆိုကာ အောင်စာရင်းကို ရင်တမမနှင့်စောင့်မျှော်ရင်း၊ အောင်စာရင်း ထွက်လာသောအခါ အောင်သူအောင်၊ ကျရှုံးသူကျရှုံးဖြင့် ဘဝစာမေးပွဲ အချိုးအဆစ်တစ်ခုကို ရောက်ရှိ သွားကြပါတော့သည်။ စာမေးပွဲအောင်မြင်သူများ အတွက်လည်း ဂုဏ်ထူးရမရ၊ အမှတ်စုစုပေါင်းမည် မျှရသည်ဟူသော အောင်မြင်သည့် အဆင့်ပေါ်တည်ပြီး ၀မ်းနည်းဝမ်းသာ ဖြစ်ကြရသကဲ့သို့ စာမေးပွဲ ကျရှုံးသူများအတွက် ၀မ်းနည်းကြေကွဲရုံသာမက ဘဝပျက်ကြရမတတ် ဖြစ်ကြရပါသည်။ နောက်တစ် ကြိမ်ပြန်ကြိုးစားကြရသလို အများစုမှာ ပညာတစ်ပိုင်းတစ်စဖြင့် ကျောင်းထွက်ကြရပါသည်။ တက္ကသိုလ် ၀င်တန်းစာမေးပွဲ အောင်မြင်နှုန်းမှာ (၃၀%) ထက်မပိုသဖြင့် နှစ်စဉ်ပျမ်းမျှ စာမေးပွဲဖြေဆိုသူ ကျောင်းသူ၊ ကျောင်းသား (၆၀၀၀၀၀) ခန့်ရှိရာ စာမေးပွဲမအောင်မြင်သူ (၄၂၀၀၀၀)၏ ကံကြမ္မာသည် အဟောသိကံဖြစ်ကုန်ကြပါသည်။

စာမေးပွဲအောင်မြင်သူ ကျောင်းသူ၊ ကျောင်းသားများအတွက် ၀မ်းသာလုံးဆို့ပြီး အခါတွင် မိဘများအဖို မိမိတို့၏သားငယ်၊ သမီးငယ်များ ပညာဆက်လက် သင်ကြားရေးအတွက် ခေါင်းကိုက်ကြရပြန်ပါသည်။ မည်သည့် အဆင့်မြင့်ပညာကို ဆည်းပူးရန်၊ မည်သည့် တက္ကသိုလ်ထား မည်လဲဟူသော ပြဿနာပင်ဖြစ်ပါသည်။ ယေဘုယျအားဖြင့် တက္ကသိုလ်ဝင် ခွင့်အမှတ်အနည်း အများအလိုက် ပထမဦးစားပေးမှာ ဆေးတက္ကသိုလ်၊ ဒုတိယဦးစားပေးမှာ အင်ဂျင်နီယာတက္ကသိုလ်၊ တတိယဦးစားပေး ကွန်ပျူတာတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ ရေကြောင်းပညာတက္ကသိုလ် ရှုပ်ထွေးလျက်ရှိသော ဘဝအောင်မြင်ရေးအတွက် ပညာရေး စသည်အားဖြင့် လျှောက်ထားလေ့ရှိကြပါသည်။ သက်ဆိုင်ရာ တက္ကသိုလ်များ၏ လက်ခံနိုင်မည့် ကျောင်းသား အရေအတွက် ပေါ်တည်ပြီး အမှတ်မည်မျှရမှ ဆေးတက္ကသိုလ်တက်နိုင်မည်၊ နည်းပညာတက္ကသိုလ်တက်နိုင်မည်၊ စီးပွားရေးတက္ကသိုလ်တက်နိုင်မည် စသည်တို့ဖြစ်ပါသည်။ ထို့ကဲ့သို့ တက္ကသိုလ်အသီးအသီးမှ လက်ခံနိုင်မည့် ကျောင်းသူ၊ ကျောင်းသား အရေအတွက်စုစုပေါင်းမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင် မြင်သူအားလုံး၏ (၃၀%)ခန့်သာဖြစ်သဖြင့် အမှတ်အရနည်းပြီး နာမည်ကြီးတက္ကသိုလ်များသို့ တက်ရောက်ခွင့်မရကြသော ကျောင်းသား၊ ကျောင်းသူအများစုမှာ အဝေးသင်တက္ကသိုလ် (Distance Learning) သို့ ရောက်ရှိ သွားကြရပြန်ပါသည်။ ယင်းရောက်ရှိသွားသော ကျောင်းသူ၊ ကျောင်းသားအရေအတွက်မှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သူ စုစုပေါင်း၏ (၇၀%)ခန့်ပင်ရှိသည်ဟု သိရပါသည်။ တက္ကသိုလ်များကို ရွေးချယ်ရာတွင်လည်း အလုပ်အကိုင် ရရှိနိုင်မှုပေါ်မူတည်ပြီး ရွေးချယ်ကြသဖြင့် အလုပ်အကိုင်ရရှိစေနိုင်သော ရေကြောင်း ပညာတက္ကသိုလ်၊ သူနာပြုတက္ကသိုလ်စသည့်နေရာများသို့ ပြုံတိုးကြသလို မြို့ပြင်ဝေးလံသော တက္ကသိုလ်များသို့မသွားလိုကြသဖြင့် မြို့လယ်ခေါင်တွင်ရှိသော နိုင်ငံခြား ဘာသာတက္ကသိုလ်သို့လည်း လျှောက်ထားသည့်ဦးရေ များပြားလျက်ရှိပါသည်။ ဤသို့ဖြင့် မြန်မာနိုင်ငံ၏ ပညာရေးလောကတွင် မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ ခြာခြာလည်လျက်ရှိ ကြပါသည်။ အခြေခံပညာအဆင့်တွင်လည်းစိတ်မအေးရ၊ အခြေခံပညာအဆင့် အောင်မြင်သွားပြန် တော့လည်းစိတ်ပူရ စသည်ဖြင့် မိသားစုတိုင်း ရင်ဆိုင်နေရသော သားငယ်၊ သမီးငယ်များ၏ ဘဝနောင်ရေး အတွက် ပညာရေးပင် ဖြစ်ပါသည်။

လက်ရှိမြန်မာနိုင်ငံ၏ပညာရေးမှာ အမှတ်အနည်းအများအလိုက် သက်ဆိုင်ရာ တက္ကသိုလ်များသို့ ၀င်ခွင့်သတ်မှတ်ထားသဖြင့် အမှတ်များမှ စိတ်ကြိုက်တက္ကသိုလ်များ ၀င်ခွင့်ရပြီး အမှတ်မများသည်နှင့် တက်လိုရသည့်တက္ကသိုလ်ကို ကြုံသလိုကျပမ်း တက်လိုက်ကြရပြီး ဘဝအောင်မြင်မှုအတွက် ဖရိုဖရဲဖြစ်သွားပါတော့သည်။ မည်သည့်တက္ကသိုလ်တက်တက် ဘွဲ့တစ်ခုရရန်သာဖြစ်ပြီး နောက်ဆုံး မည်သည့်တက္ကသိုလ်မျှမရလျှင် အဝေးသင်တက္ကသိုလ်တက်ကာ ဘွဲ့ကိုဖြစ်သည့်နည်းနှင့်ယူလိုက်ပြီး အင်္ဂလိပ်စာကျွမ်းကျင်မှု၊ ကွန်ပျူတာကျွမ်းကျင်မှု၊ စာရင်းကိုင် ကျွမ်းကျင်မှုများကို ပြင်ပပုဂ္ဂလိက သင်တန်းများတက်ကာ အလုပ်ခွင့်သို့ အခြေခံအဆင့်များမှ ၀င်တိုးကြရပါတော့သည်။ ကျောင်းသူ၊ ကျောင်းသား လူငယ်လူရွယ်များစွာတို့အတွက် မိမိဝါသနာပါရာ ပညာရပ်ကို ဆည်းပူးနိုင်သောအခွင့်အရေး မရှိသကဲ့သို့ အောင်မြင်သောဘဝကိုတည်ဆောက်ရန် ပညာရပ်တစ်ခုခုကို တတ်သိနားလည် ကျွမ်းကျင်သောပညာရှင်လည်း ဖြစ်မလာတော့ပါ။ စာမေးပွဲကျရှုံးသော ကျောင်းသူ၊ ကျောင်းသားအများစုမှာလည်း တက္ကသိုလ်ဝင်တန်း စာမေးပွဲကိုဖြေဆိုသော ကျောင်းသူ၊ ကျောင်းသားစုစုပေါင်း၏ (၇၀%)ခန့်သည် စာမေးပွဲမအောင်မြင်ကြသဖြင့် အသက် (၁၇)နှစ်၊ (၁၈)နှစ် အရွယ်ကောင်း လူငယ်လူရွယ်များ ဘဝပျက်ကြရပြန်ပါသည်။ တန်ဖိုးရှိသော ဘဝတစ်ခုကို စရမည့်အချိန်တွင်ပင် နေဝင်ချိန်သို့ ရောက်သွားကြပြီး ဖြစ်သလို၊ ကြုံသလို စခန်းသွားကြပါတော့သည်။ တိုင်းပြည်အတွက် တန်ဖိုးရှိသော လူငယ်လူရွယ်များ၏ စွမ်းအားကိုဆုံးရှုံးသကဲ့သို့ ငယ်ရွယ်စဉ် မူလတန်းအဆင့်မှ ပြုစုပျိုးထောင် ပညာသင်ပေးလာသော မိဘများ အတွက်လည်း ရင်ကွဲပက်လက် ဖြစ်ကြရပြန်ပါသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ လက်ရှိပညာရေးစနစ်အတွင်းဝယ် မိဘများမှလည်း သေချာစွာ နားမလည်၊ ကျောင်းသူ၊ ကျောင်းသားများမှလည်း မည်သည့်ပညာရပ်ကို စိတ်ဝင်စားသည်ကို မိမိကိုယ်တိုင်ပင် မသိ ဖြစ်နေကြပြီး အဆင်ပြေသလို၊ ကြုံသလို စခန်းသွားနေကြရာ အသိပညာ အရေးပါသော ခေတ်ကြီးတွင် တိုင်းပြည်လည်းအကျိုးမရှိ၊ မိသားစုလည်းအကျိုးမရှိ၊ ကျောင်းသူ၊ ကျောင်းသား လူငယ်လူရွယ်များလည်း အကျိုးမရှိဖြစ်နေသော အခြေအနေပင် ဖြစ်ပါသည်။ ယင်းအခက်အခဲကို ကျော်လွှားနိုင်ရန်မှာ ပညာရေး အဖွဲ့အစည်းတစ်ခုခုနှင့် ညှိနှိုင်းတိုင်ပင်သင့်ပါသည်။ MCC အနေဖြင့် မိဘများနှင့် ကျောင်းသူ၊ ကျောင်းသားများကို အကြံဉာဏ်ပေးရန် အမြဲအသင့်ရှိပါသည်။ လူကိုယ်တိုင် လာရောက်၍ မေးသော်လည်းကောင်း၊ MCC ၏ Facebook Page မှတစ်ဆင့် လည်းကောင်း ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။ ကျောင်းသူ၊ ကျောင်းသားများ၏ ဘဝနောင်ရေး အတွက် ဆုံးဖြတ်ချက် မမှားစေရန် ဆွေးနွေးတိုင်ပင်သင့်ပါသည်။