Thursday, November 19, 2015

အသိအမွတ္ျပဳဖို႔ဆိုတာ အပိုင္း(၂)

ျပီးခဲ့တဲ့အပိုင္းက မိမိအေၾကာင္း၊ မိမိတို႔လုပ္ငန္းအေၾကာင္းကို မိမိတို႔ကိုယ္တိုင္ ေျပာတာထက္ မိမိတို႔အေၾကာင္းကို မိမိတို႔မဟုတ္ေသာ အျခားအဖြဲ႕အစည္း (Third Party Organization)မွ ေျပာတာေကာင္းေၾကာင္း၊ သို႔မွသာ အမ်ား၏ အသိအမွတ္ ျပဳမႈခံရမည္ ျဖစ္ေၾကာင္းကို ေဖာ္ျပခဲ့ပါတယ္။ ဒီအပိုင္း(၂)မွာကေတာ့ အမ်ားအသိအမွတ္ ျပဳဖို႔ မိမိဘက္မွ ျပင္ဆင္ရမည့္ အခ်က္မ်ားကို ေဖာ္ျပသြားမွာ ျဖစ္ပါတယ္။
ပထမဆံုး ျပင္ဆင္ရမွာက ေရြးခ်ယ္မႈပါ။ မိမိဘ၀မွာ မိမိဘာျဖစ္ခ်င္သလဲဆိုတာနဲ႕ စတင္ရမွာ ျဖစ္ပါတယ္။ ကေလးဘ၀မွာ မိဘမ်ား၊ ေဆြမ်ိဳးမ်ား၊ လူၾကီးမ်ား ေမးတတ္ၾကေသာ ေမးခြန္းေပါ့။ ၾကီးလာရင္ ဘာလုပ္မွာလဲဆိုတာ။
သိပ္ကို အေရးၾကီးလွပါတယ္။ ဒီေမးခြန္းကို လြယ္လြယ္နဲ႔ မေျဖမိပါေစနဲ႔။ ငယ္ငယ္က ကိုယ္စီေျဖခဲ့ဘူးေပမယ့္ အခု ဒီစာဖတ္ေနတဲ့အခ်ိန္မွာေတာ့ ေသေသခ်ာခ်ာ ျပန္ေတြးျပီးေတာ့မွ မိမိကိုယ္ကို ေျဖေစခ်င္တာ စာေရးသူရဲ့ဆႏၵပါ။
ဒါဆို ဘာလိုလဲဆိုေတာ့ Computer မွာဆို Result ရဖို႔ Data ေတြကို Instruction ေပးၿပီးေတာ့ Process လုပ္ရပါတယ္။ ဒီသေဘာတရားအတိုင္းပါပဲ လူ႕ေလာကမွာ မိမိတို႔ ပန္းတိုင္ဆိုတဲ့ (Result)ရဖို႔ အေရးၾကီးတဲ့ Data ေတြကို စုေဆာင္းတတ္ဖို႔ လြန္စြာမွ အေရးၾကီးလွပါတယ္။ ရလာတဲ့ အခ်က္အလက္ကို စနစ္တက် စုေဆာင္းဖို႔ အခ်က္အလက္ေတြထဲမွ ဘယ္အခ်က္ေတြဟာ မိမိတို႔နဲ႔ ကိုက္ညီမႈရိွတယ္ ဆိုတာကို ခြဲျခားႏိုိင္မႈဆိုတာ ပညာလိိုပါတယ္။ ပညာဆုိတာ ဘာလဲ၊ ပညာဆိုတာ ပ(အေသးစိတ္) ညာ(ခြဲျခားႏိုင္ျခင္း)။ လူ႔ေလာကရဲ့ ျဖတ္သန္းမႈတိုင္းမွာ အေရးကိစၥ ၾကီးငယ္ကို ခြဲျခားႏိိုင္ေသာပညာ မရွိလွ်င္ အဆုိးအေကာင္းကို သင္ဘယ္လုိခြဲျခားမလဲ။
ဒါဆုိ ဦးစြာ စုေဆာင္းျပီးေသာ အခ်က္အလက္ေတြကို ေ၀ဖန္္ခြဲျခားျပီးလွ်င္ မိမိဘက္မွ လည္ပတ္ႏိုင္ေအာင္ Processing အလုပ္ကို လုပ္ေဆာင္ရမွာျဖစ္ပါတယ္။ ဒီေနရာမွာ မိမိတို႔ရဲ့ ပညာ၏ေလးနက္မႈက အေရးၾကီးလွပါတယ္။ ဆိုလိုတာက ဘြဲ႕တစ္ခုအတြက္၊ လက္မွတ္တစ္ေစာင္အတြက္၊ ဓါတ္ပံုတစ္ပံုအတြက္ သင္ၾကားေနေသာ အရာကို ဆိုလိုတာမဟုတ္။ ဒီေန႔ အမ်ားေျပာေနတဲ့ ဘ၀တစ္သက္တာ ပညာသင္ယူမႈ (Life Long Learning) ကို ဆိုလိုျခင္း ျဖစ္ပါတယ္။ လူအမ်ားက သိၾကပါတယ္။ လက္ေတြ႔လုပ္ရန္ ခက္ခဲတတ္ၾကတယ္။ အဓိက မိမိကိုယ္ကို မိမိထိန္းႏိုင္ဖို႔လိုပါတယ္။ သင္ယူတဲ့သူေတြ ျပင္ဆင္ဖို႔ အေရးၾကီးသလို သင္ၾကားမည့္သူေတြဘက္မွလည္း ဖိတ္ေခၚမႈက အေရးၾကီးလွပါတယ္။
ဒါေၾကာင့္ ကမၻာ႕ဆရာမ်ားေန႔ရဲ့ စာသားေလးအတုိင္း ==လူ႔အဖြဲ႕အစည္း စဥ္ဆက္ မျပတ္တိုးတက္ေရး ဆရာ့စြမ္းအင္ျမႇင့္တင္ေပး++ (Empowering Teachers, Building Sustainable Societies) ဆိုသည့္အတိုင္း ျပင္ဆင္ရမွာျဖစ္ပါတယ္။ ဆရာမ်ားရဲ႕ စြမ္းေဆာင္ရည္ကို အစဥ္အၿမဲ ျမႇင့္တင္ဖို႔ရွိရမွာျဖစ္ျပီး မိမိတို႔ဘက္မွလည္း တုိးတက္ေနေသာ ေခတ္ထဲတြင္ အိပ္ေပ်ာ္ျပီး မက်န္ခဲ့ဖို႔လိုပါတယ္။ အိပ္ေပ်ာ္ျပီးေနပါက အေသအခ်ာက်န္ခဲ့မွာမလြဲပါ။ မိမိတို႔အမ်ားဆံုး ျဖစ္တတ္သည့္သေဘာကေတာ့ အမ်ား ေရြးခ်ယ္တာကိုအေကာင္းထင္ျပီး လိုက္လုပ္တတ္တာ လူအမ်ားရဲ့အက်င့္ရွိတတ္ပါတယ္။ ဒီအခ်က္ကိုေတာ့ေရွာင္ဖို႔အေရးၾကီးပါတယ္။ အမ်ားေကာင္းတုိင္း မိမိတို႔ေကာင္းမည္ဟု ထင္ၾကသူမ်ားဟာ မစဥ္းစားေသာအက်င့္မွ ဆင္းသက္လာေသာသူမ်ားသာ ျဖစ္ၾကပါ တယ္။ လူသားေတြရဲ႕ ၾကီးမားေသာစြမ္းရည္မ်ားစြာထဲမွ တစ္ခုကေတာ့ စဥ္းစားေရြးခ်ယ္ ႏိိုင္မႈပါ။ ဒီအခ်က္ကိုအသံုုးခ်ရမွာျဖစ္ပါတယ္။ ေရြးခ်ယ္တဲ့ေနရာမွာ ေရာက္ေနေသာ ျဖတ္သန္းေနရေသာေခတ္ကို မေမ့ဖို႔လိုပါတယ္။ ဒီေနရာမွာ ေရြးခ်ယ္မႈေတြရဲ့သေဘာ တရားကို နားလည္ရပါမယ္။ မိမိရဲ့ေရြးခ်ယ္မႈမွာ ေရတိုနဲ႔ေရရွည္ကိုယွဥ္ရင္ ေရရွည္ရွိ သည့္အရာကို ေရြးခ်ယ္ရမွာျဖစ္ျပီး လူအမ်ားနဲ႔အနည္းအတြက္ အက်ိဳးရွိမႈမွာလည္း လူအမ်ားအတြက္ဆိုတဲ့ အခ်က္အလက္ေတြကို ထည့္သြင္းစဥ္းစားရမွာျဖစ္ျပီး ေရြးခ်ယ္ ရမွာ ျဖစ္ပါတယ္။
ဒီအခ်က္ေတြကေတာ့ ေရြးခ်ယ္မႈေနရာမွာ ပါ၀င္ရမည့္ အခ်က္ေတြပဲျဖစ္ပါတယ္။ မိမိကို အသိအမွတ္ျပဳျခင္းခံရဖို႔ ဦးစြာမိမိေရြးခ်ယ္မည့္လမ္းေၾကာင္းကို မိမိဘက္မွ စိတ္ၾကိဳက္ေရြးခ်ယ္ျပီး သူ႕ရဲ့တန္ဖိုးကို ေလးစားရမွာျဖစ္ပါတယ္။ သို႔မွသာ တျခား သူမ်ား အသိအမွတ္မျပဳခင္ ဦးစြာ မိမိဘက္မွ အသိအမွတ္ျပဳရမွာျဖစ္ပါတယ္။ မိမိေရြးခ်ယ္ေသာ လမ္းေၾကာင္းကို မိမိကိုယ္တိုင္ အသိအမွတ္မျပဳပါက အမ်ားမွ အသိ အမွတ္ျပဳမႈကို မေမွ်ာ္လင့္ပါနဲ႕။ မိမိအေနျဖင့္ အသိအမွတ္ျပဳျခင္းခံရဖို႔ ရႈေထာင့္ေပါင္းစံု ျမင္ကြင္းေပါင္းစံု ရွိတဲ့အထဲကမွ ယေန႔ေခတ္မွာ IT (Information Technology) ရႈေထာင့္မွ ျမင္ၾကပါစို႔။
ယေန႔ေခတ္ကာလသည္ ေရြးခ်ယ္ႏိုင္စရာ ေတာ္ေတာ္မ်ားေသာ ေခတ္ကာလျဖစ္ ပါတယ္။ အမ်ားစုအေနျဖင့္ Computer တတ္တယ္လို႔ေျပာလိုက္တိုင္း အကုန္ရမည္ ဟု ထင္ျမင္ၾကသူ မ်ားလွပါတယ္။ တကယ္လက္ေတြ႕တြင္ Computer ပညာရပ္၌ သူေနရာႏွင့္သူ ကြၽမ္းက်င္ရမည့္ ပညာရပ္ေတြမ်ားစြာရွိၾကပါတယ္။ လူသားတိုင္း ကမၻာေပၚမွ ပညာရပ္ေပါင္း သိန္းခ်ီ တတ္ေျမာက္ႏိုင္ဖို႔ မျဖစ္ႏိုင္သလို Computer ပညာရပ္တိုင္းကို ကြၽမ္းက်င္ဖို႔ဆိုတာ ခက္ခဲလွပါတယ္။ နက္ရႈိင္းလွပါတယ္။ သို႔ေသာ္ ပညာရွင္တစ္ဦးအေနျဖင့္ မိမိေလ့လာမႈ၊ စဥ္းစားမႈ၊ နည္းစနစ္မွန္ကန္မႈေပၚမူတည္ျပီး ခ်ိတ္ဆက္ေတြးေခၚနားလည္ႏိုင္သည့္ (Concept) ကိုေတာ့ရရွိႏိုင္မွာ ျဖစ္ပါတယ္။ Computer ပညာရပ္ကို စတင္ေလ့လာသည့္အခ်ိန္မွစျပီး စဥ္ဆက္မျပတ္ေလ့လာ သူတိုင္း လုပ္ေဆာင္ရမည့္အလုပ္မွာ စာေတြ႕ႏွင့္လက္ေတြ႕ကို မ်က္ေျခမပ်က္ဖိုု႔ လိုပါတယ္။ သုိ႔မွသာ ယေန႔ေခတ္ကာလ၏ ေရြ႕လ်ားမႈကို သိရွိႏိုင္မွာျဖစ္ပါတယ္။ မိမိတို႔ ေရြးခ်ယ္ထားေသာလမ္းေၾကာင္းသည္ ဘယ္သို႔ေရာက္ေနျပီ၊ ေရွ႕ဆက္ဘယ္သြား ေနျပီဆိုတာကိုသိရွိျပီး မိမိဘက္မွ ၾကိဳတင္ျပင္ဆင္ထားရမွာျဖစ္ပါတယ္။ မိမိေရြးခ်ယ္ ထားေသာလမ္းေၾကာင္းကို ခိုင္မာစြာတည္ေဆာက္ရင္း လိုအပ္မည့္အရာမ်ားကို အခ်ိန္ႏွင့္ တေျပးညီ ျဖည့္ဆည္းရမႈကို မိမိတို႔ တပါတည္းလုပ္ေဆာင္သြားရမွာ ျဖစ္ပါတယ္။ ဒီေနရာမွာ ေရြးခ်ယ္မႈအပိုင္း၌ လူစိတ္သေဘာအရ ေျပာင္းလဲတတ္တာမွန္ေပမယ့္ အခ်ိန္အခါတိုင္း ေျပာင္းလဲမႈလုပ္ပါက လိုတဲ့ပန္းတိုင္ မေရာက္ႏိုင္တာကို အထူး သတိထားရွိရမွာပါ။
မိမိစိတ္ၾကိဳက္ေရြးခ်ယ္ထားေသာ ပညာရပ္ကို ေလးစားတန္ဖိုးထားသလို အျခား သူေတြရဲ့ ေရြးခ်ယ္ထားေသာ ပညာရပ္ေတြကိုလည္း ေလးစားမႈရွိရမည္မွာ ပညာရွိတို႔၏ က်င့္၀တ္ ျဖစ္ပါတယ္။ အသိအမွတ္ျပဳျခင္းဆိုတာ တန္ဖိုးတစ္ခုကို ျပသႏိုင္လို႔ တန္ဖိုးရဲ့ တန္ျပန္ရရွိတဲ့ အက်ိဳးတစ္ခုပါ။ မိမိဘက္မွ တန္ဖိုးတစ္ခု မျပသႏိုင္ပါက တန္ျပန္ရရွိမည့္အက်ိဳးကိုလည္း မရရွိႏိုင္ပါ။ ေရြးခ်ယ္တဲ့ေနရာမွာ မိမိေရြးခ်ယ္တဲ့ လမ္းေၾကာင္းၾကီးမားသေလာက္ ေပးဆပ္မႈကလည္း ၾကီးၾကီးမားမားေပးဆပ္ရပါမယ္။ သို႕မွသာ အက်ိဳးကလည္း မ်ားမ်ားစားစားခံစားရမည္မွာ မလႊဲပါ။ ေရြးခ်ယ္တဲ့ေနရာမွာ မိမိေရြးခ်ယ္တဲ့လမ္းေၾကာင္းရဲ့ ခိုင္မာမႈကို ထည့္စဥ္းစားရမည္မွာ လြန္စြာအေရးၾကီးလွ ပါတယ္။
မိမိေရြးခ်ယ္မည့္လမ္းေၾကာင္း၏ခိုင္မာမႈအပိုင္းကို အခ်ိန္ကာလဆိုသည့္ေပတံျဖင့္ တိုင္းတာတတ္ၾကပါတယ္။ အခ်ိန္ကာလၾကာျမင့္စြာ ရပ္တည္ႏိုင္မႈသည္ လြန္စြာမွ အေရးၾကီးလွပါသည္။ အခ်ိန္ကာလအျပင္ ထည့္သြင္္းစဥ္းစားရမည့္အရာမ်ားလည္း ရွိပါ တယ္။ လုပ္ငန္းအတြက္ ဦးေဆာင္မႈ၊ စီမံထားရွိမႈ၊ ျပင္ဆင္မႈ စတာေတြကိုလည္း ေရြးခ်ယ္တဲ့လမ္းေၾကာင္းမွာ ထည့္စဥ္းစားရမွာ ျဖစ္ပါတယ္။
စတင္ေလ့လာသူတစ္ဦးအေနျဖင့္ ေရြးခ်ယ္မႈ မျပဳလုပ္ခင္မွာ ရသမွ် Data ေတြ စုေဆာင္းပါ။ အခိ်န္ကာလတစ္ခုျဖတ္သန္းျပီးမွ ေရြးခ်ယ္မႈကို ျပတ္သားစြာခ်မွတ္ပါ။ ေရြးခ်ယ္မႈအပိုင္း ျပီးေျမာက္သြားပါက ေမာင္းႏွင္မႈ (Drive) နည္းပညာေလာကမွာေတာ့ Processing အပိုင္းကို ေရွ႕ဆက္ရမွာျဖစ္ပါတယ္။
ေရွ႕တစ္ပါတ္မွာေတာ့ မိမိတို႔ စိတ္ၾကိဳက္ေရြးခ်ယ္ထားေသာ လမ္းေၾကာင္းကို ေရာက္ဖို႔ ေမာင္းႏွင္ၾကပါစို႔။

ဆရာဇာနည္ (MCT)

အသိအမှတ်ပြုဖို့ဆိုတာ အပိုင်း(၂)

ပြီးခဲ့တဲ့အပိုင်းက မိမိအကြောင်း၊ မိမိတို့လုပ်ငန်းအကြောင်းကို မိမိတို့ကိုယ်တိုင် ပြောတာထက် မိမိတို့အကြောင်းကို မိမိတို့မဟုတ်သော အခြားအဖွဲ့အစည်း (Third Party Organization)မှ ပြောတာကောင်းကြောင်း၊ သို့မှသာ အများ၏ အသိအမှတ် ပြုမှုခံရမည် ဖြစ်ကြောင်းကို ဖော်ပြခဲ့ပါတယ်။ ဒီအပိုင်း(၂)မှာကတော့ အများအသိအမှတ် ပြုဖို့ မိမိဘက်မှ ပြင်ဆင်ရမည့် အချက်များကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။
ပထမဆုံး ပြင်ဆင်ရမှာက ရွေးချယ်မှုပါ။ မိမိဘဝမှာ မိမိဘာဖြစ်ချင်သလဲဆိုတာနဲ့ စတင်ရမှာ ဖြစ်ပါတယ်။ ကလေးဘဝမှာ မိဘများ၊ ဆွေမျိုးများ၊ လူကြီးများ မေးတတ်ကြသော မေးခွန်းပေါ့။ ကြီးလာရင် ဘာလုပ်မှာလဲဆိုတာ။
သိပ်ကို အရေးကြီးလှပါတယ်။ ဒီမေးခွန်းကို လွယ်လွယ်နဲ့ မဖြေမိပါစေနဲ့။ ငယ်ငယ်က ကိုယ်စီဖြေခဲ့ဘူးပေမယ့် အခု ဒီစာဖတ်နေတဲ့အချိန်မှာတော့ သေသေချာချာ ပြန်တွေးပြီးတော့မှ မိမိကိုယ်ကို ဖြေစေချင်တာ စာရေးသူရဲ့ဆန္ဒပါ။
ဒါဆို ဘာလိုလဲဆိုတော့ Computer မှာဆို Result ရဖို့ Data တွေကို Instruction ပေးပြီးတော့ Process လုပ်ရပါတယ်။ ဒီသဘောတရားအတိုင်းပါပဲ လူ့လောကမှာ မိမိတို့ ပန်းတိုင်ဆိုတဲ့ (Result)ရဖို့ အရေးကြီးတဲ့ Data တွေကို စုဆောင်းတတ်ဖို့ လွန်စွာမှ အရေးကြီးလှပါတယ်။ ရလာတဲ့ အချက်အလက်ကို စနစ်တကျ စုဆောင်းဖို့ အချက်အလက်တွေထဲမှ ဘယ်အချက်တွေဟာ မိမိတို့နဲ့ ကိုက်ညီမှုရှိတယ် ဆိုတာကို ခွဲခြားနိိုင်မှုဆိုတာ ပညာလိိုပါတယ်။ ပညာဆိုတာ ဘာလဲ၊ ပညာဆိုတာ ပ(အသေးစိတ်) ညာ(ခွဲခြားနိုင်ခြင်း)။ လူ့လောကရဲ့ ဖြတ်သန်းမှုတိုင်းမှာ အရေးကိစ္စ ကြီးငယ်ကို ခွဲခြားနိိုင်သောပညာ မရှိလျှင် အဆိုးအကောင်းကို သင်ဘယ်လိုခွဲခြားမလဲ။
ဒါဆို ဦးစွာ စုဆောင်းပြီးသော အချက်အလက်တွေကို ဝေဖန််ခွဲခြားပြီးလျှင် မိမိဘက်မှ လည်ပတ်နိုင်အောင် Processing အလုပ်ကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ မိမိတို့ရဲ့ ပညာ၏လေးနက်မှုက အရေးကြီးလှပါတယ်။ ဆိုလိုတာက ဘွဲ့တစ်ခုအတွက်၊ လက်မှတ်တစ်စောင်အတွက်၊ ဓါတ်ပုံတစ်ပုံအတွက် သင်ကြားနေသော အရာကို ဆိုလိုတာမဟုတ်။ ဒီနေ့ အများပြောနေတဲ့ ဘဝတစ်သက်တာ ပညာသင်ယူမှု (Life Long Learning) ကို ဆိုလိုခြင်း ဖြစ်ပါတယ်။ လူအများက သိကြပါတယ်။ လက်တွေ့လုပ်ရန် ခက်ခဲတတ်ကြတယ်။ အဓိက မိမိကိုယ်ကို မိမိထိန်းနိုင်ဖို့လိုပါတယ်။ သင်ယူတဲ့သူတွေ ပြင်ဆင်ဖို့ အရေးကြီးသလို သင်ကြားမည့်သူတွေဘက်မှလည်း ဖိတ်ခေါ်မှုက အရေးကြီးလှပါတယ်။
ဒါကြောင့် ကမ္ဘာ့ဆရာများနေ့ရဲ့ စာသားလေးအတိုင်း ==လူ့အဖွဲ့အစည်း စဉ်ဆက် မပြတ်တိုးတက်ရေး ဆရာ့စွမ်းအင်မြှင့်တင်ပေး++ (Empowering Teachers, Building Sustainable Societies) ဆိုသည့်အတိုင်း ပြင်ဆင်ရမှာဖြစ်ပါတယ်။ ဆရာများရဲ့ စွမ်းဆောင်ရည်ကို အစဉ်အမြဲ မြှင့်တင်ဖို့ရှိရမှာဖြစ်ပြီး မိမိတို့ဘက်မှလည်း တိုးတက်နေသော ခေတ်ထဲတွင် အိပ်ပျော်ပြီး မကျန်ခဲ့ဖို့လိုပါတယ်။ အိပ်ပျော်ပြီးနေပါက အသေအချာကျန်ခဲ့မှာမလွဲပါ။ မိမိတို့အများဆုံး ဖြစ်တတ်သည့်သဘောကတော့ အများ ရွေးချယ်တာကိုအကောင်းထင်ပြီး လိုက်လုပ်တတ်တာ လူအများရဲ့အကျင့်ရှိတတ်ပါတယ်။ ဒီအချက်ကိုတော့ရှောင်ဖို့အရေးကြီးပါတယ်။ အများကောင်းတိုင်း မိမိတို့ကောင်းမည်ဟု ထင်ကြသူများဟာ မစဉ်းစားသောအကျင့်မှ ဆင်းသက်လာသောသူများသာ ဖြစ်ကြပါ တယ်။ လူသားတွေရဲ့ ကြီးမားသောစွမ်းရည်များစွာထဲမှ တစ်ခုကတော့ စဉ်းစားရွေးချယ် နိိုင်မှုပါ။ ဒီအချက်ကိုအသုုံးချရမှာဖြစ်ပါတယ်။ ရွေးချယ်တဲ့နေရာမှာ ရောက်နေသော ဖြတ်သန်းနေရသောခေတ်ကို မမေ့ဖို့လိုပါတယ်။ ဒီနေရာမှာ ရွေးချယ်မှုတွေရဲ့သဘော တရားကို နားလည်ရပါမယ်။ မိမိရဲ့ရွေးချယ်မှုမှာ ရေတိုနဲ့ရေရှည်ကိုယှဉ်ရင် ရေရှည်ရှိ သည့်အရာကို ရွေးချယ်ရမှာဖြစ်ပြီး လူအများနဲ့အနည်းအတွက် အကျိုးရှိမှုမှာလည်း လူအများအတွက်ဆိုတဲ့ အချက်အလက်တွေကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပြီး ရွေးချယ် ရမှာ ဖြစ်ပါတယ်။
ဒီအချက်တွေကတော့ ရွေးချယ်မှုနေရာမှာ ပါ၀င်ရမည့် အချက်တွေပဲဖြစ်ပါတယ်။ မိမိကို အသိအမှတ်ပြုခြင်းခံရဖို့ ဦးစွာမိမိရွေးချယ်မည့်လမ်းကြောင်းကို မိမိဘက်မှ စိတ်ကြိုက်ရွေးချယ်ပြီး သူ့ရဲ့တန်ဖိုးကို လေးစားရမှာဖြစ်ပါတယ်။ သို့မှသာ တခြား သူများ အသိအမှတ်မပြုခင် ဦးစွာ မိမိဘက်မှ အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ မိမိရွေးချယ်သော လမ်းကြောင်းကို မိမိကိုယ်တိုင် အသိအမှတ်မပြုပါက အများမှ အသိ အမှတ်ပြုမှုကို မမျှော်လင့်ပါနဲ့။ မိမိအနေဖြင့် အသိအမှတ်ပြုခြင်းခံရဖို့ ရှုထောင့်ပေါင်းစုံ မြင်ကွင်းပေါင်းစုံ ရှိတဲ့အထဲကမှ ယနေ့ခေတ်မှာ IT (Information Technology) ရှုထောင့်မှ မြင်ကြပါစို့။
ယနေ့ခေတ်ကာလသည် ရွေးချယ်နိုင်စရာ တော်တော်များသော ခေတ်ကာလဖြစ် ပါတယ်။ အများစုအနေဖြင့် Computer တတ်တယ်လို့ပြောလိုက်တိုင်း အကုန်ရမည် ဟု ထင်မြင်ကြသူ များလှပါတယ်။ တကယ်လက်တွေ့တွင် Computer ပညာရပ်၌ သူနေရာနှင့်သူ ကျွမ်းကျင်ရမည့် ပညာရပ်တွေများစွာရှိကြပါတယ်။ လူသားတိုင်း ကမ္ဘာပေါ်မှ ပညာရပ်ပေါင်း သိန်းချီ တတ်မြောက်နိုင်ဖို့ မဖြစ်နိုင်သလို Computer ပညာရပ်တိုင်းကို ကျွမ်းကျင်ဖို့ဆိုတာ ခက်ခဲလှပါတယ်။ နက်ရှိုင်းလှပါတယ်။ သို့သော် ပညာရှင်တစ်ဦးအနေဖြင့် မိမိလေ့လာမှု၊ စဉ်းစားမှု၊ နည်းစနစ်မှန်ကန်မှုပေါ်မူတည်ပြီး ချိတ်ဆက်တွေးခေါ်နားလည်နိုင်သည့် (Concept) ကိုတော့ရရှိနိုင်မှာ ဖြစ်ပါတယ်။ Computer ပညာရပ်ကို စတင်လေ့လာသည့်အချိန်မှစပြီး စဉ်ဆက်မပြတ်လေ့လာ သူတိုင်း လုပ်ဆောင်ရမည့်အလုပ်မှာ စာတွေ့နှင့်လက်တွေ့ကို မျက်ခြေမပျက်ဖိုု့ လိုပါတယ်။ သို့မှသာ ယနေ့ခေတ်ကာလ၏ ရွေ့လျားမှုကို သိရှိနိုင်မှာဖြစ်ပါတယ်။ မိမိတို့ ရွေးချယ်ထားသောလမ်းကြောင်းသည် ဘယ်သို့ရောက်နေပြီ၊ ရှေ့ဆက်ဘယ်သွား နေပြီဆိုတာကိုသိရှိပြီး မိမိဘက်မှ ကြိုတင်ပြင်ဆင်ထားရမှာဖြစ်ပါတယ်။ မိမိရွေးချယ် ထားသောလမ်းကြောင်းကို ခိုင်မာစွာတည်ဆောက်ရင်း လိုအပ်မည့်အရာများကို အချိန်နှင့် တပြေးညီ ဖြည့်ဆည်းရမှုကို မိမိတို့ တပါတည်းလုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ရွေးချယ်မှုအပိုင်း၌ လူစိတ်သဘောအရ ပြောင်းလဲတတ်တာမှန်ပေမယ့် အချိန်အခါတိုင်း ပြောင်းလဲမှုလုပ်ပါက လိုတဲ့ပန်းတိုင် မရောက်နိုင်တာကို အထူး သတိထားရှိရမှာပါ။
မိမိစိတ်ကြိုက်ရွေးချယ်ထားသော ပညာရပ်ကို လေးစားတန်ဖိုးထားသလို အခြား သူတွေရဲ့ ရွေးချယ်ထားသော ပညာရပ်တွေကိုလည်း လေးစားမှုရှိရမည်မှာ ပညာရှိတို့၏ ကျင့်ဝတ် ဖြစ်ပါတယ်။ အသိအမှတ်ပြုခြင်းဆိုတာ တန်ဖိုးတစ်ခုကို ပြသနိုင်လို့ တန်ဖိုးရဲ့ တန်ပြန်ရရှိတဲ့ အကျိုးတစ်ခုပါ။ မိမိဘက်မှ တန်ဖိုးတစ်ခု မပြသနိုင်ပါက တန်ပြန်ရရှိမည့်အကျိုးကိုလည်း မရရှိနိုင်ပါ။ ရွေးချယ်တဲ့နေရာမှာ မိမိရွေးချယ်တဲ့ လမ်းကြောင်းကြီးမားသလောက် ပေးဆပ်မှုကလည်း ကြီးကြီးမားမားပေးဆပ်ရပါမယ်။ သို့မှသာ အကျိုးကလည်း များများစားစားခံစားရမည်မှာ မလွှဲပါ။ ရွေးချယ်တဲ့နေရာမှာ မိမိရွေးချယ်တဲ့လမ်းကြောင်းရဲ့ ခိုင်မာမှုကို ထည့်စဉ်းစားရမည်မှာ လွန်စွာအရေးကြီးလှ ပါတယ်။
မိမိရွေးချယ်မည့်လမ်းကြောင်း၏ခိုင်မာမှုအပိုင်းကို အချိန်ကာလဆိုသည့်ပေတံဖြင့် တိုင်းတာတတ်ကြပါတယ်။ အချိန်ကာလကြာမြင့်စွာ ရပ်တည်နိုင်မှုသည် လွန်စွာမှ အရေးကြီးလှပါသည်။ အချိန်ကာလအပြင် ထည့်သွင််းစဉ်းစားရမည့်အရာများလည်း ရှိပါ တယ်။ လုပ်ငန်းအတွက် ဦးဆောင်မှု၊ စီမံထားရှိမှု၊ ပြင်ဆင်မှု စတာတွေကိုလည်း ရွေးချယ်တဲ့လမ်းကြောင်းမှာ ထည့်စဉ်းစားရမှာ ဖြစ်ပါတယ်။
စတင်လေ့လာသူတစ်ဦးအနေဖြင့် ရွေးချယ်မှု မပြုလုပ်ခင်မှာ ရသမျှ Data တွေ စုဆောင်းပါ။ အချိန်ကာလတစ်ခုဖြတ်သန်းပြီးမှ ရွေးချယ်မှုကို ပြတ်သားစွာချမှတ်ပါ။ ရွေးချယ်မှုအပိုင်း ပြီးမြောက်သွားပါက မောင်းနှင်မှု (Drive) နည်းပညာလောကမှာတော့ Processing အပိုင်းကို ရှေ့ဆက်ရမှာဖြစ်ပါတယ်။
ရှေ့တစ်ပါတ်မှာတော့ မိမိတို့ စိတ်ကြိုက်ရွေးချယ်ထားသော လမ်းကြောင်းကို ရောက်ဖို့ မောင်းနှင်ကြပါစို့။

ဆရာဇာနည် (MCT)



သတင္းအခ်က္အလက္နွင့္ ကြန္ယက္လုံျခဳံေရး အပုိင္း(၃)

သတင္းအခ်က္အလက္လုံျခံဳဖုိ႕ Password ေပးတာဂရုစုိက္စုိ႕
“ေျဖာင္းေျဖာင္း…..ေျဖာင္းေျဖာင္း”
ညေနခင္းတစ္ခုမွာကြ်န္ေတာ္လည္းအလုပ္နည္းနည္းပါးူတာနဲ႕အိမ္ေစာေစာျပန္ျပီးမေရာက္တာၾကာျပီျဖစ္တဲ့ ေက်ာင္းေနဖက္သူငယ္ခ်င္းတစ္ဦးရဲ႕ရုံးခန္းထဲကုိတံခါးဖြင့္အ၀င္မွာၾကားလုိက္ရတဲ့အသံေတြပဲျဖစ္ပါေတာ့တယ္၊ ထုိသူငယ္ခ်င္းျဖစ္သူမွာကြ်န္ေတာ္နဲ႕မႏၱေလးတကၠသုိလ္အတူတူတက္ေရာက္ခဲ့ျပီးအခုေတာ့ရန္ကုန္သူတစ္ဦး ႏွင့္ အိမ္ေထာင္က်ကာကုိယ္ပုိင္စီးပြားေရးလုပ္ငန္းတစ္ခုနဲ႕အဆင္ေျပအေျခက်ေနသူတစ္ဦးပဲျဖစ္ပါတယ္၊ အလုပ္ တာ၀န္၊ မိသားစုတာ၀န္ကုိယ္စီနဲ႕မုိ႕သာေရးနာေရးကိစၥေတြေလာက္ပဲေတြ႕ျဖစ္ၾကတာမုိ႕ ၾကံဳၾကိဳက္ တုန္းအလည္အပါတ္၀င္ရင္းေထြရာေလးပါး၊ေရွးေဟာင္းေနွာင္းျဖစ္ေတြေျပာၾကဖုိ႕လာခဲ့တာပဲျဖစ္ပါတယ္။
ကြ်န္ေတာ္လည္းတံခါးကုိတြန္းဖြင့္၀င္လုိက္ရင္းသူငယ္ခ်င္းဘာေတြမ်ားျဖစ္ေနလည္းလုိ႕ၾကည့္လုိက္တဲ့အခါမွာ ေတာ့သူ႕ကုိစားပြဲေပၚမွာရွိတဲ့ကြန္ပ်ဴတာေရွ႕မွာအက်အနထုိင္ျပီး Keyboard ကေနတစ္ခုခုကုိအသည္းအသန္ ရုိက္ေနတာကုိေတြလုိက္ရပါေတာ့တယ္ ၊ ဒါနဲ႕ကြ်န္ေတာ္လည္း” သူငယ္ခ်င္းမင္းဘာေတြအသည္းအသန္ရုိက္ ေနတာလည္း Keyboard မေကာင္းရင္လည္းဘာမွတန္ဖုိးရွိတာမဟုတ္ဘူး၊အသစ္လဲလုိက္ပါလား၊သူမ်ားေတြ ၾကားရင္အခန္းထဲမွာတစ္ခုခုျဖစ္ေနတဲ့အတုိင္းပဲ “ လုိ႕ကုိ္ယ့္ဗီဇအတုိင္းဆရာလုပ္လုိက္တဲ့အခါမွာေတာ့သူက “မင္းကေတာ့ေက်ာင္းဆရာလုိ႕မေျပာရဘူး၊ဘယ္သူ႕ကုိေတြ႕ေတြ႕ဆရာလုပ္ဖို႕ပဲစဥ္းစားေနေတာ့တာပဲ၊ငါ့ ကြန္ ပ်ဴတာကဘာမွမျဖစ္ဘူး Keyboard ကလည္းအေကာင္းၾကီးရွိေသးတယ္၊အခု Facebook သုံးဖုိ႕ Password ရုိက္ေနတာကြ၊မင္းကဘာမွလည္းမသိဘဲနဲ႕” လုိ႕ျပန္ေျပာလုိက္ေတာ့ကြ်န္ေတာ္လည္းအံ႕ၾသသြားျပီးသူငယ္ခ်င္း ရယ္ Facebook သုံးဖုိ႕ Password ရုိက္တာမ်ားလူသတ္ေနတဲ့အတုိင္းပဲ၊ေနပါအုံးမင္းက Password ကုိဘာ ေတြမ်ားခက္ခက္ခဲခဲေပးထားလုိ႕အသဲအသန္ရုိက္ေနရတာလည္းလုိ႕အတြန္႕တက္လုိက္တဲ့အခါမွာေတာ့သူျပန္ေျပာလုိက္တဲ့စကားအျပီးမွာကြ်န္ေတာ္လည္းပါးစပ္အေဟာင္းသားျဖစ္သြားပါေတာ့တယ္
သူျပန္ေျပာလုိက္တာကေတာ့ “ ငါက Facebook Password ကုိဘာမွလည္းခက္ခက္ခဲခဲေပးထားတာ မဟုတ္ဘူး၊ငါ့ေယာက္ဖၾကီးရဲ႕နံမည္ကုိပဲေပးထားတာကြ၊သူ႕နာမည္ကနဲနဲရွည္ေနတာရယ္သူ႕ကုိယ္လည္း ၾကည့္မရတာနဲ႕အသံအက်ယ္ၾကီးျမည္ေအာင္ရုိက္ေနတာ၊မင္းစဥ္းစားၾကည့္ေလ ငါကသူ႕ညီမနဲ႕ခ်စ္သူေတြ ျဖစ္အိမ္ေထာင္က်ေတာ့ဆံထုံးေနာက္ေယာင္ပါရန္ကုန္ကုိလုိက္လာရတယ္၊ျပီးေတာ့သူ႕အေမၾကီးကလည္း က်မ္းမာေရးသိပ္မေကာင္းေတာ့သမီးေလးကိုမခဲြနုိင္ဘူးဆုိျပီးသူတုိ႕အိမ္မွာလုိက္ေနေတာ့ေယာကၡမအိမ္တက္ သမက္မ်က္နွာငယ္ဆုိသလုိဇနီးျဖစ္သူနဲ႕အဆင္ေျပေပမဲ့ေနရထုိင္ရတာသိပ္မလြတ္လပ္ဘူးေပါ့ကြာ၊ျပီးေတာ့ ေယာကၡမၾကီးကက်မ္းမာေရးမေကာင္းေတာ့ငါ့မွာအလုပ္တစ္ဖက္နဲ႕အိမ္ကိစၥေတြ၀ုိင္းျပီးကူေပးေနရတာေပါ့၊ အိမ္အလုပ္ကူရတာျပသာနာမရွိပါဘူး၊ငါလည္းအိမ္ေထာင္မက်ခင္ကမိသားစုတာ၀န္ေတြယူခဲ့ရတာမင္းသိေန တာပဲဆုိးတာကေတာ့သူ႕အကုိပဲငါ့လူေရ၊ သူကဇနီးျဖစ္သူထက္အသက္(၅)နွစ္ေလာက္ၾကီးျပီး အျငိမ္းစား ယူထားတဲ့လူပ်ိဴၾကီးဆုိေတာ့တေန႕တေန႔ဟုိဟာေျပာလုိက္ဒီဟာေျပာလုိက္နဲ႕နားကုိေကာင္းေကာင္းမေနရဘူး၊ ငါ့မလဲမိန္းမမ်က္နွာရွိေတာ့တစ္ခါတေလျပန္ေျပာခ်င္ေပမဲ့မေကာင္းတတ္ေတာ့ေအာင့္အီးသည္းခံေနရတာဟုိတရက္ကဆုိသူေျပာတဲ့အေပါက္ကငါပဲမဟုတ္တာေတြအကုန္လုပ္ျပီးအိမ္မွာဟန္ေဆာင္ေနသလုိမ်ိဳးမင္းပဲစဥ္းစား ၾကည့္ဘယ္ေလာက္ရုိက္ခ်င္စရာေကာင္းလဲ၊ဒါေၾကာင့္ငါလည္းစကားနည္းရန္ဆဲသူ႕ကို္ေတာ့ဘာမွျပန္ေျပာ မေနေတာ့ပဲရုံးမွာသုံးတဲ့ Facebook Account ကုိသူ႕နာမည္နဲ႕ Password လုပ္ျပီးအိမ္မွာသူေျပာလုိက္တာေတြ တစ္ခုခုကုိျပန္သတိရမိတုိင္းအခုလုိပဲ Password ကုိခပ္နာနာေလးရုိက္ျပီးဖြင့္ေနတာေဟ့ “ ပဲျဖစ္ပါတယ္။
ကြ်န္ေတာ္လည္းပထမေတာ့အံ႕ၾသသြားရာကေန၀ါးလုံးကြဲရယ္ခ်လုိက္ျပီးသူ႕မ်က္နွာကုိတည့္တည့္ၾကည့္ကာ “ ျဖစ္မွျဖစ္ရေလသူငယ္ခ်င္းရယ္၊မင္းေယာက္ဖၾကီးကုိဒီေလာက္ခ်စ္မွန္းငါလည္းအခုမွပဲသိရေတာ့တယ္၊ ခ်စ္တာေတာ့ခ်စ္ေပါ့ကြာ၊ဒါေပမဲ့အခုလုိ Password ေပးတာေတာ့မေကာင္းပါဘူး၊ Password ဆုိတာ သတိထား မိလြယ္တဲ့နာမည္၊သေကၤတ၊ရက္စြဲ လုိဟာမ်ိဳးေတြကုိမေပးရဘူး၊ မင္းတုိ႕လုိစီးပြားေရး လုပ္ငန္း ရွင္ေတြ၊ ထင္ရွား ေက်ာ္ၾကားတဲ့သူေတြအတြက္သတင္းအခ်က္အလက္ေတြေပါက္ၾကားနုိင္မဲ့ အႏၱရာယ္ရွိ တယ္လုိ႕” ေျပာလုိက္မွ ကြ်န္ေတာ့ကုိမ်က္နွာငယ္ေလးနဲ႕ျပန္ၾကည့္ရင္း “ ဒါဆုိ Password ေပးတဲ့အခါ ဘယ္လုိဟာေတြေပးရမယ္၊ ဘယ္လုိဟာေတြကုိမေပးသင့္ဘူးဆုိတဲ့ေဆာင္ရန္ေရွာင္ရန္ေလးေတြေျပာပါအုံး ေဘာ္ဒါၾကီးရယ္မင္းကုိ ဆရာ တင္ပါတယ္” လုိ႕ေျပာလာေတာ့ ကြ်န္ေတာ္လည္း ဆရာၾကီးအုိက္တင္နဲ႕ သိထားသမ်ွေလးေတြ ကုိလုိရွင္းတုိရွင္း ေအာက္မွာေဖၚျပေပးထားတဲ့ အတုိင္းျပန္ျပီး ေဖါက္သည္ခ်လုိက္ ရပါေတာ့တယ္။
Password(စကား၀ွက္) ဆုိတာအသုံးျပဳဖုိ႕အလြယ္ကူဆုံး၊ကုန္က်စရိတ္အနည္းဆုံးျဖစ္ေပမဲ့ေပါက္ၾကားနုိင္တဲ့ နည္းလမ္းေတြနဲ႕စိတ္မခ်ရတာေတြလည္းမ်ားေတာ့လုပ္ငန္းၾကီးေတြမွာ Password အသုံးျပဳမူအတြက္ Policy ေတြခ်မွတ္ျပီးအဲဒီမူ၀ါဒေတြအတုိင္းလုိက္နာက်င့္သုံးၾကရပါတယ္၊ အခုဆုိရင္လုပ္ငန္းတုိင္းနီးပါးမွာအုိင္တီ၊ အင္တာနက္၊ Database နဲ႕ Information System ေတြအသုံးျပဳေနၾကျပီျဖစ္လုိ႕ Passwrod ေတြကုိ Computer Log-On အတြက္၊ အင္တာနက္အသုံးျပဳဖုိ႕အတြက္၊ email Password၊ Database Access Password နဲ႕ Information Systems ေတြအသုံးျပဳၾကတဲ့အခါအသုံးျပဳသူရဲ႕အဆင့္ User Right ေတြ ေပၚမွာမူတည္ျပီး Password Policy ေတြခ်မွတ္အသုံးျပဳေနၾကတာျဖစ္ပါတယ္၊တစ္ခ်ိဳ႕လုပ္ငန္းအဖြဲ႕အစည္း ေတြမွာဆုိရင္ email Account တင္(၃)(၄)ခုရွိတာျဖစ္တဲ့အတြက္ Password ေတြကုိေတာ္ေတာ္ေလး သတိထားျပီးအသုံးျပဳေနၾကရေၾကာင္းျပန္လည္မွ်ေ၀ရင္း Password အသုံးျပဳမယ္ဆုိရင္ အေလးထား လုိက္နာသင့္တဲ့အခ်က္ေလးေတြနဲ႕ေဆာင္ရန္ေရွာင္ရန္တစ္ခ်ိဳ႕ကုိေျပာျပေပးခဲ့ပါတယ္။
ကြန္ပ်ဴတာနွင့္သက္ဆုိင္ရာ Program တစ္ခုခုအတြက္Password တစ္ခုကုိအသုံးျပဳမည္ဆုိလွ်င္
• အနည္းဆုံးရက္(၆၀)တစ္ခါေလာက္ Password ေျပာင္းသင့္ေၾကာင္း
• Password ကုိအနည္းဆုံးစကားလုံးအေရအတြက္(၈)လုံး(၉)လုံးထားသင့္ေၾကာင္း
• Password တစ္ခုမွာ Upper Case, Lower Case နဲ႕Numeric စကားလုံးေတြ၊ Special Character ေတြျဖစ္တဲ့ (!,@,#...)စတာေတြေပါင္းျပီးေရးသင့္ေၾကာင္း
• Password ေပးတဲ့အခါမွာအလြယ္တကူသတိျပဳမိေစနုိင္တဲ့
• အသုံးျပဳသူအမည္(UserName ) တုိ႕
• ၀န္ထမ္းကုိယ္ပုိင္အမွတ္တုိ႕
• မိမိအမည္နွင့္သိကြ်မ္းရင္းနွီးသူတစ္ဦးဦးရဲ႕အမည္တုိ႕
• မိသားစုအမည္(ဒါမွမဟုတ္)နာမည္ေျပာင္တုိ႕
• လူမူဖူလုံေရးနံပါတ္တုိ႕
• ေမြးသကၠရာဇ္တုိ႕
• ကားနံပါတ္တုိ႕
• လိပ္စာတုိ႕
• ဖုန္းနံပါတ္တုိ႕
• မိမိဌာနအမည္တုိ႕
• မိမိျမိဳ႕(ဒါမွမဟုတ္)ရပ္ကြက္အမည္၊လမ္းအမည္တုိ႕
• ေက်ာင္းအမည္တုိ႕၊ေက်ာင္းေဆာင္ပုဒ္တုိ႕
• အေရာင္တုိ႕၊အစားအေသာက္အမည္တုိ႕
• ထင္ရွားေက်ာ္ၾကားတဲ့အမည္တုိ႕
• သုံးျပီးသား Password တုိ႕
စတာတာေတြကုိ ေရွာင္ရွားဖုိ႕နဲ႕မိမိကလြဲလုိ႕က်န္တဲ့သူေတြကုိ Password မသိရွိနုိင္ဖုိ႕လုံျခံဳတဲ့နည္းလမ္း ေတြနဲ႕အသုံးျပဳဖုိ႕၊အသုံးျပဳတဲ့ Password ေတြမ်ားတယ္ဆုိရင္လည္းလွ်ိ႕၀ွက္တဲ့အစီအစဥ္နဲ႕သိမ္းဆည္းထားဖုိ႕ သူငယ္ခ်င္းျဖစ္သူကုိရွင္းျပလုိက္တဲ့အခါမွာေတာ့” အေတာ္ပဲသူငယ္ခ်င္းေရ၊မနက္ျဖန္ေတာင္တုိ႕ကုမၸဏီက ထူေထာင္ထားတဲ့ Customer နဲ႕ Stock Database ေတြကုိဘယ္သူေတြကုိေပးသိမယ္၊ဘယ္သူ႕ဘယ္လုိပုံစံနဲ႕ Password ေတြထားမယ္ဆုိတာေဆြးေနြးဖုိ႕ရွိတယ္၊မင္းေျပာတဲ့ Password Guideline ေလးေတြကေတာ္ေတာ္ အသုံး၀င္နုိင္မယ္လုိ႕ထင္တယ္၊ေက်းဇူးပဲသူငယ္ခ်င္း” ဆုိတဲ့စကားေလးအျပီးမွာပဲကြ်န္ေတာ္လည္းသူ႕ကုိ နဳတ္ဆက္ထြက္ခြာခဲ့ျပီးေအာက္မွာအသင့္ေစာင့္ေနတဲ့ကားေပၚတက္လုိက္လာခဲ့ပါေတာ့တယ္။

UNO(အုိင္တီခရီးသည္)

သတင်းအချက်အလက်လုံခြုံဖို့ Password ပေးတာဂရုစိုက်စို့
(သတင်းအချက်အလက်နှင့်ကွန်ယက်လုံခြုံရေးအပိုင်း(၃))

“ဖြောင်းဖြောင်း…..ဖြောင်းဖြောင်း”
ညနေခင်းတစ်ခုမှာကျွန်တော်လည်းအလုပ်နည်းနည်းပါးူတာနဲ့အိမ်စောစောပြန်ပြီးမရောက်တာကြာပြီဖြစ်တဲ့ ကျောင်းနေဖက်သူငယ်ချင်းတစ်ဦးရဲ့ရုံးခန်းထဲကိုတံခါးဖွင့်အဝင်မှာကြားလိုက်ရတဲ့အသံတွေပဲဖြစ်ပါတော့တယ်၊ ထိုသူငယ်ချင်းဖြစ်သူမှာကျွန်တော်နဲ့မန္တလေးတက္ကသိုလ်အတူတူတက်ရောက်ခဲ့ပြီးအခုတော့ရန်ကုန်သူတစ်ဦး နှင့် အိမ်ထောင်ကျကာကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုနဲ့အဆင်ပြေအခြေကျနေသူတစ်ဦးပဲဖြစ်ပါတယ်၊ အလုပ် တာဝန်၊ မိသားစုတာဝန်ကိုယ်စီနဲ့မို့သာရေးနာရေးကိစ္စတွေလောက်ပဲတွေ့ဖြစ်ကြတာမို့ ကြံုကြိုက် တုန်းအလည်အပါတ်ဝင်ရင်းထွေရာလေးပါး၊ရှေးဟောင်းနှောင်းဖြစ်တွေပြောကြဖို့လာခဲ့တာပဲဖြစ်ပါတယ်။
ကျွန်တော်လည်းတံခါးကိုတွန်းဖွင့်ဝင်လိုက်ရင်းသူငယ်ချင်းဘာတွေများဖြစ်နေလည်းလို့ကြည့်လိုက်တဲ့အခါမှာ တော့သူ့ကိုစားပွဲပေါ်မှာရှိတဲ့ကွန်ပျူတာရှေ့မှာအကျအနထိုင်ပြီး Keyboard ကနေတစ်ခုခုကိုအသည်းအသန် ရိုက်နေတာကိုတွေလိုက်ရပါတော့တယ် ၊ ဒါနဲ့ကျွန်တော်လည်း” သူငယ်ချင်းမင်းဘာတွေအသည်းအသန်ရိုက် နေတာလည်း Keyboard မကောင်းရင်လည်းဘာမှတန်ဖိုးရှိတာမဟုတ်ဘူး၊အသစ်လဲလိုက်ပါလား၊သူများတွေ ကြားရင်အခန်းထဲမှာတစ်ခုခုဖြစ်နေတဲ့အတိုင်းပဲ “ လို့ကို်ယ့်ဗီဇအတိုင်းဆရာလုပ်လိုက်တဲ့အခါမှာတော့သူက “မင်းကတော့ကျောင်းဆရာလို့မပြောရဘူး၊ဘယ်သူ့ကိုတွေ့တွေ့ဆရာလုပ်ဖို့ပဲစဉ်းစားနေတော့တာပဲ၊ငါ့ ကွန် ပျူတာကဘာမှမဖြစ်ဘူး Keyboard ကလည်းအကောင်းကြီးရှိသေးတယ်၊အခု Facebook သုံးဖို့ Password ရိုက်နေတာကွ၊မင်းကဘာမှလည်းမသိဘဲနဲ့” လို့ပြန်ပြောလိုက်တော့ကျွန်တော်လည်းအံ့သြသွားပြီးသူငယ်ချင်း ရယ် Facebook သုံးဖို့ Password ရိုက်တာများလူသတ်နေတဲ့အတိုင်းပဲ၊နေပါအုံးမင်းက Password ကိုဘာ တွေများခက်ခက်ခဲခဲပေးထားလို့အသဲအသန်ရိုက်နေရတာလည်းလို့အတွန့်တက်လိုက်တဲ့အခါမှာတော့သူပြန်ပြောလိုက်တဲ့စကားအပြီးမှာကျွန်တော်လည်းပါးစပ်အဟောင်းသားဖြစ်သွားပါတော့တယ်
သူပြန်ပြောလိုက်တာကတော့ “ ငါက Facebook Password ကိုဘာမှလည်းခက်ခက်ခဲခဲပေးထားတာ မဟုတ်ဘူး၊ငါ့ယောက်ဖကြီးရဲ့နံမည်ကိုပဲပေးထားတာကွ၊သူ့နာမည်ကနဲနဲရှည်နေတာရယ်သူ့ကိုယ်လည်း ကြည့်မရတာနဲ့အသံအကျယ်ကြီးမြည်အောင်ရိုက်နေတာ၊မင်းစဉ်းစားကြည့်လေ ငါကသူ့ညီမနဲ့ချစ်သူတွေ ဖြစ်အိမ်ထောင်ကျတော့ဆံထုံးနောက်ယောင်ပါရန်ကုန်ကိုလိုက်လာရတယ်၊ပြီးတော့သူ့အမေကြီးကလည်း ကျမ်းမာရေးသိပ်မကောင်းတော့သမီးလေးကိုမခွဲနိုင်ဘူးဆိုပြီးသူတို့အိမ်မှာလိုက်နေတော့ယောက္ခမအိမ်တက် သမက်မျက်နှာငယ်ဆိုသလိုဇနီးဖြစ်သူနဲ့အဆင်ပြေပေမဲ့နေရထိုင်ရတာသိပ်မလွတ်လပ်ဘူးပေါ့ကွာ၊ပြီးတော့ ယောက္ခမကြီးကကျမ်းမာရေးမကောင်းတော့ငါ့မှာအလုပ်တစ်ဖက်နဲ့အိမ်ကိစ္စတွေဝိုင်းပြီးကူပေးနေရတာပေါ့၊ အိမ်အလုပ်ကူရတာပြသာနာမရှိပါဘူး၊ငါလည်းအိမ်ထောင်မကျခင်ကမိသားစုတာဝန်တွေယူခဲ့ရတာမင်းသိနေ တာပဲဆိုးတာကတော့သူ့အကိုပဲငါ့လူရေ၊ သူကဇနီးဖြစ်သူထက်အသက်(၅)နှစ်လောက်ကြီးပြီး အငြိမ်းစား ယူထားတဲ့လူပျိူကြီးဆိုတော့တနေ့တနေ့ဟိုဟာပြောလိုက်ဒီဟာပြောလိုက်နဲ့နားကိုကောင်းကောင်းမနေရဘူး၊ ငါ့မလဲမိန်းမမျက်နှာရှိတော့တစ်ခါတလေပြန်ပြောချင်ပေမဲ့မကောင်းတတ်တော့အောင့်အီးသည်းခံနေရတာဟိုတရက်ကဆိုသူပြောတဲ့အပေါက်ကငါပဲမဟုတ်တာတွေအကုန်လုပ်ပြီးအိမ်မှာဟန်ဆောင်နေသလိုမျိုးမင်းပဲစဉ်းစား ကြည့်ဘယ်လောက်ရိုက်ချင်စရာကောင်းလဲ၊ဒါကြောင့်ငါလည်းစကားနည်းရန်ဆဲသူ့ကို်တော့ဘာမှပြန်ပြော မနေတော့ပဲရုံးမှာသုံးတဲ့ Facebook Account ကိုသူ့နာမည်နဲ့ Password လုပ်ပြီးအိမ်မှာသူပြောလိုက်တာတွေ တစ်ခုခုကိုပြန်သတိရမိတိုင်းအခုလိုပဲ Password ကိုခပ်နာနာလေးရိုက်ပြီးဖွင့်နေတာဟေ့ “ ပဲဖြစ်ပါတယ်။
ကျွန်တော်လည်းပထမတော့အံ့သြသွားရာကနေဝါးလုံးကွဲရယ်ချလိုက်ပြီးသူ့မျက်နှာကိုတည့်တည့်ကြည့်ကာ “ ဖြစ်မှဖြစ်ရလေသူငယ်ချင်းရယ်၊မင်းယောက်ဖကြီးကိုဒီလောက်ချစ်မှန်းငါလည်းအခုမှပဲသိရတော့တယ်၊ ချစ်တာတော့ချစ်ပေါ့ကွာ၊ဒါပေမဲ့အခုလို Password ပေးတာတော့မကောင်းပါဘူး၊ Password ဆိုတာ သတိထား မိလွယ်တဲ့နာမည်၊သင်္ကေတ၊ရက်စွဲ လိုဟာမျိုးတွေကိုမပေးရဘူး၊ မင်းတို့လိုစီးပွားရေး လုပ်ငန်း ရှင်တွေ၊ ထင်ရှား ကျော်ကြားတဲ့သူတွေအတွက်သတင်းအချက်အလက်တွေပေါက်ကြားနိုင်မဲ့ အန္တရာယ်ရှိ တယ်လို့” ပြောလိုက်မှ ကျွန်တော့ကိုမျက်နှာငယ်လေးနဲ့ပြန်ကြည့်ရင်း “ ဒါဆို Password ပေးတဲ့အခါ ဘယ်လိုဟာတွေပေးရမယ်၊ ဘယ်လိုဟာတွေကိုမပေးသင့်ဘူးဆိုတဲ့ဆောင်ရန်ရှောင်ရန်လေးတွေပြောပါအုံး ဘော်ဒါကြီးရယ်မင်းကို ဆရာ တင်ပါတယ်” လို့ပြောလာတော့ ကျွန်တော်လည်း ဆရာကြီးအိုက်တင်နဲ့ သိထားသမျှလေးတွေ ကိုလိုရှင်းတိုရှင်း အောက်မှာဖေါ်ပြပေးထားတဲ့ အတိုင်းပြန်ပြီး ဖေါက်သည်ချလိုက် ရပါတော့တယ်။
Password(စကားဝှက်) ဆိုတာအသုံးပြုဖို့အလွယ်ကူဆုံး၊ကုန်ကျစရိတ်အနည်းဆုံးဖြစ်ပေမဲ့ပေါက်ကြားနိုင်တဲ့ နည်းလမ်းတွေနဲ့စိတ်မချရတာတွေလည်းများတော့လုပ်ငန်းကြီးတွေမှာ Password အသုံးပြုမူအတွက် Policy တွေချမှတ်ပြီးအဲဒီမူဝါဒတွေအတိုင်းလိုက်နာကျင့်သုံးကြရပါတယ်၊ အခုဆိုရင်လုပ်ငန်းတိုင်းနီးပါးမှာအိုင်တီ၊ အင်တာနက်၊ Database နဲ့ Information System တွေအသုံးပြုနေကြပြီဖြစ်လို့ Passwrod တွေကို Computer Log-On အတွက်၊ အင်တာနက်အသုံးပြုဖို့အတွက်၊ email Password၊ Database Access Password နဲ့ Information Systems တွေအသုံးပြုကြတဲ့အခါအသုံးပြုသူရဲ့အဆင့် User Right တွေ ပေါ်မှာမူတည်ပြီး Password Policy တွေချမှတ်အသုံးပြုနေကြတာဖြစ်ပါတယ်၊တစ်ချို့လုပ်ငန်းအဖွဲ့အစည်း တွေမှာဆိုရင် email Account တင်(၃)(၄)ခုရှိတာဖြစ်တဲ့အတွက် Password တွေကိုတော်တော်လေး သတိထားပြီးအသုံးပြုနေကြရကြောင်းပြန်လည်မျှဝေရင်း Password အသုံးပြုမယ်ဆိုရင် အလေးထား လိုက်နာသင့်တဲ့အချက်လေးတွေနဲ့ဆောင်ရန်ရှောင်ရန်တစ်ချို့ကိုပြောပြပေးခဲ့ပါတယ်။
ကွန်ပျူတာနှင့်သက်ဆိုင်ရာ Program တစ်ခုခုအတွက်Password တစ်ခုကိုအသုံးပြုမည်ဆိုလျှင်
• အနည်းဆုံးရက်(၆၀)တစ်ခါလောက် Password ပြောင်းသင့်ကြောင်း
• Password ကိုအနည်းဆုံးစကားလုံးအရေအတွက်(၈)လုံး(၉)လုံးထားသင့်ကြောင်း
• Password တစ်ခုမှာ Upper Case, Lower Case နဲ့Numeric စကားလုံးတွေ၊ Special Character တွေဖြစ်တဲ့ (!,@,#...)စတာတွေပေါင်းပြီးရေးသင့်ကြောင်း
• Password ပေးတဲ့အခါမှာအလွယ်တကူသတိပြုမိစေနိုင်တဲ့
• အသုံးပြုသူအမည်(UserName ) တို့
• ၀န်ထမ်းကိုယ်ပိုင်အမှတ်တို့
• မိမိအမည်နှင့်သိကျွမ်းရင်းနှီးသူတစ်ဦးဦးရဲ့အမည်တို့
• မိသားစုအမည်(ဒါမှမဟုတ်)နာမည်ပြောင်တို့
• လူမူဖူလုံရေးနံပါတ်တို့
• မွေးသက္ကရာဇ်တို့
• ကားနံပါတ်တို့
• လိပ်စာတို့
• ဖုန်းနံပါတ်တို့
• မိမိဌာနအမည်တို့
• မိမိမြို့(ဒါမှမဟုတ်)ရပ်ကွက်အမည်၊လမ်းအမည်တို့
• ကျောင်းအမည်တို့၊ကျောင်းဆောင်ပုဒ်တို့
• အရောင်တို့၊အစားအသောက်အမည်တို့
• ထင်ရှားကျော်ကြားတဲ့အမည်တို့
• သုံးပြီးသား Password တို့
စတာတာတွေကို ရှောင်ရှားဖို့နဲ့မိမိကလွဲလို့ကျန်တဲ့သူတွေကို Password မသိရှိနိုင်ဖို့လုံခြံုတဲ့နည်းလမ်း တွေနဲ့အသုံးပြုဖို့၊အသုံးပြုတဲ့ Password တွေများတယ်ဆိုရင်လည်းလျှိ့ဝှက်တဲ့အစီအစဉ်နဲ့သိမ်းဆည်းထားဖို့ သူငယ်ချင်းဖြစ်သူကိုရှင်းပြလိုက်တဲ့အခါမှာတော့” အတော်ပဲသူငယ်ချင်းရေ၊မနက်ဖြန်တောင်တို့ကုမ္ပဏီက ထူထောင်ထားတဲ့ Customer နဲ့ Stock Database တွေကိုဘယ်သူတွေကိုပေးသိမယ်၊ဘယ်သူ့ဘယ်လိုပုံစံနဲ့ Password တွေထားမယ်ဆိုတာဆွေးနွေးဖို့ရှိတယ်၊မင်းပြောတဲ့ Password Guideline လေးတွေကတော်တော် အသုံးဝင်နိုင်မယ်လို့ထင်တယ်၊ကျေးဇူးပဲသူငယ်ချင်း” ဆိုတဲ့စကားလေးအပြီးမှာပဲကျွန်တော်လည်းသူ့ကို နုတ်ဆက်ထွက်ခွာခဲ့ပြီးအောက်မှာအသင့်စောင့်နေတဲ့ကားပေါ်တက်လိုက်လာခဲ့ပါတော့တယ်။

UNO(အိုင်တီခရီးသည်)



ပါရီတြင္ ေသာင္တင္ခဲ့စဥ္က

စာေရးသူတုိ႔ တကၠသုိလ္ ေက်ာင္းသားဘ၀တြင္ အလြန္ေက်ာ္ၾကားခဲ့ေသာ ၀တၳဳတစ္ပုိဒ္မွာ “ပါရီတြင္ ေသာင္တင္ခဲ့စဥ္က” ဟူေသာ ၀တၳဳျဖစ္ပါတယ္။ ျမန္မာတစ္ဦး ျပင္သစ္ႏုိင္ငံ ပဲရစ္ (ပါရီ) ေရာက္ခဲ့ စဥ္က အျဖစ္အပ်က္ကုိ ဖြဲ႕ႏြဲ႕စီကံုးထားခဲ့ျခင္းျဖစ္ၿပီး လက္ကမခ်ရေအာင္ကုိ ဖတ္ၿပီး အင္း . . ငါသာ ပါရီကုိ ေရာက္ခဲ့ရင္ဟူေသာ အေတြးျဖင့္ စိတ္ကူးယဥ္ခဲ့ရသည္မွာ အေမာပင္ ျဖစ္ခဲ့ပါသည္။ .. အခုေတာ့ အဲဒီ ပါရီ(ျပင္သစ္ႏုိင္ငံပဲရစ္ၿမိဳ႕) ကုိ အႀကိမ္ႀကိမ္ ေရာက္ခဲ့ၿပီး “ပါရီတြင္ ေသာင္တင္ခဲ့စဥ္က” ၀တၳဳထဲကလုိ ေခ်ာေမာလွပတဲ့ ျပင္သစ္သူနဲ႕ ဇာတ္လမ္းဖြဲ႕ႏုိင္ခဲ့ပါတယ္။ အဲဒီ ၀တၳဳထဲကလုိ ပါရီတြင္ ေသာင္တင္ခဲ့ဖူးလိုက္ ပါတယ္။ ဒါေပမယ့္ ၀တၳဳထဲကလုိ တေဆြးေဆြး တေျမ့ေျမ့မဟုတ္ဘဲ တေငးေငး တေ၀့ေ၀့နဲ႔ ေၾကာက္လန္႔တၾကား စိတ္လႈပ္ရွားခဲ့ ရတဲ့ အျဖစ္အပ်က္ကုိ တစ္ကယ္ မေမ့ႏုိင္ စရာပါပဲ . . . ။
MCC နဲ႔ ဆက္စပ္လုပ္ကုိင္ေနတဲ့ အဂၤလန္ႏုိင္ငံက တကၠသုိလ္ေတြနဲ႔ ေတြ႕ဖုိ႔ အဂၤလန္ႏုိင္ငံကုိ ခဏခဏ သြားေလ့ရွိပါတယ္။ အဂၤလန္ႏုိင္ငံေရာက္တုိင္းလည္း လန္ဒန္ကေန ျပင္သစ္ကုိ အၿမဲတမ္း တစ္ေခါက္ေတာ့ ေရာက္ျဖစ္ပါတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ျပင္သစ္ႏုိင္ငံရဲ႕ ေျမာက္ဘက္ ဘယ္လဂ်ီယံႏုိင္ငံနဲ႔ ကပ္ေနတဲ့ ေနရာမွာရွိတဲ့ Lille ဆုိတဲ့ ၿမိဳ႕မွာရွိတဲ့ HEI အင္ဂ်င္နီယာ တကၠသုိလ္ႀကီးကုိ သြားရလုိ႔ ျဖစ္ပါတယ္။ MCC မွာ AIT (Asian Institute of Technology) နဲ႔ ပူးေပါင္း သင္ၾကားေနတဲ့ အင္ဂ်င္နီယာ ဘြဲ႕သင္တန္းေတြ ရွိသလုိ BTEC Program ရဲ႕ HND (Higner National Diploma) အင္ဂ်င္နီယာ ဒီပလုိမာရၿပီးသူေတြအတြက္ Bermingham City University, Middlesex University, Liverpool John Moores University ေတြနဲ႔ Top-Up အင္ဂ်င္နီယာဘြဲ႕သင္တန္းေတြလည္း ရွိပါတယ္။ ဒါေပမယ့္ အဆင့္ျမင့္ အင္ဂ်င္နီယာပညာ သင္ၾကားတဲ့ အစဥ္အလာႀကီးတဲ့ ဥေရာပ တကၠသုိလ္ေတြနဲ႔လည္း ပူးေပါင္း ေဆာင္ရြက္ျခင္လုိ႔ ႀကိဳးပမ္းရင္းနဲ႔ HEI အင္ဂ်င္နီယာ တကၠသုိလ္ႀကီးနဲ႔ ေတြ႕တာပါ။ အဲဒီတကၠသုိလ္ရွိရာ Lille ၿမိဳ႕ကုိ လန္ဒန္ကေန႔ Euro Star လုိ႔ ေခၚေသာ အျမန္ရထားနဲ႔ တုိက္ရိုက္သြားလုိ႔ ရပါတယ္။ ႏွစ္နာရီသာသာ စီးလိုက္ရင္ ေရာက္ပါတယ္။ ပဲရစ္ကုိ အရင္သြားၿပီးမွ Lille ကုိ သြားရင္လည္း ရပါတယ္။
လန္ဒန္ရဲ႕ ေစာေစာစီးစီး မနက္(၅) နာရီမွာ ဟုိတယ္က တကၠစီနဲ႔ စိန္းပင္ကရပ္(စ္) (St. Pancras) ဘူတာ႐ံုကုိ သြားပါတယ္။ အဲဒီမွာ မနက္ (၆း၃၀)ထြက္ မဲ့ Euro Star ရထားကုိ စီးလိုက္ပါတယ္။ အဲဒီရထားဟာ အဂၤလန္ႏုိင္ငံ လန္ဒန္က ျပင္သစ္ႏုိင္ငံ Lille ၊ ဘယ္ဂ်ီယံႏုိင္ငံ ဘရပ္ဆဲ(လ္) (Brussel) ၿမိဳ႕အထိ ေရာက္ ပါတယ္။ ဘူတာေရာက္ေတာ့ နည္းနည္း ေစာေနေသးလုိ႔ ေကာ္ဖီေလး ဘာေလး ေသာက္ရင္းနဲ႔ (၆း၃၀) လည္းေရာက္ေရာ ကုိယ္စီးရမဲ့တြဲ နံပါတ္ကုိရွာ၊ ကုိယ္စီးမဲ့ ခံုနံ ပါတ္မွာထုိင္လုိ႔ မၾကာမွီ ရထားထြက္ပါၿပီ။ တစ္နာရီကုိ မုိင္(၁၅၀)ေက်ာ္ႏံႈးနဲ႔ ေျပးေန တဲ့ ရထားေပါ့။ ေဘးဘက္ ျမင္ကြင္းကုိ ၾကည့္လိုက္ေတာ့ ျမန္မာျပည္လုိပါပဲ။ လယ္ကြင္းေတြ ...။ ဒါေပမယ့္ စပါးစုိက္ခင္း ေတာ့ မဟုတ္။ ဂ်ံဳနဲ႔ တျခားသီးႏွံေတြ စိုက္ ပ်ိဳးထားတာ မ်က္ေစ့တဆံုးပါပဲ။ လန္ဒန္က ထြက္လာတာ နာရီ၀က္ေက်ာ္ၾကာမွာေတာ့ အဂၤလိပ္ ေရလက္ၾကားလုိ႔ေခၚတဲ့ အဂၤလန္နဲ႔ ျပင္သစ္ႏုိင္ငံအၾကား ပင္လယ္ေရေအာက္ ဥမင္ကုိ ျဖတ္ပါၿပီ။ ပါတ္၀န္းက်င္ကုိ ဘာမွမျမင္ရေတာ့ပါ။ (၄၅)မိနစ္ေက်ာ္ၾကာမွ ေျမေပၚကုိ ျပန္တက္လိုက္တာပါ။ ျပင္သစ္ႏုိင္ငံ နယ္နိမိတ္ကုိ ၀င္လာၿပီျဖစ္ပါတယ္။ ျပင္သစ္ေရာက္ေတာ့လဲ အဂၤလန္လုိပါပဲ။ လယ္ကြင္းေတြနဲ႔ ႀကိဳၾကား ႀကိဳၾကား ေတြ႕ရတဲ့ ၿမိဳ႕ကေလးေတြကုိ ျဖတ္သန္းရင္း မနက္ (၉)နာရီေလာက္မွာ Lille ဘူတာကုိ ေရာက္သြားပါတယ္။ အဲဒီမွာ HEI က မိတ္ေဆြ David Perry က လာႀကိဳေနၿပီး သူ႕ကားနဲ႔ဘဲ HEI တကၠသုိလ္ရွိရာကုိ ထြက္ခဲ့ပါတယ္။ မနက္ (၁၀)နာရီမွာ HEI က တာ၀န္ရွိသူေတြနဲ႔ အစည္းအေ၀း လုပ္ရပါတယ္။ MCC နဲ႔ HEI ပူးေပါင္းၿပီး အဆင့္ျမင့္ အင္ဂ်င္နီယာဘြဲ႕ (ME) သင္တန္းကုိ ျမန္မာႏုိင္ငံမွာ (Twinning Program) ပံုစံနဲ႔ သင္ဖုိ႔ ျဖစ္ပါတယ္။ ျမန္မာႏုိင္ငံမွာ (၂)ႏွစ္ ျပင္သစ္မွာ (၃)ႏွစ္ တက္ၿပီး ျပင္သစ္ႏုိင္ငံ HEI က ခ်ီးျမႇင့္မယ့္ Master of Engineering (ME) ဘြဲ႕ကုိ ရွိမွာ ျဖစ္ပါတယ္။ အစည္းအေ၀း (၁၂)နာရီေလာက္မွာ ၿပီးတဲ့အခါ ေန႔လည္စာ စားရင္း ေနလည္ (၂)နာရီ ပဲရစ္ကုိထြက္မယ့္ ရထားစီးဖုိ႔ ဘူတာ႐ံုကုိ ျပန္လာခဲ့ပါတယ္။ ေန႔လည္ (၁)နာရီတိတိမွာ ဘယ္ဂ်ီယံႏုိင္ငံ ဘရပ္ဆဲ(လ္)ၿမိဳ႕ကလာတဲ့ Euro Star ရထားဟာ Lille ဘူတာမွာ ေခတၱရပ္ၿပီး ပဲရစ္ကုိ သြားမွာ ျဖစ္ပါတယ္။ အဲဒီရထားနဲ႔စီးခဲ့ၿပီး ပဲရစ္ရဲ႕ Paris Nord လုိ႔ေခၚတဲ့ ဘူတာႀကီးကုိ ညေန (၅) နာရီေလာက္မွာ ေရာက္ခဲ့ပါတယ္။ အဲဒါနဲ႔ “ပါရီတြင္ ေသာင္တင္ခဲ့တဲ့” ဇာတ္လမ္း စေတာ့မွာ ျဖစ္ပါတယ္။
ျပင္သစ္ဆုိတာ ကမၻာမွာ ကမၻာေက်ာ္ ပိသုကာအင္ဂ်င္နီယာႀကီးေတြ ရွိတဲ့ ေနရာပါ။ ၿပီးေတာ့ ကမၻာ့ဖက္ရွင္ Industry ရဲ႕ အထြဋ္အျမတ္ေနရာ၊ ဥေရာပယဥ္ေက်းမႈ ထြန္းကားၿပီး သမုိင္းအေမြအႏွစ္ေတြ တစ္ပံုတစ္ပင္ႀကီး ရွိေနတဲ့ေနရာ၊ ေရွးေဟာင္း အေဆာက္အဦးေတြ၊ ျပတိုက္ေတြလည္း ၾကည့္လုိ႔မကုန္ႏုိင္ေအာင္ရွိတဲ့အထဲ မွာ ကမၻာေက်ာ္ အီဖယ္(လ္) ေမွ်ာ္စင္ႀကီးလည္း ပါပါတယ္။ ဒါေပမယ့္ ပ်ိဳေမတုိ႔ကေတာ့ အဲဒါေတြကုိေက်ာ္ၿပီး ပဲရစ္ရဲ႕ အလွအပေတြ ဖက္ရွင္ေတြရွိရာကုိ ေျပးၾကပါတယ္။ ဘာ ျဖစ္လုိ႔လဲဆုိေတာ့ ပ်ိဳေမတုိ႔အသဲမွာ Louis Vritton လက္ကုိင္အိတ္နဲ႔ နာမည္ေက်ာ္ Chanel ေရေမႊးတုိ႔ ရွိရာအရပ္ကုိေပါ့။ အဲ ဒါေပမယ့္ ကမၻာေက်ာ္ Boulevard Haussmanm မွာရွိတဲ့ Lafayette Haussmanm ကုန္တုိက္ႀကီးကုိဘဲ ျဖစ္ပါတယ္။ စာေရးသူကေတာ့ ျပင္သစ္ကုိ မၾကာ ခဏေရာက္လုိ႔ ၾကည့္စရာ႐ႈ႕စရာေတြ ေတာ္ ေတာ္စံုၿပီျဖစ္တဲ့အတြက္ ဒီတစ္ေခါက္ မသြား ျဖစ္ေသးတဲ့ အိဖယ္(လ္)ေမွ်ာ္စင္ (Eiffel Tower) ကုိ သြားမယ္လုိ႔ ဆံုးျဖတ္လိုက္ပါတယ္။ ၿပီးေတာ့ တနလၤာေန႔ၾကရင္ MCC အေနနဲ႔ Founder အျဖစ္ ပါ၀င္ထားတဲ့ MTN (Myanmar Telecommunication Network Public Co., Ltd) အတြက္ ျပင္သစ္ႏုိင္ငံရဲ႕ အႀကီးဆံုး ဆက္သြယ္ေရးကုမၸဏီ Orange နဲ႔ ေတြ႕ဖုိ႔ ခ်ိန္းထားတဲ့အတြက္ တနဂၤေႏြေန႔မွာ ခ်ိန္းထားတဲ့ အေဆာက္အဦးကုိလည္း ေသခ်ာေအာင္ ၀င္ၾကည့္မယ္ေပါ့ . . အဲဒါနဲ႔ ပဲရစ္ကုိေရာက္တဲ့ စေနေန႔ညေနမွာေတာ့ ဘယ္မွ မသြားေတာ့ဘဲ ဟုိတယ္မွာ ေနလိုက္ပါေတာ့တယ္။
တနဂၤေႏြ မနက္ (၅)နာရီမွာ ပံုမွန္အတုိင္း ႏုိးလာၿပီး ေန႔စဥ္မပ်က္ မလုပ္ရရင္ မေနႏုိင္တဲ့ အေျပးေလွ်ာက္ (Jogging) တဲ့အလုပ္ကုိ ဟုိတယ္အျပင္ဖက္ထြက္ၿပီး လမ္းမႀကီးတေလွ်ာက္မွာ ျပဳလုပ္ပါတယ္။ ေမွာင္ေနဆဲနံနက္ ခင္းမွာ . . ေကာင္းလိုက္တဲ့ ျဖစ္ျခင္း၊ (Jogging) လုပ္ၿပီး ေရမုိးခ်ိဳး အ၀တ္ အစားလဲ နံနက္စာ စားၿပီးေတာ့ မနက္ (၇)နာရီခြဲဆုိေတာ့ မေန႔က ဆံုးျဖတ္ထားတဲ့ အတုိင္း Orange ဆက္သြယ္ေရးကုမၸဏီနဲ႔ ေတြ႕ဖုိ႔ေနရာကုိ ေျမပံုအညႊန္းအတုိင္း Metro လုိ႔ေခၚတဲ့ ေျမေအာက္ရထားနဲ႔ သြားဖုိ႔ ဟုိတယ္နဲ႔ အနီးဆံုး ဘူတာကုိသြားၿပီး ရထားစီးဖုိ႔ ေလွခါးနဲ႔ ေျမေအာက္ဘူတာကုိ ဆင္းလိုက္ပါတယ္။ ဇာတ္လမ္းက စပါၿပီ . . .။ တနဂၤေႏြေန႔ ႐ံုးပိတ္ရက္ဆုိေတာ့ ဘူတာမွာ လူသူ ကင္းမဲ့ေနပါတယ္။ ေလွခါး က ႏွစ္ဆင့္ခ်ိဳး ျဖစ္လုိ႔ တစ္ဆင့္ခ်ိဳးဆင္းၿပီးတဲ့ အခါ ဆူဆူညံညံ စကားေျပာသံေတြနဲ႔အတူ ျပင္သစ္လူမ်ိဳး မဟုတ္တဲ့ တူရကီလုိလုိ၊ အီတလီလုိလုိလူငယ္ (၄)ေယာက္ ဒယိမ္းဒယုိင္နဲ႔ မိမိဆင္းမဲ့ ေလွခါးအတုိင္း တက္လာပါတယ္။ စာေရးသူက ေဘးဖယ္ေပးေပမဲ့ အသလြတ္ႀကီး လူကုိ၀င္တိုက္ၿပီး လက္ေတြက ခႏၶာကုိယ္အႏွံ မေတာ္တဆ တုိက္မိသလုိနဲ႔ ေဗ်ာင္အႏုၾကမ္းစီးမယ့္ပံုစံ ျဖစ္ပါတယ္။ စာေရးသူလည္း မျဖစ္ေခ်ဘူးဆုိၿပီး ေလွခါးကေန အေပၚကုိ ျပန္တက္ၿပီး ဟုိတယ္ကုိ အေျပးျပန္ခဲ့ရေတာ့တာေပါ့ . . ျမတ္စြာဘုရား . .. မလြယ္ပါလား . . ေျမေပၚကေန ေျမေအာက္ဆင္းလိုက္တာနဲ႔ ျပႆနာစေတြ႕ေတာ့တာ ျဖစ္ပါတယ္။ ျပင္သစ္ႏုိင္ငံမွာ တရား၀င္ေရာ တရားမ၀င္ေရာ ေနထုိင္တဲ့ အာဖရိကနဲ႔ အေရွ႕အလယ္ပုိင္းက လူေတြ အမ်ားႀကီးရွိေနပါတယ္။ အလုပ္အကုိင္ မယ္မယ္ရရမရွိဘဲ ခါးပုိက္ႏုိက္ ခုိးဆုိးလုယက္တဲ့ ရာဇ၀တ္မႈေတြ က်ဴးလြန္တယ္ဆုိတာ ၾကားဘူးရဲ႕သားနဲ႔ အခုေတာ့ ကုိယ္ေတြ႕ႀကံဳရၿပီျဖစ္ပါတယ္ . . ။ ဒါေပမယ့္ . . ဘာရမလဲ အမိမခံဘဲ ဟုိတယ္ကုိ ျပန္ေျပးလိုက္တာေပါ့ . . ေတာ္ပါေသးရဲ႕ . . ။
ဒီလုိနဲ႔ မနက္ (၉) နာရီေလာက္ၾကေတာ့ . . ဟုိတယ္က ျပန္ထြက္ၿပီး လူရိပ္လူေျခ ၾကည့္ေတာ့ လူေတြမမ်ားေပမယ့္ သြားလာေနၾကၿပီဆုိေတာ့ . . အခုနက ျပန္ေျပးလာခဲ့တဲ့ ဘူတာကုိ သြား . . မရဲတရဲနဲ႔ ေအာက္ကုိဆင္းေတာ့ ဘူတာထဲမွာ လူတစ္ခ်ိဳ႕ ရွိေနၿပီျဖစ္လုိ႔ စိတ္ခ်လက္ခ်နဲ႔ စီးရမယ့္ ရထားကုိ ေစာင့္ၿပီး Orange ကုမၸဏီက လူေတြနဲ႔ ခ်ိန္းထားတဲ့ စားေသာက္ဆုိင္နဲ႔ အနီးဆံုးလည္းျဖစ္တဲ့ (Invalides) ဘူတာကုိ Metro စီးခဲ့တာ ခဏေလးပါပဲ။ ဘူတာေရာက္ေတာ့ ရထား ကေန ဆင္း . . ေလွခါးနဲ႔ အေပၚကုိ တက္ၿပီးေတာ့ ေျမပံုအညႊန္းအတုိင္း ခ်ိန္းထားတဲ့ စားေသာက္ဆုိင္ကုိ လြယ္လြယ္နဲ႔ ေရာက္သြားခဲ့ပါတယ္ . .။ နာမည္ႀကီး စားေသာက္ဆုိင္ျဖစ္လုိ႔ . . နံနက္စာစားဖုိ႔ ပိတ္ရက္မွာ ျပင္သစ္လူမ်ိဳးေတြ ႐ိႈးအျပည့္နဲ႔၊ ၿပီးေတာ့ မတန္တဆ ေစ်းေပးၿပီး၀ယ္ ထားတဲ့ Antique ေရွးေဟာင္း ကားေတြနဲ႔ တစ္စီးၿပီးတစ္စီး ေရာက္လာေနပါတယ္ . . ။ စာေရးသူလည္း ဟန္ကုိယ့္ဖုိ႔ဆုိၿပီး . . Capac Chino ေကာ္ဖီတစ္ခြက္ မွာ ေသာက္ၿပီးေတာ့ . . စတုိင္နဲ႔ ျပန္ထြက္ၿပီး ေနရာကုိ ေသေသခ်ာခ်ာမွတ္ . . ဘာျဖစ္လုိ႔လဲဆုိေတာ့ မနက္ျဖန္ Orange နဲ႔ ေတြ႕တဲ့ အခါ ေနာက္မက်ဘဲ တန္းတန္းမတ္မတ္ ေရာက္ရေအာင္ ျဖစ္ပါတယ္ . . ။ စားေသာက္ဆိုင္ကထြက္ၿပီး ပါတ္၀န္းက်င္ကုိ ေမာ့ၾကည့္လိုက္တဲ့အခါ အီဖယ္(လ္)ေမွ်ာ္စင္ႀကီးက အနားမွာဆုိေတာ့ လမ္းေလွ်ာက္သြား႐ံုပါဘဲ . . ။
တနဂၤေႏြေန႔မုိ႔ထင္ပါတယ္ . . အီဖ(လ္)ေမွ်ာ္စင္ကုိလာတဲ့ ျပင္သစ္လူမ်ိဳးေတြေရာ၊ ကမၻာလွည့္ ခရီးသည္ ေတြကုိေရာ အမ်ားႀကီး ေတြ႕ရၿပီး ေမွ်ာ္စင္ေပၚတက္ဖုိ႔ တန္းစီရမွာျဖစ္လို႔ ေကြ႕ေကာက္ၿပီး ရွည္လ်ားလွတဲ့ လူတန္းႀကီးထဲကုိ၀င္ၿပီး ေနရာယူ တန္းစီလိုက္ရပါေတာ့တယ္ . .။ မီတာ (၃၀၀) ျမင့္တဲ့ ေမွ်ာ္စင္ေပၚ ေရာက္ေအာင္ ဓါတ္ေလွခါးနဲ႔ တက္ရမွာျဖစ္လုိ႔ ဓါတ္ေလွခါးအတက္တစ္စီး၊ အဆင္းတစ္စီး ေစာင့္ၿပီး စီးေနရဖုိ႔ ေတာ္ေတာ္နဲ႔ ဓါတ္ေလွခါးစီးရမဲ့ ေနရာကုိ မေရာက္ႏုိင္ပါဘူး . . ။ စုစုေပါင္း ေစာင့္ရတာ (၂)နာရီေက်ာ္ ၾကာ သြားတဲ့အခါ ဓါတ္ေလွခါးေနရာ ေရာက္ပါၿပီ . . ။ လူေတြကလည္း တုိးၾကပ္ညပ္ေနပါတယ္။ ဓါတ္ေလွခါးအတြင္း ၀င္လိုက္တာနဲ႔ “Beware of Pickpocket” ဆုိတဲ့ ခါးပိုက္ႏိႈက္ သတိျပဳပါဆုိတဲ့ သတိေပးဆုိင္းဘုတ္ ေတြ႕ေနရပါၿပီ။ သတိထားတဲ့အေနနဲ႔ ေဘာင္းဘီအိတ္ထဲမွာ ထည့္ထားတဲ့ ပုိက္ဆံအိတ္ကုိ လက္တစ္ဖက္က ဆုတ္ကုိင္ထားၿပီး သတိနဲ႔ေနၿပီး ေဘးဘီလည္း အကဲခတ္ရင္း ေမွ်ာ္စင္ရဲ႕ အေပၚဆံုးမေရာက္ခင္ တစ္ထပ္ဓါတ္ေလွခါး ဂိတ္ဆံုးကုိ ေရာက္ရွိပါတယ္။ ဓါတ္ေလွခါးအထြက္မွာ ျပန္ဆင္းမဲ့သူေတြနဲ႔ တုိးေ၀ွ႕ရင္း “Beware of Pickpocket” ဆုိင္းဘုတ္ေတြ ေနရာအႏွံ ေတြ႕ရျပန္ပါၿပီ။ ခါးပိုက္ႏိႈက္ေတြ ဘယ္ေလာက္ ေပါသလဲဆုိတာ သိသာပါတယ္။ စာေရးသူလည္း ေဘာင္းဘီအိတ္ထဲက ပိုက္ဆံအိတ္ကုိ လက္နဲ႔ ဖိထားရင္း အီဖယ္(လ္) ေမွ်ာ္စင္ေပၚကေန ပဲရစ္ၿမိဳ႕ႀကီးတစ္ခုလံုးရဲ႕ အလွအပကုိ ေမွ်ာ္စင္တစ္ပတ္ ပတ္ၾကည့္ရင္း ကမၻာ့အံ့ဖြယ္တစ္ခုအေပၚမွာ ငါေရာက္ေန ပါလားဆုိတဲ့အသိနဲ႔ ဘ၀င္ေလဟပ္သြားပါေတာ့တယ္ . . ။ ၿပီးေတာ့ ဓါတ္ေလွခါးနဲ႔ ျပန္ဆင္းဖုိ႔ တန္းစီရျပန္ပါေရာ . .။ အဲဒီမွာလည္း တုိးတုိးႀကိတ္ႀကိတ္နဲ႔ ခါးပိုက္ႏိႈက္ သတိျပဳစာတမ္းေတြလည္း ေနရာအႏွံ႕ . . တန္းစီၿပီး သတိထားရင္းနဲ႔ ကုိယ့္အလွည့္ ေရာက္ေတာ့ ဓါတ္ေလွခါးစီးၿပီးေအာက္ ကုိ ေရာက္သြားေတာ့မွ သက္ျပင္းခ်ႏုိင္ပါ ေတာ့တယ္ . . ။ ဘာရမလဲ ငါကြ . . ခါးပိုက္ႏိႈက္မခံရဘူးဆုိၿပီး စိတ္လက္ေပါ့ပါး စြာနဲ႔ ျပန္ဖုိ႔ Invalides ဘူတာကုိ ျပန္လာ ခဲ့ပါေတာ့တယ္ . .။ လူကလည္း တုိးရစ္ ပံု ေပါက္ေနသလား အဲဒီကေန ပဲရစ္မွာ သိတ္မေအးလုိ႔ တီရွပ္နဲ႔ ဂ်င္းေဘာင္းဘီနဲ႔ လည္ပင္းမွာလဲ Nikon ကင္မရာႀကီးလည္း ဆြဲလုိ႔ေပါ့. . ။ ဘူတာထဲဆင္းလိုက္ေတာ့ လည္း လူမ်ားမ်ားစားစား မရွိ ျပင္သစ္မ တစ္ေယာက္ ႏွစ္ေယာက္ေလာက္ဘဲ ေတြ႕ ၿပီးလူရွင္းေနပါတယ္ . . ။ အီဖယ္(လ္) ေမွ်ာ္စင္သြားတုန္းက ခါးပုိက္ႏိႈက္မွာဆုိးလုိ႔ စိတ္ပင္ပန္းခဲ့ရသမွ် အခုေတာ့ လူေတြ တုိးေ၀ွ႕ ေနစရာမရွိလုိ႔ စိတ္သက္သာရာ ရသြားပါၿပီ. . ။ စီးရမဲ့ ရထားက ဘူတာ႐ံုထဲ ၀င္လာပါၿပီ . .။ ရထားရပ္လုိ႔ တံခါးဖြင့္လိုက္တဲ့ အခါ အထဲကုိ ၀င္လုိက္ၿပီး ထုိင္ခံုမွာ မထုိင္ဘဲ အေပါက္အနား အလယ္မွာဘဲ ရပ္လိုက္ မိပါတယ္ … ။ ဘူတာကလည္း ႏွစ္ဘူတာ ေလာက္ဆုိေတာ့ မထုိင္ေတာ့ဘူးေပါ့ …။ ၀င္ၿပီး ရပ္လိုက္လုိ႔မွ မၾကာဘူး အခုနက ဘူတာ႐ံုမွာေတြ႕တဲ့ ျပင္သစ္မ ေနာက္က လိုက္၀င္လာၿပီး စာေရးသူရဲ႕ ေဘးကေန တုိးရစ္ (Tourist Map) ေျမပံုႀကီးကုိ ျဖန္႔ၿပီး ျပင္သစ္လုိ႔ အတင္းစကားေျပာ ေမးျမန္းလုိက္လုိ႔ လန္႔သြားပါတယ္ . .။ စာေရးသူလည္း . . မသိဘူး . . ႏုိး. . ႏုိး .. ဆုိၿပီး တံု႕ျပန္တဲ့အခ်ိန္အားလံုးဟာ စကၠန္႔ ပိုင္းကေလးသာျဖစ္ၿပီး ရထားတံခါးပိတ္ၿပီး ထြက္လိုက္တဲ့အခါ . . ခ်က္ျခင္းသတိထားမိလိုက္တာက ေဘာင္းဘီအိတ္ထဲ. . . ေပါ့ရႊတ္ရႊတ္ ျဖစ္ေနတာ သိလုိက္ၿပီး .. ၾကည့္လိုက္ေတာ့ ပိုက္ဆံအိတ္မရွိေတာ့ပါဘူး . . ခါးပိုက္ႏိႈက္ ခံလိုက္ရပါၿပီ . . ။ အဲဒီ ျပင္သစ္မကုိ ၾကည့္လိုက္ေတာ့ မရွိေတာ့ပါဘူး။ ရထားတံခါး မပိတ္ခင္ ျပန္ဆင္းသြားပါၿပီ ျဖစ္ပါတယ္ . . .။ သြားပါၿပီ .. ရွိသမွ် ပိုက္ဆံအားလံုး ပိုက္ဆံအိတ္ထဲ အကုန္ပါသြားပါၿပီ . ။ အေမရိကန္ ေဒၚလာ ၃၀၀၀ ေက်ာ္၊ ယူ႐ို ၉၀၀၊ ေပါင္စတာလင္ ၂၅၀ ေလာက္နဲ႔ ထုိင္းဘတ္ေငြတစ္ခ်ိဳ႕၊ ျမန္မာက်ပ္တစ္ခ်ိဳ႕အျပင္ VISA Card ေတြလည္း အကုန္ပါသြားၿပီ . . ပုိက္ဆံေတြအားလံုး ပိုက္ဆံအိတ္ထဲ အကုန္ထည့္ထားတာ ပိုက္ဆံအိတ္ႀကီးကလည္း ေဖာင္း၊ ေဘာင္းဘီအိတ္ထဲ ထည့္ထားတာက ေဘာင္းဘီ အိတ္ကလဲေဖာင္းနဲ႔. . ေတာသားလူမိုက္ ခါးပိုက္ႏိႈက္ခံလိုက္ရပါၿပီ . .။ အသက္ (၆၀) ေက်ာ္တဲ့အထိ တစ္ခါမွ ခါးပုိက္ႏိႈက္ မခံရဘဲ ျပင္သစ္ကုိ ေရာက္ေတာ့မွ ခါးပိုက္ႏိႈက္ ခံရေလျခင္း .. ဆုိၿပီး ဘာလုပ္ရမွန္းမသိ . . ။ ပါတာလည္း တစ္ျပားမွမရွိေတာ့ . . ။ ပါရီတြင္ ေသာင္တင္သြားပါၿပီ . . ။ ျပင္သစ္မနဲ႔ ဇာတ္လမ္းျဖစ္ၿပီး တစ္ေဆြးေဆြးတစ္ေျမ့ေျမ့နဲ႔ ပါရီတြင္ ေသာင္တင္ခဲ့ျခင္းမဟုတ္ပါ။ ျပင္သစ္မ “မ” သြားလုိ႔ တစ္ေငြ႕ေငြ႕နဲ႔ စိတ္ဆင္းရဲျခင္း ႀကီးစြာျဖစ္ၿပီး ပါရီတြင္ ေသာင္တင္ခဲ့ျခင္း ျဖစ္ပါတယ္ . . ။
“ဟဲလုိ . . ကုိျပည္စုိး . . လား အကူအညီေပးပါအံုးဗ်ာ . . က်ဳပ္ရထားေပၚမွာ ခါးပိုက္ႏိႈက္ခံရလုိ႔ . . ပိုက္ဆံ တစ္ျပားမွ မရွိေတာ့ဘူး . . ညေနထမင္း စားဖုိ႔ေတာင္ ပိုက္ဆံမရွိဘူးျဖစ္ေနတယ္ .. မနက္ျဖန္လည္း လန္ဒန္ကုိ ျပန္ရအံုးမယ္ . .” အဲဒါကေတာ့ ျပင္သစ္-ျမန္မာသံ႐ံုးက သံမွဴး ကုိျပည္စုိး . . ကုိ ဖုန္းဆက္ေခၚရတာ ျဖစ္ပါတယ္။ သူက တပည့္လည္းျဖစ္ခဲ့ဘူးေတာ့ . . မတတ္ႏုိင္ဘူး။ အကူအညီေတာင္းရေတာ့တာေပါ့။ “ဟာ .. ဆရာရယ္ .. ျဖစ္ရေလ .. ပဲရစ္မွာ ခါးပိုက္ႏိႈက္က သိပ္ေပါတာ . . ဆရာခံရတဲ့ပံုစံမ်ိဳးူ . . ႏုိင္ငံျခားကလူေတြ မၾကာခဏ ခံရတတ္တယ္ . .။ အဲဒီထဲမွာ ျမန္မာေတြ မ်ားတယ္ . . ။ ကြၽန္ေတာ္တုိ႔ သံ႐ံုးက လူေတြေတာင္ မလြတ္ဘူး . .။ စိတ္မပူပါနဲ႔ ကြၽန္ေတာ္အခုဘဲ လာခဲ့ပါ့မယ္ . . ။” ေတာ္ပါေသးရဲ႕။ ေမာင္မင္းႀကီးသား သက္ေတာ္ရာေက်ာ္ ရွည္ပါေစ . . ။ “ဟဲလုိ . . သားလား . . ငါေတာ့ ပဲရစ္မွာ ခါးပိုက္ႏိႈက္ခံရလုိ႔ VISA Card လည္း ပါသြားတယ္။ အဲဒါ VISA Card ထုတ္ေပးတဲ့ DBS Bank ကုိ ခ်က္ျခင္းဖုန္းဆက္ၿပီး Card ကုိ ပိတ္ခုိင္းေပးပါ . . .” စကၤာပူက သားဆီကုိလည္း ခ်က္ျခင္းဖုန္းဆက္ၿပီး VISA Card ကုိ ပိတ္ခုိင္းရျပန္ပါတယ္။ သားကတစ္ဆင့္ ရန္ကုန္က မိသားစုေတြဆီ သတင္းေတြေရာက္ၿပီး မိသားစုေတြလည္း စုိးရိမ္တႀကီးနဲ႔ ဘာလုပ္ေပးရမလဲဆုိတာ ဖုန္းေတြ ဆက္ၾကျပန္ပါတယ္ . . ။ ကမၻာတစ္လႊား . . ေနရာတကာသြားၿပီး . . လူလည္ႀကီးျဖစ္ၿပီ ထင္ရတဲ့ စာေရးသူကေတာ့ ဒီတစ္ခ်ီ ႏွပ္ပစ္ခံလိုက္ရၿပီ . . ပါရီတြင္ ပိုက္ဆံတျပားမွ မရွိဘဲ ေသာင္တင္ေတာ့မယ့္ အျဖစ္ပါဘဲ . . .။
မၾကာခင္မွာဘဲ . . ဟုိတယ္ကုိ ကုိျပည္စုိးနဲ႔ သံ႐ံုး . . မိသားစု ေရာက္လာ ပါတယ္။ ၿပီးေတာ့ ယူ႐ိုေငြ (၅၀၀) လာေပး ၿပီးေနာက္ ဆရာႀကံဳမွ ေပးပါတဲ့ .. ။ ေက်းဇူးပါဘဲ ေမာင္မင္းႀကီးသားတုိ႔ရာ .. ဒီညေန ထမင္းစားဖုိ႔ မနက္ျဖန္ လန္ဒန္သြား ဖုိ႔ တကၠစီခ၊ ရထားခေတာ့ ရသြားလုိ႔ ေတာ္ ပါေသးတယ္ . . ။ လန္ဒန္ေရာက္ေတာ့ လန္ဒန္က မိတ္ေဆြေတြကလည္း ဒီအျဖစ္သနစ္ကုိ ရန္ကုန္ကလူေတြ သတင္းပုိ႔ထားလုိ႔ သိေနၾကပါၿပီ။ ဂ႐ုဏာအျပည့္နဲ႔ ဘာကူညီရမလဲဆုိတာ ေမးၾကရင္းနဲ႔ မိတ္ေဆြျဖစ္သူ Michael ဆီက ေဒၚလာ (၁၀၀၀) ယူလိုက္ၿပီး သူရဲ႕ Account ထဲကုိ ရန္ကုန္ကေန ပိုက္ဆံ လႊဲခုိင္းလိုက္ရပါတယ္ . . ။
အဲဒါကေတာ့ MCC ဥကၠ႒ႀကီး “ပါရီတြင္ ေသာင္တင္ခဲ့စဥ္က” အျဖစ္ကုိ ျပန္ၿပီးေဖာက္သည္ခ်လိုက္တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ေခတ္မွီတဲ့ တုိင္းျပည္သြားလုိ႔ ခါးပိုက္ႏိႈက္မရွိဘူးမထင္နဲ႔ . . ကုိယ္တုိင္းျပည္ ထက္ေတာင္ ပုိမ်ားေနေသးတယ္ .. ။ ၿပီးေတာ့ ဥကၠ႒ႀကီးလုိ Nikon ကင္မရာ ႀကီး လည္ပင္းဆြဲၿပီး ပိုက္ဆံအိတ္ႀကီး ေဘာင္းဘီအိတ္ထဲ မထည့္နဲ႔ . . ေတာသားမွန္း လူသိတယ္ . . ျပင္သစ္မွာ Louis Vuitton လုိ ပိုက္ဆံအိတ္ေတြ ေပၚျပဴလာျဖစ္ေပမယ့္ . . . ပိုက္ဆံအိတ္ႀကီး တစ္ကုိင္ကုိင္နဲ႕ေတာ့ မသြားနဲ႔ .. ခါး ပိုက္ႏိႈက္ခံရရင္ခံရ . . ဒါမွမဟုတ္ရင္ အလုခံရတတ္တယ္ . . MCC ဥကၠ႒ႀကီး ရဲ႕ ဇာတ္လမ္းေတြထဲက ဇာတ္လမ္းတစ္ပုဒ္ ေပါ့ . . . ။
အီကုိ ကုိေအာင္
ပါရီတွင် သောင်တင်ခဲ့စဉ်က
စာရေးသူတို့ တက္ကသိုလ် ကျောင်းသားဘဝတွင် အလွန်ကျော်ကြားခဲ့သော ၀တ္ထုတစ်ပိုဒ်မှာ “ပါရီတွင် သောင်တင်ခဲ့စဉ်က” ဟူသော ၀တ္ထုဖြစ်ပါတယ်။ မြန်မာတစ်ဦး ပြင်သစ်နိုင်ငံ ပဲရစ် (ပါရီ) ရောက်ခဲ့ စဉ်က အဖြစ်အပျက်ကို ဖွဲ့နွဲ့စီကုံးထားခဲ့ခြင်းဖြစ်ပြီး လက်ကမချရအောင်ကို ဖတ်ပြီး အင်း . . ငါသာ ပါရီကို ရောက်ခဲ့ရင်ဟူသော အတွေးဖြင့် စိတ်ကူးယဉ်ခဲ့ရသည်မှာ အမောပင် ဖြစ်ခဲ့ပါသည်။ .. အခုတော့ အဲဒီ ပါရီ(ပြင်သစ်နိုင်ငံပဲရစ်မြို့) ကို အကြိမ်ကြိမ် ရောက်ခဲ့ပြီး “ပါရီတွင် သောင်တင်ခဲ့စဉ်က” ၀တ္ထုထဲကလို ချောမောလှပတဲ့ ပြင်သစ်သူနဲ့ ဇာတ်လမ်းဖွဲ့နိုင်ခဲ့ပါတယ်။ အဲဒီ ၀တ္ထုထဲကလို ပါရီတွင် သောင်တင်ခဲ့ဖူးလိုက် ပါတယ်။ ဒါပေမယ့် ၀တ္ထုထဲကလို တဆွေးဆွေး တမြေ့မြေ့မဟုတ်ဘဲ တငေးငေး တဝေ့ဝေ့နဲ့ ကြောက်လန့်တကြား စိတ်လှုပ်ရှားခဲ့ ရတဲ့ အဖြစ်အပျက်ကို တစ်ကယ် မမေ့နိုင် စရာပါပဲ . . . ။
MCC နဲ့ ဆက်စပ်လုပ်ကိုင်နေတဲ့ အင်္ဂလန်နိုင်ငံက တက္ကသိုလ်တွေနဲ့ တွေ့ဖို့ အင်္ဂလန်နိုင်ငံကို ခဏခဏ သွားလေ့ရှိပါတယ်။ အင်္ဂလန်နိုင်ငံရောက်တိုင်းလည်း လန်ဒန်ကနေ ပြင်သစ်ကို အမြဲတမ်း တစ်ခေါက်တော့ ရောက်ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြင်သစ်နိုင်ငံရဲ့ မြောက်ဘက် ဘယ်လဂျီယံနိုင်ငံနဲ့ ကပ်နေတဲ့ နေရာမှာရှိတဲ့ Lille ဆိုတဲ့ မြို့မှာရှိတဲ့ HEI အင်ဂျင်နီယာ တက္ကသိုလ်ကြီးကို သွားရလို့ ဖြစ်ပါတယ်။ MCC မှာ AIT (Asian Institute of Technology) နဲ့ ပူးပေါင်း သင်ကြားနေတဲ့ အင်ဂျင်နီယာ ဘွဲ့သင်တန်းတွေ ရှိသလို BTEC Program ရဲ့ HND (Higner National Diploma) အင်ဂျင်နီယာ ဒီပလိုမာရပြီးသူတွေအတွက် Bermingham City University, Middlesex University, Liverpool John Moores University တွေနဲ့ Top-Up အင်ဂျင်နီယာဘွဲ့သင်တန်းတွေလည်း ရှိပါတယ်။ ဒါပေမယ့် အဆင့်မြင့် အင်ဂျင်နီယာပညာ သင်ကြားတဲ့ အစဉ်အလာကြီးတဲ့ ဥရောပ တက္ကသိုလ်တွေနဲ့လည်း ပူးပေါင်း ဆောင်ရွက်ခြင်လို့ ကြိုးပမ်းရင်းနဲ့ HEI အင်ဂျင်နီယာ တက္ကသိုလ်ကြီးနဲ့ တွေ့တာပါ။ အဲဒီတက္ကသိုလ်ရှိရာ Lille မြို့ကို လန်ဒန်ကနေ့ Euro Star လို့ ခေါ်သော အမြန်ရထားနဲ့ တိုက်ရိုက်သွားလို့ ရပါတယ်။ နှစ်နာရီသာသာ စီးလိုက်ရင် ရောက်ပါတယ်။ ပဲရစ်ကို အရင်သွားပြီးမှ Lille ကို သွားရင်လည်း ရပါတယ်။
လန်ဒန်ရဲ့ စောစောစီးစီး မနက်(၅) နာရီမှာ ဟိုတယ်က တက္ကစီနဲ့ စိန်းပင်ကရပ်(စ်) (St. Pancras) ဘူတာရုံကို သွားပါတယ်။ အဲဒီမှာ မနက် (၆း၃၀)ထွက် မဲ့ Euro Star ရထားကို စီးလိုက်ပါတယ်။ အဲဒီရထားဟာ အင်္ဂလန်နိုင်ငံ လန်ဒန်က ပြင်သစ်နိုင်ငံ Lille ၊ ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲ(လ်) (Brussel) မြို့အထိ ရောက် ပါတယ်။ ဘူတာရောက်တော့ နည်းနည်း စောနေသေးလို့ ကော်ဖီလေး ဘာလေး သောက်ရင်းနဲ့ (၆း၃၀) လည်းရောက်ရော ကိုယ်စီးရမဲ့တွဲ နံပါတ်ကိုရှာ၊ ကိုယ်စီးမဲ့ ခုံနံ ပါတ်မှာထိုင်လို့ မကြာမှီ ရထားထွက်ပါပြီ။ တစ်နာရီကို မိုင်(၁၅၀)ကျော်နှုံးနဲ့ ပြေးနေ တဲ့ ရထားပေါ့။ ဘေးဘက် မြင်ကွင်းကို ကြည့်လိုက်တော့ မြန်မာပြည်လိုပါပဲ။ လယ်ကွင်းတွေ ...။ ဒါပေမယ့် စပါးစိုက်ခင်း တော့ မဟုတ်။ ဂျုံနဲ့ တခြားသီးနှံတွေ စိုက် ပျိုးထားတာ မျက်စေ့တဆုံးပါပဲ။ လန်ဒန်က ထွက်လာတာ နာရီဝက်ကျော်ကြာမှာတော့ အင်္ဂလိပ် ရေလက်ကြားလို့ခေါ်တဲ့ အင်္ဂလန်နဲ့ ပြင်သစ်နိုင်ငံအကြား ပင်လယ်ရေအောက် ဥမင်ကို ဖြတ်ပါပြီ။ ပါတ်ဝန်းကျင်ကို ဘာမှမမြင်ရတော့ပါ။ (၄၅)မိနစ်ကျော်ကြာမှ မြေပေါ်ကို ပြန်တက်လိုက်တာပါ။ ပြင်သစ်နိုင်ငံ နယ်နိမိတ်ကို ၀င်လာပြီဖြစ်ပါတယ်။ ပြင်သစ်ရောက်တော့လဲ အင်္ဂလန်လိုပါပဲ။ လယ်ကွင်းတွေနဲ့ ကြိုကြား ကြိုကြား တွေ့ရတဲ့ မြို့ကလေးတွေကို ဖြတ်သန်းရင်း မနက် (၉)နာရီလောက်မှာ Lille ဘူတာကို ရောက်သွားပါတယ်။ အဲဒီမှာ HEI က မိတ်ဆွေ David Perry က လာကြိုနေပြီး သူ့ကားနဲ့ဘဲ HEI တက္ကသိုလ်ရှိရာကို ထွက်ခဲ့ပါတယ်။ မနက် (၁၀)နာရီမှာ HEI က တာဝန်ရှိသူတွေနဲ့ အစည်းအဝေး လုပ်ရပါတယ်။ MCC နဲ့ HEI ပူးပေါင်းပြီး အဆင့်မြင့် အင်ဂျင်နီယာဘွဲ့ (ME) သင်တန်းကို မြန်မာနိုင်ငံမှာ (Twinning Program) ပုံစံနဲ့ သင်ဖို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ (၂)နှစ် ပြင်သစ်မှာ (၃)နှစ် တက်ပြီး ပြင်သစ်နိုင်ငံ HEI က ချီးမြှင့်မယ့် Master of Engineering (ME) ဘွဲ့ကို ရှိမှာ ဖြစ်ပါတယ်။ အစည်းအဝေး (၁၂)နာရီလောက်မှာ ပြီးတဲ့အခါ နေ့လည်စာ စားရင်း နေလည် (၂)နာရီ ပဲရစ်ကိုထွက်မယ့် ရထားစီးဖို့ ဘူတာရုံကို ပြန်လာခဲ့ပါတယ်။ နေ့လည် (၁)နာရီတိတိမှာ ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲ(လ်)မြို့ကလာတဲ့ Euro Star ရထားဟာ Lille ဘူတာမှာ ခေတ္တရပ်ပြီး ပဲရစ်ကို သွားမှာ ဖြစ်ပါတယ်။ အဲဒီရထားနဲ့စီးခဲ့ပြီး ပဲရစ်ရဲ့ Paris Nord လို့ခေါ်တဲ့ ဘူတာကြီးကို ညနေ (၅) နာရီလောက်မှာ ရောက်ခဲ့ပါတယ်။ အဲဒါနဲ့ “ပါရီတွင် သောင်တင်ခဲ့တဲ့” ဇာတ်လမ်း စတော့မှာ ဖြစ်ပါတယ်။
ပြင်သစ်ဆိုတာ ကမ္ဘာမှာ ကမ္ဘာကျော် ပိသုကာအင်ဂျင်နီယာကြီးတွေ ရှိတဲ့ နေရာပါ။ ပြီးတော့ ကမ္ဘာ့ဖက်ရှင် Industry ရဲ့ အထွဋ်အမြတ်နေရာ၊ ဥရောပယဉ်ကျေးမှု ထွန်းကားပြီး သမိုင်းအမွေအနှစ်တွေ တစ်ပုံတစ်ပင်ကြီး ရှိနေတဲ့နေရာ၊ ရှေးဟောင်း အဆောက်အဦးတွေ၊ ပြတိုက်တွေလည်း ကြည့်လို့မကုန်နိုင်အောင်ရှိတဲ့အထဲ မှာ ကမ္ဘာကျော် အီဖယ်(လ်) မျှော်စင်ကြီးလည်း ပါပါတယ်။ ဒါပေမယ့် ပျိုမေတို့ကတော့ အဲဒါတွေကိုကျော်ပြီး ပဲရစ်ရဲ့ အလှအပတွေ ဖက်ရှင်တွေရှိရာကို ပြေးကြပါတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ ပျိုမေတို့အသဲမှာ Louis Vritton လက်ကိုင်အိတ်နဲ့ နာမည်ကျော် Chanel ရေမွှေးတို့ ရှိရာအရပ်ကိုပေါ့။ အဲ ဒါပေမယ့် ကမ္ဘာကျော် Boulevard Haussmanm မှာရှိတဲ့ Lafayette Haussmanm ကုန်တိုက်ကြီးကိုဘဲ ဖြစ်ပါတယ်။ စာရေးသူကတော့ ပြင်သစ်ကို မကြာ ခဏရောက်လို့ ကြည့်စရာရှု့စရာတွေ တော် တော်စုံပြီဖြစ်တဲ့အတွက် ဒီတစ်ခေါက် မသွား ဖြစ်သေးတဲ့ အိဖယ်(လ်)မျှော်စင် (Eiffel Tower) ကို သွားမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ပြီးတော့ တနင်္လာနေ့ကြရင် MCC အနေနဲ့ Founder အဖြစ် ပါ၀င်ထားတဲ့ MTN (Myanmar Telecommunication Network Public Co., Ltd) အတွက် ပြင်သစ်နိုင်ငံရဲ့ အကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ Orange နဲ့ တွေ့ဖို့ ချိန်းထားတဲ့အတွက် တနင်္ဂနွေနေ့မှာ ချိန်းထားတဲ့ အဆောက်အဦးကိုလည်း သေချာအောင် ၀င်ကြည့်မယ်ပေါ့ . . အဲဒါနဲ့ ပဲရစ်ကိုရောက်တဲ့ စနေနေ့ညနေမှာတော့ ဘယ်မှ မသွားတော့ဘဲ ဟိုတယ်မှာ နေလိုက်ပါတော့တယ်။
တနင်္ဂနွေ မနက် (၅)နာရီမှာ ပုံမှန်အတိုင်း နိုးလာပြီး နေ့စဉ်မပျက် မလုပ်ရရင် မနေနိုင်တဲ့ အပြေးလျှောက် (Jogging) တဲ့အလုပ်ကို ဟိုတယ်အပြင်ဖက်ထွက်ပြီး လမ်းမကြီးတလျှောက်မှာ ပြုလုပ်ပါတယ်။ မှောင်နေဆဲနံနက် ခင်းမှာ . . ကောင်းလိုက်တဲ့ ဖြစ်ခြင်း၊ (Jogging) လုပ်ပြီး ရေမိုးချိုး အဝတ် အစားလဲ နံနက်စာ စားပြီးတော့ မနက် (၇)နာရီခွဲဆိုတော့ မနေ့က ဆုံးဖြတ်ထားတဲ့ အတိုင်း Orange ဆက်သွယ်ရေးကုမ္ပဏီနဲ့ တွေ့ဖို့နေရာကို မြေပုံအညွှန်းအတိုင်း Metro လို့ခေါ်တဲ့ မြေအောက်ရထားနဲ့ သွားဖို့ ဟိုတယ်နဲ့ အနီးဆုံး ဘူတာကိုသွားပြီး ရထားစီးဖို့ လှေခါးနဲ့ မြေအောက်ဘူတာကို ဆင်းလိုက်ပါတယ်။ ဇာတ်လမ်းက စပါပြီ . . .။ တနင်္ဂနွေနေ့ ရုံးပိတ်ရက်ဆိုတော့ ဘူတာမှာ လူသူ ကင်းမဲ့နေပါတယ်။ လှေခါး က နှစ်ဆင့်ချိုး ဖြစ်လို့ တစ်ဆင့်ချိုးဆင်းပြီးတဲ့ အခါ ဆူဆူညံညံ စကားပြောသံတွေနဲ့အတူ ပြင်သစ်လူမျိုး မဟုတ်တဲ့ တူရကီလိုလို၊ အီတလီလိုလိုလူငယ် (၄)ယောက် ဒယိမ်းဒယိုင်နဲ့ မိမိဆင်းမဲ့ လှေခါးအတိုင်း တက်လာပါတယ်။ စာရေးသူက ဘေးဖယ်ပေးပေမဲ့ အသလွတ်ကြီး လူကို၀င်တိုက်ပြီး လက်တွေက ခန္ဓာကိုယ်အနှံ မတော်တဆ တိုက်မိသလိုနဲ့ ဗျောင်အနုကြမ်းစီးမယ့်ပုံစံ ဖြစ်ပါတယ်။ စာရေးသူလည်း မဖြစ်ချေဘူးဆိုပြီး လှေခါးကနေ အပေါ်ကို ပြန်တက်ပြီး ဟိုတယ်ကို အပြေးပြန်ခဲ့ရတော့တာပေါ့ . . မြတ်စွာဘုရား . .. မလွယ်ပါလား . . မြေပေါ်ကနေ မြေအောက်ဆင်းလိုက်တာနဲ့ ပြဿနာစတွေ့တော့တာ ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံမှာ တရားဝင်ရော တရားမဝင်ရော နေထိုင်တဲ့ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းက လူတွေ အများကြီးရှိနေပါတယ်။ အလုပ်အကိုင် မယ်မယ်ရရမရှိဘဲ ခါးပိုက်နိုက် ခိုးဆိုးလုယက်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်တယ်ဆိုတာ ကြားဘူးရဲ့သားနဲ့ အခုတော့ ကိုယ်တွေ့ကြံုရပြီဖြစ်ပါတယ် . . ။ ဒါပေမယ့် . . ဘာရမလဲ အမိမခံဘဲ ဟိုတယ်ကို ပြန်ပြေးလိုက်တာပေါ့ . . တော်ပါသေးရဲ့ . . ။
ဒီလိုနဲ့ မနက် (၉) နာရီလောက်ကြတော့ . . ဟိုတယ်က ပြန်ထွက်ပြီး လူရိပ်လူခြေ ကြည့်တော့ လူတွေမများပေမယ့် သွားလာနေကြပြီဆိုတော့ . . အခုနက ပြန်ပြေးလာခဲ့တဲ့ ဘူတာကို သွား . . မရဲတရဲနဲ့ အောက်ကိုဆင်းတော့ ဘူတာထဲမှာ လူတစ်ချို့ ရှိနေပြီဖြစ်လို့ စိတ်ချလက်ချနဲ့ စီးရမယ့် ရထားကို စောင့်ပြီး Orange ကုမ္ပဏီက လူတွေနဲ့ ချိန်းထားတဲ့ စားသောက်ဆိုင်နဲ့ အနီးဆုံးလည်းဖြစ်တဲ့ (Invalides) ဘူတာကို Metro စီးခဲ့တာ ခဏလေးပါပဲ။ ဘူတာရောက်တော့ ရထား ကနေ ဆင်း . . လှေခါးနဲ့ အပေါ်ကို တက်ပြီးတော့ မြေပုံအညွှန်းအတိုင်း ချိန်းထားတဲ့ စားသောက်ဆိုင်ကို လွယ်လွယ်နဲ့ ရောက်သွားခဲ့ပါတယ် . .။ နာမည်ကြီး စားသောက်ဆိုင်ဖြစ်လို့ . . နံနက်စာစားဖို့ ပိတ်ရက်မှာ ပြင်သစ်လူမျိုးတွေ ရှိုးအပြည့်နဲ့၊ ပြီးတော့ မတန်တဆ စျေးပေးပြီးဝယ် ထားတဲ့ Antique ရှေးဟောင်း ကားတွေနဲ့ တစ်စီးပြီးတစ်စီး ရောက်လာနေပါတယ် . . ။ စာရေးသူလည်း ဟန်ကိုယ့်ဖို့ဆိုပြီး . . Capac Chino ကော်ဖီတစ်ခွက် မှာ သောက်ပြီးတော့ . . စတိုင်နဲ့ ပြန်ထွက်ပြီး နေရာကို သေသေချာချာမှတ် . . ဘာဖြစ်လို့လဲဆိုတော့ မနက်ဖြန် Orange နဲ့ တွေ့တဲ့ အခါ နောက်မကျဘဲ တန်းတန်းမတ်မတ် ရောက်ရအောင် ဖြစ်ပါတယ် . . ။ စားသောက်ဆိုင်ကထွက်ပြီး ပါတ်ဝန်းကျင်ကို မော့ကြည့်လိုက်တဲ့အခါ အီဖယ်(လ်)မျှော်စင်ကြီးက အနားမှာဆိုတော့ လမ်းလျှောက်သွားရုံပါဘဲ . . ။
တနင်္ဂနွေနေ့မို့ထင်ပါတယ် . . အီဖ(လ်)မျှော်စင်ကိုလာတဲ့ ပြင်သစ်လူမျိုးတွေရော၊ ကမ္ဘာလှည့် ခရီးသည် တွေကိုရော အများကြီး တွေ့ရပြီး မျှော်စင်ပေါ်တက်ဖို့ တန်းစီရမှာဖြစ်လို့ ကွေ့ကောက်ပြီး ရှည်လျားလှတဲ့ လူတန်းကြီးထဲကို၀င်ပြီး နေရာယူ တန်းစီလိုက်ရပါတော့တယ် . .။ မီတာ (၃၀၀) မြင့်တဲ့ မျှော်စင်ပေါ် ရောက်အောင် ဓါတ်လှေခါးနဲ့ တက်ရမှာဖြစ်လို့ ဓါတ်လှေခါးအတက်တစ်စီး၊ အဆင်းတစ်စီး စောင့်ပြီး စီးနေရဖို့ တော်တော်နဲ့ ဓါတ်လှေခါးစီးရမဲ့ နေရာကို မရောက်နိုင်ပါဘူး . . ။ စုစုပေါင်း စောင့်ရတာ (၂)နာရီကျော် ကြာ သွားတဲ့အခါ ဓါတ်လှေခါးနေရာ ရောက်ပါပြီ . . ။ လူတွေကလည်း တိုးကြပ်ညပ်နေပါတယ်။ ဓါတ်လှေခါးအတွင်း ၀င်လိုက်တာနဲ့ “Beware of Pickpocket” ဆိုတဲ့ ခါးပိုက်နှိုက် သတိပြုပါဆိုတဲ့ သတိပေးဆိုင်းဘုတ် တွေ့နေရပါပြီ။ သတိထားတဲ့အနေနဲ့ ဘောင်းဘီအိတ်ထဲမှာ ထည့်ထားတဲ့ ပိုက်ဆံအိတ်ကို လက်တစ်ဖက်က ဆုတ်ကိုင်ထားပြီး သတိနဲ့နေပြီး ဘေးဘီလည်း အကဲခတ်ရင်း မျှော်စင်ရဲ့ အပေါ်ဆုံးမရောက်ခင် တစ်ထပ်ဓါတ်လှေခါး ဂိတ်ဆုံးကို ရောက်ရှိပါတယ်။ ဓါတ်လှေခါးအထွက်မှာ ပြန်ဆင်းမဲ့သူတွေနဲ့ တိုးဝှေ့ရင်း “Beware of Pickpocket” ဆိုင်းဘုတ်တွေ နေရာအနှံ တွေ့ရပြန်ပါပြီ။ ခါးပိုက်နှိုက်တွေ ဘယ်လောက် ပေါသလဲဆိုတာ သိသာပါတယ်။ စာရေးသူလည်း ဘောင်းဘီအိတ်ထဲက ပိုက်ဆံအိတ်ကို လက်နဲ့ ဖိထားရင်း အီဖယ်(လ်) မျှော်စင်ပေါ်ကနေ ပဲရစ်မြို့ကြီးတစ်ခုလုံးရဲ့ အလှအပကို မျှော်စင်တစ်ပတ် ပတ်ကြည့်ရင်း ကမ္ဘာ့အံ့ဖွယ်တစ်ခုအပေါ်မှာ ငါရောက်နေ ပါလားဆိုတဲ့အသိနဲ့ ဘဝင်လေဟပ်သွားပါတော့တယ် . . ။ ပြီးတော့ ဓါတ်လှေခါးနဲ့ ပြန်ဆင်းဖို့ တန်းစီရပြန်ပါရော . .။ အဲဒီမှာလည်း တိုးတိုးကြိတ်ကြိတ်နဲ့ ခါးပိုက်နှိုက် သတိပြုစာတမ်းတွေလည်း နေရာအနှံ့ . . တန်းစီပြီး သတိထားရင်းနဲ့ ကိုယ့်အလှည့် ရောက်တော့ ဓါတ်လှေခါးစီးပြီးအောက် ကို ရောက်သွားတော့မှ သက်ပြင်းချနိုင်ပါ တော့တယ် . . ။ ဘာရမလဲ ငါကွ . . ခါးပိုက်နှိုက်မခံရဘူးဆိုပြီး စိတ်လက်ပေါ့ပါး စွာနဲ့ ပြန်ဖို့ Invalides ဘူတာကို ပြန်လာ ခဲ့ပါတော့တယ် . .။ လူကလည်း တိုးရစ် ပုံ ပေါက်နေသလား အဲဒီကနေ ပဲရစ်မှာ သိတ်မအေးလို့ တီရှပ်နဲ့ ဂျင်းဘောင်းဘီနဲ့ လည်ပင်းမှာလဲ Nikon ကင်မရာကြီးလည်း ဆွဲလို့ပေါ့. . ။ ဘူတာထဲဆင်းလိုက်တော့ လည်း လူများများစားစား မရှိ ပြင်သစ်မ တစ်ယောက် နှစ်ယောက်လောက်ဘဲ တွေ့ ပြီးလူရှင်းနေပါတယ် . . ။ အီဖယ်(လ်) မျှော်စင်သွားတုန်းက ခါးပိုက်နှိုက်မှာဆိုးလို့ စိတ်ပင်ပန်းခဲ့ရသမျှ အခုတော့ လူတွေ တိုးဝှေ့ နေစရာမရှိလို့ စိတ်သက်သာရာ ရသွားပါပြီ. . ။ စီးရမဲ့ ရထားက ဘူတာရုံထဲ ၀င်လာပါပြီ . .။ ရထားရပ်လို့ တံခါးဖွင့်လိုက်တဲ့ အခါ အထဲကို ၀င်လိုက်ပြီး ထိုင်ခုံမှာ မထိုင်ဘဲ အပေါက်အနား အလယ်မှာဘဲ ရပ်လိုက် မိပါတယ် … ။ ဘူတာကလည်း နှစ်ဘူတာ လောက်ဆိုတော့ မထိုင်တော့ဘူးပေါ့ …။ ၀င်ပြီး ရပ်လိုက်လို့မှ မကြာဘူး အခုနက ဘူတာရုံမှာတွေ့တဲ့ ပြင်သစ်မ နောက်က လိုက်ဝင်လာပြီး စာရေးသူရဲ့ ဘေးကနေ တိုးရစ် (Tourist Map) မြေပုံကြီးကို ဖြန့်ပြီး ပြင်သစ်လို့ အတင်းစကားပြော မေးမြန်းလိုက်လို့ လန့်သွားပါတယ် . .။ စာရေးသူလည်း . . မသိဘူး . . နိုး. . နိုး .. ဆိုပြီး တုံ့ပြန်တဲ့အချိန်အားလုံးဟာ စက္ကန့် ပိုင်းကလေးသာဖြစ်ပြီး ရထားတံခါးပိတ်ပြီး ထွက်လိုက်တဲ့အခါ . . ချက်ခြင်းသတိထားမိလိုက်တာက ဘောင်းဘီအိတ်ထဲ. . . ပေါ့ရွှတ်ရွှတ် ဖြစ်နေတာ သိလိုက်ပြီး .. ကြည့်လိုက်တော့ ပိုက်ဆံအိတ်မရှိတော့ပါဘူး . . ခါးပိုက်နှိုက် ခံလိုက်ရပါပြီ . . ။ အဲဒီ ပြင်သစ်မကို ကြည့်လိုက်တော့ မရှိတော့ပါဘူး။ ရထားတံခါး မပိတ်ခင် ပြန်ဆင်းသွားပါပြီ ဖြစ်ပါတယ် . . .။ သွားပါပြီ .. ရှိသမျှ ပိုက်ဆံအားလုံး ပိုက်ဆံအိတ်ထဲ အကုန်ပါသွားပါပြီ . ။ အမေရိကန် ဒေါ်လာ ၃၀၀၀ ကျော်၊ ယူရို ၉၀၀၊ ပေါင်စတာလင် ၂၅၀ လောက်နဲ့ ထိုင်းဘတ်ငွေတစ်ချို့၊ မြန်မာကျပ်တစ်ချို့အပြင် VISA Card တွေလည်း အကုန်ပါသွားပြီ . . ပိုက်ဆံတွေအားလုံး ပိုက်ဆံအိတ်ထဲ အကုန်ထည့်ထားတာ ပိုက်ဆံအိတ်ကြီးကလည်း ဖောင်း၊ ဘောင်းဘီအိတ်ထဲ ထည့်ထားတာက ဘောင်းဘီ အိတ်ကလဲဖောင်းနဲ့. . တောသားလူမိုက် ခါးပိုက်နှိုက်ခံလိုက်ရပါပြီ . .။ အသက် (၆၀) ကျော်တဲ့အထိ တစ်ခါမှ ခါးပိုက်နှိုက် မခံရဘဲ ပြင်သစ်ကို ရောက်တော့မှ ခါးပိုက်နှိုက် ခံရလေခြင်း .. ဆိုပြီး ဘာလုပ်ရမှန်းမသိ . . ။ ပါတာလည်း တစ်ပြားမှမရှိတော့ . . ။ ပါရီတွင် သောင်တင်သွားပါပြီ . . ။ ပြင်သစ်မနဲ့ ဇာတ်လမ်းဖြစ်ပြီး တစ်ဆွေးဆွေးတစ်မြေ့မြေ့နဲ့ ပါရီတွင် သောင်တင်ခဲ့ခြင်းမဟုတ်ပါ။ ပြင်သစ်မ “မ” သွားလို့ တစ်ငွေ့ငွေ့နဲ့ စိတ်ဆင်းရဲခြင်း ကြီးစွာဖြစ်ပြီး ပါရီတွင် သောင်တင်ခဲ့ခြင်း ဖြစ်ပါတယ် . . ။
“ဟဲလို . . ကိုပြည်စိုး . . လား အကူအညီပေးပါအုံးဗျာ . . ကျုပ်ရထားပေါ်မှာ ခါးပိုက်နှိုက်ခံရလို့ . . ပိုက်ဆံ တစ်ပြားမှ မရှိတော့ဘူး . . ညနေထမင်း စားဖို့တောင် ပိုက်ဆံမရှိဘူးဖြစ်နေတယ် .. မနက်ဖြန်လည်း လန်ဒန်ကို ပြန်ရအုံးမယ် . .” အဲဒါကတော့ ပြင်သစ်-မြန်မာသံရုံးက သံမှူး ကိုပြည်စိုး . . ကို ဖုန်းဆက်ခေါ်ရတာ ဖြစ်ပါတယ်။ သူက တပည့်လည်းဖြစ်ခဲ့ဘူးတော့ . . မတတ်နိုင်ဘူး။ အကူအညီတောင်းရတော့တာပေါ့။ “ဟာ .. ဆရာရယ် .. ဖြစ်ရလေ .. ပဲရစ်မှာ ခါးပိုက်နှိုက်က သိပ်ပေါတာ . . ဆရာခံရတဲ့ပုံစံမျိုးူ . . နိုင်ငံခြားကလူတွေ မကြာခဏ ခံရတတ်တယ် . .။ အဲဒီထဲမှာ မြန်မာတွေ များတယ် . . ။ ကျွန်တော်တို့ သံရုံးက လူတွေတောင် မလွတ်ဘူး . .။ စိတ်မပူပါနဲ့ ကျွန်တော်အခုဘဲ လာခဲ့ပါ့မယ် . . ။” တော်ပါသေးရဲ့။ မောင်မင်းကြီးသား သက်တော်ရာကျော် ရှည်ပါစေ . . ။ “ဟဲလို . . သားလား . . ငါတော့ ပဲရစ်မှာ ခါးပိုက်နှိုက်ခံရလို့ VISA Card လည်း ပါသွားတယ်။ အဲဒါ VISA Card ထုတ်ပေးတဲ့ DBS Bank ကို ချက်ခြင်းဖုန်းဆက်ပြီး Card ကို ပိတ်ခိုင်းပေးပါ . . .” စင်္ကာပူက သားဆီကိုလည်း ချက်ခြင်းဖုန်းဆက်ပြီး VISA Card ကို ပိတ်ခိုင်းရပြန်ပါတယ်။ သားကတစ်ဆင့် ရန်ကုန်က မိသားစုတွေဆီ သတင်းတွေရောက်ပြီး မိသားစုတွေလည်း စိုးရိမ်တကြီးနဲ့ ဘာလုပ်ပေးရမလဲဆိုတာ ဖုန်းတွေ ဆက်ကြပြန်ပါတယ် . . ။ ကမ္ဘာတစ်လွှား . . နေရာတကာသွားပြီး . . လူလည်ကြီးဖြစ်ပြီ ထင်ရတဲ့ စာရေးသူကတော့ ဒီတစ်ချီ နှပ်ပစ်ခံလိုက်ရပြီ . . ပါရီတွင် ပိုက်ဆံတပြားမှ မရှိဘဲ သောင်တင်တော့မယ့် အဖြစ်ပါဘဲ . . .။
မကြာခင်မှာဘဲ . . ဟိုတယ်ကို ကိုပြည်စိုးနဲ့ သံရုံး . . မိသားစု ရောက်လာ ပါတယ်။ ပြီးတော့ ယူရိုငွေ (၅၀၀) လာပေး ပြီးနောက် ဆရာကြံုမှ ပေးပါတဲ့ .. ။ ကျေးဇူးပါဘဲ မောင်မင်းကြီးသားတို့ရာ .. ဒီညနေ ထမင်းစားဖို့ မနက်ဖြန် လန်ဒန်သွား ဖို့ တက္ကစီခ၊ ရထားခတော့ ရသွားလို့ တော် ပါသေးတယ် . . ။ လန်ဒန်ရောက်တော့ လန်ဒန်က မိတ်ဆွေတွေကလည်း ဒီအဖြစ်သနစ်ကို ရန်ကုန်ကလူတွေ သတင်းပို့ထားလို့ သိနေကြပါပြီ။ ဂရုဏာအပြည့်နဲ့ ဘာကူညီရမလဲဆိုတာ မေးကြရင်းနဲ့ မိတ်ဆွေဖြစ်သူ Michael ဆီက ဒေါ်လာ (၁၀၀၀) ယူလိုက်ပြီး သူရဲ့ Account ထဲကို ရန်ကုန်ကနေ ပိုက်ဆံ လွှဲခိုင်းလိုက်ရပါတယ် . . ။
အဲဒါကတော့ MCC ဥက္ကဋ္ဌကြီး “ပါရီတွင် သောင်တင်ခဲ့စဉ်က” အဖြစ်ကို ပြန်ပြီးဖောက်သည်ချလိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် ခေတ်မှီတဲ့ တိုင်းပြည်သွားလို့ ခါးပိုက်နှိုက်မရှိဘူးမထင်နဲ့ . . ကိုယ်တိုင်းပြည် ထက်တောင် ပိုများနေသေးတယ် .. ။ ပြီးတော့ ဥက္ကဋ္ဌကြီးလို Nikon ကင်မရာ ကြီး လည်ပင်းဆွဲပြီး ပိုက်ဆံအိတ်ကြီး ဘောင်းဘီအိတ်ထဲ မထည့်နဲ့ . . တောသားမှန်း လူသိတယ် . . ပြင်သစ်မှာ Louis Vuitton လို ပိုက်ဆံအိတ်တွေ ပေါ်ပြူလာဖြစ်ပေမယ့် . . . ပိုက်ဆံအိတ်ကြီး တစ်ကိုင်ကိုင်နဲ့တော့ မသွားနဲ့ .. ခါး ပိုက်နှိုက်ခံရရင်ခံရ . . ဒါမှမဟုတ်ရင် အလုခံရတတ်တယ် . . MCC ဥက္ကဋ္ဌကြီး ရဲ့ ဇာတ်လမ်းတွေထဲက ဇာတ်လမ်းတစ်ပုဒ် ပေါ့ . . . ။
အီကို ကိုအောင်



Tuesday, October 27, 2015

MCC.i Yatanarpon Campus တြင္ "One Stop Shop" Work Shop က်င္းပ

  

 (၁၅.၁၀.၂၀၁၅) ရက္ေန႔ MCC.i Yatanarpon Campus တြင္ B.Sc(Hons:) Business IT ေက်ာင္းသား/သူမ်ားအတြက္ အထူးအစီအစဥ္အျဖစ္ က်င္းပျပဳလုပ္ေသာ One Stop Shop Work Shop for all you needs သ႐ုပ္ျပရွင္းလင္းျခင္း အခမ္းအနား

  

MCC Group Chairman  ဦးတင္၀င္းေအာင္မွ One Stop Shop Work Shop ျပဳလုပ္ရျခင္း ရည္ရြယ္ခ်က္ႏွင့္ BIT Program မ်ားတြင္ ပါ၀င္ေသာ ဘာသာရပ္အလိုက္ ေလ့လာသင္ယူမႈမ်ားမွ လုပ္ငန္းႀကီးမ်ားတြင္ မျဖစ္မေန အသံုးျပဳၾကရမည့္ Business Information System တီထြင္ထုတ္လုပ္မႈ အဆင့္ဆင့္တုိ႔ ဆက္စပ္ပံု မ်ားအား ရွင္းလင္းေဆြးေႏြးစဥ္

  

BIT Year 3  ေက်ာင္းသား/သူမ်ားမွ ပညာေရးအဖြဲ႕အစည္းမ်ားတြင္ အသံုးျပဳေသာ စာၾကည့္တိုက္စီမံခန္႔ခြဲမႈစနစ္ (Library Management System) အေၾကာင္း သ႐ုပ္ျပရွင္းလင္းေနစဥ္
 


BIT Year 2  ေက်ာင္းသား/သူမ်ားမွ Operation System  ႏွင့္ ဆက္စပ္ပစၥည္းမ်ား Application Software မ်ားကုိ လက္ေတြ႕တပ္ဆင္ Install  ျပဳလုပ္ျခင္း သ႐ုပ္ျပရွင္းလင္းေနစဥ္
 
  

BIT Year 1  ေက်ာင္းသား/သူမ်ားမွ တက္ေရာက္ေလ့လာစဥ္

ဒီတစ္ပတ္အမ္စီစီ


MCC Capital  ႏွင့္ Myanmar Investment Group (MIG) တုိ႔ ပူးေပါင္း ေဆာင္ရြက္ရန္ JV သေဘာတူစာခ်ဳပ္ ခ်ဳပ္ဆုိပြဲ အခမ္းအနား


(၁၀.၁၀.၁၅) ရက္ေန႔ သံလ်င္ၿမိဳ႕တြင္ က်င္းပေသာ ရန္ကုန္ေတာင္ပုိင္းခ႐ိုင္ ျပန္/ဆက္ဦးစီးဌာနႏွင့္ MCC သံလ်င္သို႔ ပူးေပါင္းစီစဥ္ေသာ အရာထမ္း၊ အမႈထမ္းမ်ား ကြန္ပ်ဴတာ ကြၽမ္းက်င္မႈသင္တန္း အပတ္စဥ္ (၁) ဖြင့္ပြဲ အခမ္းအနားတြင္ MCC Education Services CEO ဦးၿငိမ္းဦးမွ အမွာစကားေျပာၾကားစဥ္
 


(၁၂.၁၀.၁၅) ရက္ေန႔ MCC.i Naypyitaw Campus တြင္ စီမံကိန္းေရးဆြဲေရးဦးစီးဌာနမွ အရာထမ္း/အမႈထမ္းမ်ားအား ကြန္ပ်ဴတာကြၽမ္းက်င္မႈ အဆင့္ျမင့္သင္တန္း (Advance Excel) သင္တန္းအမွတ္စဥ္ (၂) ဖြင့္လွစ္သင္ၾကားေနစဥ္
 


 (၉.၁၀.၁၅) မွ (၁၁.၁၀.၁၅) အထိ မႏၲေလးၿမိဳ႕ေတာ္ခန္းမတြင္ က်င္းပျပဳလုပ္ေသာ မႏၲေလး Expo 2015 တြင္ MCC.i Mandalay Campus မွ ႏုိင္ငံတကာအသိအမွတ္ျပဳ ဘြဲ႕သင္တန္းမ်ားႏွင့္ ဒီပလုိမာမ်ားအေၾကာင္း မိတ္ဆင္ရွင္းလင္းျပသစဥ္

MCC Style


Mandalay Campus, BTEC, Year-1, Section-4 မွ ေက်ာင္းသား ေမာင္ေအာင္မ်ိဳးမင္း
 

Mandalay Campus, BTEC, Year-1, Section-4 မွ ေက်ာင္းသား ေမာင္ခ်စ္၀င္းထြန္း


Mandalay Campus, BTEC, Year-1, Section-4 မွ ေက်ာင္းသူ ေမသန္႔ဇင္
 

Mandalay Campus, BTEC, Year-1, Section-4 မွ ေက်ာင္းသား ေမာင္စုိင္းေကာင္းသက္စံ
 

Mandalay Campus, BIT, Year-1, Section-17 မွ ေက်ာင္းသား ေမာင္ေက်ာ္ဇင္ထြန္း
 


Mandalay Campus, BIT, Year-1, Section-17 မွ ေက်ာင္းသူ မဆုမြန္ေထြး

Monday, October 26, 2015

အႏုပညာပါရမီရင့္သန္ MCC.i (Mandalay Campus) ရဲ႕အားမာန္

အႏုပညာပါရမီရင့္သန္ MCC.i (Mandalay Campus) ရဲ႕အားမာန္

MCC Polytechnic (Monywa) ဖြင့္ပြဲ ေအာင္ျမင္စြာ ျပီးေတာ႕ MCC Group ဥကၠဌဆရာ ဦးတင္၀င္းေအာင္ က MCC ICT EXPO 2015 အတြက္ အၾကိဳအစည္းအေ၀းကို အဲဒီေက်ာင္းရဲ႕ အစည္းအေ၀းခန္းမွာ လုပ္ခဲ႕ပါတယ္။ အဲဒီအစည္းအေ၀းမွာ ဆရာဦးတင္၀င္းေအာင္ က ျပခန္းကို လာၾကည့္တဲ႕ သူေတြကို ေဖ်ာ္ေျဖေရးအတြက္ Mandalay Campus ကဘဲ တာ၀န္ယူျပီး လုပ္ေပးဖုိ႕ လမ္းညြန္လာပါတယ္။ အဲလို တာ၀န္ယူခိုင္းတဲ႕ အေၾကာင္းကလည္း  MCC.i Mandalay Campus မွ ေက်ာင္းသား၊သူမ်ား၏  Fresher Welcome မွာ ဒီေက်ာင္းက ေက်ာင္းသား၊သူေတြရဲ႕ အနုပညာထူးခ်ြန္မွဳေတြကို ဆရာက သိသြားျပီး ဒီတာ၀န္ကိုေပးခဲ႕တယ္လုိ႕ ပဲ ထင္မိပါတယ္။
တစ္ကယ္လည္း သူတို႕ရဲ႕ အနုပညာအျမင္ တီထြင္ ဖန္တီးမွဳေတြက တကယ္ကို ခ်ီးက်ဴးစရာပါ။ အဲဒီထဲမွာ ျမန္မာ႕ရိုးရာ ယဥ္ေက်းမွဳ ကိုုေဖာ္ေဆာင္တဲ႕ အျငိမ္႕အဖြဲ႕ ကို ကြ်န္မ ကိုယ္တုိင္လည္း တကယ္ နွစ္သက္တယ္။ တကယ္႕ကို ၀ါရင့္ လူရႊင္ေတာ္ၾကီးေတြအတုိင္း  ျပက္လံုးေတြကို ဂြင္က်က် ျပက္သြားလိုက္တာမ်ား Fresher Welcome ကိုတက္ေရာက္လာတဲ႕ ဆရာ၊ဆရာမမ်ား၊ ၀န္ထမ္းမ်ားနွင္႕ေက်ာင္းသား၊သူ မိဘေတြ အားလံုး ပါးစပ္ေတြ မပိတ္ရ ေလာက္ေအာင္ပါပဲ။ ရယ္လိုက္ရတာ.. မင္းသမီး ကလည္း ခ်စ္စရာေကာင္း သူကလည္း အျငိမ္႕မင္းသမီးေတြ နွဳတ္္ဆက္သလို တကယ္႕ အပီအျပင္ .. ဒီပြဲျပီးေတာ႕ သူတို႕ ရဲ႕ သတင္းက ျပန္႕သြားျပီ Yangon Campus အထိ မန္းေလး က အနုပညာ အရည္အေသြးေတြ ကို အခြင့္ၾကံဳရင္ ျပန္လည္ ေဖ်ာ္ေျဖခိုင္းဖို႕ … အခု ေတာ႕ အခြင့္ၾကံဳလာျပီ.

မံုရြာက ျပန္လာတာနဲ႕ စျပီ MCC ICT EXPO 2015မွာ ေဖ်ာ္ေျဖေရး ကို Mandalay Campus က လုပ္ရမယ္လို႕ ဆရာမေတြနဲ႕ တိုင္ပင္ျပီး Student Represntative Committee ရဲ႕ ဥကၠဌ ကိုမိုး(ျမတ္ေအာင္မိုး) ကတဆင့္ ေဖ်ာ္ေျဖေရးအတြက္ စီစဥ္ခိုင္းေတာ႕ နိုင္ငံျခားအကအဖြဲ႕၊ ေတးသရုပ္ေဖာ္ေတြ၊ သီခ်င္းဆိုမည့္သူေတြ ျပဇာတ္အဖဲဲြ၊ အျငိမ္႕အဖြဲ႕ အစရွိသျဖင့္ ပါ၀င္ၾကဖို႕.. အစီအစဥ္ေတြဆြဲလို႕။ ျပင္ဆင္ေနၾကျပီ။

အျငိမ္႕အဖြဲ႕မွာ ပါ၀င္တဲ႔သူေတြက ေက်ာင္းသားေဟာင္းေတြအမ်ားစုျဖစ္ေနေတာ႕ သူတို႕ကို ကိုမိုးကဆက္သြယ္ျပီးေခၚလိုက္ေတာ႕ လာပါျပီ သူတို႕လည္း စိတ္၀င္တစား နဲ႕ သူတို႕ အနု ပညာ အရည္အခ်င္းကို ျပနုိင္ဖို႕ ျပင္ဆင္ၾကေတာ႕မယ္။ “ဘယ္အခ်ိန္ေဖ်ာ္ေျဖရမွာလဲ ငါတို႕ကိုေမးေပးဦးေနာ္ “ ကုိမိုး(ျမတ္ေအာင္မိုး) ဆိုျပီး ေျပာေတာ႕ ကိုမိိုးကလည္း ရံုးခန္းကို လာျပီး ကြ်န္မ ဆီလာျပီး “ဆရာမေနာ္ က်ြန္ေတာ္တို႕ က အပီအျပင္ လုပ္ေနတာေနာ္ ဘယ္လို အစီအစဥ္ေတြနဲ႕ ဘယ္အခ်ိန္ ေဖ်ာ္ေျဖရမွာလဲ တဲ႕ “။ ကြ်န္မကလည္း ေနဦး တီခ်ယ္တို႕က YTNP Campus ကို အစီအစဥ္ေမး လိုက္ဦးမယ္လို႕ ေျပာေတာ႕။ မေက်မနပ္နဲ႕ မခ်င့္မရဲ သူတို႕ ကမွကရပါ႕မလား ဆိုတဲ႕စိတ္နဲ႕ ကိုမိုးကျပန္သြားျပီး အျငိမ္႕အဖြဲ႕က ေက်ာင္းသားေတြကို ျပန္ေျပာေတာ႕။ဟိုကလည္း ျပင္ဆင္ျပီးမွ မကရရင္ ေနာ္ဆိုျပီး ေျပာေတာ႕ ကိုမိုး ေခါင္းၾကိမ္းေနျပီ။

ေနာက္ေန႕မွာ အစီအစဥ္ေတြမ်ားေနလို႕ အခ်ိဳ႕အစီအစဥ္ေလ်ာ႕မယ္ လို႕ ေျပာေတာ႕ “အျငိမ္႕အဖြဲ႕ က မကရရင္ တျခားအဖြဲ႕ေတြလည္း မကေတာ႕ဘူးတဲ႕”  တေယာက္တေပါက္နဲ႕ ဆရာမေတြကို ေျပာၾကျပီ။ က်န္တဲ့ေဖ်ာ္ေျဖေရးအဖြဲ႕၀င္ေတြကလည္း အျငိမ္႕အဖြဲ႕က သူတို႕ေက်ာင္းသူ၊သားအားလံုး ရဲ႕ ကိုယ္စား ေခါင္းေဆာင္ေနတဲ႕ Senior အကိုၾကီးေတြဆိုေတာ႕ အျငိမ္႕ မပါရင္ တျခားအစီအစဥ္မလုပ္ခ်င္ၾကဘူးလုိ႕နပူနစာလုပ္လာၾကပါေတာ့တယ္။
ေနာက္ဆံုးေတာ႕ ညိွနွိဳင္းျပီး  MCC.i (Mandalay Campus)အျငိမ္႕အဖြဲ႕ က ညပုိင္း Staff Dinner ေဖ်ာ္ေျဖဖို႕တာ၀န္က်တယ္။ သူတုိ႕ေက်နပ္သြားျပီ ဆိုေပမဲ႕ ကိုမိုးက လာေျပာေသးတယ္ “ဆရာမ ေသခ်ာရဲ႕လားတဲ႕”  ၾကာေတာ႕ စိတ္ကေပါက္လာျပီ ေအးပါ ေသခ်ာပါတယ္ဆိုျပီး ေအာ္လိုက္တယ္ ျပံဳးစိစိနဲ႕ထြက္သြားေရာ။

ဆရာမက ေအာ္တာကို စိတ္မဆိုးတဲ႕ သူ႕ကိုလည္း ေက်းဇူးတင္ရပါတယ္။ကြ်န္မလည္း  သူတို႕ဘက္ကေနခံစားၾကည့္ျပီး ေအာ္ သူတို႕လည္း အပင္ပန္းခံ အခ်ိန္ကုန္ခံျပီး ဇာတ္တိုက္ထားတာ မ”က”ရမွာ သူတို႕ ၾကိဳးစားမွဳကို ေဖာ္ထုတ္ျပခြင့္ မရမွာ ကို စိုးရိမ္မွာ ေပါ႕လို႕ ေတြးမိပါတယ္။
အဲဒီပြဲမွာ ေက်ာင္းသားေတြနဲ႕ေက်ာင္းသူ ေတြက ျမန္မာ႕ယဥ္ေက်းမွဳ႕ ကို ေဖာ္ထုတ္ပံုက တကယ္႕ကို ခ်ီးက်ဴးစရာ။ လူရႊင္ေတာ္ေတြနဲ႕ မင္းသမီး အေပးအယူ မ်ွမ်ွတတနဲ႕ ေဖ်ာ္ေျဖသြားတာ တကယ္႕ကို ၀ါရင္႕ပညာရွင္ေတြကို ၾကည့္ရသလိုပါဘဲ။ ျပက္သြားတဲ႕ျပက္လံုုးေတြကလည္း သူတို႕ပတ္၀န္းက်င္မွာ သူတို႕ျဖစ္ေစခ်င္တာေလး ေတြကို သူတို႕အျမင္နဲ႕ေပါင္းစပ္ျပီး ရယ္စရာေလးေတြ ဖန္တီးသြားတာ က တကယ္႕ကို မခ်ီးက်ဴးဘဲ မေနနုိင္ပါဘူး။ ပရိတ္သက္ကလည္း ရယ္လိုက္ၾကတာအားလုံး၀ါးလံုးကြဲပါဘဲ။
ပရိတ္သတ္ထဲမွာ ဆရာဦးတင္၀င္းေအာင္နွင့္ဇနီး လည္းပါေနေတာ႕ ကိုယ္႕ေက်ာင္းသားေတြကို အျပစ္တခုခုမ်ားျမင္သြားမလား၊ စိတ္မ်ားခုသြားမလားလို႕ စိုးရိမ္စိတ္နဲ႕ ဆရာတို႕ကို ၾကည့္မိေတာ႕ သေဘာ က်စြာ အားပါးတရ ရယ္ေနတာ ကို ျမင္ေတာ႕မွ စိတ္ထဲေပါ႕သြားေတာ႕တယ္။ ေက်ာင္းသား ေတြ ကလည္း တကယ္႕လူရႊင္ေတာ္ၾကီးေတြအလား အခ်ိတ္အဆက္မိမိိ ျပက္လံုးခြင္ေတြ လုပ္ ေနတာ အနုပညာပါရမီ ထူးခ်ြန္သူေတြပါဘဲ။ သူတို႕စိတ္ထဲမွာ ေအာက္ကပရိတ္သတ္ ထဲမွာ ေလးစားရတဲ႕ လူေတြပါမွန္းသိတဲ႕ အသိတရားနဲ႕ ျပက္လံုးခြင္ေတြအရ အမွားပါရင္ခြင့္လႊတ္ဖုိ႕ ဆရာဦးတင္၀င္းေအာင္ နွင္႔ဇနီး၊ဆရာ၊ဆရာမမ်ားကို ေနာက္ဆံုးမွာ ထိုင္ကန္ေတာ႕သြားတာကလည္း တကယ္႕ ခ်စ္စရာေကာင္းတဲ႕ လူငယ္ေလးေတြပါဘဲ။ သူတို႕ အေနနဲ႕ IT ပညာကို ထူးခ်ြန္ေအာင္ ေလ႕လာေနရင္း ျမန္မာ႕ အနုပညာအေပၚ တန္ဖိုးထား ျပီး ေလ႕လာသင္ယူူခဲ႕ လို႕ အနုပညာမွာလည္း ထူးခ်ြန္သူေတြျဖစ္ခဲ႕ၾကတာက ဒီကေန႕ည”က”တဲ႕ အျငိမ္႕အဖြဲ႕ေလးကသက္ေသပါဘဲ။

ေက်ာင္းသား၊ သူေတြ အတြက္ အနုပညာလွဳပ္ရွားမွဳ အေနနဲ႕ဆရာ ဦးတင္၀င္းေအာင္က လုပ္ခြင့္ေပးေတာ႕ သူတို႕လည္း တကၠသိုလ္ ေက်ာင္းသားအရသာကို ခံစားလာရသလို ပိုျပီးလည္း စည္းလံုးမွဳေတြရိွလာ ေက်ာင္းကို လည္း သံေယာဇဥ္ေတြပိုလာ ၾကတယ္။ သူတို႕ ရဲ႕ လုပ္ေဆာင္မွဳေတြကို အသိအမွတ္ျပဳခံရေတာ႕ ေက်နပ္သြားၾကပါတယ္။
သူတို႕ အျငိမ္႕အဖြဲ႕မွာ ပါ၀င္တဲ႕သူေတြကေတာ႕ အျငိမ္႕မင္းသမီးေလးက BIT Level 5 ေျဖဆိုထားတဲ႕ Section-2.8 မွ ေက်ာင္းသူ မဇင္မင္းခ ျဖစ္ပါတယ္။ လူရႊင္ေတာ္ေတြ အေနနဲကကေတာ႕ Section 2.6 က ေက်ာင္းသားေတြျဖစ္တဲ႕ေမာင္ထက္ေအာင္လိွဳင္၊ ေမာင္သိန္းမင္ထက္၊ ေမာင္ထြဋ္ေခါင္ေက်ာ္၊ ေမာင္မင္းခန္႕ကိုကို နဲ႕ Section 2.10 က ေမာင္ျပည့္စံုဟိန္း တို႕ျဖစ္ပါတယ္။

ဒါနဲ႕ဘဲ ဒီအျငိမ္႕အဖြဲ႕နဲ႕ပတ္သက္ျပီး သူတို႕ေတြရဲ႕ ခံယူခ်က္ေတြ ဘယ္လိုရိွတယ္။ ဒီလိုမ်ိဳး ေဖ်ာ္ေျဖမွဳအတြက္ စတင္သေႏၶတည္ ေပါက္ဖြားခဲ႕သလဲ ဆိုတာေလးေတြ ေမးျမန္းျဖစ္ခဲ႕ပါတယ္။ သူတို႕ အျငိမ္႕အဖြဲ႕ကို ပထမနွစ္(ဒုတိယႏွစ္၀က္) စတက္တဲ႕အခ်ိန္ကတည္းက ေက်ာင္းရဲ႕ Fresher Welcome ေတြမွာ တခန္းရက္ျပဇာတ္အေနနဲ႕ ေဖ်ာ္ေျဖခဲ႕တဲ႕အေၾကာင္း၊ အျငိမ္႕အေနနဲ႕ ပထမဆံုးေဖ်ာ္ေျဖခဲ႕တာေတာ႕ June 2015 Fresher Welcome မွာ စတင္ခဲ႕တဲ႕အေၾကာင္း ေတြကိုေျပာျပခဲ႕ပါတယ္။ သူတိုအေနနဲ႕ Fresher Welcome ပြဲမွာ ေျဖေဖ်ာ္နုိင္ဖို႕ အဖက္ဖက္ကေန ၾကိဳးစားျပီး ေက်ာင္းသား၊ ေက်ာင္းသူေတြ ရဲ႕ စည္းလံုးညီညြတ္မွဳေတြကို  ျပသနိုင္ခဲ႕သလို ေပ်ာ္ရႊင္မွဳ ေတြရရိွေအာင္ ဖန္တီးေပးနိုင္ခဲ႕တဲ႔အေၾကာင္း ေျပာျပပါတယ္။

 အခုေဖ်ာ္ေျဖခဲ႕တဲ႕ ပြဲကေတာ႕ အခု MCC.i (Yadanarpon Campus) မွာ Staff Party အတြက္ျဖစ္ျပီး သူတို႕အေနနဲ႕ ျပက္လံုးမ်ားကို ေက်ာင္းမွာ လက္ေတြ႕ၾကံဳေတြ႕ေနရတဲ႕ အျဖစ္အပ်က္ ေတြေပၚမွာ အျပဳသေဘာနဲ႕ သူတို႕ရဲ႕အနုပညာ ပါရမီေတြနဲ႕ေပါင္းစပ္ျပီး ေက်ာင္းသား၊သူ အားလံုးကိုယ္စားျပဳျပီး ဒီအဖြဲ႕ကုုိ တည္ေထာင္ထားျခင္းျဖစ္တယ္လို႕ ေျပာျပပါတယ္။ သူတို႕ အေနနဲ႕ ျပက္လံုးမ်ားထုတ္သြားလို႕ ဆရာၾကီး ဦးတင္၀င္းေအာင္ နွင့္ အုပ္ခ်ဳပ္သူမ်ား၊ဆရာ၊ဆရာမမ်ား အားလံုး အေပၚမွာ အမွားအယြင္းမ်ားရွိခဲ႕ရင္လည္းခြင့္လြတ္ေပးဖုိ႕ ရိွခိုးဦးခ် ေတာင္းပန္သည့္အေၾကာင္းမ်ား ကိုလည္း ေျပာၾကားခဲ႕ပါတယ္။ အခု ေနာက္ဆံုး Yadanarpon Campus မွာ Mandalay Campus ကိုယ္စားျပဳျပီး ေဖ်ာ္ေျဖခဲ႕တဲ႕ ပြဲမွာ ဆရာၾကီး ဦးတင္၀င္းေအာင္ အေနနဲ႕ အသိအမွတ္ျပဳ ဆုခ်ီးျမွင့္ခဲ႕သည္ကို လည္း အရမ္း၀မ္းသာျပီး ေက်းဇူးတင္ေၾကာင္းကိုလည္း ေျပာၾကားသြားပါတယ္။ ေက်ာင္းကဆရာမၾကီးနွင့္ ဆရာမမ်ား ရဲ႕ ပံ႕ပိုးေပးမွဳကိုလည္း  အထူးေက်းဇူးတင္ေၾကာင္း၊ ျပက္လံုးမ်ား မွာ အမွားပါရင္လည္း ဆရာ/ဆရာမမ်ား မွခြင့္လႊတ္ နားလည္ေပးရန္ မ်ားကို ေျပာၾကား သြားပါတယ္။ သူတို႕ေျပာတာေတြနားေထာင္ျပီး သူတို႕ရဲ႕ အနုပညာ ပါရမီ ထူးခ်ြန္စြာျဖင့္ တကယ္႕ ပညာရွင္ေတြအလား ေဖ်ာ္ေျဖေနမွဳကိုဘဲ ျမင္ေယာင္ေနမိပါေတာ့တယ္။

                                ေဒါက္တာသူဇာလွိဳင္
                                MCC.i (Mandalay Campus)
                               

အနုပညာပါရမီရင့်သန် MCC.i(Mandalay Campus) ရဲ့အားမာန်

MCC Polytechnic (Monywa) ဖွင့်ပွဲ အောင်မြင်စွာ ပြီးတော့ MCC Group ဥက္ကဌဆရာ ဦးတင်ဝင်းအောင် က MCC ICT EXPO 2015 အတွက် အကြိုအစည်းအဝေးကို အဲဒီကျောင်းရဲ့ အစည်းအဝေးခန်းမှာ လုပ်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ ဆရာဦးတင်ဝင်းအောင် က ပြခန်းကို လာကြည့်တဲ့ သူတွေကို ဖျော်ဖြေရေးအတွက် Mandalay Campus ကဘဲ တာဝန်ယူပြီး လုပ်ပေးဖို့ လမ်းညွန်လာပါတယ်။ အဲလို တာဝန်ယူခိုင်းတဲ့ အကြောင်းကလည်း  MCC.i Mandalay Campus မှ ကျောင်းသား၊သူများ၏  Fresher Welcome မှာ ဒီကျောင်းက ကျောင်းသား၊သူတွေရဲ့ အနုပညာထူးချွန်မှုတွေကို ဆရာက သိသွားပြီး ဒီတာဝန်ကိုပေးခဲ့တယ်လို့ ပဲ ထင်မိပါတယ်။
တစ်ကယ်လည်း သူတို့ရဲ့ အနုပညာအမြင် တီထွင် ဖန်တီးမှုတွေက တကယ်ကို ချီးကျူးစရာပါ။ အဲဒီထဲမှာ မြန်မာ့ရိုးရာ ယဉ်ကျေးမှု ကိုုဖော်ဆောင်တဲ့ အငြိမ့်အဖွဲ့ ကို ကျွန်မ ကိုယ်တိုင်လည်း တကယ် နှစ်သက်တယ်။ တကယ့်ကို ၀ါရင့် လူရွှင်တော်ကြီးတွေအတိုင်း  ပြက်လုံးတွေကို ဂွင်ကျကျ ပြက်သွားလိုက်တာများ Fresher Welcome ကိုတက်ရောက်လာတဲ့ ဆရာ၊ဆရာမများ၊ ၀န်ထမ်းများနှင့်ကျောင်းသား၊သူ မိဘတွေ အားလုံး ပါးစပ်တွေ မပိတ်ရ လောက်အောင်ပါပဲ။ ရယ်လိုက်ရတာ.. မင်းသမီး ကလည်း ချစ်စရာကောင်း သူကလည်း အငြိမ့်မင်းသမီးတွေ နှုတ််ဆက်သလို တကယ့် အပီအပြင် .. ဒီပွဲပြီးတော့ သူတို့ ရဲ့ သတင်းက ပြန့်သွားပြီ Yangon Campus အထိ မန်းလေး က အနုပညာ အရည်အသွေးတွေ ကို အခွင့်ကြုံရင် ပြန်လည် ဖျော်ဖြေခိုင်းဖို့ … အခု တော့ အခွင့်ကြံုလာပြီ.
မုံရွာက ပြန်လာတာနဲ့ စပြီ MCC ICT EXPO 2015မှာ ဖျော်ဖြေရေး ကို Mandalay Campus က လုပ်ရမယ်လို့ ဆရာမတွေနဲ့ တိုင်ပင်ပြီး Student Represntative Committee ရဲ့ ဥက္ကဌ ကိုမိုး(မြတ်အောင်မိုး) ကတဆင့် ဖျော်ဖြေရေးအတွက် စီစဉ်ခိုင်းတော့ နိုင်ငံခြားအကအဖွဲ့၊ တေးသရုပ်ဖော်တွေ၊ သီချင်းဆိုမည့်သူတွေ ပြဇာတ်အဖဲဲွ၊ အငြိမ့်အဖွဲ့ အစရှိသဖြင့် ပါ၀င်ကြဖို့.. အစီအစဉ်တွေဆွဲလို့။ ပြင်ဆင်နေကြပြီ ။
အငြိမ့်အဖွဲ့မှာ ပါ၀င်တဲ့သူတွေက ကျောင်းသားဟောင်းတွေအများစုဖြစ်နေတော့ သူတို့ကို ကိုမိုးကဆက်သွယ်ပြီးခေါ်လိုက်တော့ လာပါပြီ သူတို့လည်း စိတ်ဝင်တစား နဲ့ သူတို့ အနု ပညာ အရည်အချင်းကို ပြနိုင်ဖို့ ပြင်ဆင်ကြတော့မယ်။ “ဘယ်အချိန်ဖျော်ဖြေရမှာလဲ ငါတို့ကိုမေးပေးဦးနော် “ ကိုမိုး(မြတ်အောင်မိုး) ဆိုပြီး ပြောတော့ ကိုမိိုးကလည်း ရုံးခန်းကို လာပြီး ကျွန်မ ဆီလာပြီး “ဆရာမနော် ကျွန်တော်တို့ က အပီအပြင် လုပ်နေတာနော် ဘယ်လို အစီအစဉ်တွေနဲ့ ဘယ်အချိန် ဖျော်ဖြေရမှာလဲ တဲ့ “။ ကျွန်မကလည်း နေဦး တီချယ်တို့က YTNP Campus ကို အစီအစဉ်မေး လိုက်ဦးမယ်လို့ ပြောတော့။ မကျေမနပ်နဲ့ မချင့်မရဲ သူတို့ ကမှကရပါ့မလား ဆိုတဲ့စိတ်နဲ့ ကိုမိုးကပြန်သွားပြီး အငြိမ့်အဖွဲ့က ကျောင်းသားတွေကို ပြန်ပြောတော့။ဟိုကလည်း ပြင်ဆင်ပြီးမှ မကရရင် နော်ဆိုပြီး ပြောတော့ ကိုမိုး ခေါင်းကြိမ်းနေပြီ။
နောက်နေ့မှာ အစီအစဉ်တွေများနေလို့ အချို့အစီအစဉ်လျော့မယ် လို့ ပြောတော့ “အငြိမ့်အဖွဲ့ က မကရရင် တခြားအဖွဲ့တွေလည်း မကတော့ဘူးတဲ့”  တယောက်တပေါက်နဲ့ ဆရာမတွေကို ပြောကြပြီ။ ကျန်တဲ့ဖျော်ဖြေရေးအဖွဲ့ဝင်တွေကလည်း အငြိမ့်အဖွဲ့က သူတို့ကျောင်းသူ၊သားအားလုံး ရဲ့ ကိုယ်စား ခေါင်းဆောင်နေတဲ့ Senior အကိုကြီးတွေဆိုတော့ အငြိမ့် မပါရင် တခြားအစီအစဉ်မလုပ်ချင်ကြဘူးလို့နပူနစာလုပ်လာကြပါတော့တယ်။
နောက်ဆုံးတော့ ညှိနှိုင်းပြီး  MCC.i (Mandalay Campus)အငြိမ့်အဖွဲ့ က ညပိုင်း Staff Dinner ဖျော်ဖြေဖို့တာဝန်ကျတယ်။ သူတို့ကျေနပ်သွားပြီ ဆိုပေမဲ့ ကိုမိုးက လာပြောသေးတယ် “ဆရာမ သေချာရဲ့လားတဲ့”  ကြာတော့ စိတ်ကပေါက်လာပြီ အေးပါ သေချာပါတယ်ဆိုပြီး အော်လိုက်တယ် ပြံုးစိစိနဲ့ထွက်သွားရော။ ဆရာမက အော်တာကို စိတ်မဆိုးတဲ့ သူ့ကိုလည်း ကျေးဇူးတင်ရပါတယ်။ကျွန်မလည်း  သူတို့ဘက်ကနေခံစားကြည့်ပြီး အော် သူတို့လည်း အပင်ပန်းခံ အချိန်ကုန်ခံပြီး ဇာတ်တိုက်ထားတာ မ”က”ရမှာ သူတို့ ကြိုးစားမှုကို ဖော်ထုတ်ပြခွင့် မရမှာ ကို စိုးရိမ်မှာ ပေါ့လို့ တွေးမိပါတယ်။
အဲဒီပွဲမှာ ကျောင်းသားတွေနဲ့ကျောင်းသူ တွေက မြန်မာ့ယဉ်ကျေးမှု့ ကို ဖော်ထုတ်ပုံက တကယ့်ကို ချီးကျူးစရာ။ လူရွှင်တော်တွေနဲ့ မင်းသမီး အပေးအယူ မျှမျှတတနဲ့ ဖျော်ဖြေသွားတာ တကယ့်ကို ၀ါရင့်ပညာရှင်တွေကို ကြည့်ရသလိုပါဘဲ။ ပြက်သွားတဲ့ပြက်လုံုးတွေကလည်း သူတို့ပတ်ဝန်းကျင်မှာ သူတို့ဖြစ်စေချင်တာလေး တွေကို သူတို့အမြင်နဲ့ပေါင်းစပ်ပြီး ရယ်စရာလေးတွေ ဖန်တီးသွားတာ က တကယ့်ကို မချီးကျူးဘဲ မနေနိုင်ပါဘူး။ ပရိတ်သက်ကလည်း ရယ်လိုက်ကြတာအားလုံးဝါးလုံးကွဲပါဘဲ။
ပရိတ်သတ်ထဲမှာ ဆရာဦးတင်ဝင်းအောင်နှင့်ဇနီး လည်းပါနေတော့ ကိုယ့်ကျောင်းသားတွေကို အပြစ်တခုခုများမြင်သွားမလား၊ စိတ်များခုသွားမလားလို့ စိုးရိမ်စိတ်နဲ့ ဆရာတို့ကို ကြည့်မိတော့ သဘော ကျစွာ အားပါးတရ ရယ်နေတာ ကို မြင်တော့မှ စိတ်ထဲပေါ့သွားတော့တယ်။ ကျောင်းသား တွေ ကလည်း တကယ့်လူရွှင်တော်ကြီးတွေအလား အချိတ်အဆက်မိမိိ ပြက်လုံးခွင်တွေ လုပ် နေတာ အနုပညာပါရမီ ထူးချွန်သူတွေပါဘဲ။ သူတို့စိတ်ထဲမှာ အောက်ကပရိတ်သတ် ထဲမှာ လေးစားရတဲ့ လူတွေပါမှန်းသိတဲ့ အသိတရားနဲ့ ပြက်လုံးခွင်တွေအရ အမှားပါရင်ခွင့်လွှတ်ဖို့ ဆရာဦးတင်ဝင်းအောင် နှင့်ဇနီး၊ဆရာ၊ဆရာမများကို နောက်ဆုံးမှာ ထိုင်ကန်တော့သွားတာကလည်း တကယ့် ချစ်စရာကောင်းတဲ့ လူငယ်လေးတွေပါဘဲ။ သူတို့ အနေနဲ့ IT ပညာကို ထူးချွန်အောင် လေ့လာနေရင်း မြန်မာ့ အနုပညာအပေါ် တန်ဖိုးထား ပြီး လေ့လာသင်ယူူခဲ့ လို့ အနုပညာမှာလည်း ထူးချွန်သူတွေဖြစ်ခဲ့ကြတာက ဒီကနေ့ည”က”တဲ့ အငြိမ့်အဖွဲ့လေးကသက်သေပါဘဲ။
ကျောင်းသား၊ သူတွေ အတွက် အနုပညာလှုပ်ရှားမှု အနေနဲ့ဆရာ ဦးတင်ဝင်းအောင်က လုပ်ခွင့်ပေးတော့ သူတို့လည်း တက္ကသိုလ် ကျောင်းသားအရသာကို ခံစားလာရသလို ပိုပြီးလည်း စည်းလုံးမှုတွေရှိလာ ကျောင်းကို လည်း သံယောဇဉ်တွေပိုလာ ကြတယ်။ သူတို့ ရဲ့ လုပ်ဆောင်မှုတွေကို အသိအမှတ်ပြုခံရတော့ ကျေနပ်သွားကြပါတယ်။
သူတို့ အငြိမ့်အဖွဲ့မှာ ပါ၀င်တဲ့သူတွေကတော့ အငြိမ့်မင်းသမီးလေးက BIT Level 5 ဖြေဆိုထားတဲ့ Section-2.8 မှ ကျောင်းသူ မဇင်မင်းခ ဖြစ်ပါတယ်။ လူရွှင်တော်တွေ အနေနဲကကတော့ Section 2.6 က ကျောင်းသားတွေဖြစ်တဲ့မောင်ထက်အောင်လှိုင်၊ မောင်သိန်းမင်ထက်၊ မောင်ထွဋ်ခေါင်ကျော်၊ မောင်မင်းခန့်ကိုကို နဲ့ Section 2.10 က မောင်ပြည့်စုံဟိန်း တို့ဖြစ်ပါတယ်။

ဒါနဲ့ဘဲ ဒီအငြိမ့်အဖွဲ့နဲ့ပတ်သက်ပြီး သူတို့တွေရဲ့ ခံယူချက်တွေ ဘယ်လိုရှိတယ်။ ဒီလိုမျိုး ဖျော်ဖြေမှုအတွက် စတင်သန္ဓေတည် ပေါက်ဖွားခဲ့သလဲ ဆိုတာလေးတွေ မေးမြန်းဖြစ်ခဲ့ပါတယ်။ သူတို့ အငြိမ့်အဖွဲ့ကို ပထမနှစ်(ဒုတိယနှစ်ဝက်) စတက်တဲ့အချိန်ကတည်းက ကျောင်းရဲ့ Fresher Welcome တွေမှာ တခန်းရက်ပြဇာတ်အနေနဲ့ ဖျော်ဖြေခဲ့တဲ့အကြောင်း၊ အငြိမ့်အနေနဲ့ ပထမဆုံးဖျော်ဖြေခဲ့တာတော့ June 2015 Fresher Welcome မှာ စတင်ခဲ့တဲ့အကြောင်း တွေကိုပြောပြခဲ့ပါတယ်။ သူတိုအနေနဲ့ Fresher Welcome ပွဲမှာ ဖြေဖျော်နိုင်ဖို့ အဖက်ဖက်ကနေ ကြိုးစားပြီး ကျောင်းသား၊ ကျောင်းသူတွေ ရဲ့ စည်းလုံးညီညွတ်မှုတွေကို  ပြသနိုင်ခဲ့သလို ပျော်ရွှင်မှု တွေရရှိအောင် ဖန်တီးပေးနိုင်ခဲ့တဲ့အကြောင်း ပြောပြပါတယ်။
 အခုဖျော်ဖြေခဲ့တဲ့ ပွဲကတော့ အခု MCC.i (Yadanarpon Campus) မှာ Staff Party အတွက်ဖြစ်ပြီး သူတို့အနေနဲ့ ပြက်လုံးများကို ကျောင်းမှာ လက်တွေ့ကြံုတွေ့နေရတဲ့ အဖြစ်အပျက် တွေပေါ်မှာ အပြုသဘောနဲ့ သူတို့ရဲ့အနုပညာ ပါရမီတွေနဲ့ပေါင်းစပ်ပြီး ကျောင်းသား၊သူ အားလုံးကိုယ်စားပြုပြီး ဒီအဖွဲ့ကုုိ တည်ထောင်ထားခြင်းဖြစ်တယ်လို့ ပြောပြပါတယ်။ သူတို့ အနေနဲ့ ပြက်လုံးများထုတ်သွားလို့ ဆရာကြီး ဦးတင်ဝင်းအောင် နှင့် အုပ်ချုပ်သူများ၊ဆရာ၊ဆရာမများ အားလုံး အပေါ်မှာ အမှားအယွင်းများရှိခဲ့ရင်လည်းခွင့်လွတ်ပေးဖို့ ရှိခိုးဦးချ တောင်းပန်သည့်အကြောင်းများ ကိုလည်း ပြောကြားခဲ့ပါတယ်။ အခု နောက်ဆုံး Yadanarpon Campus မှာ Mandalay Campus ကိုယ်စားပြုပြီး ဖျော်ဖြေခဲ့တဲ့ ပွဲမှာ ဆရာကြီး ဦးတင်ဝင်းအောင် အနေနဲ့ အသိအမှတ်ပြု ဆုချီးမြှင့်ခဲ့သည်ကို လည်း အရမ်းဝမ်းသာပြီး ကျေးဇူးတင်ကြောင်းကိုလည်း ပြောကြားသွားပါတယ်။ ကျောင်းကဆရာမကြီးနှင့် ဆရာမများ ရဲ့ ပံ့ပိုးပေးမှုကိုလည်း  အထူးကျေးဇူးတင်ကြောင်း၊ ပြက်လုံးများ မှာ အမှားပါရင်လည်း ဆရာ/ဆရာမများ မှခွင့်လွှတ် နားလည်ပေးရန် များကို ပြောကြား သွားပါတယ်။ သူတို့ပြောတာတွေနားထောင်ပြီး သူတို့ရဲ့ အနုပညာ ပါရမီ ထူးချွန်စွာဖြင့် တကယ့် ပညာရှင်တွေအလား ဖျော်ဖြေနေမှုကိုဘဲ မြင်ယောင်နေမိပါတော့တယ်။

                                ဒေါက်တာသူဇာလှိုင်
                                MCC.i (Mandalay Campus)