Friday, December 18, 2015

ကာလီဖုိးနီးယားသြား ေတာလား . . .

ကာလီဖုိးနီးယားဆုိတာ အေမရိကန္ႏုိင္ငံ အေနာက္ဖက္ကမ္းေျခရွိ LA ဟုေခၚတဲ့ (Los Angelia) ၊ ဆန္ဖရန္စစၥကုိ (Senfrensisco) တုိ႔ တည္ရွိရာ ကမၻာေက်ာ္ (Silicon Valley) ရွိရာ ျပည္နယ္ျဖစ္ပါတယ္။ ဆန္ဖရန္စစၥကုိဟာ ပင္လယ္ေကြ႕နဲ႔ ေတာင္တန္းေတြအၾကားမွာ လွလွပပ တည္ေဆာက္ထားတဲ့ ၿမိဳ႕ျဖစ္ပါတယ္။ ကမၻာေက်ာ္ Golden Gate တံတားႀကီး၊ ကမၻာေက်ာ္ Silicon Valley ဆုိတာေတြဟာ ၿမိဳ႕ရဲ႕ ဂုဏ္ေဆာင္ေတြ ျဖစ္ပါတယ္။ ကမၻာႀကီးကုိ ကုိင္လႈပ္ေနတဲ့ Facebook တုိ႔ Google တုိ႔ရွိတဲ့အရပ္ပါ။ အဲဒီအရပ္က လူေတြၾကည့္လိုက္ရင္ ေန႔ျခင္း၊ ညျခင္း သူေဌးျဖစ္ဖုိ႔ ႀကံစည္ေနတဲ့ လူေတြခ်ည္းပါပဲ။ စားလုိ႔စားရမွန္းမသိ၊ အိပ္လုိ႔အိပ္ရမွန္းမသိ နည္းပညာေတြ ထြန္းကားတဲ့ စီလီကြန္ေတာင္ၾကားထဲမွာ ေဒၚလာဘီလ်ံေပါင္းမ်ားစြာ တန္ဖုိးရွိတဲ့ နည္းပညာေတြကုိ ဖန္တီးရင္းနဲ႔ Super Rich ျဖစ္ဖုိ႔ စိတ္ကူးယဥ္ေနၾကပါတယ္။ အဲဒီ Silicon Valley မွာ ကမၻာ့ဒုတိယအႀကီးဆံုး Software ကုမၸဏီျဖစ္တဲ့ ORACLE လည္း ရွိပါတယ္။ MCC ဟာ ORACLE ရဲ႕ Gold Partner ျဖစ္တဲ့အတြက္ ႏွစ္စဥ္ျပဳလုပ္ေနၾက ORACLE OPEN WORLD လုိ႔ေခၚတဲ့ ORACLE နဲ႔ ပါတ္သက္တဲ့ တစ္ကမၻာလံုးက ပါတနာေတြ ORACLE သံုးတဲ့ Customer ေတြ၊ ႐ံုးခြဲေတြက ၀န္ထမ္းေတြ ေတြ႕ဆံုတဲ့ပြဲေပါ့။

“ဟဲလုိ . . ဒယ္ဒီလား . . ORACLE OPEN WORLD က စက္တင္ဘာ (၂၀) ရက္ကေန ေအာက္တုိဘာ (၂) ရက္ထိ လုပ္မွာ . . ဒယ္ဒီ .. လန္ဒန္ေရာက္ေနတုန္း . . တစ္ခါထဲ သြားလိုက္ပါလား . . .”

သမီးျဖစ္သူက ရန္ကုန္က ဖုန္းဆက္လုိ႔ စာေရးသူ ပဲရစ္ကေန လန္ဒန္ျပန္ေနတဲ့ ရထားေပၚမွာ ေရာက္ေနပါတယ္။

“ေအးေပါ့ သမီးရယ္ . . . ဒယ္ဒီသြားလိုက္ပါ့မယ္ . .”

ေျပာမယ့္သာ ေျပာလိုက္ရတာ.. တစ္ကယ္ေတာ့ ဒီခရီး မနီးပါ။ အ၀တ္အစားေတြလည္း ၀တ္ၿပီးသား ေဟာင္းကုန္ၿပီ။ ၿပီးေတာ့ အရင္တစ္ေခါက္ ပဲရစ္ကေန အီတလီ သြားတုန္း ေလယာဥ္ပ်ံေပၚမွာက်န္ခဲ့လုိ႔ သံ႐ံုးက ကုိျပည္စုိးတုိ႔ သိမ္းထားတဲ့ ေသတၱာတစ္လံုးကလည္း ပါေသးတယ္။ အဲဒီထဲမွာလည္း အ၀တ္ေဟာင္းေတြနဲ႔ လမ္းေလွ်ာက္ဖိနပ္တစ္ရံ။

ရန္ကုန္႐ံုးကုိ အီးေမးလ္ပုိ႔ၿပီး လန္ဒန္၊ ဆန္ဖရန္စစၥကုိ ေလယာဥ္လက္မွတ္ ၀ယ္ခိုင္းပါတယ္။ အရင္တစ္ေခါက္ ၀ါရွင္တန္သြားတုန္းက အေမရိကန္ေလေၾကာင္းလုိင္းျဖစ္တဲ့ United Airline က မေကာင္းလုိ႔။ ဒီတစ္ေခါက္ Virgin Airline နဲ႔ လုပ္ခုိင္းရပါတယ္။ ဆန္ဖရန္စစၥကုိသြားမဲ့ေန႔ ဟီသ႐ိုးေလဆိပ္မွာ စာေရးသူ ေသတၱာသံုးလံုးနဲ႔ ဒုကၡေတြ႕ေနပါၿပီ။ Checking လုပ္ေတာ့ Baggage က ေသတၱာတစ္လံုး၊ လက္ဆြဲက ေသတၱာတစ္လံုး ဒါပဲရတယ္။ က်န္တဲ့ေသတၱာတစ္လံုးက ယူလုိ႔မရဘူးတဲ့။ ဒါနဲ႔ေသတၱာကုိ Left Baggage မွာထားၿပီး အျပန္မွယူမယ္ေပါ့ . . အျပန္မွာစီးမဲ့ TG (Thai Airway) က Terminal (2) မွာဆုိလုိ႔ အဲဒီအိတ္ႀကီး သံုးလံုးကုိ Trolley ေပၚတင္ ေက်ာပိုးအိတ္လည္း တစ္ဖက္နဲ႔ ပံုပ်က္ပန္းပ်က္ လန္ဒန္ ဟီသ႐ိုးေလဆိပ္ Terminal (3) ေအာက္ကုိဆင္း Terminal (2) ေရာက္ေအာင္ အေ၀းႀကီး Trolley ကုိတြန္း . . ဟုိေရာက္ေတာ့ TG ေလယာဥ္လုိင္းက သူတုိ႔အပ္ခဲ့လုိ႔ မရပါဘူး . . ။ ေလဆိပ္ရဲက Left Baggage ႐ံုကုိ သြားပါဆုိလုိ႔ .. အဲဒီ ျဗဳတ္စၿဗဲေလာင္းေတြနဲ႔ Terminal (3) ကုိ လာရာလမ္းအတုိင္း ျပန္တြန္းကာ အဲဒါနဲ႔ စိတ္ကမရွည္ေတာ့ဘူး။ Virgn Airline က Baggage (၁) ခုပဲ လက္ခံေတာ့ Excess Baggage ဖုိးေပးၿပီး အေမရိကန္ႏုိင္ငံကုိ ဆက္သြားမယ္ဆုိၿပီး Airline မွာ Check-In လုပ္၊ Excess ဖုိးေပးရင္ ရမလားဆုိေတာ့ ေငြေပးရင္ ဘာမဆုိ အျမန္ရပါတယ္ဆုိလုိ႔ မူလေလယာဥ္ခထဲမွာမပါတဲ့ Excess Baggage ဖုိး ေဒၚလာ (၂၀၀)ေလာက္ ေပးလိုက္ရပါတယ္ .. .။ ေငြေပးလိုက္လုိ႔ ျပႆနာ ေျပလည္သြားတဲ့အတြက္ အဲဒီအီတလီျပန္ ေသတၱာတစ္လံုးဟာ အေမရိကန္သုိ႔ ပါသြားၿပီ ျဖစ္ပါတယ္။

အေမရိကန္ႏုိင္ငံရွိတဲ့ ကမၻာ့ ဒုတိယအႀကီးဆံုး Software ကုမၸဏီ ORACLE မွာ Vice President အဆင့္ေရာက္ေနတဲ့ ျမန္မာတစ္ဦးရွိပါတယ္။ သူ႕နာမည္က Rafial Ahad လုိ႔ ေခၚပါတယ္။ စာေရးသူတုိ႔ကေတာ့ ကုိရာဖယ္လုိ႔ ေခၚပါတယ္။ ျမန္မာေတြ ဂုဏ္ယူရမွာပါ။ ORACLE ႐ံုးခ်ဳပ္ရဲ႕ အဆင့္ျမင့္ရာထူး တစ္ခုမွာ ျမန္မာရွိေနလုိ႔ ျဖစ္ပါတယ္။ ကိုရာဖယ္က အိႏၵိယေသြးစပ္တဲ့ ျမန္မာလူမ်ိဳး ျဖစ္ပါတယ္။ MCC အေနနဲ႔ ORACLE OPEN WORLD ကြန္ရက္ကုိ ပထမဆံုး တက္တာဆုိေတာ့ အစစအရာရာ ကူညီပါတယ္။ သူ႕ကုိ ဆန္ဖရန္စစၥကုိ လာမယ့္အေၾကာင္း၊ တည္းမယ့္ ဟုိတယ္နဲ႔ ORACLE ကြန္ဖရင့္မတုိင္မီေတြ႕ဖုိ႔ အားလံုး အီးေမးလ္နဲ႔ ပုိ႔ထားၿပီးပါၿပီ။ ဒီလုိနဲ႔ ကမၻာေက်ာ္ စြန္ဦးတီထြင္သူ စီးပြားေရးလုပ္ငန္းရွင္ႀကီး Sir Richard Bramson ပိုင္တဲ့ Virgin Airline ကုိ စီးၿပီး အေမရိကန္ႏုိင္ငံ ဆန္ဖရန္စစၥကုိၿမိဳ႕ကုိ (၁၃) နာရီေလာက္ၾကာတဲ့ ခရီးရွည္ႀကီး ေရာက္လာပါေတာ့တယ္။ အေမရိကန္ႏုိင္ငံကုိ၀င္တဲ့ ႏုိင္ငံတကာေလဆိပ္ဆုိေတာ့ ထံုးစံအတုိင္း လူ၀င္မႈႀကီးၾကပ္ေရးဂိတ္မွာ လူေပါင္းမ်ားစြာ တန္းစီတဲ့အထဲ ၀င္တန္းစီ ရပါတယ္။ မတတ္ႏုိင္ဘူးေပါ့။ ကုိယ္ကလဲ အေမရိကန္ကုိလာတာကုိ . . ထူးျခားတာက အဲဒီတန္းစီေနတဲ့ လူအုပ္ႀကီးထဲမွာ တ႐ုတ္လူမ်ိဳးေတြက တစ္၀က္ေလာက္ျဖစ္ပါတယ္။ ဒီလုိနဲ႔ ကုိယ့္အလွည့္ ေရာက္လာေတာ့ ခပ္ျမန္ျမန္ တံုးထုလိုက္ပါတယ္။ အေမးအျမန္း ဘာမွမရွိပါဘူး။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ရန္ကုန္မွာရွိတဲ့ အေမရိ ကန္သံုး႐ံုးက Multientry Business Visa တစ္ႏွစ္ေပးလိုက္လုိ႔ ျဖစ္ပါတယ္။ ၿပီးေတာ့ ကုိရဲ႕ Baggage ေတြကုိ သက္ဆုိင္ရာ Baggage Clain ေနရာ မွာ ေရြးၿပီးလုိ႔ Arrival Hall ထဲကုိလည္း ေရာက္ေရာ Welcome to Senfrensisco ဆုိတဲ့ ဆုိင္းဘုတ္ေတြ႕ပါတယ္။ ဒါေပမယ့္ ထူးထူးဆန္းဆန္း တစ္ျခား ဘယ္သာဘာစကားနဲ႔မွ ႏုတ္မဆက္ဘဲ ..တ႐ုတ္လုိ တ႐ုတ္စာနဲ႔ Welcome လုပ္တာေတြ႕လုိ႔ တ႐ုတ္ႏုိင္ငံ ေရာက္ေနသလားလုိ႔ေတာင္ ထင္ရပါတယ္။ အေရးႀကီးတာ Sim Card ၀ယ္ရမွာ ျဖစ္တဲ့အတြက္ Arrival Hall ကအထြက္ Sim Card ေရာင္းတဲ့ဆုိင္မွာ ၀ယ္ဖုိ႔သြားတဲ့အခါ . . . "Can I have a sim card please" ဆုိင္ရွင္က ျပန္ေျဖပါတယ္။ "We don't have other brand, we have only Huawei" စာေရးသူေရာက္ေနတာ အေမရိကန္ပါ။ တ႐ုတ္ျပည္မဟုတ္ပါဘူး။ ဒါေပမယ့္ ၾကည့္ေလ အေမရိကန္ႏုိင္ငံ ဆန္ဖရန္ စစၥကုိ ႏုိင္ငံတကာေလဆိပ္ရဲ႕ အေရာင္း ဆုိင္မွာ Huawei Sim Card ပဲ ရွိတယ္ဆုိေတာ့ . .. ။ ဒါနဲ႔ဘဲ တကၠစီငွားၿပီး ဟုိတယ္ရွိရာကုိ လာခဲ့ပါေတာ့တယ္။ ဟုိတယ္ေရွ႕ေရာက္ေတာ့မွ အဲဒီဟုိတယ္ဟာ ဆန္ဖရန္စစၥကုိရဲ႕ ေရွးအက်ဆံုး တ႐ုတ္ ဟုိတယ္ ျဖစ္ေနပါေလေရာ။ ဟုိတယ္နာမည္က .. Hotel Whitconb တဲ့ Checking Conuter မွာ တ႐ုတ္လူမ်ိဳးႀကီးနဲ႔ တ႐ုတ္မလွလွေတြကုိ ေတြ႕လိုက္ရပါေတာ့တယ္။ ORACLE OPEN WORLD ပြဲ မစခင္မွာ ေတြ႕လုိက္ရတဲ့ အေတြ႕အႀကံဳကေတာ့ အေမရိကန္ႏုိင္ငံ ကာလီဖုိးနီးယားျပည္နယ္ ဆန္ဖရန္စစၥကုိမွာ တ႐ုတ္ျပည္ ေရာက္ေနသလုိပါပဲလား။ အားလံုး တရားအားထုတ္... တ႐ုတ္ အားထား ေနၾကရၿပီျဖစ္တဲ့ Globalzation ပါဘဲလား။

ORACLE OPEN WORLD ကုိ ကမၻာအရပ္ရပ္က လူေပါင္း ၆၀၀၀၀ ေက်ာ္ လာပါတယ္။ ဒီႏွစ္ရဲ႕ အဓိက ေဆြးေႏြးတာကေတာ့ Cloud Computing ပဲ ျဖစ္ပါတယ္။ ORACLE ရဲ႕ တည္ေထာင္သူ ကမၻာ့အခ်မ္းသာဆံုး (၁၀) ေယာက္ထဲမွာပါတဲ့ Lary Ellison ကုိယ္တုိင္ ORACLE ရဲ႕ Cloud Solution မ်ားကုိ ရွင္းျပပါတယ္။ MCC ဟာလည္း ျမန္မာျပည္မွာ Cloud Computing နည္းပညာနဲ႔ Cloud Services ေတြေပးဖုိ႔ စီစဥ္ေနပါတယ္။ ဒါ့ေၾကာင့္ ORACLE OPEN WORLD ကုိကုိယ္တုိင္လာၿပီး ORACLE က တာ၀န္ရွိသူေတြနဲ႔လည္း ေတြ႕ရင္း ORACLE ရဲ႕ ေနာက္ဆံုးေပၚ နည္းပညာေတြကုိ ေလ့လာရင္းနဲ႔ စာေရးသူ ORACLE OPEN WORLD ကုိ ေရာက္ေနတာ ျဖစ္ပါတယ္။

“ဟဲလုိ . . ဦးတင္၀င္းေအာင္လား . . .ကြၽန္ေတာ္ ရာဖါယ္ပါ . . ကြၽန္ေတာ္တုိ႔ ORACLE OPEN WORLD ေနာက္ဆံုးေန႔မွာ . . Silicon Valley ကုိ လိုက္ျပမယ္ . .။ ၿပီးေတာ့ အဲဒီမွာ Golf ႐ိုက္ရေအာင္ . .ဘယ္နဲ႔လဲ . .”
ORACLE OPEN WORLD က သူေတြမ်ားေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ မေတြ႕ဘူးျဖစ္ေနတုန္း ကုိရာဖါယ္ဆီက ဖုန္းလာတာ ျဖစ္ပါတယ္။ “ကုိရာဖါယ္ေရ . . အလြန္ေကာင္းတဲ့ အစီအစဥ္ပါဘဲ။ ဒါေပမယ့္ ကြၽန္ေတာ့္မွာ Golf Set မပါဘူး . . ေဂါက္ကြင္းေရာက္မွ ငွားရမယ္ထင္တယ္ ...”

“ဆရာဦးတင္၀င္းေအာင္ . .. စိတ္မပူပါနဲ႔ . . ကြၽန္ေတာ့္မွာ Golf Set အပုိရွိတယ္။ အဲဒါယူလာပါမယ္။ အဲဒီေန႔ မနက္ေစာေစာ ဆန္ဖရန္စစၥကုိ Hotel Whtconb ေရွ႕က ဘူတာကေန ရထားစီးလာပါတယ္ . . ။ ဘူတာမွာ ကြၽန္ေတာ္ေစာင့္ေနပါ့မယ္ . . ။ Golf ႐ိုက္အၿပီး ကြၽန္ေတာ့္အိမ္မွာ ေရမုိးခ်ိဳး အ၀တ္အစားလဲၿပီး Mandalay Restaurant မွာ ျမန္မာထမင္းစားၾကမယ္ .. ျမန္မာျပည္က ေရာက္ေနတဲ့အဖြဲ႕ေတြအား လံုး အဲဒီမွာ ဆံုမယ္ . . .”

ေနာက္ေန႔မနက္ေစာေစာ ရထားစီးၿပီး ကုိရာဖါယ္ေျပာတဲ့ .. ဘူတာကုိ ေရာက္လုိ႔ သူကုိကြၽန္ေတာ့္က ေစာင့္ေနပါတယ္။ ေစာင့္ေနရင္း သတိထားမိတာက ဘူတာ႐ံုမွာေရာ ရထားစီးဖုိ႔ တစ္စီးၿပီးတစ္စီး ဆုိက္လာတဲ့ ကားေတြထဲက လူေတြေရာ ရထားေပၚက ဆင္းလာတဲ့သူေတြေရာ အားလံုးနီးပါး အိႏၵယလူမ်ိဳးေတြ ျဖစ္ေနလုိ႔ . . ငါမ်ား အိႏၵိယေရာက္ေနသလားလုိ႔ေတာင္ ထင္မိပါတယ္။ ေနာက္ေတာ့မွ ေမးၾကည့္ေတာ့။ Silicon Valley မွာ အလုပ္လုပ္ေနတဲ့ အိႏၵိယက IT ပညာရွင္ေတြနဲ႔ သူတုိ႔ရဲ႕ မိသားစုေတြလုိ႔ သိရပါတယ္။ Silicon Valley တစ္ခုလံုးမွာရွိတဲ့ ကမၻာေက်ာ္ IT ကုမၸဏီေတြမွာ အိႏၵိယ လူငယ္လူရြယ္ ပညာရွင္ေတြ အေျမာက္အျမား အလုပ္လုပ္နုိင္ေနတာ အိႏၵိယလူမ်ိဳးေတြအတြက္ ဂုဏ္ယူစရာပါ။ သူတုိ႔ေတြဟာ IT ကုမၸဏီေတြရဲ႕ ၀န္ထမ္းအျဖစ္မဟုတ္ဘဲ ကမၻာေက်ာ္ IT ကုမၸဏီႀကီးေတြရဲ႕ ထိပ္ပုိင္း Top Management အဆင့္ေတြေတာင္ ေရာက္ေနၾကပါၿပီ။ ကုိယ့္ျမန္မာျပည္က လူငယ္လူရြယ္ေတြကုိလည္း အဲဒီလုိျဖစ္ေစျခင္လိုက္တာ။ အဲဒီလုိ အေတြးနယ္ခ်ဲ႕ေနတုန္း ကုိရာဖါယ္ကားနဲ႔ေရာက္ၿပီး Silicon Valley ထဲ ေလွ်ာက္ျပပါေတာ့တယ္။ အရင္ဆံုး သူအလုပ္လုပ္တဲ့ ORACLE ႐ံုးခ်ဳပ္။ ၿပီးေတာ့ Google တုိ႔ Facebook တုိ႔ရဲ႕ ႐ံုးေတြ ေလွ်ာက္ၾကည့္ၾကပါတယ္။ Silicon Valley ဆုိလုိ႔ လွပတဲ့ ေတာင္ၾကားထင္လုိ႔။ တစ္ကယ္ေတာ့ မဟုတ္ပါဘူး။ ပင္လယ္ကမ္းစပ္နဲ႔ မနီးမေ၀းက ေစ်းေပါတဲ့ ကြင္းျပင္မွာ လုပ္ငန္းေတြ လာတည္ေထာင္ၾကရင္း နာမည္ႀကီးလာလုိ႔ Silicon Valley ျဖစ္လာတာလုိ႔ သိရပါတယ္။ ေဂါက္ကြင္းမွာ ရန္ကုန္လုိ ကယ္ရီေတြမရွိပါ။ ကုိယ့္ေဂါက္အိတ္တင္တဲ့လွည္း ကုိယ့္ဘာသာဆြဲၿပီး ႐ိုက္ၾကရပါတယ္။ အားပါးပါး . . ပူလိုက္တာ။ ကာလီဖုိးနီးယားရဲ႕ အပူဒဏ္ကုိ ခံရၿပီ။ မတတ္ႏုိင္ဘူး ကာလီဖုိးနီးယားရဲ႕ Silicon Valley မွာ ေဂါက္႐ိုက္ဘူးတယ္ရွိေအာင္ ႀကိတ္မွိတ္ၿပီး ႐ိုက္ရ ပါေတာ့တယ္ . . ။ အဲဒီေန႔က ႐ိုက္ခ်က္ေတြကလည္း . . ႏွစ္ေယာက္လံုး (၁၈) က်င္းကုိ အခ်က္ေပါင္း (၉၀) ေက်ာ္ သြားပါတယ္။ ေဂါက္႐ိုက္အၿပီး ကုိရာဖါယ္ရဲ႕ အိမ္သြားေတာ့ သူ႕ဇနီးက ဗီယက္နမ္သူပါ။ အိမ္ကလဲ ၿခံအက်ယ္ႀကီးထဲမွာ ဒီဇိုင္းေကာင္းေကာင္းနဲ႔ ေဆာက္ထားတဲ့ ႏွစ္ထပ္တိုက္ႀကီး ျဖစ္ပါတယ္။ ဘယ္ေလာက္တန္သလဲ ေမးၾကည့္ေတာ့ ေဒၚလာ တစ္သန္းနီးပါး က်တယ္လုိ႔ ေျပာပါတယ္။ ေဒၚလာတစ္သန္းဆုိတာ ျမန္မာေငြနဲ႔ က်ပ္သိန္း တစ္ေသာင္းေက်ာ္ေပါ့ . . ။ အဲဒီေငြနဲ႔ဆုိရင္ မႏၲေလးမွာ လမ္းမေပၚက ေပ ၄၀ x ေပ ၆၀ ဘဲရႏုိင္မယ္ဆုိေတာ့ . . မႏၲေလးသားေတြ အိမ္ေရာင္းၿပီး ကာလီဖုိးနီးယားမွာ သြားေနႏုိင္ၿပီ ျဖစ္ပါတယ္။ အေမရိကန္မွာ ေစ်းႀကီးမယ္ထင္တာ . . အားလံုးလုိလုိ ျမန္မာျပည္ထက္ ေစ်းသက္သာာ ေတြ႕ရပါတယ္။ ဒါေၾကာင့္ ျမန္မာေတြ ဆင္းရဲတယ္ဆုိတာ ဟုတ္မွဟုတ္ပါ့မလား . . ။ အေမရိကန္ေတြထက္ ပုိၿပီး ခ်မ္းသာေနသလုိလုိပါဘဲ။ တစ္ကယ္ေျပာတာပါ . . ျမန္မာျပည္မွာ မီလ်ံနာေတြ အမ်ားႀကီးပါဘဲ စာရင္းေကာက္ မၾကည့္ရေသးလုိ႔ မသိတာပါ .. ။ ဆန္ဖရန္စစၥကုိမွာရွိတဲ့ ျမန္မာ စားေသာက္ဆုိင္ေတြထဲမွာ Mandalay Restaurant ဟာ နာမည္ႀကီးပါ။ အဲဒီမွာ ျမန္မာျပည္က ေရာက္ေနတဲ့ IT အဖြဲ႕ေတြ နဲ႔ဆံုၿပီး ညစာ စားၾကပါတယ္။ ျမန္မာထမင္းဟင္းမ်ိဳးစံု ျမန္မာျပည္အတုိင္း စားရလုိ႔ ျမန္မာျပည္ ျပန္ေရာက္ေနသလုိ ခံစားရပါတယ္. . .။

ORACLE OPEN WORLD ၿပီးလုိ႔ ေနာက္တစ္ရက္ေရာက္ေတာ့ ကာလီဖုိးနီးယားရဲ႕ နာမည္ႀကီး ၀ုိင္အရက္ေတြ ထုတ္လုပ္တဲ့ NAPA Valley ကုိသြား လည္ပါတယ္။ ျမန္မာလူမ်ိဳးျဖစ္တဲ့ Gorden Kaung (ဦးေကာင္းရဲ႕သား) ဟာ NAPA Valley မွာ စပ်စ္ၿခံဧက (၆၀) ေလာက္ပုိင္ၿပီး သူကုိယ္တုိင္ နာမည္ႀကီး NAPA WINE ကုိ ထုတ္လုပ္ေနပါတယ္။ သူက ဟုိတယ္ကုိ ကားနဲ႔ လာေခၚၿပီး လိုက္ၾကတာပါ။ စာေရးသူ ဆန္ဖရန္စစၥကုိ မသြားမီတေန႔က သူနဲ႕ အီးေမးလ္ အဆက္အသြယ္ လုပ္ထားပါတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ရမည္းသင္းၿမိဳ႕နယ္ထဲက ရန္ကုန္-မႏၲေလး အျမန္လမ္းေဘး မုိင္တုိင္အမွတ္ (၂၅၅)နားမွာ စပ်စ္ၿခံစစိုက္ေနလုိ႔ ျဖစ္ပါတယ္။ ၀ုိင္ေလးဘာေလး ထုတ္မယ္စိတ္ကူးလုိ႔ ရမည္းသင္းေဒသရဲ႕ အပူခ်ိန္၊ စုိထုိင္းဆ၊ မုိးေရခ်ိန္၊ ေျမဆီလႊာ စတာေတြကုိ သူဆီပို႔ၿပီး စစ္ခုိင္းတာ။ မိမိတုိ႔ ရမည္းသင္းရာသီဥတုဟာ ကာလီဖုိးနီးယားနဲ႔ အတူတူ ျဖစ္တာမုိ႔ NAPA Valley မွာ စပ်စ္၀ုိင္ လုပ္ငန္းေတြ ေအာင္ျမင္သလုိ မိတ္ေဆြတုိ႔ ရမည္းသင္းေဒသ စပ်စ္စိုက္တဲ့ လုပ္ငန္းရွင္ေတြလည္း ေအာင္ျမင္ႏုိင္ပါတယ္။ မိတၳီလာ၊ ရမည္းသင္း ေဒသမွာ စပ်စ္စိုက္တဲ့ ေတာင္သူတစ္ဦးျဖစ္တဲ့ စာေရးသူဟာ ကာလီဖုိးနီးယားရဲ႕ နာမည္ႀကီး NAPA Valley ကုိ ေရာက္ခဲ့ပါၿပီ။ Gorden Kaung ရဲ႕ ေက်းဇူးနဲ႔ Vine Yard ေတြကို ေလ့လာခြင့္ ရခဲ့ပါတယ္။ ရန္ကုန္-မႏၲေလး အျမန္လမ္းနဲ႔ လမ္းေဟာင္းအၾကား ရမည္းသင္းၿမိဳ႕နယ္မွာ စပ်စ္ေတြ အႀကီးအက်ယ္ စိုက္ေနတာ ျဖစ္တဲ့အတြက္ တစ္ေန႔မွာ NAPA Valley လုိ မိတၳီလာ Valley ေတြ ရမည္းသင္း Valley ေတြ ျဖစ္လာေလမလား . . ။ ORACLE OPEN WORLD ကေန NAPA Valley အထိ စိတ္ကူးေတြ တစ္ေပြ႕တစ္ပိုက္နဲ႔ ျမန္မာျပည္ျပန္ဖုိ႔ ဟန္ျပင္ေနၿပီ ျဖစ္ပါတယ္။

ORACLE ရဲ႕ ေနာက္ဆံုးေပၚ နည္းပညာေတြ၊ Silicon Valley ရဲ႕ Feeling ေတြ၊ NAPA Valley ရဲ႕ အိပ္မက္ေတြ တစ္ေပြ႕တစ္ပုိက္နဲ႔သာမက လာတုန္းက ပါလာခဲ့တဲ့ Baggage (၃) လံုး တစ္ေပြ႕တစ္ပိုက္နဲ႔ ႏုိင္ငံတကာေလဆိပ္ကို လာခဲ့ပါတယ္ . . ။ ထံုးစံအတုိင္း Checking လုပ္မယ္ဆုိေတာ့ လက္ဆြဲတစ္လံုး Baggage အိတ္ႀကီးတစ္လံုး ေနာက္တစ္လံုးကေတာ့ မရဘူး။ Excess Baggage ဖုိးေပးရမယ္ဆုိေတာ့ ေဒၚလာ (၂၀၀) ထပ္ေပးလိုက္ရျပန္ေရာ..။ ၿပီးေတာ့ အေပါ့အပါးသြားဖုိ႔ ထရလြယ္ေအာင္ အလယ္လမ္းေဘးက ထုိင္ခံုေပးပါဆုိေတာ့လည္း မရွိေတာ့ . . ။ ေဒၚလာ (၉၀) ထပ္ေပးရင္ေတာ့ ေရွ႕ဘက္နားက ေျခဆန္႔လုိရမယ့္ေနရာ ရမယ္ေျပာျပေတာ့ .. ေပးလိုက္ရျပန္ပါေရာ . .. ။ အီတလီသြားတုန္းက က်န္ခဲ့တဲ့ ေသတၱာတစ္လံုးဟာ ျပင္သစ္က အဂၤလန္၊ အဂၤလန္ကေန အေမရိကန္ ေတာက္ေလွ်ာက္ ပါေနၿပီး အခုလည္း ဆန္ဖရန္စစၥကုိက လန္ဒန္၊ လန္ဒန္ကေန ဘန္ေကာက္၊ ဘန္ေကာက္ကေန ရန္ကုန္ စံုခ်ည္ဆန္ခ်ည္ ပါေနပါၿပီ။ ေပးလိုက္ရတဲ့ Excess Baggage ဖုိးကလည္း ေဒၚလာ (၄၀၀) ေလာက္နဲ႔ ရန္ကုန္ကုိ မွင္ေမာင္းေကာင္းေကာင္းနဲ႔ ျပန္သယ္လာခဲ့ပါ တယ္ . . ။ ရန္ကုန္ေရာက္လုိ႔ အဲဒီေသတၱာဖြင့္လိုက္ေတာ့ အထဲမွာ ၀တ္ၿပီးသား အ၀တ္အစားေဟာင္းေတြနဲ႔ လမ္းေလွ်ာက္စီး Walking Shoe တစ္ရံ ဒါဘဲပါပါတယ္ . .။ ေသတၱာဖုိးက လည္း ေဒၚလာ (၁၀၀)မရွိ၊ အထဲက အ၀တ္ေဟာင္းေတြနဲ႔ ပစၥည္းတန္ဖုိးကလည္း ေဒၚလာ(၁၀၀) မရွိဘဲ အဲဒီေသတၱာကုိ ေငြေတြအကုန္ခံ အခေပးၿပီး ရန္ကုန္ကုိ ျပန္သယ္လာခဲ့တဲ့ ပုဂၢိဳလ္ကေတာ့ . . စီမံခန္႔ခြဲမႈပညာေတြ သင္ေပးေနတဲ့ MCC ဥကၠ႒ႀကီးမွ ဟုတ္မွဟုတ္ပါ့မလားဘဲ . .။
MCC ဥကၠ႒ႀကီးရဲ႕ ဇာတ္လမ္းေတြထဲက ေနာက္ဇာတ္လမ္းတစ္ပုဒ္ေပါ့ . . .။

အီကုိကုိေအာင္

ကာလီဖိုးနီးယားသွား တောလား . . .

ကာလီဖိုးနီးယားဆိုတာ အမေရိကန်နိုင်ငံ အနောက်ဖက်ကမ်းခြေရှိ LA ဟုခေါ်တဲ့ (Los Angelia) ၊ ဆန်ဖရန်စစ္စကို (Senfrensisco) တို့ တည်ရှိရာ ကမ္ဘာကျော် (Silicon Valley) ရှိရာ ပြည်နယ်ဖြစ်ပါတယ်။ ဆန်ဖရန်စစ္စကိုဟာ ပင်လယ်ကွေ့နဲ့ တောင်တန်းတွေအကြားမှာ လှလှပပ တည်ဆောက်ထားတဲ့ မြို့ဖြစ်ပါတယ်။ ကမ္ဘာကျော် Golden Gate တံတားကြီး၊ ကမ္ဘာကျော် Silicon Valley ဆိုတာတွေဟာ မြို့ရဲ့ ဂုဏ်ဆောင်တွေ ဖြစ်ပါတယ်။ ကမ္ဘာကြီးကို ကိုင်လှုပ်နေတဲ့
Facebook တို့ Google တို့ရှိတဲ့အရပ်ပါ။ အဲဒီအရပ်က လူတွေကြည့်လိုက်ရင် နေ့ခြင်း၊ ညခြင်း သူဌေးဖြစ်ဖို့ ကြံစည်နေတဲ့ လူတွေချည်းပါပဲ။ စားလို့စားရမှန်းမသိ၊ အိပ်လို့အိပ်ရမှန်းမသိ နည်းပညာတွေ ထွန်းကားတဲ့ စီလီကွန်တောင်ကြားထဲမှာ ဒေါ်လာဘီလျံပေါင်းများစွာ တန်ဖိုးရှိတဲ့ နည်းပညာတွေကို ဖန်တီးရင်းနဲ့ Super Rich ဖြစ်ဖို့ စိတ်ကူးယဉ်နေကြပါတယ်။ အဲဒီ Silicon Valley မှာ ကမ္ဘာ့ဒုတိယအကြီးဆုံး Software ကုမ္ပဏီဖြစ်တဲ့ ORACLE လည်း ရှိပါတယ်။ MCC ဟာ ORACLE ရဲ့ Gold Partner ဖြစ်တဲ့အတွက် နှစ်စဉ်ပြုလုပ်နေကြ ORACLE OPEN WORLD လို့ခေါ်တဲ့ ORACLE နဲ့ ပါတ်သက်တဲ့ တစ်ကမ္ဘာလုံးက ပါတနာတွေ ORACLE သုံးတဲ့ Customer တွေ၊ ရုံးခွဲတွေက ၀န်ထမ်းတွေ တွေ့ဆုံတဲ့ပွဲပေါ့။

“ဟဲလို . . ဒယ်ဒီလား . . ORACLE OPEN WORLD က စက်တင်ဘာ (၂၀) ရက်ကနေ အောက်တိုဘာ (၂) ရက်ထိ လုပ်မှာ . . ဒယ်ဒီ .. လန်ဒန်ရောက်နေတုန်း . . တစ်ခါထဲ သွားလိုက်ပါလား . . .”

သမီးဖြစ်သူက ရန်ကုန်က ဖုန်းဆက်လို့ စာရေးသူ ပဲရစ်ကနေ လန်ဒန်ပြန်နေတဲ့ ရထားပေါ်မှာ ရောက်နေပါတယ်။

“အေးပေါ့ သမီးရယ် . . . ဒယ်ဒီသွားလိုက်ပါ့မယ် . .”

ပြောမယ့်သာ ပြောလိုက်ရတာ.. တစ်ကယ်တော့ ဒီခရီး မနီးပါ။ အဝတ်အစားတွေလည်း ၀တ်ပြီးသား ဟောင်းကုန်ပြီ။ ပြီးတော့ အရင်တစ်ခေါက် ပဲရစ်ကနေ အီတလီသွားတုန်း လေယာဉ်ပျံပေါ်မှာကျန်ခဲ့လို့ သံရုံးက ကိုပြည်စိုးတို့ သိမ်းထားတဲ့ သေတ္တာတစ်လုံးကလည်း ပါသေးတယ်။ အဲဒီထဲမှာလည်း အဝတ်ဟောင်းတွေနဲ့ လမ်းလျှောက်ဖိနပ်တစ်ရံ။

ရန်ကုန်ရုံးကို အီးမေးလ်ပို့ပြီး လန်ဒန်၊ ဆန်ဖရန်စစ္စကို လေယာဉ်လက်မှတ် ၀ယ်ခိုင်းပါတယ်။ အရင်တစ်ခေါက် ၀ါရှင်တန်သွားတုန်းက အမေရိကန်လေကြောင်းလိုင်းဖြစ်တဲ့ United Airline က မကောင်းလို့။ ဒီတစ်ခေါက် Virgin Airline နဲ့ လုပ်ခိုင်းရပါတယ်။ ဆန်ဖရန်စစ္စကိုသွားမဲ့နေ့ ဟီသရိုးလေဆိပ်မှာ စာရေးသူ သေတ္တာသုံးလုံးနဲ့ ဒုက္ခတွေ့နေပါပြီ။ Checking လုပ်တော့ Baggage က သေတ္တာတစ်လုံး၊ လက်ဆွဲက သေတ္တာတစ်လုံး ဒါပဲရတယ်။ ကျန်တဲ့သေတ္တာတစ်လုံးက ယူလို့မရဘူးတဲ့။ ဒါနဲ့သေတ္တာကို Left Baggage မှာထားပြီး အပြန်မှယူမယ်ပေါ့ . . အပြန်မှာစီးမဲ့ TG (Thai Airway) က Terminal (2) မှာဆိုလို့ အဲဒီအိတ်ကြီး သုံးလုံးကို Trolley ပေါ်တင် ကျောပိုးအိတ်လည်း တစ်ဖက်နဲ့ ပုံပျက်ပန်းပျက် လန်ဒန် ဟီသရိုးလေဆိပ် Terminal (3) အောက်ကိုဆင်း Terminal (2) ရောက်အောင် အဝေးကြီး Trolley ကိုတွန်း . . ဟိုရောက်တော့ TG
 လေယာဉ်လိုင်းက သူတို့အပ်ခဲ့လို့ မရပါဘူး . . ။ လေဆိပ်ရဲက Left Baggage ရုံကို သွားပါဆိုလို့ .. အဲဒီ ဗြုတ်စဗြဲလောင်းတွေနဲ့ Terminal (3) ကို လာရာလမ်းအတိုင်း ပြန်တွန်းကာ
အဲဒါနဲ့ စိတ်ကမရှည်တော့ဘူး။ Virgn Airline က Baggage (၁) ခုပဲ လက်ခံတော့ Excess Baggage ဖိုးပေးပြီး အမေရိကန်နိုင်ငံကို ဆက်သွားမယ်ဆိုပြီး Airline မှာ Check-In လုပ်၊ Excess ဖိုးပေးရင် ရမလားဆိုတော့ ငွေပေးရင် ဘာမဆို အမြန်ရပါတယ်ဆိုလို့ မူလလေယာဉ်ခထဲမှာမပါတဲ့ Excess Baggage ဖိုး ဒေါ်လာ (၂၀၀)လောက် ပေးလိုက်ရပါတယ် .. .။ ငွေပေးလိုက်လို့ ပြဿနာ ပြေလည်သွားတဲ့အတွက် အဲဒီအီတလီပြန် သေတ္တာတစ်လုံးဟာ အမေရိကန်သို့ ပါသွားပြီ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံရှိတဲ့ ကမ္ဘာ့ ဒုတိယအကြီးဆုံး Software ကုမ္ပဏီ ORACLE မှာ Vice President အဆင့်ရောက်နေတဲ့ မြန်မာတစ်ဦးရှိပါတယ်။ သူ့နာမည်က Rafial Ahad လို့ ခေါ်ပါတယ်။ စာရေးသူတို့ကတော့ ကိုရာဖယ်လို့ ခေါ်ပါတယ်။ မြန်မာတွေ ဂုဏ်ယူရမှာပါ။ ORACLE ရုံးချုပ်ရဲ့ အဆင့်မြင့်ရာထူး တစ်ခုမှာ မြန်မာရှိနေလို့ ဖြစ်ပါတယ်။ ကိုရာဖယ်က အိန္ဒိယသွေးစပ်တဲ့ မြန်မာလူမျိုး ဖြစ်ပါတယ်။ MCC အနေနဲ့ ORACLE OPEN WORLD ကွန်ရက်ကို ပထမဆုံး တက်တာဆိုတော့ အစစအရာရာ ကူညီပါတယ်။ သူ့ကို ဆန်ဖရန်စစ္စကို လာမယ့်အကြောင်း၊ တည်းမယ့် ဟိုတယ်နဲ့ ORACLE ကွန်ဖရင့်မတိုင်မီတွေ့ဖို့ အားလုံး အီးမေးလ်နဲ့ ပို့ထားပြီးပါပြီ။ ဒီလိုနဲ့ ကမ္ဘာကျော် စွန်ဦးတီထွင်သူ စီးပွားရေးလုပ်ငန်းရှင်ကြီး Sir Richard Bramson ပိုင်တဲ့ Virgin Airline ကို စီးပြီး အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့ကို (၁၃) နာရီလောက်ကြာတဲ့ ခရီးရှည်ကြီး ရောက်လာပါတော့တယ်။ အမေရိကန်နိုင်ငံကို၀င်တဲ့ နိုင်ငံတကာလေဆိပ်ဆိုတော့ ထုံးစံအတိုင်း လူဝင်မှုကြီးကြပ်ရေးဂိတ်မှာ လူပေါင်းများစွာ တန်းစီတဲ့အထဲ ၀င်တန်းစီ ရပါတယ်။ မတတ်နိုင်ဘူးပေါ့။ ကိုယ်ကလဲ အမေရိကန်ကိုလာတာကို . . ထူးခြားတာက အဲဒီတန်းစီနေတဲ့ လူအုပ်ကြီးထဲမှာ တရုတ်လူမျိုးတွေက တစ်ဝက်လောက်ဖြစ်ပါတယ်။ ဒီလိုနဲ့ ကိုယ့်အလှည့် ရောက်လာတော့ ခပ်မြန်မြန် တုံးထုလိုက်ပါတယ်။ အမေးအမြန်း ဘာမှမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်မှာရှိတဲ့ အမေရိ ကန်သုံးရုံးက Multientry Business Visa တစ်နှစ်ပေးလိုက်လို့ ဖြစ်ပါတယ်။ ပြီးတော့ ကိုရဲ့ Baggage တွေကို သက်ဆိုင်ရာ Baggage Clain နေရာ မှာ ရွေးပြီးလို့ Arrival Hall ထဲကိုလည်း ရောက်ရော Welcome to Senfrensisco ဆိုတဲ့ ဆိုင်းဘုတ်တွေ့ပါတယ်။ ဒါပေမယ့် ထူးထူးဆန်းဆန်း တစ်ခြား ဘယ်သာဘာစကားနဲ့မှ နုတ်မဆက်ဘဲ ..တရုတ်လို တရုတ်စာနဲ့ Welcome လုပ်တာတွေ့လို့ တရုတ်နိုင်ငံ ရောက်နေသလားလို့တောင် ထင်ရပါတယ်။ အရေးကြီးတာ Sim Card ၀ယ်ရမှာ ဖြစ်တဲ့အတွက် Arrival Hall ကအထွက် Sim Card ရောင်းတဲ့ဆိုင်မှာ ၀ယ်ဖို့သွားတဲ့အခါ . . . "Can I have a sim card please" ဆိုင်ရှင်က ပြန်ဖြေပါတယ်။ "We don't have other brand, we have only Huawei" စာရေးသူရောက်နေတာ အမေရိကန်ပါ။ တရုတ်ပြည်မဟုတ်ပါဘူး။ ဒါပေမယ့် ကြည့်လေ အမေရိကန်နိုင်ငံ ဆန်ဖရန် စစ္စကို နိုင်ငံတကာလေဆိပ်ရဲ့ အရောင်း ဆိုင်မှာ Huawei Sim Card ပဲ ရှိတယ်ဆိုတော့ . .. ။ ဒါနဲ့ဘဲ တက္ကစီငှားပြီး ဟိုတယ်ရှိရာကို လာခဲ့ပါတော့တယ်။ ဟိုတယ်ရှေ့ရောက်တော့မှ အဲဒီဟိုတယ်ဟာ ဆန်ဖရန်စစ္စကိုရဲ့ ရှေးအကျဆုံး တရုတ်ဟိုတယ် ဖြစ်နေပါလေရော။ ဟိုတယ်နာမည်က .. Hotel Whitconb တဲ့ Checking Conuter မှာ တရုတ်လူမျိုးကြီးနဲ့ တရုတ်မလှလှတွေကို တွေ့လိုက်ရပါတော့တယ်။ ORACLE OPEN WORLD ပွဲ မစခင်မှာ တွေ့လိုက်ရတဲ့ အတွေ့အကြုံကတော့ အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမှာ တရုတ်ပြည် ရောက်နေသလိုပါပဲလား။ အားလုံး တရားအားထုတ်... တရုတ်အားထား နေကြရပြီဖြစ်တဲ့ Globalzation ပါဘဲလား။

ORACLE OPEN WORLD ကို ကမ္ဘာအရပ်ရပ်က လူပေါင်း ၆၀၀၀၀ ကျော် လာပါတယ်။ ဒီနှစ်ရဲ့ အဓိက ဆွေးနွေးတာကတော့ Cloud Computing ပဲ ဖြစ်ပါတယ်။ ORACLE ရဲ့ တည်ထောင်သူ ကမ္ဘာ့အချမ်းသာဆုံး (၁၀) ယောက်ထဲမှာပါတဲ့ Lary Ellison ကိုယ်တိုင် ORACLE ရဲ့ Cloud Solution များကို ရှင်းပြပါတယ်။ MCC ဟာလည်း မြန်မာပြည်မှာ Cloud Computing နည်းပညာနဲ့ Cloud Services တွေပေးဖို့ စီစဉ်နေပါတယ်။ ဒါ့ကြောင့် ORACLE OPEN WORLD ကိုကိုယ်တိုင်လာပြီး ORACLE က တာဝန်ရှိသူတွေနဲ့လည်း တွေ့ရင်း ORACLE ရဲ့ နောက်ဆုံးပေါ် နည်းပညာတွေကို လေ့လာရင်းနဲ့ စာရေးသူ ORACLE OPEN WORLD ကို ရောက်နေတာ ဖြစ်ပါတယ်။

“ဟဲလို . . ဦးတင်ဝင်းအောင်လား . . .ကျွန်တော် ရာဖါယ်ပါ . . ကျွန်တော်တို့ ORACLE OPEN WORLD နောက်ဆုံးနေ့မှာ . . Silicon Valley ကို လိုက်ပြမယ် . .။ ပြီးတော့ အဲဒီမှာ Golf ရိုက်ရအောင် . .ဘယ်နဲ့လဲ . .”
ORACLE OPEN WORLD က သူတွေများတော့ တစ်ယောက်နဲ့တစ်ယောက် မတွေ့ဘူးဖြစ်နေတုန်း ကိုရာဖါယ်ဆီက ဖုန်းလာတာ ဖြစ်ပါတယ်။ “ကိုရာဖါယ်ရေ . . အလွန်ကောင်းတဲ့ အစီအစဉ်ပါဘဲ။ ဒါပေမယ့် ကျွန်တော့်မှာ Golf Set မပါဘူး . . ဂေါက်ကွင်းရောက်မှ ငှားရမယ်ထင်တယ် ...”

“ဆရာဦးတင်ဝင်းအောင် . .. စိတ်မပူပါနဲ့ . . ကျွန်တော့်မှာ Golf Set အပိုရှိတယ်။ အဲဒါယူလာပါမယ်။ အဲဒီနေ့ မနက်စောစော ဆန်ဖရန်စစ္စကို Hotel Whtconb ရှေ့က ဘူတာကနေ ရထားစီးလာပါတယ် . . ။ ဘူတာမှာ ကျွန်တော်စောင့်နေပါ့မယ် . . ။ Golf ရိုက်အပြီး ကျွန်တော့်အိမ်မှာ ရေမိုးချိုး အဝတ်အစားလဲပြီး Mandalay Restaurant မှာ မြန်မာထမင်းစားကြမယ် .. မြန်မာပြည်က ရောက်နေတဲ့အဖွဲ့တွေအား လုံး အဲဒီမှာ ဆုံမယ် . . .”

နောက်နေ့မနက်စောစော ရထားစီးပြီး ကိုရာဖါယ်ပြောတဲ့ .. ဘူတာကို ရောက်လို့ သူကိုကျွန်တော့်က စောင့်နေပါတယ်။ စောင့်နေရင်း သတိထားမိတာက ဘူတာရုံမှာရော ရထားစီးဖို့ တစ်စီးပြီးတစ်စီး ဆိုက်လာတဲ့ ကားတွေထဲက လူတွေရော ရထားပေါ်က ဆင်းလာတဲ့သူတွေရော အားလုံးနီးပါး အိန္ဒယလူမျိုးတွေ ဖြစ်နေလို့ . . ငါများ အိန္ဒိယရောက်နေသလားလို့တောင် ထင်မိပါတယ်။ နောက်တော့မှ မေးကြည့်တော့။ Silicon Valley မှာ အလုပ်လုပ်နေတဲ့ အိန္ဒိယက IT ပညာရှင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေလို့ သိရပါတယ်။ Silicon Valley တစ်ခုလုံးမှာရှိတဲ့ ကမ္ဘာကျော် IT ကုမ္ပဏီတွေမှာ အိန္ဒိယ လူငယ်လူရွယ် ပညာရှင်တွေ အမြောက်အမြား အလုပ်လုပ်နိုင်နေတာ အိန္ဒိယလူမျိုးတွေအတွက် ဂုဏ်ယူစရာပါ။ သူတို့တွေဟာ IT ကုမ္ပဏီတွေရဲ့ ၀န်ထမ်းအဖြစ်မဟုတ်ဘဲ ကမ္ဘာကျော် IT ကုမ္ပဏီကြီးတွေရဲ့ ထိပ်ပိုင်း Top Management အဆင့်တွေတောင် ရောက်နေကြပါပြီ။ ကိုယ့်မြန်မာပြည်က လူငယ်လူရွယ်တွေကိုလည်း အဲဒီလိုဖြစ်စေခြင်လိုက်တာ။ အဲဒီလို အတွေးနယ်ချဲ့နေတုန်း ကိုရာဖါယ်ကားနဲ့ရောက်ပြီး Silicon Valley ထဲ လျှောက်ပြပါတော့တယ်။ အရင်ဆုံး သူအလုပ်လုပ်တဲ့ ORACLE ရုံးချုပ်။ ပြီးတော့ Google တို့ Facebook တို့ရဲ့ ရုံးတွေ လျှောက်ကြည့်ကြပါတယ်။ Silicon Valley ဆိုလို့ လှပတဲ့ တောင်ကြား
ထင်လို့။ တစ်ကယ်တော့ မဟုတ်ပါဘူး။ ပင်လယ်ကမ်းစပ်နဲ့ မနီးမဝေးက စျေးပေါတဲ့ ကွင်းပြင်မှာ လုပ်ငန်းတွေ လာတည်ထောင်ကြရင်း နာမည်ကြီးလာလို့ Silicon Valley ဖြစ်လာတာလို့ သိရပါတယ်။ ဂေါက်ကွင်းမှာ ရန်ကုန်လို ကယ်ရီတွေမရှိပါ။ ကိုယ့်ဂေါက်အိတ်တင်တဲ့လှည်း ကိုယ့်ဘာသာဆွဲပြီး ရိုက်ကြရပါတယ်။ အားပါးပါး . . ပူလိုက်တာ။ ကာလီဖိုးနီးယားရဲ့ အပူဒဏ်ကို ခံရပြီ။ မတတ်နိုင်ဘူး ကာလီဖိုးနီးယားရဲ့ Silicon Valley မှာ ဂေါက်ရိုက်ဘူးတယ်ရှိအောင် ကြိတ်မှိတ်ပြီး ရိုက်ရ ပါတော့တယ် . . ။ အဲဒီနေ့က ရိုက်ချက်တွေကလည်း . . နှစ်ယောက်လုံး (၁၈) ကျင်းကို အချက်ပေါင်း (၉၀) ကျော်သွားပါတယ်။ ဂေါက်ရိုက်အပြီး ကိုရာဖါယ်ရဲ့ အိမ်သွားတော့ သူ့ဇနီးက ဗီယက်နမ်သူပါ။ အိမ်ကလဲ ခြံအကျယ်ကြီးထဲမှာ ဒီဇိုင်းကောင်းကောင်းနဲ့ ဆောက်ထားတဲ့ နှစ်ထပ်တိုက်ကြီး ဖြစ်ပါတယ်။ ဘယ်လောက်တန်သလဲ မေးကြည့်တော့ ဒေါ်လာ တစ်သန်းနီးပါး ကျတယ်လို့ ပြောပါတယ်။ ဒေါ်လာတစ်သန်းဆိုတာ မြန်မာငွေနဲ့ ကျပ်သိန်း တစ်သောင်းကျော်ပေါ့ . . ။ အဲဒီငွေနဲ့ဆိုရင် မန္တလေးမှာ လမ်းမပေါ်က ပေ ၄၀ x ပေ ၆၀ ဘဲရနိုင်မယ်ဆိုတော့ . . မန္တလေးသားတွေ အိမ်ရောင်းပြီး ကာလီဖိုးနီးယားမှာ သွားနေနိုင်ပြီ ဖြစ်ပါတယ်။ အမေရိကန်မှာ စျေးကြီးမယ်ထင်တာ . . အားလုံးလိုလို မြန်မာပြည်ထက် စျေးသက်သာာ တွေ့ရပါတယ်။ ဒါကြောင့် မြန်မာတွေ ဆင်းရဲတယ်ဆိုတာ ဟုတ်မှဟုတ်ပါ့မလား . . ။ အမေရိကန်တွေထက် ပိုပြီး ချမ်းသာနေသလိုလိုပါဘဲ။ တစ်ကယ်ပြောတာပါ . . မြန်မာပြည်မှာ မီလျံနာတွေ အများကြီးပါဘဲ စာရင်းကောက် မကြည့်ရသေးလို့ မသိတာပါ .. ။ ဆန်ဖရန်စစ္စကိုမှာရှိတဲ့ မြန်မာ စားသောက်ဆိုင်တွေထဲမှာ Mandalay Restaurant ဟာ နာမည်ကြီးပါ။ အဲဒီမှာ မြန်မာပြည်က ရောက်နေတဲ့ IT အဖွဲ့တွေ နဲ့ဆုံပြီး ညစာစားကြပါတယ်။ မြန်မာထမင်းဟင်းမျိုးစုံ မြန်မာပြည်အတိုင်း စားရလို့ မြန်မာပြည် ပြန်ရောက်နေသလို ခံစားရပါတယ်. . .။

ORACLE OPEN WORLD ပြီးလို့ နောက်တစ်ရက်ရောက်တော့ ကာလီဖိုးနီးယားရဲ့ နာမည်ကြီး ၀ုိင်အရက်တွေ ထုတ်လုပ်တဲ့ NAPA Valley ကိုသွား လည်ပါတယ်။ မြန်မာလူမျိုးဖြစ်တဲ့ Gorden Kaung (ဦးကောင်းရဲ့သား) ဟာ NAPA Valley မှာ စပျစ်ခြံဧက (၆၀) လောက်ပိုင်ပြီး သူကိုယ်တိုင် နာမည်ကြီး NAPA WINE ကို ထုတ်လုပ်နေပါတယ်။ သူက ဟိုတယ်ကို ကားနဲ့ လာခေါ်ပြီး လိုက်ကြတာပါ။ စာရေးသူ ဆန်ဖရန်စစ္စကို မသွားမီတနေ့က သူနဲ့ အီးမေးလ် အဆက်အသွယ် လုပ်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရမည်းသင်းမြို့နယ်ထဲက ရန်ကုန်-မန္တလေး အမြန်လမ်းဘေး မိုင်တိုင်အမှတ် (၂၅၅)နားမှာ စပျစ်ခြံစစိုက်နေလို့ ဖြစ်ပါတယ်။ ၀ုိင်လေးဘာလေး ထုတ်မယ်စိတ်ကူးလို့ ရမည်းသင်းဒေသရဲ့ အပူချိန်၊ စိုထိုင်းဆ၊ မိုးရေချိန်၊ မြေဆီလွှာ စတာတွေကို သူဆီပို့ပြီး စစ်ခိုင်းတာ။ မိမိတို့ ရမည်းသင်းရာသီဥတုဟာ ကာလီဖိုးနီးယားနဲ့ အတူတူ ဖြစ်တာမို့ NAPA Valley မှာ စပျစ်ဝိုင် လုပ်ငန်းတွေ အောင်မြင်သလို မိတ်ဆွေတို့ ရမည်းသင်းဒေသ စပျစ်စိုက်တဲ့ လုပ်ငန်းရှင်တွေလည်း အောင်မြင်နိုင်ပါတယ်။ မိတ္ထီလာ၊ ရမည်းသင်း ဒေသမှာ စပျစ်စိုက်တဲ့ တောင်သူတစ်ဦးဖြစ်တဲ့ စာရေးသူဟာ ကာလီဖိုးနီးယားရဲ့ နာမည်ကြီး NAPA Valley ကို ရောက်ခဲ့ပါပြီ။ Gorden Kaung ရဲ့ ကျေးဇူးနဲ့ Vine Yard တွေကို လေ့လာခွင့် ရခဲ့ပါတယ်။ ရန်ကုန်-မန္တလေး အမြန်လမ်းနဲ့ လမ်းဟောင်းအကြား ရမည်းသင်းမြို့နယ်မှာ စပျစ်တွေ အကြီးအကျယ် စိုက်နေတာ ဖြစ်တဲ့အတွက် တစ်နေ့မှာ NAPA Valley လို မိတ္ထီလာ Valley တွေ ရမည်းသင်း Valley တွေ ဖြစ်လာလေမလား . . ။ ORACLE OPEN WORLD ကနေ NAPA Valley အထိ စိတ်ကူးတွေ တစ်ပွေ့တစ်ပိုက်နဲ့ မြန်မာပြည်ပြန်ဖို့ ဟန်ပြင်နေပြီ ဖြစ်ပါတယ်။

ORACLE ရဲ့ နောက်ဆုံးပေါ် နည်းပညာတွေ၊ Silicon Valley ရဲ့ Feeling တွေ၊ NAPA Valley ရဲ့ အိပ်မက်တွေ တစ်ပွေ့တစ်ပိုက်နဲ့သာမက လာတုန်းက ပါလာခဲ့တဲ့ Baggage (၃) လုံး တစ်ပွေ့တစ်ပိုက်နဲ့ နိုင်ငံတကာလေဆိပ်ကို လာခဲ့ပါတယ် . . ။ ထုံးစံအတိုင်း Checking လုပ်မယ်ဆိုတော့ လက်ဆွဲတစ်လုံး Baggage အိတ်ကြီးတစ်လုံး နောက်တစ်လုံးကတော့ မရဘူး။ Excess Baggage ဖိုးပေးရမယ်ဆိုတော့ ဒေါ်လာ (၂၀၀) ထပ်ပေးလိုက်ရပြန်ရော..။ ပြီးတော့ အပေါ့အပါးသွားဖို့ ထရလွယ်အောင် အလယ်လမ်းဘေးက ထိုင်ခုံပေးပါဆိုတော့လည်း မရှိတော့ . . ။ ဒေါ်လာ (၉၀) ထပ်ပေးရင်တော့ ရှေ့ဘက်နားက ခြေဆန့်လိုရမယ့်နေရာ ရမယ်ပြောပြတော့ .. ပေးလိုက်ရပြန်ပါရော . .. ။ အီတလီသွားတုန်းက ကျန်ခဲ့တဲ့ သေတ္တာတစ်လုံးဟာ ပြင်သစ်က အင်္ဂလန်၊ အင်္ဂလန်ကနေ အမေရိကန် တောက်လျှောက် ပါနေပြီး အခုလည်း ဆန်ဖရန်စစ္စကိုက လန်ဒန်၊ လန်ဒန်ကနေ ဘန်ကောက်၊ ဘန်ကောက်ကနေ ရန်ကုန် စုံချည်ဆန်ချည် ပါနေပါပြီ။ ပေးလိုက်ရတဲ့ Excess Baggage ဖိုးကလည်း ဒေါ်လာ (၄၀၀) လောက်နဲ့ ရန်ကုန်ကို မှင်မောင်းကောင်းကောင်းနဲ့ ပြန်သယ်လာခဲ့ပါ တယ် . . ။ ရန်ကုန်ရောက်လို့ အဲဒီသေတ္တာဖွင့်လိုက်တော့ အထဲမှာ ၀တ်ပြီးသား အဝတ်အစားဟောင်းတွေနဲ့ လမ်းလျှောက်စီး Walking Shoe တစ်ရံ ဒါဘဲပါပါတယ် . .။ သေတ္တာဖိုးက လည်း ဒေါ်လာ (၁၀၀)မရှိ၊ အထဲက အဝတ်ဟောင်းတွေနဲ့ ပစ္စည်းတန်ဖိုးကလည်း ဒေါ်လာ(၁၀၀) မရှိဘဲ အဲဒီသေတ္တာကို ငွေတွေအကုန်ခံ အခပေးပြီး ရန်ကုန်ကို ပြန်သယ်လာခဲ့တဲ့ ပုဂ္ဂိုလ်ကတော့ . . စီမံခန့်ခွဲမှုပညာတွေ သင်ပေးနေတဲ့ MCC ဥက္ကဋ္ဌကြီးမှ ဟုတ်မှဟုတ်ပါ့မလားဘဲ . .။
MCC ဥက္ကဋ္ဌကြီးရဲ့ ဇာတ်လမ်းတွေထဲက နောက်ဇာတ်လမ်းတစ်ပုဒ်ပေါ့ . . .။

အီကိုကိုအောင်
 




Thursday, November 19, 2015

ဒီတစ္ပတ္ အမ္စီစီ

၂၀၁၅ ခုႏွစ္၊ ႏုိ၀င္ဘာလ (၅)ရက္ေန႔တြင္ MCC Institute Yatanarpon Campus တြင္ BIT Program Year - 1 ေက်ာင္းသား/သူမ်ားအတြက္ Designing and Developing Website ဆုိင္ရာ Work Shop ျပဳလုပ္ေနစဥ္

၂၀၁၅ ခုႏွစ္ သီတင္းကြၽတ္လျပည့္ေန႔တြင္ MCC Institute Yatanarpon Campus မွ ဆရာ/ဆရာမမ်ား၊ ၀န္ထမ္းမ်ားႏွင့္ ေက်ာင္းသား/သူမ်ား စုေပါင္းၿပီး ဆီမီးတစ္ေထာင္ မီးထြန္းပြဲေတာ္ က်င္းပစဥ္

၂၀၁၅ ခုႏွစ္၊ ႏုိ၀င္ဘာလ (၇)ရက္ေန႔တြင္ ျမန္မာႏုိင္ငံ အမ်ိဳးသမီးေရးရာအဖြဲ႕ခ်ဳပ္ႏွင့္ MCC Group တုိ႔ ပူးေပါင္းေဆာင္ရြက္၍ ျမန္မာႏုိင္ငံ အမ်ိဳးသမီးငယ္ေလးမ်ားအတြက္ Basic Office Skills ဆုိင္ရာ သင္တန္းဆင္းပြဲ အခမ္းအနားက်င္းပစဥ္

၂၀၁၅ ခုႏွစ္ ႏုိ၀င္ဘာလအတြင္း ျမန္မာ့စီးပြားေရးဘဏ္ရံုးခ်ဳပ္ႏွင့္ MCC Group တုိ႔ ပူးေပါင္းစီစဥ္ေသာ အရာထမ္း/အမူထမ္းမ်ား၊ ကြန္ပ်ဴတာကြၽမ္းက်င္မႈ အေျခခံသင္တန္း အမွတ္စဥ္ (၂) သင္ၾကားပုိ႔ခ်ေနစဥ္

MCC Style

Mandalay Campus, BBA, Year-1, Section-8 မွ ေက်ာင္းသူေလးမ်ား
 
Yatanarpon Campus, BIT, Year-2, Section-12 မွ ေက်ာင္းသူ မေနႏြယ္ဇင္လင္း
 
 Mandalay Campus, BIT, Year-2, Section-12 မွ ေက်ာင္းသူေလးမ်ား
 
 Yangon Campus, BBA မွ ေက်ာင္းသား / ေက်ာင္းသူေလးမ်ား
 
  Mandalay Campus, BIT, Year-2, Section-12 မွ ေက်ာင္းသူ မေအးျမတ္ေအာင္
 
Mandalay Campus, BTEC, Year-1, Section-1 မွ ေက်ာင္းသူ မအိမ့္ဥမၼာေက်ာ္
 

လုိအပ္ေသာ္လည္း မေကာင္းသည့္နတ္ဆုိး Necessary Evil (သုိ႔) စာေမးပြဲ

စာေမးပြဲ (Examination) ဆုိသည္မွာ ကမၻာေပၚရွိလူတုိင္းအား ငယ္စဥ္ ဘ၀မွစကာ ေျခာက္လွန္႔ေနခဲ့ေသာ လူတုိ႕ ျပဳလုပ္ထားသည့္ အထိမ္းအကြပ္တစ္ခု ျဖစ္ ပါသည္။ လူရယ္လုိ႔ျဖစ္လာလွ်င္ ပညာတတ္ၾကရမည္။ ပညာတတ္မွ လူရာ၀င္မည္။ ထုိ႔ေၾကာင့္ ကေလးဘ၀မွစကာ ပညာသင္ ၾကားၾကရပါသည္။ သင္ယူေသာ ပညာမ်ား တတ္ေျမာက္မႈရွိ/မရွိကုိ စာေမးပြဲျဖင့္ စစ္ ေဆးၾကရသည္။ မူလတန္းအဆင့္ ေအာင္ ျမင္ၿပီးမွ အလယ္တန္းအဆင့္၊ ထုိမွ အထက္ တန္းအဆင့္ တကၠသုိလ္ဘြဲ႕၊ ဘြဲႀကိဳ ဘြဲ႕လြန္ တုိ႔မွ ပါရဂူ (PHD) အထိ စာေမးပြဲမ်ား ေျဖဆုိၾကရသည္။ ယင္းစာေမးပြဲစနစ္ျဖင့္ စစ္ေဆးၿပီး လူအမ်ား၏ ပညာအရည္ အခ်င္းကုိ သတ္မွတ္ အဆင့္အတန္း ခြဲျခား ေပးပါသည္။ ထုိ႔ေၾကာင့္ မူလတန္းေက်ာင္း သားမွအစ တကၠသုိလ္ေက်ာင္းသားမ်ား အထိ စားေမးပြဲ ေအာင္ျမင္ေအာင္ ႀကိဳးစား ၾကရပါသည္။ လူတုိင္း စာေမးပြဲနားနီးလွ်င္ စာေမးပြဲနတ္ ဖမ္းစားျခင္းခံရၿပီး အေသ အလဲ ျဖစ္ေလ့ရွိပါသည္။ ပညာသင္ျခင္းသည္ လူတုိ႔အား အသိပညာ (Knowledge) ရေအာင္ ျပဳလုပ္ေပးျခင္းျဖစ္ၿပီး ယင္းအသိပညာ(Knowledge) ရ/မရ ကုိ စာေမးပြဲျဖင့္ စစ္ေဆးၾကည့္ျခင္း ျဖစ္ပါသည္။ စာေမးပြဲသည္ ေနာက္ဆံုးရလဒ္ End Result မဟုတ္ပါ။ အသိပညာ (Knowledge) ရ/မရကုိ စစ္ေဆးေသာ နည္းလမ္း (Mean) သာ ျဖစ္ပါသည္။ သုိ႔ ေသာ္ အသိပညာ ရျခင္း/မရျခင္းက အဓိကမဟုတ္။ စာေမးပြဲေအာင္ဖုိ႔သာ အဓိက ျဖစ္လာကာ စာေမးပြဲသည္ နည္းလမ္း (Mean) ျဖစ္ရမည့္အစား ေနာက္ ဆံုးရလဒ္ End Result ျဖစ္လာကာ ဒုကၡေပးလာပါေတာ့သည္။ စာေမးပြဲေအာင္ မွ ျဖစ္မည္။ စာေမးပြဲတြင္ အမွတ္မ်ားမ်ားရ မွ ျဖစ္မည္။ ထုိ႔ေၾကာင့္ စာေမးပြဲေအာင္ဖုိ႔သာ အဓိက၊ စာေမးပြဲတြင္ အမွတ္မ်ားမ်ား ရဖုိ႔သာ အဓိကျဖစ္ကာ စာေမးပြဲေအာင္ေရး၊ စာေမးပြဲတြင္ အမွတ္မ်ားမ်ားရေရးဘက္ကုိ ဦးတည္ သင္ၾကားေလ့က်င့္ျခင္းမ်ိဳး ျဖစ္လာခဲ့ပါသည္။ ထုိ႔ေၾကာင့္ စာေမးပြဲ ေအာင္ ျခင္း/မေအာင္ျခင္း၊ စာေမးပြဲတြင္ အမွတ္ မ်ားမ်ားရျခင္း/မရျခင္းတုိ႔သည္ လူတုိ႔၏ အသိပညာ ရရွိျခင္း/မရရွိျခင္းကုိ အမွန္တကယ္ တုိင္းတာႏုိင္ပါသလားဟူေသာ ေမးခြန္းမ်ားျဖင့္ ေစာဒကစရာ ျဖစ္လာကာ ကမၻာေပၚရွိ ပညာရွင္မ်ားအေနျဖင့္လည္း သေဘာေပါက္လာခဲ့ၾကပါၿပီ။ စာေမးပြဲစနစ္ သည္ လူတုိ႔၏ အသိပညာရွိမႈ/မရွိမႈႏွင့္ အသိပညာ အဆင့္အတန္းကုိ မတုိင္းတာႏုိင္။ စာေမးပြဲေအာင္ေအာင္ ေျဖဆုိတတ္ ျခင္း/မတတ္ျခင္းႏွင့္ အမွတ္မ်ားေအာင္ ျပဳ လုပ္တတ္ျခင္း/မတတ္ျခင္းႏွင့္ပါ ပုိမုိသက္ ဆုိင္မႈရွိေၾကာင္း ေတြ႕ရွိလာခဲ့ၾကပါသည္။ သုိ႔ေသာ္ စာေမးပြဲစနစ္ကုိ အစားထုိးႏုိင္မည့္ စနစ္ေကာင္း မရွိေသးသည့္အတြက္ မသံုး မျဖစ္ သံုးေနရေသးျခင္း၊ မခ်စ္ေသာ္လည္း ေအာင့္ကာနမ္းဆုိသလုိ မေကာင္းေသာ္လည္း လုိအပ္ေနေသး၍ ဆက္လက္အသံုး ျပဳေနရေသာ နတ္ဆုိး (Necessary Evil) ဟု တင္စားေျပာဆုိလ်က္ ရွိပါသည္။
မွန္ပါသည္။ စာေမးပြဲသည္ နတ္ဆုိး (Evil) ျဖစ္ပါသည္။ စာေမးပြဲမေအာင္ ၍၊ စာေမးပြဲမေျဖႏုိင္၍၊ စာေမးပြဲတြင္ အမွတ္ရနည္း၍ ကုိကုိယ္ကုိ သတ္ေသေန ၾကေသာ ေက်ာင္းသူ/သားမ်ားသတင္းကုိ အားလံုး ၾကးဖူးၾကမည္ ထင္ပါသည္။ အထူး သျဖင့္ ၿပိဳင္ဆုိင္မႈ ျပင္းထန္ေသာ ကုိရီးယားႏုိင္ငံ၊ ဂ်ပန္ႏုိင္ငံ၊ စကၤာပူႏုိင္ငံတုိ႔တြင္ အျဖစ္မ်ားလ်က္ ရွိပါသည္။ ျမန္မာႏုိင္ငံတြင္ပင္ စာေမးပြဲမေအာင္၍ သတ္ေသသြား ေသာ သတင္းမ်ား မၾကာခဏ ၾကားေနၿပီ ျဖစ္ပါသည္။ အေမရိကန္ႏုိင္ငံ တကၠသုိလ္မ်ားတြင္ ပါရဂူသင္တန္းတက္ေနေသာ ေက်ာင္းသူမ်ား မိမိတုိ႔ခႏၶာကုိယ္ကုိရင္း၍ ပါေမာကၡမ်ားအား လာဘ္ထုိးကာ စားေမးပြဲ ေအာင္ေအာင္ ျပဳလုပ္ေနၾကေၾကာင္း၊ တကၠသုိလ္ပါေမာကၡမ်ားကုိ တာ၀န္ရွိသူမ်ားမွ စစ္ေဆးေနရေသာ သတင္း၊ အိႏၵိယႏုိင္ငံ တြင္ သားသမီးမ်ား စာေမးပြဲေအာင္ျမင္ေရး အတြက္ မိဘမ်ားကုိယ္တုိင္ (သုိ႔) လူမ်ား ငွားရမ္းကာ စာေမးပြဲက်င္းပေနသည့္ ေက်ာင္းခန္းသုိ႔ နံရံမ်ားကုိ ကုတ္ကပ္တြယ္တက္ကာ ခုိးပုိ႔ေနမႈကို ဓာတ္ပံုႏွင့္တကြေဖာ္ ျပခဲ့သည့္အတြက္ ကမၻာေက်ာ္သြားေသာ သတင္းမ်ားအျပင္၊ ကြၽႏု္ပ္တုိ႔ ျမန္မာႏုိင္ငံ တကၠသုိလ္မ်ားတည္ရွိရာ ကမာရြက္လွည္းတန္းတစ္၀ိုက္ တကၠသုိလ္စာေမးပြဲကာလ မ်ားတြင္ မိတၱဴကူးဆုိင္မ်ား၊ စာရြက္စာတမ္း အေသးခ်ံဳ႕/ခ်ဲ႕ျခင္းအလုပ္မ်ား လက္မလည္ေအာင္ ျပဳလုပ္ေပးရၿပီး စာေမးပြဲအၿပီး ခုိးခ်ရာတြင္ အသံုးျပဳခဲ့ေသာ မိတၱဴျဖင့္ ခ်ဳံ႕ထား ေသာ စာရြက္မ်ား ပလူပ်ံေနေအာင္ လႊင့္ပစ္ထားခဲ့မႈမ်ား အစရွိသည္တုိ႔က စာေမးပြဲ နတ္ဆုိး၏ သေဘာသဘာ၀ကုိ ျပသလ်က္ ရွိပါသည္။
လူတုိ႔ အသိပညာ ရရွိေရးအတြက္ ပညာသင္ၾကားေပးေသာ စနစ္တစ္ခုလံုး၏ အဓိကသည္ စာေမးပြဲေအာင္ျမင္ေရး၊ စာေမးပြဲတြင္ အမွတ္မ်ားမ်ားရရွိေရး ျဖစ္ လာသျဖင့္ စာေမးပြဲေအာင္ရန္သာ အဓိက ျဖစ္သည့္နည္းျဖင့္ အမွတ္မ်ားမ်ားရရွိေရးသာ အဓိကျဖစ္ေသာေၾကာင့္ က်ဴရွင္ဟူ၍ ေပၚေပါက္လာခဲ့ပါသည္။ က်ဴရွင္သည္ ေငြအပုိေပးကာ စာေမးပြဲေအာင္ရန္၊ အမွတ္မ်ားရန္ ေလ့က်င့္သင္ၾကားေပးေသာ စနစ္ျဖစ္ကာ အသိပညာ (Knowledge) ရရွိေရးႏွင့္ ဖီလာဆန္႔က်င္ကာ စာေမးပြဲတြင္ ေမးတတ္သည္မ်ားကုိသာ ဦးစားေပးၿပီး စာေမးပြဲတြင္ ေမးေလ့မရွိေသာ၊ ေမးခဲေသာအေၾကာင္းအရာမ်ားကုိ လံုး၀မသင္ေတာ့။ စာေမးပြဲေအာင္ေအာင္ေျဖနည္း၊ အမွတ္မ်ားေအာင္ လုပ္နည္းကုိသာ ဦးစားေပးၿပီး ေလ့က်င့္ေစပါေတာ့သည္။ စာေမးပြဲေအာင္ဖုိ႔၊ အမွတ္မ်ားဖုိ႔က အဓိကျဖစ္၍ ဘာသာစံု က်ဴရွင္ ယူၾကရပါေတာ့သည္။ မူႀကိဳအတန္း မွအစ တကၠသုိလ္ေနာက္ဆံုးႏွစ္အထိ၊ ေဆး တကၠသုိလ္၊ အင္ဂ်င္နီယာတကၠသုိလ္တုိ႔တြင္လည္း က်ဴရွင္ယူၾကသည္သာမက မဟာဘြဲ႕လြန္ သင္တန္းမ်ားအထိပင္ က်ဴရွင္မလြတ္ေတာ့။ က်ဴရွင္ကုိ ျပင္ပ ဆရာမ်ားတြင္ ယူၾကရာမွ ေက်ာင္းတြင္ က်ဴရွင္မ်ား ေပၚေပါက္လာသည္။ ေက်ာင္းဆရာ/ဆရာမမ်ားမွ က်ဴရွင္ေပးလာၾကရာ မူႀကိဳ၊ မူလ တန္း၊ အလယ္တန္း၊ အထက္တန္း ဆရာ/ဆရာမမ်ားမွားအတြက္ ၀င္ေငြလမ္းေျဖာင့္ လာရာမွ ေလာဘတက္ကာ ေက်ာင္းတြင္ စာေကာင္းေကာင္းမသင္ က်ဴရွင္တက္မွ စာအားလံုးၿပီးၿပီး၊ အတန္းပိုင္ဆရာ/ဆရာမထဲတြင္ က်ဴရွင္မယူလ်င္ မ်က္ႏွာသာအေပးမခံရေတာ့ေသာ အေျခအေနမ်ား ျဖစ္ေပၚလာကာ ပညာေရးေလာကတြင္ အဂတိလိုက္စားမႈမ်ား ျဖစ္ေပၚလာခဲ့ပါသည္။ ေက်ာင္းသူ/သားမ်ားကလည္း ေက်ာင္းတက္ရန္မလုိ၊ က်ဴရွင္တက္ၿပီး စာေမးပြဲေျဖဆုိႏုိင္ေသာေၾကာင့္ပင္ ျဖစ္ပါသည္။ ထုိ႔ေၾကာင့္ ပံုမွန္ ေက်ာင္းမ်ားတြင္ စာသင္ခန္းအတြင္း ပညာ သင္ရသည္မွာ စိတ္၀င္စားဖြယ္မေကာင္းေတာ့ ေက်ာင္းသူ/သားမ်ားအေနျဖင့္ စာကုိ ေကာင္းစြာ သင္ယူလုိစိတ္ မရွိၾကေတာ့ဘဲ ေက်ာင္းစာသင္ၾကားမႈ စနစ္ႀကီးတစ္ခုလံုး ပ်က္စီးသြားပါေတာ့သည္။ လူတုိ႔အား အသိပညာေပးရမည့္ ပညာေရးစနစ္တစ္ခုလံုး စာေမးပြဲ နတ္ဆုိး၏ ဖမ္းစားျခင္းခံရၿပီး ပ်က္စီးသြားရာမွ လူငယ္လူရြယ္မ်ား စာေမး ပြဲေအာင္လာေသာ္လည္း၊ အမွတ္မ်ားမ်ား ရလာၾကေသာ္လည္း၊ ပညာမတတ္သူမ်ား ျဖစ္လာပါသည္။ တုိင္းျပည္ ဖြံ႕ၿဖိဳးတုိးတက္ ေရးအတြက္ လုိအပ္ေသာ အသိပညာရွင္၊ အတတ္ပညာရွင္မ်ား ေခါင္းပါးေသာ အေျခအေနျဖစ္လာကာ တုိင္းျပည္ဖြံ႕ၿဖိဳးတုိးတက္ ေရးကုိပါ ထိခိုက္လာပါေတာ့သည္။ အျခား တစ္ဖက္တြင္ စာေမးပြဲမေအာင္ေသာ၊ စာ ေမးပြဲတြင္ ရမွတ္နည္းေသာ ေက်ာင္းသူ/ သားမ်ားမွာလည္း ဘ၀ပ်က္ကာ ႀကံဳသလုိႏွင့္ စခန္းသြားၾကရာမွ တုိင္းျပည္ထူေထာင္ ေရးအတြက္ လုိအပ္ေသာ လူသားအရင္း အႏွီး(Human Capital) ျဖစ္ မလာေတာ့ပါ။
စာေမးပြဲမေအာင္ျခင္း၊ စာေမးပြဲတြင္ အမွတ္မ်ားမ်ားမရျခင္းသည္ အသိပညာမရွိ၍မဟုတ္၊ စာေမးပြဲေအာင္ေအာင္ မေျဖတတ္ျခင္း၊ အမွတ္မ်ားမ်ားရေအာင္ မလုပ္တတ္ျခင္းသာ ျဖစ္ပါသည္။ ထုိ႔ေၾကာင့္ စာေမးပြဲမေအာင္သည္ႏွင့္ အမွတ္ မမ်ားသည္ႏွင့္ ယင္းေက်ာင္းသူ/သားမ်ားကုိ လူညံ့ဟူ၍ သတ္မွတ္၍ မရႏုိင္ပါ။ စာေမးပြဲမေအာင္ေသာ္လည္း လူေတာ္လူေကာင္း ထူးခႊ်န္သူ မ်ားစြာ ရွိပါသည္။ စာေမးပြဲမေအာင္သည့္အတြက္ အစြန္းအစရွိသည့္ (Talented) လူငယ္လူရြယ္မ်ားစြာကုိ စြန္႔လြတ္ေတာ့ရသည့္ အေျခအေနမ်ိဳး ျဖစ္ေနပါသည္။ နည္းပညာနယ္ပယ္မွ နာမည္ေက်ာ္ Apple ကြန္ပ်ဴတာကုမၸဏီကုိ တည္ေထာင္ခဲ့သူ Apple ကုိ ကမၻာ့တန္ဖုိး အႀကီးဆံုး ကုမၸဏီျဖစ္ေအာင္ ျပဳလုပ္ႏုိင္ခဲ့ သူ၊ ကမၻာ့ပထမဆံုး (Personal Computer) ကုိ တီထြင္ႏုိင္ခဲ့သူ Steve Job သည္ စာေမးပြဲမေအာင္၍ ေကာလိပ္မွ ထြက္ခဲ့ရေသာ (Collage Drop-out) တစ္ဦး ျဖစ္ပါသည္။ Microsoft ကုမၸဏီကုိ တည္ေထာင္ၿပီး ယေန႔အထိ ငယ္ငယ္ရြယ္ရြယ္ျဖင့္ ကမၻာ့အခ်မ္းသာဆံုး ပုဂၢိဳလ္ျဖစ္သူ Bill Gate မွာလည္း တကၠသုိလ္ဘြဲ႕ မရဘဲ ထြက္ခဲ့ရေသာ (Collage Drop-out) ပင္ ျဖစ္ပါသည္။
ကမၻာအရပ္ရပ္ ပညာေရးနယ္ ပါယ္မွ ေက်ာင္းသူ/သားမ်ားသည္ စာေမး ပြဲစနစ္၏ အားနည္းခ်က္မ်ားကုိ သိေသာ္လည္း လူတုိ႔၏ အရည္အခ်င္းကုိ စစ္ေဆးေသာ အျခားေကာင္းမြန္သည့္ နည္းလမ္းျဖင့္ အစားထိုးရန္ မရွိေသးသည့္အတြက္ မခ်စ္ေသာ္လည္း ေအာင့္ကာနမ္းဆုိသည့္အတုိင္း မရွိမျဖစ္ေသာ နတ္ဆုိးအျဖစ္ (Necessary Evil) အျဖစ္ ဆက္လက္ အသံုးျပဳေနရျခင္း ျဖစ္ပါသည္။ လက္ရွိ စာေမးပြဲနစ္ျဖင့္ သင္ၾကား အရည္အခ်င္း စစ္သည့္ပံုစံအား ျပဳျပင္သည့္အေနျဖင့္ အေမရိကန္ႏုိင္ငံတြင္(Work & Learn) ပံုစံ သင္ၾကားနည္းစနစ္ကုိ ေျပာင္းလဲ က်င့္သံုးလာေနၿပီ ျဖစ္ပါသည္။ ေက်ာင္း သူ/သားမ်ားကုိ စာသင္ရာတြင္ လက္ေတြ႕ကြၽမ္းက်င္မႈအခ်က္ပါ တြဲဖက္သင္ၾကားၿပီး စာေမးပြဲတြင္ (Assignment) မ်ား၊ (Project) မ်ားကုိ လက္ေတြ႕လုပ္ေစၿပီး ယင္းရလဒ္မ်ားျဖင့္ ေက်ာင္းသူ/သားမ်ား၏ အရည္အခ်င္းကုိ အကဲျဖတ္ျခင္းျဖစ္ပါသည္။ ယင္းစနစ္သည္ ေက်ာင္းသူ/သား မ်ားအတြက္ အကန္႔အသတ္မရွိေသာ အသိပညာ (Knowledge) ကုိ ရရွိေစႏုိင္သည့္အျပင္ ေက်ာင္းသူ/သားမ်ားမွာလည္း စိတ္ အားထက္သန္စြာ ပညာဆည္းပူးလုိမႈ (Motivation) ကုိလည္း ျဖစ္ေပၚလာေစေၾကာင္း ေတြ႕ရွိရပါသည္။
MCC ၏ (Work & Learn) ပညာ သင္ၾကားနည္းစနစ္
MCC Institute မ်ားတြင္ (၂၀၀၉)ခုႏွစ္မွစတင္ၿပီး (Work & Learn) ပညာသင္ၾကားနည္း စနစ္မ်ားကုိ က်င့္သံုးလာခဲ့ပါသည္။ MCC ၏ နာမည္ B.Sc(Hons: ) Business IT ကြန္ပ်ဴတာသိပၸံဘြဲ႕သင္တန္းကုိ (Work & Learn) ပံုစံျဖင့္ သင္ၾကားခဲ့ရာ ထူးခြၽန္ေသာ ေက်ာင္းသူ/သားမ်ားကုိ ေမြးထုတ္ေပးႏုိင္ခဲ့ၿပီး ျပည္တြင္းျပည္ပတြင္ လုပ္ခ လစာေကာင္းေကာင္းျဖင့္ အဆင့္ျမင့္ ကြန္ပ်ဴတာပညာရွင္မ်ားအျဖစ္ အသိအမွတ္ျပဳ ခံရကာ အလုပ္လုပ္ကုိင္လ်က္ ရွိၾကပါသည္။ အဂၤလန္ႏုိင္ငံ (University of Greenwich) မွ ခ်ီးျမႇင့္သည့္ B.Sc(Hons: ) Business IT သင္တန္းကုိ စတင္တက္ေရာက္ေနေသာ ေက်ာင္းသူ/သားမ်ားအား ပထမႏွစ္ စတင္တက္ေရာက္ သည့္အခ်ိန္မွစကာ (On - the - Job - Training) ကုိ အပါတ္စဥ္ျပဳလုပ္ရၿပီး တတိယႏွစ္ ေရာက္သည့္ႏွင့္ အခ်ိန္ပိုင္း အလုပ္ခန္႔ထားကာ တစ္ပါတ္လွ်င္ (၃) ရက္ ေက်ာင္းတက္ (၂) ရက္ အလုပ္လုပ္ေစပါသည္။ လက္ေတြ႕ (Job Training) ကုိ MCC ၏ ICT Services ေအာက္ရွိ လက္ေတြ႕ေဆာင္ရြက္လ်က္ရွိေသာ IT Projcet ႀကီးမ်ားတြင္ ပါ၀င္လုပ္ကုိင္ေစသည့္စနစ္ ျဖစ္ပါသည္။ တတိယႏွစ္ ေက်ာင္းစၿပီး ဘြဲ႕ရသည္ႏွင့္ ေက်ာင္းသူ/သားမ်ားအားလံုးကုိ အလုပ္ခန္႔ထားကာ JSE (Junior Software Engineering) မ်ားအျဖစ္ အေတြ႕အႀကံဳရေအာင္ ေလ့က်င့္သင္ၾကားေပးျခင္း ျဖစ္ပါသည္။
MCC ၏ (Work & Learn) သင္ၾကားသည့္ အစီအစဥ္တစ္ခုမွာ အဂၤလန္ႏုိင္ငံ၏ အသက္ေမြး၀မ္းေက်ာင္းပညာရပ္မ်ား သင္ၾကားမႈစနစ္ကုိ အေကာင္အထည္ ေဖာ္ေနေသာ အႀကီးဆံုး အဖြဲ႕အစည္း ျဖစ္ ပါသည္။ PEARSON Group ႏွင့္ ပူးေပါင္းေဆာင္ရြက္ၿပီး MCC Polytechnic မ်ားတြင္ BTEC Program မ်ား သင္ၾကားေပးျခင္း ျဖစ္ပါသည္။ BTEC Level-4 ႏွင့္ Level-5 ကုိ (၂) ႏွစ္ တက္ေရာက္ၿပီးလွ်င္ အဂၤလန္ႏုိင္ငံ၏ HND (Higher National Diploma) ရရွိႏုိင္မည္ ျဖစ္ပါသည္။ ယခုအခါ အင္ဂ်င္နီ ယာဒီပလုိမာ၊ စီးပြားေရး ဒီပလုိမာ၊ ကြန္ပ်ဴတာဒီပလုိမာ သင္တန္းမ်ား စတင္ သင္ၾကားလ်က္ ရွိပါသည္။ PEARSON ၏ HND ဒီပလုိမာသင္တန္းမ်ားသည္ စာေမးပြဲစနစ္မဟုတ္ဘဲ (Assignment) စနစ္ျဖင့္ သင္ၾကားေပးျခင္းျဖစ္ေၾကာင္း စာေမးပြဲနတ္ဆုိး (Exam Evil) ပူးကပ္ျခင္းမရွိပါ။ ေက်ာင္းသူ/သားမ်ားမွာလည္း စာေမးပြဲစနစ္၏ သားေကာင္မ်ား မဟုတ္ေတာ့ဘဲ လြတ္လြတ္လပ္လပ္ စိတ္အားထင္သန္စြာ လက္ေတြ႕အလုပ္ျဖင့္ ပညာသင္ယူလ်က္ ရွိၾကပါသည္။ ယင္းကဲ့သုိ႔ အသက္ေမြး၀မ္းေက်ာင္းပညာမ်ား လက္ ေတြ႕သင္ၾကားမႈ၏ ရလဒ္ကုိ အသိအမွတ္ျပဳ သည့္အေနျဖင့္ အဂၤလန္ႏုိင္ငံ (QCF) ပညာ အဆင့္အတန္း စံသတ္မွတ္ခ်က္မ်ား အရ BTEC Level-4 ကုိ တကၠသုိလ္ ပထမႏွစ္၊ BTEC Level-5 ကုိ တကၠသုိလ္ ဒုတိယႏွစ္ အတန္းမ်ားႏွင့္ အဆင့္တူ အသိအမွတ္ျပဳထားပါသည္။ ထုိ႔ေၾကာင့္ HND Level - 5 ဒီပလုိမာရရွိၿပီးသူမ်ားသည္ အဂၤလန္ႏုိင္ငံ ပညာအရည္အခ်င္း စံသတ္ မွတ္ခ်က္ Level - 6 ျဖစ္ေသာ အဂၤလန္ႏုိင္ငံ တကၠသုိလ္မ်ား၏ တတိယႏွစ္သုိ႔ ၀င္ခြင့္ရၿပီး (Top-Up) ဘြဲ႕ ဒီပလုိမာမ်ားကုိ ဆက္လက္သင္ၾကားရယူႏုိင္မည္ ျဖစ္ပါသည္။
MCC အေနျဖင့္ အဂၤလန္ႏုိင္ငံ တကၠသုိလ္မ်ားျဖစ္ေသာ University of Greenwich, Middlesex University, Bermingham City University, Austriliam Institute of Business တုိ႔ျဖင့္ ခ်ိတ္ဆက္ထားကာ HND ဒီပလုိမာ ရရွိၿပီးသူမ်ားအတြက္ (Top-Up) ဒီပလုိမာ သင္တန္းမ်ားကုိ MCC Institute မ်ားတြင္ တက္ေရာက္သင္ၾကားႏုိင္ရန္ စီစဥ္ ထားရွိပါသည္။
MCC Polytechnic မ်ားတြင္ သင္ၾကားလ်က္ရွိေသာ HND ဒီပလုိမာ သင္တန္းမ်ားကုိ တကၠသုိလ္၀င္တန္း ေအာင္ျမင္ၿပီးသူမ်ား တက္ေရာက္သင္ၾကားႏုိင္ပါသည္။ တကၠသုိလ္၀င္တန္း စာေမးပြဲ မေအာငfျမင္သည့္ ေက်ာင္းသား/သူမ်ားအတြက္ ဘ၀တက္လမ္း ပိတ္ဆုိ႔မသြားေအာင္ BTEC Level – 3 သုိ႔ တက္ေရာက္ႏုိင္ၿပီး ယင္းမွတစ္ဆင့္ Level – 4 ႏွင့္ Level – 5 မ်ားသို႔ ဆက္လက္ တက္ေရာက္ကာ အသက္ေမြးေက်ာင္း ဒီပလုိမာမ်ား ရရွိႏုိင္သည္သာမက Level – 6 တကၠသုိလ္ေနာက္ဆံုးႏွစ္သုိ႔ ဆက္လက္တက္ေရာက္ၿပီး တကၠသုိလ္၀င္တန္း စာေမးပြဲေအာင္ျမင္သူ မ်ားကဲ့သုိ႔ပင္ အဂၤလန္ႏုိင္ငံမွ ခ်ီးျမႇင့္မည့္ ဘြဲ႕ဒီဂရီမ်ား ရရွိႏုိင္မည္လည္း ျဖစ္ပါသည္။ ျမန္မာႏုိင္ငံ၏ တကၠသုိလ္၀င္တန္းစာေမးပြဲ က်႐ႈံးသူမ်ား ဘ၀မပ်က္ေစရန္ အစီအစဥ္ရွိ သကဲ့သုိ႔ အ႒မတန္း(Grade-9) စာေမးပြဲက်႐ံႈးေသာ ကေလးငယ္မ်ားအတြက္လည္း ငယ္ငယ္ရြယ္ရြယ္ျဖင့္ ပညာသင္ၾကားေရး လမ္းေၾကာင္း အဆက္မျပတ္ေစရန္ BTEC Level – 2 သုိ႔ တက္ႏုိင္ရန္လည္း စီစဥ္ ထားပါသည္။ ယင္းကေလးငယ္မ်ားအေန ျဖင့္ စာေမးပြဲစနစ္ နတ္ဆုိးရန္မွ လြတ္ေျမာက္ၿပီး အသက္ေမြး၀မ္းေက်ာင္းပညာကုိ တက္ ေရာက္ကာ Level – 2 မွတစ္ဆင့္ Level – 3, Level – 4, Level – 5 မ်ား တက္ေရာက္ကာ HND (Higher National Diploma) မ်ား ရရွိႏုိင္မည္ ျဖစ္ပါသည္။ ထုိမွတစ္ဆင့္ Level – 6 တကၠသုိလ္ေနာက္ဆံုးႏွစ္ သင္တန္းမ်ားကုိ MCC Institute မ်ားတြင္ တက္ေရာက္ကာ အဂၤလန္ႏုိင္ငံ တကၠသုိလ္မ်ား၏ အင္ဂ်င္နီယာသိပၸံဒီဂရီ၊ စီးပြားေရးပညာ သိပၸံဒိဂရီႏွင့္ ကြန္ပ်ဴတာသိပၸံ ဒီဂရီမ်ားကုိ တက္လွမ္း ရရွိႏုိင္မည္ ျဖစ္ပါသည္။

လိုအပ်သော်လည်း မကောင်းသည့်နတ်ဆိုး Necessary Evil (သို့) စာမေးပွဲ

စာမေးပွဲ (Examination) ဆိုသည်မှာ ကမ္ဘာပေါ်ရှိလူတိုင်းအား ငယ်စဉ် ဘဝမှစကာ ခြောက်လှန့်နေခဲ့သော လူတို့ ပြုလုပ်ထားသည့် အထိမ်းအကွပ်တစ်ခု ဖြစ် ပါသည်။ လူရယ်လို့ဖြစ်လာလျှင် ပညာတတ်ကြရမည်။ ပညာတတ်မှ လူရာဝင်မည်။ ထို့ကြောင့် ကလေးဘဝမှစကာ ပညာသင် ကြားကြရပါသည်။ သင်ယူသော ပညာများ တတ်မြောက်မှုရှိ/မရှိကို စာမေးပွဲဖြင့် စစ် ဆေးကြရသည်။ မူလတန်းအဆင့် အောင် မြင်ပြီးမှ အလယ်တန်းအဆင့်၊ ထိုမှ အထက် တန်းအဆင့် တက္ကသိုလ်ဘွဲ့၊ ဘွဲကြို ဘွဲ့လွန် တို့မှ ပါရဂူ (PHD) အထိ စာမေးပွဲများ ဖြေဆိုကြရသည်။ ယင်းစာမေးပွဲစနစ်ဖြင့် စစ်ဆေးပြီး လူအများ၏ ပညာအရည် အချင်းကို သတ်မှတ် အဆင့်အတန်း ခွဲခြား ပေးပါသည်။ ထို့ကြောင့် မူလတန်းကျောင်း သားမှအစ တက္ကသိုလ်ကျောင်းသားများ အထိ စားမေးပွဲ အောင်မြင်အောင် ကြိုးစား ကြရပါသည်။ လူတိုင်း စာမေးပွဲနားနီးလျှင် စာမေးပွဲနတ် ဖမ်းစားခြင်းခံရပြီး အသေ အလဲ ဖြစ်လေ့ရှိပါသည်။ ပညာသင်ခြင်းသည် လူတို့အား အသိပညာ (Knowledge) ရအောင် ပြုလုပ်ပေးခြင်းဖြစ်ပြီး ယင်းအသိပညာ(Knowledge) ရ/မရ ကို စာမေးပွဲဖြင့် စစ်ဆေးကြည့်ခြင်း ဖြစ်ပါသည်။ စာမေးပွဲသည် နောက်ဆုံးရလဒ် End Result မဟုတ်ပါ။ အသိပညာ (Knowledge) ရ/မရကို စစ်ဆေးသော နည်းလမ်း (Mean) သာ ဖြစ်ပါသည်။ သို့ သော် အသိပညာ ရခြင်း/မရခြင်းက အဓိကမဟုတ်။ စာမေးပွဲအောင်ဖို့သာ အဓိက ဖြစ်လာကာ စာမေးပွဲသည် နည်းလမ်း (Mean) ဖြစ်ရမည့်အစား နောက် ဆုံးရလဒ် End Result ဖြစ်လာကာ ဒုက္ခပေးလာပါတော့သည်။ စာမေးပွဲအောင် မှ ဖြစ်မည်။ စာမေးပွဲတွင် အမှတ်များများရ မှ ဖြစ်မည်။ ထို့ကြောင့် စာမေးပွဲအောင်ဖို့သာ အဓိက၊ စာမေးပွဲတွင် အမှတ်များများ ရဖို့သာ အဓိကဖြစ်ကာ စာမေးပွဲအောင်ရေး၊ စာမေးပွဲတွင် အမှတ်များများရရေးဘက်ကို ဦးတည် သင်ကြားလေ့ကျင့်ခြင်းမျိုး ဖြစ်လာခဲ့ပါသည်။ ထို့ကြောင့် စာမေးပွဲ အောင် ခြင်း/မအောင်ခြင်း၊ စာမေးပွဲတွင် အမှတ် များများရခြင်း/မရခြင်းတို့သည် လူတို့၏ အသိပညာ ရရှိခြင်း/မရရှိခြင်းကို အမှန်တကယ် တိုင်းတာနိုင်ပါသလားဟူသော မေးခွန်းများဖြင့် စောဒကစရာ ဖြစ်လာကာ ကမ္ဘာပေါ်ရှိ ပညာရှင်များအနေဖြင့်လည်း သဘောပေါက်လာခဲ့ကြပါပြီ။ စာမေးပွဲစနစ် သည် လူတို့၏ အသိပညာရှိမှု/မရှိမှုနှင့် အသိပညာ အဆင့်အတန်းကို မတိုင်းတာနိုင်။ စာမေးပွဲအောင်အောင် ဖြေဆိုတတ် ခြင်း/မတတ်ခြင်းနှင့် အမှတ်များအောင် ပြု လုပ်တတ်ခြင်း/မတတ်ခြင်းနှင့်ပါ ပိုမိုသက် ဆိုင်မှုရှိကြောင်း တွေ့ရှိလာခဲ့ကြပါသည်။ သို့သော် စာမေးပွဲစနစ်ကို အစားထိုးနိုင်မည့် စနစ်ကောင်း မရှိသေးသည့်အတွက် မသုံး မဖြစ် သုံးနေရသေးခြင်း၊ မချစ်သော်လည်း အောင့်ကာနမ်းဆိုသလို မကောင်းသော်လည်း လိုအပ်နေသေး၍ ဆက်လက်အသုံး ပြုနေရသော နတ်ဆိုး (Necessary Evil) ဟု တင်စားပြောဆိုလျက် ရှိပါသည်။
မှန်ပါသည်။ စာမေးပွဲသည် နတ်ဆိုး (Evil) ဖြစ်ပါသည်။ စာမေးပွဲမအောင် ၍၊ စာမေးပွဲမဖြေနိုင်၍၊ စာမေးပွဲတွင် အမှတ်ရနည်း၍ ကိုကိုယ်ကို သတ်သေနေ ကြသော ကျောင်းသူ/သားများသတင်းကို အားလုံး ကြးဖူးကြမည် ထင်ပါသည်။ အထူး သဖြင့် ပြိုင်ဆိုင်မှု ပြင်းထန်သော ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ စင်္ကာပူနိုင်ငံတို့တွင် အဖြစ်များလျက် ရှိပါသည်။ မြန်မာနိုင်ငံတွင်ပင် စာမေးပွဲမအောင်၍ သတ်သေသွား သော သတင်းများ မကြာခဏ ကြားနေပြီ ဖြစ်ပါသည်။ အမေရိကန်နိုင်ငံ တက္ကသိုလ်များတွင် ပါရဂူသင်တန်းတက်နေသော ကျောင်းသူများ မိမိတို့ခန္ဓာကိုယ်ကိုရင်း၍ ပါမောက္ခများအား လာဘ်ထိုးကာ စားမေးပွဲ အောင်အောင် ပြုလုပ်နေကြကြောင်း၊ တက္ကသိုလ်ပါမောက္ခများကို တာဝန်ရှိသူများမှ စစ်ဆေးနေရသော သတင်း၊ အိန္ဒိယနိုင်ငံ တွင် သားသမီးများ စာမေးပွဲအောင်မြင်ရေး အတွက် မိဘများကိုယ်တိုင် (သို့) လူများ ငှားရမ်းကာ စာမေးပွဲကျင်းပနေသည့် ကျောင်းခန်းသို့ နံရံများကို ကုတ်ကပ်တွယ်တက်ကာ ခိုးပို့နေမှုကို ဓာတ်ပုံနှင့်တကွဖော် ပြခဲ့သည့်အတွက် ကမ္ဘာကျော်သွားသော သတင်းများအပြင်၊ ကျွနု်ပ်တို့ မြန်မာနိုင်ငံ တက္ကသိုလ်များတည်ရှိရာ ကမာရွက်လှည်းတန်းတစ်ဝိုက် တက္ကသိုလ်စာမေးပွဲကာလ များတွင် မိတ္တူကူးဆိုင်များ၊ စာရွက်စာတမ်း အသေးချုံ့/ချဲ့ခြင်းအလုပ်များ လက်မလည်အောင် ပြုလုပ်ပေးရပြီး စာမေးပွဲအပြီး ခိုးချရာတွင် အသုံးပြုခဲ့သော မိတ္တူဖြင့် ချုံ့ထား သော စာရွက်များ ပလူပျံနေအောင် လွှင့်ပစ်ထားခဲ့မှုများ အစရှိသည်တို့က စာမေးပွဲ နတ်ဆိုး၏ သဘောသဘာဝကို ပြသလျက် ရှိပါသည်။
လူတို့ အသိပညာ ရရှိရေးအတွက် ပညာသင်ကြားပေးသော စနစ်တစ်ခုလုံး၏ အဓိကသည် စာမေးပွဲအောင်မြင်ရေး၊ စာမေးပွဲတွင် အမှတ်များများရရှိရေး ဖြစ် လာသဖြင့် စာမေးပွဲအောင်ရန်သာ အဓိက ဖြစ်သည့်နည်းဖြင့် အမှတ်များများရရှိရေးသာ အဓိကဖြစ်သောကြောင့် ကျူရှင်ဟူ၍ ပေါ်ပေါက်လာခဲ့ပါသည်။ ကျူရှင်သည် ငွေအပိုပေးကာ စာမေးပွဲအောင်ရန်၊ အမှတ်များရန် လေ့ကျင့်သင်ကြားပေးသော စနစ်ဖြစ်ကာ အသိပညာ (Knowledge) ရရှိရေးနှင့် ဖီလာဆန့်ကျင်ကာ စာမေးပွဲတွင် မေးတတ်သည်များကိုသာ ဦးစားပေးပြီး စာမေးပွဲတွင် မေးလေ့မရှိသော၊ မေးခဲသောအကြောင်းအရာများကို လုံးဝမသင်တော့။ စာမေးပွဲအောင်အောင်ဖြေနည်း၊ အမှတ်များအောင် လုပ်နည်းကိုသာ ဦးစားပေးပြီး လေ့ကျင့်စေပါတော့သည်။ စာမေးပွဲအောင်ဖို့၊ အမှတ်များဖို့က အဓိကဖြစ်၍ ဘာသာစုံ ကျူရှင် ယူကြရပါတော့သည်။ မူကြိုအတန်း မှအစ တက္ကသိုလ်နောက်ဆုံးနှစ်အထိ၊ ဆေး တက္ကသိုလ်၊ အင်ဂျင်နီယာတက္ကသိုလ်တို့တွင်လည်း ကျူရှင်ယူကြသည်သာမက မဟာဘွဲ့လွန် သင်တန်းများအထိပင် ကျူရှင်မလွတ်တော့။ ကျူရှင်ကို ပြင်ပ ဆရာများတွင် ယူကြရာမှ ကျောင်းတွင် ကျူရှင်များ ပေါ်ပေါက်လာသည်။ ကျောင်းဆရာ/ဆရာမများမှ ကျူရှင်ပေးလာကြရာ မူကြို၊ မူလ တန်း၊ အလယ်တန်း၊ အထက်တန်း ဆရာ/ဆရာမများမှားအတွက် ၀င်ငွေလမ်းဖြောင့် လာရာမှ လောဘတက်ကာ ကျောင်းတွင် စာကောင်းကောင်းမသင် ကျူရှင်တက်မှ စာအားလုံးပြီးပြီး၊ အတန်းပိုင်ဆရာ/ဆရာမထဲတွင် ကျူရှင်မယူလျင် မျက်နှာသာအပေးမခံရတော့သော အခြေအနေများ ဖြစ်ပေါ်လာကာ ပညာရေးလောကတွင် အဂတိလိုက်စားမှုများ ဖြစ်ပေါ်လာခဲ့ပါသည်။ ကျောင်းသူ/သားများကလည်း ကျောင်းတက်ရန်မလို၊ ကျူရှင်တက်ပြီး စာမေးပွဲဖြေဆိုနိုင်သောကြောင့်ပင် ဖြစ်ပါသည်။ ထို့ကြောင့် ပုံမှန် ကျောင်းများတွင် စာသင်ခန်းအတွင်း ပညာ သင်ရသည်မှာ စိတ်ဝင်စားဖွယ်မကောင်းတော့ ကျောင်းသူ/သားများအနေဖြင့် စာကို ကောင်းစွာ သင်ယူလိုစိတ် မရှိကြတော့ဘဲ ကျောင်းစာသင်ကြားမှု စနစ်ကြီးတစ်ခုလုံး ပျက်စီးသွားပါတော့သည်။ လူတို့အား အသိပညာပေးရမည့် ပညာရေးစနစ်တစ်ခုလုံး စာမေးပွဲ နတ်ဆိုး၏ ဖမ်းစားခြင်းခံရပြီး ပျက်စီးသွားရာမှ လူငယ်လူရွယ်များ စာမေး ပွဲအောင်လာသော်လည်း၊ အမှတ်များများ ရလာကြသော်လည်း၊ ပညာမတတ်သူများ ဖြစ်လာပါသည်။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက် ရေးအတွက် လိုအပ်သော အသိပညာရှင်၊ အတတ်ပညာရှင်များ ခေါင်းပါးသော အခြေအနေဖြစ်လာကာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ရေးကိုပါ ထိခိုက်လာပါတော့သည်။ အခြား တစ်ဖက်တွင် စာမေးပွဲမအောင်သော၊ စာ မေးပွဲတွင် ရမှတ်နည်းသော ကျောင်းသူ/ သားများမှာလည်း ဘဝပျက်ကာ ကြံုသလိုနှင့် စခန်းသွားကြရာမှ တိုင်းပြည်ထူထောင် ရေးအတွက် လိုအပ်သော လူသားအရင်း အနှီး(Human Capital) ဖြစ် မလာတော့ပါ။
စာမေးပွဲမအောင်ခြင်း၊ စာမေးပွဲတွင် အမှတ်များများမရခြင်းသည် အသိပညာမရှိ၍မဟုတ်၊ စာမေးပွဲအောင်အောင် မဖြေတတ်ခြင်း၊ အမှတ်များများရအောင် မလုပ်တတ်ခြင်းသာ ဖြစ်ပါသည်။ ထို့ကြောင့် စာမေးပွဲမအောင်သည်နှင့် အမှတ် မများသည်နှင့် ယင်းကျောင်းသူ/သားများကို လူညံ့ဟူ၍ သတ်မှတ်၍ မရနိုင်ပါ။ စာမေးပွဲမအောင်သော်လည်း လူတော်လူကောင်း ထူးချွှန်သူ များစွာ ရှိပါသည်။ စာမေးပွဲမအောင်သည့်အတွက် အစွန်းအစရှိသည့် (Talented) လူငယ်လူရွယ်များစွာကို စွန့်လွတ်တော့ရသည့် အခြေအနေမျိုး ဖြစ်နေပါသည်။ နည်းပညာနယ်ပယ်မှ နာမည်ကျော် Apple ကွန်ပျူတာကုမ္ပဏီကို တည်ထောင်ခဲ့သူ Apple ကို ကမ္ဘာ့တန်ဖိုး အကြီးဆုံး ကုမ္ပဏီဖြစ်အောင် ပြုလုပ်နိုင်ခဲ့ သူ၊ ကမ္ဘာ့ပထမဆုံး (Personal Computer) ကို တီထွင်နိုင်ခဲ့သူ Steve Job သည် စာမေးပွဲမအောင်၍ ကောလိပ်မှ ထွက်ခဲ့ရသော (Collage Drop-out) တစ်ဦး ဖြစ်ပါသည်။ Microsoft ကုမ္ပဏီကို တည်ထောင်ပြီး ယနေ့အထိ ငယ်ငယ်ရွယ်ရွယ်ဖြင့် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်သူ Bill Gate မှာလည်း တက္ကသိုလ်ဘွဲ့ မရဘဲ ထွက်ခဲ့ရသော (Collage Drop-out) ပင် ဖြစ်ပါသည်။
ကမ္ဘာအရပ်ရပ် ပညာရေးနယ် ပါယ်မှ ကျောင်းသူ/သားများသည် စာမေး ပွဲစနစ်၏ အားနည်းချက်များကို သိသော်လည်း လူတို့၏ အရည်အချင်းကို စစ်ဆေးသော အခြားကောင်းမွန်သည့် နည်းလမ်းဖြင့် အစားထိုးရန် မရှိသေးသည့်အတွက် မချစ်သော်လည်း အောင့်ကာနမ်းဆိုသည့်အတိုင်း မရှိမဖြစ်သော နတ်ဆိုးအဖြစ် (Necessary Evil) အဖြစ် ဆက်လက် အသုံးပြုနေရခြင်း ဖြစ်ပါသည်။ လက်ရှိ စာမေးပွဲနစ်ဖြင့် သင်ကြား အရည်အချင်း စစ်သည့်ပုံစံအား ပြုပြင်သည့်အနေဖြင့် အမေရိကန်နိုင်ငံတွင်(Work & Learn) ပုံစံ သင်ကြားနည်းစနစ်ကို ပြောင်းလဲ ကျင့်သုံးလာနေပြီ ဖြစ်ပါသည်။ ကျောင်း သူ/သားများကို စာသင်ရာတွင် လက်တွေ့ကျွမ်းကျင်မှုအချက်ပါ တွဲဖက်သင်ကြားပြီး စာမေးပွဲတွင် (Assignment) များ၊ (Project) များကို လက်တွေ့လုပ်စေပြီး ယင်းရလဒ်များဖြင့် ကျောင်းသူ/သားများ၏ အရည်အချင်းကို အကဲဖြတ်ခြင်းဖြစ်ပါသည်။ ယင်းစနစ်သည် ကျောင်းသူ/သား များအတွက် အကန့်အသတ်မရှိသော အသိပညာ (Knowledge) ကို ရရှိစေနိုင်သည့်အပြင် ကျောင်းသူ/သားများမှာလည်း စိတ် အားထက်သန်စွာ ပညာဆည်းပူးလိုမှု (Motivation) ကိုလည်း ဖြစ်ပေါ်လာစေကြောင်း တွေ့ရှိရပါသည်။
MCC ၏ (Work & Learn) ပညာ သင်ကြားနည်းစနစ်
MCC Institute များတွင် (၂၀၀၉)ခုနှစ်မှစတင်ပြီး (Work & Learn) ပညာသင်ကြားနည်း စနစ်များကို ကျင့်သုံးလာခဲ့ပါသည်။ MCC ၏ နာမည် B.Sc(Hons: ) Business IT ကွန်ပျူတာသိပ္ပံဘွဲ့သင်တန်းကို (Work & Learn) ပုံစံဖြင့် သင်ကြားခဲ့ရာ ထူးချွန်သော ကျောင်းသူ/သားများကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ပြည်တွင်းပြည်ပတွင် လုပ်ခ လစာကောင်းကောင်းဖြင့် အဆင့်မြင့် ကွန်ပျူတာပညာရှင်များအဖြစ် အသိအမှတ်ပြု ခံရကာ အလုပ်လုပ်ကိုင်လျက် ရှိကြပါသည်။ အင်္ဂလန်နိုင်ငံ (University of Greenwich) မှ ချီးမြှင့်သည့် B.Sc(Hons: ) Business IT သင်တန်းကို စတင်တက်ရောက်နေသော ကျောင်းသူ/သားများအား ပထမနှစ် စတင်တက်ရောက် သည့်အချိန်မှစကာ (On - the - Job - Training) ကို အပါတ်စဉ်ပြုလုပ်ရပြီး တတိယနှစ် ရောက်သည့်နှင့် အချိန်ပိုင်း အလုပ်ခန့်ထားကာ တစ်ပါတ်လျှင် (၃) ရက် ကျောင်းတက် (၂) ရက် အလုပ်လုပ်စေပါသည်။ လက်တွေ့ (Job Training) ကို MCC ၏ ICT Services အောက်ရှိ လက်တွေ့ဆောင်ရွက်လျက်ရှိသော IT Projcet ကြီးများတွင် ပါ၀င်လုပ်ကိုင်စေသည့်စနစ် ဖြစ်ပါသည်။ တတိယနှစ် ကျောင်းစပြီး ဘွဲ့ရသည်နှင့် ကျောင်းသူ/သားများအားလုံးကို အလုပ်ခန့်ထားကာ JSE (Junior Software Engineering) များအဖြစ် အတွေ့အကြံုရအောင် လေ့ကျင့်သင်ကြားပေးခြင်း ဖြစ်ပါသည်။
MCC ၏ (Work & Learn) သင်ကြားသည့် အစီအစဉ်တစ်ခုမှာ အင်္ဂလန်နိုင်ငံ၏ အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားမှုစနစ်ကို အကောင်အထည် ဖော်နေသော အကြီးဆုံး အဖွဲ့အစည်း ဖြစ် ပါသည်။ PEARSON Group နှင့် ပူးပေါင်းဆောင်ရွက်ပြီး MCC Polytechnic များတွင် BTEC Program များ သင်ကြားပေးခြင်း ဖြစ်ပါသည်။ BTEC Level-4 နှင့် Level-5 ကို (၂) နှစ် တက်ရောက်ပြီးလျှင် အင်္ဂလန်နိုင်ငံ၏ HND (Higher National Diploma) ရရှိနိုင်မည် ဖြစ်ပါသည်။ ယခုအခါ အင်ဂျင်နီ ယာဒီပလိုမာ၊ စီးပွားရေး ဒီပလိုမာ၊ ကွန်ပျူတာဒီပလိုမာ သင်တန်းများ စတင် သင်ကြားလျက် ရှိပါသည်။ PEARSON ၏ HND ဒီပလိုမာသင်တန်းများသည် စာမေးပွဲစနစ်မဟုတ်ဘဲ (Assignment) စနစ်ဖြင့် သင်ကြားပေးခြင်းဖြစ်ကြောင်း စာမေးပွဲနတ်ဆိုး (Exam Evil) ပူးကပ်ခြင်းမရှိပါ။ ကျောင်းသူ/သားများမှာလည်း စာမေးပွဲစနစ်၏ သားကောင်များ မဟုတ်တော့ဘဲ လွတ်လွတ်လပ်လပ် စိတ်အားထင်သန်စွာ လက်တွေ့အလုပ်ဖြင့် ပညာသင်ယူလျက် ရှိကြပါသည်။ ယင်းကဲ့သို့ အသက်မွေးဝမ်းကျောင်းပညာများ လက် တွေ့သင်ကြားမှု၏ ရလဒ်ကို အသိအမှတ်ပြု သည့်အနေဖြင့် အင်္ဂလန်နိုင်ငံ (QCF) ပညာ အဆင့်အတန်း စံသတ်မှတ်ချက်များ အရ BTEC Level-4 ကို တက္ကသိုလ် ပထမနှစ်၊ BTEC Level-5 ကို တက္ကသိုလ် ဒုတိယနှစ် အတန်းများနှင့် အဆင့်တူ အသိအမှတ်ပြုထားပါသည်။ ထို့ကြောင့် HND Level - 5 ဒီပလိုမာရရှိပြီးသူများသည် အင်္ဂလန်နိုင်ငံ ပညာအရည်အချင်း စံသတ် မှတ်ချက် Level - 6 ဖြစ်သော အင်္ဂလန်နိုင်ငံ တက္ကသိုလ်များ၏ တတိယနှစ်သို့ ၀င်ခွင့်ရပြီး (Top-Up) ဘွဲ့ ဒီပလိုမာများကို ဆက်လက်သင်ကြားရယူနိုင်မည် ဖြစ်ပါသည်။
MCC အနေဖြင့် အင်္ဂလန်နိုင်ငံ တက္ကသိုလ်များဖြစ်သော University of Greenwich, Middlesex University, Bermingham City University, Austriliam Institute of Business တို့ဖြင့် ချိတ်ဆက်ထားကာ HND ဒီပလိုမာ ရရှိပြီးသူများအတွက် (Top-Up) ဒီပလိုမာ သင်တန်းများကို MCC Institute များတွင် တက်ရောက်သင်ကြားနိုင်ရန် စီစဉ် ထားရှိပါသည်။
MCC Polytechnic များတွင် သင်ကြားလျက်ရှိသော HND ဒီပလိုမာ သင်တန်းများကို တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများ တက်ရောက်သင်ကြားနိုင်ပါသည်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲ မအောငfမြင်သည့် ကျောင်းသား/သူများအတွက် ဘဝတက်လမ်း ပိတ်ဆို့မသွားအောင် BTEC Level – 3 သို့ တက်ရောက်နိုင်ပြီး ယင်းမှတစ်ဆင့် Level – 4 နှင့် Level – 5 များသို့ ဆက်လက် တက်ရောက်ကာ အသက်မွေးကျောင်း ဒီပလိုမာများ ရရှိနိုင်သည်သာမက Level – 6 တက္ကသိုလ်နောက်ဆုံးနှစ်သို့ ဆက်လက်တက်ရောက်ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သူ များကဲ့သို့ပင် အင်္ဂလန်နိုင်ငံမှ ချီးမြှင့်မည့် ဘွဲ့ဒီဂရီများ ရရှိနိုင်မည်လည်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျရှုံးသူများ ဘဝမပျက်စေရန် အစီအစဉ်ရှိ သကဲ့သို့ အဋ္ဌမတန်း(Grade-9) စာမေးပွဲကျရှုံးသော ကလေးငယ်များအတွက်လည်း ငယ်ငယ်ရွယ်ရွယ်ဖြင့် ပညာသင်ကြားရေး လမ်းကြောင်း အဆက်မပြတ်စေရန် BTEC Level – 2 သို့ တက်နိုင်ရန်လည်း စီစဉ် ထားပါသည်။ ယင်းကလေးငယ်များအနေ ဖြင့် စာမေးပွဲစနစ် နတ်ဆိုးရန်မှ လွတ်မြောက်ပြီး အသက်မွေးဝမ်းကျောင်းပညာကို တက် ရောက်ကာ Level – 2 မှတစ်ဆင့် Level – 3, Level – 4, Level – 5 များ တက်ရောက်ကာ HND (Higher National Diploma) များ ရရှိနိုင်မည် ဖြစ်ပါသည်။ ထိုမှတစ်ဆင့် Level – 6 တက္ကသိုလ်နောက်ဆုံးနှစ် သင်တန်းများကို MCC Institute များတွင် တက်ရောက်ကာ အင်္ဂလန်နိုင်ငံ တက္ကသိုလ်များ၏ အင်ဂျင်နီယာသိပ္ပံဒီဂရီ၊ စီးပွားရေးပညာ သိပ္ပံဒိဂရီနှင့် ကွန်ပျူတာသိပ္ပံ ဒီဂရီများကို တက်လှမ်း ရရှိနိုင်မည် ဖြစ်ပါသည်။





အသိအမွတ္ျပဳဖို႔ဆိုတာ အပိုင္း(၂)

ျပီးခဲ့တဲ့အပိုင္းက မိမိအေၾကာင္း၊ မိမိတို႔လုပ္ငန္းအေၾကာင္းကို မိမိတို႔ကိုယ္တိုင္ ေျပာတာထက္ မိမိတို႔အေၾကာင္းကို မိမိတို႔မဟုတ္ေသာ အျခားအဖြဲ႕အစည္း (Third Party Organization)မွ ေျပာတာေကာင္းေၾကာင္း၊ သို႔မွသာ အမ်ား၏ အသိအမွတ္ ျပဳမႈခံရမည္ ျဖစ္ေၾကာင္းကို ေဖာ္ျပခဲ့ပါတယ္။ ဒီအပိုင္း(၂)မွာကေတာ့ အမ်ားအသိအမွတ္ ျပဳဖို႔ မိမိဘက္မွ ျပင္ဆင္ရမည့္ အခ်က္မ်ားကို ေဖာ္ျပသြားမွာ ျဖစ္ပါတယ္။
ပထမဆံုး ျပင္ဆင္ရမွာက ေရြးခ်ယ္မႈပါ။ မိမိဘ၀မွာ မိမိဘာျဖစ္ခ်င္သလဲဆိုတာနဲ႕ စတင္ရမွာ ျဖစ္ပါတယ္။ ကေလးဘ၀မွာ မိဘမ်ား၊ ေဆြမ်ိဳးမ်ား၊ လူၾကီးမ်ား ေမးတတ္ၾကေသာ ေမးခြန္းေပါ့။ ၾကီးလာရင္ ဘာလုပ္မွာလဲဆိုတာ။
သိပ္ကို အေရးၾကီးလွပါတယ္။ ဒီေမးခြန္းကို လြယ္လြယ္နဲ႔ မေျဖမိပါေစနဲ႔။ ငယ္ငယ္က ကိုယ္စီေျဖခဲ့ဘူးေပမယ့္ အခု ဒီစာဖတ္ေနတဲ့အခ်ိန္မွာေတာ့ ေသေသခ်ာခ်ာ ျပန္ေတြးျပီးေတာ့မွ မိမိကိုယ္ကို ေျဖေစခ်င္တာ စာေရးသူရဲ့ဆႏၵပါ။
ဒါဆို ဘာလိုလဲဆိုေတာ့ Computer မွာဆို Result ရဖို႔ Data ေတြကို Instruction ေပးၿပီးေတာ့ Process လုပ္ရပါတယ္။ ဒီသေဘာတရားအတိုင္းပါပဲ လူ႕ေလာကမွာ မိမိတို႔ ပန္းတိုင္ဆိုတဲ့ (Result)ရဖို႔ အေရးၾကီးတဲ့ Data ေတြကို စုေဆာင္းတတ္ဖို႔ လြန္စြာမွ အေရးၾကီးလွပါတယ္။ ရလာတဲ့ အခ်က္အလက္ကို စနစ္တက် စုေဆာင္းဖို႔ အခ်က္အလက္ေတြထဲမွ ဘယ္အခ်က္ေတြဟာ မိမိတို႔နဲ႔ ကိုက္ညီမႈရိွတယ္ ဆိုတာကို ခြဲျခားႏိုိင္မႈဆိုတာ ပညာလိိုပါတယ္။ ပညာဆုိတာ ဘာလဲ၊ ပညာဆိုတာ ပ(အေသးစိတ္) ညာ(ခြဲျခားႏိုင္ျခင္း)။ လူ႔ေလာကရဲ့ ျဖတ္သန္းမႈတိုင္းမွာ အေရးကိစၥ ၾကီးငယ္ကို ခြဲျခားႏိိုင္ေသာပညာ မရွိလွ်င္ အဆုိးအေကာင္းကို သင္ဘယ္လုိခြဲျခားမလဲ။
ဒါဆုိ ဦးစြာ စုေဆာင္းျပီးေသာ အခ်က္အလက္ေတြကို ေ၀ဖန္္ခြဲျခားျပီးလွ်င္ မိမိဘက္မွ လည္ပတ္ႏိုင္ေအာင္ Processing အလုပ္ကို လုပ္ေဆာင္ရမွာျဖစ္ပါတယ္။ ဒီေနရာမွာ မိမိတို႔ရဲ့ ပညာ၏ေလးနက္မႈက အေရးၾကီးလွပါတယ္။ ဆိုလိုတာက ဘြဲ႕တစ္ခုအတြက္၊ လက္မွတ္တစ္ေစာင္အတြက္၊ ဓါတ္ပံုတစ္ပံုအတြက္ သင္ၾကားေနေသာ အရာကို ဆိုလိုတာမဟုတ္။ ဒီေန႔ အမ်ားေျပာေနတဲ့ ဘ၀တစ္သက္တာ ပညာသင္ယူမႈ (Life Long Learning) ကို ဆိုလိုျခင္း ျဖစ္ပါတယ္။ လူအမ်ားက သိၾကပါတယ္။ လက္ေတြ႔လုပ္ရန္ ခက္ခဲတတ္ၾကတယ္။ အဓိက မိမိကိုယ္ကို မိမိထိန္းႏိုင္ဖို႔လိုပါတယ္။ သင္ယူတဲ့သူေတြ ျပင္ဆင္ဖို႔ အေရးၾကီးသလို သင္ၾကားမည့္သူေတြဘက္မွလည္း ဖိတ္ေခၚမႈက အေရးၾကီးလွပါတယ္။
ဒါေၾကာင့္ ကမၻာ႕ဆရာမ်ားေန႔ရဲ့ စာသားေလးအတုိင္း ==လူ႔အဖြဲ႕အစည္း စဥ္ဆက္ မျပတ္တိုးတက္ေရး ဆရာ့စြမ္းအင္ျမႇင့္တင္ေပး++ (Empowering Teachers, Building Sustainable Societies) ဆိုသည့္အတိုင္း ျပင္ဆင္ရမွာျဖစ္ပါတယ္။ ဆရာမ်ားရဲ႕ စြမ္းေဆာင္ရည္ကို အစဥ္အၿမဲ ျမႇင့္တင္ဖို႔ရွိရမွာျဖစ္ျပီး မိမိတို႔ဘက္မွလည္း တုိးတက္ေနေသာ ေခတ္ထဲတြင္ အိပ္ေပ်ာ္ျပီး မက်န္ခဲ့ဖို႔လိုပါတယ္။ အိပ္ေပ်ာ္ျပီးေနပါက အေသအခ်ာက်န္ခဲ့မွာမလြဲပါ။ မိမိတို႔အမ်ားဆံုး ျဖစ္တတ္သည့္သေဘာကေတာ့ အမ်ား ေရြးခ်ယ္တာကိုအေကာင္းထင္ျပီး လိုက္လုပ္တတ္တာ လူအမ်ားရဲ့အက်င့္ရွိတတ္ပါတယ္။ ဒီအခ်က္ကိုေတာ့ေရွာင္ဖို႔အေရးၾကီးပါတယ္။ အမ်ားေကာင္းတုိင္း မိမိတို႔ေကာင္းမည္ဟု ထင္ၾကသူမ်ားဟာ မစဥ္းစားေသာအက်င့္မွ ဆင္းသက္လာေသာသူမ်ားသာ ျဖစ္ၾကပါ တယ္။ လူသားေတြရဲ႕ ၾကီးမားေသာစြမ္းရည္မ်ားစြာထဲမွ တစ္ခုကေတာ့ စဥ္းစားေရြးခ်ယ္ ႏိိုင္မႈပါ။ ဒီအခ်က္ကိုအသံုုးခ်ရမွာျဖစ္ပါတယ္။ ေရြးခ်ယ္တဲ့ေနရာမွာ ေရာက္ေနေသာ ျဖတ္သန္းေနရေသာေခတ္ကို မေမ့ဖို႔လိုပါတယ္။ ဒီေနရာမွာ ေရြးခ်ယ္မႈေတြရဲ့သေဘာ တရားကို နားလည္ရပါမယ္။ မိမိရဲ့ေရြးခ်ယ္မႈမွာ ေရတိုနဲ႔ေရရွည္ကိုယွဥ္ရင္ ေရရွည္ရွိ သည့္အရာကို ေရြးခ်ယ္ရမွာျဖစ္ျပီး လူအမ်ားနဲ႔အနည္းအတြက္ အက်ိဳးရွိမႈမွာလည္း လူအမ်ားအတြက္ဆိုတဲ့ အခ်က္အလက္ေတြကို ထည့္သြင္းစဥ္းစားရမွာျဖစ္ျပီး ေရြးခ်ယ္ ရမွာ ျဖစ္ပါတယ္။
ဒီအခ်က္ေတြကေတာ့ ေရြးခ်ယ္မႈေနရာမွာ ပါ၀င္ရမည့္ အခ်က္ေတြပဲျဖစ္ပါတယ္။ မိမိကို အသိအမွတ္ျပဳျခင္းခံရဖို႔ ဦးစြာမိမိေရြးခ်ယ္မည့္လမ္းေၾကာင္းကို မိမိဘက္မွ စိတ္ၾကိဳက္ေရြးခ်ယ္ျပီး သူ႕ရဲ့တန္ဖိုးကို ေလးစားရမွာျဖစ္ပါတယ္။ သို႔မွသာ တျခား သူမ်ား အသိအမွတ္မျပဳခင္ ဦးစြာ မိမိဘက္မွ အသိအမွတ္ျပဳရမွာျဖစ္ပါတယ္။ မိမိေရြးခ်ယ္ေသာ လမ္းေၾကာင္းကို မိမိကိုယ္တိုင္ အသိအမွတ္မျပဳပါက အမ်ားမွ အသိ အမွတ္ျပဳမႈကို မေမွ်ာ္လင့္ပါနဲ႕။ မိမိအေနျဖင့္ အသိအမွတ္ျပဳျခင္းခံရဖို႔ ရႈေထာင့္ေပါင္းစံု ျမင္ကြင္းေပါင္းစံု ရွိတဲ့အထဲကမွ ယေန႔ေခတ္မွာ IT (Information Technology) ရႈေထာင့္မွ ျမင္ၾကပါစို႔။
ယေန႔ေခတ္ကာလသည္ ေရြးခ်ယ္ႏိုင္စရာ ေတာ္ေတာ္မ်ားေသာ ေခတ္ကာလျဖစ္ ပါတယ္။ အမ်ားစုအေနျဖင့္ Computer တတ္တယ္လို႔ေျပာလိုက္တိုင္း အကုန္ရမည္ ဟု ထင္ျမင္ၾကသူ မ်ားလွပါတယ္။ တကယ္လက္ေတြ႕တြင္ Computer ပညာရပ္၌ သူေနရာႏွင့္သူ ကြၽမ္းက်င္ရမည့္ ပညာရပ္ေတြမ်ားစြာရွိၾကပါတယ္။ လူသားတိုင္း ကမၻာေပၚမွ ပညာရပ္ေပါင္း သိန္းခ်ီ တတ္ေျမာက္ႏိုင္ဖို႔ မျဖစ္ႏိုင္သလို Computer ပညာရပ္တိုင္းကို ကြၽမ္းက်င္ဖို႔ဆိုတာ ခက္ခဲလွပါတယ္။ နက္ရႈိင္းလွပါတယ္။ သို႔ေသာ္ ပညာရွင္တစ္ဦးအေနျဖင့္ မိမိေလ့လာမႈ၊ စဥ္းစားမႈ၊ နည္းစနစ္မွန္ကန္မႈေပၚမူတည္ျပီး ခ်ိတ္ဆက္ေတြးေခၚနားလည္ႏိုင္သည့္ (Concept) ကိုေတာ့ရရွိႏိုင္မွာ ျဖစ္ပါတယ္။ Computer ပညာရပ္ကို စတင္ေလ့လာသည့္အခ်ိန္မွစျပီး စဥ္ဆက္မျပတ္ေလ့လာ သူတိုင္း လုပ္ေဆာင္ရမည့္အလုပ္မွာ စာေတြ႕ႏွင့္လက္ေတြ႕ကို မ်က္ေျခမပ်က္ဖိုု႔ လိုပါတယ္။ သုိ႔မွသာ ယေန႔ေခတ္ကာလ၏ ေရြ႕လ်ားမႈကို သိရွိႏိုင္မွာျဖစ္ပါတယ္။ မိမိတို႔ ေရြးခ်ယ္ထားေသာလမ္းေၾကာင္းသည္ ဘယ္သို႔ေရာက္ေနျပီ၊ ေရွ႕ဆက္ဘယ္သြား ေနျပီဆိုတာကိုသိရွိျပီး မိမိဘက္မွ ၾကိဳတင္ျပင္ဆင္ထားရမွာျဖစ္ပါတယ္။ မိမိေရြးခ်ယ္ ထားေသာလမ္းေၾကာင္းကို ခိုင္မာစြာတည္ေဆာက္ရင္း လိုအပ္မည့္အရာမ်ားကို အခ်ိန္ႏွင့္ တေျပးညီ ျဖည့္ဆည္းရမႈကို မိမိတို႔ တပါတည္းလုပ္ေဆာင္သြားရမွာ ျဖစ္ပါတယ္။ ဒီေနရာမွာ ေရြးခ်ယ္မႈအပိုင္း၌ လူစိတ္သေဘာအရ ေျပာင္းလဲတတ္တာမွန္ေပမယ့္ အခ်ိန္အခါတိုင္း ေျပာင္းလဲမႈလုပ္ပါက လိုတဲ့ပန္းတိုင္ မေရာက္ႏိုင္တာကို အထူး သတိထားရွိရမွာပါ။
မိမိစိတ္ၾကိဳက္ေရြးခ်ယ္ထားေသာ ပညာရပ္ကို ေလးစားတန္ဖိုးထားသလို အျခား သူေတြရဲ့ ေရြးခ်ယ္ထားေသာ ပညာရပ္ေတြကိုလည္း ေလးစားမႈရွိရမည္မွာ ပညာရွိတို႔၏ က်င့္၀တ္ ျဖစ္ပါတယ္။ အသိအမွတ္ျပဳျခင္းဆိုတာ တန္ဖိုးတစ္ခုကို ျပသႏိုင္လို႔ တန္ဖိုးရဲ့ တန္ျပန္ရရွိတဲ့ အက်ိဳးတစ္ခုပါ။ မိမိဘက္မွ တန္ဖိုးတစ္ခု မျပသႏိုင္ပါက တန္ျပန္ရရွိမည့္အက်ိဳးကိုလည္း မရရွိႏိုင္ပါ။ ေရြးခ်ယ္တဲ့ေနရာမွာ မိမိေရြးခ်ယ္တဲ့ လမ္းေၾကာင္းၾကီးမားသေလာက္ ေပးဆပ္မႈကလည္း ၾကီးၾကီးမားမားေပးဆပ္ရပါမယ္။ သို႕မွသာ အက်ိဳးကလည္း မ်ားမ်ားစားစားခံစားရမည္မွာ မလႊဲပါ။ ေရြးခ်ယ္တဲ့ေနရာမွာ မိမိေရြးခ်ယ္တဲ့လမ္းေၾကာင္းရဲ့ ခိုင္မာမႈကို ထည့္စဥ္းစားရမည္မွာ လြန္စြာအေရးၾကီးလွ ပါတယ္။
မိမိေရြးခ်ယ္မည့္လမ္းေၾကာင္း၏ခိုင္မာမႈအပိုင္းကို အခ်ိန္ကာလဆိုသည့္ေပတံျဖင့္ တိုင္းတာတတ္ၾကပါတယ္။ အခ်ိန္ကာလၾကာျမင့္စြာ ရပ္တည္ႏိုင္မႈသည္ လြန္စြာမွ အေရးၾကီးလွပါသည္။ အခ်ိန္ကာလအျပင္ ထည့္သြင္္းစဥ္းစားရမည့္အရာမ်ားလည္း ရွိပါ တယ္။ လုပ္ငန္းအတြက္ ဦးေဆာင္မႈ၊ စီမံထားရွိမႈ၊ ျပင္ဆင္မႈ စတာေတြကိုလည္း ေရြးခ်ယ္တဲ့လမ္းေၾကာင္းမွာ ထည့္စဥ္းစားရမွာ ျဖစ္ပါတယ္။
စတင္ေလ့လာသူတစ္ဦးအေနျဖင့္ ေရြးခ်ယ္မႈ မျပဳလုပ္ခင္မွာ ရသမွ် Data ေတြ စုေဆာင္းပါ။ အခိ်န္ကာလတစ္ခုျဖတ္သန္းျပီးမွ ေရြးခ်ယ္မႈကို ျပတ္သားစြာခ်မွတ္ပါ။ ေရြးခ်ယ္မႈအပိုင္း ျပီးေျမာက္သြားပါက ေမာင္းႏွင္မႈ (Drive) နည္းပညာေလာကမွာေတာ့ Processing အပိုင္းကို ေရွ႕ဆက္ရမွာျဖစ္ပါတယ္။
ေရွ႕တစ္ပါတ္မွာေတာ့ မိမိတို႔ စိတ္ၾကိဳက္ေရြးခ်ယ္ထားေသာ လမ္းေၾကာင္းကို ေရာက္ဖို႔ ေမာင္းႏွင္ၾကပါစို႔။

ဆရာဇာနည္ (MCT)

အသိအမှတ်ပြုဖို့ဆိုတာ အပိုင်း(၂)

ပြီးခဲ့တဲ့အပိုင်းက မိမိအကြောင်း၊ မိမိတို့လုပ်ငန်းအကြောင်းကို မိမိတို့ကိုယ်တိုင် ပြောတာထက် မိမိတို့အကြောင်းကို မိမိတို့မဟုတ်သော အခြားအဖွဲ့အစည်း (Third Party Organization)မှ ပြောတာကောင်းကြောင်း၊ သို့မှသာ အများ၏ အသိအမှတ် ပြုမှုခံရမည် ဖြစ်ကြောင်းကို ဖော်ပြခဲ့ပါတယ်။ ဒီအပိုင်း(၂)မှာကတော့ အများအသိအမှတ် ပြုဖို့ မိမိဘက်မှ ပြင်ဆင်ရမည့် အချက်များကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။
ပထမဆုံး ပြင်ဆင်ရမှာက ရွေးချယ်မှုပါ။ မိမိဘဝမှာ မိမိဘာဖြစ်ချင်သလဲဆိုတာနဲ့ စတင်ရမှာ ဖြစ်ပါတယ်။ ကလေးဘဝမှာ မိဘများ၊ ဆွေမျိုးများ၊ လူကြီးများ မေးတတ်ကြသော မေးခွန်းပေါ့။ ကြီးလာရင် ဘာလုပ်မှာလဲဆိုတာ။
သိပ်ကို အရေးကြီးလှပါတယ်။ ဒီမေးခွန်းကို လွယ်လွယ်နဲ့ မဖြေမိပါစေနဲ့။ ငယ်ငယ်က ကိုယ်စီဖြေခဲ့ဘူးပေမယ့် အခု ဒီစာဖတ်နေတဲ့အချိန်မှာတော့ သေသေချာချာ ပြန်တွေးပြီးတော့မှ မိမိကိုယ်ကို ဖြေစေချင်တာ စာရေးသူရဲ့ဆန္ဒပါ။
ဒါဆို ဘာလိုလဲဆိုတော့ Computer မှာဆို Result ရဖို့ Data တွေကို Instruction ပေးပြီးတော့ Process လုပ်ရပါတယ်။ ဒီသဘောတရားအတိုင်းပါပဲ လူ့လောကမှာ မိမိတို့ ပန်းတိုင်ဆိုတဲ့ (Result)ရဖို့ အရေးကြီးတဲ့ Data တွေကို စုဆောင်းတတ်ဖို့ လွန်စွာမှ အရေးကြီးလှပါတယ်။ ရလာတဲ့ အချက်အလက်ကို စနစ်တကျ စုဆောင်းဖို့ အချက်အလက်တွေထဲမှ ဘယ်အချက်တွေဟာ မိမိတို့နဲ့ ကိုက်ညီမှုရှိတယ် ဆိုတာကို ခွဲခြားနိိုင်မှုဆိုတာ ပညာလိိုပါတယ်။ ပညာဆိုတာ ဘာလဲ၊ ပညာဆိုတာ ပ(အသေးစိတ်) ညာ(ခွဲခြားနိုင်ခြင်း)။ လူ့လောကရဲ့ ဖြတ်သန်းမှုတိုင်းမှာ အရေးကိစ္စ ကြီးငယ်ကို ခွဲခြားနိိုင်သောပညာ မရှိလျှင် အဆိုးအကောင်းကို သင်ဘယ်လိုခွဲခြားမလဲ။
ဒါဆို ဦးစွာ စုဆောင်းပြီးသော အချက်အလက်တွေကို ဝေဖန််ခွဲခြားပြီးလျှင် မိမိဘက်မှ လည်ပတ်နိုင်အောင် Processing အလုပ်ကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ မိမိတို့ရဲ့ ပညာ၏လေးနက်မှုက အရေးကြီးလှပါတယ်။ ဆိုလိုတာက ဘွဲ့တစ်ခုအတွက်၊ လက်မှတ်တစ်စောင်အတွက်၊ ဓါတ်ပုံတစ်ပုံအတွက် သင်ကြားနေသော အရာကို ဆိုလိုတာမဟုတ်။ ဒီနေ့ အများပြောနေတဲ့ ဘဝတစ်သက်တာ ပညာသင်ယူမှု (Life Long Learning) ကို ဆိုလိုခြင်း ဖြစ်ပါတယ်။ လူအများက သိကြပါတယ်။ လက်တွေ့လုပ်ရန် ခက်ခဲတတ်ကြတယ်။ အဓိက မိမိကိုယ်ကို မိမိထိန်းနိုင်ဖို့လိုပါတယ်။ သင်ယူတဲ့သူတွေ ပြင်ဆင်ဖို့ အရေးကြီးသလို သင်ကြားမည့်သူတွေဘက်မှလည်း ဖိတ်ခေါ်မှုက အရေးကြီးလှပါတယ်။
ဒါကြောင့် ကမ္ဘာ့ဆရာများနေ့ရဲ့ စာသားလေးအတိုင်း ==လူ့အဖွဲ့အစည်း စဉ်ဆက် မပြတ်တိုးတက်ရေး ဆရာ့စွမ်းအင်မြှင့်တင်ပေး++ (Empowering Teachers, Building Sustainable Societies) ဆိုသည့်အတိုင်း ပြင်ဆင်ရမှာဖြစ်ပါတယ်။ ဆရာများရဲ့ စွမ်းဆောင်ရည်ကို အစဉ်အမြဲ မြှင့်တင်ဖို့ရှိရမှာဖြစ်ပြီး မိမိတို့ဘက်မှလည်း တိုးတက်နေသော ခေတ်ထဲတွင် အိပ်ပျော်ပြီး မကျန်ခဲ့ဖို့လိုပါတယ်။ အိပ်ပျော်ပြီးနေပါက အသေအချာကျန်ခဲ့မှာမလွဲပါ။ မိမိတို့အများဆုံး ဖြစ်တတ်သည့်သဘောကတော့ အများ ရွေးချယ်တာကိုအကောင်းထင်ပြီး လိုက်လုပ်တတ်တာ လူအများရဲ့အကျင့်ရှိတတ်ပါတယ်။ ဒီအချက်ကိုတော့ရှောင်ဖို့အရေးကြီးပါတယ်။ အများကောင်းတိုင်း မိမိတို့ကောင်းမည်ဟု ထင်ကြသူများဟာ မစဉ်းစားသောအကျင့်မှ ဆင်းသက်လာသောသူများသာ ဖြစ်ကြပါ တယ်။ လူသားတွေရဲ့ ကြီးမားသောစွမ်းရည်များစွာထဲမှ တစ်ခုကတော့ စဉ်းစားရွေးချယ် နိိုင်မှုပါ။ ဒီအချက်ကိုအသုုံးချရမှာဖြစ်ပါတယ်။ ရွေးချယ်တဲ့နေရာမှာ ရောက်နေသော ဖြတ်သန်းနေရသောခေတ်ကို မမေ့ဖို့လိုပါတယ်။ ဒီနေရာမှာ ရွေးချယ်မှုတွေရဲ့သဘော တရားကို နားလည်ရပါမယ်။ မိမိရဲ့ရွေးချယ်မှုမှာ ရေတိုနဲ့ရေရှည်ကိုယှဉ်ရင် ရေရှည်ရှိ သည့်အရာကို ရွေးချယ်ရမှာဖြစ်ပြီး လူအများနဲ့အနည်းအတွက် အကျိုးရှိမှုမှာလည်း လူအများအတွက်ဆိုတဲ့ အချက်အလက်တွေကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပြီး ရွေးချယ် ရမှာ ဖြစ်ပါတယ်။
ဒီအချက်တွေကတော့ ရွေးချယ်မှုနေရာမှာ ပါ၀င်ရမည့် အချက်တွေပဲဖြစ်ပါတယ်။ မိမိကို အသိအမှတ်ပြုခြင်းခံရဖို့ ဦးစွာမိမိရွေးချယ်မည့်လမ်းကြောင်းကို မိမိဘက်မှ စိတ်ကြိုက်ရွေးချယ်ပြီး သူ့ရဲ့တန်ဖိုးကို လေးစားရမှာဖြစ်ပါတယ်။ သို့မှသာ တခြား သူများ အသိအမှတ်မပြုခင် ဦးစွာ မိမိဘက်မှ အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ မိမိရွေးချယ်သော လမ်းကြောင်းကို မိမိကိုယ်တိုင် အသိအမှတ်မပြုပါက အများမှ အသိ အမှတ်ပြုမှုကို မမျှော်လင့်ပါနဲ့။ မိမိအနေဖြင့် အသိအမှတ်ပြုခြင်းခံရဖို့ ရှုထောင့်ပေါင်းစုံ မြင်ကွင်းပေါင်းစုံ ရှိတဲ့အထဲကမှ ယနေ့ခေတ်မှာ IT (Information Technology) ရှုထောင့်မှ မြင်ကြပါစို့။
ယနေ့ခေတ်ကာလသည် ရွေးချယ်နိုင်စရာ တော်တော်များသော ခေတ်ကာလဖြစ် ပါတယ်။ အများစုအနေဖြင့် Computer တတ်တယ်လို့ပြောလိုက်တိုင်း အကုန်ရမည် ဟု ထင်မြင်ကြသူ များလှပါတယ်။ တကယ်လက်တွေ့တွင် Computer ပညာရပ်၌ သူနေရာနှင့်သူ ကျွမ်းကျင်ရမည့် ပညာရပ်တွေများစွာရှိကြပါတယ်။ လူသားတိုင်း ကမ္ဘာပေါ်မှ ပညာရပ်ပေါင်း သိန်းချီ တတ်မြောက်နိုင်ဖို့ မဖြစ်နိုင်သလို Computer ပညာရပ်တိုင်းကို ကျွမ်းကျင်ဖို့ဆိုတာ ခက်ခဲလှပါတယ်။ နက်ရှိုင်းလှပါတယ်။ သို့သော် ပညာရှင်တစ်ဦးအနေဖြင့် မိမိလေ့လာမှု၊ စဉ်းစားမှု၊ နည်းစနစ်မှန်ကန်မှုပေါ်မူတည်ပြီး ချိတ်ဆက်တွေးခေါ်နားလည်နိုင်သည့် (Concept) ကိုတော့ရရှိနိုင်မှာ ဖြစ်ပါတယ်။ Computer ပညာရပ်ကို စတင်လေ့လာသည့်အချိန်မှစပြီး စဉ်ဆက်မပြတ်လေ့လာ သူတိုင်း လုပ်ဆောင်ရမည့်အလုပ်မှာ စာတွေ့နှင့်လက်တွေ့ကို မျက်ခြေမပျက်ဖိုု့ လိုပါတယ်။ သို့မှသာ ယနေ့ခေတ်ကာလ၏ ရွေ့လျားမှုကို သိရှိနိုင်မှာဖြစ်ပါတယ်။ မိမိတို့ ရွေးချယ်ထားသောလမ်းကြောင်းသည် ဘယ်သို့ရောက်နေပြီ၊ ရှေ့ဆက်ဘယ်သွား နေပြီဆိုတာကိုသိရှိပြီး မိမိဘက်မှ ကြိုတင်ပြင်ဆင်ထားရမှာဖြစ်ပါတယ်။ မိမိရွေးချယ် ထားသောလမ်းကြောင်းကို ခိုင်မာစွာတည်ဆောက်ရင်း လိုအပ်မည့်အရာများကို အချိန်နှင့် တပြေးညီ ဖြည့်ဆည်းရမှုကို မိမိတို့ တပါတည်းလုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ရွေးချယ်မှုအပိုင်း၌ လူစိတ်သဘောအရ ပြောင်းလဲတတ်တာမှန်ပေမယ့် အချိန်အခါတိုင်း ပြောင်းလဲမှုလုပ်ပါက လိုတဲ့ပန်းတိုင် မရောက်နိုင်တာကို အထူး သတိထားရှိရမှာပါ။
မိမိစိတ်ကြိုက်ရွေးချယ်ထားသော ပညာရပ်ကို လေးစားတန်ဖိုးထားသလို အခြား သူတွေရဲ့ ရွေးချယ်ထားသော ပညာရပ်တွေကိုလည်း လေးစားမှုရှိရမည်မှာ ပညာရှိတို့၏ ကျင့်ဝတ် ဖြစ်ပါတယ်။ အသိအမှတ်ပြုခြင်းဆိုတာ တန်ဖိုးတစ်ခုကို ပြသနိုင်လို့ တန်ဖိုးရဲ့ တန်ပြန်ရရှိတဲ့ အကျိုးတစ်ခုပါ။ မိမိဘက်မှ တန်ဖိုးတစ်ခု မပြသနိုင်ပါက တန်ပြန်ရရှိမည့်အကျိုးကိုလည်း မရရှိနိုင်ပါ။ ရွေးချယ်တဲ့နေရာမှာ မိမိရွေးချယ်တဲ့ လမ်းကြောင်းကြီးမားသလောက် ပေးဆပ်မှုကလည်း ကြီးကြီးမားမားပေးဆပ်ရပါမယ်။ သို့မှသာ အကျိုးကလည်း များများစားစားခံစားရမည်မှာ မလွှဲပါ။ ရွေးချယ်တဲ့နေရာမှာ မိမိရွေးချယ်တဲ့လမ်းကြောင်းရဲ့ ခိုင်မာမှုကို ထည့်စဉ်းစားရမည်မှာ လွန်စွာအရေးကြီးလှ ပါတယ်။
မိမိရွေးချယ်မည့်လမ်းကြောင်း၏ခိုင်မာမှုအပိုင်းကို အချိန်ကာလဆိုသည့်ပေတံဖြင့် တိုင်းတာတတ်ကြပါတယ်။ အချိန်ကာလကြာမြင့်စွာ ရပ်တည်နိုင်မှုသည် လွန်စွာမှ အရေးကြီးလှပါသည်။ အချိန်ကာလအပြင် ထည့်သွင််းစဉ်းစားရမည့်အရာများလည်း ရှိပါ တယ်။ လုပ်ငန်းအတွက် ဦးဆောင်မှု၊ စီမံထားရှိမှု၊ ပြင်ဆင်မှု စတာတွေကိုလည်း ရွေးချယ်တဲ့လမ်းကြောင်းမှာ ထည့်စဉ်းစားရမှာ ဖြစ်ပါတယ်။
စတင်လေ့လာသူတစ်ဦးအနေဖြင့် ရွေးချယ်မှု မပြုလုပ်ခင်မှာ ရသမျှ Data တွေ စုဆောင်းပါ။ အချိန်ကာလတစ်ခုဖြတ်သန်းပြီးမှ ရွေးချယ်မှုကို ပြတ်သားစွာချမှတ်ပါ။ ရွေးချယ်မှုအပိုင်း ပြီးမြောက်သွားပါက မောင်းနှင်မှု (Drive) နည်းပညာလောကမှာတော့ Processing အပိုင်းကို ရှေ့ဆက်ရမှာဖြစ်ပါတယ်။
ရှေ့တစ်ပါတ်မှာတော့ မိမိတို့ စိတ်ကြိုက်ရွေးချယ်ထားသော လမ်းကြောင်းကို ရောက်ဖို့ မောင်းနှင်ကြပါစို့။

ဆရာဇာနည် (MCT)



သတင္းအခ်က္အလက္နွင့္ ကြန္ယက္လုံျခဳံေရး အပုိင္း(၃)

သတင္းအခ်က္အလက္လုံျခံဳဖုိ႕ Password ေပးတာဂရုစုိက္စုိ႕
“ေျဖာင္းေျဖာင္း…..ေျဖာင္းေျဖာင္း”
ညေနခင္းတစ္ခုမွာကြ်န္ေတာ္လည္းအလုပ္နည္းနည္းပါးူတာနဲ႕အိမ္ေစာေစာျပန္ျပီးမေရာက္တာၾကာျပီျဖစ္တဲ့ ေက်ာင္းေနဖက္သူငယ္ခ်င္းတစ္ဦးရဲ႕ရုံးခန္းထဲကုိတံခါးဖြင့္အ၀င္မွာၾကားလုိက္ရတဲ့အသံေတြပဲျဖစ္ပါေတာ့တယ္၊ ထုိသူငယ္ခ်င္းျဖစ္သူမွာကြ်န္ေတာ္နဲ႕မႏၱေလးတကၠသုိလ္အတူတူတက္ေရာက္ခဲ့ျပီးအခုေတာ့ရန္ကုန္သူတစ္ဦး ႏွင့္ အိမ္ေထာင္က်ကာကုိယ္ပုိင္စီးပြားေရးလုပ္ငန္းတစ္ခုနဲ႕အဆင္ေျပအေျခက်ေနသူတစ္ဦးပဲျဖစ္ပါတယ္၊ အလုပ္ တာ၀န္၊ မိသားစုတာ၀န္ကုိယ္စီနဲ႕မုိ႕သာေရးနာေရးကိစၥေတြေလာက္ပဲေတြ႕ျဖစ္ၾကတာမုိ႕ ၾကံဳၾကိဳက္ တုန္းအလည္အပါတ္၀င္ရင္းေထြရာေလးပါး၊ေရွးေဟာင္းေနွာင္းျဖစ္ေတြေျပာၾကဖုိ႕လာခဲ့တာပဲျဖစ္ပါတယ္။
ကြ်န္ေတာ္လည္းတံခါးကုိတြန္းဖြင့္၀င္လုိက္ရင္းသူငယ္ခ်င္းဘာေတြမ်ားျဖစ္ေနလည္းလုိ႕ၾကည့္လုိက္တဲ့အခါမွာ ေတာ့သူ႕ကုိစားပြဲေပၚမွာရွိတဲ့ကြန္ပ်ဴတာေရွ႕မွာအက်အနထုိင္ျပီး Keyboard ကေနတစ္ခုခုကုိအသည္းအသန္ ရုိက္ေနတာကုိေတြလုိက္ရပါေတာ့တယ္ ၊ ဒါနဲ႕ကြ်န္ေတာ္လည္း” သူငယ္ခ်င္းမင္းဘာေတြအသည္းအသန္ရုိက္ ေနတာလည္း Keyboard မေကာင္းရင္လည္းဘာမွတန္ဖုိးရွိတာမဟုတ္ဘူး၊အသစ္လဲလုိက္ပါလား၊သူမ်ားေတြ ၾကားရင္အခန္းထဲမွာတစ္ခုခုျဖစ္ေနတဲ့အတုိင္းပဲ “ လုိ႕ကုိ္ယ့္ဗီဇအတုိင္းဆရာလုပ္လုိက္တဲ့အခါမွာေတာ့သူက “မင္းကေတာ့ေက်ာင္းဆရာလုိ႕မေျပာရဘူး၊ဘယ္သူ႕ကုိေတြ႕ေတြ႕ဆရာလုပ္ဖို႕ပဲစဥ္းစားေနေတာ့တာပဲ၊ငါ့ ကြန္ ပ်ဴတာကဘာမွမျဖစ္ဘူး Keyboard ကလည္းအေကာင္းၾကီးရွိေသးတယ္၊အခု Facebook သုံးဖုိ႕ Password ရုိက္ေနတာကြ၊မင္းကဘာမွလည္းမသိဘဲနဲ႕” လုိ႕ျပန္ေျပာလုိက္ေတာ့ကြ်န္ေတာ္လည္းအံ႕ၾသသြားျပီးသူငယ္ခ်င္း ရယ္ Facebook သုံးဖုိ႕ Password ရုိက္တာမ်ားလူသတ္ေနတဲ့အတုိင္းပဲ၊ေနပါအုံးမင္းက Password ကုိဘာ ေတြမ်ားခက္ခက္ခဲခဲေပးထားလုိ႕အသဲအသန္ရုိက္ေနရတာလည္းလုိ႕အတြန္႕တက္လုိက္တဲ့အခါမွာေတာ့သူျပန္ေျပာလုိက္တဲ့စကားအျပီးမွာကြ်န္ေတာ္လည္းပါးစပ္အေဟာင္းသားျဖစ္သြားပါေတာ့တယ္
သူျပန္ေျပာလုိက္တာကေတာ့ “ ငါက Facebook Password ကုိဘာမွလည္းခက္ခက္ခဲခဲေပးထားတာ မဟုတ္ဘူး၊ငါ့ေယာက္ဖၾကီးရဲ႕နံမည္ကုိပဲေပးထားတာကြ၊သူ႕နာမည္ကနဲနဲရွည္ေနတာရယ္သူ႕ကုိယ္လည္း ၾကည့္မရတာနဲ႕အသံအက်ယ္ၾကီးျမည္ေအာင္ရုိက္ေနတာ၊မင္းစဥ္းစားၾကည့္ေလ ငါကသူ႕ညီမနဲ႕ခ်စ္သူေတြ ျဖစ္အိမ္ေထာင္က်ေတာ့ဆံထုံးေနာက္ေယာင္ပါရန္ကုန္ကုိလုိက္လာရတယ္၊ျပီးေတာ့သူ႕အေမၾကီးကလည္း က်မ္းမာေရးသိပ္မေကာင္းေတာ့သမီးေလးကိုမခဲြနုိင္ဘူးဆုိျပီးသူတုိ႕အိမ္မွာလုိက္ေနေတာ့ေယာကၡမအိမ္တက္ သမက္မ်က္နွာငယ္ဆုိသလုိဇနီးျဖစ္သူနဲ႕အဆင္ေျပေပမဲ့ေနရထုိင္ရတာသိပ္မလြတ္လပ္ဘူးေပါ့ကြာ၊ျပီးေတာ့ ေယာကၡမၾကီးကက်မ္းမာေရးမေကာင္းေတာ့ငါ့မွာအလုပ္တစ္ဖက္နဲ႕အိမ္ကိစၥေတြ၀ုိင္းျပီးကူေပးေနရတာေပါ့၊ အိမ္အလုပ္ကူရတာျပသာနာမရွိပါဘူး၊ငါလည္းအိမ္ေထာင္မက်ခင္ကမိသားစုတာ၀န္ေတြယူခဲ့ရတာမင္းသိေန တာပဲဆုိးတာကေတာ့သူ႕အကုိပဲငါ့လူေရ၊ သူကဇနီးျဖစ္သူထက္အသက္(၅)နွစ္ေလာက္ၾကီးျပီး အျငိမ္းစား ယူထားတဲ့လူပ်ိဴၾကီးဆုိေတာ့တေန႕တေန႔ဟုိဟာေျပာလုိက္ဒီဟာေျပာလုိက္နဲ႕နားကုိေကာင္းေကာင္းမေနရဘူး၊ ငါ့မလဲမိန္းမမ်က္နွာရွိေတာ့တစ္ခါတေလျပန္ေျပာခ်င္ေပမဲ့မေကာင္းတတ္ေတာ့ေအာင့္အီးသည္းခံေနရတာဟုိတရက္ကဆုိသူေျပာတဲ့အေပါက္ကငါပဲမဟုတ္တာေတြအကုန္လုပ္ျပီးအိမ္မွာဟန္ေဆာင္ေနသလုိမ်ိဳးမင္းပဲစဥ္းစား ၾကည့္ဘယ္ေလာက္ရုိက္ခ်င္စရာေကာင္းလဲ၊ဒါေၾကာင့္ငါလည္းစကားနည္းရန္ဆဲသူ႕ကို္ေတာ့ဘာမွျပန္ေျပာ မေနေတာ့ပဲရုံးမွာသုံးတဲ့ Facebook Account ကုိသူ႕နာမည္နဲ႕ Password လုပ္ျပီးအိမ္မွာသူေျပာလုိက္တာေတြ တစ္ခုခုကုိျပန္သတိရမိတုိင္းအခုလုိပဲ Password ကုိခပ္နာနာေလးရုိက္ျပီးဖြင့္ေနတာေဟ့ “ ပဲျဖစ္ပါတယ္။
ကြ်န္ေတာ္လည္းပထမေတာ့အံ႕ၾသသြားရာကေန၀ါးလုံးကြဲရယ္ခ်လုိက္ျပီးသူ႕မ်က္နွာကုိတည့္တည့္ၾကည့္ကာ “ ျဖစ္မွျဖစ္ရေလသူငယ္ခ်င္းရယ္၊မင္းေယာက္ဖၾကီးကုိဒီေလာက္ခ်စ္မွန္းငါလည္းအခုမွပဲသိရေတာ့တယ္၊ ခ်စ္တာေတာ့ခ်စ္ေပါ့ကြာ၊ဒါေပမဲ့အခုလုိ Password ေပးတာေတာ့မေကာင္းပါဘူး၊ Password ဆုိတာ သတိထား မိလြယ္တဲ့နာမည္၊သေကၤတ၊ရက္စြဲ လုိဟာမ်ိဳးေတြကုိမေပးရဘူး၊ မင္းတုိ႕လုိစီးပြားေရး လုပ္ငန္း ရွင္ေတြ၊ ထင္ရွား ေက်ာ္ၾကားတဲ့သူေတြအတြက္သတင္းအခ်က္အလက္ေတြေပါက္ၾကားနုိင္မဲ့ အႏၱရာယ္ရွိ တယ္လုိ႕” ေျပာလုိက္မွ ကြ်န္ေတာ့ကုိမ်က္နွာငယ္ေလးနဲ႕ျပန္ၾကည့္ရင္း “ ဒါဆုိ Password ေပးတဲ့အခါ ဘယ္လုိဟာေတြေပးရမယ္၊ ဘယ္လုိဟာေတြကုိမေပးသင့္ဘူးဆုိတဲ့ေဆာင္ရန္ေရွာင္ရန္ေလးေတြေျပာပါအုံး ေဘာ္ဒါၾကီးရယ္မင္းကုိ ဆရာ တင္ပါတယ္” လုိ႕ေျပာလာေတာ့ ကြ်န္ေတာ္လည္း ဆရာၾကီးအုိက္တင္နဲ႕ သိထားသမ်ွေလးေတြ ကုိလုိရွင္းတုိရွင္း ေအာက္မွာေဖၚျပေပးထားတဲ့ အတုိင္းျပန္ျပီး ေဖါက္သည္ခ်လုိက္ ရပါေတာ့တယ္။
Password(စကား၀ွက္) ဆုိတာအသုံးျပဳဖုိ႕အလြယ္ကူဆုံး၊ကုန္က်စရိတ္အနည္းဆုံးျဖစ္ေပမဲ့ေပါက္ၾကားနုိင္တဲ့ နည္းလမ္းေတြနဲ႕စိတ္မခ်ရတာေတြလည္းမ်ားေတာ့လုပ္ငန္းၾကီးေတြမွာ Password အသုံးျပဳမူအတြက္ Policy ေတြခ်မွတ္ျပီးအဲဒီမူ၀ါဒေတြအတုိင္းလုိက္နာက်င့္သုံးၾကရပါတယ္၊ အခုဆုိရင္လုပ္ငန္းတုိင္းနီးပါးမွာအုိင္တီ၊ အင္တာနက္၊ Database နဲ႕ Information System ေတြအသုံးျပဳေနၾကျပီျဖစ္လုိ႕ Passwrod ေတြကုိ Computer Log-On အတြက္၊ အင္တာနက္အသုံးျပဳဖုိ႕အတြက္၊ email Password၊ Database Access Password နဲ႕ Information Systems ေတြအသုံးျပဳၾကတဲ့အခါအသုံးျပဳသူရဲ႕အဆင့္ User Right ေတြ ေပၚမွာမူတည္ျပီး Password Policy ေတြခ်မွတ္အသုံးျပဳေနၾကတာျဖစ္ပါတယ္၊တစ္ခ်ိဳ႕လုပ္ငန္းအဖြဲ႕အစည္း ေတြမွာဆုိရင္ email Account တင္(၃)(၄)ခုရွိတာျဖစ္တဲ့အတြက္ Password ေတြကုိေတာ္ေတာ္ေလး သတိထားျပီးအသုံးျပဳေနၾကရေၾကာင္းျပန္လည္မွ်ေ၀ရင္း Password အသုံးျပဳမယ္ဆုိရင္ အေလးထား လုိက္နာသင့္တဲ့အခ်က္ေလးေတြနဲ႕ေဆာင္ရန္ေရွာင္ရန္တစ္ခ်ိဳ႕ကုိေျပာျပေပးခဲ့ပါတယ္။
ကြန္ပ်ဴတာနွင့္သက္ဆုိင္ရာ Program တစ္ခုခုအတြက္Password တစ္ခုကုိအသုံးျပဳမည္ဆုိလွ်င္
• အနည္းဆုံးရက္(၆၀)တစ္ခါေလာက္ Password ေျပာင္းသင့္ေၾကာင္း
• Password ကုိအနည္းဆုံးစကားလုံးအေရအတြက္(၈)လုံး(၉)လုံးထားသင့္ေၾကာင္း
• Password တစ္ခုမွာ Upper Case, Lower Case နဲ႕Numeric စကားလုံးေတြ၊ Special Character ေတြျဖစ္တဲ့ (!,@,#...)စတာေတြေပါင္းျပီးေရးသင့္ေၾကာင္း
• Password ေပးတဲ့အခါမွာအလြယ္တကူသတိျပဳမိေစနုိင္တဲ့
• အသုံးျပဳသူအမည္(UserName ) တုိ႕
• ၀န္ထမ္းကုိယ္ပုိင္အမွတ္တုိ႕
• မိမိအမည္နွင့္သိကြ်မ္းရင္းနွီးသူတစ္ဦးဦးရဲ႕အမည္တုိ႕
• မိသားစုအမည္(ဒါမွမဟုတ္)နာမည္ေျပာင္တုိ႕
• လူမူဖူလုံေရးနံပါတ္တုိ႕
• ေမြးသကၠရာဇ္တုိ႕
• ကားနံပါတ္တုိ႕
• လိပ္စာတုိ႕
• ဖုန္းနံပါတ္တုိ႕
• မိမိဌာနအမည္တုိ႕
• မိမိျမိဳ႕(ဒါမွမဟုတ္)ရပ္ကြက္အမည္၊လမ္းအမည္တုိ႕
• ေက်ာင္းအမည္တုိ႕၊ေက်ာင္းေဆာင္ပုဒ္တုိ႕
• အေရာင္တုိ႕၊အစားအေသာက္အမည္တုိ႕
• ထင္ရွားေက်ာ္ၾကားတဲ့အမည္တုိ႕
• သုံးျပီးသား Password တုိ႕
စတာတာေတြကုိ ေရွာင္ရွားဖုိ႕နဲ႕မိမိကလြဲလုိ႕က်န္တဲ့သူေတြကုိ Password မသိရွိနုိင္ဖုိ႕လုံျခံဳတဲ့နည္းလမ္း ေတြနဲ႕အသုံးျပဳဖုိ႕၊အသုံးျပဳတဲ့ Password ေတြမ်ားတယ္ဆုိရင္လည္းလွ်ိ႕၀ွက္တဲ့အစီအစဥ္နဲ႕သိမ္းဆည္းထားဖုိ႕ သူငယ္ခ်င္းျဖစ္သူကုိရွင္းျပလုိက္တဲ့အခါမွာေတာ့” အေတာ္ပဲသူငယ္ခ်င္းေရ၊မနက္ျဖန္ေတာင္တုိ႕ကုမၸဏီက ထူေထာင္ထားတဲ့ Customer နဲ႕ Stock Database ေတြကုိဘယ္သူေတြကုိေပးသိမယ္၊ဘယ္သူ႕ဘယ္လုိပုံစံနဲ႕ Password ေတြထားမယ္ဆုိတာေဆြးေနြးဖုိ႕ရွိတယ္၊မင္းေျပာတဲ့ Password Guideline ေလးေတြကေတာ္ေတာ္ အသုံး၀င္နုိင္မယ္လုိ႕ထင္တယ္၊ေက်းဇူးပဲသူငယ္ခ်င္း” ဆုိတဲ့စကားေလးအျပီးမွာပဲကြ်န္ေတာ္လည္းသူ႕ကုိ နဳတ္ဆက္ထြက္ခြာခဲ့ျပီးေအာက္မွာအသင့္ေစာင့္ေနတဲ့ကားေပၚတက္လုိက္လာခဲ့ပါေတာ့တယ္။

UNO(အုိင္တီခရီးသည္)

သတင်းအချက်အလက်လုံခြုံဖို့ Password ပေးတာဂရုစိုက်စို့
(သတင်းအချက်အလက်နှင့်ကွန်ယက်လုံခြုံရေးအပိုင်း(၃))

“ဖြောင်းဖြောင်း…..ဖြောင်းဖြောင်း”
ညနေခင်းတစ်ခုမှာကျွန်တော်လည်းအလုပ်နည်းနည်းပါးူတာနဲ့အိမ်စောစောပြန်ပြီးမရောက်တာကြာပြီဖြစ်တဲ့ ကျောင်းနေဖက်သူငယ်ချင်းတစ်ဦးရဲ့ရုံးခန်းထဲကိုတံခါးဖွင့်အဝင်မှာကြားလိုက်ရတဲ့အသံတွေပဲဖြစ်ပါတော့တယ်၊ ထိုသူငယ်ချင်းဖြစ်သူမှာကျွန်တော်နဲ့မန္တလေးတက္ကသိုလ်အတူတူတက်ရောက်ခဲ့ပြီးအခုတော့ရန်ကုန်သူတစ်ဦး နှင့် အိမ်ထောင်ကျကာကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုနဲ့အဆင်ပြေအခြေကျနေသူတစ်ဦးပဲဖြစ်ပါတယ်၊ အလုပ် တာဝန်၊ မိသားစုတာဝန်ကိုယ်စီနဲ့မို့သာရေးနာရေးကိစ္စတွေလောက်ပဲတွေ့ဖြစ်ကြတာမို့ ကြံုကြိုက် တုန်းအလည်အပါတ်ဝင်ရင်းထွေရာလေးပါး၊ရှေးဟောင်းနှောင်းဖြစ်တွေပြောကြဖို့လာခဲ့တာပဲဖြစ်ပါတယ်။
ကျွန်တော်လည်းတံခါးကိုတွန်းဖွင့်ဝင်လိုက်ရင်းသူငယ်ချင်းဘာတွေများဖြစ်နေလည်းလို့ကြည့်လိုက်တဲ့အခါမှာ တော့သူ့ကိုစားပွဲပေါ်မှာရှိတဲ့ကွန်ပျူတာရှေ့မှာအကျအနထိုင်ပြီး Keyboard ကနေတစ်ခုခုကိုအသည်းအသန် ရိုက်နေတာကိုတွေလိုက်ရပါတော့တယ် ၊ ဒါနဲ့ကျွန်တော်လည်း” သူငယ်ချင်းမင်းဘာတွေအသည်းအသန်ရိုက် နေတာလည်း Keyboard မကောင်းရင်လည်းဘာမှတန်ဖိုးရှိတာမဟုတ်ဘူး၊အသစ်လဲလိုက်ပါလား၊သူများတွေ ကြားရင်အခန်းထဲမှာတစ်ခုခုဖြစ်နေတဲ့အတိုင်းပဲ “ လို့ကို်ယ့်ဗီဇအတိုင်းဆရာလုပ်လိုက်တဲ့အခါမှာတော့သူက “မင်းကတော့ကျောင်းဆရာလို့မပြောရဘူး၊ဘယ်သူ့ကိုတွေ့တွေ့ဆရာလုပ်ဖို့ပဲစဉ်းစားနေတော့တာပဲ၊ငါ့ ကွန် ပျူတာကဘာမှမဖြစ်ဘူး Keyboard ကလည်းအကောင်းကြီးရှိသေးတယ်၊အခု Facebook သုံးဖို့ Password ရိုက်နေတာကွ၊မင်းကဘာမှလည်းမသိဘဲနဲ့” လို့ပြန်ပြောလိုက်တော့ကျွန်တော်လည်းအံ့သြသွားပြီးသူငယ်ချင်း ရယ် Facebook သုံးဖို့ Password ရိုက်တာများလူသတ်နေတဲ့အတိုင်းပဲ၊နေပါအုံးမင်းက Password ကိုဘာ တွေများခက်ခက်ခဲခဲပေးထားလို့အသဲအသန်ရိုက်နေရတာလည်းလို့အတွန့်တက်လိုက်တဲ့အခါမှာတော့သူပြန်ပြောလိုက်တဲ့စကားအပြီးမှာကျွန်တော်လည်းပါးစပ်အဟောင်းသားဖြစ်သွားပါတော့တယ်
သူပြန်ပြောလိုက်တာကတော့ “ ငါက Facebook Password ကိုဘာမှလည်းခက်ခက်ခဲခဲပေးထားတာ မဟုတ်ဘူး၊ငါ့ယောက်ဖကြီးရဲ့နံမည်ကိုပဲပေးထားတာကွ၊သူ့နာမည်ကနဲနဲရှည်နေတာရယ်သူ့ကိုယ်လည်း ကြည့်မရတာနဲ့အသံအကျယ်ကြီးမြည်အောင်ရိုက်နေတာ၊မင်းစဉ်းစားကြည့်လေ ငါကသူ့ညီမနဲ့ချစ်သူတွေ ဖြစ်အိမ်ထောင်ကျတော့ဆံထုံးနောက်ယောင်ပါရန်ကုန်ကိုလိုက်လာရတယ်၊ပြီးတော့သူ့အမေကြီးကလည်း ကျမ်းမာရေးသိပ်မကောင်းတော့သမီးလေးကိုမခွဲနိုင်ဘူးဆိုပြီးသူတို့အိမ်မှာလိုက်နေတော့ယောက္ခမအိမ်တက် သမက်မျက်နှာငယ်ဆိုသလိုဇနီးဖြစ်သူနဲ့အဆင်ပြေပေမဲ့နေရထိုင်ရတာသိပ်မလွတ်လပ်ဘူးပေါ့ကွာ၊ပြီးတော့ ယောက္ခမကြီးကကျမ်းမာရေးမကောင်းတော့ငါ့မှာအလုပ်တစ်ဖက်နဲ့အိမ်ကိစ္စတွေဝိုင်းပြီးကူပေးနေရတာပေါ့၊ အိမ်အလုပ်ကူရတာပြသာနာမရှိပါဘူး၊ငါလည်းအိမ်ထောင်မကျခင်ကမိသားစုတာဝန်တွေယူခဲ့ရတာမင်းသိနေ တာပဲဆိုးတာကတော့သူ့အကိုပဲငါ့လူရေ၊ သူကဇနီးဖြစ်သူထက်အသက်(၅)နှစ်လောက်ကြီးပြီး အငြိမ်းစား ယူထားတဲ့လူပျိူကြီးဆိုတော့တနေ့တနေ့ဟိုဟာပြောလိုက်ဒီဟာပြောလိုက်နဲ့နားကိုကောင်းကောင်းမနေရဘူး၊ ငါ့မလဲမိန်းမမျက်နှာရှိတော့တစ်ခါတလေပြန်ပြောချင်ပေမဲ့မကောင်းတတ်တော့အောင့်အီးသည်းခံနေရတာဟိုတရက်ကဆိုသူပြောတဲ့အပေါက်ကငါပဲမဟုတ်တာတွေအကုန်လုပ်ပြီးအိမ်မှာဟန်ဆောင်နေသလိုမျိုးမင်းပဲစဉ်းစား ကြည့်ဘယ်လောက်ရိုက်ချင်စရာကောင်းလဲ၊ဒါကြောင့်ငါလည်းစကားနည်းရန်ဆဲသူ့ကို်တော့ဘာမှပြန်ပြော မနေတော့ပဲရုံးမှာသုံးတဲ့ Facebook Account ကိုသူ့နာမည်နဲ့ Password လုပ်ပြီးအိမ်မှာသူပြောလိုက်တာတွေ တစ်ခုခုကိုပြန်သတိရမိတိုင်းအခုလိုပဲ Password ကိုခပ်နာနာလေးရိုက်ပြီးဖွင့်နေတာဟေ့ “ ပဲဖြစ်ပါတယ်။
ကျွန်တော်လည်းပထမတော့အံ့သြသွားရာကနေဝါးလုံးကွဲရယ်ချလိုက်ပြီးသူ့မျက်နှာကိုတည့်တည့်ကြည့်ကာ “ ဖြစ်မှဖြစ်ရလေသူငယ်ချင်းရယ်၊မင်းယောက်ဖကြီးကိုဒီလောက်ချစ်မှန်းငါလည်းအခုမှပဲသိရတော့တယ်၊ ချစ်တာတော့ချစ်ပေါ့ကွာ၊ဒါပေမဲ့အခုလို Password ပေးတာတော့မကောင်းပါဘူး၊ Password ဆိုတာ သတိထား မိလွယ်တဲ့နာမည်၊သင်္ကေတ၊ရက်စွဲ လိုဟာမျိုးတွေကိုမပေးရဘူး၊ မင်းတို့လိုစီးပွားရေး လုပ်ငန်း ရှင်တွေ၊ ထင်ရှား ကျော်ကြားတဲ့သူတွေအတွက်သတင်းအချက်အလက်တွေပေါက်ကြားနိုင်မဲ့ အန္တရာယ်ရှိ တယ်လို့” ပြောလိုက်မှ ကျွန်တော့ကိုမျက်နှာငယ်လေးနဲ့ပြန်ကြည့်ရင်း “ ဒါဆို Password ပေးတဲ့အခါ ဘယ်လိုဟာတွေပေးရမယ်၊ ဘယ်လိုဟာတွေကိုမပေးသင့်ဘူးဆိုတဲ့ဆောင်ရန်ရှောင်ရန်လေးတွေပြောပါအုံး ဘော်ဒါကြီးရယ်မင်းကို ဆရာ တင်ပါတယ်” လို့ပြောလာတော့ ကျွန်တော်လည်း ဆရာကြီးအိုက်တင်နဲ့ သိထားသမျှလေးတွေ ကိုလိုရှင်းတိုရှင်း အောက်မှာဖေါ်ပြပေးထားတဲ့ အတိုင်းပြန်ပြီး ဖေါက်သည်ချလိုက် ရပါတော့တယ်။
Password(စကားဝှက်) ဆိုတာအသုံးပြုဖို့အလွယ်ကူဆုံး၊ကုန်ကျစရိတ်အနည်းဆုံးဖြစ်ပေမဲ့ပေါက်ကြားနိုင်တဲ့ နည်းလမ်းတွေနဲ့စိတ်မချရတာတွေလည်းများတော့လုပ်ငန်းကြီးတွေမှာ Password အသုံးပြုမူအတွက် Policy တွေချမှတ်ပြီးအဲဒီမူဝါဒတွေအတိုင်းလိုက်နာကျင့်သုံးကြရပါတယ်၊ အခုဆိုရင်လုပ်ငန်းတိုင်းနီးပါးမှာအိုင်တီ၊ အင်တာနက်၊ Database နဲ့ Information System တွေအသုံးပြုနေကြပြီဖြစ်လို့ Passwrod တွေကို Computer Log-On အတွက်၊ အင်တာနက်အသုံးပြုဖို့အတွက်၊ email Password၊ Database Access Password နဲ့ Information Systems တွေအသုံးပြုကြတဲ့အခါအသုံးပြုသူရဲ့အဆင့် User Right တွေ ပေါ်မှာမူတည်ပြီး Password Policy တွေချမှတ်အသုံးပြုနေကြတာဖြစ်ပါတယ်၊တစ်ချို့လုပ်ငန်းအဖွဲ့အစည်း တွေမှာဆိုရင် email Account တင်(၃)(၄)ခုရှိတာဖြစ်တဲ့အတွက် Password တွေကိုတော်တော်လေး သတိထားပြီးအသုံးပြုနေကြရကြောင်းပြန်လည်မျှဝေရင်း Password အသုံးပြုမယ်ဆိုရင် အလေးထား လိုက်နာသင့်တဲ့အချက်လေးတွေနဲ့ဆောင်ရန်ရှောင်ရန်တစ်ချို့ကိုပြောပြပေးခဲ့ပါတယ်။
ကွန်ပျူတာနှင့်သက်ဆိုင်ရာ Program တစ်ခုခုအတွက်Password တစ်ခုကိုအသုံးပြုမည်ဆိုလျှင်
• အနည်းဆုံးရက်(၆၀)တစ်ခါလောက် Password ပြောင်းသင့်ကြောင်း
• Password ကိုအနည်းဆုံးစကားလုံးအရေအတွက်(၈)လုံး(၉)လုံးထားသင့်ကြောင်း
• Password တစ်ခုမှာ Upper Case, Lower Case နဲ့Numeric စကားလုံးတွေ၊ Special Character တွေဖြစ်တဲ့ (!,@,#...)စတာတွေပေါင်းပြီးရေးသင့်ကြောင်း
• Password ပေးတဲ့အခါမှာအလွယ်တကူသတိပြုမိစေနိုင်တဲ့
• အသုံးပြုသူအမည်(UserName ) တို့
• ၀န်ထမ်းကိုယ်ပိုင်အမှတ်တို့
• မိမိအမည်နှင့်သိကျွမ်းရင်းနှီးသူတစ်ဦးဦးရဲ့အမည်တို့
• မိသားစုအမည်(ဒါမှမဟုတ်)နာမည်ပြောင်တို့
• လူမူဖူလုံရေးနံပါတ်တို့
• မွေးသက္ကရာဇ်တို့
• ကားနံပါတ်တို့
• လိပ်စာတို့
• ဖုန်းနံပါတ်တို့
• မိမိဌာနအမည်တို့
• မိမိမြို့(ဒါမှမဟုတ်)ရပ်ကွက်အမည်၊လမ်းအမည်တို့
• ကျောင်းအမည်တို့၊ကျောင်းဆောင်ပုဒ်တို့
• အရောင်တို့၊အစားအသောက်အမည်တို့
• ထင်ရှားကျော်ကြားတဲ့အမည်တို့
• သုံးပြီးသား Password တို့
စတာတာတွေကို ရှောင်ရှားဖို့နဲ့မိမိကလွဲလို့ကျန်တဲ့သူတွေကို Password မသိရှိနိုင်ဖို့လုံခြံုတဲ့နည်းလမ်း တွေနဲ့အသုံးပြုဖို့၊အသုံးပြုတဲ့ Password တွေများတယ်ဆိုရင်လည်းလျှိ့ဝှက်တဲ့အစီအစဉ်နဲ့သိမ်းဆည်းထားဖို့ သူငယ်ချင်းဖြစ်သူကိုရှင်းပြလိုက်တဲ့အခါမှာတော့” အတော်ပဲသူငယ်ချင်းရေ၊မနက်ဖြန်တောင်တို့ကုမ္ပဏီက ထူထောင်ထားတဲ့ Customer နဲ့ Stock Database တွေကိုဘယ်သူတွေကိုပေးသိမယ်၊ဘယ်သူ့ဘယ်လိုပုံစံနဲ့ Password တွေထားမယ်ဆိုတာဆွေးနွေးဖို့ရှိတယ်၊မင်းပြောတဲ့ Password Guideline လေးတွေကတော်တော် အသုံးဝင်နိုင်မယ်လို့ထင်တယ်၊ကျေးဇူးပဲသူငယ်ချင်း” ဆိုတဲ့စကားလေးအပြီးမှာပဲကျွန်တော်လည်းသူ့ကို နုတ်ဆက်ထွက်ခွာခဲ့ပြီးအောက်မှာအသင့်စောင့်နေတဲ့ကားပေါ်တက်လိုက်လာခဲ့ပါတော့တယ်။

UNO(အိုင်တီခရီးသည်)



ပါရီတြင္ ေသာင္တင္ခဲ့စဥ္က

စာေရးသူတုိ႔ တကၠသုိလ္ ေက်ာင္းသားဘ၀တြင္ အလြန္ေက်ာ္ၾကားခဲ့ေသာ ၀တၳဳတစ္ပုိဒ္မွာ “ပါရီတြင္ ေသာင္တင္ခဲ့စဥ္က” ဟူေသာ ၀တၳဳျဖစ္ပါတယ္။ ျမန္မာတစ္ဦး ျပင္သစ္ႏုိင္ငံ ပဲရစ္ (ပါရီ) ေရာက္ခဲ့ စဥ္က အျဖစ္အပ်က္ကုိ ဖြဲ႕ႏြဲ႕စီကံုးထားခဲ့ျခင္းျဖစ္ၿပီး လက္ကမခ်ရေအာင္ကုိ ဖတ္ၿပီး အင္း . . ငါသာ ပါရီကုိ ေရာက္ခဲ့ရင္ဟူေသာ အေတြးျဖင့္ စိတ္ကူးယဥ္ခဲ့ရသည္မွာ အေမာပင္ ျဖစ္ခဲ့ပါသည္။ .. အခုေတာ့ အဲဒီ ပါရီ(ျပင္သစ္ႏုိင္ငံပဲရစ္ၿမိဳ႕) ကုိ အႀကိမ္ႀကိမ္ ေရာက္ခဲ့ၿပီး “ပါရီတြင္ ေသာင္တင္ခဲ့စဥ္က” ၀တၳဳထဲကလုိ ေခ်ာေမာလွပတဲ့ ျပင္သစ္သူနဲ႕ ဇာတ္လမ္းဖြဲ႕ႏုိင္ခဲ့ပါတယ္။ အဲဒီ ၀တၳဳထဲကလုိ ပါရီတြင္ ေသာင္တင္ခဲ့ဖူးလိုက္ ပါတယ္။ ဒါေပမယ့္ ၀တၳဳထဲကလုိ တေဆြးေဆြး တေျမ့ေျမ့မဟုတ္ဘဲ တေငးေငး တေ၀့ေ၀့နဲ႔ ေၾကာက္လန္႔တၾကား စိတ္လႈပ္ရွားခဲ့ ရတဲ့ အျဖစ္အပ်က္ကုိ တစ္ကယ္ မေမ့ႏုိင္ စရာပါပဲ . . . ။
MCC နဲ႔ ဆက္စပ္လုပ္ကုိင္ေနတဲ့ အဂၤလန္ႏုိင္ငံက တကၠသုိလ္ေတြနဲ႔ ေတြ႕ဖုိ႔ အဂၤလန္ႏုိင္ငံကုိ ခဏခဏ သြားေလ့ရွိပါတယ္။ အဂၤလန္ႏုိင္ငံေရာက္တုိင္းလည္း လန္ဒန္ကေန ျပင္သစ္ကုိ အၿမဲတမ္း တစ္ေခါက္ေတာ့ ေရာက္ျဖစ္ပါတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ျပင္သစ္ႏုိင္ငံရဲ႕ ေျမာက္ဘက္ ဘယ္လဂ်ီယံႏုိင္ငံနဲ႔ ကပ္ေနတဲ့ ေနရာမွာရွိတဲ့ Lille ဆုိတဲ့ ၿမိဳ႕မွာရွိတဲ့ HEI အင္ဂ်င္နီယာ တကၠသုိလ္ႀကီးကုိ သြားရလုိ႔ ျဖစ္ပါတယ္။ MCC မွာ AIT (Asian Institute of Technology) နဲ႔ ပူးေပါင္း သင္ၾကားေနတဲ့ အင္ဂ်င္နီယာ ဘြဲ႕သင္တန္းေတြ ရွိသလုိ BTEC Program ရဲ႕ HND (Higner National Diploma) အင္ဂ်င္နီယာ ဒီပလုိမာရၿပီးသူေတြအတြက္ Bermingham City University, Middlesex University, Liverpool John Moores University ေတြနဲ႔ Top-Up အင္ဂ်င္နီယာဘြဲ႕သင္တန္းေတြလည္း ရွိပါတယ္။ ဒါေပမယ့္ အဆင့္ျမင့္ အင္ဂ်င္နီယာပညာ သင္ၾကားတဲ့ အစဥ္အလာႀကီးတဲ့ ဥေရာပ တကၠသုိလ္ေတြနဲ႔လည္း ပူးေပါင္း ေဆာင္ရြက္ျခင္လုိ႔ ႀကိဳးပမ္းရင္းနဲ႔ HEI အင္ဂ်င္နီယာ တကၠသုိလ္ႀကီးနဲ႔ ေတြ႕တာပါ။ အဲဒီတကၠသုိလ္ရွိရာ Lille ၿမိဳ႕ကုိ လန္ဒန္ကေန႔ Euro Star လုိ႔ ေခၚေသာ အျမန္ရထားနဲ႔ တုိက္ရိုက္သြားလုိ႔ ရပါတယ္။ ႏွစ္နာရီသာသာ စီးလိုက္ရင္ ေရာက္ပါတယ္။ ပဲရစ္ကုိ အရင္သြားၿပီးမွ Lille ကုိ သြားရင္လည္း ရပါတယ္။
လန္ဒန္ရဲ႕ ေစာေစာစီးစီး မနက္(၅) နာရီမွာ ဟုိတယ္က တကၠစီနဲ႔ စိန္းပင္ကရပ္(စ္) (St. Pancras) ဘူတာ႐ံုကုိ သြားပါတယ္။ အဲဒီမွာ မနက္ (၆း၃၀)ထြက္ မဲ့ Euro Star ရထားကုိ စီးလိုက္ပါတယ္။ အဲဒီရထားဟာ အဂၤလန္ႏုိင္ငံ လန္ဒန္က ျပင္သစ္ႏုိင္ငံ Lille ၊ ဘယ္ဂ်ီယံႏုိင္ငံ ဘရပ္ဆဲ(လ္) (Brussel) ၿမိဳ႕အထိ ေရာက္ ပါတယ္။ ဘူတာေရာက္ေတာ့ နည္းနည္း ေစာေနေသးလုိ႔ ေကာ္ဖီေလး ဘာေလး ေသာက္ရင္းနဲ႔ (၆း၃၀) လည္းေရာက္ေရာ ကုိယ္စီးရမဲ့တြဲ နံပါတ္ကုိရွာ၊ ကုိယ္စီးမဲ့ ခံုနံ ပါတ္မွာထုိင္လုိ႔ မၾကာမွီ ရထားထြက္ပါၿပီ။ တစ္နာရီကုိ မုိင္(၁၅၀)ေက်ာ္ႏံႈးနဲ႔ ေျပးေန တဲ့ ရထားေပါ့။ ေဘးဘက္ ျမင္ကြင္းကုိ ၾကည့္လိုက္ေတာ့ ျမန္မာျပည္လုိပါပဲ။ လယ္ကြင္းေတြ ...။ ဒါေပမယ့္ စပါးစုိက္ခင္း ေတာ့ မဟုတ္။ ဂ်ံဳနဲ႔ တျခားသီးႏွံေတြ စိုက္ ပ်ိဳးထားတာ မ်က္ေစ့တဆံုးပါပဲ။ လန္ဒန္က ထြက္လာတာ နာရီ၀က္ေက်ာ္ၾကာမွာေတာ့ အဂၤလိပ္ ေရလက္ၾကားလုိ႔ေခၚတဲ့ အဂၤလန္နဲ႔ ျပင္သစ္ႏုိင္ငံအၾကား ပင္လယ္ေရေအာက္ ဥမင္ကုိ ျဖတ္ပါၿပီ။ ပါတ္၀န္းက်င္ကုိ ဘာမွမျမင္ရေတာ့ပါ။ (၄၅)မိနစ္ေက်ာ္ၾကာမွ ေျမေပၚကုိ ျပန္တက္လိုက္တာပါ။ ျပင္သစ္ႏုိင္ငံ နယ္နိမိတ္ကုိ ၀င္လာၿပီျဖစ္ပါတယ္။ ျပင္သစ္ေရာက္ေတာ့လဲ အဂၤလန္လုိပါပဲ။ လယ္ကြင္းေတြနဲ႔ ႀကိဳၾကား ႀကိဳၾကား ေတြ႕ရတဲ့ ၿမိဳ႕ကေလးေတြကုိ ျဖတ္သန္းရင္း မနက္ (၉)နာရီေလာက္မွာ Lille ဘူတာကုိ ေရာက္သြားပါတယ္။ အဲဒီမွာ HEI က မိတ္ေဆြ David Perry က လာႀကိဳေနၿပီး သူ႕ကားနဲ႔ဘဲ HEI တကၠသုိလ္ရွိရာကုိ ထြက္ခဲ့ပါတယ္။ မနက္ (၁၀)နာရီမွာ HEI က တာ၀န္ရွိသူေတြနဲ႔ အစည္းအေ၀း လုပ္ရပါတယ္။ MCC နဲ႔ HEI ပူးေပါင္းၿပီး အဆင့္ျမင့္ အင္ဂ်င္နီယာဘြဲ႕ (ME) သင္တန္းကုိ ျမန္မာႏုိင္ငံမွာ (Twinning Program) ပံုစံနဲ႔ သင္ဖုိ႔ ျဖစ္ပါတယ္။ ျမန္မာႏုိင္ငံမွာ (၂)ႏွစ္ ျပင္သစ္မွာ (၃)ႏွစ္ တက္ၿပီး ျပင္သစ္ႏုိင္ငံ HEI က ခ်ီးျမႇင့္မယ့္ Master of Engineering (ME) ဘြဲ႕ကုိ ရွိမွာ ျဖစ္ပါတယ္။ အစည္းအေ၀း (၁၂)နာရီေလာက္မွာ ၿပီးတဲ့အခါ ေန႔လည္စာ စားရင္း ေနလည္ (၂)နာရီ ပဲရစ္ကုိထြက္မယ့္ ရထားစီးဖုိ႔ ဘူတာ႐ံုကုိ ျပန္လာခဲ့ပါတယ္။ ေန႔လည္ (၁)နာရီတိတိမွာ ဘယ္ဂ်ီယံႏုိင္ငံ ဘရပ္ဆဲ(လ္)ၿမိဳ႕ကလာတဲ့ Euro Star ရထားဟာ Lille ဘူတာမွာ ေခတၱရပ္ၿပီး ပဲရစ္ကုိ သြားမွာ ျဖစ္ပါတယ္။ အဲဒီရထားနဲ႔စီးခဲ့ၿပီး ပဲရစ္ရဲ႕ Paris Nord လုိ႔ေခၚတဲ့ ဘူတာႀကီးကုိ ညေန (၅) နာရီေလာက္မွာ ေရာက္ခဲ့ပါတယ္။ အဲဒါနဲ႔ “ပါရီတြင္ ေသာင္တင္ခဲ့တဲ့” ဇာတ္လမ္း စေတာ့မွာ ျဖစ္ပါတယ္။
ျပင္သစ္ဆုိတာ ကမၻာမွာ ကမၻာေက်ာ္ ပိသုကာအင္ဂ်င္နီယာႀကီးေတြ ရွိတဲ့ ေနရာပါ။ ၿပီးေတာ့ ကမၻာ့ဖက္ရွင္ Industry ရဲ႕ အထြဋ္အျမတ္ေနရာ၊ ဥေရာပယဥ္ေက်းမႈ ထြန္းကားၿပီး သမုိင္းအေမြအႏွစ္ေတြ တစ္ပံုတစ္ပင္ႀကီး ရွိေနတဲ့ေနရာ၊ ေရွးေဟာင္း အေဆာက္အဦးေတြ၊ ျပတိုက္ေတြလည္း ၾကည့္လုိ႔မကုန္ႏုိင္ေအာင္ရွိတဲ့အထဲ မွာ ကမၻာေက်ာ္ အီဖယ္(လ္) ေမွ်ာ္စင္ႀကီးလည္း ပါပါတယ္။ ဒါေပမယ့္ ပ်ိဳေမတုိ႔ကေတာ့ အဲဒါေတြကုိေက်ာ္ၿပီး ပဲရစ္ရဲ႕ အလွအပေတြ ဖက္ရွင္ေတြရွိရာကုိ ေျပးၾကပါတယ္။ ဘာ ျဖစ္လုိ႔လဲဆုိေတာ့ ပ်ိဳေမတုိ႔အသဲမွာ Louis Vritton လက္ကုိင္အိတ္နဲ႔ နာမည္ေက်ာ္ Chanel ေရေမႊးတုိ႔ ရွိရာအရပ္ကုိေပါ့။ အဲ ဒါေပမယ့္ ကမၻာေက်ာ္ Boulevard Haussmanm မွာရွိတဲ့ Lafayette Haussmanm ကုန္တုိက္ႀကီးကုိဘဲ ျဖစ္ပါတယ္။ စာေရးသူကေတာ့ ျပင္သစ္ကုိ မၾကာ ခဏေရာက္လုိ႔ ၾကည့္စရာ႐ႈ႕စရာေတြ ေတာ္ ေတာ္စံုၿပီျဖစ္တဲ့အတြက္ ဒီတစ္ေခါက္ မသြား ျဖစ္ေသးတဲ့ အိဖယ္(လ္)ေမွ်ာ္စင္ (Eiffel Tower) ကုိ သြားမယ္လုိ႔ ဆံုးျဖတ္လိုက္ပါတယ္။ ၿပီးေတာ့ တနလၤာေန႔ၾကရင္ MCC အေနနဲ႔ Founder အျဖစ္ ပါ၀င္ထားတဲ့ MTN (Myanmar Telecommunication Network Public Co., Ltd) အတြက္ ျပင္သစ္ႏုိင္ငံရဲ႕ အႀကီးဆံုး ဆက္သြယ္ေရးကုမၸဏီ Orange နဲ႔ ေတြ႕ဖုိ႔ ခ်ိန္းထားတဲ့အတြက္ တနဂၤေႏြေန႔မွာ ခ်ိန္းထားတဲ့ အေဆာက္အဦးကုိလည္း ေသခ်ာေအာင္ ၀င္ၾကည့္မယ္ေပါ့ . . အဲဒါနဲ႔ ပဲရစ္ကုိေရာက္တဲ့ စေနေန႔ညေနမွာေတာ့ ဘယ္မွ မသြားေတာ့ဘဲ ဟုိတယ္မွာ ေနလိုက္ပါေတာ့တယ္။
တနဂၤေႏြ မနက္ (၅)နာရီမွာ ပံုမွန္အတုိင္း ႏုိးလာၿပီး ေန႔စဥ္မပ်က္ မလုပ္ရရင္ မေနႏုိင္တဲ့ အေျပးေလွ်ာက္ (Jogging) တဲ့အလုပ္ကုိ ဟုိတယ္အျပင္ဖက္ထြက္ၿပီး လမ္းမႀကီးတေလွ်ာက္မွာ ျပဳလုပ္ပါတယ္။ ေမွာင္ေနဆဲနံနက္ ခင္းမွာ . . ေကာင္းလိုက္တဲ့ ျဖစ္ျခင္း၊ (Jogging) လုပ္ၿပီး ေရမုိးခ်ိဳး အ၀တ္ အစားလဲ နံနက္စာ စားၿပီးေတာ့ မနက္ (၇)နာရီခြဲဆုိေတာ့ မေန႔က ဆံုးျဖတ္ထားတဲ့ အတုိင္း Orange ဆက္သြယ္ေရးကုမၸဏီနဲ႔ ေတြ႕ဖုိ႔ေနရာကုိ ေျမပံုအညႊန္းအတုိင္း Metro လုိ႔ေခၚတဲ့ ေျမေအာက္ရထားနဲ႔ သြားဖုိ႔ ဟုိတယ္နဲ႔ အနီးဆံုး ဘူတာကုိသြားၿပီး ရထားစီးဖုိ႔ ေလွခါးနဲ႔ ေျမေအာက္ဘူတာကုိ ဆင္းလိုက္ပါတယ္။ ဇာတ္လမ္းက စပါၿပီ . . .။ တနဂၤေႏြေန႔ ႐ံုးပိတ္ရက္ဆုိေတာ့ ဘူတာမွာ လူသူ ကင္းမဲ့ေနပါတယ္။ ေလွခါး က ႏွစ္ဆင့္ခ်ိဳး ျဖစ္လုိ႔ တစ္ဆင့္ခ်ိဳးဆင္းၿပီးတဲ့ အခါ ဆူဆူညံညံ စကားေျပာသံေတြနဲ႔အတူ ျပင္သစ္လူမ်ိဳး မဟုတ္တဲ့ တူရကီလုိလုိ၊ အီတလီလုိလုိလူငယ္ (၄)ေယာက္ ဒယိမ္းဒယုိင္နဲ႔ မိမိဆင္းမဲ့ ေလွခါးအတုိင္း တက္လာပါတယ္။ စာေရးသူက ေဘးဖယ္ေပးေပမဲ့ အသလြတ္ႀကီး လူကုိ၀င္တိုက္ၿပီး လက္ေတြက ခႏၶာကုိယ္အႏွံ မေတာ္တဆ တုိက္မိသလုိနဲ႔ ေဗ်ာင္အႏုၾကမ္းစီးမယ့္ပံုစံ ျဖစ္ပါတယ္။ စာေရးသူလည္း မျဖစ္ေခ်ဘူးဆုိၿပီး ေလွခါးကေန အေပၚကုိ ျပန္တက္ၿပီး ဟုိတယ္ကုိ အေျပးျပန္ခဲ့ရေတာ့တာေပါ့ . . ျမတ္စြာဘုရား . .. မလြယ္ပါလား . . ေျမေပၚကေန ေျမေအာက္ဆင္းလိုက္တာနဲ႔ ျပႆနာစေတြ႕ေတာ့တာ ျဖစ္ပါတယ္။ ျပင္သစ္ႏုိင္ငံမွာ တရား၀င္ေရာ တရားမ၀င္ေရာ ေနထုိင္တဲ့ အာဖရိကနဲ႔ အေရွ႕အလယ္ပုိင္းက လူေတြ အမ်ားႀကီးရွိေနပါတယ္။ အလုပ္အကုိင္ မယ္မယ္ရရမရွိဘဲ ခါးပုိက္ႏုိက္ ခုိးဆုိးလုယက္တဲ့ ရာဇ၀တ္မႈေတြ က်ဴးလြန္တယ္ဆုိတာ ၾကားဘူးရဲ႕သားနဲ႔ အခုေတာ့ ကုိယ္ေတြ႕ႀကံဳရၿပီျဖစ္ပါတယ္ . . ။ ဒါေပမယ့္ . . ဘာရမလဲ အမိမခံဘဲ ဟုိတယ္ကုိ ျပန္ေျပးလိုက္တာေပါ့ . . ေတာ္ပါေသးရဲ႕ . . ။
ဒီလုိနဲ႔ မနက္ (၉) နာရီေလာက္ၾကေတာ့ . . ဟုိတယ္က ျပန္ထြက္ၿပီး လူရိပ္လူေျခ ၾကည့္ေတာ့ လူေတြမမ်ားေပမယ့္ သြားလာေနၾကၿပီဆုိေတာ့ . . အခုနက ျပန္ေျပးလာခဲ့တဲ့ ဘူတာကုိ သြား . . မရဲတရဲနဲ႔ ေအာက္ကုိဆင္းေတာ့ ဘူတာထဲမွာ လူတစ္ခ်ိဳ႕ ရွိေနၿပီျဖစ္လုိ႔ စိတ္ခ်လက္ခ်နဲ႔ စီးရမယ့္ ရထားကုိ ေစာင့္ၿပီး Orange ကုမၸဏီက လူေတြနဲ႔ ခ်ိန္းထားတဲ့ စားေသာက္ဆုိင္နဲ႔ အနီးဆံုးလည္းျဖစ္တဲ့ (Invalides) ဘူတာကုိ Metro စီးခဲ့တာ ခဏေလးပါပဲ။ ဘူတာေရာက္ေတာ့ ရထား ကေန ဆင္း . . ေလွခါးနဲ႔ အေပၚကုိ တက္ၿပီးေတာ့ ေျမပံုအညႊန္းအတုိင္း ခ်ိန္းထားတဲ့ စားေသာက္ဆုိင္ကုိ လြယ္လြယ္နဲ႔ ေရာက္သြားခဲ့ပါတယ္ . .။ နာမည္ႀကီး စားေသာက္ဆုိင္ျဖစ္လုိ႔ . . နံနက္စာစားဖုိ႔ ပိတ္ရက္မွာ ျပင္သစ္လူမ်ိဳးေတြ ႐ိႈးအျပည့္နဲ႔၊ ၿပီးေတာ့ မတန္တဆ ေစ်းေပးၿပီး၀ယ္ ထားတဲ့ Antique ေရွးေဟာင္း ကားေတြနဲ႔ တစ္စီးၿပီးတစ္စီး ေရာက္လာေနပါတယ္ . . ။ စာေရးသူလည္း ဟန္ကုိယ့္ဖုိ႔ဆုိၿပီး . . Capac Chino ေကာ္ဖီတစ္ခြက္ မွာ ေသာက္ၿပီးေတာ့ . . စတုိင္နဲ႔ ျပန္ထြက္ၿပီး ေနရာကုိ ေသေသခ်ာခ်ာမွတ္ . . ဘာျဖစ္လုိ႔လဲဆုိေတာ့ မနက္ျဖန္ Orange နဲ႔ ေတြ႕တဲ့ အခါ ေနာက္မက်ဘဲ တန္းတန္းမတ္မတ္ ေရာက္ရေအာင္ ျဖစ္ပါတယ္ . . ။ စားေသာက္ဆိုင္ကထြက္ၿပီး ပါတ္၀န္းက်င္ကုိ ေမာ့ၾကည့္လိုက္တဲ့အခါ အီဖယ္(လ္)ေမွ်ာ္စင္ႀကီးက အနားမွာဆုိေတာ့ လမ္းေလွ်ာက္သြား႐ံုပါဘဲ . . ။
တနဂၤေႏြေန႔မုိ႔ထင္ပါတယ္ . . အီဖ(လ္)ေမွ်ာ္စင္ကုိလာတဲ့ ျပင္သစ္လူမ်ိဳးေတြေရာ၊ ကမၻာလွည့္ ခရီးသည္ ေတြကုိေရာ အမ်ားႀကီး ေတြ႕ရၿပီး ေမွ်ာ္စင္ေပၚတက္ဖုိ႔ တန္းစီရမွာျဖစ္လို႔ ေကြ႕ေကာက္ၿပီး ရွည္လ်ားလွတဲ့ လူတန္းႀကီးထဲကုိ၀င္ၿပီး ေနရာယူ တန္းစီလိုက္ရပါေတာ့တယ္ . .။ မီတာ (၃၀၀) ျမင့္တဲ့ ေမွ်ာ္စင္ေပၚ ေရာက္ေအာင္ ဓါတ္ေလွခါးနဲ႔ တက္ရမွာျဖစ္လုိ႔ ဓါတ္ေလွခါးအတက္တစ္စီး၊ အဆင္းတစ္စီး ေစာင့္ၿပီး စီးေနရဖုိ႔ ေတာ္ေတာ္နဲ႔ ဓါတ္ေလွခါးစီးရမဲ့ ေနရာကုိ မေရာက္ႏုိင္ပါဘူး . . ။ စုစုေပါင္း ေစာင့္ရတာ (၂)နာရီေက်ာ္ ၾကာ သြားတဲ့အခါ ဓါတ္ေလွခါးေနရာ ေရာက္ပါၿပီ . . ။ လူေတြကလည္း တုိးၾကပ္ညပ္ေနပါတယ္။ ဓါတ္ေလွခါးအတြင္း ၀င္လိုက္တာနဲ႔ “Beware of Pickpocket” ဆုိတဲ့ ခါးပိုက္ႏိႈက္ သတိျပဳပါဆုိတဲ့ သတိေပးဆုိင္းဘုတ္ ေတြ႕ေနရပါၿပီ။ သတိထားတဲ့အေနနဲ႔ ေဘာင္းဘီအိတ္ထဲမွာ ထည့္ထားတဲ့ ပုိက္ဆံအိတ္ကုိ လက္တစ္ဖက္က ဆုတ္ကုိင္ထားၿပီး သတိနဲ႔ေနၿပီး ေဘးဘီလည္း အကဲခတ္ရင္း ေမွ်ာ္စင္ရဲ႕ အေပၚဆံုးမေရာက္ခင္ တစ္ထပ္ဓါတ္ေလွခါး ဂိတ္ဆံုးကုိ ေရာက္ရွိပါတယ္။ ဓါတ္ေလွခါးအထြက္မွာ ျပန္ဆင္းမဲ့သူေတြနဲ႔ တုိးေ၀ွ႕ရင္း “Beware of Pickpocket” ဆုိင္းဘုတ္ေတြ ေနရာအႏွံ ေတြ႕ရျပန္ပါၿပီ။ ခါးပိုက္ႏိႈက္ေတြ ဘယ္ေလာက္ ေပါသလဲဆုိတာ သိသာပါတယ္။ စာေရးသူလည္း ေဘာင္းဘီအိတ္ထဲက ပိုက္ဆံအိတ္ကုိ လက္နဲ႔ ဖိထားရင္း အီဖယ္(လ္) ေမွ်ာ္စင္ေပၚကေန ပဲရစ္ၿမိဳ႕ႀကီးတစ္ခုလံုးရဲ႕ အလွအပကုိ ေမွ်ာ္စင္တစ္ပတ္ ပတ္ၾကည့္ရင္း ကမၻာ့အံ့ဖြယ္တစ္ခုအေပၚမွာ ငါေရာက္ေန ပါလားဆုိတဲ့အသိနဲ႔ ဘ၀င္ေလဟပ္သြားပါေတာ့တယ္ . . ။ ၿပီးေတာ့ ဓါတ္ေလွခါးနဲ႔ ျပန္ဆင္းဖုိ႔ တန္းစီရျပန္ပါေရာ . .။ အဲဒီမွာလည္း တုိးတုိးႀကိတ္ႀကိတ္နဲ႔ ခါးပိုက္ႏိႈက္ သတိျပဳစာတမ္းေတြလည္း ေနရာအႏွံ႕ . . တန္းစီၿပီး သတိထားရင္းနဲ႔ ကုိယ့္အလွည့္ ေရာက္ေတာ့ ဓါတ္ေလွခါးစီးၿပီးေအာက္ ကုိ ေရာက္သြားေတာ့မွ သက္ျပင္းခ်ႏုိင္ပါ ေတာ့တယ္ . . ။ ဘာရမလဲ ငါကြ . . ခါးပိုက္ႏိႈက္မခံရဘူးဆုိၿပီး စိတ္လက္ေပါ့ပါး စြာနဲ႔ ျပန္ဖုိ႔ Invalides ဘူတာကုိ ျပန္လာ ခဲ့ပါေတာ့တယ္ . .။ လူကလည္း တုိးရစ္ ပံု ေပါက္ေနသလား အဲဒီကေန ပဲရစ္မွာ သိတ္မေအးလုိ႔ တီရွပ္နဲ႔ ဂ်င္းေဘာင္းဘီနဲ႔ လည္ပင္းမွာလဲ Nikon ကင္မရာႀကီးလည္း ဆြဲလုိ႔ေပါ့. . ။ ဘူတာထဲဆင္းလိုက္ေတာ့ လည္း လူမ်ားမ်ားစားစား မရွိ ျပင္သစ္မ တစ္ေယာက္ ႏွစ္ေယာက္ေလာက္ဘဲ ေတြ႕ ၿပီးလူရွင္းေနပါတယ္ . . ။ အီဖယ္(လ္) ေမွ်ာ္စင္သြားတုန္းက ခါးပုိက္ႏိႈက္မွာဆုိးလုိ႔ စိတ္ပင္ပန္းခဲ့ရသမွ် အခုေတာ့ လူေတြ တုိးေ၀ွ႕ ေနစရာမရွိလုိ႔ စိတ္သက္သာရာ ရသြားပါၿပီ. . ။ စီးရမဲ့ ရထားက ဘူတာ႐ံုထဲ ၀င္လာပါၿပီ . .။ ရထားရပ္လုိ႔ တံခါးဖြင့္လိုက္တဲ့ အခါ အထဲကုိ ၀င္လုိက္ၿပီး ထုိင္ခံုမွာ မထုိင္ဘဲ အေပါက္အနား အလယ္မွာဘဲ ရပ္လိုက္ မိပါတယ္ … ။ ဘူတာကလည္း ႏွစ္ဘူတာ ေလာက္ဆုိေတာ့ မထုိင္ေတာ့ဘူးေပါ့ …။ ၀င္ၿပီး ရပ္လိုက္လုိ႔မွ မၾကာဘူး အခုနက ဘူတာ႐ံုမွာေတြ႕တဲ့ ျပင္သစ္မ ေနာက္က လိုက္၀င္လာၿပီး စာေရးသူရဲ႕ ေဘးကေန တုိးရစ္ (Tourist Map) ေျမပံုႀကီးကုိ ျဖန္႔ၿပီး ျပင္သစ္လုိ႔ အတင္းစကားေျပာ ေမးျမန္းလုိက္လုိ႔ လန္႔သြားပါတယ္ . .။ စာေရးသူလည္း . . မသိဘူး . . ႏုိး. . ႏုိး .. ဆုိၿပီး တံု႕ျပန္တဲ့အခ်ိန္အားလံုးဟာ စကၠန္႔ ပိုင္းကေလးသာျဖစ္ၿပီး ရထားတံခါးပိတ္ၿပီး ထြက္လိုက္တဲ့အခါ . . ခ်က္ျခင္းသတိထားမိလိုက္တာက ေဘာင္းဘီအိတ္ထဲ. . . ေပါ့ရႊတ္ရႊတ္ ျဖစ္ေနတာ သိလုိက္ၿပီး .. ၾကည့္လိုက္ေတာ့ ပိုက္ဆံအိတ္မရွိေတာ့ပါဘူး . . ခါးပိုက္ႏိႈက္ ခံလိုက္ရပါၿပီ . . ။ အဲဒီ ျပင္သစ္မကုိ ၾကည့္လိုက္ေတာ့ မရွိေတာ့ပါဘူး။ ရထားတံခါး မပိတ္ခင္ ျပန္ဆင္းသြားပါၿပီ ျဖစ္ပါတယ္ . . .။ သြားပါၿပီ .. ရွိသမွ် ပိုက္ဆံအားလံုး ပိုက္ဆံအိတ္ထဲ အကုန္ပါသြားပါၿပီ . ။ အေမရိကန္ ေဒၚလာ ၃၀၀၀ ေက်ာ္၊ ယူ႐ို ၉၀၀၊ ေပါင္စတာလင္ ၂၅၀ ေလာက္နဲ႔ ထုိင္းဘတ္ေငြတစ္ခ်ိဳ႕၊ ျမန္မာက်ပ္တစ္ခ်ိဳ႕အျပင္ VISA Card ေတြလည္း အကုန္ပါသြားၿပီ . . ပုိက္ဆံေတြအားလံုး ပိုက္ဆံအိတ္ထဲ အကုန္ထည့္ထားတာ ပိုက္ဆံအိတ္ႀကီးကလည္း ေဖာင္း၊ ေဘာင္းဘီအိတ္ထဲ ထည့္ထားတာက ေဘာင္းဘီ အိတ္ကလဲေဖာင္းနဲ႔. . ေတာသားလူမိုက္ ခါးပိုက္ႏိႈက္ခံလိုက္ရပါၿပီ . .။ အသက္ (၆၀) ေက်ာ္တဲ့အထိ တစ္ခါမွ ခါးပုိက္ႏိႈက္ မခံရဘဲ ျပင္သစ္ကုိ ေရာက္ေတာ့မွ ခါးပိုက္ႏိႈက္ ခံရေလျခင္း .. ဆုိၿပီး ဘာလုပ္ရမွန္းမသိ . . ။ ပါတာလည္း တစ္ျပားမွမရွိေတာ့ . . ။ ပါရီတြင္ ေသာင္တင္သြားပါၿပီ . . ။ ျပင္သစ္မနဲ႔ ဇာတ္လမ္းျဖစ္ၿပီး တစ္ေဆြးေဆြးတစ္ေျမ့ေျမ့နဲ႔ ပါရီတြင္ ေသာင္တင္ခဲ့ျခင္းမဟုတ္ပါ။ ျပင္သစ္မ “မ” သြားလုိ႔ တစ္ေငြ႕ေငြ႕နဲ႔ စိတ္ဆင္းရဲျခင္း ႀကီးစြာျဖစ္ၿပီး ပါရီတြင္ ေသာင္တင္ခဲ့ျခင္း ျဖစ္ပါတယ္ . . ။
“ဟဲလုိ . . ကုိျပည္စုိး . . လား အကူအညီေပးပါအံုးဗ်ာ . . က်ဳပ္ရထားေပၚမွာ ခါးပိုက္ႏိႈက္ခံရလုိ႔ . . ပိုက္ဆံ တစ္ျပားမွ မရွိေတာ့ဘူး . . ညေနထမင္း စားဖုိ႔ေတာင္ ပိုက္ဆံမရွိဘူးျဖစ္ေနတယ္ .. မနက္ျဖန္လည္း လန္ဒန္ကုိ ျပန္ရအံုးမယ္ . .” အဲဒါကေတာ့ ျပင္သစ္-ျမန္မာသံ႐ံုးက သံမွဴး ကုိျပည္စုိး . . ကုိ ဖုန္းဆက္ေခၚရတာ ျဖစ္ပါတယ္။ သူက တပည့္လည္းျဖစ္ခဲ့ဘူးေတာ့ . . မတတ္ႏုိင္ဘူး။ အကူအညီေတာင္းရေတာ့တာေပါ့။ “ဟာ .. ဆရာရယ္ .. ျဖစ္ရေလ .. ပဲရစ္မွာ ခါးပိုက္ႏိႈက္က သိပ္ေပါတာ . . ဆရာခံရတဲ့ပံုစံမ်ိဳးူ . . ႏုိင္ငံျခားကလူေတြ မၾကာခဏ ခံရတတ္တယ္ . .။ အဲဒီထဲမွာ ျမန္မာေတြ မ်ားတယ္ . . ။ ကြၽန္ေတာ္တုိ႔ သံ႐ံုးက လူေတြေတာင္ မလြတ္ဘူး . .။ စိတ္မပူပါနဲ႔ ကြၽန္ေတာ္အခုဘဲ လာခဲ့ပါ့မယ္ . . ။” ေတာ္ပါေသးရဲ႕။ ေမာင္မင္းႀကီးသား သက္ေတာ္ရာေက်ာ္ ရွည္ပါေစ . . ။ “ဟဲလုိ . . သားလား . . ငါေတာ့ ပဲရစ္မွာ ခါးပိုက္ႏိႈက္ခံရလုိ႔ VISA Card လည္း ပါသြားတယ္။ အဲဒါ VISA Card ထုတ္ေပးတဲ့ DBS Bank ကုိ ခ်က္ျခင္းဖုန္းဆက္ၿပီး Card ကုိ ပိတ္ခုိင္းေပးပါ . . .” စကၤာပူက သားဆီကုိလည္း ခ်က္ျခင္းဖုန္းဆက္ၿပီး VISA Card ကုိ ပိတ္ခုိင္းရျပန္ပါတယ္။ သားကတစ္ဆင့္ ရန္ကုန္က မိသားစုေတြဆီ သတင္းေတြေရာက္ၿပီး မိသားစုေတြလည္း စုိးရိမ္တႀကီးနဲ႔ ဘာလုပ္ေပးရမလဲဆုိတာ ဖုန္းေတြ ဆက္ၾကျပန္ပါတယ္ . . ။ ကမၻာတစ္လႊား . . ေနရာတကာသြားၿပီး . . လူလည္ႀကီးျဖစ္ၿပီ ထင္ရတဲ့ စာေရးသူကေတာ့ ဒီတစ္ခ်ီ ႏွပ္ပစ္ခံလိုက္ရၿပီ . . ပါရီတြင္ ပိုက္ဆံတျပားမွ မရွိဘဲ ေသာင္တင္ေတာ့မယ့္ အျဖစ္ပါဘဲ . . .။
မၾကာခင္မွာဘဲ . . ဟုိတယ္ကုိ ကုိျပည္စုိးနဲ႔ သံ႐ံုး . . မိသားစု ေရာက္လာ ပါတယ္။ ၿပီးေတာ့ ယူ႐ိုေငြ (၅၀၀) လာေပး ၿပီးေနာက္ ဆရာႀကံဳမွ ေပးပါတဲ့ .. ။ ေက်းဇူးပါဘဲ ေမာင္မင္းႀကီးသားတုိ႔ရာ .. ဒီညေန ထမင္းစားဖုိ႔ မနက္ျဖန္ လန္ဒန္သြား ဖုိ႔ တကၠစီခ၊ ရထားခေတာ့ ရသြားလုိ႔ ေတာ္ ပါေသးတယ္ . . ။ လန္ဒန္ေရာက္ေတာ့ လန္ဒန္က မိတ္ေဆြေတြကလည္း ဒီအျဖစ္သနစ္ကုိ ရန္ကုန္ကလူေတြ သတင္းပုိ႔ထားလုိ႔ သိေနၾကပါၿပီ။ ဂ႐ုဏာအျပည့္နဲ႔ ဘာကူညီရမလဲဆုိတာ ေမးၾကရင္းနဲ႔ မိတ္ေဆြျဖစ္သူ Michael ဆီက ေဒၚလာ (၁၀၀၀) ယူလိုက္ၿပီး သူရဲ႕ Account ထဲကုိ ရန္ကုန္ကေန ပိုက္ဆံ လႊဲခုိင္းလိုက္ရပါတယ္ . . ။
အဲဒါကေတာ့ MCC ဥကၠ႒ႀကီး “ပါရီတြင္ ေသာင္တင္ခဲ့စဥ္က” အျဖစ္ကုိ ျပန္ၿပီးေဖာက္သည္ခ်လိုက္တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ေခတ္မွီတဲ့ တုိင္းျပည္သြားလုိ႔ ခါးပိုက္ႏိႈက္မရွိဘူးမထင္နဲ႔ . . ကုိယ္တုိင္းျပည္ ထက္ေတာင္ ပုိမ်ားေနေသးတယ္ .. ။ ၿပီးေတာ့ ဥကၠ႒ႀကီးလုိ Nikon ကင္မရာ ႀကီး လည္ပင္းဆြဲၿပီး ပိုက္ဆံအိတ္ႀကီး ေဘာင္းဘီအိတ္ထဲ မထည့္နဲ႔ . . ေတာသားမွန္း လူသိတယ္ . . ျပင္သစ္မွာ Louis Vuitton လုိ ပိုက္ဆံအိတ္ေတြ ေပၚျပဴလာျဖစ္ေပမယ့္ . . . ပိုက္ဆံအိတ္ႀကီး တစ္ကုိင္ကုိင္နဲ႕ေတာ့ မသြားနဲ႔ .. ခါး ပိုက္ႏိႈက္ခံရရင္ခံရ . . ဒါမွမဟုတ္ရင္ အလုခံရတတ္တယ္ . . MCC ဥကၠ႒ႀကီး ရဲ႕ ဇာတ္လမ္းေတြထဲက ဇာတ္လမ္းတစ္ပုဒ္ ေပါ့ . . . ။
အီကုိ ကုိေအာင္
ပါရီတွင် သောင်တင်ခဲ့စဉ်က
စာရေးသူတို့ တက္ကသိုလ် ကျောင်းသားဘဝတွင် အလွန်ကျော်ကြားခဲ့သော ၀တ္ထုတစ်ပိုဒ်မှာ “ပါရီတွင် သောင်တင်ခဲ့စဉ်က” ဟူသော ၀တ္ထုဖြစ်ပါတယ်။ မြန်မာတစ်ဦး ပြင်သစ်နိုင်ငံ ပဲရစ် (ပါရီ) ရောက်ခဲ့ စဉ်က အဖြစ်အပျက်ကို ဖွဲ့နွဲ့စီကုံးထားခဲ့ခြင်းဖြစ်ပြီး လက်ကမချရအောင်ကို ဖတ်ပြီး အင်း . . ငါသာ ပါရီကို ရောက်ခဲ့ရင်ဟူသော အတွေးဖြင့် စိတ်ကူးယဉ်ခဲ့ရသည်မှာ အမောပင် ဖြစ်ခဲ့ပါသည်။ .. အခုတော့ အဲဒီ ပါရီ(ပြင်သစ်နိုင်ငံပဲရစ်မြို့) ကို အကြိမ်ကြိမ် ရောက်ခဲ့ပြီး “ပါရီတွင် သောင်တင်ခဲ့စဉ်က” ၀တ္ထုထဲကလို ချောမောလှပတဲ့ ပြင်သစ်သူနဲ့ ဇာတ်လမ်းဖွဲ့နိုင်ခဲ့ပါတယ်။ အဲဒီ ၀တ္ထုထဲကလို ပါရီတွင် သောင်တင်ခဲ့ဖူးလိုက် ပါတယ်။ ဒါပေမယ့် ၀တ္ထုထဲကလို တဆွေးဆွေး တမြေ့မြေ့မဟုတ်ဘဲ တငေးငေး တဝေ့ဝေ့နဲ့ ကြောက်လန့်တကြား စိတ်လှုပ်ရှားခဲ့ ရတဲ့ အဖြစ်အပျက်ကို တစ်ကယ် မမေ့နိုင် စရာပါပဲ . . . ။
MCC နဲ့ ဆက်စပ်လုပ်ကိုင်နေတဲ့ အင်္ဂလန်နိုင်ငံက တက္ကသိုလ်တွေနဲ့ တွေ့ဖို့ အင်္ဂလန်နိုင်ငံကို ခဏခဏ သွားလေ့ရှိပါတယ်။ အင်္ဂလန်နိုင်ငံရောက်တိုင်းလည်း လန်ဒန်ကနေ ပြင်သစ်ကို အမြဲတမ်း တစ်ခေါက်တော့ ရောက်ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြင်သစ်နိုင်ငံရဲ့ မြောက်ဘက် ဘယ်လဂျီယံနိုင်ငံနဲ့ ကပ်နေတဲ့ နေရာမှာရှိတဲ့ Lille ဆိုတဲ့ မြို့မှာရှိတဲ့ HEI အင်ဂျင်နီယာ တက္ကသိုလ်ကြီးကို သွားရလို့ ဖြစ်ပါတယ်။ MCC မှာ AIT (Asian Institute of Technology) နဲ့ ပူးပေါင်း သင်ကြားနေတဲ့ အင်ဂျင်နီယာ ဘွဲ့သင်တန်းတွေ ရှိသလို BTEC Program ရဲ့ HND (Higner National Diploma) အင်ဂျင်နီယာ ဒီပလိုမာရပြီးသူတွေအတွက် Bermingham City University, Middlesex University, Liverpool John Moores University တွေနဲ့ Top-Up အင်ဂျင်နီယာဘွဲ့သင်တန်းတွေလည်း ရှိပါတယ်။ ဒါပေမယ့် အဆင့်မြင့် အင်ဂျင်နီယာပညာ သင်ကြားတဲ့ အစဉ်အလာကြီးတဲ့ ဥရောပ တက္ကသိုလ်တွေနဲ့လည်း ပူးပေါင်း ဆောင်ရွက်ခြင်လို့ ကြိုးပမ်းရင်းနဲ့ HEI အင်ဂျင်နီယာ တက္ကသိုလ်ကြီးနဲ့ တွေ့တာပါ။ အဲဒီတက္ကသိုလ်ရှိရာ Lille မြို့ကို လန်ဒန်ကနေ့ Euro Star လို့ ခေါ်သော အမြန်ရထားနဲ့ တိုက်ရိုက်သွားလို့ ရပါတယ်။ နှစ်နာရီသာသာ စီးလိုက်ရင် ရောက်ပါတယ်။ ပဲရစ်ကို အရင်သွားပြီးမှ Lille ကို သွားရင်လည်း ရပါတယ်။
လန်ဒန်ရဲ့ စောစောစီးစီး မနက်(၅) နာရီမှာ ဟိုတယ်က တက္ကစီနဲ့ စိန်းပင်ကရပ်(စ်) (St. Pancras) ဘူတာရုံကို သွားပါတယ်။ အဲဒီမှာ မနက် (၆း၃၀)ထွက် မဲ့ Euro Star ရထားကို စီးလိုက်ပါတယ်။ အဲဒီရထားဟာ အင်္ဂလန်နိုင်ငံ လန်ဒန်က ပြင်သစ်နိုင်ငံ Lille ၊ ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲ(လ်) (Brussel) မြို့အထိ ရောက် ပါတယ်။ ဘူတာရောက်တော့ နည်းနည်း စောနေသေးလို့ ကော်ဖီလေး ဘာလေး သောက်ရင်းနဲ့ (၆း၃၀) လည်းရောက်ရော ကိုယ်စီးရမဲ့တွဲ နံပါတ်ကိုရှာ၊ ကိုယ်စီးမဲ့ ခုံနံ ပါတ်မှာထိုင်လို့ မကြာမှီ ရထားထွက်ပါပြီ။ တစ်နာရီကို မိုင်(၁၅၀)ကျော်နှုံးနဲ့ ပြေးနေ တဲ့ ရထားပေါ့။ ဘေးဘက် မြင်ကွင်းကို ကြည့်လိုက်တော့ မြန်မာပြည်လိုပါပဲ။ လယ်ကွင်းတွေ ...။ ဒါပေမယ့် စပါးစိုက်ခင်း တော့ မဟုတ်။ ဂျုံနဲ့ တခြားသီးနှံတွေ စိုက် ပျိုးထားတာ မျက်စေ့တဆုံးပါပဲ။ လန်ဒန်က ထွက်လာတာ နာရီဝက်ကျော်ကြာမှာတော့ အင်္ဂလိပ် ရေလက်ကြားလို့ခေါ်တဲ့ အင်္ဂလန်နဲ့ ပြင်သစ်နိုင်ငံအကြား ပင်လယ်ရေအောက် ဥမင်ကို ဖြတ်ပါပြီ။ ပါတ်ဝန်းကျင်ကို ဘာမှမမြင်ရတော့ပါ။ (၄၅)မိနစ်ကျော်ကြာမှ မြေပေါ်ကို ပြန်တက်လိုက်တာပါ။ ပြင်သစ်နိုင်ငံ နယ်နိမိတ်ကို ၀င်လာပြီဖြစ်ပါတယ်။ ပြင်သစ်ရောက်တော့လဲ အင်္ဂလန်လိုပါပဲ။ လယ်ကွင်းတွေနဲ့ ကြိုကြား ကြိုကြား တွေ့ရတဲ့ မြို့ကလေးတွေကို ဖြတ်သန်းရင်း မနက် (၉)နာရီလောက်မှာ Lille ဘူတာကို ရောက်သွားပါတယ်။ အဲဒီမှာ HEI က မိတ်ဆွေ David Perry က လာကြိုနေပြီး သူ့ကားနဲ့ဘဲ HEI တက္ကသိုလ်ရှိရာကို ထွက်ခဲ့ပါတယ်။ မနက် (၁၀)နာရီမှာ HEI က တာဝန်ရှိသူတွေနဲ့ အစည်းအဝေး လုပ်ရပါတယ်။ MCC နဲ့ HEI ပူးပေါင်းပြီး အဆင့်မြင့် အင်ဂျင်နီယာဘွဲ့ (ME) သင်တန်းကို မြန်မာနိုင်ငံမှာ (Twinning Program) ပုံစံနဲ့ သင်ဖို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ (၂)နှစ် ပြင်သစ်မှာ (၃)နှစ် တက်ပြီး ပြင်သစ်နိုင်ငံ HEI က ချီးမြှင့်မယ့် Master of Engineering (ME) ဘွဲ့ကို ရှိမှာ ဖြစ်ပါတယ်။ အစည်းအဝေး (၁၂)နာရီလောက်မှာ ပြီးတဲ့အခါ နေ့လည်စာ စားရင်း နေလည် (၂)နာရီ ပဲရစ်ကိုထွက်မယ့် ရထားစီးဖို့ ဘူတာရုံကို ပြန်လာခဲ့ပါတယ်။ နေ့လည် (၁)နာရီတိတိမှာ ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲ(လ်)မြို့ကလာတဲ့ Euro Star ရထားဟာ Lille ဘူတာမှာ ခေတ္တရပ်ပြီး ပဲရစ်ကို သွားမှာ ဖြစ်ပါတယ်။ အဲဒီရထားနဲ့စီးခဲ့ပြီး ပဲရစ်ရဲ့ Paris Nord လို့ခေါ်တဲ့ ဘူတာကြီးကို ညနေ (၅) နာရီလောက်မှာ ရောက်ခဲ့ပါတယ်။ အဲဒါနဲ့ “ပါရီတွင် သောင်တင်ခဲ့တဲ့” ဇာတ်လမ်း စတော့မှာ ဖြစ်ပါတယ်။
ပြင်သစ်ဆိုတာ ကမ္ဘာမှာ ကမ္ဘာကျော် ပိသုကာအင်ဂျင်နီယာကြီးတွေ ရှိတဲ့ နေရာပါ။ ပြီးတော့ ကမ္ဘာ့ဖက်ရှင် Industry ရဲ့ အထွဋ်အမြတ်နေရာ၊ ဥရောပယဉ်ကျေးမှု ထွန်းကားပြီး သမိုင်းအမွေအနှစ်တွေ တစ်ပုံတစ်ပင်ကြီး ရှိနေတဲ့နေရာ၊ ရှေးဟောင်း အဆောက်အဦးတွေ၊ ပြတိုက်တွေလည်း ကြည့်လို့မကုန်နိုင်အောင်ရှိတဲ့အထဲ မှာ ကမ္ဘာကျော် အီဖယ်(လ်) မျှော်စင်ကြီးလည်း ပါပါတယ်။ ဒါပေမယ့် ပျိုမေတို့ကတော့ အဲဒါတွေကိုကျော်ပြီး ပဲရစ်ရဲ့ အလှအပတွေ ဖက်ရှင်တွေရှိရာကို ပြေးကြပါတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ ပျိုမေတို့အသဲမှာ Louis Vritton လက်ကိုင်အိတ်နဲ့ နာမည်ကျော် Chanel ရေမွှေးတို့ ရှိရာအရပ်ကိုပေါ့။ အဲ ဒါပေမယ့် ကမ္ဘာကျော် Boulevard Haussmanm မှာရှိတဲ့ Lafayette Haussmanm ကုန်တိုက်ကြီးကိုဘဲ ဖြစ်ပါတယ်။ စာရေးသူကတော့ ပြင်သစ်ကို မကြာ ခဏရောက်လို့ ကြည့်စရာရှု့စရာတွေ တော် တော်စုံပြီဖြစ်တဲ့အတွက် ဒီတစ်ခေါက် မသွား ဖြစ်သေးတဲ့ အိဖယ်(လ်)မျှော်စင် (Eiffel Tower) ကို သွားမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ပြီးတော့ တနင်္လာနေ့ကြရင် MCC အနေနဲ့ Founder အဖြစ် ပါ၀င်ထားတဲ့ MTN (Myanmar Telecommunication Network Public Co., Ltd) အတွက် ပြင်သစ်နိုင်ငံရဲ့ အကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ Orange နဲ့ တွေ့ဖို့ ချိန်းထားတဲ့အတွက် တနင်္ဂနွေနေ့မှာ ချိန်းထားတဲ့ အဆောက်အဦးကိုလည်း သေချာအောင် ၀င်ကြည့်မယ်ပေါ့ . . အဲဒါနဲ့ ပဲရစ်ကိုရောက်တဲ့ စနေနေ့ညနေမှာတော့ ဘယ်မှ မသွားတော့ဘဲ ဟိုတယ်မှာ နေလိုက်ပါတော့တယ်။
တနင်္ဂနွေ မနက် (၅)နာရီမှာ ပုံမှန်အတိုင်း နိုးလာပြီး နေ့စဉ်မပျက် မလုပ်ရရင် မနေနိုင်တဲ့ အပြေးလျှောက် (Jogging) တဲ့အလုပ်ကို ဟိုတယ်အပြင်ဖက်ထွက်ပြီး လမ်းမကြီးတလျှောက်မှာ ပြုလုပ်ပါတယ်။ မှောင်နေဆဲနံနက် ခင်းမှာ . . ကောင်းလိုက်တဲ့ ဖြစ်ခြင်း၊ (Jogging) လုပ်ပြီး ရေမိုးချိုး အဝတ် အစားလဲ နံနက်စာ စားပြီးတော့ မနက် (၇)နာရီခွဲဆိုတော့ မနေ့က ဆုံးဖြတ်ထားတဲ့ အတိုင်း Orange ဆက်သွယ်ရေးကုမ္ပဏီနဲ့ တွေ့ဖို့နေရာကို မြေပုံအညွှန်းအတိုင်း Metro လို့ခေါ်တဲ့ မြေအောက်ရထားနဲ့ သွားဖို့ ဟိုတယ်နဲ့ အနီးဆုံး ဘူတာကိုသွားပြီး ရထားစီးဖို့ လှေခါးနဲ့ မြေအောက်ဘူတာကို ဆင်းလိုက်ပါတယ်။ ဇာတ်လမ်းက စပါပြီ . . .။ တနင်္ဂနွေနေ့ ရုံးပိတ်ရက်ဆိုတော့ ဘူတာမှာ လူသူ ကင်းမဲ့နေပါတယ်။ လှေခါး က နှစ်ဆင့်ချိုး ဖြစ်လို့ တစ်ဆင့်ချိုးဆင်းပြီးတဲ့ အခါ ဆူဆူညံညံ စကားပြောသံတွေနဲ့အတူ ပြင်သစ်လူမျိုး မဟုတ်တဲ့ တူရကီလိုလို၊ အီတလီလိုလိုလူငယ် (၄)ယောက် ဒယိမ်းဒယိုင်နဲ့ မိမိဆင်းမဲ့ လှေခါးအတိုင်း တက်လာပါတယ်။ စာရေးသူက ဘေးဖယ်ပေးပေမဲ့ အသလွတ်ကြီး လူကို၀င်တိုက်ပြီး လက်တွေက ခန္ဓာကိုယ်အနှံ မတော်တဆ တိုက်မိသလိုနဲ့ ဗျောင်အနုကြမ်းစီးမယ့်ပုံစံ ဖြစ်ပါတယ်။ စာရေးသူလည်း မဖြစ်ချေဘူးဆိုပြီး လှေခါးကနေ အပေါ်ကို ပြန်တက်ပြီး ဟိုတယ်ကို အပြေးပြန်ခဲ့ရတော့တာပေါ့ . . မြတ်စွာဘုရား . .. မလွယ်ပါလား . . မြေပေါ်ကနေ မြေအောက်ဆင်းလိုက်တာနဲ့ ပြဿနာစတွေ့တော့တာ ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံမှာ တရားဝင်ရော တရားမဝင်ရော နေထိုင်တဲ့ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းက လူတွေ အများကြီးရှိနေပါတယ်။ အလုပ်အကိုင် မယ်မယ်ရရမရှိဘဲ ခါးပိုက်နိုက် ခိုးဆိုးလုယက်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်တယ်ဆိုတာ ကြားဘူးရဲ့သားနဲ့ အခုတော့ ကိုယ်တွေ့ကြံုရပြီဖြစ်ပါတယ် . . ။ ဒါပေမယ့် . . ဘာရမလဲ အမိမခံဘဲ ဟိုတယ်ကို ပြန်ပြေးလိုက်တာပေါ့ . . တော်ပါသေးရဲ့ . . ။
ဒီလိုနဲ့ မနက် (၉) နာရီလောက်ကြတော့ . . ဟိုတယ်က ပြန်ထွက်ပြီး လူရိပ်လူခြေ ကြည့်တော့ လူတွေမများပေမယ့် သွားလာနေကြပြီဆိုတော့ . . အခုနက ပြန်ပြေးလာခဲ့တဲ့ ဘူတာကို သွား . . မရဲတရဲနဲ့ အောက်ကိုဆင်းတော့ ဘူတာထဲမှာ လူတစ်ချို့ ရှိနေပြီဖြစ်လို့ စိတ်ချလက်ချနဲ့ စီးရမယ့် ရထားကို စောင့်ပြီး Orange ကုမ္ပဏီက လူတွေနဲ့ ချိန်းထားတဲ့ စားသောက်ဆိုင်နဲ့ အနီးဆုံးလည်းဖြစ်တဲ့ (Invalides) ဘူတာကို Metro စီးခဲ့တာ ခဏလေးပါပဲ။ ဘူတာရောက်တော့ ရထား ကနေ ဆင်း . . လှေခါးနဲ့ အပေါ်ကို တက်ပြီးတော့ မြေပုံအညွှန်းအတိုင်း ချိန်းထားတဲ့ စားသောက်ဆိုင်ကို လွယ်လွယ်နဲ့ ရောက်သွားခဲ့ပါတယ် . .။ နာမည်ကြီး စားသောက်ဆိုင်ဖြစ်လို့ . . နံနက်စာစားဖို့ ပိတ်ရက်မှာ ပြင်သစ်လူမျိုးတွေ ရှိုးအပြည့်နဲ့၊ ပြီးတော့ မတန်တဆ စျေးပေးပြီးဝယ် ထားတဲ့ Antique ရှေးဟောင်း ကားတွေနဲ့ တစ်စီးပြီးတစ်စီး ရောက်လာနေပါတယ် . . ။ စာရေးသူလည်း ဟန်ကိုယ့်ဖို့ဆိုပြီး . . Capac Chino ကော်ဖီတစ်ခွက် မှာ သောက်ပြီးတော့ . . စတိုင်နဲ့ ပြန်ထွက်ပြီး နေရာကို သေသေချာချာမှတ် . . ဘာဖြစ်လို့လဲဆိုတော့ မနက်ဖြန် Orange နဲ့ တွေ့တဲ့ အခါ နောက်မကျဘဲ တန်းတန်းမတ်မတ် ရောက်ရအောင် ဖြစ်ပါတယ် . . ။ စားသောက်ဆိုင်ကထွက်ပြီး ပါတ်ဝန်းကျင်ကို မော့ကြည့်လိုက်တဲ့အခါ အီဖယ်(လ်)မျှော်စင်ကြီးက အနားမှာဆိုတော့ လမ်းလျှောက်သွားရုံပါဘဲ . . ။
တနင်္ဂနွေနေ့မို့ထင်ပါတယ် . . အီဖ(လ်)မျှော်စင်ကိုလာတဲ့ ပြင်သစ်လူမျိုးတွေရော၊ ကမ္ဘာလှည့် ခရီးသည် တွေကိုရော အများကြီး တွေ့ရပြီး မျှော်စင်ပေါ်တက်ဖို့ တန်းစီရမှာဖြစ်လို့ ကွေ့ကောက်ပြီး ရှည်လျားလှတဲ့ လူတန်းကြီးထဲကို၀င်ပြီး နေရာယူ တန်းစီလိုက်ရပါတော့တယ် . .။ မီတာ (၃၀၀) မြင့်တဲ့ မျှော်စင်ပေါ် ရောက်အောင် ဓါတ်လှေခါးနဲ့ တက်ရမှာဖြစ်လို့ ဓါတ်လှေခါးအတက်တစ်စီး၊ အဆင်းတစ်စီး စောင့်ပြီး စီးနေရဖို့ တော်တော်နဲ့ ဓါတ်လှေခါးစီးရမဲ့ နေရာကို မရောက်နိုင်ပါဘူး . . ။ စုစုပေါင်း စောင့်ရတာ (၂)နာရီကျော် ကြာ သွားတဲ့အခါ ဓါတ်လှေခါးနေရာ ရောက်ပါပြီ . . ။ လူတွေကလည်း တိုးကြပ်ညပ်နေပါတယ်။ ဓါတ်လှေခါးအတွင်း ၀င်လိုက်တာနဲ့ “Beware of Pickpocket” ဆိုတဲ့ ခါးပိုက်နှိုက် သတိပြုပါဆိုတဲ့ သတိပေးဆိုင်းဘုတ် တွေ့နေရပါပြီ။ သတိထားတဲ့အနေနဲ့ ဘောင်းဘီအိတ်ထဲမှာ ထည့်ထားတဲ့ ပိုက်ဆံအိတ်ကို လက်တစ်ဖက်က ဆုတ်ကိုင်ထားပြီး သတိနဲ့နေပြီး ဘေးဘီလည်း အကဲခတ်ရင်း မျှော်စင်ရဲ့ အပေါ်ဆုံးမရောက်ခင် တစ်ထပ်ဓါတ်လှေခါး ဂိတ်ဆုံးကို ရောက်ရှိပါတယ်။ ဓါတ်လှေခါးအထွက်မှာ ပြန်ဆင်းမဲ့သူတွေနဲ့ တိုးဝှေ့ရင်း “Beware of Pickpocket” ဆိုင်းဘုတ်တွေ နေရာအနှံ တွေ့ရပြန်ပါပြီ။ ခါးပိုက်နှိုက်တွေ ဘယ်လောက် ပေါသလဲဆိုတာ သိသာပါတယ်။ စာရေးသူလည်း ဘောင်းဘီအိတ်ထဲက ပိုက်ဆံအိတ်ကို လက်နဲ့ ဖိထားရင်း အီဖယ်(လ်) မျှော်စင်ပေါ်ကနေ ပဲရစ်မြို့ကြီးတစ်ခုလုံးရဲ့ အလှအပကို မျှော်စင်တစ်ပတ် ပတ်ကြည့်ရင်း ကမ္ဘာ့အံ့ဖွယ်တစ်ခုအပေါ်မှာ ငါရောက်နေ ပါလားဆိုတဲ့အသိနဲ့ ဘဝင်လေဟပ်သွားပါတော့တယ် . . ။ ပြီးတော့ ဓါတ်လှေခါးနဲ့ ပြန်ဆင်းဖို့ တန်းစီရပြန်ပါရော . .။ အဲဒီမှာလည်း တိုးတိုးကြိတ်ကြိတ်နဲ့ ခါးပိုက်နှိုက် သတိပြုစာတမ်းတွေလည်း နေရာအနှံ့ . . တန်းစီပြီး သတိထားရင်းနဲ့ ကိုယ့်အလှည့် ရောက်တော့ ဓါတ်လှေခါးစီးပြီးအောက် ကို ရောက်သွားတော့မှ သက်ပြင်းချနိုင်ပါ တော့တယ် . . ။ ဘာရမလဲ ငါကွ . . ခါးပိုက်နှိုက်မခံရဘူးဆိုပြီး စိတ်လက်ပေါ့ပါး စွာနဲ့ ပြန်ဖို့ Invalides ဘူတာကို ပြန်လာ ခဲ့ပါတော့တယ် . .။ လူကလည်း တိုးရစ် ပုံ ပေါက်နေသလား အဲဒီကနေ ပဲရစ်မှာ သိတ်မအေးလို့ တီရှပ်နဲ့ ဂျင်းဘောင်းဘီနဲ့ လည်ပင်းမှာလဲ Nikon ကင်မရာကြီးလည်း ဆွဲလို့ပေါ့. . ။ ဘူတာထဲဆင်းလိုက်တော့ လည်း လူများများစားစား မရှိ ပြင်သစ်မ တစ်ယောက် နှစ်ယောက်လောက်ဘဲ တွေ့ ပြီးလူရှင်းနေပါတယ် . . ။ အီဖယ်(လ်) မျှော်စင်သွားတုန်းက ခါးပိုက်နှိုက်မှာဆိုးလို့ စိတ်ပင်ပန်းခဲ့ရသမျှ အခုတော့ လူတွေ တိုးဝှေ့ နေစရာမရှိလို့ စိတ်သက်သာရာ ရသွားပါပြီ. . ။ စီးရမဲ့ ရထားက ဘူတာရုံထဲ ၀င်လာပါပြီ . .။ ရထားရပ်လို့ တံခါးဖွင့်လိုက်တဲ့ အခါ အထဲကို ၀င်လိုက်ပြီး ထိုင်ခုံမှာ မထိုင်ဘဲ အပေါက်အနား အလယ်မှာဘဲ ရပ်လိုက် မိပါတယ် … ။ ဘူတာကလည်း နှစ်ဘူတာ လောက်ဆိုတော့ မထိုင်တော့ဘူးပေါ့ …။ ၀င်ပြီး ရပ်လိုက်လို့မှ မကြာဘူး အခုနက ဘူတာရုံမှာတွေ့တဲ့ ပြင်သစ်မ နောက်က လိုက်ဝင်လာပြီး စာရေးသူရဲ့ ဘေးကနေ တိုးရစ် (Tourist Map) မြေပုံကြီးကို ဖြန့်ပြီး ပြင်သစ်လို့ အတင်းစကားပြော မေးမြန်းလိုက်လို့ လန့်သွားပါတယ် . .။ စာရေးသူလည်း . . မသိဘူး . . နိုး. . နိုး .. ဆိုပြီး တုံ့ပြန်တဲ့အချိန်အားလုံးဟာ စက္ကန့် ပိုင်းကလေးသာဖြစ်ပြီး ရထားတံခါးပိတ်ပြီး ထွက်လိုက်တဲ့အခါ . . ချက်ခြင်းသတိထားမိလိုက်တာက ဘောင်းဘီအိတ်ထဲ. . . ပေါ့ရွှတ်ရွှတ် ဖြစ်နေတာ သိလိုက်ပြီး .. ကြည့်လိုက်တော့ ပိုက်ဆံအိတ်မရှိတော့ပါဘူး . . ခါးပိုက်နှိုက် ခံလိုက်ရပါပြီ . . ။ အဲဒီ ပြင်သစ်မကို ကြည့်လိုက်တော့ မရှိတော့ပါဘူး။ ရထားတံခါး မပိတ်ခင် ပြန်ဆင်းသွားပါပြီ ဖြစ်ပါတယ် . . .။ သွားပါပြီ .. ရှိသမျှ ပိုက်ဆံအားလုံး ပိုက်ဆံအိတ်ထဲ အကုန်ပါသွားပါပြီ . ။ အမေရိကန် ဒေါ်လာ ၃၀၀၀ ကျော်၊ ယူရို ၉၀၀၊ ပေါင်စတာလင် ၂၅၀ လောက်နဲ့ ထိုင်းဘတ်ငွေတစ်ချို့၊ မြန်မာကျပ်တစ်ချို့အပြင် VISA Card တွေလည်း အကုန်ပါသွားပြီ . . ပိုက်ဆံတွေအားလုံး ပိုက်ဆံအိတ်ထဲ အကုန်ထည့်ထားတာ ပိုက်ဆံအိတ်ကြီးကလည်း ဖောင်း၊ ဘောင်းဘီအိတ်ထဲ ထည့်ထားတာက ဘောင်းဘီ အိတ်ကလဲဖောင်းနဲ့. . တောသားလူမိုက် ခါးပိုက်နှိုက်ခံလိုက်ရပါပြီ . .။ အသက် (၆၀) ကျော်တဲ့အထိ တစ်ခါမှ ခါးပိုက်နှိုက် မခံရဘဲ ပြင်သစ်ကို ရောက်တော့မှ ခါးပိုက်နှိုက် ခံရလေခြင်း .. ဆိုပြီး ဘာလုပ်ရမှန်းမသိ . . ။ ပါတာလည်း တစ်ပြားမှမရှိတော့ . . ။ ပါရီတွင် သောင်တင်သွားပါပြီ . . ။ ပြင်သစ်မနဲ့ ဇာတ်လမ်းဖြစ်ပြီး တစ်ဆွေးဆွေးတစ်မြေ့မြေ့နဲ့ ပါရီတွင် သောင်တင်ခဲ့ခြင်းမဟုတ်ပါ။ ပြင်သစ်မ “မ” သွားလို့ တစ်ငွေ့ငွေ့နဲ့ စိတ်ဆင်းရဲခြင်း ကြီးစွာဖြစ်ပြီး ပါရီတွင် သောင်တင်ခဲ့ခြင်း ဖြစ်ပါတယ် . . ။
“ဟဲလို . . ကိုပြည်စိုး . . လား အကူအညီပေးပါအုံးဗျာ . . ကျုပ်ရထားပေါ်မှာ ခါးပိုက်နှိုက်ခံရလို့ . . ပိုက်ဆံ တစ်ပြားမှ မရှိတော့ဘူး . . ညနေထမင်း စားဖို့တောင် ပိုက်ဆံမရှိဘူးဖြစ်နေတယ် .. မနက်ဖြန်လည်း လန်ဒန်ကို ပြန်ရအုံးမယ် . .” အဲဒါကတော့ ပြင်သစ်-မြန်မာသံရုံးက သံမှူး ကိုပြည်စိုး . . ကို ဖုန်းဆက်ခေါ်ရတာ ဖြစ်ပါတယ်။ သူက တပည့်လည်းဖြစ်ခဲ့ဘူးတော့ . . မတတ်နိုင်ဘူး။ အကူအညီတောင်းရတော့တာပေါ့။ “ဟာ .. ဆရာရယ် .. ဖြစ်ရလေ .. ပဲရစ်မှာ ခါးပိုက်နှိုက်က သိပ်ပေါတာ . . ဆရာခံရတဲ့ပုံစံမျိုးူ . . နိုင်ငံခြားကလူတွေ မကြာခဏ ခံရတတ်တယ် . .။ အဲဒီထဲမှာ မြန်မာတွေ များတယ် . . ။ ကျွန်တော်တို့ သံရုံးက လူတွေတောင် မလွတ်ဘူး . .။ စိတ်မပူပါနဲ့ ကျွန်တော်အခုဘဲ လာခဲ့ပါ့မယ် . . ။” တော်ပါသေးရဲ့။ မောင်မင်းကြီးသား သက်တော်ရာကျော် ရှည်ပါစေ . . ။ “ဟဲလို . . သားလား . . ငါတော့ ပဲရစ်မှာ ခါးပိုက်နှိုက်ခံရလို့ VISA Card လည်း ပါသွားတယ်။ အဲဒါ VISA Card ထုတ်ပေးတဲ့ DBS Bank ကို ချက်ခြင်းဖုန်းဆက်ပြီး Card ကို ပိတ်ခိုင်းပေးပါ . . .” စင်္ကာပူက သားဆီကိုလည်း ချက်ခြင်းဖုန်းဆက်ပြီး VISA Card ကို ပိတ်ခိုင်းရပြန်ပါတယ်။ သားကတစ်ဆင့် ရန်ကုန်က မိသားစုတွေဆီ သတင်းတွေရောက်ပြီး မိသားစုတွေလည်း စိုးရိမ်တကြီးနဲ့ ဘာလုပ်ပေးရမလဲဆိုတာ ဖုန်းတွေ ဆက်ကြပြန်ပါတယ် . . ။ ကမ္ဘာတစ်လွှား . . နေရာတကာသွားပြီး . . လူလည်ကြီးဖြစ်ပြီ ထင်ရတဲ့ စာရေးသူကတော့ ဒီတစ်ချီ နှပ်ပစ်ခံလိုက်ရပြီ . . ပါရီတွင် ပိုက်ဆံတပြားမှ မရှိဘဲ သောင်တင်တော့မယ့် အဖြစ်ပါဘဲ . . .။
မကြာခင်မှာဘဲ . . ဟိုတယ်ကို ကိုပြည်စိုးနဲ့ သံရုံး . . မိသားစု ရောက်လာ ပါတယ်။ ပြီးတော့ ယူရိုငွေ (၅၀၀) လာပေး ပြီးနောက် ဆရာကြံုမှ ပေးပါတဲ့ .. ။ ကျေးဇူးပါဘဲ မောင်မင်းကြီးသားတို့ရာ .. ဒီညနေ ထမင်းစားဖို့ မနက်ဖြန် လန်ဒန်သွား ဖို့ တက္ကစီခ၊ ရထားခတော့ ရသွားလို့ တော် ပါသေးတယ် . . ။ လန်ဒန်ရောက်တော့ လန်ဒန်က မိတ်ဆွေတွေကလည်း ဒီအဖြစ်သနစ်ကို ရန်ကုန်ကလူတွေ သတင်းပို့ထားလို့ သိနေကြပါပြီ။ ဂရုဏာအပြည့်နဲ့ ဘာကူညီရမလဲဆိုတာ မေးကြရင်းနဲ့ မိတ်ဆွေဖြစ်သူ Michael ဆီက ဒေါ်လာ (၁၀၀၀) ယူလိုက်ပြီး သူရဲ့ Account ထဲကို ရန်ကုန်ကနေ ပိုက်ဆံ လွှဲခိုင်းလိုက်ရပါတယ် . . ။
အဲဒါကတော့ MCC ဥက္ကဋ္ဌကြီး “ပါရီတွင် သောင်တင်ခဲ့စဉ်က” အဖြစ်ကို ပြန်ပြီးဖောက်သည်ချလိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် ခေတ်မှီတဲ့ တိုင်းပြည်သွားလို့ ခါးပိုက်နှိုက်မရှိဘူးမထင်နဲ့ . . ကိုယ်တိုင်းပြည် ထက်တောင် ပိုများနေသေးတယ် .. ။ ပြီးတော့ ဥက္ကဋ္ဌကြီးလို Nikon ကင်မရာ ကြီး လည်ပင်းဆွဲပြီး ပိုက်ဆံအိတ်ကြီး ဘောင်းဘီအိတ်ထဲ မထည့်နဲ့ . . တောသားမှန်း လူသိတယ် . . ပြင်သစ်မှာ Louis Vuitton လို ပိုက်ဆံအိတ်တွေ ပေါ်ပြူလာဖြစ်ပေမယ့် . . . ပိုက်ဆံအိတ်ကြီး တစ်ကိုင်ကိုင်နဲ့တော့ မသွားနဲ့ .. ခါး ပိုက်နှိုက်ခံရရင်ခံရ . . ဒါမှမဟုတ်ရင် အလုခံရတတ်တယ် . . MCC ဥက္ကဋ္ဌကြီး ရဲ့ ဇာတ်လမ်းတွေထဲက ဇာတ်လမ်းတစ်ပုဒ် ပေါ့ . . . ။
အီကို ကိုအောင်