Friday, August 21, 2015

AIT သြား ေတာလား…..

AIT သြား ေတာလား…..
ရန္ကုန္မုိးက အေတာ္ကုိ ေကာင္းေနပါသည္။ သဲလိုက္ဖြဲလိုက္နဲ႔ ေနေရာင္ မျမင္ရတာေတာင္ ၾကာပါၿပီ။ ငယ္ငယ္တုန္းက ေျပာခဲ့ၾကတဲ့ “ရန္ကုန္မုိးနဲ႔ ရန္ကုန္သူ” ဆုိတာကုိ ဦးေ၀လင္းတစ္ေယာက္ သတိရ ေနပါတယ္။ ရန္ကုန္မိုးဆုိတာခဏပဲ။ ရြာၿပီး တိပ္သြားသလုိ ရန္ကုန္သူဆုိတာလည္း ခဏပဲ ေမ့လြယ္ . . .ေပ်ာက္လြယ္ .. မနက္ (၅)နာရီ အိမ္ကထြက္လာၿပီး ၿမိဳ႕ေတာ္စည္ပင္ ေဂါက္ကြင္းကုိ (၅ း ၃၀) Tee-off အမွီ ကားေမာင္းေနရင္း
ဦးေ၀လင္း တစ္ေယာက္ ရန္ကုန္မိုးကုိေရာ၊ ရန္ကုန္သူ ကုိေရာ စျမံဳ႕ျပန္ေနေနတုန္းဖုန္းက ျမည္လာပါတယ္ ...
“ ဟဲလုိ . .ကုိေ၀လင္း . . လာေနၿပီလား။ ကြၽန္ေတာ္ေရာက္ေနၿပီ . . Club House မွာ ေစာင့္ေနတယ္. . .”
ဟားဟား . . လာေနၿပီ . . ဗုိလ္မွဴးႀကီးေရ ..ေရာက္ေတာ့မယ္ ေနပါအံုး . . . ခင္ဗ်ာ ၀ိရိယေတြ ေကာင္းလွ
ႀကီးလား . . . Betting ႏုိင္မယ္ထင္ၿပီး . . ညမအိပ္ဘဲ . .လာေစာင့္ေနတယ္ . . .ဟား . ..ဟား လာေနၿပီ လာေနၿပီ . . . ေရာက္ေတာ့မယ္”
ဒီကေန႔မနက္ ၿမိဳ႕ေတာ္ေဂါက္ကြင္းမွာ ေဂါက္႐ုိက္ဖုိ႔အမႈေဆာင္ အင္ဂ်င္နီယာ(အၿငိမ္းစား) ဦးေ၀လင္းနဲ႔ တပ္မေတာ္စစ္အင္ဂ်င္နီယာ (အၿငိမ္းစား) ဗုိလ္မွဴးႀကီး ခင္ေမာင္ထြန္းတုိ႔ရဲ႕ အခ်ီအခ် စကားသံမ်ား ျဖစ္ပါတယ္။ ႏွစ္ေယာက္စလံုးဟာ ရန္ကုန္ စက္မႈတကၠသုိလ္က B.E ဘြဲ႕ ေတြရၿပီး ထုိင္းႏုိင္ငံ၊ ဘန္ေကာက္ၿမိဳ႕မွာရွိတဲ့ Institute of Technology (AIT) မွာ စေကာလားရွစ္ရလုိ႔ ME (Master of Engineering) ဘြဲ႕ေတြ အတူတူ တက္ၿပီး ဦးေ၀လင္းက ဆည္ေျမာင္းဌာန၊ ဦးခင္ေမာင္ထြန္းက တပ္မေတာ္ စစ္အင္ဂ်င္နီယာမွာ အမႈထမ္း ၾကရင္းနဲ႔ အၿငိမ္းစား ယူခဲ့ၾကသူမ်ား ျဖစ္ပါတယ္။
“ ကဲ . . .ဗုိလ္မွဴးႀကီး ခင္ဗ်ား အရင္ စ႐ုိက္ . . ၾကည့္ရေအာင္ လက္ဘယ္ေလာက္ေကာင္းလဲဆုိတာ . . .”
ဗုိလ္မွဴးႀကီး ခင္ေမာင္ထြန္းက စ႐ိုက္လိုက္ပါၿပီ . . . Fair Way ထဲကုိ ကုိက္ (၂၀၀) ေလာက္ ေရာက္သြား ပါတယ္။
“ ကုိေ၀လင္း . . ခင္ဗ်ား . .. အလွည့္ . . .” “ဟုတ္ပ . . ဟုတ္ပ . . တြယ္လိုက္အံုးမယ္”
ဦးေ၀လင္း . . ေဂါက္သီး ေဘာလံုးကလည္း . . ဗုိလ္မွဴးႀကီး ခင္ေမာင္ထြန္းရဲ႕ ေဘာလံုးနဲ႔ မနီးမေ၀းကုိ ေရာက္သြားပါေတာ့တယ္။ ၿပီးေတာ့ ကစားေဖာ္ျဖစ္တဲ့ ကုိမိုက္ကယ္ . . က ဆက္႐ိုက္ၿပီး သံုးေယာက္သား တီခံုေပၚကဆင္းၿပီး ေဘာလံုးေတြဆီကုိ ေလ်ာက္သြားၾကပါေတာ့တယ္။
“ ဒါနဲ႔ ခင္ဗ်ားနဲ႔ က်ဳပ္တုိ႔ .. သားတုိ႔နဲ႔ AIT ကုိ လိုက္သြားမဲ့ကိစၥ ဘယ္လုိလဲ.. . ”
“ စိတ္မပူပါနဲ႔ MCC က အကုန္စီစဥ္ေပးေနပါတယ္။ အခု လာမယ့္ ၾသဂုတ္လ (၂၀)ရက္ေန႔ကုိ သြားၾကရမွာ ...”
“ ေအးဗ်ာ . . .ခင္ဗ်ားသားေရာ၊ က်ဳပ္သားပါ ကံေကာင္းၾကပါတယ္။ က်ဳပ္တုိ႔ေခတ္တုန္းက စေကာလားရွစ္ရမွ သြားႏုိင္တာ . . .အခုေတာ့ သူတုိ႔စိတ္ႀကိဳက္ ႏုိင္ငံတကာအဆင့္ရွိတဲ့ အင္ဂ်င္နီယာဘြဲ႕ကုိတက္ႏုိင္တာ . . .”
“AIT ဆုိတာ က်ဳပ္တုိ႔ အင္ဂ်င္နီယာဘြဲ႕ တက္ကတည္းက အေရွ႕ေတာင္ အာရွမွာ နာမည္ႀကီးပဲဗ်ာ. . . ဒါ့ေၾကာင့္လည္း MCC က AIT နဲ႔ ပူးေပါင္းၿပီး .. ရန္ကုန္မွာ သင္တန္းေတြ ဖြင့္မယ္ၾကားကတည္းက ကေလးေတြကုိ ပုိ႔ခဲ့တာ . .. ဒီ ေကာင္ေတြက အစပုိင္းမွာ အင္တင္တင္လုပ္ေနေသးတယ္ . . . အခုေတာ့ AIT
မွ AIT ျဖစ္ ေနၾကၿပီေလ . . .”
“ က်ဳပ္တုိ႔ေတြတုန္းက Undergrad မရွိခဲ့ဘူးဗ် . .အခုမွ AIT က Undergrad အတန္းေတြ ဖြင့္လုိ႔ . . သူတုိ႔ကုိ တက္ခုိင္းတာ . . ဒါေပမယ့္ ခင္ဗ်ားသားေရာ က်ဳပ္သားပါ ကံေကာင္းတယ္ေနာ္ . . . ဒီႏွစ္ၿပီးရင္ AIT က Undergrad မရွိေတာ့ဘူးတဲ့...”
“ ေအးဗ်ာ .. ေတာ္ေသးတာေပါ့.. ဒါေပမယ့္ ဆရာႀကီး ဦးတင္၀င္းေအာင္က ေျပာတယ္.. MCC က ပုဂၢလိက
တကၠသုိလ္ျဖစ္ရင္ AIT နဲ႔ ME ဘြဲ႕ကုိ (၅)ႏွစ္နဲ႔ တက္ႏုိင္မဲ့ အစီအစဥ္ရွိတယ္... ဘယ္လုိလဲဆုိေတာ့ ပထမ(၃)ႏွစ္ MCC မွာ တက္ၿပီး B.Sc(Engineering) ရၿပီးအခုလုိပဲ AIT မွာ (၂)ႏွစ္ ဆက္တက္ရင္
ME တစ္ခါတည္း ရတယ္ဆုိပဲ...”
“ ဟာ ... ေကာင္းလိုက္တာဗ်ာ... ပုိလုိ႔ေတာင္ ေကာင္းမဲ့သေဘာ အခုလည္း ရန္ကုန္မွာ (၃)ႏွစ္၊ AIT မွာ (၂)ႏွစ္တက္ေနတာနဲ႔ သိပ္မကြာပါဘူး ...”
“ ဒါေပါ့ .. ဒါေပါ့.. ပုိေကာင္းတဲ့ အစီအစဥ္ပါပဲ ...”
“ က်ဳပ္တုိ႔လဲ AIT ကေလးေတြနဲ႔ လိုက္သြားၿပီး AIT -------- မွာ ေနၾကမယ္ေလ . . . ေဂါက္ကြင္းကလည္း ေက်ာင္းမွာဆုိေတာ့ မေက်ပြဲကုိ AIT မွာ ဆက္ၾကတာေပါ့...”
“ ကဲ . . ကဲ . . စကားေျပာ ေကာင္းေနတာနဲ႔ ခင္ဗ်ားအလွည့္ Second Shot နဲ႔ Green ေပၚ အေရာက္ ပုိ႔လိုက္ေပေတာ့...”
“ ဒီ တစ္ေခါက္ MCC ကေန AIT ကုိသြားမဲ့ ေက်ာင္းသား (၆၀)ေယာက္ရွိၿပီး လိုက္မဲ့ မိဘေတြက (၂၀)ေယာက္ဆုိေတာ့ အုပ္စုလိုက္ ေပ်ာ္စရာႀကီးပါ... ဒံုးေမာင္းေလဆိပ္ေရာက္ေတာ့ အရင္ ေရာက္ႏွင့္ေနတဲ့ ဆရာႀကီး ဦးတင္၀င္းေအာင္က ႀကိဳေနပါတယ္. . . ေက်ာင္းသူ/ေက်ာင္းသားမ်ားကုိ လိုက္ပုိ႔တဲ့ MCC က ဆရာမေတြလဲ အုပ္စုကြဲသြားမွာစုိးလုိ႔ တစ္ဟဲဟဲနဲ႔ ေက်ာင္းသားေတြ AIT ကလာႀကိဳေနတဲ့ ကားေတြေပၚ စနစ္တက် တက္ႏုိင္ေအာင္ မေမာႏုိင္ မပန္းႏုိင္ ထိန္းေနရပါတယ္ .. ။
“ ဟိတ္ေကာင္ . . .ငတီး .. နင့္ပါးပါး မားမားေတြနဲ႔ ပါလာေတာ့ နင္က အခ်စ္ကေလးနဲ႔ ဘယ္လုိေတြ႕မလဲ...”
“ ဟဟ. . . လြယ္လြယ္ေလးပါ.. ပါးပါးတုိ႔က ခဏေနမွာပဲ... ၿပီးေတာ့ BBA အခ်စ္ကေလးက ေရာက္ႏွင့္ေနၿပီ ေလ.. သူကကြၽမ္းပါတယ္ ... ငါ့ ဘုိးေတာ္ ဘြားေတာ္ေတြကုိ ျမဘုရားလုိက္ပုိ႔ ေပးဖုိ႔ေတာင္ စီစဥ္ၿပီးၿပီ...”
“ ငါကေတာ့ အခ်စ္မပါေတာ့… ဘန္ေကာက္မွာ အသစ္ရွာရမွာေပါ့ ငဲွ … ငွဲ .. ငဲွ ..”
AIT က ႀကိဳေနတဲ့ Student Union က (၄၂)ေယာက္စီး ဘတ္စ္ကားႀကီး (၂)စီးနဲ႔ဆုိေတာ့ အားလံုး ေနသားတက် ျဖစ္သြားပါၿပီ။ ဒံုးေမာင္းေလဆိပ္နဲ႔ Ransit မွာရွိတဲ့ AIT က နီးတယ္ဆုိေတာ့ ခဏ
ေလးနဲ႔ AIT ကုိ ေရာက္သြားပါတယ္။ AIT နဲ႔ THAMMASAT University က ဟုိ ဘက္ဒီဘက္ဆုိေတာ့ THAMMASAT University ကုိလည္း လွမ္းျမင္ ေနရပါတယ္။ ထုိင္းရဲ႕ နာမည္ႀကီးတကၠသုိလ္ ႀကီးတစ္ခုပါပဲ။ Ransit AIT က ႏုိင္ငံတစ္ကာတကၠသုိလ္ဆုိေတာ့ ႏုိင္ငံျခားသားေတြမ်ားတယ္။ မ်ားေသာအားျဖင့္ သီရိလကၤာ၊ အိႏၵယနဲ႔ အေရွ႕ေတာင္အာရွႏုိင္ငံေတြက ေက်ာင္းသားေတြ အမ်ားစုပါပဲ။ တ႐ုတ္ ေက်ာင္းသားေတြပါ ရွိေနတာကုိလည္းေတြ႕ရပါတယ္။ ဥေရာပက ေက်ာင္းသား/ေက်ာင္းသူအခ်ိဳ႕လဲ ရွိပါတယ္။ သူတုိ႔ကေတာ့ ဘြဲ႕လြန္သင္တန္းသားေတြပါ။ ေနာ္ေ၀ Scholarship နဲ႕ ေရာက္ေနတဲ့ ျမန္မာ ေက်ာင္းသား/ ေက်ာင္းသား ေတြကလဲ ရွိေနေတာ့ AIT မွာ ျမန္မာ Community က အႀကီးႀကီး ရွိေနလုိ႔ စိတ္လႈပ္ရွားစရာ မလုိပါဘူး။ ၿပီးေတာ့ International Program ကုိ ကုိင္တဲ့လူႀကီးကလဲ ပါေမာကၡ ေဒါက္တာသန္းလင္းဆုိတာကလဲ ျမန္မာျဖစ္ေနလုိ႔ အားလံုး အဆင္ေျပပါတယ္။ မိဘေတြ ေခတၲေနဖုိ႔ AIT ရဲ႕ Conference Center မွာပဲ စီစဥ္ထားလုိ႔ လိုက္လာတဲ့ မိဘေတြ သားေတြ၊ သမီးေတြနဲ႔ AIT ေက်ာင္း၀န္းထဲမွာပဲ အတူေနဖုိ႔ အဆင္ေျပ ပါတယ္။ ဦးေ၀လင္းတုိ႔၊ ဗုိလ္မွဴးႀကီးခင္ေမာင္ထြန္းတုိ႔အတြက္ ေဂါက္ကြင္းကလဲ AIT ေက်ာင္းမွာရွိေနလုိ႔ ေရာက္တာနဲ႔ ညေနေဂါက္႐ိုက္ဖုိ႔ စီစဥ္ေနၾကပါတယ္။
“ မႈံေရႊရီ . . . ခုိင္မာလာႏွင္းဆီ. . . ႀကိဳင္ကာသာ သင္းၿပီ . . .”
“ ဟ . .. AIT ထဲမွာ ျမန္မာ သီခ်င္းသံေတြ ၾကားေနရပါလား . . ေစာေစာစီးစီး . . .”
ဒီကေန႔ . . . စေနေန႔ဆုိေတာ့ ေစ်းေရာင္းပြဲရွိတယ္ေလ . . .အခုၾကားေနရတဲ့ သီခ်င္းသံက ျမန္မာဆုိင္
ကဖြင့္ ေတာ့ ျမန္မာေက်ာင္းသူ/ေက်ာင္းသား ေတြက ျမန္မာအစားအေသာက္ေတြေရာင္း ဖုိ႔ ျပင္ဆင္ေနေလရဲ႕. . ။
“ သြားစုိ... သြားစုိ႔ . . အရင္ ေရာက္ေနတဲ့ ျမန္မာေက်ာင္းသား အစ္ကုိႀကီး၊ အစ္မႀကီးမ်ားနဲ႔ မိတ္ဆက္ၾက တာေပါ့ ...”
ဒီလိုနဲ႔ပဲ MCC ေက်ာင္းသား၊ ေက်ာင္းသူေတြ AIT ကို ေရာက္သြားၾကပါၿပီ။
AIT သွား တောလား…..
ရန်ကုန်မိုးက အတော်ကို ကောင်းနေပါသည်။ သဲလိုက်ဖွဲလိုက်နဲ့ နေရောင် မမြင်ရတာတောင် ကြာပါပြီ။ ငယ်ငယ်တုန်းက ပြောခဲ့ကြတဲ့ “ရန်ကုန်မိုးနဲ့ ရန်ကုန်သူ” ဆိုတာကို ဦးဝေလင်းတစ်ယောက် သတိရ နေပါတယ်။ ရန်ကုန်မိုးဆိုတာခဏပဲ။ ရွာပြီး တိပ်သွားသလို ရန်ကုန်သူဆိုတာလည်း ခဏပဲ မေ့လွယ် . . .ပျောက်လွယ် .. မနက် (၅)နာရီ အိမ်ကထွက်လာပြီး မြို့တော်စည်ပင် ဂေါက်ကွင်းကို (၅ း ၃၀) Tee-off အမှီ ကားမောင်းနေရင်း
ဦးဝေလင်း တစ်ယောက် ရန်ကုန်မိုးကိုရော၊ ရန်ကုန်သူ ကိုရော စမြုံ့ပြန်နေနေတုန်းဖုန်းက မြည်လာပါတယ် ...
“ ဟဲလို . .ကိုဝေလင်း . . လာနေပြီလား။ ကျွန်တော်ရောက်နေပြီ . . Club House မှာ စောင့်နေတယ်. . .”
ဟားဟား . . လာနေပြီ . . ဗိုလ်မှူးကြီးရေ ..ရောက်တော့မယ် နေပါအုံး . . . ခင်ဗျာ ၀ိရိယတွေ ကောင်းလှ
ကြီးလား . . . Betting နိုင်မယ်ထင်ပြီး . . ညမအိပ်ဘဲ . .လာစောင့်နေတယ် . . .ဟား . ..ဟား လာနေပြီ လာနေပြီ . . . ရောက်တော့မယ်”
ဒီကနေ့မနက် မြို့တော်ဂေါက်ကွင်းမှာ ဂေါက်ရိုက်ဖို့အမှုဆောင် အင်ဂျင်နီယာ(အငြိမ်းစား) ဦးဝေလင်းနဲ့ တပ်မတော်စစ်အင်ဂျင်နီယာ (အငြိမ်းစား) ဗိုလ်မှူးကြီး ခင်မောင်ထွန်းတို့ရဲ့ အချီအချ စကားသံများ ဖြစ်ပါတယ်။ နှစ်ယောက်စလုံးဟာ ရန်ကုန် စက်မှုတက္ကသိုလ်က B.E ဘွဲ့ တွေရပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ Institute of Technology (AIT) မှာ စကောလားရှစ်ရလို့ ME (Master of Engineering) ဘွဲ့တွေ အတူတူ တက်ပြီး ဦးဝေလင်းက ဆည်မြောင်းဌာန၊ ဦးခင်မောင်ထွန်းက တပ်မတော် စစ်အင်ဂျင်နီယာမှာ အမှုထမ်း ကြရင်းနဲ့ အငြိမ်းစား ယူခဲ့ကြသူများ ဖြစ်ပါတယ်။
“ ကဲ . . .ဗိုလ်မှူးကြီး ခင်ဗျား အရင် စရိုက် . . ကြည့်ရအောင် လက်ဘယ်လောက်ကောင်းလဲဆိုတာ . . .”
ဗိုလ်မှူးကြီး ခင်မောင်ထွန်းက စရိုက်လိုက်ပါပြီ . . . Fair Way ထဲကို ကိုက် (၂၀၀) လောက် ရောက်သွား ပါတယ်။
“ ကိုဝေလင်း . . ခင်ဗျား . .. အလှည့် . . .” “ဟုတ်ပ . . ဟုတ်ပ . . တွယ်လိုက်အုံးမယ်”
ဦးဝေလင်း . . ဂေါက်သီး ဘောလုံးကလည်း . . ဗိုလ်မှူးကြီး ခင်မောင်ထွန်းရဲ့ ဘောလုံးနဲ့ မနီးမဝေးကို ရောက်သွားပါတော့တယ်။ ပြီးတော့ ကစားဖော်ဖြစ်တဲ့ ကိုမိုက်ကယ် . . က ဆက်ရိုက်ပြီး သုံးယောက်သား တီခုံပေါ်ကဆင်းပြီး ဘောလုံးတွေဆီကို လျောက်သွားကြပါတော့တယ်။
“ ဒါနဲ့ ခင်ဗျားနဲ့ ကျုပ်တို့ .. သားတို့နဲ့ AIT ကို လိုက်သွားမဲ့ကိစ္စ ဘယ်လိုလဲ.. . ”
“ စိတ်မပူပါနဲ့ MCC က အကုန်စီစဉ်ပေးနေပါတယ်။ အခု လာမယ့် သြဂုတ်လ (၂၀)ရက်နေ့ကို သွားကြရမှာ ...”
“ အေးဗျာ . . .ခင်ဗျားသားရော၊ ကျုပ်သားပါ ကံကောင်းကြပါတယ်။ ကျုပ်တို့ခေတ်တုန်းက စကောလားရှစ်ရမှ သွားနိုင်တာ . . .အခုတော့ သူတို့စိတ်ကြိုက် နိုင်ငံတကာအဆင့်ရှိတဲ့ အင်ဂျင်နီယာဘွဲ့ကိုတက်နိုင်တာ . . .”
“AIT ဆိုတာ ကျုပ်တို့ အင်ဂျင်နီယာဘွဲ့ တက်ကတည်းက အရှေ့တောင် အာရှမှာ နာမည်ကြီးပဲဗျာ. . . ဒါ့ကြောင့်လည်း MCC က AIT နဲ့ ပူးပေါင်းပြီး .. ရန်ကုန်မှာ သင်တန်းတွေ ဖွင့်မယ်ကြားကတည်းက ကလေးတွေကို ပို့ခဲ့တာ . .. ဒီ ကောင်တွေက အစပိုင်းမှာ အင်တင်တင်လုပ်နေသေးတယ် . . . အခုတော့ AIT
မှ AIT ဖြစ် နေကြပြီလေ . . .”
“ ကျုပ်တို့တွေတုန်းက Undergrad မရှိခဲ့ဘူးဗျ . .အခုမှ AIT က Undergrad အတန်းတွေ ဖွင့်လို့ . . သူတို့ကို တက်ခိုင်းတာ . . ဒါပေမယ့် ခင်ဗျားသားရော ကျုပ်သားပါ ကံကောင်းတယ်နော် . . . ဒီနှစ်ပြီးရင် AIT က Undergrad မရှိတော့ဘူးတဲ့...”
“ အေးဗျာ .. တော်သေးတာပေါ့.. ဒါပေမယ့် ဆရာကြီး ဦးတင်ဝင်းအောင်က ပြောတယ်.. MCC က ပုဂ္ဂလိက
တက္ကသိုလ်ဖြစ်ရင် AIT နဲ့ ME ဘွဲ့ကို (၅)နှစ်နဲ့ တက်နိုင်မဲ့ အစီအစဉ်ရှိတယ်... ဘယ်လိုလဲဆိုတော့ ပထမ(၃)နှစ် MCC မှာ တက်ပြီး B.Sc(Engineering) ရပြီးအခုလိုပဲ AIT မှာ (၂)နှစ် ဆက်တက်ရင်
ME တစ်ခါတည်း ရတယ်ဆိုပဲ...”
“ ဟာ ... ကောင်းလိုက်တာဗျာ... ပိုလို့တောင် ကောင်းမဲ့သဘော အခုလည်း ရန်ကုန်မှာ (၃)နှစ်၊ AIT မှာ (၂)နှစ်တက်နေတာနဲ့ သိပ်မကွာပါဘူး ...”
“ ဒါပေါ့ .. ဒါပေါ့.. ပိုကောင်းတဲ့ အစီအစဉ်ပါပဲ ...”
“ ကျုပ်တို့လဲ AIT ကလေးတွေနဲ့ လိုက်သွားပြီး AIT -------- မှာ နေကြမယ်လေ . . . ဂေါက်ကွင်းကလည်း ကျောင်းမှာဆိုတော့ မကျေပွဲကို AIT မှာ ဆက်ကြတာပေါ့...”
“ ကဲ . . ကဲ . . စကားပြော ကောင်းနေတာနဲ့ ခင်ဗျားအလှည့် Second Shot နဲ့ Green ပေါ် အရောက် ပို့လိုက်ပေတော့...”
“ ဒီ တစ်ခေါက် MCC ကနေ AIT ကိုသွားမဲ့ ကျောင်းသား (၆၀)ယောက်ရှိပြီး လိုက်မဲ့ မိဘတွေက (၂၀)ယောက်ဆိုတော့ အုပ်စုလိုက် ပျော်စရာကြီးပါ... ဒုံးမောင်းလေဆိပ်ရောက်တော့ အရင် ရောက်နှင့်နေတဲ့ ဆရာကြီး ဦးတင်ဝင်းအောင်က ကြိုနေပါတယ်. . . ကျောင်းသူ/ကျောင်းသားများကို လိုက်ပို့တဲ့ MCC က ဆရာမတွေလဲ အုပ်စုကွဲသွားမှာစိုးလို့ တစ်ဟဲဟဲနဲ့ ကျောင်းသားတွေ AIT ကလာကြိုနေတဲ့ ကားတွေပေါ် စနစ်တကျ တက်နိုင်အောင် မမောနိုင် မပန်းနိုင် ထိန်းနေရပါတယ် .. ။
“ ဟိတ်ကောင် . . .ငတီး .. နင့်ပါးပါး မားမားတွေနဲ့ ပါလာတော့ နင်က အချစ်ကလေးနဲ့ ဘယ်လိုတွေ့မလဲ...”
“ ဟဟ. . . လွယ်လွယ်လေးပါ.. ပါးပါးတို့က ခဏနေမှာပဲ... ပြီးတော့ BBA အချစ်ကလေးက ရောက်နှင့်နေပြီ လေ.. သူကကျွမ်းပါတယ် ... ငါ့ ဘိုးတော် ဘွားတော်တွေကို မြဘုရားလိုက်ပို့ ပေးဖို့တောင် စီစဉ်ပြီးပြီ...”
“ ငါကတော့ အချစ်မပါတော့… ဘန်ကောက်မှာ အသစ်ရှာရမှာပေါ့ ငှဲ … ငှဲ .. ငှဲ ..”
AIT က ကြိုနေတဲ့ Student Union က (၄၂)ယောက်စီး ဘတ်စ်ကားကြီး (၂)စီးနဲ့ဆိုတော့ အားလုံး နေသားတကျ ဖြစ်သွားပါပြီ။ ဒုံးမောင်းလေဆိပ်နဲ့ Ransit မှာရှိတဲ့ AIT က နီးတယ်ဆိုတော့ ခဏ
လေးနဲ့ AIT ကို ရောက်သွားပါတယ်။ AIT နဲ့ THAMMASAT University က ဟို ဘက်ဒီဘက်ဆိုတော့ THAMMASAT University ကိုလည်း လှမ်းမြင် နေရပါတယ်။ ထိုင်းရဲ့ နာမည်ကြီးတက္ကသိုလ် ကြီးတစ်ခုပါပဲ။ Ransit AIT က နိုင်ငံတစ်ကာတက္ကသိုလ်ဆိုတော့ နိုင်ငံခြားသားတွေများတယ်။ များသောအားဖြင့် သီရိလင်္ကာ၊ အိန္ဒယနဲ့ အရှေ့တောင်အာရှနိုင်ငံတွေက ကျောင်းသားတွေ အများစုပါပဲ။ တရုတ် ကျောင်းသားတွေပါ ရှိနေတာကိုလည်းတွေ့ရပါတယ်။ ဥရောပက ကျောင်းသား/ကျောင်းသူအချို့လဲ ရှိပါတယ်။ သူတို့ကတော့ ဘွဲ့လွန်သင်တန်းသားတွေပါ။ နော်ဝေ Scholarship နဲ့ ရောက်နေတဲ့ မြန်မာ ကျောင်းသား/ ကျောင်းသား တွေကလဲ ရှိနေတော့ AIT မှာ မြန်မာ Community က အကြီးကြီး ရှိနေလို့ စိတ်လှုပ်ရှားစရာ မလိုပါဘူး။ ပြီးတော့ International Program ကို ကိုင်တဲ့လူကြီးကလဲ ပါမောက္ခ ဒေါက်တာသန်းလင်းဆိုတာကလဲ မြန်မာဖြစ်နေလို့ အားလုံး အဆင်ပြေပါတယ်။ မိဘတွေ ခေတ္တနေဖို့ AIT ရဲ့ Conference Center မှာပဲ စီစဉ်ထားလို့ လိုက်လာတဲ့ မိဘတွေ သားတွေ၊ သမီးတွေနဲ့ AIT ကျောင်းဝန်းထဲမှာပဲ အတူနေဖို့ အဆင်ပြေ ပါတယ်။ ဦးဝေလင်းတို့၊ ဗိုလ်မှူးကြီးခင်မောင်ထွန်းတို့အတွက် ဂေါက်ကွင်းကလဲ AIT ကျောင်းမှာရှိနေလို့ ရောက်တာနဲ့ ညနေဂေါက်ရိုက်ဖို့ စီစဉ်နေကြပါတယ်။
“ မှုံရွှေရီ . . . ခိုင်မာလာနှင်းဆီ. . . ကြိုင်ကာသာ သင်းပြီ . . .”
“ ဟ . .. AIT ထဲမှာ မြန်မာ သီချင်းသံတွေ ကြားနေရပါလား . . စောစောစီးစီး . . .”
ဒီကနေ့ . . . စနေနေ့ဆိုတော့ စျေးရောင်းပွဲရှိတယ်လေ . . .အခုကြားနေရတဲ့ သီချင်းသံက မြန်မာဆိုင်
ကဖွင့် တော့ မြန်မာကျောင်းသူ/ကျောင်းသား တွေက မြန်မာအစားအသောက်တွေရောင်း ဖို့ ပြင်ဆင်နေလေရဲ့. . ။
“ သွားစို... သွားစို့ . . အရင် ရောက်နေတဲ့ မြန်မာကျောင်းသား အစ်ကိုကြီး၊ အစ်မကြီးများနဲ့ မိတ်ဆက်ကြ တာပေါ့ ...”
ဒီလိုနဲ့ပဲ MCC ကျောင်းသား၊ ကျောင်းသူတွေ AIT ကို ရောက်သွားကြပါပြီ။