Monday, October 10, 2016

CLOUD COMPUTING

၂၁ ရာစုနှစ် ကမ္ဘာကြီးတစ်ခုလုံး၏ နည်းပညာနယ်ပါယ်တွင် အပြောင်းအလဲဖြစ်ခဲ့ပြီး အနာဂတ် အတွက် အလားအလာအဖြစ် ပေါ်ပေါက်လာခဲ့သော နည်းပညာမှာ Cloud Computing ပင် ဖြစ်ပါသည်။ နည်းပညာ ဖြန့်ဖြူးသူ၊ နည်းပညာဖြင့် စီးပွားရေး လုပ်ငန်းလုပ်သူ အားလုံးမှာလည်း Cloud Computing Based စီးပွားရေးပုံစံ (Business Model) ဘက်သို့ ကူးပြောင်းနေကြသကဲ့သို့ နည်းပညာအသုံးချသူ ကမ္ဘာသူ ကမ္ဘာသားအားလုံးမှလည်း Cloud Service များကို အသုံးပြု နေကြပြီ ဖြစ်ပါသည်။

Cloud Computing ဟူသည်မှာ ကွန်ပျူတာအသုံးချစနစ်များ (Application) များကို Data Center များတွင် ထားရှိသော Server များမှတစ်ဆင့် ဆောင်ရွက်မှု (Service) ပေးသည့်ပုံစံမျိုးဖြင့် အသုံးချခြင်း ဖြစ်ပါသည်။

(Application run on hosted Servers as a Services)

Cloud Computing Service ကို အသုံးပြုခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုစရိတ် (Capital Cost) သာမက လုပ်ငန်း လုပ်ဆောင်မှုစရိတ် (Operational Cost) များကိုပါ သက်သာစေ နိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုကြီးမားသော Data Center များကို ကိုယ်ပိုင်ထားရှိရန် မလိုအပ်တော့သောကြောင့် ဖြစ်ပါသည်။

မိမိတို့အသုံးပြုလိုသော ကွန်ပျူတာအသုံးချစနစ်များ (Application Systems) ကို မိမိတို့လုပ်ငန်းတွင် ရှိစရာမလိုဘဲ Data Center များမှယူ၍ အသုံးပြုနိုင်ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းအနေဖြင့် Hardware နှင့် Software များ Update လုပ်ရန်လည်း မလိုတော့ပါ။ User အနေဖြင့် အသုံးပြုရန် PC, Laptops, Mobile Phone နှင့် LAN (Local Area Network) လောက်သာ လိုအပ်ပေတော့မည်။ ကုန်ကျစရိတ် သက်သာသည်သာမက စီမံခန့်ခွဲမှုလည်း သက်သာစေပါသည်။ အဘယ့်ကြောင့်ဆိုသော် Data Center မှပင် Server များသာမက Client များအတွက်ပါ ထိန်းချုပ် ဆောင်ရွက်ထားသောကြောင့် ဖြစ်ပါသည်။ ထို့အပြင် သတင်းအချက်အလက်များ (Data) များကိုလည်း Data Center ရှိ Server များတွင်သာ သိမ်းဆည်းထားသည့်အတွက် သတင်းအချက် အလက် ပေါက်ကြားမှုအတွက် ပိုမိုလုံခြုံစိတ်ချရစေပါသည်။

Virtualization

Cloud Computing နည်းပညာ အရ Data Center ရှိ Hardware, Software စသည်တို့ကို ဆက်သွယ်အသုံးချမည့် အဖွဲ့အစည်းများအတွက် ဘုံအသုံးချမည်ဖြစ်ရာ Virtualzation  နည်းပညာကို အသုံးပြုရပါသည်။ Virtualzation ဆိုသည်မှာ Hardware နှင့် Software များကို မိမိကိုယ်ပိုင်ကဲ့သို့ သီးသန့်စီ သုံးနေသကဲ့သို့ ဖြစ်ရန် ပြုလုပ်ပေးခြင်း ဖြစ်ပါသည်။ ထို့ကြောင့် အဖွဲ့အစည်းအနေဖြင့် Data Center ရှိ Server များကို အသုံးပြုနေသော်လည်း မိမိတို့အတွက် သီးသန့် Virtual Server များဖြင့် အသုံးပြုနေခြင်းဖြစ်၍ လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ပါသည်။

Cloud Computing Services

(၁) Software as a Service (SaaS)
Data Center တွင်သာရှိသော Software များကို အဖွဲ့အစည်းများသို့ Service ပုံစံဖြင့် အသုံးပြုစေခြင်းဖြစ်ပါသည်။ အသုံးပြုသည့် အဖွဲ့အစည်းတွင် Software မရှိ ထိမ်းသိမ်းရန် လည်းမလိုဘဲ လိုအပ်သည့်အချိန်တွင် လိုအပ်သလောက်ကိုသာ အင်တာနက်မှ တစ်ဆင့်ယူ၍ အသုံးပြုလိုက် ရုံသာ ဖြစ်ပါသည်။

(၂) Platform as a Services (PaaS)
သက်ဆိုင်ရာအဖွဲ့အစည်းများသည် မိမိတို့လိုအပ်မည့် အသုံးချစနစ် (Application System) ကို မိမိကိုယ်တိုင်ပြုလုပ်နိုင်ရန် လိုအပ်သော Application Design, Development, Testing, Deployment, Hosting စသည်တို့ပြုလုပ်နိုင်ရန် ဆောင်ရွက်မှုပေးခြင်း ဖြစ်ပါသည်။

(၃) Infrastructure as a Service (IaaS)
IaaS ကို Hardware as a Service (HaaS) ဟုလည်း ခေါ်ပါသည်။ Data Center နှင့် ဆက်သွယ်အသုံးပြုမည့် အဖွဲ့အစည်းအတွက် Hardware ဖြစ်သော Server တွင် Data Processing, Storage, Memory စသည်တို့ကိုသာ အသုံးပြုခွင့်ပေးပြီး မည်သည့် Software ကိုမျှ အသုံးပြုခွင့် မပေးပါ။ Data Center ၏ Space ကိုသာ ငှားရမ်း သုံးစွဲခြင်းမျိုးလည်း ဖြစ်ပါသည်။

(၄) Database as a Service (DaaS)
Database Hardware Server နှင့် Database လိုင်စင်များမှာ ဈေးကြီးသည့်အားလျော်စွာ သက်ဆိုင်ရာ အဖွဲ့အစည်းများအတွက် Database အသုံးပြုမှုအတွက်သာ ဆောင်ရွက်မှုပေးခြင်းမျိုး ဖြစ်ပါသည်။

Security

Cloud Computing နှင့် ပါတ်သက်၍ အသုံးပြုသူများ၏ စိုးရိမ်ပူပန်မှုမှာ မိမိတို့၏ သတင်းအချက် အလက်များကို Data Center တွင် ထားရှိရာသည့်အတွက် ကိုယ်ရေးကိုယ်တာ အချက်အလက်များ (Privacy) ကျိုးပေါက်နိုင်မည့် အန္တရာယ်ပင်ဖြစ်ပါသည်။ အခြား သူတစ်ဦးမှ မိမိ၏ သတင်းအချက် အလက်များကို ကိုယ်တွယ်သိမ်းဆည်းခြင်းဖြစ်သောကြောင့် မည်မျှ လုံခြုံမှုရှိသည်၊ စိတ်ချရသည်ဟူသော အချက်ပင် ဖြစ်ပါသည်။ အမှန်တစ်ကယ်တွင် Cloud Computing Service ပေးသော Data Center များသည် Server Side နှင့် Client Side တို့အတွက် လုံခြုံရေးကို အဓိကအဖြစ် ဆောင်ရွက်ပေးပါသည်။ Cloud Computing ဖြစ်သည့်အတွက် လုံခြုံရေးကိုပါ Cloud Service အဖြစ်ပေးသောကြောင့် မိမိလိုအပ်သော လုံခြုံရေးအဆင့်ကို ဖန်တီးရယူနိုင်ပါသည်။ ထို့အပြင် Service ပေးနေသည့် Cloud ကို (၂၄) နာရီပတ်လုံး ကြီးကြပ်ကွပ်ကဲနေသည့် အတွက်လည်း အဖွဲ့အစည်းတစ်ခုချင်းစီထက် ပို၍ လုံခြုံရေးသတိရှိနိုင်ပါသည်။ ထို့အပြင် အဖွဲ့အစည်းတစ်ခုခြင်းစီ၊ တစ်ဦးခြင်းစီ၏ သက်ဆိုင်ရာ ကွန်ပျူတာများ၌ သတင်းအချက်အလက်များ ရှိနေခြင်းထက် Cloud တွင် သတင်းအချက်အလက်များအားလုံး သိမ်းဆည်းခြင်းက သတင်းအချက် အလက်ပေါက်ကြားမှု အန္တရာယ်ကိုလျော့ ပါးစေနိုင်ပါသည်။ ထို့အပြင် Cloud Computing တွင် Virtualzation လုပ်ထားသည့်အတွက် မိမိကိုယ်ပိုင် Server တွင် မိမိ၏ သတင်းအချက် အလက်များကို သိမ်းဆည်းထားရှိပြီး ကိုယ်တိုင် စောင့်ရှောက်သကဲ့သို့လည်း ဖြစ်ပါသည်။ မည်သို့ဆိုစေကာမူ သတင်းအချက်အလက် လုံခြုံစိတ်ချမှုအတွက် အောက်ပါ နည်းလမ်းများကို သုံးရန်လည်း လိုအပ်ပါသည်။

Encryption - မိမိ၏ သတင်းအချက်အလက်များကို Algorithm  အသုံးပြု၍ ပုံဖျက်ပြီး (Encryptrion) အသုံးပြုပါမှ ပုံပြန်ဖော်ခြင်း (Decryptin) 

Authentication - အသုံးပြုမည့်သူ၏ User Name နှင့် Password ပြုလုပ်ပြီးသုံးစွဲခြင်း၊ Authorization - လုံခြုံစိတ်ချရေးအတွက် မည်သူကို အသုံးပြုခွင့်ပေးမည်ဟူသောစနစ်ကျင့်သုံးခြင်း။
Cloud Computing


Security