Monday, October 10, 2016

e-Government Portal

e-Government လုပ်ငန်းစဉ်ထူထောင်ရေးအတွက် ပထမနည်းဖြစ်သော (Web Presence) အဖြစ် အစိုးရအဖွဲ့အစည်းများ၏ (Website) များကို အင်တာနက်ပေါ်သို့ ထုတ်လွှင့်ကာ မိမိတို့ အဖွဲ့အစည်းနှင့် သက်ဆိုင်သော သတင်းအချက်အလက်များကို ပြည်သူလူထုသို့ One Way သဘောမျိုး သိအောင်ပြုလုပ်ပြီး သောအခါ ဒုတိယအဆင့်အနေဖြင့် အစိုးရ၏ဆောင်ရွက်မှုများကို ပြည်သူများ တစ်နေရာတည်းမှ One-Stop-Shop ပုံစံ ဆက်သွယ်ဆောင် ရွက်နိုင်သော Two – Ways ပုံစံမျိုး ဖြစ်စေရန် Internet Portal များကို ဖန်တီးပြုလုပ်လာကြပါသည်။ ယင်းတို့ကို e-Government Portal  (သို့) e-Services Portal ဟူ၍ခေါ် ဆိုပါသည်။

Government Internet Portal (e-Government Portal) များထူထောင်ရ ခြင်း၏ ရည်ရွယ်ချက်များမှာ-

(၁) အစိုးရ၀န်ကြီးဌာနများ၏ သတင်း အချက်အလက်နှင့် ဆောင်ရွက်ချက်များကို ပြည် သူများနှင့် စီးပွားရေးလုပ်ငန်းများ အလွယ်တကူရယူဆောင်ရွက်နိုင်ရန်။

(၂) အင်တာနက်ပေါ်တွင်မရနိုင်သည့် သတင်းအချက်အလက်များနှင့် ဆောင်ရွက်ချက်များကို မည်သို့ ရယူဆောင်ရွက်နိုင်မည်ကို လမ်းညွှန်ရန်တို့ဖြစ်ပါသည်။

ပြည်သူလူထုနှင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် မိမိတို့ရယူလိုသော သတင်းအချက် အလက်များ ရယူနိုင်ရန် မိမိတို့ဆောင်ရွက်လိုသော ကိစ္စရပ်များကို လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရန် e- Government Portal (e- Services Portal) ကိုချိတ်ဆက်ပြီး မိမိတို့ လိုအပ်သလို အစိုးရဌာနနှင့် အပြန်အလှန် ဆက်သွယ် ဆောင်ရွက်နိုင်ကြသဖြင့် e-Government လုပ်ငန်းကြီးတစ်ခုလုံးအတွက် မရှိမဖြစ် (Gateway) ကြီးတစ်ခု သဖွယ်ဖြစ် လာပါသည်။ ထို့အပြင် အစိုးရလုပ်ငန်းများ၏ သတင်းအချက် အလက်များနှင့် ဆောင်ရွက်မှုများ ရရှိစေနိုင်သောစနစ်အဖြစ်သာမက အစိုးရစီမံ ခန့်ခွဲမှုပုံစံသစ် (New Government) ဖြစ် ပေါ်လာစေမည့် ပါရာဒိုင်း (Paradigm) ကို လည်း ဖန်တီး ဖြစ်ပေါ်စေနိုင်ပါသည်။

အစိုးရဌာနတစ်ခုချင်းစီ၏ ဗျူရိုကရေစီ ပုံစံသီးခြားလုပ်ဆောင်ပေးမှု e-Government Portal ကို ဖန်တီးပြီး အစိုးရဌာနများ၏ (Organizational Silos) များအသွင်မှ ပြည်သူလူထု လိုအပ်ချက်အခြေခံ (Citizen Centric) ပုံစံ အသွင်ပြောင်း ဆောင်ရွက်မှုပေးနိုင်ပုံကိုပုံ ဖြင့် ဖော်ပြထားပါသည်။

Portal ကို ဖွဲ့စည်းတည်ဆောက်ထားပုံ (Portal Organization)

အစိုးရ  Website များတွင်ပါဝင်သော Web စာမျက်နှာများ (Web Page) ကိုလမ်းညွှန် (Directory) ပုံစံ၊ (Menu) ပုံစံပြုလုပ်စေပြီး သိလိုသမျှကို လမ်းညွှန်အတိုင်း ပုံသေကြည့်သွားနိုင်ရန် စီစဉ်ထားခြင်း ဖြစ်ပါသည်။ သတင်းအချက်အလက်သိရုံ (Web Presence) အတွက် အသုံးဝင်သော်လည်း အသုံးပြုသူ တစ်ဦး၏ သီးသန့်လိုအပ်ချက်အတွက်မူ အဆင်မပြေမှုများ၊ မြောက်များစွာရှာဖွေရသော အခက်အခဲမျိုး ဖြစ်နိုင်ပါသည်။ Portal ဖွဲ့စည်း တည်ဆောက်မှုများမှာ သာမန် Website ရိုးရိုးများကဲ့သို့ သက်ဆိုင်ရာအဖွဲ့အစည်း၏ အကြောင်းအရာများကို ဖော်ပြပေးခြင်းပုံစံမျိုးသာ အသုံးပြုသည့် ပြည်သူလိုအပ်ချက်အတိုင်း ရှာဖွေ ဆောင် ရွက်နိုင်ရန် Navigation  စီစဉ်ထားရှိ ပါသည်။

အစိုးရဌာနများအနေဖြင့် e-Government Portal (e-Service Portal) များတည်ဆောက်ပြီး ပြည်သူ လူထုကို ဆောင် ရွက်မှုများပေးရန် ပေးရိုးပေးစဉ် သမားရိုးကျ ဆောင်ရွက်မှုများသာ ဖြစ်သော်လည်း ပြည်သူ လုထုဖက်မှ လိုလားသည်မှာ ယခင်ထက် ပိုမိုကောင်းမွန်သော ဆောင်ရွက်မှုပုံစံများ ဖြစ် ပေါ်လာစေရေး ဖြစ် ပါသည်။ ဥပမာအားဖြင့် မိုဘိုင်းဖုန်းများမှ အစိုးရသတင်းအချက်အလက်နှင့် ဆောင်ရွက်ချက်များကို ရယူနိုင်သော (m-Government) စနစ်မျိုး၊ တစ်နိုင်ငံလုံး၏စာရင်းများ၊ ပေါ်လစီများ၊ အရေးကြီးသော သတင်း ထုတ်ပြန်ချက်များကိုပါ ဆောင်ရွက် ပေးနိုင်သော Portal မျိုး စသည်တို့ဖြစ်ပါသည်။

အစိုးရဌာနများအနေဖြင့် Portal ကို ထူထောင်ပြီး ပြည်သူလူထုနှင့် စီးပွားရေးလုပ် ငန်းများအတွက် အစိုးရဆောင်ရွက်မှုများကို ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန် ကြိုးပမ်းဆောင် ရွက်ရာတွင် ရှေ့မျက်နှာစာ Portal ၏ နောက်ကွယ်တွင် အစိုးရအေဂျင်စီများအနေဖြင့် ပြင် ဆင်ပြောင်းလဲမှုများ ပြုလုပ်ရန်လိုအပ်ပါသည်။ Portal သည် အစိုးရနှင့်ပြည်သူလူထု၊ စီးပွား ရေးလုပ်ငန်းများ ထိတွေ့ ဆက်စပ်ရမည့် (Interface) သာဖြစ်ပါသည်။ အမှန်တကယ်လက် တွေ့ဆောင်ရွက်ရာတွင် အစိုးရအေဂျင်စီများ၊ ဌာနများအနေဖြင့် လျင်မြန်စွာတောင်းဆိုလာသော၊ ကျယ်ပြန့်စွာ လိုအပ်လာသော ပြည်သူ လူထုနှင့် စီးပွားရေးလုပ်ငန်းများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် သမားရိုးကျ ဖွဲ့စည်း ထားသောပုံစံများကို ပြန်လည်ဖွဲ့စည်းခြင်း (Restructuring) အစိုးရဌာန အချင်းချင်း ပေါင်းစည်းခြင်း (Merger) တို့ပြုလုပ်ကြရပါ သည်။

ဥပမာအားဖြင့် တောင်ကိုရီးယားနိုင်ငံ၏ G4C e- Service Centre ဟူသော (Government For Citizen Portal) ကို အစိုးရ အုပ်ချုပ်ရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘတ်ဂျတ်ဝန်ကြီးဌာန၊ သတင်းအချက် အလက်နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန စသော ၀န်ကြီးဌာန (၃) ခုမှ ဦးဆောင်ပါသည်။ ပြည်သူများ (One-Stop-Shop) ဆောင်ရွက်နိုင်ရန် အမျိုးသား မှတ်ပုံတင်ခြင်း၊ မြေနှင့်အဆောက်အဦ၊ မော်တော်ယာဉ်နှင့် လိုင်စင်၊ အခွန်ကောက်ခံခြင်းစသော (Database) (၅)မျိုးတွင်အကျုံးဝင်သော အစိုးရဌာနများ အားလုံးဆက်စပ်ချိတ်ဆက်ထားပါသည်။ ယင်း G4C Portal မှ အစိုးရဆောင်ရွက်မှုအမျိုးအစားပေါင်း (၄၁၀၀) ကျော်ကို လုပ်ထုံးလုပ်နည်းနှင့် သက်ဆိုင်သော သတင်းအချက်အလက်များ၊ အစိုးရသို့ပေးရမည့် အီလက်ထရောနစ် ပုံစံ (e-Form) များ၊ ချိတ်ဆက်ရန်လိုအပ်သည့် နေရာများ စသည်တို့အပါဝင် ပြည်သူလူထု လိုအပ်ချက်အတိုင်း ဖြည့်ဆည်းနိုင်ရန် ဆောင်ရွက်ပေးပါသည်။

Portal စီမံခန့်ခွဲခြင်း (Portal Management)

e-Government Portal များ ထူထောင်နိုင်ရန် နည်းပညာ၊ လူအင်အား၊ ငွေ အင်အားနှင့် စီမံခန့်ခွဲမှုတို့ ပြည့်စုံလုံလောက်ရန် လိုအပ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် (၂၄) နာရီမပြတ် အမျိုးမျိုးသော ပြည်သူလူထု လိုအပ် ချက်များကို မရပ်မနား ပြည့်ဝအောင်ဆောင်ရွက် ပေးရမည့် လုပ်ငန်းမျိုး ဖြစ်သည့်အတွက် အစိုးရဌာန တစ်ခုအနေဖြင့် ဆောင်ရွက်နိုင်ရန် အခက်အခဲရှိပါသည်။ ထို့ကြောင့် PPP (Public Private Partnership) ဟူသော အစီအစဉ်မျိုးဖြင့် အစိုးရနှင့် ပုဂ္ဂလိက တို့ ပေါင်းစပ်လုပ်ကိုင်သော နည်းလမ်းကို အသုံးများလာခဲ့ပါသည်။ အစိုးရအနေဖြင့် Portal လုပ်ငန်းဆောင်ရွက်မှုနှင့် နည်းပညာ၏ စီမံခန့်ခွဲမှုကို ပုဂ္ဂလိကအပ်နှံဆောင်ရွက်ပြီး (Outsourcing) ပြု လုပ်ခြင်းဖြစ်သည်။ ASP (Application Service Provider ) လုပ်ငန်းဆောင်ရွက်မှုကို အချို့သော ပုဂ္ဂလိကကုမ္ပဏီများအနေဖြင့်လည်း Portal ထူထောင်ပေးခြင်းသာမက၊ Portal လုပ်ငန်းများ ဆောင် ရွက်ခြင်းနှင့် စီမံခန့်ခွဲခြင်းလုပ်ငန်းများကိုပါ တာဝန်ယူဆောင်ရွက်ပေးနိုင်ပါသည်။ Portal တစ်ခုလုပ်ဆောင်မှုနှင့် စီမံခန့်ခွဲမှုအတွက် လိုအပ်သောဘဏ္ဍာငွေကိုလည်း အစိုးရမှပေးခြင်းမျိုး မဟုတ်ဘဲ၊ တာဝန်ယူဆောင်ရွက်သော ပုဂ္ဂလိကကုမ္ပဏီမှ ကြော်ငြာခကောက်ယူခြင်း၊ စီမံရေး ဆန်သော (ဥပမာ e-Commerce) လုပ် ဆောင်မှုမျိုးပေါ်မှ အခကောက်ယူစေခြင်း စသည့်နည်းမျိုး အသုံးပြုသော (Business Model) မျိုးဖြစ်ပါသည်။

ဥပမာအားဖြင့် ဟောင်ကောင်မှ ESD Life Portal သည် ဟောင်ကောင်အစိုးရ အနေဖြင့် ဟောင်ကောင် တွင် နေထိုင်သူလူဦးရေ (၇) သန်းအတွက် အစိုးရဌာနပေါင်း (၄၀) ကျော်ပါဝင်ပြီး ဆောင်ရွက်မှုအမျိုးအစား (၁၁၀)ကျော်ကို နေ့ညမပြတ် (၂၄) နာရီပတ်လုံး ဆောင်ရွက်မှုပေးနိုင်သော Portal ဖြစ်ပါသည်။ ယင်းကို ဟောင်ကောင်အစိုးရမှ ESD Service Limited ဟူသော ပုဂ္ဂလိကကုမ္ပဏီသို့ အလုပ် အပ်နှံဆောင်ရွက်ကာ (Outsourcing) နည်း လမ်းဖြင့် စီမံခန့်ခွဲ ဆောင်ရွက်လျက်ရှိပါသည်။


From Organizational Silos to Citizen Centricity

One-Stop Procurement: Electronic Trading System (Hong Kong)

Hong Kong's ESDlife Portal