Monday, October 10, 2016

e-Government Training


MCC e-Government လုပ်ငန်းပရောဂျက် မှတ်တမ်းတင်ဓာတ်ပုံများ

ကျောက်ပွဲ တင်ဒါ



MCC မှ ၀န်ထမ်းများ အလုပ်လုပ်နေပုံ



ဝန်ထမ်းများ ကွန်ပျူတာစနစ်များ ကြည့်ရှုလေ့လာနေပုံ


>အစိုးရ၀န်ထမ်းများ သင်တန်းတက်နေပုံ


CSSTB ရုံး၌ MCC မှ ၀န်ထမ်းများ မှတ်တမ်းဓာတ်ပုံ


ကျောက်မျက်ရတနာပြပွဲခန်းမ

MCC e-Government လုပ်ငန်းပရောဂျက် မှတ်တမ်းတင်ဓာတ်ပုံများ


ကျောက်မျက်ရတနာပြပွဲကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကြွရောက်လေ့လာနေပုံ



ကျောက်မျက်ရတနာပြပွဲကို ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း ကြွရောက်လေ့လာနေပုံ



MCC ဥက္ကဌ ဦးတင်ဝင်းအောင်မှ  Government Online System (GOS) အကြောင်း ရှင်းလင်းတင်ပြမှုအား စစ်ဆေးကြည့်ရှုနေစဉ်



MCC Group CEO ဒေါ်ချောခင်ခင်မှ e-Government အကြောင်း ရှင်းလင်းတင်ပြနေပုံ



ICT ပြပွဲတွင် MCC မှ တာဝန်ရှိသူများ ရှင်းလင်းဖြေကြားနေပုံ


MCC Group ICT Services CEO ဦးအောင်စိုးလင်းမှ ၀န်ထမ်းများအား သင်တန်းပေးနေပုံ

CLOUD COMPUTING

၂၁ ရာစုနှစ် ကမ္ဘာကြီးတစ်ခုလုံး၏ နည်းပညာနယ်ပါယ်တွင် အပြောင်းအလဲဖြစ်ခဲ့ပြီး အနာဂတ် အတွက် အလားအလာအဖြစ် ပေါ်ပေါက်လာခဲ့သော နည်းပညာမှာ Cloud Computing ပင် ဖြစ်ပါသည်။ နည်းပညာ ဖြန့်ဖြူးသူ၊ နည်းပညာဖြင့် စီးပွားရေး လုပ်ငန်းလုပ်သူ အားလုံးမှာလည်း Cloud Computing Based စီးပွားရေးပုံစံ (Business Model) ဘက်သို့ ကူးပြောင်းနေကြသကဲ့သို့ နည်းပညာအသုံးချသူ ကမ္ဘာသူ ကမ္ဘာသားအားလုံးမှလည်း Cloud Service များကို အသုံးပြု နေကြပြီ ဖြစ်ပါသည်။

Cloud Computing ဟူသည်မှာ ကွန်ပျူတာအသုံးချစနစ်များ (Application) များကို Data Center များတွင် ထားရှိသော Server များမှတစ်ဆင့် ဆောင်ရွက်မှု (Service) ပေးသည့်ပုံစံမျိုးဖြင့် အသုံးချခြင်း ဖြစ်ပါသည်။

(Application run on hosted Servers as a Services)

Cloud Computing Service ကို အသုံးပြုခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုစရိတ် (Capital Cost) သာမက လုပ်ငန်း လုပ်ဆောင်မှုစရိတ် (Operational Cost) များကိုပါ သက်သာစေ နိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုကြီးမားသော Data Center များကို ကိုယ်ပိုင်ထားရှိရန် မလိုအပ်တော့သောကြောင့် ဖြစ်ပါသည်။

မိမိတို့အသုံးပြုလိုသော ကွန်ပျူတာအသုံးချစနစ်များ (Application Systems) ကို မိမိတို့လုပ်ငန်းတွင် ရှိစရာမလိုဘဲ Data Center များမှယူ၍ အသုံးပြုနိုင်ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းအနေဖြင့် Hardware နှင့် Software များ Update လုပ်ရန်လည်း မလိုတော့ပါ။ User အနေဖြင့် အသုံးပြုရန် PC, Laptops, Mobile Phone နှင့် LAN (Local Area Network) လောက်သာ လိုအပ်ပေတော့မည်။ ကုန်ကျစရိတ် သက်သာသည်သာမက စီမံခန့်ခွဲမှုလည်း သက်သာစေပါသည်။ အဘယ့်ကြောင့်ဆိုသော် Data Center မှပင် Server များသာမက Client များအတွက်ပါ ထိန်းချုပ် ဆောင်ရွက်ထားသောကြောင့် ဖြစ်ပါသည်။ ထို့အပြင် သတင်းအချက်အလက်များ (Data) များကိုလည်း Data Center ရှိ Server များတွင်သာ သိမ်းဆည်းထားသည့်အတွက် သတင်းအချက် အလက် ပေါက်ကြားမှုအတွက် ပိုမိုလုံခြုံစိတ်ချရစေပါသည်။

Virtualization

Cloud Computing နည်းပညာ အရ Data Center ရှိ Hardware, Software စသည်တို့ကို ဆက်သွယ်အသုံးချမည့် အဖွဲ့အစည်းများအတွက် ဘုံအသုံးချမည်ဖြစ်ရာ Virtualzation  နည်းပညာကို အသုံးပြုရပါသည်။ Virtualzation ဆိုသည်မှာ Hardware နှင့် Software များကို မိမိကိုယ်ပိုင်ကဲ့သို့ သီးသန့်စီ သုံးနေသကဲ့သို့ ဖြစ်ရန် ပြုလုပ်ပေးခြင်း ဖြစ်ပါသည်။ ထို့ကြောင့် အဖွဲ့အစည်းအနေဖြင့် Data Center ရှိ Server များကို အသုံးပြုနေသော်လည်း မိမိတို့အတွက် သီးသန့် Virtual Server များဖြင့် အသုံးပြုနေခြင်းဖြစ်၍ လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ပါသည်။

Cloud Computing Services

(၁) Software as a Service (SaaS)
Data Center တွင်သာရှိသော Software များကို အဖွဲ့အစည်းများသို့ Service ပုံစံဖြင့် အသုံးပြုစေခြင်းဖြစ်ပါသည်။ အသုံးပြုသည့် အဖွဲ့အစည်းတွင် Software မရှိ ထိမ်းသိမ်းရန် လည်းမလိုဘဲ လိုအပ်သည့်အချိန်တွင် လိုအပ်သလောက်ကိုသာ အင်တာနက်မှ တစ်ဆင့်ယူ၍ အသုံးပြုလိုက် ရုံသာ ဖြစ်ပါသည်။

(၂) Platform as a Services (PaaS)
သက်ဆိုင်ရာအဖွဲ့အစည်းများသည် မိမိတို့လိုအပ်မည့် အသုံးချစနစ် (Application System) ကို မိမိကိုယ်တိုင်ပြုလုပ်နိုင်ရန် လိုအပ်သော Application Design, Development, Testing, Deployment, Hosting စသည်တို့ပြုလုပ်နိုင်ရန် ဆောင်ရွက်မှုပေးခြင်း ဖြစ်ပါသည်။

(၃) Infrastructure as a Service (IaaS)
IaaS ကို Hardware as a Service (HaaS) ဟုလည်း ခေါ်ပါသည်။ Data Center နှင့် ဆက်သွယ်အသုံးပြုမည့် အဖွဲ့အစည်းအတွက် Hardware ဖြစ်သော Server တွင် Data Processing, Storage, Memory စသည်တို့ကိုသာ အသုံးပြုခွင့်ပေးပြီး မည်သည့် Software ကိုမျှ အသုံးပြုခွင့် မပေးပါ။ Data Center ၏ Space ကိုသာ ငှားရမ်း သုံးစွဲခြင်းမျိုးလည်း ဖြစ်ပါသည်။

(၄) Database as a Service (DaaS)
Database Hardware Server နှင့် Database လိုင်စင်များမှာ ဈေးကြီးသည့်အားလျော်စွာ သက်ဆိုင်ရာ အဖွဲ့အစည်းများအတွက် Database အသုံးပြုမှုအတွက်သာ ဆောင်ရွက်မှုပေးခြင်းမျိုး ဖြစ်ပါသည်။

Security

Cloud Computing နှင့် ပါတ်သက်၍ အသုံးပြုသူများ၏ စိုးရိမ်ပူပန်မှုမှာ မိမိတို့၏ သတင်းအချက် အလက်များကို Data Center တွင် ထားရှိရာသည့်အတွက် ကိုယ်ရေးကိုယ်တာ အချက်အလက်များ (Privacy) ကျိုးပေါက်နိုင်မည့် အန္တရာယ်ပင်ဖြစ်ပါသည်။ အခြား သူတစ်ဦးမှ မိမိ၏ သတင်းအချက် အလက်များကို ကိုယ်တွယ်သိမ်းဆည်းခြင်းဖြစ်သောကြောင့် မည်မျှ လုံခြုံမှုရှိသည်၊ စိတ်ချရသည်ဟူသော အချက်ပင် ဖြစ်ပါသည်။ အမှန်တစ်ကယ်တွင် Cloud Computing Service ပေးသော Data Center များသည် Server Side နှင့် Client Side တို့အတွက် လုံခြုံရေးကို အဓိကအဖြစ် ဆောင်ရွက်ပေးပါသည်။ Cloud Computing ဖြစ်သည့်အတွက် လုံခြုံရေးကိုပါ Cloud Service အဖြစ်ပေးသောကြောင့် မိမိလိုအပ်သော လုံခြုံရေးအဆင့်ကို ဖန်တီးရယူနိုင်ပါသည်။ ထို့အပြင် Service ပေးနေသည့် Cloud ကို (၂၄) နာရီပတ်လုံး ကြီးကြပ်ကွပ်ကဲနေသည့် အတွက်လည်း အဖွဲ့အစည်းတစ်ခုချင်းစီထက် ပို၍ လုံခြုံရေးသတိရှိနိုင်ပါသည်။ ထို့အပြင် အဖွဲ့အစည်းတစ်ခုခြင်းစီ၊ တစ်ဦးခြင်းစီ၏ သက်ဆိုင်ရာ ကွန်ပျူတာများ၌ သတင်းအချက်အလက်များ ရှိနေခြင်းထက် Cloud တွင် သတင်းအချက်အလက်များအားလုံး သိမ်းဆည်းခြင်းက သတင်းအချက် အလက်ပေါက်ကြားမှု အန္တရာယ်ကိုလျော့ ပါးစေနိုင်ပါသည်။ ထို့အပြင် Cloud Computing တွင် Virtualzation လုပ်ထားသည့်အတွက် မိမိကိုယ်ပိုင် Server တွင် မိမိ၏ သတင်းအချက် အလက်များကို သိမ်းဆည်းထားရှိပြီး ကိုယ်တိုင် စောင့်ရှောက်သကဲ့သို့လည်း ဖြစ်ပါသည်။ မည်သို့ဆိုစေကာမူ သတင်းအချက်အလက် လုံခြုံစိတ်ချမှုအတွက် အောက်ပါ နည်းလမ်းများကို သုံးရန်လည်း လိုအပ်ပါသည်။

Encryption - မိမိ၏ သတင်းအချက်အလက်များကို Algorithm  အသုံးပြု၍ ပုံဖျက်ပြီး (Encryptrion) အသုံးပြုပါမှ ပုံပြန်ဖော်ခြင်း (Decryptin) 

Authentication - အသုံးပြုမည့်သူ၏ User Name နှင့် Password ပြုလုပ်ပြီးသုံးစွဲခြင်း၊ Authorization - လုံခြုံစိတ်ချရေးအတွက် မည်သူကို အသုံးပြုခွင့်ပေးမည်ဟူသောစနစ်ကျင့်သုံးခြင်း။
Cloud Computing


Security



MCC e-Government Service Model

MCC Group အနေဖြင့် e-Government လုပ်ငန်းများကို နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ရာ နည်းပညာ အမျိုးမျိုး ဆောင်ရွက်မှုပုံစံသည် အမျိုးမျိုးရှိခဲ့ပါသည်။ သက်ဆိုင်ရာခေတ်အလိုက် မှန်ကန်သော နည်းပညာဖြင့် အကျိုးပြုမည့်ပုံစံအတိုင်း ပြောင်းလဲဆောင်ရွက်ရသည် ဖြစ်သောကြောင့် ယနေ့ခေတ် အခါ၏ ပြောင်းလဲ တိုးတက်လာသော နည်းပညာနှင့် စီးပွားရေးပုံစံ (Business Model) အရ Cloud Computing Technology ကိုအသုံးပြုပြီး e-Government Service များကို ပေးမည် ဖြစ်ပါသည်။ ထို့ကြောင့် MCC Group သည် MCC Super Corridor ကို တည်ဆောက်ရန် ကြိုးပမ်းလျက်ရှိရာ Data Center များကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် ရတနာပုံ Cyber City များတွင် တည်ဆောက်ရန် စီမံဆောင်ရွက် လျက်ရှိပါ သည်။ နေပြည်တော်တွင် Data Center ကို စတင်တည်ဆောက်လျက် ရှိပြီး နေပြည်တော် အစိုးရ ၀န်ကြီးဌာနများ ချိတ်ဆက်ထားသော Fiber Network နှင့်လည်း ချိတ်ဆက်ပြီး ဖြစ် ပါသည်။ နေပြည်တော် Data Center အစိုးရ၀န်ကြီးဌာနများအား Cloud Service များပေးရန် ဆက်လက် ပြင်ဆင်လျက်ရှိပါသည်။ MCC e-Government Suite ပါဝင်သော GOS (Government Online System), g-MIS (e-Government Portal), Back Office Management System)၊ အစိုးရပင်မလုပ်ငန်းများ စီမံခန့်ခွဲမှုစနစ် g.COM (Government Core Operation Management) စသည်တို့ကို Service Model ပုံစံမျိုးဖြင့် ဆောင်ရွက်မှု ပေးမည်ဖြစ်ပါသည်။ ထို့ပြင် ရန်ကုန်နှင့် မန္တလေးတို့တွင်လည်း Data Center များထားရှိပြီး တိုင်းဒေသကြီး အစိုးရများအား e-Government Service များပေးရန် ရည်ရွယ်ထားပါသည်။ အနာဂတ်တွင်အခြားသော တိုင်းဒေသကြီးများနှင့် ပြည်နယ် အစိုးရများကိုပါ ဆောင်ရွက်မှုပေးနိုင်မည် ဖြစ်ပါ သည်။

နေပြည်တော်၊ ရန်ကုန်၊ မန္တလေးတို့ရှိ Data Center များကို ရတနာပုံဆိုင်ဘာစီးတီးရှိ Data Center များနှင့်လည်း ချိတ်ဆက်ထားမည်ဖြစ်ပြီး ယင်းကို Backup အဖြစ်လည်းကောင်း၊ DR (Disaster Recovery) အဖြစ်လည်းကောင်း ထားရှိမည်ဖြစ်ပါသည်။

MCC Group တွင် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးကို ဖြန့်ကျက်နိုင်သော Franchise Network များလည်း ရှိပါသည်။ မြန်မာနိုင်ငံ၏ နေရာပေါင်း (၁၈၀) ကျော်တွင် MCC Franchise Center များရှိပြီး မကြာမီ ကာလတွင် ဂြိုလ်တုဆက်သွယ်ရေးစနစ်များ တပ်ဆင်တော့မည် ဖြစ်ပါသည်။ ထို့ကြောင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် သာမက မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ အစိုးရရုံးခွဲများ ကိုပါ ဆောင်ရွက်မှု များပေးနိုင်မည့် အကြီးဆုံးအဖွဲ့အစည်းဖြစ်ပါသည်။ ထို့ပြင် မြန်းမာနိုင်ငံ တစ်ဝှမ်းလုံးရှိ MCC Institute များ MCC Polytechnic College များ MCC Franchise Training Center များတွင် e-Government နှင့် သက်ဆိုင်သော သင်တန်းများကို ပို့ချပေးနိုင်ရန် သင်တန်းခန်းမများ၊ သင်တန်းအထောက်အကူပစ္စည်းများ၊ သင်တန်း ဆရာမများလည်း အသင့်ရှိပြီးဖြစ်ပါသည်။



အစိုးရလုပ်ငန်းသဘာဝနှင့် e-Government

အစိုးရလုပ်ငန်းများတွင် e-Government လုပ်ငန်း အကောင်အထည်ဖော်သည့်အခါ အစိုးရလုပ်ငန်း သဘာဝအရ လုပ်ငန်းကိစ္စများမြောင်လှသည်ဖြစ်ရာ မည်သည့်ကိစ္စအတွက် e-Government လုပ်ရသည်ကို သေချာစွာမသိဘဲ မိမိလိုအပ်ချက်အရ ဦးစားပေးလုပ်ရမည့် လုပ်ငန်းကိုမသိဘဲ အခြေအနေပေးသည့်လုပ်ငန်းအထက်မှ ဆောင်ရွက်ရမည်ဟု သတ်မှတ်သည့်လုပ်ငန်း၊ အဖွဲ့အစည်း တစ်ခုခုမှ လာရောက်ပြသသည့်လုပ်ငန်းတို့ကို လုပ်ဖြစ်ကြပါသည်။ အမှန်တကယ်တွင် အစိုးရ လုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နေသော လုပ်ငန်းများကို အမျိုးအစားခွဲခြားပြီး ယင်းလုပ်ငန်းများအလိုက် (IT) နည်းပညာများကိုအသုံးပြုကာ စနစ်များ အကောင် အထည်ဖော်သွားခြင်းဖြင့် e-Government လုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်သကဲ့သို့ မိမိတို့အဖွဲ့အစည်းအတွက်လည်း (IT) နည်းပညာ အသုံးပြုရသည့်အတွက် အကျိုးကျေးဇူးရှိနိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် အစိုးရလုပ်ငန်းများ သဘာဝနှင့် (ICT) နည်းပညာကို အသုံးချနိုင်သည့် လုပ်ငန်းများကို ဦးစွာ နားလည်သဘောပေါက်ရန် လိုအပ်ပါသည်။

g.ERP (Government Enterprise Resources Planning)

အစိုးရ ပင်မလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဦးစွာ အစိုးရဌာနများကို ဖွဲ့စည်းတည်ထောင် ကြရပါသည်။ ထို့ကြောင့် အစိုးရအဖွဲ့ အစည်းများတွင် ၀န်ထမ်းများ၊ အဆောက်အဦးများ၊ ပရိဘောဂများနှင့် ယဉ်ကျေးမှုစာတိုက်များ စသည်တို့ရှိနေပြီး လုပ်ငန်းဆောင်ရွက်ရန် ခွဲဝေ သတ်မှတ်ပေးသော ဘတ်ဂျက်အရ ငွေကြေးသုံးစွဲကြရပါသည်။ ငွေကြေးကို စနစ်တကျ ထိန်းသိမ်းကြရပြီး သတ်မှတ်ထားသော စာရင်းခေါင်းစဉ်များအလိုက် အစိုးရစာရင်းများ ပြုစုကြရပါသည်။ ထို့ကြောင့် အစိုးရလုပ်ငန်းများ နေ့တဒူဝ အလုပ်များပြီး အလုပ်ရှုပ်နေသော ကိစ္စများမှာ Back Office Management ဟူသော လူကိစ္စ၊ ငွေကိစ္စ၊ ပစ္စည်းကိစ္စများပင် ဖြစ်ပါသည်။

ယင်းကဲ့သို့ အစိုးရလုပ်ငန်းများ၏ Back Office ကို စီမံခန့်ခွဲရန် MCC GROUP မ g.ERP (Government Enterprise Resources Planning) ဟူသော လုပ်ငန်းကြီး သုံး အသုံးချစနစ်ကို တီထွင်ထားပါသည်။ g.ERP တွင် အသုံးချစနစ် (၅) ခုပါဝင်ပါသည်။ ယင်းတို့မှာ ၀န်ထမ်းစီမံခန့်ခွဲခြင်းစနစ် (Staff Management Information System) ၊ ၀န်ထမ်း လစာစနစ် (Payroll System) ၊ အစိုးရဘတ်ဂျက်နှင့် ငွေစာရင်းစနစ် (Budget and Account System) နှင့် မြေ၊ အဆောက်အဦး၊ ယာဉ်၊ ပရိဘောဂ စသည့် ပုံသေပိုင်ဆိုင်ပစ္စည်းများ စီမံခန့်ခွဲနိုင်မည့် (Asset Management System) ၊ အစိုးရလုပ်ငန်းများတွင် အသုံးပြုရန် ၀ယ်ယူသိမ်းဆည်းထားပြီး ထုတ်ယူသုံးစွဲရသော စက်ဆီ၊ ဓာတ်ဆီ၊ ရုံးလုပ်ငန်းသုံးပစ္စည်းများ၊ စာရေးကရိယာ စသည်တို့ကို စနစ်တကျလက်ခံ သိမ်းဆည်းထုတ်ယူမှုများအတွက် (Store Control System) တို့ဖြစ်ပါသည်။

g.DMS (Government Document Management System)

အစိုးရလုပ်ငန်းများသည် ပင်မလုပ်ငန်းများ (Core Operation) အထောက်အကူပြု Back Office လုပ်ငန်းများဆောင်ရွက်ရာတွင် စာရွက်စာတမ်းများ အသုံးပြုဆောင်ရွက်ရသည့် အတွက် အစိုးရ လုပ်ငန်းများ၏ ကြန်အင်လက္ခဏာတစ်ခုမှာ စာရွက်စာတမ်းများ၊ ဖိုင်များ၊ စုပုံနေခြင်းဖြစ်ပါသည်။ အကြောင်းကိစ္စအားလုံးအတွက် စာရွက်စာတမ်းများ ပြုစုရခြင်း၊ ပေးပို့ရခြင်း၊ လက်ခံရခြင်း၊ သိမ်းဆည်းရခြင်း တို့အတွက် အလုပ်ရှုပ်ကြရသည့်အပြင် အကြောင်းကိစ္စ တစ်ခုခုအတွက် စာရွက်စာတမ်းများ ရှာဖွေရခြင်း အလုပ်ကိုလည်း ခက်ခဲစွာ လုပ်ဆောင်နေကြရပါသည်။ ယင်းအလုပ်များကို လွယ်ကူလျင်မြန်စွာ ပြုစု၊ ပေးပို့၊ လက်ခံ၊ သိမ်းဆည်း၊ ရှာဖွေရနိုင်ရန် အစိုးရစာရွက်စာတမ်း စီမံခန့်ခွဲသည့်စနစ် g.DMS (Government Document Management System) ကိုလည်း တီထွင်ထားရှိပြီးဖြစ်ပါသည်။

g.MIS (e-Government Portal)

အစိုးရအဖွဲ့အစည်းများ၏ Front Office တွင် ယေဘုယျအားဖြင့် လုပ်ငန်းကြီး နှစ်မျိုးရှိရာ အစိုးရဌာနအခြင်းခြင်း၊ အစိုးရနှင့် စီးပွားရေးလုပ်ငန်းများ၊ အစိုးရနှင့် ပြည်သူလူထုအကြား အပြန်အလှန် ဆက်သွယ်ဆောင်ရွက်နေရသော (Information Sharing and Coordination) လုပ်ရသည့်အလုပ်သည်လည်း တစ်ခုအပါအ၀င်ဖြစ်ပါသည်။ e-Government ၏ အစိတ်အပိုင်းမှာ G2G, G2B, G2C ဟူသော အထက်ဖော်ပြပါ အလုပ်များ ဖြစ်ပါသည်။ ယင်းကဲ့သို့သော e-Government လုပ်ငန်းများကို လွယ်ကူ လျင်မြန်စွာ ဆောင်ရွက် နိုင်ရန် အစိုးရဌာနတိုင်းတွင် e-Government Portal ကို တည်ထောင်အသုံးပြုရန် လိုအပ်ပါသည်။ MCC Group အနေဖြင့် e-Government Portal များ တည်ထောင်ရာတွင် လွယ်ကူလျင်မြန်စွာ တည်ဆောက်နိုင်ရန် g.MIS သော e-Government Portal အင်ဂျင်ကို တီထွင်ထားရှိပါသည်။ အစိုးရ၀န်ကြီးဌာနများတွင် လက်ရှိအသုံးပြုလျက်ရှိသော နာမည်ကြီး e-Government စနစ်တစ်ခု ဖြစ်ပါသည်။

GOS (Government Online System)

အစိုးရဌာနအခြင်းခြင်း၊ အစိုးရဌာနတွင် အရေးကြီးသော ဆက်သွယ်လုပ်ဆောင်ချက်များ အတွက် တီထွင်ထားသောစနစ်ကို GOS (Government Online System) ဟု ခေါ်ပါသည်။ မြန်မာနိုင်ငံအစိုးရ၏ ရုံးလုပ်ငန်းလက်စွဲ လုပ်ထုံးလုပ်နည်းများအတိုင်း သီးသန့် (Customized) ပြုလုပ်ထားခြင်းဖြစ်ပြီး သတင်းအချက်အလက်များ၏ အရေးပါမှုအတွက် လုံခြုံရေးအဆင့် အမြင့်ဆုံးဖြစ်သော စနစ်ဖြစ်ပါသည်။ ၀န်ကြီးချုပ်ရုံးနှင့် ၀န်ကြီးဌာနများ၊ အစိုးရရုံးနှင့် တိုင်းနှင့်ပြည်နယ် အုပ်ချုပ်ရေးရုံးများတွင် အသုံးပြုခဲ့သော စနစ် ဖြစ်ပါသည်။

g.COM (Government Core Operation Management)

အစိုးရအဖွဲ့အစည်းများ တည်ထောင်လုပ်ကိုင်ရခြင်းမှာ ၀န်ကြီးဌာနများအလိုက်၊ ပင်မ လုပ်ငန်းကြီးများဖြစ်သော ပို့ဆောင်ဆက်သွယ်ရေး၊ ရေ၊ လျှပ်စစ်၊ သန့်ရှင်းရေး စသော ပြည်သူများ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရသော (Public Utilities) နှင့် စသည့် လုပ်ငန်းများ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများ၊ အခွန်အခများ ကောက်ခံခြင်းလုပ်ငန်းများ၊ လုပ်ငန်းလိုင်စင်နှင့် လုပ်ကိုင်ခွင့် ပါမစ်များ ချပေးရသောလုပ်ငန်းများ စသည်အားဖြင့် များမြောင်လှပါသည်။ ယင်းတို့ကို အစိုးရအဖွဲ့ အစည်းများ၏ ပင်မလုပ်ငန်းကြီးများ (Core Operation) ဟုခေါ်ပါသည်။ အစိုးရဌာန တစ်ခုနှင့် တစ်ခု ဆောင်ရွက်မှုပေးရခြင်းပုံစံမတူသကဲ့သို့ အစိုးရဌာနတစ်ခုစီ၏ လိုအပ်ချက်အရ တီထွင်ပေးရသော စနစ်များဖြစ်ပါသည်။ ထို့ကြောင့် အထက်တွင် တင်ပြခဲ့သော စနစ်များကဲ့သို့ အစိုးရဌာနများအားလုံး အသုံးပြုနိုင်သော စနစ်များမဟုတ်ဘဲ သီးသန့် စနစ်များဖြစ်ပါသည်။ ထိုကဲ့သို့သော အစိုးရဌာန တစ်ခုခြင်းစီအတွက် သီးသန့်လိုအပ်သော စနစ်များကို MCC Group ၏ ISDC (International Software Development Center) မှ သီးသန့်တီထွင်ထုတ်လုပ်ပေးပါသည်။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ရတနာပုံဆိုင် ဘာစီးတီးတို့ရှိ ISDC များတွင် Software Development လုပ်ရန် Software Engineering များ ပြည့်စုံလုံလောက်စွာ ရှိနေကြပါသည်။ အစိုးရပင်မလုပ်ငန်းများဖြစ်သည့် အောက်ပါစနစ်များကိုလည်း တီထွင်ပြီး အသင့်ရှိပါသည်။

(၁) Registration (မှတ်ပုံတင်ခြင်း)
(၂) Licensing System (လိုင်စင်ထုတ်ပေးရေးစနစ်)
(၃) Utilities Fees Collection (လျှပ်စစ်၊ တယ်လီဖုန်း၊ စည်ပင်သာယာ အခွန်အခများ ကောက်ခံသည့်စနစ်)
(၄) e-Procurement System (အီလက်ထရောနစ်စနစ်ဖြင့် အစိုးရ၀ယ်ယူခြင်းစနစ်)
(၅) Tender and Bidding System (တင်ဒါ စနစ်၊ ဈေးပြိုင်စနစ်တို့ဖြင့် ရောင်းချခြင်းစနစ်)
 
MCC e-Government Suite

MCC Group အနေဖြင့် အစိုးရဌာန များ၏ သဘာဝအရ Back Office နှင့် Front Office တို့အတွက် လိုအပ်သမျှသော အသုံးချစနစ်များ (Application Systems)ကို ပြည့်စုံစွာ တီထွင်ထားသည့် အတွက် MCC e-Government Solution တစ်ခုလုံးကို MCC e-Government Suite ဟုခေါ်ပါသည်။ အစိုးရဌာနများအနေဖြင့် စနစ်တစ်ခုခြင်းစီကို အသုံးပြုနိုင်သကဲ့သို့ Suite တစ်ခုလုံးကိုလည်း အသုံးချနိုင်ပါသည်။


e-Government Portal

e-Government လုပ်ငန်းစဉ်ထူထောင်ရေးအတွက် ပထမနည်းဖြစ်သော (Web Presence) အဖြစ် အစိုးရအဖွဲ့အစည်းများ၏ (Website) များကို အင်တာနက်ပေါ်သို့ ထုတ်လွှင့်ကာ မိမိတို့ အဖွဲ့အစည်းနှင့် သက်ဆိုင်သော သတင်းအချက်အလက်များကို ပြည်သူလူထုသို့ One Way သဘောမျိုး သိအောင်ပြုလုပ်ပြီး သောအခါ ဒုတိယအဆင့်အနေဖြင့် အစိုးရ၏ဆောင်ရွက်မှုများကို ပြည်သူများ တစ်နေရာတည်းမှ One-Stop-Shop ပုံစံ ဆက်သွယ်ဆောင် ရွက်နိုင်သော Two – Ways ပုံစံမျိုး ဖြစ်စေရန် Internet Portal များကို ဖန်တီးပြုလုပ်လာကြပါသည်။ ယင်းတို့ကို e-Government Portal  (သို့) e-Services Portal ဟူ၍ခေါ် ဆိုပါသည်။

Government Internet Portal (e-Government Portal) များထူထောင်ရ ခြင်း၏ ရည်ရွယ်ချက်များမှာ-

(၁) အစိုးရ၀န်ကြီးဌာနများ၏ သတင်း အချက်အလက်နှင့် ဆောင်ရွက်ချက်များကို ပြည် သူများနှင့် စီးပွားရေးလုပ်ငန်းများ အလွယ်တကူရယူဆောင်ရွက်နိုင်ရန်။

(၂) အင်တာနက်ပေါ်တွင်မရနိုင်သည့် သတင်းအချက်အလက်များနှင့် ဆောင်ရွက်ချက်များကို မည်သို့ ရယူဆောင်ရွက်နိုင်မည်ကို လမ်းညွှန်ရန်တို့ဖြစ်ပါသည်။

ပြည်သူလူထုနှင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် မိမိတို့ရယူလိုသော သတင်းအချက် အလက်များ ရယူနိုင်ရန် မိမိတို့ဆောင်ရွက်လိုသော ကိစ္စရပ်များကို လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရန် e- Government Portal (e- Services Portal) ကိုချိတ်ဆက်ပြီး မိမိတို့ လိုအပ်သလို အစိုးရဌာနနှင့် အပြန်အလှန် ဆက်သွယ် ဆောင်ရွက်နိုင်ကြသဖြင့် e-Government လုပ်ငန်းကြီးတစ်ခုလုံးအတွက် မရှိမဖြစ် (Gateway) ကြီးတစ်ခု သဖွယ်ဖြစ် လာပါသည်။ ထို့အပြင် အစိုးရလုပ်ငန်းများ၏ သတင်းအချက် အလက်များနှင့် ဆောင်ရွက်မှုများ ရရှိစေနိုင်သောစနစ်အဖြစ်သာမက အစိုးရစီမံ ခန့်ခွဲမှုပုံစံသစ် (New Government) ဖြစ် ပေါ်လာစေမည့် ပါရာဒိုင်း (Paradigm) ကို လည်း ဖန်တီး ဖြစ်ပေါ်စေနိုင်ပါသည်။

အစိုးရဌာနတစ်ခုချင်းစီ၏ ဗျူရိုကရေစီ ပုံစံသီးခြားလုပ်ဆောင်ပေးမှု e-Government Portal ကို ဖန်တီးပြီး အစိုးရဌာနများ၏ (Organizational Silos) များအသွင်မှ ပြည်သူလူထု လိုအပ်ချက်အခြေခံ (Citizen Centric) ပုံစံ အသွင်ပြောင်း ဆောင်ရွက်မှုပေးနိုင်ပုံကိုပုံ ဖြင့် ဖော်ပြထားပါသည်။

Portal ကို ဖွဲ့စည်းတည်ဆောက်ထားပုံ (Portal Organization)

အစိုးရ  Website များတွင်ပါဝင်သော Web စာမျက်နှာများ (Web Page) ကိုလမ်းညွှန် (Directory) ပုံစံ၊ (Menu) ပုံစံပြုလုပ်စေပြီး သိလိုသမျှကို လမ်းညွှန်အတိုင်း ပုံသေကြည့်သွားနိုင်ရန် စီစဉ်ထားခြင်း ဖြစ်ပါသည်။ သတင်းအချက်အလက်သိရုံ (Web Presence) အတွက် အသုံးဝင်သော်လည်း အသုံးပြုသူ တစ်ဦး၏ သီးသန့်လိုအပ်ချက်အတွက်မူ အဆင်မပြေမှုများ၊ မြောက်များစွာရှာဖွေရသော အခက်အခဲမျိုး ဖြစ်နိုင်ပါသည်။ Portal ဖွဲ့စည်း တည်ဆောက်မှုများမှာ သာမန် Website ရိုးရိုးများကဲ့သို့ သက်ဆိုင်ရာအဖွဲ့အစည်း၏ အကြောင်းအရာများကို ဖော်ပြပေးခြင်းပုံစံမျိုးသာ အသုံးပြုသည့် ပြည်သူလိုအပ်ချက်အတိုင်း ရှာဖွေ ဆောင် ရွက်နိုင်ရန် Navigation  စီစဉ်ထားရှိ ပါသည်။

အစိုးရဌာနများအနေဖြင့် e-Government Portal (e-Service Portal) များတည်ဆောက်ပြီး ပြည်သူ လူထုကို ဆောင် ရွက်မှုများပေးရန် ပေးရိုးပေးစဉ် သမားရိုးကျ ဆောင်ရွက်မှုများသာ ဖြစ်သော်လည်း ပြည်သူ လုထုဖက်မှ လိုလားသည်မှာ ယခင်ထက် ပိုမိုကောင်းမွန်သော ဆောင်ရွက်မှုပုံစံများ ဖြစ် ပေါ်လာစေရေး ဖြစ် ပါသည်။ ဥပမာအားဖြင့် မိုဘိုင်းဖုန်းများမှ အစိုးရသတင်းအချက်အလက်နှင့် ဆောင်ရွက်ချက်များကို ရယူနိုင်သော (m-Government) စနစ်မျိုး၊ တစ်နိုင်ငံလုံး၏စာရင်းများ၊ ပေါ်လစီများ၊ အရေးကြီးသော သတင်း ထုတ်ပြန်ချက်များကိုပါ ဆောင်ရွက် ပေးနိုင်သော Portal မျိုး စသည်တို့ဖြစ်ပါသည်။

အစိုးရဌာနများအနေဖြင့် Portal ကို ထူထောင်ပြီး ပြည်သူလူထုနှင့် စီးပွားရေးလုပ် ငန်းများအတွက် အစိုးရဆောင်ရွက်မှုများကို ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန် ကြိုးပမ်းဆောင် ရွက်ရာတွင် ရှေ့မျက်နှာစာ Portal ၏ နောက်ကွယ်တွင် အစိုးရအေဂျင်စီများအနေဖြင့် ပြင် ဆင်ပြောင်းလဲမှုများ ပြုလုပ်ရန်လိုအပ်ပါသည်။ Portal သည် အစိုးရနှင့်ပြည်သူလူထု၊ စီးပွား ရေးလုပ်ငန်းများ ထိတွေ့ ဆက်စပ်ရမည့် (Interface) သာဖြစ်ပါသည်။ အမှန်တကယ်လက် တွေ့ဆောင်ရွက်ရာတွင် အစိုးရအေဂျင်စီများ၊ ဌာနများအနေဖြင့် လျင်မြန်စွာတောင်းဆိုလာသော၊ ကျယ်ပြန့်စွာ လိုအပ်လာသော ပြည်သူ လူထုနှင့် စီးပွားရေးလုပ်ငန်းများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် သမားရိုးကျ ဖွဲ့စည်း ထားသောပုံစံများကို ပြန်လည်ဖွဲ့စည်းခြင်း (Restructuring) အစိုးရဌာန အချင်းချင်း ပေါင်းစည်းခြင်း (Merger) တို့ပြုလုပ်ကြရပါ သည်။

ဥပမာအားဖြင့် တောင်ကိုရီးယားနိုင်ငံ၏ G4C e- Service Centre ဟူသော (Government For Citizen Portal) ကို အစိုးရ အုပ်ချုပ်ရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘတ်ဂျတ်ဝန်ကြီးဌာန၊ သတင်းအချက် အလက်နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန စသော ၀န်ကြီးဌာန (၃) ခုမှ ဦးဆောင်ပါသည်။ ပြည်သူများ (One-Stop-Shop) ဆောင်ရွက်နိုင်ရန် အမျိုးသား မှတ်ပုံတင်ခြင်း၊ မြေနှင့်အဆောက်အဦ၊ မော်တော်ယာဉ်နှင့် လိုင်စင်၊ အခွန်ကောက်ခံခြင်းစသော (Database) (၅)မျိုးတွင်အကျုံးဝင်သော အစိုးရဌာနများ အားလုံးဆက်စပ်ချိတ်ဆက်ထားပါသည်။ ယင်း G4C Portal မှ အစိုးရဆောင်ရွက်မှုအမျိုးအစားပေါင်း (၄၁၀၀) ကျော်ကို လုပ်ထုံးလုပ်နည်းနှင့် သက်ဆိုင်သော သတင်းအချက်အလက်များ၊ အစိုးရသို့ပေးရမည့် အီလက်ထရောနစ် ပုံစံ (e-Form) များ၊ ချိတ်ဆက်ရန်လိုအပ်သည့် နေရာများ စသည်တို့အပါဝင် ပြည်သူလူထု လိုအပ်ချက်အတိုင်း ဖြည့်ဆည်းနိုင်ရန် ဆောင်ရွက်ပေးပါသည်။

Portal စီမံခန့်ခွဲခြင်း (Portal Management)

e-Government Portal များ ထူထောင်နိုင်ရန် နည်းပညာ၊ လူအင်အား၊ ငွေ အင်အားနှင့် စီမံခန့်ခွဲမှုတို့ ပြည့်စုံလုံလောက်ရန် လိုအပ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် (၂၄) နာရီမပြတ် အမျိုးမျိုးသော ပြည်သူလူထု လိုအပ် ချက်များကို မရပ်မနား ပြည့်ဝအောင်ဆောင်ရွက် ပေးရမည့် လုပ်ငန်းမျိုး ဖြစ်သည့်အတွက် အစိုးရဌာန တစ်ခုအနေဖြင့် ဆောင်ရွက်နိုင်ရန် အခက်အခဲရှိပါသည်။ ထို့ကြောင့် PPP (Public Private Partnership) ဟူသော အစီအစဉ်မျိုးဖြင့် အစိုးရနှင့် ပုဂ္ဂလိက တို့ ပေါင်းစပ်လုပ်ကိုင်သော နည်းလမ်းကို အသုံးများလာခဲ့ပါသည်။ အစိုးရအနေဖြင့် Portal လုပ်ငန်းဆောင်ရွက်မှုနှင့် နည်းပညာ၏ စီမံခန့်ခွဲမှုကို ပုဂ္ဂလိကအပ်နှံဆောင်ရွက်ပြီး (Outsourcing) ပြု လုပ်ခြင်းဖြစ်သည်။ ASP (Application Service Provider ) လုပ်ငန်းဆောင်ရွက်မှုကို အချို့သော ပုဂ္ဂလိကကုမ္ပဏီများအနေဖြင့်လည်း Portal ထူထောင်ပေးခြင်းသာမက၊ Portal လုပ်ငန်းများ ဆောင် ရွက်ခြင်းနှင့် စီမံခန့်ခွဲခြင်းလုပ်ငန်းများကိုပါ တာဝန်ယူဆောင်ရွက်ပေးနိုင်ပါသည်။ Portal တစ်ခုလုပ်ဆောင်မှုနှင့် စီမံခန့်ခွဲမှုအတွက် လိုအပ်သောဘဏ္ဍာငွေကိုလည်း အစိုးရမှပေးခြင်းမျိုး မဟုတ်ဘဲ၊ တာဝန်ယူဆောင်ရွက်သော ပုဂ္ဂလိကကုမ္ပဏီမှ ကြော်ငြာခကောက်ယူခြင်း၊ စီမံရေး ဆန်သော (ဥပမာ e-Commerce) လုပ် ဆောင်မှုမျိုးပေါ်မှ အခကောက်ယူစေခြင်း စသည့်နည်းမျိုး အသုံးပြုသော (Business Model) မျိုးဖြစ်ပါသည်။

ဥပမာအားဖြင့် ဟောင်ကောင်မှ ESD Life Portal သည် ဟောင်ကောင်အစိုးရ အနေဖြင့် ဟောင်ကောင် တွင် နေထိုင်သူလူဦးရေ (၇) သန်းအတွက် အစိုးရဌာနပေါင်း (၄၀) ကျော်ပါဝင်ပြီး ဆောင်ရွက်မှုအမျိုးအစား (၁၁၀)ကျော်ကို နေ့ညမပြတ် (၂၄) နာရီပတ်လုံး ဆောင်ရွက်မှုပေးနိုင်သော Portal ဖြစ်ပါသည်။ ယင်းကို ဟောင်ကောင်အစိုးရမှ ESD Service Limited ဟူသော ပုဂ္ဂလိကကုမ္ပဏီသို့ အလုပ် အပ်နှံဆောင်ရွက်ကာ (Outsourcing) နည်း လမ်းဖြင့် စီမံခန့်ခွဲ ဆောင်ရွက်လျက်ရှိပါသည်။


From Organizational Silos to Citizen Centricity

One-Stop Procurement: Electronic Trading System (Hong Kong)

Hong Kong's ESDlife Portal


e- Government နှင့် လုံခြုံရေးစိန်ခေါ်မှု (e- Government and the Security Challenge)

e-Government ရည်ညွှန်းချက်အရ ဖြစ်သော အစိုးရဌာနများ အေဂျင်စီများအနေဖြင့် ပြည်သူလူထုနှင့် စီစစ်ရေးလုပ်ငန်းများအား အစိုးရဆောင်ရွက်မှုများကို နေ့ညမပြတ် (၂၄)နာရီပါတ်လုံး အစဉ်မပြတ် ဆောင် ရွက်ပေးနိုင်ရေးအတွက် အစိုးရဌာနများ မပြတ်မလတ်၊ ဘေးတိုက် ဆက်စပ်ချိတ်ဆက်ထားသော စနစ်ကြီးမျိုး တည်ဆောက်လာပြီး ယင်းစနစ်အတွင်းသို့ သန်းပေါင်းများစွာသော ပြည်သူလူထုနှင့် စစ်စီရေး လုပ်ငန်းများကို ၀င်ရောက်ချိတ်ဆက် ဆောင်ရွက်မှုခံယူသည်။ အများပြည်သူ ကွန်ယက် (Public Networkု) မျိုးဖြစ်ရုံသာမက အမျိုးမျိုးသော ဆောင်ရွက်မှုပေးနိုင်ရန် အမျိုးမျိုးသော အသုံးချစနစ်များ (Application System) ကိုလည်းထည့်သွင်းထားရသောကြောင့် အရေးကြီးသော သတိထားရမည့် အခြင်းအရာမှာ လုံခြုံရေး (Security) (သို့) လုံခြုံရေးစိမ်ခေါ်မှု (Security Challenge) ပင်ဖြစ်ပါသည်။ နေ့စဉ်ကြားသိနေရသော ဆိုင်ဘာရာဇ၀တ်မှုများ (Cyber-Crimes) နှင့် လုံခြုံရေးချိုးဖေါက်မှုများ (Security Breaches) ထို့ကြောင့် ပြည်သူ လူထုအနေဖြင့် e-Government ဆောင်ရွက်မှုများအပေါ် လုံခြုံမှုနှင့် ပတ်သက်ပြီး သံသယများရှိနိုင်ပါသည်။ ထို့ကြောင့် ပြည်သူလူထု၏ ယုံကြည်မှု (Public Trust) ရရန် e-Government စနစ်၏ လုံခြုံရေးကျိုးပေါက်မှုများ နည်းနိုင်သမျှနည်းအောင် လုံခြုံရေးနှင့် ပတ်သက်သမျှ တတ်နိုင်သမျှ သိရှိနားလည် ကြိုတင်ကာ ကွယ်စေနိုင်အောင် လုပ်ဆောင်မှုများ ပြုလုပ်ပေးရန် လိုအပ်ပါသည်။ e-Government စနစ်ကြီးတစ်ခုလုံးတွင် ပါဝင်သက်ဆိုင်နေသော လုံခြုံရေးအစိတ်အပိုင်းများကို ပုံ (၁) တွင် ဖော်ပြထားပါသည်။


ပုံ (၁) e-Government: Enabling Public Sector Reform 9
 

e-Government စနစ်လုံခြုံရေးနှင့် ပတ်သက်၍ အစိတ်အပိုင်း (၄) ခု ပိုင်းခြားကြည့်နိုင်ပါသည်။

၁။ အခြေခံနှင့် အဆောက်အဦလုံခြုံရေး (Infrastructure Security)
e-Government စနစ်ဖြင့် အစိုးရဆောင်ရွက်မှုများကို ကျယ်ပြန့်စွာ ပေးနိုင်ရန်ကြီးမားသော အများသုံး ကွန်ယက် (Public Network) ကြီးကို တည်ဆောက်ထားပါသည်။ အစိုးရဌာနများစွာ ဆက်စပ် အကျုံးဝင်အောင် တည်ဆောက်သကဲ့သို့ ပြည်သူလူထုနှင့် စီးပွားရေးလုပ်ငန်းများ ကျယ်ပြန့်စွာ အသုံးပြုနိုင်အောင် ဖြန့်ကျက်ထားရသဖြင့် လုံခြုံရေးကျိုးပေါက်နိုင်မှု၊ ချိုးဖေါက်နိုင်မှု အန္တရာယ်များ ရှိနိုင်သကဲ့သို့ အများသုံးကွန်ယက်ပေါ်တွင် အသုံးပြုနေသော သတင်းအချက်အလက် ပမာဏ ကြီးမားလာမှုနှင့် လုံခြုံရေးအရ အရေးကြီးသော သတင်းအချက်အလက်များ ပါဝင်လာမှုတို့ အပေါ်မသမာမှု၊ ခိုးယူမှု၊ လွဲချော်အောင်ပြုလုပ်မှု စသည်တို့လည်း ဖြစ်ပေါ်နိုင်ပါသည်။ ထို့ကြောင့် e-Government စနစ်နှင့် ပါဝင်နေသော အခြေခံအဆောက်အဦလုံခြုံရေး (Infrastructure Security) အတွက် တက်နိုင်သမျှ ဘက်စုံ၊ ထောင့်စုံ စီမံထားရန် လိုအပ်ပါသည်။ အခြေခံအဆောက်အဦ လုံခြုံရေး (Infrastructure Security) နှင့် သက်ဆိုင်သော လုံခြုံရေးအစိတ်အပိုင်းများကို ပုံ (၂) တွင်ဖော်ပြထားပါသည်။


ပုံ (၂) Typical Infrastructure Security Connectivity

ပုံ(၃) Major Application Layer Services

e-Government စနစ်အခြေခံအဆောက်အဦလုံခြုံရေး (Infrastructure Security) နှင့် ပတ်သက်ပြီး ယေဘုယျလုံခြုံရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် အချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်။
  • ကွန်ယက်၊ အချက်အလက်နှင့် ဆောင်ရွက်မှုများကို ၀င်ရောက်သုံးစွဲရာတွင် တရားဝင် အသိမှတ်ပြုသောသူများ (Legitimate and Authorized Access)ကိုသာခွင့်ပြုရန်
  • ကွန်ယက်တက်လျောက် ပေးပို့ရယူစေနိုင်သော အချက်အလက်များသည် ပြည့်စုံမှန်ကန်ပြီး လျှို့ဝှက် ထိန်းသိမ်းမှုရှိရန် (Integrity and Security)
  • ကွန်ယက်နှင့် ချိန်ဆက်ပြီး သိမ်းဆည်းထားသော သတင်းအချက်အလက်များသည် ပြည့်စုံ မှန်ကန်ပြီး လုံခြုံလျှို့ဝှက်စွာထိမ်းသိမ်းထားနိုင်ရန် (Integrity and Confidentiality of Information Stored)
  • ကွန်ယက်နှင့် စနစ်များသည် အမြဲတမ်းအသင့် ဖြစ်နေပြီး အသုံးချနိုင်မှုရှိစေရန် (Availability and Usability)
  • ကွန်ယက်အတွင်းသို့ လက်ခံမထားသော အသုံးပြုမှုများ၊ ဗိုင်းရပ်(စ်)များနှင့် စနစ်အတွင်းသို့ ချိုးဖေါက်ဝင်ရောက်မှုများ (Undesirable Traffic, Malicious Code (Viruses) and PotentialIntrusion) များကို အမြဲမပြတ် စောင့်ကြပ်ကြည့်ရှုစေပြီး ကြီးမားသော ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ မဖြစ်ပေါ်မီ လိုအပ်သော အရေးယူဆောင်ရွက်မှုများပြုလုပ်ရန်။
  • အခြေခံအဆောက်အဦ အသုံးပြုခြင်းနှင့်သက်ဆိုင်သော လုံခြုံရေးပေါ်လစီများ ချမှတ်ပေးရန် ( ဥပမာ - Firewall စသောလုံခြုံရေးပစ္စည်းများအသုံးပြုပုံ)၊ စနစ်အတွင်းဝင်ရောက်အသုံးပြုရန် (System Access) နှင့် ပေါ်လစီအတိုင်း လိုက်နာကျင့်သုံးမှုအတွက် ကြပ်မတ်ရန်။
  • အခြေခံအဆောက်အဦစနစ်ကြီးတစ်ခုလုံး အလုပ်လုပ်ပုံကို Audit Logs များအားနည်းမှု ဖြစ်စေသော အချက်များ (Vulnerability Assessment and testy) ကို ပုံမှန်စစ်ဆေးရန်။

၂။ အသုံးပြုစနစ်များလုံခြုံရေး (Application Security)

အခြေခံအဆောက်အဦလုံခြုံရေး (Infrastructure Security) ဆောင်ရွက်ပြီးသည်နှင့် e-Government ၏လုံခြုံရေး ပြည့်စုံလုံလောက်ပြီဟု သတ်မှတ်၍မရနိုင်ပါ။ e-Government အတွက် အသုံးပြုမည့် (Software) အသုံးချစနစ်များ (Application System) လုံခြုံရေးသည်လည်း အရေးကြီးဆုံးသော အခန်းကဏ္ဍမှ ပါဝင်လာပါသည်။ ကွန်ယက်နှင့် အခြေခံအဆောက်အဦလုံခြုံရေး အစီအစဉ် အသုံးချစနစ်များ လုံခြုံရေး (Application Security) သည် ပို၍ သိမ်မွေ့နက်နဲ ရှုပ်ထွေးပါသည်။ ယေဘုယျအားဖြင့် အသုံးချစနစ်များ လုံခြုံရေး (Application Security) တွင်စနစ်အတွင်း ၀င်ရောက်အသုံးပြုသူသည် တရားဝင် အသုံးပြုပိုင်ခွင့်ရှိသူ ဟုတ်မဟုတ် စစ်ဆေးခြင်း (Authentication)၊ စနစ်အတွင်း ၀င်ရောက်အသုံးပြုသူအား လိုအပ်ချက်အတိုင်း ကန့်သတ် အသုံးပြုခွင့်ပေးခြင်း (Authentication)၊ စနစ်များ အသုံးပြုလျက်ရှိသော အချက်အလက်များကို အခြားမသက်ဆိုင်သောကိစ္စများအတွက် အသုံးပြုမပြုစေရန် ကာကွယ်ပေးခြင်း (Confidentiality) နှင့် အသုံးချစနစ်များ၏ လုပ်ဆောင်ချက်များ အမှားအယွင်းမဖြစ်ရန် ကာကွယ်ခြင်း (Non-Repudiation) တို့ ပါဝင်ပါသည်။

e-Government အသုံးချစနစ်အလွှာ (Application Layer) တွင်ပါဝင်သော လုံခြုံ ဆောင်ရွက်ချက်များ (Security Services) မှာ ယေဘုယျအားဖြင့် အောက်ပါအတိုင်းပါဝင်
သည်။

Authentication – အသုံးချစနစ်အတွင်း ၀င် ရောက်အသုံးပြုသည့် အမှန်တကယ်အသုံးပြုခွင့် ရှိသူဟုတ်မဟုတ် စစ်ဆေးခြင်း။

Access Control – အသုံးချစနစ်အတွင်း ၀င်ရောက်အသုံးပြုသူအား လိုအပ်ချက်အလိုက် အသုံးပြုမှုကို ကန့်သတ်ထားခြင်း။

Data Confidentiality  – အသုံးချစနစ်နှင့် အသုံးပြုနေသော အချက်အလက်များကို မသက်ဆိုင်သူ (သို့) မသက်ဆိုင်သော အသုံးချစနစ်များအတွက် အသုံးမပြုနိုင်ရန် ကာကွယ်ထားခြင်း။

Data Integrity – အသုံးချစနစ်တွင် အသုံးပြု နေသော အချက်အလက်များသည် အလျင်ပြတ် ပြည့်စုံမှန်ကန်နေရန်လိုအပ်ပြီး မသမာသော ပြုပြင်ပြောင်းလဲမှုများမရှိရန် ကာကွယ်ထားခြင်း။

Non- Repudiation – အသုံးချစနစ်လုပ်ဆောင်ချက်များ အမှားအယွင်းမဖြစ်အောင် ကာကွယ်ခြင်း။

၃။ လူပုဂ္ဂိုလ်တို့၏ မှန်ကန်မှု သက်သေ အထောက်အထားစစ်ဆေးခြင်း (Identity Management)

e-Government စနစ်အတွင်း ၀င် ရောက်အသုံးပြုမည့်သူများ၏ မှန်ကန်မှု ရှိမရှိကို သမားရိုးကျ အသုံးပြုလျက်ရှိသော User Name, Password စသည်တို့ဖြင့် ပြည့်စုံလုံလောက်မှု မရှိနိုင်တော့ပါ။ အရေးကြီးသော အသုံးချစနစ်များတွင် ယင်းကဲ့သို့သော သုံးရိုး သုံးစဉ်တို့ထက် ပိုမိုတိကျသော မှန်ကန်မှု သက်သေစစ်ဆေးခြင်းတို့ လိုအပ်စေသောကြောင့်ဖြစ်ပါ သည်။

မှန်ကန်မှု သက်သေအထောက်အထား (Identity Management) အတွက် မှန်ကန်မှုရှိမရှိ စစ်ဆေးသည့် နည်းပညာ (Authentication Technologic) တွင် အမျိုးအစားသုံးမျိုးပါဝင်သည်။

(၁) သိရှိမှု အခြေခံ (Knowledge based: what you known) သတ်မှတ်ချက်ထက်ပို့သူ (Sender) နှင့် လက်ခံသူ (Receiver) တို့အကြား သိရှိထားသော လျို့ဝှက်ချက်အမှတ် အသား (ဥပမာ- Password, PIN)

(၂) ပိုင်ဆိုင်မှုအခြေခံ (Possession- based: what you have) မှန်ကန်မှုသက်သေခံနိုင်မည့် ပစ္စည်းတစ်ခုခု (ဥပမာ- Key , Passes, Token, Smart Card)

(၃) လူ့ခန္ဓာကိုယ်အခြေခံအမှတ်အသား (Biometric-based: What you are) မှန်ကန်မှု သက်သေခံနိုင်သော ပုံစံတူမရှိနိုင်သော လူ့ခန္ဓာ ကိုယ်နှင့်သက်ဆိုင်သောအမှတ်အသား (Fingerprint, Voice, Facial, Retina, Iris, Typing or Witten Pattern) မှန်ကန်မှု သက်သေအထောက်အထား စစ်ဆေးမှုအဖြစ် အထက်ဖော်ပြပါ နည်းလမ်းတစ်ခုခု (သို့) တစ်ခုထက်မက တွဲဖက်၍လည်း အသုံးပြုစေလိုပါသည်။ တစ်မျိုးထက်မက တွဲဖက် အသုံးပြုခြင်းကို (Multifactors Authentication) ဟုခေါ်ပါသည်။

မှန်ကန်မှု သက်သေအထောက်အထား စစ်ဆေးမှုတွင် အသုံးပြုသော နည်းလမ်းတစ်ခု မှာ PKI (Public Key Infrastructure) ပင်ဖြစ်ပါသည်။ ကုန်ကျစရိတ်များပြားပြီး တပ်ဆင်မှု ကျယ်ပြန့် ရှုပ်ထွေးသောကြောင့် နေရာတိုင်းတွင် အသုံးမပြုသော်လည်း အရေးကြီးသော လုပ်ဆောင်ချက်များ အထူးသဖြင့် e-Commerce ကဲ့သို့သော ငွေရေးကြေးရေးနှင့် သက်ဆိုင်သော လုပ်ဆောင်ချက် များတွင် အလေးထားအသုံးပြုပေးလေ့ ရှိပါသည်။ PKI ကို အများသုံး ကွန်ယက်တွင် ဆက်သွယ် လုပ်ဆောင်မှုများ လုံခြုံစိတ်ချစေရန် အသုံးပြုခြင်းဖြစ်ပြီး Software ၊ စာဝှက်သည် နည်းပညာ (Encryption Technologies) တို့ပေါင်းစပ်အသုံးပြုသော နည်းပညာတစ်ခုဖြစ်ပါသည်။ PKI ၏ အခြေခံသဘောမှာ Private Key နှင့် Public Key ဟူသော ဒစ်ဂျစ်တယ် သက်သေခံလက်မှတ်များ (Digital Certificate) များ အသုံးပြုပြီး မှန်ကန်မှု သက်သေ အထောက်အထား စစ်ဆေးပြီး စနစ်အတွင်း ၀င်ရောက် အသုံးပြုစေခြင်းပင် ဖြစ်သည်။ စနစ်အတွင်း အလက်များရယူခြင်း အားလုံးကိုလည်း စာဝှက်ပြုလုပ်ခြင်း (Encryption) ပြုလုပ်ထားသဖြင့် သတင်းအချက်အလက် လုံခြုံစိတ်ချမှု Information Security ကို တစ်ပြိုင်တည်း တာဝန်ခံနိုင်မည်ဖြစ်ပါသည်။
PKI အနေဖြင့် သတင်းအချက်အလက်လုံခြုံရေး (Information Security) နှင့် မှန်ကန်မှု သက်သေ အထောက်အထား စိစစ်ခြင်း (Information Security) တို့ကို အောက်ပါ နည်းများဖြင့် ဆောင်ရွက် လျက်ရှိပါသည်။

(က) လုပ်ဆောင်မှုစနစ်တွင် ပါဝင်သူများအနေ ဖြင့် မှန်ကန်မှုသက်သေအထောက်အထားများကို အတည်ပြုနိုင်ခြင်း (Identity Management)

PKI စနစ်အရ (Cryptographic Key) မှ ပါဝင်သော ဒစ်ဂျစ်တယ် သက်သေခံ လက်မှတ်များ (Digital Certificate) ထုတ်ပေးထားသဖြင့် စနစ်တွင် ပါဝင်ဆောင်ရွက်နေ သည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ Websites ဆောင်ရွက်သူများသည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်မှန်ကန်မှု သက်သေအထောက်အထားများကို အသိအမှတ်ပြုလုပ်ဆောင်နိုင်ကြ မည်ဖြစ်ပါသည်။

(ခ) သတင်းအချက်အလက်များသည် စစ်မှန် ကြောင်း ထောက်ခံနိုင်ခြင်း (Verify Integrity of Transaction)

ဒစ်ဂျစ်တယ်လက်မှတ်များ (Digital Signature) အသုံးပြုပြီး သတင်းအချက်အလက်များ၊ စာရွက်စာတမ်းများကို ပေးပို့ရယူကြသဖြင့် ယင်းတို့သည် မူလအတိုင်းစစ်မှန်ကြောင်း အတု အပမဟုတ်၊ လမ်းခရီးတွင် ပြင်ဆင်ပြောင်းလဲထားခြင်းမဟုတ်ကြောင်းကို ထောက်ခံနိုင်ပါသည်။

(ဂ) သတင်းအချက်အလက်များ လျှို့ဝှက်ပေးနိုင်ခြင်း (Provide Information Privacy)

PKI စနစ်တွင် ပေးပို့ရယူသော သတင်းအချက်အလက်များကို (Cryptographic Key) များ အသုံးပြု၍စာဝှက်များ အသွင်ပြောင်းထားခြင်းကြောင့် ဆက်သွယ်ပေးပို့သော လမ်းကြောင်း တစ်လျောက်တွင် လုံခြုံစိတ်ချရစေပါ သည်။

(ဃ) မှားယွင်းလုပ်ဆောင်မှုများမဟုတ်ကြောင်း သက်သေခံခြင်း (Ensure No-Repudiation of Messages)

ဒစ်ဂျစ်တယ်လက်မှတ်များ (Digital Signature) ပါဝင်သော ဒစ်ဂျစ်တယ်သက်သေခံလက်မှတ် (Digital Certification) များ အသုံးပြုသောကြောင့် စနစ်အတွင်းပါဝင်လုပ် ဆောင်နေသူများမှာ အစစ်အမှန်ဖြစ်ပြီး ၎င်းင်းတို့ လုပ်ဆောင်နေသော လုပ်ဆောင်ချက်များမှာလည်း အမှားအယွင်းများ အတုများ မဟုတ် ကြောင်းကို သက်သေခံပါသည်။
ပုံ(၄) Input to Information Assurance


၎။ သတင်းအချက်အလက်များမှန်ကန်မှု ရှိကြောင်းအာမခံခြင်း (Information Assurance)

သတင်းအချက်အလက်များ မှန်ကန်မှုရှိကြောင်း အာမခံခြင်း (Information Assurance-IA) ဆိုသည်မှာ မှန်ကန်သော သတင်းအချက်အလက်များကို သက်ဆိုင်သော ပုဂ္ဂိုလ်များထံသို့ သတ်မှတ်သည့် အချိန်နှင့် မည်သည့် ဆက်သွယ်သည့် ပစ္စည်းအမျိုးအစား များကို အသုံးပြုသည် ဖြစ်စေ ( ဥပမာ- PC, Laptop, PDA, Tablet, Mobile Phone) လုံခြုံစိတ်ချစွာ ဆက်သွယ် ပေးပို့ရယူနိုင်ရမည် ဟုဆိုလိုပါသည်။ သတင်းအချက်အလက်များ မှန်ကန်ကြောင်းအာမခံခြင်း (IA) ရည်မှန်းချက်ကို အထမြောက်ရန်မှာ အလွန်ကျယ်ပြန့်စွာ ပါဝင်စိစစ်ရေးလုပ်ဆောင်ချက်များ (Barites Procures) ပေါ်လစီများ (Policies)၊ လူတို့၏ အလေ့အထယဉ်ကျေးမှု (Culture)၊ နည်းပညာများ (Technical Tools) နှင့် အသုံးပြုသူများ၏ သိနားလည်မှုများ (Adequate user education) အားလုံးအကျုံးဝင်လျက် ရှိပါသည်။ (IA) အတွက်တိကျသော အဓိပ္ပာယ် ဖွင့်ဆိုချက်နှင့် ပုံသေနည်ဟူ၍ မရှိနိုင်ဘဲ အစိုးရ၏ (e-Services) များအပေါ် တက်နိုင်သမျှ မှန်ကန်မှုအတွက် ယုံကြည်အားထားမှု (Trust and Confidence) ရှိရန် ကြိုးပမ်း ဆောင်ရွက်ကြရန်သာဖြစ်ပါသည်။ ရာနှုန်းပြည့် တာဝန်ခံနိုင်ရန် မဟုတ်သော်လည်း အားနည်း ချက်များ၊ ဟာကွက်များ၊ အမှားအယွင်းဖြစ် သည့်နေရာများကို အမြဲတမ်းစစ်ဆေးကြည့်ရှုပြီး တက်နိုင်သမျှသော အကာအကွယ်များ ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ပြီး အမှားအယွင်းနည်းရန်၊ ထိခိုက်ဆုံးရှုံးမှုနည်းရန် ကြိုးပမ်းဆောင်ရွက်ကြ ရမည်ဖြစ်ပါသည်။

e-Government ဆိုသည် မှာ

အစိုးရ (Government)

ကမ္ဘာပေါ်တွင် လူအများဆုံးနှင့် ထိစပ်နေရပြီး ယင်းလူအများ၏ လူနေမှုဘ၀များ အတွက် ဆောင်ရွက်ပးနေ ရသော အကြီးဆုံးသော အဖွဲ့အစည်းမှာ အစိုးရပင်ဖြစ်ပါသည်။ အစိုးရ ပေါ်လစီများသည် တိုင်းပြည်အတွင်း မှီတင်းနေထိုင်သော ပြည်သူတစ်ဦးခြင်းစီ လူမှုအဖွဲ့အစည်းများ စီးပွားရေးလုပ်ငန်းများ၏ ဖွံ့ဖြိုး တိုးတက်မှု အပေါ် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေပါသည်။ အစိုးရသည် တိုင်းသူပြည်သားများ၏ နေ့စဉ်ဘ၀အပေါ် လွှမ်းမိုးလျက်ရှိသောကြောင့် အစိုးရကောင်းမှဖြစ်မည်၊ အစိုးရမြန်မှ ဖြစ်မည်၊ အစိုးရမှန်မှ ဖြစ်ပါမည်။ ထို့ကြောင့် တရုတ်ပညာရှိ ကွန်ဖြူးရှပ်(စ်)၏ အဆိုအမိန့်တစ်ခုကိုရည်ညွှန်းရသည်ရှိသော-

The art of government simply consists in making things right or putting things in their right places. When the ruler himself in “right”, then the people naturally follow him in his right course. Confucius (551-479 BC)

အစိုးရ၏လုပ်ငန်းတာဝန်များမှာ များမြောင်လှပါသည်။ အဓိကတာဝန်ယူဆောင်ရွက်ပေး ရသော လုပ်ငန်း တာဝန်များမှာ -

• နိုင်ငံတကာဆက်ဆံရေး

• တိုင်းပြည်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် နိုင်ငံတော်ကာကွယ်ရေး

• တိုင်းပြည်အေးချမ်းသာယာရေး

• တရားဥပဒေစိုးမိုးရေး

• အများပြည်သူလိုအပ်ချက်ကို ဖြည့်ဆည်းပေးရေး

• စီးပွားရေးတိုးတက်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရေး

• ဆင်းရဲနွမ်းပါးမှု လျော့ချရေးတို့ဖြစ်ပါသည်။

ယင်းတို့ကို ထင်သာမြင်သာအောင် ဖော်ပြရမည်ဖြစ်၍ အိမ်ယာ၊ အဆောက်အဦများ၊ လမ်း၊ တံတားများ ဆောက်လုပ်ခြင်း၊ အများပြည်သူ သုံးလျှပ်စစ်၊ ရေ၊ သန့်ရှင်းရေးတို့ကို ပြည့်စုံအောင် ဆောင် ရွက်ပေးခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ တရားဥပဒေစိုးမိုးရေး၊ သယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်ရေး၊ စက်မှုလက်မှု၊ နိုင်ငံခြားရေး၊ လူဝင်မှုကြီးကြပ်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စသည်အားဖြင့် အလွန်များမြောင်လှပါသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြင့် ဖွဲ့စည်းထားသောအစိုးရမှာ ဒီမိုကရေစီ အစိုးရ ဖြစ်ပါသည်။ ပြည်သူတစ်ဦးချင်းစီ၏ အခြေခံ လွတ်လပ်ခွင့်ကို ကာကွယ်ခြင်းနှင့် ရွေးကောက်ပွဲများကို တရားမျှတစွာပြုလုပ်နိုင်ရန် စည်းစနစ် ပေါင်းများစွာ ရေးဆွဲသတ်မှတ်ခြင်းဟူသော တာဝန်ယူစရာများလည်း ရှိပါသည်။

ဤကဲ့သို့သော များမြောင်လှစွာသော အစိုးရ၏ တာဝန်ဝတ္တရားများနှင့် ပြည်သူတစ်ဦးချင်းစီနှင့် တိုင်းပြည် တစ်ခုလုံး၏ နေ့စဉ် ဘ၀အပေါ် လွှမ်းမိုးထားရသော အစိုးရအနေဖြင့် နိစ္စဒူဝလုပ်ငန်းများကို စွမ်းဆောင်နိုင်ရန် ကုန်ကျစရိတ်ကြီးမားစွာ ဗျူရိုကရေစီအုပ်ချုပ်ရေးယန္တရားကို အုပ်ချုပ် လုပ်ကိုင်သော်လည်း စွမ်းရည်မပြည့်ဝခြင်း၊ အစိုးရ၀န်ထမ်းများ တာဝန်ခံမှုမရှိခြင်း၊ အစိုးရလုပ်ဆောင်ချက်များ ထင်သာမြင်သာ မရှိခြင်း၊ အဂတိလိုက်စားခြင်း စသည်များ ဖြစ် ပေါ်ခဲ့ပါသည်။ ထို့ကြောင့် ကမ္ဘာတစ်ဝှမ်းလုံးရှိ အစိုးရများမှာ အစိုးရပုံစံသစ် ပြောင်းလဲရန် (Reinvent the Government) ဟူ၍လည်းကောင်း၊ NPM (New Public Management) ဟူ၍လည်းကောင်း၊ (Government 2.0) ဟူ၍လည်းကောင်း ကြွေးကြော်ပြီး ကြိုးပမ်း ခဲ့ကြပါသည်။ တစ်နည်းအားဖြင့် အစိုးရအုပ်ချုပ်ရေး ဗျူရိုကရေစီယန္တရားအပေါ် အလေးပေး ထားပြီး ပြည်သူလူထုအပေါ် ဆောင်ရွက်ပေးမှုအားနည်းခဲ့သောပုံစံမှ ပြည်သူလူထုအပေါ် ဆောင်ရွက်ပေးမှု အလေးထားပြီး အစိုးရအုပ်ချုပ်မှုယန္တရား သေးငယ်စွာဖြင့် အလုပ်လုပ်နိုင်မည့် ပုံစံအမျိုးမျိုးတို့ ကူးပြောင်းရန် ဖြစ်ပါသည်။

အထက်ပါအတိုင်း အစိုးရပုံစံ ပြောင်းရေးအတွက် ကြိုးပမ်းခဲ့ကြသော်လည်း လက်တွေ့တွင် ထိရောက်အာင်မြင်မှု ရှိသင့်သလောက်မရှိခဲ့ရာ အစိုးရပုံစံပြောင်းရေးအတွက် အခြေခံကျသော တွန်းအား တစ်ခုခုလိုနေပြီဟု သဘောပေါက်လက်ခံခဲ့ကြပါသည်။ ယင်းလိုအပ်နေသော တွန်းအားသည် ICT ဟုခေါ်သော သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (Information & Communication Technology) ပင်ဖြစ်ပါသည်။ ICT နည်းပညာ တစ်ရှိန်ထိုး တိုးတက်ပြောင်းလဲလာခဲ့သောကြောင့် လူတို့ နေ့စဉ်နေထိုင် အလုပ်လုပ်ကိုင်ပုံ၊ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်ပုံ၊ အစိုးရ အနေဖြင့် ပြည်သူလူထုကို ဆောင်ရွက်မှု ပေးပုံတို့ကိုများစွာ ပြောင်းလဲလာခဲ့ပြီ ဖြစ်ပါသည်။ ထို့ကြောင့် ICT နည်းပညာကို အစိုးရမှ အားကိုးပြုပြီး ပြည်သူလူထု၊ စီးပွားလုပ်ငန်းများ၊ အစိုးရ၀န်ထမ်းများအပေါ် အကျိုးကျေးဇူး ရရှိလာအောင်ပြုလုပ်ခြင်းကို Electronic Government (သို့) e-Government ဟူ၍ အမည်နာမ တတ်ခေါ်ဝေါ်ခြင်း ဖြစ်ပါသည်။ သာမန်အားဖြင့် e-Government ကို အင်တာနက် အသုံးပြု၍ အစိုးရ လုပ်ငန်းများ ဆောင်ရွက်ပြီး ပြည်သူလူထုသို့ အစိုးရဆောင်ရွက်မှုများလာခြင်းဟူ၍ အသိများသော်လည်း e-Government သဘောတရားများ၊ နည်းပညာ၊ အခြခံအဆောက်အဦ၊ စီးပွားရေးဖြစ်စဉ်၊ လူ့စွမ်းအား အရင်းအမြစ်တို့သာမက ယင်းတို့အားလုံး ပေါင်းစပ်ပြီး ဖြစ်ပေါ်နေသော ကျယ်ပြန့်နက်ရှိုင်းသော အခြေ အနေကြီး တစ်ခုဖြစ်ပါသည်။ ထို့ကြောင့် e-Government ပုံစံဖြင့် အောင်မြင်စွာ ဆောင်ရွက်မှု များပေးနိုင်ရန်မှာ ပါဝင်ဆက်သွယ်နိုင်သော ဌာနများ၊ အဖွဲ့များအားလုံးဆက်စပ်ညှိနှိုင်း ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်မှသာ အောင်မြင်နိုင်မည် ဖြစ်ပါသည်။

e-Government ဆိုသည်မှာ -

e-Government ကို “Digital Government” ဟူ၍ လည်းကောင်း၊ “Internet-worked Government” ဟူ၍ လည်းကောင်း၊ “Government Online” ဟူ၍လည်းကောင်း၊ အမျိုးမျိုး ခေါ်ဆိုကြရာ အခြေခံအနှစ်သာရမှာ အတူတူပင်ဖြစ်ပါသည်။ အစိုးရအနေဖြင့် အင်တာနက်၊ အထူးသဖြင့် Web-base Internet အနည်းပညာကို အသုံးပြုပြီး ပြည်သူလူထု၊ စီးပွားရေးလုပ်ငန်းများ၊ အစိုးရ၀န်ထမ်းများနှင့် အစိုးရလုပ်ငန်း အချင်းချင်းတို့အား အစိုးရဆောင်ရွက်မှုများကို ပိုမိုကောင်းမွန်စွာပေးခြင်းဟူသော အဓိပ္ပာယ်သဘောရပါသည်။ အချို့ကမူ e-Government ဆိုသည်မှာ အစိုးရနှင့် ပြည်သူလူထုအကြား ဆက်စပ်ဆောင်ရွက် လုပ်ကိုင်မှုများကို အီလက်ထရောနစ် ပုံစံဖြင့်ပြုလုပ်ခြင်းဖြစ်သည် ဟူ၍လည်း လွယ်လွယ်ကူကူ အဓိပ္ပာယ်ဖွင့် တတ်ကြပါသည်။ အမှန်တကယ်တွင် e-Government ဟူသည် ပြည်သူလူထုက အစိုးရ ဆောင်ရွက်မှုများကို အီလက်ထရောနစ် ပုံစံဖြင့် ပိုမိုလျင်မြန် ထိရောက်စွာ ပေးနိုင်ခြင်းအပြင် အစိုးရ အချင်းချင်းလည်း ပို၍ ဆက်စပ် ထိရောက်စွာ ဆောင်ရွက်လုပ်ကိုင်လာနိုင်သော အကျိုးတရားကိုပါ ရရှိစေနိုင်သောကြောင့် အစိုးရ လုပ်ငန်းတွင် အီလက်ထရောနစ်ပုံစံဖြင့် ဆောင်ရွက် လုပ်ကိုင်နိုင်သည်။ “e-Administration” သဘော တရားလည်း ပေါင်းစပ်ပါဝင်နေသည်ဟုလည်း သိရန်လိုအပ်ပါသည်။ ထို့ကြောင့် “e-Government” ကို အဓိပ္ပါယ်ဖွင့်ရာတွင် အစိုးရ ဆောင်ရွက်မှုများကို ပိုမိုလျင်မြန်ထိရောက်စေရန် အီလက်ထရောနစ်နည်းပညာ (သို့) အင်တာနက် နည်းပညာအသုံးပြုပြီး ဆောင်ရွက်ခြင်းဟူသော ကျဉ်းမြောင်းသည့် အဓိပ္ပာယ် ဖွင့်ဆိုမှုအစား၊ ခေတ်မီ ICT နည်းပညာများကို အသုံးပြုပြီး အစိုးရ၊ ပြည်သူလူထု၊ စီးပွားရေး လုပ်ငန်းများအကြား အလျင်မပြတ်ပိုမိုဆက်စပ် တိုးတက်သွားရင်းဖြင့် တိုင်းပြည်၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့ ပါဝင်သော လူမှုအဆောက်အဦ တစ်ခုလုံး အတိုင်းအတာဖြင့် ပြောင်းလဲတိုးတက် သွားစေနိုင်သောဖြစ်စဉ်ဟု အဓိပ္ပါယ်ကျယ်ပြန့်စွာ ဖွင့်ဆိုနိုင်ပါသည်။

e-Government တွင် ပါဝင်အကျုံးဝင် မှုများ (Perspectives of e-Government)

အစိုးရလုပ်ငန်းများ ပြုပြင်ပြောင်းလဲ ရေးတွင် အဓိကကျသော “အစိုးရ” (Government)၊ “ပြည်သူ” (Citizens) နှင့် “စီးပွားရေးလုပ်ငန်းများ” (Businesses) တို့ အကျုံးဝင်ဆက်စပ်နေသော e-Government အသွင်သဏ္ဍန်ကို ပုံ(၂)အတိုင်း တွေ့မြင်နိုင်ပါ သည်။ ယင်းအခြေခံ (၃) မျိုးတွင် အစိုးရသည် ဦးဆောင် အစပျိုးသူ (Initiator) အဖြစ်လည်း ကောင်း၊ လုပ်ငန်းအရှိန်မြှင့်သူ (Reactor) အဖြစ် လည်းကောင်း၊ ပြည်သူလူထုနှင့် စီးပွားရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ထိစပ်ဆောင် ရွက် နေရမည် ဖြစ် ပါသည်။

Government-to-Government (G2G)

အစိုးရ လုပ်ငန်းအချင်းချင်း သတင်း အချက်အလက်များ ဖြန့်ဝေခြင်း၊ လုပ်ဆောင်ချက်များကို အီလက်ထရောနစ်သဘော အွန်လိုင်း ဆောင်ရွက်ခြင်း တို့ပါဝင်သည်။ ယင်းလုပ်ငန်း စဉ်တွင် အစိုးရ၀န်ထမ်း အချင်းချင်း၊ အစိုးရဌာန အချင်းချင်း၊ ၀န်ကြီးဌာနအချင်းချင်း၊ အစိုးရ အချင်းချင်းတို့ အားလုံး အကျုံးဝင်ပါသည်။

Government to Business (G2B)

စီးပွားရေးလုပ်ငန်းများ၊ အစိုးရနှင့် ဆက်စပ်လုပ်ကိုင်ရသော လုပ်ဆောင်ချက်များ ကြိုးနီစနစ်ပုံစံမျိုး မဟုတ်ဘဲ လျင်မြန်သွက်လက်ပြီး ဆက်စပ်ဆောင်ရွက်နေရသော ကုန်ကျစရိတ် (Transaction Costs) သက်သာစေရန် အစိုးရ နှင့် စီးပွားရေးလုပ်ငန်းများအကြား အွန်လိုင်း (Online) ဆောင်ရွက် လုပ်ကိုင်လာစေနိုင်မည့် အခြေအနေတစ်ခုဖြစ်ပါသည်။ အစိုးရဌာနများ သို့ သွားရန်မလိုဘဲ (၂၄)နာရီမပြတ် e-Form များရ ယူနိုင်ခြင်း၊ ဖြည့်စွက်ပြီး ပြန်ပို့နိုင်ခြင်း၊ အဆို အပြုချက်များ တင်ပြနိုင်ခြင်း၊ ပါမစ်များလျှောက်ထားနိုင်ခြင်း စသည်တို့ကို လွယ်ကူလျင်မြန်စွာ ပြုလုပ်လာ နိုင်မည်ဖြစ်ပါသည်။

Government to Citizen (G2C)

အစိုးရနှင့် ပြည်သူလူထု နာရီမလပ် ဆက်စပ်နေပြီး အစိုးရဆောင်ရွက်မှုများကို ပြည် သူလူထုသို့ အီလက်ထရောနစ်၏ နည်းလမ်းဖြင့် ဆောင်ရွက်မှုပေးခြင်းမျိုး (Non-Stop Services) ဖြစ်သကဲ့သို့ ပြည်သူများ အနေဖြင့် အစိုးရဌာနများသို့ သွားရန်မလိုဘဲ တစ်နေရာ တည်းမှ တစ်ထိုင်တည်း အစိုးရ ဌာအားလုံးနှင့် သက်ဆိုင်သော လုပ်ငန်းများအားလုံးကို ဆောင်ရွက်နိုင်မည့် (One-Stop-Shop) ပုံစံ များလည်းပါဝင်သည်။ ထို့အပြင် မြို့ပြဒေသ၊ ကျေး လက်ဒေသဟူ၍ ခွဲခြားရန်မလိုတော့ဘဲ အစိုးရ လုပ်ဆောင်မှုများကို တစ်ပြေးညီပေးနိုင်မည့် (Universal Services) မျိုးလည်း ဖြစ်ပါသည်။

အီလက်ထရောနစ် အစိုးရဟူသော (e-Government) လုပ်ငန်းကို အကောင် အထည်ဖော်ရင်းဖြင့် အစိုးရ၏ စီမံအုပ်ချုပ်မှုကို ကောင်းမွန်စေသော (e-Government) ကိုလည်း တစ်ပါတည်း ဖြစ်ပေါ်စေ နိုင်ပါသည်။ (e-Governance) တွင်၊ (e-Administration)၊ (e-Citizen and e-Services)နှင့် (e-Society) တို့ပါဝင် လျက်ရှိပါသည်။ (e-Administration) ကြောင့် အစိုးရ လုပ်ငန်းများ စီမံအုပ်ချုပ် လုပ်ကိုင်မှုများ တိုးတက်ကောင်းမွန် လာခြင်းကြောင့် ပြည်သူလူထုသို့ အစိုးရ ဆောင်ရွက်မှုများတို့ကို ကောင်းမွန် စွာပေးနိုင်ရန် (e-Citizens and e-Services) များ ပေါ်ပေါက်လာသကဲ့သို့ အစိုးရ စီးပွားရေးလုပ်ငန်းများ နှင့် လူမှုအဖွဲ့အစည်းများပါမကျန် အားလုံးဆက် စပ်ဆောင်ရွက်လျက်ရှိသော ဖြစ်စဉ်ကြီးကြောင့် (e-Society) ကြီး ပေါ်ပေါက်လာစေနိုင်ပါသည်။

e-Government လုပ်ငန်းအဆင့်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်ပုံ (e-Government Development Models)

e-Government လုပ်ငန်း အောင် မြင်စွာ အကောင်အထည်ဖော်နိုင်ရန်မှာ ချမှတ်သောမဟာဗျူဟာ၊ ပါဝင် သက်ဆိုင်သူများ၊ နည်း ပညာစသည်တို့အားလုံးကို ပေါင်းစပ်ညှိနှိုင်းကာ လက်တွေ့ အကောင် အထည်ဖော်ရသော ကျယ်ပြန့် ခက်ခဲသည့် လုပ်ငန်းစဉ်ဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီး၏ e-Government အသွင်ပြောင်းလဲမှုဖြစ်စဉ်၏ ပထမဆုံးသော အချက်မှာ မိမိအဖွဲ့အစည်းနှင့် သက်ဆိုင်သော အကြောင်းအရာများကို Web-site ပြုလုပ်ပြီး သတင်းအချက်အလက် ထုတ်လွှင့်ဖြန့်ချိခြင်း ဖြစ်ပါသည်။ ထို့နောက် ယင်းအွန်လိုင်းချိတ်ဆက် နိုင်သည့် (Online Interface)နှင့် အစိုးရ အဖွဲ့အစည်း၏ အစိုးရအဖွဲ့အစည်း၏ လုပ်ငန်းများများကို ချိတ်ဆက်နိုင်ရာမှ ပြည်သူလူထုအနေဖြင့် အစိုးရလုပ်ငန်းများနှင့် အီလက်ထရောနစ် ပုံစံ ချိတ်ဆက် ဆောင်ရွက်လာနိုင်ခဲ့ကြပါသည်။ ထို့နောက် ပြည်သူများအား ဆောင်ရွက် မှုပေးနိုင်သည်။ Web-portal  များကို ထူထောင်နိုင်လာသဖြင့် အစိုးရနှင့် ပြည်သူလူထု “One-to-One Relationship” လုပ်နိုင်လာရာ အစိုးရနှင့် ပြည်သူလူထုအကြား နှစ်လမ်းသွားဆက်သွယ်နိုင်မှု (Two-way Communication Channels) များကို ဖော်ဆောင်နိုင်လာခဲ့ကြပါသည်။ ထို့နောက် e-Government ဖော်ဆောင်မှု ၏ နောက်ဆုံးအဆင့်တွင်မူ ပြည်သူလူထုသည် အစိုးရအဖွဲ့များအား သီးခြားစီ အကွဲကွဲအပြားပြား ဆက်ဆံရမည့်အစား အစိုးရ အစုအားလုံးအတွက် ဆက်သွယ်မှုတစ်ခုတည်း မှတ်ချက်တင်နိုင်သည်။ “One-Stop-Shop” ပုံစံမျိုး ဖြစ်လာစေပါတော့သည်။

ပုံ(၃)တွင် ဖော်ပြထားသည့်အတိုင်း သုတေသနပြုလုပ်ခဲ့သည့် အဖွဲ့အစည်းများမှ e-Government အကောင်အထည်ဖော်မှု အဆင့်ဆင့်ကို တင်ပြထားခဲ့ပါသည်။ တင်ပြသည့် ရှုထောင့် မတူညီသည်က လွဲ၍ အခြေခံအားဖြင့် ခပ်ဆင်ဆင်ပင်ဖြစ်ကြပါသည်။ သို့သော် ကမ္ဘာပေါ်တွင် e-Government အကောင်အထည် ဖော်ရေးအတွက် ပုံသေလိုက်နာရမည့် တိကျသော ပုံသေနည်းမျိုးမရှိဘဲ သက်ဆိုင်ရာ တိုင်းပြည်၏ အခြေအနေပေါ်တွင်မူတည်ပြီး ကွဲပြားခြားနားမှု များ ရှိနိုင်ပါသည်။ မည်သို့ပင်ဆိုစေကာမူ အစပိုင်းတွင် Initiation  (သို့) Information Publishing (သို့) Catalogue (သို့) One-way Communication ကြရပြီး နောက်ဆုံး အဆင့်တွင် Customization (သို့) Full Integration (သို့) Horizontal Integration across Government Administration စသည့် အဆင့်သို့ ရောက်ရှိသွားကြမည် ဖြစ်ပါသည်။

Lame & Loc (2001) မှ အဆိုပြု တင်ပြသော e-Government အကောင်အထည် ဖော်မှုအဆင့်ဆင့်ကို ပုံ (၄) တွင် အသေး စိတ် လေ့လာနိုင်ပါသည်။

Layne &Lee ၏ တင်ပြချက်မှာ အစိုးရလုပ်ငန်းများ Website လွှင့်တင်ပြီး မိမိအဖွဲ့အစည်း အကြောင်းအရာများကို Catalogue ကဲ့သို့ တင်ပြပြီး လိုအပ်သည့်ပုံစံ (Form) များကို Download ယူနိုင်သော One-way Communication ဖြင့်စပါသည်။ ထို့နောက် အစိုးရဆောင်ရွက်မှုများကို Online ရယူနိုင်သော အစိုးရလုပ်ဆောင်ရမည့်ပုံစံ (Form) များကို Online တင်နိုင်ကာ Tow-Way အလုပ်လုပ်နိုင်သည့် အဆင့်ဖြစ်လာပါက တိုက်ရိုက် အစိုးရအဖွဲ့အစည်းများနှင့် အထက်နှင့်အောက် ဒေါင်လိုက် ပေါင်းစပ် သွားသော (Vertical Integration) ဖြစ်သွားရာမှ နောက်ဆုံးတွင် အစိုးရ လုပ်ငန်းများအကြား အလျား လိုက်ပေါင်းစပ်သွားသော (Horizontal Integration) ဖြစ်သွားရာက အစိုးရအဖွဲ့ အစည်းတစ်ခု တည်းပုံ ဖြစ်သွားရာက ပြင်ပလူများအနေဖြင့် အစိုးရ လုပ်ငန်းများ အားလုံးကို တစ်နေရာတည်း ဆက်သွယ်ရုံဖြင့် ဆောင်ရွက်နိုင်သော One-Stop-Shop ပုံစံ ဖြစ်သွား နိုင်ကြောင်း ကို ဖော်ပြထားခြင်းဖြစ် ပါသည်။
Watson & Mundy (၂၀၀၁)အဆိုပြုတင်ပြထားသော e-Government ဖြစ်ပေါ်တိုးတက်မှုတွင် (Initiation) ၊ (Infusion)နှင့် (Customization) ဟူသော အဆင့်(၃)ဆင့်ကိုသာ လွယ်ကူရှင်းလင်းစွာ တင်ပြထားပါသည်။ ပထမအဆင့်အစပျိုးချိန် (Initiation) တွင် Website ဖြင့် ပြည်သူလူထုသိရန် သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းနှင့် သက်ဆိုင်သော သတင်းအချက်အလက်များကို လွှင့်တင်ထုတ် ပြန်လာသည့် အခြေအနေ၌ ပြည်သူလူထုသည် ယင်းအစိုးရ Website ဖြင့် ဆက်သွယ်နိုင် မည်ဖြစ်ပါသည်။ ဒုတိယအဆင့် (Infusion) တွင်မူ အစိုးရတစ်ခုလုံး အီလက်ထရောနစ် အစိုးရ ဖြစ်သွားကာ ပြည်သူလူထုအနေဖြင့် အစိုးရနှင့် သက်ဆိုင်သမျှအားလုံးကို လွတ်လပ် ကျယ်ပြန့်စွာ ထိစပ်နိုင်ရုံသာမက အစိုးရအတွက် ပေးဆောင်ကြရမည့် အခွန်အခအားလုံးကိုလည်း Online ပေးနိုင်သော အခြေအနေဖြစ်ပါသည်။ နောက်ဆုံးအဆင့် (Customization) တွင်မူ အစိုးရနှင့်ပြည်သူ One-To-One ထိစပ် ဆက်ဆံနိုင်မှုရှိသွားကာ ပြည်သူတစ်ဦးချင်းစီ အကြောင်းအရာအလုံးစုံ အလွယ်တကူ သိရှိနိုင်ရန် မှတ်တမ်းတင် သိမ်းဆည်းထားသကဲ့သို့ ပြည်သူ တစ်ဦးချင်းစီမှလည်း မိမိနှင့်သက်ဆိုင်သော အကြောင်းအရာများကို လိုအပ် သလို ပြင်ဆင်ပြောင်းလဲမှုများ လည်း ပြုလုပ်သွားနိုင်မည့် အခြေအနေဖြစ်မျိုးဖြစ်ပါသည်။ e-Government တစ်ဆင့်ပြီး တစ်ဆင့် ဖြစ်ထွန်းအောင် မြင်လာသည်နှင့်အမျှ e-Democracy ပုံစံ လည်း ကျယ်ပြန့် ထွန်းကား လာနိုင်မည် ကိုလည်း ဖော်ပြထားပါသည်။

 
ပုံ (၁) Reinventing Service Delivery


 
ပုံ (၂) Overlapping Domains of e-Governance


 
ပုံ (၃) e-Government Development
 

 
ပုံ (၄) Strategic Phases of e-Government Development

နှုတ်ခွန်းဆက်

မြန်မာနိုင်ငံတွင် e-Government initiative ကို ၁၉၉၈ ခုနှစ်မှပင် စတင်ခဲ့ပြီး အစိုးရအဆက်ဆက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ အစိုးရ e-Government လုပ်ငန်းများအောင်မြင်ရန် အစိုးရဘတ်ဂျက် ခွဲဝေချထားပေး၍လည်းကောင်း၊ နိုင်ငံ တကာ အကူအညီများဖြင့်လည်းကောင်း ငွေကြေး ပမာဏမြောက်များစွာ အကုန်အကျခံ၍ ဆောင် ရွက်ခဲ့သော်လည်း ယနေ့အထိ ပီပီပြင်ပြင် အောင်မြင်မှု မရှိခဲ့ပါ။ ထိုကဲ့သို့ဖြစ်ရခြင်းမှာ e-Government သဘောတရားကို ကောင်းစွာ နားမလည်၍လည်းကောင်း၊ အကောင်အထည်ဖော်မှု အားနည်း၍လည်းကောင်း စဉ်ဆက်မပြတ် အကောင်အထည်ဖော်ရန် ဘတ်ဂျက်လုံလောက် စွာမရှိ၍လည်းကောင်း၊ အစိုးရအဖွဲ့အစည်းများ အတွင်း ကျွမ်းကျင် လူအင်အား လုံလောက်စွာမရှိ ၍လည်းကောင်း၊ နည်းပညာပြောင်းလဲမှုအလျင် နှင့် လိုက်၍ မပြောင်းလဲနိုင်သောကြောင့် လည်း ကောင်း စသောအကြောင်းများအပြင် လူပုဂ္ဂိုလ်များ၏သဘာဝအရ အပြောင်းအလဲလုပ်ရန် တုံ့ ဆိုင်းနေတတ်ခြင်းတို့ကြောင့် ဖြစ်ပါသည်။ ထို့ ကြောင့် မြန်မာနိုင်ငံ၏ e-Government အကောင်အထည်ဖော် မှုသည် အရှိန်မြှင့်လိုက်၊ ပြန်ကျသွားလိုက်၊ ပြန်စလိုက်ဖြင့် အမြဲတမ်းတစ်မှ ပြန်စနေသကဲ့သို့ဖြစ်ပြီး ရှေ့သို့ မရောက်နိုင်ဖြစ်ကြရပါသည်။ များသောအားဖြင့်လည်း ကဲ့သို့ ဟန်ပြလုပ်ငန်းမျိုး ပုံစံဖြင့် အဆုံးသတ် သွားလေ့ရှိခဲ့ပါသည်။ မည်သို့ ဆိုစေကာမူ e-Government အစီအစဉ်ကို မဖြစ်မနေ အကောင်အ ထည်ဖော်ရန် လိုအပ်ပါသည်။ နိုင်ငံတစ်ဝှမ်းလုံး မှီတင်းနေထိုင်သော တိုင်းသူပြည်သား အားလုံးအတွက် လိုအပ်သမျှ ကိစ္စအ၀၀ကို ဆောင်ရွက်ပေးနေရသော ကြီးမားကျယ်ပြန့်သည့် အစိုးရ ယန္တရားကြီး ကောင်းမွန် ထိရောက်စွာ လည်ပတ်လုပ်ဆောင်နိုင်ရန် (ICT) နည်းပညာကို အသုံးပြုမှ ဖြစ်ပေ မည်။ အစိုးရသည် အကြီးဆုံး အဖွဲ့အစည်းဖြစ်သကဲ့သို့ (ICT) နည်းပညာကို အများဆုံးအသုံးပြုသည့် အဖွဲ့အစည်းမျိုးလည်း ဖြစ်ပါသည်။ ယနေ့ခေတ် အစိုးရများ ကြွေးကြော်နေသော ကောင်းမွန်ထိ ရောက်သည့် စီမံအုပ်ချုပ်မှု တို့ဖြစ်နိုင်ရေးအတွက် (ICT) နည်းပညာသည် အရေးကြီးပါသည်။ ၀မ်းမြောက်ဖွယ်ရာ သတင်းကောင်းတစ်ခုမှာ ယနေ့ခေတ် ပြောင်းလဲတိုးတက်လာသော နည်းပညာများအရ e-Government လုပ်ငန်းများ ကို လွယ်ကူ လျင်မြန်စွာ ကုန်ကျစရိတ် သက်သာစွာဖြင့် အကောင်အထည်ဖော်နိုင်မည့် အခြေအနေများ ဖြစ်ပေါ်လာနေခြင်းဖြစ်ပါသည်။ ယင်းနည်းပညာမှာဖြစ်ပါသည်။ အစိုးရ ၀န်ကြီးဌာနများ အနေဖြင့် တန်ဖိုးကြီးမားသော Hardware ပစ္စည်းမျအားဝယ်ယူရခြင်း၊ Software လိုင်စင်များ ၀ယ်ယူရခြင်းတို့ ပြုလုပ်မလိုတော့ဘဲ မိမိတို့အသုံးချလိုသော နည်းပညာများကို Cloud မှတစ်ဆင့် ရယူအသုံးပြုနိုင်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် Hardware, Software များအပေါ် ရင်းနှီးမြှုပ်နှံ ရမည့် ငွေလုံးငွေရင်း ကုန်ကျစရိတ်များ သက်သာသွားနိုင်ပါမည်။ ထို့အပြင် မိမိတို့ အသုံးပြုသလောက် သာ ဆောင်ရွက်ခပေးရသည့် SaaS (Software as a Service) ပုံစံဖြစ်သည့် အတွက်လည်း လုပ်ဆောင်မှုစရိတ်များကို များစွာသက်သာစေပါသည်။ နည်းပညာပိုင်းတွင်လည်း များစွာ တတ်ကျွမ်းရန် မလိုဘဲ စနစ်ကို အသုံးချတတ်ရုံ (User Level) အဆင့်သာ လိုအပ်သည့် အတွက် အစိုးရ၀န်ထမ်းအားလုံး လွယ်ကူစွာ အသုံးပြုနိုင်မည် ဖြစ်သောကြောင့် အစိုးရ အဖွဲ့အစည်းများအတွင်း နည်းပညာကျွမ်းကျင်သူ အင်အားပြည့်စုံစွာ မရှိသည့် အခက်အခဲကိုလည်း ကျော်လွှားသွားစေနိုင်ပါသည်။ ယခုအချိန် တွင် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး အခြေခံအဆောက်အအုံ မှာလည်း ပြည့်စုံကောင်းမွန်လာခြင်းအပြင် အစိုးရ ၀န်ထမ်းအားလုံး၊ ပြည်သူလူထုအားလုံးနီးပါးများ အသုံးပြုနိုင်လာပြီ ဖြစ်သည့်အတွက် သတင်းအချက် အလက်ရယူခြင်း၊ ပေးပို့ခြင်း၊ အသုံးချခြင်းတို့အတွက် ကွန်ပျူတာကဲ့သို့ အားလုံး အသုံးပြုနိုင်သော ပစ္စည်းကိရိယာ (Device) လည်း ရှိနေပြီဖြစ်ပါသည်။ ထို့ကြောင့် e-Government လုပ်ငန်းများ အကောင်အထည်ဖော်ရန် အချိန်ကောင်းအခါ ကောင်းဖြစ်ပါသည်။ ထိုကဲ့သို့ e-Government လုပ်ငန်းများ ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အထောက်အကူ ပြုနိုင်ရန် MCC GROUP သည် ပါဝင်ဆောင် ရွက်လျက်ရှိပါသည်။ နိုင်ငံတကာအရည်အသွေး စံချိန်မှီအဆင့် (ISO-9001-2008) လက်မှတ်ရ ICT Services များကို အစိုးရရုံးစိုက်ရာ နေပြည်တော်တွင်လည်းကောင်း၊ အစိုးရလုပ်ငန်းများရှိရာ ရန်ကုန်၊ မန္တလေး အပါအ၀င် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့်လည်းကောင်း ဆောင်ရွက်ပေးလျက် ရှိပါသည်။ အကြံဥာဏ်ပေးခြင်း (Consulting)၊ လေ့ကျင့်သင်တန်းပေးခြင်း (Training)၊ e-Government စနစ်များအတွက် ဆောင်ရွက်မှုပုံစံ SaaS (Software as a Service) ဖြင့် အသုံးပြုနိုင်ရန် ပြုလုပ်ပေးခြင်း၊ အစိုးရဌာနတစ်ခုခု အတွက် သီးသန့်လိုအပ်သော စနစ်များကို တီထွင် ထုတ်လုပ်ပေးခြင်း (Customized Software Development) ၊ အစိုးရလုပ်ငန်းကိုယ်စား နည်းပညာ အသုံးပြုလုပ်ငန်းများကို ဆောင်ရွက်ပေးခြင်း (Business Process Outsourcing)၊ နည်းပညာလုပ်ငန်းပရောဂျက်များကို စီမံခန့်ခွဲပေးခြင်း (Project Management)နှင့် အစိုးရဌာနများ ၏ နည်းပညာပိုင်းဆိုင်ရာ အားလုံးကို စီမံခန့်ခွဲပေးခြင်း (IT Management) တို့ကို ဆောင်ရွက်လျက် ရှိပါသည်။ ထို့အပြင် e-Government လုပ်ငန်းသည် မရှိမဖြစ် လိုအပ်သည့် များထူထောင်ခြင်း၊ Data Enty ပြုလုပ် ခြင်း၊ Data Center ဖြင့် Database များ သိမ်းဆည်းခြင်း စသည့်လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးနိုင်ကြောင်း သတင်းကောင်းပါး အပ်ပါသည်။
အယ်ဒီတာအဖွဲ့