Thursday, September 8, 2016

MCC မွ သူေ႒းေလာင္းမ်ား

MCC မွ သူေ႒းေလာင္းမ်ား

၂၁ ရာစုေခတ္တြင္ သူေ႒းမ်ား အလြန္မ်ားလာပါသည္။ သူေ႒းမ်ားလာသည္သာမက ဓနဥစၥာ ၾကြယ္၀မႈမ်ားမွာလည္း အဆမတန္ျဖစ္လာပါသည္။ ယခင္ရာစုႏွစ္မ်ားတြင္ အေမရိကန္ႏွင့္ ဥေရာပတုိ႔တြင္သာ ကမၻာ့ခ်မ္းသာ ၾကြယ္၀သူမ်ားရွိခဲ့ၿပီး ယခုအခါတြင္မူ အာရွ၊ အာဖရိကႏွင့္ လက္တင္အေမရိကတုိ႔တြင္ ခ်မ္းသာၾကြယ္၀ သူမ်ားရွိလာရာ အာရွေဒသတြင္ အမ်ားဆံုးျဖစ္ပါသည္။ ကမၻာ့ခ်မ္းသာသူမ်ားအတြက္ အထူးသီးသန္႔ထုတ္ေ၀ေသာ Forbes မဂၢဇင္းဟူ၍ရွိရာ ယခုအခါတြင္ အာရွ ခ်မ္းသာသူမ်ားအတြက္ Forbes Asia ဟူ၍ သီးျခားထုတ္ေ၀ရသည္အထိ ျဖစ္လာခဲ့ပါသည္။ ခ်မ္းသာလာၾကရာတြင္လည္း ယခင္ကကဲ့သုိ႔ လူႀကီးမ်ားသာမဟုတ္ေတာ့ဘဲ လူလတ္ပိုင္းႏွင့္ အထူးသျဖင့္ လူငယ္ပုိင္းခ်မ္းသာသူအေရအတြက္ တုိးပြားလာခဲ့သလုိ ခ်မ္းသာရာတြင္လည္း မိဘလုပ္ငုတ္လုပ္ရင္းရွိေသာ လုပ္ငန္းမ်ားကုိဆက္လက္လုပ္ကုိင္ရင္း ခ်မ္းသာမႈမ်ိဳးထက္ အေျခခံလံုး၀မရွိဘဲ တီထြင္ႀကံဆႏုိင္မႈေၾကာင့္၊ အထူးသျဖင့္ အသိပညာ (Knowledge) ႏွင့္နည္းပညာ (Technology) ေၾကာင့္ ခ်မ္းသာသူမ်ား ေပၚေပါက္လာခဲ့ျခင္းျဖစ္ပါသည္။

ကမၻာ့အခ်မ္းသာဆံုး ပုဂၢိဳလ္အျဖစ္နည္းပညာကုမၸဏီျဖစ္ေသာ Microsoft  တည္ေထာင္သူ Bill Gate မွ ေနရာယူထားသကဲ့သုိ႔ ကမၻာ့အခ်မ္းသာဆံုးပုဂၢိဳလ္ (၁၀) ဦးတြင္လည္း နည္းပညာကုမၸဏီမ်ားျဖစ္ေသာ Apple, Facebook, Google, Amazon.com စသည္တုိ႔ကုိ တည္ေထာင္သူမ်ားျဖစ္ေသာ Steve Job (ကြယ္လြန္)၊ Mark Zuckerberg Larry Page, Sergey Brin, Jeff Bezos တုိ႔မွ ေနရာယူေတာ့ပါသည္။ အာရွ၏အခ်မ္းသာဆံုးပုဂၢိဳလ္မ်ားတြင္ Alibaba.com တည္ေထာင္သူ Jack Ma, Soft Bank တည္ေထာင္သူ Massayoshi Son ၊ China Internet Services တည္ေထာင္သူ Robin Li ၊ China Online Game တည္ထြင္သူ Willian Ding စသည္တုိ႔ ပါ၀င္ပါသည္။ ၎င္းတုိ႔၏ ခ်မ္းသာမႈမ်ားကုိ ေဒၚလာဘီလီယံျဖင့္သာ တုိင္းတာရေသာ ခ်မ္းသာၾကြယ္၀မႈပမာဏ ျဖစ္ပါသည္။ အရင္းအႏွီးမရွိ၊ မိဘမ်ိဳး႐ိုးမရွိဘဲ အျမန္ဆံုး ခ်မ္းသာလာၾကသူမ်ားမွာ (၂၁) ရာစုႏွစ္လူငယ္လူရြယ္မ်ားျဖစ္ၾကၿပီး လူငယ္ဘီလီယံနာမ်ားကုိ အေရအတြက္မ်ားျပားစြာ ေတြ႕ေနၾကရၿပီလည္း ျဖစ္ပါသည္။

ထုိ႔ေၾကာင့္ (၂၁) ရာစုႏွစ္ လူငယ္လူရြယ္မ်ား၏ အိမ္မက္သည္ ယခင္ကကဲ့သုိ႔ ဆရာ၀န္ႀကီးျဖစ္ရန္၊ အင္ဂ်င္နီယာႀကီးျဖစ္ရန္ စေသာ သမား႐ိုးက် ရည္မွန္းခ်က္မ်ားမဟုတ္ေတာ့ဘဲ သူေ႒းျဖစ္ရန္၊ အထူးသျဖင့္ ျမန္ျမန္သူေ႒းျဖစ္ရန္ (Get-Rich-Quick) ပင္ျဖစ္ပါသည္။ မ်က္ေစ့ေရွ႕တြင္ပင္ သူလုိကုိယ္လုိလူမ်ား နည္းပညာ တီထြင္ႀကံဆရင္း သူေ႒းျဖစ္သြားၾကသည္ကုိ ျမင္ၾကရေသာေၾကာင့္ အိပ္မက္မက္ေနၾကျခင္းျဖစ္ပါသည္။ ယခင္က နည္းပညာ တီထြင္ႀကံဆရန္ ပစၥည္းကိရိယာ၊ အရင္းအႏွီးမ်ားစြာ လုိအပ္ေသာ္လည္း၊ ယခုအခါတြင္ အခမဲ့သံုးႏုိင္ေသာ အင္တာနက္ႏွင့္ လူတုိင္းကုိင္ႏုိင္ေသာ Mobile Phone တုိ႔ အသံုးျပဳ၍ ဘီလီယံေဒၚလာ တန္ေသာ Mobile App (မုိဘုိင္းဖံုးအသံုးျပဳစနစ္မ်ား) ကုိ တီထြင္လာႏုိင္ၾကရာ လူငယ္လူရြယ္ အမ်ားအျပား စိတ္၀င္းတစားျဖင့္ Mobile App မ်ား တီထြင္ႀကံဆလ်က္ ရွိၾကပါသည္။ အေမရိကန္ႏုိင္ငံတြင္မွမဟုတ္ဘဲ ကမၻာေပၚရွိ မည္သည့္ေဒသမွ မည္သူမဆုိ တူညီေသာ အခြင့္အလမ္းျဖင့္ တီထြင္ႀကံဆရင္း စိတ္ကူးယဥ္ႏုိင္ ေသာ အေျခအေနမ်ိဳး ျဖစ္လာပါေတာ့သည္။

ထုိ႔ေၾကာင့္ (၂၁) ရာစုႏွစ္ မ်ိဳးဆက္သစ္မ်ားကုိ “Digital Native” ဟု ေခၚပါသည္။ တစ္နည္းအားျဖင့္ ဒီဂ်စ္တယ္လူသားမ်ားျဖစ္ပါသည္။ သူတုိ႔သည္ အင္တာနက္ႏွင့္ Smart Phone မ်ားျဖင့္ ႀကီးျပင္းလာေသာေၾကာင့္ ျဖစ္ပါသည္။ ထုိ႔ေၾကာင့္ စဥ္းစားေတြးေခၚ၊ ေနထုိင္၊ စားေသာက္မႈပံုစံလည္း မ်ားစြာ ေျပာင္းလဲသြားၿပီ ျဖစ္ပါသည္။ ဆန္းသစ္ေသာအေတြးအေခၚမ်ားျဖင့္ အရာရာကုိ ျပဳျပင္ေျပာင္းလဲလာၾကပါသည္။ ယင္းစိတ္ကူးစိတ္သန္းမ်ားျဖင့္ ဖန္တီးရင္း မထင္မွတ္ဘဲ ခ်မ္းသာလာၾကပါသည္။ ယခင္က အေနာက္ႏုိင္ငံမ်ားမွ လူငယ္လူရြယ္မ်ား၏ ကံၾကမၼာ ဖန္တီးႏုိင္မႈ (Fortune) ျဖစ္ခဲ့ေသာ္လည္း ယခုအခါ တစ္ကမၻာလံုးရွိ လူငယ္လူရြယ္မ်ားအတြက္ အကန္႔အသတ္မရွိေသာ အခြင့္အလမ္းျဖစ္ပါသည္။ ဒီဂ်စ္တယ္နည္းျဖင့္ စီးပြားျဖစ္ရန္ ႀကိဳးပမ္းလာၾကရာ၌ လုပ္ငန္းပံုစံအသစ္ကုိ လုပ္ငန္းငယ္ကေလးမ်ား (Start-Up) အသြင္ျဖင့္စတင္ေလ့ရွိပါသည္။ ေက်ာင္းတက္ေနေသာ ေက်ာင္းသူ၊ ေက်ာင္းသားအျခင္းျခင္း ဘြဲ႕ရၿပီး သူငယ္ခ်င္းမ်ား စုေပါင္း၍ တည္ေထာင္ၾကျခင္းျဖစ္ၿပီး မည္သည့္ အရင္းအႏွီးမွလည္းမရွိ၊ ေနရာထုိင္ခင္းလည္းမရွိ၊ မိမိတုိ႔၏ Notebook ကြန္ပ်ဴတာ၊ မိမိတုိ႔၏ Smart Phone သာရွိၿပီး အင္တာနက္အသံုးျပဳႏုိင္ေသာ အခြင့္အလမ္းျဖင့္ လုပ္ငန္းစတင္ၾကေလ့ရွိပါသည္။ သုိ႔ေသာ္ စိတ္ကူးထဲတြင္မူ Facebook တည္ေထာင္သူ Mark Zuckerberg ၊ Google တည္ေထာင္သူ Larry Page, Sergey Brin ၊ Amazone.com  တည္ေထာင္သူ Jeff Bezos ၊ Alibaba.com တည္ေထာင္သူ Jack Ma တုိ႔ကုိသာ ျမင္ေနၿပီး သူတုိ႔လုိျဖစ္ရန္ စိတ္ကူးယဥ္ ယဥ္ေနျပီ ျဖစ္ပါသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ယေန႔ေဒၚလာ ဘီလီယံမ်ားစြာ ခ်မ္းသာၾကယ္၀ သြားေသာ ယင္းပုဂိၢဳလ္မ်ား၏ အစသည္လည္း ဘ၀တူပံုစံမ်ိဳးျဖင့္ စခဲ့ၾကရေသာ ေၾကာင့္ျဖစ္ပါသည္။

ယင္းကဲ့သို႔ နည္းပညာလုပ္ငန္းမ်ား (Start-Up) မ်ားအတြက္ အင္အားတစ္ခုမွာ Venture Capital ဟူေသာ အတိုးေပးရန္မလို အေၾကြးျပန္ဆပ္ရန္မလိုေသာ ရင္းႏွီးျမႇပ္ႏွံသူမ်ား၏ စြန္႔စားရင္းႏွီးျမႇပ္ႏွံမႈမ်ားပင္ ျဖစ္ပါသည္။ အားမရွိေသာ နည္းပညာ လုပ္ငန္းငယ္မ်ား အတြက္ အားေဆးပင္ျဖစ္ပါသည္။ အလားအလာ ရွိလွ်င္ရွိသေလာက္ လုပ္ငန္းအတြက္လိုအပ္ေသာ အရင္းအႏွီးမ်ားကို ရရွိႏိုင္ျခင္း ျဖစ္ပါသည္။ မိမိလုပ္ငန္း ေအာင္ျမင္ေသာအခါတြင္မွသာ ပိုင္ဆိုင္မႈအခ်ိဳးအစားတစ္ခုကို ေပးရံုသာျဖစ္ပါသည္။ ဤနည္းအားျဖင့္ ကမၻာေပၚတြင္ နည္းပညာလုပ္ငန္းငယ္မ်ား (Start-Up) အျပိဳင္အဆိုင္ျဖင့္ ေပၚေပါက္လုပ္ေဆာင္လွ်က္ရွိေနျပီ ျဖစ္ပါသည္။ ယင္းတို႔သည္ “ သူေ႒းေလာင္း ” မ်ားပင္ျဖစ္ပါသည္။

ယင္းကဲ့သို႔အေျခအေနမ်ိဳးသည္လည္း ျမန္မာႏိုင္ငံတြင္ စတင္ျဖစ္ေပၚလွ်က္ရွိပါသည္။ ျမန္မာႏိုင္ငံရွိ လူငယ္လူရြယ္မ်ားမွာ လည္း ဒီဂ်စ္တယ္လူသားမ်ား(Digital Natives) အသြင္ျဖစ္လာေနျပီး တစ္သက္လံုးမစြန္႔စားဖူးေသာ နည္းပညာႏွင့္ ခ်မ္းသာၾကယ္၀မႈအတြက္ နည္းလမ္းရွာေဖြေနႀကျပီ ျဖစ္ပါသည္။ ျမန္မာႏိုင္ငံသည္ အရာရာတြင္ ေခတ္ေနာက္က်လွ်က္ရွိေသာ္လည္း ႏိုင္ငံေရး၊ စီးပြားေရး၊ ျပဳျပင္ေျပာင္းလဲမႈမ်ားေႀကာင့္ ဆက္သြယ္ေရးကဏၭတြင္ လြတ္လပ္ခြင့္ေပးလိုက္ရာမွ ႏိုင္ငံျခားဆက္သြယ္ေရး ကုမၸဏီႀကီမ်ားပါေရာက္ရွိႀကျပီး ျမန္မာႏိုင္ငံတြင္ Mobile Phone မ်ားကိုလူတိုင္းကိုင္ႏိုင္သည့္ အေျခအေနမ်ိဳးသို႔ေရာက္ရွိပါခဲ့သည္။ Mobile Phone အသံုးျပဳရာတြင္လည္း အမ်ားစုမွာ Smart Phone မ်ားပင္ျဖစ္သည္။ ယခုအခါ Telecom Operator ကုမၸဏီမွေရာင္းခ်ေသာ Sim Card အရအတြက္မွာ သန္း(၄၀)ေက်ာ္သြား ျပီျဖစ္ပါသည္။ ယင္းအေျခအေနတြင္ Mobile App တီထြင္သူမ်ားအတြက္ႀကီးမားေသာ ေစ်းကြက္ႀကီးပင္ျဖစ္ပါသည္။ Mobile App မ်ားကိုေရာင္းျပီး “သူေ႒း” ျဖစ္ရန္ စိတ္ကူးယဥ္ႏုိင္ ျပီျဖစ္ပါသည္။

MCC မွေက်ာင္းသူ၊ ေက်ာင္းသားမ်ားကို မိမိတုိ႔ကိုယ္တိုင္ တီထြင္ၾကံဆျပီး Mobile App မ်ားတီထြင္ ထုတ္လုပ္ကာ ၾကြယ္၀လာေစရန္ ေလ့က်င့္ေပးလ်က္ရွိပါသည္။ (၂၀၁၆) ခုႏွစ္ ပညာသင္ႏွစ္တြင္ MCC Institute မ်ား၌ တတိယႏွစ္သင္တန္းမ်ားတြင္ ပညာသင္ၾကားလွ်က္ရွိေသာ ေက်ာင္းသူ၊ ေက်ာင္းသားေပါင္း (၂၀၀) ခန္႔ရွိပါသည္။ ယင္းတို႔အား (Campus) အလိုက္ Mobile App မ်ား တီထြင္ၾကံဆမႈ Project Persentation မ်ား ျပဳလုပ္ေစခဲ့ရာ Home Help, Home Service, Online Shopping, Food Delivery, Cinema Booking, Trip Management, B2B e-commerce, Online Auction, Dating, Health Care စေသာ စိတ္၀င္စားဖြယ္ရာ စိတ္ကူးစိတ္သန္းမ်ားျဖင့္ ႀကိဳးစားလ်က္ သူေ႒းျဖစ္ႏိုင္ေသာ လမ္းစမ်ားေတြ႕ရွိကိုေတြ႕ရွိေနၾကျပီ ျဖစ္ပါသည္။

အလားအလာရွိေသာ Mobile App မ်ား အတြက္အရင္းအႏွီးေပးရန္ MCC Capital ကုိလည္း အသင့္တည္ေထာင္ျပီးျဖစ္ရာ MCC မွ “သူေ႒းေလာင္းမ်ား” စိတ္ကူးယဥ္ႏုိင္ ျပီျဖစ္ပါသည္။

(Unicode Version)

MCC မှ သူဋ္ဌေးလောင်းများ

၂၁ ရာစုခေတ်တွင် သူဋ္ဌေးများ အလွန်များလာပါသည်။ သူဋ္ဌေးများလာသည်သာမက ဓနဥစ္စာ ကြွယ်ဝမှုများမှာလည်း အဆမတန်ဖြစ်လာပါသည်။ ယခင်ရာစုနှစ်များတွင် အမေရိကန်နှင့် ဥရောပတို့တွင်သာ ကမ္ဘာ့ချမ်းသာ ကြွယ်ဝသူများရှိခဲ့ပြီး ယခုအခါတွင်မူ အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကတို့တွင် ချမ်းသာကြွယ်ဝ သူများရှိလာရာ အာရှဒေသတွင် အများဆုံးဖြစ်ပါသည်။ ကမ္ဘာ့ချမ်းသာသူများအတွက် အထူးသီးသန့်ထုတ်ဝေသော Forbes မဂ္ဂဇင်းဟူ၍ရှိရာ ယခုအခါတွင် အာရှ ချမ်းသာသူများအတွက် Forbes Asia ဟူ၍ သီးခြားထုတ်ဝေရသည်အထိ ဖြစ်လာခဲ့ပါသည်။ ချမ်းသာလာကြရာတွင်လည်း ယခင်ကကဲ့သို့ လူကြီးများသာမဟုတ်တော့ဘဲ လူလတ်ပိုင်းနှင့် အထူးသဖြင့် လူငယ်ပိုင်းချမ်းသာသူအရေအတွက် တိုးပွားလာခဲ့သလို ချမ်းသာရာတွင်လည်း မိဘလုပ်ငုတ်လုပ်ရင်းရှိသော လုပ်ငန်းများကိုဆက်လက်လုပ်ကိုင်ရင်း ချမ်းသာမှုမျိုးထက် အခြေခံလုံးဝမရှိဘဲ တီထွင်ကြံဆနိုင်မှုကြောင့်၊ အထူးသဖြင့် အသိပညာ (Knowledge) နှင့်နည်းပညာ (Technology) ကြောင့် ချမ်းသာသူများ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါသည်။

ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ်နည်းပညာကုမ္ပဏီဖြစ်သော Microsoft  တည်ထောင်သူ Bill Gate မှ နေရာယူထားသကဲ့သို့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် (၁၀) ဦးတွင်လည်း နည်းပညာကုမ္ပဏီများဖြစ်သော Apple, Facebook, Google, Amazon.com စသည်တို့ကို တည်ထောင်သူများဖြစ်သော Steve Job (ကွယ်လွန်)၊ Mark Zuckerberg Larry Page, Sergey Brin, Jeff Bezos တို့မှ နေရာယူတော့ပါသည်။ အာရှ၏အချမ်းသာဆုံးပုဂ္ဂိုလ်များတွင် Alibaba.com တည်ထောင်သူ Jack Ma, Soft Bank တည်ထောင်သူ Massayoshi Son ၊ China Internet Services တည်ထောင်သူ Robin Li ၊ China Online Game တည်ထွင်သူ Willian Ding စသည်တို့ ပါ၀င်ပါသည်။ ၎င်းင်းတို့၏ ချမ်းသာမှုများကို ဒေါ်လာဘီလီယံဖြင့်သာ တိုင်းတာရသော ချမ်းသာကြွယ်ဝမှုပမာဏ ဖြစ်ပါသည်။ အရင်းအနှီးမရှိ၊ မိဘမျိုးရိုးမရှိဘဲ အမြန်ဆုံး ချမ်းသာလာကြသူများမှာ (၂၁) ရာစုနှစ်လူငယ်လူရွယ်များဖြစ်ကြပြီး လူငယ်ဘီလီယံနာများကို အရေအတွက်များပြားစွာ တွေ့နေကြရပြီလည်း ဖြစ်ပါသည်။

ထို့ကြောင့် (၂၁) ရာစုနှစ် လူငယ်လူရွယ်များ၏ အိမ်မက်သည် ယခင်ကကဲ့သို့ ဆရာဝန်ကြီးဖြစ်ရန်၊ အင်ဂျင်နီယာကြီးဖြစ်ရန် စသော သမားရိုးကျ ရည်မှန်းချက်များမဟုတ်တော့ဘဲ သူဋ္ဌေးဖြစ်ရန်၊ အထူးသဖြင့် မြန်မြန်သူဋ္ဌေးဖြစ်ရန် (Get-Rich-Quick) ပင်ဖြစ်ပါသည်။ မျက်စေ့ရှေ့တွင်ပင် သူလိုကိုယ်လိုလူများ နည်းပညာ တီထွင်ကြံဆရင်း သူဋ္ဌေးဖြစ်သွားကြသည်ကို မြင်ကြရသောကြောင့် အိပ်မက်မက်နေကြခြင်းဖြစ်ပါသည်။ ယခင်က နည်းပညာ တီထွင်ကြံဆရန် ပစ္စည်းကိရိယာ၊ အရင်းအနှီးများစွာ လိုအပ်သော်လည်း၊ ယခုအခါတွင် အခမဲ့သုံးနိုင်သော အင်တာနက်နှင့် လူတိုင်းကိုင်နိုင်သော Mobile Phone တို့ အသုံးပြု၍ ဘီလီယံဒေါ်လာ တန်သော Mobile App (မိုဘိုင်းဖုံးအသုံးပြုစနစ်များ) ကို တီထွင်လာနိုင်ကြရာ လူငယ်လူရွယ် အများအပြား စိတ်ဝင်းတစားဖြင့် Mobile App များ တီထွင်ကြံဆလျက် ရှိကြပါသည်။ အမေရိကန်နိုင်ငံတွင်မှမဟုတ်ဘဲ ကမ္ဘာပေါ်ရှိ မည်သည့်ဒေသမှ မည်သူမဆို တူညီသော အခွင့်အလမ်းဖြင့် တီထွင်ကြံဆရင်း စိတ်ကူးယဉ်နိုင်သော အခြေအနေမျိုး ဖြစ်လာပါတော့သည်။

ထို့ကြောင့် (၂၁) ရာစုနှစ် မျိုးဆက်သစ်များကို “Digital Native” ဟု ခေါ်ပါသည်။ တစ်နည်းအားဖြင့် ဒီဂျစ်တယ်လူသားများဖြစ်ပါသည်။ သူတို့သည် အင်တာနက်နှင့် Smart Phone များဖြင့် ကြီးပြင်းလာသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် စဉ်းစားတွေးခေါ်၊ နေထိုင်၊ စားသောက်မှုပုံစံလည်း များစွာ ပြောင်းလဲသွားပြီ ဖြစ်ပါသည်။ ဆန်းသစ်သောအတွေးအခေါ်များဖြင့် အရာရာကို ပြုပြင်ပြောင်းလဲလာကြပါသည်။ ယင်းစိတ်ကူးစိတ်သန်းများဖြင့် ဖန်တီးရင်း မထင်မှတ်ဘဲ ချမ်းသာလာကြပါသည်။ ယခင်က အနောက်နိုင်ငံများမှ လူငယ်လူရွယ်များ၏ ကံကြမ္မာ ဖန်တီးနိုင်မှု (Fortune) ဖြစ်ခဲ့သော်လည်း ယခုအခါ တစ်ကမ္ဘာလုံးရှိ လူငယ်လူရွယ်များအတွက် အကန့်အသတ်မရှိသော အခွင့်အလမ်းဖြစ်ပါသည်။ ဒီဂျစ်တယ်နည်းဖြင့် စီးပွားဖြစ်ရန် ကြိုးပမ်းလာကြရာ၌ လုပ်ငန်းပုံစံအသစ်ကို လုပ်ငန်းငယ်ကလေးများ (Start-Up) အသွင်ဖြင့် စတင်လေ့ရှိပါသည်။ ကျောင်းတက်နေသော ကျောင်းသူ၊ ကျောင်းသားအခြင်းခြင်း ဘွဲ့ရပြီး သူငယ်ချင်းများ စုပေါင်း၍ တည်ထောင်ကြခြင်းဖြစ်ပြီး မည်သည့်အရင်းအနှီးမှလည်းမရှိ၊ နေရာထိုင်ခင်းလည်းမရှိ၊ မိမိတို့၏ Notebook ကွန်ပျူတာ၊ မိမိတို့၏ Smart Phone သာရှိပြီး အင်တာနက်အသုံးပြုနိုင်သော အခွင့်အလမ်းဖြင့် လုပ်ငန်းစတင်ကြလေ့ရှိပါသည်။ သို့သော် စိတ်ကူးထဲတွင်မူ Facebook တည်ထောင်သူ Mark Zuckerberg ၊ Google တည်ထောင်သူ Larry Page, Sergey Brin ၊ Amazone.com  တည်ထောင်သူ Jeff Bezos ၊ Alibaba.com တည်ထောင်သူ Jack Ma တို့ကိုသာ မြင်နေပြီး သူတို့လိုဖြစ်ရန် စိတ်ကူးယဉ် ယဉ်နေပြီ ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ယနေ့ဒေါ်လာ ဘီလီယံများစွာ ချမ်းသာကြယ်ဝ သွားသော ယင်းပုဂ္ဂိုလ်များ၏ အစသည်လည်း ဘဝတူပုံစံမျိုးဖြင့် စခဲ့ကြရသော ကြောင့်ဖြစ်ပါသည်။

ယင်းကဲ့သို့ နည်းပညာလုပ်ငန်းများ (Start-Up) များအတွက် အင်အားတစ်ခုမှာ Venture Capital ဟူသော အတိုးပေးရန်မလို အကြွေးပြန်ဆပ်ရန်မလိုသော ရင်းနှီးမြှပ်နှံသူများ၏ စွန့်စားရင်းနှီးမြှပ်နှံမှုများပင် ဖြစ်ပါသည်။ အားမရှိသော နည်းပညာ လုပ်ငန်းငယ်များ အတွက် အားဆေးပင်ဖြစ်ပါသည်။ အလားအလာ ရှိလျှင်ရှိသလောက် လုပ်ငန်းအတွက်လိုအပ်သော အရင်းအနှီးများကို ရရှိနိုင်ခြင်း ဖြစ်ပါသည်။ မိမိလုပ်ငန်း အောင်မြင်သော အခါတွင်မှသာ ပိုင်ဆိုင်မှုအချိုးအစားတစ်ခုကို ပေးရုံသာဖြစ်ပါသည်။ ဤနည်းအားဖြင့် ကမ္ဘာပေါ်တွင် နည်းပညာ လုပ်ငန်းငယ်များ (Start-Up) အပြိုင်အဆိုင်ဖြင့် ပေါ်ပေါက်လုပ်ဆောင်လျှက်ရှိနေပြီ ဖြစ်ပါသည်။ ယင်းတို့သည် “ သူဋ္ဌေးလောင်း ” များပင်ဖြစ်ပါသည်။

ယင်းကဲ့သို့အခြေအနေမျိုးသည်လည်း မြန်မာနိုင်ငံတွင် စတင်ဖြစ်ပေါ်လျှက်ရှိပါသည်။ မြန်မာနိုင်ငံရှိ လူငယ်လူရွယ်များမှာ လည်း ဒီဂျစ်တယ်လူသားများ(Digital Natives) အသွင်ဖြစ်လာနေပြီး တစ်သက်လုံးမစွန့်စားဖူးသော နည်းပညာနှင့် ချမ်းသာကြယ်ဝမှုအတွက် နည်းလမ်းရှာဖွေနေကြပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် အရာရာတွင် ခေတ်နောက်ကျလျှက်ရှိသော်လည်း နိုင်ငံရေး၊ စီးပွားရေး၊ ပြုပြင်ပြောင်းလဲမှုများကြောင့် ဆက်သွယ်ရေးကဏ္ဌတွင် လွတ်လပ်ခွင့်ပေးလိုက်ရာမှ နိုင်ငံခြားဆက်သွယ်ရေး ကုမ္ပဏီကြီများပါရောက်ရှိကြပြီး မြန်မာနိုင်ငံတွင် Mobile Phone များကိုလူတိုင်းကိုင်နိုင်သည့် အခြေအနေမျိုးသို့ရောက်ရှိပါခဲ့သည်။ Mobile Phone အသုံးပြုရာတွင်လည်း အများစုမှာ Smart Phone များပင်ဖြစ်သည်။ ယခုအခါ Telecom Operator ကုမ္ပဏီမှရောင်းချသော Sim Card အရအတွက်မှာ သန်း(၄၀)ကျော်သွား ပြီဖြစ်ပါသည်။ ယင်းအခြေအနေတွင် Mobile App တီထွင်သူများအတွက်ကြီးမားသော စျေးကွက်ကြီးပင်ဖြစ်ပါသည်။ Mobile App များကိုရောင်းပြီး “သူဋ္ဌေး” ဖြစ်ရန် စိတ်ကူးယဉ်နိုင် ပြီဖြစ်ပါသည်။

MCC မှကျောင်းသူ၊ ကျောင်းသားများကို မိမိတို့ကိုယ်တိုင် တီထွင်ကြံဆပြီး Mobile App များတီထွင် ထုတ်လုပ်ကာ ကြွယ်ဝလာစေရန် လေ့ကျင့်ပေးလျက်ရှိပါသည်။ (၂၀၁၆) ခုနှစ် ပညာသင်နှစ်တွင် MCC Institute များ၌ တတိယနှစ်သင်တန်းများတွင် ပညာသင်ကြားလျှက်ရှိသော ကျောင်းသူ၊ ကျောင်းသားပေါင်း (၂၀၀) ခန့်ရှိပါသည်။ ယင်းတို့အား (Campus) အလိုက် Mobile App များ တီထွင်ကြံဆမှု Project Presentation များ ပြုလုပ်စေခဲ့ရာ Home Help, Home Service, Online Shopping, Food Delivery, Cinema Booking, Trip Management, B2B e-commerce, Online Auction, Dating, Health Care စသော စိတ်ဝင်စားဖွယ်ရာ စိတ်ကူးစိတ်သန်းများဖြင့် ကြိုးစားလျက် သူဋ္ဌေးဖြစ်နိုင်သော လမ်းစများတွေ့ရှိကို တွေ့ရှိနေကြပြီ ဖြစ်ပါသည်။

အလားအလာရှိသော Mobile App များ အတွက်အရင်းအနှီးပေးရန် MCC Capital ကိုလည်း အသင့်တည်ထောင်ပြီးဖြစ်ရာ MCC မှ “သူဋ္ဌေးလောင်းများ” စိတ်ကူးယဉ်နိုင် ပြီဖြစ်ပါသည်။




ျပင္သစ္သုိ႔ ပညာသင္သြားႏုိင္ၿပီ

ျပင္သစ္သုိ႔ ပညာသင္သြားႏုိင္ၿပီ

MCC ၏ ပညာေရး၀န္ေဆာင္မႈမ်ားအနက္ ႏုိင္ငံျခားတကၠသုိလ္မ်ားႏွင့္ (Twinning Program) ဟူေသာ ျမန္မာႏုိင္ငံ MCC ႏွင့္ ႏုိင္ငံျခားတကၠသုိလ္တုိ႔ ႏွစ္ေနရာလံုးတြင္ ပညာသင္ၾကားရေသာ ပံုစံသည္ ထင္ရွားေက်ာ္ၾကားၿပီး လူႀကိဳက္မ်ားေသာ အစီအစဥ္တစ္ခု ျဖစ္ပါသည္။ ျမန္မာႏုိင္ငံ MCC တြင္ (၂) ႏွစ္၊ ထုိင္းႏုိင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရွိ SIAM University တြင္ (၂) ႏွစ္ တက္ေရာက္ရေသာ BBA သင္တန္း၊ ျမန္မာႏုိင္ငံ MCC တြင္ (၃) ႏွစ္၊ ထုိင္းႏုိင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရွိ (AIT) Asian Institute of Technology တြင္ (၂) ႏွစ္ တက္ေရာက္ရေသာ B.S.E (Engineering) သင္တန္းတုိ႔သည္ ျမန္မာေက်ာင္းသူ၊ ေက်ာင္းသားမ်ား၊ မိဘမ်ားအၾကား ေခတ္စားေသာ ပညာသင္ၾကားေရးအစီအစဥ္မ်ား ျဖစ္ပါသည္။ ယခုအခါ ျပင္သစ္ႏုိင္ငံ HEI တကၠသုိလ္ ႏွင့္ MCC တုိ႔ပူးေပါင္းၿပီး M.Sc (Engineering) သင္တန္းအတြက္ ျမန္မာႏုိင္ငံ MCC တြင္ (၂) ႏွစ္၊ ျပင္သစ္ႏုိင္ငံ HEI တြင္ (၃) ႏွစ္ တက္ေရာက္ရမည့္အစီအစဥ္ကုိ စတင္လိုက္ၿပီ ျဖစ္ပါသည္။ ႏုိင္ငံတကာအဆင့္ ပညာေရးအတြက္ ျမန္မာႏုိင္ငံမွ ေက်ာင္းသူ၊ ေက်ာင္းသားမ်ားသည္ အာရွေဒသတြင္းရွိ စကၤာပူ၊ မေလးရွားႏွင့္၊ ထုိင္းႏုိင္ငံတုိ႔တြင္ အမ်ားအျပား၊ အဂၤလန္ႏွင့္ အေမရိကန္တုိ႔တြင္ အခ်ိဳ႕သြားေရာက္ပညာ သင္ၾကားလ်က္ ရွိပါသည္။ ဥေရာပႏုိင္ငံမ်ားသုိ႔ သြားေရာက္ပညာသင္ၾကားသူမ်ားမွာ ႏုိင္ငံျခား ပညာေတာ္သင္ရန္ သြားေရာက္ သင္ၾကားေနသူ အနည္းငယ္မွ်သာ ရွိပါသည္။ ထုိ႔ေၾကာင့္ MCC အေနျဖင့္ ျမန္မာေက်ာင္းသူ၊ ေက်ာင္းသား မ်ားကုိ အဆင့္ျမင့္ပညာရပ္မ်ား ဆည္းပူးႏုိင္ရန္ ဥေရာပတကၠသုိလ္ႏွင့္ မိတ္ဆက္ေပးလိုက္ပါၿပီ။
ျပင္သစ္ႏုိင္ငံသည္ အေနာက္ဥေရာပ ႏုိင္ငံမ်ားအနက္ အႀကီးဆံုးႏိုင္ငံတစ္ခုျဖစ္ၿပီး ဥေရာပယဥ္ေက်းမႈ ထြန္းကားရာ၊ အလွအပႏွင့္ ဖက္ရွင္ဒီဇုိင္းမ်ား၊ အဆင့္ျမင့္ပိသုကာႏွင့္ အင္ဂ်င္နီယာပညာရပ္မ်ားတည္ရွိရာ အရပ္ေဒသျဖစ္ပါသည္။ ေရွးႏွစ္ေပါင္းမ်ားစြာကတည္းက တည္ရွိခဲ့ေသာ တကၠသုိလ္ႀကီးမ်ားလည္း ရွိပါသည္။ MCC ႏွင့္ ပူးေပါင္းလုပ္ေဆာင္မည့္ HEI တည္ရွိရာ တကၠသုိလ္ဆုိလွ်င္(၁၈၈၅) ခုႏွစ္ကတည္းက တည္ေထာင္ခဲ့ေသာ အဆင့္ျမင့္အင္ဂ်င္နီယာတကၠသုိလ္ႀကီးျဖစ္ပါသည္။ ကမၻာ့အံ့ဖြယ္ ပိသုကာလက္ရာ ျဖစ္ေသာ အီဖယ္(လ္)ေမွ်ာ္စင္တည္ရွိရာ ပဲရစ္ၿမိဳ႕သည္လည္း ကမၻာ့ထိပ္သီး ၿမိဳ႕ႀကီးျဖစ္ၿပီး HEI တည္ရွိရာ Lille ၿမိဳ႕သည္ ပဲရစ္မွ အျမန္ရထားျဖင့္ (၁)နာရီသြားရေသာ အကြာအေ၀းတြင္ရွိပါသည္။ Lille သည္ တကၠသုိလ္မ်ား စုေ၀းရာ တကၠသိုလ္ၿမိဳ႕ျဖစ္ၿပီး ၿမိဳ႕ေနလူဦးေရ၏ (၅၀%) ေက်ာ္သည္ ေက်ာင္းသူ၊ ေက်ာင္းသားမ်ားျဖစ္ပါသည္။ ဘယ္(လ္)ဂ်ီယံနယ္ စပ္ျဖစ္ၿပီး ဥေရာပသမဂၢ (EU) ႐ံုးစုိက္ရာ ဘရပ္ဆဲ(လ္)ၿမိဳ႕ႏွင့္လည္း နာရီ၀က္သာ သြားလာရေသာ ရထားလမ္းေပၚတြင္ တည္ရွိပါသည္။ အဂၤလန္ႏုိင္ငံ လန္ဒန္ၿမိဳ႕ႏွင့္လည္း အျမန္ရထား ျပင္သစ္သုိ႔ ပညာသင္သြားႏုိင္ၿပီျဖင့္ တစ္နာရီခြဲအတြင္းေရာက္ရွိႏုိင္ေသာ အကြာအေ၀းျဖစ္ၿပီး ဘရပ္ဆဲ(လ္)မွ ရထားဆက္စီးလိုက္လွ်င္ ဂ်ာမနီႏုိင္ငံသုိ႔လည္း ေရာက္ရွိႏုိင္ေသာ အခ်က္အျခာက်သည့္ေနရာတြင္ တည္ရွိပါသည္။

MCC ႏွင့္ ျပင္သစ္ႏုိင္ငံ HEI တုိ႔ ပူးေပါင္းဖြင့္လွစ္မည့္ M.Sc (Engineering) (မဟာသိပၸံအင္ဂ်င္နီယာဘြဲ႕) သင္တန္းမ်ား ဖြင့္လွစ္ရျခင္း ရည္ရြယ္ခ်က္မ်ားမွာ -
  • တကၠသုိလ္၀င္တန္းစာေမးပြဲ ေအာင္ျမင္ၿပီး (၅)ႏွစ္အတြင္း အင္ဂ်င္နီယာမဟာသိပၸံဘြဲ႕ M.Sc (Engineering) ရရွိေစႏုိင္ျခင္း၊
  • အဆင့္ျမင့္အင္ဂ်င္နီယာအတတ္ပညာ (Advanced Engineering) မ်ား ထြန္းကားရာ ဥေရာပတြင္ ပညာသင္ၾကားႏုိင္ေသာ အခြင့္အလမ္းရရွိေစႏုိင္ျခင္း၊
  • အဆင့္ျမင့္အင္ဂ်င္နီယာ အတတ္ပညာေၾကာင့္ ႏုိင္ငံတကာတြင္ အဆင့္ျမင့္အလုပ္အကုိင္အခြင့္ အလမ္းမ်ား ရရွိေစႏုိင္ျခင္း၊
  • ဥေရာပ၏ သဘာ၀ႏွင့္ ယဥ္ေက်းမႈမ်ားကုိ အေတြ႕အႀကံဳရရွိေစႏုိင္ၿပီး ကမၻာသံုးဘာသာ စကားျဖစ္သည့္ (French) ျပင္သစ္ဘာသာ စကားကုိ တတ္ေျမာက္သြားေစႏုိင္ျခင္းတုိ႔ ျဖစ္ပါသည္။

ျပင္သစ္ႏုိင္ငံ HEI မွ ခ်ီးျမႇင့္မည့္ M.Sc (Engineering) (မဟာသိပၸံအင္ဂ်င္နီယာဘြဲ႕) အတြက္ (၅)ႏွစ္ သင္တန္းကုိ ျမန္မာႏုိင္ငံ MCC Institute (MCC.i) တြင္ (၂) ႏွစ္၊ ျပင္သစ္ႏုိင္ငံ HEI တြင္ (၃) ႏွစ္ တက္ေရာက္ရမည္ ျဖစ္ပါသည္။ MCC.i တြင္ တက္ေရာက္ရမည့္ Foundation (၂) ႏွစ္ကုိ သင္တန္းကုိ ျပင္သစ္ႏုိင္ငံ (Prep Program) သင္႐ိုးအတုိင္း သင္ၾကားၾကရမည္ျဖစ္ၿပီး တတိယႏွစ္ကုိ ျပင္သစ္ႏုိင္ငံတြင္ စတင္တက္ ေရာက္ရမည္ ျဖစ္ပါသည္။ တတိယႏွစ္ၿပီးလွ်င္ Bachelor’s Degree အဆင့္ဟု သတ္မွတ္ၿပီး သီးသန္႔ဘြဲ႕ မေပးပါ။ စတုထၲႏွင့္ ပဥၥမႏွစ္မ်ားသုိ႔ ဆက္လက္ တက္ေရာက္ၿပီး M.Sc (Engineering) ဒီဂရီကုိ တိုက္႐ိုက္ ခ်ီးျမႇင့္သြားမည့္ အစီအစဥ္ ျဖစ္ပါသည္။

တတိယႏွစ္တြင္ မဟာသိပၸံအင္ဂ်င္နီယာသင္တန္းအတြက္ အေျခခံေကာင္းမ်ားရရွိေစရန္အတြက္ ေအာက္ေဖာ္ျပပါ ဘာသာရပ္နယ္ပါယ္ (၄) ခုကုိ Holistic ႏွင့္ Multidisciplinary ပံုစံျဖင့္ သင္ၾကား သြားမည္ျဖစ္ပါသည္။

(၁) Science and Engineering
(၂) Management and Business
(၃) General Studies ethic and Communication
(၄) Personal Development

စတုထၲႏွစ္ႏွင့္ ပဥၥမႏွစ္တုိ႔သည္ M.Sc (Engineering) မဟာသိပၸံအင္ဂ်င္နီယာဒီဂရီအတြက္ သင္ၾကားရမည့္ Professional Course မ်ား ျဖစ္သည့္အတြက္ ဘာသာရပ္နယ္ပါယ္ (၁၄) ခုအတြင္းမွ တစ္ခုကုိ ေရြးခ်ယ္ သင္ၾကားၾကရမည္ ျဖစ္ပါသည္။

(၁) Architectural Engineering
(၂) Building and Civil Engineering
(၃) Energy Habitat and Environment
(၄) Management and Innovation
(၅) Mecatronics
(၆) Banking Finance and Insurance
(၇) Chemistry and Chemical Engineering
(၈) Energy Electrical Systems and Control Systems
(၉) Industrial and Logistical Operations Management
(၁၀) Biomedical Engineering
(၁၁) Computer Science and Information Technology
(၁၂) Entrepreneurship
(၁၃) Mechanical Design and Engineering
(၁၄) Technologies Innovation Textiles and International Management

ျပင္သစ္ႏုိင္ငံတြင္ သြားေရာက္တက္ ေရာက္ရမည္ျဖစ္ေသာေၾကာင့္ ျပင္သစ္ ဘာသာစကား တတ္ေျမာက္ရန္ လုိအပ္ပါသည္။ ျမန္မာႏုိင္ငံ MCC.i တြင္ (၂) ႏွစ္ တက္ေရာက္ ေနစဥ္အတြင္း ျပင္သစ္သံ႐ံုး၊ ယဥ္ေက်းမႈဌာန ေအာက္တြင္ ဖြင့္လွစ္ထားေသာ ျပင္သစ္ဘာသာ သင္ေက်ာင္း (Institute Francis) မွ သင္ၾကားေပးမည္ ျဖစ္ပါသည္။ မဟာသိပၸံအင္ဂ်င္နီယာသင္တန္းအတြက္ လုိအပ္ခ်က္အရ ျပင္သစ္ ဘာသာ သင္ၾကား ရေသာ္လည္း ျပင္သစ္ဘာသာ စကားသည္ (Language of Love Spirit and Beauty) ဟူ၍လည္း ျပင္သစ္တုိ႔ တင္စားထားပါသည္။ အဂၤလိပ္ဘာသာစကားအျပင္ ျပင္သစ္ဘာသာစကားကုိပါ တတ္ေျမာက္ ထားသည့္အတြက္ ႏုိင္ငံတကာအဖြဲ႕အစည္းမ်ား ျဖစ္ေသာ (UN Agencies, EU, NGOs …) စသည္တုိ႔တြင္ အလုပ္အကိုင္မ်ား ရရွိႏုိင္မည့္ အခြင့္အလမ္းမ်ားရွိပါသည္။

MCC-HEI M.Sc (Engineering) ဘြဲ႕သင္တန္း တက္ေရာက္ေနစဥ္ ကာလအတြင္း ျပင္သစ္ဘာသာ သင္တန္းေက်ာင္း (Institute Francis) တြင္ ျပဳလုပ္ေသာ အခမ္းအနားမ်ားကုိလည္း အခါအားေလ်ာ္စြာ တက္ေရာက္ရမည္ျဖစ္ၿပီး ျပင္သစ္ႏုိင္ငံသုိ႔ မသြားေရာက္မွီ ျမန္မာႏုိင္ငံရွိ ျပင္သစ္စီးပြားေရးလုပ္ငန္းမ်ား အသိုင္းအ၀ိုင္းႏွင့္ ထိေတြ႕ရန္သာမက ျပင္သစ္လူမ်ိဳးမ်ားႏွင့္ ေတြ႕ဆံုဆက္ဆံၿပီး ျပင္သစ္ယဥ္ေက်းမႈမ်ားကုိ ေလ့လာရန္ျဖစ္ပါသည္။

ျပင္သစ္သုိ႔ ပညာသင္ရန္ သြားေရာက္ႏုိင္ၿပီျဖစ္ပါသည္။ ျပင္သစ္သုိ႔မသြားမွီ ျမန္မာႏုိင္ငံရွိ ျပင္သစ္အငယ္စား (Little France) သဖြယ္ျဖစ္ေသာ (Institute Francis) တြင္ စတင္ၿပီး ပညာသင္ၾကားႏုိင္ၿပီလည္း ျဖစ္ပါသည္။

(Unicode Version)

ပြင်သစ်သို့ ပညာသင်သွားနိုင်ပြီ

MCC ၏ ပညာရေးဝန်ဆောင်မှုများအနက် နိုင်ငံခြားတက္ကသိုလ်များနှင့် (Twinning Program) ဟူသော မြန်မာနိုင်ငံ MCC နှင့် နိုင်ငံခြားတက္ကသိုလ်တို့ နှစ်နေရာလုံးတွင် ပညာသင်ကြားရသော ပုံစံသည် ထင်ရှားကျော်ကြားပြီး လူကြိုက်များသော အစီအစဉ်တစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံ MCC တွင် (၂) နှစ်၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ SIAM University တွင် (၂) နှစ် တက်ရောက်ရသော BBA သင်တန်း၊ မြန်မာနိုင်ငံ MCC တွင် (၃) နှစ်၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ (AIT) Asian Institute of Technology တွင် (၂) နှစ် တက်ရောက်ရသော B.S.E (Engineering) သင်တန်းတို့သည် မြန်မာကျောင်းသူ၊ ကျောင်းသားများ၊ မိဘများအကြား ခေတ်စားသော ပညာသင်ကြားရေးအစီအစဉ်များ ဖြစ်ပါသည်။ ယခုအခါ ပြင်သစ်နိုင်ငံ HEI တက္ကသိုလ် နှင့် MCC တို့ပူးပေါင်းပြီး M.Sc (Engineering) သင်တန်းအတွက် မြန်မာနိုင်ငံ MCC တွင် (၂) နှစ်၊ ပြင်သစ်နိုင်ငံ HEI တွင် (၃) နှစ် တက်ရောက်ရမည့်အစီအစဉ်ကို စတင်လိုက်ပြီ ဖြစ်ပါသည်။ နိုင်ငံတကာအဆင့် ပညာရေးအတွက် မြန်မာနိုင်ငံမှ ကျောင်းသူ၊ ကျောင်းသားများသည် အာရှဒေသတွင်းရှိ စင်္ကာပူ၊ မလေးရှားနှင့်၊ ထိုင်းနိုင်ငံတို့တွင် အများအပြား၊ အင်္ဂလန်နှင့် အမေရိကန်တို့တွင် အချို့သွားရောက်ပညာ သင်ကြားလျက် ရှိပါသည်။ ဥရောပနိုင်ငံများသို့ သွားရောက်ပညာသင်ကြားသူများမှာ နိုင်ငံခြား ပညာတော်သင်ရန် သွားရောက် သင်ကြားနေသူ အနည်းငယ်မျှသာ ရှိပါသည်။ ထို့ကြောင့် MCC အနေဖြင့် မြန်မာကျောင်းသူ၊ ကျောင်းသား များကို အဆင့်မြင့်ပညာရပ်များ ဆည်းပူးနိုင်ရန် ဥရောပတက္ကသိုလ်နှင့် မိတ်ဆက်ပေးလိုက်ပါပြီ။

ပြင်သစ်နိုင်ငံသည် အနောက်ဥရောပ နိုင်ငံများအနက် အကြီးဆုံးနိုင်ငံတစ်ခုဖြစ်ပြီး ဥရောပယဉ်ကျေးမှု ထွန်းကားရာ၊ အလှအပနှင့် ဖက်ရှင်ဒီဇိုင်းများ၊ အဆင့်မြင့်ပိသုကာနှင့် အင်ဂျင်နီယာပညာရပ်များတည်ရှိရာ အရပ်ဒေသဖြစ်ပါသည်။ ရှေးနှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့သော တက္ကသိုလ်ကြီးများလည်း ရှိပါသည်။ MCC နှင့် ပူးပေါင်းလုပ်ဆောင်မည့် HEI တည်ရှိရာ တက္ကသိုလ်ဆိုလျှင် (၁၈၈၅) ခုနှစ်ကတည်းက တည်ထောင်ခဲ့သော အဆင့်မြင့် အင်ဂျင်နီယာတက္ကသိုလ်ကြီးဖြစ်ပါသည်။ ကမ္ဘာ့အံ့ဖွယ် ပိသုကာလက်ရာ ဖြစ်သော အီဖယ်(လ်)မျှော်စင်တည်ရှိရာ ပဲရစ်မြို့သည်လည်း ကမ္ဘာ့ထိပ်သီး မြို့ကြီးဖြစ်ပြီး HEI တည်ရှိရာ Lille မြို့သည် ပဲရစ်မှ အမြန်ရထားဖြင့် (၁)နာရီသွားရသော အကွာအဝေးတွင်ရှိပါသည်။ Lille သည် တက္ကသိုလ်များ စုဝေးရာ တက္ကသိုလ်မြို့ဖြစ်ပြီး မြို့နေလူဦးရေ၏ (၅၀%) ကျော်သည် ကျောင်းသူ၊ ကျောင်းသားများဖြစ်ပါသည်။ ဘယ်(လ်)ဂျီယံနယ် စပ်ဖြစ်ပြီး ဥရောပသမဂ္ဂ (EU) ရုံးစိုက်ရာ ဘရပ်ဆဲ(လ်)မြို့နှင့်လည်း နာရီဝက်သာ သွားလာရသော ရထားလမ်းပေါ်တွင် တည်ရှိပါသည်။ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့နှင့်လည်း အမြန်ရထား ပြင်သစ်သို့ ပညာသင်သွားနိုင်ပြီဖြင့် တစ်နာရီခွဲအတွင်းရောက်ရှိနိုင်သော အကွာအဝေးဖြစ်ပြီး ဘရပ်ဆဲ(လ်)မှ ရထားဆက်စီးလိုက်လျှင် ဂျာမနီနိုင်ငံသို့လည်း ရောက်ရှိနိုင်သော အချက်အခြာကျသည့်နေရာတွင် တည်ရှိပါသည်။

MCC နှင့် ပြင်သစ်နိုင်ငံ HEI တို့ ပူးပေါင်းဖွင့်လှစ်မည့် M.Sc (Engineering) (မဟာသိပ္ပံအင်ဂျင်နီယာဘွဲ့) သင်တန်းများ ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များမှာ -
  • တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ပြီး (၅)နှစ်အတွင်း အင်ဂျင်နီယာမဟာသိပ္ပံဘွဲ့ M.Sc (Engineering) ရရှိစေနိုင်ခြင်း၊
  • အဆင့်မြင့်အင်ဂျင်နီယာအတတ်ပညာ (Advanced Engineering) များ ထွန်းကားရာ ဥရောပတွင် ပညာသင်ကြားနိုင်သော အခွင့်အလမ်းရရှိစေနိုင်ခြင်း၊
  • အဆင့်မြင့်အင်ဂျင်နီယာ အတတ်ပညာကြောင့် နိုင်ငံတကာတွင် အဆင့်မြင့်အလုပ်အကိုင်အခွင့် အလမ်းများ ရရှိစေနိုင်ခြင်း၊
  • ဥရောပ၏ သဘာဝနှင့် ယဉ်ကျေးမှုများကို အတွေ့အကြုံရရှိစေနိုင်ပြီး ကမ္ဘာသုံးဘာသာ စကားဖြစ်သည့် (French) ပြင်သစ်ဘာသာ စကားကို တတ်မြောက်သွားစေနိုင်ခြင်းတို့ ဖြစ်ပါသည်။


ပြင်သစ်နိုင်ငံ HEI မှ ချီးမြှင့်မည့် M.Sc (Engineering) (မဟာသိပ္ပံအင်ဂျင်နီယာဘွဲ့) အတွက် (၅)နှစ် သင်တန်းကို မြန်မာနိုင်ငံ MCC Institute (MCC.i) တွင် (၂) နှစ်၊ ပြင်သစ်နိုင်ငံ HEI တွင် (၃) နှစ် တက်ရောက်ရမည် ဖြစ်ပါသည်။ MCC.i တွင် တက်ရောက်ရမည့် Foundation (၂) နှစ်ကို သင်တန်းကို ပြင်သစ်နိုင်ငံ (Prep Program) သင်ရိုးအတိုင်း သင်ကြားကြရမည်ဖြစ်ပြီး တတိယနှစ်ကို ပြင်သစ်နိုင်ငံတွင် စတင်တက် ရောက်ရမည် ဖြစ်ပါသည်။ တတိယနှစ်ပြီးလျှင် Bachelor”s Degree အဆင့်ဟု သတ်မှတ်ပြီး သီးသန့်ဘွဲ့ မပေးပါ။ စတုထ္တနှင့် ပဉ္စမနှစ်များသို့ ဆက်လက် တက်ရောက်ပြီး M.Sc (Engineering) ဒီဂရီကို တိုက်ရိုက် ချီးမြှင့်သွားမည့် အစီအစဉ် ဖြစ်ပါသည်။

တတိယနှစ်တွင် မဟာသိပ္ပံအင်ဂျင်နီယာသင်တန်းအတွက် အခြေခံကောင်းများရရှိစေရန်အတွက် အောက်ဖော်ပြပါ ဘာသာရပ်နယ်ပါယ် (၄) ခုကို Holistic နှင့် Multidisciplinary ပုံစံဖြင့် သင်ကြား သွားမည်ဖြစ်ပါသည်။

(၁) Science and Engineering
(၂) Management and Business
(၃) General Studies ethic and Communication
(၄) Personal Development

စတုထ္တနှစ်နှင့် ပဉ္စမနှစ် တို့သည် M.Sc (Engineering) မဟာသိပ္ပံအင်ဂျင်နီယာဒီဂရီအတွက် သင်ကြားရမည့် Professional Course များ ဖြစ်သည့်အတွက် ဘာသာရပ်နယ်ပါယ် (၁၄) ခုအတွင်းမှ တစ်ခုကို ရွေးချယ် သင်ကြားကြရမည် ဖြစ်ပါသည်။

(၁) Architectural Engineering
(၂) Building and Civil Engineering
(၃) Energy Habitat and Environment
(၄) Management and Innovation
(၅) Mecatronics
(၆) Banking Finance and Insurance
(၇) Chemistry and Chemical Engineering
(၈) Energy Electrical Systems and Control Systems
(၉) Industrial and Logistical Operations Management
(၁၀) Biomedical Engineering
(၁၁) Computer Science and Information Technology
(၁၂) Entrepreneurship
(၁၃) Mechanical Design and Engineering
(၁၄) Technologies Innovation Textiles and International Management

ပြင်သစ်နိုင်ငံတွင် သွားရောက်တက် ရောက်ရမည်ဖြစ်သောကြောင့် ပြင်သစ် ဘာသာစကား တတ်မြောက်ရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံ MCC.i တွင် (၂) နှစ် တက်ရောက် နေစဉ်အတွင်း ပြင်သစ်သံရုံး၊ ယဉ်ကျေးမှုဌာန အောက်တွင် ဖွင့်လှစ်ထားသော ပြင်သစ်ဘာသာ သင်ကျောင်း (Institute Francis) မှ သင်ကြားပေးမည် ဖြစ်ပါသည်။ မဟာသိပ္ပံအင်ဂျင်နီယာသင်တန်းအတွက် လိုအပ်ချက်အရ ပြင်သစ် ဘာသာ သင်ကြား ရသော်လည်း ပြင်သစ်ဘာသာ စကားသည် (Language of Love Spirit and Beauty) ဟူ၍လည်း ပြင်သစ်တို့ တင်စားထားပါသည်။ အင်္ဂလိပ်ဘာသာစကားအပြင် ပြင်သစ်ဘာသာစကားကိုပါ တတ်မြောက် ထားသည့်အတွက် နိုင်ငံတကာအဖွဲ့အစည်းများ ဖြစ်သော (UN Agencies, EU, NGOs ) စသည်တို့တွင် အလုပ်အကိုင်များ ရရှိနိုင်မည့် အခွင့်အလမ်းများရှိပါသည်။

MCC-HEI M.Sc (Engineering) ဘွဲ့သင်တန်း တက်ရောက်နေစဉ် ကာလအတွင်း ပြင်သစ်ဘာသာ သင်တန်းကျောင်း (Institute Francis) တွင် ပြုလုပ်သော အခမ်းအနားများကိုလည်း အခါအားလျော်စွာ တက်ရောက်ရမည်ဖြစ်ပြီး ပြင်သစ်နိုင်ငံသို့ မသွားရောက်မှီ မြန်မာနိုင်ငံရှိ ပြင်သစ်စီးပွားရေးလုပ်ငန်းများ အသိုင်းအဝိုင်းနှင့် ထိတွေ့ရန်သာမက ပြင်သစ်လူမျိုးများနှင့် တွေ့ဆုံဆက်ဆံပြီး ပြင်သစ်ယဉ်ကျေးမှုများကို လေ့လာရန်ဖြစ်ပါသည်။


ပြင်သစ်သို့ ပညာသင်ရန် သွားရောက်နိုင်ပြီဖြစ်ပါသည်။ ပြင်သစ်သို့မသွားမှီ မြန်မာနိုင်ငံရှိ ပြင်သစ်အငယ်စား (Little France) သဖွယ်ဖြစ်သော (Institute Francis) တွင် စတင်ပြီး ပညာသင်ကြားနိုင်ပြီလည်း ဖြစ်ပါသည်။




MCC မွ “ေရႊ” မ်ား

MCC မွ “ေရႊ” မ်ား

“ေရႊ” ဆုိသည္မွာ တန္ဖုိးအရွိဆံုးေသာ ျဒပ္စင္ျဖစ္ပါသည္။ အေရာင္ေျပာင္း လဲသြားျခင္း၊ ေမွးမွိန္သြားျခင္း မရွိသကဲ့သုိ႔ ပ်က္စီးသြားျခင္းလည္းမရွိဘဲ ကာလရွည္ၾကာစြာ ေတာက္ပ၀ါ၀င္းေသာ အေရာင္အဆင္းျဖင့္ တင့္တယ္ေသာ ဂုဏ္သတၱိရွိေသာေၾကာင့္ လူအမ်ားတန္ဖုိးထား ၀တ္ဆင္႐ံုသာမက တန္ဖုိးမွာလည္း ေလ်ာ့က်မသြားဘဲ တည္ၿငိမ္႐ံုသာမက အၿမဲတမ္းလည္း တန္ဖုိးတက္ေနသျဖင့္ စုေဆာင္းသုိေလွာင္ၿပီး အျမတ္တႏုိး သိမ္းဆည္းေလ့ရွိေသာ အဖုိးတန္ ရတနာျဖစ္ပါသည္။ ထုိကဲ့သုိ႔ အဖုိးထိုက္တန္လွေသာ “ေရႊ” ကုိ သာမာန္လြယ္လြယ္ကူကူ ႀကိဳက္သေလာက္ ထုတ္လုပ္၍မရ။ အထပ္ထပ္သန္႔စင္ၿပီး၊ ဓာတုေဗဒ နည္းလမ္းျဖင့္ ခြဲျခားထုတ္ယူၿပီးမွ အနည္းငယ္စီသာ ရရွိျခင္းျဖစ္ပါသည္။

MCC မွ “ေရႊ” မ်ားဟု အမည္ နာမကင္းပြန္းတပ္ရျခင္းမ်ားလည္း MCC တြင္ B.Sc (Hons:) Business IT (ကြန္ပ်ဴတာသိပၸံဒီဂရီ) သင္တန္းတက္ေရာက္ ေအာင္ျမင္သူမ်ားသည္ “ေရႊ” ကဲ့သုိ႔ပင္ တန္ဖုိး ရွိလွေသာေၾကာင့္ပင္ျဖစ္ပါသည္။ “ေရႊ” ကုိ လူတုိင္းလုိျခင္သကဲ့သုိ႔ ျပည္တြင္းျပည္ပကုမၸဏီ အဖြဲ႕အစည္းမ်ားမွလည္း အလုပ္ခန္႔ထားရန္ လုိျခင္ၾကပါသည္။ “ေရႊ” ကဲ့သုိ႔ အေရာင္တ၀င္း၀င္းျဖစ္ေနသကဲ့သုိ႔ MCC ေက်ာင္းထြက္မ်ားမွာလည္း အလုပ္ခြင္တြင္ ေအာင္ျမင္စြာ လုပ္ကုိင္ႏုိင္ၾကၿပီး ဂုဏ္သတင္းေက်ာ္ေဇာၾကပါ သည္။ အဘယ့္ေၾကာင့္ဆုိေသာ္ “ေရႊ” က်င္သလုိ က်င္ယူခဲ့ရေသာေၾကာင့္ျဖစ္ပါသည္။ “ေရႊ” ကုိ ဓာတုေဗဒနည္းျဖင့္ သန္႔စင္ခဲ့ရသလုိ MCC ၏ (Supply Chain) ပံုစံ သင္ၾကားနည္းျဖင့္ ေလ့က်င္ခဲ့ရေသာေၾကာင့္ ျဖစ္ပါသည္။

B.Sc (Hons:) Business IT (ကြန္ပ်ဴတာသိပၸံဒီဂရီ) ကုိ အဂၤလန္ႏုိင္ငံ University of Greenwich မွ ခ်ီးျမႇင့္ျခင္းျဖစ္ပါသည္။ ယင္းတကၠသုိလ္မွ ျပ႒ာန္းထားေသာ သင္႐ိုး (Syllabus) အတုိင္းသင္ၾကားရၿပီး Assignment မ်ား၊ Project မ်ားကုိလည္း ေက်ာင္းသူ၊ ေက်ာင္းသား တစ္ဦးျခင္းကုိယ္တုိင္ ျပဳစုကာ၊ ကၠသုိလ္သုိ႔ ကုိယ္တုိင္ (On Line) မွ တင္ရပါသည္။ အဂၤလန္ႏုိင္ငံ တကၠသုိလ္မွ တိုက္႐ိုက္ ေမးခြန္းထုတ္စစ္ေဆးေသာ စာေမးပြဲကုိလည္း တစ္ကမၻာလံုးအတုိင္းအတာျဖင့္ တစ္ၿပိဳင္တည္း ေျဖဆုိၾကရပါသည္။ ယင္းကဲ့သုိ႔ သင္ၾကားေသာ စနစ္သည္ ေက်ာင္းသူ ေက်ာင္းသားမ်ား အားသက္ဆုိင္ရာဘာသာရပ္ကုိ တတ္သိနားလည္ ေသာ (Knowledge) ကုိ ရရွိသြားေစႏုိင္ျခင္း ပင္ျဖစ္ပါသည္။ ျမန္မာႏုိင္ငံပညာေရးစနစ္ အရ ေက်ာင္းသူ၊ ေက်ာင္းသားမ်ားသည္ မူလတန္းအဆင့္မွ တကၠသုိလ္အဆင့္ေရာက္ သည္အထိ စာကုိအလြတ္က်က္မွတ္ၿပီး စာေမးပြဲကုိ ေျဖဆုိေအာင္ျမင္ေအာင္ ႀကိဳးစားရေသာေၾကာင့္ မွတ္ဉာဏ္ျဖင့္ မွတ္ထားရေသာ (Memorize) အေလ့အက်င့္သာ ရရွိခဲ့ပါသည္။ အသိပညာ (Knowledge) ပံုစံမ်ိဳး မရရွိခဲ့ပါ။ အလြတ္က်က္ မွတ္ရျခင္းသည္ အလြတ္က်က္ သေလာက္ သာမွတ္မိၿပီး ယင္းထက္မပုိပါ။ အလြတ္ကုိ သာေရးျပတတ္ၿပီး သေဘာတရားကုိ အသံုးမခ်တတ္ပါ။ ၿပီးလွ်င္ ေမ့ေပ်ာက္သြားတတ္ပါသည္။ စာေမးပြဲေျဖရန္အတြက္သာျဖစ္ၿပီး သေဘာတရားကုိ အသံုးခ်ရန္အတြက္ မဟုတ္ပါ။ အသိပညာ (Knowledge) ဟူသည္ ပညာရပ္ကုိသိရွိနားလည္သေဘာ ေပါက္သြားျခင္းျဖစ္ၿပီး အလြတ္က်က္သကဲ့သုိ႔ က်က္သေလာက္သာ မွတ္မိျခင္းမဟုတ္ဘဲ အတုိင္းအဆမရွိ ေတြးေတာ ႀကံဆႏုိင္ၿပီး အသံုးခ်တတ္ျခင္း (Apply) ျဖစ္ပါသည္။ ထုိ႔ေၾကာင့္ အသိပညာ (Knowledge) ရေအာင္ သင္ၾကားေပးရျခင္းသည္ အလြတ္က်က္မွတ္ေစျခင္း (Memorize) ကဲ့သုိ႔ မလြယ္ကူ။ ေက်ာင္းသူ ေက်ာင္းသားမ်ား ထင္သကဲ့သုိ႔ အလြတ္က်က္လုိက္လွ်င္ၿပီးႏုိင္မည္မဟုတ္ပါ။ ပညာရပ္၏ သေဘာတရားကုိ နားလည္ေအာင္ ႀကိဳးစားၾကရပါသည္။ ေက်ာင္းသူ၊ ေက်ာင္းသားမ်ားကုိယ္တိုင္ နားလည္မွ ကုိယ္တုိင္ပညာရပ္ကို အသံုးခ်ၿပီး Assignment မ်ား Project မ်ား လုပ္ႏုိင္ေပမည္။ ျမန္မာႏုိင္ငံ၏ ေက်ာင္းမ်ား၊ တကၠသုိလ္မ်ားကဲ့သုိ႔ ေနာက္ဆံုးစစ္သည့္ စာေမးပြဲျဖင့္ အေအာင္အ႐ွဳံးကို ဆံုးျဖတ္ျခင္းမဟုတ္။ ေက်ာင္းသူ၊ ေက်ာင္းသားမ်ား ၏ အသိပညာျဖင့္ျပဳလုပ္ရေသာ Assignment မ်ား၊ Project မ်ားျဖင့္လည္း အမွတ္ေပးၿပီး ေရးေျဖေျဖဆုိရေသာ စာေမးပြဲတြင္လည္း ျပ႒ာန္းစာအုပ္ပါစာမ်ားကုိ အလြတ္ေမးျခင္းမဟုတ္ဘဲ အသံုးခ်တတ္ မတတ္ (Application) ကုိ ေမးျခင္းျဖစ္ပါသည္။ ျပ႒ာန္းစာအုပ္ပါအတုိင္း တစ္ေသြမတိမ္းေရးလွ်င္ အမွတ္မရပါ။ (Plagiarism) ဟူေသာ စစ္ေဆးမႈေၾကာင့္ စာေမးပြဲက်မည္ ျဖစ္ပါသည္။ ေက်ာင္းသူ၊ ေက်ာင္းသားအျခင္းျခင္း ေရးသားပံုတူလွ်င္လည္း ယင္းေက်ာင္းသူ၊ ေက်ာင္းသားမ်ား စာေမးပြဲက်ပါသည္။ အျခင္းျခင္းကူယူျခင္း၊ မသာမာမႈပံုစံဟု သတ္မွတ္ပါသည္။ ျပ႒ာန္းစာအုပ္အတုိင္း တူမတူ၊ ေက်ာင္းသား အျခင္းျခင္း တူမတူကုိ ကြန္ပ်ဴတာ Software ျဖင့္ စစ္ေဆးသည့္အတြက္ လိမ္ညာ၍မရပါ။ ထုိကဲ့သုိ႔ အသိပညာ (Knowledge) ရေအာင္သင္ၾကားျခငး၊ အသိပညာ (Knowledge) ျဖင့္ စာေမးပြဲေျဖဆုိရ ျခင္းပံုစံ ျဖစ္သည့္အတြက္ ျမန္မာႏုိင္ငံမွ ေက်ာင္းသူ၊ ေက်ာင္းသားမ်ားအတြက္ ခက္သည္ဟု ဆုိႏုိင္ပါသည္။ အမွန္တကယ္တြင္ မခက္ပါ။ ျမန္မာႏုိင္ငံ၏ တကၠသုိလ္၀င္ တန္းစာေမးပြဲေအာင္ျမင္ၿပီးသူ ေက်ာင္းသူ၊ ေက်ာင္းသား ေထာင္ေပါင္းမ်ားစြာ ဤခရီးလမ္းကုိ ေလွ်ာက္လွမ္းၿပီးခဲ့သလို လက္ရွိအေျခအေနမွာလည္း MCC Institute မ်ားတြင္ ေလွ်ာက္လွမ္းလွ်က္ရွိပါသည္။

MCC Institute မ်ားမွ သင္ၾကားေပးမႈအစီအစဥ္အတုိင္း ပံုမွန္သင္ယူ ေလ့က်င့္သြား႐ံုသာျဖစ္ပါသည္။ က်ဴရွင္လဲ ယူရန္မလုိ။ က်ဴရွင္လဲ ယူ၍မရပါ။ အဘယ့္ေၾကာင့္ဆုိေသာ္ အသိပညာ (Knowledge) ရေအာင္သင္ယူျခင္းျဖစ္ရာ စာေမး ပြဲေျဖဆုိႏုိင္ရန္ အလြတ္က်က္မွတ္ရန္ေလ့ က်င့္ေသာ က်ဴရွင္ေၾကာင့္ စာေမးပြဲမေအာင္ႏုိင္ပါ။ ထုိ႔ေၾကာင့္ MCC Institute မ်ားသုိ႔ ပထမႏွစ္ စတင္တက္ေရာက္ေသာ ေက်ာင္းသူ၊ ေက်ာင္းသားမ်ား ပထမပုိင္းတြင္ အခက္အခဲေတြ႕ၾကရပါသည္။ ျမန္မာႏုိင္ငံမွ စစ္ေဆးေသာ စာေမးပြဲပံုစံႏွင့္မတူေသာေၾကာင့္၊ သင္ၾကားနည္းပံုစံမွာလည္း မတူေသာေၾကာင့္ ျဖစ္ပါသည္။ ထုိ႔ေၾကာင့္ ႏုိင္ငံတကာအဆင့္ပညာသင္ၾကားရျခင္းျဖစ္၍ အဂၤလိပ္ဘာသာျဖင့္ ျပ႒ာန္းထားေသာ သင္ခန္းစာမ်ားကုိ သင္ၾကားရျခင္းျဖစ္ၿပီး အဂၤလိပ္ဘာသာျဖင့္ပင္ Assignment မ်ား၊ Project မ်ား ျပဳလုပ္ရျခင္း၊ Presentation မ်ား ျပဳလုပ္ရျခင္းျဖစ္ၿပီး အဂၤလိပ္ဘာသာျဖင့္ပင္ စာေမးပြဲေျဖဆုိရ ေသာေၾကာင့္ ျဖစ္ပါသည္။ ထုိ႔ေၾကာင့္ ေကာင္းမွန္မွန္မတက္ဘဲ စာေမးပြဲနီးမွ စာအလြတ္ က်က္ၿပီးေျဖဆုိရန္အားထုတ္ေသာ ေက်ာင္းသူ၊ ေက်ာင္းသားမ်ား၊ က်ဴရွင္ယူၿပီး စာေမးပြဲ ေျဖရန္ျပဳလုပ္ေသာ ေက်ာင္းသူ၊ ေက်ာင္းသားမ်ား စာေမးပြဲမေအာင္မျမင္ ျဖစ္ၾကရပါသည္။ ထုိ႔ေၾကာင့္ ပထမႏွစ္တြင္ စာေမးပြဲအက်အ႐ံွဳးမ်ား ပါသည္။ ေက်ာင္းမွသင္ၾကားေပးမႈကုိခံယူၿပီး ေက်ာင္းမွန္မွန္တက္ေသာ ေက်ာင္းသူ၊ ေက်ာင္းသားမ်ား စာေမးပြဲေအာင္ပါသည္။ ေက်ာင္းသင္ၾကားမႈပံုစံကုိ မလုိက္နာေသာ ေက်ာင္းသား၊ ေက်ာင္းသူမ်ားသာ စာေမးပြဲမေအာင္ျခင္း ျဖစ္ပါသည္။ ပထမႏွစ္ၿပီး၍ ဒုတိယႏွစ္သုိ႔ ေရာက္ရွိလာေသာအခါ ေက်ာင္းသူ၊ ေက်ာင္းသားမ်ား အေတာ္အတန္ ရင့္က်က္လာၿပီး ႏုိင္ငံတကာပညာသင္ၾကားေရးပံုစံႏွင့္ အသားက် လာပါသည္။သို႔ေသာ္ ဘြဲ႕ယူရမည့္ ေနာက္ဆံုးႏွစ္သုိ႔ တတ္ရမည့္အႀကိဳသင္တန္းျဖစ္သည္ အတြက္ ဘာသာရပ္မ်ား ပိုမိုနက္နဲလာကာ Arrangement ႏွင့္ Project မ်ားတြင္လည္း အဆင့္ျမင့္ လာပါသည္။ ထို႔ေႀကာင့္ ေက်ာင္းသူ၊ ေက်ာင္းသားမ်ား အားသြန္ႀကိဳးပမ္းရမည္ ျဖစ္ပါသည္။ အရွိန္ယူေနဆဲကာလျဖစ္၍ အရွိန္ေလ်ာ့လိုက္ပါ၍မရ။ အရွိန္ေလ်ာ့လိုက္ပါက စာေမးပြဲက်သြားႏိုင္ပါသည္။ အရွိန္ေလ်ာ့လိုက္ေသာ ေက်ာင္းသူ၊ ေက်ာင္းသားအဖို႕ စာေမးပြဲက်ႏိုင္ပါသည္။ ဒုတိယႏွစ္ေအာင္ျပီး တတိယႏွစ္(ေနာက္ဆံုးႏွစ္)သုိ႔ ေရာက္ေသာ အခ်ိန္တြင္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား တည္ျငိမ္ရင့္က်ပ္လာျပီး၊ အရွိန္ရသြားျပီျဖစ္ပါသည္။ အားလံုးလည္းတက္စံုလက္စံုသြားႏိုင္ေသာ အသိပညာ (Knowledge) ရျပီျဖစ္၍ ေက်ာင္းသား၊ ေက်ာင္းသူမ်ား မိမိကိုယ္ကိုမိမိ ယံုႀကည္စြာျဖင့္ တည္ျငိမ္စြာ ပညာဆက္လက္ သင္ႀကားပါေတာ့သည္။ တတိယႏွစ္ေနာက္ဆံုး စာေမးပြဲကို ရာႏွဳန္းျပည့္နီးပါး ေအာင္ျမင္ႏိုင္ႀကျပီး၊ ရာႏွဳန္းျပည့္နီးပါး ေအာင္ျမင္စြာေျဖဆိုးႏိုင္ႀကျပီး၊ ရာႏွဳန္းနီးပါးေအာင္ျမင္ႀကပါသည္။ ဤကဲ့သို႔ ျပဳစုပ်ိဳးေထာင္ျပီး အသိပညာ (Knowledge) ရရွိေစေသာ စာေမးပြဲေအာင္ျမင္ျပီး ႏိုင္ငံတကာအဆင့္ ကြန္ပ်ဴတာသိပၸံဒီဂရီကို ရရွိလာေသာေႀကာင့္ “ေရႊ” မ်ားဟု အမည္ကင္ပြန္တတ္ရ ျခင္းျဖစ္ပါသည္။ “ေရႊ” က်င္သလိုက်င္ျပီး “ေရႊ” ကို သန္႔စင္သကဲ့သို႔ ေလ့က်င့္ပ်ိဳးေထာင္ ယူခဲ့ရေသာေႀကာင့္ ျဖစ္သည္။

အဂၤလန္ႏိုင္ငံ ႕University of Greenwich မွခ်ီးျမွင့္သည့္ B.Sc (Hons:) Business IT (ကြန္ပ်ဴတာသိပၸံဒီဂရီ)ရရွ ိ သည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ “ေရႊ” သားပါ၀င္မႈပိုမိုလာေစရန္ ေရႊေရာင္တ၀င္း၀င္းျဖစ္ရန္ တပ္မံ အားျဖည့္ေပးေသာ သင္ႀကားနည္း ပံုးစံမ်ား MCC ၏ (Supply Chain) ပံုစံသင္ႀကားနည္းျဖစ္ပါသည္။ ဘြဲ႕သင္တန္း (Academic) အတြက္သင္ရိုးအျပင္၊ ကြၽမ္းက်င္မႈအတြက္ (Skill Certification) လက္ေတြ႕ အလုပ္အေတြ႕အႀကံဳအတြက္ OJT (On-Job-Training) ႏွင့္ အဂၤလိပ္စာ အေရအေသြးတိုးတတ္ေရး (English Proficiency) အားျဖည့္ သင္ႀကားေပးျခင္းတို႕ပင္ ျဖစ္ပါသည္။

အသိပညာ (Knowledge) ရရွိရန္ အတြက္ ကြၽမ္းက်င္မႈ (Skill) ႏွင့္တစ္ျပိဳင္နက္ ရရွိေစရန္ Microsoft မွျပဳလုပ္ေသာ Microsoft အသိအမွတ္ျပဳ ကြၽမ္းက်င္မႈ (Microsoft Certification) မ်ားကိုလည္း တစ္ျပိဳင္နက္တည္း ေျဖဆိုႏိုင္ရန္ သင္ႀကားေပးပါသည္။ ဘက္စံုတတ္ေျမာက္ေစရန္၊ လက္ေတြ႕အေတြ႕အႀကံဳ ရရန္ OJT (On-Job-Training) အခ်ိန္မ်ား စီစဥ္သတ္မွတ္ျပီး ေလ့က်င့္သင္ႀကားေပး၍ တတိယႏွစ္တြင္ အခ်ိန္ပိုင္းအလုပ္ကိုပါ ခန္႔ထားျပီး တစ္ပတ္ႏွစ္ရက္ လုပ္ကိုင္ေစပါသည္။ ႏိုင္ငံတကာ ပညာကို အဂၤလိပ္လိုေျဖဆိုရမည္ျဖစ္၍ အဂၤလိပ္စာ ကြၽမ္းက်င္ပိုင္ႏိုင္ေစရန္ အဂၤလိပ္ဘာသာကို သီးသန္႔ ထပ္ဆင့္သင္ႀကားေပးပါသည္။ တတိယႏွစ္၊ ေနာက္ဆံုးႏွစ္စာေမးပြဲ ေအာင္ျမင္ျပီး ဘြဲ႕ရ ေက်ာင္းသူ၊ ေက်ာင္းသားတို႔၏ အဂၤလိပ္စာကြၽမ္း က်င္မႈကို IELTS (5.5)  အဆင့္အနည္းဆံုးရရွိေစရန္ ရည္မွန္းသင္ႀကားေပးျခင္းျဖစ္ပါသည္။ ထို႔ေႀကာင့္ MCC ကို “ေရႊ” ျဖစ္မည့္ ေက်ာင္းသူ၊ ေက်ာင္းသားမ်ား၏ “ေရႊ” အဆင့္ျဖစ္ရန္(Supply Chain) ပံုစံ ဘက္စံုတစ္ျပိဳင္တည္း ေလ့က်င့္သင္ႀကား ေပးျခင္းျဖစ္ပါသည္။ ဘြဲ႕ရျပီးလွ်င္ အလုပ္အေတြ႕ အႀကံဳရရွိရန္ JSE (Junior Software Engineering) အျဖစ္ အလုပ္သင္ခန္႔ အပ္ေပးျခင္းျဖင့္ ပိုမိုျပည့္စံုသြားေစပါေတာ့သည္။ MCC ၏သင္ႀကားမႈပံုစံကို “ေရႊ” တန္ဖိုး တိုးေစမည့္ (Value Chain) ပံုစံအသြင္လည္း ျမင္ႏိုင္ပါသည္။ ေက်ာင္းသူေက်ာင္းသားမ်ားသည္ တစ္ႏွစ္ျပီးတစ္ႏွစ္ အသိပညာႏွင့္ ကြၽမ္းက်င္မႈ တိုးပြားလာသျဖင့္ ထပ္ဆင့္တန္ဖိုးမ်ား (Value Add) တက္ေနသကဲ့သို႔ ကြၽမ္းက်င္မႈ (Skill) လက္ေတြ႕ အေတြ႕အႀကံဳ (Experience) အဂၤလိပ္ စာကြၽမ္းက်င္မႈ (English Proficiency) တို႔ေႀကာင့္ တန္ဖိုးခ်ဲ႕ထြင္ႏိုင္မႈ (Value Expansion) မ်ားလည္းျဖစ္ေပၚလာေစပါသည္။

ထုိ႔ေၾကာင့္ MCC မွ “ေရႊ” မ်ားဟု အမည္ကင္းပြန္းတပ္ျခင္း ျဖစ္ပါသည္။ B.Sc (Hons:) Business IT (ကြန္ပ်ဴတာသိပၸံဒီဂရီ) ဘြဲ႕ရမ်ားသည္ “ေရႊ”  ျဖစ္လာရျခင္း အေၾကာင္းကုိ အားလံုးသိရွိနားလည္ သေဘာေပါက္လိမ့္မည္ဟု ယံုၾကည္ပါတယ္။

MCC မှ “ရွှေ” များ

“ရွှေ” ဆိုသည်မှာ တန်ဖိုးအရှိဆုံးသော ဒြပ်စင်ဖြစ်ပါသည်။ အရောင်ပြောင်း လဲသွားခြင်း၊ မှေးမှိန်သွားခြင်း မရှိသကဲ့သို့ ပျက်စီးသွားခြင်းလည်းမရှိဘဲ ကာလရှည်ကြာစွာ တောက်ပဝါ၀င်းသော အရောင်အဆင်းဖြင့် တင့်တယ်သော ဂုဏ်သတ္တိရှိသောကြောင့် လူအများတန်ဖိုးထား ၀တ်ဆင်ရုံသာမက တန်ဖိုးမှာလည်း လျော့ကျမသွားဘဲ တည်ငြိမ်ရုံသာမက အမြဲတမ်းလည်း တန်ဖိုးတက်နေသဖြင့် စုဆောင်းသိုလှောင်ပြီး အမြတ်တနိုး သိမ်းဆည်းလေ့ရှိသော အဖိုးတန် ရတနာဖြစ်ပါသည်။ ထိုကဲ့သို့ အဖိုးထိုက်တန်လှသော “ရွှေ” ကို သာမာန်လွယ်လွယ်ကူကူ ကြိုက်သလောက် ထုတ်လုပ်၍မရ။ အထပ်ထပ်သန့်စင်ပြီး၊ ဓာတုဗေဒ နည်းလမ်းဖြင့် ခွဲခြားထုတ်ယူပြီးမှ အနည်းငယ်စီသာ ရရှိခြင်းဖြစ်ပါသည်။

MCC မှ “ရွှေ” များဟု အမည် နာမကင်းပွန်းတပ်ရခြင်းများလည်း MCC တွင် B.Sc (Hons:) Business IT (ကွန်ပျူတာသိပ္ပံဒီဂရီ) သင်တန်းတက်ရောက် အောင်မြင်သူများသည် “ရွှေ” ကဲ့သို့ပင် တန်ဖိုး ရှိလှသောကြောင့်ပင်ဖြစ်ပါသည်။ “ရွှေ” ကို လူတိုင်းလိုခြင်သကဲ့သို့ ပြည်တွင်းပြည်ပကုမ္ပဏီ အဖွဲ့အစည်းများမှလည်း အလုပ်ခန့်ထားရန် လိုခြင်ကြပါသည်။ “ရွှေ” ကဲ့သို့ အရောင်တဝင်းဝင်းဖြစ်နေသကဲ့သို့ MCC ကျောင်းထွက်များမှာလည်း အလုပ်ခွင်တွင် အောင်မြင်စွာ လုပ်ကိုင်နိုင်ကြပြီး ဂုဏ်သတင်းကျော်ဇောကြပါ သည်။ အဘယ့်ကြောင့်ဆိုသော် “ရွှေ” ကျင်သလို ကျင်ယူခဲ့ရသောကြောင့်ဖြစ်ပါသည်။ “ရွှေ” ကို ဓာတုဗေဒနည်းဖြင့် သန့်စင်ခဲ့ရသလို MCC ၏ (Supply Chain) ပုံစံ သင်ကြားနည်းဖြင့် လေ့ကျင်ခဲ့ရသောကြောင့် ဖြစ်ပါသည်။

B.Sc (Hons:) Business IT (ကွန်ပျူတာသိပ္ပံဒီဂရီ) ကို အင်္ဂလန်နိုင်ငံ University of Greenwich မှ ချီးမြှင့်ခြင်းဖြစ်ပါသည်။ ယင်းတက္ကသိုလ်မှ ပြဋ္ဌာန်းထားသော သင်ရိုး (Syllabus) အတိုင်းသင်ကြားရပြီး Assignment များ၊ Project များကိုလည်း ကျောင်းသူ၊ ကျောင်းသား တစ်ဦးခြင်းကိုယ်တိုင် ပြုစုကာ၊ က္ကသိုလ်သို့ ကိုယ်တိုင် (On Line) မှ တင်ရပါသည်။ အင်္ဂလန်နိုင်ငံ တက္ကသိုလ်မှ တိုက်ရိုက် မေးခွန်းထုတ်စစ်ဆေးသော စာမေးပွဲကိုလည်း တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် တစ်ပြိုင်တည်း ဖြေဆိုကြရပါသည်။ ယင်းကဲ့သို့ သင်ကြားသော စနစ်သည် ကျောင်းသူ ကျောင်းသားများ အားသက်ဆိုင်ရာဘာသာရပ်ကို တတ်သိနားလည် သော (Knowledge) ကို ရရှိသွားစေနိုင်ခြင်း ပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံပညာရေးစနစ် အရ ကျောင်းသူ၊ ကျောင်းသားများသည် မူလတန်းအဆင့်မှ တက္ကသိုလ်အဆင့်ရောက် သည်အထိ စာကိုအလွတ်ကျက်မှတ်ပြီး စာမေးပွဲကို ဖြေဆိုအောင်မြင်အောင် ကြိုးစားရသောကြောင့် မှတ်ဉာဏ်ဖြင့် မှတ်ထားရသော (Memorize) အလေ့အကျင့်သာ ရရှိခဲ့ပါသည်။ အသိပညာ (Knowledge) ပုံစံမျိုး မရရှိခဲ့ပါ။ အလွတ်ကျက် မှတ်ရခြင်းသည် အလွတ်ကျက် သလောက် သာမှတ်မိပြီး ယင်းထက်မပိုပါ။ အလွတ်ကို သာရေးပြတတ်ပြီး သဘောတရားကို အသုံးမချတတ်ပါ။ ပြီးလျှင် မေ့ပျောက်သွားတတ်ပါသည်။ စာမေးပွဲဖြေရန်အတွက်သာဖြစ်ပြီး သဘောတရားကို အသုံးချရန်အတွက် မဟုတ်ပါ။ အသိပညာ (Knowledge) ဟူသည် ပညာရပ်ကိုသိရှိနားလည်သဘော ပေါက်သွားခြင်းဖြစ်ပြီး အလွတ်ကျက်သကဲ့သို့ ကျက်သလောက်သာ မှတ်မိခြင်းမဟုတ်ဘဲ အတိုင်းအဆမရှိ တွေးတော ကြံဆနိုင်ပြီး အသုံးချတတ်ခြင်း (Apply) ဖြစ်ပါသည်။ ထို့ကြောင့် အသိပညာ (Knowledge) ရအောင် သင်ကြားပေးရခြင်းသည် အလွတ်ကျက်မှတ်စေခြင်း (Memorize) ကဲ့သို့ မလွယ်ကူ။ ကျောင်းသူ ကျောင်းသားများ ထင်သကဲ့သို့ အလွတ်ကျက်လိုက်လျှင် ပြီးနိုင်မည်မဟုတ်ပါ။ ပညာရပ်၏ သဘောတရားကို နားလည်အောင် ကြိုးစားကြရပါသည်။ ကျောင်းသူ၊ ကျောင်းသားများကိုယ်တိုင် နားလည်မှ ကိုယ်တိုင်ပညာရပ်ကို အသုံးချပြီး Assignment များ Project များ လုပ်နိုင်ပေမည်။ မြန်မာနိုင်ငံ၏ ကျောင်းများ၊ တက္ကသိုလ်များကဲ့သို့ နောက်ဆုံးစစ်သည့် စာမေးပွဲဖြင့် အအောင်အရှုံးကို ဆုံးဖြတ်ခြင်းမဟုတ်။ ကျောင်းသူ၊ ကျောင်းသားများ ၏ အသိပညာဖြင့်ပြုလုပ်ရသော Assignment များ၊ Project များဖြင့်လည်း အမှတ်ပေးပြီး ရေးဖြေဖြေဆိုရသော စာမေးပွဲတွင်လည်း ပြဋ္ဌာန်းစာအုပ်ပါစာများကို အလွတ်မေးခြင်းမဟုတ်ဘဲ အသုံးချတတ် မတတ် (Application) ကို မေးခြင်းဖြစ်ပါသည်။ ပြဋ္ဌာန်းစာအုပ်ပါအတိုင်း တစ်သွေမတိမ်းရေးလျှင် အမှတ်မရပါ။ (Plagiarism) ဟူသော စစ်ဆေးမှုကြောင့် စာမေးပွဲကျမည် ဖြစ်ပါသည်။ ကျောင်းသူ၊ ကျောင်းသားအခြင်းခြင်း ရေးသားပုံတူလျှင်လည်း ယင်းကျောင်းသူ၊ ကျောင်းသားများ စာမေးပွဲကျပါသည်။ အခြင်းခြင်းကူယူခြင်း၊ မသာမာမှုပုံစံဟု သတ်မှတ်ပါသည်။ ပြဋ္ဌာန်းစာအုပ်အတိုင်း တူမတူ၊ ကျောင်းသား အခြင်းခြင်း တူမတူကို ကွန်ပျူတာ Software ဖြင့် စစ်ဆေးသည့်အတွက် လိမ်ညာ၍မရပါ။ ထိုကဲ့သို့ အသိပညာ (Knowledge) ရအောင်သင်ကြားခြင်း၊ အသိပညာ (Knowledge) ဖြင့် စာမေးပွဲဖြေဆိုရ ခြင်းပုံစံ ဖြစ်သည့်အတွက် မြန်မာနိုင်ငံမှ ကျောင်းသူ၊ ကျောင်းသားများအတွက် ခက်သည်ဟု ဆိုနိုင်ပါသည်။ အမှန်တကယ်တွင် မခက်ပါ။ မြန်မာနိုင်ငံ၏ တက္ကသိုလ်ဝင် တန်းစာမေးပွဲအောင်မြင်ပြီးသူ ကျောင်းသူ၊ ကျောင်းသား ထောင်ပေါင်းများစွာ ဤခရီးလမ်းကို လျှောက်လှမ်းပြီးခဲ့သလို လက်ရှိအခြေအနေမှာလည်း MCC Institute များတွင် လျှောက်လှမ်းလျှက်ရှိပါသည်။

MCC Institute များမှ သင်ကြားပေးမှုအစီအစဉ်အတိုင်း ပုံမှန်သင်ယူ လေ့ကျင့်သွားရုံသာဖြစ်ပါသည်။ ကျူရှင်လဲ ယူရန်မလို။ ကျူရှင်လဲ ယူ၍မရပါ။ အဘယ့်ကြောင့်ဆိုသော် အသိပညာ (Knowledge) ရအောင်သင်ယူခြင်းဖြစ်ရာ စာမေး ပွဲဖြေဆိုနိုင်ရန် အလွတ်ကျက်မှတ်ရန်လေ့ ကျင့်သော ကျူရှင်ကြောင့် စာမေးပွဲမအောင်နိုင်ပါ။ ထို့ကြောင့် MCC Institute များသို့ ပထမနှစ် စတင်တက်ရောက်သော ကျောင်းသူ၊ ကျောင်းသားများ ပထမပိုင်းတွင် အခက်အခဲတွေ့ကြရပါသည်။ မြန်မာနိုင်ငံမှ စစ်ဆေးသော စာမေးပွဲပုံစံနှင့်မတူသောကြောင့်၊ သင်ကြားနည်းပုံစံမှာလည်း မတူသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတကာအဆင့်ပညာသင်ကြားရခြင်းဖြစ်၍ အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားသော သင်ခန်းစာများကို သင်ကြားရခြင်းဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင့်ပင် Assignment များ၊ Project များ ပြုလုပ်ရခြင်း၊ Presentation များ ပြုလုပ်ရခြင်းဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင့်ပင် စာမေးပွဲဖြေဆိုရ သောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ကောင်းမှန်မှန်မတက်ဘဲ စာမေးပွဲနီးမှ စာအလွတ် ကျက်ပြီးဖြေဆိုရန်အားထုတ်သော ကျောင်းသူ၊ ကျောင်းသားများ၊ ကျူရှင်ယူပြီး စာမေးပွဲ ဖြေရန်ပြုလုပ်သော ကျောင်းသူ၊ ကျောင်းသားများ စာမေးပွဲမအောင်မမြင် ဖြစ်ကြရပါသည်။ ထို့ကြောင့် ပထမနှစ်တွင် စာမေးပွဲအကျအရှုံးများ ပါသည်။ ကျောင်းမှသင်ကြားပေးမှုကိုခံယူပြီး ကျောင်းမှန်မှန်တက်သော ကျောင်းသူ၊ ကျောင်းသားများ စာမေးပွဲအောင်ပါသည်။ ကျောင်းသင်ကြားမှုပုံစံကို မလိုက်နာသော ကျောင်းသား၊ ကျောင်းသူများသာ စာမေးပွဲမအောင်ခြင်း ဖြစ်ပါသည်။ ပထမနှစ်ပြီး၍ ဒုတိယနှစ်သို့ ရောက်ရှိလာသောအခါ ကျောင်းသူ၊ ကျောင်းသားများ အတော်အတန် ရင့်ကျက်လာပြီး နိုင်ငံတကာပညာသင်ကြားရေးပုံစံနှင့် အသားကျ လာပါသည်။သို့သော် ဘွဲ့ယူရမည့် နောက်ဆုံးနှစ်သို့ တတ်ရမည့်အကြိုသင်တန်းဖြစ်သည် အတွက် ဘာသာရပ်များ ပိုမိုနက်နဲလာကာ Arrangement နှင့် Project များတွင်လည်း အဆင့်မြင့် လာပါသည်။ ထို့ကြောင့် ကျောင်းသူ၊ ကျောင်းသားများ အားသွန်ကြိုးပမ်းရမည် ဖြစ်ပါသည်။ အရှိန်ယူနေဆဲကာလဖြစ်၍ အရှိန်လျော့လိုက်ပါ၍မရ။ အရှိန်လျော့လိုက်ပါက စာမေးပွဲကျသွားနိုင်ပါသည်။ အရှိန်လျော့လိုက်သော ကျောင်းသူ၊ ကျောင်းသားအဖို့ စာမေးပွဲကျနိုင်ပါသည်။ ဒုတိယနှစ်အောင်ပြီး တတိယနှစ်(နောက်ဆုံးနှစ်)သို့ ရောက်သော အချိန်တွင် ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်ရင့်ကျပ်လာပြီး၊ အရှိန်ရသွားပြီဖြစ်ပါသည်။ အားလုံးလည်း တက်စုံလက်စုံ သွားနိုင်သော အသိပညာ (Knowledge) ရပြီဖြစ်၍ ကျောင်းသား၊ ကျောင်းသူများ မိမိကိုယ်ကိုမိမိ ယုံကြည်စွာဖြင့် တည်ငြိမ်စွာ ပညာဆက်လက် သင်ကြားပါတော့သည်။ တတိယနှစ်နောက်ဆုံး စာမေးပွဲကို ရာနှုန်းပြည့်နီးပါး အောင်မြင်နိုင်ကြပြီး၊ ရာနှုန်းပြည့်နီးပါး အောင်မြင်စွာဖြေဆိုးနိုင်ကြပြီး၊ ရာနှုန်းနီးပါး အောင်မြင်ကြပါသည်။ ဤကဲ့သို့ ပြုစုပျိုးထောင်ပြီး အသိပညာ (Knowledge) ရရှိစေသော စာမေးပွဲအောင်မြင်ပြီး နိုင်ငံတကာအဆင့် ကွန်ပျူတာသိပ္ပံဒီဂရီကို ရရှိလာသောကြောင့် “ရွှေ” များဟု အမည်ကင်ပွန်တတ်ရ ခြင်းဖြစ်ပါသည်။ “ရွှေ” ကျင်သလိုကျင်ပြီး “ရွှေ” ကို သန့်စင်သကဲ့သို့ လေ့ကျင့်ပျိုးထောင် ယူခဲ့ရသောကြောင့် ဖြစ်သည်။

အင်္ဂလန်နိုင်ငံ University of Greenwich မှချီးမြှင့်သည့် B.Sc (Hons:) Business IT (ကွန်ပျူတာသိပ္ပံဒီဂရီ) ရရှိသည့် ကျောင်းသား၊ ကျောင်းသူများအတွက် “ရွှေ” သားပါ၀င်မှုပိုမိုလာစေရန် ရွှေရောင်တဝင်းဝင်းဖြစ်ရန် တပ်မံ အားဖြည့်ပေးသော သင်ကြားနည်း ပုံးစံများ MCC ၏ (Supply Chain) ပုံစံသင်ကြားနည်းဖြစ်ပါသည်။ ဘွဲ့သင်တန်း (Academic) အတွက်သင်ရိုးအပြင်၊ ကျွမ်းကျင်မှုအတွက် (Skill Certification) လက်တွေ့ အလုပ်အတွေ့အကြုံအတွက် OJT (On-Job-Training) နှင့် အင်္ဂလိပ်စာ အရေအသွေးတိုးတတ်ရေး (English Proficiency) အားဖြည့် သင်ကြားပေးခြင်းတို့ပင် ဖြစ်ပါသည်။

အသိပညာ (Knowledge) ရရှိရန် အတွက် ကျွမ်းကျင်မှု (Skill) နှင့်တစ်ပြိုင်နက် ရရှိစေရန် Microsoft မှပြုလုပ်သော Microsoft အသိအမှတ်ပြု ကျွမ်းကျင်မှု (Microsoft Certification) များကိုလည်း တစ်ပြိုင်နက်တည်း ဖြေဆိုနိုင်ရန် သင်ကြားပေးပါသည်။ ဘက်စုံတတ်မြောက်စေရန်၊ လက်တွေ့အတွေ့အကြုံ ရရန် OJT (On-Job-Training) အချိန်များ စီစဉ်သတ်မှတ်ပြီး လေ့ကျင့်သင်ကြားပေး၍ တတိယနှစ်တွင် အချိန်ပိုင်းအလုပ်ကိုပါ ခန့်ထားပြီး တစ်ပတ်နှစ်ရက် လုပ်ကိုင်စေပါသည်။ နိုင်ငံတကာ ပညာကို အင်္ဂလိပ်လိုဖြေဆိုရမည်ဖြစ်၍ အင်္ဂလိပ်စာ ကျွမ်းကျင်ပိုင်နိုင်စေရန် အင်္ဂလိပ်ဘာသာကို သီးသန့် ထပ်ဆင့်သင်ကြားပေးပါသည်။ တတိယနှစ်၊ နောက်ဆုံးနှစ်စာမေးပွဲ အောင်မြင်ပြီး ဘွဲ့ရ ကျောင်းသူ၊ ကျောင်းသားတို့၏ အင်္ဂလိပ်စာကျွမ်း ကျင်မှုကို IELTS (5.5)  အဆင့်အနည်းဆုံးရရှိစေရန် ရည်မှန်း သင်ကြားပေးခြင်း ဖြစ်ပါသည်။ ထို့ကြောင့် MCC ကို “ရွှေ” ဖြစ်မည့် ကျောင်းသူ၊ ကျောင်းသားများ၏ “ရွှေ” အဆင့်ဖြစ်ရန် (Supply Chain) ပုံစံ ဘက်စုံတစ်ပြိုင်တည်း လေ့ကျင့်သင်ကြား ပေးခြင်းဖြစ်ပါသည်။ ဘွဲ့ရပြီးလျှင် အလုပ်အတွေ့ အကြုံရရှိရန် JSE (Junior Software Engineering) အဖြစ် အလုပ်သင်ခန့် အပ်ပေးခြင်းဖြင့် ပိုမိုပြည့်စုံသွားစေပါတော့သည်။ MCC ၏သင်ကြားမှုပုံစံကို “ရွှေ” တန်ဖိုး တိုးစေမည့် (Value Chain) ပုံစံအသွင်လည်း မြင်နိုင်ပါသည်။ ကျောင်းသူကျောင်းသားများသည် တစ်နှစ်ပြီးတစ်နှစ် အသိပညာနှင့် ကျွမ်းကျင်မှု တိုးပွားလာသဖြင့် ထပ်ဆင့်တန်ဖိုးများ (Value Add) တက်နေသကဲ့သို့ ကျွမ်းကျင်မှု (Skill) လက်တွေ့ အတွေ့အကြုံ (Experience) အင်္ဂလိပ် စာကျွမ်းကျင်မှု (English Proficiency) တို့ကြောင့် တန်ဖိုးချဲ့ထွင်နိုင်မှု (Value Expansion) များလည်းဖြစ်ပေါ်လာစေပါသည်။


ထို့ကြောင့် MCC မှ “ရွှေ” များဟု အမည်ကင်းပွန်းတပ်ခြင်း ဖြစ်ပါသည်။ B.Sc (Hons:) Business IT (ကွန်ပျူတာသိပ္ပံဒီဂရီ) ဘွဲ့ရများသည် “ရွှေ”  ဖြစ်လာရခြင်း အကြောင်းကို အားလုံးသိရှိနားလည် သဘောပေါက်လိမ့်မည်ဟု ယုံကြည်ပါတယ်။


အားလံုးအတြက္ MCC

အားလံုးအတြက္ MCC

MCC ကို ၁၉၈၆ခုႏွစ္တြင္ ျမန္မာႏိုင္ငံ၏ပထမဆံုး ကြန္ပ်ဴတာသင္တန္း ေက်ာင္း ငယ္ကေလးျဖင့္ စတင္ေမြးဖြားသန္႕စင္ ေပၚေပါက္လာခဲ့ပါသည္။ စတင္ကတည္းက လူသိမ်ား ထင္ရွားခဲ့ေသာအမွတ္ တံဆိပ္ (Brand) ျဖစ္သည္။ ေစ်းကြက္စီးပြားေရးစနစ္စတင္ခဲ့ေသာ ၁၉၈၉ တြင္ ျမန္မာကြန္ပ်ဴတာကုမၸဏီလီမိတတ္ (MCC)ကို မွတ္ပံုတင္ တည္ေထာင္ခဲ့ကာ ႏွစ္ေပါင္း (၂၇) ႏွစ္ေက်ာ္ ရပ္တည္ခဲ့ေသာ ျမန္မာႏုိင္ငံပုဂၢလိကက႑ ပညာေရး၀န္ေဆာင္မႈ (Education Services) ႏွင့္ ပတ္သက္ၿပီး ခိုင္မာေသာ အမွတ္တံဆိပ္ (Brand)ကို တည္ေထာင္ထားႏိုင္ခဲ့ပါသည္။ ယခုအခါ ျမန္မာ ပုဂၢလိကကဏၭတြင္ အႀကီးဆံုးျဖစ္ျပီး၊ ႏိုင္ငံႏွင့္တ၀ွမ္း က်ယ္ျပန္႔ေသာ အဖြဲ႕အစည္းႀကီးျဖစ္သည္။

MCC ၏ပညာေရး၀န္ေဆာင္မႈမ်ားကို ပိရမစ္ပံုစံျဖင့္ အေျခခံမွ အဆင့္ျမင့္အထိ တက္ေရာက္ႏိုင္ပါသည္။

၁။ MCC Franshise Network
ျမန္မာနိုင္ငံအႏွံ႕ ေနရာေဒသေပါင္း (၁၈၀)ေက်ာ္တြင္ MCC Training Center မ်ားကို Franchise ပံုစံမ်ားျဖင့္ Partner မ်ားျဖင့္ ပူးေပါင္းဖြင့္လွစ္ႏိုင္ခဲ့ပါသည္။ အသက္ေမြး၀မ္းေက်ာင္းလုပ္ငန္းတို႔အတြက္ အေျခခံ လိုအပ္ေသာ အေျခခံကြန္ပ်ဴတာပညာ၊ အေျခခံ စီးပြားေရးပညာမ်ားကို သင္ႀကားေပးလ်က္ ရွိၿပီး အေျခခံ အင္ဂ်င္နီယာပညာမ်ားကိုလည္း မႀကာမီ သင္ႀကားေပးေတာ့မည္ ျဖစ္ပါသည္။

(၂) MCC Polytechnic Colleges
ျမန္မာႏိုင္ငံအတြက္ အဓိကလုိအပ္လ်က္ရွိျပီး၊ အလုပ္အကိုင္ရရွိရန္အတြက္လည္း လြယ္ကူေသာ အသက္ေမြး၀မ္းေက်ာင္းပညာ (Volcational Training) မ်ားကိုသင္ၾကား ေပးႏိုင္ရန္ တိုင္းႏွင့္ျပည္နယ္ ေဒသႀကီးမ်ားတြင္ MCC Polytechnic Colleges မ်ား ဆက္လက္ ဖြင့္လွစ္လ်က္ရွိပါသည္။ ယခုအခါတြင္ ေအာက္ပါ ေနရာမ်ား၌ ဖြင့္လွစ္ျပီးျဖစ္ပါသည္။

(က) MCC Polytechnic College (ရန္ကုန္)
(ခ) MCC Polytechnic College (မႏ ၱေလး)
(ဂ) MCC Polytechnic College (ေနျပည္ေတာ္)
(ဃ) MCC Polytechnic College (မံုရြာ)
(င) MCC Polytechnic College (ပုသိမ္)
(စ) MCC Polytechnic College (ရတနာပံုနည္းပညာျမိဳ႕)၊

က်န္တိုင္းႏွင့္ ျပည္နယ္ႀကီးမ်ားတြင္လည္း ဆက္လက္ ဖြင့္လွစ္သြားမည္ ျဖစ္ပါသည္။ MCC Polytechnic College (ရတနာပံု နည္းပညာျမိဳ႕) တြင္ ေက်ာင္းအိပ္ေက်ာင္းစား အျဖစ္ တက္ေရာက္ႏိုင္မည္ျဖစ္ပါသည္။
MCC Polytechnic College ကို အဂၤလန္နိုင္ငံ အသက္ေမြး၀မ္းေက်ာင္းပညာ (Vocational Training) ႏွင့္ပါတ္သက္ျပီး အႀကီးဆံုးအဖြဲ႕အစည္းျဖစ္ေသာ PEARSON ပညာေရးအဖြဲ႕အစည္းႏွင့္ ခ်ိတ္ဆက္ထားျပီး၊ အဂၤလန္ႏိုင္ငံ ပညာေရးအရည္အေသြး သတ္မွတ္ခ်က္ အသိအမွတ္ျပဳ ဒီပလိုမာသင္တန္းမ်ားကို သင္ၾကားေပးလွ်က္ရွိပါသည္။ သင္တန္းကာလ (၂)ႏွစ္ျပီးလွ်င္ အဂၤလန္ႏုိင္ငံ၏ HND (Higher National Diploma ) ကိုရရွိမည္ ျဖစ္ပါသည္။ MCC Polytechnic College မ်ားတြင္ ေအာက္ပါဒီပလိုမာသင္တန္းမ်ားကို တက္ေရာက္ႏိုင္ျပီျဖစ္ပါသည္။

(က) Diploma in Engineering (အင္ဂ်င္နီယာပညာ ဒီပလိုမာ)
(ခ) Diploma in Computing (ကြန္ပ်ဴတာပညာ ဒီပလိုမာ )
(ဂ) Diploma in Business (စီပြားေရးပညာ ဒီပလိုမာ )
(ဃ) Diploma in Hotel and Tourism (ဟိုတယ္ႏွင့္ခရီးသြာလာေရးပညာ ဒီပလိုမာ)
(င) Diploma in Telecommunication (ဆက္သြယ္ေရးပညာ ဒီပလိုမာ)

MCC Polytechnic College မ်ားတြင္ (၂) သင္တန္းတတ္ေရာက္ျပီး HND ဒီပလိုမာမ်ား ရရွိျပီးေသာအခါ အလုပ္ခြင္ကို ၀င္ေရာက္ႏိုင္ပါသည္၊ ပညာဆက္လက္သင္ၾကားလိုပါက MCC Institute မ်ားတြင္ တတိယ ႏွစ္သင္တန္း (အခ်ိန္ျပည့္၊အခ်ိန္ပိုင္း)ကို ဆက္လက္တက္ေရာက္နိုင္ျပီး အဂၤလန္ႏုိင္ငံ တကၠသိုလ္မ်ားမွ ခ်ီးျမႇင့္မည့္ဘြဲ႕၊ ဒီဂရီမ်ားကို ဆက္လက္ရယူ ႏိုင္ပါသည္။

(၃) MCC Institute
MCC Polytechnic College မ်ားမွဒီပလိုမာရရွိျပီးေသာ ေက်ာင္းသူေက်ာင္းသားမ်ားအတြက္ Top-up Degree မ်ား ဆက္လက္တတ္ေရာက္ သင္ယူႏိုင္ရန္ ေအာက္ပါ ေနရာမ်ားတြင္ ဖြင့္လွစ္ျပီးျဖစ္ပါသည္။

(က) MCC Institute (ရန္ကုန္)
(ခ) MCC Institute (မႏ ၱေလး)
(ဂ) MCC Institute (ေနျပည္ေတာ္)
(ဃ) MCC Institute (ရတနာပံုနည္းပညာျမိဳ႕)

MCC Institute မ်ားတြင္ Top-up ဒီဂရီမ်ားေပးႏိုင္ရန္ ေအာက္ပါအတုိင္း ဖြဲ႕စည္းထားရွိပါသည္။

(က) School of Computing (ကြန္ပ်ဴတာ သိပ ၸံဒီဂရီမ်ားေပးရန္)
(ခ) School of Engineering (အင္ဂ်င္နီ ယာသိပ ၸံဒီဂရီမ်ားေပးရန္)
(ဂ) School of Business Management (စီးပြားေရးပညာ သိပၸံဒီဂရီမ်ားေပးရန္)
MCC Institute  မ်ားမွ နိုင္ငံတကာအသိအမွတ္ျပဳ ဘြဲ႕၊ ဒီဂရီမ်ားေပးႏိုင္ရန္ ေအာက္ပါ အဂၤလန္ႏုိင္ငံ တကၠသိုလ္မ်ားႏွင့္ ခ်ိတ္ဆက္ထားရွိပါသည္။

(က) University of Greenwich
(ခ) London Metropolitan University
(ဂ) Barmingham City University
(ဃ) Middlesex University

ရန္ကုန္၊ မႏၱေလး၊ ေနျပည္ေတာ္မ်ားမွအပ က်န္ေဒသမ်ားရွိ MCC Polytechnic College မ်ားမွ ေက်ာင္းသားေက်ာင္းသူမ်ားအတြက္ တတိယႏွစ္ဘြဲ႕သင္တန္းကုိ MCC Institute (ရတနာပံုနည္းပညာျမိဳ႕) တြင္ ေက်ာင္းအိပ္ေက်ာင္းစား တတ္ေရာက္ႏုိင္မည္ ျဖစ္ပါသည္။

(၄) MCC University
MCC အေနျဖင့္ ကိုယ္ပိုင္တကၠသိုလ္ႀကီးကို စတင္ဖြင့္လွစ္ရန္ စီစဥ္လ်က္ရွိပါသည္။ မၾကာမီ ေပၚေပါက္လာေတာ့မည့္ ကိုယ္ပိုင္ တကၠသိုလ္ ဥပေဒ ( Private University Law ) အရ တရား၀င္ ခြင့္ျပဳခ်က္ရယူျပီး ဖြင့္လွစ္မည္ျဖစ္ပါသည္။

အားလုံးအတွက် MCC

MCC ကို ၁၉၈၆ခုနှစ်တွင် မြန်မာနိုင်ငံ၏ပထမဆုံး ကွန်ပျူတာသင်တန်း ကျောင်း ငယ်ကလေးဖြင့် စတင်မွေးဖွားသန့်စင် ပေါ်ပေါက်လာခဲ့ပါသည်။ စတင်ကတည်းက လူသိများ ထင်ရှားခဲ့သောအမှတ် တံဆိပ် (Brand) ဖြစ်သည်။ စျေးကွက်စီးပွားရေးစနစ်စတင်ခဲ့သော ၁၉၈၉ တွင် မြန်မာကွန်ပျူတာကုမ္ပဏီလီမိတတ် (MCC)ကို မှတ်ပုံတင် တည်ထောင်ခဲ့ကာ နှစ်ပေါင်း (၂၇) နှစ်ကျော် ရပ်တည်ခဲ့သော မြန်မာနိုင်ငံပုဂ္ဂလိကကဏ္ဍ ပညာရေးဝန်ဆောင်မှု (Education Services) နှင့် ပတ်သက်ပြီး ခိုင်မာသော အမှတ်တံဆိပ် (Brand)ကို တည်ထောင်ထားနိုင်ခဲ့ပါသည်။ ယခုအခါ မြန်မာ ပုဂ္ဂလိကကဏ္ဌတွင် အကြီးဆုံးဖြစ်ပြီး၊ နိုင်ငံနှင့်တဝှမ်း ကျယ်ပြန့်သော အဖွဲ့အစည်းကြီးဖြစ်သည်။

MCC ၏ပညာရေးဝန်ဆောင်မှုများကို ပိရမစ်ပုံစံဖြင့် အခြေခံမှ အဆင့်မြင့်အထိ တက်ရောက်နိုင်ပါသည်။

၁။ MCC Franshise Network
မြန်မာနိုင်ငံအနှံ့ နေရာဒေသပေါင်း (၁၈၀)ကျော်တွင် MCC Training Center များကို Franchise ပုံစံများဖြင့် Partner များဖြင့် ပူးပေါင်းဖွင့်လှစ်နိုင်ခဲ့ပါသည်။ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတို့အတွက် အခြေခံ လိုအပ်သော အခြေခံကွန်ပျူတာပညာ၊ အခြေခံ စီးပွားရေးပညာများကို သင်ကြားပေးလျက် ရှိပြီး အခြေခံ အင်ဂျင်နီယာပညာများကိုလည်း မကြာမီ သင်ကြားပေးတော့မည် ဖြစ်ပါသည်။

(၂) MCC Polytechnic Colleges
မြန်မာနိုင်ငံအတွက် အဓိကလိုအပ်လျက်ရှိပြီး၊ အလုပ်အကိုင်ရရှိရန်အတွက်လည်း လွယ်ကူသော အသက်မွေးဝမ်းကျောင်းပညာ (Volcational Training) များကိုသင်ကြား ပေးနိုင်ရန် တိုင်းနှင့်ပြည်နယ် ဒေသကြီးများတွင် MCC Polytechnic Colleges များ ဆက်လက် ဖွင့်လှစ်လျက်ရှိပါသည်။ ယခုအခါတွင် အောက်ပါ နေရာများ၌ ဖွင့်လှစ်ပြီးဖြစ်ပါသည်။

(က) MCC Polytechnic College (ရန်ကုန်)
(ခ) MCC Polytechnic College (မန္တလေး)
(ဂ) MCC Polytechnic College (နေပြည်တော်)
(ဃ) MCC Polytechnic College (မုံရွာ)
(င) MCC Polytechnic College (ပုသိမ်)
(စ) MCC Polytechnic College (ရတနာပုံနည်းပညာမြို့)၊

ကျန်တိုင်းနှင့် ပြည်နယ်ကြီးများတွင်လည်း ဆက်လက် ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။ MCC Polytechnic College (ရတနာပုံ နည်းပညာမြို့) တွင် ကျောင်းအိပ်ကျောင်းစား အဖြစ် တက်ရောက်နိုင်မည်ဖြစ်ပါသည်။
MCC Polytechnic College ကို အင်္ဂလန်နိုင်ငံ အသက်မွေးဝမ်းကျောင်းပညာ (Vocational Training) နှင့်ပါတ်သက်ပြီး အကြီးဆုံးအဖွဲ့အစည်းဖြစ်သော PEARSON ပညာရေးအဖွဲ့အစည်းနှင့် ချိတ်ဆက်ထားပြီး၊ အင်္ဂလန်နိုင်ငံ ပညာရေးအရည်အသွေး သတ်မှတ်ချက် အသိအမှတ်ပြု ဒီပလိုမာသင်တန်းများကို သင်ကြားပေးလျှက်ရှိပါသည်။ သင်တန်းကာလ (၂)နှစ်ပြီးလျှင် အင်္ဂလန်နိုင်ငံ၏ HND (Higher National Diploma ) ကိုရရှိမည် ဖြစ်ပါသည်။ MCC Polytechnic College များတွင် အောက်ပါဒီပလိုမာသင်တန်းများကို တက်ရောက်နိုင်ပြီဖြစ်ပါသည်။

(က) Diploma in Engineering (အင်ဂျင်နီယာပညာ ဒီပလိုမာ)
(ခ) Diploma in Computing (ကွန်ပျူတာပညာ ဒီပလိုမာ )
(ဂ) Diploma in Business (စီပွားရေးပညာ ဒီပလိုမာ )
(ဃ) Diploma in Hotel and Tourism (ဟိုတယ်နှင့်ခရီးသွာလာရေးပညာ ဒီပလိုမာ)
(င) Diploma in Telecommunication (ဆက်သွယ်ရေးပညာ ဒီပလိုမာ)

MCC Polytechnic College များတွင် (၂) သင်တန်းတတ်ရောက်ပြီး HND ဒီပလိုမာများ ရရှိပြီးသောအခါ အလုပ်ခွင်ကို ၀င်ရောက်နိုင်ပါသည်၊ ပညာဆက်လက်သင်ကြားလိုပါက MCC Institute များတွင် တတိယ နှစ်သင်တန်း (အချိန်ပြည့်၊အချိန်ပိုင်း)ကို ဆက်လက်တက်ရောက်နိုင်ပြီး အင်္ဂလန်နိုင်ငံ တက္ကသိုလ်များမှ ချီးမြှင့်မည့်ဘွဲ့၊ ဒီဂရီများကို ဆက်လက်ရယူ နိုင်ပါသည်။

(၃) MCC Institute
MCC Polytechnic College များမှဒီပလိုမာရရှိပြီးသော ကျောင်းသူကျောင်းသားများအတွက် Top-up Degree များ ဆက်လက်တတ်ရောက် သင်ယူနိုင်ရန် အောက်ပါ နေရာများတွင် ဖွင့်လှစ်ပြီးဖြစ်ပါသည်။

(က) MCC Institute (ရန်ကုန်)
(ခ) MCC Institute (မန္တလေး)
(ဂ) MCC Institute (နေပြည်တော်)
(ဃ) MCC Institute (ရတနာပုံနည်းပညာမြို့)

MCC Institute များတွင် Top-up ဒီဂရီများပေးနိုင်ရန် အောက်ပါအတိုင်း ဖွဲ့စည်းထားရှိပါသည်။

(က) School of Computing (ကွန်ပျူတာ သိပ္ပံဒီဂရီများပေးရန်)
(ခ) School of Engineering (အင်ဂျင်နီ ယာသိပ္ပံဒီဂရီများပေးရန်)
(ဂ) School of Business Management (စီးပွားရေးပညာ သိပ္ပံဒီဂရီများပေးရန်)

MCC Institute  များမှ နိုင်ငံတကာအသိအမှတ်ပြု ဘွဲ့၊ ဒီဂရီများပေးနိုင်ရန် အောက်ပါ အင်္ဂလန်နိုင်ငံ တက္ကသိုလ်များနှင့် ချိတ်ဆက်ထားရှိပါသည်။

(က) University of Greenwich
(ခ) London Metropolitan University
(ဂ) Barmingham City University
(ဃ) Middlesex University

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်များမှအပ ကျန်ဒေသများရှိ MCC Polytechnic College များမှ ကျောင်းသားကျောင်းသူများအတွက် တတိယနှစ်ဘွဲ့သင်တန်းကို MCC Institute (ရတနာပုံနည်းပညာမြို့) တွင် ကျောင်းအိပ်ကျောင်းစား တတ်ရောက်နိုင်မည် ဖြစ်ပါသည်။

(၄) MCC University

MCC အနေဖြင့် ကိုယ်ပိုင်တက္ကသိုလ်ကြီးကို စတင်ဖွင့်လှစ်ရန် စီစဉ်လျက်ရှိပါသည်။ မကြာမီ ပေါ်ပေါက်လာတော့မည့် ကိုယ်ပိုင် တက္ကသိုလ် ဥပဒေ ( Private University Law ) အရ တရားဝင် ခွင့်ပြုချက်ရယူပြီး ဖွင့်လှစ်မည်ဖြစ်ပါသည်။





႐ွဳပ္ေထြးလ်က္ရွိေသာ ဘ၀ေအာင္ျမင္ေရးအတြက္ ပညာေရး

႐ွဳပ္ေထြးလ်က္ရွိေသာ ဘ၀ေအာင္ျမင္ေရးအတြက္ ပညာေရး

မိသားစုတုိင္းအတြက္ အဓိကအျခင္းအရာတစ္ခုမွာ မိသားစု၀င္ သားငယ္၊ သမီးငယ္မ်ား၏ ပညာေရးပင္ ျဖစ္ပါသည္။ ေက်ာင္းအပ္ႏွံရမည့္အရြယ္ျဖစ္ေသာ အသက္ (၆)ႏွစ္မတုိင္မီကပင္ မူႀကိဳ ဟူေသာ မူလတန္းႀကိဳအတန္းကုိ စတင္တက္ေရာက္လ်က္ရွိၿပီး မူလတန္း၊ အလယ္တန္း၊ အထက္ တန္းစသည္အားျဖင့္ အဆင့္ဆင့္ပညာသင္ယူေစပါသည္။ ထုိကဲ့သုိ႔ အေျခခံအဆင့္ ပညာသင္ၾကားေပးရာ၌ ေခါင္းကုိက္ရန္မလုိ၊ ဘာသာရပ္ေရြးခ်ယ္ရန္မလုိ ႏုိင္ငံေတာ္မွ ျပ႒ာန္းထားေသာ သင္း႐ုိးမ်ားကုိ ေလ့လာသင္ယူရန္သာျဖစ္ပါသည္။ သုိ႔ေသာ္ မည္သည့္ေက်ာင္းတြင္ ထားမည္ဟူေသာ ျပႆနာေတာ့ရွိပါသည္။ မိမိတုိ႔၏ရင္ေသြးငယ္မ်ားအတြက္ သင့္ေလ်ာ္မည့္ အဆင့္အတန္းရွိမည့္ ေက်ာင္းေကာင္းေကာင္းတြင္ထားႏုိင္ ရန္ျဖစ္ပါသည္။ မိဘမ်ား၏ ေသာကတစ္ခုမွာ ကေလးမ်ား စာေမးပြဲေအာင္ျမင္ေရး၊ အမွတ္မ်ားမ်ားရၿပီးအဆင့္ေကာင္းမြန္ေရး ျဖစ္ပါသည္။ ထုိ႔ေၾကာင့္ က်ဴရွင္ထားၾကရျပန္ပါသည္။ ေငြကုန္ေၾကးက်ခံကာ အေကာင္းဆံုးက်ဴရွင္မ်ားကုိ မူလတန္းမွ စတင္ကာ တကၠသုိလ္၀င္တန္းအထိ အားနည္းေသာ ဘာသာရပ္သာမက ဘာသာစံု က်ဴရွင္မ်ားထားကာ မိဘေရာ၊ သားသမီးမ်ားပါ မီးကုန္ယမ္းကုန္ ႀကိဳးစားၾကရျပန္ပါသည္။ အျခားနည္းလမ္းတစ္ခုမွာ နာမည္ႀကီးကုိယ္ပုိင္ေက်ာင္းမ်ားသုိ႔ ေငြကုန္ေၾကးက်ခံကာ ေက်ာင္းအိပ္ေက်ာင္းစား အပ္ႏွံၿပီး ပညာသင္ ေစျခင္းျဖစ္ပါသည္။ ဤသုိ႔ျဖင့္ တကၠသုိလ္၀င္တန္း စာေမးပြဲေျဖဆုိၾကရသည့္ အဆင့္ထိ ေရာက္လာၿပီး စာေမးပြဲေျဖဆုိကာ ေအာင္စာရင္းကုိ ရင္တမမႏွင့္ေစာင့္ေမွ်ာ္ရင္း၊ ေအာင္စာရင္း ထြက္လာေသာအခါ ေအာင္သူေအာင္၊ က်႐ံႈးသူက်႐ံႈးျဖင့္ ဘ၀စာေမးပြဲ အခ်ိဳးအဆစ္တစ္ခုကုိ ေရာက္ရွိ သြားၾကပါေတာ့သည္။ စာေမးပြဲေအာင္ျမင္သူမ်ား အတြက္လည္း ဂုဏ္ထူးရမရ၊ အမွတ္စုစုေပါင္းမည္ မွ်ရသည္ဟူေသာ ေအာင္ျမင္သည့္ အဆင့္ေပၚတည္ၿပီး ၀မ္းနည္း၀မ္းသာ ျဖစ္ၾကရသကဲ့သုိ႔ စာေမးပြဲ က်႐ံႈးသူမ်ားအတြက္ ၀မ္းနည္းေၾကကြဲ႐ံုသာမက ဘ၀ပ်က္ၾကရမတတ္ ျဖစ္ၾကရပါသည္။ ေနာက္တစ္ ႀကိမ္ျပန္ႀကိဳးစားၾကရသလုိ အမ်ားစုမွာ ပညာတစ္ပုိင္းတစ္စျဖင့္ ေက်ာင္းထြက္ၾကရပါသည္။ တကၠသုိလ္ ၀င္တန္းစာေမးပြဲ ေအာင္ျမင္ႏႈန္းမွာ (၃၀%) ထက္မပုိသျဖင့္ ႏွစ္စဥ္ပ်မ္းမွ် စာေမးပြဲေျဖဆုိသူ ေက်ာင္းသူ၊ ေက်ာင္းသား (၆၀၀၀၀၀) ခန္႔ရွိရာ စာေမးပြဲမေအာင္ျမင္သူ (၄၂၀၀၀၀)၏ ကံၾကမၼာသည္ အေဟာသိကံျဖစ္ကုန္ၾကပါသည္။

စာေမးပြဲေအာင္ျမင္သူ ေက်ာင္းသူ၊ ေက်ာင္းသားမ်ားအတြက္ ၀မ္းသာလံုးဆုိ႔ၿပီး အခါတြင္ မိဘမ်ားအဖုိ မိမိတုိ႔၏သားငယ္၊ သမီးငယ္မ်ား ပညာဆက္လက္ သင္ၾကားေရးအတြက္ ေခါင္းကုိက္ၾကရျပန္ပါသည္။ မည္သည့္ အဆင့္ျမင့္ပညာကုိ ဆည္းပူးရန္၊ မည္သည့္ တကၠသုိလ္ထား မည္လဲဟူေသာ ျပႆနာပင္ျဖစ္ပါသည္။ ေယဘုယ်အားျဖင့္ တကၠသုိလ္၀င္ ခြင့္အမွတ္အနည္း အမ်ားအလိုက္ ပထမဦးစားေပးမွာ ေဆးတကၠသုိလ္၊ ဒုတိယဦးစားေပးမွာ အင္ဂ်င္နီယာတကၠသုိလ္၊ တတိယဦးစားေပး ကြန္ပ်ဴတာတကၠသုိလ္၊ စီးပြားေရးတကၠသုိလ္၊ ေရေၾကာင္းပညာတကၠသုိလ္ ႐ွဳပ္ေထြးလ်က္ရွိေသာ ဘ၀ေအာင္ျမင္ေရးအတြက္ ပညာေရး စသည္အားျဖင့္ ေလွ်ာက္ထားေလ့ရွိၾကပါသည္။ သက္ဆုိင္ရာ တကၠသုိလ္မ်ား၏ လက္ခံႏုိင္မည့္ ေက်ာင္းသား အေရအတြက္ ေပၚတည္ၿပီး အမွတ္မည္မွ်ရမွ ေဆးတကၠသုိလ္တက္ႏုိင္မည္၊ နည္းပညာတကၠသုိလ္တက္ႏုိင္မည္၊ စီးပြားေရးတကၠသုိလ္တက္ႏုိင္မည္ စသည္တုိ႔ျဖစ္ပါသည္။ ထုိ႔ကဲ့သုိ႔ တကၠသုိလ္အသီးအသီးမွ လက္ခံႏုိင္မည့္ ေက်ာင္းသူ၊ ေက်ာင္းသား အေရအတြက္စုစုေပါင္းမွာ တကၠသုိလ္၀င္တန္းစာေမးပြဲေအာင္ ျမင္သူအားလံုး၏ (၃၀%)ခန္႔သာျဖစ္သျဖင့္ အမွတ္အရနည္းၿပီး နာမည္ႀကီးတကၠသုိလ္မ်ားသုိ႔ တက္ေရာက္ခြင့္မရၾကေသာ ေက်ာင္းသား၊ ေက်ာင္းသူအမ်ားစုမွာ အေ၀းသင္တကၠသုိလ္ (Distance Learning) သုိ႔ ေရာက္ရွိ သြားၾကရျပန္ပါသည္။ ယင္းေရာက္ရွိသြားေသာ ေက်ာင္းသူ၊ ေက်ာင္းသားအေရအတြက္မွာ တကၠသုိလ္၀င္တန္း စာေမးပြဲေအာင္ျမင္သူ စုစုေပါင္း၏ (၇၀%)ခန္႔ပင္ရွိသည္ဟု သိရပါသည္။ တကၠသုိလ္မ်ားကုိ ေရြးခ်ယ္ရာတြင္လည္း အလုပ္အကုိင္ ရရွိႏုိင္မႈေပၚမူတည္ၿပီး ေရြးခ်ယ္ၾကသျဖင့္ အလုပ္အကုိင္ရရွိေစႏိုင္ေသာ ေရေၾကာင္း ပညာတကၠသုိလ္၊ သူနာျပဳတကၠသုိလ္စသည့္ေနရာမ်ားသုိ႔ ၿပံဳတုိးၾကသလုိ ၿမိဳ႕ျပင္ေ၀းလံေသာ တကၠသုိလ္မ်ားသုိ႔မသြားလုိၾကသျဖင့္ ၿမိဳ႕လယ္ေခါင္တြင္ရွိေသာ ႏုိင္ငံျခား ဘာသာတကၠသုိလ္သုိ႔လည္း ေလွ်ာက္ထားသည့္ဦးေရ မ်ားျပားလ်က္ရွိပါသည္။ ဤသုိ႔ျဖင့္ ျမန္မာႏုိင္ငံ၏ ပညာေရးေလာကတြင္ မိဘမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား ျခာျခာလည္လ်က္ရွိ ၾကပါသည္။ အေျခခံပညာအဆင့္တြင္လည္းစိတ္မေအးရ၊ အေျခခံပညာအဆင့္ ေအာင္ျမင္သြားျပန္ ေတာ့လည္းစိတ္ပူရ စသည္ျဖင့္ မိသားစုတုိင္း ရင္ဆုိင္ေနရေသာ သားငယ္၊ သမီးငယ္မ်ား၏ ဘ၀ေနာင္ေရး အတြက္ ပညာေရးပင္ ျဖစ္ပါသည္။

လက္ရွိျမန္မာႏုိင္ငံ၏ပညာေရးမွာ အမွတ္အနည္းအမ်ားအလုိက္ သက္ဆုိင္ရာ တကၠသုိလ္မ်ားသုိ႔ ၀င္ခြင့္သတ္မွတ္ထားသျဖင့္ အမွတ္မ်ားမွ စိတ္ႀကိဳက္တကၠသုိလ္မ်ား ၀င္ခြင့္ရၿပီး အမွတ္မမ်ားသည္ႏွင့္ တက္လုိရသည့္တကၠသုိလ္ကုိ ႀကံဳသလုိက်ပမ္း တက္လိုက္ၾကရၿပီး ဘ၀ေအာင္ျမင္မႈအတြက္ ဖ႐ိုဖရဲျဖစ္သြားပါေတာ့သည္။ မည္သည့္တကၠသုိလ္တက္တက္ ဘြဲ႕တစ္ခုရရန္သာျဖစ္ၿပီး ေနာက္ဆံုး မည္သည့္တကၠသုိလ္မွ်မရလွ်င္ အေ၀းသင္တကၠသုိလ္တက္ကာ ဘြဲ႕ကုိျဖစ္သည့္နည္းႏွင့္ယူလုိက္ၿပီး အဂၤလိပ္စာကြၽမ္းက်င္မႈ၊ ကြန္ပ်ဴတာကြၽမ္းက်င္မႈ၊ စာရင္းကုိင္ ကြၽမ္းက်င္မႈမ်ားကုိ ျပင္ပပုဂၢလိက သင္တန္းမ်ားတက္ကာ အလုပ္ခြင့္သုိ႔ အေျခခံအဆင့္မ်ားမွ ၀င္တုိးၾကရပါေတာ့သည္။ ေက်ာင္းသူ၊ ေက်ာင္းသား လူငယ္လူရြယ္မ်ားစြာတုိ႔အတြက္ မိမိ၀ါသနာပါရာ ပညာရပ္ကုိ ဆည္းပူးႏုိင္ေသာအခြင့္အေရး မရွိသကဲ့သုိ႔ ေအာင္ျမင္ေသာဘ၀ကုိတည္ေဆာက္ရန္ ပညာရပ္တစ္ခုခုကုိ တတ္သိနားလည္ ကြၽမ္းက်င္ေသာပညာရွင္လည္း ျဖစ္မလာေတာ့ပါ။

စာေမးပြဲက်႐ံႈးေသာ ေက်ာင္းသူ၊ ေက်ာင္းသားအမ်ားစုမွာလည္း တကၠသုိလ္၀င္တန္း စာေမးပြဲကုိေျဖဆုိေသာ ေက်ာင္းသူ၊ ေက်ာင္းသားစုစုေပါင္း၏ (၇၀%)ခန္႔သည္ စာေမးပြဲမေအာင္ျမင္ၾကသျဖင့္ အသက္ (၁၇)ႏွစ္၊ (၁၈)ႏွစ္ အရြယ္ေကာင္း လူငယ္လူရြယ္မ်ား ဘ၀ပ်က္ၾကရျပန္ပါသည္။ တန္ဖိုးရွိေသာ ဘ၀တစ္ခုကုိ စရမည့္အခ်ိန္တြင္ပင္ ေန၀င္ခ်ိန္သုိ႔ ေရာက္သြားၾကၿပီး ျဖစ္သလုိ၊ ႀကံဳသလုိ စခန္းသြားၾကပါေတာ့သည္။ တုိင္းျပည္အတြက္ တန္ဖုိးရွိေသာ လူငယ္လူရြယ္မ်ား၏ စြမ္းအားကုိဆံုး႐ႈံးသကဲ့သုိ႔ ငယ္ရြယ္စဥ္ မူလတန္းအဆင့္မွ ျပဳစုပ်ိဳးေထာင္ ပညာသင္ေပးလာေသာ မိဘမ်ား အတြက္လည္း ရင္ကြဲပက္လက္ ျဖစ္ၾကရျပန္ပါသည္။

ထုိ႔ေၾကာင့္ ျမန္မာႏုိင္ငံ၏ လက္ရွိပညာေရးစနစ္အတြင္း၀ယ္ မိဘမ်ားမွလည္း ေသခ်ာစြာ နားမလည္၊ ေက်ာင္းသူ၊ ေက်ာင္းသားမ်ားမွလည္း မည္သည့္ပညာရပ္ကုိ စိတ္၀င္စားသည္ကုိ မိမိကုိယ္တုိင္ပင္ မသိ ျဖစ္ေနၾကၿပီး အဆင္ေျပသလုိ၊ ႀကံဳသလုိ စခန္းသြားေနၾကရာ အသိပညာ အေရးပါေသာ ေခတ္ႀကီးတြင္ တုိင္းျပည္လည္းအက်ိဳးမရွိ၊ မိသားစုလည္းအက်ိဳးမရွိ၊ ေက်ာင္းသူ၊ ေက်ာင္းသား လူငယ္လူရြယ္မ်ားလည္း အက်ိဳးမရွိျဖစ္ေနေသာ အေျခအေနပင္ ျဖစ္ပါသည္။ ယင္းအခက္အခဲကုိ ေက်ာ္လႊားႏုိင္ရန္မွာ ပညာေရး အဖြဲ႕အစည္းတစ္ခုခုႏွင့္ ညႇိႏိႈင္းတုိင္ပင္သင့္ပါသည္။ MCC အေနျဖင့္ မိဘမ်ားႏွင့္ ေက်ာင္းသူ၊ ေက်ာင္းသားမ်ားကုိ အၾကံဉာဏ္ေပးရန္ အၿမဲအသင့္ရွိပါသည္။ လူကုိယ္တုိင္ လာေရာက္၍ ေမးေသာ္လည္းေကာင္း၊ MCC ၏ Facebook Page မွတစ္ဆင့္ လည္းေကာင္း ဆက္သြယ္ စံုစမ္းေမးျမန္းႏုိင္ပါသည္။ ေက်ာင္းသူ၊ ေက်ာင္းသားမ်ား၏ ဘ၀ေနာင္ေရး အတြက္ ဆံုးျဖတ္ခ်က္ မမွားေစရန္ ေဆြးေႏြးတုိင္ပင္သင့္ပါသည္။

(Unicode Version)

ရှုပ်ထွေးလျက်ရှိသော ဘဝအောင်မြင်ရေးအတွက် ပညာရေး

မိသားစုတိုင်းအတွက် အဓိကအခြင်းအရာတစ်ခုမှာ မိသားစုဝင် သားငယ်၊ သမီးငယ်များ၏ ပညာရေးပင် ဖြစ်ပါသည်။ ကျောင်းအပ်နှံရမည့်အရွယ်ဖြစ်သော အသက် (၆)နှစ်မတိုင်မီကပင် မူကြို ဟူသော မူလတန်းကြိုအတန်းကို စတင်တက်ရောက်လျက်ရှိပြီး မူလတန်း၊ အလယ်တန်း၊ အထက် တန်းစသည်အားဖြင့် အဆင့်ဆင့်ပညာသင်ယူစေပါသည်။ ထိုကဲ့သို့ အခြေခံအဆင့် ပညာသင်ကြားပေးရာ၌ ခေါင်းကိုက်ရန်မလို၊ ဘာသာရပ်ရွေးချယ်ရန်မလို နိုင်ငံတော်မှ ပြဋ္ဌာန်းထားသော သင်းရိုးများကို လေ့လာသင်ယူရန်သာဖြစ်ပါသည်။ သို့သော် မည်သည့်ကျောင်းတွင် ထားမည်ဟူသော ပြဿနာတော့ရှိပါသည်။ မိမိတို့၏ရင်သွေးငယ်များအတွက် သင့်လျော်မည့် အဆင့်အတန်းရှိမည့် ကျောင်းကောင်းကောင်းတွင်ထားနိုင် ရန်ဖြစ်ပါသည်။ မိဘများ၏ သောကတစ်ခုမှာ ကလေးများ စာမေးပွဲအောင်မြင်ရေး၊ အမှတ်များများရပြီးအဆင့်ကောင်းမွန်ရေး ဖြစ်ပါသည်။ ထို့ကြောင့် ကျူရှင်ထားကြရပြန်ပါသည်။ ငွေကုန်ကြေးကျခံကာ အကောင်းဆုံးကျူရှင်များကို မူလတန်းမှ စတင်ကာ တက္ကသိုလ်ဝင်တန်းအထိ အားနည်းသော ဘာသာရပ်သာမက ဘာသာစုံ ကျူရှင်များထားကာ မိဘရော၊ သားသမီးများပါ မီးကုန်ယမ်းကုန် ကြိုးစားကြရပြန်ပါသည်။ အခြားနည်းလမ်းတစ်ခုမှာ နာမည်ကြီးကိုယ်ပိုင်ကျောင်းများသို့ ငွေကုန်ကြေးကျခံကာ ကျောင်းအိပ်ကျောင်းစား အပ်နှံပြီး ပညာသင် စေခြင်းဖြစ်ပါသည်။ ဤသို့ဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုကြရသည့် အဆင့်ထိ ရောက်လာပြီး စာမေးပွဲဖြေဆိုကာ အောင်စာရင်းကို ရင်တမမနှင့်စောင့်မျှော်ရင်း၊ အောင်စာရင်း ထွက်လာသောအခါ အောင်သူအောင်၊ ကျရှုံးသူကျရှုံးဖြင့် ဘဝစာမေးပွဲ အချိုးအဆစ်တစ်ခုကို ရောက်ရှိ သွားကြပါတော့သည်။ စာမေးပွဲအောင်မြင်သူများ အတွက်လည်း ဂုဏ်ထူးရမရ၊ အမှတ်စုစုပေါင်းမည် မျှရသည်ဟူသော အောင်မြင်သည့် အဆင့်ပေါ်တည်ပြီး ၀မ်းနည်းဝမ်းသာ ဖြစ်ကြရသကဲ့သို့ စာမေးပွဲ ကျရှုံးသူများအတွက် ၀မ်းနည်းကြေကွဲရုံသာမက ဘဝပျက်ကြရမတတ် ဖြစ်ကြရပါသည်။ နောက်တစ် ကြိမ်ပြန်ကြိုးစားကြရသလို အများစုမှာ ပညာတစ်ပိုင်းတစ်စဖြင့် ကျောင်းထွက်ကြရပါသည်။ တက္ကသိုလ် ၀င်တန်းစာမေးပွဲ အောင်မြင်နှုန်းမှာ (၃၀%) ထက်မပိုသဖြင့် နှစ်စဉ်ပျမ်းမျှ စာမေးပွဲဖြေဆိုသူ ကျောင်းသူ၊ ကျောင်းသား (၆၀၀၀၀၀) ခန့်ရှိရာ စာမေးပွဲမအောင်မြင်သူ (၄၂၀၀၀၀)၏ ကံကြမ္မာသည် အဟောသိကံဖြစ်ကုန်ကြပါသည်။

စာမေးပွဲအောင်မြင်သူ ကျောင်းသူ၊ ကျောင်းသားများအတွက် ၀မ်းသာလုံးဆို့ပြီး အခါတွင် မိဘများအဖို မိမိတို့၏သားငယ်၊ သမီးငယ်များ ပညာဆက်လက် သင်ကြားရေးအတွက် ခေါင်းကိုက်ကြရပြန်ပါသည်။ မည်သည့် အဆင့်မြင့်ပညာကို ဆည်းပူးရန်၊ မည်သည့် တက္ကသိုလ်ထား မည်လဲဟူသော ပြဿနာပင်ဖြစ်ပါသည်။ ယေဘုယျအားဖြင့် တက္ကသိုလ်ဝင် ခွင့်အမှတ်အနည်း အများအလိုက် ပထမဦးစားပေးမှာ ဆေးတက္ကသိုလ်၊ ဒုတိယဦးစားပေးမှာ အင်ဂျင်နီယာတက္ကသိုလ်၊ တတိယဦးစားပေး ကွန်ပျူတာတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ ရေကြောင်းပညာတက္ကသိုလ် ရှုပ်ထွေးလျက်ရှိသော ဘဝအောင်မြင်ရေးအတွက် ပညာရေး စသည်အားဖြင့် လျှောက်ထားလေ့ရှိကြပါသည်။ သက်ဆိုင်ရာ တက္ကသိုလ်များ၏ လက်ခံနိုင်မည့် ကျောင်းသား အရေအတွက် ပေါ်တည်ပြီး အမှတ်မည်မျှရမှ ဆေးတက္ကသိုလ်တက်နိုင်မည်၊ နည်းပညာတက္ကသိုလ်တက်နိုင်မည်၊ စီးပွားရေးတက္ကသိုလ်တက်နိုင်မည် စသည်တို့ဖြစ်ပါသည်။ ထို့ကဲ့သို့ တက္ကသိုလ်အသီးအသီးမှ လက်ခံနိုင်မည့် ကျောင်းသူ၊ ကျောင်းသား အရေအတွက်စုစုပေါင်းမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင် မြင်သူအားလုံး၏ (၃၀%)ခန့်သာဖြစ်သဖြင့် အမှတ်အရနည်းပြီး နာမည်ကြီးတက္ကသိုလ်များသို့ တက်ရောက်ခွင့်မရကြသော ကျောင်းသား၊ ကျောင်းသူအများစုမှာ အဝေးသင်တက္ကသိုလ် (Distance Learning) သို့ ရောက်ရှိ သွားကြရပြန်ပါသည်။ ယင်းရောက်ရှိသွားသော ကျောင်းသူ၊ ကျောင်းသားအရေအတွက်မှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သူ စုစုပေါင်း၏ (၇၀%)ခန့်ပင်ရှိသည်ဟု သိရပါသည်။ တက္ကသိုလ်များကို ရွေးချယ်ရာတွင်လည်း အလုပ်အကိုင် ရရှိနိုင်မှုပေါ်မူတည်ပြီး ရွေးချယ်ကြသဖြင့် အလုပ်အကိုင်ရရှိစေနိုင်သော ရေကြောင်း ပညာတက္ကသိုလ်၊ သူနာပြုတက္ကသိုလ်စသည့်နေရာများသို့ ပြုံတိုးကြသလို မြို့ပြင်ဝေးလံသော တက္ကသိုလ်များသို့မသွားလိုကြသဖြင့် မြို့လယ်ခေါင်တွင်ရှိသော နိုင်ငံခြား ဘာသာတက္ကသိုလ်သို့လည်း လျှောက်ထားသည့်ဦးရေ များပြားလျက်ရှိပါသည်။ ဤသို့ဖြင့် မြန်မာနိုင်ငံ၏ ပညာရေးလောကတွင် မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ ခြာခြာလည်လျက်ရှိ ကြပါသည်။ အခြေခံပညာအဆင့်တွင်လည်းစိတ်မအေးရ၊ အခြေခံပညာအဆင့် အောင်မြင်သွားပြန် တော့လည်းစိတ်ပူရ စသည်ဖြင့် မိသားစုတိုင်း ရင်ဆိုင်နေရသော သားငယ်၊ သမီးငယ်များ၏ ဘဝနောင်ရေး အတွက် ပညာရေးပင် ဖြစ်ပါသည်။

လက်ရှိမြန်မာနိုင်ငံ၏ပညာရေးမှာ အမှတ်အနည်းအများအလိုက် သက်ဆိုင်ရာ တက္ကသိုလ်များသို့ ၀င်ခွင့်သတ်မှတ်ထားသဖြင့် အမှတ်များမှ စိတ်ကြိုက်တက္ကသိုလ်များ ၀င်ခွင့်ရပြီး အမှတ်မများသည်နှင့် တက်လိုရသည့်တက္ကသိုလ်ကို ကြုံသလိုကျပမ်း တက်လိုက်ကြရပြီး ဘဝအောင်မြင်မှုအတွက် ဖရိုဖရဲဖြစ်သွားပါတော့သည်။ မည်သည့်တက္ကသိုလ်တက်တက် ဘွဲ့တစ်ခုရရန်သာဖြစ်ပြီး နောက်ဆုံး မည်သည့်တက္ကသိုလ်မျှမရလျှင် အဝေးသင်တက္ကသိုလ်တက်ကာ ဘွဲ့ကိုဖြစ်သည့်နည်းနှင့်ယူလိုက်ပြီး အင်္ဂလိပ်စာကျွမ်းကျင်မှု၊ ကွန်ပျူတာကျွမ်းကျင်မှု၊ စာရင်းကိုင် ကျွမ်းကျင်မှုများကို ပြင်ပပုဂ္ဂလိက သင်တန်းများတက်ကာ အလုပ်ခွင့်သို့ အခြေခံအဆင့်များမှ ၀င်တိုးကြရပါတော့သည်။ ကျောင်းသူ၊ ကျောင်းသား လူငယ်လူရွယ်များစွာတို့အတွက် မိမိဝါသနာပါရာ ပညာရပ်ကို ဆည်းပူးနိုင်သောအခွင့်အရေး မရှိသကဲ့သို့ အောင်မြင်သောဘဝကိုတည်ဆောက်ရန် ပညာရပ်တစ်ခုခုကို တတ်သိနားလည် ကျွမ်းကျင်သောပညာရှင်လည်း ဖြစ်မလာတော့ပါ။ စာမေးပွဲကျရှုံးသော ကျောင်းသူ၊ ကျောင်းသားအများစုမှာလည်း တက္ကသိုလ်ဝင်တန်း စာမေးပွဲကိုဖြေဆိုသော ကျောင်းသူ၊ ကျောင်းသားစုစုပေါင်း၏ (၇၀%)ခန့်သည် စာမေးပွဲမအောင်မြင်ကြသဖြင့် အသက် (၁၇)နှစ်၊ (၁၈)နှစ် အရွယ်ကောင်း လူငယ်လူရွယ်များ ဘဝပျက်ကြရပြန်ပါသည်။ တန်ဖိုးရှိသော ဘဝတစ်ခုကို စရမည့်အချိန်တွင်ပင် နေဝင်ချိန်သို့ ရောက်သွားကြပြီး ဖြစ်သလို၊ ကြုံသလို စခန်းသွားကြပါတော့သည်။ တိုင်းပြည်အတွက် တန်ဖိုးရှိသော လူငယ်လူရွယ်များ၏ စွမ်းအားကိုဆုံးရှုံးသကဲ့သို့ ငယ်ရွယ်စဉ် မူလတန်းအဆင့်မှ ပြုစုပျိုးထောင် ပညာသင်ပေးလာသော မိဘများ အတွက်လည်း ရင်ကွဲပက်လက် ဖြစ်ကြရပြန်ပါသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ လက်ရှိပညာရေးစနစ်အတွင်းဝယ် မိဘများမှလည်း သေချာစွာ နားမလည်၊ ကျောင်းသူ၊ ကျောင်းသားများမှလည်း မည်သည့်ပညာရပ်ကို စိတ်ဝင်စားသည်ကို မိမိကိုယ်တိုင်ပင် မသိ ဖြစ်နေကြပြီး အဆင်ပြေသလို၊ ကြုံသလို စခန်းသွားနေကြရာ အသိပညာ အရေးပါသော ခေတ်ကြီးတွင် တိုင်းပြည်လည်းအကျိုးမရှိ၊ မိသားစုလည်းအကျိုးမရှိ၊ ကျောင်းသူ၊ ကျောင်းသား လူငယ်လူရွယ်များလည်း အကျိုးမရှိဖြစ်နေသော အခြေအနေပင် ဖြစ်ပါသည်။ ယင်းအခက်အခဲကို ကျော်လွှားနိုင်ရန်မှာ ပညာရေး အဖွဲ့အစည်းတစ်ခုခုနှင့် ညှိနှိုင်းတိုင်ပင်သင့်ပါသည်။ MCC အနေဖြင့် မိဘများနှင့် ကျောင်းသူ၊ ကျောင်းသားများကို အကြံဉာဏ်ပေးရန် အမြဲအသင့်ရှိပါသည်။ လူကိုယ်တိုင် လာရောက်၍ မေးသော်လည်းကောင်း၊ MCC ၏ Facebook Page မှတစ်ဆင့် လည်းကောင်း ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။ ကျောင်းသူ၊ ကျောင်းသားများ၏ ဘဝနောင်ရေး အတွက် ဆုံးဖြတ်ချက် မမှားစေရန် ဆွေးနွေးတိုင်ပင်သင့်ပါသည်။