လန္ဒန္သြား ေတာလား . . .
အ၀ါရင့္ေရာင္ ေမပယ္ရြက္ေၾကြ ကေလးမ်ားကုိ ေတြ႕ရေတာ့ စာေရးသူတုိ႔ တကၠသုိလ္ တက္စဥ္က တေဆြးေျမ့ေျမ့ ဖတ္ခဲ့ရေသာ တကၠသုိလ္ဘုန္းႏုိင္၏ အခ်စ္၀တၳဳမ်ား၌ အဂၤလန္၏ ေဆာင္းဦး ေပါက္ကာလ ေဖာ္ၾကဴးခဲ့သည္မ်ားကုိ သတိရၿပီး လြမ္းသလုိ ေဆြးသလုိ ခံစားလိုက္ရၿပီး ျပန္လည္ ႏုပ်ိဳသြား ျပန္ပါေတာ့သည္။ ဒီတစ္ေခါက္ လန္ဒန္ေရာက္ ျပန္ပါၿပီ။ တည္းခုိေနက် လန္ဒန္ၿမိဳ႕လယ္ ေမဖယ္ရား အရပ္ရွိ Holiday Inn ဟုိတယ္မွာ ေနရင္း လမ္းတစ္ဖက္ ကူးလိုက္လွ်င္ ေရာက္ေနၿပီျဖစ္သည့္ Gree Park ဥယ်ာဥ္ႀကီးအတြင္း လမ္းေလွ်ာက္ၿပီး (Jogying) ျပဳလုပ္ေနက်အတုိင္း ျပဳလုပ္ရင္း အ၀ါရင့္ေရာင္ ေမပယ္ရြက္မ်ားကုိ ေတြ႕ရသည့္
အတြက္ တကၠသုိလ္ကုိေရာ၊ ဆရာႀကီး တကၠသုိလ္ဘုန္းႏုိင္ကုိေရာ သူေရးသားခဲ့သည့္ “ သူငယ္ခ်င္းလုိ႔ဘဲ ဆက္၍ေခၚမည္ခုိင္ ” ၀တၳဳထဲက ခိုင္တုိ႔ .. ႀကိဳင္တုိ႔ . . လိႈင္ . . တုိ႔ကိုေရာ သတိရလိုက္မိပါသည္။
လန္ဒန္ကုိ မၾကာခဏ ေရာက္တုိင္း သတိမရဘဲ မေနႏုိင္သည့္ အျဖစ္အပ်က္တစ္ခု ရွိပါသည္။ ရယ္စရာလည္းေကာင္း၊ ေၾကာက္စရာလည္းေကာင္း၊ ျဖစ္တုန္းက ေဇာေခြၽးျပန္ခဲ့ၿပီး ျဖစ္ၿပီး ျပန္စၿမံဳ႕ ျပန္ေတာ့ ရယ္စရာေကာင္းသည့္ အေတြ႕အႀကံဳလုိ႔ ေျပာႏုိင္ပါတယ္ . . ။
“ ကြၽန္ေတာ္တုိ႔ အားတံုးေလး ပစ္ကပ္ဒလီ (Piccadailly) ဘက္ သြားရေအာင္လား . .” လုိ႔ စတင္လုိက္တာက
လန္ဒန္ခရီးကုိ အတူလာခဲ့သူ တကၠသုိလ္ ပါေမာကၡခ်ဳပ္တစ္ဦး ျဖစ္ပါတယ္။ ဒါနဲ႔ပဲ စာေရးသူနဲ႔ ပါေမာကၡခ်ဳပ္တုိ႔ ပစ္ကပ္ဒလီအရပ္ကုိ လန္ဒန္ေျမေအာက္ ရထားစီးၿပီး Piccadilly Circus ဘူတာကေန အေပၚကုိ တက္ခဲ့ပါတယ္။ လန္ဒန္ၿမိဳ႕ရဲ႕ နာမည္ႀကီး လူစည္ကားရာ ေနရာျဖစ္တဲ့အတြက္ လန္ဒန္သုိ႔ အလည္လာတဲ့ ခရီးသြားေတြေရာ၊ လန္ဒန္ၿမိသူၿမိဳ႕သားေတြေရာ ႐ႈပ္ယွက္ခပ္ေနေတာ့ စာေရးသူတုိ႔လည္း အမ်ားနဲ႔ေရာၿပီး ေလွ်ာက္ၾကည့္ေနရာ တစ္ေနရာေရာက္ေတာ့ ဆုိင္းဘုတ္တစ္ခု ေတြ႕လိုက္ပါတယ္။ "Belly Dance Just £ 9”
ဆရာေရ . . မဆုိးဘူးထင္တယ္ . . လန္ဒန္ေရာက္တံုး Belly Dance ေလးဘာေလး ၾကည့္ရေအာင္ အေတြ႕အႀကံဳေပါ့ . . ”
“ ဟုတ္ပါ့ ပါခ်ဳပ္ႀကီးေရ . . ကြၽန္ေတာ္ ဘယ္သူ႕ကုိမွ ျပန္မေျပာပါဘူး လန္ဒန္သြား ေတာလား ..... စမ္းၾကည့္တာေပါ့ . . ”
ဒါနဲ႔ပဲ ဆုိင္းဘုတ္ညႊန္ျပရာ ေျမေအာက္ဘက္ကုိ ေလွခါးနဲ႔ ဆင္းသြားလိုက္ေတာ့ ေအာက္ထပ္အခန္းမွာ ဘယ္သူမွ မေတြ႔ရဘဲ ဆက္တီတစ္စံုပဲ ခ်ထားတာ ေတြ႕ရတယ္။ Belly Dance ကမဲ့ ဇာတ္ခံုလည္း မေတြ႕ရတာနဲ႔ ငါတုိ႔ေတာ့ အညာမိၿပီဆုိၿပီး ေတြ႕ရတဲ့ အေစာင့္ကုိ ေမးပါတယ္။
“ ေဟ့ . . မင္းတုိ႔ Belly Dance ဘယ္မွာလဲ . . ဘာမွလည္း မေတြ႕ရပါလား . .”
“ ခဏထိုင္ၿပီး ေစာင့္ပါ . . လာပါလိမ့္မယ္ . .”
သူေျပာတဲ့အတုိင္း ခဏၾကာေတာ့ လာပါၿပီ။ ေထာင္ေထာင္ေမာင္းေမာင္း မ်က္လံုးက်ယ္က်ယ္နဲ႔ အာရပ္မကေခ်သည္၊ ဗိုက္သားလႈပ္ ကျပဖုိ႔ ဗုိက္သား အထင္းသားနဲ႔ လာပါၿပီ။ ၿပီးေတာ့ Belly Dance ကျပေတာ့ ကြၽန္ေတာ္တုိ႔ Belly Dance ဆုိတာ ပထမဆံုး ေတြ႕ရလုိ႔ ပီတိ ျဖစ္သြားေတာ့တာပါဘဲ။ တစ္ခ်ီကၿပီးေတာ့ ကြၽန္ေတာ္တုိ႔ထုိင္တဲ့ ဆက္တီခံုမွာ ကပ္ထုိင္ရင္း သူက အခ်ိဳရည္ ကြၽန္ေတာ္တုိ႔အတြက္ တဘီယာ မွာပါေတာ့တယ္။ ဒီအထိ အားလံုး အုိေကမွာ စုိေျပေနေသးတယ္။ မၾကာခင္ ကေခ်သည္အာရပ္မ အတြင္း၀င္သြားၿပီး ဗလနဲ႔ လူထြားႀကီးက စာရြက္တစ္ရြက္နဲ႔ ကြၽန္ေတာ္တုိ႔ေဘးကုိ လာထုိင္ပါတယ္။ ၿပီးေတာ့ ေငြရွင္းဖုိ႔ စာရြက္မွန္းသိလိုက္ရၿပီး ၾကည့္လိုက္ေတာ့ အဂၤလိပ္ေငြ ေပါင္ (၉၀၀)တဲ့ . . ျမတ္စြာဘုရား .. .တစ္ခုခုေတာ့ မွားေနၿပီထင္တယ္လုိ႔ . . ျပန္ေမးေတာ့ မမွားပါဘူးတဲ့ ေပးမွာသာ ေပးပါတဲ့ မေပးရင္ေတာ့ဆုိၿပီး သူရဲ႕ လက္ေမာင္း ၾကြက္သားကုိ ျပပါေတာ့တယ္ . . ။
“ ဆရာေရ ဘယ္လုိလုပ္ၾကမလဲ .. ဒီငနဲေတြ ကြၽန္ေတာ္တုိ႔ကုိ အမဲဖမ္းေနၿပီ..” လုိ႔ ကတုန္ကရင္ ေျပာပါတယ္။ စာေရးသူလည္း ဘာလုပ္ရမွန္းမသိ။ ဗလႀကီးကလည္း ႐ုိက္မယ္ပုတ္မယ္ တစ္ကဲကဲနဲ႔… ခက္ေတာ့ခက္ကုန္ပါၿပီ။ ပါခ်ဳပ္ႀကီးကလည္း သူ႕အိတ္ကပ္ထဲမွာ ထည့္လာတဲ့ ေဒၚလာ (၁၀၀) တန္(၃) ရြက္ကုိ ထုတ္ေပးၿပီး ဒါဘဲပါတယ္လုိ႔ ေတာင္းေတာင္းပန္ပန္ေျပာေနတုန္း စာေရးသူကလည္း အိတ္ထဲႏုိက္လိုက္ေတာ့ ထုိင္းဘတ္ေငြ တစ္ေထာင္တန္တစ္ရြက္၊ ငါးရာတန္တစ္ရြက္ေတြ႕တာနဲ႔ ထုတ္ေပးလိုက္ေတာ့ ဗလႀကီး နဲနဲေၾကာင္သြားတယ္။ အဲဒီအခ်ိန္မွာ ကယ္တင္ရွင္ေတြ ေရာက္လာပါတယ္။ ရဲေတြလုိ႔ေတာ့ မထင္ပါနဲ႔ ကြၽန္ေတာ္တုိ႔လုိ မအူမလယ္ ႏုိင္ငံျခားသားႏွစ္ေယာက္ ေလွခါးက ဆင္းလာလုိ႔ ဒီေကာင္ေတြ ေနာက္ထပ္ အမဲဖမ္းဖုိ႔ အာ႐ံုေျပာင္းေပးတဲ့အခ်ိန္မွာ ကြၽန္ေတာ္တုိ႔အေပၚကုိ ထြက္ေျပးခဲ့ၾကၿပီး လမ္းမေပၚေရာက္မွ သက္ပ်င္းခ် ႏုိင္ပါေတာ့တယ္။ ခဏေလးၾကည့္လိုက္ရတဲ့ Belly Dance ဘယ္ေရာက္သြားမွန္း မသိလိုက္ေတာ့ . .
အထက္ေဖာ္ျပပါ အျဖစ္အပ်က္သည္ ၁၉၉၄ ခုႏွစ္တြင္ ၿဗိသတိသွ်ေကာင္စီ အစီအစဥ္ျဖင့္ အဂၤလန္မွ သင္တန္းမ်ားကုိ ျမန္မာႏုိင္ငံမွာ သင္ၾကားေပးေနသည့္ အဖြဲ႕အစည္းမ်ားမွ တာ၀န္ရွိသူမ်ား အဂၤလန္ႏုိင္ငံသုိ႔ ေလ့လာေရးအစီအစဥ္ သြားေရာက္စဥ္ ျဖစ္ပ်က္ခဲ့ျခင္း ျဖစ္ပါသည္။ (၁၉၈၉) ခုႏွစ္ ျမန္မာႏုိင္ငံ ဆုိရွယ္လစ္စနစ္မွ ေစ်းကြက္ စီးပြားေရးစနစ္ ေျပာင္းအၿပီး အနည္းငယ္ လြတ္လပ္ခြင့္ရလာခ်ိန္ ႏုိင္ငံျခား ဒီပလုိမာႏွင့္ ဘြဲ႕သင္တန္းမ်ားကုိ ျမန္မာႏုိင္ငံတြင္ သင္ၾကားႏုိင္ရန္ ႀကိဳးပမ္းခဲ့ၾကေသာ အခ်ိန္၌ ျဖစ္ပါသည္။ MCC မွ ဆရာႀကီး ဦးတင္၀င္းေအာင္လည္း ပါပါတယ္။ တစ္ကယ္ေတာ့ Belly Dance ၾကည့္ဖုိ႔ သြားတာမဟုတ္ပါ။ ဒီကေန႔အထိ ေအာင္ျမင္စြာ သင္ၾကားေနေသာ ႏုိင္ငံတကာ ကြန္ပ်ဴတာ ဒီပလိုမာမ်ားႏွင့္ အဂၤလန္ႏုိင္ငံ တကၠသုိလ္မ်ားမွ ခ်ီးျမႇင့္မည့္ ကြန္ပ်ဴတာ သိပၸံ ဒီပလုိမာ သင္တန္းမ်ားအတြက္ သြားခဲ့ရာ ပညာေရး အဖြဲ႕အစည္းႏွင့္ တကၠသုိလ္မ်ားသုိ႔ ကုိယ္တုိင္ကုိယ္က် သြားေရာက္ခဲ့ျခင္းသာ ျဖစ္ပါသည္။ Belly Dance မွာ အဆစ္ပါ သြားျခင္းသာ ျဖစ္ပါသည္။
“ သားေရ . .တုိ႔ ဘုိစာေတြခ်ည္း စားေနတာ ၿငီးေငြ႕လာၿပီကြာ။ တ႐ုတ္စာေလး ဘာေလး စားရေအာင္ . . China Town ဘက္ သြားရရင္ေကာင္းမလား ..”
“ ဟုိတယ္က လမ္းေလွ်ာက္သြား႐ံုပဲ . . တဲ့တဲ့ေလွ်ာက္ရင္ Piccadilly ေရာက္မယ္။ ၿပီးေတာ့ Lacester Square . . ၿပီးေတာ့ ဘယ္ဘက္ခ်ိဳးရင္ ... China Town ...”
MCC က သင္ေနတဲ့ ႏုိင္ငံတကာ ကြန္ပ်ဴတာဒီပလုိမာေတြ ရၿပီး ေနာက္ဆံုးႏွစ္ကုိ အဂၤလန္ႏုိင္ငံ လႊတ္လိုက္လုိ႔ Oxford Brook တကၠသုိလ္က ကြန္ပ်ဴတာသိပၸံဘြဲ႕ရၿပီး စကၤာပူႏုိင္ငံမွာ Business Analyst အျဖစ္ အလုပ္လုပ္ေနတဲ့ သားေတာ္ေမာင္ . . က လန္ဒန္ကုိ ကြၽမ္းသူပီပီ လမ္းညႊန္လိုက္ပါတယ္။ Piccadilly ၾကားလိုက္ေတာ့ . . အရင္တံုးက Belly Dance အျဖစ္သတိရၿပီး ရယ္ျခင္သလုိလည္းျဖစ္ . . ၾကက္သီးေမႊးညႇင္းလည္း ထသြားပါတယ္။ Piccadilly ဆုိတာ ကမၻာ့နာမည္ၾကီး ျပဇာတ္႐ံုေတြ၊ ကာစီႏုိေတြ ရွိတဲ့ေနရာပါ။ ေတာသားေတြမုိ႔ ေစ်းေပါနဲ႔ ရတယ္ထင္ၿပီး ေျမေအာက္ထပ္ကုိသြားလုိ႔ ျဖစ္တာပါ။ တန္ရာတန္ေၾကးေပးၿပီး ေျမေပၚက ျပဇာတ္႐ံုေတြမွာ ႀကိဳက္တဲ့ပြဲေတြ ၾကည့္လုိ႔ရပါတယ္။
ဒီတစ္ေခါက္လန္ဒန္ ခရီးစဥ္ကလည္း MCC က မၾကာခင္ တည္ေထာင္ ဖြင့္လွစ္ေတာ့မယ့္ တကၠသုိလ္ႀကီးအတြက္ အတူလက္တြဲလုပ္ဖုိ႔ University of London နဲ႔ အစည္းအေ၀းလုပ္ဖုိ႔ လာတာပါ။ ပုဂၢလိကတကၠသုိလ္ဥပေဒ ထြက္လာတာနဲ႔ တကၠသုိလ္ႀကီး တည္ေထာင္တဲ့အခါ ကမၻာ့နာမည္ႀကီး တကၠသုိလ္ေတြနဲ႔ ပူးေပါင္းဖုိ႔ လုိပါတယ္။ MCC က University of London နဲ႔ ပူးေပါင္းဖုိ႔ ဆံုးျဖတ္လိုက္ၿပီး အေသးစိတ္ေတြ ညိႇႏိႈင္းဖို႔ လာခဲ့တာ ျဖစ္ပါတယ္။ ၿပီးေတာ့ Birmingham City University နဲ႔လည္း Polytechnic ဒီပလုိမာၿပီးရင္ Top-Up Degree Program အတြက္လည္း လုပ္ေနလုိ႔ သူတုိ႔နဲ႔လည္း ေရာက္တံုး ေတြ႕ရပါအံုးမယ္ ...
ေတာသားပံုစံနဲ႔ မလယ္႐ႈပ္လုပ္လုိ႔ ရွိသမွ် ပိုက္ဆံေတြ အကုန္ေျပာင္ၿပီးလြတ္ ေအာင္ေျပးခဲ့ရတဲ့ Piccadilly ရဲ႕ Belly Dance . . . ကုိ တခါေသဘူး ပ်ဥ္ဘုိးနား လည္ဆုိသလုိ လန္ဒန္ကုိ မၾကာခဏေရာက္ ေပမယ့္ မသြားျဖစ္ေတာ့ပါဘူး။
ဒါေပမယ့္ ပါခ်ဳပ္ႀကီးက ေနာက္တစ္ေခါက္ထပ္သြားခဲ့ ပါတယ္။ ပါခ်ဳပ္ႀကီး ေနာက္တစ္ေခါက္ လန္ဒန္ခရီးစဥ္မွာ အဖြဲ႕ေတာ္ေတာ္ေကာင္းပါတယ္။ အားလံုးငါးေယာက္ ဗုိလ္မွဴးႀကီး တစ္ေယာက္လည္းပါတယ္။ ပါခ်ဳပ္ႀကီးက လူတတ္ႀကီးလုပ္ၿပီး Piccadilly ကုိ ေခၚ သြားပါတယ္။ သူ႕စိတ္ထဲမွာေတာ့ အရင္ တစ္ေခါက္က ႏွစ္ေယာက္ ထဲမု႔ိလုိ႔ ဒီတစ္ ေခါက္ ငါးေယာက္ဆုိေတာ့ ဘာမွ မျဖစ္တန္ဘူးေပါ့။ ဗုိလ္မွဴးႀကီးလည္းပါေတာ့ အားကုိးတႀကီးနဲ႔ အပိုင္ဘဲဆုိၿပီး အရင္သြား ခဲ့တဲ့ Belly Dance ေနရာကုိ အရင္အတုိင္းသြားခဲ့တာ အရင္အတုိင္းဘဲ ခံလိုက္ရတယ္လုိ႔ ၾကားလိုက္ရပါတယ္။ ဒါ့ေၾကာင့္ တစ္ေယာက္တည္းဘ ဲသြားသြား အုပ္စုနဲ႔ဘဲသြားသြား ႏုိင္ငံျခားေရာက္ရင္ ကုိယ့္ပံုစံေတြက ေတာဂိုက္ေပါက္ေနလုိ႔ ၀ုိင္းၿပီး အခ်ဥ္ဖမ္း တတ္တာကုိ သတိထားရပါမယ္။
ေခတ္ႀကီး တုိးတက္ပါတယ္ဆုိတဲ့ အဂၤလန္သြားသြား၊ အေမရိကန္၊ ဂ်ပန္၊ ျပင္သစ္ ဘယ္သြားသြားခံရမွာ ေသခ်ာပါတယ္။ ခံရတဲ့ Story ေတြလည္း အမ်ားႀကီးပါ။
“ အေဖ . . ထမင္းစားေလ .. ဘာေတြ ေတြးေနလုိ႔ . . ၿပံဳးေနရတာလဲ. . တ႐ုတ္စာစားမယ္ဆုိလုိ႔ ဒီဆုိင္ကုိလာတာ .. ဘာလဲ စားမေကာင္းဘူးလား ..”
မိမိ အေတြးနယ္ခ်ဲ႕ေနလုိ႔ သားေတာ္ေမာင္သတိေပးမွ ထမင္းစားေနတာကုိ သတိရလုိ႔ ျပန္ေျပာလိုက္မိပါတယ္။” ေအးကြာ . . Belly ကမေကာင္းဘူး . .” လုိ႔ လႊတ္ကနဲ ေျပာလိုက္မိပါတယ္။
“ ဘာလဲ ၀က္အေခါက္က မာလုိ႔လား . . အေဖဘဲ အေခါက္ကင္ႀကိဳက္တယ္ဆုိ . .”
“ ႏုိး .. ႏုိး .. ႏုိး .. အေခါက္ကင္က ေကာင္းပါတယ္ Belly ကမေကာင္းတာပါ . .”
သူေျပာတဲ့ Belly နဲ႔ ကုိယ္ေျပာတဲ့ Belly မတူဘူးဆုိတာ သားေတာ္ေမာင္ မသိရွာဘူးကုိး။
အီကုိကုိေအာင္
လန်ဒန်သွား တောလား . . .
အဝါရင့်ရောင် မေပယ်ရွက်ကြွေ ကလေးများကို တွေ့ရတော့ စာရေးသူတို့ တက္ကသိုလ် တက်စဉ်က တဆွေးမြေ့မြေ့ ဖတ်ခဲ့ရသော တက္ကသိုလ်ဘုန်းနိုင်၏ အချစ်ဝတ္ထုများ၌ အင်္ဂလန်၏ ဆောင်းဦး ပေါက်ကာလ ဖော်ကြူးခဲ့သည်များကို သတိရပြီး လွမ်းသလို ဆွေးသလို ခံစားလိုက်ရပြီး ပြန်လည် နုပျိုသွား ပြန်ပါတော့သည်။ ဒီတစ်ခေါက် လန်ဒန်ရောက် ပြန်ပါပြီ။ တည်းခိုနေကျ လန်ဒန်မြို့လယ် မေဖယ်ရား အရပ်ရှိ Holiday Inn ဟိုတယ်မှာ နေရင်း လမ်းတစ်ဖက် ကူးလိုက်လျှင် ရောက်နေပြီဖြစ်သည့် Gree Park ဥယျာဉ်ကြီးအတွင်း လမ်းလျှောက်ပြီး (Jogying) ပြုလုပ်နေကျအတိုင်း ပြုလုပ်ရင်း အဝါရင့်ရောင် မေပယ်ရွက်များကို တွေ့ရသည့်
အတွက် တက္ကသိုလ်ကိုရော၊ ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ကိုရော သူရေးသားခဲ့သည့် “ သူငယ်ချင်းလို့ဘဲ ဆက်၍ခေါ်မည်ခိုင် ” ၀တ္ထုထဲက ခိုင်တို့ .. ကြိုင်တို့ . . လှိုင် . . တို့ကိုရော သတိရလိုက်မိပါသည်။
လန်ဒန်ကို မကြာခဏ ရောက်တိုင်း သတိမရဘဲ မနေနိုင်သည့် အဖြစ်အပျက်တစ်ခု ရှိပါသည်။ ရယ်စရာလည်းကောင်း၊ ကြောက်စရာလည်းကောင်း၊ ဖြစ်တုန်းက ဇောချွေးပြန်ခဲ့ပြီး ဖြစ်ပြီး ပြန်စမြုံ့ ပြန်တော့ ရယ်စရာကောင်းသည့် အတွေ့အကြံုလို့ ပြောနိုင်ပါတယ် . . ။
“ ကျွန်တော်တို့ အားတုံးလေး ပစ်ကပ်ဒလီ (Piccadailly) ဘက် သွားရအောင်လား . .” လို့ စတင်လိုက်တာက
လန်ဒန်ခရီးကို အတူလာခဲ့သူ တက္ကသိုလ် ပါမောက္ခချုပ်တစ်ဦး ဖြစ်ပါတယ်။ ဒါနဲ့ပဲ စာရေးသူနဲ့ ပါမောက္ခချုပ်တို့ ပစ်ကပ်ဒလီအရပ်ကို လန်ဒန်မြေအောက် ရထားစီးပြီး Piccadilly Circus ဘူတာကနေ အပေါ်ကို တက်ခဲ့ပါတယ်။ လန်ဒန်မြို့ရဲ့ နာမည်ကြီး လူစည်ကားရာ နေရာဖြစ်တဲ့အတွက် လန်ဒန်သို့ အလည်လာတဲ့ ခရီးသွားတွေရော၊ လန်ဒန်မြိသူမြို့သားတွေရော ရှုပ်ယှက်ခပ်နေတော့ စာရေးသူတို့လည်း အများနဲ့ရောပြီး လျှောက်ကြည့်နေရာ တစ်နေရာရောက်တော့ ဆိုင်းဘုတ်တစ်ခု တွေ့လိုက်ပါတယ်။ "Belly Dance Just £ 9”
ဆရာရေ . . မဆိုးဘူးထင်တယ် . . လန်ဒန်ရောက်တုံး Belly Dance လေးဘာလေး ကြည့်ရအောင် အတွေ့အကြံုပေါ့ . . ”
“ ဟုတ်ပါ့ ပါချုပ်ကြီးရေ . . ကျွန်တော် ဘယ်သူ့ကိုမှ ပြန်မပြောပါဘူး လန်ဒန်သွား တောလား ..... စမ်းကြည့်တာပေါ့ . . ”
ဒါနဲ့ပဲ ဆိုင်းဘုတ်ညွှန်ပြရာ မြေအောက်ဘက်ကို လှေခါးနဲ့ ဆင်းသွားလိုက်တော့ အောက်ထပ်အခန်းမှာ ဘယ်သူမှ မတွေ့ရဘဲ ဆက်တီတစ်စုံပဲ ချထားတာ တွေ့ရတယ်။ Belly Dance ကမဲ့ ဇာတ်ခုံလည်း မတွေ့ရတာနဲ့ ငါတို့တော့ အညာမိပြီဆိုပြီး တွေ့ရတဲ့ အစောင့်ကို မေးပါတယ်။
“ ဟေ့ . . မင်းတို့ Belly Dance ဘယ်မှာလဲ . . ဘာမှလည်း မတွေ့ရပါလား . .”
“ ခဏထိုင်ပြီး စောင့်ပါ . . လာပါလိမ့်မယ် . .”
သူပြောတဲ့အတိုင်း ခဏကြာတော့ လာပါပြီ။ ထောင်ထောင်မောင်းမောင်း မျက်လုံးကျယ်ကျယ်နဲ့ အာရပ်မကချေသည်၊ ဗိုက်သားလှုပ် ကပြဖို့ ဗိုက်သား အထင်းသားနဲ့ လာပါပြီ။ ပြီးတော့ Belly Dance ကပြတော့ ကျွန်တော်တို့ Belly Dance ဆိုတာ ပထမဆုံး တွေ့ရလို့ ပီတိ ဖြစ်သွားတော့တာပါဘဲ။ တစ်ချီကပြီးတော့ ကျွန်တော်တို့ထိုင်တဲ့ ဆက်တီခုံမှာ ကပ်ထိုင်ရင်း သူက အချိုရည် ကျွန်တော်တို့အတွက် တဘီယာ မှာပါတော့တယ်။ ဒီအထိ အားလုံး အိုကေမှာ စိုပြေနေသေးတယ်။ မကြာခင် ကချေသည်အာရပ်မ အတွင်းဝင်သွားပြီး ဗလနဲ့ လူထွားကြီးက စာရွက်တစ်ရွက်နဲ့ ကျွန်တော်တို့ဘေးကို လာထိုင်ပါတယ်။ ပြီးတော့ ငွေရှင်းဖို့ စာရွက်မှန်းသိလိုက်ရပြီး ကြည့်လိုက်တော့ အင်္ဂလိပ်ငွေ ပေါင် (၉၀၀)တဲ့ . . မြတ်စွာဘုရား .. .တစ်ခုခုတော့ မှားနေပြီထင်တယ်လို့ . . ပြန်မေးတော့ မမှားပါဘူးတဲ့ ပေးမှာသာ ပေးပါတဲ့ မပေးရင်တော့ဆိုပြီး သူရဲ့ လက်မောင်း ကြွက်သားကို ပြပါတော့တယ် . . ။
“ ဆရာရေ ဘယ်လိုလုပ်ကြမလဲ .. ဒီငနဲတွေ ကျွန်တော်တို့ကို အမဲဖမ်းနေပြီ..” လို့ ကတုန်ကရင် ပြောပါတယ်။ စာရေးသူလည်း ဘာလုပ်ရမှန်းမသိ။ ဗလကြီးကလည်း ရိုက်မယ်ပုတ်မယ် တစ်ကဲကဲနဲ့… ခက်တော့ခက်ကုန်ပါပြီ။ ပါချုပ်ကြီးကလည်း သူ့အိတ်ကပ်ထဲမှာ ထည့်လာတဲ့ ဒေါ်လာ (၁၀၀) တန်(၃) ရွက်ကို ထုတ်ပေးပြီး ဒါဘဲပါတယ်လို့ တောင်းတောင်းပန်ပန်ပြောနေတုန်း စာရေးသူကလည်း အိတ်ထဲနိုက်လိုက်တော့ ထိုင်းဘတ်ငွေ တစ်ထောင်တန်တစ်ရွက်၊ ငါးရာတန်တစ်ရွက်တွေ့တာနဲ့ ထုတ်ပေးလိုက်တော့ ဗလကြီး နဲနဲကြောင်သွားတယ်။ အဲဒီအချိန်မှာ ကယ်တင်ရှင်တွေ ရောက်လာပါတယ်။ ရဲတွေလို့တော့ မထင်ပါနဲ့ ကျွန်တော်တို့လို မအူမလယ် နိုင်ငံခြားသားနှစ်ယောက် လှေခါးက ဆင်းလာလို့ ဒီကောင်တွေ နောက်ထပ် အမဲဖမ်းဖို့ အာရုံပြောင်းပေးတဲ့အချိန်မှာ ကျွန်တော်တို့အပေါ်ကို ထွက်ပြေးခဲ့ကြပြီး လမ်းမပေါ်ရောက်မှ သက်ပျင်းချ နိုင်ပါတော့တယ်။ ခဏလေးကြည့်လိုက်ရတဲ့ Belly Dance ဘယ်ရောက်သွားမှန်း မသိလိုက်တော့ . .
အထက်ဖော်ပြပါ အဖြစ်အပျက်သည် ၁၉၉၄ ခုနှစ်တွင် ဗြိသတိသျှကောင်စီ အစီအစဉ်ဖြင့် အင်္ဂလန်မှ သင်တန်းများကို မြန်မာနိုင်ငံမှာ သင်ကြားပေးနေသည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ အင်္ဂလန်နိုင်ငံသို့ လေ့လာရေးအစီအစဉ် သွားရောက်စဉ် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်ပါသည်။ (၁၉၈၉) ခုနှစ် မြန်မာနိုင်ငံ ဆိုရှယ်လစ်စနစ်မှ စျေးကွက် စီးပွားရေးစနစ် ပြောင်းအပြီး အနည်းငယ် လွတ်လပ်ခွင့်ရလာချိန် နိုင်ငံခြား ဒီပလိုမာနှင့် ဘွဲ့သင်တန်းများကို မြန်မာနိုင်ငံတွင် သင်ကြားနိုင်ရန် ကြိုးပမ်းခဲ့ကြသော အချိန်၌ ဖြစ်ပါသည်။ MCC မှ ဆရာကြီး ဦးတင်ဝင်းအောင်လည်း ပါပါတယ်။ တစ်ကယ်တော့ Belly Dance ကြည့်ဖို့ သွားတာမဟုတ်ပါ။ ဒီကနေ့အထိ အောင်မြင်စွာ သင်ကြားနေသော နိုင်ငံတကာ ကွန်ပျူတာ ဒီပလိုမာများနှင့် အင်္ဂလန်နိုင်ငံ တက္ကသိုလ်များမှ ချီးမြှင့်မည့် ကွန်ပျူတာ သိပ္ပံ ဒီပလိုမာ သင်တန်းများအတွက် သွားခဲ့ရာ ပညာရေး အဖွဲ့အစည်းနှင့် တက္ကသိုလ်များသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့ခြင်းသာ ဖြစ်ပါသည်။ Belly Dance မှာ အဆစ်ပါ သွားခြင်းသာ ဖြစ်ပါသည်။
“ သားရေ . .တို့ ဘိုစာတွေချည်း စားနေတာ ငြီးငွေ့လာပြီကွာ။ တရုတ်စာလေး ဘာလေး စားရအောင် . . China Town ဘက် သွားရရင်ကောင်းမလား ..”
“ ဟိုတယ်က လမ်းလျှောက်သွားရုံပဲ . . တဲ့တဲ့လျှောက်ရင် Piccadilly ရောက်မယ်။ ပြီးတော့ Lacester Square . . ပြီးတော့ ဘယ်ဘက်ချိုးရင် ... China Town ...”
MCC က သင်နေတဲ့ နိုင်ငံတကာ ကွန်ပျူတာဒီပလိုမာတွေ ရပြီး နောက်ဆုံးနှစ်ကို အင်္ဂလန်နိုင်ငံ လွှတ်လိုက်လို့ Oxford Brook တက္ကသိုလ်က ကွန်ပျူတာသိပ္ပံဘွဲ့ရပြီး စင်္ကာပူနိုင်ငံမှာ Business Analyst အဖြစ် အလုပ်လုပ်နေတဲ့ သားတော်မောင် . . က လန်ဒန်ကို ကျွမ်းသူပီပီ လမ်းညွှန်လိုက်ပါတယ်။ Piccadilly ကြားလိုက်တော့ . . အရင်တုံးက Belly Dance အဖြစ်သတိရပြီး ရယ်ခြင်သလိုလည်းဖြစ် . . ကြက်သီးမွှေးညှင်းလည်း ထသွားပါတယ်။ Piccadilly ဆိုတာ ကမ္ဘာ့နာမည်ကြီး ပြဇာတ်ရုံတွေ၊ ကာစီနိုတွေ ရှိတဲ့နေရာပါ။ တောသားတွေမို့ စျေးပေါနဲ့ ရတယ်ထင်ပြီး မြေအောက်ထပ်ကိုသွားလို့ ဖြစ်တာပါ။ တန်ရာတန်ကြေးပေးပြီး မြေပေါ်က ပြဇာတ်ရုံတွေမှာ ကြိုက်တဲ့ပွဲတွေ ကြည့်လို့ရပါတယ်။
ဒီတစ်ခေါက်လန်ဒန် ခရီးစဉ်ကလည်း MCC က မကြာခင် တည်ထောင် ဖွင့်လှစ်တော့မယ့် တက္ကသိုလ်ကြီးအတွက် အတူလက်တွဲလုပ်ဖို့ University of London နဲ့ အစည်းအဝေးလုပ်ဖို့ လာတာပါ။ ပုဂ္ဂလိကတက္ကသိုလ်ဥပဒေ ထွက်လာတာနဲ့ တက္ကသိုလ်ကြီး တည်ထောင်တဲ့အခါ ကမ္ဘာ့နာမည်ကြီး တက္ကသိုလ်တွေနဲ့ ပူးပေါင်းဖို့ လိုပါတယ်။ MCC က University of London နဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်ပြီး အသေးစိတ်တွေ ညှိနှိုင်းဖို့ လာခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ Birmingham City University နဲ့လည်း Polytechnic ဒီပလိုမာပြီးရင် Top-Up Degree Program အတွက်လည်း လုပ်နေလို့ သူတို့နဲ့လည်း ရောက်တုံး တွေ့ရပါအုံးမယ် ...
တောသားပုံစံနဲ့ မလယ်ရှုပ်လုပ်လို့ ရှိသမျှ ပိုက်ဆံတွေ အကုန်ပြောင်ပြီးလွတ် အောင်ပြေးခဲ့ရတဲ့ Piccadilly ရဲ့ Belly Dance . . . ကို တခါသေဘူး ပျဉ်ဘိုးနား လည်ဆိုသလို လန်ဒန်ကို မကြာခဏရောက် ပေမယ့် မသွားဖြစ်တော့ပါဘူး။
ဒါပေမယ့် ပါချုပ်ကြီးက နောက်တစ်ခေါက်ထပ်သွားခဲ့ ပါတယ်။ ပါချုပ်ကြီး နောက်တစ်ခေါက် လန်ဒန်ခရီးစဉ်မှာ အဖွဲ့တော်တော်ကောင်းပါတယ်။ အားလုံးငါးယောက် ဗိုလ်မှူးကြီး တစ်ယောက်လည်းပါတယ်။ ပါချုပ်ကြီးက လူတတ်ကြီးလုပ်ပြီး Piccadilly ကို ခေါ် သွားပါတယ်။ သူ့စိတ်ထဲမှာတော့ အရင် တစ်ခေါက်က နှစ်ယောက် ထဲမို့လို့ ဒီတစ် ခေါက် ငါးယောက်ဆိုတော့ ဘာမှ မဖြစ်တန်ဘူးပေါ့။ ဗိုလ်မှူးကြီးလည်းပါတော့ အားကိုးတကြီးနဲ့ အပိုင်ဘဲဆိုပြီး အရင်သွား ခဲ့တဲ့ Belly Dance နေရာကို အရင်အတိုင်းသွားခဲ့တာ အရင်အတိုင်းဘဲ ခံလိုက်ရတယ်လို့ ကြားလိုက်ရပါတယ်။ ဒါ့ကြောင့် တစ်ယောက်တည်းဘ ဲသွားသွား အုပ်စုနဲ့ဘဲသွားသွား နိုင်ငံခြားရောက်ရင် ကိုယ့်ပုံစံတွေက တောဂိုက်ပေါက်နေလို့ ၀ုိင်းပြီး အချဉ်ဖမ်း တတ်တာကို သတိထားရပါမယ်။
ခေတ်ကြီး တိုးတက်ပါတယ်ဆိုတဲ့ အင်္ဂလန်သွားသွား၊ အမေရိကန်၊ ဂျပန်၊ ပြင်သစ် ဘယ်သွားသွားခံရမှာ သေချာပါတယ်။ ခံရတဲ့ Story တွေလည်း အများကြီးပါ။
“ အဖေ . . ထမင်းစားလေ .. ဘာတွေ တွေးနေလို့ . . ပြံုးနေရတာလဲ. . တရုတ်စာစားမယ်ဆိုလို့ ဒီဆိုင်ကိုလာတာ .. ဘာလဲ စားမကောင်းဘူးလား ..”
မိမိ အတွေးနယ်ချဲ့နေလို့ သားတော်မောင်သတိပေးမှ ထမင်းစားနေတာကို သတိရလို့ ပြန်ပြောလိုက်မိပါတယ်။” အေးကွာ . . Belly ကမကောင်းဘူး . .” လို့ လွှတ်ကနဲ ပြောလိုက်မိပါတယ်။
“ ဘာလဲ ၀က်အခေါက်က မာလို့လား . . အဖေဘဲ အခေါက်ကင်ကြိုက်တယ်ဆို . .”
“ နိုး .. နိုး .. နိုး .. အခေါက်ကင်က ကောင်းပါတယ် Belly ကမကောင်းတာပါ . .”
သူပြောတဲ့ Belly နဲ့ ကိုယ်ပြောတဲ့ Belly မတူဘူးဆိုတာ သားတော်မောင် မသိရှာဘူးကိုး။
အီကိုကိုအောင်








