Wednesday, October 14, 2015

မုံ႐ြာၿမိဳ႕၏ ပထမဆုံးေသာ နည္းပညာသိပၸံေက်ာင္း MCC Polytechnic



ျပည္ေထာင္စုျမန္မာႏိုင္ငံေတာ္၏ ဖြံ႕ၿဖိဳးတိုးတက္လ်က္႐ွိေသာ က႑နယ္ပယ္ အသီးသီးတြင္ အထူးလိုအပ္လ်က္႐ွိသည့္ အရည္အခ်င္းျပည့္၀သည့္ လူငယ္နည္းပညာ႐ွင္မ်ား စီမံခန္႕ခြဲအုပ္ခ်ဳပ္သူမ်ား အပါအ၀င္ ကြၽမ္းက်င္လုပ္သားမ်ား လိုအပ္ခ်က္ကို အလ်င္အျမန္ ျဖည့္ဆည္းေပးႏိုင္ေရးမွာ အေရးတႀကီး ေဆာင္႐ြက္ရမည့္ လုပ္ငန္းတစ္ရပ္ျဖစ္ပါသည္။
ျမန္မာ့ကြန္ပ်ဴတာကုမၸဏီလီမိတက္ (MCC) သည္ အဆိုပါ လိုအပ္ခ်က္ကို ျဖည့္ဆည္း ေပးႏိုင္ရန္ မိမိစြမ္းေဆာင္ႏိုင္သည့္ တစ္ေထာင့္တစ္ေနရာမွ ေဆာင္႐ြက္ေပးလ်က္႐ွိရာ အဓိကက်သည့္ ပညာေရး၀န္ေဆာင္မႈက႑ (Education Services)တြင္ ႏိုင္ငံတကာတကၠသိုလ္မ်ား ပညာေရး အဖြဲ႕အစည္းမ်ားႏွင့္ ခ်ိတ္ဆက္၍ ဘြဲ႕ဒီကရီသင္တန္းမ်ားကို ေအာင္ျမင္စြာ ဖြင့္လွစ္သင္ၾကားေပးေနၿပီး ႏိုင္ငံတကာတကၠသုိလ္မ်ားမွ ကြန္ပ်ဴတာသိပၸံဘြဲ႕၊ အင္ဂ်င္နီယာသိပၸံဘြဲ႕ႏွင့္ စီမံခန္႕ခြဲအုပ္ခ်ဳပ္မႈဆိုင္ရာ ဘြဲ႕ရမ်ားကို ေအာင္ျမင္စြာ ေမြးထုတ္ေပးေနၿပီ ျဖစ္ပါသည္။
စစ္ကိုင္းတိုင္းေဒသႀကီး မုံ႐ြာၿမိဳ႕တြင္ ယခုစတင္ဖြင့္လွစ္လိုက္သည့္ အသက္ေမြး၀မ္းေၾကာင္းမႈ ဆိုင္ရာနည္း ပညာသိပၸံေက်ာင္းသည္ အဂၤလန္ႏိုင္ငံ၏ အသက္ေမြး၀မ္းေက်ာင္းမႈပညာ (Vocational Training) ဆိုင္ရာအႀကီးဆုံး အဖြဲ႕အစည္းျဖစ္သည့္ PEARSON ၏ သင္႐ိုးၫႊန္းတမ္းမ်ားအတိုင္း သင္ၾကားေပးမည့္ MCC Polytechnic Monywa သင္တန္းေက်ာင္းႀကီးပင္ျဖစ္ပါသည္။
အဆိုပါ MCC Polytechnic Monywa သင္တန္းေက်ာင္းႀကီးကို စစ္ကိုင္းတိုင္းေဒသႀကီး မုံ႐ြာၿမိဳ႕၊ ဗိုလ္ခ်ဳပ္လမ္းႏွင့္ ဘူတာ႐ုံလမ္းေထာင့္တြင္ တည္႐ွိေသာ ပညာ့အလင္းေခတ္မီ စာၾကည့္တိုက္ ႏွစ္ထပ္အေဆာက္အဦတြင္ ဖြင့္လွစ္ထားၿပီး သင္ၾကားမႈအေထာက္အကူျပဳ Projector မ်ား၊ Fully Aircon Facility ပါ႐ွိေသာ စာသင္ခန္းမ်ား Computer Machine Room ႏွင့္ လက္ေတြ႔ သင္ခန္းစာမ်ား ျပဳလုပ္ႏိုင္ရန္ Engineering Lab ခန္းမ်ားအျပင္ Internet ခ်ိတ္ဆက္အသုံးျပဳႏိုင္မည့္ ေခတ္မီစာၾကည့္တိုက္လည္း ပါ၀င္သည္ျဖစ္ရာ အသက္ေမြး၀မ္းေက်ာင္းမႈဆိုင္ရာ နည္းပညာသိပၸံေက်ာင္းတစ္ခု၏ ဂုဏ္အဂၤါမ်ား ျပည့္စုံစြာ ပါ႐ွိၿပီးျဖစ္ပါသည္။
MCC Polytechnic Monywa စတင္ဖြင့္လွစ္ျခင္း အခမ္းအနားကို မုံ႐ြာၿမိဳ႕ ဗိုလ္ခ်ဳပ္လမ္းႏွင့္ ဘူတာ႐ုံလမ္းေထာင့္တြင္ တည္႐ွိေသာ ပညာ့အလင္းေခတ္မီ စာၾကည့္တိုက္၏ ႏွစ္ထပ္အေဆာက္အဦးတြင္ စက္တင္ဘာလ (၁၆)ရက္ေန႕ နံနက္ ၉း၀၀နာရီအခ်ိန္တြင္ စည္ကားသိုက္ၿမိဳက္စြာ က်င္းပျပဳလုပ္ခဲ့ပါသည္။
အဆိုပါအခမ္းအနားသို႕ စစ္ကိုင္းတိုင္းေဒသႀကီး အစိုးရအဖြဲ႕ ၀န္ႀကီးခ်ဳပ္ ဦးသာေအး တက္ေရာက္ခ်ီးျမႇင့္ခဲ့ၿပီး၊ စစ္ကိုင္းတိုင္းေဒသႀကီး အစိုးရအဖြဲ႕၀င္ ၀န္ႀကီးမ်ား၊ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ ဌာနဆိုင္ရာ အသီးသီးမွ တာ၀န္႐ွိပုဂၢိဳလ္မ်ား ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ား၊ စိတ္ပါ၀င္စားသူ မိဘမ်ား၊ ေက်ာင္းသားေက်ာင္းသူမ်ား စုံညီစြာတက္ေရာက္ခဲ့ၾကပါသည္။
အခမ္းအနားတြင္ စစ္ကိုင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္က အဖြင့္အမွာစကား ေျပာၾကားရာတြင္ ဤသင္တန္း ေက်ာင္းဖြင့္လွစ္လိုက္ျခင္းမွာ စစ္ကိုင္းတိုင္းေဒသႀကီး၏ လူ႕စြမ္းအားအရင္းအျမစ္ ျပဳစုပ်ိဳးေထာင္ေရး လုပ္ငန္းမ်ား အတြက္ ထပ္မံအားျဖည့္ေပးမည့္ အစီအစဥ္တစ္ခုျဖစ္ေၾကာင္း ယခုအခ်ိန္တြင္ တိုင္းျပည္တစ္ခုလုံး၏ GDP မွာ ၈% ေက်ာ္႐ွိလာၿပီး၊ တစ္ဦးခ်င္း၏ ၀င္ေငြမ်ားသည္လည္း တိုးတက္လွ်က္႐ွိေၾကာင္း စီးပြားေရး တိုးတက္မႈအ႐ွိန္ကို ေရ႐ွည္တည္တံ့ေအာင္ ထိန္းသိမ္း သြားႏိုင္ရန္ အတြက္ အဓိကအကန္႕အသတ္မွာ လူ႕စြမ္းအားအရင္းအျမစ္ ျပည့္စုံလုံေလာက္မႈမ႐ွိျခင္း ပင္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံတြင္ လူဦးေရမ်ားျပားေသာ္လည္း၊ အသိပညာ၊ အတတ္ပညာ ကြၽမ္းက်င္သည့္ လုပ္သားအင္အား ေနရာတိုင္းတြင္ ႐ွားပါၿပီး အကန္႕အသတ္ျဖစ္ေနေၾကာင္း ထို႕ေၾကာင့္ လူသားမ်ား၏ အသိပညာ အတတ္ပညာ ကြၽမ္းက်င္မႈကို ဦးစားေပးသည့္ သင္ၾကားေရး ပုံစံပညာေရးစနစ္ကို ေျပာင္းလဲဖို႕လိုအပ္ေၾကာင္း အဓိကထား၍ မိန္႕ၾကားသြားခဲ့ပါသည္။
MCC Polytechnic Monywa တြင္ သင္ၾကားေပးမည့္ သင္တန္းအမ်ိဳးအစားမ်ားမွာ
- HND Diploma in Computing (Level 5)
- HND Diploma in Construction and the Built Environment (Level 5)
- HND Diploma in Mechanical Engineering (Level 5) ႏွင့္
- HND Diploma in Electrical & Electronics (Level 5)
သင္တန္းမ်ားျဖစ္ပါသည္။
အဆိုပါသင္တန္းမ်ား တက္ေရာက္ရန္ အေျခခံပညာအထက္တန္းကို သိပၸံဘာသာတြဲျဖင့္ ေအာင္ျမင္ရမည္ျဖစ္ၿပီး ပထမဦးစြာ Foundatiob Course အေနျဖင့္ ရက္သတၱ (၁၂)ပတ္စတင္ တက္ေရာက္ရမည္ ျဖစ္ပါသည္။ Foundation Course တြင္
1. Engineering Science
2. Engineering Mathematics
3. Engineering Drawing
4. Computing
5. English ဘာသာရပ္မ်ား စတင္သင္ၾကားရမည္ ျဖစ္ပါသည္။
ဆက္လက္၍ PEARSON BTEC ၏ သင္႐ိုးၫႊန္းတမ္းမ်ားကို မိမိေ႐ြးခ်ယ္ထားသည့္ ဒီပလိုမာအလိုက္ စတင္သင္ၾကားရမည္ျဖစ္ၿပီး စုစုေပါင္း သင္တန္းကာလ (၂)ႏွစ္ သင္ၾကားရမည္ ျဖစ္ပါသည္။ Semester အေနျဖင့္ (၄)ခု ခြဲထားၿပီး Semester တစ္ခုလွ်င္ (၆)လခန္႕ ၾကာျမင့္မည္ျဖစ္ပါသည္။ Semester တစ္ခုလွ်င္ ဘာသာရပ္ Unit (၄)ခု သင္ၾကားရမည္ျဖစ္ၿပီး ဘာသာရပ္ Unit တစ္ခုစီအတြက္ Assignment မ်ားေျဖဆိုရမည္ျဖစ္ပါသည္။ ေျဖဆိုထားၿပီး Assignment မ်ားကို Assessor မ်ား မ်ားက Internal Verifier စစ္ေဆး အမွတ္ေပးထားၿပီး PEARSON မွ Standard Verifier မ်ားက တစ္ႏွစ္လွ်င္ ႏွစ္ႀကိမ္ (January and July) လာေရာက္၍ အၿပီးသတ္စစ္ေဆးၿပီး ေအာင္စာရင္း ထုတ္ျပန္ေၾကညာေပးသည့္ စနစ္ျဖစ္ပါသည္။
သင္တန္းကာလ (၂)ႏွစ္ ျပည့္ေျမာက္ၿပီး ဘာသာရပ္ Unit (၁၆)ခု၏ Assignment မ်ား ေအာင္ျမင္ၿပီးပါက PEARSON ခ်ီးျမႇင့္မည့္ Higher National Diploma (HND) Level 5 ကို ရ႐ွိမည္ျဖစ္ပါသည္။
ဒီပလိုမာရ႐ွိၿပီးသူမ်ားသည္ အဂၤလန္ႏိုင္ငံ၌ျဖစ္ေစ MCC Training Institute (MCC.i) တြင္ ျဖစ္ေစ Topup Degree အင္ဂ်င္နီယာသိပၸံဘြဲ႕မ်ားကို ေနာက္ထပ္တစ္ႏွစ္ ဆက္လက္တက္ေရာက္၍ ရယူႏိုင္မည္ ျဖစ္ပါသည္။
MCC ၏အသက္ေမြး၀မ္းေၾကာင္းမႈဆိုင္ရာ နည္းပညာသိပၸံေက်ာင္း MCC Polytechnic (MCC.p) မ်ားကို ရန္ကုန္ၿမိဳ႕၊ မႏၲေလးၿမိဳ႕ႏွင့္ ေနျပည္ေတာ္ၿမိဳ႕မ်ားတြင္ ဖြင့္လွစ္ထား႐ွိၿပီး ယခုဖြင့္လွစ္လိုက္သည့္ MCC Polytechnic Monywa မွာ စတုတၳေျမာက္ ဖြင့္လွစ္လိုက္သည့္ နည္းပညာသိပၸံေက်ာင္း ျဖစ္ပါသည္။ ဆက္လက္၍ သက္ဆိုင္ရာတိုင္းေဒသႀကီးမ်ား ျပည္နယ္မ်ား တြင္လည္း လူ႔စြမ္းအားအရင္းအျမစ္ဖြံ႕ၿဖိဳး တိုးတက္ေရးကို ဦးတည္သည့္ အသက္ေမြး၀မ္းေက်ာင္းမႈ ဆိုင္ရာ နည္းပညာသိပၸံေက်ာင္းမ်ားကို MCC က ဖြင့္လွစ္ေပးသြားမည္ ျဖစ္ပါေၾကာင္း သတင္းေကာင္းပါးလိုက္ရပါေတာ့သည္။

မုံရွာမြို့၏ ပထမဆုံးသော နည်းပညာသိပ္ပံကျောင်း MCC Polytechnic

ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်လျက်ရှိသော ကဏ္ဍနယ်ပယ် အသီးသီးတွင် အထူးလိုအပ်လျက်ရှိသည့် အရည်အချင်းပြည့်ဝသည့် လူငယ်နည်းပညာရှင်များ စီမံခန့်ခွဲအုပ်ချုပ်သူများ အပါအဝင် ကျွမ်းကျင်လုပ်သားများ လိုအပ်ချက်ကို အလျင်အမြန် ဖြည့်ဆည်းပေးနိုင်ရေးမှာ အရေးတကြီး ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။
မြန်မာ့ကွန်ပျူတာကုမ္ပဏီလီမိတက် (MCC) သည် အဆိုပါ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရန် မိမိစွမ်းဆောင်နိုင်သည့် တစ်ထောင့်တစ်နေရာမှ ဆောင်ရွက်ပေးလျက်ရှိရာ အဓိကကျသည့် ပညာရေးဝန်ဆောင်မှုကဏ္ဍ (Education Services)တွင် နိုင်ငံတကာတက္ကသိုလ်များ ပညာရေး အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ဘွဲ့ဒီကရီသင်တန်းများကို အောင်မြင်စွာ ဖွင့်လှစ်သင်ကြားပေးနေပြီး နိုင်ငံတကာတက္ကသိုလ်များမှ ကွန်ပျူတာသိပ္ပံဘွဲ့၊ အင်ဂျင်နီယာသိပ္ပံဘွဲ့နှင့် စီမံခန့်ခွဲအုပ်ချုပ်မှုဆိုင်ရာ ဘွဲ့ရများကို အောင်မြင်စွာ မွေးထုတ်ပေးနေပြီ ဖြစ်ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ယခုစတင်ဖွင့်လှစ်လိုက်သည့် အသက်မွေးဝမ်းကြောင်းမှု ဆိုင်ရာနည်း ပညာသိပ္ပံကျောင်းသည် အင်္ဂလန်နိုင်ငံ၏ အသက်မွေးဝမ်းကျောင်းမှုပညာ (Vocational Training) ဆိုင်ရာအကြီးဆုံး အဖွဲ့အစည်းဖြစ်သည့် PEARSON ၏ သင်ရိုးညွှန်းတမ်းများအတိုင်း သင်ကြားပေးမည့် MCC Polytechnic Monywa သင်တန်းကျောင်းကြီးပင်ဖြစ်ပါသည်။
အဆိုပါ MCC Polytechnic Monywa သင်တန်းကျောင်းကြီးကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းနှင့် ဘူတာရုံလမ်းထောင့်တွင် တည်ရှိသော ပညာ့အလင်းခေတ်မီ စာကြည့်တိုက် နှစ်ထပ်အဆောက်အဦတွင် ဖွင့်လှစ်ထားပြီး သင်ကြားမှုအထောက်အကူပြု Projector များ၊ Fully Aircon Facility ပါရှိသော စာသင်ခန်းများ Computer Machine Room နှင့် လက်တွေ့ သင်ခန်းစာများ ပြုလုပ်နိုင်ရန် Engineering Lab ခန်းများအပြင် Internet ချိတ်ဆက်အသုံးပြုနိုင်မည့် ခေတ်မီစာကြည့်တိုက်လည်း ပါ၀င်သည်ဖြစ်ရာ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ နည်းပညာသိပ္ပံကျောင်းတစ်ခု၏ ဂုဏ်အင်္ဂါများ ပြည့်စုံစွာ ပါရှိပြီးဖြစ်ပါသည်။
MCC Polytechnic Monywa စတင်ဖွင့်လှစ်ခြင်း အခမ်းအနားကို မုံရွာမြို့ ဗိုလ်ချုပ်လမ်းနှင့် ဘူတာရုံလမ်းထောင့်တွင် တည်ရှိသော ပညာ့အလင်းခေတ်မီ စာကြည့်တိုက်၏ နှစ်ထပ်အဆောက်အဦးတွင် စက်တင်ဘာလ (၁၆)ရက်နေ့ နံနက် ၉းဝဝနာရီအချိန်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးသာအေး တက်ရောက်ချီးမြှင့်ခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ စိတ်ပါ၀င်စားသူ မိဘများ၊ ကျောင်းသားကျောင်းသူများ စုံညီစွာတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် စစ်ကိုင်းဒေသကြီး ၀န်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ဤသင်တန်း ကျောင်းဖွင့်လှစ်လိုက်ခြင်းမှာ စစ်ကိုင်းတိုင်းဒေသကြီး၏ လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်ရေး လုပ်ငန်းများ အတွက် ထပ်မံအားဖြည့်ပေးမည့် အစီအစဉ်တစ်ခုဖြစ်ကြောင်း ယခုအချိန်တွင် တိုင်းပြည်တစ်ခုလုံး၏ GDP မှာ ၈% ကျော်ရှိလာပြီး၊ တစ်ဦးချင်း၏ ၀င်ငွေများသည်လည်း တိုးတက်လျှက်ရှိကြောင်း စီးပွားရေး တိုးတက်မှုအရှိန်ကို ရေရှည်တည်တံ့အောင် ထိန်းသိမ်း သွားနိုင်ရန် အတွက် အဓိကအကန့်အသတ်မှာ လူ့စွမ်းအားအရင်းအမြစ် ပြည့်စုံလုံလောက်မှုမရှိခြင်း ပင်ဖြစ်ကြောင်း မြန်မာနိုင်ငံတွင် လူဦးရေများပြားသော်လည်း၊ အသိပညာ၊ အတတ်ပညာ ကျွမ်းကျင်သည့် လုပ်သားအင်အား နေရာတိုင်းတွင် ရှားပါပြီး အကန့်အသတ်ဖြစ်နေကြောင်း ထို့ကြောင့် လူသားများ၏ အသိပညာ အတတ်ပညာ ကျွမ်းကျင်မှုကို ဦးစားပေးသည့် သင်ကြားရေး ပုံစံပညာရေးစနစ်ကို ပြောင်းလဲဖို့လိုအပ်ကြောင်း အဓိကထား၍ မိန့်ကြားသွားခဲ့ပါသည်။
MCC Polytechnic Monywa တွင် သင်ကြားပေးမည့် သင်တန်းအမျိုးအစားများမှာ
- HND Diploma in Computing (Level 5)
- HND Diploma in Construction and the Built Environment (Level 5)
- HND Diploma in Mechanical Engineering (Level 5) နှင့်
- HND Diploma in Electrical & Electronics (Level 5)
သင်တန်းများဖြစ်ပါသည်။
အဆိုပါသင်တန်းများ တက်ရောက်ရန် အခြေခံပညာအထက်တန်းကို သိပ္ပံဘာသာတွဲဖြင့် အောင်မြင်ရမည်ဖြစ်ပြီး ပထမဦးစွာ Foundatiob Course အနေဖြင့် ရက်သတ္တ (၁၂)ပတ်စတင် တက်ရောက်ရမည် ဖြစ်ပါသည်။ Foundation Course တွင်
1. Engineering Science
2. Engineering Mathematics
3. Engineering Drawing
4. Computing
5. English ဘာသာရပ်များ စတင်သင်ကြားရမည် ဖြစ်ပါသည်။
ဆက်လက်၍ PEARSON BTEC ၏ သင်ရိုးညွှန်းတမ်းများကို မိမိရွေးချယ်ထားသည့် ဒီပလိုမာအလိုက် စတင်သင်ကြားရမည်ဖြစ်ပြီး စုစုပေါင်း သင်တန်းကာလ (၂)နှစ် သင်ကြားရမည် ဖြစ်ပါသည်။ Semester အနေဖြင့် (၄)ခု ခွဲထားပြီး Semester တစ်ခုလျှင် (၆)လခန့် ကြာမြင့်မည်ဖြစ်ပါသည်။ Semester တစ်ခုလျှင် ဘာသာရပ် Unit (၄)ခု သင်ကြားရမည်ဖြစ်ပြီး ဘာသာရပ် Unit တစ်ခုစီအတွက် Assignment များဖြေဆိုရမည်ဖြစ်ပါသည်။ ဖြေဆိုထားပြီး Assignment များကို Assessor များ များက Internal Verifier စစ်ဆေး အမှတ်ပေးထားပြီး PEARSON မှ Standard Verifier များက တစ်နှစ်လျှင် နှစ်ကြိမ် (January and July) လာရောက်၍ အပြီးသတ်စစ်ဆေးပြီး အောင်စာရင်း ထုတ်ပြန်ကြေညာပေးသည့် စနစ်ဖြစ်ပါသည်။
သင်တန်းကာလ (၂)နှစ် ပြည့်မြောက်ပြီး ဘာသာရပ် Unit (၁၆)ခု၏ Assignment များ အောင်မြင်ပြီးပါက PEARSON ချီးမြှင့်မည့် Higher National Diploma (HND) Level 5 ကို ရရှိမည်ဖြစ်ပါသည်။
ဒီပလိုမာရရှိပြီးသူများသည် အင်္ဂလန်နိုင်ငံ၌ဖြစ်စေ MCC Training Institute (MCC.i) တွင် ဖြစ်စေ Topup Degree အင်ဂျင်နီယာသိပ္ပံဘွဲ့များကို နောက်ထပ်တစ်နှစ် ဆက်လက်တက်ရောက်၍ ရယူနိုင်မည် ဖြစ်ပါသည်။
MCC ၏အသက်မွေးဝမ်းကြောင်းမှုဆိုင်ရာ နည်းပညာသိပ္ပံကျောင်း MCC Polytechnic (MCC.p) များကို ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် နေပြည်တော်မြို့များတွင် ဖွင့်လှစ်ထားရှိပြီး ယခုဖွင့်လှစ်လိုက်သည့် MCC Polytechnic Monywa မှာ စတုတ္ထမြောက် ဖွင့်လှစ်လိုက်သည့် နည်းပညာသိပ္ပံကျောင်း ဖြစ်ပါသည်။ ဆက်လက်၍ သက်ဆိုင်ရာတိုင်းဒေသကြီးများ ပြည်နယ်များ တွင်လည်း လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးကို ဦးတည်သည့် အသက်မွေးဝမ်းကျောင်းမှု ဆိုင်ရာ နည်းပညာသိပ္ပံကျောင်းများကို MCC က ဖွင့်လှစ်ပေးသွားမည် ဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါတော့သည်။