Tuesday, October 27, 2015

MCC.i Yatanarpon Campus တြင္ "One Stop Shop" Work Shop က်င္းပ

  

 (၁၅.၁၀.၂၀၁၅) ရက္ေန႔ MCC.i Yatanarpon Campus တြင္ B.Sc(Hons:) Business IT ေက်ာင္းသား/သူမ်ားအတြက္ အထူးအစီအစဥ္အျဖစ္ က်င္းပျပဳလုပ္ေသာ One Stop Shop Work Shop for all you needs သ႐ုပ္ျပရွင္းလင္းျခင္း အခမ္းအနား

  

MCC Group Chairman  ဦးတင္၀င္းေအာင္မွ One Stop Shop Work Shop ျပဳလုပ္ရျခင္း ရည္ရြယ္ခ်က္ႏွင့္ BIT Program မ်ားတြင္ ပါ၀င္ေသာ ဘာသာရပ္အလိုက္ ေလ့လာသင္ယူမႈမ်ားမွ လုပ္ငန္းႀကီးမ်ားတြင္ မျဖစ္မေန အသံုးျပဳၾကရမည့္ Business Information System တီထြင္ထုတ္လုပ္မႈ အဆင့္ဆင့္တုိ႔ ဆက္စပ္ပံု မ်ားအား ရွင္းလင္းေဆြးေႏြးစဥ္

  

BIT Year 3  ေက်ာင္းသား/သူမ်ားမွ ပညာေရးအဖြဲ႕အစည္းမ်ားတြင္ အသံုးျပဳေသာ စာၾကည့္တိုက္စီမံခန္႔ခြဲမႈစနစ္ (Library Management System) အေၾကာင္း သ႐ုပ္ျပရွင္းလင္းေနစဥ္
 


BIT Year 2  ေက်ာင္းသား/သူမ်ားမွ Operation System  ႏွင့္ ဆက္စပ္ပစၥည္းမ်ား Application Software မ်ားကုိ လက္ေတြ႕တပ္ဆင္ Install  ျပဳလုပ္ျခင္း သ႐ုပ္ျပရွင္းလင္းေနစဥ္
 
  

BIT Year 1  ေက်ာင္းသား/သူမ်ားမွ တက္ေရာက္ေလ့လာစဥ္

ဒီတစ္ပတ္အမ္စီစီ


MCC Capital  ႏွင့္ Myanmar Investment Group (MIG) တုိ႔ ပူးေပါင္း ေဆာင္ရြက္ရန္ JV သေဘာတူစာခ်ဳပ္ ခ်ဳပ္ဆုိပြဲ အခမ္းအနား


(၁၀.၁၀.၁၅) ရက္ေန႔ သံလ်င္ၿမိဳ႕တြင္ က်င္းပေသာ ရန္ကုန္ေတာင္ပုိင္းခ႐ိုင္ ျပန္/ဆက္ဦးစီးဌာနႏွင့္ MCC သံလ်င္သို႔ ပူးေပါင္းစီစဥ္ေသာ အရာထမ္း၊ အမႈထမ္းမ်ား ကြန္ပ်ဴတာ ကြၽမ္းက်င္မႈသင္တန္း အပတ္စဥ္ (၁) ဖြင့္ပြဲ အခမ္းအနားတြင္ MCC Education Services CEO ဦးၿငိမ္းဦးမွ အမွာစကားေျပာၾကားစဥ္
 


(၁၂.၁၀.၁၅) ရက္ေန႔ MCC.i Naypyitaw Campus တြင္ စီမံကိန္းေရးဆြဲေရးဦးစီးဌာနမွ အရာထမ္း/အမႈထမ္းမ်ားအား ကြန္ပ်ဴတာကြၽမ္းက်င္မႈ အဆင့္ျမင့္သင္တန္း (Advance Excel) သင္တန္းအမွတ္စဥ္ (၂) ဖြင့္လွစ္သင္ၾကားေနစဥ္
 


 (၉.၁၀.၁၅) မွ (၁၁.၁၀.၁၅) အထိ မႏၲေလးၿမိဳ႕ေတာ္ခန္းမတြင္ က်င္းပျပဳလုပ္ေသာ မႏၲေလး Expo 2015 တြင္ MCC.i Mandalay Campus မွ ႏုိင္ငံတကာအသိအမွတ္ျပဳ ဘြဲ႕သင္တန္းမ်ားႏွင့္ ဒီပလုိမာမ်ားအေၾကာင္း မိတ္ဆင္ရွင္းလင္းျပသစဥ္

MCC Style


Mandalay Campus, BTEC, Year-1, Section-4 မွ ေက်ာင္းသား ေမာင္ေအာင္မ်ိဳးမင္း
 

Mandalay Campus, BTEC, Year-1, Section-4 မွ ေက်ာင္းသား ေမာင္ခ်စ္၀င္းထြန္း


Mandalay Campus, BTEC, Year-1, Section-4 မွ ေက်ာင္းသူ ေမသန္႔ဇင္
 

Mandalay Campus, BTEC, Year-1, Section-4 မွ ေက်ာင္းသား ေမာင္စုိင္းေကာင္းသက္စံ
 

Mandalay Campus, BIT, Year-1, Section-17 မွ ေက်ာင္းသား ေမာင္ေက်ာ္ဇင္ထြန္း
 


Mandalay Campus, BIT, Year-1, Section-17 မွ ေက်ာင္းသူ မဆုမြန္ေထြး

Monday, October 26, 2015

အႏုပညာပါရမီရင့္သန္ MCC.i (Mandalay Campus) ရဲ႕အားမာန္

အႏုပညာပါရမီရင့္သန္ MCC.i (Mandalay Campus) ရဲ႕အားမာန္

MCC Polytechnic (Monywa) ဖြင့္ပြဲ ေအာင္ျမင္စြာ ျပီးေတာ႕ MCC Group ဥကၠဌဆရာ ဦးတင္၀င္းေအာင္ က MCC ICT EXPO 2015 အတြက္ အၾကိဳအစည္းအေ၀းကို အဲဒီေက်ာင္းရဲ႕ အစည္းအေ၀းခန္းမွာ လုပ္ခဲ႕ပါတယ္။ အဲဒီအစည္းအေ၀းမွာ ဆရာဦးတင္၀င္းေအာင္ က ျပခန္းကို လာၾကည့္တဲ႕ သူေတြကို ေဖ်ာ္ေျဖေရးအတြက္ Mandalay Campus ကဘဲ တာ၀န္ယူျပီး လုပ္ေပးဖုိ႕ လမ္းညြန္လာပါတယ္။ အဲလို တာ၀န္ယူခိုင္းတဲ႕ အေၾကာင္းကလည္း  MCC.i Mandalay Campus မွ ေက်ာင္းသား၊သူမ်ား၏  Fresher Welcome မွာ ဒီေက်ာင္းက ေက်ာင္းသား၊သူေတြရဲ႕ အနုပညာထူးခ်ြန္မွဳေတြကို ဆရာက သိသြားျပီး ဒီတာ၀န္ကိုေပးခဲ႕တယ္လုိ႕ ပဲ ထင္မိပါတယ္။
တစ္ကယ္လည္း သူတို႕ရဲ႕ အနုပညာအျမင္ တီထြင္ ဖန္တီးမွဳေတြက တကယ္ကို ခ်ီးက်ဴးစရာပါ။ အဲဒီထဲမွာ ျမန္မာ႕ရိုးရာ ယဥ္ေက်းမွဳ ကိုုေဖာ္ေဆာင္တဲ႕ အျငိမ္႕အဖြဲ႕ ကို ကြ်န္မ ကိုယ္တုိင္လည္း တကယ္ နွစ္သက္တယ္။ တကယ္႕ကို ၀ါရင့္ လူရႊင္ေတာ္ၾကီးေတြအတုိင္း  ျပက္လံုးေတြကို ဂြင္က်က် ျပက္သြားလိုက္တာမ်ား Fresher Welcome ကိုတက္ေရာက္လာတဲ႕ ဆရာ၊ဆရာမမ်ား၊ ၀န္ထမ္းမ်ားနွင္႕ေက်ာင္းသား၊သူ မိဘေတြ အားလံုး ပါးစပ္ေတြ မပိတ္ရ ေလာက္ေအာင္ပါပဲ။ ရယ္လိုက္ရတာ.. မင္းသမီး ကလည္း ခ်စ္စရာေကာင္း သူကလည္း အျငိမ္႕မင္းသမီးေတြ နွဳတ္္ဆက္သလို တကယ္႕ အပီအျပင္ .. ဒီပြဲျပီးေတာ႕ သူတို႕ ရဲ႕ သတင္းက ျပန္႕သြားျပီ Yangon Campus အထိ မန္းေလး က အနုပညာ အရည္အေသြးေတြ ကို အခြင့္ၾကံဳရင္ ျပန္လည္ ေဖ်ာ္ေျဖခိုင္းဖို႕ … အခု ေတာ႕ အခြင့္ၾကံဳလာျပီ.

မံုရြာက ျပန္လာတာနဲ႕ စျပီ MCC ICT EXPO 2015မွာ ေဖ်ာ္ေျဖေရး ကို Mandalay Campus က လုပ္ရမယ္လို႕ ဆရာမေတြနဲ႕ တိုင္ပင္ျပီး Student Represntative Committee ရဲ႕ ဥကၠဌ ကိုမိုး(ျမတ္ေအာင္မိုး) ကတဆင့္ ေဖ်ာ္ေျဖေရးအတြက္ စီစဥ္ခိုင္းေတာ႕ နိုင္ငံျခားအကအဖြဲ႕၊ ေတးသရုပ္ေဖာ္ေတြ၊ သီခ်င္းဆိုမည့္သူေတြ ျပဇာတ္အဖဲဲြ၊ အျငိမ္႕အဖြဲ႕ အစရွိသျဖင့္ ပါ၀င္ၾကဖို႕.. အစီအစဥ္ေတြဆြဲလို႕။ ျပင္ဆင္ေနၾကျပီ။

အျငိမ္႕အဖြဲ႕မွာ ပါ၀င္တဲ႔သူေတြက ေက်ာင္းသားေဟာင္းေတြအမ်ားစုျဖစ္ေနေတာ႕ သူတို႕ကို ကိုမိုးကဆက္သြယ္ျပီးေခၚလိုက္ေတာ႕ လာပါျပီ သူတို႕လည္း စိတ္၀င္တစား နဲ႕ သူတို႕ အနု ပညာ အရည္အခ်င္းကို ျပနုိင္ဖို႕ ျပင္ဆင္ၾကေတာ႕မယ္။ “ဘယ္အခ်ိန္ေဖ်ာ္ေျဖရမွာလဲ ငါတို႕ကိုေမးေပးဦးေနာ္ “ ကုိမိုး(ျမတ္ေအာင္မိုး) ဆိုျပီး ေျပာေတာ႕ ကိုမိိုးကလည္း ရံုးခန္းကို လာျပီး ကြ်န္မ ဆီလာျပီး “ဆရာမေနာ္ က်ြန္ေတာ္တို႕ က အပီအျပင္ လုပ္ေနတာေနာ္ ဘယ္လို အစီအစဥ္ေတြနဲ႕ ဘယ္အခ်ိန္ ေဖ်ာ္ေျဖရမွာလဲ တဲ႕ “။ ကြ်န္မကလည္း ေနဦး တီခ်ယ္တို႕က YTNP Campus ကို အစီအစဥ္ေမး လိုက္ဦးမယ္လို႕ ေျပာေတာ႕။ မေက်မနပ္နဲ႕ မခ်င့္မရဲ သူတို႕ ကမွကရပါ႕မလား ဆိုတဲ႕စိတ္နဲ႕ ကိုမိုးကျပန္သြားျပီး အျငိမ္႕အဖြဲ႕က ေက်ာင္းသားေတြကို ျပန္ေျပာေတာ႕။ဟိုကလည္း ျပင္ဆင္ျပီးမွ မကရရင္ ေနာ္ဆိုျပီး ေျပာေတာ႕ ကိုမိုး ေခါင္းၾကိမ္းေနျပီ။

ေနာက္ေန႕မွာ အစီအစဥ္ေတြမ်ားေနလို႕ အခ်ိဳ႕အစီအစဥ္ေလ်ာ႕မယ္ လို႕ ေျပာေတာ႕ “အျငိမ္႕အဖြဲ႕ က မကရရင္ တျခားအဖြဲ႕ေတြလည္း မကေတာ႕ဘူးတဲ႕”  တေယာက္တေပါက္နဲ႕ ဆရာမေတြကို ေျပာၾကျပီ။ က်န္တဲ့ေဖ်ာ္ေျဖေရးအဖြဲ႕၀င္ေတြကလည္း အျငိမ္႕အဖြဲ႕က သူတို႕ေက်ာင္းသူ၊သားအားလံုး ရဲ႕ ကိုယ္စား ေခါင္းေဆာင္ေနတဲ႕ Senior အကိုၾကီးေတြဆိုေတာ႕ အျငိမ္႕ မပါရင္ တျခားအစီအစဥ္မလုပ္ခ်င္ၾကဘူးလုိ႕နပူနစာလုပ္လာၾကပါေတာ့တယ္။
ေနာက္ဆံုးေတာ႕ ညိွနွိဳင္းျပီး  MCC.i (Mandalay Campus)အျငိမ္႕အဖြဲ႕ က ညပုိင္း Staff Dinner ေဖ်ာ္ေျဖဖို႕တာ၀န္က်တယ္။ သူတုိ႕ေက်နပ္သြားျပီ ဆိုေပမဲ႕ ကိုမိုးက လာေျပာေသးတယ္ “ဆရာမ ေသခ်ာရဲ႕လားတဲ႕”  ၾကာေတာ႕ စိတ္ကေပါက္လာျပီ ေအးပါ ေသခ်ာပါတယ္ဆိုျပီး ေအာ္လိုက္တယ္ ျပံဳးစိစိနဲ႕ထြက္သြားေရာ။

ဆရာမက ေအာ္တာကို စိတ္မဆိုးတဲ႕ သူ႕ကိုလည္း ေက်းဇူးတင္ရပါတယ္။ကြ်န္မလည္း  သူတို႕ဘက္ကေနခံစားၾကည့္ျပီး ေအာ္ သူတို႕လည္း အပင္ပန္းခံ အခ်ိန္ကုန္ခံျပီး ဇာတ္တိုက္ထားတာ မ”က”ရမွာ သူတို႕ ၾကိဳးစားမွဳကို ေဖာ္ထုတ္ျပခြင့္ မရမွာ ကို စိုးရိမ္မွာ ေပါ႕လို႕ ေတြးမိပါတယ္။
အဲဒီပြဲမွာ ေက်ာင္းသားေတြနဲ႕ေက်ာင္းသူ ေတြက ျမန္မာ႕ယဥ္ေက်းမွဳ႕ ကို ေဖာ္ထုတ္ပံုက တကယ္႕ကို ခ်ီးက်ဴးစရာ။ လူရႊင္ေတာ္ေတြနဲ႕ မင္းသမီး အေပးအယူ မ်ွမ်ွတတနဲ႕ ေဖ်ာ္ေျဖသြားတာ တကယ္႕ကို ၀ါရင္႕ပညာရွင္ေတြကို ၾကည့္ရသလိုပါဘဲ။ ျပက္သြားတဲ႕ျပက္လံုုးေတြကလည္း သူတို႕ပတ္၀န္းက်င္မွာ သူတို႕ျဖစ္ေစခ်င္တာေလး ေတြကို သူတို႕အျမင္နဲ႕ေပါင္းစပ္ျပီး ရယ္စရာေလးေတြ ဖန္တီးသြားတာ က တကယ္႕ကို မခ်ီးက်ဴးဘဲ မေနနုိင္ပါဘူး။ ပရိတ္သက္ကလည္း ရယ္လိုက္ၾကတာအားလုံး၀ါးလံုးကြဲပါဘဲ။
ပရိတ္သတ္ထဲမွာ ဆရာဦးတင္၀င္းေအာင္နွင့္ဇနီး လည္းပါေနေတာ႕ ကိုယ္႕ေက်ာင္းသားေတြကို အျပစ္တခုခုမ်ားျမင္သြားမလား၊ စိတ္မ်ားခုသြားမလားလို႕ စိုးရိမ္စိတ္နဲ႕ ဆရာတို႕ကို ၾကည့္မိေတာ႕ သေဘာ က်စြာ အားပါးတရ ရယ္ေနတာ ကို ျမင္ေတာ႕မွ စိတ္ထဲေပါ႕သြားေတာ႕တယ္။ ေက်ာင္းသား ေတြ ကလည္း တကယ္႕လူရႊင္ေတာ္ၾကီးေတြအလား အခ်ိတ္အဆက္မိမိိ ျပက္လံုးခြင္ေတြ လုပ္ ေနတာ အနုပညာပါရမီ ထူးခ်ြန္သူေတြပါဘဲ။ သူတို႕စိတ္ထဲမွာ ေအာက္ကပရိတ္သတ္ ထဲမွာ ေလးစားရတဲ႕ လူေတြပါမွန္းသိတဲ႕ အသိတရားနဲ႕ ျပက္လံုးခြင္ေတြအရ အမွားပါရင္ခြင့္လႊတ္ဖုိ႕ ဆရာဦးတင္၀င္းေအာင္ နွင္႔ဇနီး၊ဆရာ၊ဆရာမမ်ားကို ေနာက္ဆံုးမွာ ထိုင္ကန္ေတာ႕သြားတာကလည္း တကယ္႕ ခ်စ္စရာေကာင္းတဲ႕ လူငယ္ေလးေတြပါဘဲ။ သူတို႕ အေနနဲ႕ IT ပညာကို ထူးခ်ြန္ေအာင္ ေလ႕လာေနရင္း ျမန္မာ႕ အနုပညာအေပၚ တန္ဖိုးထား ျပီး ေလ႕လာသင္ယူူခဲ႕ လို႕ အနုပညာမွာလည္း ထူးခ်ြန္သူေတြျဖစ္ခဲ႕ၾကတာက ဒီကေန႕ည”က”တဲ႕ အျငိမ္႕အဖြဲ႕ေလးကသက္ေသပါဘဲ။

ေက်ာင္းသား၊ သူေတြ အတြက္ အနုပညာလွဳပ္ရွားမွဳ အေနနဲ႕ဆရာ ဦးတင္၀င္းေအာင္က လုပ္ခြင့္ေပးေတာ႕ သူတို႕လည္း တကၠသိုလ္ ေက်ာင္းသားအရသာကို ခံစားလာရသလို ပိုျပီးလည္း စည္းလံုးမွဳေတြရိွလာ ေက်ာင္းကို လည္း သံေယာဇဥ္ေတြပိုလာ ၾကတယ္။ သူတို႕ ရဲ႕ လုပ္ေဆာင္မွဳေတြကို အသိအမွတ္ျပဳခံရေတာ႕ ေက်နပ္သြားၾကပါတယ္။
သူတို႕ အျငိမ္႕အဖြဲ႕မွာ ပါ၀င္တဲ႕သူေတြကေတာ႕ အျငိမ္႕မင္းသမီးေလးက BIT Level 5 ေျဖဆိုထားတဲ႕ Section-2.8 မွ ေက်ာင္းသူ မဇင္မင္းခ ျဖစ္ပါတယ္။ လူရႊင္ေတာ္ေတြ အေနနဲကကေတာ႕ Section 2.6 က ေက်ာင္းသားေတြျဖစ္တဲ႕ေမာင္ထက္ေအာင္လိွဳင္၊ ေမာင္သိန္းမင္ထက္၊ ေမာင္ထြဋ္ေခါင္ေက်ာ္၊ ေမာင္မင္းခန္႕ကိုကို နဲ႕ Section 2.10 က ေမာင္ျပည့္စံုဟိန္း တို႕ျဖစ္ပါတယ္။

ဒါနဲ႕ဘဲ ဒီအျငိမ္႕အဖြဲ႕နဲ႕ပတ္သက္ျပီး သူတို႕ေတြရဲ႕ ခံယူခ်က္ေတြ ဘယ္လိုရိွတယ္။ ဒီလိုမ်ိဳး ေဖ်ာ္ေျဖမွဳအတြက္ စတင္သေႏၶတည္ ေပါက္ဖြားခဲ႕သလဲ ဆိုတာေလးေတြ ေမးျမန္းျဖစ္ခဲ႕ပါတယ္။ သူတို႕ အျငိမ္႕အဖြဲ႕ကို ပထမနွစ္(ဒုတိယႏွစ္၀က္) စတက္တဲ႕အခ်ိန္ကတည္းက ေက်ာင္းရဲ႕ Fresher Welcome ေတြမွာ တခန္းရက္ျပဇာတ္အေနနဲ႕ ေဖ်ာ္ေျဖခဲ႕တဲ႕အေၾကာင္း၊ အျငိမ္႕အေနနဲ႕ ပထမဆံုးေဖ်ာ္ေျဖခဲ႕တာေတာ႕ June 2015 Fresher Welcome မွာ စတင္ခဲ႕တဲ႕အေၾကာင္း ေတြကိုေျပာျပခဲ႕ပါတယ္။ သူတိုအေနနဲ႕ Fresher Welcome ပြဲမွာ ေျဖေဖ်ာ္နုိင္ဖို႕ အဖက္ဖက္ကေန ၾကိဳးစားျပီး ေက်ာင္းသား၊ ေက်ာင္းသူေတြ ရဲ႕ စည္းလံုးညီညြတ္မွဳေတြကို  ျပသနိုင္ခဲ႕သလို ေပ်ာ္ရႊင္မွဳ ေတြရရိွေအာင္ ဖန္တီးေပးနိုင္ခဲ႕တဲ႔အေၾကာင္း ေျပာျပပါတယ္။

 အခုေဖ်ာ္ေျဖခဲ႕တဲ႕ ပြဲကေတာ႕ အခု MCC.i (Yadanarpon Campus) မွာ Staff Party အတြက္ျဖစ္ျပီး သူတို႕အေနနဲ႕ ျပက္လံုးမ်ားကို ေက်ာင္းမွာ လက္ေတြ႕ၾကံဳေတြ႕ေနရတဲ႕ အျဖစ္အပ်က္ ေတြေပၚမွာ အျပဳသေဘာနဲ႕ သူတို႕ရဲ႕အနုပညာ ပါရမီေတြနဲ႕ေပါင္းစပ္ျပီး ေက်ာင္းသား၊သူ အားလံုးကိုယ္စားျပဳျပီး ဒီအဖြဲ႕ကုုိ တည္ေထာင္ထားျခင္းျဖစ္တယ္လို႕ ေျပာျပပါတယ္။ သူတို႕ အေနနဲ႕ ျပက္လံုးမ်ားထုတ္သြားလို႕ ဆရာၾကီး ဦးတင္၀င္းေအာင္ နွင့္ အုပ္ခ်ဳပ္သူမ်ား၊ဆရာ၊ဆရာမမ်ား အားလံုး အေပၚမွာ အမွားအယြင္းမ်ားရွိခဲ႕ရင္လည္းခြင့္လြတ္ေပးဖုိ႕ ရိွခိုးဦးခ် ေတာင္းပန္သည့္အေၾကာင္းမ်ား ကိုလည္း ေျပာၾကားခဲ႕ပါတယ္။ အခု ေနာက္ဆံုး Yadanarpon Campus မွာ Mandalay Campus ကိုယ္စားျပဳျပီး ေဖ်ာ္ေျဖခဲ႕တဲ႕ ပြဲမွာ ဆရာၾကီး ဦးတင္၀င္းေအာင္ အေနနဲ႕ အသိအမွတ္ျပဳ ဆုခ်ီးျမွင့္ခဲ႕သည္ကို လည္း အရမ္း၀မ္းသာျပီး ေက်းဇူးတင္ေၾကာင္းကိုလည္း ေျပာၾကားသြားပါတယ္။ ေက်ာင္းကဆရာမၾကီးနွင့္ ဆရာမမ်ား ရဲ႕ ပံ႕ပိုးေပးမွဳကိုလည္း  အထူးေက်းဇူးတင္ေၾကာင္း၊ ျပက္လံုးမ်ား မွာ အမွားပါရင္လည္း ဆရာ/ဆရာမမ်ား မွခြင့္လႊတ္ နားလည္ေပးရန္ မ်ားကို ေျပာၾကား သြားပါတယ္။ သူတို႕ေျပာတာေတြနားေထာင္ျပီး သူတို႕ရဲ႕ အနုပညာ ပါရမီ ထူးခ်ြန္စြာျဖင့္ တကယ္႕ ပညာရွင္ေတြအလား ေဖ်ာ္ေျဖေနမွဳကိုဘဲ ျမင္ေယာင္ေနမိပါေတာ့တယ္။

                                ေဒါက္တာသူဇာလွိဳင္
                                MCC.i (Mandalay Campus)
                               

အနုပညာပါရမီရင့်သန် MCC.i(Mandalay Campus) ရဲ့အားမာန်

MCC Polytechnic (Monywa) ဖွင့်ပွဲ အောင်မြင်စွာ ပြီးတော့ MCC Group ဥက္ကဌဆရာ ဦးတင်ဝင်းအောင် က MCC ICT EXPO 2015 အတွက် အကြိုအစည်းအဝေးကို အဲဒီကျောင်းရဲ့ အစည်းအဝေးခန်းမှာ လုပ်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ ဆရာဦးတင်ဝင်းအောင် က ပြခန်းကို လာကြည့်တဲ့ သူတွေကို ဖျော်ဖြေရေးအတွက် Mandalay Campus ကဘဲ တာဝန်ယူပြီး လုပ်ပေးဖို့ လမ်းညွန်လာပါတယ်။ အဲလို တာဝန်ယူခိုင်းတဲ့ အကြောင်းကလည်း  MCC.i Mandalay Campus မှ ကျောင်းသား၊သူများ၏  Fresher Welcome မှာ ဒီကျောင်းက ကျောင်းသား၊သူတွေရဲ့ အနုပညာထူးချွန်မှုတွေကို ဆရာက သိသွားပြီး ဒီတာဝန်ကိုပေးခဲ့တယ်လို့ ပဲ ထင်မိပါတယ်။
တစ်ကယ်လည်း သူတို့ရဲ့ အနုပညာအမြင် တီထွင် ဖန်တီးမှုတွေက တကယ်ကို ချီးကျူးစရာပါ။ အဲဒီထဲမှာ မြန်မာ့ရိုးရာ ယဉ်ကျေးမှု ကိုုဖော်ဆောင်တဲ့ အငြိမ့်အဖွဲ့ ကို ကျွန်မ ကိုယ်တိုင်လည်း တကယ် နှစ်သက်တယ်။ တကယ့်ကို ၀ါရင့် လူရွှင်တော်ကြီးတွေအတိုင်း  ပြက်လုံးတွေကို ဂွင်ကျကျ ပြက်သွားလိုက်တာများ Fresher Welcome ကိုတက်ရောက်လာတဲ့ ဆရာ၊ဆရာမများ၊ ၀န်ထမ်းများနှင့်ကျောင်းသား၊သူ မိဘတွေ အားလုံး ပါးစပ်တွေ မပိတ်ရ လောက်အောင်ပါပဲ။ ရယ်လိုက်ရတာ.. မင်းသမီး ကလည်း ချစ်စရာကောင်း သူကလည်း အငြိမ့်မင်းသမီးတွေ နှုတ််ဆက်သလို တကယ့် အပီအပြင် .. ဒီပွဲပြီးတော့ သူတို့ ရဲ့ သတင်းက ပြန့်သွားပြီ Yangon Campus အထိ မန်းလေး က အနုပညာ အရည်အသွေးတွေ ကို အခွင့်ကြုံရင် ပြန်လည် ဖျော်ဖြေခိုင်းဖို့ … အခု တော့ အခွင့်ကြံုလာပြီ.
မုံရွာက ပြန်လာတာနဲ့ စပြီ MCC ICT EXPO 2015မှာ ဖျော်ဖြေရေး ကို Mandalay Campus က လုပ်ရမယ်လို့ ဆရာမတွေနဲ့ တိုင်ပင်ပြီး Student Represntative Committee ရဲ့ ဥက္ကဌ ကိုမိုး(မြတ်အောင်မိုး) ကတဆင့် ဖျော်ဖြေရေးအတွက် စီစဉ်ခိုင်းတော့ နိုင်ငံခြားအကအဖွဲ့၊ တေးသရုပ်ဖော်တွေ၊ သီချင်းဆိုမည့်သူတွေ ပြဇာတ်အဖဲဲွ၊ အငြိမ့်အဖွဲ့ အစရှိသဖြင့် ပါ၀င်ကြဖို့.. အစီအစဉ်တွေဆွဲလို့။ ပြင်ဆင်နေကြပြီ ။
အငြိမ့်အဖွဲ့မှာ ပါ၀င်တဲ့သူတွေက ကျောင်းသားဟောင်းတွေအများစုဖြစ်နေတော့ သူတို့ကို ကိုမိုးကဆက်သွယ်ပြီးခေါ်လိုက်တော့ လာပါပြီ သူတို့လည်း စိတ်ဝင်တစား နဲ့ သူတို့ အနု ပညာ အရည်အချင်းကို ပြနိုင်ဖို့ ပြင်ဆင်ကြတော့မယ်။ “ဘယ်အချိန်ဖျော်ဖြေရမှာလဲ ငါတို့ကိုမေးပေးဦးနော် “ ကိုမိုး(မြတ်အောင်မိုး) ဆိုပြီး ပြောတော့ ကိုမိိုးကလည်း ရုံးခန်းကို လာပြီး ကျွန်မ ဆီလာပြီး “ဆရာမနော် ကျွန်တော်တို့ က အပီအပြင် လုပ်နေတာနော် ဘယ်လို အစီအစဉ်တွေနဲ့ ဘယ်အချိန် ဖျော်ဖြေရမှာလဲ တဲ့ “။ ကျွန်မကလည်း နေဦး တီချယ်တို့က YTNP Campus ကို အစီအစဉ်မေး လိုက်ဦးမယ်လို့ ပြောတော့။ မကျေမနပ်နဲ့ မချင့်မရဲ သူတို့ ကမှကရပါ့မလား ဆိုတဲ့စိတ်နဲ့ ကိုမိုးကပြန်သွားပြီး အငြိမ့်အဖွဲ့က ကျောင်းသားတွေကို ပြန်ပြောတော့။ဟိုကလည်း ပြင်ဆင်ပြီးမှ မကရရင် နော်ဆိုပြီး ပြောတော့ ကိုမိုး ခေါင်းကြိမ်းနေပြီ။
နောက်နေ့မှာ အစီအစဉ်တွေများနေလို့ အချို့အစီအစဉ်လျော့မယ် လို့ ပြောတော့ “အငြိမ့်အဖွဲ့ က မကရရင် တခြားအဖွဲ့တွေလည်း မကတော့ဘူးတဲ့”  တယောက်တပေါက်နဲ့ ဆရာမတွေကို ပြောကြပြီ။ ကျန်တဲ့ဖျော်ဖြေရေးအဖွဲ့ဝင်တွေကလည်း အငြိမ့်အဖွဲ့က သူတို့ကျောင်းသူ၊သားအားလုံး ရဲ့ ကိုယ်စား ခေါင်းဆောင်နေတဲ့ Senior အကိုကြီးတွေဆိုတော့ အငြိမ့် မပါရင် တခြားအစီအစဉ်မလုပ်ချင်ကြဘူးလို့နပူနစာလုပ်လာကြပါတော့တယ်။
နောက်ဆုံးတော့ ညှိနှိုင်းပြီး  MCC.i (Mandalay Campus)အငြိမ့်အဖွဲ့ က ညပိုင်း Staff Dinner ဖျော်ဖြေဖို့တာဝန်ကျတယ်။ သူတို့ကျေနပ်သွားပြီ ဆိုပေမဲ့ ကိုမိုးက လာပြောသေးတယ် “ဆရာမ သေချာရဲ့လားတဲ့”  ကြာတော့ စိတ်ကပေါက်လာပြီ အေးပါ သေချာပါတယ်ဆိုပြီး အော်လိုက်တယ် ပြံုးစိစိနဲ့ထွက်သွားရော။ ဆရာမက အော်တာကို စိတ်မဆိုးတဲ့ သူ့ကိုလည်း ကျေးဇူးတင်ရပါတယ်။ကျွန်မလည်း  သူတို့ဘက်ကနေခံစားကြည့်ပြီး အော် သူတို့လည်း အပင်ပန်းခံ အချိန်ကုန်ခံပြီး ဇာတ်တိုက်ထားတာ မ”က”ရမှာ သူတို့ ကြိုးစားမှုကို ဖော်ထုတ်ပြခွင့် မရမှာ ကို စိုးရိမ်မှာ ပေါ့လို့ တွေးမိပါတယ်။
အဲဒီပွဲမှာ ကျောင်းသားတွေနဲ့ကျောင်းသူ တွေက မြန်မာ့ယဉ်ကျေးမှု့ ကို ဖော်ထုတ်ပုံက တကယ့်ကို ချီးကျူးစရာ။ လူရွှင်တော်တွေနဲ့ မင်းသမီး အပေးအယူ မျှမျှတတနဲ့ ဖျော်ဖြေသွားတာ တကယ့်ကို ၀ါရင့်ပညာရှင်တွေကို ကြည့်ရသလိုပါဘဲ။ ပြက်သွားတဲ့ပြက်လုံုးတွေကလည်း သူတို့ပတ်ဝန်းကျင်မှာ သူတို့ဖြစ်စေချင်တာလေး တွေကို သူတို့အမြင်နဲ့ပေါင်းစပ်ပြီး ရယ်စရာလေးတွေ ဖန်တီးသွားတာ က တကယ့်ကို မချီးကျူးဘဲ မနေနိုင်ပါဘူး။ ပရိတ်သက်ကလည်း ရယ်လိုက်ကြတာအားလုံးဝါးလုံးကွဲပါဘဲ။
ပရိတ်သတ်ထဲမှာ ဆရာဦးတင်ဝင်းအောင်နှင့်ဇနီး လည်းပါနေတော့ ကိုယ့်ကျောင်းသားတွေကို အပြစ်တခုခုများမြင်သွားမလား၊ စိတ်များခုသွားမလားလို့ စိုးရိမ်စိတ်နဲ့ ဆရာတို့ကို ကြည့်မိတော့ သဘော ကျစွာ အားပါးတရ ရယ်နေတာ ကို မြင်တော့မှ စိတ်ထဲပေါ့သွားတော့တယ်။ ကျောင်းသား တွေ ကလည်း တကယ့်လူရွှင်တော်ကြီးတွေအလား အချိတ်အဆက်မိမိိ ပြက်လုံးခွင်တွေ လုပ် နေတာ အနုပညာပါရမီ ထူးချွန်သူတွေပါဘဲ။ သူတို့စိတ်ထဲမှာ အောက်ကပရိတ်သတ် ထဲမှာ လေးစားရတဲ့ လူတွေပါမှန်းသိတဲ့ အသိတရားနဲ့ ပြက်လုံးခွင်တွေအရ အမှားပါရင်ခွင့်လွှတ်ဖို့ ဆရာဦးတင်ဝင်းအောင် နှင့်ဇနီး၊ဆရာ၊ဆရာမများကို နောက်ဆုံးမှာ ထိုင်ကန်တော့သွားတာကလည်း တကယ့် ချစ်စရာကောင်းတဲ့ လူငယ်လေးတွေပါဘဲ။ သူတို့ အနေနဲ့ IT ပညာကို ထူးချွန်အောင် လေ့လာနေရင်း မြန်မာ့ အနုပညာအပေါ် တန်ဖိုးထား ပြီး လေ့လာသင်ယူူခဲ့ လို့ အနုပညာမှာလည်း ထူးချွန်သူတွေဖြစ်ခဲ့ကြတာက ဒီကနေ့ည”က”တဲ့ အငြိမ့်အဖွဲ့လေးကသက်သေပါဘဲ။
ကျောင်းသား၊ သူတွေ အတွက် အနုပညာလှုပ်ရှားမှု အနေနဲ့ဆရာ ဦးတင်ဝင်းအောင်က လုပ်ခွင့်ပေးတော့ သူတို့လည်း တက္ကသိုလ် ကျောင်းသားအရသာကို ခံစားလာရသလို ပိုပြီးလည်း စည်းလုံးမှုတွေရှိလာ ကျောင်းကို လည်း သံယောဇဉ်တွေပိုလာ ကြတယ်။ သူတို့ ရဲ့ လုပ်ဆောင်မှုတွေကို အသိအမှတ်ပြုခံရတော့ ကျေနပ်သွားကြပါတယ်။
သူတို့ အငြိမ့်အဖွဲ့မှာ ပါ၀င်တဲ့သူတွေကတော့ အငြိမ့်မင်းသမီးလေးက BIT Level 5 ဖြေဆိုထားတဲ့ Section-2.8 မှ ကျောင်းသူ မဇင်မင်းခ ဖြစ်ပါတယ်။ လူရွှင်တော်တွေ အနေနဲကကတော့ Section 2.6 က ကျောင်းသားတွေဖြစ်တဲ့မောင်ထက်အောင်လှိုင်၊ မောင်သိန်းမင်ထက်၊ မောင်ထွဋ်ခေါင်ကျော်၊ မောင်မင်းခန့်ကိုကို နဲ့ Section 2.10 က မောင်ပြည့်စုံဟိန်း တို့ဖြစ်ပါတယ်။

ဒါနဲ့ဘဲ ဒီအငြိမ့်အဖွဲ့နဲ့ပတ်သက်ပြီး သူတို့တွေရဲ့ ခံယူချက်တွေ ဘယ်လိုရှိတယ်။ ဒီလိုမျိုး ဖျော်ဖြေမှုအတွက် စတင်သန္ဓေတည် ပေါက်ဖွားခဲ့သလဲ ဆိုတာလေးတွေ မေးမြန်းဖြစ်ခဲ့ပါတယ်။ သူတို့ အငြိမ့်အဖွဲ့ကို ပထမနှစ်(ဒုတိယနှစ်ဝက်) စတက်တဲ့အချိန်ကတည်းက ကျောင်းရဲ့ Fresher Welcome တွေမှာ တခန်းရက်ပြဇာတ်အနေနဲ့ ဖျော်ဖြေခဲ့တဲ့အကြောင်း၊ အငြိမ့်အနေနဲ့ ပထမဆုံးဖျော်ဖြေခဲ့တာတော့ June 2015 Fresher Welcome မှာ စတင်ခဲ့တဲ့အကြောင်း တွေကိုပြောပြခဲ့ပါတယ်။ သူတိုအနေနဲ့ Fresher Welcome ပွဲမှာ ဖြေဖျော်နိုင်ဖို့ အဖက်ဖက်ကနေ ကြိုးစားပြီး ကျောင်းသား၊ ကျောင်းသူတွေ ရဲ့ စည်းလုံးညီညွတ်မှုတွေကို  ပြသနိုင်ခဲ့သလို ပျော်ရွှင်မှု တွေရရှိအောင် ဖန်တီးပေးနိုင်ခဲ့တဲ့အကြောင်း ပြောပြပါတယ်။
 အခုဖျော်ဖြေခဲ့တဲ့ ပွဲကတော့ အခု MCC.i (Yadanarpon Campus) မှာ Staff Party အတွက်ဖြစ်ပြီး သူတို့အနေနဲ့ ပြက်လုံးများကို ကျောင်းမှာ လက်တွေ့ကြံုတွေ့နေရတဲ့ အဖြစ်အပျက် တွေပေါ်မှာ အပြုသဘောနဲ့ သူတို့ရဲ့အနုပညာ ပါရမီတွေနဲ့ပေါင်းစပ်ပြီး ကျောင်းသား၊သူ အားလုံးကိုယ်စားပြုပြီး ဒီအဖွဲ့ကုုိ တည်ထောင်ထားခြင်းဖြစ်တယ်လို့ ပြောပြပါတယ်။ သူတို့ အနေနဲ့ ပြက်လုံးများထုတ်သွားလို့ ဆရာကြီး ဦးတင်ဝင်းအောင် နှင့် အုပ်ချုပ်သူများ၊ဆရာ၊ဆရာမများ အားလုံး အပေါ်မှာ အမှားအယွင်းများရှိခဲ့ရင်လည်းခွင့်လွတ်ပေးဖို့ ရှိခိုးဦးချ တောင်းပန်သည့်အကြောင်းများ ကိုလည်း ပြောကြားခဲ့ပါတယ်။ အခု နောက်ဆုံး Yadanarpon Campus မှာ Mandalay Campus ကိုယ်စားပြုပြီး ဖျော်ဖြေခဲ့တဲ့ ပွဲမှာ ဆရာကြီး ဦးတင်ဝင်းအောင် အနေနဲ့ အသိအမှတ်ပြု ဆုချီးမြှင့်ခဲ့သည်ကို လည်း အရမ်းဝမ်းသာပြီး ကျေးဇူးတင်ကြောင်းကိုလည်း ပြောကြားသွားပါတယ်။ ကျောင်းကဆရာမကြီးနှင့် ဆရာမများ ရဲ့ ပံ့ပိုးပေးမှုကိုလည်း  အထူးကျေးဇူးတင်ကြောင်း၊ ပြက်လုံးများ မှာ အမှားပါရင်လည်း ဆရာ/ဆရာမများ မှခွင့်လွှတ် နားလည်ပေးရန် များကို ပြောကြား သွားပါတယ်။ သူတို့ပြောတာတွေနားထောင်ပြီး သူတို့ရဲ့ အနုပညာ ပါရမီ ထူးချွန်စွာဖြင့် တကယ့် ပညာရှင်တွေအလား ဖျော်ဖြေနေမှုကိုဘဲ မြင်ယောင်နေမိပါတော့တယ်။

                                ဒေါက်တာသူဇာလှိုင်
                                MCC.i (Mandalay Campus)
                                 

  

  

  


လန္ဒန္သြား ေတာလား . . .

လန္ဒန္သြား ေတာလား . . .

အ၀ါရင့္ေရာင္ ေမပယ္ရြက္ေၾကြ ကေလးမ်ားကုိ ေတြ႕ရေတာ့ စာေရးသူတုိ႔ တကၠသုိလ္ တက္စဥ္က တေဆြးေျမ့ေျမ့ ဖတ္ခဲ့ရေသာ တကၠသုိလ္ဘုန္းႏုိင္၏ အခ်စ္၀တၳဳမ်ား၌ အဂၤလန္၏ ေဆာင္းဦး ေပါက္ကာလ ေဖာ္ၾကဴးခဲ့သည္မ်ားကုိ သတိရၿပီး လြမ္းသလုိ ေဆြးသလုိ ခံစားလိုက္ရၿပီး ျပန္လည္ ႏုပ်ိဳသြား ျပန္ပါေတာ့သည္။ ဒီတစ္ေခါက္ လန္ဒန္ေရာက္ ျပန္ပါၿပီ။ တည္းခုိေနက် လန္ဒန္ၿမိဳ႕လယ္ ေမဖယ္ရား အရပ္ရွိ Holiday Inn ဟုိတယ္မွာ ေနရင္း လမ္းတစ္ဖက္ ကူးလိုက္လွ်င္ ေရာက္ေနၿပီျဖစ္သည့္ Gree Park ဥယ်ာဥ္ႀကီးအတြင္း လမ္းေလွ်ာက္ၿပီး (Jogying) ျပဳလုပ္ေနက်အတုိင္း ျပဳလုပ္ရင္း အ၀ါရင့္ေရာင္ ေမပယ္ရြက္မ်ားကုိ ေတြ႕ရသည့္
အတြက္ တကၠသုိလ္ကုိေရာ၊ ဆရာႀကီး တကၠသုိလ္ဘုန္းႏုိင္ကုိေရာ သူေရးသားခဲ့သည့္ “ သူငယ္ခ်င္းလုိ႔ဘဲ ဆက္၍ေခၚမည္ခုိင္ ” ၀တၳဳထဲက ခိုင္တုိ႔ .. ႀကိဳင္တုိ႔ . . လိႈင္ . . တုိ႔ကိုေရာ သတိရလိုက္မိပါသည္။
လန္ဒန္ကုိ မၾကာခဏ ေရာက္တုိင္း သတိမရဘဲ မေနႏုိင္သည့္ အျဖစ္အပ်က္တစ္ခု ရွိပါသည္။ ရယ္စရာလည္းေကာင္း၊ ေၾကာက္စရာလည္းေကာင္း၊ ျဖစ္တုန္းက ေဇာေခြၽးျပန္ခဲ့ၿပီး ျဖစ္ၿပီး ျပန္စၿမံဳ႕ ျပန္ေတာ့ ရယ္စရာေကာင္းသည့္ အေတြ႕အႀကံဳလုိ႔ ေျပာႏုိင္ပါတယ္ . . ။
“ ကြၽန္ေတာ္တုိ႔ အားတံုးေလး ပစ္ကပ္ဒလီ (Piccadailly) ဘက္ သြားရေအာင္လား . .” လုိ႔ စတင္လုိက္တာက
လန္ဒန္ခရီးကုိ အတူလာခဲ့သူ တကၠသုိလ္ ပါေမာကၡခ်ဳပ္တစ္ဦး ျဖစ္ပါတယ္။ ဒါနဲ႔ပဲ စာေရးသူနဲ႔ ပါေမာကၡခ်ဳပ္တုိ႔ ပစ္ကပ္ဒလီအရပ္ကုိ လန္ဒန္ေျမေအာက္ ရထားစီးၿပီး Piccadilly Circus ဘူတာကေန အေပၚကုိ တက္ခဲ့ပါတယ္။ လန္ဒန္ၿမိဳ႕ရဲ႕ နာမည္ႀကီး လူစည္ကားရာ ေနရာျဖစ္တဲ့အတြက္ လန္ဒန္သုိ႔ အလည္လာတဲ့ ခရီးသြားေတြေရာ၊ လန္ဒန္ၿမိသူၿမိဳ႕သားေတြေရာ ႐ႈပ္ယွက္ခပ္ေနေတာ့ စာေရးသူတုိ႔လည္း အမ်ားနဲ႔ေရာၿပီး ေလွ်ာက္ၾကည့္ေနရာ တစ္ေနရာေရာက္ေတာ့ ဆုိင္းဘုတ္တစ္ခု ေတြ႕လိုက္ပါတယ္။ "Belly Dance Just £ 9”

ဆရာေရ . . မဆုိးဘူးထင္တယ္ . . လန္ဒန္ေရာက္တံုး Belly Dance ေလးဘာေလး ၾကည့္ရေအာင္ အေတြ႕အႀကံဳေပါ့ . . ”

“ ဟုတ္ပါ့ ပါခ်ဳပ္ႀကီးေရ . . ကြၽန္ေတာ္ ဘယ္သူ႕ကုိမွ ျပန္မေျပာပါဘူး လန္ဒန္သြား ေတာလား ..... စမ္းၾကည့္တာေပါ့ . . ”

ဒါနဲ႔ပဲ ဆုိင္းဘုတ္ညႊန္ျပရာ ေျမေအာက္ဘက္ကုိ ေလွခါးနဲ႔ ဆင္းသြားလိုက္ေတာ့ ေအာက္ထပ္အခန္းမွာ ဘယ္သူမွ မေတြ႔ရဘဲ ဆက္တီတစ္စံုပဲ ခ်ထားတာ ေတြ႕ရတယ္။ Belly Dance ကမဲ့ ဇာတ္ခံုလည္း မေတြ႕ရတာနဲ႔ ငါတုိ႔ေတာ့ အညာမိၿပီဆုိၿပီး ေတြ႕ရတဲ့ အေစာင့္ကုိ ေမးပါတယ္။
“ ေဟ့ . . မင္းတုိ႔ Belly Dance ဘယ္မွာလဲ . . ဘာမွလည္း မေတြ႕ရပါလား . .”
“ ခဏထိုင္ၿပီး ေစာင့္ပါ . . လာပါလိမ့္မယ္ . .”
သူေျပာတဲ့အတုိင္း ခဏၾကာေတာ့ လာပါၿပီ။ ေထာင္ေထာင္ေမာင္းေမာင္း မ်က္လံုးက်ယ္က်ယ္နဲ႔ အာရပ္မကေခ်သည္၊ ဗိုက္သားလႈပ္ ကျပဖုိ႔ ဗုိက္သား အထင္းသားနဲ႔ လာပါၿပီ။ ၿပီးေတာ့ Belly Dance ကျပေတာ့ ကြၽန္ေတာ္တုိ႔ Belly Dance ဆုိတာ ပထမဆံုး ေတြ႕ရလုိ႔ ပီတိ ျဖစ္သြားေတာ့တာပါဘဲ။ တစ္ခ်ီကၿပီးေတာ့ ကြၽန္ေတာ္တုိ႔ထုိင္တဲ့ ဆက္တီခံုမွာ ကပ္ထုိင္ရင္း သူက အခ်ိဳရည္ ကြၽန္ေတာ္တုိ႔အတြက္ တဘီယာ မွာပါေတာ့တယ္။ ဒီအထိ အားလံုး အုိေကမွာ စုိေျပေနေသးတယ္။ မၾကာခင္ ကေခ်သည္အာရပ္မ အတြင္း၀င္သြားၿပီး ဗလနဲ႔ လူထြားႀကီးက စာရြက္တစ္ရြက္နဲ႔ ကြၽန္ေတာ္တုိ႔ေဘးကုိ လာထုိင္ပါတယ္။ ၿပီးေတာ့ ေငြရွင္းဖုိ႔ စာရြက္မွန္းသိလိုက္ရၿပီး ၾကည့္လိုက္ေတာ့ အဂၤလိပ္ေငြ ေပါင္ (၉၀၀)တဲ့ . . ျမတ္စြာဘုရား .. .တစ္ခုခုေတာ့ မွားေနၿပီထင္တယ္လုိ႔ . . ျပန္ေမးေတာ့ မမွားပါဘူးတဲ့ ေပးမွာသာ ေပးပါတဲ့ မေပးရင္ေတာ့ဆုိၿပီး သူရဲ႕ လက္ေမာင္း ၾကြက္သားကုိ ျပပါေတာ့တယ္ . . ။

“ ဆရာေရ ဘယ္လုိလုပ္ၾကမလဲ .. ဒီငနဲေတြ ကြၽန္ေတာ္တုိ႔ကုိ အမဲဖမ္းေနၿပီ..”  လုိ႔ ကတုန္ကရင္ ေျပာပါတယ္။ စာေရးသူလည္း ဘာလုပ္ရမွန္းမသိ။ ဗလႀကီးကလည္း ႐ုိက္မယ္ပုတ္မယ္ တစ္ကဲကဲနဲ႔… ခက္ေတာ့ခက္ကုန္ပါၿပီ။ ပါခ်ဳပ္ႀကီးကလည္း သူ႕အိတ္ကပ္ထဲမွာ ထည့္လာတဲ့ ေဒၚလာ (၁၀၀) တန္(၃) ရြက္ကုိ ထုတ္ေပးၿပီး ဒါဘဲပါတယ္လုိ႔ ေတာင္းေတာင္းပန္ပန္ေျပာေနတုန္း စာေရးသူကလည္း အိတ္ထဲႏုိက္လိုက္ေတာ့ ထုိင္းဘတ္ေငြ တစ္ေထာင္တန္တစ္ရြက္၊ ငါးရာတန္တစ္ရြက္ေတြ႕တာနဲ႔ ထုတ္ေပးလိုက္ေတာ့ ဗလႀကီး နဲနဲေၾကာင္သြားတယ္။ အဲဒီအခ်ိန္မွာ ကယ္တင္ရွင္ေတြ ေရာက္လာပါတယ္။ ရဲေတြလုိ႔ေတာ့ မထင္ပါနဲ႔ ကြၽန္ေတာ္တုိ႔လုိ မအူမလယ္ ႏုိင္ငံျခားသားႏွစ္ေယာက္ ေလွခါးက ဆင္းလာလုိ႔ ဒီေကာင္ေတြ ေနာက္ထပ္ အမဲဖမ္းဖုိ႔ အာ႐ံုေျပာင္းေပးတဲ့အခ်ိန္မွာ ကြၽန္ေတာ္တုိ႔အေပၚကုိ ထြက္ေျပးခဲ့ၾကၿပီး လမ္းမေပၚေရာက္မွ သက္ပ်င္းခ် ႏုိင္ပါေတာ့တယ္။ ခဏေလးၾကည့္လိုက္ရတဲ့ Belly Dance ဘယ္ေရာက္သြားမွန္း မသိလိုက္ေတာ့ . .

အထက္ေဖာ္ျပပါ အျဖစ္အပ်က္သည္ ၁၉၉၄ ခုႏွစ္တြင္ ၿဗိသတိသွ်ေကာင္စီ အစီအစဥ္ျဖင့္ အဂၤလန္မွ သင္တန္းမ်ားကုိ ျမန္မာႏုိင္ငံမွာ သင္ၾကားေပးေနသည့္ အဖြဲ႕အစည္းမ်ားမွ တာ၀န္ရွိသူမ်ား အဂၤလန္ႏုိင္ငံသုိ႔ ေလ့လာေရးအစီအစဥ္ သြားေရာက္စဥ္ ျဖစ္ပ်က္ခဲ့ျခင္း ျဖစ္ပါသည္။ (၁၉၈၉) ခုႏွစ္ ျမန္မာႏုိင္ငံ ဆုိရွယ္လစ္စနစ္မွ ေစ်းကြက္ စီးပြားေရးစနစ္ ေျပာင္းအၿပီး အနည္းငယ္ လြတ္လပ္ခြင့္ရလာခ်ိန္ ႏုိင္ငံျခား ဒီပလုိမာႏွင့္ ဘြဲ႕သင္တန္းမ်ားကုိ ျမန္မာႏုိင္ငံတြင္ သင္ၾကားႏုိင္ရန္ ႀကိဳးပမ္းခဲ့ၾကေသာ အခ်ိန္၌ ျဖစ္ပါသည္။ MCC မွ ဆရာႀကီး ဦးတင္၀င္းေအာင္လည္း ပါပါတယ္။ တစ္ကယ္ေတာ့ Belly Dance ၾကည့္ဖုိ႔ သြားတာမဟုတ္ပါ။ ဒီကေန႔အထိ ေအာင္ျမင္စြာ သင္ၾကားေနေသာ ႏုိင္ငံတကာ ကြန္ပ်ဴတာ ဒီပလိုမာမ်ားႏွင့္ အဂၤလန္ႏုိင္ငံ တကၠသုိလ္မ်ားမွ ခ်ီးျမႇင့္မည့္ ကြန္ပ်ဴတာ သိပၸံ ဒီပလုိမာ သင္တန္းမ်ားအတြက္ သြားခဲ့ရာ ပညာေရး အဖြဲ႕အစည္းႏွင့္ တကၠသုိလ္မ်ားသုိ႔ ကုိယ္တုိင္ကုိယ္က် သြားေရာက္ခဲ့ျခင္းသာ ျဖစ္ပါသည္။ Belly Dance မွာ အဆစ္ပါ သြားျခင္းသာ ျဖစ္ပါသည္။

“ သားေရ . .တုိ႔ ဘုိစာေတြခ်ည္း စားေနတာ ၿငီးေငြ႕လာၿပီကြာ။ တ႐ုတ္စာေလး ဘာေလး စားရေအာင္ . . China Town ဘက္ သြားရရင္ေကာင္းမလား ..”

“ ဟုိတယ္က လမ္းေလွ်ာက္သြား႐ံုပဲ . . တဲ့တဲ့ေလွ်ာက္ရင္ Piccadilly ေရာက္မယ္။ ၿပီးေတာ့ Lacester Square . . ၿပီးေတာ့ ဘယ္ဘက္ခ်ိဳးရင္ ... China Town ...”

MCC က သင္ေနတဲ့ ႏုိင္ငံတကာ ကြန္ပ်ဴတာဒီပလုိမာေတြ ရၿပီး ေနာက္ဆံုးႏွစ္ကုိ အဂၤလန္ႏုိင္ငံ လႊတ္လိုက္လုိ႔ Oxford Brook တကၠသုိလ္က ကြန္ပ်ဴတာသိပၸံဘြဲ႕ရၿပီး စကၤာပူႏုိင္ငံမွာ Business Analyst အျဖစ္ အလုပ္လုပ္ေနတဲ့ သားေတာ္ေမာင္ . . က လန္ဒန္ကုိ ကြၽမ္းသူပီပီ လမ္းညႊန္လိုက္ပါတယ္။ Piccadilly ၾကားလိုက္ေတာ့ . . အရင္တံုးက Belly Dance အျဖစ္သတိရၿပီး ရယ္ျခင္သလုိလည္းျဖစ္ . . ၾကက္သီးေမႊးညႇင္းလည္း ထသြားပါတယ္။ Piccadilly ဆုိတာ ကမၻာ့နာမည္ၾကီး ျပဇာတ္႐ံုေတြ၊ ကာစီႏုိေတြ ရွိတဲ့ေနရာပါ။ ေတာသားေတြမုိ႔ ေစ်းေပါနဲ႔ ရတယ္ထင္ၿပီး ေျမေအာက္ထပ္ကုိသြားလုိ႔ ျဖစ္တာပါ။ တန္ရာတန္ေၾကးေပးၿပီး ေျမေပၚက ျပဇာတ္႐ံုေတြမွာ ႀကိဳက္တဲ့ပြဲေတြ ၾကည့္လုိ႔ရပါတယ္။

ဒီတစ္ေခါက္လန္ဒန္ ခရီးစဥ္ကလည္း MCC က မၾကာခင္ တည္ေထာင္ ဖြင့္လွစ္ေတာ့မယ့္ တကၠသုိလ္ႀကီးအတြက္ အတူလက္တြဲလုပ္ဖုိ႔ University of London နဲ႔ အစည္းအေ၀းလုပ္ဖုိ႔ လာတာပါ။ ပုဂၢလိကတကၠသုိလ္ဥပေဒ ထြက္လာတာနဲ႔ တကၠသုိလ္ႀကီး တည္ေထာင္တဲ့အခါ ကမၻာ့နာမည္ႀကီး တကၠသုိလ္ေတြနဲ႔ ပူးေပါင္းဖုိ႔ လုိပါတယ္။ MCC က University of London နဲ႔ ပူးေပါင္းဖုိ႔ ဆံုးျဖတ္လိုက္ၿပီး အေသးစိတ္ေတြ ညိႇႏိႈင္းဖို႔ လာခဲ့တာ ျဖစ္ပါတယ္။ ၿပီးေတာ့ Birmingham City University နဲ႔လည္း Polytechnic ဒီပလုိမာၿပီးရင္ Top-Up Degree Program အတြက္လည္း လုပ္ေနလုိ႔ သူတုိ႔နဲ႔လည္း ေရာက္တံုး ေတြ႕ရပါအံုးမယ္ ...

ေတာသားပံုစံနဲ႔ မလယ္႐ႈပ္လုပ္လုိ႔ ရွိသမွ် ပိုက္ဆံေတြ အကုန္ေျပာင္ၿပီးလြတ္ ေအာင္ေျပးခဲ့ရတဲ့ Piccadilly ရဲ႕ Belly Dance . . . ကုိ တခါေသဘူး ပ်ဥ္ဘုိးနား လည္ဆုိသလုိ လန္ဒန္ကုိ မၾကာခဏေရာက္ ေပမယ့္ မသြားျဖစ္ေတာ့ပါဘူး။

ဒါေပမယ့္ ပါခ်ဳပ္ႀကီးက ေနာက္တစ္ေခါက္ထပ္သြားခဲ့ ပါတယ္။ ပါခ်ဳပ္ႀကီး ေနာက္တစ္ေခါက္ လန္ဒန္ခရီးစဥ္မွာ အဖြဲ႕ေတာ္ေတာ္ေကာင္းပါတယ္။ အားလံုးငါးေယာက္ ဗုိလ္မွဴးႀကီး တစ္ေယာက္လည္းပါတယ္။ ပါခ်ဳပ္ႀကီးက လူတတ္ႀကီးလုပ္ၿပီး Piccadilly ကုိ ေခၚ သြားပါတယ္။ သူ႕စိတ္ထဲမွာေတာ့ အရင္ တစ္ေခါက္က ႏွစ္ေယာက္ ထဲမု႔ိလုိ႔ ဒီတစ္ ေခါက္ ငါးေယာက္ဆုိေတာ့ ဘာမွ မျဖစ္တန္ဘူးေပါ့။ ဗုိလ္မွဴးႀကီးလည္းပါေတာ့ အားကုိးတႀကီးနဲ႔ အပိုင္ဘဲဆုိၿပီး အရင္သြား ခဲ့တဲ့ Belly Dance ေနရာကုိ အရင္အတုိင္းသြားခဲ့တာ အရင္အတုိင္းဘဲ ခံလိုက္ရတယ္လုိ႔ ၾကားလိုက္ရပါတယ္။ ဒါ့ေၾကာင့္ တစ္ေယာက္တည္းဘ ဲသြားသြား အုပ္စုနဲ႔ဘဲသြားသြား ႏုိင္ငံျခားေရာက္ရင္ ကုိယ့္ပံုစံေတြက ေတာဂိုက္ေပါက္ေနလုိ႔ ၀ုိင္းၿပီး အခ်ဥ္ဖမ္း တတ္တာကုိ သတိထားရပါမယ္။

ေခတ္ႀကီး တုိးတက္ပါတယ္ဆုိတဲ့ အဂၤလန္သြားသြား၊ အေမရိကန္၊ ဂ်ပန္၊ ျပင္သစ္ ဘယ္သြားသြားခံရမွာ ေသခ်ာပါတယ္။ ခံရတဲ့ Story ေတြလည္း အမ်ားႀကီးပါ။

“ အေဖ . . ထမင္းစားေလ .. ဘာေတြ ေတြးေနလုိ႔ . . ၿပံဳးေနရတာလဲ. . တ႐ုတ္စာစားမယ္ဆုိလုိ႔ ဒီဆုိင္ကုိလာတာ .. ဘာလဲ စားမေကာင္းဘူးလား ..”

မိမိ အေတြးနယ္ခ်ဲ႕ေနလုိ႔ သားေတာ္ေမာင္သတိေပးမွ ထမင္းစားေနတာကုိ သတိရလုိ႔ ျပန္ေျပာလိုက္မိပါတယ္။” ေအးကြာ . . Belly ကမေကာင္းဘူး . .” လုိ႔ လႊတ္ကနဲ ေျပာလိုက္မိပါတယ္။

“ ဘာလဲ ၀က္အေခါက္က မာလုိ႔လား . . အေဖဘဲ အေခါက္ကင္ႀကိဳက္တယ္ဆုိ . .”

“ ႏုိး .. ႏုိး .. ႏုိး .. အေခါက္ကင္က ေကာင္းပါတယ္ Belly ကမေကာင္းတာပါ . .”

သူေျပာတဲ့ Belly နဲ႔ ကုိယ္ေျပာတဲ့ Belly မတူဘူးဆုိတာ သားေတာ္ေမာင္ မသိရွာဘူးကုိး။

အီကုိကုိေအာင္

လန်ဒန်သွား တောလား . . .

အဝါရင့်ရောင် မေပယ်ရွက်ကြွေ ကလေးများကို တွေ့ရတော့ စာရေးသူတို့ တက္ကသိုလ် တက်စဉ်က တဆွေးမြေ့မြေ့ ဖတ်ခဲ့ရသော တက္ကသိုလ်ဘုန်းနိုင်၏ အချစ်ဝတ္ထုများ၌ အင်္ဂလန်၏ ဆောင်းဦး ပေါက်ကာလ ဖော်ကြူးခဲ့သည်များကို သတိရပြီး လွမ်းသလို ဆွေးသလို ခံစားလိုက်ရပြီး ပြန်လည် နုပျိုသွား ပြန်ပါတော့သည်။ ဒီတစ်ခေါက် လန်ဒန်ရောက် ပြန်ပါပြီ။ တည်းခိုနေကျ လန်ဒန်မြို့လယ် မေဖယ်ရား အရပ်ရှိ Holiday Inn ဟိုတယ်မှာ နေရင်း လမ်းတစ်ဖက် ကူးလိုက်လျှင် ရောက်နေပြီဖြစ်သည့် Gree Park ဥယျာဉ်ကြီးအတွင်း လမ်းလျှောက်ပြီး (Jogying) ပြုလုပ်နေကျအတိုင်း ပြုလုပ်ရင်း အဝါရင့်ရောင် မေပယ်ရွက်များကို တွေ့ရသည့်
အတွက် တက္ကသိုလ်ကိုရော၊ ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ကိုရော သူရေးသားခဲ့သည့် “ သူငယ်ချင်းလို့ဘဲ ဆက်၍ခေါ်မည်ခိုင် ” ၀တ္ထုထဲက ခိုင်တို့ .. ကြိုင်တို့ . . လှိုင် . . တို့ကိုရော သတိရလိုက်မိပါသည်။
လန်ဒန်ကို မကြာခဏ ရောက်တိုင်း သတိမရဘဲ မနေနိုင်သည့် အဖြစ်အပျက်တစ်ခု ရှိပါသည်။ ရယ်စရာလည်းကောင်း၊ ကြောက်စရာလည်းကောင်း၊ ဖြစ်တုန်းက ဇောချွေးပြန်ခဲ့ပြီး ဖြစ်ပြီး ပြန်စမြုံ့ ပြန်တော့ ရယ်စရာကောင်းသည့် အတွေ့အကြံုလို့ ပြောနိုင်ပါတယ် . . ။
“ ကျွန်တော်တို့ အားတုံးလေး ပစ်ကပ်ဒလီ (Piccadailly) ဘက် သွားရအောင်လား . .” လို့ စတင်လိုက်တာက
လန်ဒန်ခရီးကို အတူလာခဲ့သူ တက္ကသိုလ် ပါမောက္ခချုပ်တစ်ဦး ဖြစ်ပါတယ်။ ဒါနဲ့ပဲ စာရေးသူနဲ့ ပါမောက္ခချုပ်တို့ ပစ်ကပ်ဒလီအရပ်ကို လန်ဒန်မြေအောက် ရထားစီးပြီး Piccadilly Circus ဘူတာကနေ အပေါ်ကို တက်ခဲ့ပါတယ်။ လန်ဒန်မြို့ရဲ့ နာမည်ကြီး လူစည်ကားရာ နေရာဖြစ်တဲ့အတွက် လန်ဒန်သို့ အလည်လာတဲ့ ခရီးသွားတွေရော၊ လန်ဒန်မြိသူမြို့သားတွေရော ရှုပ်ယှက်ခပ်နေတော့ စာရေးသူတို့လည်း အများနဲ့ရောပြီး လျှောက်ကြည့်နေရာ တစ်နေရာရောက်တော့ ဆိုင်းဘုတ်တစ်ခု တွေ့လိုက်ပါတယ်။ "Belly Dance Just £ 9”

ဆရာရေ . . မဆိုးဘူးထင်တယ် . . လန်ဒန်ရောက်တုံး Belly Dance လေးဘာလေး ကြည့်ရအောင် အတွေ့အကြံုပေါ့ . . ”

“ ဟုတ်ပါ့ ပါချုပ်ကြီးရေ . . ကျွန်တော် ဘယ်သူ့ကိုမှ ပြန်မပြောပါဘူး လန်ဒန်သွား တောလား ..... စမ်းကြည့်တာပေါ့ . . ”

ဒါနဲ့ပဲ ဆိုင်းဘုတ်ညွှန်ပြရာ မြေအောက်ဘက်ကို လှေခါးနဲ့ ဆင်းသွားလိုက်တော့ အောက်ထပ်အခန်းမှာ ဘယ်သူမှ မတွေ့ရဘဲ ဆက်တီတစ်စုံပဲ ချထားတာ တွေ့ရတယ်။ Belly Dance ကမဲ့ ဇာတ်ခုံလည်း မတွေ့ရတာနဲ့ ငါတို့တော့ အညာမိပြီဆိုပြီး တွေ့ရတဲ့ အစောင့်ကို မေးပါတယ်။
“ ဟေ့ . . မင်းတို့ Belly Dance ဘယ်မှာလဲ . . ဘာမှလည်း မတွေ့ရပါလား . .”
“ ခဏထိုင်ပြီး စောင့်ပါ . . လာပါလိမ့်မယ် . .”
သူပြောတဲ့အတိုင်း ခဏကြာတော့ လာပါပြီ။ ထောင်ထောင်မောင်းမောင်း မျက်လုံးကျယ်ကျယ်နဲ့ အာရပ်မကချေသည်၊ ဗိုက်သားလှုပ် ကပြဖို့ ဗိုက်သား အထင်းသားနဲ့ လာပါပြီ။ ပြီးတော့ Belly Dance ကပြတော့ ကျွန်တော်တို့ Belly Dance ဆိုတာ ပထမဆုံး တွေ့ရလို့ ပီတိ ဖြစ်သွားတော့တာပါဘဲ။ တစ်ချီကပြီးတော့ ကျွန်တော်တို့ထိုင်တဲ့ ဆက်တီခုံမှာ ကပ်ထိုင်ရင်း သူက အချိုရည် ကျွန်တော်တို့အတွက် တဘီယာ မှာပါတော့တယ်။ ဒီအထိ အားလုံး အိုကေမှာ စိုပြေနေသေးတယ်။ မကြာခင် ကချေသည်အာရပ်မ အတွင်းဝင်သွားပြီး ဗလနဲ့ လူထွားကြီးက စာရွက်တစ်ရွက်နဲ့ ကျွန်တော်တို့ဘေးကို လာထိုင်ပါတယ်။ ပြီးတော့ ငွေရှင်းဖို့ စာရွက်မှန်းသိလိုက်ရပြီး ကြည့်လိုက်တော့ အင်္ဂလိပ်ငွေ ပေါင် (၉၀၀)တဲ့ . . မြတ်စွာဘုရား .. .တစ်ခုခုတော့ မှားနေပြီထင်တယ်လို့ . . ပြန်မေးတော့ မမှားပါဘူးတဲ့ ပေးမှာသာ ပေးပါတဲ့ မပေးရင်တော့ဆိုပြီး သူရဲ့ လက်မောင်း ကြွက်သားကို ပြပါတော့တယ် . . ။

“ ဆရာရေ ဘယ်လိုလုပ်ကြမလဲ .. ဒီငနဲတွေ ကျွန်တော်တို့ကို အမဲဖမ်းနေပြီ..”  လို့ ကတုန်ကရင် ပြောပါတယ်။ စာရေးသူလည်း ဘာလုပ်ရမှန်းမသိ။ ဗလကြီးကလည်း ရိုက်မယ်ပုတ်မယ် တစ်ကဲကဲနဲ့… ခက်တော့ခက်ကုန်ပါပြီ။ ပါချုပ်ကြီးကလည်း သူ့အိတ်ကပ်ထဲမှာ ထည့်လာတဲ့ ဒေါ်လာ (၁၀၀) တန်(၃) ရွက်ကို ထုတ်ပေးပြီး ဒါဘဲပါတယ်လို့ တောင်းတောင်းပန်ပန်ပြောနေတုန်း စာရေးသူကလည်း အိတ်ထဲနိုက်လိုက်တော့ ထိုင်းဘတ်ငွေ တစ်ထောင်တန်တစ်ရွက်၊ ငါးရာတန်တစ်ရွက်တွေ့တာနဲ့ ထုတ်ပေးလိုက်တော့ ဗလကြီး နဲနဲကြောင်သွားတယ်။ အဲဒီအချိန်မှာ ကယ်တင်ရှင်တွေ ရောက်လာပါတယ်။ ရဲတွေလို့တော့ မထင်ပါနဲ့ ကျွန်တော်တို့လို မအူမလယ် နိုင်ငံခြားသားနှစ်ယောက် လှေခါးက ဆင်းလာလို့ ဒီကောင်တွေ နောက်ထပ် အမဲဖမ်းဖို့ အာရုံပြောင်းပေးတဲ့အချိန်မှာ ကျွန်တော်တို့အပေါ်ကို ထွက်ပြေးခဲ့ကြပြီး လမ်းမပေါ်ရောက်မှ သက်ပျင်းချ နိုင်ပါတော့တယ်။ ခဏလေးကြည့်လိုက်ရတဲ့ Belly Dance ဘယ်ရောက်သွားမှန်း မသိလိုက်တော့ . .

အထက်ဖော်ပြပါ အဖြစ်အပျက်သည် ၁၉၉၄ ခုနှစ်တွင် ဗြိသတိသျှကောင်စီ အစီအစဉ်ဖြင့် အင်္ဂလန်မှ သင်တန်းများကို မြန်မာနိုင်ငံမှာ သင်ကြားပေးနေသည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ အင်္ဂလန်နိုင်ငံသို့ လေ့လာရေးအစီအစဉ် သွားရောက်စဉ် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်ပါသည်။ (၁၉၈၉) ခုနှစ် မြန်မာနိုင်ငံ ဆိုရှယ်လစ်စနစ်မှ စျေးကွက် စီးပွားရေးစနစ် ပြောင်းအပြီး အနည်းငယ် လွတ်လပ်ခွင့်ရလာချိန် နိုင်ငံခြား ဒီပလိုမာနှင့် ဘွဲ့သင်တန်းများကို မြန်မာနိုင်ငံတွင် သင်ကြားနိုင်ရန် ကြိုးပမ်းခဲ့ကြသော အချိန်၌ ဖြစ်ပါသည်။ MCC မှ ဆရာကြီး ဦးတင်ဝင်းအောင်လည်း ပါပါတယ်။ တစ်ကယ်တော့ Belly Dance ကြည့်ဖို့ သွားတာမဟုတ်ပါ။ ဒီကနေ့အထိ အောင်မြင်စွာ သင်ကြားနေသော နိုင်ငံတကာ ကွန်ပျူတာ ဒီပလိုမာများနှင့် အင်္ဂလန်နိုင်ငံ တက္ကသိုလ်များမှ ချီးမြှင့်မည့် ကွန်ပျူတာ သိပ္ပံ ဒီပလိုမာ သင်တန်းများအတွက် သွားခဲ့ရာ ပညာရေး အဖွဲ့အစည်းနှင့် တက္ကသိုလ်များသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့ခြင်းသာ ဖြစ်ပါသည်။ Belly Dance မှာ အဆစ်ပါ သွားခြင်းသာ ဖြစ်ပါသည်။

“ သားရေ . .တို့ ဘိုစာတွေချည်း စားနေတာ ငြီးငွေ့လာပြီကွာ။ တရုတ်စာလေး ဘာလေး စားရအောင် . . China Town ဘက် သွားရရင်ကောင်းမလား ..”

“ ဟိုတယ်က လမ်းလျှောက်သွားရုံပဲ . . တဲ့တဲ့လျှောက်ရင် Piccadilly ရောက်မယ်။ ပြီးတော့ Lacester Square . . ပြီးတော့ ဘယ်ဘက်ချိုးရင် ... China Town ...”

MCC က သင်နေတဲ့ နိုင်ငံတကာ ကွန်ပျူတာဒီပလိုမာတွေ ရပြီး နောက်ဆုံးနှစ်ကို အင်္ဂလန်နိုင်ငံ လွှတ်လိုက်လို့ Oxford Brook တက္ကသိုလ်က ကွန်ပျူတာသိပ္ပံဘွဲ့ရပြီး စင်္ကာပူနိုင်ငံမှာ Business Analyst အဖြစ် အလုပ်လုပ်နေတဲ့ သားတော်မောင် . . က လန်ဒန်ကို ကျွမ်းသူပီပီ လမ်းညွှန်လိုက်ပါတယ်။ Piccadilly ကြားလိုက်တော့ . . အရင်တုံးက Belly Dance အဖြစ်သတိရပြီး ရယ်ခြင်သလိုလည်းဖြစ် . . ကြက်သီးမွှေးညှင်းလည်း ထသွားပါတယ်။ Piccadilly ဆိုတာ ကမ္ဘာ့နာမည်ကြီး ပြဇာတ်ရုံတွေ၊ ကာစီနိုတွေ ရှိတဲ့နေရာပါ။ တောသားတွေမို့ စျေးပေါနဲ့ ရတယ်ထင်ပြီး မြေအောက်ထပ်ကိုသွားလို့ ဖြစ်တာပါ။ တန်ရာတန်ကြေးပေးပြီး မြေပေါ်က ပြဇာတ်ရုံတွေမှာ ကြိုက်တဲ့ပွဲတွေ ကြည့်လို့ရပါတယ်။

ဒီတစ်ခေါက်လန်ဒန် ခရီးစဉ်ကလည်း MCC က မကြာခင် တည်ထောင် ဖွင့်လှစ်တော့မယ့် တက္ကသိုလ်ကြီးအတွက် အတူလက်တွဲလုပ်ဖို့ University of London နဲ့ အစည်းအဝေးလုပ်ဖို့ လာတာပါ။ ပုဂ္ဂလိကတက္ကသိုလ်ဥပဒေ ထွက်လာတာနဲ့ တက္ကသိုလ်ကြီး တည်ထောင်တဲ့အခါ ကမ္ဘာ့နာမည်ကြီး တက္ကသိုလ်တွေနဲ့ ပူးပေါင်းဖို့ လိုပါတယ်။ MCC က University of London နဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်ပြီး အသေးစိတ်တွေ ညှိနှိုင်းဖို့ လာခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ Birmingham City University နဲ့လည်း Polytechnic ဒီပလိုမာပြီးရင် Top-Up Degree Program အတွက်လည်း လုပ်နေလို့ သူတို့နဲ့လည်း ရောက်တုံး တွေ့ရပါအုံးမယ် ...

တောသားပုံစံနဲ့ မလယ်ရှုပ်လုပ်လို့ ရှိသမျှ ပိုက်ဆံတွေ အကုန်ပြောင်ပြီးလွတ် အောင်ပြေးခဲ့ရတဲ့ Piccadilly ရဲ့ Belly Dance . . . ကို တခါသေဘူး ပျဉ်ဘိုးနား လည်ဆိုသလို လန်ဒန်ကို မကြာခဏရောက် ပေမယ့် မသွားဖြစ်တော့ပါဘူး။

ဒါပေမယ့် ပါချုပ်ကြီးက နောက်တစ်ခေါက်ထပ်သွားခဲ့ ပါတယ်။ ပါချုပ်ကြီး နောက်တစ်ခေါက် လန်ဒန်ခရီးစဉ်မှာ အဖွဲ့တော်တော်ကောင်းပါတယ်။ အားလုံးငါးယောက် ဗိုလ်မှူးကြီး တစ်ယောက်လည်းပါတယ်။ ပါချုပ်ကြီးက လူတတ်ကြီးလုပ်ပြီး Piccadilly ကို ခေါ် သွားပါတယ်။ သူ့စိတ်ထဲမှာတော့ အရင် တစ်ခေါက်က နှစ်ယောက် ထဲမို့လို့ ဒီတစ် ခေါက် ငါးယောက်ဆိုတော့ ဘာမှ မဖြစ်တန်ဘူးပေါ့။ ဗိုလ်မှူးကြီးလည်းပါတော့ အားကိုးတကြီးနဲ့ အပိုင်ဘဲဆိုပြီး အရင်သွား ခဲ့တဲ့ Belly Dance နေရာကို အရင်အတိုင်းသွားခဲ့တာ အရင်အတိုင်းဘဲ ခံလိုက်ရတယ်လို့ ကြားလိုက်ရပါတယ်။ ဒါ့ကြောင့် တစ်ယောက်တည်းဘ ဲသွားသွား အုပ်စုနဲ့ဘဲသွားသွား နိုင်ငံခြားရောက်ရင် ကိုယ့်ပုံစံတွေက တောဂိုက်ပေါက်နေလို့ ၀ုိင်းပြီး အချဉ်ဖမ်း တတ်တာကို သတိထားရပါမယ်။

ခေတ်ကြီး တိုးတက်ပါတယ်ဆိုတဲ့ အင်္ဂလန်သွားသွား၊ အမေရိကန်၊ ဂျပန်၊ ပြင်သစ် ဘယ်သွားသွားခံရမှာ သေချာပါတယ်။ ခံရတဲ့ Story တွေလည်း အများကြီးပါ။

“ အဖေ . . ထမင်းစားလေ .. ဘာတွေ တွေးနေလို့ . . ပြံုးနေရတာလဲ. . တရုတ်စာစားမယ်ဆိုလို့ ဒီဆိုင်ကိုလာတာ .. ဘာလဲ စားမကောင်းဘူးလား ..”

မိမိ အတွေးနယ်ချဲ့နေလို့ သားတော်မောင်သတိပေးမှ ထမင်းစားနေတာကို သတိရလို့ ပြန်ပြောလိုက်မိပါတယ်။” အေးကွာ . . Belly ကမကောင်းဘူး . .” လို့ လွှတ်ကနဲ ပြောလိုက်မိပါတယ်။

“ ဘာလဲ ၀က်အခေါက်က မာလို့လား . . အဖေဘဲ အခေါက်ကင်ကြိုက်တယ်ဆို . .”

“ နိုး .. နိုး .. နိုး .. အခေါက်ကင်က ကောင်းပါတယ် Belly ကမကောင်းတာပါ . .”

သူပြောတဲ့ Belly နဲ့ ကိုယ်ပြောတဲ့ Belly မတူဘူးဆိုတာ သားတော်မောင် မသိရှာဘူးကိုး။

အီကိုကိုအောင်


ျခိမ့္ျခိမ့္သဲဆင္ႏြဲ ျပင္ဦးလြင္က MCC ICT ပြဲ

ျခိမ့္ျခိမ့္သဲဆင္ႏြဲ ျပင္ဦးလြင္က MCC ICT ပြဲ

အပိုင္း(၂)

မႏၱေလးတုိင္းေဒသၾကီး ၀န္ၾကီးခ်ဴပ္နွင့္ တာ၀န္ရွိသူမ်ား ျပခန္းအသီးသီးသုိ႕ လွည့္လည္ၾကည့္ရႈ အားေပးျပီးေနာက္ ျပန္လည္ထြက္ခြာသြားျပီး မၾကာမွီမွာပင္ ျပင္ဦးလြင္ျမိဳ႕ေတာ္ခန္းမေရွ႕တြင္ ယာဥ္လမ္းေၾကာင္း ရွင္းလင္းေရး တာ၀န္ ယူေနေသာ တပ္မေတာ္တပ္ထိန္းမွ တပ္ၾကပ္ၾကီး တစ္ဦးေရာက္လာျပီး ျပင္ဦးလြင္တပ္နယ္မွဴး ယာဥ္တန္းေရာက္ရွိလာ ေတာ့မည့္အေၾကာင္း သတင္းေပးလာသျဖင့္ MCC Group ဥကၠဌဆရာဦး တင္၀င္းေအာင္ ဦးေဆာင္ျပီး တာ၀န္ရွိသူမ်ား ခန္းမေရွ႕တြင္ ေနရာယူကာ ယာဥ္တန္းျဖင့္ ေရာက္ရွိလာၾကေသာ ျပင္ဦးလြင္တပ္နယ္မွဴး စစ္တကၠသုိလ္ ေက်ာင္းအုပ္ၾကီးႏွင့္အတူ အဖြဲ႕၀င္မ်ားအျဖစ္ လုိက္ပါလာေသာ တပ္မေတာ္အရာရွိၾကီးမ်ား၊ စစ္တကၠသိုလ္မွ ဌာနမွဴးၾကီးမ်ားကုိ သြားေရာက္ ၾကိဳဆုိခဲ့ၾကပါတယ္
အဲဒီေနာက္မွာေတာ့ ခန္းမထဲသုိ႕ ဖိတ္ေခၚလာရာ မနက္က ဖြင့္ပြဲအခမ္းအနားမွာ တာ၀န္ယူေပးၾကေသာ အခမ္းအနားမွဴးႏွင့္ ဖဲၾကိဳးကိုင္၊ ဗန္းကုိင္ေက်ာင္းသူေလးမ်ား၊ MCC ၀န္ထမ္းမ်ားႏွင့္ ျပခန္းအလုိက္ တာ၀န္ရွိသူမ်ားက ၾကိဳဆုိ နဳတ္ဆက္ၾကျပီး ျပခန္းအလုိက္ ရွင္းလင္းျပသေပးၾကရာ ျပင္ဦးလြင္တပ္နယ္မွဴးနွင့္ အဖြဲ႕၀င္မ်ားက စိတ္၀င္တစား ၾကည့္ရႈေလ့လာၾကျပီး အဖြဲ႕၀င္အျဖစ္ ပါ၀င္လာၾကေသာ အရာရွိၾကီးမ်ားကလည္း နည္းပညာတုိးတက္မႈမ်ား အေၾကာင္းကုိ ျဖည့္စြက္ ရွင္းလင္း တင္ျပေပးခဲ့ၾကပါတယ္၊
တပ္နယ္မွဴးၾကီးနဲ႕ အဖြဲ႕၀င္မ်ားဟာ ခန္းမထဲမွာ အခိ်န္အတန္ၾကာ ေလ့လာၾကျပီးေနာက္ ျပန္လည္ထြက္ခြာသြား ျပီးျပီးခ်င္းပဲ Marketing တာ၀န္ရွိ ၀န္ထမ္းတစ္ဦး ခန္းမအေပၚထပ္ နားေနေဆာင္ကုိ ေရာက္ရွိလာျပီး ခန္းမအျပည့္ ေရာက္ရွိေနၾကျပီးျဖစ္တဲ့ ျပင္ဦးလြင္ ျမိဳ႕ေပၚမွ အစုိးရအထက္တန္း ေက်ာင္း(၃)ေက်ာင္း၊ မုိးၾကိဳးပစ္ႏွင့္ အနီးစခန္း အထက္တန္းေက်ာင္း၊ စာပန္းအိပ္ ေဘာ္ဒါေဆာင္တုိ႕မွ ေက်ာင္းသား ေက်ာင္းသူ(၃၀၀)ေက်ာ္ကုိ ျပခန္းနဲ႕ ပတ္သက္တာေတြ၊ အုိင္တီဆုိင္ရာ ဗဟုသုတေတြ ရွင္းလင္းေပးဖုိ႕ သတင္းပုိ႕လာေတာ့ တပင္တုိင္မင္းသားၾကီး ကြ်န္ေတာ္လည္း စားလက္စ ၾကက္သား ပလာတာေလးကုိ လက္စသတ္၊ ေကာ္ဖီေလးတခြက္ ကဗ်ာကယာ ေမာ့ေသာက္ျပီး ခန္းမေရွ႕မွာ အသင့္ထုိင္ေစာင့္ေနၾကတဲ့ ေက်ာင္းသား ေက်ာင္းသူေလးမ်ားကုိ နာမည္ေက်ာ္ အဆုိေတာ္တစ္ဦး နဳတ္ဆက္သလုိ “မဂၤလာပါ” အလုိ႕ အသံအက်ယ္ၾကီး နဳတ္ဆက္လုိက္တဲ့အခါ ေက်ာင္းသူ ေက်ာင္းသားေလးေတြရဲ႕  ျပန္လည္နဳတ္ဆက္တဲ့ အသံက မုိးလုံးဟိန္းျပီး ခန္းမၾကီးတစ္ခုလုံး သက္၀င္ လႈပ္ရွား သြားပါေတာ့တယ္၊
အဲဒီေနာက္ ကေလးေတြကုိ လြတ္လြတ္လပ္လပ္ ေပါ့ေပါ့ပါးပါး ျဖစ္ေစခ်င္တာေၾကာင့္ အစီအစဥ္မစခင္ ေက်ာင္းသူေလး (၄)(၅)ေယာက္ေလာက္ကုိ စင္ေဖၚဖိတ္ေခၚျပီး သူတုိ႕ရဲ႕ ဘ၀ရည္မွန္းခ်က္ေတြ၊ လက္ရွိ ေက်ာင္းတက္ေရာက္ေနတဲ့ အေျခအေနေတြနဲ႕ သူတုိ႕အားက်တဲ့ အေၾကာင္းအရာေတြကုိ ဟာသေလးေႏွာျပီး အေမးအေျဖ က႑ေလး နဲ႕ ပြဲထြက္လိုက္တာ ခန္းမတစ္ခုလုံး တ၀ါး၀ါးနဲ႕ ရယ္ေမာေပ်ာ္ရြင္ သြားၾကျပီဆုိမွ MCC ICT Expo 2015 မွျပသထားတဲ့ ျပခန္းေတြ အေၾကာင္းရွင္းျပျပီး ေက်ာင္းသားေလးေတြ ဗဟုသုတရေအာင္ ကမာၻ႕တ၀ွမ္းအုိင္တီ နည္းပညာ ေျပာင္းလဲတုိးတက္မႈေတြနဲ႕ အုိင္တီပညာရွင္တေယာက္ ျဖစ္လာရင္ရရွိနုိင္မဲ့အကိ်ဳးေက်းဇူး ခံစားခြင့္ ေတြကုိစိတ္၀င္စားေအာင္ရွင္းျပလုိက္တဲ့အခါေက်ာင္းသား/သူေလး ေတြအားလုံး စိတ္၀င္တစားနဲ႕ နားေထာင္ မွတ္သားၾကပါေတာ့တယ္
ျပီးတဲ့အခါမွာေတာ့ ေဖ်ာ္ေျဖေရး အစီအစဥ္ စတင္တဲ့အခါမွာ ၾကိဳတင္ေရာက္ရွိေနတဲ့ MCC Institute (Mandalay Campus) BIT ေက်ာင္းသား ေက်ာင္းသူေလးမ်ားအားလုံး စင္ျမင့္ေနာက္ကုိ ေနရာယူ ျပင္ဆင္ျပီး ပထမဦးဆုံး ေက်ာင္းသူေလး(၃)ဦး ဖြဲ႕စည္းထားတဲ့ အဖြဲ႕ရဲ႕ Music လန္းလန္းေလးနဲ႕စတင္လုိက္ျပီးေနာက္     ပါ၀င္တဲ့ ဒသာဂီရိ ေတးသရုပ္ေဖၚ၊ ေက်ာင္းသား ေက်ာင္းသူေလးမ်ားပါ၀င္တဲ့ MCC Institute ေတးသရုပ္ေဖၚ ျပကြက္၊ ရန္ကုန္သားနဲ႕ မႏၱေလးသူ ေတးသရုပ္ေဖၚကကြက္၊ ေက်ာင္းသားေလးမ်ား ပါ၀င္ေသာ  အဖြဲ႕ရဲ႕ ကကြက္မ်ားကုိ တစ္ခုျပီး တစ္ခုေဖ်ာ္ေျဖရာ အခမ္းအနားကုိ တက္ေရာက္လာၾကတဲ့ ေက်ာင္းသား ေက်ာင္းသူ ေလးမ်ား ေပ်ာ္ရြင္စြာျဖင့္ လက္ခုပ္လက္၀ါးတီး အားေပးၾကျပီး အဆုံးမွာ ”သားတုိ႕ သမီးတုိ႕ ျပခန္းေတြကုိ ေလ့လာျပီးရင္ ခန္းမဘယ္ဖက္မွာ ဆရာတုိ႕ဆီက ဧည့္ခံမဲ့ ေကာ္ဖီနဲ႕မုန္႕ေတြ စားဖုိ႕မေမ့ၾကပါနဲ႕အုံး “ လုိ႕ေၾကညာသံအဆုံး လက္ခုပ္သံမ်ား ပုိမုိဆူညံသြားျပီး ”ေဟး” ကနဲေအာ္ဟစ္အျပီး  ၾကီးၾကပ္သူမ်ားနဲ႕ အတူ ျပသထားေသာ ျပခန္းမ်ားကုိ လွည့္လည္ ၾကည့္ရွၾကရာ ျပခန္းတာ၀န္ရွိသူမ်ားက တခန္းခ်င္း ရွင္းလင္း ျပသၾကပါတယ္
ျပီးေတာ့ MCC Polytechnic Mandalay က HND ေက်ာင္းသားေလး ကုိယ္တုိင္ တီထြင္ထားတဲ့ ေမာင္းသူမဲ့ယာဥ္ (Drone) ကုိခန္းမ အျပင္ဖက္မွာ စမ္းသပ္ေမာင္းနွင္ ျပပါမယ္လုိ႕ ေၾကညာ လုိက္တဲ့အခါ ေက်ာင္းသား ေက်ာင္းသူေလးေတြ ျပခန္းၾကည့္တဲ့အုပ္စု၊ အျပင္ဖက္ထြက္ျပီး Drone ၾကည့္တဲ့အုပ္စု၊ ေကြ်းေမြး ဧည့္ခံတဲ့ေနရာ သြားတဲ့ အုပ္စုစသျဖင့္ အုပ္စုအသီးသီး ကြဲသြားၾကျပီး ပထမေန႕ မနက္ပုိင္း အစီအစဥ္ ျပီးဆုံးသြားပါျပီ နာရီကုိ ၾကည့္လုိက္ေတာ့ ေန႕လည္(၁)နာရီခြဲေလာက္ ျဖစ္သြားျပီ ျဖစ္လုိ႕ ကြ်န္ေတာ္တုိ႕ အဖြဲ႕ေတြလည္း အေပၚထပ္ နားေနခန္းကုိ ခ်ီတက္လာၾကျပီး မွာထားတဲ့ ၾကက္ဆီထမင္း ထုပ္ေလးေတြကုိဖြင့္ ေမာေမာနဲ႕ ေရေသာက္လုိက္ ထမင္းစားလုိက္ လုပ္ေနတုန္း ဖုန္း၀င္လာျပီး ဆရာျမန္ျမန္စားေနာ္ ေနာက္ထပ္ ေလ့လာေရးလာတဲ့ ေက်ာင္းသားေတြ ထပ္ေရာက္ေနျပီ အခုခဏ ေလွ်ာက္ၾကည့္ ခုိင္းထားတယ္ဆုိတာေၾကာင့္ ျမန္ျမန္ စားေသာက္ျပီး ေအာက္ထပ္ကုိ ဆင္းလုိက္တဲ့ အခ်ိန္မွာေတာ့ ျပင္ဦးလြင္နဲ႕ အနီးအနားမွာရွိတဲ့ MCC Franchise Center ေတြက ေက်ာင္းသားေတြ၊ အကယ္ဒမီ၊ စြမ္းအင္စတဲ့ ကုိယ္ပုိင္ အထက္တန္း ေက်ာင္းေတြက ေက်ာင္းသားေတြ စုစုေပါင္း(၃၀၀) ေက်ာ္ ထပ္မံေရာက္ရွိေနၾကျပီး အစီအစဥ္ေတြကို မနက္ပုိင္း အတုိင္း ျပန္လည္ က်င္းပေပးခဲ့ပါတယ္
MCC Institute (Mandalay Campus) မွ ေဖ်ာ္ေျဖေရးအတြက္ ေရာက္လာၾကတဲ့ BIT ေက်ာင္းသား ေက်ာင္းသူ ေလးမ်ားကလည္း အားၾကိဳးမာန္တက္ ေဖ်ာ္ေျဖၾကတာျဖစ္လုိ႕ လက္ခုပ္သံေတြ တေဖ်ာင္းေဖ်ာင္းနဲ႕ ပြဲက်ေနၾကျပီး ေနာက္အစီအစဥ္ျပီးလုိ႕ စတိတ္စင္ ေနာက္ဖက္ကုိ ၀င္သြားေနၾကတုန္း MCC Group ဥကၠဌဆရာ ဦးတင္၀င္း ေအာင္က ေဖ်ာ္ေျဖေရးအဖြဲ႕ေတြ ျပန္ေခၚလုိက္ပါအုံး ဆုေပးမလုိ႕ ဆုိတာေၾကာင့္ စတိတ္စင္ ေနာက္၀င္သြားတဲ့ ေက်ာင္းသား /သူေလးေတြ အသီးသီး ျပန္ထြက္လာၾကျပီး ဥကၠဌရဲ႕ ဆုေငြရရွိျပီးတဲ့ အခ်ိန္မွာေတာ့ စာအိတ္ဖြင့္ၾကည့္ ျပီး ”ေ၀း” ကနဲ ျဖစ္သြားၾကက ပထမေန႕ျဖစ္တဲ့ (၂၆.၉.၂၀၁၅) MCC ICT Expo 2015 အစီအစဥ္ေတြကို ေပ်ာ္ရြင္စြာပဲ ရပ္နားခဲ့ၾကပါေတာ့တယ္.
ဒုတိယေန႕ (၂၇.၉.၂၀၁၅)ေန႕မွာ လာၾကိဳတဲ့ ကားေလးနဲ႕ ျမိဳ႕ေတာ္ခန္းမ ေရွ႕ကုိ မနက္(၉)နာရီ မထိုးခင္ေရာက္ တယ္ဆုိယုံပဲ ခန္းမထဲကေန ျပန္လြင့္လာတဲ့ သီခ်င္းသံနဲ႕ ကခုန္သံေတြ ၾကားရေတာ့ အစီအစဥ္ေတြမ်ား ေစာျပီး စတင္ေနုျပီလားဟု ၀င္ေပါက္အနီး ေရာက္လာတဲ့ ၀န္ထမ္းတစ္ဦးကုိ ေမးၾကည့္တဲ့ အခါမွာေတာ့ ”အစီအစဥ္ေတြ မစေသးပါဘူး၊ အဲဒါ MCC.i Yatanarpon Campus က ေဖ်ာ္ေျဖမဲ့ ေက်ာင္းသား/သူေလးေတြ အစမ္းေလ့က်င့္ ေနတာပါတဲ့၊ မေန႕က MCC.i Mandalay Campus က အဖြဲ႕ေတြ ေဖ်ာ္ေျဖသြားတာကုိ ၾကည့္ျပီး သူတုိ႕လည္း အျပတ္ ေလ့က်င့္ ေနၾကတာပါတဲ့၊ မေန႕ညေနကလည္း အခမ္းအနား ျပီးေတာ့ သူတုိ႕တဖြဲ႕လုံး ေရာက္လာျပီးေတာ့ အစမ္းေလ့က်င့္ ၾကပါေသးတယ္ ” လုိ႕ျပန္ေျဖလိုက္တဲ့အခါ ကြ်န္ေတာ့္စိတ္ထဲမွာေတာ့ “ အင္း ဒီေန႕လည္း ကြ်န္ေတာ္တုိ႕ ဥကၠဌ ဆရာဦးတင္၀င္းေအာင္ တေယာက္ေတာ့ ရတနာပုံအဖြဲ႕ကုိ ဆုထပ္ခ်အုံးေတာ့မွာပဲ “ လုိ႕ စဥ္းစား လုိက္မိပါေတာ့တယ္၊
ဒီလုိနဲ႕ပဲ တျဖည္းျဖည္းနဲ႕ ျပင္ဦးလြင္ျမိဳ႕ေပၚက ဖိတ္ၾကားထားတဲ့ အကယ္ဒမီ ကုိယ္ပုိင္ေက်ာင္း၊ ထက္ကုိယ္ပုိင္ အထက္တန္းေက်ာင္းနဲ႕ လင္းထက္ေဘာ္ဒါ၊ စြမ္းအင္၊ စနုိးကြင္းေဘာ္ဒါေတြက ေက်ာင္းေတြက ေက်ာင္းသား/သူေတြ၊ MCC Pyin Oo Lwin နဲ႕ MCC Ohnchaw က ဆရာမေတြနဲ႕ ေက်ာင္းသား/သူေတြ၊ သီးသန္႕ ျပခန္းေတြ ကုိ လာေရာက္ ေလ့လာတဲ့ သူေတြ ရတနာပုံနဲ႕ မႏၱေလးက ေက်ာင္းသားေတြနဲ႕ ဆရာ/ဆရာမေတြ စုံခ်ိန္မွာေတာ့ မနက္ပုိင္း အစီအစဥ္အေနနဲ႕ ပထမရက္ကလုိပဲ ေက်ာင္းသူ ေက်ာင္းသားေလးေတြကုိ စင္ေပၚဖိတ္ေခၚျပီး မိတ္ဆက္ခုိင္း သူတုိ႕ရဲ႕ ဆႏၵေလးေတြ ရင္ဖြင့္ခုိင္းတဲ့အခါ ထူးထူးျခားျခား ကာယအလွေမာင္ ျဖစ္ခ်င္တဲ့ ေက်ာင္းသားေလးရယ္၊ ၾကီးလာရင္ ပညာေရး၀န္ၾကီး ျဖစ္ခ်င္တဲ့ ေက်ာင္းသူေလးရယ္၊ သူတတ္ထားတဲ့ ပညာေတြနဲ႕ ျမန္မာနုိင္ငံၾကီး ကုိ ပုိမုိတုိးတက္ေအာင္ ေဆာင္ရြက္ခ်င္တယ္ဆုိ႕တဲ့ ေက်ာင္းသူေလးေတြေၾကာင့္ ကြ်န္ေတာ္ေရာ ပရိတ္သတ္ေတြေရာ လက္ခုပ္သံ တေျဖာင္းေျဖာင္းနဲ႕ အားေပးၾကျပီးတဲ့အခါ ျပခန္းနဲ႕ ပါတ္သက္တာေတြ ရွင္းျပျပီး လာေရာက္ ေလ့လာတဲ့ ေက်ာင္းသား ေက်ာင္းသူေလးေတြ အားက်ေစဖုိ႕ ျပင္ဦးလြင္က အကယ္ဒမီ ေဘာ္ဒါမွာ တက္ေရာက္ခဲ့ျပီး MCC မွာပဲ အုိင္တီသင္တန္း အဆင့္ဆင့္ တက္ေရာက္ခဲ့ျပီး အခုအခါ MCC Naypyitaw မွာ General Manager အျဖစ္ တာ၀န္ထမ္းေဆာင္ေနတဲ့ ၀န္ထမ္းတစ္ဦးနဲ႕ (2009)ခုနွစ္ MCC Training Institite (Yatanarpon) မွာ စတင္တက္ေရာက္ခဲ့ျပီး B.Sc(Hons) Business IT ဘြဲ႕ရရွိခဲ့ျပီး MCC ICT Services ကေနေဆာင္ရြက္ေနတဲ့ Project ၾကီးတစ္ခုမွာ Project Manager အျဖစ္ တာ၀န္ယူ ေနတဲ့၀န္ထမ္းေလး တစ္ဦးတုိ႕ကုိ စင္ျမင့္ေပၚ ဖိတ္ေခၚျပီး သူတုိ႕ရဲ႕ ေက်ာင္းသားဘ၀ အေတြ႕အၾကဳံေတြ၊ MCC မွာအလုပ္သင္၀င္ ေရာက္ရင္း နဲ႕ၾကိဳးစားမႈ၊ ထူးခြ်န္မႈေတြေၾကာင့္ အခ်ိန္တုိအတြင္းျမင့္မားတဲ့ ရာထူးတာ၀န္ ေတြထမ္းေဆာင္ ေနရမႈ အေပၚအျမင္ေတြကုိ ေနာင္လာ ေနာက္သားေလးေတြ အားက်ေစဖုိ႕ ရွင္းျပၾကတဲ့အခါမွာေတာ့ ေအာက္မွာ ထုိင္နားေထာင္ေနၾကတဲ့ ေက်ာင္းသား ေက်ာင္းသူေလးေတြ စိတ္၀င္တစားနဲ႕ အားက်ဂုဏ္ယူ ေနၾကပုံကုိလည္း စင္ျမင့္ေထာင့္ တစ္ေနရာကေန အကဲခတ္ မိလုိက္ပါတယ္ ျပီးေတာ့ ေနာက္ေန႕ပြဲအတြက္ အစြမ္းကုန္ေဖ်ာ္ေျဖဖုိ႕ အားခဲထားၾကတဲ့ MCC.i Yatanarpon Campus မွာ BIT ဘြဲ႕သင္တန္း တက္ေရာက္ေနၾကတဲ့ ေက်ာင္းသူ ေက်ာင္းသားအဖြဲ႕ေတြ စင္ျမင့္ေပၚတက္လာၾကျပီး ျပင္ဆင္ထား ၾကတဲ့ သီခ်င္းေတြ၊ ေတးသရုပ္ေဖၚေတြ ကျပ ေဖ်ာ္ေျဖၾကတဲ့ အခါမွာေတာ့ စင္ေပၚစင္ေအာက္ အတုိင္အေဖာက္ညီညီနဲ႕ ျပိဳင္တူသီဆုိ အားေပးၾကတဲ့အျပင္ ဆရာဦးတင္၀င္းေအာင္က အထူး အစီအစဥ္အေနနဲ႕ MCC.i Yatanarpon Campus က ေက်ာင္းအုပ္ၾကီးနဲ႕ အၾကီးတန္း စာရင္းကိုင္တုိ႕ရဲ႕ ေမြးေန႕လည္း ျဖစ္ေနလုိ႕ Birthday Wish ေလး လုပ္ဖုိ႕အျပင္ကေန႕ Birthday Cake (၂)လုံး ယူလာေပးတာေၾကာင့္ အားလုံး စင္ေပၚကုိတက္ျပီး Happy Birthday သီခ်င္းေလး ျပိဳင္တူဆုိၾကရင္း အမွတ္တရ ျဖစ္ခဲ့ၾကပါေသးတယ္၊ အဲဒီေနာက္ ဆရာဦးတင္၀င္းေအာင္ က ရတနာပုံက ေက်ာင္းသား ေက်ာင္းသူအားလုံးကုိ ပထမရက္ကလုိပဲ ဆုေတာ္ေငြေတြ ခ်ီးျမွင့္ခဲ့ပါတယ္
ေက်ာင္းသား ေက်ာင္းသူေလးေတြ ရဲ႕ ေဖ်ာ္ေျဖမႈ အျပီးအားလုံး အစီအစဥ္တက် ျပခန္းေတြ ေလ့လာျပီး ခန္းမ အျပင္ဖက္မွာ စမ္းသပ္ျပသထားတဲ့ “Drone” ေတြကုိ ၾကည့္ၾကျပီး အေကြ်းအေမြး အစီအစဥ္ေတြ ျပီးလုိ႕ သက္ဆုိင္ရာ ေက်ာင္းေတြကုိ ျပန္ဖုိ႕ ကားေတြေပၚကုိ အစီအရီ တက္ေနၾကတုန္း ကြ်န္ေတာ္တုိ႕အဖြဲ႕လည္း လုိက္ပါလာတဲ့ တာ၀န္ခံဆရာ/ဆရာမၾကီးေတြကုိ နဳတ္ဆက္ေနတုန္း ကားတစီးေပၚ ေရာက္ေနၾကျပီျဖစ္တဲ့ ကုိယ္ပုိင္ အထက္တန္း ေက်ာင္းတစ္ခုက ေက်ာင္းသူေလးေတြ ကြ်န္ေတာ္တုိ႕ကုိ ဂါရ၀တရားနဲ႕အညီ လက္အုပ္ခ်ီနဳတ္ဆက္ရင္း တေယာက္ က “ဆရာသမီးတုိ႕ (၁၀)တန္း စာေမးပြဲ ေအာင္ခ်င္လွျပီ၊ ခုနကဆရာတုိ႕ ရွင္းျပတဲ့ အိုင္တီ ပညာရွင္ၾကီး တစ္ေယာက္ ျဖစ္ခ်င္တယ္၊ ျပခန္းေတြမွာလည္း သမီးတုိ႕ မျမင္ဘူးေသးတဲ့ နည္းပညာအသစ္ အဆန္းေတြလည္း ေတြ႕ရတယ္၊ သမီးတုိ႕ကုိ ရွင္းျပတဲ့ ဆရာ/ဆရာမေတြကလည္း ငယ္ငယ္ေလးေတြနဲ႕ အရမ္း ေတာ္ၾကတာပဲ အရမ္းအားက်တယ္၊ ျဖစ္နုိင္ရင္ မနက္ျဖန္ သဘက္ခါေတာင္ MCC.i မွာ ေက်ာင္းလာတက္ခ်င္ျပီ “ ဆုိတာေၾကာင့္ (၂)ရက္ (၃)ရက္လုံး ပင္ပန္းခဲ့သမွ် အေမာေျပ သြားသလုိ ခံစားရျပီး စိတ္ထဲမွာလည္း တုိ႕အခ်ိန္တုိေလး အတြင္းမွာ ကေလးေတြအတြက္ အနာဂါတ္ ေမ်ာ္မွန္းခ်က္ေတြအတြက္ ျပင္ဆင္မႈ လမ္းေၾကာင္းေလး တစ္ခု ခ်ျပနိုင္ခဲ့တယ္၊ မ်ားျပားလားတဲ့ ေရြးခ်ယ္စရာေတြထဲကေန သူတုိ႕စိတ္၀င္စားမဲ့ ပညာရပ္နယ္ပယ္ တစ္ခုကုိ လမ္းျပ ေပးနုိင္ခဲ့တယ္ ဆုိျပီးေတာ့ ပီတိျဖစ္မိ ပါေတာ့တယ္
အစီအစဥ္ အားလုံးျပီးတဲ့ အခ်ိန္မွာေတာ့ ကြ်န္ေတာ္တုိ႕ ၀န္ထမ္းေတြအားလုံး ခန္းမေရွ႕မွာ စုေပါင္း ဓါတ္ပုံရုိက္ကူးခဲ့ၾကျပီး ကုိယ္စီကုိယ္စီ ပစၥည္းသိမ္းတဲ့သူကသိမ္း၊ ဖုန္းဆက္တဲ့ သူကဆက္နဲ႕ အလုပ္ရႈပ္ေနၾကခ်ိန္မွာပဲ ကြ်န္ေတာ္လည္း ေနာက္ရက္ မိသားစုကိစၥေလး တစ္ခုရွိတာနဲ႕ ညဖက္ MCC.i Yatanarpon Campus မွာက်င္းပမဲ့ ညစာစားပြဲအတြက္ ဥကၠဌ ဆရာဦးတင္၀င္းေအာင္ကုိ ခြင့္ပန္ရင္း ရုံးကကားနဲ႕ ျပင္ဦးလြင္ အေ၀းေျပး ကားဂိတ္ကုိ တုိက္ရုိက္ သြားေရာက္ျပီး လက္မွတ္ရရာ နယူးမႏၱလာထြန္း အထူးကားရဲ႕ ေနာက္ဆုံး ခုံတန္းေလးေပၚ တက္ထုိင္ရင္း ညေန(၆)နာရီမွာ ျပင္ဦးလြင္ ကေန ရန္ကုန္ျမိဳ႕ကုိ ျပန္လည္ ခီ်တက္လာ ခဲ့ပါေတာ့တယ္
ျပင္ဦးလြင္ကေန မႏၱေလး (၁၆)မုိင္ဂိတ္ မေရာက္ခင္အထိ အေကြ႕အေကာက္နဲ႕ ေတာင္ဆင္းေတြမွာ ကားမွန္ေဘးကေန အျပင္ကုိ ေငးေမာၾကည့္ရင္း နားထဲမွာ ၾကားေယာင္ ေနမိတာကေတာ့ “ ဆရာ သမီးတုိ႕ MCC.i မွာ BIT သင္တန္း လာတက္ခ်င္လွျပီ “ ဆုိတဲ့ ကုိယ္ပုိင္ အထက္တန္းေက်ာင္း တစ္ခုက ေက်ာင္းသူေလးေတြရဲ႕ အသံေတြပဲ ျဖစ္ပါတယ္………………………
(26.9.2015 ႏွင့္ 27.9.2015 ေန႕မ်ားတြင္ပန္းျမိဳ႕ေတာ္ ျပင္ဦးလြင္ ျမိဳ႕ေတာ္ခန္းမတြင္ ေအာင္ျမင္ခမ္းနားစြာ က်င္းပျပဳလုပ္ နုိင္ခဲ့ေသာ MCC ICT Expo 2015 နည္းပညာ ျပပြဲၾကီးအား သတိရဂုဏ္ျပဳလွ်က္)

UNO (အုိင္တီခရီးသည္)

ခြိမ့်ခြိမ့်သဲဆင်နွဲ ပြင်ဦးလွင်က MCC ICT ပွဲ

အပိုင်း(၂)

မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချူပ်နှင့် တာဝန်ရှိသူများ ပြခန်းအသီးသီးသို့ လှည့်လည်ကြည့်ရှု အားပေးပြီးနောက် ပြန်လည်ထွက်ခွာသွားပြီး မကြာမှီမှာပင် ပြင်ဦးလွင်မြို့တော်ခန်းမရှေ့တွင် ယာဉ်လမ်းကြောင်း ရှင်းလင်းရေး တာဝန် ယူနေသော တပ်မတော်တပ်ထိန်းမှ တပ်ကြပ်ကြီး တစ်ဦးရောက်လာပြီး ပြင်ဦးလွင်တပ်နယ်မှူး ယာဉ်တန်းရောက်ရှိလာ တော့မည့်အကြောင်း သတင်းပေးလာသဖြင့် MCC Group ဥက္ကဌဆရာဦး တင်ဝင်းအောင် ဦးဆောင်ပြီး တာဝန်ရှိသူများ ခန်းမရှေ့တွင် နေရာယူကာ ယာဉ်တန်းဖြင့် ရောက်ရှိလာကြသော ပြင်ဦးလွင်တပ်နယ်မှူး စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးနှင့်အတူ အဖွဲ့ဝင်များအဖြစ် လိုက်ပါလာသော တပ်မတော်အရာရှိကြီးများ၊ စစ်တက္ကသိုလ်မှ ဌာနမှူးကြီးများကို သွားရောက် ကြိုဆိုခဲ့ကြပါတယ်
အဲဒီနောက်မှာတော့ ခန်းမထဲသို့ ဖိတ်ခေါ်လာရာ မနက်က ဖွင့်ပွဲအခမ်းအနားမှာ တာဝန်ယူပေးကြသော အခမ်းအနားမှူးနှင့် ဖဲကြိုးကိုင်၊ ဗန်းကိုင်ကျောင်းသူလေးများ၊ MCC ၀န်ထမ်းများနှင့် ပြခန်းအလိုက် တာဝန်ရှိသူများက ကြိုဆို နုတ်ဆက်ကြပြီး ပြခန်းအလိုက် ရှင်းလင်းပြသပေးကြရာ ပြင်ဦးလွင်တပ်နယ်မှူးနှင့် အဖွဲ့ဝင်များက စိတ်ဝင်တစား ကြည့်ရှုလေ့လာကြပြီး အဖွဲ့ဝင်အဖြစ် ပါ၀င်လာကြသော အရာရှိကြီးများကလည်း နည်းပညာတိုးတက်မှုများ အကြောင်းကို ဖြည့်စွက် ရှင်းလင်း တင်ပြပေးခဲ့ကြပါတယ်၊
တပ်နယ်မှူးကြီးနဲ့ အဖွဲ့ဝင်များဟာ ခန်းမထဲမှာ အချိန်အတန်ကြာ လေ့လာကြပြီးနောက် ပြန်လည်ထွက်ခွာသွား ပြီးပြီးချင်းပဲ Marketing တာဝန်ရှိ ၀န်ထမ်းတစ်ဦး ခန်းမအပေါ်ထပ် နားနေဆောင်ကို ရောက်ရှိလာပြီး ခန်းမအပြည့် ရောက်ရှိနေကြပြီးဖြစ်တဲ့ ပြင်ဦးလွင် မြို့ပေါ်မှ အစိုးရအထက်တန်း ကျောင်း(၃)ကျောင်း၊ မိုးကြိုးပစ်နှင့် အနီးစခန်း အထက်တန်းကျောင်း၊ စာပန်းအိပ် ဘော်ဒါဆောင်တို့မှ ကျောင်းသား ကျောင်းသူ(၃၀၀)ကျော်ကို ပြခန်းနဲ့ ပတ်သက်တာတွေ၊ အိုင်တီဆိုင်ရာ ဗဟုသုတတွေ ရှင်းလင်းပေးဖို့ သတင်းပို့လာတော့ တပင်တိုင်မင်းသားကြီး ကျွန်တော်လည်း စားလက်စ ကြက်သား ပလာတာလေးကို လက်စသတ်၊ ကော်ဖီလေးတခွက် ကဗျာကယာ မော့သောက်ပြီး ခန်းမရှေ့မှာ အသင့်ထိုင်စောင့်နေကြတဲ့ ကျောင်းသား ကျောင်းသူလေးများကို နာမည်ကျော် အဆိုတော်တစ်ဦး နုတ်ဆက်သလို “မင်္ဂလာပါ” အလို့ အသံအကျယ်ကြီး နုတ်ဆက်လိုက်တဲ့အခါ ကျောင်းသူ ကျောင်းသားလေးတွေရဲ့  ပြန်လည်နုတ်ဆက်တဲ့ အသံက မိုးလုံးဟိန်းပြီး ခန်းမကြီးတစ်ခုလုံး သက်ဝင် လှုပ်ရှား သွားပါတော့တယ်၊
အဲဒီနောက် ကလေးတွေကို လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ဖြစ်စေချင်တာကြောင့် အစီအစဉ်မစခင် ကျောင်းသူလေး (၄)(၅)ယောက်လောက်ကို စင်ဖေါ်ဖိတ်ခေါ်ပြီး သူတို့ရဲ့ ဘဝရည်မှန်းချက်တွေ၊ လက်ရှိ ကျောင်းတက်ရောက်နေတဲ့ အခြေအနေတွေနဲ့ သူတို့အားကျတဲ့ အကြောင်းအရာတွေကို ဟာသလေးနှောပြီး အမေးအဖြေ ကဏ္ဍလေး နဲ့ ပွဲထွက်လိုက်တာ ခန်းမတစ်ခုလုံး တဝါးဝါးနဲ့ ရယ်မောပျော်ရွင် သွားကြပြီဆိုမှ MCC ICT Expo 2015 မှပြသထားတဲ့ ပြခန်းတွေ အကြောင်းရှင်းပြပြီး ကျောင်းသားလေးတွေ ဗဟုသုတရအောင် ကမ္ဘာ့တဝှမ်းအိုင်တီ နည်းပညာ ပြောင်းလဲတိုးတက်မှုတွေနဲ့ အိုင်တီပညာရှင်တယောက် ဖြစ်လာရင်ရရှိနိုင်မဲ့အကျိုးကျေးဇူး ခံစားခွင့် တွေကိုစိတ်ဝင်စားအောင်ရှင်းပြလိုက်တဲ့အခါကျောင်းသား/သူလေး တွေအားလုံး စိတ်ဝင်တစားနဲ့ နားထောင် မှတ်သားကြပါတော့တယ်
ပြီးတဲ့အခါမှာတော့ ဖျော်ဖြေရေး အစီအစဉ် စတင်တဲ့အခါမှာ ကြိုတင်ရောက်ရှိနေတဲ့ MCC Institute (Mandalay Campus) BIT ကျောင်းသား ကျောင်းသူလေးများအားလုံး စင်မြင့်နောက်ကို နေရာယူ ပြင်ဆင်ပြီး ပထမဦးဆုံး ကျောင်းသူလေး(၃)ဦး ဖွဲ့စည်းထားတဲ့ အဖွဲ့ရဲ့ Music လန်းလန်းလေးနဲ့စတင်လိုက်ပြီးနောက်     ပါ၀င်တဲ့ ဒသာဂီရိ တေးသရုပ်ဖေါ်၊ ကျောင်းသား ကျောင်းသူလေးများပါ၀င်တဲ့ MCC Institute တေးသရုပ်ဖေါ် ပြကွက်၊ ရန်ကုန်သားနဲ့ မန္တလေးသူ တေးသရုပ်ဖေါ်ကကွက်၊ ကျောင်းသားလေးများ ပါ၀င်သော  အဖွဲ့ရဲ့ ကကွက်များကို တစ်ခုပြီး တစ်ခုဖျော်ဖြေရာ အခမ်းအနားကို တက်ရောက်လာကြတဲ့ ကျောင်းသား ကျောင်းသူ လေးများ ပျော်ရွင်စွာဖြင့် လက်ခုပ်လက်ဝါးတီး အားပေးကြပြီး အဆုံးမှာ ”သားတို့ သမီးတို့ ပြခန်းတွေကို လေ့လာပြီးရင် ခန်းမဘယ်ဖက်မှာ ဆရာတို့ဆီက ဧည့်ခံမဲ့ ကော်ဖီနဲ့မုန့်တွေ စားဖို့မမေ့ကြပါနဲ့အုံး “ လို့ကြေညာသံအဆုံး လက်ခုပ်သံများ ပိုမိုဆူညံသွားပြီး ”ဟေး” ကနဲအော်ဟစ်အပြီး  ကြီးကြပ်သူများနဲ့ အတူ ပြသထားသော ပြခန်းများကို လှည့်လည် ကြည့်ရှကြရာ ပြခန်းတာဝန်ရှိသူများက တခန်းချင်း ရှင်းလင်း ပြသကြပါတယ်
ပြီးတော့ MCC Polytechnic Mandalay က HND ကျောင်းသားလေး ကိုယ်တိုင် တီထွင်ထားတဲ့ မောင်းသူမဲ့ယာဉ် (Drone) ကိုခန်းမ အပြင်ဖက်မှာ စမ်းသပ်မောင်းနှင် ပြပါမယ်လို့ ကြေညာ လိုက်တဲ့အခါ ကျောင်းသား ကျောင်းသူလေးတွေ ပြခန်းကြည့်တဲ့အုပ်စု၊ အပြင်ဖက်ထွက်ပြီး Drone ကြည့်တဲ့အုပ်စု၊ ကျွေးမွေး ဧည့်ခံတဲ့နေရာ သွားတဲ့ အုပ်စုစသဖြင့် အုပ်စုအသီးသီး ကွဲသွားကြပြီး ပထမနေ့ မနက်ပိုင်း အစီအစဉ် ပြီးဆုံးသွားပါပြီ နာရီကို ကြည့်လိုက်တော့ နေ့လည်(၁)နာရီခွဲလောက် ဖြစ်သွားပြီ ဖြစ်လို့ ကျွန်တော်တို့ အဖွဲ့တွေလည်း အပေါ်ထပ် နားနေခန်းကို ချီတက်လာကြပြီး မှာထားတဲ့ ကြက်ဆီထမင်း ထုပ်လေးတွေကိုဖွင့် မောမောနဲ့ ရေသောက်လိုက် ထမင်းစားလိုက် လုပ်နေတုန်း ဖုန်းဝင်လာပြီး ဆရာမြန်မြန်စားနော် နောက်ထပ် လေ့လာရေးလာတဲ့ ကျောင်းသားတွေ ထပ်ရောက်နေပြီ အခုခဏ လျှောက်ကြည့် ခိုင်းထားတယ်ဆိုတာကြောင့် မြန်မြန် စားသောက်ပြီး အောက်ထပ်ကို ဆင်းလိုက်တဲ့ အချိန်မှာတော့ ပြင်ဦးလွင်နဲ့ အနီးအနားမှာရှိတဲ့ MCC Franchise Center တွေက ကျောင်းသားတွေ၊ အကယ်ဒမီ၊ စွမ်းအင်စတဲ့ ကိုယ်ပိုင် အထက်တန်း ကျောင်းတွေက ကျောင်းသားတွေ စုစုပေါင်း(၃၀၀) ကျော် ထပ်မံရောက်ရှိနေကြပြီး အစီအစဉ်တွေကို မနက်ပိုင်း အတိုင်း ပြန်လည် ကျင်းပပေးခဲ့ပါတယ်
MCC Institute (Mandalay Campus) မှ ဖျော်ဖြေရေးအတွက် ရောက်လာကြတဲ့ BIT ကျောင်းသား ကျောင်းသူ လေးများကလည်း အားကြိုးမာန်တက် ဖျော်ဖြေကြတာဖြစ်လို့ လက်ခုပ်သံတွေ တဖျောင်းဖျောင်းနဲ့ ပွဲကျနေကြပြီး နောက်အစီအစဉ်ပြီးလို့ စတိတ်စင် နောက်ဖက်ကို ၀င်သွားနေကြတုန်း MCC Group ဥက္ကဌဆရာ ဦးတင်ဝင်း အောင်က ဖျော်ဖြေရေးအဖွဲ့တွေ ပြန်ခေါ်လိုက်ပါအုံး ဆုပေးမလို့ ဆိုတာကြောင့် စတိတ်စင် နောက်ဝင်သွားတဲ့ ကျောင်းသား /သူလေးတွေ အသီးသီး ပြန်ထွက်လာကြပြီး ဥက္ကဌရဲ့ ဆုငွေရရှိပြီးတဲ့ အချိန်မှာတော့ စာအိတ်ဖွင့်ကြည့် ပြီး ”ဝေး” ကနဲ ဖြစ်သွားကြက ပထမနေ့ဖြစ်တဲ့ (၂၆.၉.၂၀၁၅) MCC ICT Expo 2015 အစီအစဉ်တွေကို ပျော်ရွင်စွာပဲ ရပ်နားခဲ့ကြပါတော့တယ်.
ဒုတိယနေ့ (၂၇.၉.၂၀၁၅)နေ့မှာ လာကြိုတဲ့ ကားလေးနဲ့ မြို့တော်ခန်းမ ရှေ့ကို မနက်(၉)နာရီ မထိုးခင်ရောက် တယ်ဆိုယုံပဲ ခန်းမထဲကနေ ပြန်လွင့်လာတဲ့ သီချင်းသံနဲ့ ကခုန်သံတွေ ကြားရတော့ အစီအစဉ်တွေများ စောပြီး စတင်နေုပြီလားဟု ၀င်ပေါက်အနီး ရောက်လာတဲ့ ၀န်ထမ်းတစ်ဦးကို မေးကြည့်တဲ့ အခါမှာတော့ ”အစီအစဉ်တွေ မစသေးပါဘူး၊ အဲဒါ MCC.i Yatanarpon Campus က ဖျော်ဖြေမဲ့ ကျောင်းသား/သူလေးတွေ အစမ်းလေ့ကျင့် နေတာပါတဲ့၊ မနေ့က MCC.i Mandalay Campus က အဖွဲ့တွေ ဖျော်ဖြေသွားတာကို ကြည့်ပြီး သူတို့လည်း အပြတ် လေ့ကျင့် နေကြတာပါတဲ့၊ မနေ့ညနေကလည်း အခမ်းအနား ပြီးတော့ သူတို့တဖွဲ့လုံး ရောက်လာပြီးတော့ အစမ်းလေ့ကျင့် ကြပါသေးတယ် ” လို့ပြန်ဖြေလိုက်တဲ့အခါ ကျွန်တော့်စိတ်ထဲမှာတော့ “ အင်း ဒီနေ့လည်း ကျွန်တော်တို့ ဥက္ကဌ ဆရာဦးတင်ဝင်းအောင် တယောက်တော့ ရတနာပုံအဖွဲ့ကို ဆုထပ်ချအုံးတော့မှာပဲ “ လို့ စဉ်းစား လိုက်မိပါတော့တယ်၊
ဒီလိုနဲ့ပဲ တဖြည်းဖြည်းနဲ့ ပြင်ဦးလွင်မြို့ပေါ်က ဖိတ်ကြားထားတဲ့ အကယ်ဒမီ ကိုယ်ပိုင်ကျောင်း၊ ထက်ကိုယ်ပိုင် အထက်တန်းကျောင်းနဲ့ လင်းထက်ဘော်ဒါ၊ စွမ်းအင်၊ စနိုးကွင်းဘော်ဒါတွေက ကျောင်းတွေက ကျောင်းသား/သူတွေ၊ MCC Pyin Oo Lwin နဲ့ MCC Ohnchaw က ဆရာမတွေနဲ့ ကျောင်းသား/သူတွေ၊ သီးသန့် ပြခန်းတွေ ကို လာရောက် လေ့လာတဲ့ သူတွေ ရတနာပုံနဲ့ မန္တလေးက ကျောင်းသားတွေနဲ့ ဆရာ/ဆရာမတွေ စုံချိန်မှာတော့ မနက်ပိုင်း အစီအစဉ်အနေနဲ့ ပထမရက်ကလိုပဲ ကျောင်းသူ ကျောင်းသားလေးတွေကို စင်ပေါ်ဖိတ်ခေါ်ပြီး မိတ်ဆက်ခိုင်း သူတို့ရဲ့ ဆန္ဒလေးတွေ ရင်ဖွင့်ခိုင်းတဲ့အခါ ထူးထူးခြားခြား ကာယအလှမောင် ဖြစ်ချင်တဲ့ ကျောင်းသားလေးရယ်၊ ကြီးလာရင် ပညာရေးဝန်ကြီး ဖြစ်ချင်တဲ့ ကျောင်းသူလေးရယ်၊ သူတတ်ထားတဲ့ ပညာတွေနဲ့ မြန်မာနိုင်ငံကြီး ကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ချင်တယ်ဆို့တဲ့ ကျောင်းသူလေးတွေကြောင့် ကျွန်တော်ရော ပရိတ်သတ်တွေရော လက်ခုပ်သံ တဖြောင်းဖြောင်းနဲ့ အားပေးကြပြီးတဲ့အခါ ပြခန်းနဲ့ ပါတ်သက်တာတွေ ရှင်းပြပြီး လာရောက် လေ့လာတဲ့ ကျောင်းသား ကျောင်းသူလေးတွေ အားကျစေဖို့ ပြင်ဦးလွင်က အကယ်ဒမီ ဘော်ဒါမှာ တက်ရောက်ခဲ့ပြီး MCC မှာပဲ အိုင်တီသင်တန်း အဆင့်ဆင့် တက်ရောက်ခဲ့ပြီး အခုအခါ MCC Naypyitaw မှာ General Manager အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ၀န်ထမ်းတစ်ဦးနဲ့ (2009)ခုနှစ် MCC Training Institite (Yatanarpon) မှာ စတင်တက်ရောက်ခဲ့ပြီး B.Sc(Hons) Business IT ဘွဲ့ရရှိခဲ့ပြီး MCC ICT Services ကနေဆောင်ရွက်နေတဲ့ Project ကြီးတစ်ခုမှာ Project Manager အဖြစ် တာဝန်ယူ နေတဲ့ဝန်ထမ်းလေး တစ်ဦးတို့ကို စင်မြင့်ပေါ် ဖိတ်ခေါ်ပြီး သူတို့ရဲ့ ကျောင်းသားဘဝ အတွေ့အကြုံတွေ၊ MCC မှာအလုပ်သင်ဝင် ရောက်ရင်း နဲ့ကြိုးစားမှု၊ ထူးချွန်မှုတွေကြောင့် အချိန်တိုအတွင်းမြင့်မားတဲ့ ရာထူးတာဝန် တွေထမ်းဆောင် နေရမှု အပေါ်အမြင်တွေကို နောင်လာ နောက်သားလေးတွေ အားကျစေဖို့ ရှင်းပြကြတဲ့အခါမှာတော့ အောက်မှာ ထိုင်နားထောင်နေကြတဲ့ ကျောင်းသား ကျောင်းသူလေးတွေ စိတ်ဝင်တစားနဲ့ အားကျဂုဏ်ယူ နေကြပုံကိုလည်း စင်မြင့်ထောင့် တစ်နေရာကနေ အကဲခတ် မိလိုက်ပါတယ် ပြီးတော့ နောက်နေ့ပွဲအတွက် အစွမ်းကုန်ဖျော်ဖြေဖို့ အားခဲထားကြတဲ့ MCC.i Yatanarpon Campus မှာ BIT ဘွဲ့သင်တန်း တက်ရောက်နေကြတဲ့ ကျောင်းသူ ကျောင်းသားအဖွဲ့တွေ စင်မြင့်ပေါ်တက်လာကြပြီး ပြင်ဆင်ထား ကြတဲ့ သီချင်းတွေ၊ တေးသရုပ်ဖေါ်တွေ ကပြ ဖျော်ဖြေကြတဲ့ အခါမှာတော့ စင်ပေါ်စင်အောက် အတိုင်အဖောက်ညီညီနဲ့ ပြိုင်တူသီဆို အားပေးကြတဲ့အပြင် ဆရာဦးတင်ဝင်းအောင်က အထူး အစီအစဉ်အနေနဲ့ MCC.i Yatanarpon Campus က ကျောင်းအုပ်ကြီးနဲ့ အကြီးတန်း စာရင်းကိုင်တို့ရဲ့ မွေးနေ့လည်း ဖြစ်နေလို့ Birthday Wish လေး လုပ်ဖို့အပြင်ကနေ့ Birthday Cake (၂)လုံး ယူလာပေးတာကြောင့် အားလုံး စင်ပေါ်ကိုတက်ပြီး Happy Birthday သီချင်းလေး ပြိုင်တူဆိုကြရင်း အမှတ်တရ ဖြစ်ခဲ့ကြပါသေးတယ်၊ အဲဒီနောက် ဆရာဦးတင်ဝင်းအောင် က ရတနာပုံက ကျောင်းသား ကျောင်းသူအားလုံးကို ပထမရက်ကလိုပဲ ဆုတော်ငွေတွေ ချီးမြှင့်ခဲ့ပါတယ်
ကျောင်းသား ကျောင်းသူလေးတွေ ရဲ့ ဖျော်ဖြေမှု အပြီးအားလုံး အစီအစဉ်တကျ ပြခန်းတွေ လေ့လာပြီး ခန်းမ အပြင်ဖက်မှာ စမ်းသပ်ပြသထားတဲ့ “Drone” တွေကို ကြည့်ကြပြီး အကျွေးအမွေး အစီအစဉ်တွေ ပြီးလို့ သက်ဆိုင်ရာ ကျောင်းတွေကို ပြန်ဖို့ ကားတွေပေါ်ကို အစီအရီ တက်နေကြတုန်း ကျွန်တော်တို့အဖွဲ့လည်း လိုက်ပါလာတဲ့ တာဝန်ခံဆရာ/ဆရာမကြီးတွေကို နုတ်ဆက်နေတုန်း ကားတစီးပေါ် ရောက်နေကြပြီဖြစ်တဲ့ ကိုယ်ပိုင် အထက်တန်း ကျောင်းတစ်ခုက ကျောင်းသူလေးတွေ ကျွန်တော်တို့ကို ဂါရဝတရားနဲ့အညီ လက်အုပ်ချီနုတ်ဆက်ရင်း တယောက် က “ဆရာသမီးတို့ (၁၀)တန်း စာမေးပွဲ အောင်ချင်လှပြီ၊ ခုနကဆရာတို့ ရှင်းပြတဲ့ အိုင်တီ ပညာရှင်ကြီး တစ်ယောက် ဖြစ်ချင်တယ်၊ ပြခန်းတွေမှာလည်း သမီးတို့ မမြင်ဘူးသေးတဲ့ နည်းပညာအသစ် အဆန်းတွေလည်း တွေ့ရတယ်၊ သမီးတို့ကို ရှင်းပြတဲ့ ဆရာ/ဆရာမတွေကလည်း ငယ်ငယ်လေးတွေနဲ့ အရမ်း တော်ကြတာပဲ အရမ်းအားကျတယ်၊ ဖြစ်နိုင်ရင် မနက်ဖြန် သဘက်ခါတောင် MCC.i မှာ ကျောင်းလာတက်ချင်ပြီ “ ဆိုတာကြောင့် (၂)ရက် (၃)ရက်လုံး ပင်ပန်းခဲ့သမျှ အမောပြေ သွားသလို ခံစားရပြီး စိတ်ထဲမှာလည်း တို့အချိန်တိုလေး အတွင်းမှာ ကလေးတွေအတွက် အနာဂါတ် မျော်မှန်းချက်တွေအတွက် ပြင်ဆင်မှု လမ်းကြောင်းလေး တစ်ခု ချပြနိုင်ခဲ့တယ်၊ များပြားလားတဲ့ ရွေးချယ်စရာတွေထဲကနေ သူတို့စိတ်ဝင်စားမဲ့ ပညာရပ်နယ်ပယ် တစ်ခုကို လမ်းပြ ပေးနိုင်ခဲ့တယ် ဆိုပြီးတော့ ပီတိဖြစ်မိ ပါတော့တယ်
အစီအစဉ် အားလုံးပြီးတဲ့ အချိန်မှာတော့ ကျွန်တော်တို့ ၀န်ထမ်းတွေအားလုံး ခန်းမရှေ့မှာ စုပေါင်း ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး ကိုယ်စီကိုယ်စီ ပစ္စည်းသိမ်းတဲ့သူကသိမ်း၊ ဖုန်းဆက်တဲ့ သူကဆက်နဲ့ အလုပ်ရှုပ်နေကြချိန်မှာပဲ ကျွန်တော်လည်း နောက်ရက် မိသားစုကိစ္စလေး တစ်ခုရှိတာနဲ့ ညဖက် MCC.i Yatanarpon Campus မှာကျင်းပမဲ့ ညစာစားပွဲအတွက် ဥက္ကဌ ဆရာဦးတင်ဝင်းအောင်ကို ခွင့်ပန်ရင်း ရုံးကကားနဲ့ ပြင်ဦးလွင် အဝေးပြေး ကားဂိတ်ကို တိုက်ရိုက် သွားရောက်ပြီး လက်မှတ်ရရာ နယူးမန္တလာထွန်း အထူးကားရဲ့ နောက်ဆုံး ခုံတန်းလေးပေါ် တက်ထိုင်ရင်း ညနေ(၆)နာရီမှာ ပြင်ဦးလွင် ကနေ ရန်ကုန်မြို့ကို ပြန်လည် ချီတက်လာ ခဲ့ပါတော့တယ်
ပြင်ဦးလွင်ကနေ မန္တလေး (၁၆)မိုင်ဂိတ် မရောက်ခင်အထိ အကွေ့အကောက်နဲ့ တောင်ဆင်းတွေမှာ ကားမှန်ဘေးကနေ အပြင်ကို ငေးမောကြည့်ရင်း နားထဲမှာ ကြားယောင် နေမိတာကတော့ “ ဆရာ သမီးတို့ MCC.i မှာ BIT သင်တန်း လာတက်ချင်လှပြီ “ ဆိုတဲ့ ကိုယ်ပိုင် အထက်တန်းကျောင်း တစ်ခုက ကျောင်းသူလေးတွေရဲ့ အသံတွေပဲ ဖြစ်ပါတယ်………………………
(26.9.2015 နှင့် 27.9.2015 နေ့များတွင်ပန်းမြို့တော် ပြင်ဦးလွင် မြို့တော်ခန်းမတွင် အောင်မြင်ခမ်းနားစွာ ကျင်းပပြုလုပ် နိုင်ခဲ့သော MCC ICT Expo 2015 နည်းပညာ ပြပွဲကြီးအား သတိရဂုဏ်ပြုလျှက်)

UNO (အိုင်တီခရီးသည်)



  

 
 

Wednesday, October 14, 2015

ၿခိမ့္ၿခိမ့္သဲဆင္ႏြဲ ျပင္ဦးလြင္က MCC ICT ပြဲ



( အပုိင္း -၁)
DSA ေက်ာင္းေရွ႕ေရာက ္ပါျပီ။ ဆင္းမဲ့အကုိနဲ႕အမ ေရွ႕ပုိင္းကုိထြက္လာျပီး ဆင္းဖုိ႕ျပင္ဆင္ေပးပါ။ ယာဥ္အကူ၀န္ထမ္းေလးရဲ႕ေအာ္သံေၾကာင့္ အိပ္တ၀က္နိုးတ၀က္ျဖစ္ေနေသာကြ်န္ေတာ္တုိ႕အဖြဲ႕လွဳပ္လွဳပ္ ရွားရွားျဖစ္သြားၾကပါေတာ့တယ္။ မၾကာမွီမွာပဲ ရန္ကုန္ကေနျပင္ဦးလြင္ကုိ (၂၄)ရက္ ေန႕ည(၈)နာရီ ထြက္ခြာလာတဲ့ ခုိင္မႏၱေလး အထူးအျမန္ယာဥ္ၾကီးဟာ အစဥ္အလာၾကီးမားတဲ့ ျပင္ဦးလြင္ စစ္တကၠသိုလ္ေက်ာင္းၾကီးေရွ႕ကုိ တျဖည္းျဖည္းအရွိန္ေလွ်ာ့ရပ္တန္႕လုိက္ျပီးေနာက္ မိဘရပ္ထံက ျပန္လာတဲ့အရာရွိငယ္ မိသားစုေလးတစ္စု ဆင္းသြားျပီး ကားၾကီးကေတာ့ျပင္ဦးလြင္အေ၀းေျပး ဂိတ္ဆီသုိ႕ဆက္လက္ခရီးဆက္ခဲ့ပါတယ္။
ကြ်န္ေတာ္တုိ႕ အဖြဲ႕လည္း ကားဂိတ္ေရာက္တာနဲ႕ အသင့္ေစာင့္ၾကိဳေနတဲ့ MCC Institute ကားေလးနဲ႔ ပထမဦးဆုံး အစားအေသာက္အစုံရတဲ့ စုေပါင္းစားေသာက္ဆုိင္ကုိ အရင္၀င္ဗုိက္ျဖည့္ျပီးသကာလ ကုိယ္စီကုိယ္စီတည္းေနၾကျဖစ္တဲ့ စခန္းသာဟုိတယ္။ Royal Park View ဟုိတယ္နဲ႕ နန္းေတာ္၀င္ ဟုိတယ္မ်ားဆီ ခီ်တက္ခဲ့ၾကျပီး ခဏတျဖဳတ္ အနားယူ ေရမုိးခ်ဴိးျပီး MCC ICT Expo 2015 က်င္းပမဲ့ျပင္ဦးလြင္ ျမိဳ႕ေတာ္ခန္းမၾကီးဆီသုိ႕ အားလုံးတစ္ဖြဲ႕ျပီးတစ္ဖြဲ႕ ေရာက္ရွိလာခဲ့ၾက ပါတယ္။
MCC ICT Expo 2015 ဟာကြ်န္ေတာ္တုိ႕ MCC Group ကေန မႏၱေလး၊ ျပင္ဦးလြင္ႏွင့္ အနီးပါတ္၀န္းက်င္ ေဒသမ်ားမွ လူငယ္လူရြယ္မ်ားအား အုိင္တီႏွင့္ သိပၸံဆုိင္ရာ နည္းပညာမ်ားဆန္းမ်ား၊ နုိင္ငံတကာအသိအမွတ္ ျပဳဘြဲ႕သင္တန္းဆုိင္ရာမ်ား၊ MCC Group မွ တီထြင္ထုတ္လုပ္ထားေသာ အစုိးရႏွင့္ ပုဂၢလိကအဖြဲ႕အစည္းမ်ား တြင္ အသုံးျပဳေနေသာ အုိင္တီစနစ္မ်ား သဘာ၀ပါတ္၀န္းက်င္ စိမ္းလမ္းစုိေျပေရး ဆုိင္ရာမ်ားကို ေလ့လာနုိင္ရန္ ပထမဦးဆုံးအၾကီမ္ က်င္းပေပးတဲ့ နည္းပညာျပပြဲၾကီးတစ္ခုျဖစ္ျပီး (၂၆.၉.၂၀၁၅) နဲ႕ (၂၇.၉.၂၀၁၅)ေန႕မ်ားမွာ နံနက္(၉) နာရီကေန ညေန(၅)နာရီအထိျခိမ့္ျခိမ့္သ ဲက်င္းပေပးခဲ့တာပဲျဖစ္ပါတယ္။
အဲဒီ MCC ICT Expo 2015 ျပပြဲၾကီး ျဖစ္ေျမာက္ေရးအတြက္ ကြ်န္ေတာ္တုိ႕ MCC Group ဥကၠဌ ဆရာ ဦးတင္၀င္းေအာင္နဲ႕ ျပင္ဦးလြင္ခရုိင္ စည္ပင္သာယာေရးေကာ္မတီ ဥကၠဌ ဦးစုိးျမင့္တုိ႕ကနဦးေဆြးေနြး ညိွနုိင္းခဲ့ၾကျပီး ျပင္ဦးလြင္ ျမိဳ႕ေတာ္ခန္းမၾကီးကုိ အသုံးျပဳနုိင္ေရးအတြက္ လုိအပ္တဲ့ျပင္ဆင္၊ ဆက္သြယ္မႈေတြ ေဆာင္ရြက္ၿပီး ျပပြဲျဖစ္ေျမာက္ေရး အတြက္ ေျခခံလုိအပ္ခ်က္ေတြျဖစ္တဲ့ ေၾကာ္ညာဆုိင္းဘုတ္၊ လမ္းျဖတ္ပုိစတာေတြ တပ္ဆင္တာ၊ သက္ဆုိင္ရာ အဖြဲ႕အစည္းေတြနဲ႕ ျမိဳ႕မိျမိဳ႕ဖေတြ၊ ေလ့လာေရး လာေရာက္နုိင္မဲ့ အစုိးရနဲ႕ ပုဂၢလိကအထက္တန္းေက်ာင္းေတြဆီ ဖိတ္ၾကားစာပုိ႕တာ၊ ေကြ်းေမြးဧည့္ခံဖုိ႕ကိစၥေတြ စီစဥ္တာကုိေတာ့ MCC Institute (Yatanarpon Campus) က ဒုတိယေက်ာင္းအုပ္ၾကီးနဲ႕ ဒုတိယညြန္ၾကားေရးမွဴးတုိ႕ ဦးေဆာင္တဲ့အဖြဲ႕က ရက္သတၱပါတ္ (၂)ပါတ္ မတုိင္ခင္ေလာက္ကတဲက ၾကိဳတင္ ျပင္ဆင္ခဲ့ၾကတာပဲျဖစ္ပါတယ္။
MCC ရုံးခ်ဴပ္အေနနဲ႕ေတာ့ MCC Group ေအာက္က Business Unit ၾကီးနွစ္ခုျဖစ္တဲ့ MCC Education Services နဲ႕ MCC ICT Services ဌာနၾကီးေတြက ကြ်န္ေတာ္အပါအ၀င္ Senior Management အဖြဲ႕၀င္ေတြက ျပပြဲမွာ ျပသမဲ့ျပခန္းေတြအတြက္ရယ္၊ စစ္ဖက္နယ္ဖက္ တကၠသိုလ္ေတြအတြက္ Microsoft Official Curriculum ေတြလွဴဒါန္းဖုိ႕တစ္ရက္နွစ္ရက္ ၾကိဳတင္ေရာက္ရွိခဲ့ၾကတာပဲျဖစ္ပါတယ္။
(၂၅.၉.၂၀၁၅) ေန႕မနက္ပုိင္းကတဲက ကြ်န္ေတာ္တုိ႕အဖြဲ႕ေတြ လုိအပ္တာျပင္ဆင္ေနတုန္း MCC Group ဥကၠဌ ဆရာဦးတင္၀င္းေအာင္ ေရာက္ရွိလာျပီး အခမ္းအနားတက္ေရာက္ဖုိ႕ ၾကိဳတင္ဖိတ္ၾကားျပီးျဖစ္တဲ့ မႏၱေလးတုိင္း ေဒသၾကီးအစုိးရအဖြဲ႕၀န္ၾကီးခ်ဴပ္ရဲ႕ကုိယ္ေရးအရာရွိနဲ႕ဆက္သြယ္ျပီး ၀န္ၾကီးခ်ဴပ္ကုိ ျပပြဲအခမ္းအနား အစီအစဥ္ ေတြကုိ ကုိယ္တုိင္သြားေရာက္ ရွင္းလင္းတင္ျပျပီးေနာက္မွာ ၀န္ၾကီးခ်ဴပ္ကုိယ္တုိင္ ၾကြေရာက္ ခ်ီးျမွင့္ေပးဖုိ႕ေသခ်ာသြားတာျဖစ္တဲ့အတြက္ ကြ်န္ေတာ္တုိ႕အဖြဲ႕ေတြလည္း အဖက္ဖက္က လစ္ဟင္းမႈမရွိေအာင္ ပုိမုိအေသးစိတ္ျပင္ဆင္ၾကရင္း ညေနဖက္မွာ ျပင္ဦးလြင္တပ္နယ္က အရာရွိတစ္ဦးေရာက္လာျပီး တပ္နယ္မွဴးၾကီး ကုိယ္တုိင္ၾကြေရာက္ ခ်ီးျမွင့္မဲ့အေၾကာင္းနဲ႕ အခမ္းအနားအစီအစဥ္ အေသးစိတ္ေမးျမန္းတာေၾကာင့္ လုိအပ္တဲ့စာရြက္စာတမ္းေတြ ေပးလုိက္ရင္း ကြ်န္ေတာ္တုိ႕အဖြဲ႕လည္း အၾကီးအကဲေတြ ကုိယ္တုိင္လာေရာက္ၾကမွာျဖစ္လုိ႕ ဂုဏ္ယူ၀မ္းေျမာက္ ၾကရသလုိ တဖက္ကလည္း ဖြင့္ပြဲအခမ္းအနားၾကီး အဆင္ေျပေျပ ျပီးေျမာက္နုိင္ေရးဆုေတာင္းခဲ့ၾကရပါတယ္။
ဒီလုိနဲ႕ပဲ ျပပြဲဖြင့္ပြဲအခမ္းအနားၾကီးက်င္းပမဲ့ (၂၆.၉.၂၀၁၅) မနက္(၇)နာရီေလာက္ကတဲက ကြ်န္ေတာ္တုိ႕အဖြဲ႕ေတြ အဆင္သင့္ျဖစ္ေနၾကျပီး ဖိတ္ၾကားထားတဲ့ ျမိဳ႕မိျမိဳ႕ဖေတြ၊ ဌာနဆုိင္ရာေတြ
အသင္းအဖြဲ႕ေတြ၊ MCC Institute (Mandalay Campus)၊ MCC Polytechnic (Mandalay)၊ MCC Polytechnic (Monywa) တုိ႕ကေက်ာင္းအုပ္ၾကီးမ်ား၊ ဆရာဆရာမမ်ားနဲ႕ ေက်ာင္းသား။သူေတြ၊ မႏၱေလးတုိင္းေဒသၾကီးအတြင္းက MCC Franchise Center မ်ားက တာ၀န္ခံေတြနဲ႕၀န္ထမ္း၊ ေက်ာင္းသားေတြ၊ ျပင္ဦးလြင္ျမိဳ႕ေပၚနွင့္ အနီးပါတ္၀န္းက်င္မွအစုိးရ အထက္တန္းေက်ာင္းနွင့္ ကုိယ္ပုိင္အထက္တန္းေက်ာင္းမ်ားမွ ေက်ာင္းအုပ္ခ်ဴပ္ေရး အဖြဲ႕၀င္မ်ား၊ ဆရာဆရာမမ်ားနဲ႕ေက်ာင္း သားေက်ာင္းသူမ်ား တစ္ဖြဲဖြဲ ေရာက္ရွိလာၾကျပီး ခဏအၾကာမွာ ယူနီေဖါင္းအျပည့္နဲ႕အရာရွိၾကီး တစ္ဦးေရာက္ရွိလာလုိ႕သြားေရာက္ၾကိဳဆုိရင္း လြန္ခဲ့တဲ့ႏွစ္ေပါင္း(၂၀)ခန္႕ ကြွ်န္ေတာ္တုိ႕ဆီမွာ သင္တန္းတစ္ခု တက္ေရာက္ခဲ့ရင္း ရင္းနွီးခင္မင္ခဲ့သူ ျဖစ္ေနတဲ့အတြက္ မိတ္ေဆြေဟာင္းမ်ား ျပန္ဆုံၾကတဲ့ပုံစံအတုိင္း ၀မ္းသာ ၾကည္နဳ းခဲ ့ရသလုိ အဆုိပါ အရာရွိၾကီးရ ဲ႕ လက္ရွိ တာ၀န္ထမ္းေဆာင္ ေနရမႈအေပၚမွာလည္း ဂုဏ္ယူခဲ့ရပါတယ္။ အဲဒီေနာက္ ေျပာမနာဆုိမနာ သူငယ္ခ်င္းျဖစ္တဲ့ ျမန္မာ့သတင္း အခ်က္အလက္ နည္းပညာတကၠသိုလ္ (မႏၱေလး) က ဒုတိယပါေမာကၡခ်ဴပ္နဲ႕ေလးစားခင္မင္ရတဲ့ မႏၱေလးကြန္ပ်ဴတာ တကၠသိုလ္(၂) ခုက ပါေမာကၡခ်ဴပ္ေတြ၊ ရတနာပုံနည္းပညာတကၠသိုလ္က ပါေမာကၡခ်ဴပ္ေတြ အသီးသီး ေရာက္ရွိလာျပီးေရွးေဟာင္းေနွာင္းျဖစ္ေတြ ေျပာၾကဆုိၾကရင္း ခန္းမထဲမွာ တဟားဟားပြဲၾကခဲ့ၾကပါတယ္။
မၾကာခင္မွာ လုံျခဳံေရးတာ၀န္ရွိသူတစ္ဦးက အနားနားကပ္ျပီး ၀န္ၾကီးခ်ဴပ္လမ္းေၾကာင္းလာေနျပီလုိ႕ေျပာတာ ေၾကာင့္ ကြ်န္ေတာ္တုိ႕အားလုံး ခန္းမအျပင္ဖက္ကုိ ထြက္လာခဲ့ၾကျပီး မႏၱေလးတုိင္းေဒသၾကီးအစုိးရအဖြဲ႕ ၀န္ၾကီးခ်ဴပ္ ဦးရဲျမင့္ကုိ ၾကိဳဆုိနဳတ္ဆက္ၾကျပီး ဖြင့္ပြဲအခမ္းအနား က်င္းပမဲ့ ခန္းမဆင္၀င္ေအာက္မွာ ေနရာ ယူခဲ့ၾကပါတယ္ ၊ အဲဒီေနာက္ MCC ICT Expo 2015 (ျပင္ဦးလြင္) ဖြင့္ပြဲအခမ္းအနားကုိ MCC Group ဥကၠဌ ဦးတင္၀င္းေအာင္နဲ႕ ျပင္ဦးလြင္ျမိဳ႕နယ္ စီမံခန္႕ခြဲမႈ အေထာက္အကူျပဳ ေကာ္မတီ ဥကၠဌတုိ႕မွ ဖဲၾကိဳးျဖတ္ ဖြင့္လွစ္ေပးခဲ့ၾကျပီး ၀န္ၾကီးခ်ဴပ္၊ တာ၀န္ရွိသူမ်ားနဲ႕အတူ အမွတ္တရ စုေပါင္းမွတ္တမ္းတင္ ဓါတ္ပုံ ရုိက္ကူးခဲ့ၾကပါတယ္။
အဲဒီေနာက္ ဧည့္သည္ေတာ္ၾကီးမ်ားနဲ႕တာ၀န္ရွိသူမ်ား ခန္းမအတြင္းသုိ႕သြားေရာက္ေနရာယူၾကျပီး အခမ္းအနားမွဴးက အစီအစဥ္မ်ားကို ဖတ္ၾကားတင္ျပျပီးတဲ့အခါ မႏၱေလးတုိင္းေဒသၾကီး အစုိးရအဖြဲ႕ ၀န္ၾကီးခ်ဴပ္က အဖြင့္အမွာစကား ေျပာၾကားေပးခဲ့ပါတယ္၊ ဆက္လက္ျပီး MCC Group ဥကၠဌ ဦးတင္၀င္းေအာင္ က ျပပြဲက်င္းပျပဳလုပ္ရျခင္း ရည္ရြယ္ခ်က္နဲ႕ စစ္ဖက္နယ္ဖက္ တကၠသုိလ္မ်ားသုိ႕ Microsoft Skill Certification မ်ားေျဖဆုိရန္အတြက္ တရား၀င္သင္ရုိးမ်ားျဖစ္ေသာ Digital Microsoft Official Curriculum မ်ားလွဴဒါန္းရျခင္းတုိ႕ႏွင့္ ပါတ္သက္ျပီး အက်ယ္တ၀င့္ ရွင္းလင္းတင္ျပေပးခဲ့ပါတယ္။
ဆက္လက္ျပီး အစီအစဥ္အရ ေငြက်ပ္ ေျခာက္ဆယ့္ခုနွစ္သိန္းရွစ္ေသာင္း တန္ဖုိးရွိတဲ့ စာေမးပြဲေပါင္း(၄၃)ခု အတြက္ ေလ့လာသင္ယူနုိင္မည့္ Digital Microsoft Official Curriculum (DMOC) မ်ားကုိ စစ္ဖက္နယ္ဖက္ တကၠသိုလ္မ်ားျဖစ္ၾကေသာ စစ္တကၠသိုလ္၊ တပ္မေတာ္နည္းပညာတကၠသိုလ္၊ ရတနာပုံနည္းပညာတကၠသိုလ္၊ မႏၱေလးကြန္ပ်ဴတာတကၠသိုလ္၊ ကြန္ပ်ဴတာတကၠသိုလ္(မႏၱေလး)နဲ႕ ျမန္မာ့သတင္းအခ်က္အလက္နည္းပညာ တကၠသိုလ္တုိ႕ကုိ ေပးအပ္လွဴဒါန္းရာ သက္ဆုိင္ရာ ပါေမာကၡခ်ဴပ္မ်ားနဲ႕ ဒုတိယပါေမာကၡခ်ဴပ္မ်ားမွ လက္ခံရယူ ခဲ့ၾကပါတယ္။
အခမ္းအနားအျပီးမွာ မႏၱေလးတုိင္းေဒသၾကိး အစုိးရအဖြဲ႕ ၀န္ၾကီးခ်ဴပ္နဲ႕တာ၀န္ရွိသူမ်ားဟာ MCC ICT Expo 2015 မွျပသထားတဲ့ MCC Education Services ေအာက္ရွိ MCC Institute ႏွင့္ MCC Polytechnic ျပခန္းမ်ား၊ MCC ICT Services ေအာက္ရွိ Public Sector, Private Sector မ်ားအတြက္ တီထြင္ထုတ္လုပ္ထားျပီး ေအာင္ေအာင္ျမင္ အသုံးျပဳၾကေသာ ကြန္ပ်ဴတာစနစ္မ်ား ျပခန္း၊ Business Process Outsourcing (BPO) ျပခန္း၊ GIS ျပခန္း၊ Mobile Payment တစ္ခုျဖစ္ေသာ Mywallet ျပခန္းႏွင့္ MCC Group ၏ မိတ္ဖက္ အဖြဲ႕အစည္း တစ္ခုျဖစ္ေသာ Myanmar Telecommunication Network (MTN) ၏ ျပခန္းမ်ားကုိ အေသးစိတ္ လွည့္လည္ ၾကည္ရႈျပီး ျပန္လည္ ထြက္ခြာသြားပါတယ္ ….
UNO (အုိင္တီခရီးသည္)

ခြိမ့်ခြိမ့်သဲဆင်နွဲ ပြင်ဦးလွင်က MCC ICT ပွဲ

( အပိုင်း -၁)

DSA ကျောင်းရှေ့ရောက ်ပါပြီ။ ဆင်းမဲ့အကိုနဲ့အမ ရှေ့ပိုင်းကိုထွက်လာပြီး ဆင်းဖို့ပြင်ဆင်ပေးပါ။ ယာဉ်အကူဝန်ထမ်းလေးရဲ့အော်သံကြောင့် အိပ်တဝက်နိုးတဝက်ဖြစ်နေသောကျွန်တော်တို့အဖွဲ့လှုပ်လှုပ် ရှားရှားဖြစ်သွားကြပါတော့တယ်။ မကြာမှီမှာပဲ ရန်ကုန်ကနေပြင်ဦးလွင်ကို (၂၄)ရက် နေ့ည(၈)နာရီ ထွက်ခွာလာတဲ့ ခိုင်မန္တလေး အထူးအမြန်ယာဉ်ကြီးဟာ အစဉ်အလာကြီးမားတဲ့ ပြင်ဦးလွင် စစ်တက္ကသိုလ်ကျောင်းကြီးရှေ့ကို တဖြည်းဖြည်းအရှိန်လျှော့ရပ်တန့်လိုက်ပြီးနောက် မိဘရပ်ထံက ပြန်လာတဲ့အရာရှိငယ် မိသားစုလေးတစ်စု ဆင်းသွားပြီး ကားကြီးကတော့ပြင်ဦးလွင်အဝေးပြေး ဂိတ်ဆီသို့ဆက်လက်ခရီးဆက်ခဲ့ပါတယ်။
ကျွန်တော်တို့ အဖွဲ့လည်း ကားဂိတ်ရောက်တာနဲ့ အသင့်စောင့်ကြိုနေတဲ့ MCC Institute ကားလေးနဲ့ ပထမဦးဆုံး အစားအသောက်အစုံရတဲ့ စုပေါင်းစားသောက်ဆိုင်ကို အရင်ဝင်ဗိုက်ဖြည့်ပြီးသကာလ ကိုယ်စီကိုယ်စီတည်းနေကြဖြစ်တဲ့ စခန်းသာဟိုတယ်။ Royal Park View ဟိုတယ်နဲ့ နန်းတော်ဝင် ဟိုတယ်များဆီ ချီတက်ခဲ့ကြပြီး ခဏတဖြုတ် အနားယူ ရေမိုးချိူးပြီး MCC ICT Expo 2015 ကျင်းပမဲ့ပြင်ဦးလွင် မြို့တော်ခန်းမကြီးဆီသို့ အားလုံးတစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်ရှိလာခဲ့ကြ ပါတယ်။
MCC ICT Expo 2015 ဟာကျွန်တော်တို့ MCC Group ကနေ မန္တလေး၊ ပြင်ဦးလွင်နှင့် အနီးပါတ်ဝန်းကျင် ဒေသများမှ လူငယ်လူရွယ်များအား အိုင်တီနှင့် သိပ္ပံဆိုင်ရာ နည်းပညာများဆန်းများ၊ နိုင်ငံတကာအသိအမှတ် ပြုဘွဲ့သင်တန်းဆိုင်ရာများ၊ MCC Group မှ တီထွင်ထုတ်လုပ်ထားသော အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ တွင် အသုံးပြုနေသော အိုင်တီစနစ်များ သဘာဝပါတ်ဝန်းကျင် စိမ်းလမ်းစိုပြေရေး ဆိုင်ရာများကို လေ့လာနိုင်ရန် ပထမဦးဆုံးအကြီမ် ကျင်းပပေးတဲ့ နည်းပညာပြပွဲကြီးတစ်ခုဖြစ်ပြီး (၂၆.၉.၂၀၁၅) နဲ့ (၂၇.၉.၂၀၁၅)နေ့များမှာ နံနက်(၉) နာရီကနေ ညနေ(၅)နာရီအထိခြိမ့်ခြိမ့်သ ဲကျင်းပပေးခဲ့တာပဲဖြစ်ပါတယ်။
အဲဒီ MCC ICT Expo 2015 ပြပွဲကြီး ဖြစ်မြောက်ရေးအတွက် ကျွန်တော်တို့ MCC Group ဥက္ကဌ ဆရာ ဦးတင်ဝင်းအောင်နဲ့ ပြင်ဦးလွင်ခရိုင် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးစိုးမြင့်တို့ကနဦးဆွေးနွေး ညှိနိုင်းခဲ့ကြပြီး ပြင်ဦးလွင် မြို့တော်ခန်းမကြီးကို အသုံးပြုနိုင်ရေးအတွက် လိုအပ်တဲ့ပြင်ဆင်၊ ဆက်သွယ်မှုတွေ ဆောင်ရွက်ပြီး ပြပွဲဖြစ်မြောက်ရေး အတွက် ခြေခံလိုအပ်ချက်တွေဖြစ်တဲ့ ကြော်ညာဆိုင်းဘုတ်၊ လမ်းဖြတ်ပိုစတာတွေ တပ်ဆင်တာ၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ မြို့မိမြို့ဖတွေ၊ လေ့လာရေး လာရောက်နိုင်မဲ့ အစိုးရနဲ့ ပုဂ္ဂလိကအထက်တန်းကျောင်းတွေဆီ ဖိတ်ကြားစာပို့တာ၊ ကျွေးမွေးဧည့်ခံဖို့ကိစ္စတွေ စီစဉ်တာကိုတော့ MCC Institute (Yatanarpon Campus) က ဒုတိယကျောင်းအုပ်ကြီးနဲ့ ဒုတိယညွန်ကြားရေးမှူးတို့ ဦးဆောင်တဲ့အဖွဲ့က ရက်သတ္တပါတ် (၂)ပါတ် မတိုင်ခင်လောက်ကတဲက ကြိုတင် ပြင်ဆင်ခဲ့ကြတာပဲဖြစ်ပါတယ်။
MCC ရုံးချူပ်အနေနဲ့တော့ MCC Group အောက်က Business Unit ကြီးနှစ်ခုဖြစ်တဲ့ MCC Education Services နဲ့ MCC ICT Services ဌာနကြီးတွေက ကျွန်တော်အပါအဝင် Senior Management အဖွဲ့ဝင်တွေက ပြပွဲမှာ ပြသမဲ့ပြခန်းတွေအတွက်ရယ်၊ စစ်ဖက်နယ်ဖက် တက္ကသိုလ်တွေအတွက် Microsoft Official Curriculum တွေလှူဒါန်းဖို့တစ်ရက်နှစ်ရက် ကြိုတင်ရောက်ရှိခဲ့ကြတာပဲဖြစ်ပါတယ်။
(၂၅.၉.၂၀၁၅) နေ့မနက်ပိုင်းကတဲက ကျွန်တော်တို့အဖွဲ့တွေ လိုအပ်တာပြင်ဆင်နေတုန်း MCC Group ဥက္ကဌ ဆရာဦးတင်ဝင်းအောင် ရောက်ရှိလာပြီး အခမ်းအနားတက်ရောက်ဖို့ ကြိုတင်ဖိတ်ကြားပြီးဖြစ်တဲ့ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချူပ်ရဲ့ကိုယ်ရေးအရာရှိနဲ့ဆက်သွယ်ပြီး ၀န်ကြီးချူပ်ကို ပြပွဲအခမ်းအနား အစီအစဉ် တွေကို ကိုယ်တိုင်သွားရောက် ရှင်းလင်းတင်ပြပြီးနောက်မှာ ၀န်ကြီးချူပ်ကိုယ်တိုင် ကြွရောက် ချီးမြှင့်ပေးဖို့သေချာသွားတာဖြစ်တဲ့အတွက် ကျွန်တော်တို့အဖွဲ့တွေလည်း အဖက်ဖက်က လစ်ဟင်းမှုမရှိအောင် ပိုမိုအသေးစိတ်ပြင်ဆင်ကြရင်း ညနေဖက်မှာ ပြင်ဦးလွင်တပ်နယ်က အရာရှိတစ်ဦးရောက်လာပြီး တပ်နယ်မှူးကြီး ကိုယ်တိုင်ကြွရောက် ချီးမြှင့်မဲ့အကြောင်းနဲ့ အခမ်းအနားအစီအစဉ် အသေးစိတ်မေးမြန်းတာကြောင့် လိုအပ်တဲ့စာရွက်စာတမ်းတွေ ပေးလိုက်ရင်း ကျွန်တော်တို့အဖွဲ့လည်း အကြီးအကဲတွေ ကိုယ်တိုင်လာရောက်ကြမှာဖြစ်လို့ ဂုဏ်ယူဝမ်းမြောက် ကြရသလို တဖက်ကလည်း ဖွင့်ပွဲအခမ်းအနားကြီး အဆင်ပြေပြေ ပြီးမြောက်နိုင်ရေးဆုတောင်းခဲ့ကြရပါတယ်။
ဒီလိုနဲ့ပဲ ပြပွဲဖွင့်ပွဲအခမ်းအနားကြီးကျင်းပမဲ့ (၂၆.၉.၂၀၁၅) မနက်(၇)နာရီလောက်ကတဲက ကျွန်တော်တို့အဖွဲ့တွေ အဆင်သင့်ဖြစ်နေကြပြီး ဖိတ်ကြားထားတဲ့ မြို့မိမြို့ဖတွေ၊ ဌာနဆိုင်ရာတွေ
အသင်းအဖွဲ့တွေ၊ MCC Institute (Mandalay Campus)၊ MCC Polytechnic (Mandalay)၊ MCC Polytechnic (Monywa) တို့ကကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများနဲ့ ကျောင်းသား။သူတွေ၊ မန္တလေးတိုင်းဒေသကြီးအတွင်းက MCC Franchise Center များက တာဝန်ခံတွေနဲ့ဝန်ထမ်း၊ ကျောင်းသားတွေ၊ ပြင်ဦးလွင်မြို့ပေါ်နှင့် အနီးပါတ်ဝန်းကျင်မှအစိုးရ အထက်တန်းကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းအုပ်ချူပ်ရေး အဖွဲ့ဝင်များ၊ ဆရာဆရာမများနဲ့ကျောင်း သားကျောင်းသူများ တစ်ဖွဲဖွဲ ရောက်ရှိလာကြပြီး ခဏအကြာမှာ ယူနီဖေါင်းအပြည့်နဲ့အရာရှိကြီး တစ်ဦးရောက်ရှိလာလို့သွားရောက်ကြိုဆိုရင်း လွန်ခဲ့တဲ့နှစ်ပေါင်း(၂၀)ခန့် ကျွှန်တော်တို့ဆီမှာ သင်တန်းတစ်ခု တက်ရောက်ခဲ့ရင်း ရင်းနှီးခင်မင်ခဲ့သူ ဖြစ်နေတဲ့အတွက် မိတ်ဆွေဟောင်းများ ပြန်ဆုံကြတဲ့ပုံစံအတိုင်း ၀မ်းသာ ကြည်နု းခဲ ့ရသလို အဆိုပါ အရာရှိကြီးရ ဲ့ လက်ရှိ တာဝန်ထမ်းဆောင် နေရမှုအပေါ်မှာလည်း ဂုဏ်ယူခဲ့ရပါတယ်။ အဲဒီနောက် ပြောမနာဆိုမနာ သူငယ်ချင်းဖြစ်တဲ့ မြန်မာ့သတင်း အချက်အလက် နည်းပညာတက္ကသိုလ် (မန္တလေး) က ဒုတိယပါမောက္ခချူပ်နဲ့လေးစားခင်မင်ရတဲ့ မန္တလေးကွန်ပျူတာ တက္ကသိုလ်(၂) ခုက ပါမောက္ခချူပ်တွေ၊ ရတနာပုံနည်းပညာတက္ကသိုလ်က ပါမောက္ခချူပ်တွေ အသီးသီး ရောက်ရှိလာပြီးရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြဆိုကြရင်း ခန်းမထဲမှာ တဟားဟားပွဲကြခဲ့ကြပါတယ်။
မကြာခင်မှာ လုံခြုံရေးတာဝန်ရှိသူတစ်ဦးက အနားနားကပ်ပြီး ၀န်ကြီးချူပ်လမ်းကြောင်းလာနေပြီလို့ပြောတာ ကြောင့် ကျွန်တော်တို့အားလုံး ခန်းမအပြင်ဖက်ကို ထွက်လာခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချူပ် ဦးရဲမြင့်ကို ကြိုဆိုနုတ်ဆက်ကြပြီး ဖွင့်ပွဲအခမ်းအနား ကျင်းပမဲ့ ခန်းမဆင်ဝင်အောက်မှာ နေရာ ယူခဲ့ကြပါတယ် ၊ အဲဒီနောက် MCC ICT Expo 2015 (ပြင်ဦးလွင်) ဖွင့်ပွဲအခမ်းအနားကို MCC Group ဥက္ကဌ ဦးတင်ဝင်းအောင်နဲ့ ပြင်ဦးလွင်မြို့နယ် စီမံခန့်ခွဲမှု အထောက်အကူပြု ကော်မတီ ဥက္ကဌတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ၀န်ကြီးချူပ်၊ တာဝန်ရှိသူများနဲ့အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကူးခဲ့ကြပါတယ်။
အဲဒီနောက် ဧည့်သည်တော်ကြီးများနဲ့တာဝန်ရှိသူများ ခန်းမအတွင်းသို့သွားရောက်နေရာယူကြပြီး အခမ်းအနားမှူးက အစီအစဉ်များကို ဖတ်ကြားတင်ပြပြီးတဲ့အခါ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချူပ်က အဖွင့်အမှာစကား ပြောကြားပေးခဲ့ပါတယ်၊ ဆက်လက်ပြီး MCC Group ဥက္ကဌ ဦးတင်ဝင်းအောင် က ပြပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်နဲ့ စစ်ဖက်နယ်ဖက် တက္ကသိုလ်များသို့ Microsoft Skill Certification များဖြေဆိုရန်အတွက် တရားဝင်သင်ရိုးများဖြစ်သော Digital Microsoft Official Curriculum များလှူဒါန်းရခြင်းတို့နှင့် ပါတ်သက်ပြီး အကျယ်တဝင့် ရှင်းလင်းတင်ပြပေးခဲ့ပါတယ်။
ဆက်လက်ပြီး အစီအစဉ်အရ ငွေကျပ် ခြောက်ဆယ့်ခုနှစ်သိန်းရှစ်သောင်း တန်ဖိုးရှိတဲ့ စာမေးပွဲပေါင်း(၄၃)ခု အတွက် လေ့လာသင်ယူနိုင်မည့် Digital Microsoft Official Curriculum (DMOC) များကို စစ်ဖက်နယ်ဖက် တက္ကသိုလ်များဖြစ်ကြသော စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်၊ ရတနာပုံနည်းပညာတက္ကသိုလ်၊ မန္တလေးကွန်ပျူတာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်(မန္တလေး)နဲ့ မြန်မာ့သတင်းအချက်အလက်နည်းပညာ တက္ကသိုလ်တို့ကို ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာ ပါမောက္ခချူပ်များနဲ့ ဒုတိယပါမောက္ခချူပ်များမှ လက်ခံရယူ ခဲ့ကြပါတယ်။
အခမ်းအနားအပြီးမှာ မန္တလေးတိုင်းဒေသကြိး အစိုးရအဖွဲ့ ၀န်ကြီးချူပ်နဲ့တာဝန်ရှိသူများဟာ MCC ICT Expo 2015 မှပြသထားတဲ့ MCC Education Services အောက်ရှိ MCC Institute နှင့် MCC Polytechnic ပြခန်းများ၊ MCC ICT Services အောက်ရှိ Public Sector, Private Sector များအတွက် တီထွင်ထုတ်လုပ်ထားပြီး အောင်အောင်မြင် အသုံးပြုကြသော ကွန်ပျူတာစနစ်များ ပြခန်း၊ Business Process Outsourcing (BPO) ပြခန်း၊ GIS ပြခန်း၊ Mobile Payment တစ်ခုဖြစ်သော Mywallet ပြခန်းနှင့် MCC Group ၏ မိတ်ဖက် အဖွဲ့အစည်း တစ်ခုဖြစ်သော Myanmar Telecommunication Network (MTN) ၏ ပြခန်းများကို အသေးစိတ် လှည့်လည် ကြည်ရှုပြီး ပြန်လည် ထွက်ခွာသွားပါတယ် ….
UNO (အိုင်တီခရီးသည်)


မုံ႐ြာၿမိဳ႕၏ ပထမဆုံးေသာ နည္းပညာသိပၸံေက်ာင္း MCC Polytechnic



ျပည္ေထာင္စုျမန္မာႏိုင္ငံေတာ္၏ ဖြံ႕ၿဖိဳးတိုးတက္လ်က္႐ွိေသာ က႑နယ္ပယ္ အသီးသီးတြင္ အထူးလိုအပ္လ်က္႐ွိသည့္ အရည္အခ်င္းျပည့္၀သည့္ လူငယ္နည္းပညာ႐ွင္မ်ား စီမံခန္႕ခြဲအုပ္ခ်ဳပ္သူမ်ား အပါအ၀င္ ကြၽမ္းက်င္လုပ္သားမ်ား လိုအပ္ခ်က္ကို အလ်င္အျမန္ ျဖည့္ဆည္းေပးႏိုင္ေရးမွာ အေရးတႀကီး ေဆာင္႐ြက္ရမည့္ လုပ္ငန္းတစ္ရပ္ျဖစ္ပါသည္။
ျမန္မာ့ကြန္ပ်ဴတာကုမၸဏီလီမိတက္ (MCC) သည္ အဆိုပါ လိုအပ္ခ်က္ကို ျဖည့္ဆည္း ေပးႏိုင္ရန္ မိမိစြမ္းေဆာင္ႏိုင္သည့္ တစ္ေထာင့္တစ္ေနရာမွ ေဆာင္႐ြက္ေပးလ်က္႐ွိရာ အဓိကက်သည့္ ပညာေရး၀န္ေဆာင္မႈက႑ (Education Services)တြင္ ႏိုင္ငံတကာတကၠသိုလ္မ်ား ပညာေရး အဖြဲ႕အစည္းမ်ားႏွင့္ ခ်ိတ္ဆက္၍ ဘြဲ႕ဒီကရီသင္တန္းမ်ားကို ေအာင္ျမင္စြာ ဖြင့္လွစ္သင္ၾကားေပးေနၿပီး ႏိုင္ငံတကာတကၠသုိလ္မ်ားမွ ကြန္ပ်ဴတာသိပၸံဘြဲ႕၊ အင္ဂ်င္နီယာသိပၸံဘြဲ႕ႏွင့္ စီမံခန္႕ခြဲအုပ္ခ်ဳပ္မႈဆိုင္ရာ ဘြဲ႕ရမ်ားကို ေအာင္ျမင္စြာ ေမြးထုတ္ေပးေနၿပီ ျဖစ္ပါသည္။
စစ္ကိုင္းတိုင္းေဒသႀကီး မုံ႐ြာၿမိဳ႕တြင္ ယခုစတင္ဖြင့္လွစ္လိုက္သည့္ အသက္ေမြး၀မ္းေၾကာင္းမႈ ဆိုင္ရာနည္း ပညာသိပၸံေက်ာင္းသည္ အဂၤလန္ႏိုင္ငံ၏ အသက္ေမြး၀မ္းေက်ာင္းမႈပညာ (Vocational Training) ဆိုင္ရာအႀကီးဆုံး အဖြဲ႕အစည္းျဖစ္သည့္ PEARSON ၏ သင္႐ိုးၫႊန္းတမ္းမ်ားအတိုင္း သင္ၾကားေပးမည့္ MCC Polytechnic Monywa သင္တန္းေက်ာင္းႀကီးပင္ျဖစ္ပါသည္။
အဆိုပါ MCC Polytechnic Monywa သင္တန္းေက်ာင္းႀကီးကို စစ္ကိုင္းတိုင္းေဒသႀကီး မုံ႐ြာၿမိဳ႕၊ ဗိုလ္ခ်ဳပ္လမ္းႏွင့္ ဘူတာ႐ုံလမ္းေထာင့္တြင္ တည္႐ွိေသာ ပညာ့အလင္းေခတ္မီ စာၾကည့္တိုက္ ႏွစ္ထပ္အေဆာက္အဦတြင္ ဖြင့္လွစ္ထားၿပီး သင္ၾကားမႈအေထာက္အကူျပဳ Projector မ်ား၊ Fully Aircon Facility ပါ႐ွိေသာ စာသင္ခန္းမ်ား Computer Machine Room ႏွင့္ လက္ေတြ႔ သင္ခန္းစာမ်ား ျပဳလုပ္ႏိုင္ရန္ Engineering Lab ခန္းမ်ားအျပင္ Internet ခ်ိတ္ဆက္အသုံးျပဳႏိုင္မည့္ ေခတ္မီစာၾကည့္တိုက္လည္း ပါ၀င္သည္ျဖစ္ရာ အသက္ေမြး၀မ္းေက်ာင္းမႈဆိုင္ရာ နည္းပညာသိပၸံေက်ာင္းတစ္ခု၏ ဂုဏ္အဂၤါမ်ား ျပည့္စုံစြာ ပါ႐ွိၿပီးျဖစ္ပါသည္။
MCC Polytechnic Monywa စတင္ဖြင့္လွစ္ျခင္း အခမ္းအနားကို မုံ႐ြာၿမိဳ႕ ဗိုလ္ခ်ဳပ္လမ္းႏွင့္ ဘူတာ႐ုံလမ္းေထာင့္တြင္ တည္႐ွိေသာ ပညာ့အလင္းေခတ္မီ စာၾကည့္တိုက္၏ ႏွစ္ထပ္အေဆာက္အဦးတြင္ စက္တင္ဘာလ (၁၆)ရက္ေန႕ နံနက္ ၉း၀၀နာရီအခ်ိန္တြင္ စည္ကားသိုက္ၿမိဳက္စြာ က်င္းပျပဳလုပ္ခဲ့ပါသည္။
အဆိုပါအခမ္းအနားသို႕ စစ္ကိုင္းတိုင္းေဒသႀကီး အစိုးရအဖြဲ႕ ၀န္ႀကီးခ်ဳပ္ ဦးသာေအး တက္ေရာက္ခ်ီးျမႇင့္ခဲ့ၿပီး၊ စစ္ကိုင္းတိုင္းေဒသႀကီး အစိုးရအဖြဲ႕၀င္ ၀န္ႀကီးမ်ား၊ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ ဌာနဆိုင္ရာ အသီးသီးမွ တာ၀န္႐ွိပုဂၢိဳလ္မ်ား ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ား၊ စိတ္ပါ၀င္စားသူ မိဘမ်ား၊ ေက်ာင္းသားေက်ာင္းသူမ်ား စုံညီစြာတက္ေရာက္ခဲ့ၾကပါသည္။
အခမ္းအနားတြင္ စစ္ကိုင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္က အဖြင့္အမွာစကား ေျပာၾကားရာတြင္ ဤသင္တန္း ေက်ာင္းဖြင့္လွစ္လိုက္ျခင္းမွာ စစ္ကိုင္းတိုင္းေဒသႀကီး၏ လူ႕စြမ္းအားအရင္းအျမစ္ ျပဳစုပ်ိဳးေထာင္ေရး လုပ္ငန္းမ်ား အတြက္ ထပ္မံအားျဖည့္ေပးမည့္ အစီအစဥ္တစ္ခုျဖစ္ေၾကာင္း ယခုအခ်ိန္တြင္ တိုင္းျပည္တစ္ခုလုံး၏ GDP မွာ ၈% ေက်ာ္႐ွိလာၿပီး၊ တစ္ဦးခ်င္း၏ ၀င္ေငြမ်ားသည္လည္း တိုးတက္လွ်က္႐ွိေၾကာင္း စီးပြားေရး တိုးတက္မႈအ႐ွိန္ကို ေရ႐ွည္တည္တံ့ေအာင္ ထိန္းသိမ္း သြားႏိုင္ရန္ အတြက္ အဓိကအကန္႕အသတ္မွာ လူ႕စြမ္းအားအရင္းအျမစ္ ျပည့္စုံလုံေလာက္မႈမ႐ွိျခင္း ပင္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံတြင္ လူဦးေရမ်ားျပားေသာ္လည္း၊ အသိပညာ၊ အတတ္ပညာ ကြၽမ္းက်င္သည့္ လုပ္သားအင္အား ေနရာတိုင္းတြင္ ႐ွားပါၿပီး အကန္႕အသတ္ျဖစ္ေနေၾကာင္း ထို႕ေၾကာင့္ လူသားမ်ား၏ အသိပညာ အတတ္ပညာ ကြၽမ္းက်င္မႈကို ဦးစားေပးသည့္ သင္ၾကားေရး ပုံစံပညာေရးစနစ္ကို ေျပာင္းလဲဖို႕လိုအပ္ေၾကာင္း အဓိကထား၍ မိန္႕ၾကားသြားခဲ့ပါသည္။
MCC Polytechnic Monywa တြင္ သင္ၾကားေပးမည့္ သင္တန္းအမ်ိဳးအစားမ်ားမွာ
- HND Diploma in Computing (Level 5)
- HND Diploma in Construction and the Built Environment (Level 5)
- HND Diploma in Mechanical Engineering (Level 5) ႏွင့္
- HND Diploma in Electrical & Electronics (Level 5)
သင္တန္းမ်ားျဖစ္ပါသည္။
အဆိုပါသင္တန္းမ်ား တက္ေရာက္ရန္ အေျခခံပညာအထက္တန္းကို သိပၸံဘာသာတြဲျဖင့္ ေအာင္ျမင္ရမည္ျဖစ္ၿပီး ပထမဦးစြာ Foundatiob Course အေနျဖင့္ ရက္သတၱ (၁၂)ပတ္စတင္ တက္ေရာက္ရမည္ ျဖစ္ပါသည္။ Foundation Course တြင္
1. Engineering Science
2. Engineering Mathematics
3. Engineering Drawing
4. Computing
5. English ဘာသာရပ္မ်ား စတင္သင္ၾကားရမည္ ျဖစ္ပါသည္။
ဆက္လက္၍ PEARSON BTEC ၏ သင္႐ိုးၫႊန္းတမ္းမ်ားကို မိမိေ႐ြးခ်ယ္ထားသည့္ ဒီပလိုမာအလိုက္ စတင္သင္ၾကားရမည္ျဖစ္ၿပီး စုစုေပါင္း သင္တန္းကာလ (၂)ႏွစ္ သင္ၾကားရမည္ ျဖစ္ပါသည္။ Semester အေနျဖင့္ (၄)ခု ခြဲထားၿပီး Semester တစ္ခုလွ်င္ (၆)လခန္႕ ၾကာျမင့္မည္ျဖစ္ပါသည္။ Semester တစ္ခုလွ်င္ ဘာသာရပ္ Unit (၄)ခု သင္ၾကားရမည္ျဖစ္ၿပီး ဘာသာရပ္ Unit တစ္ခုစီအတြက္ Assignment မ်ားေျဖဆိုရမည္ျဖစ္ပါသည္။ ေျဖဆိုထားၿပီး Assignment မ်ားကို Assessor မ်ား မ်ားက Internal Verifier စစ္ေဆး အမွတ္ေပးထားၿပီး PEARSON မွ Standard Verifier မ်ားက တစ္ႏွစ္လွ်င္ ႏွစ္ႀကိမ္ (January and July) လာေရာက္၍ အၿပီးသတ္စစ္ေဆးၿပီး ေအာင္စာရင္း ထုတ္ျပန္ေၾကညာေပးသည့္ စနစ္ျဖစ္ပါသည္။
သင္တန္းကာလ (၂)ႏွစ္ ျပည့္ေျမာက္ၿပီး ဘာသာရပ္ Unit (၁၆)ခု၏ Assignment မ်ား ေအာင္ျမင္ၿပီးပါက PEARSON ခ်ီးျမႇင့္မည့္ Higher National Diploma (HND) Level 5 ကို ရ႐ွိမည္ျဖစ္ပါသည္။
ဒီပလိုမာရ႐ွိၿပီးသူမ်ားသည္ အဂၤလန္ႏိုင္ငံ၌ျဖစ္ေစ MCC Training Institute (MCC.i) တြင္ ျဖစ္ေစ Topup Degree အင္ဂ်င္နီယာသိပၸံဘြဲ႕မ်ားကို ေနာက္ထပ္တစ္ႏွစ္ ဆက္လက္တက္ေရာက္၍ ရယူႏိုင္မည္ ျဖစ္ပါသည္။
MCC ၏အသက္ေမြး၀မ္းေၾကာင္းမႈဆိုင္ရာ နည္းပညာသိပၸံေက်ာင္း MCC Polytechnic (MCC.p) မ်ားကို ရန္ကုန္ၿမိဳ႕၊ မႏၲေလးၿမိဳ႕ႏွင့္ ေနျပည္ေတာ္ၿမိဳ႕မ်ားတြင္ ဖြင့္လွစ္ထား႐ွိၿပီး ယခုဖြင့္လွစ္လိုက္သည့္ MCC Polytechnic Monywa မွာ စတုတၳေျမာက္ ဖြင့္လွစ္လိုက္သည့္ နည္းပညာသိပၸံေက်ာင္း ျဖစ္ပါသည္။ ဆက္လက္၍ သက္ဆိုင္ရာတိုင္းေဒသႀကီးမ်ား ျပည္နယ္မ်ား တြင္လည္း လူ႔စြမ္းအားအရင္းအျမစ္ဖြံ႕ၿဖိဳး တိုးတက္ေရးကို ဦးတည္သည့္ အသက္ေမြး၀မ္းေက်ာင္းမႈ ဆိုင္ရာ နည္းပညာသိပၸံေက်ာင္းမ်ားကို MCC က ဖြင့္လွစ္ေပးသြားမည္ ျဖစ္ပါေၾကာင္း သတင္းေကာင္းပါးလိုက္ရပါေတာ့သည္။

မုံရွာမြို့၏ ပထမဆုံးသော နည်းပညာသိပ္ပံကျောင်း MCC Polytechnic

ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်လျက်ရှိသော ကဏ္ဍနယ်ပယ် အသီးသီးတွင် အထူးလိုအပ်လျက်ရှိသည့် အရည်အချင်းပြည့်ဝသည့် လူငယ်နည်းပညာရှင်များ စီမံခန့်ခွဲအုပ်ချုပ်သူများ အပါအဝင် ကျွမ်းကျင်လုပ်သားများ လိုအပ်ချက်ကို အလျင်အမြန် ဖြည့်ဆည်းပေးနိုင်ရေးမှာ အရေးတကြီး ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။
မြန်မာ့ကွန်ပျူတာကုမ္ပဏီလီမိတက် (MCC) သည် အဆိုပါ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရန် မိမိစွမ်းဆောင်နိုင်သည့် တစ်ထောင့်တစ်နေရာမှ ဆောင်ရွက်ပေးလျက်ရှိရာ အဓိကကျသည့် ပညာရေးဝန်ဆောင်မှုကဏ္ဍ (Education Services)တွင် နိုင်ငံတကာတက္ကသိုလ်များ ပညာရေး အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ဘွဲ့ဒီကရီသင်တန်းများကို အောင်မြင်စွာ ဖွင့်လှစ်သင်ကြားပေးနေပြီး နိုင်ငံတကာတက္ကသိုလ်များမှ ကွန်ပျူတာသိပ္ပံဘွဲ့၊ အင်ဂျင်နီယာသိပ္ပံဘွဲ့နှင့် စီမံခန့်ခွဲအုပ်ချုပ်မှုဆိုင်ရာ ဘွဲ့ရများကို အောင်မြင်စွာ မွေးထုတ်ပေးနေပြီ ဖြစ်ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ယခုစတင်ဖွင့်လှစ်လိုက်သည့် အသက်မွေးဝမ်းကြောင်းမှု ဆိုင်ရာနည်း ပညာသိပ္ပံကျောင်းသည် အင်္ဂလန်နိုင်ငံ၏ အသက်မွေးဝမ်းကျောင်းမှုပညာ (Vocational Training) ဆိုင်ရာအကြီးဆုံး အဖွဲ့အစည်းဖြစ်သည့် PEARSON ၏ သင်ရိုးညွှန်းတမ်းများအတိုင်း သင်ကြားပေးမည့် MCC Polytechnic Monywa သင်တန်းကျောင်းကြီးပင်ဖြစ်ပါသည်။
အဆိုပါ MCC Polytechnic Monywa သင်တန်းကျောင်းကြီးကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းနှင့် ဘူတာရုံလမ်းထောင့်တွင် တည်ရှိသော ပညာ့အလင်းခေတ်မီ စာကြည့်တိုက် နှစ်ထပ်အဆောက်အဦတွင် ဖွင့်လှစ်ထားပြီး သင်ကြားမှုအထောက်အကူပြု Projector များ၊ Fully Aircon Facility ပါရှိသော စာသင်ခန်းများ Computer Machine Room နှင့် လက်တွေ့ သင်ခန်းစာများ ပြုလုပ်နိုင်ရန် Engineering Lab ခန်းများအပြင် Internet ချိတ်ဆက်အသုံးပြုနိုင်မည့် ခေတ်မီစာကြည့်တိုက်လည်း ပါ၀င်သည်ဖြစ်ရာ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ နည်းပညာသိပ္ပံကျောင်းတစ်ခု၏ ဂုဏ်အင်္ဂါများ ပြည့်စုံစွာ ပါရှိပြီးဖြစ်ပါသည်။
MCC Polytechnic Monywa စတင်ဖွင့်လှစ်ခြင်း အခမ်းအနားကို မုံရွာမြို့ ဗိုလ်ချုပ်လမ်းနှင့် ဘူတာရုံလမ်းထောင့်တွင် တည်ရှိသော ပညာ့အလင်းခေတ်မီ စာကြည့်တိုက်၏ နှစ်ထပ်အဆောက်အဦးတွင် စက်တင်ဘာလ (၁၆)ရက်နေ့ နံနက် ၉းဝဝနာရီအချိန်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးသာအေး တက်ရောက်ချီးမြှင့်ခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ စိတ်ပါ၀င်စားသူ မိဘများ၊ ကျောင်းသားကျောင်းသူများ စုံညီစွာတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် စစ်ကိုင်းဒေသကြီး ၀န်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ဤသင်တန်း ကျောင်းဖွင့်လှစ်လိုက်ခြင်းမှာ စစ်ကိုင်းတိုင်းဒေသကြီး၏ လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်ရေး လုပ်ငန်းများ အတွက် ထပ်မံအားဖြည့်ပေးမည့် အစီအစဉ်တစ်ခုဖြစ်ကြောင်း ယခုအချိန်တွင် တိုင်းပြည်တစ်ခုလုံး၏ GDP မှာ ၈% ကျော်ရှိလာပြီး၊ တစ်ဦးချင်း၏ ၀င်ငွေများသည်လည်း တိုးတက်လျှက်ရှိကြောင်း စီးပွားရေး တိုးတက်မှုအရှိန်ကို ရေရှည်တည်တံ့အောင် ထိန်းသိမ်း သွားနိုင်ရန် အတွက် အဓိကအကန့်အသတ်မှာ လူ့စွမ်းအားအရင်းအမြစ် ပြည့်စုံလုံလောက်မှုမရှိခြင်း ပင်ဖြစ်ကြောင်း မြန်မာနိုင်ငံတွင် လူဦးရေများပြားသော်လည်း၊ အသိပညာ၊ အတတ်ပညာ ကျွမ်းကျင်သည့် လုပ်သားအင်အား နေရာတိုင်းတွင် ရှားပါပြီး အကန့်အသတ်ဖြစ်နေကြောင်း ထို့ကြောင့် လူသားများ၏ အသိပညာ အတတ်ပညာ ကျွမ်းကျင်မှုကို ဦးစားပေးသည့် သင်ကြားရေး ပုံစံပညာရေးစနစ်ကို ပြောင်းလဲဖို့လိုအပ်ကြောင်း အဓိကထား၍ မိန့်ကြားသွားခဲ့ပါသည်။
MCC Polytechnic Monywa တွင် သင်ကြားပေးမည့် သင်တန်းအမျိုးအစားများမှာ
- HND Diploma in Computing (Level 5)
- HND Diploma in Construction and the Built Environment (Level 5)
- HND Diploma in Mechanical Engineering (Level 5) နှင့်
- HND Diploma in Electrical & Electronics (Level 5)
သင်တန်းများဖြစ်ပါသည်။
အဆိုပါသင်တန်းများ တက်ရောက်ရန် အခြေခံပညာအထက်တန်းကို သိပ္ပံဘာသာတွဲဖြင့် အောင်မြင်ရမည်ဖြစ်ပြီး ပထမဦးစွာ Foundatiob Course အနေဖြင့် ရက်သတ္တ (၁၂)ပတ်စတင် တက်ရောက်ရမည် ဖြစ်ပါသည်။ Foundation Course တွင်
1. Engineering Science
2. Engineering Mathematics
3. Engineering Drawing
4. Computing
5. English ဘာသာရပ်များ စတင်သင်ကြားရမည် ဖြစ်ပါသည်။
ဆက်လက်၍ PEARSON BTEC ၏ သင်ရိုးညွှန်းတမ်းများကို မိမိရွေးချယ်ထားသည့် ဒီပလိုမာအလိုက် စတင်သင်ကြားရမည်ဖြစ်ပြီး စုစုပေါင်း သင်တန်းကာလ (၂)နှစ် သင်ကြားရမည် ဖြစ်ပါသည်။ Semester အနေဖြင့် (၄)ခု ခွဲထားပြီး Semester တစ်ခုလျှင် (၆)လခန့် ကြာမြင့်မည်ဖြစ်ပါသည်။ Semester တစ်ခုလျှင် ဘာသာရပ် Unit (၄)ခု သင်ကြားရမည်ဖြစ်ပြီး ဘာသာရပ် Unit တစ်ခုစီအတွက် Assignment များဖြေဆိုရမည်ဖြစ်ပါသည်။ ဖြေဆိုထားပြီး Assignment များကို Assessor များ များက Internal Verifier စစ်ဆေး အမှတ်ပေးထားပြီး PEARSON မှ Standard Verifier များက တစ်နှစ်လျှင် နှစ်ကြိမ် (January and July) လာရောက်၍ အပြီးသတ်စစ်ဆေးပြီး အောင်စာရင်း ထုတ်ပြန်ကြေညာပေးသည့် စနစ်ဖြစ်ပါသည်။
သင်တန်းကာလ (၂)နှစ် ပြည့်မြောက်ပြီး ဘာသာရပ် Unit (၁၆)ခု၏ Assignment များ အောင်မြင်ပြီးပါက PEARSON ချီးမြှင့်မည့် Higher National Diploma (HND) Level 5 ကို ရရှိမည်ဖြစ်ပါသည်။
ဒီပလိုမာရရှိပြီးသူများသည် အင်္ဂလန်နိုင်ငံ၌ဖြစ်စေ MCC Training Institute (MCC.i) တွင် ဖြစ်စေ Topup Degree အင်ဂျင်နီယာသိပ္ပံဘွဲ့များကို နောက်ထပ်တစ်နှစ် ဆက်လက်တက်ရောက်၍ ရယူနိုင်မည် ဖြစ်ပါသည်။
MCC ၏အသက်မွေးဝမ်းကြောင်းမှုဆိုင်ရာ နည်းပညာသိပ္ပံကျောင်း MCC Polytechnic (MCC.p) များကို ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် နေပြည်တော်မြို့များတွင် ဖွင့်လှစ်ထားရှိပြီး ယခုဖွင့်လှစ်လိုက်သည့် MCC Polytechnic Monywa မှာ စတုတ္ထမြောက် ဖွင့်လှစ်လိုက်သည့် နည်းပညာသိပ္ပံကျောင်း ဖြစ်ပါသည်။ ဆက်လက်၍ သက်ဆိုင်ရာတိုင်းဒေသကြီးများ ပြည်နယ်များ တွင်လည်း လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးကို ဦးတည်သည့် အသက်မွေးဝမ်းကျောင်းမှု ဆိုင်ရာ နည်းပညာသိပ္ပံကျောင်းများကို MCC က ဖွင့်လှစ်ပေးသွားမည် ဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါတော့သည်။