Saturday, November 26, 2016

စီးပြားေရးလုပ္ငန္းစီမံခန္႔ခြဲမႈ (Business Administration) ဆိုသည္မွာ

ယေန႔အခ်ိန္အခါသည္ ျမန္မာႏိုင္ငံ ၌ ေဈးကြက္စီးပြားေရးစနစ္ျဖင့္ စီးပြားေရး လုပ္ငန္းမ်ားကို လြတ္လပ္စြာ လုပ္ကိုင္ႏိုင္ ေနၿပီျဖစ္ရာ ေနရာေဒသအသီးသီးတြင္ စီးပြားေရးလုပ္ငန္းမ်ားကို အေသးစား၊ အလတ္စား၊ အႀကီးစားပံုစံ အသီးသီးျဖင့္ ေဆာင္ရြက္ လုပ္ကိုင္ လ်က္ရွိသည္။ စီးပြားေရးလုပ္ငန္းမ်ားကို လုပ္ကိုင္ရာတြင္ မိ႐ိုးဖလာ အေတြ႕အႀကံဳေပၚမူတည္၍ လုပ္ကိုင္လ်က္ ရွိေနၾကရာမွ ေခတ္မီစီးပြားေရး လုပ္ငန္း ပံုစံမ်ိဳးကို ေျပာင္းလဲလုပ္ကိုင္ ေဆာင္ရြက္လ်က္ရွိရာ သာမာန္ အသိပညာျဖင့္လုပ္ကိုင္၍ မရေတာ့ဘဲ စီးပြားေရးလုပ္ငန္းစီမံခန္႔ခြဲမႈ Business Administration ကို ပညာရပ္တစ္ခုအေနျဖင့္ ေလ့လာဆည္းပူးရန္ လိုအပ္လာပါသည္။ မိမိကိုယ္ပိုင္စီးပြားေရး လုပ္ငန္းကို လုပ္ကိုင္သည္ျဖစ္ေစ၊ အျခားလုပ္ငန္းတစ္ခုခုတြင္ စီမံခန္႔ခြဲေရးတာဝန္ ထမ္းေဆာင္ရသည့္ ဝန္ထမ္းအျဖစ္ ဝင္ေရာက္လုပ္ကိုင္ရန္အတြက္ျဖစ္ေစ၊ စီးပြားေရးလုပ္ငန္း စီမံခန္႔ခြဲမႈ Business Administration ကို သင္ၾကားရေတာ့ မည္ျဖစ္သည္။

စီးပြားေရးလုပ္ငန္း Business
စီးပြားေရးလုပ္ငန္းဆိုသည္မွာ အက်ိဳးအျမတ္ရလိုမႈတစ္ခုခုအတြက္ ကုန္ပစၥည္း တစ္ခုခုကို ထုတ္လုပ္ျခင္း၊ ေရာင္းဝယ္ျခင္း သို႔မဟုတ္ ေဆာင္ရြက္မႈ တစ္ခုခုေပးျခင္းတို႔ ျပဳလုပ္ခိုင္းရန္ ဖြဲ႕စည္းေဆာင္ ရြက္ေသာ လုပ္ငန္းတစ္ခုခုကိုိုလိုပါသည္။

စီးပြားေရးလုပ္ငန္းကို ေလ့လာရေသာ အေၾကာင္းအရင္း
(Why Study Business?)
လူမႈပတ္ဝန္းက်င္တစ္ခုလံုးသည္ စီးပြားေရး (Business) တစ္ခုခု သို႔မဟုတ္ တစ္ခုႏွင့္ ဆက္စပ္ပါတ္သတ္ရန္လိုပါသည္။ လူတိုင္း၏ေန႔စဥ္ဘဝသည္လည္း စီးပြားေရး တစ္ခုခုေပၚတြင္ တည္မွီေနၾကရပါသည္။ ထို႕ေၾကာင့္ စီးပြားေရး လုပ္ငန္း၏ သေဘာသဘာဝကို နားလည္မွသာ မိမိဘဝတိုးတက္ရန္၊ မိမိလုပ္ငန္းေအာင္ျမင္ရန္ ေဆာင္ရြက္ႏိုင္မည္ ျဖစ္သျဖင့္ စီးပြားေရးလုပ္ငန္း၏ သဘာဝကို နားလည္ေအာင္ ႀကိဳးပမ္းၾကရျခင္းျဖစ္ပါသည္။

စီးပြားေရးလုပ္ငန္း ဘယ္လိုအလုပ္လုပ္သလဲ
(How Business Work?)

စီးပြားေရးလုပ္ငန္းလုပ္ကိုင္ရန္ ပထမဆံုး ဖြဲ႕စည္းေဆာင္ရြက္ရမည္ျဖစ္ ပါသည္။ ေယဘုယ်အားျဖင့္ လုပ္ငန္းအငယ္စား (Small and Median Size) မွ လုပ္ငန္းအႀကီးဆံုး (Large Exterprise) အထိ ေအာက္ပါပံုစံတစ္မ်ိဳးမ်ိဳးျဖင့္ ဖြဲ႕စည္းေဆာင္ရြက္ႏိုင္ပါသည္။
(က) တစ္ဦးပိုင္လုပ္ငန္း
(Sole Proprietorship)
(ခ) အစုစပ္လုပ္ငန္း
(Partnerships)
(ဂ) ပုဂၢလိကပိုင္လီမိတက္ကုမၸဏီ
(Private Limited Company)
(ဃ) အမ်ားပိုင္လီမိတက္ကုမၸဏီ
(Public Limited Company)
အထက္ပါပံုစံမ်ား၏ ကြဲျပားျခားနားပံုမွာ ရင္းႏွီးေငြထည့္ဝင္မႈ၊ စီမံအုပ္ခ်ဳပ္မႈ အပိုင္းတြင္ပါဝင္မႈ အက်ိဳးအျမတ္ခြဲေဝျဖန္႕ျဖဴးမႈတို႕အေပၚတြင္ မူတည္ပါသည္။ လုပ္ငန္းအရြယ္အစားမႀကီးပဲ ေျခႏိုင္ လက္ႏိုင္လုပ္ႏိုင္လွ်င္ လိုအပ္ေသာ အရင္းအႏွီးကို တစ္ဦးတည္းမွ ထည့္ဝင္ကာ တစ္ဦးတည္း စိတ္ႀကိဳက္ စီမံခန္႕ခြဲၿပီး ရွိလာေသာအက်ိဳးအျမတ္မ်ားကို တစ္ဦးတည္းခံစားႏိုင္ေသာ ပံုစံမွာ တစ္ဦးတည္ပိုင္လုပ္ငန္း (Sole Proprietorship) ျဖစ္ပါသည္။ မိမိတစ္ဦးတည္း ရင္းႏွီးေငြ၊ ကြ်မ္းက်င္မႈ စသည္တို႔ ႏွင့္ မလံုေလာက္ေသာအခါ အစုစပ္လုပ္ငန္း (Partnerships) ပံုစံကို လုပ္တတ္ၾကပါသည္။ တစ္ဦးထက္မက ရင္းႏွီးမႈစပ္တူ ထည့္ဝင္ၾကၿပီး၊ စီမံခန္႕ခြဲမႈကိုလည္း တြဲဖက္လုပ္ကိုင္ကာ အက်ိဳးအျမတ္ကိုလည္း သေဘာတူထားေသာ အခ်ိဳးအစားျဖင့္ ခြဲေဝယူၾကပါသည္။ အစုစပ္လုပ္ႏိုင္ေသာ ပမာဏထက္ ပိုမိုႀကီးမားလာေသာ လုပ္ငန္းမ်ိဳးကို ကုမၸဏီအျဖစ္ မွတ္ပံုတင္ၿပီးဖြဲ႔စည္းကာ လုပ္ကိုင္ေလ့ရွိပါသည္။ ကုမၸဏီတည္ေထာင္ရာတြင္ ပုဂၢလိကပိုင္ကုမၸဏီႏွင့္ အမ်ားပိုင္ကုမၸဏီဟူ၍ ႏွစ္မ်ိဳးရွိရာ ရွယ္ယာရွင္ အနည္းဆံုး(၂)ဦးမွ အမ်ားဆံုး(၅၀)ဦးအထိရွိလွ်င္ ပုဂၢလိကပိုင္ကုမၸဏီဟုေခၚၿပီး ရွယ္ယာရွင္ အနည္းဆံုး(၇)ဦးမွ အမ်ားဆံုး အကန္႔အသတ္မရွိပါဝင္ေစလိုလွ်င္ အမ်ားပိုင္ကုမၸဏီအျဖစ္ ဖြဲ႕စည္း တည္ေထာင္လုပ္ကိုင္ၾကသည္။ စီးပြားေရးလုပ္ငန္းကို ဘယ္လိုမဟာဗ်ဴဟာ နဲ႕လုပ္မည္လဲ (Knowing What Strating is) စီးပြားေရးလုပ္ငန္းကို အာင္ျမင္စြာ လုပ္ကိုင္ႏိုင္ရန္ မဟာဗ်ဴဟာ (Business Strategy) လိုအပ္သည့္ မည္သည့္ေနရာတြင္ မည္သည္႕အခ်ိန္၌ မည္သည္႔အလုပ္ကို မည္သူ႕အတြက္ မည္သည္႕အတြက္လုပ္မည္ကို ဆံုးျဖတ္ျခင္းမွာ စီးပြားေရးလုပ္ငန္း၏ မဟာဗ်ဴဟာပင္ျဖစ္ပါသည္။ တစ္နည္းအား ျဖင့္စီးပြားေရးမဟာဗ်ဴဟာသည္ အနာဂတ္ကာလရွည္အတြက္ လုပ္ငန္းတစ္ခုတိုင္းႏွင့္ သက္ဆိုင္ေသာ လမ္းၫႊန္သေဘာမ်ိဳး ျဖစ္ပါသည္။
(The long view of the big picture)
- What do you do?
- When do you do it?
- Where do you do it?
- Why do you do it?
- For Whom do you do it?

(Unicode Version)

စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု (Business Administration) ဆိုသည်မှာ
ယနေ့အချိန်အခါသည် မြန်မာနိုင်ငံ ၌ ဈေးကွက်စီးပွားရေးစနစ်ဖြင့် စီးပွားရေး လုပ်ငန်းများကို လွတ်လပ်စွာ လုပ်ကိုင်နိုင် နေပြီဖြစ်ရာ နေရာဒေသအသီးသီးတွင် စီးပွားရေးလုပ်ငန်းများကို အသေးစား၊ အလတ်စား၊ အကြီးစားပုံစံ အသီးသီးဖြင့် ဆောင်ရွက်လုပ်ကိုင်လျက်ရှိသည်။ စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ရာတွင် မိရိုးဖလာ အတွေ့အကြုံပေါ်မူတည်၍ လုပ်ကိုင်လျက် ရှိနေကြရာမှ ခေတ်မီစီးပွားရေးလုပ်ငန်းပုံစံမျိုးကို ပြောင်းလဲလုပ်ကိုင် ဆောင်ရွက်လျက်ရှိရာ သာမာန်အသိပညာဖြင့်လုပ်ကိုင်၍ မရတော့ဘဲ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု Business Administration ကို ပညာရပ်တစ်ခုအနေဖြင့် လေ့လာဆည်းပူးရန် လိုအပ်လာပါသည်။ မိမိကိုယ်ပိုင်စီးပွားရေး လုပ်ငန်းကို လုပ်ကိုင်သည်ဖြစ်စေ၊ အခြားလုပ်ငန်းတစ်ခုခုတွင် စီမံခန့်ခွဲရေးတာဝန် ထမ်းဆောင်ရသည့်ဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်ရန်အတွက်ဖြစ်စေ၊ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု Business Administration ကို သင်ကြားရတော့ မည်ဖြစ်သည်

စီးပွားရေးလုပ်ငန်း Business
စီးပွားရေးလုပ်ငန်းဆိုသည်မှာ အကျိုးအမြတ်ရလိုမှုတစ်ခုခုအတွက် ကုန်ပစ္စည်းတစ်ခုခုကို ထုတ်လုပ်ခြင်း၊ ရောင်းဝယ်ခြင်း သို့မဟုတ် ဆောင်ရွက်မှုတစ်ခုခုပေးခြင်းတို့ ပြုလုပ်ခိုင်းရန် ဖွဲ့စည်းဆောင်ရွက်သော လုပ်ငန်းတစ်ခုခုကိိုုလိုပါသည်။

စီးပွားရေးလုပ်ငန်းကို လေ့လာရသော အကြောင်းအရင်း
(Why Study Business?)
လူမှုပတ်ဝန်းကျင်တစ်ခုလုံးသည် စီးပွားရေး (Business) တစ်ခုခု သို့မဟုတ် တစ်ခုနှင့်ဆက်စပ်ပါတ်သတ်ရန်လိုပါသည်။ လူတိုင်း၏နေ့စဉ်ဘဝသည်လည်း စီးပွားရေး တစ်ခုခုပေါ်တွင် တည်မှီနေကြရပါသည်။ ထို့ကြောင့် စီးပွားရေးလုပ်ငန်း၏ သဘောသဘာဝကို နားလည်မှသာ မိမိဘဝတိုးတက်ရန်၊ မိမိလုပ်ငန်းအောင်မြင်ရန် ဆောင်ရွက်နိုင်မည် ဖြစ်သဖြင့် စီးပွားရေးလုပ်ငန်း၏ သဘာဝကို နားလည်အောင် ကြိုးပမ်းကြရခြင်းဖြစ်ပါသည်။

စီးပွားရေးလုပ်ငန်း ဘယ်လိုအလုပ်လုပ်သလဲ
(How Business Work?)

စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန် ပထမဆုံး ဖွဲ့စည်းဆောင်ရွက်ရမည်ဖြစ်ပါသည်။ ယေဘုယျအားဖြင့် လုပ်ငန်းအငယ်စား (Small and Median Size) မှ လုပ်ငန်းအကြီးဆုံး (Large Exterprise) အထိ အောက်ပါပုံစံတစ်မျိုးမျိုးဖြင့် ဖွဲ့စည်းဆောင်ရွက်နိုင်ပါသည်။
(က) တစ်ဦးပိုင်လုပ်ငန်း
(Sole Proprietorship)
(ခ) အစုစပ်လုပ်ငန်း
(Partnerships)
(ဂ) ပုဂ္ဂလိကပိုင်လီမိတက်ကုမ္ပဏီ
(Private Limited Company)
(ဃ) အများပိုင်လီမိတက်ကုမ္ပဏီ
(Public Limited Company)
အထက်ပါပုံစံများ၏ ကွဲပြားခြားနားပုံမှာ ရင်းနှီးငွေထည့်ဝင်မှု၊ စီမံအုပ်ချုပ်မှု အပိုင်းတွင်ပါဝင်မှု အကျိုးအမြတ်ခွဲဝေဖြန့်ဖြူးမှုတို့အပေါ်တွင် မူတည်ပါသည်။ လုပ်ငန်းအရွယ်အစားမကြီးပဲ ခြေနိုင် လက်နိုင်လုပ်နိုင်လျှင် လိုအပ်သော အရင်းအနှီးကို တစ်ဦးတည်းမှ ထည့်ဝင်ကာ တစ်ဦးတည်း စိတ်ကြိုက် စီမံခန့်ခွဲပြီး ရှိလာသောအကျိုးအမြတ်များကို တစ်ဦးတည်းခံစားနိုင်သော ပုံစံမှာ တစ်ဦးတည်ပိုင်လုပ်ငန်း (Sole Proprietorship) ဖြစ်ပါသည်။ မိမိတစ်ဦးတည်း ရင်းနှီးငွေ၊ ကျွမ်းကျင်မှု စသည်တို့ နှင့် မလုံလောက်သောအခါ အစုစပ်လုပ်ငန်း (Partnerships) ပုံစံကို လုပ်တတ်ကြပါသည်။ တစ်ဦးထက်မက ရင်းနှီးမှုစပ်တူ ထည့်ဝင်ကြပြီး၊ စီမံခန့်ခွဲမှုကိုလည်း တွဲဖက်လုပ်ကိုင်ကာ အကျိုးအမြတ်ကိုလည်း သဘောတူထားသော အချိုးအစားဖြင့် ခွဲဝေယူကြပါသည်။ အစုစပ်လုပ်နိုင်သော ပမာဏထက် ပိုမိုကြီးမားလာသော လုပ်ငန်းမျိုးကို ကုမ္ပဏီအဖြစ် မှတ်ပုံတင်ပြီးဖွဲ့စည်းကာ လုပ်ကိုင်လေ့ရှိပါသည်။ ကုမ္ပဏီတည်ထောင်ရာတွင် ပုဂ္ဂလိကပိုင်ကုမ္ပဏီနှင့် အများပိုင်ကုမ္ပဏီ ဟူ၍ နှစ်မျိုးရှိရာ ရှယ်ယာရှင်အနည်းဆုံး(၂)ဦးမှ အများဆုံး(၅၀)ဦးအထိရှိလျှင် ပုဂ္ဂလိကပိုင်ကုမ္ပဏီဟုခေါ်ပြီး ရှယ်ယာရှင်အနည်းဆုံး(၇)ဦးမှ အများဆုံး အကန့်အသတ် မရှိပါဝင်စေလိုလျှင် အများပိုင်ကုမ္ပဏီအဖြစ် ဖွဲ့စည်းတည်ထောင်လုပ်ကိုင်ကြသည်။ စီးပွားရေးလုပ်ငန်းကို ဘယ်လိုမဟာဗျူဟာ နဲ့လုပ်မည်လဲ (Knowing What Strating is) စီးပွားရေးလုပ်ငန်းကို အာင်မြင်စွာ လုပ်ကိုင်နိုင်ရန် မဟာဗျူဟာ (Business Strategy) လိုအပ်သည့် မည်သည့်နေရာတွင် မည်သည့်အချိန်၌ မည်သည့်အလုပ်ကို မည်သူ့အတွက် မည်သည့်အတွက်လုပ်မည်ကို ဆုံးဖြတ်ခြင်းမှာ စီးပွားရေးလုပ်ငန်း၏ မဟာဗျူဟာပင်ဖြစ်ပါသည်။ တစ်နည်းအား ဖြင့်စီးပွားရေးမဟာဗျူဟာသည် အနာဂတ်ကာလရှည်အတွက် လုပ်ငန်းတစ်ခု တိုင်းနှင့်သက်ဆိုင်သော လမ်းညွှန်သဘောမျိုး ဖြစ်ပါသည်။
(The long view of the big picture)
- What do you do?
- When do you do it?
- Where do you do it?
- Why do you do it?
- For Whom do you do it?






MCC SIAM University ၏ နာမည္ႀကီး BBA Program

MCC ႏွင့္ Siam University တို႔ ပူးေပါင္းဖြင့္လွစ္ေသာ စီးပြားေရးစီမံခန္႔ခြဲမႈ ပညာ ဒီဂရီအစီအစဥ္ျဖစ္ပါသည္။ MCC တြင္ (၂)ႏွစ္၊ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရွိ Siam University တြင္ (၂)ႏွစ္ တက္ေရာက္ၿပီး Siam University မွ ခ်ီးျမႇင့္မည့္ BBA (Bachelor of Business Administration) ဘြဲ႕ကို ရရွိမည္ျဖစ္ပါသည္။ MCC ႏွင့္ Siam University တို႔ ပူးေပါင္း ဖြင့္လွစ္ေသာ BBA Program ကို ေက်ာင္းသူ၊ ေက်ာင္းသားမ်ားႏွင့္ မိဘမ်ား စိတ္ဝင္စားၾကပါသည္။ ျမန္မာႏိုင္ငံ MCC တြင္ (၂)ႏွစ္ တက္ရၿပီး ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရွိ Siam University တြင္ (၂) ႏွစ္ တက္ေရာက္ရေသာ (Training Program) ျဖစ္သည့္အတြက္ ေအာက္ပါ အက်ိဳးတရားမ်ား ရရွိေသာေၾကာင့္ ျဖစ္ပါသည္။
တကၠသိုလ္ဝင္တန္း ေအာင္ျမင္ၿပီး MCC တြင္ (၂)ႏွစ္ ပညာသင္ၿပီး တတိယႏွစ္တြင္မွ SIAM University သို႔ သြားေရာက္ရသည့္ အတြက္ ေက်ာင္းသူ၊ ေက်ာင္းသားမ်ားသည္ အသက္ (၁၈) ႏွစ္ေက်ာ္ၿပီး ရင့္က်က္သြားသည့္အရြယ္တြင္မွ ႏိုင္ငံျခားသို႔ေစလႊတ္ရသည့္ အတြက္ ပိုၿပီးစိတ္ခ်ျခင္း၊ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕သည္ ကမၻာ့ႏိုင္ငံတကာ ကုမၸဏီႀကီးမ်ား၏ ေဒသ ႐ံုးခ်ဳပ္ မ်ားရွိၿပီး ေခတ္မီၿမိဳ႕ႀကီး (Metropolitan) ျဖစ္သည့္အတြက္ ကမၻာ့အဆင့္ ႏိုင္ငံတကာ အေတြ႕အႀကံဳမ်ား ရရွိႏိုင္ျခင္း၊ ထိုင္းႏိုင္ငံသည္ ျမန္မာႏိုင္ငံႏွင့္ ဘာသာေရးႏွင့္ ယဥ္ေက်းမႈဆင္တူျခင္း၊ စားေသာက္ ေနထိုင္မႈ ပံုစခ်င္းတူျခင္း၊ လူေနမႈကုန္က်စရိတ္သက္သာျခင္း၊ တစ္နာရီအတြင္း ျမန္မာႏိုင္ငံမွ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕သို႔ ေရာက္ ရွိႏိုင္ျခင္း၊ ေန႔စဥ္ ရန္ကုန္-ဘန္ေကာက္ ေလယာဥ္ခရီးစဥ္မ်ား နံနက္မွညအထိ တစ္ေန႔လံုးရွိျခင္း၊ မႏၲေလး-ဘန္ေကာက္ တိုက္႐ိုက္သြားႏိုင္ျခင္း၊ ေလယာဥ္ ခရီးစရိတ္ သက္သာျခင္းတို႔ေၾကာင့္ အေရးတႀကီးကိစၥရွိလွ်င္ မိဘႏွင့္ ေက်ာင္းသူ၊ ေက်ာင္းသားမ်ား အခ်ိန္တိုအတြင္း ခ်က္ခ်င္း သြားႏိုင္၊ ျပန္ႏိုင္ျခင္း၊ ဘန္ေကာက္ၿမိဳ႕သည္ ကမၻာလွည့္ခရီးသြားမ်ား လည္ပတ္ရာ၊ အပန္းေျဖရာ၊ ေဈးဝယ္ရာ (Shopping) ကမၻာေက်ာ္ၿမိဳ႕ႀကီးျဖစ္သည့္ အတြက္ ေက်ာင္းသူ၊ ေက်ာင္း သားမ်ားႏွင့္ မိဘမ်ားအႀကိဳက္ ေနရာျဖစ္သကဲ့သို႔ နာမည္ေက်ာ္ ျမဘုရားကိုလည္း ဖူးေျမာ္ႏိုင္သည့္အတြက္ “ဘုရားလည္း ဖူးရင္း လိပ္ဥလည္း တူးရင္း” ဆိုသကဲ့သို႔ အေပ်ာ္ခရီးလည္း သြားႏိုင္ပါသည္။
ပညာသင္စရိတ္မွာလည္း အျခားႏိုင္ငံျခား တကၠသိုလ္မ်ားထက္ မ်ားစြာသက္သာျခင္း၊ အထူးသျဖင့္ SIAM University မွ BBA ရရွိလာေသာျမန္မာေက်ာင္းသား၊ ေက်ာင္းသူမ်ား ျမန္မာႏိုင္ငံတြင္ လာေရာက္ ရင္းႏွီးျမႇဳပ္ႏွံ လုပ္ကိုင္ၾကေသာ ထိုင္းကုမၸဏီ မ်ားက အလုပ္ခန္႔ထားရန္ စိတ္ဝင္စားျခင္း၊

သင္တန္းတက္ေရာက္ရမည့္အစီအစဥ္
                 သင္တန္းတက္ေရာက္ရမည့္ေနရာ   သင္တန္းေၾကး
ပထမႏွစ္     MCC (ရန္ကုန္-မႏၲေလး)                 က်ပ္ (၃၀ဝ၀ဝ၀ဝ)
ဒုတိယႏွစ္    MCC (ရန္ကုန္-မႏၲေလး)                 က်ပ္ (၃၀ဝ၀ဝ၀ဝ)
တတိယႏွစ္  Siam University (Bangkok)           US$ (3000)
စတုတၳႏွစ္   Siam University (Bangkok)           US$ (3000)

BBA DEGREE
International Program, Siam University
First Year First Semester
GS 121 Introduction to Sociology                               3
GS 111 Thai Civilization                                            3
GS 104 Basic Mathematical Principle                          3
IBS 101 Life and Environment                                   3
EN 101 English I or other language                            2
IBA 101 Principles of Accounting                               I 3
                                                                             17 Credits
First Year Second Semester
GS 122 Society and Government                               3
GS 112 Fundamentals of Philosophy and Religion        3
EN 102 English II or other language                          2
GS 113 General Psychology                                      3
100-106 Asean in the Modern World                          3
IBA 102 Principles of Accounting II                            3
                                                                            17 Credits
Second Year First Semester
EN 203 English III or other language                          2
IBE 201 Micro Economics                                          3
IBM 202 Principles of Marketing                                 3
IBS 200 Introduction to Computer                              3
IBM 201 Organization and Management                      3
IBM 203 Principles of Statistics                                   3
                                                                             17 Credits
Second Year Second Semester
EN 204 English IV or other language                           2
IBE 202 Macro Economics                                          3
IBM 209 Statistical Analysis in Business                       3
IBF 201 Business Finance                                          3
Elective (Advertising & Promotion Management)          3
Free Elective (Quantitative Analysis in Business)          3
                                                                            17 Credits
Third Year First Semester
IBE 303 International Economics                               3
EN 305 English V or other language                           2
IBA 303 Managerial Accounting                                 3
IBS 301 Internet and Package Program in Business     3
Elective                                                                  3
Free Elective                                                           3
                                                                           17 Credits
Third Year Second Semester
EN 306 English VI or other language                         2
IBM 302 Production and Operations Management       3
IBL 309 Business Law                                              3
Elective                                                                  3
Free Elective                                                           3
                                                                           14 Credits
Fourth Year First Semester
IBM 401 Quantitative Analysis in Business                  3
IBF 401 International Finance & Banking                   3
IBM 404 International Transportation of Goods           3
IBM 403 Management of International Business         3
IBL 404 International Trade Law                               3
IBA 404 International Accounting & Taxation              3
                                                                           18 Credits
Fourth Year Second Semester
IBM 402 International Policy                                      3
IBM 406 Comparative Management of Multi.Enterprise 3
IBM 412 International Trade Operations                      3
IBM 407 Seminar on International Business                 3
IBM 411 International Marketing                                3
Elective                                                                   3
                                                                            18 Credits
                                                                   Total 135 Credits
(Unicode Version)

MCC SIAM University ၏ နာမည်ကြီး BBA Program

MCC နှင့် Siam University တို့ ပူးပေါင်းဖွင့်လှစ်သော စီးပွားရေးစီမံခန့်ခွဲမှု ပညာ ဒီဂရီအစီအစဉ်ဖြစ်ပါသည်။ MCC တွင် (၂)နှစ်၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Siam University တွင် (၂)နှစ် တက်ရောက်ပြီး Siam University မှ ချီးမြှင့်မည့် BBA (Bachelor of Business Administration) ဘွဲ့ကို ရရှိမည်ဖြစ်ပါသည်။ MCC နှင့် Siam University တို့ ပူးပေါင်းဖွင့်လှစ်သော BBA Program ကို ကျောင်းသူ၊ ကျောင်းသားများနှင့် မိဘများ စိတ်ဝင်စားကြပါသည်။ မြန်မာနိုင်ငံ MCC တွင် (၂)နှစ် တက်ရပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Siam University တွင် (၂) နှစ် တက်ရောက်ရသော (Training Program) ဖြစ်သည့်အတွက် အောက်ပါအကျိုး တရားများရရှိသောကြောင့် ဖြစ်ပါသည်။
တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး MCC တွင် (၂)နှစ် ပညာသင်ပြီး တတိယနှစ်တွင်မှ SIAM University သို့ သွားရောက်ရသည့်အတွက် ကျောင်းသူ၊ ကျောင်းသားများသည် အသက် (၁၈) နှစ်ကျော်ပြီး ရင့်ကျက်သွားသည့်အရွယ်တွင်မှ နိုင်ငံခြားသို့စေလွှတ်ရသည့် အတွက် ပိုပြီးစိတ်ချခြင်း၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သည် ကမ္ဘာ့နိုင်ငံတကာကုမ္ပဏီကြီးများ၏ ဒေသရုံးချုပ် များရှိပြီး ခေတ်မီမြို့ကြီး (Metropolitan) ဖြစ်သည့်အတွက် ကမ္ဘာ့အဆင့် နိုင်ငံတကာ အတွေ့အကြုံများ ရရှိနိုင်ခြင်း၊ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် ဘာသာရေးနှင့် ယဉ်ကျေးမှုဆင်တူခြင်း၊ စားသောက် နေထိုင်မှုပုံစချင်းတူခြင်း၊ လူနေမှုကုန်ကျစရိတ်သက်သာခြင်း၊ တစ်နာရီအတွင်း မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ရောက်ရှိနိုင်ခြင်း၊ နေ့စဉ် ရန်ကုန်-ဘန်ကောက် လေယာဉ်ခရီးစဉ်များ နံနက်မှညအထိ တစ်နေ့လုံးရှိခြင်း၊ မန္တလေး-ဘန်ကောက် တိုက်ရိုက်သွားနိုင်ခြင်း၊ လေယာဉ် ခရီးစရိတ်သက်သာခြင်းတို့ကြောင့် အရေးတကြီးကိစ္စရှိလျှင် မိဘနှင့် ကျောင်းသူ၊ ကျောင်းသားများ အချိန်တိုအတွင်း ချက်ချင်း သွားနိုင်၊ ပြန်နိုင်ခြင်း၊ ဘန်ကောက်မြို့သည် ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်ရာ၊ အပန်းဖြေရာ၊ ဈေးဝယ်ရာ (Shopping) ကမ္ဘာကျော်မြို့ကြီးဖြစ်သည့်အတွက် ကျောင်းသူ၊ ကျောင်းသားများနှင့် မိဘ များအကြိုက် နေရာဖြစ်သကဲ့သို့ နာမည်ကျော် မြဘုရားကိုလည်း ဖူးမြော်နိုင်သည့်အတွက် “ဘုရားလည်း ဖူးရင်း လိပ်ဥလည်း တူးရင်း” ဆိုသကဲ့သို့ အပျော်ခရီးလည်း သွားနိုင်ပါသည်။
ပညာသင်စရိတ်မှာလည်း အခြားနိုင်ငံခြား တက္ကသိုလ်များထက် များစွာသက်သာခြင်း၊ အထူးသဖြင့် SIAM University မှ BBA ရရှိလာသောမြန်မာကျောင်းသား၊ ကျောင်းသူများ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြသော ထိုင်းကုမ္ပဏီ များက အလုပ်ခန့်ထားရန် စိတ်ဝင်စားခြင်း၊

သင်တန်းတက်ရောက်ရမည့်အစီအစဉ် 
                    သင်တန်းတက်ရောက်ရမည့်နေရာ    သင်တန်းကြေး
ပထမနှစ်       MCC (ရန်ကုန်-မန္တလေး)             ကျပ် (၃၀ဝဝဝဝဝ)
ဒုတိယနှစ်      MCC (ရန်ကုန်-မန္တလေး)             ကျပ် (၃၀ဝဝဝဝဝ)
တတိယနှစ်    Siam University (Bangkok)          US$ (3000)
စတုတ္ထနှစ်  Siam University (Bangkok)          US$ (3000)

BBA DEGREE
International Program, Siam University
First Year First Semester
GS 121 Introduction to Sociology                               3
GS 111 Thai Civilization                                            3
GS 104 Basic Mathematical Principle                          3
IBS 101 Life and Environment                                   3
EN 101 English I or other language                            2
IBA 101 Principles of Accounting                               I 3
                                                                             17 Credits
First Year Second Semester
GS 122 Society and Government                               3
GS 112 Fundamentals of Philosophy and Religion        3
EN 102 English II or other language                          2
GS 113 General Psychology                                      3
100-106 Asean in the Modern World                          3
IBA 102 Principles of Accounting II                            3
                                                                            17 Credits
Second Year First Semester
EN 203 English III or other language                          2
IBE 201 Micro Economics                                          3
IBM 202 Principles of Marketing                                 3
IBS 200 Introduction to Computer                              3
IBM 201 Organization and Management                      3
IBM 203 Principles of Statistics                                   3
                                                                             17 Credits
Second Year Second Semester
EN 204 English IV or other language                           2
IBE 202 Macro Economics                                          3
IBM 209 Statistical Analysis in Business                       3
IBF 201 Business Finance                                          3
Elective (Advertising & Promotion Management)          3
Free Elective (Quantitative Analysis in Business)          3
                                                                            17 Credits
Third Year First Semester
IBE 303 International Economics                               3
EN 305 English V or other language                           2
IBA 303 Managerial Accounting                                 3
IBS 301 Internet and Package Program in Business     3
Elective                                                                  3
Free Elective                                                           3
                                                                           17 Credits
Third Year Second Semester
EN 306 English VI or other language                         2
IBM 302 Production and Operations Management       3
IBL 309 Business Law                                              3
Elective                                                                  3
Free Elective                                                           3
                                                                           14 Credits
Fourth Year First Semester
IBM 401 Quantitative Analysis in Business                  3
IBF 401 International Finance & Banking                   3
IBM 404 International Transportation of Goods           3
IBM 403 Management of International Business         3
IBL 404 International Trade Law                               3
IBA 404 International Accounting & Taxation              3
                                                                           18 Credits
Fourth Year Second Semester
IBM 402 International Policy                                      3
IBM 406 Comparative Management of Multi.Enterprise 3
IBM 412 International Trade Operations                      3
IBM 407 Seminar on International Business                 3
IBM 411 International Marketing                                3
Elective                                                                   3
                                                                            18 Credits
                                                                   Total 135 Credits

Friday, November 4, 2016

Lille University Town

ျမန္မာႏိုင္ငံကေက်ာင္းသားေတြ ျပင္သစ္မွာ ေက်ာင္းသြားတက္မယ့္ Lille ၿမိဳ႕က ျပင္သစ္ႏိုင္ငံ ေျမာက္ပိုင္းက Nord-Pas-de-Calais ေဒသမွာ႐ွိပါတယ္။ ၁၇ရာစုႏွစ္ကတည္းက႐ွိခဲ့တဲ့ ေ႐ွ႕ေဟာင္းအေဆာက္အဦေတြနဲ႔႐ွိတဲ့ ျပင္သစ္ႏိုင္ငံရဲ႕ သမိုင္း၀င္ၿမိဳ႕ျဖစ္ပါတယ္။ တစ္ခ်ိန္တုန္းက စီးပြားေရးနဲ႕စက္မႈလုပ္ငန္းမ်ား အခ်က္အျခာ ျဖစ္ခဲ့တဲ့ျမိဳ႕ျဖစ္ၿပီး ယခုအခ်ိန္မွာေတာ့ တကၠသိုလ္ ေကာလိပ္ေတြ အမ်ားစု႐ွိတဲ့ၿမိဳ႕ျဖစ္ပါတယ္။ University Town လို႔ေတာင္ေခၚေလ့႐ွိၾကပါတယ္။ လူဦးေရတစ္ သန္းေက်ာ္႐ွိၿပီး၊ ျပင္သစ္ရဲ႕ စတုတၳအႀကီးဆံုးၿမိဳ႕ႀကီး ျဖစ္ပါတယ္။

Lille ၿမိဳ႕မွာ ေ႐ွးေဟာင္းျပင္သစ္ယဥ္ေက်းမႈ လက္ရာေတြ၊ စိတ္၀င္စားစရာဂႏၲ၀င္အေဆာက္အဦေတြျဖစ္တဲ့ ရဲတိုက္ႀကီးေတြ၊ ဘုရား႐ွိခိုးေက်ာင္းေတြ၊ ျပတိုက္ေတြ၊ အထိမ္းအမွတ္ေက်ာက္တိုင္ေတြ ႐ွိပါတယ္။
University Town ဆိုတဲ့အတိုင္း တကၠသိုလ္၊ ေကာလိပ္ေတြ႐ွိပါတယ္။ အဲ့ဒီ တကၠသိုလ္ေတြဟာ (၁၈)ရာစုႏွစ္ကတည္းက တည္ေဆာက္ခဲ့တဲ့ တကၠသိုလ္ေတြျဖစ္ပါတယ္။

Lille ၿမိဳ႕မွာ တကၠသိုလ္ေက်ာင္းသူ ေက်ာင္းသားဦးေရ (၁၁၀,၀၀၀)ေက်ာ္႐ွိတဲ့အတြက္ ျပင္သစ္ ႏိုင္ငံရဲ႕ ေက်ာင္းသားအမ်ားဆုံး႐ွိတဲ့ ၿမိဳ႕ႀကီးတစ္ၿမိဳ႕လည္းျဖစ္ပါတယ္။ Lille Catholique University ကို (၁၈၇၅) မွာစတင္ဖြင့္လွစ္ခဲ့ၿပီး၊ ဥပေဒ၊ စီးပြားေရး၊ ေဆးပညာ၊ ႐ူပေဗဒစတဲ့ အေျချပဳ ေက်ာင္းမ်ားနဲ႕ ဖြဲ႕စည္းထားပါတယ္။ အဲဒီထဲမွာ နာမည္ႀကီးတဲ့တကၠသိုလ္တစ္ခု ကေတာ့ Institue Catholique d'arts et Me¬tiers (ICAM) ျဖစ္ၿပီး (၁၈၉၈)ခုႏွစ္မွာ တည္ေထာင္ဖြင့္လွစ္ခဲ့ပါတယ္။ ကမၻာ့အေကာင္းဆံုး တကၠသိုလ္ (၂၀) ထဲမွာပါ၀င္ပါတယ္။ Ecle des Hantes e'tnel d'ingenieus (HEI) အင္ဂ်င္နီယာတကၠသိုလ္ကို (၁၈၈၅)ခုႏွစ္မွာ တည္ေထာင္ဖြင့္လွစ္ခဲ့ပါတယ္။ အင္ဂ်င္နီယာ ပညာရပ္နယ္ပါယ္ (၁၀)ခုကို သင္ၾကားေပးလ်က္ ႐ွိပါသည္။ EDHEC ဆိုတဲ့စီးပြားေရး သိပၸံေက်ာင္းကို (၁၉၀၆)တြင္လည္းေကာင္း၊ IESEG School Ma¬nagent နဲ႔ Business School တို႕ကို (၁၉၆၄)ခုႏွစ္တြင္လည္းေကာင္း၊ ESJ ဟုေခၚေသာ (Journilism School) ကို (၁၉၂၄)ခုႏွစ္တြင္ လည္းေကာင္း အသီးသီး ဖြင့္လွစ္ခဲ့ေသာ တကၠသိုလ္ၾကီးျဖစ္ပါတယ္။ ျမန္မာေက်ာင္းသူ ေက်ာင္းသားေတြ (Journilism School) သြားတက္မယ့္ HEI က အဲဒီ M.Sc(Engineer) မွာပါ၀င္တဲ့ တကၠသိုလ္တစ္ခု ျဖစ္ပါတယ္။

Lille ၿမိဳ႕ဟာ ဥေရာပရဲ႕ အဓိကက်တဲ့ ၿမိဳ႕ျပေနရာႀကီး (၃)ခုနဲ႕ ဆက္စပ္ေနပါတယ္။ အဲဒါကေတာ့ လန္ဒန္၊ ပဲရစ္နဲ႕ ဘရပ္ဆဲ(လ္)တို႕ပဲျဖစ္ပါတယ္။ Lille ကေန (၃၅)မိနစ္သြားရင္ ဘယ္(လ္)ဂ်ီယံ ႏိုင္ငံရဲ႕ဘရပ္ဆဲ(လ္)၊ တစ္နာရီသြားရင္ ပဲရစ္၊ (၈၀)မိနစ္သြားရင္ အဂၤလန္ႏိုင္ငံရဲ႕ လန္ဒန္ကို ေရာက္ပါတယ္။ ဒါေၾကာင့္ Lille က ဥေရာပရဲ႕အခ်က္အျခာေနရာေတြနဲ႔ အနီးဆံုးေနရာမွာ ႐ွိပါတယ္လို႔ ဆိုပါတယ္။

၁၉၈၃ ခုႏွစ္တုန္းက စတင္ဖြင့္လွစ္ခဲ့တဲ့ ေမာင္းသူမဲ့ ရထားစနစ္ (Driverless metro System ) က ကမၻာ ေပၚမွာ ပထမဆံုးျဖစ္ပါတယ္။

Lille မွာရွိတဲ့ေက်ာင္းသားဦးေရ (၁၁၀,၀၀) ေက်ာ္ဟာ ကမၻာ့ႏိုင္ငံတကာကလာျပီး ေက်ာင္းလာတက္ တဲ့ ေက်ာင္းသာေတြအမ်ားစု ပါ၀င္ပါတယ္။ Lille Catholique University မွာအမ်ားဆံုးပါတဲ့။

ဒါေၾကာင့္ ျမန္မာႏိုင္ငံကေက်ာင္းသြားတက္မဲ့ ေက်ာင္းသူေက်ာင္းသားမ်ားအေနနဲ႕ သိပ္မခက္ခဲႏိုင္ပါဘူး။ ေက်ာင္းသားၿမိဳ႕လို ျဖစ္ေနတဲ့အတြက္ အားလံုးခင္ခင္မင္မင္ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ေပါင္းသင္းေနထိုင္ႏိုင္ပါတယ္။ လူငယ္ေတြအတြက္ စားေသာက္ဆိုင္ေတြ၊ Coffee Shop ေတြ၊ Bar ေတြအမ်ားအျပားရွိပါတယ္။ လူငယ္လူ႐ြယ္ေတြမ်ားတဲ့ အတြက္ စိတ္ကူးစိတ္သန္း အသစ္ေတြနဲ႕ျပည့္နက္ေနတယ္ လို႕ဆိုပါတယ္။ ဒါေၾကာင့္ ပညာေရးၿမိဳ႕ေတာ္ျဖစ္တဲ့ Lille ဟာ ႏုပ်ိဳလန္းဆန္းဆံုး ျဖစ္ေနပါတယ္။ လူငယ္လူရြယ္ေတြလဲ စီးပြားေရးလုပ္ငန္းေတြကို Lille မွာ အလြယ္တကူ လုပ္ႏိုင္တာေၾကာင့္ Lille ဟာႏုပ်ိဳလန္းဆန္းဆံုး ျဖစ္ရံုသာမက စီးပြားေရး ေကာင္းမြန္တဲ့ ၿမိဳ႕ႀကီးပံုစံလည္း ျဖစ္ေနပါတယ္။

Lille ၿမိဳ႕မွာ ေကာင္းမြန္တဲ့ အမ်ားျပည္သူသံုး စနစ္ (Public Transport Network) ရွိပါတယ္။ ေျမေအာက္ရထားစနစ္၊ ဘတ္(စ္)ကားစနစ္၊ လွ်ပ္စစ္နဲ႕ေမာင္းတဲ့ Street car စနစ္တို႕ရွိပါတယ္ ရူရိုေငြ (€၁.၅၀)တန္လက္မွတ္တစ္ေစာင္နဲ႕ ႀကိဳက္တာကို စီးလို႔ရပါတယ္။ ေနရာေတာ္ေတာ္မ်ားမ်ားကိုအခမဲ့ စီးႏုိင္ပါတယ္။

Unicode Version

Lille University Town
မြန်မာနိုင်ငံကကျောင်းသားတွေ ပြင်သစ်မှာ ကျောင်းသွားတက်မယ့် Lille မြို့က ပြင်သစ်နိုင်ငံ မြောက်ပိုင်းက Nord-Pas-de-Calais ဒေသမှာရှိပါတယ်။ ၁၇ရာစုနှစ်ကတည်းကရှိခဲ့တဲ့ ရှေ့ဟောင်းအဆောက်အဦတွေနဲ့ရှိတဲ့ ပြင်သစ်နိုင်ငံရဲ့ သမိုင်းဝင်မြို့ဖြစ်ပါတယ်။ တစ်ချိန်တုန်းက စီးပွားရေးနဲ့စက်မှုလုပ်ငန်းများ အချက်အခြာ ဖြစ်ခဲ့တဲ့မြို့ဖြစ်ပြီး ယခုအချိန်မှာတော့ တက္ကသိုလ် ကောလိပ်တွေ အများစုရှိတဲ့မြို့ဖြစ်ပါတယ်။ University Town လို့တောင်ခေါ်လေ့ရှိကြပါတယ်။ လူဦးရေတစ် သန်းကျော်ရှိပြီး၊ ပြင်သစ်ရဲ့ စတုတ္ထအကြီးဆုံးမြို့ကြီး ဖြစ်ပါတယ်။

Lille မြို့မှာ ရှေးဟောင်းပြင်သစ်ယဉ်ကျေးမှု လက်ရာတွေ၊ စိတ်ဝင်စားစရာဂန္တဝင်အဆောက်အဦတွေဖြစ်တဲ့ ရဲတိုက်ကြီးတွေ၊ ဘုရားရှိခိုးကျောင်းတွေ၊ ပြတိုက်တွေ၊ အထိမ်းအမှတ်ကျောက်တိုင်တွေ ရှိပါတယ်။
University Town ဆိုတဲ့အတိုင်း တက္ကသိုလ်၊ ကောလိပ်တွေရှိပါတယ်။ အဲ့ဒီ တက္ကသိုလ်တွေဟာ (၁၈)ရာစုနှစ်ကတည်းက တည်ဆောက်ခဲ့တဲ့ တက္ကသိုလ်တွေဖြစ်ပါတယ်။

Lille မြို့မှာ တက္ကသိုလ်ကျောင်းသူ ကျောင်းသားဦးရေ (၁၁၀,၀၀၀)ကျော်ရှိတဲ့အတွက် ပြင်သစ် နိုင်ငံရဲ့ ကျောင်းသားအများဆုံးရှိတဲ့ မြို့ကြီးတစ်မြို့လည်းဖြစ်ပါတယ်။ Lille Catholique University ကို (၁၈၇၅) မှာစတင်ဖွင့်လှစ်ခဲ့ပြီး၊ ဥပဒေ၊ စီးပွားရေး၊ ဆေးပညာ၊ ရူပဗေဒစတဲ့ အခြေပြု ကျောင်းများနဲ့ ဖွဲ့စည်းထားပါတယ်။ အဲဒီထဲမှာ နာမည်ကြီးတဲ့တက္ကသိုလ်တစ်ခု ကတော့ Institue Catholique d'arts et Me¬tiers (ICAM) ဖြစ်ပြီး (၁၈၉၈)ခုနှစ်မှာ တည်ထောင်ဖွင့်လှစ်ခဲ့ပါတယ်။ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် (၂၀) ထဲမှာပါ၀င်ပါတယ်။ Ecle des Hantes e'tnel d'ingenieus (HEI) အင်ဂျင်နီယာတက္ကသိုလ်ကို (၁၈၈၅)ခုနှစ်မှာ တည်ထောင်ဖွင့်လှစ်ခဲ့ပါတယ်။ အင်ဂျင်နီယာ ပညာရပ်နယ်ပါယ် (၁၀)ခုကို သင်ကြားပေးလျက် ရှိပါသည်။ EDHEC ဆိုတဲ့စီးပွားရေး သိပ္ပံကျောင်းကို (၁၉၀၆)တွင်လည်းကောင်း၊ IESEG School Ma¬nagent နဲ့ Business School တို့ကို (၁၉၆၄)ခုနှစ်တွင်လည်းကောင်း၊ ESJ ဟုခေါ်သော (Journilism School) ကို (၁၉၂၄)ခုနှစ်တွင် လည်းကောင်း အသီးသီး ဖွင့်လှစ်ခဲ့သော တက္ကသိုလ်ကြီးဖြစ်ပါတယ်။ မြန်မာကျောင်းသူ ကျောင်းသားတွေ (Journilism School) သွားတက်မယ့် HEI က အဲဒီ M.Sc(Engineer) မှာပါ၀င်တဲ့ တက္ကသိုလ်တစ်ခု ဖြစ်ပါတယ်။

Lille မြို့ဟာ ဥရောပရဲ့ အဓိကကျတဲ့ မြို့ပြနေရာကြီး (၃)ခုနဲ့ ဆက်စပ်နေပါတယ်။ အဲဒါကတော့ လန်ဒန်၊ ပဲရစ်နဲ့ ဘရပ်ဆဲ(လ်)တို့ပဲဖြစ်ပါတယ်။ Lille ကနေ (၃၅)မိနစ်သွားရင် ဘယ်(လ်)ဂျီယံ နိုင်ငံရဲ့ဘရပ်ဆဲ(လ်)၊ တစ်နာရီသွားရင် ပဲရစ်၊ (၈၀)မိနစ်သွားရင် အင်္ဂလန်နိုင်ငံရဲ့ လန်ဒန်ကို ရောက်ပါတယ်။ ဒါကြောင့် Lille က ဥရောပရဲ့အချက်အခြာနေရာတွေနဲ့ အနီးဆုံးနေရာမှာ ရှိပါတယ်လို့ ဆိုပါတယ်။

၁၉၈၃ ခုနှစ်တုန်းက စတင်ဖွင့်လှစ်ခဲ့တဲ့ မောင်းသူမဲ့ ရထားစနစ် (Driverless metro System ) က ကမ္ဘာ ပေါ်မှာ ပထမဆုံးဖြစ်ပါတယ်။

Lille မှာရှိတဲ့ကျောင်းသားဦးရေ (၁၁၀,၀၀) ကျော်ဟာ ကမ္ဘာ့နိုင်ငံတကာကလာပြီး ကျောင်းလာတက် တဲ့ ကျောင်းသာတွေအများစု ပါ၀င်ပါတယ်။ Lille Catholique University မှာအများဆုံးပါတဲ့။

ဒါကြောင့် မြန်မာနိုင်ငံကကျောင်းသွားတက်မဲ့ ကျောင်းသူကျောင်းသားများအနေနဲ့ သိပ်မခက်ခဲနိုင်ပါဘူး။ ကျောင်းသားမြို့လို ဖြစ်နေတဲ့အတွက် အားလုံးခင်ခင်မင်မင်ပျော်ပျော်ရွှင်ရွှင်နဲ့ ပေါင်းသင်းနေထိုင်နိုင်ပါတယ်။ လူငယ်တွေအတွက် စားသောက်ဆိုင်တွေ၊ Coffee Shop တွေ၊ Bar တွေအများအပြားရှိပါတယ်။ လူငယ်လူရွယ်တွေများတဲ့ အတွက် စိတ်ကူးစိတ်သန်း အသစ်တွေနဲ့ပြည့်နက်နေတယ် လို့ဆိုပါတယ်။ ဒါကြောင့် ပညာရေးမြို့တော်ဖြစ်တဲ့ Lille ဟာ နုပျိုလန်းဆန်းဆုံး ဖြစ်နေပါတယ်။ လူငယ်လူရွယ်တွေလဲ စီးပွားရေးလုပ်ငန်းတွေကို Lille မှာ အလွယ်တကူ လုပ်နိုင်တာကြောင့် Lille ဟာနုပျိုလန်းဆန်းဆုံး ဖြစ်ရုံသာမက စီးပွားရေး ကောင်းမွန်တဲ့ မြို့ကြီးပုံစံလည်း ဖြစ်နေပါတယ်။

Lille မြို့မှာ ကောင်းမွန်တဲ့ အများပြည်သူသုံး စနစ် (Public Transport Network) ရှိပါတယ်။ မြေအောက်ရထားစနစ်၊ ဘတ်(စ်)ကားစနစ်၊ လျှပ်စစ်နဲ့မောင်းတဲ့ Street car စနစ်တို့ရှိပါတယ် ရူရိုငွေ (€၁.၅၀)တန်လက်မှတ်တစ်စောင်နဲ့ ကြိုက်တာကို စီးလို့ရပါတယ်။ နေရာတော်တော်များများကိုအခမဲ့ စီးနိုင်ပါတယ်။







ျပင္သစ္ကုိ သြားလည္ၾကမယ္

ျပင္သစ္ႏုိင္ငံဟာ ကမၻာမွာ အေက်ာ္ၾကားဆံုး ခရီးသြားေတြ ႏွစ္သက္တဲ့ႏုိင္ငံ ျဖစ္ပါတယ္။ တစ္ႏွစ္ကုိ ႏုိင္ငံျခားခရီးသြား ေတြ (၈၂) သန္းေက်ာ္ လာလည္ေလ့ရွိပါ တယ္။ ခရီးသြားေတြကုိ အဓိက ဆြဲေဆာင္ ထားေတြကေတာ့ ျပင္သစ္ယဥ္ေက်းမႈ သမုိင္း၀င္ ထင္ရွားတဲ့ အေဆာက္အဦေတြ နဲ႔ ေနရာေတြ၊ နာမည္ႀကီး ျပင္သစ္၀ုိင္နဲ႔ အလွအဖက္ရွင္ေတြပါဘဲ။ ဥေရာပရဲ႕ ေရွး အက်ဆံုးၿမိဳ႕ေတြထဲမွာ ျပင္သစ္ႏုိင္ငံေတာင္ပုိင္းမွာရွိတဲ့ ဒုတိယအႀကီးဆံုးၿမိဳ႕ျဖစ္တဲ့ မာေဆး(ဂ္) Marsille ၿမိဳ႕ျဖစ္ပါတယ္။ ေျမထဲပင္လယ္ရဲ႕ အေငြ႕အသက္နဲ႔ ေရွးက်ေသာ္လည္း လွပတဲ့ၿမိဳ႕ဟာ သြားေရာက္ လည္ပတ္ရမယ့္ေနရာတစ္ခုျဖစ္ပါတယ္။

ပဲရစ္ၿမိဳ႕ကေတာ့ ေျပာစရာေတာင္ မလုိပါဘူး။ တစ္ကမၻာလံုးသိၿပီး သြားၿပီးရင္း သြားျခင္စရာေကာင္းတဲ့ ၿမိဳ႕ႀကီးျဖစ္ပါတယ္။ ကမၻာေပၚမွာ တုိးရစ္အမ်ားဆံုးလာတဲ့ၿမိဳ႕လုိ႔သိရပါတယ္။ တစ္ႏွစ္ကုိ ပ်မ္းမွ် တုိးရစ္ (၄၅)သန္းေလာက္ လာပါတယ္။ ပဲရစ္ဟာ ျပင္သစ္ႏုိင္ငံရဲ႕ ၿမိဳ႕ေတာ္ဆုိတာအျပင္ City of Light, City of Love, Cap¬ital of Fashion လုိ႔လည္း တင္စား ၾကပါေသးတယ္။ ပဲရစ္ၿမိဳ႕မွာ လည္ပတ္စရာ ကမၻာ့အံ့ဖြယ္ အီဖယ္(လ္)ေမွ်ာ္စင္ (Eiffel Tower) အျပင္ ေရွးေဟာင္းအေဆာက္အဦမ်ား ျဖစ္ေသာ Notre-Dame ဘုရားရွစ္ခုိးေက်ာင္း၊ ေရွးေဟာင္း Pont Neut တံတား၊ ျပင္သစ္သူရဲေကာင္းမ်ား အထိမ္းအမွတ္ အေဆာက္အဦမ်ားအျပင္ (၁၇၉၃) ခုႏွစ္ ျပင္သစ္ေတာ္လွန္ေရးကာလတြင္ ဖြင့္လွစ္ခဲ့ေသာ The Louvre ျပတုိက္သုိ႔လည္းလည္ပတ္ႏုိင္ပါတယ္။

The Eiffel Tower

ျပင္သစ္လုိ႔ဆုိလိုက္လွ်င္ ပဲရစ္ႏွင့္ အီဖယ္(လ္)ေမွ်ာ္စင္ကုိ လူတုိင္းသိၾကပါ တယ္။ ကမၻာအံ့ဖြယ္တစ္ခုျဖစ္သလုိ ျပင္သစ္ႏုိင္ငံရဲ႕ ဒီဇုိင္နာစက္မႈအင္ဂ်င္နီယာပညာကုိ ေဖာ္ျပတဲ့ ျပယုဂ္တစ္ခုျဖစ္ပါတယ္။ ၁၈၈၉ ခုႏွစ္မွာ တည္ေဆာက္ခဲ့ၿပီး မီတာ (၃၀၀)ျမင့္တဲ့အတြက္ အဲဒီအခ်ိန္က ကမၻာမွာ အျမင့္ ဆံုးအေဆာက္အဦတစ္ခု ျဖစ္ခဲ့ပါတယ္။
ျပင္သစ္ႏုိင္ငံ၏ အထိမ္းအမွတ္ ျဖစ္ေသာ Are De Trionphe မုဒ္ဦး သကၠန္းေက်ာင္းတုိင္မွာလည္း အံ့ဖြယ္တစ္ မ်ိဳးျဖစ္ပါတယ္။ ျပင္သစ္ဘုရင္ နပုိလီယံမွ စစ္ပြဲမ်ားတြင္ ပါ၀င္ခဲ့ေသာ စစ္ဗုိလ္ခ်ဳပ္ႀကီး (၆၆၀)၏ အမည္မ်ား သာမက အသက္စြန္႔ခဲ့ ေသာ အညတရစစ္သားမ်ားအတြက္ ဂုဏ္ျပဳေမာ္ကြန္းတင္ထားေသာ အေဆာက္အဦ ျဖစ္ပါတယ္။
ပဲရစ္ၿမိဳ႕တြင္ ေရွးေဟာင္းအထိမ္း အမွတ္အေဆာက္အဦမ်ားသာမက ေစ်း၀ယ္စင္တာမ်ား၊ ျပင္သစ္ စားေသာက္ဆုိင္မ်ား၊ ဖက္ရွင္ျပပြဲမ်ား၊ ျပင္သစ္ ယဥ္ေက်းမႈ အႏုပညာျပတိုက္မ်ား စသည္ျဖင့္ လည္စရာ ပတ္စရာစံုလင္ေသာ ၿမိဳ႕ႀကီးျဖစ္ပါတယ္။ ေရွးအက်ဆံုး ကုန္တုိက္ႀကီးျဖစ္ေသာ Gal¬eris Lafayette သုိ႔လည္း သြားေရာက္ ေစ်း၀ယ္ႏုိင္ပါတယ္။

ျပင္သစ္မွာ သြားလည္စရာေနာက္ တစ္ေနရာကေတာ့ French Reviera ျဖစ္ပါတယ္။ ေျမထဲပင္လယ္ရဲ႕ ပင္လယ္ကမ္းေျခေနရာျဖစ္ပါတယ္။ ကမၻာ့သူေ႒းႀကီးေတြ နာမည္ႀကီးအေက်ာ္အေမာ္ေတြ သြား တဲ့ေနရာလုိ႔ နာမည္ႀကီးပါတယ္။ အားလံုးသိၾကတဲ့ နာမည္ေက်ာ္ ကိန္း(စ္)႐ုပ္ရွင္ပြဲ ေတာ္ (Cannes Film Festival) ျပဳလုပ္ေလ့ရွိတဲ့ေနရာ ျဖစ္ပါတယ္။

တုိးရစ္ေတြသြားေလ့ရွိတဲ့ ေနရာ တစ္ခုကေတာ့ Loire Valley ျဖစ္ပါတယ္။ ျပင္သစ္ႏုိင္ငံ အလယ္ပုိင္းျဖစ္ၿပီး ကမၻာေက်ာ္ရဲတိုက္ႀကီးေတြ၊ ျပင္သစ္၀ုိင္ထုတ္လုပ္တဲ့ Vineyard ေတြနဲ႔ သမုိင္း၀င္ ေက်းရြာေတြကုိပါ ေတြ႕ႏုိင္ပါတယ္။ နာမည္ႀကီး၀ုိင္ ထုတ္လုပ္တဲ့ ေနရာေတြျဖစ္တဲ့အတြက္ တုိးရစ္ေတြဟာ လည္ရင္းပါတ္ရင္းနဲ႔ ၀ိုင္မည္းတဲ့အရ သာကုိလည္း ခံစားႏုိင္ၾကမွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ခရီးသြားလုပ္ငန္းကုမၸဏီေတြဟာ Loire Valley အတြက္ သီးသန္႔ Wine Tasting Tour အစီအစဥ္ေတြလည္း ျပဳလုပ္ၿပီး ခရီးသြားေတြကုိ ဆြဲေဆာင္ေလ့ရွိပါတယ္။ Loire ျမစ္တစ္ေလွ်ာက္မွာ အလြန္လွပတဲ့ သဘာ၀႐ႈခင္းေတြနဲ႔ သမုိင္း၀င္ေနရာေတြ ရွိတဲ့အတြက္ ထင္ရွားတဲ့ေနရာတခု ျဖစ္ပါတယ္။

Unicode Version

ပြင်သစ်ကို သွားလည်ကြမယ်
ပြင်သစ်နိုင်ငံဟာ ကမ္ဘာမှာ အကျော်ကြားဆုံး ခရီးသွားတွေ နှစ်သက်တဲ့နိုင်ငံ ဖြစ်ပါတယ်။ တစ်နှစ်ကို နိုင်ငံခြားခရီးသွား တွေ (၈၂) သန်းကျော် လာလည်လေ့ရှိပါ တယ်။ ခရီးသွားတွေကို အဓိက ဆွဲဆောင် ထားတွေကတော့ ပြင်သစ်ယဉ်ကျေးမှု သမိုင်းဝင် ထင်ရှားတဲ့ အဆောက်အဦတွေ နဲ့ နေရာတွေ၊ နာမည်ကြီး ပြင်သစ်ဝိုင်နဲ့ အလှအဖက်ရှင်တွေပါဘဲ။ ဥရောပရဲ့ ရှေး အကျဆုံးမြို့တွေထဲမှာ ပြင်သစ်နိုင်ငံတောင်ပိုင်းမှာရှိတဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မာဆေး(ဂ်) Marsille မြို့ဖြစ်ပါတယ်။ မြေထဲပင်လယ်ရဲ့ အငွေ့အသက်နဲ့ ရှေးကျသော်လည်း လှပတဲ့မြို့ဟာ သွားရောက် လည်ပတ်ရမယ့်နေရာတစ်ခုဖြစ်ပါတယ်။

ပဲရစ်မြို့ကတော့ ပြောစရာတောင် မလိုပါဘူး။ တစ်ကမ္ဘာလုံးသိပြီး သွားပြီးရင်း သွားခြင်စရာကောင်းတဲ့ မြို့ကြီးဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ တိုးရစ်အများဆုံးလာတဲ့မြို့လို့သိရပါတယ်။ တစ်နှစ်ကို ပျမ်းမျှ တိုးရစ် (၄၅)သန်းလောက် လာပါတယ်။ ပဲရစ်ဟာ ပြင်သစ်နိုင်ငံရဲ့ မြို့တော်ဆိုတာအပြင် City of Light, City of Love, Cap¬ital of Fashion လို့လည်း တင်စား ကြပါသေးတယ်။ ပဲရစ်မြို့မှာ လည်ပတ်စရာ ကမ္ဘာ့အံ့ဖွယ် အီဖယ်(လ်)မျှော်စင် (Eiffel Tower) အပြင် ရှေးဟောင်းအဆောက်အဦများ ဖြစ်သော Notre-Dame ဘုရားရှစ်ခိုးကျောင်း၊ ရှေးဟောင်း Pont Neut တံတား၊ ပြင်သစ်သူရဲကောင်းများ အထိမ်းအမှတ် အဆောက်အဦများအပြင် (၁၇၉၃) ခုနှစ် ပြင်သစ်တော်လှန်ရေးကာလတွင် ဖွင့်လှစ်ခဲ့သော The Louvre ပြတိုက်သို့လည်းလည်ပတ်နိုင်ပါတယ်။

The Eiffel Tower

ပြင်သစ်လို့ဆိုလိုက်လျှင် ပဲရစ်နှင့် အီဖယ်(လ်)မျှော်စင်ကို လူတိုင်းသိကြပါ တယ်။ ကမ္ဘာအံ့ဖွယ်တစ်ခုဖြစ်သလို ပြင်သစ်နိုင်ငံရဲ့ ဒီဇိုင်နာစက်မှုအင်ဂျင်နီယာပညာကို ဖော်ပြတဲ့ ပြယုဂ်တစ်ခုဖြစ်ပါတယ်။ ၁၈၈၉ ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး မီတာ (၃၀၀)မြင့်တဲ့အတွက် အဲဒီအချိန်က ကမ္ဘာမှာ အမြင့် ဆုံးအဆောက်အဦတစ်ခု ဖြစ်ခဲ့ပါတယ်။
ပြင်သစ်နိုင်ငံ၏ အထိမ်းအမှတ် ဖြစ်သော Are De Trionphe မုဒ်ဦး သက္ကန်းကျောင်းတိုင်မှာလည်း အံ့ဖွယ်တစ် မျိုးဖြစ်ပါတယ်။ ပြင်သစ်ဘုရင် နပိုလီယံမှ စစ်ပွဲများတွင် ပါ၀င်ခဲ့သော စစ်ဗိုလ်ချုပ်ကြီး (၆၆၀)၏ အမည်များ သာမက အသက်စွန့်ခဲ့ သော အညတရစစ်သားများအတွက် ဂုဏ်ပြုမော်ကွန်းတင်ထားသော အဆောက်အဦ ဖြစ်ပါတယ်။
ပဲရစ်မြို့တွင် ရှေးဟောင်းအထိမ်း အမှတ်အဆောက်အဦများသာမက စျေးဝယ်စင်တာများ၊ ပြင်သစ် စားသောက်ဆိုင်များ၊ ဖက်ရှင်ပြပွဲများ၊ ပြင်သစ် ယဉ်ကျေးမှု အနုပညာပြတိုက်များ စသည်ဖြင့် လည်စရာ ပတ်စရာစုံလင်သော မြို့ကြီးဖြစ်ပါတယ်။ ရှေးအကျဆုံး ကုန်တိုက်ကြီးဖြစ်သော Gal¬eris Lafayette သို့လည်း သွားရောက် စျေးဝယ်နိုင်ပါတယ်။

ပြင်သစ်မှာ သွားလည်စရာနောက် တစ်နေရာကတော့ French Reviera ဖြစ်ပါတယ်။ မြေထဲပင်လယ်ရဲ့ ပင်လယ်ကမ်းခြေနေရာဖြစ်ပါတယ်။ ကမ္ဘာ့သူဋ္ဌေးကြီးတွေ နာမည်ကြီးအကျော်အမော်တွေ သွား တဲ့နေရာလို့ နာမည်ကြီးပါတယ်။ အားလုံးသိကြတဲ့ နာမည်ကျော် ကိန်း(စ်)ရုပ်ရှင်ပွဲ တော် (Cannes Film Festival) ပြုလုပ်လေ့ရှိတဲ့နေရာ ဖြစ်ပါတယ်။

တိုးရစ်တွေသွားလေ့ရှိတဲ့ နေရာ တစ်ခုကတော့ Loire Valley ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံ အလယ်ပိုင်းဖြစ်ပြီး ကမ္ဘာကျော်ရဲတိုက်ကြီးတွေ၊ ပြင်သစ်ဝိုင်ထုတ်လုပ်တဲ့ Vineyard တွေနဲ့ သမိုင်းဝင် ကျေးရွာတွေကိုပါ တွေ့နိုင်ပါတယ်။ နာမည်ကြီးဝိုင် ထုတ်လုပ်တဲ့ နေရာတွေဖြစ်တဲ့အတွက် တိုးရစ်တွေဟာ လည်ရင်းပါတ်ရင်းနဲ့ ၀ိုင်မည်းတဲ့အရ သာကိုလည်း ခံစားနိုင်ကြမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ခရီးသွားလုပ်ငန်းကုမ္ပဏီတွေဟာ Loire Valley အတွက် သီးသန့် Wine Tasting Tour အစီအစဉ်တွေလည်း ပြုလုပ်ပြီး ခရီးသွားတွေကို ဆွဲဆောင်လေ့ရှိပါတယ်။ Loire မြစ်တစ်လျှောက်မှာ အလွန်လှပတဲ့ သဘာဝရှုခင်းတွေနဲ့ သမိုင်းဝင်နေရာတွေ ရှိတဲ့အတွက် ထင်ရှားတဲ့နေရာတခု ဖြစ်ပါတယ်။












ျပင္သစ္ဖက္႐ွင္

ျပင္သစ္ႏိုင္ငံသည္ ဖက္႐ွင္ဒီဇိုင္း ေလာကတြင္ အီတလီ၊ ဂ်ာမဏီ၊ ျဗိတိန္၊ ဂ်ပန္၊ ေမရိကန္စေသာ နိုင္ငံမ်ားႏွင့္ အျပိဳင္ ကမၻာ့ထိပ္တန္း ႏုိင္ငံျဖစ္ပါသည္။ ဖက္႐ွင္ဟူသည္မွာ တုိင္းျပည္၏ ယဥ္ေက်းမႈႏွင့္ လူေနမႈစ႐ိုက္ကို ထင္ဟပ္ေစေသာေၾကာင့္ ျပင္သစ္လူမ်ိဳးတို႕သည္ ဖက္႐ွင္ကို အထူး အေလးေပးၾကသည္။ ဖက္႐ွင္သည္ ျပင္သစ္လူမ်ိဳးတို႕၏ဘ၀တြင္ အေရးပါေသာကိစၥ တစ္ရပ္ပင္ျဖစ္ပါသည္။ ထို႕ေၾကာင့္ျပင္သစ္ ႏိုင္ငံတြင္ ဖက္႐ွင္လုပ္ငန္းမ်ားထြန္းကားတိုး တက္ျပီး ဖက္႐ွင္ဒီဇိုင္နာမ်ားစြာ႐ွိေနျခင္း ျဖစ္ပါသည္။ ျပင္သစ္ဖက္႐ွင္ ဒီဇိုင္းမ်ား၏ အစသည္ (၁၅) ရာစုႏွစ္ကတည္းက႐ွိခဲ့ျပီး (၁၇)ရာစုႏွစ္တြင္ ျပင္သစ္ဖက္႐ွင္ဒီဇိုင္းသည္ ျပင္သစ္ႏိုင္ငံ၏ ပို႕ကုန္အျဖစ္ ေပၚေပါက္လာခဲ့သည္ဟု သိရပါသည္။ ပဲရစ္တြင္ ျပင္သစ္ဖက္႐ွင္လုပ္ငန္းမ်ား၏ ဗဟိုခ်က္မျဖစ္ကာ ပဲရစ္ဟုဆုိလိုက္လ်င္ ကမၻာဖက္႐ွင္ ျမိဳ႕ေတာ္ၾကီး (World Fashion Cap¬ital) အျဖစ္သိျပီး ျဖစ္ပါသည္။ ပဲရစ္တစ္ျမိဳ႕လံုး Fashion boutique မ်ား ျဖင့္ျပည့္နက္လ်က္႐ွိပါသည္။ ကမၻာေက်ာ္ အမွတ္တံဆိပ္မ်ားျဖစ္ေသာ Chanel, Louris Vcitton, Dior ,Lacroip, Prerre Cardm, Celine, Girencho ,Jeam Paul Gaulpto, Hermes, Lamrein, Rochao စသည္တို႕၏ ႐ုံးခ်ဴပ္မ်ားသည္ ပဲရစ္ျမိဳ႕တြင္တည္ရွိပါသည္။

ပဲရစ္ျမိဳ႕သာမက အျခားေသာျမဳိ႕ၾကီး မ်ားျဖစ္ၾကေသာ Lyon, Marseille, Tonlouse, Lille, Starsboung, Bordeams, Nuntoor, Rennes, တို႕လည္း တန္ဖိုးၾကီးအလွအပႏွင့္ ဖက္႐ွင္ဒီဇိုင္းမ်ားဖန္တီးေသာ ျမိဳ႕ၾကီးမ်ားျဖစ္ပါသည္။ Ue-se-France, Manosque, La Gacillng ႏွင့္ Vichy စသည့္ျမိဳ႕မ်ား သည္ ကမၻာေက်ာ္ Beauty House မ်ားျဖစ္ၾကျပီး အလွကုန္ထုတ္လုပ္ငန္း L'Oreal, Lan Corne,Grealain, Clarins , Yves Rocher, L'Ocui¬tane, Vicho စသည္တို႕ကို ထုတ္လုပ္ ရာတြင္ Nice, Caune, Sh Trope စေသာ အျခားျမိဳ႕ၾကီးမ်ားမွာလည္း ႏိုင္ငံတကာ ျပပြဲမ်ားျပဳလုပ္ရာ ႏုိင္ငံေပါင္းစံုမွ အေက်ာ္အေမာ္မ်ား ဘီလ်ံနာသူေဌးမ်ား၊ မီဒီယာမ်ား စု႐ံုးေရာက္႐ွိရာ အရပ္မ်ား ျဖစ္ပါသည္။

ပဲရစ္ဖက္႐ွင္ရက္သတၲပါတ္ ( Paris Fashion Weak) ကို Milan Fashion Weak အျပီး တစ္ႏွစ္လ်င္ ႏွစ္ၾကိမ္ျပဳလုပ္ ေပးပါသည္။ ျပင္သစ္လူမ်ိဳးတို႕သည္ ကမၻာေက်ာ္ဖက္႐ွင္ ဒီဇိုင္းမ်ားကို ဖန္တီးျပဳလုပ္ေသာ္လည္း၊ ျပင္သစ္အမ်ားစုသည္ အ၀တ္အစားမ်ားကို ဆန္းဆန္းျပားျပား မ၀တ္တတ္ ၾကပါ။ အေမရိကန္မ်ားက့ဲသို႕ အားကစား သမားပုံမေပါက္သျဖင့္ အေမရိကန္တို႕ကဲသို႕ မိမိ္ခႏၶာကိုယ္ကို က်စ္လစ္ေတာင့္တင္းေအာင္လဲ မေလ့က်င့္ပါ။ ခပ္႐ိုး႐ိုးေ႐ွး႐ိုးသ႑န္လိုျဖစ္ပါသည္။ အေရာင္မ်ိဳးစံု လည္းမ၀တ္ၾကပါ။ ပဲရစ္ျမိဳ႕ လမ္းမ်ားေပၚတြင္လည္း သင္ၾကည့္လုိက္ပါလွ်င္ အေရာင္ အမ်ိဳးမ်ိဳးကို ေတြ႕ရမည္မဟုတ္ပါ။ သူတို႕ဆံပင္ကိုလဲ အဂၤလိပ္ေတြလို ခဏခဏ မေလွ်ာ္ပါ။ ထို႕ျပင္ မိတ္ကပ္ကိုလဲ မ်ားမ်ား လိမ္းခ်ယ္ျခင္းမျပဳပါ။ တစ္နည္းဆိုေသာ္ ျပင္သစ္သူမ်ားသည္ အ၀တ္အစား လြန္လြန္ ကဲကဲ၀တ္ဆင္ျခင္း (Overdress) မျပဳလုပ္ဟု ဆိုနိုင္ပါသည္။ သို႕ေသာ္ သူတုိ႕၏ အ၀တ္အစားမ်ားကို အႏုပညာေျမာက္ေအာင္ ဖန္တီးတီထြင္၀တ္ဆင္မႈေတာ့ ျပဳလုပ္တတ္ၾကပါသည္။

ျပင္သစ္သူမ်ားသည္ ဖက္႐ွင္ကို ျမတ္ႏိုးသူမ်ားျဖစ္ေသာ္လည္း အ၀တ္အစားကို အလြန္အကြၽံ၀တ္ျခင္း (Overdress) မ်ိဳးမျပဳလုပ္သကဲ့သို႕ အ၀တ္အစားခပ္ၾကပ္ၾကပ္ (too tight) ခပ္ေသးေသး (too small)
မ်ိဳးလည္းမ၀တ္တတ္ပါ။ မ်ားေသာအားျဖင့္ ဂ်င္းေဘာင္ဘီ ၊ ကိုယ္တိုင္းႏွင့္ ခ်ဳပ္ထားေသာ ကုဒ္အကၤ်ီ၊ ကက္(ရွ္)မီးယား ဆြယ္တာတို႕၀တ္ေလ့႐ွိၿပီး အနက္ေရာင္ ခပ္မ်ားမ်ား၀တ္ေလ့႐ွိပါသည္။ သူတို႕သည္ အနက္ေရာင္အျပင္ အျဖဴေရာင္၊ ေနဗီ အျပာေရာင္စသည္တို႕ကိုလည္း ႀကိဳက္တတ္ပါသည္။ ခပ္လြယ္လြယ္၀တ္ဆင္ႏိုင္ေသာ ဘေလာက္အ႐ွည္မ်ားႏွင့္အတူ ဖန္စီလည္ ဆြဲ၊ လက္ေကာက္မ်ား၊ ေနကာမ်က္မွန္တို႕ ကိုေပါင္းစပ္၀တ္္စားဆင္ယင္ၿပီး၊ မည္သည့္ အေျခအေန အခမ္းအနား ကိစၥအတြက္မဆို သြားႏိုင္ေသာပံုစံမ်ိဳးျဖစ္ပါသည္။ ျပင္သစ္တို႕၏ ၀တ္စားဆင္ယင္ပံုမွာ အျခားေသာ ႏိုင္ငံမ်ားႏွင့္ မတူသည့္အားေလွ်ာ္စြာ မိမိတို႕ ကိုယ္တိုင္ အတိုင္းအထြာမ်ားကို အတိအက် ခ်ဳပ္လုပ္၀တ္ဆင္ျခင္မ်ိဳးျဖစ္ၿပီး ဖ႐ိုဖရဲ၊ ဖို႐ို႕ဖါးရား ပံုစံမ်ိဳး၀တ္ဆင္ေလ့မ႐ိွပါ။ ထို႕ေၾကာင့္ ျပင္သစ္ႏိုင္ငံ တြင္ ကိုယ္တိုင္းႏွင့္ အျမန္ခ်ဳပ္ေပးေသာ (Bontique tai¬lor) ဆိုင္မ်ား႐ွိပါသည္။ ျပင္သစ္ႏိုင္ငံ၏ ကမၻာေက်ာ္ Coco Chanel မွ ေဖာ္ျပသည့္အခ်က္တစ္ခုမွာ “အိမ္ကမထြက္မီ မွန္တစ္ခါၾကည့္ပါ၊ ၿပီးေတာ့အဆင္တန္ဆာ တစ္ခုခုကိုျဖဳတ္ခဲ့ပါ” ဟူေသာ စာစုေလးတစ္ခုျဖစ္ပါသည္။ သေဘာတရားမွာ ျပင္သစ္သူတို႕သည္ အဆင္တန္ဆာတို႕ကို အလြန္အကြၽံ၀တ္ေလ့မ႐ွိ၊ တတ္ႏိုင္သမွ် လူ၏ သဘာ၀ကို ပိုမိုေပၚလြင္ေစျပီး အ၀တ္အစား၊ အဆင္တန္ဆာမ်ားျဖင့္ ဆြဲေဆာင္ျခင္း Over Sexy ျဖစ္ျခင္းမ်ိဳးကို ေ႐ွာင္႐ွားေလ့ ႐ွိပါသည္။ ျပင္သစ္သူမ်ားသည္ အ၀တ္အစားမ်ားမ်ားစားစားမ႐ွိေသာ္လည္း အရည္ အေသြး႐ွိေသာ အေကာင္းစားမ်ားကိုသာ အသံုးျပဳေလ့႐ွိပါသည္။ ထုိ႔ေၾကာင့္ ျပင္သစ္ ဖက္႐ွင္မွာ ေျပာင္ေျပာင္ေရာင္ေရာင္၊ အေရာင္မ်ိဳးစံု၊ ႐ႈပ္ေထြးေသာအ၀တ္အစား မ်ား၊ ကိုယ္တိုင္မလုပ္ေသာ အသင့္ခ်ဳပ္ၿပီး အ၀တ္အစားမ်ားေၾကာင့္ ခပ္ၾကပ္ၾကပ္ ခပ္တိုတို၊ ဖို႔႐ို႕ဖါးရားမ်ိဳးမဟုတ္ဘဲ အရည္ အေသြးျမင့္ ခပ္႐ွင္း႐ွင္း၀တ္ဆင္ၿပီး အျခား သူမ်ားႏွင့္မတူဘဲ မိမိႏွင့္လိုက္မည့္ ဖက္႐ွင္ ကိုသာ အဓိကထားၾကပါသည္။

Unicode Version

ပြင်သစ်ဖက်ရှင်
ပြင်သစ်နိုင်ငံသည် ဖက်ရှင်ဒီဇိုင်း လောကတွင် အီတလီ၊ ဂျာမဏီ၊ ဗြိတိန်၊ ဂျပန်၊ မေရိကန်စသော နိုင်ငံများနှင့် အပြိုင် ကမ္ဘာ့ထိပ်တန်း နိုင်ငံဖြစ်ပါသည်။ ဖက်ရှင်ဟူသည်မှာ တိုင်းပြည်၏ ယဉ်ကျေးမှုနှင့် လူနေမှုစရိုက်ကို ထင်ဟပ်စေသောကြောင့် ပြင်သစ်လူမျိုးတို့သည် ဖက်ရှင်ကို အထူး အလေးပေးကြသည်။ ဖက်ရှင်သည် ပြင်သစ်လူမျိုးတို့၏ဘဝတွင် အရေးပါသောကိစ္စ တစ်ရပ်ပင်ဖြစ်ပါသည်။ ထို့ကြောင့်ပြင်သစ် နိုင်ငံတွင် ဖက်ရှင်လုပ်ငန်းများထွန်းကားတိုး တက်ပြီး ဖက်ရှင်ဒီဇိုင်နာများစွာရှိနေခြင်း ဖြစ်ပါသည်။ ပြင်သစ်ဖက်ရှင် ဒီဇိုင်းများ၏ အစသည် (၁၅) ရာစုနှစ်ကတည်းကရှိခဲ့ပြီး (၁၇)ရာစုနှစ်တွင် ပြင်သစ်ဖက်ရှင်ဒီဇိုင်းသည် ပြင်သစ်နိုင်ငံ၏ ပို့ကုန်အဖြစ် ပေါ်ပေါက်လာခဲ့သည်ဟု သိရပါသည်။ ပဲရစ်တွင် ပြင်သစ်ဖက်ရှင်လုပ်ငန်းများ၏ ဗဟိုချက်မဖြစ်ကာ ပဲရစ်ဟုဆိုလိုက်လျင် ကမ္ဘာဖက်ရှင် မြို့တော်ကြီး (World Fashion Cap¬ital) အဖြစ်သိပြီး ဖြစ်ပါသည်။ ပဲရစ်တစ်မြို့လုံး Fashion boutique များ ဖြင့်ပြည့်နက်လျက်ရှိပါသည်။ ကမ္ဘာကျော် အမှတ်တံဆိပ်များဖြစ်သော Chanel, Louris Vcitton, Dior ,Lacroip, Prerre Cardm, Celine, Girencho ,Jeam Paul Gaulpto, Hermes, Lamrein, Rochao စသည်တို့၏ ရုံးချူပ်များသည် ပဲရစ်မြို့တွင်တည်ရှိပါသည်။

ပဲရစ်မြို့သာမက အခြားသောမြို့ကြီး များဖြစ်ကြသော Lyon, Marseille, Tonlouse, Lille, Starsboung, Bordeams, Nuntoor, Rennes, တို့လည်း တန်ဖိုးကြီးအလှအပနှင့် ဖက်ရှင်ဒီဇိုင်းများဖန်တီးသော မြို့ကြီးများဖြစ်ပါသည်။ Ue-se-France, Manosque, La Gacillng နှင့် Vichy စသည့်မြို့များ သည် ကမ္ဘာကျော် Beauty House များဖြစ်ကြပြီး အလှကုန်ထုတ်လုပ်ငန်း L'Oreal, Lan Corne,Grealain, Clarins , Yves Rocher, L'Ocui¬tane, Vicho စသည်တို့ကို ထုတ်လုပ် ရာတွင် Nice, Caune, Sh Trope စသော အခြားမြို့ကြီးများမှာလည်း နိုင်ငံတကာ ပြပွဲများပြုလုပ်ရာ နိုင်ငံပေါင်းစုံမှ အကျော်အမော်များ ဘီလျံနာသူဌေးများ၊ မီဒီယာများ စုရုံးရောက်ရှိရာ အရပ်များ ဖြစ်ပါသည်။

ပဲရစ်ဖက်ရှင်ရက်သတ္တပါတ် ( Paris Fashion Weak) ကို Milan Fashion Weak အပြီး တစ်နှစ်လျင် နှစ်ကြိမ်ပြုလုပ် ပေးပါသည်။ ပြင်သစ်လူမျိုးတို့သည် ကမ္ဘာကျော်ဖက်ရှင် ဒီဇိုင်းများကို ဖန်တီးပြုလုပ်သော်လည်း၊ ပြင်သစ်အများစုသည် အဝတ်အစားများကို ဆန်းဆန်းပြားပြား မဝတ်တတ် ကြပါ။ အမေရိကန်များကဲ့သို့ အားကစား သမားပုံမပေါက်သဖြင့် အမေရိကန်တို့ကဲသို့ မိမိ်ခန္ဓာကိုယ်ကို ကျစ်လစ်တောင့်တင်းအောင်လဲ မလေ့ကျင့်ပါ။ ခပ်ရိုးရိုးရှေးရိုးသဏ္ဍန်လိုဖြစ်ပါသည်။ အရောင်မျိုးစုံ လည်းမဝတ်ကြပါ။ ပဲရစ်မြို့ လမ်းများပေါ်တွင်လည်း သင်ကြည့်လိုက်ပါလျှင် အရောင် အမျိုးမျိုးကို တွေ့ရမည်မဟုတ်ပါ။ သူတို့ဆံပင်ကိုလဲ အင်္ဂလိပ်တွေလို ခဏခဏ မလျှော်ပါ။ ထို့ပြင် မိတ်ကပ်ကိုလဲ များများ လိမ်းချယ်ခြင်းမပြုပါ။ တစ်နည်းဆိုသော် ပြင်သစ်သူများသည် အဝတ်အစား လွန်လွန် ကဲကဲဝတ်ဆင်ခြင်း (Overdress) မပြုလုပ်ဟု ဆိုနိုင်ပါသည်။ သို့သော် သူတို့၏ အဝတ်အစားများကို အနုပညာမြောက်အောင် ဖန်တီးတီထွင်ဝတ်ဆင်မှုတော့ ပြုလုပ်တတ်ကြပါသည်။

ပြင်သစ်သူများသည် ဖက်ရှင်ကို မြတ်နိုးသူများဖြစ်သော်လည်း အဝတ်အစားကို အလွန်အကျွံဝတ်ခြင်း (Overdress) မျိုးမပြုလုပ်သကဲ့သို့ အဝတ်အစားခပ်ကြပ်ကြပ် (too tight) ခပ်သေးသေး (too small)
မျိုးလည်းမဝတ်တတ်ပါ။ များသောအားဖြင့် ဂျင်းဘောင်ဘီ ၊ ကိုယ်တိုင်းနှင့် ချုပ်ထားသော ကုဒ်အင်္ကျီ၊ ကက်(ရှ်)မီးယား ဆွယ်တာတို့ဝတ်လေ့ရှိပြီး အနက်ရောင် ခပ်များများဝတ်လေ့ရှိပါသည်။ သူတို့သည် အနက်ရောင်အပြင် အဖြူရောင်၊ နေဗီ အပြာရောင်စသည်တို့ကိုလည်း ကြိုက်တတ်ပါသည်။ ခပ်လွယ်လွယ်ဝတ်ဆင်နိုင်သော ဘလောက်အရှည်များနှင့်အတူ ဖန်စီလည် ဆွဲ၊ လက်ကောက်များ၊ နေကာမျက်မှန်တို့ ကိုပေါင်းစပ်ဝတ််စားဆင်ယင်ပြီး၊ မည်သည့် အခြေအနေ အခမ်းအနား ကိစ္စအတွက်မဆို သွားနိုင်သောပုံစံမျိုးဖြစ်ပါသည်။ ပြင်သစ်တို့၏ ၀တ်စားဆင်ယင်ပုံမှာ အခြားသော နိုင်ငံများနှင့် မတူသည့်အားလျှော်စွာ မိမိတို့ ကိုယ်တိုင် အတိုင်းအထွာများကို အတိအကျ ချုပ်လုပ်ဝတ်ဆင်ခြင်မျိုးဖြစ်ပြီး ဖရိုဖရဲ၊ ဖိုရို့ဖါးရား ပုံစံမျိုးဝတ်ဆင်လေ့မရှိပါ။ ထို့ကြောင့် ပြင်သစ်နိုင်ငံ တွင် ကိုယ်တိုင်းနှင့် အမြန်ချုပ်ပေးသော (Bontique tai¬lor) ဆိုင်များရှိပါသည်။ ပြင်သစ်နိုင်ငံ၏ ကမ္ဘာကျော် Coco Chanel မှ ဖော်ပြသည့်အချက်တစ်ခုမှာ “အိမ်ကမထွက်မီ မှန်တစ်ခါကြည့်ပါ၊ ပြီးတော့အဆင်တန်ဆာ တစ်ခုခုကိုဖြုတ်ခဲ့ပါ” ဟူသော စာစုလေးတစ်ခုဖြစ်ပါသည်။ သဘောတရားမှာ ပြင်သစ်သူတို့သည် အဆင်တန်ဆာတို့ကို အလွန်အကျွံဝတ်လေ့မရှိ၊ တတ်နိုင်သမျှ လူ၏ သဘာဝကို ပိုမိုပေါ်လွင်စေပြီး အဝတ်အစား၊ အဆင်တန်ဆာများဖြင့် ဆွဲဆောင်ခြင်း Over Sexy ဖြစ်ခြင်းမျိုးကို ရှောင်ရှားလေ့ ရှိပါသည်။ ပြင်သစ်သူများသည် အဝတ်အစားများများစားစားမရှိသော်လည်း အရည် အသွေးရှိသော အကောင်းစားများကိုသာ အသုံးပြုလေ့ရှိပါသည်။ ထို့ကြောင့် ပြင်သစ် ဖက်ရှင်မှာ ပြောင်ပြောင်ရောင်ရောင်၊ အရောင်မျိုးစုံ၊ ရှုပ်ထွေးသောအဝတ်အစား များ၊ ကိုယ်တိုင်မလုပ်သော အသင့်ချုပ်ပြီး အဝတ်အစားများကြောင့် ခပ်ကြပ်ကြပ် ခပ်တိုတို၊ ဖို့ရို့ဖါးရားမျိုးမဟုတ်ဘဲ အရည် အသွေးမြင့် ခပ်ရှင်းရှင်းဝတ်ဆင်ပြီး အခြား သူများနှင့်မတူဘဲ မိမိနှင့်လိုက်မည့် ဖက်ရှင် ကိုသာ အဓိကထားကြပါသည်။








ျပင္သစ္သုိ႔ ပညာသင္သြားႏုိင္ၿပီ

MCC ၏ ပညာေရး၀န္ေဆာင္မႈမ်ားအနက္ ႏုိင္ငံျခားတကၠသုိလ္မ်ားႏွင့္ (Twining Program) ဟူေသာ ျမန္မာႏုိင္ငံ MCC ႏွင့္ ႏုိင္ငံျခားတကၠသုိလ္တုိ႔ ႏွစ္ေနရာလံုးတြင္ ပညာသင္ၾကားရေသာ ပံုစံသည္ ထင္ရွားေက်ာ္ၾကားၿပီး လူႀကိဳက္မ်ားေသာ အစီအစဥ္တစ္ခုျဖစ္ပါသည္။ ျမန္မာႏုိင္ငံ MCC တြင္ (၂) ႏွစ္၊ ထုိင္းႏုိင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရွိ SIAM University တြင္ (၂) ႏွစ္ တက္ေရာက္ရေသာ BBA သင္တန္း၊ ျမန္မာႏုိင္ငံ MCC တြင္ (၃) ႏွစ္၊ ထုိင္းႏုိင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရွိ (AIT) Asian Institute of Technology တြင္ (၂) ႏွစ္ တက္ေရာက္ရေသာ B.S.E (Engineering) သင္တန္းတုိ႔သည္ ျမန္မာေက်ာင္းသူ၊ ေက်ာင္းသားမ်ား၊ မိဘ မ်ားအၾကား ေခတ္စားေသာ ပညာသင္ၾကားေရး အစီအစဥ္မ်ား ျဖစ္ပါသည္။ ယခုအခါ ျပင္သစ္ႏုိင္ငံ HEI တကၠသုိလ္ႏွင့္ MCC တုိ႔ပူးေပါင္းၿပီး M.Sc (Engineering) သင္တန္းအတြက္ ျမန္မာႏုိင္ငံ MCC တြင္ (၂) ႏွစ္၊ ျပင္သစ္ႏုိင္ငံ ံႏႈ တြင္ (၃)ႏွစ္ တက္ေရာက္ရမည့္ အစီအစဥ္ကုိ စတင္လိုက္ ၿပီျဖစ္ပါသည္။ ႏုိင္ငံတကာအဆင့္ ပညာေရးအတြက္ ျမန္မာႏုိင္ငံမွ ေက်ာင္းသူ၊ ေက်ာင္းသားမ်ားသည္ အာရွေဒသတြင္းရွိ စကၤာပူ၊ မေလးရွားႏွင့္၊ ထုိင္းႏုိင္ငံတုိ႔တြင္ အမ်ားအျပား၊ အဂၤလန္ႏွင့္ အေမရိကန္တုိ႔တြင္ အခ်ိဳ႕သြားေရာက္ပညာသင္ ၾကားလ်က္ရွိပါသည္။ ဥေရာပႏုိင္ငံမ်ားသုိ႔ သြားေရာက္ ပညာသင္ၾကားသူမ်ားမွာ ႏုိင္ငံျခားပညာ ေတာ္သင္ရန္ သြားေရာက္သင္ၾကားေနသူ အနည္းငယ္မွ်သာ ရွိပါသည္။ ထုိ႔ေၾကာင့္ MCC အေနျဖင့္ ျမန္မာေက်ာင္းသူ၊ ေက်ာင္းသားမ်ားကုိ အဆင့္ျမင့္ပညာရပ္မ်ား ဆည္းပူးႏုိင္ရန္ ဥေရာပတကၠသုိလ္ႏွင့္ မိတ္ဆက္ေပးလိုက္ပါၿပီ။

ျပင္သစ္ႏုိင္ငံသည္ အေနာက္ဥေရာပ ႏုိင္ငံမ်ားအနက္ အႀကီးဆံုးႏိုင္ငံတစ္ခုျဖစ္ၿပီး ဥေရာပယဥ္ေက်းမႈ ထြန္းကားရာ၊ အလွအပႏွင့္ ဖက္ရွင္ဒီဇုိင္းမ်ား၊ အဆင့္ျမင့္ဗိသုကာႏွင့္ အင္ဂ်င္နီယာပညာရပ္မ်ားတည္ရွိရာ အရပ္ေဒသျဖစ္ပါသည္။ ေရွးႏွစ္ေပါင္းမ်ားစြာကတည္းက တည္ ရွိခဲ့ေသာ တကၠသုိလ္ႀကီးမ်ားလည္း ရွိပါသည္။ MCC ႏွင့္ ပူးေပါင္းလုပ္ေဆာင္မည့္ HEI တည္ရွိရာ တကၠသုိလ္ဆုိလွ်င္ (၁၈၈၅)ခုႏွစ္ ကတည္းက တည္ေထာင္ခဲ့ေသာ အဆင့္ျမင့္အင္ဂ်င္နီယာ တကၠသုိလ္ႀကီးျဖစ္ပါသည္။ ကမၻာ့အံ့ဖြယ္ ဗိသုကာလက္ရာ ျဖစ္ေသာ အီဖယ္(လ္)ေမွ်ာ္ စင္တည္ရွိရာ ပဲရစ္ၿမိဳ႕သည္လည္း ကမၻာ့ထိပ္သီး ၿမိဳ႕ႀကီးျဖစ္ၿပီး HEI တည္ရွိရာ Lille ၿမိဳ႕သည္ ပဲရစ္မွ အျမန္ရထားျဖင့္ (၁) နာရီသြားရေသာ အကြာအေ၀းတြင္ရွိပါသည္။ Lille သည္ တကၠသုိလ္မ်ား စုေ၀းရာ တကၠသိုလ္ၿမိဳ႕ျဖစ္ၿပီး ၿမိဳ႕ေနလူဦးေရ၏ (၅၀%) ေက်ာ္သည္ ေက်ာင္းသူ၊ ေက်ာင္းသားမ်ားျဖစ္ ပါသည္။ ဘယ္(လ္)ဂ်ီယံနယ္ စပ္ျဖစ္ၿပီး ဥေရာပသမဂၢ (EU) ႐ံုးစုိက္ရာ ဘရပ္ဆဲ(လ္)ၿမိဳ႕ႏွင့္လည္း နာရီ၀က္သာ သြားလာရေသာ ရထားလမ္းေပၚတြင္ တည္ရွိပါ သည္။ အဂၤလန္ႏုိင္ငံ လန္ဒန္ၿမိဳ႕ႏွင့္လည္းအျမန္ရထားျဖင့္ တစ္နာရီခြဲအတြင္းေရာက္ရွိႏုိင္ေသာ အကြာအေ၀းျဖစ္ၿပီး ဘရပ္ဆဲ(လ္)မွ ရထားဆက္စီးလိုက္လွ်င္ ဂ်ာမနီႏုိင္ငံသုိ႔ လည္း ေရာက္ရွိႏုိင္ေသာ အခ်က္အျခာက် သည့္ေနရာတြင္ တည္ရွိပါသည္။

MCC ႏွင့္ ျပင္သစ္ႏုိင္ငံ HEI တုိ႔ ပူးေပါင္းဖြင့္လွစ္မည့္ M.Sc(Engineering) (မဟာသိပၸံ အင္ဂ်င္နီယာဘြဲ႕)သင္တန္းမ်ား ဖြင့္လွစ္ရ ျခင္း ရည္ရြယ္ခ်က္မ်ားမွာ -
- တကၠသုိလ္၀င္တန္းစာေမးပြဲ ေအာင္ျမင္ၿပီး (၅)ႏွစ္အတြင္း အင္ဂ်င္နီယာမဟာ သိပၸံဘြဲ႕ M.Sc(Engineering) ရရွိ ေစႏုိင္ျခင္း၊
- အဆင့္ျမင့္အင္ဂ်င္နီယာအတတ္ပညာ (Advanced Engineering)မ်ား ထြန္းကားရာ ဥေရာပတြင္ ပညာသင္ၾကား ႏုိင္ေသာ အခြင့္အလမ္းရရွိေစႏုိင္ျခင္း၊
- အဆင့္ျမင့္အင္ဂ်င္နီယာအတတ္ပညာေၾကာင့္ ႏုိင္ငံတကာတြင္ အဆင့္ျမင့္အလုပ္ အကုိင္အခြင့္အလမ္းမ်ား ရရွိေစႏုိင္ျခင္း၊

ဥေရာပ၏ သဘာ၀ႏွင့္ ယဥ္ေက်းမႈမ်ားကုိ အေတြ႕အႀကံဳရရွိေစႏုိင္ၿပီး ကမၻာသံုးဘာ သာစကားျဖစ္သည့္ (French) ျပင္သစ္ ဘာသာစကားကုိ တတ္ေျမာက္သြားေစႏုိင္ ျခင္းတုိ႔ ျဖစ္ပါသည္။ ျပင္သစ္ႏုိင္ငံ HEI မွ ခ်ီးျမႇင့္မည့္ M.Sc (Enginnering) (မဟာသိပၸံအင္ဂ်င္နီယာဘြဲ႕)အတြက္ (၅) ႏွစ္သင္တန္း ကုိ ျမန္မာႏုိင္ငံ MCC Institute (MCC.i)တြင္ (၂) ႏွစ္၊ ျပင္သစ္ႏုိင္ငံ HEI တြင္ (၃) ႏွစ္ တက္ေရာက္ရမည္ ျဖစ္ပါသည္။ MCC.i တြင္ တက္ေရာက္ရမည့္ Foundation (၂) ႏွစ္ကုိ သင္တန္းကုိ ျပင္သစ္ႏုိင္ငံ (Prep Program) သင္႐ိုးအတုိင္း သင္ၾကားၾကရမည္ျဖစ္ၿပီး တတိယႏွစ္ကုိ ျပင္သစ္ႏုိင္ငံတြင္ စတင္တက္ေရာက္ရမည္ ျဖစ္ပါသည္။ တတိယႏွစ္ ၿပီးလွ်င္ Bachelor's Degree အဆင့္ဟု သတ္မွတ္ၿပီး သီးသန္႔ဘြဲ႕မေပးပါ။ စတုထၲႏွင့္ ပဥၥမႏွစ္ မ်ားသုိ႔ ဆက္လက္ တက္ေရာက္ၿပီး M.Sc (Engineering) ဒီဂရီကုိ တိုက္႐ိုက္ခ်ီးျမႇင့္ သြားမည့္အစီအစဥ္ ျဖစ္ပါသည္။

တတိယႏွစ္တြင္ မဟာသိပၸံအင္ဂ်င္နီယာသင္တန္းအတြက္ အေျခခံေကာင္းမ်ား ရရွိေစရန္အတြက္ ေအာက္ေဖာ္ျပပါ ဘာသာရပ္နယ္ ပါယ္ (၄) ခုကုိ Holistic ႏွင့္ Multidisciplinary approach ပံုစံ ျဖင့္ သင္ၾကားသြားမည္ျဖစ္ပါသည္။

(1) Science and Engineering
(2) Management and Business
(3) General Studies ethic and Communication
(4) Personal Development

စတုထၲႏွစ္ႏွင့္ ပဥၥမႏွစ္တုိ႔သည္ M.Sc (Engineering) မဟာသိပၸံအင္ဂ်င္နီယာဒီဂရီအတြက္ သင္ၾကားရမည့္ Professional Course မ်ားျဖစ္သည့္အတြက္ ဘာသာရပ္နယ္ပါယ္ (၁၄) ခုအတြင္းမွ တစ္ခုကုိ ေရြးခ်ယ္သင္ၾကားၾကရ မည္ျဖစ္ပါသည္။

(1) Architectural Engineering
(2) Building and Civil Engineering
(3) Energy Habitat and Environment
(4) Management and Innovation
(5) Mecatronics
(6) Banking Finance and Insurance
(7) Chemistry and Chemical Engineering
(8) Energy Electrical Systems and Control Systems
(9) Industrial and Logistical Operations Management
(10) Biomedical Engineering
(11) Computer Science and Information Technology
(12) Entrepreneurship
(13) Mechanical Design and Engineering
(14) Technologies Innovation
Textiles and International Management

ျပင္သစ္ႏုိင္ငံတြင္ သြားေရာက္တက္ေရာက္ရမည္ ျဖစ္ေသာေၾကာင့္ ျပင္သစ္ဘာသာစကား တတ္ေျမာက္ရန္ လုိအပ္ပါသည္။ ျမန္မာႏုိင္ငံ MCC.i တြင္ (၂) ႏွစ္ တက္ေရာက္ေနစဥ္အတြင္း ျပင္သစ္သံ႐ံုး၊ ယဥ္ေက်းမႈဌာနေအာက္တြင္ ဖြင့္လွစ္ထားေသာ ျပင္သစ္ဘာသာသင္ေက်ာင္း (Insti¬tute Francais) မွ သင္ၾကားေပးမည္ ျဖစ္ပါသည္။ မဟာသိပၸံအင္ဂ်င္နီယာသင္တန္းအတြက္ လုိအပ္ခ်က္အရ ျပင္သစ္ဘာသာ သင္ၾကားရေသာ္လည္း ျပင္သစ္ဘာသာစကားသည္ (Language of Love Spirit and Beauty) ဟူ၍လည္း ျပင္သစ္တုိ႔ တင္စားထားပါသည္။ အဂၤလိပ္ဘာသာစကားအျပင္ ျပင္သစ္ဘာသာစကားကုိပါ တတ္ေျမာက္ထားသည့္အတြက္ ႏုိင္ငံတကာ အဖြဲ႕အစည္းမ်ားျဖစ္ေသာ (UN Agencies, EU, NGOs ..) စသည္တုိ႔တြင္ အလုပ္အကိုင္မ်ား ရရွိႏုိင္ မည့္ အခြင့္အလမ္းမ်ားရွိပါသည္။

MCC-HEI M.Sc (En¬gineering) ဘြဲ႕သင္တန္း တက္ေရာက္ ေနစဥ္ကာလအတြင္း ျပင္သစ္ဘာသာ သင္တန္းေက်ာင္း (Institute Francais) တြင္ ျပဳလုပ္ေသာ အခမ္းအနားမ်ားကုိလည္းအခါ အားေလ်ာ္စြာ တက္ေရာက္ရမည္ျဖစ္ ၿပီး ျပင္သစ္ႏုိင္ငံသုိ႔ မသြားေရာက္မွီ ျမန္မာႏုိင္ငံရွိ ျပင္သစ္စီးပြားေရးလုပ္ငန္းမ်ား အသိုင္းအ၀ိုင္းႏွင့္ ထိေတြ႕ရန္သာမက ျပင္သစ္လူမ်ိဳးမ်ားႏွင့္ ေတြ႕ဆံု ဆက္ဆံၿပီး ျပင္သစ္ယဥ္ေက်းမႈမ်ားကုိ ေလ့လာရန္ျဖစ္ပါသည္။ ျပင္သစ္သုိ႔ ပညာသင္ရန္သြားေရာက္ႏုိင္ၿပီျဖစ္ပါသည္။ ျပင္သစ္သုိ႔မသြားမွီ ျမန္မာႏုိင္ငံရွိ ျပင္သစ္အငယ္စား (Little France) သဖြယ္ျဖစ္ေသာ (Institute Francais)တြင္ စတင္ၿပီး ပညာသင္ၾကားႏုိင္ၿပီလည္း ျဖစ္ပါသည္။

Unicode Version

ပြင်သစ်သို့ ပညာသင်သွားနိုင်ပြီ
MCC ၏ ပညာရေးဝန်ဆောင်မှုများအနက် နိုင်ငံခြားတက္ကသိုလ်များနှင့် (Twining Program) ဟူသော မြန်မာနိုင်ငံ MCC နှင့် နိုင်ငံခြားတက္ကသိုလ်တို့ နှစ်နေရာလုံးတွင် ပညာသင်ကြားရသော ပုံစံသည် ထင်ရှားကျော်ကြားပြီး လူကြိုက်များသော အစီအစဉ်တစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံ MCC တွင် (၂) နှစ်၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ SIAM University တွင် (၂) နှစ် တက်ရောက်ရသော BBA သင်တန်း၊ မြန်မာနိုင်ငံ MCC တွင် (၃) နှစ်၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ (AIT) Asian Institute of Technology တွင် (၂) နှစ် တက်ရောက်ရသော B.S.E (Engineering) သင်တန်းတို့သည် မြန်မာကျောင်းသူ၊ ကျောင်းသားများ၊ မိဘ များအကြား ခေတ်စားသော ပညာသင်ကြားရေး အစီအစဉ်များ ဖြစ်ပါသည်။ ယခုအခါ ပြင်သစ်နိုင်ငံ HEI တက္ကသိုလ်နှင့် MCC တို့ပူးပေါင်းပြီး M.Sc (Engineering) သင်တန်းအတွက် မြန်မာနိုင်ငံ MCC တွင် (၂) နှစ်၊ ပြင်သစ်နိုင်ငံ HEI တွင် (၃)နှစ် တက်ရောက်ရမည့် အစီအစဉ်ကို စတင်လိုက် ပြီဖြစ်ပါသည်။ နိုင်ငံတကာအဆင့် ပညာရေးအတွက် မြန်မာနိုင်ငံမှ ကျောင်းသူ၊ ကျောင်းသားများသည် အာရှဒေသတွင်းရှိ စင်္ကာပူ၊ မလေးရှားနှင့်၊ ထိုင်းနိုင်ငံတို့တွင် အများအပြား၊ အင်္ဂလန်နှင့် အမေရိကန်တို့တွင် အချို့သွားရောက်ပညာသင် ကြားလျက်ရှိပါသည်။ ဥရောပနိုင်ငံများသို့ သွားရောက် ပညာသင်ကြားသူများမှာ နိုင်ငံခြားပညာ တော်သင်ရန် သွားရောက်သင်ကြားနေသူ အနည်းငယ်မျှသာ ရှိပါသည်။ ထို့ကြောင့် MCC အနေဖြင့် မြန်မာကျောင်းသူ၊ ကျောင်းသားများကို အဆင့်မြင့်ပညာရပ်များ ဆည်းပူးနိုင်ရန် ဥရောပတက္ကသိုလ်နှင့် မိတ်ဆက်ပေးလိုက်ပါပြီ။

ပြင်သစ်နိုင်ငံသည် အနောက်ဥရောပ နိုင်ငံများအနက် အကြီးဆုံးနိုင်ငံတစ်ခုဖြစ်ပြီး ဥရောပယဉ်ကျေးမှု ထွန်းကားရာ၊ အလှအပနှင့် ဖက်ရှင်ဒီဇိုင်းများ၊ အဆင့်မြင့်ဗိသုကာနှင့် အင်ဂျင်နီယာပညာရပ်များတည်ရှိရာ အရပ်ဒေသဖြစ်ပါသည်။ ရှေးနှစ်ပေါင်းများစွာကတည်းက တည် ရှိခဲ့သော တက္ကသိုလ်ကြီးများလည်း ရှိပါသည်။ MCC နှင့် ပူးပေါင်းလုပ်ဆောင်မည့် HEI တည်ရှိရာ တက္ကသိုလ်ဆိုလျှင် (၁၈၈၅)ခုနှစ် ကတည်းက တည်ထောင်ခဲ့သော အဆင့်မြင့်အင်ဂျင်နီယာ တက္ကသိုလ်ကြီးဖြစ်ပါသည်။ ကမ္ဘာ့အံ့ဖွယ် ဗိသုကာလက်ရာ ဖြစ်သော အီဖယ်(လ်)မျှော် စင်တည်ရှိရာ ပဲရစ်မြို့သည်လည်း ကမ္ဘာ့ထိပ်သီး မြို့ကြီးဖြစ်ပြီး HEI တည်ရှိရာ Lille မြို့သည် ပဲရစ်မှ အမြန်ရထားဖြင့် (၁) နာရီသွားရသော အကွာအဝေးတွင်ရှိပါသည်။ Lille သည် တက္ကသိုလ်များ စုဝေးရာ တက္ကသိုလ်မြို့ဖြစ်ပြီး မြို့နေလူဦးရေ၏ (၅၀%) ကျော်သည် ကျောင်းသူ၊ ကျောင်းသားများဖြစ် ပါသည်။ ဘယ်(လ်)ဂျီယံနယ် စပ်ဖြစ်ပြီး ဥရောပသမဂ္ဂ (EU) ရုံးစိုက်ရာ ဘရပ်ဆဲ(လ်)မြို့နှင့်လည်း နာရီဝက်သာ သွားလာရသော ရထားလမ်းပေါ်တွင် တည်ရှိပါ သည်။ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့နှင့်လည်းအမြန်ရထားဖြင့် တစ်နာရီခွဲအတွင်းရောက်ရှိနိုင်သော အကွာအဝေးဖြစ်ပြီး ဘရပ်ဆဲ(လ်)မှ ရထားဆက်စီးလိုက်လျှင် ဂျာမနီနိုင်ငံသို့ လည်း ရောက်ရှိနိုင်သော အချက်အခြာကျ သည့်နေရာတွင် တည်ရှိပါသည်။

MCC နှင့် ပြင်သစ်နိုင်ငံ HEI တို့ ပူးပေါင်းဖွင့်လှစ်မည့် M.Sc(Engineering) (မဟာသိပ္ပံ အင်ဂျင်နီယာဘွဲ့)သင်တန်းများ ဖွင့်လှစ်ရ ခြင်း ရည်ရွယ်ချက်များမှာ -
- တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ပြီး (၅)နှစ်အတွင်း အင်ဂျင်နီယာမဟာ သိပ္ပံဘွဲ့ M.Sc(Engineering) ရရှိ စေနိုင်ခြင်း၊
- အဆင့်မြင့်အင်ဂျင်နီယာအတတ်ပညာ (Advanced Engineering)များ ထွန်းကားရာ ဥရောပတွင် ပညာသင်ကြား နိုင်သော အခွင့်အလမ်းရရှိစေနိုင်ခြင်း၊
- အဆင့်မြင့်အင်ဂျင်နီယာအတတ်ပညာကြောင့် နိုင်ငံတကာတွင် အဆင့်မြင့်အလုပ် အကိုင်အခွင့်အလမ်းများ ရရှိစေနိုင်ခြင်း၊

ဥရောပ၏ သဘာဝနှင့် ယဉ်ကျေးမှုများကို အတွေ့အကြုံရရှိစေနိုင်ပြီး ကမ္ဘာသုံးဘာ သာစကားဖြစ်သည့် (French) ပြင်သစ် ဘာသာစကားကို တတ်မြောက်သွားစေနိုင် ခြင်းတို့ ဖြစ်ပါသည်။ ပြင်သစ်နိုင်ငံ HEI မှ ချီးမြှင့်မည့် M.Sc (Enginnering) (မဟာသိပ္ပံအင်ဂျင်နီယာဘွဲ့)အတွက် (၅) နှစ်သင်တန်း ကို မြန်မာနိုင်ငံ MCC Institute (MCC.i)တွင် (၂) နှစ်၊ ပြင်သစ်နိုင်ငံ HEI တွင် (၃) နှစ် တက်ရောက်ရမည် ဖြစ်ပါသည်။ MCC.i တွင် တက်ရောက်ရမည့် Foundation (၂) နှစ်ကို သင်တန်းကို ပြင်သစ်နိုင်ငံ (Prep Program) သင်ရိုးအတိုင်း သင်ကြားကြရမည်ဖြစ်ပြီး တတိယနှစ်ကို ပြင်သစ်နိုင်ငံတွင် စတင်တက်ရောက်ရမည် ဖြစ်ပါသည်။ တတိယနှစ် ပြီးလျှင် Bachelor's Degree အဆင့်ဟု သတ်မှတ်ပြီး သီးသန့်ဘွဲ့မပေးပါ။ စတုထ္တနှင့် ပဥ္စမနှစ် များသို့ ဆက်လက် တက်ရောက်ပြီး M.Sc (Engineering) ဒီဂရီကို တိုက်ရိုက်ချီးမြှင့် သွားမည့်အစီအစဉ် ဖြစ်ပါသည်။

တတိယနှစ်တွင် မဟာသိပ္ပံအင်ဂျင်နီယာသင်တန်းအတွက် အခြေခံကောင်းများ ရရှိစေရန်အတွက် အောက်ဖော်ပြပါ ဘာသာရပ်နယ် ပါယ် (၄) ခုကို Holistic နှင့် Multidisciplinary approach ပုံစံ ဖြင့် သင်ကြားသွားမည်ဖြစ်ပါသည်။

(1) Science and Engineering
(2) Management and Business
(3) General Studies ethic and Communication
(4) Personal Development

စတုထ္တနှစ်နှင့် ပဥ္စမနှစ်တို့သည် M.Sc (Engineering) မဟာသိပ္ပံအင်ဂျင်နီယာဒီဂရီအတွက် သင်ကြားရမည့် Professional Course များဖြစ်သည့်အတွက် ဘာသာရပ်နယ်ပါယ် (၁၄) ခုအတွင်းမှ တစ်ခုကို ရွေးချယ်သင်ကြားကြရ မည်ဖြစ်ပါသည်။

(1) Architectural Engineering
(2) Building and Civil Engineering
(3) Energy Habitat and Environment
(4) Management and Innovation
(5) Mecatronics
(6) Banking Finance and Insurance
(7) Chemistry and Chemical Engineering
(8) Energy Electrical Systems and Control Systems
(9) Industrial and Logistical Operations Management
(10) Biomedical Engineering
(11) Computer Science and Information Technology
(12) Entrepreneurship
(13) Mechanical Design and Engineering
(14) Technologies Innovation
Textiles and International Management

ပြင်သစ်နိုင်ငံတွင် သွားရောက်တက်ရောက်ရမည် ဖြစ်သောကြောင့် ပြင်သစ်ဘာသာစကား တတ်မြောက်ရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံ MCC.i တွင် (၂) နှစ် တက်ရောက်နေစဉ်အတွင်း ပြင်သစ်သံရုံး၊ ယဉ်ကျေးမှုဌာနအောက်တွင် ဖွင့်လှစ်ထားသော ပြင်သစ်ဘာသာသင်ကျောင်း (Insti¬tute Francais) မှ သင်ကြားပေးမည် ဖြစ်ပါသည်။ မဟာသိပ္ပံအင်ဂျင်နီယာသင်တန်းအတွက် လိုအပ်ချက်အရ ပြင်သစ်ဘာသာ သင်ကြားရသော်လည်း ပြင်သစ်ဘာသာစကားသည် (Language of Love Spirit and Beauty) ဟူ၍လည်း ပြင်သစ်တို့ တင်စားထားပါသည်။ အင်္ဂလိပ်ဘာသာစကားအပြင် ပြင်သစ်ဘာသာစကားကိုပါ တတ်မြောက်ထားသည့်အတွက် နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သော (UN Agencies, EU, NGOs ..) စသည်တို့တွင် အလုပ်အကိုင်များ ရရှိနိုင် မည့် အခွင့်အလမ်းများရှိပါသည်။

MCC-HEI M.Sc (En¬gineering) ဘွဲ့သင်တန်း တက်ရောက် နေစဉ်ကာလအတွင်း ပြင်သစ်ဘာသာ သင်တန်းကျောင်း (Institute Francais) တွင် ပြုလုပ်သော အခမ်းအနားများကိုလည်းအခါ အားလျော်စွာ တက်ရောက်ရမည်ဖြစ် ပြီး ပြင်သစ်နိုင်ငံသို့ မသွားရောက်မှီ မြန်မာနိုင်ငံရှိ ပြင်သစ်စီးပွားရေးလုပ်ငန်းများ အသိုင်းအဝိုင်းနှင့် ထိတွေ့ရန်သာမက ပြင်သစ်လူမျိုးများနှင့် တွေ့ဆုံ ဆက်ဆံပြီး ပြင်သစ်ယဉ်ကျေးမှုများကို လေ့လာရန်ဖြစ်ပါသည်။ ပြင်သစ်သို့ ပညာသင်ရန်သွားရောက်နိုင်ပြီဖြစ်ပါသည်။ ပြင်သစ်သို့မသွားမှီ မြန်မာနိုင်ငံရှိ ပြင်သစ်အငယ်စား (Little France) သဖွယ်ဖြစ်သော (Institute Francais)တွင် စတင်ပြီး ပညာသင်ကြားနိုင်ပြီလည်း ဖြစ်ပါသည်။





Boost Your International Career Training Start with MCC

အင္ဂ်င္နီယာ မဟာသိပၸံဘြဲ႕ M.Sc (Enginnering) ျပင္သစ္ႏိုင္ငံ HEI ႏွင့္ MCC.i တို႔ပူးေပါင္းဖြင့္လွစ္မည့္ ႏိုင္ငံတကာအဆင့္ အင္ဂ်င္နီယာသင္တန္းျဖစ္ၿပီး၊ ႏိုင္ငံတကာအလုပ္အကိုင္အခြင့္အလမ္းမ်ားကို ေမွ်ာ္မွန္းႏိုင္ၿပီ ျဖစ္ပါသည္။
Boost Your International Career Training Start with MCC

Unicode Version

အင်ဂျင်နီယာ မဟာသိပ္ပံဘွဲ့ M.Sc (Enginnering) ပြင်သစ်နိုင်ငံ HEI နှင့် MCC.i တို့ပူးပေါင်းဖွင့်လှစ်မည့် နိုင်ငံတကာအဆင့် အင်ဂျင်နီယာသင်တန်းဖြစ်ပြီး၊ နိုင်ငံတကာအလုပ်အကိုင်အခွင့်အလမ်းများကို မျှော်မှန်းနိုင်ပြီ ဖြစ်ပါသည်။
Boost Your International Career Training Start with MCC