Friday, November 4, 2016

Lille University Town

ျမန္မာႏိုင္ငံကေက်ာင္းသားေတြ ျပင္သစ္မွာ ေက်ာင္းသြားတက္မယ့္ Lille ၿမိဳ႕က ျပင္သစ္ႏိုင္ငံ ေျမာက္ပိုင္းက Nord-Pas-de-Calais ေဒသမွာ႐ွိပါတယ္။ ၁၇ရာစုႏွစ္ကတည္းက႐ွိခဲ့တဲ့ ေ႐ွ႕ေဟာင္းအေဆာက္အဦေတြနဲ႔႐ွိတဲ့ ျပင္သစ္ႏိုင္ငံရဲ႕ သမိုင္း၀င္ၿမိဳ႕ျဖစ္ပါတယ္။ တစ္ခ်ိန္တုန္းက စီးပြားေရးနဲ႕စက္မႈလုပ္ငန္းမ်ား အခ်က္အျခာ ျဖစ္ခဲ့တဲ့ျမိဳ႕ျဖစ္ၿပီး ယခုအခ်ိန္မွာေတာ့ တကၠသိုလ္ ေကာလိပ္ေတြ အမ်ားစု႐ွိတဲ့ၿမိဳ႕ျဖစ္ပါတယ္။ University Town လို႔ေတာင္ေခၚေလ့႐ွိၾကပါတယ္။ လူဦးေရတစ္ သန္းေက်ာ္႐ွိၿပီး၊ ျပင္သစ္ရဲ႕ စတုတၳအႀကီးဆံုးၿမိဳ႕ႀကီး ျဖစ္ပါတယ္။

Lille ၿမိဳ႕မွာ ေ႐ွးေဟာင္းျပင္သစ္ယဥ္ေက်းမႈ လက္ရာေတြ၊ စိတ္၀င္စားစရာဂႏၲ၀င္အေဆာက္အဦေတြျဖစ္တဲ့ ရဲတိုက္ႀကီးေတြ၊ ဘုရား႐ွိခိုးေက်ာင္းေတြ၊ ျပတိုက္ေတြ၊ အထိမ္းအမွတ္ေက်ာက္တိုင္ေတြ ႐ွိပါတယ္။
University Town ဆိုတဲ့အတိုင္း တကၠသိုလ္၊ ေကာလိပ္ေတြ႐ွိပါတယ္။ အဲ့ဒီ တကၠသိုလ္ေတြဟာ (၁၈)ရာစုႏွစ္ကတည္းက တည္ေဆာက္ခဲ့တဲ့ တကၠသိုလ္ေတြျဖစ္ပါတယ္။

Lille ၿမိဳ႕မွာ တကၠသိုလ္ေက်ာင္းသူ ေက်ာင္းသားဦးေရ (၁၁၀,၀၀၀)ေက်ာ္႐ွိတဲ့အတြက္ ျပင္သစ္ ႏိုင္ငံရဲ႕ ေက်ာင္းသားအမ်ားဆုံး႐ွိတဲ့ ၿမိဳ႕ႀကီးတစ္ၿမိဳ႕လည္းျဖစ္ပါတယ္။ Lille Catholique University ကို (၁၈၇၅) မွာစတင္ဖြင့္လွစ္ခဲ့ၿပီး၊ ဥပေဒ၊ စီးပြားေရး၊ ေဆးပညာ၊ ႐ူပေဗဒစတဲ့ အေျချပဳ ေက်ာင္းမ်ားနဲ႕ ဖြဲ႕စည္းထားပါတယ္။ အဲဒီထဲမွာ နာမည္ႀကီးတဲ့တကၠသိုလ္တစ္ခု ကေတာ့ Institue Catholique d'arts et Me¬tiers (ICAM) ျဖစ္ၿပီး (၁၈၉၈)ခုႏွစ္မွာ တည္ေထာင္ဖြင့္လွစ္ခဲ့ပါတယ္။ ကမၻာ့အေကာင္းဆံုး တကၠသိုလ္ (၂၀) ထဲမွာပါ၀င္ပါတယ္။ Ecle des Hantes e'tnel d'ingenieus (HEI) အင္ဂ်င္နီယာတကၠသိုလ္ကို (၁၈၈၅)ခုႏွစ္မွာ တည္ေထာင္ဖြင့္လွစ္ခဲ့ပါတယ္။ အင္ဂ်င္နီယာ ပညာရပ္နယ္ပါယ္ (၁၀)ခုကို သင္ၾကားေပးလ်က္ ႐ွိပါသည္။ EDHEC ဆိုတဲ့စီးပြားေရး သိပၸံေက်ာင္းကို (၁၉၀၆)တြင္လည္းေကာင္း၊ IESEG School Ma¬nagent နဲ႔ Business School တို႕ကို (၁၉၆၄)ခုႏွစ္တြင္လည္းေကာင္း၊ ESJ ဟုေခၚေသာ (Journilism School) ကို (၁၉၂၄)ခုႏွစ္တြင္ လည္းေကာင္း အသီးသီး ဖြင့္လွစ္ခဲ့ေသာ တကၠသိုလ္ၾကီးျဖစ္ပါတယ္။ ျမန္မာေက်ာင္းသူ ေက်ာင္းသားေတြ (Journilism School) သြားတက္မယ့္ HEI က အဲဒီ M.Sc(Engineer) မွာပါ၀င္တဲ့ တကၠသိုလ္တစ္ခု ျဖစ္ပါတယ္။

Lille ၿမိဳ႕ဟာ ဥေရာပရဲ႕ အဓိကက်တဲ့ ၿမိဳ႕ျပေနရာႀကီး (၃)ခုနဲ႕ ဆက္စပ္ေနပါတယ္။ အဲဒါကေတာ့ လန္ဒန္၊ ပဲရစ္နဲ႕ ဘရပ္ဆဲ(လ္)တို႕ပဲျဖစ္ပါတယ္။ Lille ကေန (၃၅)မိနစ္သြားရင္ ဘယ္(လ္)ဂ်ီယံ ႏိုင္ငံရဲ႕ဘရပ္ဆဲ(လ္)၊ တစ္နာရီသြားရင္ ပဲရစ္၊ (၈၀)မိနစ္သြားရင္ အဂၤလန္ႏိုင္ငံရဲ႕ လန္ဒန္ကို ေရာက္ပါတယ္။ ဒါေၾကာင့္ Lille က ဥေရာပရဲ႕အခ်က္အျခာေနရာေတြနဲ႔ အနီးဆံုးေနရာမွာ ႐ွိပါတယ္လို႔ ဆိုပါတယ္။

၁၉၈၃ ခုႏွစ္တုန္းက စတင္ဖြင့္လွစ္ခဲ့တဲ့ ေမာင္းသူမဲ့ ရထားစနစ္ (Driverless metro System ) က ကမၻာ ေပၚမွာ ပထမဆံုးျဖစ္ပါတယ္။

Lille မွာရွိတဲ့ေက်ာင္းသားဦးေရ (၁၁၀,၀၀) ေက်ာ္ဟာ ကမၻာ့ႏိုင္ငံတကာကလာျပီး ေက်ာင္းလာတက္ တဲ့ ေက်ာင္းသာေတြအမ်ားစု ပါ၀င္ပါတယ္။ Lille Catholique University မွာအမ်ားဆံုးပါတဲ့။

ဒါေၾကာင့္ ျမန္မာႏိုင္ငံကေက်ာင္းသြားတက္မဲ့ ေက်ာင္းသူေက်ာင္းသားမ်ားအေနနဲ႕ သိပ္မခက္ခဲႏိုင္ပါဘူး။ ေက်ာင္းသားၿမိဳ႕လို ျဖစ္ေနတဲ့အတြက္ အားလံုးခင္ခင္မင္မင္ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ေပါင္းသင္းေနထိုင္ႏိုင္ပါတယ္။ လူငယ္ေတြအတြက္ စားေသာက္ဆိုင္ေတြ၊ Coffee Shop ေတြ၊ Bar ေတြအမ်ားအျပားရွိပါတယ္။ လူငယ္လူ႐ြယ္ေတြမ်ားတဲ့ အတြက္ စိတ္ကူးစိတ္သန္း အသစ္ေတြနဲ႕ျပည့္နက္ေနတယ္ လို႕ဆိုပါတယ္။ ဒါေၾကာင့္ ပညာေရးၿမိဳ႕ေတာ္ျဖစ္တဲ့ Lille ဟာ ႏုပ်ိဳလန္းဆန္းဆံုး ျဖစ္ေနပါတယ္။ လူငယ္လူရြယ္ေတြလဲ စီးပြားေရးလုပ္ငန္းေတြကို Lille မွာ အလြယ္တကူ လုပ္ႏိုင္တာေၾကာင့္ Lille ဟာႏုပ်ိဳလန္းဆန္းဆံုး ျဖစ္ရံုသာမက စီးပြားေရး ေကာင္းမြန္တဲ့ ၿမိဳ႕ႀကီးပံုစံလည္း ျဖစ္ေနပါတယ္။

Lille ၿမိဳ႕မွာ ေကာင္းမြန္တဲ့ အမ်ားျပည္သူသံုး စနစ္ (Public Transport Network) ရွိပါတယ္။ ေျမေအာက္ရထားစနစ္၊ ဘတ္(စ္)ကားစနစ္၊ လွ်ပ္စစ္နဲ႕ေမာင္းတဲ့ Street car စနစ္တို႕ရွိပါတယ္ ရူရိုေငြ (€၁.၅၀)တန္လက္မွတ္တစ္ေစာင္နဲ႕ ႀကိဳက္တာကို စီးလို႔ရပါတယ္။ ေနရာေတာ္ေတာ္မ်ားမ်ားကိုအခမဲ့ စီးႏုိင္ပါတယ္။

Unicode Version

Lille University Town
မြန်မာနိုင်ငံကကျောင်းသားတွေ ပြင်သစ်မှာ ကျောင်းသွားတက်မယ့် Lille မြို့က ပြင်သစ်နိုင်ငံ မြောက်ပိုင်းက Nord-Pas-de-Calais ဒေသမှာရှိပါတယ်။ ၁၇ရာစုနှစ်ကတည်းကရှိခဲ့တဲ့ ရှေ့ဟောင်းအဆောက်အဦတွေနဲ့ရှိတဲ့ ပြင်သစ်နိုင်ငံရဲ့ သမိုင်းဝင်မြို့ဖြစ်ပါတယ်။ တစ်ချိန်တုန်းက စီးပွားရေးနဲ့စက်မှုလုပ်ငန်းများ အချက်အခြာ ဖြစ်ခဲ့တဲ့မြို့ဖြစ်ပြီး ယခုအချိန်မှာတော့ တက္ကသိုလ် ကောလိပ်တွေ အများစုရှိတဲ့မြို့ဖြစ်ပါတယ်။ University Town လို့တောင်ခေါ်လေ့ရှိကြပါတယ်။ လူဦးရေတစ် သန်းကျော်ရှိပြီး၊ ပြင်သစ်ရဲ့ စတုတ္ထအကြီးဆုံးမြို့ကြီး ဖြစ်ပါတယ်။

Lille မြို့မှာ ရှေးဟောင်းပြင်သစ်ယဉ်ကျေးမှု လက်ရာတွေ၊ စိတ်ဝင်စားစရာဂန္တဝင်အဆောက်အဦတွေဖြစ်တဲ့ ရဲတိုက်ကြီးတွေ၊ ဘုရားရှိခိုးကျောင်းတွေ၊ ပြတိုက်တွေ၊ အထိမ်းအမှတ်ကျောက်တိုင်တွေ ရှိပါတယ်။
University Town ဆိုတဲ့အတိုင်း တက္ကသိုလ်၊ ကောလိပ်တွေရှိပါတယ်။ အဲ့ဒီ တက္ကသိုလ်တွေဟာ (၁၈)ရာစုနှစ်ကတည်းက တည်ဆောက်ခဲ့တဲ့ တက္ကသိုလ်တွေဖြစ်ပါတယ်။

Lille မြို့မှာ တက္ကသိုလ်ကျောင်းသူ ကျောင်းသားဦးရေ (၁၁၀,၀၀၀)ကျော်ရှိတဲ့အတွက် ပြင်သစ် နိုင်ငံရဲ့ ကျောင်းသားအများဆုံးရှိတဲ့ မြို့ကြီးတစ်မြို့လည်းဖြစ်ပါတယ်။ Lille Catholique University ကို (၁၈၇၅) မှာစတင်ဖွင့်လှစ်ခဲ့ပြီး၊ ဥပဒေ၊ စီးပွားရေး၊ ဆေးပညာ၊ ရူပဗေဒစတဲ့ အခြေပြု ကျောင်းများနဲ့ ဖွဲ့စည်းထားပါတယ်။ အဲဒီထဲမှာ နာမည်ကြီးတဲ့တက္ကသိုလ်တစ်ခု ကတော့ Institue Catholique d'arts et Me¬tiers (ICAM) ဖြစ်ပြီး (၁၈၉၈)ခုနှစ်မှာ တည်ထောင်ဖွင့်လှစ်ခဲ့ပါတယ်။ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် (၂၀) ထဲမှာပါ၀င်ပါတယ်။ Ecle des Hantes e'tnel d'ingenieus (HEI) အင်ဂျင်နီယာတက္ကသိုလ်ကို (၁၈၈၅)ခုနှစ်မှာ တည်ထောင်ဖွင့်လှစ်ခဲ့ပါတယ်။ အင်ဂျင်နီယာ ပညာရပ်နယ်ပါယ် (၁၀)ခုကို သင်ကြားပေးလျက် ရှိပါသည်။ EDHEC ဆိုတဲ့စီးပွားရေး သိပ္ပံကျောင်းကို (၁၉၀၆)တွင်လည်းကောင်း၊ IESEG School Ma¬nagent နဲ့ Business School တို့ကို (၁၉၆၄)ခုနှစ်တွင်လည်းကောင်း၊ ESJ ဟုခေါ်သော (Journilism School) ကို (၁၉၂၄)ခုနှစ်တွင် လည်းကောင်း အသီးသီး ဖွင့်လှစ်ခဲ့သော တက္ကသိုလ်ကြီးဖြစ်ပါတယ်။ မြန်မာကျောင်းသူ ကျောင်းသားတွေ (Journilism School) သွားတက်မယ့် HEI က အဲဒီ M.Sc(Engineer) မှာပါ၀င်တဲ့ တက္ကသိုလ်တစ်ခု ဖြစ်ပါတယ်။

Lille မြို့ဟာ ဥရောပရဲ့ အဓိကကျတဲ့ မြို့ပြနေရာကြီး (၃)ခုနဲ့ ဆက်စပ်နေပါတယ်။ အဲဒါကတော့ လန်ဒန်၊ ပဲရစ်နဲ့ ဘရပ်ဆဲ(လ်)တို့ပဲဖြစ်ပါတယ်။ Lille ကနေ (၃၅)မိနစ်သွားရင် ဘယ်(လ်)ဂျီယံ နိုင်ငံရဲ့ဘရပ်ဆဲ(လ်)၊ တစ်နာရီသွားရင် ပဲရစ်၊ (၈၀)မိနစ်သွားရင် အင်္ဂလန်နိုင်ငံရဲ့ လန်ဒန်ကို ရောက်ပါတယ်။ ဒါကြောင့် Lille က ဥရောပရဲ့အချက်အခြာနေရာတွေနဲ့ အနီးဆုံးနေရာမှာ ရှိပါတယ်လို့ ဆိုပါတယ်။

၁၉၈၃ ခုနှစ်တုန်းက စတင်ဖွင့်လှစ်ခဲ့တဲ့ မောင်းသူမဲ့ ရထားစနစ် (Driverless metro System ) က ကမ္ဘာ ပေါ်မှာ ပထမဆုံးဖြစ်ပါတယ်။

Lille မှာရှိတဲ့ကျောင်းသားဦးရေ (၁၁၀,၀၀) ကျော်ဟာ ကမ္ဘာ့နိုင်ငံတကာကလာပြီး ကျောင်းလာတက် တဲ့ ကျောင်းသာတွေအများစု ပါ၀င်ပါတယ်။ Lille Catholique University မှာအများဆုံးပါတဲ့။

ဒါကြောင့် မြန်မာနိုင်ငံကကျောင်းသွားတက်မဲ့ ကျောင်းသူကျောင်းသားများအနေနဲ့ သိပ်မခက်ခဲနိုင်ပါဘူး။ ကျောင်းသားမြို့လို ဖြစ်နေတဲ့အတွက် အားလုံးခင်ခင်မင်မင်ပျော်ပျော်ရွှင်ရွှင်နဲ့ ပေါင်းသင်းနေထိုင်နိုင်ပါတယ်။ လူငယ်တွေအတွက် စားသောက်ဆိုင်တွေ၊ Coffee Shop တွေ၊ Bar တွေအများအပြားရှိပါတယ်။ လူငယ်လူရွယ်တွေများတဲ့ အတွက် စိတ်ကူးစိတ်သန်း အသစ်တွေနဲ့ပြည့်နက်နေတယ် လို့ဆိုပါတယ်။ ဒါကြောင့် ပညာရေးမြို့တော်ဖြစ်တဲ့ Lille ဟာ နုပျိုလန်းဆန်းဆုံး ဖြစ်နေပါတယ်။ လူငယ်လူရွယ်တွေလဲ စီးပွားရေးလုပ်ငန်းတွေကို Lille မှာ အလွယ်တကူ လုပ်နိုင်တာကြောင့် Lille ဟာနုပျိုလန်းဆန်းဆုံး ဖြစ်ရုံသာမက စီးပွားရေး ကောင်းမွန်တဲ့ မြို့ကြီးပုံစံလည်း ဖြစ်နေပါတယ်။

Lille မြို့မှာ ကောင်းမွန်တဲ့ အများပြည်သူသုံး စနစ် (Public Transport Network) ရှိပါတယ်။ မြေအောက်ရထားစနစ်၊ ဘတ်(စ်)ကားစနစ်၊ လျှပ်စစ်နဲ့မောင်းတဲ့ Street car စနစ်တို့ရှိပါတယ် ရူရိုငွေ (€၁.၅၀)တန်လက်မှတ်တစ်စောင်နဲ့ ကြိုက်တာကို စီးလို့ရပါတယ်။ နေရာတော်တော်များများကိုအခမဲ့ စီးနိုင်ပါတယ်။