Tuesday, June 7, 2016

လုိအပ္ေသာ္လည္း မေကာင္းသည့္နတ္ဆုိး (Necessary Evil) (သုိ႔) စာေမးပြဲ

စာေမးပြဲ (Examination) ဆုိသည္မွာ ကမၻာေပၚရွိ လူတုိင္းအား ငယ္စဥ္ဘ၀မွစခါ ေျခာက္လွန္႔ေနခဲ့ေသာ လူတုိ႕ ျပဳလုပ္ထားသည့္ အထိန္းအကြပ္တစ္ခုျဖစ္ပါသည္။ လူရယ္လုိ႔ ျဖစ္လာလွ်င္ ပညာတတ္ၾကရမည္။ ပညာတတ္မွ လူရာ၀င္မည္။ ထုိ႔ေၾကာင့္ ကေလးဘ၀မွစခါ ပညာသင္ၾကားၾကရပါသည္။ သင္ယူေသာ ပညာမ်ား တတ္ေျမာက္မႈရွိ၊ မရွိကုိ စာေမးပြဲျဖင့္ စစ္ေဆးၾကရသည္။ မူလတန္းအဆင့္ ေအာင္ျမင္ၿပီးမွ အလယ္တန္းအဆင့္၊ ထုိမွ အထက္တန္းအဆင့္ တကၠသုိလ္ဘြဲ႕၊ ဘြဲႀကိဳ၊ ဘြဲ႕လြန္တုိ႔မွ ပါရဂူ (PHD) အထိ စာေမးပြဲမ်ား ေျဖဆုိၾကရသည္။ ယင္းစာေမးပြဲစနစ္ျဖင့္ စစ္ေဆးၿပီး လူအမ်ား၏ ပညာအရည္အခ်င္းကုိ သတ္မွတ္ အဆင့္အတန္း ခြဲျခားေပးပါသည္။ ထုိ႔ေၾကာင့္ မူလတန္းေက်ာင္းသားမွအစ တကၠသုိလ္ေက်ာင္းသားမ်ားအထိ စားေမးပြဲ ေအာင္ျမင္ေအာင္ ႀကိဳး စားၾကရပါသည္။ လူတုိင္း စာေမးပြဲနားနီးလွ်င္ စာေမးပြဲနတ္ ဖမ္းစားျခင္းခံရၿပီး အေသအလဲ ျဖစ္ေလ့ရွိပါသည္။ ပညာသင္ျခင္းသည္ လူတုိ႔အား အသိပညာ (Knowledge) ရေအာင္ ျပဳလုပ္ေပးျခင္းျဖစ္ၿပီး ယင္းအသိပညာ (Knowledge) ရ၊ မရကုိ စာေမးပြဲျဖင့္ စစ္ေဆးၾကည့္ျခင္း ျဖစ္ပါသည္။ စာေမးပြဲသည္ ေနာက္ဆံုးရလဒ္ (End Result) မဟုတ္ပါ။ အသိပညာ (Knowledge) ရ၊မရကုိ စစ္ေဆးေသာ နည္းလမ္း (Mean)သာ ျဖစ္ပါသည္။ သုိ႔ေသာ္ အသိပညာ ရျခင္း၊ မရျခင္းက အဓိကမဟုတ္။ စာေမးပြဲေအာင္ဖုိ႔သာ အဓိကျဖစ္လာကာ စာေမးပြဲသည္ နည္းလမ္း (Mean) ျဖစ္ရမည့္အစား ေနာက္ဆံုးရလဒ္ (EndResult) ျဖစ္လာကာ ဒုကၡေပး လာပါေတာ့သည္။ စာေမးပြဲေအာင္မွ ျဖစ္မည္။ စာေမးပြဲတြင္ အမွတ္မ်ားမ်ားရမွ ျဖစ္မည္။ ထုိ႔ေၾကာင့္ စာေမးပြဲေအာင္ဖုိ႔သာ အဓိက၊ စာေမးပြဲတြင္ အမွတ္မ်ားမ်ားရဖုိ႔သာ အဓိကျဖစ္ကာ စာေမးပြဲ ေအာင္ေရး၊ စာေမးပြဲတြင္ အမွတ္မ်ားမ်ားရေရး ဘက္ကုိ ဦးတည္ သင္ၾကားေလ့က်င့္ျခင္းမ်ိဳး ျဖစ္လာခဲ့ပါသည္။ ထုိ႔ေၾကာင့္ စာေမးပြဲ ေအာင္ျခင္း၊ မေအာင္ျခင္း၊ စာေမးပြဲတြင္ အမွတ္ မ်ားမ်ားရျခင္း ၊ မရျခင္းတုိ႔သည္ လူတုိ႔၏ အသိပညာ ရရွိျခင္း ၊ မရရွိျခင္းကုိ အမွန္တကယ္ တုိင္းတာႏုိင္ ပါသလားဟူေသာ ေမးခြန္းမ်ားျဖင့္ ေစာဒကစရာ ျဖစ္လာကာ ကမၻာေပၚရွိ ပညာရွင္မ်ား အေနျဖင့္လည္း သေဘာေပါက္လာခဲ့ၾကပါၿပီ။ စာေမးပြဲစနစ္သည္ လူတုိ႔၏အသိပညာ ရွိမႈ၊မရွိမႈႏွင့္ အသိပညာ အဆင့္အတန္းကုိ မတုိင္းတာႏုိင္။ စာေမးပြဲေအာင္ေအာင္ ေျဖဆုိတတ္ျခင္း၊ မတတ္ျခင္းႏွင့္ အမွတ္မ်ားမ်ားရေအာင္ ျပဳလုပ္ တတ္ျခင္း၊ မတတ္ျခင္းႏွင့္ပါ ပုိမုိသက္ဆုိင္မႈ ရွိေၾကာင္း ေတြ႕ရွိလာခဲ့ၾကပါသည္။ သုိ႔ေသာ္ စာေမးပြဲစနစ္ကုိ အစားထုိးႏုိင္မည့္ စနစ္ေကာင္း မရွိေသးသည့္အတြက္ မသံုးမျဖစ္ သံုးေနရေသးျခင္း၊ မခ်စ္ေသာ္လည္း ေအာင့္ကာနမ္းဆုိသလုိ မေကာင္းေသာ္လည္း လုိအပ္ေနေသးသ၍ ဆက္လက္အသံုးျပဳေနရေသာ နတ္ဆုိး (NecessaryEvil) ဟု တင္စားေျပာဆုိလ်က္ ရွိပါသည္။ မွန္ပါသည္။ စာေမးပြဲသည္ နတ္ဆုိး (Evil) ျဖစ္ပါသည္။ စာေမးပြဲမေအာင္ ၍၊ စာေမးပြဲမေျဖႏုိင္၍၊ စာေမးပြဲတြင္ အမွတ္ ရနည္း၍ ကုိယ္ကုိကုိယ္ သတ္ေသေနၾကေသာ ေက်ာင္းသား၊ ေက်ာင္းသူမ်ားသတင္းကုိ အားလံုး ၾကားဖူးၾကမည္ထင္ပါသည္။ အထူးသျဖင့္ ၿပိဳင္ဆုိင္မႈျပင္းထန္ေသာ ကုိရီးယားႏုိင္ငံ၊ ဂ်ပန္ႏုိင္ငံ၊ စကၤာပူႏုိင္ငံတုိ႔တြင္ အျဖစ္မ်ားလ်က္ရွိပါသည္။ ျမန္မာႏုိင္ငံတြင္ပင္ စာေမးပြဲမေအာင္၍ သတ္ေသသြားေသာ သတင္းမ်ား မၾကာခဏ ၾကားေနၿပီ ျဖစ္ပါသည္။ အေမရိကန္ႏုိင္ငံ တကၠသုိလ္မ်ားတြင္ ပါရဂူသင္တန္းတက္ေနေသာ ေက်ာင္းသူမ်ား မိမိတုိ႔ခႏၶာကုိယ္ကုိ ရင္း၍ ပါေမာကၡမ်ားအား လာဘ္ထုိးကာ စားေမးပြဲ ေအာင္ေအာင္ ျပဳလုပ္ေနၾကေၾကာင္း၊ တကၠသုိလ္ပါေမာကၡမ်ားကုိ တာ၀န္ရွိသူမ်ားက စစ္ေဆးေနရေသာ သတင္း၊ အိႏၵိယႏုိင္ငံတြင္ သားသမီးမ်ား စာေမးပြဲ ေအာင္ျမင္ေရးအတြက္ မိဘမ်ားကုိယ္တုိင္ (သုိ႔) လူမ်ားငွားရမ္းကာ စာေမးပြဲ က်င္းပေနသည့္ ေက်ာင္းခန္းသုိ႔ နံရံမ်ားကုိ ကုတ္ကတ္တြယ္တက္ကာ ခုိးပုိ႔ေနမႈကို ဓာတ္ပံုႏွင့္တကြ ေဖာ္ျပခဲ့သည့္အတြက္ ကမၻာေက်ာ္သြားေသာ သတင္းမ်ားအျပင္ ကြၽႏု္ပ္တုိ႔ ျမန္မာႏုိင္ငံ တကၠသုိလ္မ်ားတည္ရွိရာ ကမာရြတ္လွည္းတန္းတစ္၀ိုက္ တကၠသုိလ္စာေမးပြဲ ကာလမ်ားတြင္ မိတၱဴကူးဆုိင္မ်ား၊ စာရြက္စာတမ္း အေသးခ်ံဳ႕၊ခ်ဲ႕ျခင္းအလုပ္မ်ား လက္မလည္ ေအာင္ ျပဳလုပ္ေပးရၿပီး စာေမးပြဲအၿပီး ခုိးခ်ရာတြင္ အသံုးျပဳခဲ့ေသာ မိတၱဴျဖင့္ ခ်ဳံ႕ထားေသာ စာရြက္မ်ား ပလူပ်ံေနေအာင္ လႊင့္ပစ္ထားခဲ့မႈမ်ား အစရွိသည္တုိ႔က စာေမးပြဲ နတ္ဆုိး၏ သေဘာသဘာ၀ကုိ ျပသလ်က္ ရွိပါသည္။ လူတုိ႔ အသိပညာ ရရွိေရးအတြက္ ပညာသင္ၾကားေပးေသာ စနစ္တစ္ခုလံုး၏ အဓိကသည္ စာေမးပြဲေအာင္ျမင္ေရး၊ စာေမးပြဲတြင္ အမွတ္မ်ားမ်ားရရွိေရး ျဖစ္လာသျဖင့္ စာေမးပြဲေအာင္ရန္သာ အဓိက ျဖစ္သည့္နည္းျဖင့္ အမွတ္မ်ားမ်ား ရရွိေရးသာ အဓိက ျဖစ္ေသာေၾကာင့္ က်ဴရွင္ဟူ၍ ေပၚေပါက္လာခဲ့ပါသည္။ က်ဴရွင္သည္ ေငြအပုိေပးကာ စာေမးပြဲေအာင္ရန္၊ အမွတ္မ်ားရန္ ေလ့က်င့္ သင္ၾကားေပးေသာ စနစ္ျဖစ္ကာ အသိပညာ(Knowledge) ရရွိေရးႏွင့္ ဖီလာဆန္႔က်င္ကာ စာေမးပြဲတြင္ ေမးတတ္သည္မ်ားကုိသာ ဦးစားေပးၿပီး စာေမးပြဲတြင္ ေမးေလ့မရွိေသာ၊ ေမးခဲေသာ အေၾကာင္းအရာမ်ားကုိ လံုး၀ မသင္ေတာ့။ စာေမးပြဲေအာင္ေအာင္ ေျဖနည္း၊ အမွတ္မ်ားေအာင္ လုပ္နည္းကုိသာ ဦးစားေပးၿပီး ေလ့က်င့္ေစပါေတာ့သည္။ စာေမးပြဲေအာင္ဖုိ႔၊ အမွတ္မ်ားဖုိ႔က အဓိကျဖစ္၍ ဘာသာစံု က်ဴရွင္ ယူၾကရပါေတာ့သည္။ မူႀကိဳအတန္းမွ အစ တကၠသုိလ္ေနာက္ဆံုးႏွစ္အထိ၊ ေဆးတကၠသုိလ္၊ အင္ဂ်င္နီယာ တကၠသုိလ္တုိ႔တြင္လည္း က်ဴရွင္ ယူၾကသည္သာမက မဟာဘြဲ႕လြန္ သင္တန္းမ်ား အထိပင္ က်ဴရွင္မလြတ္ေတာ့။ က်ဴရွင္ကုိ ျပင္ပဆရာမ်ားတြင္ ယူၾကရာမွ ေက်ာင္းတြင္ က်ဴရွင္မ်ား ေပၚေပါက္လာသည္။ ေက်ာင္းဆရာ၊ဆရာမမ်ားက က်ဴရွင္ေပးလာၾကရာ မူႀကိဳ၊ မူလတန္း၊ အလယ္တန္း၊ အထက္တန္း ဆရာ၊ ဆရာမမ်ားအတြက္ ၀င္ေငြလမ္းေျဖာင့္လာရာမွ ေလာဘတက္ကာ ေက်ာင္းတြင္ စာေကာင္းေကာင္းမသင္ က်ဴရွင္တက္မွ စာအားလံုး ၿပီးၿပီး၊ အတန္းပိုင္ဆရာ၊ ဆရာမထဲတြင္ က်ဴရွင္မယူလွ်င္ မ်က္ႏွာသာအေပးမခံရေတာ့ေသာ အေျခအေနမ်ား ျဖစ္ေပၚလာကာ ပညာေရးေလာကတြင္ အဂတိလိုက္စားမႈမ်ား ျဖစ္ေပၚလာခဲ့ပါသည္။ ေက်ာင္းသား၊ ေက်ာင္းသူမ်ား ကလည္း ေက်ာင္းတက္ရန္ မလုိ၊ က်ဴရွင္တက္ၿပီး စာေမးပြဲေျဖဆုိႏုိင္ေသာေၾကာင့္ပင္ ျဖစ္ပါသည္။ ထုိ႔ေၾကာင့္ ပံုမွန္ ေက်ာင္းမ်ားတြင္ စာသင္ခန္းအတြင္း ပညာသင္ရသည္မွာ စိတ္၀င္စား ဖြယ္မေကာင္းေတာ့၊ ေက်ာင္းသား၊ေက်ာင္းသူမ်ား အေနျဖင့္ စာကုိ ေကာင္းစြာ သင္ယူလုိစိတ္ မရွိၾကေတာ့ဘဲ ေက်ာင္းစာသင္ၾကားမႈ စနစ္ႀကီးတစ္ခုလံုး ပ်က္စီးသြားပါေတာ့သည္။ လူတုိ႔အား အသိပညာေပးရမည့္ ပညာေရးစနစ္တစ္ခုလံုး စာေမးပြဲနတ္ဆုိး၏ ဖမ္းစားျခင္းခံရၿပီး ပ်က္စီးသြားရာမွ လူငယ္လူရြယ္မ်ား စာေမးပြဲ ေအာင္လာေသာ္လည္း၊ အမွတ္မ်ားမ်ား ရလာ ၾကေသာ္လည္း၊ ပညာမတတ္သူမ်ား ျဖစ္လာပါသည္။ တုိင္းျပည္ ဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ လုိအပ္ေသာ အသိပညာရွင္၊ အတတ္ပညာရွင္မ်ား ေခါင္းပါးေသာ အေျခအေန ျဖစ္လာကာ တုိင္းျပည္ ဖြံ႕ၿဖိဳးတုိးတက္ေရးကုိပါ ထိခိုက္လာပါေတာ့သည္။ အျခားတစ္ဖက္တြင္ စာေမးပြဲ မေအာင္ေသာ၊ စာေမးပြဲတြင္ ရမွတ္နည္းေသာ ေက်ာင္းသား၊ ေက်ာင္းသူမ်ားမွာလည္း ဘ၀ပ်က္ကာ ႀကံဳသလုိႏွင့္ စခန္းသြားၾကရာမွ တုိင္းျပည္ထူေထာင္ေရး အတြက္ လုိအပ္ေသာ လူသားအရင္းအႏွီး (Human Capital) ျဖစ္ မလာေတာ့ပါ။ စာေမးပြဲမေအာင္ျခင္း၊ စာေမးပြဲတြင္ အမွတ္မ်ားမ်ားမရျခင္းသည္ အသိပညာ မရွိ၍မဟုတ္၊ စာေမးပြဲေအာင္ေအာင္ မေျဖတတ္ျခင္း၊ အမွတ္မ်ားမ်ားရေအာင္ မလုပ္တတ္ျခင္းသာ ျဖစ္ပါသည္။ ထုိ႔ေၾကာင့္ စာေမးပြဲမေအာင္ သည္ႏွင့္၊ အမွတ္မမ်ားသည္ႏွင့္ ယင္းေက်ာင္းသား၊ ေက်ာင္းသူမ်ားကုိ လူညံ့ဟူ၍ သတ္မွတ္၍ မရႏုိင္ပါ။ စာေမးပြဲ မေအာင္ေသာ္လည္း လူေတာ္လူေကာင္း ထူးခႊ်န္သူမ်ားစြာ ရွိပါသည္။ စာေမးပြဲ မေအာင္သည့္အတြက္ အစြန္းအစရွိသည့္ (Talented) လူငယ္ လူရြယ္မ်ားစြာကုိ စြန္႔လႊတ္ေတာ့ရမည့္ အေျခအေနမ်ိဳး ျဖစ္ေနပါသည္။ နည္းပညာနယ္ပယ္မွ နာမည္ေက်ာ္ Apple ကြန္ပ်ဴတာကုမၸဏီကုိ တည္ေထာင္ခဲ့သူ၊ Apple ကုိ ကမၻာ့တန္ဖုိးအႀကီးဆံုးကုမၸဏီ ျဖစ္ေအာင္ ျပဳလုပ္ႏုိင္ခဲ့သူ၊ ကမၻာ့ပထမဆံုး (Personal Computer) ကုိ တီထြင္ႏုိင္ခဲ့သူ Steve Job သည္ စာေမးပြဲမေအာင္၍ ေကာလိပ္မွထြက္ခဲ့ရေသာ (Collage Drop-out) တစ္ဦး ျဖစ္ပါသည္။ Microsoft ကုမၸဏီကုိ တည္ေထာင္ၿပီး ယေန႔အထိ ငယ္ငယ္ရြယ္ရြယ္ ျဖင့္ ကမၻာ့အခ်မ္းသာဆံုး ပုဂၢိဳလ္ျဖစ္သူ Bill Gate မွာလည္း တကၠသုိလ္ ဘြဲ႕မရဘဲထြက္ခဲ့ရေသာ (Collage Drop-out) ပင္ျဖစ္ပါသည္။ ကမၻာအရပ္ရပ္ ပညာေရးနယ္ပယ္မွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားသည္ စာေမးပြဲစနစ္၏ အားနည္းခ်က္မ်ားကုိ သိေသာ္လည္း လူတုိ႔၏ အရည္အခ်င္းကုိ စစ္ေဆးေသာ အျခားေကာင္းမြန္သည့္ နည္းလမ္းျဖင့္ အစားထိုးရန္ မရွိေသးသည့္အတြက္ မခ်စ္ေသာ္လည္း ေအာင့္ကာ နမ္းဆုိသည့္အတုိင္း မရွိမျဖစ္ေသာ နတ္ဆုိး (Necessary Evil) အျဖစ္ ဆက္လက္ အသံုးျပဳေနရျခင္း ျဖစ္ပါသည္။ လက္ရွိ စာေမးပြဲစနစ္ျဖင့္ သင္ၾကားေသာ အရည္အခ်င္းစစ္သည့္ ပံုစံအား ျပဳျပင္သည့္အေနျဖင့္ အေမရိကန္ႏုိင္ငံတြင္ (Work and Learn)ပံုစံ သင္ၾကားနည္း စနစ္ကုိ ေျပာင္းလဲက်င့္သံုးလာေနၿပီ ျဖစ္ပါသည္။ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကုိ စာသင္ရာတြင္ လက္ေတြ႕ ကြၽမ္းက်င္မႈအခ်က္ပါ တြဲဘက္သင္ၾကားၿပီး စာေမးပြဲတြင္ (Assignment) မ်ား၊ (Project) မ်ားကုိ လက္ေတြ႕ျပဳလုပ္ေစၿပီး ယင္း ရလဒ္မ်ားျဖင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ အရည္အခ်င္းကုိ အကဲျဖတ္ျခင္းျဖစ္ပါသည္။ ယင္းစနစ္သည္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ အကန္႔အသတ္မရွိေသာ အသိပညာ (Knowledge) ကုိ ရရွိေစႏုိင္သည့္အျပင္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားမွာလည္း စိတ္အား ထက္သန္စြာ ပညာဆည္းပူးလုိမႈ (Motivation) ကုိလည္း ျဖစ္ေပၚလာေစ ေၾကာင္း ေတြ႕ ရွိရပါသည္။

MCC ၏ (Work & Learn) ပညာသင္ၾကားနည္းစနစ္

MCC Institute မ်ားတြင္ (၂၀၀၉) ခုႏွစ္မွစတင္ၿပီး (Work & Learn) ပညာသင္ၾကားနည္း စနစ္မ်ားကုိ က်င့္သံုးလာခဲ့ပါသည္။ MCC ၏ နာမည္ေက်ာ္ B.Sc(Hon:) Business IT ကြန္ပ်ဴတာသိပၸံဘြဲ႕သင္တန္းကုိ (Work & Learn) ပံုစံျဖင့္ သင္ၾကားခဲ့ရာ ထူးခြၽန္ ေသာ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကုိ ေမြးထုတ္ေပးႏုိင္ခဲ့ၿပီး ျပည္တြင္း ျပည္ပတြင္ လုပ္ခလစာ ေကာင္းေကာင္းျဖင့္ အဆင့္ျမင့္ ကြန္ပ်ဴတာ ပညာရွင္မ်ားအျဖစ္ အသိအမွတ္ျပဳခံရကာ အလုပ္လုပ္ကုိင္လ်က္ရွိၾကပါသည္။ အဂၤလန္ႏုိင္ငံ (University of Greenwich) မွ ခ်ီးျမႇင့္သည့္ B.Sc(Hon:) Business IT သင္တန္းကုိစတင္ တက္ေရာက္ေနေသာ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ပထမႏွစ္ စတင္တက္ေရာက္ သည့္အခ်ိန္မွစခါ (On - the - Job - Training) ကုိ အပတ္စဥ္ျပဳလုပ္ရၿပီး တတိယႏွစ္ ေရာက္သည့္ႏွင့္ အခ်ိန္ပိုင္း အလုပ္ခန္႔ထားကာ တစ္ပတ္လွ်င္ (၃)ရက္ ေက်ာင္းတက္ (၂)ရက္ အလုပ္လုပ္ေစပါသည္။ လက္ေတြ႕ (JobTraining) ကုိ MCC ၏ ICT Services ေအာက္ရွိ လက္ေတြ႕ ေဆာင္ရြက္လ်က္ရွိေသာ IT Project ႀကီးမ်ားတြင္ ပါ၀င္လုပ္ကုိင္ေစသည့္စနစ္ ျဖစ္ပါသည္။ တတိယႏွစ္ ေက်ာင္းစၿပီး ဘြဲ႕ရသည္ႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူ မ်ားအားလံုးကုိ အလုပ္ခန္႔ထားကာ JSE (Junior Software Engineering) မ်ားအျဖစ္ အေတြ႕အႀကံဳရေအာင္ ေလ့က်င့္သင္ၾကားေပး ျခင္းျဖစ္ပါသည္။

MCC ၏ (Work & Learn) သင္ၾကားသည့္ အစီအစဥ္တစ္ခုမွာ အဂၤလန္ႏုိင္ငံ၏ အသက္ေမြး၀မ္းေက်ာင္း ပညာရပ္မ်ား သင္ၾကားမႈစနစ္ကုိ အေကာင္အထည္ ေဖာ္ေနေသာ အႀကီးဆံုး အဖြဲ႕အစည္းျဖစ္ပါသည္။ PEARSON Group ႏွင့္ ပူးေပါင္းေဆာင္ရြက္ၿပီး MCC Polytechnic မ်ားတြင္ BTEC Program မ်ား သင္ၾကားေပးျခင္းျဖစ္ပါသည္။ BTEC Level-4 ႏွင့္ BTEC Level-5 ကုိ (၂) ႏွစ္ တက္ေရာက္ၿပီးလွ်င္ အဂၤလန္ႏုိင္ငံ၏ HND (Higher National Diploma) ရရွိႏုိင္မည္ ျဖစ္ပါသည္။ ယခုအခါ အင္ဂ်င္နီယာဒီပလုိမာ၊ စီးပြားေရး ဒီပလုိမာ၊ ကြန္ပ်ဴတာ ဒီပလုိမာ သင္တန္းမ်ား စတင္ သင္ၾကားလ်က္ရွိပါသည္။ PEARSON ၏ HND ဒီပလုိမာ သင္တန္းမ်ားသည္ စာေမးပြဲစနစ္မဟုတ္ဘဲ (Assignment) စနစ္ျဖင့္ သင္ၾကားေပးျခင္း ျဖစ္ေၾကာင္း စာေမးပြဲနတ္ဆုိး (Exam Evil) ပူးကပ္ျခင္းမရွိပါ။ ေက်ာင္းသား၊ ေက်ာင္းသူမ်ားမွာလည္း စာေမးပြဲစနစ္၏ သားေကာင္မ်ား မဟုတ္ေတာ့ဘဲ လြတ္လြတ္ လပ္လပ္ စိတ္အား ထက္သန္စြာ လက္ေတြ႕အလုပ္ျဖင့္ ပညာသင္ယူလ်က္ ရွိၾကပါသည္။ ယင္းကဲ့သုိ႔ အသက္ေမြး၀မ္းေက်ာင္း ပညာမ်ား လက္ေတြ႕ သင္ၾကားမႈ၏ရလဒ္ကုိ အသိအမွတ္ျပဳသည့္အေနျဖင့္ အဂၤလန္ႏုိင္ငံ QCF ပညာ အဆင့္အတန္း စံသတ္မွတ္ခ်က္မ်ား အရ BTEC Level-4 ကုိ တကၠသုိလ္ ပထမႏွစ္၊ BTEC Level-5 ကုိ တကၠသုိလ္ ဒုတိယႏွစ္ အတန္းမ်ားႏွင့္ အဆင့္တူ အသိအမွတ္ ျပဳထားပါသည္။ ထုိ႔ေၾကာင့္ HND Level-5 ဒီပလုိမာ ရရွိၿပီးသူမ်ားသည္ အဂၤလန္ႏုိင္ငံ ပညာအရည္အခ်င္း စံသတ္မွတ္ခ်က္ Level-6 ျဖစ္ေသာ အဂၤလန္ႏုိင္ငံ တကၠသုိလ္မ်ား၏ တတိယႏွစ္သုိ႔ ၀င္ခြင့္ရၿပီး (Top-Up) ဘြဲ႕ ဒီပလုိမာမ်ားကုိ ဆက္လက္ သင္ၾကားရယူႏုိင္ မည္ျဖစ္ပါသည္။ MCC အေနျဖင့္ အဂၤလန္ႏုိင္ငံ တကၠသုိလ္မ်ားျဖစ္ေသာ University of Greenwich, Middlesex University, Bermingham City University, Austriliam Institute of Business တုိ႔ျဖင့္ ခ်ိတ္ဆက္ထားကာ HND ဒီပလုိမာ ရရွိၿပီးသူမ်ားအတြက္ Top-Up ဒီပလုိမာ သင္တန္းမ်ားကုိ MCC Institute မ်ားတြင္ တက္ေရာက္သင္ၾကားႏုိင္ရန္ စီစဥ္ထားရွိပါသည္။ MCC Polytechnic မ်ားတြင္ သင္ၾကားလ်က္ရွိေသာ HND ဒီပလုိမာ သင္တန္းမ်ားကုိ တကၠသုိလ္၀င္တန္း ေအာင္ျမင္ၿပီးသူမ်ား တက္ေရာက္သင္ၾကားႏုိင္ပါသည္။

တကၠသုိလ္၀င္တန္း စာေမးပြဲမေအာင္ျမင္သည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ ဘ၀တက္လမ္း ပိတ္ဆုိ႔ မသြားေအာင္ BTEC Level - 3 သုိ႔ တက္ေရာက္ႏုိင္ၿပီး ယင္းမွတစ္ဆင့္ Level - 4 ႏွင့္ Level - 5 မ်ားသို႔ ဆက္လက္ တက္ေရာက္ကာ အသက္ေမြးေက်ာင္းဒီပလုိမာမ်ား ရရွိႏုိင္သည္သာမက Level - 6 တကၠသုိလ္ ေနာက္ဆံုးႏွစ္သုိ႔ ဆက္လက္တက္ေရာက္ၿပီး တကၠသုိလ္၀င္တန္း စာေမးပြဲေအာင္ျမင္သူမ်ား ကဲ့သုိ႔ပင္ အဂၤလန္ႏုိင္ငံမွ ခ်ီးျမႇင့္မည့္ ဘြဲ႕ဒီဂရီမ်ား ရရွိႏုိင္မည္လည္းျဖစ္ပါသည္။ ျမန္မာႏုိင္ငံ၏ တကၠသုိလ္၀င္တန္းစာေမးပြဲ က်႐ႈံးသူမ်ား ဘ၀မပ်က္ေစရန္ အစီအစဥ္ရွိ သကဲ့သုိ႔ အ႒မတန္း (Grade - 9) စာေမးပြဲ က်႐ံႈးေသာ ကေလးငယ္မ်ားအတြက္လည္း ငယ္ငယ္ရြယ္ရြယ္ျဖင့္ ပညာသင္ၾကားေရး လမ္းေၾကာင္း အဆက္မျပတ္ေစရန္ BTEC Level - 2 သုိ႔ တက္ႏုိင္ရန္လည္း စီစဥ္ထားပါသည္။ ယင္းကေလးငယ္မ်ား အေနျဖင့္ စာေမးပြဲစနစ္ နတ္ဆုိးရန္က လြတ္ေျမာက္ၿပီး အသက္ေမြး၀မ္းေက်ာင္းပညာကုိ တက္ေရာက္ၿပီး Level - 2 မွတစ္ဆင့္ Level -3, Level - 4, Level – 5 မ်ား တက္ေရာက္ကာ အဂၤလန္ႏုိင္ငံ၏ HND (Higher National Diploma) မ်ား ရရွိႏုိင္မည္ ျဖစ္ပါသည္။ ထုိမွ တစ္ဆင့္ Levl - 6 တကၠသုိလ္ေနာက္ဆံုးႏွစ္ သင္တန္းမ်ားကုိ MCC Institute မ်ားတြင္ တက္ေရာက္ကာ အဂၤလန္ႏုိင္ငံတကၠသုိလ္မ်ား၏ အင္ဂ်င္နီယာ သိပၸံဒီဂရီ၊ စီးပြားေရးပညာ သိပၸံဒီဂရီႏွင့္ ကြန္ပ်ဴတာသိပၸံ ဒီဂရီမ်ားကုိ တက္လွမ္း ရရွိႏုိင္မည္ ျဖစ္ပါသည္။

လိုအပ်သော်လည်း မကောင်းသည့်နတ်ဆိုး (Necessary Evil) (သို့) စာမေးပွဲ

စာမေးပွဲ(Examination)ဆိုသည်မှာ ကမ္ဘာပေါ်ရှိ လူတိုင်းအား ငယ်စဉ်ဘဝမှစခါ ခြောက်လှန့်နေခဲ့သော လူတို့ ပြုလုပ်ထားသည့် အထိန်းအကွပ်တစ်ခုဖြစ်ပါသည်။ လူရယ်လို့ ဖြစ်လာလျှင် ပညာတတ်ကြရမည်။ ပညာတတ်မှ လူရာဝင်မည်။ ထို့ကြောင့် ကလေးဘဝမှစခါ ပညာသင်ကြားကြရပါသည်။ သင်ယူသော ပညာများ တတ်မြောက်မှုရှိ၊ မရှိကို စာမေးပွဲဖြင့် စစ်ဆေးကြရသည်။ မူလတန်းအဆင့် အောင်မြင်ပြီးမှ အလယ်တန်းအဆင့်၊ ထိုမှ အထက်တန်းအဆင့် တက္ကသိုလ်ဘွဲ့၊ ဘွဲကြို၊ ဘွဲ့လွန်တို့မှ ပါရဂူ (PHD) အထိ စာမေးပွဲများ ဖြေဆိုကြရသည်။ ယင်းစာမေးပွဲစနစ်ဖြင့် စစ်ဆေးပြီး လူအများ၏ ပညာအရည်အချင်းကို သတ်မှတ် အဆင့်အတန်း ခွဲခြားပေးပါသည်။ ထို့ကြောင့် မူလတန်းကျောင်းသားမှအစ တက္ကသိုလ်ကျောင်းသားများအထိ စားမေးပွဲ အောင်မြင်အောင် ကြိုး စားကြရပါသည်။ လူတိုင်း စာမေးပွဲနားနီးလျှင် စာမေးပွဲနတ် ဖမ်းစားခြင်းခံရပြီး အသေအလဲ ဖြစ်လေ့ရှိပါသည်။ ပညာသင်ခြင်းသည် လူတို့အား အသိပညာ (Knowledge) ရအောင် ပြုလုပ်ပေးခြင်းဖြစ်ပြီး ယင်းအသိပညာ (Knowledge) ရ၊ မရကို စာမေးပွဲဖြင့် စစ်ဆေးကြည့်ခြင်း ဖြစ်ပါသည်။ စာမေးပွဲသည် နောက်ဆုံးရလဒ် (End Result) မဟုတ်ပါ။ အသိပညာ (Knowledge) ရ၊မရကို စစ်ဆေးသော နည်းလမ်း (Mean)သာ ဖြစ်ပါသည်။ သို့သော် အသိပညာ ရခြင်း၊ မရခြင်းက အဓိကမဟုတ်။ စာမေးပွဲအောင်ဖို့သာ အဓိကဖြစ်လာကာ စာမေးပွဲသည် နည်းလမ်း (Mean) ဖြစ်ရမည့်အစား နောက်ဆုံးရလဒ် (EndResult) ဖြစ်လာကာ ဒုက္ခပေးလာပါတော့သည်။ စာမေးပွဲအောင်မှ ဖြစ်မည်။ စာမေးပွဲတွင် အမှတ်များများရမှ ဖြစ်မည်။ ထို့ကြောင့် စာမေးပွဲအောင်ဖို့သာ အဓိက၊ စာမေးပွဲတွင် အမှတ်များများရဖို့သာ အဓိကဖြစ်ကာ စာမေးပွဲ အောင်ရေး၊ စာမေးပွဲတွင် အမှတ်များများရရေး ဘက်ကို ဦးတည် သင်ကြားလေ့ကျင့်ခြင်းမျိုး ဖြစ်လာခဲ့ပါသည်။ ထို့ကြောင့် စာမေးပွဲ အောင်ခြင်း၊ မအောင်ခြင်း၊ စာမေးပွဲတွင် အမှတ် များများရခြင်း ၊ မရခြင်းတို့သည် လူတို့၏ အသိပညာ ရရှိခြင်း ၊ မရရှိခြင်းကို အမှန်တကယ် တိုင်းတာနိုင် ပါသလားဟူသော မေးခွန်းများဖြင့် စောဒကစရာ ဖြစ်လာကာ ကမ္ဘာပေါ်ရှိ ပညာရှင်များ အနေဖြင့်လည်း သဘောပေါက်လာခဲ့ကြပါပြီ။ စာမေးပွဲစနစ်သည် လူတို့၏အသိပညာ ရှိမှု၊မရှိမှုနှင့် အသိပညာ အဆင့်အတန်းကို မတိုင်းတာနိုင်။ စာမေးပွဲအောင်အောင် ဖြေဆိုတတ်ခြင်း၊ မတတ်ခြင်းနှင့် အမှတ်များများရအောင် ပြုလုပ် တတ်ခြင်း၊ မတတ်ခြင်းနှင့်ပါ ပိုမိုသက်ဆိုင်မှု ရှိကြောင်း တွေ့ရှိလာခဲ့ကြပါသည်။ သို့သော် စာမေးပွဲစနစ်ကို အစားထိုးနိုင်မည့် စနစ်ကောင်း မရှိသေးသည့်အတွက် မသုံးမဖြစ် သုံးနေရသေးခြင်း၊ မချစ်သော်လည်း အောင့်ကာနမ်းဆိုသလို မကောင်းသော်လည်း လိုအပ်နေသေးသ၍ ဆက်လက်အသုံးပြုနေရသော နတ်ဆိုး (NecessaryEvil) ဟု တင်စားပြောဆိုလျက် ရှိပါသည်။ မှန်ပါသည်။ စာမေးပွဲသည် နတ်ဆိုး (Evil) ဖြစ်ပါသည်။ စာမေးပွဲမအောင် ၍၊ စာမေးပွဲမဖြေနိုင်၍၊ စာမေးပွဲတွင် အမှတ် ရနည်း၍ ကိုယ်ကိုကိုယ် သတ်သေနေကြသော ကျောင်းသား၊ ကျောင်းသူများသတင်းကို အားလုံး ကြားဖူးကြမည်ထင်ပါသည်။ အထူးသဖြင့် ပြိုင်ဆိုင်မှုပြင်းထန်သော ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ စင်္ကာပူနိုင်ငံတို့တွင် အဖြစ်များလျက်ရှိပါသည်။ မြန်မာနိုင်ငံတွင်ပင် စာမေးပွဲမအောင်၍ သတ်သေသွားသော သတင်းများ မကြာခဏ ကြားနေပြီ ဖြစ်ပါသည်။ အမေရိကန်နိုင်ငံ တက္ကသိုလ်များတွင် ပါရဂူသင်တန်းတက်နေသော ကျောင်းသူများ မိမိတို့ခန္ဓာကိုယ်ကို ရင်း၍ ပါမောက္ခများအား လာဘ်ထိုးကာ စားမေးပွဲ အောင်အောင် ပြုလုပ်နေကြကြောင်း၊ တက္ကသိုလ်ပါမောက္ခများကို တာဝန်ရှိသူများက စစ်ဆေးနေရသော သတင်း၊ အိန္ဒိယနိုင်ငံတွင် သားသမီးများ စာမေးပွဲအောင်မြင်ရေးအတွက် မိဘများကိုယ်တိုင် (သို့) လူများငှားရမ်းကာ စာမေးပွဲကျင်းပနေသည့် ကျောင်းခန်းသို့ နံရံများကို ကုတ်ကတ်တွယ်တက်ကာ ခိုးပို့နေမှုကို ဓာတ်ပုံနှင့်တကွ ဖော်ပြခဲ့သည့်အတွက် ကမ္ဘာကျော်သွားသော သတင်းများအပြင် ကျွနု်ပ်တို့ မြန်မာနိုင်ငံ တက္ကသိုလ်များတည်ရှိရာ ကမာရွတ်လှည်းတန်းတစ်ဝိုက် တက္ကသိုလ်စာမေးပွဲ ကာလများတွင် မိတ္တူကူးဆိုင်များ၊ စာရွက်စာတမ်း အသေးချုံ့၊ချဲ့ခြင်းအလုပ်များ လက်မလည် အောင် ပြုလုပ်ပေးရပြီး စာမေးပွဲအပြီး ခိုးချရာတွင် အသုံးပြုခဲ့သော မိတ္တူဖြင့် ချုံ့ထားသော စာရွက်များ ပလူပျံနေအောင် လွှင့်ပစ်ထားခဲ့မှုများ အစရှိသည်တို့က စာမေးပွဲ နတ်ဆိုး၏ သဘောသဘာဝကို ပြသလျက် ရှိပါသည်။ လူတို့ အသိပညာ ရရှိရေးအတွက် ပညာသင်ကြားပေးသော စနစ်တစ်ခုလုံး၏ အဓိကသည် စာမေးပွဲအောင်မြင်ရေး၊ စာမေးပွဲတွင် အမှတ်များများရရှိရေး ဖြစ်လာသဖြင့် စာမေးပွဲအောင်ရန်သာ အဓိက ဖြစ်သည့်နည်းဖြင့် အမှတ်များများ ရရှိရေးသာ အဓိက ဖြစ်သောကြောင့် ကျူရှင်ဟူ၍ ပေါ်ပေါက်လာခဲ့ပါသည်။ ကျူရှင်သည် ငွေအပိုပေးကာ စာမေးပွဲအောင်ရန်၊ အမှတ်များရန် လေ့ကျင့် သင်ကြားပေးသော စနစ်ဖြစ်ကာ အသိပညာ(Knowledge) ရရှိရေးနှင့် ဖီလာဆန့်ကျင်ကာ စာမေးပွဲတွင် မေးတတ်သည်များကိုသာ ဦးစားပေးပြီး စာမေးပွဲတွင် မေးလေ့မရှိသော၊ မေးခဲသော အကြောင်းအရာများကို လုံးဝ မသင်တော့။ စာမေးပွဲအောင်အောင် ဖြေနည်း၊ အမှတ်များအောင် လုပ်နည်းကိုသာ ဦးစားပေးပြီး လေ့ကျင့်စေပါတော့သည်။ စာမေးပွဲအောင်ဖို့၊ အမှတ်များဖို့က အဓိကဖြစ်၍ ဘာသာစုံ ကျူရှင် ယူကြရပါတော့သည်။ မူကြိုအတန်းမှ အစ တက္ကသိုလ်နောက်ဆုံးနှစ်အထိ၊ ဆေးတက္ကသိုလ်၊ အင်ဂျင်နီယာ တက္ကသိုလ်တို့တွင်လည်း ကျူရှင် ယူကြသည်သာမက မဟာဘွဲ့လွန် သင်တန်းများ အထိပင် ကျူရှင်မလွတ်တော့။ ကျူရှင်ကို ပြင်ပဆရာများတွင် ယူကြရာမှ ကျောင်းတွင် ကျူရှင်များ ပေါ်ပေါက်လာသည်။ ကျောင်းဆရာ၊ဆရာမများက ကျူရှင်ပေးလာကြရာ မူကြို၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ဆရာ၊ ဆရာမများအတွက် ၀င်ငွေလမ်းဖြောင့်လာရာမှ လောဘတက်ကာ ကျောင်းတွင် စာကောင်းကောင်းမသင် ကျူရှင်တက်မှ စာအားလုံး ပြီးပြီး၊ အတန်းပိုင်ဆရာ၊ ဆရာမထဲတွင် ကျူရှင်မယူလျှင် မျက်နှာသာအပေးမခံရတော့သော အခြေအနေများ ဖြစ်ပေါ်လာကာ ပညာရေး လောကတွင် အဂတိလိုက်စားမှုများ ဖြစ်ပေါ်လာခဲ့ပါသည်။ ကျောင်းသား၊ ကျောင်းသူများ ကလည်း ကျောင်းတက်ရန် မလို၊ ကျူရှင်တက်ပြီး စာမေးပွဲဖြေဆိုနိုင်သောကြောင့်ပင် ဖြစ်ပါသည်။ ထို့ကြောင့် ပုံမှန် ကျောင်းများတွင် စာသင်ခန်းအတွင်း ပညာသင်ရသည်မှာ စိတ်ဝင်စား ဖွယ်မကောင်းတော့၊ ကျောင်းသား၊ကျောင်းသူများ အနေဖြင့် စာကို ကောင်းစွာ သင်ယူလိုစိတ် မရှိကြတော့ဘဲ ကျောင်းစာသင်ကြားမှု စနစ်ကြီးတစ်ခုလုံး ပျက်စီးသွားပါတော့သည်။ လူတို့အား အသိပညာပေးရမည့် ပညာရေးစနစ်တစ်ခုလုံး စာမေးပွဲနတ်ဆိုး၏ ဖမ်းစားခြင်းခံရပြီး ပျက်စီးသွားရာမှ လူငယ်လူရွယ်များ စာမေးပွဲ အောင်လာသော်လည်း၊ အမှတ်များများ ရလာ ကြသော်လည်း၊ ပညာမတတ်သူများ ဖြစ်လာပါသည်။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော အသိပညာရှင်၊ အတတ်ပညာရှင်များ ခေါင်းပါးသော အခြေအနေ ဖြစ်လာကာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကိုပါ ထိခိုက်လာပါတော့သည်။ အခြားတစ်ဖက်တွင် စာမေးပွဲမအောင်သော၊ စာမေးပွဲတွင် ရမှတ်နည်းသော ကျောင်းသား၊ ကျောင်းသူများမှာလည်း ဘဝပျက်ကာ ကြုံသလိုနှင့် စခန်းသွားကြရာမှ တိုင်းပြည်ထူထောင်ရေး အတွက် လိုအပ်သော လူသားအရင်းအနှီး (Human Capital) ဖြစ် မလာတော့ပါ။ စာမေးပွဲမအောင်ခြင်း၊ စာမေးပွဲတွင် အမှတ်များများမရခြင်းသည် အသိပညာမရှိ၍မဟုတ်၊ စာမေးပွဲအောင်အောင် မဖြေတတ်ခြင်း၊ အမှတ်များများရအောင် မလုပ်တတ်ခြင်းသာ ဖြစ်ပါသည်။ ထို့ကြောင့် စာမေးပွဲမအောင် သည်နှင့်၊ အမှတ်မများသည်နှင့် ယင်းကျောင်းသား၊ ကျောင်းသူများကို လူညံ့ဟူ၍ သတ်မှတ်၍ မရနိုင်ပါ။ စာမေးပွဲ မအောင်သော်လည်း လူတော်လူကောင်း ထူးချွှန်သူများစွာ ရှိပါသည်။ စာမေးပွဲ မအောင်သည့်အတွက် အစွန်းအစရှိသည့် (Talented) လူငယ် လူရွယ်များစွာကို စွန့်လွှတ်တော့ရမည့် အခြေအနေမျိုး ဖြစ်နေပါသည်။ နည်းပညာနယ်ပယ်မှ နာမည်ကျော် Apple ကွန်ပျူတာကုမ္ပဏီကို တည်ထောင်ခဲ့သူ၊ Apple ကို ကမ္ဘာ့တန်ဖိုးအကြီးဆုံးကုမ္ပဏီ ဖြစ်အောင် ပြုလုပ်နိုင်ခဲ့သူ၊ ကမ္ဘာ့ပထမဆုံး (Personal Computer) ကို တီထွင်နိုင်ခဲ့သူ Steve Job သည် စာမေးပွဲမအောင်၍ ကောလိပ်မှထွက်ခဲ့ရသော (Collage Drop-out) တစ်ဦး ဖြစ်ပါသည်။ Microsoft ကုမ္ပဏီကို တည်ထောင်ပြီး ယနေ့အထိ ငယ်ငယ်ရွယ်ရွယ် ဖြင့် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်သူ Bill Gate မှာလည်း တက္ကသိုလ် ဘွဲ့မရဘဲထွက်ခဲ့ရသော (Collage Drop-out) ပင်ဖြစ်ပါသည်။ ကမ္ဘာအရပ်ရပ် ပညာရေးနယ်ပယ်မှ ကျောင်းသား၊ ကျောင်းသူများသည် စာမေးပွဲစနစ်၏ အားနည်းချက်များကို သိသော်လည်း လူတို့၏ အရည်အချင်းကို စစ်ဆေးသော အခြားကောင်းမွန်သည့် နည်းလမ်းဖြင့် အစားထိုးရန် မရှိသေးသည့်အတွက် မချစ်သော်လည်း အောင့်ကာ နမ်းဆိုသည့်အတိုင်း မရှိမဖြစ်သော နတ်ဆိုး (Necessary Evil) အဖြစ် ဆက်လက် အသုံးပြုနေရခြင်း ဖြစ်ပါသည်။ လက်ရှိ စာမေးပွဲစနစ်ဖြင့် သင်ကြားသော အရည်အချင်းစစ်သည့် ပုံစံအား ပြုပြင်သည့်အနေဖြင့် အမေရိကန်နိုင်ငံတွင် (Work and Learn)ပုံစံ သင်ကြားနည်းစနစ်ကို ပြောင်းလဲကျင့်သုံးလာနေပြီ ဖြစ်ပါသည်။ ကျောင်းသား၊ ကျောင်းသူများကို စာသင်ရာတွင် လက်တွေ့ ကျွမ်းကျင်မှုအချက်ပါ တွဲဘက်သင်ကြားပြီး စာမေးပွဲတွင် (Assignment) များ၊ (Project) များကို လက်တွေ့ပြုလုပ်စေပြီး ယင်း ရလဒ်များဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ အရည်အချင်းကို အကဲဖြတ်ခြင်းဖြစ်ပါသည်။ ယင်းစနစ်သည် ကျောင်းသား၊ ကျောင်းသူများအတွက် အကန့်အသတ်မရှိသော အသိပညာ (Knowledge) ကို ရရှိစေနိုင်သည့်အပြင် ကျောင်းသား၊ ကျောင်းသူများမှာလည်း စိတ်အား ထက်သန်စွာ ပညာဆည်းပူးလိုမှု (Motivation) ကိုလည်း ဖြစ်ပေါ်လာစေ ကြောင်း တွေ့ ရှိရပါသည်။

MCC ၏ (Work & Learn) ပညာသင်ကြားနည်းစနစ်

MCC Institute များတွင် (၂၀၀၉) ခုနှစ်မှစတင်ပြီး (Work & Learn) ပညာသင်ကြားနည်း စနစ်များကို ကျင့်သုံးလာခဲ့ပါသည်။ MCC ၏ နာမည်ကျော် B.Sc(Hon:) Business IT ကွန်ပျူတာသိပ္ပံဘွဲ့သင်တန်းကို (Work & Learn) ပုံစံဖြင့် သင်ကြားခဲ့ရာ ထူးချွန် သော ကျောင်းသား၊ ကျောင်းသူများကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ပြည်တွင်း ပြည်ပတွင် လုပ်ခလစာ ကောင်းကောင်းဖြင့် အဆင့်မြင့် ကွန်ပျူတာ ပညာရှင်များအဖြစ် အသိအမှတ်ပြုခံရကာ အလုပ်လုပ်ကိုင် လျက်ရှိကြပါသည်။ အင်္ဂလန်နိုင်ငံ (University of Greenwich) မှ ချီးမြှင့်သည့် B.Sc(Hon:) Business IT သင်တန်းကိုစတင် တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများအား ပထမနှစ် စတင်တက်ရောက် သည့်အချိန်မှစခါ (On - the - Job - Training) ကို အပတ်စဉ်ပြုလုပ်ရပြီး တတိယနှစ် ရောက်သည့်နှင့် အချိန်ပိုင်း အလုပ်ခန့်ထားကာ တစ်ပတ်လျှင် (၃)ရက် ကျောင်းတက် (၂)ရက် အလုပ်လုပ်စေပါသည်။ လက်တွေ့ (JobTraining) ကို MCC ၏ ICT Services အောက်ရှိ လက်တွေ့ ဆောင်ရွက်လျက်ရှိသော IT Project ကြီးများတွင် ပါ၀င်လုပ်ကိုင်စေသည့်စနစ် ဖြစ်ပါသည်။ တတိယနှစ် ကျောင်းစပြီး ဘွဲ့ရသည်နှင့် ကျောင်းသား၊ ကျောင်းသူ များအားလုံးကို အလုပ်ခန့်ထားကာ JSE (Junior Software Engineering) များအဖြစ် အတွေ့အကြုံရအောင် လေ့ကျင့်သင်ကြားပေး ခြင်းဖြစ်ပါသည်။

MCC ၏ (Work & Learn) သင်ကြားသည့် အစီအစဉ်တစ်ခုမှာ အင်္ဂလန်နိုင်ငံ၏ အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားမှုစနစ်ကို အကောင်အထည် ဖော်နေသော အကြီးဆုံး အဖွဲ့အစည်းဖြစ်ပါသည်။ PEARSON Group နှင့် ပူးပေါင်းဆောင်ရွက်ပြီး MCC Polytechnic များတွင် BTEC Program များ သင်ကြားပေးခြင်းဖြစ်ပါသည်။ BTEC Level-4 နှင့် BTEC Level-5 ကို (၂) နှစ် တက်ရောက်ပြီးလျှင် အင်္ဂလန်နိုင်ငံ၏ HND (Higher National Diploma) ရရှိနိုင်မည် ဖြစ်ပါသည်။ ယခုအခါ အင်ဂျင်နီယာဒီပလိုမာ၊ စီးပွားရေး ဒီပလိုမာ၊ ကွန်ပျူတာ ဒီပလိုမာ သင်တန်းများ စတင် သင်ကြားလျက်ရှိပါသည်။ PEARSON ၏ HND ဒီပလိုမာ သင်တန်းများသည် စာမေးပွဲစနစ်မဟုတ်ဘဲ (Assignment) စနစ်ဖြင့် သင်ကြားပေးခြင်း ဖြစ်ကြောင်း စာမေးပွဲနတ်ဆိုး (Exam Evil) ပူးကပ်ခြင်းမရှိပါ။ ကျောင်းသား၊ ကျောင်းသူများမှာလည်း စာမေးပွဲစနစ်၏ သားကောင်များ မဟုတ်တော့ဘဲ လွတ်လွတ်လပ်လပ် စိတ်အား ထက်သန်စွာ လက်တွေ့အလုပ်ဖြင့် ပညာသင်ယူလျက် ရှိကြပါသည်။ ယင်းကဲ့သို့ အသက်မွေးဝမ်းကျောင်း ပညာများ လက်တွေ့သင်ကြားမှု၏ရလဒ်ကို အသိအမှတ်ပြုသည့်အနေဖြင့် အင်္ဂလန်နိုင်ငံ QCF ပညာ အဆင့်အတန်း စံသတ်မှတ်ချက်များ အရ BTEC Level-4 ကို တက္ကသိုလ် ပထမနှစ်၊ BTEC Level-5 ကို တက္ကသိုလ် ဒုတိယနှစ် အတန်းများနှင့် အဆင့်တူ အသိအမှတ် ပြုထားပါသည်။ ထို့ကြောင့် HND Level-5 ဒီပလိုမာ ရရှိပြီးသူများသည် အင်္ဂလန်နိုင်ငံ ပညာအရည်အချင်း စံသတ်မှတ်ချက် Level-6 ဖြစ်သော အင်္ဂလန်နိုင်ငံ တက္ကသိုလ်များ၏ တတိယနှစ်သို့ ၀င်ခွင့်ရပြီး (Top-Up) ဘွဲ့ ဒီပလိုမာများကို ဆက်လက် သင်ကြားရယူနိုင် မည်ဖြစ်ပါသည်။ MCC အနေဖြင့် အင်္ဂလန်နိုင်ငံ တက္ကသိုလ်များဖြစ်သော University of Greenwich, Middlesex University, Bermingham City University, Austriliam Institute of Business တို့ဖြင့် ချိတ်ဆက်ထားကာ HND ဒီပလိုမာ ရရှိပြီးသူများအတွက် Top-Up ဒီပလိုမာ သင်တန်းများကို MCC Institute များတွင် တက်ရောက်သင်ကြားနိုင်ရန် စီစဉ်ထားရှိပါသည်။ MCC Polytechnic များတွင် သင်ကြားလျက်ရှိသော HND ဒီပလိုမာ သင်တန်းများကို တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများ တက်ရောက် သင်ကြားနိုင်ပါသည်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲမအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအတွက် ဘဝတက်လမ်း ပိတ်ဆို့ မသွားအောင် BTEC Level - 3 သို့ တက်ရောက်နိုင်ပြီး ယင်းမှတစ်ဆင့် Level - 4 နှင့် Level - 5 များသို့ ဆက်လက် တက်ရောက်ကာ အသက်မွေးကျောင်းဒီပလိုမာများ ရရှိနိုင်သည်သာမက Level - 6 တက္ကသိုလ် နောက်ဆုံးနှစ်သို့ ဆက်လက်တက်ရောက်ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သူများ ကဲ့သို့ပင် အင်္ဂလန်နိုင်ငံမှ ချီးမြှင့်မည့် ဘွဲ့ဒီဂရီများ ရရှိနိုင်မည်လည်းဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျရှုံးသူများ ဘဝမပျက်စေရန် အစီအစဉ်ရှိ သကဲ့သို့ အဋ္ဌမတန်း (Grade - 9) စာမေးပွဲ ကျရှုံးသော ကလေးငယ်များအတွက်လည်း ငယ်ငယ်ရွယ်ရွယ်ဖြင့် ပညာသင်ကြားရေး လမ်းကြောင်း အဆက်မပြတ်စေရန် BTEC Level - 2 သို့ တက်နိုင်ရန်လည်း စီစဉ်ထားပါသည်။ ယင်းကလေးငယ်များ အနေဖြင့် စာမေးပွဲစနစ် နတ်ဆိုးရန်က လွတ်မြောက်ပြီး အသက်မွေးဝမ်းကျောင်းပညာကို တက်ရောက်ပြီး Level - 2 မှတစ်ဆင့် Level - 3, Level - 4, Level - 5 များ တက်ရောက်ကာ အင်္ဂလန်နိုင်ငံ၏ HND (Higher National Diploma) များ ရရှိနိုင်မည် ဖြစ်ပါသည်။ ထိုမှ တစ်ဆင့် Levl - 6 တက္ကသိုလ်နောက်ဆုံးနှစ် သင်တန်းများကို MCC Institute များတွင် တက်ရောက်ကာ အင်္ဂလန်နိုင်ငံတက္ကသိုလ်များ၏ အင်ဂျင်နီယာ သိပ္ပံဒီဂရီ၊ စီးပွားရေးပညာ သိပ္ပံဒီဂရီနှင့် ကွန်ပျူတာသိပ္ပံ ဒီဂရီများကို တက်လှမ်း ရရှိနိုင်မည် ဖြစ်ပါသည်။






0 comments:

Post a Comment