Monday, September 21, 2015

တီထြင္ႀကံဆ BTEC ေက်ာင္းသားဘ၀

တီထြင္ႀကံဆ BTEC ေက်ာင္းသားဘ၀
MCC Group အေနျဖင့္ ျမန္မာႏုိင္ငံတစ္၀ွမ္းတြင္ရွိေသာ ေက်ာင္းသားလူငယ္မ်ား ႏုိင္ငံတကာအဆင့္ IT ၊ စီးပြားေရး၊ အင္ဂ်င္နီယာ ဘြဲ႕သင္တန္းမ်ား တက္ေရာက္ႏုိင္ရန္ MCC Institute မ်ား တည္ေထာင္ထားေပးသကဲ့သုိ႔ လက္ေတြ႕ လုပ္ငန္းနယ္ပယ္အသီးသီးတြင္ အသက္ေမြး၀မ္းေက်ာင္းပညာမ်ားအား ကြၽမ္းက်င္တတ္ေျမာက္ၿပီး အလုပ္အကုိင္အခြင့္အလမ္းေကာင္းမ်ား ရရွိေစရန္ ရည္ရြယ္၍ အသက္ေမြး၀မ္းေက်ာင္းပညာသင္တန္းမ်ား MCC Polytechnic မ်ားအား အစီအစဥ္တက် ဖြင့္လွစ္ေပးလ်က္ရွိရာ ယခုအခါ ရန္ကုန္၊ ေနျပည္ေတာ္၊ မႏၱေလး ၿမိဳ႕ႀကီးမ်ား တြင္သာမက မၾကာမီကာလအတြင္း စစ္ကုိင္းတုိင္းေဒသႀကီး၊ မံုရြာၿမိဳ႕တြင္လည္းေကာင္း MCC Polytechnic (Monywa) အား ဖြင့္လွစ္ေပးသြားေတာ့မည္ ျဖစ္ပါသည္။ အဆုိပါ MCC Polytechnic မ်ားတြင္ Civil Engineering သင္တန္းမ်ား၊ Mechanical Engineering, Electrical and Electronic Engineering သင္တန္းမ်ား၊ IT Engineering သင္တန္းမ်ားအား အဂၤလန္ႏုိင္ငံမွ ပညာေရးအဖြဲ႕အစည္းမ်ား ျဖစ္ေသာ edexcel
ႏွင့္ BTEC တုိ႔ ပူးေပါင္းကာ ႏုိင္ငံတကာ အသိအမွတ္ျပဳ HND (Higher National Diploma) အဆင့္သင္တန္းမ်ားအား ျပည္တြင္း ျပည္ပ သင္ၾကားမႈႏွင့္ အေတြ႕အႀကံဳမ်ားစြာရွိသည့္ ဆရာႀကီး/ဆရာမႀကီးမ်ားမွ အနီးကပ္ ႀကီးၾကပ္သင္ၾကား ပုိ႔ခ်ေပးလ်က္ရွိပါသည္။
MCC Polytechnic မ်ားတြင္ တက္ေရာက္ေနေသာ HND Diploma ေက်ာင္းသား/သူမ်ားသည္ စာေတြ႕လက္ေတြ႕ သင္ၾကားမႈမ်ားအျပင္ သတ္မွတ္ထားေသာ ဘာသာရပ္အလိုက္ သင္႐ိုးလုိအပ္ခ်က္အတုိင္း Assignment မ်ား၊ Project မ်ား တီထြင္ဖန္တီးမႈမ်ားကုိ ေဆာင္ရြက္ၾကရပါသည္။
၎င္းတုိ႔အနက္မွ MCC Polytechnic (Mandalay) တြင္ Electrical and Electronic Engineering အထူးျပဳဘာသာရပ္ တက္ေရာက္ေနေသာ ေက်ာင္းသားေလး ေမာင္လိႈင္မင္းၿဖိဳး တီထြင္ႀကံဆ ခဲ့ေသာ ေမာင္းသူမဲ့ယာဥ္ (Drone) ဖန္တီးမႈ Project သည္ ဘာသာရပ္လုိအပ္ခ်က္ ျပည့္မွီ႐ံုတင္မက အဂၤလန္ႏုိင္ငံမွ လာေရာက္ႀကီးၾကပ္စစ္ေဆးေသာ External Verifier and Accessor မ်ားမွပင္ အထူးဂုဏ္ျပဳ အားေပးခ်ီးျမႇင့္ခဲ့သျဖင့္ ေမာင္လိႈင္မင္းၿဖိဳး၏ HND ေက်ာင္းသား ဘ၀ ရည္မွန္းခ်က္မ်ားႏွင့္ အနာဂတ္ ေမွ်ာ္မွန္းခ်က္မ်ားအား စုစည္းေမးျမန္း တင္ျပလိုက္ရပါသည္။
Electronic Device ဆိုတာ လူေတြနဲ႕ ဘယ္ေတာ့မွ ေ၀းကြာလုိ႔မရတဲ့ ပစၥည္းေတြပါ။ ဒါေပမယ့္ ကြ်န္ေတာ့္ ဘ၀အတြက္ေတာ့ Electronic Device ဆိုတာ ကြ်န္ေတာ္နဲ႕ အရင္းႏွီးဆံုး ကြ်န္ေတာ္ အခင္တြယ္ရဆံုး ပစၥည္းေတြ ဆိုလည္း မမွားပါဘူး။ ဒီ Capacitor, Cesistor နဲ. Ciode ေတြကို ၾကည့္ေနရတာ Circuit ေတြ တပ္ဆင္ေနရတာကိုက ကြ်န္ေတာ့္အတြက္ ဘာ game မွ မလိုေတာ့ပဲ ၿပီးျပည့္စံုေနသလို ေလာကႀကီးကို ေမ့ေမ့ေနတတ္ပါတယ္။ ဒီလိုနဲ႕ တေန႔ေတာ့ ကြ်န္ေတာ့္အိပ္မက္ေတြ လက္ေတြ႕ အေကာင္အထည္ေဖာ္ဖို႕ အခြင့္အေရး တစ္ရပ္ ရခဲ့ပါတယ္။ အဲ့ဒါကေတာ့ သတင္းစာေၾကာ္ျငာေတြထဲက MCC ကေန အသစ္ဖြင့္မယ့္ Mandalay Polytechnic အေၾကာင္းကို ကြ်န္ေတာ္ ဖတ္ခဲ့ရတယ္။ Mandalay Polytechnic မွာ Engineering, Computing နဲ႔ Hospitality Management ေတြ သင္တဲ့အျပင္ စာေတြ႕ပါ မဟုတ္ပဲ Vocational က်က် လက္ေတြ႕ပါ တြဲသင္မယ္ဆိုတာ သိလိုက္ရေတာ့ ကြ်န္ေတာ့အိပ္မက္ တကယ္ ျဖစ္လာေတာ့မွာ ေတြးၿပီး ခ်က္ျခင္း phone ဆက္ၿပီး MCC ကေန ဖြင့္မဲ့ MCC Polytechnic မွာ Diplomain Electrical and Electronic Engineering ဘာသသာနဲ. ေက်ာင္းတက္ဖုိ႔ ဆံုးျဖတ္ခဲ့ပါတယ္။ ေက်ာင္းတက္ခဲ့တဲ့တေလ်ာက္ Assignment ေတြကို လက္ေတြ႕ လုပ္ရင္းနဲ႔ ေက်ာင္းခ်ိန္ျပင္ပမွာလည္း ကြ်န္ေတာ္ စိတ္၀င္စားတဲ့ Electrical နဲ႔ ပစၥည္းေတြကို စမ္းသပ္တီထြင္ ေနခဲ့ပါတယ္။ ကြ်န္ေတာ္ နားမလည္တာေတြ Error တက္ေနတာေတြကိုလည္း ေက်ာင္းက Assessor ေတြနဲ႕ ေမးၿပီး တုိင္ပင္ၿပီး လုပ္ခဲ့ပါတယ္။ အဲ့ဒီ တီထြင္မႈေတြထဲကမွ ကြ်န္ေတာ္ ေနာက္ထပ္စိတ္၀င္စားတာက Drone ပါ။ ထပ္တီထြင္ခ်င္စိတ္ေတြ ၿဖစ္္ေပၚလာခဲ့လို႔ ေက်ာင္းခ်ိန္ျပင္ပ အားတဲ့အခ်ိန္ေတြမွာ ဒီ Drone ေလးကို စၿပီး တီထြင္ခဲ့ပါေတာ့တယ္။
Electronic နည္းပညာ ဖြံ.ၿဖိဳးလာေသာ ယေန႔ေခတ္တြင္ ေမာင္းသူမဲ့ယာဥ္မ်ား (unmanned vehicles) အထူးပင္ တြင္က်ယ္လာသည္ကို ေတြ႕ရမွာျဖစ္တယ္။ လူလိုက္ပါရန္ ခက္ခဲေသာ ေနရာမ်ား၊ လူသားမ်ားအတြက္ အႏၱရာယ္ ရွိေသာ ေနရာမ်ားတြင္လည္းေကာင္း၊ Unmanned Vehicles မ်ားကို အရပ္ဖက္တြင္ သာမက စစ္ဖက္တြင္လည္း အသံုးျပဳလ်က္ရွိပါသည္။ အရပ္ဖက္တြင္ အသံုးမ်ားသည့္ Unmanned Vehicles မွာ Unmanned Aerial Vehicles အုပ္စု၀င္ Drone ၿဖစ္ပါသည္။ အမွန္စင္စစ္ Drone ဆိုသည္မွာ Flying Robot ျဖစ္ပါသည္။ ထုိ Flying Robot ဟာ လူအားျဖင့္ အေ၀းထိန္းခ်ဳပ္၍ ေသာ္လည္းေကာင္း၊ Software အားျဖင့္ အလိုအေလ်ာက္ ထိန္းခ်ဳပ္ႏိုင္သည္။ Drone တြင္ Aircraft ႏွင့္ Multicopter ဟူၿပီး ႏွစ္မ်ိဳး သတ္မွတ္ထားပါသည္။ Aircraft သည္ စစ္ဖက္တြင္ အသံုးမ်ား၍ Multicopter Drone မ်ားသည္ Aerial photo ရိုက္ယူျခင္း၊ ကင္းေထာက္ျခင္း၊ ပစၥည္းသယ္ယူပို႔ေဆာင္ၿခင္းႏွင့္ ကယ္ဆယ္ေရးလုပ္ငန္း လုပ္ေဆာင္ရန္ စသည့္ တာ၀န္မ်ား ထမ္းေဆာင္ႏိုင္ပါသည္။
ကြ်န္ေတာ္ ၿပဳလုပ္ထားေသာ Drone အမ်ိဳးအစားမွာ Multicopter အုပ္စု၀င္ Quad Copter
ၿဖစ္ပါသည္။ ၄င္း Quad Copter ကို dji ၏ ထုတ္ကုန္မ်ားကို အေျခခံယူ တည္ေဆာက္ထားျခင္း ၿဖစ္ပါသည္။ Quad Copter ဆိုသည္မွာ ၀င္ရိုးေလးခု၊ Propeller Driver ေလးခုပါရွိေသာ Drone ကို ဆိုလုိျခင္းၿဖစ္ပါသည္။ ၀င္ရိုးတစ္ခုတည္းတြင္ ရွိေသာ Propeller Driver မ်ားသည္ လားရာတူညီ၍ က်န္၀င္ရိုးရွိ Propeller Driver မ်ားႏွင့္ လားရာဆန္႔က်င္ပါသည္။ ၿဂိဳဟ္တု GPS အကူအညီျဖင့္ ျပင္ပ အေႏွာင့္အယွက္မ်ား (ဥပမာ-ေလတိုက္ႏွဳန္း) ကို မသက္ေရာက္ေစပဲ Control Part Mommand ကုိသာ လက္ခံရယူေစၿခင္း ၿဖစ္ပါသည္။ Return Home System ထည့္သြင္းေပးထားေသာေႀကာင့္ Control System ႏွင့္ ေႀကာင္းတစ္စံုတစ္ရာေႀကာင့္ ျပတ္္ေတာက္သြားပါက မူလေစလြွတ္ခဲ့သည့္ ေနရာကိုၿပန္္လာႏိုင္ပါသည္။ ထို Quad
Copter ကို တည္ေဆာက္ရၿခင္း၏ ရည္ရြယ္ခ်က္မွာ Aerial photo ရိုက္ယူရန္၊ Survey
တိုင္းတာရန္ တို႕အတြက္ ျဖစ္ပါသည္။
Hlaing Min Phyo
EEE Sec-1
တီထွင်ကြံဆ BTEC ကျောင်းသားဘဝ
MCC Group အနေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းတွင်ရှိသော ကျောင်းသားလူငယ်များ နိုင်ငံတကာအဆင့် IT ၊ စီးပွားရေး၊ အင်ဂျင်နီယာ ဘွဲ့သင်တန်းများ တက်ရောက်နိုင်ရန်
MCC Institute များ တည်ထောင်ထားပေးသကဲ့သို့ လက်တွေ့ လုပ်ငန်းနယ်ပယ်အသီးသီးတွင် အသက်မွေးဝမ်းကျောင်းပညာများအား ကျွမ်းကျင်တတ်မြောက်ပြီး အလုပ်အကိုင်အခွင့်
အလမ်းကောင်းများ ရရှိစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းပညာသင်တန်းများ MCC Polytechnic များအား အစီအစဉ်တကျ ဖွင့်လှစ်ပေးလျက်ရှိရာ ယခုအခါ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး မြို့ကြီးများ တွင်သာမက မကြာမီကာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင်လည်းကောင်း MCC Polytechnic (Monywa) အား ဖွင့်လှစ်ပေးသွားတော့မည် ဖြစ်ပါသည်။ အဆိုပါ MCC Polytechnic များတွင် Civil Engineering
သင်တန်းများ၊ Mechanical Engineering, Electrical and Electronic Engineering သင်တန်းများ၊ IT Engineering သင်တန်းများအား အင်္ဂလန်နိုင်ငံမှ ပညာရေးအဖွဲ့အစည်းများ ဖြစ်သော edexcel
နှင့် BTEC တို့ ပူးပေါင်းကာ နိုင်ငံတကာ အသိအမှတ်ပြု HND (Higher National Diploma)
အဆင့်သင်တန်းများအား ပြည်တွင်း ပြည်ပ သင်ကြားမှုနှင့် အတွေ့အကြုံများစွာရှိသည့် ဆရာကြီး/ဆရာမကြီးများမှ အနီးကပ် ကြီးကြပ်သင်ကြား ပို့ချပေးလျက်ရှိပါသည်။
MCC Polytechnic များတွင် တက်ရောက်နေသော HND Diploma ကျောင်းသား/သူများသည် စာတွေ့လက်တွေ့ သင်ကြားမှုများအပြင် သတ်မှတ်ထားသော ဘာသာရပ်အလိုက် သင်ရိုးလိုအပ်ချက်အတိုင်း Assignment များ၊ Project များ တီထွင်ဖန်တီးမှုများကို ဆောင်ရွက်ကြရပါသည်။
၎င်းင်းတို့အနက်မှ MCC Polytechnic (Mandalay) တွင် Electrical and Electronic Engineering အထူးပြုဘာသာရပ် တက်ရောက်နေသော ကျောင်းသားလေး မောင်လှိုင်မင်းဖြိုး တီထွင်ကြံဆ ခဲ့သော မောင်းသူမဲ့ယာဉ် (Drone) ဖန်တီးမှု Project သည် ဘာသာရပ်လိုအပ်ချက် ပြည့်မှီရုံတင်မက အင်္ဂလန်နိုင်ငံမှ လာရောက်ကြီးကြပ်စစ်ဆေးသော External Verifier and Accessor များမှပင် အထူးဂုဏ်ပြု အားပေးချီးမြှင့်ခဲ့သဖြင့် မောင်လှိုင်မင်းဖြိုး၏ HND ကျောင်းသား ဘဝ ရည်မှန်းချက်များနှင့် အနာဂတ် မျှော်မှန်းချက်များအား စုစည်းမေးမြန်း တင်ပြလိုက်ရပါသည်။
Electronic Device ဆိုတာ လူတွေနဲ့ ဘယ်တော့မှ ဝေးကွာလို့မရတဲ့ ပစ္စည်းတွေပါ။ ဒါပေမယ့် ကျွန်တော့် ဘဝအတွက်တော့ Electronic Device ဆိုတာ ကျွန်တော်နဲ့ အရင်းနှီးဆုံး ကျွန်တော် အခင်တွယ်ရဆုံး ပစ္စည်းတွေ ဆိုလည်း မမှားပါဘူး။ ဒီ Capacitor, Cesistor နဲ. Ciode တွေကို ကြည့်နေရတာ Circuit တွေ တပ်ဆင်နေရတာကိုက ကျွန်တော့်အတွက် ဘာ game မှ မလိုတော့ပဲ ပြီးပြည့်စုံနေသလို လောကကြီးကို မေ့မေ့နေတတ်ပါတယ်။ ဒီလိုနဲ့ တနေ့တော့ ကျွန်တော့်အိပ်မက်တွေ လက်တွေ့ အကောင်အထည်ဖော်ဖို့ အခွင့်အရေး တစ်ရပ် ရခဲ့ပါတယ်။ အဲ့ဒါကတော့ သတင်းစာကြော်ငြာတွေထဲက MCC ကနေ အသစ်ဖွင့်မယ့် Mandalay Polytechnic အကြောင်းကို ကျွန်တော် ဖတ်ခဲ့ရတယ်။ Mandalay Polytechnic မှာ Engineering, Computing နဲ့ Hospitality Management တွေ သင်တဲ့အပြင် စာတွေ့ပါ မဟုတ်ပဲ Vocational ကျကျ လက်တွေ့ပါ တွဲသင်မယ်ဆိုတာ သိလိုက်ရတော့ ကျွန်တော့အိပ်မက် တကယ် ဖြစ်လာတော့မှာ တွေးပြီး ချက်ခြင်း phone ဆက်ပြီး MCC ကနေ ဖွင့်မဲ့ MCC Polytechnic မှာ Diplomain Electrical and Electronic Engineering ဘာသသာနဲ. ကျောင်းတက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျောင်းတက်ခဲ့တဲ့တလျောက် Assignment တွေကို လက်တွေ့ လုပ်ရင်းနဲ့ ကျောင်းချိန်ပြင်ပမှာလည်း ကျွန်တော် စိတ်ဝင်စားတဲ့ Electrical နဲ့ ပစ္စည်းတွေကို စမ်းသပ်တီထွင် နေခဲ့ပါတယ်။ ကျွန်တော် နားမလည်တာတွေ Error တက်နေတာတွေကိုလည်း ကျောင်းက Assessor တွေနဲ့ မေးပြီး တိုင်ပင်ပြီး လုပ်ခဲ့ပါတယ်။ အဲ့ဒီ တီထွင်မှုတွေထဲကမှ ကျွန်တော် နောက်ထပ်စိတ်ဝင်စားတာက Drone ပါ။ ထပ်တီထွင်ချင်စိတ်တွေ ဖြစ််ပေါ်လာခဲ့လို့ ကျောင်းချိန်ပြင်ပ အားတဲ့အချိန်တွေမှာ ဒီ Drone လေးကို စပြီး တီထွင်ခဲ့ပါတော့တယ်။
Electronic နည်းပညာ ဖွံ.ဖြိုးလာသော ယနေ့ခေတ်တွင် မောင်းသူမဲ့ယာဉ်များ (unmanned vehicles) အထူးပင် တွင်ကျယ်လာသည်ကို တွေ့ရမှာဖြစ်တယ်။ လူလိုက်ပါရန် ခက်ခဲသော နေရာများ၊ လူသားများအတွက် အန္တရာယ် ရှိသော နေရာများတွင်လည်းကောင်း၊ Unmanned Vehicles များကို အရပ်ဖက်တွင် သာမက စစ်ဖက်တွင်လည်း အသုံးပြုလျက်ရှိပါသည်။ အရပ်ဖက်တွင် အသုံးများသည့် Unmanned Vehicles မှာ Unmanned Aerial Vehicles အုပ်စုဝင် Drone ဖြစ်ပါသည်။ အမှန်စင်စစ် Drone ဆိုသည်မှာ Flying Robot ဖြစ်ပါသည်။ ထို Flying Robot ဟာ လူအားဖြင့် အဝေးထိန်းချုပ်၍ သော်လည်းကောင်း၊ Software အားဖြင့် အလိုအလျောက် ထိန်းချုပ်နိုင်သည်။ Drone တွင် Aircraft နှင့် Multicopter ဟူပြီး နှစ်မျိုး သတ်မှတ်ထားပါသည်။ Aircraft သည် စစ်ဖက်တွင် အသုံးများ၍ Multicopter Drone များသည် Aerial photo ရိုက်ယူခြင်း၊ ကင်းထောက်ခြင်း၊ ပစ္စည်းသယ်ယူပို့ဆောင်ခြင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်ရန် စသည့် တာဝန်များ ထမ်းဆောင်နိုင်ပါသည်။
ကျွန်တော် ပြုလုပ်ထားသော Drone အမျိုးအစားမှာ Multicopter အုပ်စုဝင် Quad Copter
ဖြစ်ပါသည်။ ၄င်း Quad Copter ကို dji ၏ ထုတ်ကုန်များကို အခြေခံယူ တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ Quad Copter ဆိုသည်မှာ ၀င်ရိုးလေးခု၊ Propeller Driver လေးခုပါရှိသော Drone ကို ဆိုလိုခြင်းဖြစ်ပါသည်။ ၀င်ရိုးတစ်ခုတည်းတွင် ရှိသော Propeller Driver များသည် လားရာတူညီ၍ ကျန်ဝင်ရိုးရှိ Propeller Driver များနှင့် လားရာဆန့်ကျင်ပါသည်။ ဂြိုဟ်တု GPS အကူအညီဖြင့် ပြင်ပ အနှောင့်အယှက်များ (ဥပမာ-လေတိုက်နှုန်း) ကို မသက်ရောက်စေပဲ Control Part Mommand ကိုသာ လက်ခံရယူစေခြင်း ဖြစ်ပါသည်။ Return Home System ထည့်သွင်းပေးထားသောကြောင့် Control System နှင့် ကြောင်းတစ်စုံတစ်ရာကြောင့် ပြတ််တောက်သွားပါက မူလစေလွှတ်ခဲ့သည့် နေရာကိုပြန််လာနိုင်ပါသည်။ ထို Quad
Copter ကို တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်မှာ Aerial photo ရိုက်ယူရန်၊ Survey
တိုင်းတာရန် တို့အတွက် ဖြစ်ပါသည်။
Hlaing Min Phyo
EEE Sec-1




သတင္းအခ်က္ ႏွင့္ ကြန္ယက္ လံုျခံဳေရး အပိုင္း(၂)

သတင္းအခ်က္ ႏွင့္ ကြန္ယက္ လံုျခံဳေရး
အပိုင္း(၂)
ဒီတစ္ပါတ္ေတာ့ သတင္းအခ်က္အလက္ႏွင့္ ကြန္ရက္လံုျခံဳေရးအတြက္ အဖြဲ႕အစည္းအလိုက္ (သို႔မဟုတ္) တစ္ဦး တစ္ေယာက္ခ်င္းစီ ၾကိဳတင္ျပင္ဆင္ထားႏိုင္ရန္ သတင္းအခ်က္အလက္ လံုျခံဳေရးမူ၀ါဒမ်ား (Information Security Policies) ခ်မွတ္ႏိုင္မည့္ အေၾကာင္းမ်ားကို ေဆြးေႏြးပါမည္။
ပထမဦးဆံုး မိမိတို႔အဖြဲ႕အစည္းတြင္ လက္ရွိအသံုးျပဳေနေသာ Computer ႏွင့္ ဆက္စပ္ ပစၥည္းမ်ား၊ Network ႏွင့္ Internet စနစ္မ်ား၊ Database မ်ားႏွင့္ သိမ္းဆည္းထားေသာ သတင္းအခ်က္အလက္မ်ား၊ စနစ္စီမံခန္႔ခြဲမႈ႕မ်ားႏွင့္ သာမာန္အသံုးျပဳသူမ်ား စသည္တို႔ကို စနစ္တက် ျပဳစု မွတ္တမ္းထားရွိျပီးေနာက္ အေရးၾကီး ခ်မွတ္သင့္သည့္ မူ၀ါဒမ်ား ျဖစ္သည့္ သတင္းအခ်က္အလက္ မူ၀ါဒ (Information Policy)၊ လံုျခံဳေရးမူ၀ါဒ (Security Policy) Computer ႏွင့္ ဆက္စပ္ပစၥည္း အသံုးျပဳမႈ႕မူ၀ါဒ (Computer and Peripheral Use Policy)၊ Internet အသံုးျပဳမႈ႕မူ၀ါဒ (Internet Use Policy)၊ E-mail အသံုးျပဳမႈ႕မူ၀ါဒ (E-mail Use Policy)၊ အသံုးျပဳသူစီမံခန္႔ခြဲမႈ႕မူ၀ါဒ (User Management Policy)၊ စနစ္စီမံခန္႔ခြဲမႈ႕မူ၀ါဒ (System Adminstation Policy)၊ လွ်ိဳ႕၀ွက္သေကၤတ မူ၀ါဒ (Password Policy) စသည္မ်ားက္ို ေရးဆြဲခ်မွတ္ ရမည္ ျဖစ္ပါသည္။
သတင္းအခ်က္အလက္ မူ၀ါဒ ေရးဆြဲခ်မွတ္ရာတြင္ မိမိ (သို႔မဟုတ္) အဖြဲ႕အစည္းတြင္ ရွိေနေသာ သတင္းအခ်က္မ်ားႏွင့္ ပတ္သတ္ျပီး မည္သည့္ သတင္းအခ်က္အလက္မ်ားကို သိမ္းဆည္းရန္၊ မည္သည့္ပံုစံျဖင့္ မည္သည့္ေနရာတြင္ သိမ္းဆည္းရန္ႏွင့္ မည္သူက အဆိုပါ သတင္းအခ်က္အလက္မ်ားအား တာ၀န္ယူ ထိန္းသိမ္းမည္ ဆိုသည္မ်ားကို ၾကိဳတင္သတ္မွတ္ျပီး အဆိုပါ သတင္းအခ်က္အလက္မ်ားအား သိမ္းဆည္းမႈ ဆက္သြယ္အသံုးျပဳမႈႏွင့္ ျဖန္႔ေ၀ျခင္းကိစၥမ်ား အဆိုပါ သတင္းအခ်က္အလက္မ်ားကို လံုျခံဳမႈ အဆင့္အတန္းမ်ားအလိုက္ ေဆာင္ရြက္ရမည္ ျဖစ္ပါသည္။ ဆက္လက္ျပီး သတင္းအခ်က္အလက္ လံုျခံဳမႈ႕မူ၀ါဒ (Security Policy)မ်ား ခ်မွတ္ အေကာင္အထည္ ေဖာ္ရာတြင္လည္း သတင္းအခ်က္အလက္မ်ား၏ လံုျခံဳမႈအဆင့္ႏွင့္ ဦးစားေပးမႈ႕ အေျခအေနမ်ားေပၚ မူတည္ျပီး သတ္မွတ္ထားေသာ နည္းပညာစံခ်ိန္ စံညႊန္းမ်ားအတိုင္း ေရရွည္ ေရတို ပံုစံအမ်ိဳးမ်ိဳးျဖင့္ ခ်မွတ္ေဆာင္ရြက္ရမည္ ျဖစ္ပါသည္။
ယခုအခါ နည္းပညာ တိုးတက္ ေျပာင္းလဲလာျခင္း IT Electronic ႏွင့္ Mobile Device မ်ားအား အလြယ္တကူ အသံုးျပဳလာႏိုင္ျခင္း တို႔သည္လည္း လုပ္ငန္းအသီးသီးရွိ အေရးၾကီး အခ်က္အလက္မ်ား ျပင္ပသို႔ အလြယ္တကူ ေပါက္ၾကားႏိုင္ေစရန္ အေျခအေန ျဖစ္လာခဲ့ပါသည္။ သို႔ျဖစ္၍ အဖြဲ႕အစည္းၾကီးမ်ား၊ ႏိုင္ငံတကာလုပ္ငန္းၾကီးမ်ားတြင္ ၀န္ထမ္းမ်ားႏွင့္ သာမန္ အသံုးျပဳသူမ်ား အတြက္ Computer ႏွင့္ အျခားဆက္စပ္ ပစၥည္းမ်ား အသံုးျပဳျခင္းကို မူ၀ါဒႏွင့္ စည္းကမ္း ခ်မွတ္ျပီး ကန္႔သတ္ လာခဲ့ၾကပါသည္။ ဥပမာအားျဖင့္ အေရးၾကီး အခ်က္အလက္မ်ား ရွိေသာ အခန္းမ်ားအတြင္းသို႔ မည္သည့္ IT Electronic ပစၥည္းမ်ား သယ္ေဆာင္ခြင့္ မေပးျခင္း၊ အဆိုပါ အခန္းအတြင္းသို႔ ၀င္ေရာက္ရန္ လံုျခံဳမႈ အစီအစဥ္ အဆင့္ဆင့္အား ျဖတ္ေက်ာ္ရျခင္း၊ အေရးၾကီး အခ်က္အလက္မ်ားအား တာ၀န္ခ်ိန္အတြင္း၌ သက္ဆိုင္ရာ လုပ္ငန္းေနရာ၌ ခြင့္ျပဳခ်က္ျဖင့္ အသံုးျပဳရျခင္း စသည္မ်ားကို ေဆာင္ရြက္ ၾကရမည္ ျဖစ္ပါသည္။
လုပ္ငန္းခြင္ အသီးသီးတြင္ Internet & E-mail အသံုးျပဳမႈသည္လည္း ေခတ္၏ လိုအပ္ခ်က္အရ မျဖစ္မေန အသံုးျပဳ ေနၾကရမည္ ျဖစ္သျဖင့္ တာ၀န္ခ်ိန္အတြင္း Internet & E-mail တို႔ကို လုပ္ငန္းကိစၥအတြက္ အသံုးျပဳျခင္း (သို႔မဟုတ္) မိမိကိုယ္က်ိဳးအတြက္ အသံုးျပဳျခင္း စသည့္မ်ားကို ခြဲျခား သိရွိႏိုင္ေစရန္ Internet ႏွင့္ E-mail အသံုးျပဳမႈ႕မူ၀ါဒ (Internet & E-mail Policy) မ်ားကို ခ်မွတ္ ေဆာင္ရြက္ရမည္ ျဖစ္ပါသည္။ Internet Policy ခ်မွတ္ရာတြင္ အသံုးျပဳ ၾကည့္ရႈခြင့္ရွိေသာ Website ႏွင့္ Socil Media Site မ်ားအား သတ္မွတ္ထားျခင္း၊ အသံုးျပဳရန္ အသင့္ေသာ Website မ်ားအား သတ္မွတ္ထားျခင္း၊ တစ္ကိုယ္ရည္ ကိုယ္ပိုင္ Internet အသံုးျပဳႏိုင္ရန္ အားလပ္ခ်ိန္မ်ား သတ္မွတ္ေပးျခင္း စသည္တို႔ကို ခ်မွတ္ရမည့္အျပင္ နည္းပညာပိုင္းႏွင့္ စီမံခန္႔ခြဲမႈ႕အပိုင္းမွာပါ မူ၀ါဒခ်မွတ္ရမည္ ျဖစ္ပါသည္။
E-mail အသံုးျပဳမႈ႕မူ၀ါဒ (E-mail Use Policy) ခ်မွတ္ရာတြင္လည္း ၀န္ထမ္းမ်ားအတြက္ တရား၀င္ E-mail Account မ်ား ျပဳလုပ္ေပးျခင္းႏွင့္ တာ၀န္ခ်ိန္အတြင္း E-mail အသံုးျပဳမႈ႕မ်ားအား အလုပ္ကိစၥ အတြက္သာ ခြင့္ျပဳျခင္း၊ ကိုယ္ေရးကိုယ္တာ ကိစၥမ်ားအား အလုပ္အတြက္ ျပဳလုပ္ေပး ထားေသာ ကိုယ္ပိုင္ E-mail တြင္ အသံုးမျပဳရန္ ကန္႔သတ္ျခင္း၊ အလုပ္ခ်ိန္အတြက္ Personal E-mail အသံုးျပဳျခင္းႏွင့္ အလုပ္ႏွင့္ ပါတ္သတ္သည့္ အေၾကာင္းအရာ ကိစၥမ်ား Personal E-mail တြင္ ေရးသား ေပးပို႔ျခင္း တို႔ကို ကန္႔သတ္ထားသည့္ မူ၀ါဒမ်ား ခ်မွတ္ရမည့္အျပင္ နည္းပညာပိုင္းမွာလည္း E-mail Server မ်ား ထူေထာင္ထားရွိျခင္း၊ E-mail အ၀င္ အထြက္မ်ားကို ေဆာင့္ၾကပ္ၾကည့္ရႈရန္ လိုအပ္မည္ ျဖစ္ပါသည္။
ဆက္လက္ျပီး အသံုးျပဳသူ စီမံခန္႔ခြဲေရးမူ၀ါဒ (User Management Policy) အေနျဖင့္ ၀န္ထမ္းအသစ္ ၀င္ေရာက္လာလွ်င္ Internet & E-mail ၊ Database အသံုးျပဳမႈ႕မ်ား အတြက္ User Pripilages မ်ားသတ္မွတ္ေပးျခင္း၊ ရာထူးတာ၀န္ ေျပာင္းလဲမႈ႕မ်ားအတြက္ အသံုးျပဳပိုင္ခြင့္ ျပင္ဆင္ သတ္မွတ္ျခင္း၊ အလုပ္မွ ႏႈတ္ထြက္သြားလွ်င္ (သို႔မဟုတ္) တာ၀န္မွ ရပ္ဆိုင္းခံရလွ်င္ အဆိုပါ ၀န္ထမ္း၏ Internet & E-mail ၊ Database အသံုးျပဳမႈ႕မ်ား စနစ္တက် လႊဲေျပာင္းယူျခင္းႏွင့္ User Account ပိတ္သိမ္းျခင္း စသည္မ်ားအတြက္ ျပည့္စံုလံုေလာက္ေသာ မူ၀ါဒမ်ားအား ၀န္ထမ္းေရးရာ မူ၀ါဒ (HR Policy) ႏွင့္အတူ ျပင္ဆင္ထုတ္ျပန္ထားရမည္ ျဖစ္ပါသည္။
မိမိရံုးဌာနတြင္ တပ္ဆင္ထားေသာ Computer စနစ္မ်ား၊ Software မ်ားႏွင့္ Utilities Software မ်ားအား Updated ျပဳလုပ္မထားလွ်င္ Loop Hole မ်ားျဖစ္ေပၚလာျပီး စနစ္၏ လံုျခံဳမႈ႕ကို ထိပါးႏိုင္သျဖင့္ မိမိတို႔တြင္ အသံုးျပဳလွ်က္ရွိေသာ Oprating System, System Software, Application Software ႏွင့္ Utilities Software မ်ားအား အဆင့္ျမွင့္တင္ျခင္း၊ ပံုမွန္ Maintenance ျပဳလုပ္ျခင္း၊ မလိုအပ္သည့္ Software ႏွင့္ Program မ်ားအား Removable လုပ္ျခင္း စသည့္မ်ား ျပဳလုပ္ျပီး System Update ႏွင့္ Maintenance Plan မ်ားကို အခ်ိန္ဇယားႏွင့္ တိတိက်က် သတ္မွတ္ ေဆာင္ရြက္ရမည္ ျဖစ္ပါသည္။
အဖြဲ႕အစည္းမ်ားတြင္ရွိေသာ အေရးၾကီးအခ်က္အလက္ Database မ်ားသည္ ရည္ရြယ္ခ်က္ရွိရွိ ေႏွာင့္ယွက္ခံရျခင္း၊ သဘာ၀ေဘးအႏၱရာယ္ (သို႔မဟုတ္) အေၾကာင္း တစ္ခုခုေၾကာင့္ ထိခိုက္ပ်က္စီးျခင္းမ်ား ျဖစ္ေပၚလာႏိုင္သျဖင့္ အျခားေနရာတစ္ခုခုတြင္ ပံုစံအမ်ိဳးမ်ိဳးျဖင့္ သိမ္းဆည္းထားသင့္ပါသည္။ ထိုသို႔ သိမ္းဆည္းႏိုင္ရန္အတြက္ Database မ်ားကို ဦးစားေပးအဆင့္ သတ္မွတ္ျခင္း၊ လံုျခံဳစြာ သိမ္းဆည္းထားႏိုင္မည့္ ေနရာ ေရြးခ်ယ္ျခင္း၊ သိမ္းဆည္းမည့္ နည္းစနစ္ပံုစံႏွင့္ နည္းပညာ ေရြးခ်ယ္ျခင္းမ်ားကို မူ၀ါဒခ်ေဆာင္ရြက္ရမည္ ျဖစ္ပါသည္။
ကမၻာတစ္၀ွမ္း အဖြဲ႕အစည္းမ်ားတြင္ သတင္းအခ်က္အလက္မ်ား ေပ်ာက္ဆံုးျခင္း၊ ပ်က္ဆံုးျခင္းႏွင့္ စီးပြားေရး အလို႔ငွာ ေျပာင္းလဲ ေရာင္းခ်ခံရျခင္း ျဖစ္စဥ္မ်ားတြင္ အသံုးျပဳသူမ်ား၏ လွ်ိဳ႕၀ွက္သေကၤတ (Password) ေပါက္ၾကားမႈ႕ (သို႔မဟုတ္) ေဖာက္ယူျခင္း စသည္တို႔ေၾကာင့္ ျဖစ္ေၾကာင္း၊ အမ်ားအားျဖင့္ ေလ့လာသိရွိႏုိင္သျဖင့္ မိမိတို႔အတြက္ လြန္စြာအေရးၾကီးလွေသာ လွ်ိဳ႕၀ွက္သေကၤတ(Password) အသံုးျပဳမႈ႕မ်ားကို မူ၀ါဒခ်မွတ္ျပီး စနစ္တက်ေဆာင္ရြက္ရမည္ ျဖစ္ပါသည္။ ယခုအခါတြင္ အဆိုပါ Password မ်ားကို အလြယ္တကူ ရွာေဖြ ေဖာ္ထုတ္ႏိုင္ေသာ Program မ်ား နည္းပညာမ်ား ေပၚေပါက္ေနျပီျဖစ္ရာ Password မူ၀ါဒေရးဆြဲရာ၌ သတ္မွတ္ထားေသာ စည္းကမ္းခ်က္မ်ားႏွင့္ လမ္းညႊန္မႈ႕မ်ားကို မျဖစ္မေန လိုက္နာေဆာင္ရြက္ သင့္ေပသည္။
UNO(အုိင္တီခရီးသည္)
သတင်းအချက် နှင့် ကွန်ယက် လုံခြုံရေး
အပိုင်း(၂)
ဒီတစ်ပါတ်တော့ သတင်းအချက်အလက်နှင့် ကွန်ရက်လုံခြံုရေးအတွက် အဖွဲ့အစည်းအလိုက် (သို့မဟုတ်) တစ်ဦး တစ်ယောက်ချင်းစီ ကြိုတင်ပြင်ဆင်ထားနိုင်ရန် သတင်းအချက်အလက် လုံခြံုရေးမူဝါဒများ (Information Security Policies) ချမှတ်နိုင်မည့် အကြောင်းများကို ဆွေးနွေးပါမည်။
ပထမဦးဆုံး မိမိတို့အဖွဲ့အစည်းတွင် လက်ရှိအသုံးပြုနေသော Computer နှင့် ဆက်စပ် ပစ္စည်းများ၊ Network နှင့် Internet စနစ်များ၊ Database များနှင့် သိမ်းဆည်းထားသော သတင်းအချက်အလက်များ၊ စနစ်စီမံခန့်ခွဲမှု့များနှင့် သာမာန်အသုံးပြုသူများ စသည်တို့ကို စနစ်တကျ ပြုစု မှတ်တမ်းထားရှိပြီးနောက် အရေးကြီး ချမှတ်သင့်သည့် မူဝါဒများ ဖြစ်သည့် သတင်းအချက်အလက် မူဝါဒ (Information Policy)၊ လုံခြံုရေးမူဝါဒ (Security Policy) Computer နှင့် ဆက်စပ်ပစ္စည်း အသုံးပြုမှု့မူဝါဒ (Computer and Peripheral Use Policy)၊ Internet အသုံးပြုမှု့မူဝါဒ (Internet Use Policy)၊ E-mail အသုံးပြုမှု့မူဝါဒ (E-mail Use Policy)၊ အသုံးပြုသူစီမံခန့်ခွဲမှု့မူဝါဒ (User Management Policy)၊ စနစ်စီမံခန့်ခွဲမှု့မူဝါဒ (System Adminstation Policy)၊ လျှို့ဝှက်သင်္ကေတ မူဝါဒ (Password Policy) စသည်များက်ို ရေးဆွဲချမှတ် ရမည် ဖြစ်ပါသည်။
သတင်းအချက်အလက် မူဝါဒ ရေးဆွဲချမှတ်ရာတွင် မိမိ (သို့မဟုတ်) အဖွဲ့အစည်းတွင် ရှိနေသော သတင်းအချက်များနှင့် ပတ်သတ်ပြီး မည်သည့် သတင်းအချက်အလက်များကို သိမ်းဆည်းရန်၊ မည်သည့်ပုံစံဖြင့် မည်သည့်နေရာတွင် သိမ်းဆည်းရန်နှင့် မည်သူက အဆိုပါ သတင်းအချက်အလက်များအား တာဝန်ယူ ထိန်းသိမ်းမည် ဆိုသည်များကို ကြိုတင်သတ်မှတ်ပြီး အဆိုပါ သတင်းအချက်အလက်များအား သိမ်းဆည်းမှု ဆက်သွယ်အသုံးပြုမှုနှင့် ဖြန့်ဝေခြင်းကိစ္စများ အဆိုပါ သတင်းအချက်အလက်များကို လုံခြံုမှု အဆင့်အတန်းများအလိုက် ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ဆက်လက်ပြီး သတင်းအချက်အလက် လုံခြံုမှု့မူဝါဒ (Security Policy)များ ချမှတ် အကောင်အထည် ဖော်ရာတွင်လည်း သတင်းအချက်အလက်များ၏ လုံခြံုမှုအဆင့်နှင့် ဦးစားပေးမှု့ အခြေအနေများပေါ် မူတည်ပြီး သတ်မှတ်ထားသော နည်းပညာစံချိန် စံညွှန်းများအတိုင်း ရေရှည် ရေတို ပုံစံအမျိုးမျိုးဖြင့် ချမှတ်ဆောင်ရွက်ရမည် ဖြစ်ပါသည်။
ယခုအခါ နည်းပညာ တိုးတက် ပြောင်းလဲလာခြင်း IT Electronic နှင့် Mobile Device များအား အလွယ်တကူ အသုံးပြုလာနိုင်ခြင်း တို့သည်လည်း လုပ်ငန်းအသီးသီးရှိ အရေးကြီး အချက်အလက်များ ပြင်ပသို့ အလွယ်တကူ ပေါက်ကြားနိုင်စေရန် အခြေအနေ ဖြစ်လာခဲ့ပါသည်။ သို့ဖြစ်၍ အဖွဲ့အစည်းကြီးများ၊ နိုင်ငံတကာလုပ်ငန်းကြီးများတွင် ၀န်ထမ်းများနှင့် သာမန် အသုံးပြုသူများ အတွက် Computer နှင့် အခြားဆက်စပ် ပစ္စည်းများ အသုံးပြုခြင်းကို မူဝါဒနှင့် စည်းကမ်း ချမှတ်ပြီး ကန့်သတ် လာခဲ့ကြပါသည်။ ဥပမာအားဖြင့် အရေးကြီး အချက်အလက်များ ရှိသော အခန်းများအတွင်းသို့ မည်သည့် IT Electronic ပစ္စည်းများ သယ်ဆောင်ခွင့် မပေးခြင်း၊ အဆိုပါ အခန်းအတွင်းသို့ ၀င်ရောက်ရန် လုံခြံုမှု အစီအစဉ် အဆင့်ဆင့်အား ဖြတ်ကျော်ရခြင်း၊ အရေးကြီး အချက်အလက်များအား တာဝန်ချိန်အတွင်း၌ သက်ဆိုင်ရာ လုပ်ငန်းနေရာ၌ ခွင့်ပြုချက်ဖြင့် အသုံးပြုရခြင်း စသည်များကို ဆောင်ရွက် ကြရမည် ဖြစ်ပါသည်။
လုပ်ငန်းခွင် အသီးသီးတွင် Internet & E-mail အသုံးပြုမှုသည်လည်း ခေတ်၏ လိုအပ်ချက်အရ မဖြစ်မနေ အသုံးပြု နေကြရမည် ဖြစ်သဖြင့် တာဝန်ချိန်အတွင်း Internet & E-mail တို့ကို လုပ်ငန်းကိစ္စအတွက် အသုံးပြုခြင်း (သို့မဟုတ်) မိမိကိုယ်ကျိုးအတွက် အသုံးပြုခြင်း စသည့်များကို ခွဲခြား သိရှိနိုင်စေရန် Internet နှင့် E-mail အသုံးပြုမှု့မူဝါဒ (Internet & E-mail Policy) များကို ချမှတ် ဆောင်ရွက်ရမည် ဖြစ်ပါသည်။ Internet Policy ချမှတ်ရာတွင် အသုံးပြု ကြည့်ရှုခွင့်ရှိသော Website နှင့် Socil Media Site များအား သတ်မှတ်ထားခြင်း၊ အသုံးပြုရန် အသင့်သော Website များအား သတ်မှတ်ထားခြင်း၊ တစ်ကိုယ်ရည် ကိုယ်ပိုင် Internet အသုံးပြုနိုင်ရန် အားလပ်ချိန်များ သတ်မှတ်ပေးခြင်း စသည်တို့ကို ချမှတ်ရမည့်အပြင် နည်းပညာပိုင်းနှင့် စီမံခန့်ခွဲမှု့အပိုင်းမှာပါ မူဝါဒချမှတ်ရမည် ဖြစ်ပါသည်။
E-mail အသုံးပြုမှု့မူဝါဒ (E-mail Use Policy) ချမှတ်ရာတွင်လည်း ၀န်ထမ်းများအတွက် တရားဝင် E-mail Account များ ပြုလုပ်ပေးခြင်းနှင့် တာဝန်ချိန်အတွင်း E-mail အသုံးပြုမှု့များအား အလုပ်ကိစ္စ အတွက်သာ ခွင့်ပြုခြင်း၊ ကိုယ်ရေးကိုယ်တာ ကိစ္စများအား အလုပ်အတွက် ပြုလုပ်ပေး ထားသော ကိုယ်ပိုင် E-mail တွင် အသုံးမပြုရန် ကန့်သတ်ခြင်း၊ အလုပ်ချိန်အတွက် Personal E-mail အသုံးပြုခြင်းနှင့် အလုပ်နှင့် ပါတ်သတ်သည့် အကြောင်းအရာ ကိစ္စများ Personal E-mail တွင် ရေးသား ပေးပို့ခြင်း တို့ကို ကန့်သတ်ထားသည့် မူဝါဒများ ချမှတ်ရမည့်အပြင် နည်းပညာပိုင်းမှာလည်း E-mail Server များ ထူထောင်ထားရှိခြင်း၊ E-mail အဝင် အထွက်များကို ဆောင့်ကြပ်ကြည့်ရှုရန် လိုအပ်မည် ဖြစ်ပါသည်။
ဆက်လက်ပြီး အသုံးပြုသူ စီမံခန့်ခွဲရေးမူဝါဒ (User Management Policy) အနေဖြင့် ၀န်ထမ်းအသစ် ၀င်ရောက်လာလျှင် Internet & E-mail ၊ Database အသုံးပြုမှု့များ အတွက် User Pripilages များသတ်မှတ်ပေးခြင်း၊ ရာထူးတာဝန် ပြောင်းလဲမှု့များအတွက် အသုံးပြုပိုင်ခွင့် ပြင်ဆင် သတ်မှတ်ခြင်း၊ အလုပ်မှ နှုတ်ထွက်သွားလျှင် (သို့မဟုတ်) တာဝန်မှ ရပ်ဆိုင်းခံရလျှင် အဆိုပါ ၀န်ထမ်း၏ Internet & E-mail ၊ Database အသုံးပြုမှု့များ စနစ်တကျ လွှဲပြောင်းယူခြင်းနှင့် User Account ပိတ်သိမ်းခြင်း စသည်များအတွက် ပြည့်စုံလုံလောက်သော မူဝါဒများအား ၀န်ထမ်းရေးရာ မူဝါဒ (HR Policy) နှင့်အတူ ပြင်ဆင်ထုတ်ပြန်ထားရမည် ဖြစ်ပါသည်။
မိမိရုံးဌာနတွင် တပ်ဆင်ထားသော Computer စနစ်များ၊ Software များနှင့် Utilities Software များအား Updated ပြုလုပ်မထားလျှင် Loop Hole များဖြစ်ပေါ်လာပြီး စနစ်၏ လုံခြံုမှု့ကို ထိပါးနိုင်သဖြင့် မိမိတို့တွင် အသုံးပြုလျှက်ရှိသော Oprating System, System Software, Application Software နှင့် Utilities Software များအား အဆင့်မြှင့်တင်ခြင်း၊ ပုံမှန် Maintenance ပြုလုပ်ခြင်း၊ မလိုအပ်သည့် Software နှင့် Program များအား Removable လုပ်ခြင်း စသည့်များ ပြုလုပ်ပြီး System Update နှင့် Maintenance Plan များကို အချိန်ဇယားနှင့် တိတိကျကျ သတ်မှတ် ဆောင်ရွက်ရမည် ဖြစ်ပါသည်။
အဖွဲ့အစည်းများတွင်ရှိသော အရေးကြီးအချက်အလက် Database များသည် ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက်ခံရခြင်း၊ သဘာဝဘေးအန္တရာယ် (သို့မဟုတ်) အကြောင်း တစ်ခုခုကြောင့် ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပေါ်လာနိုင်သဖြင့် အခြားနေရာတစ်ခုခုတွင် ပုံစံအမျိုးမျိုးဖြင့် သိမ်းဆည်းထားသင့်ပါသည်။ ထိုသို့ သိမ်းဆည်းနိုင်ရန်အတွက် Database များကို ဦးစားပေးအဆင့် သတ်မှတ်ခြင်း၊ လုံခြံုစွာ သိမ်းဆည်းထားနိုင်မည့် နေရာ ရွေးချယ်ခြင်း၊ သိမ်းဆည်းမည့် နည်းစနစ်ပုံစံနှင့် နည်းပညာ ရွေးချယ်ခြင်းများကို မူဝါဒချဆောင်ရွက်ရမည် ဖြစ်ပါသည်။
ကမ္ဘာတစ်ဝှမ်း အဖွဲ့အစည်းများတွင် သတင်းအချက်အလက်များ ပျောက်ဆုံးခြင်း၊ ပျက်ဆုံးခြင်းနှင့် စီးပွားရေး အလို့ငှာ ပြောင်းလဲ ရောင်းချခံရခြင်း ဖြစ်စဉ်များတွင် အသုံးပြုသူများ၏ လျှို့ဝှက်သင်္ကေတ (Password) ပေါက်ကြားမှု့ (သို့မဟုတ်) ဖောက်ယူခြင်း စသည်တို့ကြောင့် ဖြစ်ကြောင်း၊ အများအားဖြင့် လေ့လာသိရှိနိုင်သဖြင့် မိမိတို့အတွက် လွန်စွာအရေးကြီးလှသော လျှို့ဝှက်သင်္ကေတ(Password) အသုံးပြုမှု့များကို မူဝါဒချမှတ်ပြီး စနစ်တကျဆောင်ရွက်ရမည် ဖြစ်ပါသည်။ ယခုအခါတွင် အဆိုပါ Password များကို အလွယ်တကူ ရှာဖွေ ဖော်ထုတ်နိုင်သော Program များ နည်းပညာများ ပေါ်ပေါက်နေပြီဖြစ်ရာ Password မူဝါဒရေးဆွဲရာ၌ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် လမ်းညွှန်မှု့များကို မဖြစ်မနေ လိုက်နာဆောင်ရွက် သင့်ပေသည်။
UNO(အိုင်တီခရီးသည်)

ေပၚလီ (Poly) တစ္ေခတ္ဆန္းၿပီေလာ . . .

ေပၚလီ (Poly) တစ္ေခတ္ဆန္းၿပီေလာ . . .
“ ယေန႔ကမၻာႀကီးရဲ႕ ပညာေရးပံုစံ ေျပာင္းေနပါတယ္။ အဲဒါကေတာ့ Work and Learn ဆုိတဲ့ပံုစံပါပဲ . . ဘယ္လုိလဲဆုိေတာ့ . .သီအုိရီစာေတြခ်ည္းကုိပဲ မသင္ေနဘဲ လက္ေတြ႕အလုပ္လုပ္ကုိင္မႈ အတြက္ကုိပါ တြဲဖက္သင္ၾကားမႈမ်ိဳး ျဖစ္ပါတယ္ . . တကယ့္လက္ေတြ႕ဟာ သီအုိရီ စာေတြနဲ႔ အေတြးအေခၚပိုင္းေတြကုိ ဦးစားေပးခဲ့ရာ ေရာက္ေနၿပီး လက္ေတြ႕ ကြၽမ္းက်င္မႈ အားနည္းတဲ့အတြက္ အဲဒီလုိပံုစံေတြကုိ ေျပာင္းေနပါတယ္။ အထူးသျဖင့္ အေမရိကန္ႏုိင္ငံရဲ႕ တကၠသုိလ္ေတြမွာ Work and Learn ပံုစံေျပာင္းေနပါၿပီ...”
မႏၲေလးၿမိဳ႕ ၇၈ လမ္းေပၚမွာရွိတဲ့ ဟုိတယ္မႏၲေလး (Hotel Mandalay) ရဲ႕ ခန္းမႀကီးထဲက ဟိန္းထြက္လာတဲ့အသံ ျဖစ္ပါတယ္။ MCC Training Institute (Mandalay) က ျပဳလုပ္ေနတဲ့ “Work and Learn ပညာေရး” ေဟာေျပာပြဲမွာ MCC Group ရဲ႕ ဥကၠ႒ ဦးတင္၀င္းေအာင္ရဲ႕ ထံုးစံအတုိင္း တက္တက္ၾကြၾကြ ဟန္နဲ႔ ေဟာေျပာေနတာ ျဖစ္ပါတယ္။ ခန္းမႀကီးတစ္ခုလံုးမွာ မႏၲေလးၿမိဳ႕က မိဘမ်ား၊ ေက်ာင္းသား/ေက်ာင္းသူမ်ားနဲ႔ အျပည့္ စိတ္၀င္တစား နားေထာင္ ေနၾကတာကုိ ေတြ႕ရပါတယ္ . . ။
“ ဒီကေန႔အထိ ေက်ာင္းသူ/သားအမ်ားစုဟာ.. အဲဒီသီအုိရီနဲ႔ အေတြးအေခၚေတြကုိ ဦးစားေပးသင္တဲ့ တကၠသုိလ္ေတြကုိသာ သြားေနၾကပါတယ္.. တကၠသုိလ္က ဘြဲ႕တစ္ခုခု ရဖုိ႔သာ ျဖစ္ပါတယ္.. ဒါေပမယ့္ လက္ေတြ႕လုပ္ငန္းကုိ နားမလည္ၾကလုိ႔ ... ဘြဲ႕ရၿပီး .. အလုပ္မရၾကပါဘူး.. စကၤာပူႏုိင္ငံမွာ ဆုိရင္ GCE(O) Level ေအာင္ၿပီးတာနဲ႔ Polytechnic ေက်ာင္းေတြကုိ တက္ၾကတာမ်ားပါတယ္.. တကၠသုိလ္ကုိ တက္တဲ့ ေက်ာင္းသားေတြ နည္းပါတယ္.. ဘာျဖစ္လုိ႔လဲဆုိေတာ့ . အဲဒီ Polytechnic ေက်ာင္းေတြကရတဲ့ အသက္ေမြး၀မ္း ေက်ာင္းဒီပလုိမာေတြနဲ႔ အလုပ္အကုိင္ ေကာင္းေကာင္းေတြရၾကလုိ႔ ျဖစ္ပါတယ္.. အလုပ္ရွင္ေတြကလည္း လက္ေတြ႕ကြၽမ္း က်င္တဲ့သူေတြကုိ လစာေကာင္းေကာင္းေပးၿပီး ခန္႔ၾကပါတယ္ . . ။
ခန္းမထဲက မႏၲေလးပရိသတ္ လႈပ္လႈပ္ရြရြ ျဖစ္လာပါတယ္..။ ဒီႏွစ္ (၁၀) တန္း ေအာင္ထားတဲ့ ေက်ာင္းသူ/သားအမ်ားစုနဲ႔ သူတုိ႔ရဲ႕ မိဘေတြအၾကား မၾကားဘူးတဲ့ စကားေတြကုိ ၾကားရလုိ႔ နည္းနည္းထူးဆန္း ေနတယ္လုိ႔ ထင္ပါတယ္..။
“ ကဲ... အမႀကီး ေဒၚခင္မုိးျမင့္ေရ ေျပာမေျပာခ်င္ပါဘူး.. သားေတြသမီးေတြ ဆယ္တန္း ေအာင္ေအာင္ လုပ္ လုိက္ရတာလဲ.. အေမာ.. ေငြေတြလည္း ကုန္လိုက္တာ မေျပာနဲ႔ ေအာင္လာျပန္ေတာ့လဲ.. ဘယ္တကၠသုိလ္ တက္ရမွန္းမသိ . .အမွတ္ကလည္း ဟုိမမီွ. . ဒီမမွီ . .”
“ မွန္တယ္ . . မွန္တယ္ . . မမုိးေရ . . ဒီအတုိင္းပဲ သူတုိ႔ေမးလိုက္ရင္ မထံုတက္ေသးနဲ႔ . . ခုေခတ္ကေလးေတြ.. ကုိယ္ဘာသာကုိယ္ ဘာလုပ္ရမွန္းမသိ.. ဘာရည္မွန္းခ်က္ရွိမွန္း မသိနဲ႔ . . ေတာ္ ေတာ္ခက္ပါတယ္..” “ အခုလည္း ၾကည့္ေလ.. ေဟာေျပာပြဲကုိလာၿပီး.. ေရွ႕က ဘာေတြ ေျပာေနမွန္းမသိဘဲ.. သူတုိ႔တယ္လီဖုန္းေတြကုိပဲ ပြတ္ေနၾကတာ.. ဘယ္အခ်ိန္ၾကည့္လိုက္… ၾကည့္လိုက္ အဲဒီတယ္လီဖုန္းေတြ၊ အင္တာနက္ေတြနဲ႔ပဲ ညားေနၾကတာ…”
“ ဟဲ့ . . ေမာ္လီ . . ေပၚလီ အေၾကာင္းေတြေျပာေနတာ.. နင္ဘယ္လုိထင္လဲဟင္.. ငါေတာ့ . . ဒီပလုိမာ ဘဲရမွာဆုိေတာ့ . . စိတ္မ၀င္စားဘူး...”
“ ေမာ္လီတုိ႔ကေတာ့ .. ေပၚလီမွ ေပၚလီျဖစ္သြားၿပီ . . ဘာျဖစ္ လုိ႔လဲသိ လား . . စာေမးပြဲ ေျဖစရာမလုိလုိ႔ .. Assignment နဲ႔ အတန္းတက္သြား ႏုိင္တယ္ဆုိေတာ့ . .ငါနဲ႔အကုိက္ဘဲ. . ဘာျဖစ္လုိ႔လဲသိလား . . စာေမးပြဲဆုိရင္ ေၾကာက္လြန္းလုိ႔ . .”
“ စာေမးပြဲေျဖဖုိ႔မလုိဘဲ ဒီပလုိမာေတြ ရမယ္ဆုိေတာ့.. နင့္ဟာက ဟုတ္ရဲ႕လား . ဘယ္လုိလုပ္အဆင့္ရွိမွာလဲ...”
“ ရွိသမွ . . သိပ္ရွိ . . ဒီပလုိမာက အဂၤလန္ႏုိင္ငံက ေပးတာ . . ၿပီးေတာ့.. ဘြဲ႕လုိခ်င္ရင္ အဂၤလန္ႏုိင္ငံ တကၠသုိလ္ေတြရဲ႕ ေနာက္ဆံုးႏွစ္ကုိ တက္ၿပီး ... ဘြဲ႕လည္း ရႏုိင္မယ္တဲ့ . . ဘယ္ေလာက္ေကာင္းတဲ့ အစီအစဥ္လဲ ...”
“ ဒကာႀကီး ဦးတင္၀င္းေအာင္ကုိ ေမးခ်င္ပါတယ္ ... ဦးဇင္းတုိ႔လည္း စိတ္၀င္စားလုိ႔ လာနားေထာင္တာပါ ... ဒကာႀကီးေျပာသြားတာ ေကာင္းပါတယ္ ... ဒါေပမယ့္ ျမန္မာျပည္မွာလည္း GTC တုိ႔ အရင္ရွိခဲ့ဘူးတာပဲ မဟုတ္လား ... ဒကာႀကီးေျပာတဲ့ ေပၚလီနဲ႔ ဘာကြာလုိ႔လဲ ...”
“ တင္ပါ့ ... သေဘာကေတာ့ မကြာပါဘူးဘုရား .. ဒါေပမယ့္ လုပ္နည္း လုပ္ဟန္ ကြာသြားတာပါ ... GTC ရဲ႕ ရည္ရြယ္ခ်က္က ေကာင္းပါတယ္ . . လက္ေတြ႕ အေကာင္အထည္ေဖာ္တာ အားနည္း ခဲ့လုိ႔ပါ ... အသက္ေမြး၀မ္းေက်ာင္းပညာေတြကုိ လက္ေတြ႕ ကြၽမ္းက်င္ သင္ရမဲ့အစား သီအုိရီေတြကုိ အလြတ္က်က္ၿပီး စာေမးပြဲ ေအာင္ေအာင္သာ လုပ္ခဲ့လုိ႔ . . မေအာင္ျမင္တာ ျဖစ္ပါတယ္ ... အခုဖြင့္တဲ့ ေပၚလီေတြမွာဆုိရင္ . . သီအုိရီနဲ႔ လက္ေတြ႕ေပါင္းစပ္ၿပီး Assignment ေတြ တကယ္ လုပ္ရပါတယ္ . . ေက်ာင္းသား/သူေတြဟာ ပထမပိုင္းမွာေတာ့ ခပ္အင္တင္တင္နဲ႔ အထင္ေသး သလုိျဖစ္လာတယ္... လုပ္ရင္း လုပ္ရင္းနဲ႔ စိတ္၀င္စားလာၾကပါတယ္ ... တပည့္ေတာ္တုိ႔ ပညာေရးစနစ္မွာ အလုပ္လုပ္လုပ္ မလုပ္လုပ္ စာေတြ အလြတ္က်က္... စာသင္တာ စိတ္၀င္စားစရာလည္း မေကာင္းဘူး ... ကေလးေတြကလည္း မတတ္သာလုိ႔သာ လုပ္ေနရတာ ... စိတ္မပါဘူး … ေပၚလီတကၠနစ္ေတြမွာေတာ့ ဒီလုိမဟုတ္ဘူး ... သီအုိရီထဲက အေၾကာင္းအရာေတြကုိ အျပင္မွာ လက္ေတြ႕လုပ္ရေတာ့ ... ကေလးေတြ စိတ္၀င္စားတယ္… တစ္နည္းအားျဖင့္ ကေလးေတြ စိတ္၀င္စားမယ့္ စာသင္နည္း ျဖစ္ပါတယ္... ကေလးေတြက စိတ္၀င္စားတာတင္ မကဘဲ စိတ္းကူးစိတ္သန္း ေကာင္းေတြပါ တီထြင္ႀကံဆ လာၾကပါတယ္.. တပည့္ေတာ္တုိ႔ မႏၲေလးေပၚလီက ေက်ာင္းသား တစ္ေယာက္ဆုိရင္ ဒ႐ံုး (Drone) လုိ႔ေခၚတဲ့ ေမာင္းသူမဲ့ ေလယာဥ္ပ်ံကုိ Assignment လုပ္ၿပီး တီထြင္ႏုိင္ခဲ့တာ အဂၤလန္ ႏုိင္ငံကလာတဲ့ ပါေမာကၡကေတာင္ ခ်ီးက်ဴးသြားခဲ့ပါတယ္ ...”
“ ဦးဇင္းတုိ႔လည္း လက္ေတြ႕လုပ္ရ တာေတြကုိ စိတ္၀င္းစားပါတယ္ ... ဦးဇင္းတုိ႔ေရာ တက္လုိ႔မရဘူးလား ...”
“ တင္ပါ့ ... အခုေလာေလာ ဆယ္မွာေတာ့ ကေလးေတြအတြက္ အခ်ိန္ျပည့္ သင္တန္းေတြ စဖြင့္ထားပါတယ္ ... ဘုရား ... ေနာက္ပုိင္းမွာ အလုပ္တစ္ပိုင္းနဲ႔ လူႀကီးေတြ တက္ႏုိင္ေအာင္ စေန၊ တနဂၤေႏြ အခ်ိန္ပိုင္းသင္တန္းေတြ ဆက္ဖြင့္ ေပးပါ့မယ္ ...”
MCC Training Institute (Mandalay) ရဲ႕ “Work and Learn ပညာေရး” ေဟာေျပာပြဲအၿပီးမွာ မိဘနဲ႔ ေက်ာင္းသူ/သားေတြ အလွ်ိဳလွ်ိဳ ျပန္ထြက္ သြားၾကပါၿပီ ... မႏၲေလးထံုးစံအတုိင္း ရာသီဥတုက ခပ္မိႈင္းမိႈင္း၊ ခန္းမအျပင္ေရာက္တာနဲ႔ ေလပူနဲ႔ေတြ႕လုိ႔ ကုိေကာင္းျမတ္တုိ႔ မိသားစု ကားဆီကုိ ခပ္ျမန္ျမန္ေလွ်ာက္လုိက္ၾကပါတယ္ . . ။
“ ကုိျမတ္ေရ ကေလးေတြအတြက္ ျပန္စဥ္းစားၾကရမယ္ထင္တယ္ ...”
“ အ၀င္းရယ္ ... အရင္းမရွိ အဖ်ားမရွိနဲ႔ ... ဘာကုိဆုိလုိတာလဲ ...”
“ ရွင္ကလည္း ... နားေ၀းလိုက္တာ ... ကေလးေတြက အမွတ္သိပ္မေကာင္းေတာ့ အေ၀းသင္ ယူခုိင္းရမလုိ ျဖစ္ေနတာ ... ။ ေပၚလီတကၠနစ္ကုိ တက္ခုိင္းရင္ ေကာင္းမလားလုိ႔ ... ဘာျဖစ္ျဖစ္ ... ဒီမိန္းမကပဲ စဥ္းစားရတယ္... ေယာက်္ားလုပ္တဲ့လူက… ဘာမွ အားမကုိးရဘူး ...”
“ မဟုတ္ပါဘူး ... အ၀င္းရယ္ … ကုိျမတ္လည္း အဲဒီလုိပဲ စဥ္းစားေနတာပါ… ညည္းက အရင္ေျပာလိုက္ေတာ့ ... ကုိျမတ္ေနာက္က်သြားတာေပါ့ ... ဟဲ ... ဟဲ ကုိယ့္မိန္းမက ပုိေတာ္ပါတယ္ ...”
“ ရွင္ ... စကားကုိ ေကာင္းေကာင္းေျပာ ... ဒီလုိဆုိရင္ ... တစ္ခါတည္း ေပၚလီကုိ သြားအပ္မယ္… သားေလးေရာ သေဘာက်လားဟင္…”
“ သားက တီထြင္ရတာေတြ ၀ါသနာပါတယ္… အဲဒီလုိလုပ္ရမယ္ဆုိရင္ သားႀကိဳးစားပါ့မယ္…”
“ သမီး ... အင္ၾကင္းကေတာ့ ဒီႏွစ္ စာေမးပြဲေအာင္ေအာင္ အရင္ႀကိဳးစား လိုက္အံုးေပါ့...”
“ သမီးလည္း ႀကိဳးစားတာပဲ မာမီရယ္ ... ဒါေပမယ့္ မေအာင္ေတာ့ ... စိတ္ဆင္းရဲတယ္ ... ဒီဆယ္တန္းစာေမးပြဲကုိ ဆက္မေျဖခ်င္ေတာ့ဘူး...”
ကုိေကာင္းျမတ္တုိ႔ ေမာင္းလာတဲ့ ကားကေလးဟာ (၃၅) လမ္းေပၚက ၀ါခင္း ကုန္းဘုရားရွိတဲ့ လမ္းသြယ္ေလးထဲ ၀င္လာ လိုက္ၿပီး MCC Training Institute (Mandalay) ဆုိတဲ့ ဆုိင္းဘုတ္ ေတြ႕တာနဲ႔ ၿခံထဲကုိ ၀င္လာလိုက္ပါတယ္… MCC Polytechnic ဆုိလုိ႔ အေဆာက္အအံု ႀကီးႀကီးမားမားေတြ ေတြ႕ရမယ္ထင္တာ… တစ္ထပ္အေဆာက္အအံု ခပ္ျပန္႔ျပန္႔ ကေလးေတြရွိတဲ့ ၿခံက်ယ္ႀကီးျဖစ္ပါတယ္… ၀င္လိုက္တာနဲ႔ လမ္းရဲ႕ ညာဘက္မွာ ေရကန္ေတြ႕ရလုိ႔ သစ္ပင္ရိပ္နဲ႔ ေရကန္ရဲ႕ အေငြ႕အသက္နဲ႔မုိ႔ ကားထဲက ဆင္းလိုက္တာနဲ႔ ၿမိဳ႕ထဲနဲ႔ မတူတဲ့ အရသာကုိ ခံစားလိုက္ရပါတယ္… ၿခံ၀င္းတစ္ခုလံုး သစ္ပင္ေတြနဲ႔မုိ႔ မႏၲေလးၿမိဳ႕ရဲ႕ အုိေအစစ္ေလး တစ္ခုလုိ ျဖစ္ေနပါတယ္... (၇) ဧကေလာက္ က်ယ္တဲ့ ေနရာျဖစ္လုိ႔ Campus ထဲမွာ ေက်ာင္းသား/သူေတြ လြတ္လြတ္လပ္လပ္ က်ယ္က်ယ္ျပန္႔ျပန္႔ ရွိလွပါတယ္… စာသင္ေဆာင္ေတြ၊ လက္ေတြ႕ခန္းေတြ၊ ႐ံုးခန္းေတြကုိေတာ့ သူ႕ေနရာနဲ႔သူ အကြက္က်က် တည္ေဆာက္ထားတာကုိ ေတြ႕ရပါတယ္… ဒါနဲ႔ဘဲ Reception ထဲကုိ ၀င္လိုက္ၿပီး ေနရာယူလိုက္ၾကပါ တယ္ ... ။
“ သမီးတုိ႔ေရ ... ေဟာဒီသားကုိ BTEC သင္တန္း အပ္ခ်င္လုိ႔ပါ…”
“ ဟုတ္ကဲ့ပါအန္တီ ... ဒီဟာက BTEC သင္တန္းနဲ႔ ပတ္သက္တဲ့ Brochure ေတြ ျဖစ္ပါတယ္… (၁၀) တန္း ေအာင္ထားတဲ့ ကေလးေတြဟာ BTEC Level (4) နဲ႔ Level (5) ကုိ ႏွစ္ႏွစ္ တက္ရပါမယ္… ၿပီးရင္ HND လုိ႔ေခၚ တဲ့ အဂၤလန္ႏုိင္ငံက Higher National Diploma ကုိ ရမွာ ျဖစ္ပါတယ္… MCC Polytechnic မွာ ဒီပလုိမာအမ်ိဳးအစား (၃) ခုရႏုိင္ပါတယ္... အင္ဂ်င္နီယာ ဒီပလုိမာ၊ ကြန္ပ်ဴတာ ဒီပလုိမာနဲ႔ ဟုိတယ္နဲ႔ ခရီးသြားလုပ္ငန္း ဒီပလုိမာေတြ ျဖစ္ပါတယ္ အင္ဂ်င္နီယာမွာ Civil, Mechanical နဲ႔ Electricl and Electronic ဆုိ ၿပီး ျပန္ခြဲထားပါတယ္…”
“ သားငယ္ ေမာင္ျပည့္ ... မင္းဘာကုိ စိတ္၀င္စားသလဲ …”
“ သားက အင္ဂ်င္နီယာကုိ ယူမယ္ ပံုဆြဲတာေတြက ပညာပါေတာ့ Civil ယူရင္ ေကာင္းမယ္ထင္တယ္ …”
“BTEC Level (4) နဲ႔ Level (5) ကုိ (၁၀) တန္းေအာင္တဲ့သူေတြ တက္ႏုိင္သလုိ (၁၀) တန္းမေအာင္တဲ့သူေတြ အေနနဲ႔လည္း BTEC Level (3) ကုိ တက္ၿပီး BTEC Level (4) နဲ႔ Level (5) ကုိ ဆက္တက္သြားႏုိင္ပါတယ္…”
“ ေဟာေတာ့ ... ကုိျမတ္ေရ ... အဲ့ဒါမသိပါလား ... သမီးအင္ၾကင္း အတြက္ အေတာ္ပဲေပါ့ … ျပန္ရွင္းျပပါအံုး … (၁၀)တန္းမေအာင္ဘဲ တက္လုိ႔ရတယ္ ဆုိတာ ...”
“ ဟုတ္ပါတယ္ ... အန္တီ Polytechnic ဆုိတာ အသက္ေမြး၀မ္း ေက်ာင္းပညာေတြကုိ လက္ေတြ႕ ဦးစားေပးသင္တဲ့ ေက်ာင္းျဖစ္ပါတယ္ ... ဒါ့ေၾကာင့္ (၁၀)တန္း စာေမးပြဲ ေအာင္သည္ျဖစ္ေစ၊ က်သည္ျဖစ္ေစ အသက္ေမြး၀မ္းေက်ာင္းပညာကုိ တစ္ဆင့္ၿပီး တစ္ဆင့္ ဆက္ယူသြားႏုိင္ပါတယ္ ... ၿပီးေတာ့ ဘြဲ႕ရသည္အထိ ဆက္တက္သြားႏုိင္ပါတယ္ရွင့္ ...”
“ ဘယ္ကဘြဲ႕ရမွာလဲ ... သမီး” “ သမီးတုိ႔ေက်ာင္းက အဂၤလန္ႏုိင္ငံက တကၠသုိလ္ႀကီး ႏွစ္ခုနဲ႔ ခ်ိတ္ဆက္ထားပါတယ္ ... Middlesex University ရယ္ Birmingham City University တုိ႔ ျဖစ္ပါတယ္ ... ကေလးေတြ HND Level (5) ၿပီးရင္ အဲဒီတကၠသုိလ္ဘြဲ႕သင္တန္းရဲ႕ ေနာက္ဆံုးႏွစ္ကုိ တက္လုိ႔ရပါတယ္ ... အဂၤလန္ႏုိင္ငံကုိ သြားၿပီး တက္လုိ႔ရသလုိ MCC Institute ေတြမွာလည္း တက္လုိ႔ရပါတယ္ ...”
“ ကုိျမတ္ရယ္ ... ဒီေန႔ေဟာေျပာ ပြဲတက္လိုက္ရတဲ့ အက်ိဳးေက်းဇူးပဲ ... အခုေတာ့ သားေရာ သမီးအတြက္ပါ စိတ္ေအး ရၿပီ …”
ကုိေကာင္းျမတ္တုိ႔ မိသားစု ကားကေလး MCC Polytechnic (Mandalay) ၿခံ၀န္းထဲက ျပန္အထြက္မွာ အလာ တုန္းကထက္ ပုိသြက္ေနပါေတာ့တယ္ . . မိသားစုတစ္ခုလံုး စိတ္လက္ ေပါ့ပါးသလုိ ကားကေလးကလည္း ေပါ့ပါးေနပါတယ္ .. အုိေအစစ္ထဲက ထြက္လိုက္လုိ႔ အျပင္ေရာက္တာနဲ႔ ပူျပင္းေျခာက္ေသြ႕တဲ့ ပတ္၀န္းက်င္ ေရာက္လာေပမယ့္ ကေလးေတြ ဒီအုိေအစစ္ထဲကုိ မၾကာခင္ျပန္သြားရမယ္ဆုိတဲ့ အသိနဲ႔ မပူၾကေတာ့ပါဘူး ... ရာသီဥတု အပူကုိ ေလ်ာ့ပါးေစ႐ံုတင္မက ကေလးေတြရဲ႕ ဘ၀ေနာင္ေရးအတြက္ ရင္ထဲက အပူကုိလည္း သက္သာသြားေစပါေတာ့တယ္ . .. . . . ။
ပေါ်လီ (Poly) တစ်ခေတ်ဆန်းပြီလော . . .
“ ယနေ့ကမ္ဘာကြီးရဲ့ ပညာရေးပုံစံ ပြောင်းနေပါတယ်။ အဲဒါကတော့ Work and Learn ဆိုတဲ့ပုံစံပါပဲ . . ဘယ်လိုလဲဆိုတော့ . .သီအိုရီစာတွေချည်းကိုပဲ မသင်နေဘဲ လက်တွေ့အလုပ်လုပ်ကိုင်မှု အတွက်ကိုပါ တွဲဖက်သင်ကြားမှုမျိုး ဖြစ်ပါတယ် . . တကယ့်လက်တွေ့ဟာ သီအိုရီ စာတွေနဲ့ အတွေးအခေါ်ပိုင်းတွေကို ဦးစားပေးခဲ့ရာ ရောက်နေပြီး လက်တွေ့ ကျွမ်းကျင်မှု အားနည်းတဲ့အတွက် အဲဒီလိုပုံစံတွေကို ပြောင်းနေပါတယ်။ အထူးသဖြင့် အမေရိကန်နိုင်ငံရဲ့ တက္ကသိုလ်တွေမှာ Work and Learn ပုံစံပြောင်းနေပါပြီ...”
မန္တလေးမြို့ ရ၈ လမ်းပေါ်မှာရှိတဲ့ ဟိုတယ်မန္တလေး (Hotel Mandalay) ရဲ့ ခန်းမကြီးထဲက ဟိန်းထွက်လာတဲ့အသံ ဖြစ်ပါတယ်။ MCC Training Institute (Mandalay) က ပြုလုပ်နေတဲ့ “Work and Learn ပညာရေး” ဟောပြောပွဲမှာ MCC Group ရဲ့ ဥက္ကဋ္ဌ ဦးတင်ဝင်းအောင်ရဲ့ ထုံးစံအတိုင်း တက်တက်ကြွကြွ ဟန်နဲ့ ဟောပြောနေတာ ဖြစ်ပါတယ်။ ခန်းမကြီးတစ်ခုလုံးမှာ မန္တလေးမြို့က မိဘများ၊ ကျောင်းသား/ကျောင်းသူများနဲ့ အပြည့် စိတ်ဝင်တစား နားထောင် နေကြတာကို တွေ့ရပါတယ် . . ။
“ ဒီကနေ့အထိ ကျောင်းသူ/သားအများစုဟာ.. အဲဒီသီအိုရီနဲ့ အတွေးအခေါ်တွေကို ဦးစားပေးသင်တဲ့ တက္ကသိုလ်တွေကိုသာ သွားနေကြပါတယ်.. တက္ကသိုလ်က ဘွဲ့တစ်ခုခု ရဖို့သာ ဖြစ်ပါတယ်.. ဒါပေမယ့် လက်တွေ့လုပ်ငန်းကို နားမလည်ကြလို့ ... ဘွဲ့ရပြီး .. အလုပ်မရကြပါဘူး.. စင်္ကာပူနိုင်ငံမှာ ဆိုရင် GCE(O) Level အောင်ပြီးတာနဲ့ Polytechnic ကျောင်းတွေကို တက်ကြတာများပါတယ်.. တက္ကသိုလ်ကို တက်တဲ့ ကျောင်းသားတွေ နည်းပါတယ်.. ဘာဖြစ်လို့လဲဆိုတော့ . အဲဒီ Polytechnic ကျောင်းတွေကရတဲ့ အသက်မွေးဝမ်း ကျောင်းဒီပလိုမာတွေနဲ့ အလုပ်အကိုင် ကောင်းကောင်းတွေရကြလို့ ဖြစ်ပါတယ်.. အလုပ်ရှင်တွေကလည်း လက်တွေ့ကျွမ်း ကျင်တဲ့သူတွေကို လစာကောင်းကောင်းပေးပြီး ခန့်ကြပါတယ် . . ။
ခန်းမထဲက မန္တလေးပရိသတ် လှုပ်လှုပ်ရွရွ ဖြစ်လာပါတယ်..။ ဒီနှစ် (၁၀) တန်း အောင်ထားတဲ့ ကျောင်းသူ/သားအများစုနဲ့ သူတို့ရဲ့ မိဘတွေအကြား မကြားဘူးတဲ့ စကားတွေကို ကြားရလို့ နည်းနည်းထူးဆန်း နေတယ်လို့ ထင်ပါတယ်..။
“ ကဲ... အမကြီး ဒေါ်ခင်မိုးမြင့်ရေ ပြောမပြောချင်ပါဘူး.. သားတွေသမီးတွေ ဆယ်တန်း အောင်အောင် လုပ် လိုက်ရတာလဲ.. အမော.. ငွေတွေလည်း ကုန်လိုက်တာ မပြောနဲ့ အောင်လာပြန်တော့လဲ.. ဘယ်တက္ကသိုလ် တက်ရမှန်းမသိ . .အမှတ်ကလည်း ဟိုမမှီ. . ဒီမမှီ . .”
“ မှန်တယ် . . မှန်တယ် . . မမိုးရေ . . ဒီအတိုင်းပဲ သူတို့မေးလိုက်ရင် မထုံတက်သေးနဲ့ . . ခုခေတ်ကလေးတွေ.. ကိုယ်ဘာသာကိုယ် ဘာလုပ်ရမှန်းမသိ.. ဘာရည်မှန်းချက်ရှိမှန်း မသိနဲ့ . . တော် တော်ခက်ပါတယ်..” “ အခုလည်း ကြည့်လေ.. ဟောပြောပွဲကိုလာပြီး.. ရှေ့က ဘာတွေ ပြောနေမှန်းမသိဘဲ.. သူတို့တယ်လီဖုန်းတွေကိုပဲ ပွတ်နေကြတာ.. ဘယ်အချိန်ကြည့်လိုက်… ကြည့်လိုက် အဲဒီတယ်လီဖုန်းတွေ၊ အင်တာနက်တွေနဲ့ပဲ ညားနေကြတာ…”
“ ဟဲ့ . . မော်လီ . . ပေါ်လီ အကြောင်းတွေပြောနေတာ.. နင်ဘယ်လိုထင်လဲဟင်.. ငါတော့ . . ဒီပလိုမာ ဘဲရမှာဆိုတော့ . . စိတ်မဝင်စားဘူး...”
“ မော်လီတို့ကတော့ .. ပေါ်လီမှ ပေါ်လီဖြစ်သွားပြီ . . ဘာဖြစ် လို့လဲသိ လား . . စာမေးပွဲ ဖြေစရာမလိုလို့ .. Assignment နဲ့ အတန်းတက်သွား နိုင်တယ်ဆိုတော့ . .ငါနဲ့အကိုက်ဘဲ. . ဘာဖြစ်လို့လဲသိလား . . စာမေးပွဲဆိုရင် ကြောက်လွန်းလို့ . .”
“ စာမေးပွဲဖြေဖို့မလိုဘဲ ဒီပလိုမာတွေ ရမယ်ဆိုတော့.. နင့်ဟာက ဟုတ်ရဲ့လား . ဘယ်လိုလုပ်အဆင့်ရှိမှာလဲ...”
“ ရှိသမှ . . သိပ်ရှိ . . ဒီပလိုမာက အင်္ဂလန်နိုင်ငံက ပေးတာ . . ပြီးတော့.. ဘွဲ့လိုချင်ရင် အင်္ဂလန်နိုင်ငံ တက္ကသိုလ်တွေရဲ့ နောက်ဆုံးနှစ်ကို တက်ပြီး ... ဘွဲ့လည်း ရနိုင်မယ်တဲ့ . . ဘယ်လောက်ကောင်းတဲ့ အစီအစဉ်လဲ ...”
“ ဒကာကြီး ဦးတင်ဝင်းအောင်ကို မေးချင်ပါတယ် ... ဦးဇင်းတို့လည်း စိတ်ဝင်စားလို့ လာနားထောင်တာပါ ... ဒကာကြီးပြောသွားတာ ကောင်းပါတယ် ... ဒါပေမယ့် မြန်မာပြည်မှာလည်း GTC တို့ အရင်ရှိခဲ့ဘူးတာပဲ မဟုတ်လား ... ဒကာကြီးပြောတဲ့ ပေါ်လီနဲ့ ဘာကွာလို့လဲ ...”
“ တင်ပါ့ ... သဘောကတော့ မကွာပါဘူးဘုရား .. ဒါပေမယ့် လုပ်နည်း လုပ်ဟန် ကွာသွားတာပါ ... GTC ရဲ့ ရည်ရွယ်ချက်က ကောင်းပါတယ် . . လက်တွေ့ အကောင်အထည်ဖော်တာ အားနည်း ခဲ့လို့ပါ ... အသက်မွေးဝမ်းကျောင်းပညာတွေကို လက်တွေ့ ကျွမ်းကျင် သင်ရမဲ့အစား သီအိုရီတွေကို အလွတ်ကျက်ပြီး စာမေးပွဲ အောင်အောင်သာ လုပ်ခဲ့လို့ . . မအောင်မြင်တာ ဖြစ်ပါတယ် ... အခုဖွင့်တဲ့ ပေါ်လီတွေမှာဆိုရင် . . သီအိုရီနဲ့ လက်တွေ့ပေါင်းစပ်ပြီး Assignment တွေ တကယ် လုပ်ရပါတယ် . . ကျောင်းသား/သူတွေဟာ ပထမပိုင်းမှာတော့ ခပ်အင်တင်တင်နဲ့ အထင်သေး သလိုဖြစ်လာတယ်... လုပ်ရင်း လုပ်ရင်းနဲ့ စိတ်ဝင်စားလာကြပါတယ် ... တပည့်တော်တို့ ပညာရေးစနစ်မှာ အလုပ်လုပ်လုပ် မလုပ်လုပ် စာတွေ အလွတ်ကျက်... စာသင်တာ စိတ်ဝင်စားစရာလည်း မကောင်းဘူး ... ကလေးတွေကလည်း မတတ်သာလို့သာ လုပ်နေရတာ ... စိတ်မပါဘူး … ပေါ်လီတက္ကနစ်တွေမှာတော့ ဒီလိုမဟုတ်ဘူး ... သီအိုရီထဲက အကြောင်းအရာတွေကို အပြင်မှာ လက်တွေ့လုပ်ရတော့ ... ကလေးတွေ စိတ်ဝင်စားတယ်… တစ်နည်းအားဖြင့် ကလေးတွေ စိတ်ဝင်စားမယ့် စာသင်နည်း ဖြစ်ပါတယ်... ကလေးတွေက စိတ်ဝင်စားတာတင် မကဘဲ စိတ်းကူးစိတ်သန်း ကောင်းတွေပါ တီထွင်ကြံဆ လာကြပါတယ်.. တပည့်တော်တို့ မန္တလေးပေါ်လီက ကျောင်းသား တစ်ယောက်ဆိုရင် ဒရုံး (Drone) လို့ခေါ်တဲ့ မောင်းသူမဲ့ လေယာဉ်ပျံကို Assignment လုပ်ပြီး တီထွင်နိုင်ခဲ့တာ အင်္ဂလန် နိုင်ငံကလာတဲ့ ပါမောက္ခကတောင် ချီးကျူးသွားခဲ့ပါတယ် ...”
“ ဦးဇင်းတို့လည်း လက်တွေ့လုပ်ရ တာတွေကို စိတ်ဝင်းစားပါတယ် ... ဦးဇင်းတို့ရော တက်လို့မရဘူးလား ...”
“ တင်ပါ့ ... အခုလောလော ဆယ်မှာတော့ ကလေးတွေအတွက် အချိန်ပြည့် သင်တန်းတွေ စဖွင့်ထားပါတယ် ... ဘုရား ... နောက်ပိုင်းမှာ အလုပ်တစ်ပိုင်းနဲ့ လူကြီးတွေ တက်နိုင်အောင် စနေ၊ တနင်္ဂနွေ အချိန်ပိုင်းသင်တန်းတွေ ဆက်ဖွင့် ပေးပါ့မယ် ...”
MCC Training Institute (Mandalay) ရဲ့ “Work and Learn ပညာရေး” ဟောပြောပွဲအပြီးမှာ မိဘနဲ့ ကျောင်းသူ/သားတွေ အလျှိုလျှို ပြန်ထွက် သွားကြပါပြီ ... မန္တလေးထုံးစံအတိုင်း ရာသီဥတုက ခပ်မှိုင်းမှိုင်း၊ ခန်းမအပြင်ရောက်တာနဲ့ လေပူနဲ့တွေ့လို့ ကိုကောင်းမြတ်တို့ မိသားစု ကားဆီကို ခပ်မြန်မြန်လျှောက်လိုက်ကြပါတယ် . . ။
“ ကိုမြတ်ရေ ကလေးတွေအတွက် ပြန်စဉ်းစားကြရမယ်ထင်တယ် ...”
“ အဝင်းရယ် ... အရင်းမရှိ အဖျားမရှိနဲ့ ... ဘာကိုဆိုလိုတာလဲ ...”
“ ရှင်ကလည်း ... နားဝေးလိုက်တာ ... ကလေးတွေက အမှတ်သိပ်မကောင်းတော့ အဝေးသင် ယူခိုင်းရမလို ဖြစ်နေတာ ... ။ ပေါ်လီတက္ကနစ်ကို တက်ခိုင်းရင် ကောင်းမလားလို့ ... ဘာဖြစ်ဖြစ် ... ဒီမိန်းမကပဲ စဉ်းစားရတယ်... ယောကျ်ားလုပ်တဲ့လူက… ဘာမှ အားမကိုးရဘူး ...”
“ မဟုတ်ပါဘူး ... အဝင်းရယ် … ကိုမြတ်လည်း အဲဒီလိုပဲ စဉ်းစားနေတာပါ… ညည်းက အရင်ပြောလိုက်တော့ ... ကိုမြတ်နောက်ကျသွားတာပေါ့ ... ဟဲ ... ဟဲ ကိုယ့်မိန်းမက ပိုတော်ပါတယ် ...”
“ ရှင် ... စကားကို ကောင်းကောင်းပြော ... ဒီလိုဆိုရင် ... တစ်ခါတည်း ပေါ်လီကို သွားအပ်မယ်… သားလေးရော သဘောကျလားဟင်…”
“ သားက တီထွင်ရတာတွေ ၀ါသနာပါတယ်… အဲဒီလိုလုပ်ရမယ်ဆိုရင် သားကြိုးစားပါ့မယ်…”
“ သမီး ... အင်ကြင်းကတော့ ဒီနှစ် စာမေးပွဲအောင်အောင် အရင်ကြိုးစား လိုက်အုံးပေါ့...”
“ သမီးလည်း ကြိုးစားတာပဲ မာမီရယ် ... ဒါပေမယ့် မအောင်တော့ ... စိတ်ဆင်းရဲတယ် ... ဒီဆယ်တန်းစာမေးပွဲကို ဆက်မဖြေချင်တော့ဘူး...”
ကိုကောင်းမြတ်တို့ မောင်းလာတဲ့ ကားကလေးဟာ (၃၅) လမ်းပေါ်က ၀ါခင်း ကုန်းဘုရားရှိတဲ့ လမ်းသွယ်လေးထဲ ၀င်လာ လိုက်ပြီး MCC Training Institute (Mandalay) ဆိုတဲ့ ဆိုင်းဘုတ် တွေ့တာနဲ့ ခြံထဲကို ၀င်လာလိုက်ပါတယ်… MCC Polytechnic ဆိုလို့ အဆောက်အအုံ ကြီးကြီးမားမားတွေ တွေ့ရမယ်ထင်တာ… တစ်ထပ်အဆောက်အအုံ ခပ်ပြန့်ပြန့် ကလေးတွေရှိတဲ့ ခြံကျယ်ကြီးဖြစ်ပါတယ်… ၀င်လိုက်တာနဲ့ လမ်းရဲ့ ညာဘက်မှာ ရေကန်တွေ့ရလို့ သစ်ပင်ရိပ်နဲ့ ရေကန်ရဲ့ အငွေ့အသက်နဲ့မို့ ကားထဲက ဆင်းလိုက်တာနဲ့ မြို့ထဲနဲ့ မတူတဲ့ အရသာကို ခံစားလိုက်ရပါတယ်… ခြံဝင်းတစ်ခုလုံး သစ်ပင်တွေနဲ့မို့ မန္တလေးမြို့ရဲ့ အိုအေစစ်လေး တစ်ခုလို ဖြစ်နေပါတယ်... (၇) ဧကလောက် ကျယ်တဲ့ နေရာဖြစ်လို့ Campus ထဲမှာ ကျောင်းသား/သူတွေ လွတ်လွတ်လပ်လပ် ကျယ်ကျယ်ပြန့်ပြန့် ရှိလှပါတယ်… စာသင်ဆောင်တွေ၊ လက်တွေ့ခန်းတွေ၊ ရုံးခန်းတွေကိုတော့ သူ့နေရာနဲ့သူ အကွက်ကျကျ တည်ဆောက်ထားတာကို တွေ့ရပါတယ်… ဒါနဲ့ဘဲ Reception ထဲကို ၀င်လိုက်ပြီး နေရာယူလိုက်ကြပါ တယ် ... ။
“ သမီးတို့ရေ ... ဟောဒီသားကို BTEC သင်တန်း အပ်ချင်လို့ပါ…”
“ ဟုတ်ကဲ့ပါအန်တီ ... ဒီဟာက BTEC သင်တန်းနဲ့ ပတ်သက်တဲ့ Brochure တွေ ဖြစ်ပါတယ်… (၁၀) တန်း အောင်ထားတဲ့ ကလေးတွေဟာ BTEC Level (4) နဲ့ Level (5) ကို နှစ်နှစ် တက်ရပါမယ်… ပြီးရင် HND လို့ခေါ် တဲ့ အင်္ဂလန်နိုင်ငံက Higher National Diploma ကို ရမှာ ဖြစ်ပါတယ်… MCC Polytechnic မှာ ဒီပလိုမာအမျိုးအစား (၃) ခုရနိုင်ပါတယ်... အင်ဂျင်နီယာ ဒီပလိုမာ၊ ကွန်ပျူတာ ဒီပလိုမာနဲ့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း ဒီပလိုမာတွေ ဖြစ်ပါတယ် အင်ဂျင်နီယာမှာ Civil, Mechanical နဲ့ Electricl and Electronic ဆို ပြီး ပြန်ခွဲထားပါတယ်…”
“ သားငယ် မောင်ပြည့် ... မင်းဘာကို စိတ်ဝင်စားသလဲ …”
“ သားက အင်ဂျင်နီယာကို ယူမယ် ပုံဆွဲတာတွေက ပညာပါတော့ Civil ယူရင် ကောင်းမယ်ထင်တယ် …”
“BTEC Level (4) နဲ့ Level (5) ကို (၁၀) တန်းအောင်တဲ့သူတွေ တက်နိုင်သလို (၁၀) တန်းမအောင်တဲ့သူတွေ အနေနဲ့လည်း BTEC Level (3) ကို တက်ပြီး BTEC Level (4) နဲ့ Level (5) ကို ဆက်တက်သွားနိုင်ပါတယ်…”
“ ဟောတော့ ... ကိုမြတ်ရေ ... အဲ့ဒါမသိပါလား ... သမီးအင်ကြင်း အတွက် အတော်ပဲပေါ့ … ပြန်ရှင်းပြပါအုံး … (၁၀)တန်းမအောင်ဘဲ တက်လို့ရတယ် ဆိုတာ ...”
“ ဟုတ်ပါတယ် ... အန်တီ Polytechnic ဆိုတာ အသက်မွေးဝမ်း ကျောင်းပညာတွေကို လက်တွေ့ ဦးစားပေးသင်တဲ့ ကျောင်းဖြစ်ပါတယ် ... ဒါ့ကြောင့် (၁၀)တန်း စာမေးပွဲ အောင်သည်ဖြစ်စေ၊ ကျသည်ဖြစ်စေ အသက်မွေးဝမ်းကျောင်းပညာကို တစ်ဆင့်ပြီး တစ်ဆင့် ဆက်ယူသွားနိုင်ပါတယ် ... ပြီးတော့ ဘွဲ့ရသည်အထိ ဆက်တက်သွားနိုင်ပါတယ်ရှင့် ...”
“ ဘယ်ကဘွဲ့ရမှာလဲ ... သမီး” “ သမီးတို့ကျောင်းက အင်္ဂလန်နိုင်ငံက တက္ကသိုလ်ကြီး နှစ်ခုနဲ့ ချိတ်ဆက်ထားပါတယ် ... Middlesex University ရယ် Birmingham City University တို့ ဖြစ်ပါတယ် ... ကလေးတွေ HND Level (5) ပြီးရင် အဲဒီတက္ကသိုလ်ဘွဲ့သင်တန်းရဲ့ နောက်ဆုံးနှစ်ကို တက်လို့ရပါတယ် ... အင်္ဂလန်နိုင်ငံကို သွားပြီး တက်လို့ရသလို MCC Institute တွေမှာလည်း တက်လို့ရပါတယ် ...”
“ ကိုမြတ်ရယ် ... ဒီနေ့ဟောပြော ပွဲတက်လိုက်ရတဲ့ အကျိုးကျေးဇူးပဲ ... အခုတော့ သားရော သမီးအတွက်ပါ စိတ်အေး ရပြီ …”
ကိုကောင်းမြတ်တို့ မိသားစု ကားကလေး MCC Polytechnic (Mandalay) ခြံဝန်းထဲက ပြန်အထွက်မှာ အလာ တုန်းကထက် ပိုသွက်နေပါတော့တယ် . . မိသားစုတစ်ခုလုံး စိတ်လက် ပေါ့ပါးသလို ကားကလေးကလည်း ပေါ့ပါးနေပါတယ် .. အိုအေစစ်ထဲက ထွက်လိုက်လို့ အပြင်ရောက်တာနဲ့ ပူပြင်းခြောက်သွေ့တဲ့ ပတ်ဝန်းကျင် ရောက်လာပေမယ့် ကလေးတွေ ဒီအိုအေစစ်ထဲကို မကြာခင်ပြန်သွားရမယ်ဆိုတဲ့ အသိနဲ့ မပူကြတော့ပါဘူး ... ရာသီဥတု အပူကို လျော့ပါးစေရုံတင်မက ကလေးတွေရဲ့ ဘဝနောင်ရေးအတွက် ရင်ထဲက အပူကိုလည်း သက်သာသွားစေပါတော့တယ် . .. . . . ။


MCC Style


NayPyiTaw Campus, BIT, Year-2, Section-4 မွ ေက်ာင္းသား ေမာင္ေကာင္းျမတ္သူ


Yatanarpon Campus မွ BIT ေက်ာင္းသူေလးမ်ား


Mandalay Campus, BBA, Year-1, Section-8 မွ ေက်ာင္းသူ မရွင္းသန္႔ေရႊရည္


NayPyiTaw Campus, BIT မွ ေက်ာင္းသား၊ ေက်ာင္းသူမ်ား


Mandalay Polytechnic, BTEC, Year-1, Section-1 မွ ေက်ာင္းသူ မအိမ့္ဥမၼာေက်ာ္


Mandalay Campus, BBA, Year-1, Section-8 မွ ေက်ာင္းသား ေမာင္ေကာင္းစည္သူ




ဒီတစ္ပတ္ အမ္စီစီ



(၂၇.၈.၂၀၁၅) ရက္ေန႔တြင္ MCC.i NayPyiTaw Campus ၌ က်င္းပျပဳလုပ္ေသာ ႏိုင္ငံတကာ အသိအမွတ္ျပဳ ကြန္ပ်ဴတာသိပၸံဘြဲ႕ သင္တန္းဆိုင္ရာ ေဟာေျပာေဆြးေႏြးပြဲ၌ MCC Education Services CEO ဦးၿငိမ္းဦးမွ ေဟာေျပာေနစဥ္။


(၂၇.၈.၂၀၁၅) ရက္ေန႔တြင္ MCC.i Mandalay Campus မွ BTEC ေက်ာင္းသား၊ ေက်ာင္းသူမ်ား ေလ့လာေရးခရီးစဥ္။


(၂၉.၈.၂၀၁၅) ရက္ေန႔တြင္ ျမန္မာႏိုင္ငံ အမ်ိဳးသမီးေရးရာအဖြဲ႕ခ်ုဳပ္ႏွင့္ MCC Group တို႔ ပူးေပါင္းစီစဥ္မွုျဖင့္ အမ်ိဳးသမီးငယ္မ်ားအတြက္ Basic Office Skill အေျခခံရံုးလုပ္ငန္းဆိုင္ရာ ကၽြမ္းက်င္မွုသင္တန္းမ်ား စတင္ဖြင့္လွစ္


MCC.i Yatanarpon Campus ေက်ာင္းသား၊ ေက်ာင္းသူမ်ား စစ္ကိုင္းမင္းကြန္း ေလ့လာေရး ခရီးစဥ္။

Tuesday, September 15, 2015

MCC Group ႏွင့္ AIT တို႔ နားလည္မွုစာခၽြန္လႊာ (MOU) ထပ္မံေရးထိုးျခင္း


၂၀၀၉ခုႏွစ္တြင္ စတင္ခ့ဲေသာ MCC Training Institute သည္ ယခုအခါတြင္ ေျခာက္ႏွစ္ေက်ာ္ ကာလကို ေက်ာ္လႊားျဖတ္သန္းခ့ဲပါၿပီ။ ၂၀၀၉ခုႏွစ္တြင္ ကြန္ပ်ဴတာသိပၸံဘြဲ႕ သင္တန္းမ်ားျဖင့္ စတင္ခ့ဲၿပီး ၂၀၁၀ျပည့္ႏွစ္တြင္ School of Engineering ကို တိုးခ်ဲ႕ဖြင့္လွစ္ကာ အင္ဂ်င္နီယာသိပၸံဘြဲ႕သင္တန္းမ်ား ပို႔ခ်ေပးခ့ဲပါသည္။ အင္ဂ်င္နီယာ ကြန္ပ်ဴတာသိပၸံဘြဲ႕မ်ား ခ်ီးျမွင့္ေပးသည့္ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ရွိ AIT (Asian Institute of Technology) ႏွင့္ ပူးေပါင္းေဆာင္ရြက္ခ့ဲရပါသည္။ အဓိကအားျဖင့္ AIT ၏ ဘြဲ႕ႀကိဳသင္တန္းမ်ားျဖစ္ေသာ BSE (Bachelor of Science in Engineering) အင္ဂ်င္နီယာသိပၸံဘြဲ႕ သင္တန္းမ်ားကို MCC Training Institute (MCC.i) ႏွင့္ AIT တို႔အၾကား (2+2) Twinning Program ေဆာင္ရြက္ခ့ဲျခင္း ျဖစ္ပါသည္။ ျမန္မာႏိုင္ငံ MCC.i တြင္ (၂)ႏွစ္ တက္ရၿပီး တတိယႏွစ္ႏွင့္ စတုတၳႏွစ္တို႔ကို AIT တြင္ တက္ကာ AIT မွ ခ်ီးျမွင့္ေသာ အင္ဂ်င္နီယာသိပၸံဘြဲ႕ကို ရယူရန္ျဖစ္ပါသည္။ ယခုတစ္ႀကိမ္ ၂၀၁၅ခုႏွစ္ စက္တင္ဘာလ ၉ ရက္ေန႔တြင္ ေရးထိုးေသာ နားလည္မွုစာခၽြန္လႊာ (MOU) မွာ AIT မွ ခ်ီးျမွင့္မည့္ မဟာအင္ဂ်င္နီယာသိပၸံဘြဲ႕ (Master of Engineering) အတြက္ ျဖစ္ပါသည္။ AIT ၏ President ျဖစ္သူ Mr. Worsnk Kanok-Nukulchai ႏွင့္ MCC Group ၏ Chairman ဦးတင္၀င္းေအာင္တို႔ ကိုယ္တိုင္ MOU ေရးထိုးခ့ဲၾကျခင္းျဖစ္ၿပီး ယင္းလက္မွတ္ေရးထိုးပြဲသို႔ AIT Vice President ပါေမာကၡ Dr. Scivamappan Kumar အပါအ၀င္ School of Engineering and Technology, School of Environmental Resource and Development, School of Management တို႔၏ အႀကီးအကဲမ်ား၊ Program Director ျဖစ္သူ Dr. Netin Kumar Tripathi ႏွင့္ Under Graduate Program ကို တာ၀န္ယူေနသူ ပါေမာကၡေဒါက္တာ သန္းလင္းတို႔ တက္ေရာက္ခ့ဲပါသည္။ MCC Group ဘက္မွ Chairman ဦးတင္၀င္းေအာင္ႏွင့္အတူ Vice-Chairman ေဒၚသာယာသန္းတို႔ တက္ေရာက္ခ့ဲပါသည္။ ယခုတစ္ေခါက္ ေရးထိုးခ့ဲေသာ MOU မွာ Unified International Bachelors-Master Degree Program ျဖစ္ၿပီး ေက်ာင္းသား၊ ေက်ာင္းသူမ်ား အေနျဖင့္ ငါးႏွစ္အတြင္း အင္ဂ်င္နီယာသိပၸံ ဒီဂရီႏွင့္ မဟာအင္ဂ်င္နီယာသိပၸံ ဒီဂရီ ရရွိေစႏိုင္မည့္ အစီအစဥ္ ျဖစ္ပါသည္။ လက္ရွိ MCC က ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား AIT မွ ခ်ီးျမွင့္မည့္ အင္ဂ်င္နီယာသိပၸံဘြဲ႕ အစီအစဥ္ (MCC တြင္ ႏွစ္ႏွစ္၊ AIT တြင္ ႏွစ္ႏွစ္) အစား MCC ႏွင့္ AIT တို႔ လက္မွတ္ေရးထိုးလိုက္ေသာ အစီအစဥ္တြင္ (3+2) အစီအစဥ္ျဖစ္သည့္ MCC တြင္ သံုးႏွစ္၊ AIT တြင္ ႏွစ္ႏွစ္တက္ၿပီး မဟာအင္ဂ်င္နီယာသိပၸံဘြဲ႕ (Master of Engineering) ကို ရယူႏိုင္မည္ ျဖစ္ပါသည္။ AIT တက္ခ်င္ေသာ ျမန္မာႏိုင္ငံမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ မဂၤလာ သတင္းေကာင္းပင္ျဖစ္ၿပီး ယင္းေရႊအခြင့္အေရးႀကီးကို MCC က ျမန္မာႏိုင္ငံသို႔ ယူေဆာင္လာခ့ဲၿပီ ျဖစ္ပါသည္။








AIT သည္ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕တြင္ရွိေသာ ႏိုင္ငံတကာတကၠသိုလ္ (International Institute) ျဖစ္ပါသည္။ ႏိုင္ငံတကာတကၠသိုလ္မ်ား အဆင့္သတ္မွတ္ခ်က္အရ အာရွေဒသ၏ ထိပ္တန္း တကၠသိုလ္ႀကီးျဖစ္ပါသည္။ ႏိုင္ငံေပါင္း ၈၃ ႏိုင္ငံရွိ တကၠသိုလ္ေပါင္း ၁၂၀၀ ေက်ာ္အနက္ ထိပ္ဆံုးအဆင့္ တကၠသိုလ္ႀကီး ၄၁ ခုတြင္ ပါ၀င္ေသာ တကၠသိုလ္ ျဖစ္ပါသည္။ ကမၻာ့တကၠသိုလ္မ်ား၏ အဆင့္ကို သတ္မွတ္ေသာ QS Stars Rating Program အရ အတန္းအစား သံုးမ်ိဳး၏ ၾကယ္ငါးပြင့္စီကို AIT က ရရွိထားပါသည္။


Saturday, September 5, 2015

ထူးခြၽန္ေဘာလံုးသမား MCC.i ေက်ာင္းသား

ထူးခြၽန္ေဘာလံုးသမား MCC.i ေက်ာင္းသား
(၂၀၀၉) ခုႏွစ္ကစၿပီး ျမန္မာႏုိင္ငံ၏ ပထမဦးဆံုး Private Higher Institute တစ္ခုအျဖစ္ စတင္ခဲ့ေသာ MCC Training Institute (MCC Institute) သည္ ျမန္မာႏုိင္ငံတစ္၀ွမ္းမွ ေက်ာင္းသားလူငယ္မ်ားအား ႏုိင္ငံတကာအဆင့္ ပညာရပ္မ်ားျဖစ္ ေသာ IT ၊ စီးပြားေရးႏွင့္ အင္ဂ်င္နီယာ ပညာရပ္မ်ားအား ႏုိင္ငံတကာ တကၠသုိလ္ ႀကီးမ်ား၊ ပညာေရး အဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းၿပီး စနစ္တက် ျပဳစုပ်ိဳးေထာင္ေပးသကဲ့သုိ႔ အဓိက ပညာရပ္သင္ယူမႈမ်ားတြင္ သာမက ဘက္စံုထူးခြၽန္ေသာ လူေကာင္းလူေတာ္မ်ား ျဖစ္လာေစရန္ အဘက္ဘက္မွ ေဆာင္ရြက္ေပးလ်က္ ရွိပါသည္။
အထူးသျဖင့္ IT ေမဂ်ာအထူးျပဳ B.Sc (Hons) Business IT ႏုိင္ငံတကာအသိအမွတ္ျပဳ ကြန္ပ်ဴတာ သိပၸံဘြဲ႕သင္တန္းတြင္ ပင္မ Academic ဘာသာရပ္မ်ား အျပင္ English Proficiency သင္ၾကားေပးမႈ အစီအစဥ္မ်ား၊ On the Job Training (လက္ေတြ႕လုပ္ငန္းခြင္ ေလ့ လာေဆာင္ရြက္မႈ အစီအစဥ္မ်ား၊ Microsoft Corporation ကဲ့သုိ႔ ႏုိင္ငံတကာ IT ကုမၸဏီႀကီးမ်ား၏ ကြၽမ္းက်င္မႈ လက္မွတ္ Skill Certification သင္ၾကားမႈ အစီအစဥ္မ်ားအျပင္ Extra Curriculum Activities ဟု ေခၚဆုိႏုိင္ေသာ ေက်ာင္းသင္ခန္းစာျပင္ပ လႈပ္ရွားမႈမ်ားျဖစ္သည့္ စာေပ၊ ဂီတ၊ အားကစားႏွင့္ လူမႈေရး အက်ိဳးျပဳေသာ လုပ္ငန္းမ်ားကုိလည္း သတ္မွတ္ထားေသာ အခ်ိန္ဇယားမ်ားအတိုင္း MCC.i Campus အလိုက္ ေဆာင္ရြက္ ျပဳလုပ္ေပးလ်က္ ရွိပါသည္။ အားကစား လႈပ္ရွားမႈမ်ားအေနျဖင့္ ေက်ာင္းသား/သူ မ်ား စုေပါင္း လမ္းေလွ်ာက္ျခင္း၊ ေအ႐ိုးပစ္ကခုန္ျခင္း၊ ၾကက္ေတာင္႐ိုက္ျခင္း၊ ပင္ေပါင္ကစားျခင္း၊ Fusal ႏွင့္ ဖိတ္ေခၚ ေဘာလံုးပြဲမ်ားကုိလည္း ဆက္စဥ္မျပတ္ ျပဳလုပ္က်င္းပေပးလ်က္ ရွိပါသည္။
ထုိကဲ့သုိ႔ MCC Institute မွ ေက်ာင္းသားလူငယ္မ်ားအတြက္ အေျမာ္ အျမင္ ရည္မွန္းခ်က္ႀကီးစြာျဖင့္ က်ိဳးစား ေဆာင္ရြက္လ်က္ရွိရာ မၾကာမွီ ကာလမ်ား တြင္ IT ပညာသာမက အားကစားႏွင့္ ဘက္စံုထူးခြၽန္ေသာ လူငယ္လူရြယ္မ်ားမ်ားစြာ ေပၚထြက္လာမည္ဟု ယံုၾကည္လ်က္ရွိၿပီး MCC Institute တြင္ သူတုိ႔ ေမွ်ာ္မွန္းထားေသာ ရည္မွန္းခ်က္ ပန္းတုိင္မ်ားအတြက္ လာေရာက္ပညာဆည္းပူးေနေသာ နယ္ပယ္အသီးသီးမွ ထူးခြၽန္လူငယ္မ်ားလည္း ေပ်ာ္ရႊင္စြာ ပညာသင္ၾကားလ်က္ ရွိေနပါတယ္။
ထုိအထဲမွ MCC Institute (Yatanarpon Campus) တြင္ ႏုိင္ငံတကာအသိအမွတ္ျပဳ ကြန္ပ်ဴတာသိပၸံဘြဲ႕ ပထမႏွစ္ သင္တန္းကုိ (၂၀၁၅) ပညာသင္ႏွစ္တြင္ စတင္တက္ေရာက္ေနေသာ ႏုိင္ငံေက်ာ္ လူငယ္ေဘာလံုးကစားသမား ျမန္မာ့ လက္ေရြးစင္ U19 ေဘာလံုးအသင္းမွ ကစားသမားေလး ေမာင္ေနထူးကဲရဲ႕ အနာဂတ္အိမ္မက္ေလး ေတြကုိလည္း အခုလုိပဲ ၾကားသိရမွာ ျဖစ္ပါတယ္။
ဆက္လက္ၿပီး (၂) ပတ္တစ္ႀကိမ္ ထုတ္ေ၀မည့္ MCC Monitor ဂ်ာနယ္ တြင္ MCC Institute Campus အသီး သီးမွ တက္ေရာက္ေနၾကေသာ အတတ္ပညာရပ္ နယ္ပယ္ တစ္ခုခုကုိ ထူးခြၽန္စြာ ေအာင္ျမင္ေနတဲ့ မည္သူအေၾကာင္း ေဖာ္ျပခ်က္ေတြကုိ ေစာင့္ေမွ်ာ္ဖတ္႐ႈရမလဲဆုိတာကုိ သတင္းေကာင္းပါးရင္းျဖင့္ .............
တုိးေ၀ွ႕တိုက္ခတ္လာတဲ့ ေလေျပေလညင္းေလးေတြေၾကာင့္ ေအး စိမ့္လာတဲ့အခါ ကြၽန္ေတာ္အက်ႌအိတ္ထဲ လက္ကေလးကုိ ထည့္လိုက္တယ္။ ဘယ္ေလာက္ေအးေအး ရင္ထဲမွာေႏြးေနေတာ့ ကြၽန္ေတာ့္ေျခလွမ္းေတြက အားအ ျပည့္နဲ႔ပါ။ တကၠသုိလ္၀င္တန္းကုိ ေအာင္ျမင္ၿပီးတဲ့အခါ လုိခ်င္တဲ့ရည္မွန္းခ်က္ပန္းတုိင္ အတြက္ ေလွ်ာက္လွမ္းၾကရတဲ့ ကြၽန္ေတာ္တုိ႔ လူငယ္ေတြအတြက္ တကၠသုိလ္ဆုိ တာ တစ္ခ်ိန္က မက္ခဲ့တဲ့ အိပ္မက္ပါ။ ဒါေၾကာင့္ ျမဴေတြၾကားက ကြၽန္ေတာ္ေရြးခ်ယ္ခဲ့တဲ့ MCC Training Institute ဆုိတဲ့ အဆင့္ျမင့္ေက်ာင္းႀကီးကုိ ေရာက္ရွိ လာခဲ့ပါတယ္။
တစ္ခ်ိန္ေတာ့ ေအာင္ျမင္တဲ့ Technical ပညာရွင္ဘ၀ကုိ ကြၽန္ေတာ္ေရာက္ေအာင္ ႀကိဳးစားဖို႔လဲ ေမွ်ာ္လင့္ထားခဲ့ပါတယ္။ Walt Disney က "If you can dream it, You can do it" တဲ့ စိတ္ကူးယဥ္ၾကည့္ပါ။ စိတ္ကူးယဥ္လုိ႔ရရင္ လုပ္လုိ႔ရပါတယ္တဲ့။ ဒါဘ၀ရဲ႕ ရည္ရြယ္ခ်က္ဆုိေပမဲ့ ၀ါသနာပါတာကုိလည္း ေမ့မပစ္ရဘူး၊ ေဖ်ာက္မပစ္ရဘူးဆုိတာ လူႀကီး သူမေတြရဲ႕ ဆံုးမစကားေတြထဲ အၿမဲပါေန တတ္ပါတယ္။
ကြၽန္ေတာ့္ ၀ါသနာကေတာ့ အားကစားေပါ့ဗ်ာ။ အထူးသျဖင့္ ေဘာလံုးအားကစားကုိ ပုိ၀ါသနာပါတယ္။ ကံေကာင္းစြာနဲ႔ ကြၽန္ေတာ္တုိ႔ေက်ာင္းမွာ ကြၽန္ေတာ္ လက္ေရြးစင္ အျဖစ္ ေဘာလံုးကန္ခြင့္ရခဲ့ပါတယ္။ အဲဒီအတြက္ ကြၽန္ေတာ္ ၀ါသနာပါတာကုိ ကြၽန္ေတာ္ဆက္လုပ္ခြင့္ ရခဲ့ပါတယ္။
ကြၽန္ေတာ္ ေဘာလံုးအားကစားနဲ႔ စတင္ရင္းႏွီးခဲ့ပံုက သိပ္ေတာ့မထူးဆန္းခဲ့ပါဘူး။ ကြၽန္ေတာ္ စတုတၳတန္း ႏွစ္ေလာက္တုန္းက အရမ္း၀တဲ့ကြၽန္ေတာ့္ကုိ အေမက ေဘာလံုးအားကစား နဲ႔ ရင္းႏွီးခြင့္ ေပးခဲ့ပါတယ္။ အဲ့ဒီအခ်န္ကစၿပီး အားလပ္ခ်ိန္မွာေတာင္ ကြၽန္ေတာ္ေဆာ့တဲ့ ကစားနည္းက ေဘာလံုးကန္ျခင္းသာ ျဖစ္ ခဲ့သလုိ ကစားေဖာ္သူငယ္ခ်င္းမ်ားကလည္း ေဘာလံုး ၀ါသနာပါသူအႀကီးမ်ားႏွင့္သာ ကြၽန္ေတာ့္ ေက်ာင္းသားဘ၀ကုိ ျဖတ္သန္းခဲ့ပါတယ္။
ဒီလုိနဲ႔ ကြၽန္ေတာ္ အ႒မတန္းေရာက္ေတာ့ ၿမိဳ႕နယ္ လက္ေရြးစင္အျဖစ္ ေရြးခ်ယ္ခံခဲ့ရပါတယ္။ အေဖနဲ႔အေမလည္း အဲ့ဒီအတြက္ ဂုဏ္ယူခဲ့ပါတယ္။ ဒါေၾကာင့္ ၀ါသနာကုိ လြတ္လပ္စြာ လုပ္ေဆာင္ခြင့္ ရခဲ့ပါတယ္။ ေနာက္ၿပီး ကြၽန္ေတာ္ေက်ာင္းလက္ေရြးစင္ အျဖစ္ ဆ႒မတန္းမွာ ဆက္လက္ေရြးခ်ယ္ခံခဲ့ရပါတယ္။ အဲ့ဒီ ေနာက္မွာေတာ့ ေက်ာင္းလက္ေရြးစင္ဒုိင္မ်ား ဆံုးျဖတ္ခ်က္ျဖင့္ မႏၲေလးတုိင္းကုိ သြားေရာက္ယွဥ္ၿပိဳင္ခြင့္ ရခဲ့ပါတယ္။
ထုိၿပိဳင္ပြဲေၾကာင့္ ကြၽန္ေတာ္ အက်ိဳးအျမတ္တစ္ခု အျဖစ္ ရတနာပံုအကယ္ဒမီမွာ (၂၀၁၄-၂၀၁၅)ခုႏွစ္ ေဘာလံုးသမားေကာင္း အျဖစ္ Camp သြင္းခံခဲ့ရၿပီး မႏၲေလးၿမိဳ႕မွာ ေလ့က်င့္ခြင့္ ရခဲ့ပါ တယ္။ ဒါတင္မကဘဲ တစ္ျခားႏုိင္ငံမ်ားအထိ သြားေရာက္ ေလ့က်င့္ခြင့္ ရခဲ့ပါတယ္။ ၿပိဳင္ပြဲေတြအမ်ိဳးမ်ိဳး ၀င္ေရာက္ယွဥ္ၿပိဳင္ခြင့္ ရရွိ ခဲ့ပါတယ္။ တစ္ခ်ိဳ႕ၿပိဳင္ပြဲေတြမွာ အႏုိင္ရခဲ့ေပမဲ့ တစ္ခ်ိဳ႕ၿပိဳင္ပြဲေတြမွာ က်႐ံႈးခဲ့ဖူးပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ့္ဆရာႀကီး ဦး၀င္းလိႈင္ဦး ေျပာဖူးတဲ့စကားလုိပဲ "Sometimes you win, Sometimes you learn" အဓိပၸာယ္ကေတာ့ တစ္ခါတေလက်ရင္ အႏုိင္ယူပါ။ တစ္ခါတေလက်ရင္ ပညာယူပါဆုိတဲ့ အားေပး ပံ့ပုိးမႈေတြေၾကာင့္ ကြၽန္ေတာ္တုိ႔အဖြဲ႕ မႏၲေလးၿမိဳ႕ေတာ္၀န္ၿပိဳင္ပြဲမွာ ပထမဆု ရယူႏုိင္ခဲ့ပါတယ္။
ကြၽန္ေတာ္၀ါသနာပါရာကုိ လုပ္ခြင့္ရတာေၾကာင့္ လူငယ္ ပီပီ ေဘာလံုးအားကစားဘက္ကုိသာ အာ႐ံုစုိက္ႀကိဳးစားခဲ့တာေၾကာင့္ ကြၽန္ေတာ့္ ဘ၀အတြက္အေရးပါတဲ့ ပညာေရးဘက္ကုိ အားနည္းခဲ့ပါ တယ္။ ဒါေၾကာင့္ မိဘမ်ားနဲ႔ ဆရာ၊ ဆရာမမ်ားက ေစတနာထား လမ္းျပေခၚေဆာင္ေပးခဲ့ပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တကၠသုိလ္၀င္ တန္းစာေမးပြဲကုိ ပညာစံအိမ္ ကုိယ္ပုိင္အထက္တန္းေက်ာင္းမွာ ထူးခြၽန္စြာ ေအာင္ျမင္ခဲ့ပါတယ္။ ဒီလုိေအာင္ျမင္မႈေတြေၾကာင့္ ႏုိင္ငံတကာ အဆင့္မီွ MCC Training Institute မွာ အခုဆုိရင္ ပထမႏွစ္ (Level4 Diploma in Computing) ကုိ Section 25 မွာ ေပ်ာ္ရႊင္စြာ ပညာသင္ၾကားလ်က္ ရွိပါတယ္။
ေရွးေရွးတုန္းက ေကာင္းေလး တစ္ေယာက္ဟာ လသာတဲ့ ေန႔ေတြမွာလကို အၿမဲခုန္ဖမ္းၾကည့္ခဲ့တယ္။ လမင္းႀကီးကုိ မွီ ႏုိင္မလားဆုိတဲ့ အေတြးနဲ႔ေပါ့။ တစ္ပါးသူ မေျပာနဲ႔ သူ႕အေမကေတာင္ သူ႕ကုိ သြား ရွာ ၿပီလုိ႔ ထင္ခဲ့တာ။ ဒါေပမယ့္လည္း အနာ ဂတ္တစ္ခ်ိန္မွာေတာ့ လကမၻာေပၚ ပထမဦးဆံုး ေျခခ်ခဲ့တဲ့ လူသားတစ္ဦးဟာ ဒီေကာင္ေလး ျဖစ္ ခဲ့တယ္လုိ႔ Neil Armstrong က ေျပာခဲ့ဖူးပါတယ္။ အဲ့ဒီအျဖစ္ အပ်က္ေလးဟာ ကြၽန္ေတာ့္အတြက္ ေမွ်ာ္လင့္ခ်က္အိပ္မက္ေတြကုိ ဆက္လက္ရွင္သန္ခြင့္ ေပးခဲ့ပါတယ္။
"I never dreamed about being a million- aire, I dreamed about being a football player" ကြၽန္ေတာ္ မီလီယံနာ တစ္ေယာက္ျဖစ္ဖုိ႔ အိပ္မက္မမက္ခဲ့ဖူးပါဘူး။ ကြၽန္ေတာ္ ဟာ အေကာင္းဆံုး ေဘာလံုးသမား တစ္ေယာက္ ျဖစ္ဖုိ႔သာ အိပ္မက္မက္ေနသူ ျဖစ္ပါတယ္ ................
ထူးချွန်ဘောလုံးသမား MCC.i ကျောင်းသား
(၂၀၀၉) ခုနှစ်ကစပြီး မြန်မာနိုင်ငံ၏ ပထမဦးဆုံး Private Higher Institute တစ်ခုအဖြစ် စတင်ခဲ့သော MCC Training Institute (MCC Institute) သည် မြန်မာနိုင်ငံတစ်ဝှမ်းမှ ကျောင်းသားလူငယ်များအား နိုင်ငံတကာအဆင့် ပညာရပ်များဖြစ် သော IT ၊ စီးပွားရေးနှင့် အင်ဂျင်နီယာ ပညာရပ်များအား နိုင်ငံတကာ တက္ကသိုလ် ကြီးများ၊ ပညာရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး စနစ်တကျ ပြုစုပျိုးထောင်ပေးသကဲ့သို့ အဓိက ပညာရပ်သင်ယူမှုများတွင် သာမက ဘက်စုံထူးချွန်သော လူကောင်းလူတော်များ ဖြစ်လာစေရန် အဘက်ဘက်မှ ဆောင်ရွက်ပေးလျက် ရှိပါသည်။
အထူးသဖြင့် IT မေဂျာအထူးပြု B.Sc (Hons) Business IT နိုင်ငံတကာအသိအမှတ်ပြု ကွန်ပျူတာ သိပ္ပံဘွဲ့သင်တန်းတွင် ပင်မ Academic ဘာသာရပ်များ အပြင် English Proficiency သင်ကြားပေးမှု အစီအစဉ်များ၊ On the Job Training (လက်တွေ့လုပ်ငန်းခွင် လေ့ လာဆောင်ရွက်မှု အစီအစဉ်များ၊ Microsoft Corporation ကဲ့သို့ နိုင်ငံတကာ IT ကုမ္ပဏီကြီးများ၏ ကျွမ်းကျင်မှု လက်မှတ် Skill Certification သင်ကြားမှု အစီအစဉ်များအပြင် Extra Curriculum Activities ဟု ခေါ်ဆိုနိုင်သော ကျောင်းသင်ခန်းစာပြင်ပ လှုပ်ရှားမှုများဖြစ်သည့် စာပေ၊ ဂီတ၊ အားကစားနှင့် လူမှုရေး အကျိုးပြုသော လုပ်ငန်းများကိုလည်း သတ်မှတ်ထားသော အချိန်ဇယားများအတိုင်း MCC.i Campus အလိုက် ဆောင်ရွက် ပြုလုပ်ပေးလျက် ရှိပါသည်။ အားကစား လှုပ်ရှားမှုများအနေဖြင့် ကျောင်းသား/သူ များ စုပေါင်း လမ်းလျှောက်ခြင်း၊ အေရိုးပစ်ကခုန်ခြင်း၊ ကြက်တောင်ရိုက်ခြင်း၊ ပင်ပေါင်ကစားခြင်း၊ Fusal နှင့် ဖိတ်ခေါ် ဘောလုံးပွဲများကိုလည်း ဆက်စဉ်မပြတ် ပြုလုပ်ကျင်းပပေးလျက် ရှိပါသည်။
ထိုကဲ့သို့ MCC Institute မှ ကျောင်းသားလူငယ်များအတွက် အမြော် အမြင် ရည်မှန်းချက်ကြီးစွာဖြင့် ကျိုးစား ဆောင်ရွက်လျက်ရှိရာ မကြာမှီ ကာလများ တွင် IT ပညာသာမက အားကစားနှင့် ဘက်စုံထူးချွန်သော လူငယ်လူရွယ်များများစွာ ပေါ်ထွက်လာမည်ဟု ယုံကြည်လျက်ရှိပြီး MCC Institute တွင် သူတို့ မျှော်မှန်းထားသော ရည်မှန်းချက် ပန်းတိုင်များအတွက် လာရောက်ပညာဆည်းပူးနေသော နယ်ပယ်အသီးသီးမှ ထူးချွန်လူငယ်များလည်း ပျော်ရွှင်စွာ ပညာသင်ကြားလျက် ရှိနေပါတယ်။
ထိုအထဲမှ MCC Institute (Yatanarpon Campus) တွင် နိုင်ငံတကာအသိအမှတ်ပြု ကွန်ပျူတာသိပ္ပံဘွဲ့ ပထမနှစ် သင်တန်းကို (၂၀၁၅) ပညာသင်နှစ်တွင် စတင်တက်ရောက်နေသော နိုင်ငံကျော် လူငယ်ဘောလုံးကစားသမား မြန်မာ့ လက်ရွေးစင် U19 ဘောလုံးအသင်းမှ ကစားသမားလေး မောင်နေထူးကဲရဲ့ အနာဂတ်အိမ်မက်လေး တွေကိုလည်း အခုလိုပဲ ကြားသိရမှာ ဖြစ်ပါတယ်။
ဆက်လက်ပြီး (၂) ပတ်တစ်ကြိမ် ထုတ်ဝေမည့် MCC Monitor ဂျာနယ် တွင် MCC Institute Campus အသီး သီးမှ တက်ရောက်နေကြသော အတတ်ပညာရပ် နယ်ပယ် တစ်ခုခုကို ထူးချွန်စွာ အောင်မြင်နေတဲ့ မည်သူအကြောင်း ဖော်ပြချက်တွေကို စောင့်မျှော်ဖတ်ရှုရမလဲဆိုတာကို သတင်းကောင်းပါးရင်းဖြင့် .............
တိုးဝှေ့တိုက်ခတ်လာတဲ့ လေပြေလေညင်းလေးတွေကြောင့် အေး စိမ့်လာတဲ့အခါ ကျွန်တော်အကျႌအိတ်ထဲ လက်ကလေးကို ထည့်လိုက်တယ်။ ဘယ်လောက်အေးအေး ရင်ထဲမှာနွေးနေတော့ ကျွန်တော့်ခြေလှမ်းတွေက အားအ ပြည့်နဲ့ပါ။ တက္ကသိုလ်ဝင်တန်းကို အောင်မြင်ပြီးတဲ့အခါ လိုချင်တဲ့ရည်မှန်းချက်ပန်းတိုင် အတွက် လျှောက်လှမ်းကြရတဲ့ ကျွန်တော်တို့ လူငယ်တွေအတွက် တက္ကသိုလ်ဆို တာ တစ်ချိန်က မက်ခဲ့တဲ့ အိပ်မက်ပါ။ ဒါကြောင့် မြူတွေကြားက ကျွန်တော်ရွေးချယ်ခဲ့တဲ့ MCC Training Institute ဆိုတဲ့ အဆင့်မြင့်ကျောင်းကြီးကို ရောက်ရှိ လာခဲ့ပါတယ်။
တစ်ချိန်တော့ အောင်မြင်တဲ့ Technical ပညာရှင်ဘဝကို ကျွန်တော်ရောက်အောင် ကြိုးစားဖို့လဲ မျှော်လင့်ထားခဲ့ပါတယ်။ Walt Disney က "If you can dream it, You can do it" တဲ့ စိတ်ကူးယဉ်ကြည့်ပါ။ စိတ်ကူးယဉ်လို့ရရင် လုပ်လို့ရပါတယ်တဲ့။ ဒါဘဝရဲ့ ရည်ရွယ်ချက်ဆိုပေမဲ့ ၀ါသနာပါတာကိုလည်း မေ့မပစ်ရဘူး၊ ဖျောက်မပစ်ရဘူးဆိုတာ လူကြီး သူမတွေရဲ့ ဆုံးမစကားတွေထဲ အမြဲပါနေ တတ်ပါတယ်။
ကျွန်တော့် ၀ါသနာကတော့ အားကစားပေါ့ဗျာ။ အထူးသဖြင့် ဘောလုံးအားကစားကို ပို၀ါသနာပါတယ်။ ကံကောင်းစွာနဲ့ ကျွန်တော်တို့ကျောင်းမှာ ကျွန်တော် လက်ရွေးစင် အဖြစ် ဘောလုံးကန်ခွင့်ရခဲ့ပါတယ်။ အဲဒီအတွက် ကျွန်တော် ၀ါသနာပါတာကို ကျွန်တော်ဆက်လုပ်ခွင့် ရခဲ့ပါတယ်။
ကျွန်တော် ဘောလုံးအားကစားနဲ့ စတင်ရင်းနှီးခဲ့ပုံက သိပ်တော့မထူးဆန်းခဲ့ပါဘူး။ ကျွန်တော် စတုတ္ထတန်း နှစ်လောက်တုန်းက အရမ်းဝတဲ့ကျွန်တော့်ကို အမေက ဘောလုံးအားကစား နဲ့ ရင်းနှီးခွင့် ပေးခဲ့ပါတယ်။ အဲ့ဒီအချန်ကစပြီး အားလပ်ချိန်မှာတောင် ကျွန်တော်ဆော့တဲ့ ကစားနည်းက ဘောလုံးကန်ခြင်းသာ ဖြစ် ခဲ့သလို ကစားဖော်သူငယ်ချင်းများကလည်း ဘောလုံး ၀ါသနာပါသူအကြီးများနှင့်သာ ကျွန်တော့် ကျောင်းသားဘဝကို ဖြတ်သန်းခဲ့ပါတယ်။
ဒီလိုနဲ့ ကျွန်တော် အဋ္ဌမတန်းရောက်တော့ မြို့နယ် လက်ရွေးစင်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ အဖေနဲ့အမေလည်း အဲ့ဒီအတွက် ဂုဏ်ယူခဲ့ပါတယ်။ ဒါကြောင့် ၀ါသနာကို လွတ်လပ်စွာ လုပ်ဆောင်ခွင့် ရခဲ့ပါတယ်။ နောက်ပြီး ကျွန်တော်ကျောင်းလက်ရွေးစင် အဖြစ် ဆဋ္ဌမတန်းမှာ ဆက်လက်ရွေးချယ်ခံခဲ့ရပါတယ်။ အဲ့ဒီ နောက်မှာတော့ ကျောင်းလက်ရွေးစင်ဒိုင်များ ဆုံးဖြတ်ချက်ဖြင့် မန္တလေးတိုင်းကို သွားရောက်ယှဉ်ပြိုင်ခွင့် ရခဲ့ပါတယ်။
ထိုပြိုင်ပွဲကြောင့် ကျွန်တော် အကျိုးအမြတ်တစ်ခု အဖြစ် ရတနာပုံအကယ်ဒမီမှာ (၂၀၁၄-၂၀၁၅)ခုနှစ် ဘောလုံးသမားကောင်း အဖြစ် Camp သွင်းခံခဲ့ရပြီး မန္တလေးမြို့မှာ လေ့ကျင့်ခွင့် ရခဲ့ပါ တယ်။ ဒါတင်မကဘဲ တစ်ခြားနိုင်ငံများအထိ သွားရောက် လေ့ကျင့်ခွင့် ရခဲ့ပါတယ်။ ပြိုင်ပွဲတွေအမျိုးမျိုး ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိ ခဲ့ပါတယ်။ တစ်ချို့ပြိုင်ပွဲတွေမှာ အနိုင်ရခဲ့ပေမဲ့ တစ်ချို့ပြိုင်ပွဲတွေမှာ ကျရှုံးခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျွန်တော့်ဆရာကြီး ဦးဝင်းလှိုင်ဦး ပြောဖူးတဲ့စကားလိုပဲ "Sometimes you win, Sometimes you learn" အဓိပ္ပာယ်ကတော့ တစ်ခါတလေကျရင် အနိုင်ယူပါ။ တစ်ခါတလေကျရင် ပညာယူပါဆိုတဲ့ အားပေး ပံ့ပိုးမှုတွေကြောင့် ကျွန်တော်တို့အဖွဲ့ မန္တလေးမြို့တော်ဝန်ပြိုင်ပွဲမှာ ပထမဆု ရယူနိုင်ခဲ့ပါတယ်။
ကျွန်တော်ဝါသနာပါရာကို လုပ်ခွင့်ရတာကြောင့် လူငယ် ပီပီ ဘောလုံးအားကစားဘက်ကိုသာ အာရုံစိုက်ကြိုးစားခဲ့တာကြောင့် ကျွန်တော့် ဘဝအတွက်အရေးပါတဲ့ ပညာရေးဘက်ကို အားနည်းခဲ့ပါ တယ်။ ဒါကြောင့် မိဘများနဲ့ ဆရာ၊ ဆရာမများက စေတနာထား လမ်းပြခေါ်ဆောင်ပေးခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တက္ကသိုလ်ဝင် တန်းစာမေးပွဲကို ပညာစံအိမ် ကိုယ်ပိုင်အထက်တန်းကျောင်းမှာ ထူးချွန်စွာ အောင်မြင်ခဲ့ပါတယ်။ ဒီလိုအောင်မြင်မှုတွေကြောင့် နိုင်ငံတကာ အဆင့်မှီ MCC Training Institute မှာ အခုဆိုရင် ပထမနှစ် (Level4 Diploma in Computing) ကို Section 25 မှာ ပျော်ရွှင်စွာ ပညာသင်ကြားလျက် ရှိပါတယ်။
ရှေးရှေးတုန်းက ကောင်းလေး တစ်ယောက်ဟာ လသာတဲ့ နေ့တွေမှာလကို အမြဲခုန်ဖမ်းကြည့်ခဲ့တယ်။ လမင်းကြီးကို မှီ နိုင်မလားဆိုတဲ့ အတွေးနဲ့ပေါ့။ တစ်ပါးသူ မပြောနဲ့ သူ့အမေကတောင် သူ့ကို သွား ရှာ ပြီလို့ ထင်ခဲ့တာ။ ဒါပေမယ့်လည်း အနာ ဂတ်တစ်ချိန်မှာတော့ လကမ္ဘာပေါ် ပထမဦးဆုံး ခြေချခဲ့တဲ့ လူသားတစ်ဦးဟာ ဒီကောင်လေး ဖြစ် ခဲ့တယ်လို့ Neil Armstrong က ပြောခဲ့ဖူးပါတယ်။ အဲ့ဒီအဖြစ် အပျက်လေးဟာ ကျွန်တော့်အတွက် မျှော်လင့်ချက်အိပ်မက်တွေကို ဆက်လက်ရှင်သန်ခွင့် ပေးခဲ့ပါတယ်။
"I never dreamed about being a million- aire, I dreamed about being a football player" ကျွန်တော် မီလီယံနာ တစ်ယောက်ဖြစ်ဖို့ အိပ်မက်မမက်ခဲ့ဖူးပါဘူး။ ကျွန်တော် ဟာ အကောင်းဆုံး ဘောလုံးသမား တစ်ယောက် ဖြစ်ဖို့သာ အိပ်မက်မက်နေသူ ဖြစ်ပါတယ် ................


သတင္းအခ်က္အလက္ႏွင့္ကြန္ယက္လုံျခဳံေရး အပိုင္း(၁)

သတင္းအခ်က္အလက္ႏွင့္ကြန္ယက္လုံျခဳံေရး
အပိုင္း(၁)
UNO
သတင္းအခ်က္အလက္ လုံျခဳံမွုအတြက္ ဘယ္လိုလုံျခဳံေအာင္ ေဆာင္ရြက္ရမလဲဆိုတာ မလာခင္ သတင္းအခ်က္ အလက္လုံျခဳံမွုကို ထိခိုက္ေစနိုင္တဲ့အခ်က္ေတြကို အရင္ေလ့လာထားဖို႔ လိုပါမယ္။
ပထမဦးဆုံးအခ်က္ကေတာ့ လူေတာ္ေတာ္မ်ားမ်ားလည္း ရင္းႏွီးကၽြမ္းဝင္ၿပီးသားျဖစ္တဲ့ ဗိုင္းရပ္စ္ျပႆနာပါ၊ အခုဆိုရင္ လူတိုင္းနီးပါး ကြန္ပ်ဴတာ အသုံးျပဳၾကတယ္၊ ကိုယ့္အိမ္မွာအလုပ္မွာ သင္တန္းေက်ာင္းမွာပဲျဖစ္ျဖစ္ ကြန္ပ်ဴတာ အသုံးျပဳၾကတဲ့အခါ အနည္းနဲ႔အမ်ား ကြန္ပ်ဴတာဗိုင္းရပ္စ္ ျပႆနာေတြနဲ႔ ၾကဳံေတြ႕ရ ေလ့ရွိပါတယ္။
အခုဘယ္လိုျဖစ္လာလဲဆိုေတာ့ ဗိုင္းရပ္စ္ေတြက ကြန္ပ်ဴတာေတြထဲက သတင္းအခ်က္အလက္ေတြကို ဖ်က္စီးပစ္လိုက္ယုံသာမကပဲ ကြန္ပ်ဴတာထဲမွာရွိတဲ့ အေရးႀကီးတဲ့ အခ်က္အလက္ေတြ (ဥပမာ - Password ၊ Credit Card Information ေတြ) ကိုမသမာသူ ေတြဆီကို ျပန္ပို႔ေပးတာတို႔၊ ကြန္ပ်ဴတာရဲ့ စက္ပစၥည္း အစိတ္အပိုင္းေတြကို ဖ်က္ဆီးပစ္နိုင္တဲ့အထိ အဖ်က္စြမ္းအားေတြ ႀကီးမားလာပါၿပီ၊ ဗိုင္းရပ္စ္ အမ်ိဳးအစားေတြကို ေလ့လာၾကည့္ရင္ Macro Virus, Hybrid,Trojan Horse, SPAM နဲ႔ Spyware စသည္ျဖင့္ ေတြ႕ရမွာျဖစ္ပါတယ္၊ အဲဒီထဲက Spyware အမ်ိဳးအစား ဗိုင္းရပ္စ္ေတြဆိုရင္ ကြန္ပ်ဴတာ ထဲကိုဘယ္ လိုေရာက္လာမွန္း မသိရပဲနဲ႔ ကိုယ္ကြန္ပ်ဴတာထဲမွာရွိတဲ့ အခ်က္အလက္ေတြကို အျပင္ကို တနည္းနည္းနဲ႔ ေရာက္ေအာင္ျပန္ပို႔ေပးနိုင္တဲ့အတြက္ ေတာ္ေတာ္ သတိထားရမဲ့အေျခအေနပါ။
ကာကြယ္နိုင္မဲ့ နည္းလမ္းကေတာ့ စြမ္းအားျမင့္တဲ့ ဗိုင္းရပ္စ္ကာကြယ္မွု ပရိုဂရမ္ Anti-Virus ေတြမိမိရဲ့ ကြန္ပ်ဴတာစနစ္မွာ တပ္ဆင္အသုံးျပဳရမွာ ျဖစ္ပါတယ္၊ Anti Virus သုံးတယ္ဆိုတာ ကိုလည္းသာမန္ Software တစ္ခု Install လုပ္ၿပီးသုံးတယ္ဆိုတဲ့အဆင့္ ေလာက္ သေဘာမထားပဲ သူ႔ရဲ့ထူးျခားခ်က္ေတြ၊ ကာကြယ္နိုင္မွု အစီအစဥ္ေတြ၊ အလြယ္တကူအသုံးျပဳနိုင္မွုရွိ မရွိစတာ ေတြကိုခ်ိန္ထိုးၿပီး အသုံးျပဳရမွာ ျဖစ္ပါတယ္၊ အေရးႀကီးတဲ့တစ္ခ်က္ကေတာ့ Anti-Virus ေတြကို ဝယ္ပဲသုံးသုံး၊ အလကားရလို႔ပဲ သုံးသုံးအခ်ိန္ႏွင့္အမၽွ Update လုပ္ေနဖိုလိုပါတယ္မဟုတ္ရင္ ေတာ့အိတ္ေပါက္နဲ႔ ဖားေကာက္လိုပဲ ျဖစ္ေနပါမယ္။
ေနာက္အႏၲရာယ္တစ္မ်ိဳးကေတာ့ Unauthorized Access လို႔ေခၚတဲ့ပိုင္ခြင့္မရွိပဲအသုံးျပဳေနၾက ျခင္းပဲ ျဖစ္ပါတယ္၊ သုံးပိုင္ခြင့္မရွိပဲအျခားတစ္ဦးတစ္ေယာက္ကဝင္အသုံးျပဳေနရင္အဲဒီကြန္ပ်ဴတာ အတြင္းမွာရွိတဲ့ Confidentiality, Integrity နဲ႔ Availability ကိုထိခိုက္နိုင္ပါတယ္၊အလုပ္ထဲမွာ လူတကာအလြယ္တကူ ဝင္သုံးနိုင္တဲ့ ကြန္ပ်ဴတာထဲက အခ်က္အလက္ေတြ ေပ်ာက္ဆုံးတာ၊ လိုအပ္တဲ့အခ်ိန္မွာ အဲဒီအခ်က္ အလက္ေတြက ရွိမေနေတာ့တာ၊ အေရးႀကီးတဲ့ အခ်က္အလက္ေတြကို ဝန္ထမ္းတိုင္း သိသြားတာ၊ စတာေတြဟာ လုပ္ငန္းအတြက္ေတာ္ေတာ္ကိုထိခိုက္မွုရွိပါတယ္။
ဒီအတြက္ေတာ့ ကာကြယ္နိုင္မဲ့နည္းလမ္းက မွန္ကန္တဲ့ Access Control Process ေတြေဆာင္ရြက္ ေပးရမွာျဖစ္ပါတယ္၊ ကြန္ပ်ဴတာကို ခြင့္ျပဳထားတဲ့သူပဲ သုံးနိုင္ေအာင္ Login Password လုပ္ထားတာ၊ အေရးႀကီးတဲ့ဖိုင္ေတြ၊ ပရိုဂရမ္ေတြကို သီးသန္႔သိမ္းၿပီး လူတိုင္းဖြင့္ၾကည့္ လို႔မရေအာင္ လုပ္ထားတာေတြနဲ႔ ထိန္းခ်ဳပ္နိုင္ပါတယ္။
ေနာက္တခ်က္ကေတာ့ Errors နဲ႔ Malfunction ေတြပါ၊ Hardware ပိုင္းေရာ Software ပိုင္းပါ Error ေတြ Malfunction ေတြရွိနိုင္ပါတယ္၊ ရွိလည္းရွိပါတယ္၊ အဲဒါေတြေၾကာင့္လည္း အခ်က္ အလက္ေတြ ဆုံးရွုံးနိုင္ပါတယ္၊ ကၽြန္ေတာ္တို႔႐ုံးက Hard Disk ႂကြသြားလို႔ ဘာ Data မွ ျပန္မရ လိုက္ဘူးဆိုတာေတြ ၾကားဖူးၾကမွာပါ၊ Software Error တက္လို႔ဘယ္လိုမွ Database Access လုပ္လို႔မရဘူး ဆိုတာေတြလည္း ရွိပါတယ္၊ အဲဒါေတြကို ကိုယ္တြယ္ အသုံးျပဳေနတဲ့ လူေတြကိုယ္တိုင္ကလည္း အမွားမကင္းပါဘူး၊ Copy ကူးရမဲ့ဖိုင္ကို မွားၿပီးဖ်က္လိုက္မိတာ၊ Shock ျဖစ္ေနတဲ့ခလုတ္ကို သုံးလိုက္လို႔ ကြန္ပ်ဴတာပါ ထိခိုက္သြားၿပီး စက္ျပန္ဖြင့္လို႔ မရေတာ့တာေတြလည္း ရွိပါတယ္။
ကာကြယ္မွုအစီအစဥ္ကေတာ့ စက္ေတြပုံမွန္အလုပ္လုပ္နိုင္ဖို႔အတြက္ Hardware Maintenace , Software Maintenance ေတြကိုစနစ္တက် ေဆာင္ရြက္တာ၊ လူေတြအတြက္ေတာ့ Standard Operation Procedure ေတြခ်မွတ္ေပးၿပီး လုပ္ေဆာင္ရမဲ့ အဆင့္ေတြကို အမွားအယြင္းမရွိေအာင္ ေဆာင္ရြက္ေပးနိုင္ပါတယ္။
တခါတေလမွာ ကြန္ပ်ဴတာသမားအမ်ားစုက အခ်က္အလက္လုံျခဳံဖို႔အတြက္ Technically ပဲစဥ္းစား ျဖစ္ၾကပါတယ္၊ တကယ္ဆိုရင္ မိမိကြန္ပ်ဴတာ၊ Database ေတြထားတဲ့ Physical Environment ကေရာ လုံျခဳံမွု တကယ္ရွိလား ဆိုတာကို စစ္ေဆးသင့္ပါတယ္၊ အေရးႀကီးတဲ့ ကိုယ္ေရးမွတ္တမ္းေတြ ထည့္ထားတဲ့ Notebook ကြန္ပ်ဴတာ အခိုးခံရတယ္၊ ကိုယ့္ကုမၸဏီက မၾကာခင္ ထုတ္လုပ္မဲ့ ကုန္ပစၥည္းအမ်ိဳးအစားသစ္ရဲ့ Design ထည့္ထားတဲ့ CD ေပ်ာက္သြားတယ္ စသည္ျဖင့္နိုင္ငံ တကာသတင္းေတြမွာသိၾကမွာပါ။
Physical Environment ကို Save ျဖစ္ခ်င္တယ္ဆိုရင္ေတာ့ Physical Security ေတြလုပ္ရမွာပဲျဖစ္ပါတယ္၊ ကြန္ပ်ဴတာခန္းကိုေသာ့ခတ္ထားတာ၊ကြန္ပ်ဴတာကိုအလြယ္တကူဖြင့္လို႔မရေအာင္စနစ္တက်တပ္ဆင္ၿပီး လုံျခဳံမွု ေတြလုပ္ထားတာ စသည္ျဖင့္ ေဆာင္ရြက္နိုင္ပါတယ္။
ေနာက္တစ္ခ်က္က မိမိတို႔ကြန္ပ်ဴတာေတြ၊ Database ေတြ၊ ကြန္ယက္စနစ္ Network ေတြကို ဘာမွ တိတိက်က် လုံျခဳံမွုအစီအစဥ္ေတြ ျပဳလုပ္မထားျခင္းပဲ ျဖစ္ပါတယ္၊ အဲဒါကို Vulnerability လို႔ေခၚပါတယ္၊ မိမိကြန္ပ်ဴတာက Vulnerable Computer ျဖစ္ေနတယ္၊ မိမိတို႔ Network က Vulnerable Network ျဖစ္ေနတယ္ ဆိုရင္ေတာ့ လုံျခဳံဖို႔ခက္သြားပါၿပီ။
Vulnerability ကို ကာကြယ္ဖို႔ကေတာ့ မိမိတို႔လုပ္ငန္းမွာရွိတဲ့ ကြန္ပ်ဴတာေတြ၊ ကြန္ယက္စနစ္ေတြကို စနစ္ တက် အားနည္းခ်က္ရွာေဖြျခင္း Vulnerability Scanning ေတြလုပ္ရမွာျဖစ္ပါတယ္။
အခုဆိုရင္ နိုင္ငံတကာအဖြဲ႕အစည္းေတြ၊ ဘဏ္ႀကီးေတြ၊ ေလေၾကာင္းလိုင္းႀကီးေတြ၊ ကုန္တိုက္ႀကီးေတြဟာ သူတို႔ရဲ့ ကြန္ယက္စနစ္ေတြကို တမင္တကာ ရည္ရြယ္ခ်က္နဲ႔ ဝင္ေရာက္ထိုးေဖါက္ တိုက္ခိုက္မွုေတြကို မၾကာခဏခံ ၾကရပါတယ္၊ ဒါကိုေတာ့ Intensionally လုပ္တဲ့အတြက္ Attack လို႔ သတ္မွတ္ပါတယ္။
Attack လုပ္ခံရတဲ့ ပုံစံကေတာ့ အမ်ိဳးမ်ိဳးရွိပါတယ္၊ အေယာင္ေဆာင္ၿပီး အခ်က္အလက္ေတြ ရယူသြားတာ၊ ကြန္ယက္လမ္းေၾကာင္း တေလၽွာက္ၾကားထဲကေန ၾကားျဖတ္ရယူတာ၊ မူလအေျခအေနအတိုင္း မျဖစ္ေအာင္ျပင္တာ ေျပာင္းတာ၊ ဖ်က္လိုက္တာ စသည္ျဖင့္လည္း ရွိပါတယ္၊ ၿပီးေတာ့ ကိုယ္လုပ္ခ်င္တဲ့ အလုပ္ကို လုပ္လို႔မရေအာင္ Service ေတြ Denial လုပ္တာ၊ သတင္းအခ်က္အလက္ရဲ့ မူလ တန္ဖိုး ေပ်ာက္ပ်က္သြားေအာင္ ေဆာင္ရြက္ လိုက္တာ၊ Network ေပၚကေန လမ္းေၾကာင္းတေလၽွာက္ မွာရွိတဲ့ အခ်က္အလက္ေတြကို ေစာင့္ၾကည့္ၿပီး အေရးႀကီးတာေတြကို ရယူသြားတာေတြ စသည္ျဖင့္ ေတြ႕ရွိရမွာ ျဖစ္ပါတယ္။
Attach ေတြကို ကာကြယ္ဖို႔ကေတာ့ မိမိတို႔ကြန္ပ်ဴတာစနစ္ေတြကို Firewall ေတြ Virtual Private Network ေတြ၊ Encryption Technique ေတြ၊ Digital Signature Digital Certification အသုံးျပဳမွုေတြနဲ႔ ကာကြယ္နိုင္မွာ ျဖစ္ပါတယ္၊ ဒုတိယပိုင္း ေဟာေျပာမွုမွာ အေသးစိတ္သိနိုင္ပါတယ္။
Incident လို႔ေခၚတဲ့ မေတာ္တဆမွုေတြေၾကာင့္ အခ်က္အလက္ေတြ ပ်က္စီးဆုံးရွုံးနိုင္တာ၊ Disaster လို႔ေခၚတဲ့ သဘာဝေဘးအႏၲရာယ္ေတြေၾကာင့္ ပ်က္စီးဆုံးရွုံးနိုင္တာ (ဥပမာ- ေရေဘး၊ မီးေဘး၊ ေလေဘး၊ ေျမငလၽွင္) ေတြလည္း ျဖစ္နိုင္ပါတယ္။
Incident ျဖစ္တာကိုေတာ့ ခ်က္ခ်င္းကာကြယ္ဖို႔ ခက္ပါမယ္ ဒါေပမဲ့ ခိုင္မာတဲ့ တုံ႔ျပန္မွု အစီအစဥ္ေတြ ႀကိဳတင္စီစဥ္ထား လို႔ရပါတယ္၊ နိုင္ငံတကာမွာေတာ့ Incident Response Procedure ေတြ ေဘးအႏၲရာယ္ေတြ အတြက္ Disastaer Recovery plan ေတြကို အေသးစိတ္ေရးဆြဲၿပီး မိမိလုပ္ငန္းနဲ႔ သင္ေတာ္မဲ့အတိုင္း ျပင္ဆင္ ေဆာင္ရြက္ထားနိုင္ပါတယ္။
ေနာက္တခ်က္ကေတာ့ Technical နဲနဲဆန္မယ္ထင္ပါတယ္၊ မိမိတို႔လုပ္ငန္းမွာသုံးေနတဲ့ ကြန္ပ်ဴတာ စနစ္ေတြနဲ႔ ကြန္ယယ္စနစ္ေတြကို စနစ္တက် တပ္ဆင္ထားျခင္း မရွိတာပါ၊ လုပ္ငန္းေတာ္ေတာ္မ်ားမ်ားမွာ ကြန္ပ်ဴတာ၊ ပရင္တာအပါအဝင္ Network ဆက္သြယ္ တပ္ဆင္တာေတြကိုစနစ္ ေဆာင္ရြက္ထားမွု အားနည္းပါတယ္ Inproper Configuration နဲ႔ Unstructured Cabling လို႔ေျပာရင္ရမယ္ ထင္ပါတယ္၊ အဲဒီအတြက္ ဘာျဖစ္သလဲဆိုေတာ့ တစ္ခုခုျပႆနာေပၚရင္ဘဲ ဥအစရွာရသလိုပဲ ေတာ္ေတာ္ခက္ခဲပါတယ္။
ဒီဟာအတြက္ေတာ့ လုပ္ရမဲ့နည္းလမ္းက Configuration Management ပါ၊ မိမိတို႔ လုပ္ငန္းမွာ ရွိေနတဲ့ hardware, Software, Network နဲ႔ဆက္စပ္ ပစၥည္းေတြအားလုံးကို စနစ္တက် မွတ္တမ္း တင္ထားရမယ္၊ ပ်က္စီးမွု တစုံတခုအတြက္ အစားထိုး လဲလွယ္မယ္ဆိုရင္လည္း Change Control Record စနစ္တက် လုပ္ထားမယ္၊ Network ေတြအတြက္ဆိုရင္ Structure Cabling Design နဲ႔ Security Oriented Layout /Design ေတြစဥ္းစားေဆာင္ရြက္ရမယ္၊ ပစၥည္းဝယ္တာကအစ ၾကဳံသလို ဝယ္တာမ်ိဳးမဟုတ္ပဲ စနစ္တက် သတ္သတ္မွတ္မွတ္ ေရြးခ်ယ္ဝယ္ယူ အသုံးျပဳတပ္ဖို႔လို အပ္မွာျဖစ္ပါတယ္။
ေနာက္ဆုံးနဲ႔ အေရးႀကီးဆုံး တစ္ခ်က္ကေတာ့ သတင္းအခ်က္အလက္ လုံျခဳံမွုကို အေလးထား ေဆာင္ရြက္ရမယ္ဆိုတဲ့ ဗဟုသုတ Knowledge မရွိၾကတာပါ၊ Knowledge မရွိတဲ့အတြက္ ဘာလုပ္ရမယ္ ဆိုတာမသိဘူး၊ ဘာလုပ္ရမယ္ဆိုတာ မသိတဲ့အတြက္ ဘာမွမလုပ္ထားဘူး၊ ဘာမွမလုပ္ထားတဲ့ အတြက္ သတင္းအခ်က္အလက္ လုံျခဳံမွုမရွိေတာ့ဘူး၊ အဖြဲ႕အစည္းကို ဦးေဆာင္တဲ့သူ ကိုယ္တိုင္က ဒီအခ်က္အလက္ေတြက ကြန္ပ်ဳတာထဲမွာရွိတဲ့ အတြက္ ကြန္ပ်ဳတာသမားေတြနဲ႔ပဲ ဆိုင္တယ္ သူတို႔ကိုပဲ တာဝန္ ယူခိုင္းမယ္ဆိုတာမ်ိဳး စဥ္စားရင္ေတာ့ မလြယ္ဘူး၊ စီမံခန္႔ခြဲသူေတြ ဦးေဆာင္သူေတြ ကိုယ္တိုင္က Information လုံျခဳံမွုဟာ လူတိုင္းနဲ႔ သက္ဆိုင္တယ္ဆိုတဲ့ သေဘာတရားကို ခံယူက်င့္သုံးနိုင္ဖို႔ လိုပါတယ္။
ဒီအတြက္ အားကိုးရမွာကေတာ့ အသိပညာေပး အစီအစဥ္ေတြ Education and Training ပဲျဖစ္ပါတယ္၊ မသိေသးတာကို သိေအာင္အရင္ လုပ္ရပါမယ္၊ သိၿပီးရင္လည္း စနစ္တက် အသုံးျပဳတပ္ေအာင္ Train လုပ္ေပးရပါမယ္။
သတင်းအချက်အလက်နှင့်ကွန်ယက်လုံခြုံရေး
အပိုင်း(၁)
UNO
သတင်းအချက်အလက် လုံခြုံမှုအတွက် ဘယ်လိုလုံခြုံအောင် ဆောင်ရွက်ရမလဲဆိုတာ မလာခင် သတင်းအချက် အလက်လုံခြုံမှုကို ထိခိုက်စေနိုင်တဲ့အချက်တွေကို အရင်လေ့လာထားဖို့ လိုပါမယ်။
ပထမဦးဆုံးအချက်ကတော့ လူတော်တော်များများလည်း ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်တဲ့ ဗိုင်းရပ်စ်ပြဿနာပါ၊ အခုဆိုရင် လူတိုင်းနီးပါး ကွန်ပျူတာ အသုံးပြုကြတယ်၊ ကိုယ့်အိမ်မှာအလုပ်မှာ သင်တန်းကျောင်းမှာပဲဖြစ်ဖြစ် ကွန်ပျူတာ အသုံးပြုကြတဲ့အခါ အနည်းနဲ့အများ ကွန်ပျူတာဗိုင်းရပ်စ် ပြဿနာတွေနဲ့ ကြုံတွေ့ရ လေ့ရှိပါတယ်။
အခုဘယ်လိုဖြစ်လာလဲဆိုတော့ ဗိုင်းရပ်စ်တွေက ကွန်ပျူတာတွေထဲက သတင်းအချက်အလက်တွေကို ဖျက်စီးပစ်လိုက်ယုံသာမကပဲ ကွန်ပျူတာထဲမှာရှိတဲ့ အရေးကြီးတဲ့ အချက်အလက်တွေ (ဥပမာ - Password ၊ Credit Card Information တွေ) ကိုမသမာသူ တွေဆီကို ပြန်ပို့ပေးတာတို့၊ ကွန်ပျူတာရဲ့ စက်ပစ္စည်း အစိတ်အပိုင်းတွေကို ဖျက်ဆီးပစ်နိုင်တဲ့အထိ အဖျက်စွမ်းအားတွေ ကြီးမားလာပါပြီ၊ ဗိုင်းရပ်စ် အမျိုးအစားတွေကို လေ့လာကြည့်ရင် Macro Virus, Hybrid,Trojan Horse, SPAM နဲ့ Spyware စသည်ဖြင့် တွေ့ရမှာဖြစ်ပါတယ်၊ အဲဒီထဲက Spyware အမျိုးအစား ဗိုင်းရပ်စ်တွေဆိုရင် ကွန်ပျူတာ ထဲကိုဘယ် လိုရောက်လာမှန်း မသိရပဲနဲ့ ကိုယ်ကွန်ပျူတာထဲမှာရှိတဲ့ အချက်အလက်တွေကို အပြင်ကို တနည်းနည်းနဲ့ ရောက်အောင်ပြန်ပို့ပေးနိုင်တဲ့အတွက် တော်တော် သတိထားရမဲ့အခြေအနေပါ။
ကာကွယ်နိုင်မဲ့ နည်းလမ်းကတော့ စွမ်းအားမြင့်တဲ့ ဗိုင်းရပ်စ်ကာကွယ်မှု ပရိုဂရမ် Anti-Virus တွေမိမိရဲ့ ကွန်ပျူတာစနစ်မှာ တပ်ဆင်အသုံးပြုရမှာ ဖြစ်ပါတယ်၊ Anti Virus သုံးတယ်ဆိုတာ ကိုလည်းသာမန် Software တစ်ခု Install လုပ်ပြီးသုံးတယ်ဆိုတဲ့အဆင့် လောက် သဘောမထားပဲ သူ့ရဲ့ထူးခြားချက်တွေ၊ ကာကွယ်နိုင်မှု အစီအစဉ်တွေ၊ အလွယ်တကူအသုံးပြုနိုင်မှုရှိ မရှိစတာ တွေကိုချိန်ထိုးပြီး အသုံးပြုရမှာ ဖြစ်ပါတယ်၊ အရေးကြီးတဲ့တစ်ချက်ကတော့ Anti-Virus တွေကို ဝယ်ပဲသုံးသုံး၊ အလကားရလို့ပဲ သုံးသုံးအချိန်နှင့်အမျှ Update လုပ်နေဖိုလိုပါတယ်မဟုတ်ရင် တော့အိတ်ပေါက်နဲ့ ဖားကောက်လိုပဲ ဖြစ်နေပါမယ်။
နောက်အန္တရာယ်တစ်မျိုးကတော့ Unauthorized Access လို့ခေါ်တဲ့ပိုင်ခွင့်မရှိပဲအသုံးပြုနေကြ ခြင်းပဲ ဖြစ်ပါတယ်၊ သုံးပိုင်ခွင့်မရှိပဲအခြားတစ်ဦးတစ်ယောက်ကဝင်အသုံးပြုနေရင်အဲဒီကွန်ပျူတာ အတွင်းမှာရှိတဲ့ Confidentiality, Integrity နဲ့ Availability ကိုထိခိုက်နိုင်ပါတယ်၊အလုပ်ထဲမှာ လူတကာအလွယ်တကူ ဝင်သုံးနိုင်တဲ့ ကွန်ပျူတာထဲက အချက်အလက်တွေ ပျောက်ဆုံးတာ၊ လိုအပ်တဲ့အချိန်မှာ အဲဒီအချက် အလက်တွေက ရှိမနေတော့တာ၊ အရေးကြီးတဲ့ အချက်အလက်တွေကို ဝန်ထမ်းတိုင်း သိသွားတာ၊ စတာတွေဟာ လုပ်ငန်းအတွက်တော်တော်ကိုထိခိုက်မှုရှိပါတယ်။
ဒီအတွက်တော့ ကာကွယ်နိုင်မဲ့နည်းလမ်းက မှန်ကန်တဲ့ Access Control Process တွေဆောင်ရွက် ပေးရမှာဖြစ်ပါတယ်၊ ကွန်ပျူတာကို ခွင့်ပြုထားတဲ့သူပဲ သုံးနိုင်အောင် Login Password လုပ်ထားတာ၊ အရေးကြီးတဲ့ဖိုင်တွေ၊ ပရိုဂရမ်တွေကို သီးသန့်သိမ်းပြီး လူတိုင်းဖွင့်ကြည့် လို့မရအောင် လုပ်ထားတာတွေနဲ့ ထိန်းချုပ်နိုင်ပါတယ်။
နောက်တချက်ကတော့ Errors နဲ့ Malfunction တွေပါ၊ Hardware ပိုင်းရော Software ပိုင်းပါ Error တွေ Malfunction တွေရှိနိုင်ပါတယ်၊ ရှိလည်းရှိပါတယ်၊ အဲဒါတွေကြောင့်လည်း အချက် အလက်တွေ ဆုံးရှုံးနိုင်ပါတယ်၊ ကျွန်တော်တို့ရုံးက Hard Disk ကြွသွားလို့ ဘာ Data မှ ပြန်မရ လိုက်ဘူးဆိုတာတွေ ကြားဖူးကြမှာပါ၊ Software Error တက်လို့ဘယ်လိုမှ Database Access လုပ်လို့မရဘူး ဆိုတာတွေလည်း ရှိပါတယ်၊ အဲဒါတွေကို ကိုယ်တွယ် အသုံးပြုနေတဲ့ လူတွေကိုယ်တိုင်ကလည်း အမှားမကင်းပါဘူး၊ Copy ကူးရမဲ့ဖိုင်ကို မှားပြီးဖျက်လိုက်မိတာ၊ Shock ဖြစ်နေတဲ့ခလုတ်ကို သုံးလိုက်လို့ ကွန်ပျူတာပါ ထိခိုက်သွားပြီး စက်ပြန်ဖွင့်လို့ မရတော့တာတွေလည်း ရှိပါတယ်။
ကာကွယ်မှုအစီအစဉ်ကတော့ စက်တွေပုံမှန်အလုပ်လုပ်နိုင်ဖို့အတွက် Hardware Maintenace , Software Maintenance တွေကိုစနစ်တကျ ဆောင်ရွက်တာ၊ လူတွေအတွက်တော့ Standard Operation Procedure တွေချမှတ်ပေးပြီး လုပ်ဆောင်ရမဲ့ အဆင့်တွေကို အမှားအယွင်းမရှိအောင် ဆောင်ရွက်ပေးနိုင်ပါတယ်။
တခါတလေမှာ ကွန်ပျူတာသမားအများစုက အချက်အလက်လုံခြုံဖို့အတွက် Technically ပဲစဉ်းစား ဖြစ်ကြပါတယ်၊ တကယ်ဆိုရင် မိမိကွန်ပျူတာ၊ Database တွေထားတဲ့ Physical Environment ကရော လုံခြုံမှု တကယ်ရှိလား ဆိုတာကို စစ်ဆေးသင့်ပါတယ်၊ အရေးကြီးတဲ့ ကိုယ်ရေးမှတ်တမ်းတွေ ထည့်ထားတဲ့ Notebook ကွန်ပျူတာ အခိုးခံရတယ်၊ ကိုယ့်ကုမ္ပဏီက မကြာခင် ထုတ်လုပ်မဲ့ ကုန်ပစ္စည်းအမျိုးအစားသစ်ရဲ့ Design ထည့်ထားတဲ့ CD ပျောက်သွားတယ် စသည်ဖြင့်နိုင်ငံ တကာသတင်းတွေမှာသိကြမှာပါ။
Physical Environment ကို Save ဖြစ်ချင်တယ်ဆိုရင်တော့ Physical Security တွေလုပ်ရမှာပဲဖြစ်ပါတယ်၊ ကွန်ပျူတာခန်းကိုသော့ခတ်ထားတာ၊ကွန်ပျူတာကိုအလွယ်တကူဖွင့်လို့မရအောင်စနစ်တကျတပ်ဆင်ပြီး လုံခြုံမှု တွေလုပ်ထားတာ စသည်ဖြင့် ဆောင်ရွက်နိုင်ပါတယ်။
နောက်တစ်ချက်က မိမိတို့ကွန်ပျူတာတွေ၊ Database တွေ၊ ကွန်ယက်စနစ် Network တွေကို ဘာမှ တိတိကျကျ လုံခြုံမှုအစီအစဉ်တွေ ပြုလုပ်မထားခြင်းပဲ ဖြစ်ပါတယ်၊ အဲဒါကို Vulnerability လို့ခေါ်ပါတယ်၊ မိမိကွန်ပျူတာက Vulnerable Computer ဖြစ်နေတယ်၊ မိမိတို့ Network က Vulnerable Network ဖြစ်နေတယ် ဆိုရင်တော့ လုံခြုံဖို့ခက်သွားပါပြီ။
Vulnerability ကို ကာကွယ်ဖို့ကတော့ မိမိတို့လုပ်ငန်းမှာရှိတဲ့ ကွန်ပျူတာတွေ၊ ကွန်ယက်စနစ်တွေကို စနစ် တကျ အားနည်းချက်ရှာဖွေခြင်း Vulnerability Scanning တွေလုပ်ရမှာဖြစ်ပါတယ်။
အခုဆိုရင် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ဘဏ်ကြီးတွေ၊ လေကြောင်းလိုင်းကြီးတွေ၊ ကုန်တိုက်ကြီးတွေဟာ သူတို့ရဲ့ ကွန်ယက်စနစ်တွေကို တမင်တကာ ရည်ရွယ်ချက်နဲ့ ဝင်ရောက်ထိုးဖေါက် တိုက်ခိုက်မှုတွေကို မကြာခဏခံ ကြရပါတယ်၊ ဒါကိုတော့ Intensionally လုပ်တဲ့အတွက် Attack လို့ သတ်မှတ်ပါတယ်။
Attack လုပ်ခံရတဲ့ ပုံစံကတော့ အမျိုးမျိုးရှိပါတယ်၊ အယောင်ဆောင်ပြီး အချက်အလက်တွေ ရယူသွားတာ၊ ကွန်ယက်လမ်းကြောင်း တလျှောက်ကြားထဲကနေ ကြားဖြတ်ရယူတာ၊ မူလအခြေအနေအတိုင်း မဖြစ်အောင်ပြင်တာ ပြောင်းတာ၊ ဖျက်လိုက်တာ စသည်ဖြင့်လည်း ရှိပါတယ်၊ ပြီးတော့ ကိုယ်လုပ်ချင်တဲ့ အလုပ်ကို လုပ်လို့မရအောင် Service တွေ Denial လုပ်တာ၊ သတင်းအချက်အလက်ရဲ့ မူလ တန်ဖိုး ပျောက်ပျက်သွားအောင် ဆောင်ရွက် လိုက်တာ၊ Network ပေါ်ကနေ လမ်းကြောင်းတလျှောက် မှာရှိတဲ့ အချက်အလက်တွေကို စောင့်ကြည့်ပြီး အရေးကြီးတာတွေကို ရယူသွားတာတွေ စသည်ဖြင့် တွေ့ရှိရမှာ ဖြစ်ပါတယ်။
Attach တွေကို ကာကွယ်ဖို့ကတော့ မိမိတို့ကွန်ပျူတာစနစ်တွေကို Firewall တွေ Virtual Private Network တွေ၊ Encryption Technique တွေ၊ Digital Signature Digital Certification အသုံးပြုမှုတွေနဲ့ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်၊ ဒုတိယပိုင်း ဟောပြောမှုမှာ အသေးစိတ်သိနိုင်ပါတယ်။
Incident လို့ခေါ်တဲ့ မတော်တဆမှုတွေကြောင့် အချက်အလက်တွေ ပျက်စီးဆုံးရှုံးနိုင်တာ၊ Disaster လို့ခေါ်တဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် ပျက်စီးဆုံးရှုံးနိုင်တာ (ဥပမာ- ရေဘေး၊ မီးဘေး၊ လေဘေး၊ မြေငလျှင်) တွေလည်း ဖြစ်နိုင်ပါတယ်။
Incident ဖြစ်တာကိုတော့ ချက်ချင်းကာကွယ်ဖို့ ခက်ပါမယ် ဒါပေမဲ့ ခိုင်မာတဲ့ တုံ့ပြန်မှု အစီအစဉ်တွေ ကြိုတင်စီစဉ်ထား လို့ရပါတယ်၊ နိုင်ငံတကာမှာတော့ Incident Response Procedure တွေ ဘေးအန္တရာယ်တွေ အတွက် Disastaer Recovery plan တွေကို အသေးစိတ်ရေးဆွဲပြီး မိမိလုပ်ငန်းနဲ့ သင်တော်မဲ့အတိုင်း ပြင်ဆင် ဆောင်ရွက်ထားနိုင်ပါတယ်။
နောက်တချက်ကတော့ Technical နဲနဲဆန်မယ်ထင်ပါတယ်၊ မိမိတို့လုပ်ငန်းမှာသုံးနေတဲ့ ကွန်ပျူတာ စနစ်တွေနဲ့ ကွန်ယယ်စနစ်တွေကို စနစ်တကျ တပ်ဆင်ထားခြင်း မရှိတာပါ၊ လုပ်ငန်းတော်တော်များများမှာ ကွန်ပျူတာ၊ ပရင်တာအပါအဝင် Network ဆက်သွယ် တပ်ဆင်တာတွေကိုစနစ် ဆောင်ရွက်ထားမှု အားနည်းပါတယ် Inproper Configuration နဲ့ Unstructured Cabling လို့ပြောရင်ရမယ် ထင်ပါတယ်၊ အဲဒီအတွက် ဘာဖြစ်သလဲဆိုတော့ တစ်ခုခုပြဿနာပေါ်ရင်ဘဲ ဥအစရှာရသလိုပဲ တော်တော်ခက်ခဲပါတယ်။
ဒီဟာအတွက်တော့ လုပ်ရမဲ့နည်းလမ်းက Configuration Management ပါ၊ မိမိတို့ လုပ်ငန်းမှာ ရှိနေတဲ့ hardware, Software, Network နဲ့ဆက်စပ် ပစ္စည်းတွေအားလုံးကို စနစ်တကျ မှတ်တမ်း တင်ထားရမယ်၊ ပျက်စီးမှု တစုံတခုအတွက် အစားထိုး လဲလှယ်မယ်ဆိုရင်လည်း Change Control Record စနစ်တကျ လုပ်ထားမယ်၊ Network တွေအတွက်ဆိုရင် Structure Cabling Design နဲ့ Security Oriented Layout /Design တွေစဉ်းစားဆောင်ရွက်ရမယ်၊ ပစ္စည်းဝယ်တာကအစ ကြုံသလို ဝယ်တာမျိုးမဟုတ်ပဲ စနစ်တကျ သတ်သတ်မှတ်မှတ် ရွေးချယ်ဝယ်ယူ အသုံးပြုတပ်ဖို့လို အပ်မှာဖြစ်ပါတယ်။
နောက်ဆုံးနဲ့ အရေးကြီးဆုံး တစ်ချက်ကတော့ သတင်းအချက်အလက် လုံခြုံမှုကို အလေးထား ဆောင်ရွက်ရမယ်ဆိုတဲ့ ဗဟုသုတ Knowledge မရှိကြတာပါ၊ Knowledge မရှိတဲ့အတွက် ဘာလုပ်ရမယ် ဆိုတာမသိဘူး၊ ဘာလုပ်ရမယ်ဆိုတာ မသိတဲ့အတွက် ဘာမှမလုပ်ထားဘူး၊ ဘာမှမလုပ်ထားတဲ့ အတွက် သတင်းအချက်အလက် လုံခြုံမှုမရှိတော့ဘူး၊ အဖွဲ့အစည်းကို ဦးဆောင်တဲ့သူ ကိုယ်တိုင်က ဒီအချက်အလက်တွေက ကွန်ပျုတာထဲမှာရှိတဲ့ အတွက် ကွန်ပျုတာသမားတွေနဲ့ပဲ ဆိုင်တယ် သူတို့ကိုပဲ တာဝန် ယူခိုင်းမယ်ဆိုတာမျိုး စဉ်စားရင်တော့ မလွယ်ဘူး၊ စီမံခန့်ခွဲသူတွေ ဦးဆောင်သူတွေ ကိုယ်တိုင်က Information လုံခြုံမှုဟာ လူတိုင်းနဲ့ သက်ဆိုင်တယ်ဆိုတဲ့ သဘောတရားကို ခံယူကျင့်သုံးနိုင်ဖို့ လိုပါတယ်။
ဒီအတွက် အားကိုးရမှာကတော့ အသိပညာပေး အစီအစဉ်တွေ Education and Training ပဲဖြစ်ပါတယ်၊ မသိသေးတာကို သိအောင်အရင် လုပ်ရပါမယ်၊ သိပြီးရင်လည်း စနစ်တကျ အသုံးပြုတပ်အောင် Train လုပ်ပေးရပါမယ်။