Saturday, April 8, 2017

MCC POLYTECHNIC COLLEGE

MCC POLYTECHNIC COLLEGE

ျမန္မာနိုင္ငံတြင္ ေက်ာင္းသူ၊ေက်ာင္း သားအားလံုးနီးပါသည္ တကၠသိုလ္ဝင္တန္း စာေမးပြဲ ေအာင္ျမင္သည့္ အခါတြင္ တကၠသိုလ္တစ္ခုခုကို တက္ေရာက္ရန္သာ ဦးတည္လ်က္ရွိႀကပါသည္။ ႏွစ္စဥ္ စာေမးပြဲ ေအာင္ျမင္သည့္ ဦးေရႏွင့္ တကၠသိုလ္ အသီးသီးမွ လက္ခံသင္ႀကားေပးႏိုင္သည့္ ဦးေရမမွ်၍ စုစုေပါင္း ေအာင္ျမင္သူမ်ား၏ (၂၅%-၃၀%) ခန္႕သာ တကၠသိုလ္မ်ားတြင္ ပညာသင္ႏိုင္ခြင့္ ရရွိျပီး က်န္(၇၀%) ေက်ာ္မွာ အေဝးသင္တကၠသိုလ္မ်ားသို႕သာ တက္ေရာက္လ်က္ရွိပါသည္။ အႀကီးမားဆံုးျပႆနာမွာ တကၠသိုလ္မ်ားမွ ဘြဲ႕ရၿပီး အလုပ္မရၾကျခင္း ျဖစ္ပါသည္။ အလုပ္လုပ္သည့္တိုင္ လုပ္ခလစာ ေကာင္းမြန္ေသာ ပညာ အရည္အခ်င္းႏွင့္ ကြ်မ္းက်င္မႈ အေျခခံသည့္ အလုပ္မ်ိဳးကို မရႏိုင္ျခင္း ျဖစ္ပါသည္။ ျမန္မာႏိုင္ငံ၏ စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္မႈ၊ မိသားတစ္စုခ်င္းႏွင့္ လူပုဂၢိဳလ္တစ္ဦးခ်င္းတို႔၏ တိုးတက္မႈ အတြက္ အသက္ေမြးဝမ္းေက်ာင္းပညာမ်ား လိုအပ္ပါသည္။ အသက္ေမြးဝမ္း ေက်ာင္းပညာ (Vocalional Qualification) ကြ်မ္းက်င္တတ္ေျမာက္သူ အေျမာက္အျမားကို စီးပြားေရးက႑အသီးသီးရွိ ျပည္တြင္းျပည္ပ ကုမၸဏီႀကီးငယ္မ်ားက ခန္႔ထားရန္ လိုအပ္လ်က္ရွိပါသည္။ သို႔ ေသာ္ယင္းကဲ့သို႔ေသာ အသက္ေမြးဝမ္းေက်ာင္း ပညာ ကြ်မ္းက်င္တတ္ေျမာက္ေသာ လုပ္သားအင္အား ျမန္မာႏိုင္ငံတြင္ ရွားပါးလ်က္ရွိပါသည္။ ႏွစ္စဥ္ တကၠသိုလ္ဝင္တန္း စာေမးပြဲကို ေက်ာင္းသူ၊ေက်ာင္းသား (၆၀ဝ၀ဝ၀) ေျဖဆိုရာ (၂၅%-၃၀%)ခန္႔က ေအာင္ျမင္ၿပီး မေအာင္ျမင္ေသာ ေက်ာင္းသား၊ ေက်ာင္းသူဦးေရ (၄၀ဝ၀ဝ၀) ေက်ာ္အတြက္ ဘဝ ဆက္လက္ ရွင္သန္ႏိုင္ရန္လမ္းေၾကာင္း တိတိက်က်မရွိပါ။ ေအာင္ျမင္သူမ်ား၏ (၇၀%) မွာလည္း အေဝးသင္ တက္ေရာက္ လ်က္ရွိေနပါသည္။ ယင္းကဲ့သို႔ေသာ ေကာင္းသား၊ ေက်ာင္းသူမ်ားအတြက္ အသက္ေမြးဝမ္းေက်ာင္းပညာ သင္ၾကားႏိုင္ေသာ အခြင့္အလမ္းမ်ားရရွိရန္ MCC Group အေနျဖင့္ MCC Polytechnic College မ်ားကို တိုင္းေဒသႀကီးမ်ားႏွင့္ ျပည္နယ္မ်ားတြင္ စတင္ဖြင့္လွစ္ေပးလ်က္ရွိပါသည္။ ယခုအခါ ရန္ကုန္၊ မႏၱေလး၊ ေနျပည္ေတာ္၊ ရတနာပံုဆိုင္ဘာစီးတီး၊ မံုရြာ၊ ပုသိမ္ၿမိဳ႕မ်ားတြင္ ဖြင့္လွစ္ၿပီး ျဖစ္ပါသည္။ MCC Polytechnic College မ်ားတြင္ အဂၤလန္ႏိုင္ငံ၏ အႀကီးဆံုး Vocational Education Provider ျဖစ္ေသာ PEARSON Group ၏ BTEC Program မွ ခ်ီးျမႇင့္မည့္ HND (Higher National Diploma) မ်ားကို သင္တန္းကာလ (၂) ႏွစ္ တက္ေရာက္ သင္ယူႏိုင္ပါသည္။ အင္ဂ်င္နီယာ၊ IT ၊ စီးပြားေရး၊ ဟိုတယ္ႏွင့္ခရီးသြားလုပ္ငန္းမ်ားဆိုင္ရာ HND ဒီပလိုမာမ်ားကို ေရြးခ်ယ္သင္ယူႏိုင္ပါမည္ ျဖစ္ပါသည္။ MCC Polytechnic College မ်ားမွ HND ဒီပလိုမာမ်ား ရရွိၿပီးလွ်င္ အလုပ္ခြင္သို႔ တိုက္႐ိုက္ဝင္ေရာက္ လုပ္ကိုင္ႏိုင္ၾကမည္ ျဖစ္ပါသည္။ အကယ္၍ ဘြဲ႕ဒီဂရီကို ဆက္လက္ရယူလိုလွ်င္ MCC Institute မ်ားသို႔ တတိယႏွစ္ ဆက္လက္ တက္ေရာက္ၿပီး Top-Up ဒီဂရီမ်ား ရယူႏိုင္ပါမည္။ အဂၤလန္ႏိုင္ငံ Middle Six University, Barminghan City University တို႔၏ Top-Up ဒီဂရီမ်ားကို ေပးမည္ျဖစ္ပါသည္။ သတင္းေကာင္းတစ္ခုမွာ တကၠသိုလ္ဝင္စာေမးပြဲမေအာင္ေသးေသာ ေက်ာင္းသား၊ ေက်ာင္းသူမ်ား အေနျဖင့္ Level-3 ဒီပလိုမာကို တိုက္႐ိုက္ တက္ေရာက္ႏိုင္ၿပီး Level-4 ႏွင့္ Level-5 သို႔ ဆက္လက္တက္ ေရာက္ကာ HND ဒီပလိုမာရရွိႏိုင္မည့္ အခြင့္အေရးသာမက Top-Up ဒီဂရီ ရရွိသည္အထိ ဆက္လက္တက္ေရာက္ သြားႏိုင္သည့္ အခြင့္အလမ္းပင္ ျဖစ္ပါသည္။ အေျခခံပညာအလယ္တန္း Grade-9 မေအာင္ျမင္သည့္ ေက်ာင္းသား၊ ေက်ာင္းသူ လူငယ္မ်ားအတြက္လည္း အသက္ေမြးဝမ္းေက်ာင္းပညာ သင္ၾကားသည့္နည္းလမ္းျဖင့္ Level-2 ကိုတက္ေရာက္ႏိုင္ပါသည္။ ထိုမွတစ္ဆင့္ Level-3, Level-4, Leve-5 မ်ား ဆက္လက္တက္ေရာက္ကာ HND Diploma မ်ား ရရွိႏိုင္ပါသည္။ ထို႔ေၾကာင့္ အေျခခံပညာအလယ္တန္း၊ အေျခခံပညာ အထက္တန္း စာေမးပြဲမေအာင္ျမင္သည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ မိဘမ်ား စိတ္ဓာတ္က်ရန္မလိုဘဲ အသက္ေမြးဝမ္း ေက်ာင္းပညာရပ္မ်ား သင္ၾကားရင္းျဖင့္ ဒီပလိုမာႏွင့္ ဘြဲ႕ဒီဂရီမ်ားအထိပါ ရရွိႏိုင္မည္ ျဖစ္ေသာေၾကာင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ ဘဝအာမခံခ်က္ ဆံုး႐ံႈးမႈ ျဖစ္ ျခင္းမွ လြတ္ေျမာက္ႏိုင္ပါသည္။

What is BTEC

BTEC ဆိုသည္မွာ လက္ေတြ႕အလုပ္အေပၚအေျခခံသည့္ ပညာသင္ၾကားေရး အစီအစဥ္ျဖစ္ၿပီး ကမၻာေပၚတြင္ အေအာင္ျမင္ဆံုး အသက္ေမြးဝမ္းေက်ာင္း ပညာသင္တန္း ျဖစ္ပါသည္။ လက္ေတြ႕ အလုပ္ခြင္နယ္ပယ္၏ လိုအပ္ ခ်က္မ်ားကို အေျခခံထားေသာ လက္ေတြ႕ကြ်မ္းက်င္မႈ ရရွိေအာင္ သင္ၾကားသည့္စနစ္ ျဖစ္ေသာေၾကာင့္ အလုပ္ရွင္မ်ားက BETC စာေမးပြဲမ်ား ေအာင္ျမင္ၿပီး အရည္အခ်င္းရွိသူမ်ားကို အလုပ္ခန္႔ထားရန္ စိတ္အားထက္သန္ၾကပါသည္။

MCC POLYTECHNIC COLLEGE

မြန်မာနိုင်ငံတွင် ကျောင်းသူ၊ကျောင်း သားအားလုံးနီးပါသည် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်သည့် အခါတွင် တက္ကသိုလ်တစ်ခုခုကို တက်ရောက်ရန်သာ ဦးတည်လျက်ရှိကြပါသည်။ နှစ်စဉ် စာမေးပွဲ အောင်မြင်သည့် ဦးရေနှင့် တက္ကသိုလ် အသီးသီးမှ လက်ခံသင်ကြားပေးနိုင်သည့် ဦးရေမမျှ၍ စုစုပေါင်း အောင်မြင်သူများ၏ (၂၅%-၃၀%) ခန့်သာ တက္ကသိုလ်များတွင် ပညာသင်နိုင်ခွင့် ရရှိပြီး ကျန်(၇၀%) ကျော်မှာ အဝေးသင်တက္ကသိုလ်များသို့သာ တက်ရောက်လျက်ရှိပါသည်။ အကြီးမားဆုံးပြဿနာမှာ တက္ကသိုလ်များမှ ဘွဲ့ရပြီး အလုပ်မရကြခြင်း ဖြစ်ပါသည်။ အလုပ်လုပ်သည့်တိုင် လုပ်ခလစာ ကောင်းမွန်သော ပညာ အရည်အချင်းနှင့် ကျွမ်းကျင်မှု အခြေခံသည့် အလုပ်မျိုးကို မရနိုင်ခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ မိသားတစ်စုချင်းနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းတို့၏ တိုးတက်မှု အတွက် အသက်မွေးဝမ်းကျောင်းပညာများ လိုအပ်ပါသည်။ အသက်မွေးဝမ်း ကျောင်းပညာ (Vocalional Qualification) ကျွမ်းကျင်တတ်မြောက်သူ အမြောက်အမြားကို စီးပွားရေးကဏ္ဍအသီးသီးရှိ ပြည်တွင်းပြည်ပ ကုမ္ပဏီကြီးငယ်များက ခန့်ထားရန် လိုအပ်လျက်ရှိပါသည်။ သို့ သော်ယင်းကဲ့သို့သော အသက်မွေးဝမ်းကျောင်း ပညာ ကျွမ်းကျင်တတ်မြောက်သော လုပ်သားအင်အား မြန်မာနိုင်ငံတွင် ရှားပါးလျက်ရှိပါသည်။ နှစ်စဉ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ကျောင်းသူ၊ကျောင်းသား (၆၀ဝဝဝဝ) ဖြေဆိုရာ (၂၅%-၃၀%)ခန့်က အောင်မြင်ပြီး မအောင်မြင်သော ကျောင်းသား၊ ကျောင်းသူဦးရေ (၄၀ဝဝဝဝ) ကျော်အတွက် ဘဝ ဆက်လက် ရှင်သန်နိုင်ရန်လမ်းကြောင်း တိတိကျကျမရှိပါ။ အောင်မြင်သူများ၏ (၇၀%) မှာလည်း အဝေးသင် တက်ရောက် လျက်ရှိနေပါသည်။ ယင်းကဲ့သို့သော ကောင်းသား၊ ကျောင်းသူများအတွက် အသက်မွေးဝမ်းကျောင်းပညာ သင်ကြားနိုင်သော အခွင့်အလမ်းများရရှိရန် MCC Group အနေဖြင့် MCC Polytechnic College များကို တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် စတင်ဖွင့်လှစ်ပေးလျက်ရှိပါသည်။ ယခုအခါ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ရတနာပုံဆိုင်ဘာစီးတီး၊ မုံရွာ၊ ပုသိမ်မြို့များတွင် ဖွင့်လှစ်ပြီး ဖြစ်ပါသည်။ MCC Polytechnic College များတွင် အင်္ဂလန်နိုင်ငံ၏ အကြီးဆုံး Vocational Education Provider ဖြစ်သော PEARSON Group ၏ BTEC Program မှ ချီးမြှင့်မည့် HND (Higher National Diploma) များကို သင်တန်းကာလ (၂) နှစ် တက်ရောက် သင်ယူနိုင်ပါသည်။ အင်ဂျင်နီယာ၊ IT ၊ စီးပွားရေး၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများဆိုင်ရာ HND ဒီပလိုမာများကို ရွေးချယ်သင်ယူနိုင်ပါမည် ဖြစ်ပါသည်။ MCC Polytechnic College များမှ HND ဒီပလိုမာများ ရရှိပြီးလျှင် အလုပ်ခွင်သို့ တိုက်ရိုက်ဝင်ရောက် လုပ်ကိုင်နိုင်ကြမည် ဖြစ်ပါသည်။ အကယ်၍ ဘွဲ့ဒီဂရီကို ဆက်လက်ရယူလိုလျှင် MCC Institute များသို့ တတိယနှစ် ဆက်လက် တက်ရောက်ပြီး Top-Up ဒီဂရီများ ရယူနိုင်ပါမည်။ အင်္ဂလန်နိုင်ငံ Middle Six University, Barminghan City University တို့၏ Top-Up ဒီဂရီများကို ပေးမည်ဖြစ်ပါသည်။ သတင်းကောင်းတစ်ခုမှာ တက္ကသိုလ်ဝင်စာမေးပွဲမအောင်သေးသော ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် Level-3 ဒီပလိုမာကို တိုက်ရိုက် တက်ရောက်နိုင်ပြီး Level-4 နှင့် Level-5 သို့ ဆက်လက်တက် ရောက်ကာ HND ဒီပလိုမာရရှိနိုင်မည့် အခွင့်အရေးသာမက Top-Up ဒီဂရီ ရရှိသည်အထိ ဆက်လက်တက်ရောက် သွားနိုင်သည့် အခွင့်အလမ်းပင် ဖြစ်ပါသည်။ အခြေခံပညာအလယ်တန်း Grade-9 မအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူ လူငယ်များအတွက်လည်း အသက်မွေးဝမ်းကျောင်းပညာ သင်ကြားသည့်နည်းလမ်းဖြင့် Level-2 ကိုတက်ရောက်နိုင်ပါသည်။ ထိုမှတစ်ဆင့် Level-3, Level-4, Leve-5 များ ဆက်လက်တက်ရောက်ကာ HND Diploma များ ရရှိနိုင်ပါသည်။ ထို့ကြောင့် အခြေခံပညာအလယ်တန်း၊ အခြေခံပညာ အထက်တန်း စာမေးပွဲမအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ စိတ်ဓာတ်ကျရန်မလိုဘဲ အသက်မွေးဝမ်း ကျောင်းပညာရပ်များ သင်ကြားရင်းဖြင့် ဒီပလိုမာနှင့် ဘွဲ့ဒီဂရီများအထိပါ ရရှိနိုင်မည် ဖြစ်သောကြောင့် ကျောင်းသား၊ ကျောင်းသူများ၏ ဘဝအာမခံချက် ဆုံးရှုံးမှု ဖြစ် ခြင်းမှ လွတ်မြောက်နိုင်ပါသည်။

What is BTEC

BTEC ဆိုသည်မှာ လက်တွေ့အလုပ်အပေါ်အခြေခံသည့် ပညာသင်ကြားရေး အစီအစဉ်ဖြစ်ပြီး ကမ္ဘာပေါ်တွင် အအောင်မြင်ဆုံး အသက်မွေးဝမ်းကျောင်း ပညာသင်တန်း ဖြစ်ပါသည်။ လက်တွေ့ အလုပ်ခွင်နယ်ပယ်၏ လိုအပ် ချက်များကို အခြေခံထားသော လက်တွေ့ကျွမ်းကျင်မှု ရရှိအောင် သင်ကြားသည့်စနစ် ဖြစ်သောကြောင့် အလုပ်ရှင်များက BETC စာမေးပွဲများ အောင်မြင်ပြီး အရည်အချင်းရှိသူများကို အလုပ်ခန့်ထားရန် စိတ်အားထက်သန်ကြပါသည်။






Budget Intake

Budget Intake

ႏိုင္ငံတကာတြင္ ပညာရပ္မ်ားကို ေလ့လာ ရာတြင္ ကုန္က်စရိတ္ အတန္အသင့္ ႀကီမားေလ့ရွိပါသည္။ သို႕ေသာ္ ဘဝတိုးတတ္ ေအာင္ျမင္ၿပီး အလုပ္အကိုင္ အခြင့္အလမ္းေကာင္းမ်ား ရရွိေစရန္ မွာ ႏိုင္ငံတကာအဆင့္ ဒီပလိုမာႏွင့္ဘြဲ႔ဒီဂရီမ်ားရရွိမွ ျဖစ္ပါမည္။သို႔မွသာ ျပည္တြင္းျပည္ပကုမၸဏီ အဖြဲ႔အစည္းမ်ားတြင္ လည္းေကာင္း က႑ ႏိုင္ငံအသီးသီးသို႔ သြားေရာက္၍လည္းေကာင္း အလုပ္အကိုင္ အခြင့္အလမ္းမ်ားကို ရွာေဖြရရွိႏိုင္မည္ျဖစ္ပါသည္။

သို႕ေသာ္ ႏိုင္ငံတကာအဆင့္ ပညာသင္တန္းမ်ားကို တတ္ေရာက္ရန္ ေငြေၾကး မျပည့္စံုသျဖင့္ မတတ္ေရာက္ႏိုင္ေသာ ေက်ာင္းသူ၊ ေက်ာင္းသားအမ်ားစု ရွိပါသည္။ ထို႔ေၾကာင့္ ၄င္းတို႔ အေနျဖင့္ ေငြကုန္ေၾကးကုန္က်မ်ားေသာ ႏိုင့္ငံတကာ ပညာေရးအဖြဲ႔အစည္းမ်ားမွ ခ်ီးျမႇင့္မည့္ သင္တန္းမ်ားကို တတ္ေရာက္လိုေသာ ဆႏၵရွိပါလ်က္ မတတ္ေရာက္ႏိုင္ဘဲ ရွိေနၾကပါသည္။

ယင္းကုန္က်စရိတ္ကို ေလ်ာ့ႏိုင္ရန္ MCC အေနျဖင့္ တစ္ႏွစ္လ်င္ တစ္ႀကိမ္ ေႏြရာသီတြင္ ဖြင့္လွစ္ေသာ ႏိုင္ငံတကာတကၠသိုလ္မ်ားမွ ခ်ီးျမႇင့္မည့္ ဒီပလိုမာႏွင့္ဘြဲ႕ဒီဂရီ သင္တန္းမ်ား ဖြင့္လွစ္မည့္ (March Intake) ကို (Budget Intake) အျဖစ္ သင္တန္းေၾကး (၅၀%) Discount ေပးသည့္ အစီအစဥ္ျဖစ္ပါသည္။

(Budget Intake) ျဖစ္သည့္ မတ္လတြင္တတ္ေရာက္ေသာ ေက်ာင္းသူေက်ာင္းသားမ်ားသည္၊ သင္တန္းျပီးဆံုးသည္အထိ (March Intake) မ်ားတြင္ ဆက္လက္ တတ္ေရာက္ျခင္းျဖင့္ သင္တန္း ျပီးဆံုးခ်ိန္အထိ Discount (၅၀%) ကို ဆက္လက္ ရရွိသြားႏိုင္မည္ ျဖစ္ပါသည္။

ယေန႔ေခတ္အခါတြင္ ကုန္က်စရိတ္ ေခြ်တာႏိုင္ရန္အတြက္ ခရီးသြားလာတဲ့အခါ Budget Airline မ်ားရွိရာ Air Asia သည္ အာရွေဒသတြင္ နာမည္ အႀကီးဆံုး AirLine ျဖစ္ပါသည္။ ထိုနည္းအတူ ခရီးသြားလာသည့္ အခါ တည္းခိုစရိတ္သက္သာေစရန္ Budget Hotel မ်ားလည္း ရွိပါသည္။ ထိုနည္းအတူ ျမန္မာႏိုင္ငံတြင္ ႏိုင္ငံတကာအဆင့္ ပညာသင္ၾကားရာတြင္ ကုန္က်စရိတ္ႀကီးမားသည္ျဖစ္ရာ MCC အေနျဖင့္ ေႏြရာသီတိုင္း Budget Intake ကို ျပဳလုပ္ေပးျခင္း ျဖစ္ပါသည္။ MCC တြင္ သင္ၾကားလ်က္ရွိသည့္ ႏိုင္ငံတကာ တကၠသိုလ္မ်ားမွ ခ်ီးျမႇင့္မည့္ ဒီပလိုမာမ်ားႏွင့္ ဒီဂရီသင္တန္းမ်ား အတြက္ (၅၀%) Discount ျဖင့္ တက္ေရာက္ႏိုင္ရန္ စီစဥ္ေပးထားပါသည္။

၂၀၁၇ ခုႏွစ္၊ မတ္လတြင္ ဖြင့္လွစ္မည့္ Budget Intake အတြက္ သင္တန္း (၃) မ်ိဳးပါဝင္ပါသည္။ အဂၤလန္ႏိုင္ငံ University of Greenwich မွ ခ်ီးျမႇင့္မည့္ ကြန္ပ်ဴတာသိပၸံဒီဂရီ B.Sc(Hons:) Business IT ဘြဲ႕သင္တန္း၏ ပထမႏွစ္သင္တန္း၊ အဂၤလန္ႏိုင္ငံ PEARSON ပညာေရးအဖြဲ႕အစည္းမွ ခ်ီးျမႇင့္မည့္ အသက္ေမြးဝမ္းေက်ာင္း ပညာဒီပလိုမာ BTEC Higher National Diploma ႏွင့္ Myanmar Institute of Telecom Technology (MITT) မွ ခ်ီးျမႇင့္မည့္ ဆက္သြယ္ေရးကြ်မ္းက်င္မႈ သင္တန္းႏွင့္ ဒီပလိုမာ သင္တန္းမ်ား ပါဝင္ပါသည္။ ပံုမွနအားျဖင့္ ယင္းသင္တန္းမ်ား၏ သင္တန္းကုန္က်စရိတ္မွာ က်ပ္(၃၀)သိန္းျဖစ္ရာ (၅၀%) Discount ေပးလိုက္သည့္အတြက္ က်ပ္(၁၅)သိန္းသာ ကုန္က်ေတာ့မည္ျဖစ္ပါသည္။

ေႏြရာသီတြင္ Budget Intake ျပဳလုပ္သည့္အတြက္ Discount (၅၀%) ေပးေသာ္လည္း သင္ၾကားရမည့္အခ်ိန္၊ သင္ၾကားရမည့္ သင္ခန္းစာမ်ားသည္ ပံုမွန္အတန္းမ်ားႏွင့္ အတူတူပင္ျဖစ္ပါသည္။ ဘြဲ႕ဒီဂရီႏွင့္ ဒီပလိုမာမွာလည္း အားလံုး အတူတူပင္ျဖစ္ပါသည္။ Budget Intake တြင္ ကုန္က်စရိတ္ သက္သာစြာ စီစဥ္ထားသည့္အတြက္ သင္တန္းတက္ေရာက္လိုသူ မ်ားျပားလ်က္ရွိရာ Online မွ ႀကိဳတင္စာ ရင္းသြင္းရန္ လိုအပ္ပါသည္။

(Budget Intake) ျဖစ္သည့္ မတ္လတြင္တတ္ေရာက္ေသာ ေက်ာင္းသူ ေက်ာင္းသား မ်ားသည္ သင္တန္းျပီးဆံုးသည္အထိ (March Intake) မ်ားတြင္ ဆက္လက္တတ္ေရာက္ျခင္းျဖင့္ သင္တန္း ျပီးဆံုးခ်ိန္အထိ Discount (၅၀%) ကို ဆက္လက္ ရရွိသြားႏိုင္မည္ျဖစ္ပါသည္။

Budget Intake

နိုင်ငံတကာတွင် ပညာရပ်များကို လေ့လာ ရာတွင် ကုန်ကျစရိတ် အတန်အသင့် ကြီမားလေ့ရှိပါသည်။ သို့သော် ဘဝတိုးတတ် အောင်မြင်ပြီး အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရရှိစေရန် မှာ နိုင်ငံတကာအဆင့် ဒီပလိုမာနှင့်ဘွဲ့ဒီဂရီများရရှိမှ ဖြစ်ပါမည်။သို့မှသာ ပြည်တွင်းပြည်ပကုမ္ပဏီ အဖွဲ့အစည်းများတွင် လည်းကောင်း ကဏ္ဍ နိုင်ငံအသီးသီးသို့ သွားရောက်၍လည်းကောင်း အလုပ်အကိုင် အခွင့်အလမ်းများကို ရှာဖွေရရှိနိုင်မည်ဖြစ်ပါသည်။

သို့သော် နိုင်ငံတကာအဆင့် ပညာသင်တန်းများကို တတ်ရောက်ရန် ငွေကြေး မပြည့်စုံသဖြင့် မတတ်ရောက်နိုင်သော ကျောင်းသူ၊ ကျောင်းသားအများစု ရှိပါသည်။ ထို့ကြောင့် ၄င်းတို့ အနေဖြင့် ငွေကုန်ကြေးကုန်ကျများသော နိုင့်ငံတကာ ပညာရေးအဖွဲ့အစည်းများမှ ချီးမြှင့်မည့် သင်တန်းများကို တတ်ရောက်လိုသော ဆန္ဒရှိပါလျက် မတတ်ရောက်နိုင်ဘဲ ရှိနေကြပါသည်။

ယင်းကုန်ကျစရိတ်ကို လျော့နိုင်ရန် MCC အနေဖြင့် တစ်နှစ်လျင် တစ်ကြိမ် နွေရာသီတွင် ဖွင့်လှစ်သော နိုင်ငံတကာတက္ကသိုလ်များမှ ချီးမြှင့်မည့် ဒီပလိုမာနှင့်ဘွဲ့ဒီဂရီ သင်တန်းများ ဖွင့်လှစ်မည့် (March Intake) ကို (Budget Intake) အဖြစ် သင်တန်းကြေး (၅၀%) Discount ပေးသည့် အစီအစဉ်ဖြစ်ပါသည်။
(Budget Intake) ဖြစ်သည့် မတ်လတွင်တတ်ရောက်သော ကျောင်းသူကျောင်းသားများသည်၊ သင်တန်းပြီးဆုံးသည်အထိ (March Intake) များတွင် ဆက်လက် တတ်ရောက်ခြင်းဖြင့် သင်တန်း ပြီးဆုံးချိန်အထိ Discount (၅၀%) ကို ဆက်လက် ရရှိသွားနိုင်မည် ဖြစ်ပါသည်။

ယနေ့ခေတ်အခါတွင် ကုန်ကျစရိတ် ချွေတာနိုင်ရန်အတွက် ခရီးသွားလာတဲ့အခါ Budget Airline များရှိရာ Air Asia သည် အာရှဒေသတွင် နာမည် အကြီးဆုံး AirLine ဖြစ်ပါသည်။ ထိုနည်းအတူ ခရီးသွားလာသည့် အခါ တည်းခိုစရိတ်သက်သာစေရန် Budget Hotel များလည်း ရှိပါသည်။ ထိုနည်းအတူ မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့် ပညာသင်ကြားရာတွင် ကုန်ကျစရိတ်ကြီးမားသည်ဖြစ်ရာ MCC အနေဖြင့် နွေရာသီတိုင်း Budget Intake ကို ပြုလုပ်ပေးခြင်း ဖြစ်ပါသည်။ MCC တွင် သင်ကြားလျက်ရှိသည့် နိုင်ငံတကာ တက္ကသိုလ်များမှ ချီးမြှင့်မည့် ဒီပလိုမာများနှင့် ဒီဂရီသင်တန်းများ အတွက် (၅၀%) Discount ဖြင့် တက်ရောက်နိုင်ရန် စီစဉ်ပေးထားပါသည်။

၂၀၁၇ ခုနှစ်၊ မတ်လတွင် ဖွင့်လှစ်မည့် Budget Intake အတွက် သင်တန်း (၃) မျိုးပါဝင်ပါသည်။ အင်္ဂလန်နိုင်ငံ University of Greenwich မှ ချီးမြှင့်မည့် ကွန်ပျူတာသိပ္ပံဒီဂရီ B.Sc(Hons:) Business IT ဘွဲ့သင်တန်း၏ ပထမနှစ်သင်တန်း၊ အင်္ဂလန်နိုင်ငံ PEARSON ပညာရေးအဖွဲ့အစည်းမှ ချီးမြှင့်မည့် အသက်မွေးဝမ်းကျောင်း ပညာဒီပလိုမာ BTEC Higher National Diploma နှင့် Myanmar Institute of Telecom Technology (MITT) မှ ချီးမြှင့်မည့် ဆက်သွယ်ရေးကျွမ်းကျင်မှု သင်တန်းနှင့် ဒီပလိုမာ သင်တန်းများ ပါဝင်ပါသည်။ ပုံမှနအားဖြင့် ယင်းသင်တန်းများ၏ သင်တန်းကုန်ကျစရိတ်မှာ ကျပ်(၃၀)သိန်းဖြစ်ရာ (၅၀%) Discount ပေးလိုက်သည့်အတွက် ကျပ်(၁၅)သိန်းသာ ကုန်ကျတော့မည်ဖြစ်ပါသည်။

နွေရာသီတွင် Budget Intake ပြုလုပ်သည့်အတွက် Discount (၅၀%) ပေးသော်လည်း သင်ကြားရမည့်အချိန်၊ သင်ကြားရမည့် သင်ခန်းစာများသည် ပုံမှန်အတန်းများနှင့် အတူတူပင်ဖြစ်ပါသည်။ ဘွဲ့ဒီဂရီနှင့် ဒီပလိုမာမှာလည်း အားလုံး အတူတူပင်ဖြစ်ပါသည်။ Budget Intake တွင် ကုန်ကျစရိတ် သက်သာစွာ စီစဉ်ထားသည့်အတွက် သင်တန်းတက်ရောက်လိုသူ များပြားလျက်ရှိရာ Online မှ ကြိုတင်စာ ရင်းသွင်းရန် လိုအပ်ပါသည်။

(Budget Intake) ဖြစ်သည့် မတ်လတွင်တတ်ရောက်သော ကျောင်းသူ ကျောင်းသား များသည် သင်တန်းပြီးဆုံးသည်အထိ (March Intake) များတွင် ဆက်လက်တတ်ရောက်ခြင်းဖြင့် သင်တန်း ပြီးဆုံးချိန်အထိ Discount (၅၀%) ကို ဆက်လက် ရရှိသွားနိုင်မည်ဖြစ်ပါသည်။





၂၀၁၇ ခုႏွစ္၊ မတ္လတြင္ဖြင့္လွစ္မည့္ (Budget Intake) သင္တန္းမ်ား

၂၀၁၇ ခုႏွစ္၊ မတ္လတြင္ဖြင့္လွစ္မည့္ (Budget Intake) သင္တန္းမ်ား
- B.Sc (Hons:) Business IT (ကြန္ပ်ဴတာသိပၸံဒီဂရီ)
- University of Greenwish, UK
- BTEC Higher National Diploma (HND)
Diploma in Engineering (အင္ဂ်င္နီယာဒီပလိုမာ)
Mechanical
Electronic and Electrical
Construction and Build Environment (Civil)
Diploma in Information System (ကြန္ပ်ဴတာဒီပလိုမာ)
- Telecommunication Engineering (ဆက္သြယ္ေရးအင္ဂ်င္နီယာ)

၂၀၁၇ ခုနှစ်၊ မတ်လတွင်ဖွင့်လှစ်မည့် (Budget Intake) သင်တန်းများ
- B.Sc (Hons:) Business IT (ကွန်ပျူတာသိပ္ပံဒီဂရီ)
- University of Greenwish, UK
- BTEC Higher National Diploma (HND)
Diploma in Engineering (အင်ဂျင်နီယာဒီပလိုမာ)
Mechanical
Electronic and Electrical
Construction and Build Environment (Civil)
Diploma in Information System (ကွန်ပျူတာဒီပလိုမာ)
- Telecommunication Engineering (ဆက်သွယ်ရေးအင်ဂျင်နီယာ)

Saturday, November 26, 2016

SIAM မွ SIAM သို႔

SIAM University သည္ ဘန္ေကာက္ၿမိဳ႕လည္တြင္ ျဖတ္၍ စီးဆင္းေသာ ေက်ာက္ဖုရားျမစ္အၾကား တစ္ဖက္တြင္ရွိ အျမင့္အတန္ငယ္လွမ္းသည္ဟုထင္ရေသာ္လည္း BTS ဟူေသာ မိုးပ်ံရထား (Sky Train) ျဖင့္ စီးလိုက္လွ်င္ (၁၅) မိနစ္အတြင္း SIAM University မွ ဘန္ေကာက္ၿမိဳ႕၏ SIAM Paragon Shopping Center သို႔ ေရာက္ႏိုင္ပါသည္။ BTS ရထားဘူတာသည္ SIAM University ၏ေရွ႕တြင္ရွိသျဖင့္ သြားေရးလာေရး အလြန္လြယ္ကူပါသည္။ SIAM ဘူတာမွ ဆင္းလွ်င္ SIAM Paragon Shopping Center ကိုသာမက MBK ဟုေခၚေသာ Mahboon Rong ဟူေသာ Shopping Center, Central World Shopping Center တို႔သို႔ သြားေရာက္ ႏိုင္မည္လည္း ျဖစ္ပါသည္။

(Unicode Version)

SIAM မှ SIAM သို့
SIAM University သည် ဘန်ကောက်မြို့လည်တွင် ဖြတ်၍စီးဆင်းသော ကျောက်ဖုရားမြစ်အကြား တစ်ဖက်တွင်ရှိ အမြင့်အတန်ငယ်လှမ်းသည်ဟုထင်ရသော်လည်း BTS ဟူသော မိုးပျံရထား (Sky Train) ဖြင့် စီးလိုက်လျှင် (၁၅) မိနစ်အတွင်း SIAM University မှ ဘန်ကောက်မြို့၏ SIAM Paragon Shopping Center သို့ ရောက်နိုင်ပါသည်။ BTS ရထားဘူတာသည် SIAM University ၏ရှေ့တွင်ရှိသဖြင့် သွားရေးလာရေး အလွန်လွယ်ကူပါသည်။ SIAM ဘူတာမှ ဆင်းလျှင် SIAM Paragon Shopping Center ကိုသာမက MBK ဟုခေါ်သော Mahboon Rong ဟူသော Shopping Center, Central World Shopping Center တို့သို့ သွားရောက် နိုင်မည်လည်း ဖြစ်ပါသည်။




ဘန္ေကာက္တြင္ ေက်ာင္းတက္ၾကရေအာင္ (Student Life Style)

ထိုင္းႏိုင္ငံ၊ ဘန္ေကာက္တြင္ ေက်ာင္းတက္ျခင္း၏ ထူးျခားခ်က္မွာ ပညာသင္႐ံု သာမက ကမၻာ့စိတ္လႈပ္ရွားစရာ အေကာင္းဆံုးၿမိဳ႕ႀကီးတြင္ ေနရေသာ အေတြ႕အႀကံဳကိုပါ ရရွိေစႏိုင္ပါသည္။ ထို႔အျပင္ ပညာသင္စရိတ္ႏွင့္ ေနထိုင္မႈ စရိတ္မွာလည္း အလြန္သက္သာေသာေၾကာင့္ျဖစ္ပါသည္။ ဘန္ေကာက္ၿမိဳ႕တြင္ ကမၻာႏိုင္ငံအသီးသီးမွ ႏိုင္ငံျခားသား အမ်ားအျပားေနထိုင္လ်က္ရွိၿပီး ပညာသင္ ၾကားျခင္း၊ အလုပ္လုပ္ျခင္းစသည္ျဖင့္ အေျခခ်ေနထိုင္လ်က္ ရွိၾကပါသည္။ တစ္ႏွစ္တြင္ ႏိုင္ငံျခားခရီးသြား တိုးရစ္စုစုေပါင္း (၃၂) သန္းေက်ာ္ လာေရာက္လည္ပတ္ေသာ ၿမိဳ႕ႀကီးလည္းျဖစ္ ပါသည္။ ႏိုင္ငံစံုေကာ္ပိုေရးရွင္းႀကီးမ်ား (Multinational Corporation) မ်ား၏ အာရွေဒသ ႐ံုးခ်ဳပ္မ်ားလည္းရွိသည့္ အတြက္ ႏိုင္ငံျခားသား အမ်ားအျပားေနထိုင္ၾကျခင္းလည္း ျဖစ္ပါသည္။ SIAM University တြင္ ေက်ာင္းတက္ေနေသာ Ana (၂၀၁၆)ခုႏွစ္တြင္ ဂ်ာမနီႏိုင္ငံမွ လာေရာက္ ပညာသင္ေနေသာ Ana ျဖစ္ပါသည္။ အသက္ (၂၆)ႏွစ္ရွိ ၿပီး စီးပြားေရးပညာရပ္မ်ားကို SIAM University တြင္ လာေရာက္သင္ယူရင္း ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕တြင္ ေနထိုင္ေနရျခင္းကို စိတ္လႈပ္ရွားေနသူျဖစ္ပါ သည္။ ထိုင္းႏိုင္ငံ၏ ေက်ာင္းယူနီေဖာင္းမွာ တကၠသိုလ္ ေက်ာင္းသူ၊ ေက်ာင္းသား အားလံုး အက်ႌအျဖဴႏွင့္ ေဘာင္းဘီ၊ စကပ္ အနက္ေရာင္ျဖစ္ပါသည္။ အေရာင္ကို စံသတ္မွတ္ထားေသာ္လည္း ပံုစံဒီဇိုင္းကို မိမိႏွစ္သက္သလို ဝတ္ႏိုင္ပါသည္။ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ရွိ တကၠသိုလ္တြင္ ပညာသင္ရာတြင္ ထိုင္းလူမ်ိဳးမ်ားႏွင့္သာမက ႏိုင္ငံတကာမွ ေက်ာင္းသူ၊ ေက်ာင္းသားမ်ားႏွင့္အတူ ပညာသင္ၾကားရသည့္အတြက္ ယဥ္ေက်းမႈမ်ား အခ်င္းခ်င္း ဖလွယ္ႏိုင္ၾကၿပီး ကမၻာသား (Global Citizen) အျဖစ္ အေလ့အက်င့္ ရရွိသြားေစပါသည္။ အဂၤလိပ္စာႏွင့္ စကားေျပာအေလ့ အက်င့္ေကာင္းမြန္႐ံုသာမက ထိုင္းဘာသာစကားကိုလည္း တတ္ေျမာက္သြားေစႏိုင္ပါသည္။

Housing
ႏိုင္ငံတကာမွ ေက်ာင္းသူ၊ ေက်ာင္းသားမ်ားအေနျဖင့္ သာမန္ Hostel မ်ားတြင္ ေနထိုင္႐ံုသာမက ပိုမိုက်ယ္ဝန္းေကာင္းမြန္ေသာ ကြန္ဒို၊ မီနိမံမ်ားတြင္လည္း ကုန္က်စရိတ္သက္သာစြာျဖင့္ သက္ေတာင့္ သက္သာ ေနႏိုင္ၾကပါသည္။ ကြန္ဒိုအမ်ိဳးအစားအလိုက္ ငွားခႏႈန္းမ်ား မတူေသာ္လည္း ပွ်မ္းမွ်ကုန္က် စရိတ္မွာ မ်ားစြာသက္သာပါသည္။ မ်ားေသာအားျဖင့္ ႏွစ္ေယာက္အိပ္ ကုတင္ႏွစ္လံုး၊ ေလေအးစက္၊ တီဗြီ၊ Wi-Fi ၊ အဝတ္ေလွ်ာ္စက္ စသည္ အစံုပါရွိပါသည္။

အခန္းငွားခ
(Per Semester) Single (THB 40000)
                      Shared (THB 20000)
ရခ၊ မီးခ
ရ တယူနစ္အတြက္ (THB 20)
လွ်ပ္စစ္ တစ္ယူနစ္အတြက္ (THB 7-10)

House Keeping
(သန္႔ရွင္းေရး) တစ္ႀကိမ္လွ်င္ (THB 150)

(Unicode Version)

ဘန်ကောက်တွင် ကျောင်းတက်ကြရအောင်
(Student Life Style)

ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် ကျောင်းတက်ခြင်း၏ ထူးခြားချက်မှာ ပညာသင်ရုံသာမက ကမ္ဘာ့စိတ်လှုပ်ရှားစရာ အကောင်းဆုံးမြို့ကြီးတွင် နေရသော အတွေ့အကြုံကိုပါ ရရှိစေနိုင်ပါသည်။ ထို့အပြင် ပညာသင်စရိတ်နှင့် နေထိုင်မှုစရိတ်မှာလည်း အလွန်သက်သာသောကြောင့်ဖြစ်ပါသည်။ ဘန်ကောက်မြို့တွင် ကမ္ဘာနိုင်ငံအသီးသီးမှ နိုင်ငံခြားသား အများအပြားနေထိုင်လျက်ရှိပြီး ပညာသင်ကြားခြင်း၊ အလုပ်လုပ်ခြင်းစသည်ဖြင့် အခြေချနေထိုင် လျက်ရှိကြပါသည်။ တစ်နှစ်တွင် နိုင်ငံခြားခရီးသွား တိုးရစ်စုစုပေါင်း (၃၂) သန်းကျော် လာရောက်လည်ပတ်သောမြို့ကြီးလည်းဖြစ်ပါသည်။ နိုင်ငံစုံကော်ပိုရေးရှင်းကြီးများ (Multinational Corporation) များ၏ အာရှဒေသ ရုံးချုပ်များလည်းရှိသည့်အတွက် နိုင်ငံခြားသား အများအပြားနေထိုင်ကြခြင်းလည်း ဖြစ်ပါသည်။ SIAM University တွင် ကျောင်းတက်နေသော Ana (၂၀၁၆)ခုနှစ်တွင် ဂျာမနီနိုင်ငံမှ လာရောက် ပညာသင်နေသော Ana ဖြစ်ပါသည်။ အသက် (၂၆)နှစ်ရှိ ပြီး စီးပွားရေးပညာရပ်များကို SIAM University တွင် လာရောက်သင်ယူရင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် နေထိုင်နေရခြင်းကို စိတ်လှုပ်ရှားနေသူဖြစ်ပါသည်။ ထိုင်းနိုင်ငံ၏ ကျောင်းယူနီဖောင်းမှာ တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားအားလုံး အကျႌအဖြူနှင့် ဘောင်းဘီ၊ စကပ် အနက်ရောင်ဖြစ်ပါသည်။ အရောင်ကို စံသတ်မှတ်ထားသော်လည်း ပုံစံဒီဇိုင်းကို မိမိနှစ်သက်သလို ဝတ်နိုင်ပါသည်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ တက္ကသိုလ်တွင် ပညာသင်ရာတွင် ထိုင်းလူမျိုးများနှင့်သာမက နိုင်ငံတကာမှ ကျောင်းသူ၊ ကျောင်းသားများနှင့်အတူ ပညာသင်ကြားရသည့်အတွက် ယဉ်ကျေးမှုများ အချင်းချင်း ဖလှယ်နိုင်ကြပြီး ကမ္ဘာသား (Global Citizen) အဖြစ် အလေ့အကျင့် ရရှိသွားစေပါသည်။ အင်္ဂလိပ်စာနှင့် စကားပြောအလေ့ အကျင့်ကောင်းမွန်ရုံသာမက ထိုင်းဘာသာစကားကိုလည်း တတ်မြောက်သွားစေနိုင်ပါသည်။

Housing
နိုင်ငံတကာမှ ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် သာမန် Hostel များတွင် နေထိုင်ရုံသာမက ပိုမိုကျယ်ဝန်းကောင်းမွန်သော ကွန်ဒို၊ မီနိမံများတွင်လည်း ကုန်ကျစရိတ်သက်သာစွာဖြင့် သက်တောင့်သက်သာ နေနိုင်ကြပါသည်။ ကွန်ဒိုအမျိုးအစားအလိုက် ငှားခနှုန်းများမတူသော်လည်း ပျှမ်းမျှကုန်ကျစရိတ်မှာ များစွာသက်သာပါသည်။ များသောအားဖြင့် နှစ်ယောက်အိပ်ကုတင်နှစ်လုံး၊ လေအေးစက်၊ တီဗွီ၊ Wi-Fi ၊ အဝတ်လျှော်စက် စသည် အစုံပါရှိပါသည်။

အခန်းငှားခ
(Per Semester) Single (THB 40000)
                      Shared (THB 20000)
ရေခ၊ မီးခ
ရေ တယူနစ်အတွက် (THB 20)
လျှပ်စစ် တစ်ယူနစ်အတွက် (THB 7-10)

House Keeping
(သန့်ရှင်းရေး) တစ်ကြိမ်လျှင် (THB 150)







Bangkok ကို သြားၾကမယ္

ဘန္ေကာက္ဆိုတာ တကမၻလံုးက တိုးရစ္ေတြ စုၿပံဳေရာက္ရွိကာ အေရွ႕ ေတာင္အာရွက နာမည္ႀကီး ေနရာတစ္ခုျဖစ္ပါတယ္။ ထိုင္းႏိုင္ငံရဲ႕ၿမိဳ႕ေတာ္ျဖစ္ၿပီး Metropolis လို႔ေခၚတဲ့ ႏိုင္ငံတကာၿမိဳ႕ ႀကီးေတြလို မိုးပ်ံတိုက္ႀကီးေတြ၊ ေျမေပၚေျမေအာက္ အျမန္ရထားေတြ၊ မိုးပ်ံအျမန္လမ္း ႀကီးေတြ ႏိုင္ငံစံုေကာ္ပိုေရးရွင္းႀကီးေတြ၊ ဟိုတယ္ႀကီးေတြ၊ Shopping Center ေတြ ရွိ႐ံု သာမက အာရွယဥ္ေက်းမႈျဖစ္တဲ့ ဘုရားေက်ာင္းကန္ေတြ၊ ထိုင္း႐ိုးရာအစားအေသာက္နဲ႔ ဓေလ့ထံုးစံေတြ အားလံုး ေရာျပြန္းေနတဲ့ ၿမိဳ႕ႀကီးျဖစ္ပါတယ္။ ေခတ္မွီရထားေတြ၊ ကားေတြရွိေပတဲ့ တုတ္တုတ္လို႔ေခၚတဲ့ သံုးဘီးကားကိုလည္း ကမၻာေက်ာ္ေအာင္ လုပ္ထားပါတယ္။ ထိုင္းသေဘၤာသီးသုတ္ ကို (Papaya Salad) ဆိုၿပီး နာမည္ႀကီးေအာင္ လုပ္ထားသလို ခ်ဥ္စပ္ဟင္းကိုလည္း တံုးယန္းဟင္းခ်ိဳ (Ton-yan Soup) ဆိုၿပီး ကမၻာေက်ာ္ေစခဲ့ပါတယ္။ တစ္ကမၻာလံုးက အေဝးႀကီးက လာေနၾကသလို ျမန္မာျပည္နဲ႔ေတာ့ နီးနီးေလးပါ။ ရန္ကုန္ကေန ဘန္ေကာက္ကို (၅၅)မိနစ္၊ မႏၲေလးကေန ဘန္ေကာက္ကို တစ္နာရီ သာသာနဲ႔ ေရာက္ႏိုင္တဲ့ ေနရာျဖစ္ပါတယ္။ မိသားစုအေပ်ာ္ခရီး သြားျခင္တယ္ ဆိုရင္ေတာ့ ကားနဲ႔လည္း နယ္စပ္ကိုျဖတ္ေက်ာ္ၿပီး သြားလို႔ ရေနပါၿပီ။

Grad Palace and Wat Phra Kaew
ျမန္မာလူမ်ိဳးေတြသြားျခင္တဲ့ ျမဘုရားရွိရာ ေနရာဟာ ထိုင္းဘုရင္ေတြရဲ႕ နန္းေတာ္ (Grand Palace) ထဲမွာရွိပါတယ္။ ဘုရင္ကိုးကြယ္ဖို႔ သီးသန္႔ တည္ေဆာက္ ထားတဲ့ဘုရားလို႔ဆိုရင္လည္း မမွားပါဘူး။ (၁၇၈၂)ခုႏွစ္မွာ တည္ေဆာက္ခဲ့ၿပီး ဘုရင္အဆက္ဆက္စံျမန္းခဲ့တဲ့ေနရာ ျဖစ္ပါတယ္။ ထိုင္းအေခၚ Phra Kaew Morakot ျဖစ္တဲ့ ျမဘုရား (Emerald Buddha) ဟာ ျမေက်ာက္တံုးတစ္တံုးထဲနဲ႔ ထုဆစ္ထားတဲ့ အလြန္ၾကည္ညိဳ ဖြယ္ေကာင္းတဲ့ ဘုရားတစ္ဆူျဖစ္ပါတယ္။

Floating Market (ေရေပၚေဈး)
ဘန္ေကာက္ၿမိဳ႕တစ္ခုလံုးမွာ ေက်ာက္ဖုရားျမစ္နဲ႔ ဆက္စပ္ေနတဲ့ ေခ်ာင္းေတြ၊ ေျမာင္းေတြ အမ်ားႀကီးရွိပါတယ္။ ဘန္ေကာက္ၿမိဳ႕သူၿမိဳ႕သားေတြဟာ အဲဒီေခ်ာင္းေတြ၊ ေျမာင္းေတြကို အသံုးျပဳၿပီး ခရီးသြားလာၾကပါတယ္။ အဲဒီလိုဘဲ အဲဒီေခ်ာင္းေတြ၊ ေျမာင္းေတြတစ္ေလွ်ာက္မွာ ေလွနဲ႔ ေဈးေရာင္း ၾကပါတယ္။ အဲဒါကို ႏိုင္ငံတကာကလာတဲ့ တိုးရစ္ေတြအတြက္ Floating Market (ေရေပၚေဈး) ဆိုၿပီး လည့္ပတ္ၾကည့္႐ူစရာျဖစ္ေအာင္ လုပ္ထားပါတယ္။

Cabaret Show
Cabaaret အကပံုစံကို ထိုင္းစတိုင္နဲ႔ ေပါင္းစပ္ေဖာ္ျပတဲ့ အကအဖြဲ႕ျဖစ္ပါတယ္။ အလြန္လွပတဲ့ အျပင္အဆင္ေတြနဲ႔ ကႀကိဳးကကြက္ေတြနဲ႔ ကျပေလ့ရွိပါတယ္။ အားလံုး ေခ်ာေမာလွပတဲ့ ထိုင္းပ်ိဳျဖဴကေလးမ်ားလို႔ ထင္ရပါတယ္။ အမွန္တကယ္မွာ အမ်ိဳးသမီးအျဖစ္ လိင္အဂၤါေျပာင္းထားေသာ အမ်ိဳးသားမ်ားျဖစ္ပါတယ္။ ဒါေပမယ့္ အမ်ိဳးသမီးေတြထက္ ပိုလွၿပီး အကလည္းေတာ္လို႔ ဘန္ေကာက္ ကို ေရာက္ရင္ Cabaret Show ကို မျဖစ္ျဖစ္ေအာင္ သြားၾကည့္ေလ့ရွိၾကပါတယ္

(Unicode Version)

Bangkok ကို သွားကြမယ်
ဘန်ကောက်ဆိုတာ တကမ္ဘလုံးက တိုးရစ်တွေ စုပြုံရောက်ရှိကာ အရှေ့ တောင်အာရှက နာမည်ကြီး နေရာတစ်ခုဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့မြို့တော်ဖြစ်ပြီး Metropolis လို့ခေါ်တဲ့ နိုင်ငံတကာမြို့ ကြီးတွေလို မိုးပျံတိုက်ကြီးတွေ၊ မြေပေါ်မြေအောက် အမြန်ရထားတွေ၊ မိုးပျံ အမြန်လမ်းကြီးတွေ နိုင်ငံစုံကော်ပိုရေးရှင်းကြီးတွေ၊ ဟိုတယ်ကြီးတွေ၊ Shopping Center တွေ ရှိရုံ သာမက အာရှယဉ်ကျေးမှုဖြစ်တဲ့ ဘုရားကျောင်းကန်တွေ၊ ထိုင်းရိုးရာအစားအသောက်နဲ့ ဓလေ့ထုံးစံတွေအားလုံး ရောပြွန်းနေတဲ့ မြို့ကြီးဖြစ်ပါတယ်။ ခေတ်မှီရထားတွေ၊ ကားတွေရှိပေတဲ့ တုတ်တုတ်လို့ခေါ်တဲ့ သုံးဘီးကားကိုလည်း ကမ္ဘာကျော်အောင် လုပ်ထားပါတယ်။ ထိုင်းသင်္ဘောသီးသုတ် ကို (Papaya Salad) ဆိုပြီး နာမည်ကြီးအောင် လုပ်ထားသလို ချဉ်စပ်ဟင်းကိုလည်း တုံးယန်းဟင်းချို (Ton-yan Soup) ဆိုပြီး ကမ္ဘာကျော်စေခဲ့ပါတယ်။ တစ်ကမ္ဘာလုံးက အဝေးကြီးက လာနေကြသလို မြန်မာပြည်နဲ့တော့ နီးနီးလေးပါ။ ရန်ကုန်ကနေ ဘန်ကောက်ကို (၅၅)မိနစ်၊ မန္တလေးကနေ ဘန်ကောက်ကို တစ်နာရီသာသာနဲ့ ရောက်နိုင်တဲ့ နေရာဖြစ်ပါတယ်။ မိသားစုအပျော်ခရီး သွားခြင်တယ် ဆိုရင်တော့ ကားနဲ့လည်း နယ်စပ်ကိုဖြတ်ကျော်ပြီး သွားလို့ ရနေပါပြီ။

Grad Palace and Wat Phra Kaew
မြန်မာလူမျိုးတွေသွားခြင်တဲ့ မြဘုရားရှိရာ နေရာဟာ ထိုင်းဘုရင်တွေရဲ့ နန်းတော် (Grand Palace) ထဲမှာရှိပါတယ်။ ဘုရင်ကိုးကွယ်ဖို့ သီးသန့်တည်ဆောက် ထားတဲ့ဘုရားလို့ဆိုရင်လည်း မမှားပါဘူး။ (၁၇၈၂)ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး ဘုရင်အဆက်ဆက်စံမြန်းခဲ့တဲ့နေရာ ဖြစ်ပါတယ်။ ထိုင်းအခေါ် Phra Kaew Morakot ဖြစ်တဲ့ မြဘုရား (Emerald Buddha) ဟာ မြကျောက်တုံးတစ်တုံးထဲနဲ့ ထုဆစ်ထားတဲ့ အလွန်ကြည်ညိုဖွယ်ကောင်းတဲ့ ဘုရားတစ်ဆူဖြစ်ပါတယ်။

Floating Market (ရေပေါ်ဈေး)
ဘန်ကောက်မြို့တစ်ခုလုံးမှာ ကျောက်ဖုရားမြစ်နဲ့ ဆက်စပ်နေတဲ့ ချောင်းတွေ၊ မြောင်းတွေ အများကြီးရှိပါတယ်။ ဘန်ကောက်မြို့သူမြို့သားတွေဟာ အဲဒီချောင်းတွေ၊ မြောင်းတွေကို အသုံးပြုပြီး ခရီးသွားလာကြပါတယ်။ အဲဒီလိုဘဲ အဲဒီချောင်းတွေ၊ မြောင်းတွေတစ်လျှောက်မှာ လှေနဲ့ ဈေးရောင်းကြပါတယ်။ အဲဒါကို နိုင်ငံတကာကလာတဲ့ တိုးရစ်တွေအတွက် Floating Market (ရေပေါ်ဈေး) ဆိုပြီး လည့်ပတ်ကြည့်ရူစရာဖြစ်အောင် လုပ်ထားပါတယ်။

Cabaret Show
Cabaaret အကပုံစံကို ထိုင်းစတိုင်နဲ့ ပေါင်းစပ်ဖော်ပြတဲ့ အကအဖွဲ့ဖြစ်ပါတယ်။ အလွန်လှပတဲ့အပြင်အဆင်တွေနဲ့ ကကြိုးကကွက်တွေနဲ့ ကပြလေ့ရှိပါတယ်။ အားလုံး ချောမောလှပတဲ့ ထိုင်းပျိုဖြူကလေးများလို့ ထင်ရပါတယ်။ အမှန်တကယ်မှာ အမျိုးသမီးအဖြစ် လိင်အင်္ဂါပြောင်းထားသော အမျိုးသားများဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေထက် ပိုလှပြီး အကလည်းတော်လို့ ဘန်ကောက်ကို ရောက်ရင် Cabaret Show ကို မဖြစ်ဖြစ်အောင် သွားကြည့်လေ့ရှိကြပါတယ်
 
 
 
 

SIAM University President Dr. Ponchai

SIAM University ၏ ဥကၠ႒မွာ Dr. Ponchai ျဖစ္ပါသည္။ လက္ရွိတြင္ International Association of Universities (IAU) ၏ ဥကၠ႒လည္း ျဖစ္ပါ သည္။ လြန္ခဲ့ေသာ ႏွစ္ေပါင္း (၅၀)ေက်ာ္ (၁၉၆၅)ခုႏွစ္တြင္ ထိုင္းႏိုင္ငံ၌ တည္ေထာင္ခဲ့ေသာပုဂၢလိကပိုင္တကၠသိုလ္ ျဖစ္ပါသည္။ ထိုင္းႏိုင္ငံ၏ ပုဂၢလိက တကၠသိုလ္မ်ားအနက္ ပဥၥမ အႀကီးဆံုး တကၠသိုလ္ႀကီး တစ္ခုျဖစ္ ပါသည္။ ထိုင္းႏိုင္ငံ ပညာေရးဝန္ႀကီး ဌာန၊ အဆင့္ျမင့္ပညာေရးေကာ္မရွင္၏ အကဲျဖတ္မႈအရ SIAM University သည္ ထိုင္းႏိုင္ငံ တစ္ခုလံုးရွိ အစိုးရ၊ ပုဂၢလိကတကၠသိုလ္အားလံုးအနက္ အေကာင္းဆံုးတကၠသိုလ္ (၁၀)ခုတြင္ပါဝင္ပါသည္။ လက္ရွိ အခ်ိန္တြင္ ျပည္တြင္းျပည္ပမွ ေက်ာင္း သူ၊ ေက်ာင္းသားေပါင္း (၄၀ဝ၀ဝ)ေက်ာ္ တက္ေရာက္ ပညာသင္ၾကား လ်က္ရွိပါသည္။ အသိအမွတ္ျပဳမႈမ်ားမွာ 

Ministry of Education, Thailand
International Association of University (IAU)
Association of Southeast Asian Institution of Higher Learning (ASAIHL)
Association of Universities in Asia and Pacefic (AUAP)
International Association of Europe Hotel Schools (EUHOFA)
The Asian Regional Training and Development Organization (ARTDO)
University Mobility in Asia and the Pacefic (UMAP)
The Association of Advance Collegate Schools of Business (AACSB)
The Global University Network for in (GUNI)
World Association of Cooperative Edvance (WACE)

SIAM University ၏ Campus တြင္ အေဆာက္အဦေပါင္း (၂၀)ပါဝင္ဖြဲ႕စည္းတည္ေဆာက္ထားၿပီး (၁၉၉၅) ခုႏွစ္တြင္ တည္ေဆာက္ ခဲ့ေသာ ပင္မေဆာင္ Main Building လည္း ပါဝင္ပါသည္။ ယင္းပင္မေဆာင္ သည္ စတုရန္းမီတာ (၅၀ဝ၀ဝ) ေက်ာ္ က်ယ္ဝန္းၿပီး စာသင္ ခန္းမ်ား၊ လက္ေတြ႕ခန္းမ်ား၊ သုေတသနဌာနႏွင့္ အျပည္ျပည္ဆိုင္ရာ ကြန္ဖရင့္မ်ား က်င္းပရာ ခန္းမမ်ားလည္း ပါဝင္ပါသည္။ ေက်ာင္းသူ ေက်ာင္းမ်ားအတြက္ အားကစား၊ အႏုပညာႏွင့္ ဝါသနာတူရာ Club မ်ားလည္းရွိသကဲ့သို႔ စားေသာက္ဆိုင္မ်ား၊ ဘဏ္မ်ားကိုလည္း Campus အတြင္း ဖြင့္လွစ္ေပးထား ပါသည္။ ႏိုင္ငံတကာမွ လာေရာက္ေသာ ေက်ာင္းသူ၊ ေက်ာင္းသား မ်ားအတြက္ SIAM University အနီးတြင္ ဖြင့္လွစ္ထားေသာ Hostel မ်ားရွိပါသည္။ ေခတၲခဏလာ ေရာက္ေသာမိဘမ်ား အတြက္ လည္း ေက်ာင္းအနီးတစ္ဝိုက္တြင္ ဟိုတယ္မ်ားလည္း ရွိပါသည္။ SIAM University ၏ သင္ၾကားပံု သင္ၾကားနည္းသည္ သာမန္တကၠသိုလ္တစ္ခု၏ Academic ပံုစံ သင္ၾကားျခင္းမ်ိဳးသာမဟုတ္ ဘာသာရပ္နယ္ပါယ္အလိုက္ ကြ်မ္းက်င္မႈအတြက္ကိုပါ အေလးထားသင္ၾကားပါသည္။

(Unicode Version)

SIAM University President Dr. Ponchai
SIAM University ၏ ဥက္ကဋ္ဌမှာ Dr. Ponchai ဖြစ်ပါသည်။ လက်ရှိတွင် International Association of Universities (IAU) ၏ ဥက္ကဋ္ဌလည်း ဖြစ်ပါသည်။ လွန်ခဲ့သော နှစ်ပေါင်း (၅၀)ကျော် (၁၉၆၅)ခုနှစ်တွင် ထိုင်းနိုင်ငံ၌ တည်ထောင်ခဲ့သောပုဂ္ဂလိကပိုင်တက္ကသိုလ် ဖြစ်ပါသည်။ ထိုင်းနိုင်ငံ၏ ပုဂ္ဂလိကတက္ကသိုလ်များအနက် ပဥ္စမ အကြီးဆုံး တက္ကသိုလ်ကြီး တစ်ခုဖြစ်ပါသည်။ ထိုင်းနိုင်ငံ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာရေးကော်မရှင်၏ အကဲဖြတ်မှုအရ SIAM University သည် ထိုင်းနိုင်ငံ တစ်ခုလုံးရှိ အစိုးရ၊ ပုဂ္ဂလိကတက္ကသိုလ်အားလုံးအနက် အကောင်းဆုံးတက္ကသိုလ် (၁၀)ခုတွင်ပါဝင်ပါသည်။ လက်ရှိအချိန်တွင် ပြည်တွင်းပြည်ပမှ ကျောင်းသူ၊ ကျောင်းသားပေါင်း (၄၀ဝဝဝ)ကျော် တက်ရောက်ပညာသင်ကြားလျက်ရှိပါသည်။ အသိအမှတ်ပြုမှုများမှာ

Ministry of Education, Thailand
International Association of University (IAU)
Association of Southeast Asian Institution of Higher Learning (ASAIHL)
Association of Universities in Asia and Pacefic (AUAP)
International Association of Europe Hotel Schools (EUHOFA)
The Asian Regional Training and Development Organization (ARTDO)
University Mobility in Asia and the Pacefic (UMAP)
The Association of Advance Collegate Schools of Business (AACSB)
The Global University Network for in (GUNI)
World Association of Cooperative Edvance (WACE)

SIAM University ၏ Campus တွင် အဆောက်အဦပေါင်း (၂၀)ပါဝင်ဖွဲ့စည်းတည်ဆောက်ထားပြီး (၁၉၉၅) ခုနှစ်တွင် တည်ဆောက်ခဲ့သော ပင်မဆောင် Main Building လည်း ပါဝင်ပါသည်။ ယင်းပင်မဆောင်သည် စတုရန်းမီတာ (၅၀ဝဝဝ) ကျော် ကျယ်ဝန်းပြီး စာသင် ခန်းများ၊ လက်တွေ့ခန်းများ၊ သုတေသနဌာနနှင့် အပြည်ပြည်ဆိုင်ရာ ကွန်ဖရင့်များ ကျင်းပရာ ခန်းမများလည်း ပါဝင်ပါသည်။ ကျောင်းသူ ကျောင်းများအတွက် အားကစား၊ အနုပညာနှင့် ဝါသနာတူရာ Club များလည်းရှိသကဲ့သို့ စားသောက်ဆိုင်များ၊ ဘဏ်များကိုလည်း Campus အတွင်း ဖွင့်လှစ်ပေးထားပါသည်။ နိုင်ငံတကာမှ လာရောက်သော ကျောင်းသူ၊ ကျောင်းသား များအတွက် SIAM University အနီးတွင် ဖွင့်လှစ်ထားသော Hostel များရှိပါသည်။ ခေတ္တခဏလာ ရောက်သောမိဘများ အတွက်လည်း ကျောင်းအနီးတစ်ဝိုက်တွင် ဟိုတယ်များလည်း ရှိပါသည်။ SIAM University ၏ သင်ကြားပုံ သင်ကြားနည်းသည် သာမန်တက္ကသိုလ်တစ်ခု၏ Academic ပုံစံ သင်ကြားခြင်းမျိုးသာမဟုတ် ဘာသာရပ်နယ်ပါယ်အလိုက် ကျွမ်းကျင်မှုအတွက်ကိုပါ အလေးထားသင်ကြားပါသည်။