Saturday, November 26, 2016

SIAM မွ SIAM သို႔

SIAM University သည္ ဘန္ေကာက္ၿမိဳ႕လည္တြင္ ျဖတ္၍ စီးဆင္းေသာ ေက်ာက္ဖုရားျမစ္အၾကား တစ္ဖက္တြင္ရွိ အျမင့္အတန္ငယ္လွမ္းသည္ဟုထင္ရေသာ္လည္း BTS ဟူေသာ မိုးပ်ံရထား (Sky Train) ျဖင့္ စီးလိုက္လွ်င္ (၁၅) မိနစ္အတြင္း SIAM University မွ ဘန္ေကာက္ၿမိဳ႕၏ SIAM Paragon Shopping Center သို႔ ေရာက္ႏိုင္ပါသည္။ BTS ရထားဘူတာသည္ SIAM University ၏ေရွ႕တြင္ရွိသျဖင့္ သြားေရးလာေရး အလြန္လြယ္ကူပါသည္။ SIAM ဘူတာမွ ဆင္းလွ်င္ SIAM Paragon Shopping Center ကိုသာမက MBK ဟုေခၚေသာ Mahboon Rong ဟူေသာ Shopping Center, Central World Shopping Center တို႔သို႔ သြားေရာက္ ႏိုင္မည္လည္း ျဖစ္ပါသည္။

(Unicode Version)

SIAM မှ SIAM သို့
SIAM University သည် ဘန်ကောက်မြို့လည်တွင် ဖြတ်၍စီးဆင်းသော ကျောက်ဖုရားမြစ်အကြား တစ်ဖက်တွင်ရှိ အမြင့်အတန်ငယ်လှမ်းသည်ဟုထင်ရသော်လည်း BTS ဟူသော မိုးပျံရထား (Sky Train) ဖြင့် စီးလိုက်လျှင် (၁၅) မိနစ်အတွင်း SIAM University မှ ဘန်ကောက်မြို့၏ SIAM Paragon Shopping Center သို့ ရောက်နိုင်ပါသည်။ BTS ရထားဘူတာသည် SIAM University ၏ရှေ့တွင်ရှိသဖြင့် သွားရေးလာရေး အလွန်လွယ်ကူပါသည်။ SIAM ဘူတာမှ ဆင်းလျှင် SIAM Paragon Shopping Center ကိုသာမက MBK ဟုခေါ်သော Mahboon Rong ဟူသော Shopping Center, Central World Shopping Center တို့သို့ သွားရောက် နိုင်မည်လည်း ဖြစ်ပါသည်။




ဘန္ေကာက္တြင္ ေက်ာင္းတက္ၾကရေအာင္ (Student Life Style)

ထိုင္းႏိုင္ငံ၊ ဘန္ေကာက္တြင္ ေက်ာင္းတက္ျခင္း၏ ထူးျခားခ်က္မွာ ပညာသင္႐ံု သာမက ကမၻာ့စိတ္လႈပ္ရွားစရာ အေကာင္းဆံုးၿမိဳ႕ႀကီးတြင္ ေနရေသာ အေတြ႕အႀကံဳကိုပါ ရရွိေစႏိုင္ပါသည္။ ထို႔အျပင္ ပညာသင္စရိတ္ႏွင့္ ေနထိုင္မႈ စရိတ္မွာလည္း အလြန္သက္သာေသာေၾကာင့္ျဖစ္ပါသည္။ ဘန္ေကာက္ၿမိဳ႕တြင္ ကမၻာႏိုင္ငံအသီးသီးမွ ႏိုင္ငံျခားသား အမ်ားအျပားေနထိုင္လ်က္ရွိၿပီး ပညာသင္ ၾကားျခင္း၊ အလုပ္လုပ္ျခင္းစသည္ျဖင့္ အေျခခ်ေနထိုင္လ်က္ ရွိၾကပါသည္။ တစ္ႏွစ္တြင္ ႏိုင္ငံျခားခရီးသြား တိုးရစ္စုစုေပါင္း (၃၂) သန္းေက်ာ္ လာေရာက္လည္ပတ္ေသာ ၿမိဳ႕ႀကီးလည္းျဖစ္ ပါသည္။ ႏိုင္ငံစံုေကာ္ပိုေရးရွင္းႀကီးမ်ား (Multinational Corporation) မ်ား၏ အာရွေဒသ ႐ံုးခ်ဳပ္မ်ားလည္းရွိသည့္ အတြက္ ႏိုင္ငံျခားသား အမ်ားအျပားေနထိုင္ၾကျခင္းလည္း ျဖစ္ပါသည္။ SIAM University တြင္ ေက်ာင္းတက္ေနေသာ Ana (၂၀၁၆)ခုႏွစ္တြင္ ဂ်ာမနီႏိုင္ငံမွ လာေရာက္ ပညာသင္ေနေသာ Ana ျဖစ္ပါသည္။ အသက္ (၂၆)ႏွစ္ရွိ ၿပီး စီးပြားေရးပညာရပ္မ်ားကို SIAM University တြင္ လာေရာက္သင္ယူရင္း ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕တြင္ ေနထိုင္ေနရျခင္းကို စိတ္လႈပ္ရွားေနသူျဖစ္ပါ သည္။ ထိုင္းႏိုင္ငံ၏ ေက်ာင္းယူနီေဖာင္းမွာ တကၠသိုလ္ ေက်ာင္းသူ၊ ေက်ာင္းသား အားလံုး အက်ႌအျဖဴႏွင့္ ေဘာင္းဘီ၊ စကပ္ အနက္ေရာင္ျဖစ္ပါသည္။ အေရာင္ကို စံသတ္မွတ္ထားေသာ္လည္း ပံုစံဒီဇိုင္းကို မိမိႏွစ္သက္သလို ဝတ္ႏိုင္ပါသည္။ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ရွိ တကၠသိုလ္တြင္ ပညာသင္ရာတြင္ ထိုင္းလူမ်ိဳးမ်ားႏွင့္သာမက ႏိုင္ငံတကာမွ ေက်ာင္းသူ၊ ေက်ာင္းသားမ်ားႏွင့္အတူ ပညာသင္ၾကားရသည့္အတြက္ ယဥ္ေက်းမႈမ်ား အခ်င္းခ်င္း ဖလွယ္ႏိုင္ၾကၿပီး ကမၻာသား (Global Citizen) အျဖစ္ အေလ့အက်င့္ ရရွိသြားေစပါသည္။ အဂၤလိပ္စာႏွင့္ စကားေျပာအေလ့ အက်င့္ေကာင္းမြန္႐ံုသာမက ထိုင္းဘာသာစကားကိုလည္း တတ္ေျမာက္သြားေစႏိုင္ပါသည္။

Housing
ႏိုင္ငံတကာမွ ေက်ာင္းသူ၊ ေက်ာင္းသားမ်ားအေနျဖင့္ သာမန္ Hostel မ်ားတြင္ ေနထိုင္႐ံုသာမက ပိုမိုက်ယ္ဝန္းေကာင္းမြန္ေသာ ကြန္ဒို၊ မီနိမံမ်ားတြင္လည္း ကုန္က်စရိတ္သက္သာစြာျဖင့္ သက္ေတာင့္ သက္သာ ေနႏိုင္ၾကပါသည္။ ကြန္ဒိုအမ်ိဳးအစားအလိုက္ ငွားခႏႈန္းမ်ား မတူေသာ္လည္း ပွ်မ္းမွ်ကုန္က် စရိတ္မွာ မ်ားစြာသက္သာပါသည္။ မ်ားေသာအားျဖင့္ ႏွစ္ေယာက္အိပ္ ကုတင္ႏွစ္လံုး၊ ေလေအးစက္၊ တီဗြီ၊ Wi-Fi ၊ အဝတ္ေလွ်ာ္စက္ စသည္ အစံုပါရွိပါသည္။

အခန္းငွားခ
(Per Semester) Single (THB 40000)
                      Shared (THB 20000)
ရခ၊ မီးခ
ရ တယူနစ္အတြက္ (THB 20)
လွ်ပ္စစ္ တစ္ယူနစ္အတြက္ (THB 7-10)

House Keeping
(သန္႔ရွင္းေရး) တစ္ႀကိမ္လွ်င္ (THB 150)

(Unicode Version)

ဘန်ကောက်တွင် ကျောင်းတက်ကြရအောင်
(Student Life Style)

ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် ကျောင်းတက်ခြင်း၏ ထူးခြားချက်မှာ ပညာသင်ရုံသာမက ကမ္ဘာ့စိတ်လှုပ်ရှားစရာ အကောင်းဆုံးမြို့ကြီးတွင် နေရသော အတွေ့အကြုံကိုပါ ရရှိစေနိုင်ပါသည်။ ထို့အပြင် ပညာသင်စရိတ်နှင့် နေထိုင်မှုစရိတ်မှာလည်း အလွန်သက်သာသောကြောင့်ဖြစ်ပါသည်။ ဘန်ကောက်မြို့တွင် ကမ္ဘာနိုင်ငံအသီးသီးမှ နိုင်ငံခြားသား အများအပြားနေထိုင်လျက်ရှိပြီး ပညာသင်ကြားခြင်း၊ အလုပ်လုပ်ခြင်းစသည်ဖြင့် အခြေချနေထိုင် လျက်ရှိကြပါသည်။ တစ်နှစ်တွင် နိုင်ငံခြားခရီးသွား တိုးရစ်စုစုပေါင်း (၃၂) သန်းကျော် လာရောက်လည်ပတ်သောမြို့ကြီးလည်းဖြစ်ပါသည်။ နိုင်ငံစုံကော်ပိုရေးရှင်းကြီးများ (Multinational Corporation) များ၏ အာရှဒေသ ရုံးချုပ်များလည်းရှိသည့်အတွက် နိုင်ငံခြားသား အများအပြားနေထိုင်ကြခြင်းလည်း ဖြစ်ပါသည်။ SIAM University တွင် ကျောင်းတက်နေသော Ana (၂၀၁၆)ခုနှစ်တွင် ဂျာမနီနိုင်ငံမှ လာရောက် ပညာသင်နေသော Ana ဖြစ်ပါသည်။ အသက် (၂၆)နှစ်ရှိ ပြီး စီးပွားရေးပညာရပ်များကို SIAM University တွင် လာရောက်သင်ယူရင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် နေထိုင်နေရခြင်းကို စိတ်လှုပ်ရှားနေသူဖြစ်ပါသည်။ ထိုင်းနိုင်ငံ၏ ကျောင်းယူနီဖောင်းမှာ တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားအားလုံး အကျႌအဖြူနှင့် ဘောင်းဘီ၊ စကပ် အနက်ရောင်ဖြစ်ပါသည်။ အရောင်ကို စံသတ်မှတ်ထားသော်လည်း ပုံစံဒီဇိုင်းကို မိမိနှစ်သက်သလို ဝတ်နိုင်ပါသည်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ တက္ကသိုလ်တွင် ပညာသင်ရာတွင် ထိုင်းလူမျိုးများနှင့်သာမက နိုင်ငံတကာမှ ကျောင်းသူ၊ ကျောင်းသားများနှင့်အတူ ပညာသင်ကြားရသည့်အတွက် ယဉ်ကျေးမှုများ အချင်းချင်း ဖလှယ်နိုင်ကြပြီး ကမ္ဘာသား (Global Citizen) အဖြစ် အလေ့အကျင့် ရရှိသွားစေပါသည်။ အင်္ဂလိပ်စာနှင့် စကားပြောအလေ့ အကျင့်ကောင်းမွန်ရုံသာမက ထိုင်းဘာသာစကားကိုလည်း တတ်မြောက်သွားစေနိုင်ပါသည်။

Housing
နိုင်ငံတကာမှ ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် သာမန် Hostel များတွင် နေထိုင်ရုံသာမက ပိုမိုကျယ်ဝန်းကောင်းမွန်သော ကွန်ဒို၊ မီနိမံများတွင်လည်း ကုန်ကျစရိတ်သက်သာစွာဖြင့် သက်တောင့်သက်သာ နေနိုင်ကြပါသည်။ ကွန်ဒိုအမျိုးအစားအလိုက် ငှားခနှုန်းများမတူသော်လည်း ပျှမ်းမျှကုန်ကျစရိတ်မှာ များစွာသက်သာပါသည်။ များသောအားဖြင့် နှစ်ယောက်အိပ်ကုတင်နှစ်လုံး၊ လေအေးစက်၊ တီဗွီ၊ Wi-Fi ၊ အဝတ်လျှော်စက် စသည် အစုံပါရှိပါသည်။

အခန်းငှားခ
(Per Semester) Single (THB 40000)
                      Shared (THB 20000)
ရေခ၊ မီးခ
ရေ တယူနစ်အတွက် (THB 20)
လျှပ်စစ် တစ်ယူနစ်အတွက် (THB 7-10)

House Keeping
(သန့်ရှင်းရေး) တစ်ကြိမ်လျှင် (THB 150)







Bangkok ကို သြားၾကမယ္

ဘန္ေကာက္ဆိုတာ တကမၻလံုးက တိုးရစ္ေတြ စုၿပံဳေရာက္ရွိကာ အေရွ႕ ေတာင္အာရွက နာမည္ႀကီး ေနရာတစ္ခုျဖစ္ပါတယ္။ ထိုင္းႏိုင္ငံရဲ႕ၿမိဳ႕ေတာ္ျဖစ္ၿပီး Metropolis လို႔ေခၚတဲ့ ႏိုင္ငံတကာၿမိဳ႕ ႀကီးေတြလို မိုးပ်ံတိုက္ႀကီးေတြ၊ ေျမေပၚေျမေအာက္ အျမန္ရထားေတြ၊ မိုးပ်ံအျမန္လမ္း ႀကီးေတြ ႏိုင္ငံစံုေကာ္ပိုေရးရွင္းႀကီးေတြ၊ ဟိုတယ္ႀကီးေတြ၊ Shopping Center ေတြ ရွိ႐ံု သာမက အာရွယဥ္ေက်းမႈျဖစ္တဲ့ ဘုရားေက်ာင္းကန္ေတြ၊ ထိုင္း႐ိုးရာအစားအေသာက္နဲ႔ ဓေလ့ထံုးစံေတြ အားလံုး ေရာျပြန္းေနတဲ့ ၿမိဳ႕ႀကီးျဖစ္ပါတယ္။ ေခတ္မွီရထားေတြ၊ ကားေတြရွိေပတဲ့ တုတ္တုတ္လို႔ေခၚတဲ့ သံုးဘီးကားကိုလည္း ကမၻာေက်ာ္ေအာင္ လုပ္ထားပါတယ္။ ထိုင္းသေဘၤာသီးသုတ္ ကို (Papaya Salad) ဆိုၿပီး နာမည္ႀကီးေအာင္ လုပ္ထားသလို ခ်ဥ္စပ္ဟင္းကိုလည္း တံုးယန္းဟင္းခ်ိဳ (Ton-yan Soup) ဆိုၿပီး ကမၻာေက်ာ္ေစခဲ့ပါတယ္။ တစ္ကမၻာလံုးက အေဝးႀကီးက လာေနၾကသလို ျမန္မာျပည္နဲ႔ေတာ့ နီးနီးေလးပါ။ ရန္ကုန္ကေန ဘန္ေကာက္ကို (၅၅)မိနစ္၊ မႏၲေလးကေန ဘန္ေကာက္ကို တစ္နာရီ သာသာနဲ႔ ေရာက္ႏိုင္တဲ့ ေနရာျဖစ္ပါတယ္။ မိသားစုအေပ်ာ္ခရီး သြားျခင္တယ္ ဆိုရင္ေတာ့ ကားနဲ႔လည္း နယ္စပ္ကိုျဖတ္ေက်ာ္ၿပီး သြားလို႔ ရေနပါၿပီ။

Grad Palace and Wat Phra Kaew
ျမန္မာလူမ်ိဳးေတြသြားျခင္တဲ့ ျမဘုရားရွိရာ ေနရာဟာ ထိုင္းဘုရင္ေတြရဲ႕ နန္းေတာ္ (Grand Palace) ထဲမွာရွိပါတယ္။ ဘုရင္ကိုးကြယ္ဖို႔ သီးသန္႔ တည္ေဆာက္ ထားတဲ့ဘုရားလို႔ဆိုရင္လည္း မမွားပါဘူး။ (၁၇၈၂)ခုႏွစ္မွာ တည္ေဆာက္ခဲ့ၿပီး ဘုရင္အဆက္ဆက္စံျမန္းခဲ့တဲ့ေနရာ ျဖစ္ပါတယ္။ ထိုင္းအေခၚ Phra Kaew Morakot ျဖစ္တဲ့ ျမဘုရား (Emerald Buddha) ဟာ ျမေက်ာက္တံုးတစ္တံုးထဲနဲ႔ ထုဆစ္ထားတဲ့ အလြန္ၾကည္ညိဳ ဖြယ္ေကာင္းတဲ့ ဘုရားတစ္ဆူျဖစ္ပါတယ္။

Floating Market (ေရေပၚေဈး)
ဘန္ေကာက္ၿမိဳ႕တစ္ခုလံုးမွာ ေက်ာက္ဖုရားျမစ္နဲ႔ ဆက္စပ္ေနတဲ့ ေခ်ာင္းေတြ၊ ေျမာင္းေတြ အမ်ားႀကီးရွိပါတယ္။ ဘန္ေကာက္ၿမိဳ႕သူၿမိဳ႕သားေတြဟာ အဲဒီေခ်ာင္းေတြ၊ ေျမာင္းေတြကို အသံုးျပဳၿပီး ခရီးသြားလာၾကပါတယ္။ အဲဒီလိုဘဲ အဲဒီေခ်ာင္းေတြ၊ ေျမာင္းေတြတစ္ေလွ်ာက္မွာ ေလွနဲ႔ ေဈးေရာင္း ၾကပါတယ္။ အဲဒါကို ႏိုင္ငံတကာကလာတဲ့ တိုးရစ္ေတြအတြက္ Floating Market (ေရေပၚေဈး) ဆိုၿပီး လည့္ပတ္ၾကည့္႐ူစရာျဖစ္ေအာင္ လုပ္ထားပါတယ္။

Cabaret Show
Cabaaret အကပံုစံကို ထိုင္းစတိုင္နဲ႔ ေပါင္းစပ္ေဖာ္ျပတဲ့ အကအဖြဲ႕ျဖစ္ပါတယ္။ အလြန္လွပတဲ့ အျပင္အဆင္ေတြနဲ႔ ကႀကိဳးကကြက္ေတြနဲ႔ ကျပေလ့ရွိပါတယ္။ အားလံုး ေခ်ာေမာလွပတဲ့ ထိုင္းပ်ိဳျဖဴကေလးမ်ားလို႔ ထင္ရပါတယ္။ အမွန္တကယ္မွာ အမ်ိဳးသမီးအျဖစ္ လိင္အဂၤါေျပာင္းထားေသာ အမ်ိဳးသားမ်ားျဖစ္ပါတယ္။ ဒါေပမယ့္ အမ်ိဳးသမီးေတြထက္ ပိုလွၿပီး အကလည္းေတာ္လို႔ ဘန္ေကာက္ ကို ေရာက္ရင္ Cabaret Show ကို မျဖစ္ျဖစ္ေအာင္ သြားၾကည့္ေလ့ရွိၾကပါတယ္

(Unicode Version)

Bangkok ကို သွားကြမယ်
ဘန်ကောက်ဆိုတာ တကမ္ဘလုံးက တိုးရစ်တွေ စုပြုံရောက်ရှိကာ အရှေ့ တောင်အာရှက နာမည်ကြီး နေရာတစ်ခုဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့မြို့တော်ဖြစ်ပြီး Metropolis လို့ခေါ်တဲ့ နိုင်ငံတကာမြို့ ကြီးတွေလို မိုးပျံတိုက်ကြီးတွေ၊ မြေပေါ်မြေအောက် အမြန်ရထားတွေ၊ မိုးပျံ အမြန်လမ်းကြီးတွေ နိုင်ငံစုံကော်ပိုရေးရှင်းကြီးတွေ၊ ဟိုတယ်ကြီးတွေ၊ Shopping Center တွေ ရှိရုံ သာမက အာရှယဉ်ကျေးမှုဖြစ်တဲ့ ဘုရားကျောင်းကန်တွေ၊ ထိုင်းရိုးရာအစားအသောက်နဲ့ ဓလေ့ထုံးစံတွေအားလုံး ရောပြွန်းနေတဲ့ မြို့ကြီးဖြစ်ပါတယ်။ ခေတ်မှီရထားတွေ၊ ကားတွေရှိပေတဲ့ တုတ်တုတ်လို့ခေါ်တဲ့ သုံးဘီးကားကိုလည်း ကမ္ဘာကျော်အောင် လုပ်ထားပါတယ်။ ထိုင်းသင်္ဘောသီးသုတ် ကို (Papaya Salad) ဆိုပြီး နာမည်ကြီးအောင် လုပ်ထားသလို ချဉ်စပ်ဟင်းကိုလည်း တုံးယန်းဟင်းချို (Ton-yan Soup) ဆိုပြီး ကမ္ဘာကျော်စေခဲ့ပါတယ်။ တစ်ကမ္ဘာလုံးက အဝေးကြီးက လာနေကြသလို မြန်မာပြည်နဲ့တော့ နီးနီးလေးပါ။ ရန်ကုန်ကနေ ဘန်ကောက်ကို (၅၅)မိနစ်၊ မန္တလေးကနေ ဘန်ကောက်ကို တစ်နာရီသာသာနဲ့ ရောက်နိုင်တဲ့ နေရာဖြစ်ပါတယ်။ မိသားစုအပျော်ခရီး သွားခြင်တယ် ဆိုရင်တော့ ကားနဲ့လည်း နယ်စပ်ကိုဖြတ်ကျော်ပြီး သွားလို့ ရနေပါပြီ။

Grad Palace and Wat Phra Kaew
မြန်မာလူမျိုးတွေသွားခြင်တဲ့ မြဘုရားရှိရာ နေရာဟာ ထိုင်းဘုရင်တွေရဲ့ နန်းတော် (Grand Palace) ထဲမှာရှိပါတယ်။ ဘုရင်ကိုးကွယ်ဖို့ သီးသန့်တည်ဆောက် ထားတဲ့ဘုရားလို့ဆိုရင်လည်း မမှားပါဘူး။ (၁၇၈၂)ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး ဘုရင်အဆက်ဆက်စံမြန်းခဲ့တဲ့နေရာ ဖြစ်ပါတယ်။ ထိုင်းအခေါ် Phra Kaew Morakot ဖြစ်တဲ့ မြဘုရား (Emerald Buddha) ဟာ မြကျောက်တုံးတစ်တုံးထဲနဲ့ ထုဆစ်ထားတဲ့ အလွန်ကြည်ညိုဖွယ်ကောင်းတဲ့ ဘုရားတစ်ဆူဖြစ်ပါတယ်။

Floating Market (ရေပေါ်ဈေး)
ဘန်ကောက်မြို့တစ်ခုလုံးမှာ ကျောက်ဖုရားမြစ်နဲ့ ဆက်စပ်နေတဲ့ ချောင်းတွေ၊ မြောင်းတွေ အများကြီးရှိပါတယ်။ ဘန်ကောက်မြို့သူမြို့သားတွေဟာ အဲဒီချောင်းတွေ၊ မြောင်းတွေကို အသုံးပြုပြီး ခရီးသွားလာကြပါတယ်။ အဲဒီလိုဘဲ အဲဒီချောင်းတွေ၊ မြောင်းတွေတစ်လျှောက်မှာ လှေနဲ့ ဈေးရောင်းကြပါတယ်။ အဲဒါကို နိုင်ငံတကာကလာတဲ့ တိုးရစ်တွေအတွက် Floating Market (ရေပေါ်ဈေး) ဆိုပြီး လည့်ပတ်ကြည့်ရူစရာဖြစ်အောင် လုပ်ထားပါတယ်။

Cabaret Show
Cabaaret အကပုံစံကို ထိုင်းစတိုင်နဲ့ ပေါင်းစပ်ဖော်ပြတဲ့ အကအဖွဲ့ဖြစ်ပါတယ်။ အလွန်လှပတဲ့အပြင်အဆင်တွေနဲ့ ကကြိုးကကွက်တွေနဲ့ ကပြလေ့ရှိပါတယ်။ အားလုံး ချောမောလှပတဲ့ ထိုင်းပျိုဖြူကလေးများလို့ ထင်ရပါတယ်။ အမှန်တကယ်မှာ အမျိုးသမီးအဖြစ် လိင်အင်္ဂါပြောင်းထားသော အမျိုးသားများဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေထက် ပိုလှပြီး အကလည်းတော်လို့ ဘန်ကောက်ကို ရောက်ရင် Cabaret Show ကို မဖြစ်ဖြစ်အောင် သွားကြည့်လေ့ရှိကြပါတယ်
 
 
 
 

SIAM University President Dr. Ponchai

SIAM University ၏ ဥကၠ႒မွာ Dr. Ponchai ျဖစ္ပါသည္။ လက္ရွိတြင္ International Association of Universities (IAU) ၏ ဥကၠ႒လည္း ျဖစ္ပါ သည္။ လြန္ခဲ့ေသာ ႏွစ္ေပါင္း (၅၀)ေက်ာ္ (၁၉၆၅)ခုႏွစ္တြင္ ထိုင္းႏိုင္ငံ၌ တည္ေထာင္ခဲ့ေသာပုဂၢလိကပိုင္တကၠသိုလ္ ျဖစ္ပါသည္။ ထိုင္းႏိုင္ငံ၏ ပုဂၢလိက တကၠသိုလ္မ်ားအနက္ ပဥၥမ အႀကီးဆံုး တကၠသိုလ္ႀကီး တစ္ခုျဖစ္ ပါသည္။ ထိုင္းႏိုင္ငံ ပညာေရးဝန္ႀကီး ဌာန၊ အဆင့္ျမင့္ပညာေရးေကာ္မရွင္၏ အကဲျဖတ္မႈအရ SIAM University သည္ ထိုင္းႏိုင္ငံ တစ္ခုလံုးရွိ အစိုးရ၊ ပုဂၢလိကတကၠသိုလ္အားလံုးအနက္ အေကာင္းဆံုးတကၠသိုလ္ (၁၀)ခုတြင္ပါဝင္ပါသည္။ လက္ရွိ အခ်ိန္တြင္ ျပည္တြင္းျပည္ပမွ ေက်ာင္း သူ၊ ေက်ာင္းသားေပါင္း (၄၀ဝ၀ဝ)ေက်ာ္ တက္ေရာက္ ပညာသင္ၾကား လ်က္ရွိပါသည္။ အသိအမွတ္ျပဳမႈမ်ားမွာ 

Ministry of Education, Thailand
International Association of University (IAU)
Association of Southeast Asian Institution of Higher Learning (ASAIHL)
Association of Universities in Asia and Pacefic (AUAP)
International Association of Europe Hotel Schools (EUHOFA)
The Asian Regional Training and Development Organization (ARTDO)
University Mobility in Asia and the Pacefic (UMAP)
The Association of Advance Collegate Schools of Business (AACSB)
The Global University Network for in (GUNI)
World Association of Cooperative Edvance (WACE)

SIAM University ၏ Campus တြင္ အေဆာက္အဦေပါင္း (၂၀)ပါဝင္ဖြဲ႕စည္းတည္ေဆာက္ထားၿပီး (၁၉၉၅) ခုႏွစ္တြင္ တည္ေဆာက္ ခဲ့ေသာ ပင္မေဆာင္ Main Building လည္း ပါဝင္ပါသည္။ ယင္းပင္မေဆာင္ သည္ စတုရန္းမီတာ (၅၀ဝ၀ဝ) ေက်ာ္ က်ယ္ဝန္းၿပီး စာသင္ ခန္းမ်ား၊ လက္ေတြ႕ခန္းမ်ား၊ သုေတသနဌာနႏွင့္ အျပည္ျပည္ဆိုင္ရာ ကြန္ဖရင့္မ်ား က်င္းပရာ ခန္းမမ်ားလည္း ပါဝင္ပါသည္။ ေက်ာင္းသူ ေက်ာင္းမ်ားအတြက္ အားကစား၊ အႏုပညာႏွင့္ ဝါသနာတူရာ Club မ်ားလည္းရွိသကဲ့သို႔ စားေသာက္ဆိုင္မ်ား၊ ဘဏ္မ်ားကိုလည္း Campus အတြင္း ဖြင့္လွစ္ေပးထား ပါသည္။ ႏိုင္ငံတကာမွ လာေရာက္ေသာ ေက်ာင္းသူ၊ ေက်ာင္းသား မ်ားအတြက္ SIAM University အနီးတြင္ ဖြင့္လွစ္ထားေသာ Hostel မ်ားရွိပါသည္။ ေခတၲခဏလာ ေရာက္ေသာမိဘမ်ား အတြက္ လည္း ေက်ာင္းအနီးတစ္ဝိုက္တြင္ ဟိုတယ္မ်ားလည္း ရွိပါသည္။ SIAM University ၏ သင္ၾကားပံု သင္ၾကားနည္းသည္ သာမန္တကၠသိုလ္တစ္ခု၏ Academic ပံုစံ သင္ၾကားျခင္းမ်ိဳးသာမဟုတ္ ဘာသာရပ္နယ္ပါယ္အလိုက္ ကြ်မ္းက်င္မႈအတြက္ကိုပါ အေလးထားသင္ၾကားပါသည္။

(Unicode Version)

SIAM University President Dr. Ponchai
SIAM University ၏ ဥက္ကဋ္ဌမှာ Dr. Ponchai ဖြစ်ပါသည်။ လက်ရှိတွင် International Association of Universities (IAU) ၏ ဥက္ကဋ္ဌလည်း ဖြစ်ပါသည်။ လွန်ခဲ့သော နှစ်ပေါင်း (၅၀)ကျော် (၁၉၆၅)ခုနှစ်တွင် ထိုင်းနိုင်ငံ၌ တည်ထောင်ခဲ့သောပုဂ္ဂလိကပိုင်တက္ကသိုလ် ဖြစ်ပါသည်။ ထိုင်းနိုင်ငံ၏ ပုဂ္ဂလိကတက္ကသိုလ်များအနက် ပဥ္စမ အကြီးဆုံး တက္ကသိုလ်ကြီး တစ်ခုဖြစ်ပါသည်။ ထိုင်းနိုင်ငံ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာရေးကော်မရှင်၏ အကဲဖြတ်မှုအရ SIAM University သည် ထိုင်းနိုင်ငံ တစ်ခုလုံးရှိ အစိုးရ၊ ပုဂ္ဂလိကတက္ကသိုလ်အားလုံးအနက် အကောင်းဆုံးတက္ကသိုလ် (၁၀)ခုတွင်ပါဝင်ပါသည်။ လက်ရှိအချိန်တွင် ပြည်တွင်းပြည်ပမှ ကျောင်းသူ၊ ကျောင်းသားပေါင်း (၄၀ဝဝဝ)ကျော် တက်ရောက်ပညာသင်ကြားလျက်ရှိပါသည်။ အသိအမှတ်ပြုမှုများမှာ

Ministry of Education, Thailand
International Association of University (IAU)
Association of Southeast Asian Institution of Higher Learning (ASAIHL)
Association of Universities in Asia and Pacefic (AUAP)
International Association of Europe Hotel Schools (EUHOFA)
The Asian Regional Training and Development Organization (ARTDO)
University Mobility in Asia and the Pacefic (UMAP)
The Association of Advance Collegate Schools of Business (AACSB)
The Global University Network for in (GUNI)
World Association of Cooperative Edvance (WACE)

SIAM University ၏ Campus တွင် အဆောက်အဦပေါင်း (၂၀)ပါဝင်ဖွဲ့စည်းတည်ဆောက်ထားပြီး (၁၉၉၅) ခုနှစ်တွင် တည်ဆောက်ခဲ့သော ပင်မဆောင် Main Building လည်း ပါဝင်ပါသည်။ ယင်းပင်မဆောင်သည် စတုရန်းမီတာ (၅၀ဝဝဝ) ကျော် ကျယ်ဝန်းပြီး စာသင် ခန်းများ၊ လက်တွေ့ခန်းများ၊ သုတေသနဌာနနှင့် အပြည်ပြည်ဆိုင်ရာ ကွန်ဖရင့်များ ကျင်းပရာ ခန်းမများလည်း ပါဝင်ပါသည်။ ကျောင်းသူ ကျောင်းများအတွက် အားကစား၊ အနုပညာနှင့် ဝါသနာတူရာ Club များလည်းရှိသကဲ့သို့ စားသောက်ဆိုင်များ၊ ဘဏ်များကိုလည်း Campus အတွင်း ဖွင့်လှစ်ပေးထားပါသည်။ နိုင်ငံတကာမှ လာရောက်သော ကျောင်းသူ၊ ကျောင်းသား များအတွက် SIAM University အနီးတွင် ဖွင့်လှစ်ထားသော Hostel များရှိပါသည်။ ခေတ္တခဏလာ ရောက်သောမိဘများ အတွက်လည်း ကျောင်းအနီးတစ်ဝိုက်တွင် ဟိုတယ်များလည်း ရှိပါသည်။ SIAM University ၏ သင်ကြားပုံ သင်ကြားနည်းသည် သာမန်တက္ကသိုလ်တစ်ခု၏ Academic ပုံစံ သင်ကြားခြင်းမျိုးသာမဟုတ် ဘာသာရပ်နယ်ပါယ်အလိုက် ကျွမ်းကျင်မှုအတွက်ကိုပါ အလေးထားသင်ကြားပါသည်။

  






စီးပြားေရးလုပ္ငန္းစီမံခန္႔ခြဲမႈ (Business Administration) ဆိုသည္မွာ

ယေန႔အခ်ိန္အခါသည္ ျမန္မာႏိုင္ငံ ၌ ေဈးကြက္စီးပြားေရးစနစ္ျဖင့္ စီးပြားေရး လုပ္ငန္းမ်ားကို လြတ္လပ္စြာ လုပ္ကိုင္ႏိုင္ ေနၿပီျဖစ္ရာ ေနရာေဒသအသီးသီးတြင္ စီးပြားေရးလုပ္ငန္းမ်ားကို အေသးစား၊ အလတ္စား၊ အႀကီးစားပံုစံ အသီးသီးျဖင့္ ေဆာင္ရြက္ လုပ္ကိုင္ လ်က္ရွိသည္။ စီးပြားေရးလုပ္ငန္းမ်ားကို လုပ္ကိုင္ရာတြင္ မိ႐ိုးဖလာ အေတြ႕အႀကံဳေပၚမူတည္၍ လုပ္ကိုင္လ်က္ ရွိေနၾကရာမွ ေခတ္မီစီးပြားေရး လုပ္ငန္း ပံုစံမ်ိဳးကို ေျပာင္းလဲလုပ္ကိုင္ ေဆာင္ရြက္လ်က္ရွိရာ သာမာန္ အသိပညာျဖင့္လုပ္ကိုင္၍ မရေတာ့ဘဲ စီးပြားေရးလုပ္ငန္းစီမံခန္႔ခြဲမႈ Business Administration ကို ပညာရပ္တစ္ခုအေနျဖင့္ ေလ့လာဆည္းပူးရန္ လိုအပ္လာပါသည္။ မိမိကိုယ္ပိုင္စီးပြားေရး လုပ္ငန္းကို လုပ္ကိုင္သည္ျဖစ္ေစ၊ အျခားလုပ္ငန္းတစ္ခုခုတြင္ စီမံခန္႔ခြဲေရးတာဝန္ ထမ္းေဆာင္ရသည့္ ဝန္ထမ္းအျဖစ္ ဝင္ေရာက္လုပ္ကိုင္ရန္အတြက္ျဖစ္ေစ၊ စီးပြားေရးလုပ္ငန္း စီမံခန္႔ခြဲမႈ Business Administration ကို သင္ၾကားရေတာ့ မည္ျဖစ္သည္။

စီးပြားေရးလုပ္ငန္း Business
စီးပြားေရးလုပ္ငန္းဆိုသည္မွာ အက်ိဳးအျမတ္ရလိုမႈတစ္ခုခုအတြက္ ကုန္ပစၥည္း တစ္ခုခုကို ထုတ္လုပ္ျခင္း၊ ေရာင္းဝယ္ျခင္း သို႔မဟုတ္ ေဆာင္ရြက္မႈ တစ္ခုခုေပးျခင္းတို႔ ျပဳလုပ္ခိုင္းရန္ ဖြဲ႕စည္းေဆာင္ ရြက္ေသာ လုပ္ငန္းတစ္ခုခုကိုိုလိုပါသည္။

စီးပြားေရးလုပ္ငန္းကို ေလ့လာရေသာ အေၾကာင္းအရင္း
(Why Study Business?)
လူမႈပတ္ဝန္းက်င္တစ္ခုလံုးသည္ စီးပြားေရး (Business) တစ္ခုခု သို႔မဟုတ္ တစ္ခုႏွင့္ ဆက္စပ္ပါတ္သတ္ရန္လိုပါသည္။ လူတိုင္း၏ေန႔စဥ္ဘဝသည္လည္း စီးပြားေရး တစ္ခုခုေပၚတြင္ တည္မွီေနၾကရပါသည္။ ထို႕ေၾကာင့္ စီးပြားေရး လုပ္ငန္း၏ သေဘာသဘာဝကို နားလည္မွသာ မိမိဘဝတိုးတက္ရန္၊ မိမိလုပ္ငန္းေအာင္ျမင္ရန္ ေဆာင္ရြက္ႏိုင္မည္ ျဖစ္သျဖင့္ စီးပြားေရးလုပ္ငန္း၏ သဘာဝကို နားလည္ေအာင္ ႀကိဳးပမ္းၾကရျခင္းျဖစ္ပါသည္။

စီးပြားေရးလုပ္ငန္း ဘယ္လိုအလုပ္လုပ္သလဲ
(How Business Work?)

စီးပြားေရးလုပ္ငန္းလုပ္ကိုင္ရန္ ပထမဆံုး ဖြဲ႕စည္းေဆာင္ရြက္ရမည္ျဖစ္ ပါသည္။ ေယဘုယ်အားျဖင့္ လုပ္ငန္းအငယ္စား (Small and Median Size) မွ လုပ္ငန္းအႀကီးဆံုး (Large Exterprise) အထိ ေအာက္ပါပံုစံတစ္မ်ိဳးမ်ိဳးျဖင့္ ဖြဲ႕စည္းေဆာင္ရြက္ႏိုင္ပါသည္။
(က) တစ္ဦးပိုင္လုပ္ငန္း
(Sole Proprietorship)
(ခ) အစုစပ္လုပ္ငန္း
(Partnerships)
(ဂ) ပုဂၢလိကပိုင္လီမိတက္ကုမၸဏီ
(Private Limited Company)
(ဃ) အမ်ားပိုင္လီမိတက္ကုမၸဏီ
(Public Limited Company)
အထက္ပါပံုစံမ်ား၏ ကြဲျပားျခားနားပံုမွာ ရင္းႏွီးေငြထည့္ဝင္မႈ၊ စီမံအုပ္ခ်ဳပ္မႈ အပိုင္းတြင္ပါဝင္မႈ အက်ိဳးအျမတ္ခြဲေဝျဖန္႕ျဖဴးမႈတို႕အေပၚတြင္ မူတည္ပါသည္။ လုပ္ငန္းအရြယ္အစားမႀကီးပဲ ေျခႏိုင္ လက္ႏိုင္လုပ္ႏိုင္လွ်င္ လိုအပ္ေသာ အရင္းအႏွီးကို တစ္ဦးတည္းမွ ထည့္ဝင္ကာ တစ္ဦးတည္း စိတ္ႀကိဳက္ စီမံခန္႕ခြဲၿပီး ရွိလာေသာအက်ိဳးအျမတ္မ်ားကို တစ္ဦးတည္းခံစားႏိုင္ေသာ ပံုစံမွာ တစ္ဦးတည္ပိုင္လုပ္ငန္း (Sole Proprietorship) ျဖစ္ပါသည္။ မိမိတစ္ဦးတည္း ရင္းႏွီးေငြ၊ ကြ်မ္းက်င္မႈ စသည္တို႔ ႏွင့္ မလံုေလာက္ေသာအခါ အစုစပ္လုပ္ငန္း (Partnerships) ပံုစံကို လုပ္တတ္ၾကပါသည္။ တစ္ဦးထက္မက ရင္းႏွီးမႈစပ္တူ ထည့္ဝင္ၾကၿပီး၊ စီမံခန္႕ခြဲမႈကိုလည္း တြဲဖက္လုပ္ကိုင္ကာ အက်ိဳးအျမတ္ကိုလည္း သေဘာတူထားေသာ အခ်ိဳးအစားျဖင့္ ခြဲေဝယူၾကပါသည္။ အစုစပ္လုပ္ႏိုင္ေသာ ပမာဏထက္ ပိုမိုႀကီးမားလာေသာ လုပ္ငန္းမ်ိဳးကို ကုမၸဏီအျဖစ္ မွတ္ပံုတင္ၿပီးဖြဲ႔စည္းကာ လုပ္ကိုင္ေလ့ရွိပါသည္။ ကုမၸဏီတည္ေထာင္ရာတြင္ ပုဂၢလိကပိုင္ကုမၸဏီႏွင့္ အမ်ားပိုင္ကုမၸဏီဟူ၍ ႏွစ္မ်ိဳးရွိရာ ရွယ္ယာရွင္ အနည္းဆံုး(၂)ဦးမွ အမ်ားဆံုး(၅၀)ဦးအထိရွိလွ်င္ ပုဂၢလိကပိုင္ကုမၸဏီဟုေခၚၿပီး ရွယ္ယာရွင္ အနည္းဆံုး(၇)ဦးမွ အမ်ားဆံုး အကန္႔အသတ္မရွိပါဝင္ေစလိုလွ်င္ အမ်ားပိုင္ကုမၸဏီအျဖစ္ ဖြဲ႕စည္း တည္ေထာင္လုပ္ကိုင္ၾကသည္။ စီးပြားေရးလုပ္ငန္းကို ဘယ္လိုမဟာဗ်ဴဟာ နဲ႕လုပ္မည္လဲ (Knowing What Strating is) စီးပြားေရးလုပ္ငန္းကို အာင္ျမင္စြာ လုပ္ကိုင္ႏိုင္ရန္ မဟာဗ်ဴဟာ (Business Strategy) လိုအပ္သည့္ မည္သည့္ေနရာတြင္ မည္သည္႕အခ်ိန္၌ မည္သည္႔အလုပ္ကို မည္သူ႕အတြက္ မည္သည္႕အတြက္လုပ္မည္ကို ဆံုးျဖတ္ျခင္းမွာ စီးပြားေရးလုပ္ငန္း၏ မဟာဗ်ဴဟာပင္ျဖစ္ပါသည္။ တစ္နည္းအား ျဖင့္စီးပြားေရးမဟာဗ်ဴဟာသည္ အနာဂတ္ကာလရွည္အတြက္ လုပ္ငန္းတစ္ခုတိုင္းႏွင့္ သက္ဆိုင္ေသာ လမ္းၫႊန္သေဘာမ်ိဳး ျဖစ္ပါသည္။
(The long view of the big picture)
- What do you do?
- When do you do it?
- Where do you do it?
- Why do you do it?
- For Whom do you do it?

(Unicode Version)

စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု (Business Administration) ဆိုသည်မှာ
ယနေ့အချိန်အခါသည် မြန်မာနိုင်ငံ ၌ ဈေးကွက်စီးပွားရေးစနစ်ဖြင့် စီးပွားရေး လုပ်ငန်းများကို လွတ်လပ်စွာ လုပ်ကိုင်နိုင် နေပြီဖြစ်ရာ နေရာဒေသအသီးသီးတွင် စီးပွားရေးလုပ်ငန်းများကို အသေးစား၊ အလတ်စား၊ အကြီးစားပုံစံ အသီးသီးဖြင့် ဆောင်ရွက်လုပ်ကိုင်လျက်ရှိသည်။ စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ရာတွင် မိရိုးဖလာ အတွေ့အကြုံပေါ်မူတည်၍ လုပ်ကိုင်လျက် ရှိနေကြရာမှ ခေတ်မီစီးပွားရေးလုပ်ငန်းပုံစံမျိုးကို ပြောင်းလဲလုပ်ကိုင် ဆောင်ရွက်လျက်ရှိရာ သာမာန်အသိပညာဖြင့်လုပ်ကိုင်၍ မရတော့ဘဲ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု Business Administration ကို ပညာရပ်တစ်ခုအနေဖြင့် လေ့လာဆည်းပူးရန် လိုအပ်လာပါသည်။ မိမိကိုယ်ပိုင်စီးပွားရေး လုပ်ငန်းကို လုပ်ကိုင်သည်ဖြစ်စေ၊ အခြားလုပ်ငန်းတစ်ခုခုတွင် စီမံခန့်ခွဲရေးတာဝန် ထမ်းဆောင်ရသည့်ဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်ရန်အတွက်ဖြစ်စေ၊ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု Business Administration ကို သင်ကြားရတော့ မည်ဖြစ်သည်

စီးပွားရေးလုပ်ငန်း Business
စီးပွားရေးလုပ်ငန်းဆိုသည်မှာ အကျိုးအမြတ်ရလိုမှုတစ်ခုခုအတွက် ကုန်ပစ္စည်းတစ်ခုခုကို ထုတ်လုပ်ခြင်း၊ ရောင်းဝယ်ခြင်း သို့မဟုတ် ဆောင်ရွက်မှုတစ်ခုခုပေးခြင်းတို့ ပြုလုပ်ခိုင်းရန် ဖွဲ့စည်းဆောင်ရွက်သော လုပ်ငန်းတစ်ခုခုကိိုုလိုပါသည်။

စီးပွားရေးလုပ်ငန်းကို လေ့လာရသော အကြောင်းအရင်း
(Why Study Business?)
လူမှုပတ်ဝန်းကျင်တစ်ခုလုံးသည် စီးပွားရေး (Business) တစ်ခုခု သို့မဟုတ် တစ်ခုနှင့်ဆက်စပ်ပါတ်သတ်ရန်လိုပါသည်။ လူတိုင်း၏နေ့စဉ်ဘဝသည်လည်း စီးပွားရေး တစ်ခုခုပေါ်တွင် တည်မှီနေကြရပါသည်။ ထို့ကြောင့် စီးပွားရေးလုပ်ငန်း၏ သဘောသဘာဝကို နားလည်မှသာ မိမိဘဝတိုးတက်ရန်၊ မိမိလုပ်ငန်းအောင်မြင်ရန် ဆောင်ရွက်နိုင်မည် ဖြစ်သဖြင့် စီးပွားရေးလုပ်ငန်း၏ သဘာဝကို နားလည်အောင် ကြိုးပမ်းကြရခြင်းဖြစ်ပါသည်။

စီးပွားရေးလုပ်ငန်း ဘယ်လိုအလုပ်လုပ်သလဲ
(How Business Work?)

စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန် ပထမဆုံး ဖွဲ့စည်းဆောင်ရွက်ရမည်ဖြစ်ပါသည်။ ယေဘုယျအားဖြင့် လုပ်ငန်းအငယ်စား (Small and Median Size) မှ လုပ်ငန်းအကြီးဆုံး (Large Exterprise) အထိ အောက်ပါပုံစံတစ်မျိုးမျိုးဖြင့် ဖွဲ့စည်းဆောင်ရွက်နိုင်ပါသည်။
(က) တစ်ဦးပိုင်လုပ်ငန်း
(Sole Proprietorship)
(ခ) အစုစပ်လုပ်ငန်း
(Partnerships)
(ဂ) ပုဂ္ဂလိကပိုင်လီမိတက်ကုမ္ပဏီ
(Private Limited Company)
(ဃ) အများပိုင်လီမိတက်ကုမ္ပဏီ
(Public Limited Company)
အထက်ပါပုံစံများ၏ ကွဲပြားခြားနားပုံမှာ ရင်းနှီးငွေထည့်ဝင်မှု၊ စီမံအုပ်ချုပ်မှု အပိုင်းတွင်ပါဝင်မှု အကျိုးအမြတ်ခွဲဝေဖြန့်ဖြူးမှုတို့အပေါ်တွင် မူတည်ပါသည်။ လုပ်ငန်းအရွယ်အစားမကြီးပဲ ခြေနိုင် လက်နိုင်လုပ်နိုင်လျှင် လိုအပ်သော အရင်းအနှီးကို တစ်ဦးတည်းမှ ထည့်ဝင်ကာ တစ်ဦးတည်း စိတ်ကြိုက် စီမံခန့်ခွဲပြီး ရှိလာသောအကျိုးအမြတ်များကို တစ်ဦးတည်းခံစားနိုင်သော ပုံစံမှာ တစ်ဦးတည်ပိုင်လုပ်ငန်း (Sole Proprietorship) ဖြစ်ပါသည်။ မိမိတစ်ဦးတည်း ရင်းနှီးငွေ၊ ကျွမ်းကျင်မှု စသည်တို့ နှင့် မလုံလောက်သောအခါ အစုစပ်လုပ်ငန်း (Partnerships) ပုံစံကို လုပ်တတ်ကြပါသည်။ တစ်ဦးထက်မက ရင်းနှီးမှုစပ်တူ ထည့်ဝင်ကြပြီး၊ စီမံခန့်ခွဲမှုကိုလည်း တွဲဖက်လုပ်ကိုင်ကာ အကျိုးအမြတ်ကိုလည်း သဘောတူထားသော အချိုးအစားဖြင့် ခွဲဝေယူကြပါသည်။ အစုစပ်လုပ်နိုင်သော ပမာဏထက် ပိုမိုကြီးမားလာသော လုပ်ငန်းမျိုးကို ကုမ္ပဏီအဖြစ် မှတ်ပုံတင်ပြီးဖွဲ့စည်းကာ လုပ်ကိုင်လေ့ရှိပါသည်။ ကုမ္ပဏီတည်ထောင်ရာတွင် ပုဂ္ဂလိကပိုင်ကုမ္ပဏီနှင့် အများပိုင်ကုမ္ပဏီ ဟူ၍ နှစ်မျိုးရှိရာ ရှယ်ယာရှင်အနည်းဆုံး(၂)ဦးမှ အများဆုံး(၅၀)ဦးအထိရှိလျှင် ပုဂ္ဂလိကပိုင်ကုမ္ပဏီဟုခေါ်ပြီး ရှယ်ယာရှင်အနည်းဆုံး(၇)ဦးမှ အများဆုံး အကန့်အသတ် မရှိပါဝင်စေလိုလျှင် အများပိုင်ကုမ္ပဏီအဖြစ် ဖွဲ့စည်းတည်ထောင်လုပ်ကိုင်ကြသည်။ စီးပွားရေးလုပ်ငန်းကို ဘယ်လိုမဟာဗျူဟာ နဲ့လုပ်မည်လဲ (Knowing What Strating is) စီးပွားရေးလုပ်ငန်းကို အာင်မြင်စွာ လုပ်ကိုင်နိုင်ရန် မဟာဗျူဟာ (Business Strategy) လိုအပ်သည့် မည်သည့်နေရာတွင် မည်သည့်အချိန်၌ မည်သည့်အလုပ်ကို မည်သူ့အတွက် မည်သည့်အတွက်လုပ်မည်ကို ဆုံးဖြတ်ခြင်းမှာ စီးပွားရေးလုပ်ငန်း၏ မဟာဗျူဟာပင်ဖြစ်ပါသည်။ တစ်နည်းအား ဖြင့်စီးပွားရေးမဟာဗျူဟာသည် အနာဂတ်ကာလရှည်အတွက် လုပ်ငန်းတစ်ခု တိုင်းနှင့်သက်ဆိုင်သော လမ်းညွှန်သဘောမျိုး ဖြစ်ပါသည်။
(The long view of the big picture)
- What do you do?
- When do you do it?
- Where do you do it?
- Why do you do it?
- For Whom do you do it?






MCC SIAM University ၏ နာမည္ႀကီး BBA Program

MCC ႏွင့္ Siam University တို႔ ပူးေပါင္းဖြင့္လွစ္ေသာ စီးပြားေရးစီမံခန္႔ခြဲမႈ ပညာ ဒီဂရီအစီအစဥ္ျဖစ္ပါသည္။ MCC တြင္ (၂)ႏွစ္၊ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရွိ Siam University တြင္ (၂)ႏွစ္ တက္ေရာက္ၿပီး Siam University မွ ခ်ီးျမႇင့္မည့္ BBA (Bachelor of Business Administration) ဘြဲ႕ကို ရရွိမည္ျဖစ္ပါသည္။ MCC ႏွင့္ Siam University တို႔ ပူးေပါင္း ဖြင့္လွစ္ေသာ BBA Program ကို ေက်ာင္းသူ၊ ေက်ာင္းသားမ်ားႏွင့္ မိဘမ်ား စိတ္ဝင္စားၾကပါသည္။ ျမန္မာႏိုင္ငံ MCC တြင္ (၂)ႏွစ္ တက္ရၿပီး ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရွိ Siam University တြင္ (၂) ႏွစ္ တက္ေရာက္ရေသာ (Training Program) ျဖစ္သည့္အတြက္ ေအာက္ပါ အက်ိဳးတရားမ်ား ရရွိေသာေၾကာင့္ ျဖစ္ပါသည္။
တကၠသိုလ္ဝင္တန္း ေအာင္ျမင္ၿပီး MCC တြင္ (၂)ႏွစ္ ပညာသင္ၿပီး တတိယႏွစ္တြင္မွ SIAM University သို႔ သြားေရာက္ရသည့္ အတြက္ ေက်ာင္းသူ၊ ေက်ာင္းသားမ်ားသည္ အသက္ (၁၈) ႏွစ္ေက်ာ္ၿပီး ရင့္က်က္သြားသည့္အရြယ္တြင္မွ ႏိုင္ငံျခားသို႔ေစလႊတ္ရသည့္ အတြက္ ပိုၿပီးစိတ္ခ်ျခင္း၊ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕သည္ ကမၻာ့ႏိုင္ငံတကာ ကုမၸဏီႀကီးမ်ား၏ ေဒသ ႐ံုးခ်ဳပ္ မ်ားရွိၿပီး ေခတ္မီၿမိဳ႕ႀကီး (Metropolitan) ျဖစ္သည့္အတြက္ ကမၻာ့အဆင့္ ႏိုင္ငံတကာ အေတြ႕အႀကံဳမ်ား ရရွိႏိုင္ျခင္း၊ ထိုင္းႏိုင္ငံသည္ ျမန္မာႏိုင္ငံႏွင့္ ဘာသာေရးႏွင့္ ယဥ္ေက်းမႈဆင္တူျခင္း၊ စားေသာက္ ေနထိုင္မႈ ပံုစခ်င္းတူျခင္း၊ လူေနမႈကုန္က်စရိတ္သက္သာျခင္း၊ တစ္နာရီအတြင္း ျမန္မာႏိုင္ငံမွ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕သို႔ ေရာက္ ရွိႏိုင္ျခင္း၊ ေန႔စဥ္ ရန္ကုန္-ဘန္ေကာက္ ေလယာဥ္ခရီးစဥ္မ်ား နံနက္မွညအထိ တစ္ေန႔လံုးရွိျခင္း၊ မႏၲေလး-ဘန္ေကာက္ တိုက္႐ိုက္သြားႏိုင္ျခင္း၊ ေလယာဥ္ ခရီးစရိတ္ သက္သာျခင္းတို႔ေၾကာင့္ အေရးတႀကီးကိစၥရွိလွ်င္ မိဘႏွင့္ ေက်ာင္းသူ၊ ေက်ာင္းသားမ်ား အခ်ိန္တိုအတြင္း ခ်က္ခ်င္း သြားႏိုင္၊ ျပန္ႏိုင္ျခင္း၊ ဘန္ေကာက္ၿမိဳ႕သည္ ကမၻာလွည့္ခရီးသြားမ်ား လည္ပတ္ရာ၊ အပန္းေျဖရာ၊ ေဈးဝယ္ရာ (Shopping) ကမၻာေက်ာ္ၿမိဳ႕ႀကီးျဖစ္သည့္ အတြက္ ေက်ာင္းသူ၊ ေက်ာင္း သားမ်ားႏွင့္ မိဘမ်ားအႀကိဳက္ ေနရာျဖစ္သကဲ့သို႔ နာမည္ေက်ာ္ ျမဘုရားကိုလည္း ဖူးေျမာ္ႏိုင္သည့္အတြက္ “ဘုရားလည္း ဖူးရင္း လိပ္ဥလည္း တူးရင္း” ဆိုသကဲ့သို႔ အေပ်ာ္ခရီးလည္း သြားႏိုင္ပါသည္။
ပညာသင္စရိတ္မွာလည္း အျခားႏိုင္ငံျခား တကၠသိုလ္မ်ားထက္ မ်ားစြာသက္သာျခင္း၊ အထူးသျဖင့္ SIAM University မွ BBA ရရွိလာေသာျမန္မာေက်ာင္းသား၊ ေက်ာင္းသူမ်ား ျမန္မာႏိုင္ငံတြင္ လာေရာက္ ရင္းႏွီးျမႇဳပ္ႏွံ လုပ္ကိုင္ၾကေသာ ထိုင္းကုမၸဏီ မ်ားက အလုပ္ခန္႔ထားရန္ စိတ္ဝင္စားျခင္း၊

သင္တန္းတက္ေရာက္ရမည့္အစီအစဥ္
                 သင္တန္းတက္ေရာက္ရမည့္ေနရာ   သင္တန္းေၾကး
ပထမႏွစ္     MCC (ရန္ကုန္-မႏၲေလး)                 က်ပ္ (၃၀ဝ၀ဝ၀ဝ)
ဒုတိယႏွစ္    MCC (ရန္ကုန္-မႏၲေလး)                 က်ပ္ (၃၀ဝ၀ဝ၀ဝ)
တတိယႏွစ္  Siam University (Bangkok)           US$ (3000)
စတုတၳႏွစ္   Siam University (Bangkok)           US$ (3000)

BBA DEGREE
International Program, Siam University
First Year First Semester
GS 121 Introduction to Sociology                               3
GS 111 Thai Civilization                                            3
GS 104 Basic Mathematical Principle                          3
IBS 101 Life and Environment                                   3
EN 101 English I or other language                            2
IBA 101 Principles of Accounting                               I 3
                                                                             17 Credits
First Year Second Semester
GS 122 Society and Government                               3
GS 112 Fundamentals of Philosophy and Religion        3
EN 102 English II or other language                          2
GS 113 General Psychology                                      3
100-106 Asean in the Modern World                          3
IBA 102 Principles of Accounting II                            3
                                                                            17 Credits
Second Year First Semester
EN 203 English III or other language                          2
IBE 201 Micro Economics                                          3
IBM 202 Principles of Marketing                                 3
IBS 200 Introduction to Computer                              3
IBM 201 Organization and Management                      3
IBM 203 Principles of Statistics                                   3
                                                                             17 Credits
Second Year Second Semester
EN 204 English IV or other language                           2
IBE 202 Macro Economics                                          3
IBM 209 Statistical Analysis in Business                       3
IBF 201 Business Finance                                          3
Elective (Advertising & Promotion Management)          3
Free Elective (Quantitative Analysis in Business)          3
                                                                            17 Credits
Third Year First Semester
IBE 303 International Economics                               3
EN 305 English V or other language                           2
IBA 303 Managerial Accounting                                 3
IBS 301 Internet and Package Program in Business     3
Elective                                                                  3
Free Elective                                                           3
                                                                           17 Credits
Third Year Second Semester
EN 306 English VI or other language                         2
IBM 302 Production and Operations Management       3
IBL 309 Business Law                                              3
Elective                                                                  3
Free Elective                                                           3
                                                                           14 Credits
Fourth Year First Semester
IBM 401 Quantitative Analysis in Business                  3
IBF 401 International Finance & Banking                   3
IBM 404 International Transportation of Goods           3
IBM 403 Management of International Business         3
IBL 404 International Trade Law                               3
IBA 404 International Accounting & Taxation              3
                                                                           18 Credits
Fourth Year Second Semester
IBM 402 International Policy                                      3
IBM 406 Comparative Management of Multi.Enterprise 3
IBM 412 International Trade Operations                      3
IBM 407 Seminar on International Business                 3
IBM 411 International Marketing                                3
Elective                                                                   3
                                                                            18 Credits
                                                                   Total 135 Credits
(Unicode Version)

MCC SIAM University ၏ နာမည်ကြီး BBA Program

MCC နှင့် Siam University တို့ ပူးပေါင်းဖွင့်လှစ်သော စီးပွားရေးစီမံခန့်ခွဲမှု ပညာ ဒီဂရီအစီအစဉ်ဖြစ်ပါသည်။ MCC တွင် (၂)နှစ်၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Siam University တွင် (၂)နှစ် တက်ရောက်ပြီး Siam University မှ ချီးမြှင့်မည့် BBA (Bachelor of Business Administration) ဘွဲ့ကို ရရှိမည်ဖြစ်ပါသည်။ MCC နှင့် Siam University တို့ ပူးပေါင်းဖွင့်လှစ်သော BBA Program ကို ကျောင်းသူ၊ ကျောင်းသားများနှင့် မိဘများ စိတ်ဝင်စားကြပါသည်။ မြန်မာနိုင်ငံ MCC တွင် (၂)နှစ် တက်ရပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Siam University တွင် (၂) နှစ် တက်ရောက်ရသော (Training Program) ဖြစ်သည့်အတွက် အောက်ပါအကျိုး တရားများရရှိသောကြောင့် ဖြစ်ပါသည်။
တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး MCC တွင် (၂)နှစ် ပညာသင်ပြီး တတိယနှစ်တွင်မှ SIAM University သို့ သွားရောက်ရသည့်အတွက် ကျောင်းသူ၊ ကျောင်းသားများသည် အသက် (၁၈) နှစ်ကျော်ပြီး ရင့်ကျက်သွားသည့်အရွယ်တွင်မှ နိုင်ငံခြားသို့စေလွှတ်ရသည့် အတွက် ပိုပြီးစိတ်ချခြင်း၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သည် ကမ္ဘာ့နိုင်ငံတကာကုမ္ပဏီကြီးများ၏ ဒေသရုံးချုပ် များရှိပြီး ခေတ်မီမြို့ကြီး (Metropolitan) ဖြစ်သည့်အတွက် ကမ္ဘာ့အဆင့် နိုင်ငံတကာ အတွေ့အကြုံများ ရရှိနိုင်ခြင်း၊ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် ဘာသာရေးနှင့် ယဉ်ကျေးမှုဆင်တူခြင်း၊ စားသောက် နေထိုင်မှုပုံစချင်းတူခြင်း၊ လူနေမှုကုန်ကျစရိတ်သက်သာခြင်း၊ တစ်နာရီအတွင်း မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ရောက်ရှိနိုင်ခြင်း၊ နေ့စဉ် ရန်ကုန်-ဘန်ကောက် လေယာဉ်ခရီးစဉ်များ နံနက်မှညအထိ တစ်နေ့လုံးရှိခြင်း၊ မန္တလေး-ဘန်ကောက် တိုက်ရိုက်သွားနိုင်ခြင်း၊ လေယာဉ် ခရီးစရိတ်သက်သာခြင်းတို့ကြောင့် အရေးတကြီးကိစ္စရှိလျှင် မိဘနှင့် ကျောင်းသူ၊ ကျောင်းသားများ အချိန်တိုအတွင်း ချက်ချင်း သွားနိုင်၊ ပြန်နိုင်ခြင်း၊ ဘန်ကောက်မြို့သည် ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်ရာ၊ အပန်းဖြေရာ၊ ဈေးဝယ်ရာ (Shopping) ကမ္ဘာကျော်မြို့ကြီးဖြစ်သည့်အတွက် ကျောင်းသူ၊ ကျောင်းသားများနှင့် မိဘ များအကြိုက် နေရာဖြစ်သကဲ့သို့ နာမည်ကျော် မြဘုရားကိုလည်း ဖူးမြော်နိုင်သည့်အတွက် “ဘုရားလည်း ဖူးရင်း လိပ်ဥလည်း တူးရင်း” ဆိုသကဲ့သို့ အပျော်ခရီးလည်း သွားနိုင်ပါသည်။
ပညာသင်စရိတ်မှာလည်း အခြားနိုင်ငံခြား တက္ကသိုလ်များထက် များစွာသက်သာခြင်း၊ အထူးသဖြင့် SIAM University မှ BBA ရရှိလာသောမြန်မာကျောင်းသား၊ ကျောင်းသူများ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြသော ထိုင်းကုမ္ပဏီ များက အလုပ်ခန့်ထားရန် စိတ်ဝင်စားခြင်း၊

သင်တန်းတက်ရောက်ရမည့်အစီအစဉ် 
                    သင်တန်းတက်ရောက်ရမည့်နေရာ    သင်တန်းကြေး
ပထမနှစ်       MCC (ရန်ကုန်-မန္တလေး)             ကျပ် (၃၀ဝဝဝဝဝ)
ဒုတိယနှစ်      MCC (ရန်ကုန်-မန္တလေး)             ကျပ် (၃၀ဝဝဝဝဝ)
တတိယနှစ်    Siam University (Bangkok)          US$ (3000)
စတုတ္ထနှစ်  Siam University (Bangkok)          US$ (3000)

BBA DEGREE
International Program, Siam University
First Year First Semester
GS 121 Introduction to Sociology                               3
GS 111 Thai Civilization                                            3
GS 104 Basic Mathematical Principle                          3
IBS 101 Life and Environment                                   3
EN 101 English I or other language                            2
IBA 101 Principles of Accounting                               I 3
                                                                             17 Credits
First Year Second Semester
GS 122 Society and Government                               3
GS 112 Fundamentals of Philosophy and Religion        3
EN 102 English II or other language                          2
GS 113 General Psychology                                      3
100-106 Asean in the Modern World                          3
IBA 102 Principles of Accounting II                            3
                                                                            17 Credits
Second Year First Semester
EN 203 English III or other language                          2
IBE 201 Micro Economics                                          3
IBM 202 Principles of Marketing                                 3
IBS 200 Introduction to Computer                              3
IBM 201 Organization and Management                      3
IBM 203 Principles of Statistics                                   3
                                                                             17 Credits
Second Year Second Semester
EN 204 English IV or other language                           2
IBE 202 Macro Economics                                          3
IBM 209 Statistical Analysis in Business                       3
IBF 201 Business Finance                                          3
Elective (Advertising & Promotion Management)          3
Free Elective (Quantitative Analysis in Business)          3
                                                                            17 Credits
Third Year First Semester
IBE 303 International Economics                               3
EN 305 English V or other language                           2
IBA 303 Managerial Accounting                                 3
IBS 301 Internet and Package Program in Business     3
Elective                                                                  3
Free Elective                                                           3
                                                                           17 Credits
Third Year Second Semester
EN 306 English VI or other language                         2
IBM 302 Production and Operations Management       3
IBL 309 Business Law                                              3
Elective                                                                  3
Free Elective                                                           3
                                                                           14 Credits
Fourth Year First Semester
IBM 401 Quantitative Analysis in Business                  3
IBF 401 International Finance & Banking                   3
IBM 404 International Transportation of Goods           3
IBM 403 Management of International Business         3
IBL 404 International Trade Law                               3
IBA 404 International Accounting & Taxation              3
                                                                           18 Credits
Fourth Year Second Semester
IBM 402 International Policy                                      3
IBM 406 Comparative Management of Multi.Enterprise 3
IBM 412 International Trade Operations                      3
IBM 407 Seminar on International Business                 3
IBM 411 International Marketing                                3
Elective                                                                   3
                                                                            18 Credits
                                                                   Total 135 Credits

Friday, November 4, 2016

Lille University Town

ျမန္မာႏိုင္ငံကေက်ာင္းသားေတြ ျပင္သစ္မွာ ေက်ာင္းသြားတက္မယ့္ Lille ၿမိဳ႕က ျပင္သစ္ႏိုင္ငံ ေျမာက္ပိုင္းက Nord-Pas-de-Calais ေဒသမွာ႐ွိပါတယ္။ ၁၇ရာစုႏွစ္ကတည္းက႐ွိခဲ့တဲ့ ေ႐ွ႕ေဟာင္းအေဆာက္အဦေတြနဲ႔႐ွိတဲ့ ျပင္သစ္ႏိုင္ငံရဲ႕ သမိုင္း၀င္ၿမိဳ႕ျဖစ္ပါတယ္။ တစ္ခ်ိန္တုန္းက စီးပြားေရးနဲ႕စက္မႈလုပ္ငန္းမ်ား အခ်က္အျခာ ျဖစ္ခဲ့တဲ့ျမိဳ႕ျဖစ္ၿပီး ယခုအခ်ိန္မွာေတာ့ တကၠသိုလ္ ေကာလိပ္ေတြ အမ်ားစု႐ွိတဲ့ၿမိဳ႕ျဖစ္ပါတယ္။ University Town လို႔ေတာင္ေခၚေလ့႐ွိၾကပါတယ္။ လူဦးေရတစ္ သန္းေက်ာ္႐ွိၿပီး၊ ျပင္သစ္ရဲ႕ စတုတၳအႀကီးဆံုးၿမိဳ႕ႀကီး ျဖစ္ပါတယ္။

Lille ၿမိဳ႕မွာ ေ႐ွးေဟာင္းျပင္သစ္ယဥ္ေက်းမႈ လက္ရာေတြ၊ စိတ္၀င္စားစရာဂႏၲ၀င္အေဆာက္အဦေတြျဖစ္တဲ့ ရဲတိုက္ႀကီးေတြ၊ ဘုရား႐ွိခိုးေက်ာင္းေတြ၊ ျပတိုက္ေတြ၊ အထိမ္းအမွတ္ေက်ာက္တိုင္ေတြ ႐ွိပါတယ္။
University Town ဆိုတဲ့အတိုင္း တကၠသိုလ္၊ ေကာလိပ္ေတြ႐ွိပါတယ္။ အဲ့ဒီ တကၠသိုလ္ေတြဟာ (၁၈)ရာစုႏွစ္ကတည္းက တည္ေဆာက္ခဲ့တဲ့ တကၠသိုလ္ေတြျဖစ္ပါတယ္။

Lille ၿမိဳ႕မွာ တကၠသိုလ္ေက်ာင္းသူ ေက်ာင္းသားဦးေရ (၁၁၀,၀၀၀)ေက်ာ္႐ွိတဲ့အတြက္ ျပင္သစ္ ႏိုင္ငံရဲ႕ ေက်ာင္းသားအမ်ားဆုံး႐ွိတဲ့ ၿမိဳ႕ႀကီးတစ္ၿမိဳ႕လည္းျဖစ္ပါတယ္။ Lille Catholique University ကို (၁၈၇၅) မွာစတင္ဖြင့္လွစ္ခဲ့ၿပီး၊ ဥပေဒ၊ စီးပြားေရး၊ ေဆးပညာ၊ ႐ူပေဗဒစတဲ့ အေျချပဳ ေက်ာင္းမ်ားနဲ႕ ဖြဲ႕စည္းထားပါတယ္။ အဲဒီထဲမွာ နာမည္ႀကီးတဲ့တကၠသိုလ္တစ္ခု ကေတာ့ Institue Catholique d'arts et Me¬tiers (ICAM) ျဖစ္ၿပီး (၁၈၉၈)ခုႏွစ္မွာ တည္ေထာင္ဖြင့္လွစ္ခဲ့ပါတယ္။ ကမၻာ့အေကာင္းဆံုး တကၠသိုလ္ (၂၀) ထဲမွာပါ၀င္ပါတယ္။ Ecle des Hantes e'tnel d'ingenieus (HEI) အင္ဂ်င္နီယာတကၠသိုလ္ကို (၁၈၈၅)ခုႏွစ္မွာ တည္ေထာင္ဖြင့္လွစ္ခဲ့ပါတယ္။ အင္ဂ်င္နီယာ ပညာရပ္နယ္ပါယ္ (၁၀)ခုကို သင္ၾကားေပးလ်က္ ႐ွိပါသည္။ EDHEC ဆိုတဲ့စီးပြားေရး သိပၸံေက်ာင္းကို (၁၉၀၆)တြင္လည္းေကာင္း၊ IESEG School Ma¬nagent နဲ႔ Business School တို႕ကို (၁၉၆၄)ခုႏွစ္တြင္လည္းေကာင္း၊ ESJ ဟုေခၚေသာ (Journilism School) ကို (၁၉၂၄)ခုႏွစ္တြင္ လည္းေကာင္း အသီးသီး ဖြင့္လွစ္ခဲ့ေသာ တကၠသိုလ္ၾကီးျဖစ္ပါတယ္။ ျမန္မာေက်ာင္းသူ ေက်ာင္းသားေတြ (Journilism School) သြားတက္မယ့္ HEI က အဲဒီ M.Sc(Engineer) မွာပါ၀င္တဲ့ တကၠသိုလ္တစ္ခု ျဖစ္ပါတယ္။

Lille ၿမိဳ႕ဟာ ဥေရာပရဲ႕ အဓိကက်တဲ့ ၿမိဳ႕ျပေနရာႀကီး (၃)ခုနဲ႕ ဆက္စပ္ေနပါတယ္။ အဲဒါကေတာ့ လန္ဒန္၊ ပဲရစ္နဲ႕ ဘရပ္ဆဲ(လ္)တို႕ပဲျဖစ္ပါတယ္။ Lille ကေန (၃၅)မိနစ္သြားရင္ ဘယ္(လ္)ဂ်ီယံ ႏိုင္ငံရဲ႕ဘရပ္ဆဲ(လ္)၊ တစ္နာရီသြားရင္ ပဲရစ္၊ (၈၀)မိနစ္သြားရင္ အဂၤလန္ႏိုင္ငံရဲ႕ လန္ဒန္ကို ေရာက္ပါတယ္။ ဒါေၾကာင့္ Lille က ဥေရာပရဲ႕အခ်က္အျခာေနရာေတြနဲ႔ အနီးဆံုးေနရာမွာ ႐ွိပါတယ္လို႔ ဆိုပါတယ္။

၁၉၈၃ ခုႏွစ္တုန္းက စတင္ဖြင့္လွစ္ခဲ့တဲ့ ေမာင္းသူမဲ့ ရထားစနစ္ (Driverless metro System ) က ကမၻာ ေပၚမွာ ပထမဆံုးျဖစ္ပါတယ္။

Lille မွာရွိတဲ့ေက်ာင္းသားဦးေရ (၁၁၀,၀၀) ေက်ာ္ဟာ ကမၻာ့ႏိုင္ငံတကာကလာျပီး ေက်ာင္းလာတက္ တဲ့ ေက်ာင္းသာေတြအမ်ားစု ပါ၀င္ပါတယ္။ Lille Catholique University မွာအမ်ားဆံုးပါတဲ့။

ဒါေၾကာင့္ ျမန္မာႏိုင္ငံကေက်ာင္းသြားတက္မဲ့ ေက်ာင္းသူေက်ာင္းသားမ်ားအေနနဲ႕ သိပ္မခက္ခဲႏိုင္ပါဘူး။ ေက်ာင္းသားၿမိဳ႕လို ျဖစ္ေနတဲ့အတြက္ အားလံုးခင္ခင္မင္မင္ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ေပါင္းသင္းေနထိုင္ႏိုင္ပါတယ္။ လူငယ္ေတြအတြက္ စားေသာက္ဆိုင္ေတြ၊ Coffee Shop ေတြ၊ Bar ေတြအမ်ားအျပားရွိပါတယ္။ လူငယ္လူ႐ြယ္ေတြမ်ားတဲ့ အတြက္ စိတ္ကူးစိတ္သန္း အသစ္ေတြနဲ႕ျပည့္နက္ေနတယ္ လို႕ဆိုပါတယ္။ ဒါေၾကာင့္ ပညာေရးၿမိဳ႕ေတာ္ျဖစ္တဲ့ Lille ဟာ ႏုပ်ိဳလန္းဆန္းဆံုး ျဖစ္ေနပါတယ္။ လူငယ္လူရြယ္ေတြလဲ စီးပြားေရးလုပ္ငန္းေတြကို Lille မွာ အလြယ္တကူ လုပ္ႏိုင္တာေၾကာင့္ Lille ဟာႏုပ်ိဳလန္းဆန္းဆံုး ျဖစ္ရံုသာမက စီးပြားေရး ေကာင္းမြန္တဲ့ ၿမိဳ႕ႀကီးပံုစံလည္း ျဖစ္ေနပါတယ္။

Lille ၿမိဳ႕မွာ ေကာင္းမြန္တဲ့ အမ်ားျပည္သူသံုး စနစ္ (Public Transport Network) ရွိပါတယ္။ ေျမေအာက္ရထားစနစ္၊ ဘတ္(စ္)ကားစနစ္၊ လွ်ပ္စစ္နဲ႕ေမာင္းတဲ့ Street car စနစ္တို႕ရွိပါတယ္ ရူရိုေငြ (€၁.၅၀)တန္လက္မွတ္တစ္ေစာင္နဲ႕ ႀကိဳက္တာကို စီးလို႔ရပါတယ္။ ေနရာေတာ္ေတာ္မ်ားမ်ားကိုအခမဲ့ စီးႏုိင္ပါတယ္။

Unicode Version

Lille University Town
မြန်မာနိုင်ငံကကျောင်းသားတွေ ပြင်သစ်မှာ ကျောင်းသွားတက်မယ့် Lille မြို့က ပြင်သစ်နိုင်ငံ မြောက်ပိုင်းက Nord-Pas-de-Calais ဒေသမှာရှိပါတယ်။ ၁၇ရာစုနှစ်ကတည်းကရှိခဲ့တဲ့ ရှေ့ဟောင်းအဆောက်အဦတွေနဲ့ရှိတဲ့ ပြင်သစ်နိုင်ငံရဲ့ သမိုင်းဝင်မြို့ဖြစ်ပါတယ်။ တစ်ချိန်တုန်းက စီးပွားရေးနဲ့စက်မှုလုပ်ငန်းများ အချက်အခြာ ဖြစ်ခဲ့တဲ့မြို့ဖြစ်ပြီး ယခုအချိန်မှာတော့ တက္ကသိုလ် ကောလိပ်တွေ အများစုရှိတဲ့မြို့ဖြစ်ပါတယ်။ University Town လို့တောင်ခေါ်လေ့ရှိကြပါတယ်။ လူဦးရေတစ် သန်းကျော်ရှိပြီး၊ ပြင်သစ်ရဲ့ စတုတ္ထအကြီးဆုံးမြို့ကြီး ဖြစ်ပါတယ်။

Lille မြို့မှာ ရှေးဟောင်းပြင်သစ်ယဉ်ကျေးမှု လက်ရာတွေ၊ စိတ်ဝင်စားစရာဂန္တဝင်အဆောက်အဦတွေဖြစ်တဲ့ ရဲတိုက်ကြီးတွေ၊ ဘုရားရှိခိုးကျောင်းတွေ၊ ပြတိုက်တွေ၊ အထိမ်းအမှတ်ကျောက်တိုင်တွေ ရှိပါတယ်။
University Town ဆိုတဲ့အတိုင်း တက္ကသိုလ်၊ ကောလိပ်တွေရှိပါတယ်။ အဲ့ဒီ တက္ကသိုလ်တွေဟာ (၁၈)ရာစုနှစ်ကတည်းက တည်ဆောက်ခဲ့တဲ့ တက္ကသိုလ်တွေဖြစ်ပါတယ်။

Lille မြို့မှာ တက္ကသိုလ်ကျောင်းသူ ကျောင်းသားဦးရေ (၁၁၀,၀၀၀)ကျော်ရှိတဲ့အတွက် ပြင်သစ် နိုင်ငံရဲ့ ကျောင်းသားအများဆုံးရှိတဲ့ မြို့ကြီးတစ်မြို့လည်းဖြစ်ပါတယ်။ Lille Catholique University ကို (၁၈၇၅) မှာစတင်ဖွင့်လှစ်ခဲ့ပြီး၊ ဥပဒေ၊ စီးပွားရေး၊ ဆေးပညာ၊ ရူပဗေဒစတဲ့ အခြေပြု ကျောင်းများနဲ့ ဖွဲ့စည်းထားပါတယ်။ အဲဒီထဲမှာ နာမည်ကြီးတဲ့တက္ကသိုလ်တစ်ခု ကတော့ Institue Catholique d'arts et Me¬tiers (ICAM) ဖြစ်ပြီး (၁၈၉၈)ခုနှစ်မှာ တည်ထောင်ဖွင့်လှစ်ခဲ့ပါတယ်။ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် (၂၀) ထဲမှာပါ၀င်ပါတယ်။ Ecle des Hantes e'tnel d'ingenieus (HEI) အင်ဂျင်နီယာတက္ကသိုလ်ကို (၁၈၈၅)ခုနှစ်မှာ တည်ထောင်ဖွင့်လှစ်ခဲ့ပါတယ်။ အင်ဂျင်နီယာ ပညာရပ်နယ်ပါယ် (၁၀)ခုကို သင်ကြားပေးလျက် ရှိပါသည်။ EDHEC ဆိုတဲ့စီးပွားရေး သိပ္ပံကျောင်းကို (၁၉၀၆)တွင်လည်းကောင်း၊ IESEG School Ma¬nagent နဲ့ Business School တို့ကို (၁၉၆၄)ခုနှစ်တွင်လည်းကောင်း၊ ESJ ဟုခေါ်သော (Journilism School) ကို (၁၉၂၄)ခုနှစ်တွင် လည်းကောင်း အသီးသီး ဖွင့်လှစ်ခဲ့သော တက္ကသိုလ်ကြီးဖြစ်ပါတယ်။ မြန်မာကျောင်းသူ ကျောင်းသားတွေ (Journilism School) သွားတက်မယ့် HEI က အဲဒီ M.Sc(Engineer) မှာပါ၀င်တဲ့ တက္ကသိုလ်တစ်ခု ဖြစ်ပါတယ်။

Lille မြို့ဟာ ဥရောပရဲ့ အဓိကကျတဲ့ မြို့ပြနေရာကြီး (၃)ခုနဲ့ ဆက်စပ်နေပါတယ်။ အဲဒါကတော့ လန်ဒန်၊ ပဲရစ်နဲ့ ဘရပ်ဆဲ(လ်)တို့ပဲဖြစ်ပါတယ်။ Lille ကနေ (၃၅)မိနစ်သွားရင် ဘယ်(လ်)ဂျီယံ နိုင်ငံရဲ့ဘရပ်ဆဲ(လ်)၊ တစ်နာရီသွားရင် ပဲရစ်၊ (၈၀)မိနစ်သွားရင် အင်္ဂလန်နိုင်ငံရဲ့ လန်ဒန်ကို ရောက်ပါတယ်။ ဒါကြောင့် Lille က ဥရောပရဲ့အချက်အခြာနေရာတွေနဲ့ အနီးဆုံးနေရာမှာ ရှိပါတယ်လို့ ဆိုပါတယ်။

၁၉၈၃ ခုနှစ်တုန်းက စတင်ဖွင့်လှစ်ခဲ့တဲ့ မောင်းသူမဲ့ ရထားစနစ် (Driverless metro System ) က ကမ္ဘာ ပေါ်မှာ ပထမဆုံးဖြစ်ပါတယ်။

Lille မှာရှိတဲ့ကျောင်းသားဦးရေ (၁၁၀,၀၀) ကျော်ဟာ ကမ္ဘာ့နိုင်ငံတကာကလာပြီး ကျောင်းလာတက် တဲ့ ကျောင်းသာတွေအများစု ပါ၀င်ပါတယ်။ Lille Catholique University မှာအများဆုံးပါတဲ့။

ဒါကြောင့် မြန်မာနိုင်ငံကကျောင်းသွားတက်မဲ့ ကျောင်းသူကျောင်းသားများအနေနဲ့ သိပ်မခက်ခဲနိုင်ပါဘူး။ ကျောင်းသားမြို့လို ဖြစ်နေတဲ့အတွက် အားလုံးခင်ခင်မင်မင်ပျော်ပျော်ရွှင်ရွှင်နဲ့ ပေါင်းသင်းနေထိုင်နိုင်ပါတယ်။ လူငယ်တွေအတွက် စားသောက်ဆိုင်တွေ၊ Coffee Shop တွေ၊ Bar တွေအများအပြားရှိပါတယ်။ လူငယ်လူရွယ်တွေများတဲ့ အတွက် စိတ်ကူးစိတ်သန်း အသစ်တွေနဲ့ပြည့်နက်နေတယ် လို့ဆိုပါတယ်။ ဒါကြောင့် ပညာရေးမြို့တော်ဖြစ်တဲ့ Lille ဟာ နုပျိုလန်းဆန်းဆုံး ဖြစ်နေပါတယ်။ လူငယ်လူရွယ်တွေလဲ စီးပွားရေးလုပ်ငန်းတွေကို Lille မှာ အလွယ်တကူ လုပ်နိုင်တာကြောင့် Lille ဟာနုပျိုလန်းဆန်းဆုံး ဖြစ်ရုံသာမက စီးပွားရေး ကောင်းမွန်တဲ့ မြို့ကြီးပုံစံလည်း ဖြစ်နေပါတယ်။

Lille မြို့မှာ ကောင်းမွန်တဲ့ အများပြည်သူသုံး စနစ် (Public Transport Network) ရှိပါတယ်။ မြေအောက်ရထားစနစ်၊ ဘတ်(စ်)ကားစနစ်၊ လျှပ်စစ်နဲ့မောင်းတဲ့ Street car စနစ်တို့ရှိပါတယ် ရူရိုငွေ (€၁.၅၀)တန်လက်မှတ်တစ်စောင်နဲ့ ကြိုက်တာကို စီးလို့ရပါတယ်။ နေရာတော်တော်များများကိုအခမဲ့ စီးနိုင်ပါတယ်။







ျပင္သစ္ကုိ သြားလည္ၾကမယ္

ျပင္သစ္ႏုိင္ငံဟာ ကမၻာမွာ အေက်ာ္ၾကားဆံုး ခရီးသြားေတြ ႏွစ္သက္တဲ့ႏုိင္ငံ ျဖစ္ပါတယ္။ တစ္ႏွစ္ကုိ ႏုိင္ငံျခားခရီးသြား ေတြ (၈၂) သန္းေက်ာ္ လာလည္ေလ့ရွိပါ တယ္။ ခရီးသြားေတြကုိ အဓိက ဆြဲေဆာင္ ထားေတြကေတာ့ ျပင္သစ္ယဥ္ေက်းမႈ သမုိင္း၀င္ ထင္ရွားတဲ့ အေဆာက္အဦေတြ နဲ႔ ေနရာေတြ၊ နာမည္ႀကီး ျပင္သစ္၀ုိင္နဲ႔ အလွအဖက္ရွင္ေတြပါဘဲ။ ဥေရာပရဲ႕ ေရွး အက်ဆံုးၿမိဳ႕ေတြထဲမွာ ျပင္သစ္ႏုိင္ငံေတာင္ပုိင္းမွာရွိတဲ့ ဒုတိယအႀကီးဆံုးၿမိဳ႕ျဖစ္တဲ့ မာေဆး(ဂ္) Marsille ၿမိဳ႕ျဖစ္ပါတယ္။ ေျမထဲပင္လယ္ရဲ႕ အေငြ႕အသက္နဲ႔ ေရွးက်ေသာ္လည္း လွပတဲ့ၿမိဳ႕ဟာ သြားေရာက္ လည္ပတ္ရမယ့္ေနရာတစ္ခုျဖစ္ပါတယ္။

ပဲရစ္ၿမိဳ႕ကေတာ့ ေျပာစရာေတာင္ မလုိပါဘူး။ တစ္ကမၻာလံုးသိၿပီး သြားၿပီးရင္း သြားျခင္စရာေကာင္းတဲ့ ၿမိဳ႕ႀကီးျဖစ္ပါတယ္။ ကမၻာေပၚမွာ တုိးရစ္အမ်ားဆံုးလာတဲ့ၿမိဳ႕လုိ႔သိရပါတယ္။ တစ္ႏွစ္ကုိ ပ်မ္းမွ် တုိးရစ္ (၄၅)သန္းေလာက္ လာပါတယ္။ ပဲရစ္ဟာ ျပင္သစ္ႏုိင္ငံရဲ႕ ၿမိဳ႕ေတာ္ဆုိတာအျပင္ City of Light, City of Love, Cap¬ital of Fashion လုိ႔လည္း တင္စား ၾကပါေသးတယ္။ ပဲရစ္ၿမိဳ႕မွာ လည္ပတ္စရာ ကမၻာ့အံ့ဖြယ္ အီဖယ္(လ္)ေမွ်ာ္စင္ (Eiffel Tower) အျပင္ ေရွးေဟာင္းအေဆာက္အဦမ်ား ျဖစ္ေသာ Notre-Dame ဘုရားရွစ္ခုိးေက်ာင္း၊ ေရွးေဟာင္း Pont Neut တံတား၊ ျပင္သစ္သူရဲေကာင္းမ်ား အထိမ္းအမွတ္ အေဆာက္အဦမ်ားအျပင္ (၁၇၉၃) ခုႏွစ္ ျပင္သစ္ေတာ္လွန္ေရးကာလတြင္ ဖြင့္လွစ္ခဲ့ေသာ The Louvre ျပတုိက္သုိ႔လည္းလည္ပတ္ႏုိင္ပါတယ္။

The Eiffel Tower

ျပင္သစ္လုိ႔ဆုိလိုက္လွ်င္ ပဲရစ္ႏွင့္ အီဖယ္(လ္)ေမွ်ာ္စင္ကုိ လူတုိင္းသိၾကပါ တယ္။ ကမၻာအံ့ဖြယ္တစ္ခုျဖစ္သလုိ ျပင္သစ္ႏုိင္ငံရဲ႕ ဒီဇုိင္နာစက္မႈအင္ဂ်င္နီယာပညာကုိ ေဖာ္ျပတဲ့ ျပယုဂ္တစ္ခုျဖစ္ပါတယ္။ ၁၈၈၉ ခုႏွစ္မွာ တည္ေဆာက္ခဲ့ၿပီး မီတာ (၃၀၀)ျမင့္တဲ့အတြက္ အဲဒီအခ်ိန္က ကမၻာမွာ အျမင့္ ဆံုးအေဆာက္အဦတစ္ခု ျဖစ္ခဲ့ပါတယ္။
ျပင္သစ္ႏုိင္ငံ၏ အထိမ္းအမွတ္ ျဖစ္ေသာ Are De Trionphe မုဒ္ဦး သကၠန္းေက်ာင္းတုိင္မွာလည္း အံ့ဖြယ္တစ္ မ်ိဳးျဖစ္ပါတယ္။ ျပင္သစ္ဘုရင္ နပုိလီယံမွ စစ္ပြဲမ်ားတြင္ ပါ၀င္ခဲ့ေသာ စစ္ဗုိလ္ခ်ဳပ္ႀကီး (၆၆၀)၏ အမည္မ်ား သာမက အသက္စြန္႔ခဲ့ ေသာ အညတရစစ္သားမ်ားအတြက္ ဂုဏ္ျပဳေမာ္ကြန္းတင္ထားေသာ အေဆာက္အဦ ျဖစ္ပါတယ္။
ပဲရစ္ၿမိဳ႕တြင္ ေရွးေဟာင္းအထိမ္း အမွတ္အေဆာက္အဦမ်ားသာမက ေစ်း၀ယ္စင္တာမ်ား၊ ျပင္သစ္ စားေသာက္ဆုိင္မ်ား၊ ဖက္ရွင္ျပပြဲမ်ား၊ ျပင္သစ္ ယဥ္ေက်းမႈ အႏုပညာျပတိုက္မ်ား စသည္ျဖင့္ လည္စရာ ပတ္စရာစံုလင္ေသာ ၿမိဳ႕ႀကီးျဖစ္ပါတယ္။ ေရွးအက်ဆံုး ကုန္တုိက္ႀကီးျဖစ္ေသာ Gal¬eris Lafayette သုိ႔လည္း သြားေရာက္ ေစ်း၀ယ္ႏုိင္ပါတယ္။

ျပင္သစ္မွာ သြားလည္စရာေနာက္ တစ္ေနရာကေတာ့ French Reviera ျဖစ္ပါတယ္။ ေျမထဲပင္လယ္ရဲ႕ ပင္လယ္ကမ္းေျခေနရာျဖစ္ပါတယ္။ ကမၻာ့သူေ႒းႀကီးေတြ နာမည္ႀကီးအေက်ာ္အေမာ္ေတြ သြား တဲ့ေနရာလုိ႔ နာမည္ႀကီးပါတယ္။ အားလံုးသိၾကတဲ့ နာမည္ေက်ာ္ ကိန္း(စ္)႐ုပ္ရွင္ပြဲ ေတာ္ (Cannes Film Festival) ျပဳလုပ္ေလ့ရွိတဲ့ေနရာ ျဖစ္ပါတယ္။

တုိးရစ္ေတြသြားေလ့ရွိတဲ့ ေနရာ တစ္ခုကေတာ့ Loire Valley ျဖစ္ပါတယ္။ ျပင္သစ္ႏုိင္ငံ အလယ္ပုိင္းျဖစ္ၿပီး ကမၻာေက်ာ္ရဲတိုက္ႀကီးေတြ၊ ျပင္သစ္၀ုိင္ထုတ္လုပ္တဲ့ Vineyard ေတြနဲ႔ သမုိင္း၀င္ ေက်းရြာေတြကုိပါ ေတြ႕ႏုိင္ပါတယ္။ နာမည္ႀကီး၀ုိင္ ထုတ္လုပ္တဲ့ ေနရာေတြျဖစ္တဲ့အတြက္ တုိးရစ္ေတြဟာ လည္ရင္းပါတ္ရင္းနဲ႔ ၀ိုင္မည္းတဲ့အရ သာကုိလည္း ခံစားႏုိင္ၾကမွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ခရီးသြားလုပ္ငန္းကုမၸဏီေတြဟာ Loire Valley အတြက္ သီးသန္႔ Wine Tasting Tour အစီအစဥ္ေတြလည္း ျပဳလုပ္ၿပီး ခရီးသြားေတြကုိ ဆြဲေဆာင္ေလ့ရွိပါတယ္။ Loire ျမစ္တစ္ေလွ်ာက္မွာ အလြန္လွပတဲ့ သဘာ၀႐ႈခင္းေတြနဲ႔ သမုိင္း၀င္ေနရာေတြ ရွိတဲ့အတြက္ ထင္ရွားတဲ့ေနရာတခု ျဖစ္ပါတယ္။

Unicode Version

ပြင်သစ်ကို သွားလည်ကြမယ်
ပြင်သစ်နိုင်ငံဟာ ကမ္ဘာမှာ အကျော်ကြားဆုံး ခရီးသွားတွေ နှစ်သက်တဲ့နိုင်ငံ ဖြစ်ပါတယ်။ တစ်နှစ်ကို နိုင်ငံခြားခရီးသွား တွေ (၈၂) သန်းကျော် လာလည်လေ့ရှိပါ တယ်။ ခရီးသွားတွေကို အဓိက ဆွဲဆောင် ထားတွေကတော့ ပြင်သစ်ယဉ်ကျေးမှု သမိုင်းဝင် ထင်ရှားတဲ့ အဆောက်အဦတွေ နဲ့ နေရာတွေ၊ နာမည်ကြီး ပြင်သစ်ဝိုင်နဲ့ အလှအဖက်ရှင်တွေပါဘဲ။ ဥရောပရဲ့ ရှေး အကျဆုံးမြို့တွေထဲမှာ ပြင်သစ်နိုင်ငံတောင်ပိုင်းမှာရှိတဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မာဆေး(ဂ်) Marsille မြို့ဖြစ်ပါတယ်။ မြေထဲပင်လယ်ရဲ့ အငွေ့အသက်နဲ့ ရှေးကျသော်လည်း လှပတဲ့မြို့ဟာ သွားရောက် လည်ပတ်ရမယ့်နေရာတစ်ခုဖြစ်ပါတယ်။

ပဲရစ်မြို့ကတော့ ပြောစရာတောင် မလိုပါဘူး။ တစ်ကမ္ဘာလုံးသိပြီး သွားပြီးရင်း သွားခြင်စရာကောင်းတဲ့ မြို့ကြီးဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ တိုးရစ်အများဆုံးလာတဲ့မြို့လို့သိရပါတယ်။ တစ်နှစ်ကို ပျမ်းမျှ တိုးရစ် (၄၅)သန်းလောက် လာပါတယ်။ ပဲရစ်ဟာ ပြင်သစ်နိုင်ငံရဲ့ မြို့တော်ဆိုတာအပြင် City of Light, City of Love, Cap¬ital of Fashion လို့လည်း တင်စား ကြပါသေးတယ်။ ပဲရစ်မြို့မှာ လည်ပတ်စရာ ကမ္ဘာ့အံ့ဖွယ် အီဖယ်(လ်)မျှော်စင် (Eiffel Tower) အပြင် ရှေးဟောင်းအဆောက်အဦများ ဖြစ်သော Notre-Dame ဘုရားရှစ်ခိုးကျောင်း၊ ရှေးဟောင်း Pont Neut တံတား၊ ပြင်သစ်သူရဲကောင်းများ အထိမ်းအမှတ် အဆောက်အဦများအပြင် (၁၇၉၃) ခုနှစ် ပြင်သစ်တော်လှန်ရေးကာလတွင် ဖွင့်လှစ်ခဲ့သော The Louvre ပြတိုက်သို့လည်းလည်ပတ်နိုင်ပါတယ်။

The Eiffel Tower

ပြင်သစ်လို့ဆိုလိုက်လျှင် ပဲရစ်နှင့် အီဖယ်(လ်)မျှော်စင်ကို လူတိုင်းသိကြပါ တယ်။ ကမ္ဘာအံ့ဖွယ်တစ်ခုဖြစ်သလို ပြင်သစ်နိုင်ငံရဲ့ ဒီဇိုင်နာစက်မှုအင်ဂျင်နီယာပညာကို ဖော်ပြတဲ့ ပြယုဂ်တစ်ခုဖြစ်ပါတယ်။ ၁၈၈၉ ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး မီတာ (၃၀၀)မြင့်တဲ့အတွက် အဲဒီအချိန်က ကမ္ဘာမှာ အမြင့် ဆုံးအဆောက်အဦတစ်ခု ဖြစ်ခဲ့ပါတယ်။
ပြင်သစ်နိုင်ငံ၏ အထိမ်းအမှတ် ဖြစ်သော Are De Trionphe မုဒ်ဦး သက္ကန်းကျောင်းတိုင်မှာလည်း အံ့ဖွယ်တစ် မျိုးဖြစ်ပါတယ်။ ပြင်သစ်ဘုရင် နပိုလီယံမှ စစ်ပွဲများတွင် ပါ၀င်ခဲ့သော စစ်ဗိုလ်ချုပ်ကြီး (၆၆၀)၏ အမည်များ သာမက အသက်စွန့်ခဲ့ သော အညတရစစ်သားများအတွက် ဂုဏ်ပြုမော်ကွန်းတင်ထားသော အဆောက်အဦ ဖြစ်ပါတယ်။
ပဲရစ်မြို့တွင် ရှေးဟောင်းအထိမ်း အမှတ်အဆောက်အဦများသာမက စျေးဝယ်စင်တာများ၊ ပြင်သစ် စားသောက်ဆိုင်များ၊ ဖက်ရှင်ပြပွဲများ၊ ပြင်သစ် ယဉ်ကျေးမှု အနုပညာပြတိုက်များ စသည်ဖြင့် လည်စရာ ပတ်စရာစုံလင်သော မြို့ကြီးဖြစ်ပါတယ်။ ရှေးအကျဆုံး ကုန်တိုက်ကြီးဖြစ်သော Gal¬eris Lafayette သို့လည်း သွားရောက် စျေးဝယ်နိုင်ပါတယ်။

ပြင်သစ်မှာ သွားလည်စရာနောက် တစ်နေရာကတော့ French Reviera ဖြစ်ပါတယ်။ မြေထဲပင်လယ်ရဲ့ ပင်လယ်ကမ်းခြေနေရာဖြစ်ပါတယ်။ ကမ္ဘာ့သူဋ္ဌေးကြီးတွေ နာမည်ကြီးအကျော်အမော်တွေ သွား တဲ့နေရာလို့ နာမည်ကြီးပါတယ်။ အားလုံးသိကြတဲ့ နာမည်ကျော် ကိန်း(စ်)ရုပ်ရှင်ပွဲ တော် (Cannes Film Festival) ပြုလုပ်လေ့ရှိတဲ့နေရာ ဖြစ်ပါတယ်။

တိုးရစ်တွေသွားလေ့ရှိတဲ့ နေရာ တစ်ခုကတော့ Loire Valley ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံ အလယ်ပိုင်းဖြစ်ပြီး ကမ္ဘာကျော်ရဲတိုက်ကြီးတွေ၊ ပြင်သစ်ဝိုင်ထုတ်လုပ်တဲ့ Vineyard တွေနဲ့ သမိုင်းဝင် ကျေးရွာတွေကိုပါ တွေ့နိုင်ပါတယ်။ နာမည်ကြီးဝိုင် ထုတ်လုပ်တဲ့ နေရာတွေဖြစ်တဲ့အတွက် တိုးရစ်တွေဟာ လည်ရင်းပါတ်ရင်းနဲ့ ၀ိုင်မည်းတဲ့အရ သာကိုလည်း ခံစားနိုင်ကြမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ခရီးသွားလုပ်ငန်းကုမ္ပဏီတွေဟာ Loire Valley အတွက် သီးသန့် Wine Tasting Tour အစီအစဉ်တွေလည်း ပြုလုပ်ပြီး ခရီးသွားတွေကို ဆွဲဆောင်လေ့ရှိပါတယ်။ Loire မြစ်တစ်လျှောက်မှာ အလွန်လှပတဲ့ သဘာဝရှုခင်းတွေနဲ့ သမိုင်းဝင်နေရာတွေ ရှိတဲ့အတွက် ထင်ရှားတဲ့နေရာတခု ဖြစ်ပါတယ်။