စာေရးသူတုိ႔ တကၠသုိလ္ ေက်ာင္းသားဘ၀တြင္
အလြန္ေက်ာ္ၾကားခဲ့ေသာ ၀တၳဳတစ္ပုိဒ္မွာ “ပါရီတြင္ ေသာင္တင္ခဲ့စဥ္က” ဟူေသာ
၀တၳဳျဖစ္ပါတယ္။ ျမန္မာတစ္ဦး ျပင္သစ္ႏုိင္ငံ ပဲရစ္ (ပါရီ) ေရာက္ခဲ့ စဥ္က
အျဖစ္အပ်က္ကုိ ဖြဲ႕ႏြဲ႕စီကံုးထားခဲ့ျခင္းျဖစ္ၿပီး လက္ကမခ်ရေအာင္ကုိ ဖတ္ၿပီး
အင္း . . ငါသာ ပါရီကုိ ေရာက္ခဲ့ရင္ဟူေသာ အေတြးျဖင့္ စိတ္ကူးယဥ္ခဲ့ရသည္မွာ
အေမာပင္ ျဖစ္ခဲ့ပါသည္။ .. အခုေတာ့ အဲဒီ ပါရီ(ျပင္သစ္ႏုိင္ငံပဲရစ္ၿမိဳ႕) ကုိ
အႀကိမ္ႀကိမ္ ေရာက္ခဲ့ၿပီး “ပါရီတြင္ ေသာင္တင္ခဲ့စဥ္က” ၀တၳဳထဲကလုိ
ေခ်ာေမာလွပတဲ့ ျပင္သစ္သူနဲ႕ ဇာတ္လမ္းဖြဲ႕ႏုိင္ခဲ့ပါတယ္။ အဲဒီ ၀တၳဳထဲကလုိ
ပါရီတြင္ ေသာင္တင္ခဲ့ဖူးလိုက္ ပါတယ္။ ဒါေပမယ့္ ၀တၳဳထဲကလုိ တေဆြးေဆြး
တေျမ့ေျမ့မဟုတ္ဘဲ တေငးေငး တေ၀့ေ၀့နဲ႔ ေၾကာက္လန္႔တၾကား စိတ္လႈပ္ရွားခဲ့ ရတဲ့
အျဖစ္အပ်က္ကုိ တစ္ကယ္ မေမ့ႏုိင္ စရာပါပဲ . . . ။
MCC နဲ႔
ဆက္စပ္လုပ္ကုိင္ေနတဲ့ အဂၤလန္ႏုိင္ငံက တကၠသုိလ္ေတြနဲ႔ ေတြ႕ဖုိ႔
အဂၤလန္ႏုိင္ငံကုိ ခဏခဏ သြားေလ့ရွိပါတယ္။ အဂၤလန္ႏုိင္ငံေရာက္တုိင္းလည္း
လန္ဒန္ကေန ျပင္သစ္ကုိ အၿမဲတမ္း တစ္ေခါက္ေတာ့ ေရာက္ျဖစ္ပါတယ္။
ဘာျဖစ္လုိ႔လဲဆုိေတာ့ ျပင္သစ္ႏုိင္ငံရဲ႕ ေျမာက္ဘက္ ဘယ္လဂ်ီယံႏုိင္ငံနဲ႔
ကပ္ေနတဲ့ ေနရာမွာရွိတဲ့ Lille ဆုိတဲ့ ၿမိဳ႕မွာရွိတဲ့ HEI အင္ဂ်င္နီယာ
တကၠသုိလ္ႀကီးကုိ သြားရလုိ႔ ျဖစ္ပါတယ္။ MCC မွာ AIT (Asian Institute of
Technology) နဲ႔ ပူးေပါင္း သင္ၾကားေနတဲ့ အင္ဂ်င္နီယာ ဘြဲ႕သင္တန္းေတြ
ရွိသလုိ BTEC Program ရဲ႕ HND (Higner National Diploma) အင္ဂ်င္နီယာ
ဒီပလုိမာရၿပီးသူေတြအတြက္ Bermingham City University, Middlesex
University, Liverpool John Moores University ေတြနဲ႔ Top-Up
အင္ဂ်င္နီယာဘြဲ႕သင္တန္းေတြလည္း ရွိပါတယ္။ ဒါေပမယ့္ အဆင့္ျမင့္
အင္ဂ်င္နီယာပညာ သင္ၾကားတဲ့ အစဥ္အလာႀကီးတဲ့ ဥေရာပ တကၠသုိလ္ေတြနဲ႔လည္း
ပူးေပါင္း ေဆာင္ရြက္ျခင္လုိ႔ ႀကိဳးပမ္းရင္းနဲ႔ HEI အင္ဂ်င္နီယာ
တကၠသုိလ္ႀကီးနဲ႔ ေတြ႕တာပါ။ အဲဒီတကၠသုိလ္ရွိရာ Lille ၿမိဳ႕ကုိ လန္ဒန္ကေန႔
Euro Star လုိ႔ ေခၚေသာ အျမန္ရထားနဲ႔ တုိက္ရိုက္သြားလုိ႔ ရပါတယ္။
ႏွစ္နာရီသာသာ စီးလိုက္ရင္ ေရာက္ပါတယ္။ ပဲရစ္ကုိ အရင္သြားၿပီးမွ Lille ကုိ
သြားရင္လည္း ရပါတယ္။
လန္ဒန္ရဲ႕ ေစာေစာစီးစီး မနက္(၅) နာရီမွာ
ဟုိတယ္က တကၠစီနဲ႔ စိန္းပင္ကရပ္(စ္) (St. Pancras) ဘူတာ႐ံုကုိ သြားပါတယ္။
အဲဒီမွာ မနက္ (၆း၃၀)ထြက္ မဲ့ Euro Star ရထားကုိ စီးလိုက္ပါတယ္။ အဲဒီရထားဟာ
အဂၤလန္ႏုိင္ငံ လန္ဒန္က ျပင္သစ္ႏုိင္ငံ Lille ၊ ဘယ္ဂ်ီယံႏုိင္ငံ ဘရပ္ဆဲ(လ္)
(Brussel) ၿမိဳ႕အထိ ေရာက္ ပါတယ္။ ဘူတာေရာက္ေတာ့ နည္းနည္း ေစာေနေသးလုိ႔
ေကာ္ဖီေလး ဘာေလး ေသာက္ရင္းနဲ႔ (၆း၃၀) လည္းေရာက္ေရာ ကုိယ္စီးရမဲ့တြဲ
နံပါတ္ကုိရွာ၊ ကုိယ္စီးမဲ့ ခံုနံ ပါတ္မွာထုိင္လုိ႔ မၾကာမွီ ရထားထြက္ပါၿပီ။
တစ္နာရီကုိ မုိင္(၁၅၀)ေက်ာ္ႏံႈးနဲ႔ ေျပးေန တဲ့ ရထားေပါ့။ ေဘးဘက္
ျမင္ကြင္းကုိ ၾကည့္လိုက္ေတာ့ ျမန္မာျပည္လုိပါပဲ။ လယ္ကြင္းေတြ ...။ ဒါေပမယ့္
စပါးစုိက္ခင္း ေတာ့ မဟုတ္။ ဂ်ံဳနဲ႔ တျခားသီးႏွံေတြ စိုက္ ပ်ိဳးထားတာ
မ်က္ေစ့တဆံုးပါပဲ။ လန္ဒန္က ထြက္လာတာ နာရီ၀က္ေက်ာ္ၾကာမွာေတာ့ အဂၤလိပ္
ေရလက္ၾကားလုိ႔ေခၚတဲ့ အဂၤလန္နဲ႔ ျပင္သစ္ႏုိင္ငံအၾကား ပင္လယ္ေရေအာက္ ဥမင္ကုိ
ျဖတ္ပါၿပီ။ ပါတ္၀န္းက်င္ကုိ ဘာမွမျမင္ရေတာ့ပါ။ (၄၅)မိနစ္ေက်ာ္ၾကာမွ
ေျမေပၚကုိ ျပန္တက္လိုက္တာပါ။ ျပင္သစ္ႏုိင္ငံ နယ္နိမိတ္ကုိ
၀င္လာၿပီျဖစ္ပါတယ္။ ျပင္သစ္ေရာက္ေတာ့လဲ အဂၤလန္လုိပါပဲ။ လယ္ကြင္းေတြနဲ႔
ႀကိဳၾကား ႀကိဳၾကား ေတြ႕ရတဲ့ ၿမိဳ႕ကေလးေတြကုိ ျဖတ္သန္းရင္း မနက္
(၉)နာရီေလာက္မွာ Lille ဘူတာကုိ ေရာက္သြားပါတယ္။ အဲဒီမွာ HEI က မိတ္ေဆြ
David Perry က လာႀကိဳေနၿပီး သူ႕ကားနဲ႔ဘဲ HEI တကၠသုိလ္ရွိရာကုိ
ထြက္ခဲ့ပါတယ္။ မနက္ (၁၀)နာရီမွာ HEI က တာ၀န္ရွိသူေတြနဲ႔ အစည္းအေ၀း
လုပ္ရပါတယ္။ MCC နဲ႔ HEI ပူးေပါင္းၿပီး အဆင့္ျမင့္ အင္ဂ်င္နီယာဘြဲ႕ (ME)
သင္တန္းကုိ ျမန္မာႏုိင္ငံမွာ (Twinning Program) ပံုစံနဲ႔ သင္ဖုိ႔
ျဖစ္ပါတယ္။ ျမန္မာႏုိင္ငံမွာ (၂)ႏွစ္ ျပင္သစ္မွာ (၃)ႏွစ္ တက္ၿပီး
ျပင္သစ္ႏုိင္ငံ HEI က ခ်ီးျမႇင့္မယ့္ Master of Engineering (ME) ဘြဲ႕ကုိ
ရွိမွာ ျဖစ္ပါတယ္။ အစည္းအေ၀း (၁၂)နာရီေလာက္မွာ ၿပီးတဲ့အခါ ေန႔လည္စာ စားရင္း
ေနလည္ (၂)နာရီ ပဲရစ္ကုိထြက္မယ့္ ရထားစီးဖုိ႔ ဘူတာ႐ံုကုိ ျပန္လာခဲ့ပါတယ္။
ေန႔လည္ (၁)နာရီတိတိမွာ ဘယ္ဂ်ီယံႏုိင္ငံ ဘရပ္ဆဲ(လ္)ၿမိဳ႕ကလာတဲ့ Euro Star
ရထားဟာ Lille ဘူတာမွာ ေခတၱရပ္ၿပီး ပဲရစ္ကုိ သြားမွာ ျဖစ္ပါတယ္။
အဲဒီရထားနဲ႔စီးခဲ့ၿပီး ပဲရစ္ရဲ႕ Paris Nord လုိ႔ေခၚတဲ့ ဘူတာႀကီးကုိ ညေန (၅)
နာရီေလာက္မွာ ေရာက္ခဲ့ပါတယ္။ အဲဒါနဲ႔ “ပါရီတြင္ ေသာင္တင္ခဲ့တဲ့” ဇာတ္လမ္း
စေတာ့မွာ ျဖစ္ပါတယ္။
ျပင္သစ္ဆုိတာ ကမၻာမွာ ကမၻာေက်ာ္
ပိသုကာအင္ဂ်င္နီယာႀကီးေတြ ရွိတဲ့ ေနရာပါ။ ၿပီးေတာ့ ကမၻာ့ဖက္ရွင္ Industry
ရဲ႕ အထြဋ္အျမတ္ေနရာ၊ ဥေရာပယဥ္ေက်းမႈ ထြန္းကားၿပီး သမုိင္းအေမြအႏွစ္ေတြ
တစ္ပံုတစ္ပင္ႀကီး ရွိေနတဲ့ေနရာ၊ ေရွးေဟာင္း အေဆာက္အဦးေတြ၊ ျပတိုက္ေတြလည္း
ၾကည့္လုိ႔မကုန္ႏုိင္ေအာင္ရွိတဲ့အထဲ မွာ ကမၻာေက်ာ္ အီဖယ္(လ္)
ေမွ်ာ္စင္ႀကီးလည္း ပါပါတယ္။ ဒါေပမယ့္ ပ်ိဳေမတုိ႔ကေတာ့ အဲဒါေတြကုိေက်ာ္ၿပီး
ပဲရစ္ရဲ႕ အလွအပေတြ ဖက္ရွင္ေတြရွိရာကုိ ေျပးၾကပါတယ္။ ဘာ ျဖစ္လုိ႔လဲဆုိေတာ့
ပ်ိဳေမတုိ႔အသဲမွာ Louis Vritton လက္ကုိင္အိတ္နဲ႔ နာမည္ေက်ာ္ Chanel
ေရေမႊးတုိ႔ ရွိရာအရပ္ကုိေပါ့။ အဲ ဒါေပမယ့္ ကမၻာေက်ာ္ Boulevard Haussmanm
မွာရွိတဲ့ Lafayette Haussmanm ကုန္တုိက္ႀကီးကုိဘဲ ျဖစ္ပါတယ္။ စာေရးသူကေတာ့
ျပင္သစ္ကုိ မၾကာ ခဏေရာက္လုိ႔ ၾကည့္စရာ႐ႈ႕စရာေတြ ေတာ္
ေတာ္စံုၿပီျဖစ္တဲ့အတြက္ ဒီတစ္ေခါက္ မသြား ျဖစ္ေသးတဲ့ အိဖယ္(လ္)ေမွ်ာ္စင္
(Eiffel Tower) ကုိ သြားမယ္လုိ႔ ဆံုးျဖတ္လိုက္ပါတယ္။ ၿပီးေတာ့
တနလၤာေန႔ၾကရင္ MCC အေနနဲ႔ Founder အျဖစ္ ပါ၀င္ထားတဲ့ MTN (Myanmar
Telecommunication Network Public Co., Ltd) အတြက္ ျပင္သစ္ႏုိင္ငံရဲ႕
အႀကီးဆံုး ဆက္သြယ္ေရးကုမၸဏီ Orange နဲ႔ ေတြ႕ဖုိ႔ ခ်ိန္းထားတဲ့အတြက္
တနဂၤေႏြေန႔မွာ ခ်ိန္းထားတဲ့ အေဆာက္အဦးကုိလည္း ေသခ်ာေအာင္ ၀င္ၾကည့္မယ္ေပါ့ .
. အဲဒါနဲ႔ ပဲရစ္ကုိေရာက္တဲ့ စေနေန႔ညေနမွာေတာ့ ဘယ္မွ မသြားေတာ့ဘဲ ဟုိတယ္မွာ
ေနလိုက္ပါေတာ့တယ္။
တနဂၤေႏြ မနက္ (၅)နာရီမွာ ပံုမွန္အတုိင္း
ႏုိးလာၿပီး ေန႔စဥ္မပ်က္ မလုပ္ရရင္ မေနႏုိင္တဲ့ အေျပးေလွ်ာက္ (Jogging)
တဲ့အလုပ္ကုိ ဟုိတယ္အျပင္ဖက္ထြက္ၿပီး လမ္းမႀကီးတေလွ်ာက္မွာ ျပဳလုပ္ပါတယ္။
ေမွာင္ေနဆဲနံနက္ ခင္းမွာ . . ေကာင္းလိုက္တဲ့ ျဖစ္ျခင္း၊ (Jogging) လုပ္ၿပီး
ေရမုိးခ်ိဳး အ၀တ္ အစားလဲ နံနက္စာ စားၿပီးေတာ့ မနက္ (၇)နာရီခြဲဆုိေတာ့
မေန႔က ဆံုးျဖတ္ထားတဲ့ အတုိင္း Orange ဆက္သြယ္ေရးကုမၸဏီနဲ႔ ေတြ႕ဖုိ႔ေနရာကုိ
ေျမပံုအညႊန္းအတုိင္း Metro လုိ႔ေခၚတဲ့ ေျမေအာက္ရထားနဲ႔ သြားဖုိ႔ ဟုိတယ္နဲ႔
အနီးဆံုး ဘူတာကုိသြားၿပီး ရထားစီးဖုိ႔ ေလွခါးနဲ႔ ေျမေအာက္ဘူတာကုိ
ဆင္းလိုက္ပါတယ္။ ဇာတ္လမ္းက စပါၿပီ . . .။ တနဂၤေႏြေန႔ ႐ံုးပိတ္ရက္ဆုိေတာ့
ဘူတာမွာ လူသူ ကင္းမဲ့ေနပါတယ္။ ေလွခါး က ႏွစ္ဆင့္ခ်ိဳး ျဖစ္လုိ႔
တစ္ဆင့္ခ်ိဳးဆင္းၿပီးတဲ့ အခါ ဆူဆူညံညံ စကားေျပာသံေတြနဲ႔အတူ ျပင္သစ္လူမ်ိဳး
မဟုတ္တဲ့ တူရကီလုိလုိ၊ အီတလီလုိလုိလူငယ္ (၄)ေယာက္ ဒယိမ္းဒယုိင္နဲ႔
မိမိဆင္းမဲ့ ေလွခါးအတုိင္း တက္လာပါတယ္။ စာေရးသူက ေဘးဖယ္ေပးေပမဲ့ အသလြတ္ႀကီး
လူကုိ၀င္တိုက္ၿပီး လက္ေတြက ခႏၶာကုိယ္အႏွံ မေတာ္တဆ တုိက္မိသလုိနဲ႔
ေဗ်ာင္အႏုၾကမ္းစီးမယ့္ပံုစံ ျဖစ္ပါတယ္။ စာေရးသူလည္း မျဖစ္ေခ်ဘူးဆုိၿပီး
ေလွခါးကေန အေပၚကုိ ျပန္တက္ၿပီး ဟုိတယ္ကုိ အေျပးျပန္ခဲ့ရေတာ့တာေပါ့ . .
ျမတ္စြာဘုရား . .. မလြယ္ပါလား . . ေျမေပၚကေန ေျမေအာက္ဆင္းလိုက္တာနဲ႔
ျပႆနာစေတြ႕ေတာ့တာ ျဖစ္ပါတယ္။ ျပင္သစ္ႏုိင္ငံမွာ တရား၀င္ေရာ တရားမ၀င္ေရာ
ေနထုိင္တဲ့ အာဖရိကနဲ႔ အေရွ႕အလယ္ပုိင္းက လူေတြ အမ်ားႀကီးရွိေနပါတယ္။
အလုပ္အကုိင္ မယ္မယ္ရရမရွိဘဲ ခါးပုိက္ႏုိက္ ခုိးဆုိးလုယက္တဲ့ ရာဇ၀တ္မႈေတြ
က်ဴးလြန္တယ္ဆုိတာ ၾကားဘူးရဲ႕သားနဲ႔ အခုေတာ့ ကုိယ္ေတြ႕ႀကံဳရၿပီျဖစ္ပါတယ္ . .
။ ဒါေပမယ့္ . . ဘာရမလဲ အမိမခံဘဲ ဟုိတယ္ကုိ ျပန္ေျပးလိုက္တာေပါ့ . .
ေတာ္ပါေသးရဲ႕ . . ။
ဒီလုိနဲ႔ မနက္ (၉) နာရီေလာက္ၾကေတာ့ . . ဟုိတယ္က
ျပန္ထြက္ၿပီး လူရိပ္လူေျခ ၾကည့္ေတာ့ လူေတြမမ်ားေပမယ့္ သြားလာေနၾကၿပီဆုိေတာ့
. . အခုနက ျပန္ေျပးလာခဲ့တဲ့ ဘူတာကုိ သြား . . မရဲတရဲနဲ႔ ေအာက္ကုိဆင္းေတာ့
ဘူတာထဲမွာ လူတစ္ခ်ိဳ႕ ရွိေနၿပီျဖစ္လုိ႔ စိတ္ခ်လက္ခ်နဲ႔ စီးရမယ့္ ရထားကုိ
ေစာင့္ၿပီး Orange ကုမၸဏီက လူေတြနဲ႔ ခ်ိန္းထားတဲ့ စားေသာက္ဆုိင္နဲ႔
အနီးဆံုးလည္းျဖစ္တဲ့ (Invalides) ဘူတာကုိ Metro စီးခဲ့တာ ခဏေလးပါပဲ။
ဘူတာေရာက္ေတာ့ ရထား ကေန ဆင္း . . ေလွခါးနဲ႔ အေပၚကုိ တက္ၿပီးေတာ့
ေျမပံုအညႊန္းအတုိင္း ခ်ိန္းထားတဲ့ စားေသာက္ဆုိင္ကုိ လြယ္လြယ္နဲ႔
ေရာက္သြားခဲ့ပါတယ္ . .။ နာမည္ႀကီး စားေသာက္ဆုိင္ျဖစ္လုိ႔ . .
နံနက္စာစားဖုိ႔ ပိတ္ရက္မွာ ျပင္သစ္လူမ်ိဳးေတြ ႐ိႈးအျပည့္နဲ႔၊ ၿပီးေတာ့
မတန္တဆ ေစ်းေပးၿပီး၀ယ္ ထားတဲ့ Antique ေရွးေဟာင္း ကားေတြနဲ႔
တစ္စီးၿပီးတစ္စီး ေရာက္လာေနပါတယ္ . . ။ စာေရးသူလည္း ဟန္ကုိယ့္ဖုိ႔ဆုိၿပီး .
. Capac Chino ေကာ္ဖီတစ္ခြက္ မွာ ေသာက္ၿပီးေတာ့ . . စတုိင္နဲ႔
ျပန္ထြက္ၿပီး ေနရာကုိ ေသေသခ်ာခ်ာမွတ္ . . ဘာျဖစ္လုိ႔လဲဆုိေတာ့ မနက္ျဖန္
Orange နဲ႔ ေတြ႕တဲ့ အခါ ေနာက္မက်ဘဲ တန္းတန္းမတ္မတ္ ေရာက္ရေအာင္ ျဖစ္ပါတယ္ .
. ။ စားေသာက္ဆိုင္ကထြက္ၿပီး ပါတ္၀န္းက်င္ကုိ ေမာ့ၾကည့္လိုက္တဲ့အခါ
အီဖယ္(လ္)ေမွ်ာ္စင္ႀကီးက အနားမွာဆုိေတာ့ လမ္းေလွ်ာက္သြား႐ံုပါဘဲ . . ။
တနဂၤေႏြေန႔မုိ႔ထင္ပါတယ္ . . အီဖ(လ္)ေမွ်ာ္စင္ကုိလာတဲ့
ျပင္သစ္လူမ်ိဳးေတြေရာ၊ ကမၻာလွည့္ ခရီးသည္ ေတြကုိေရာ အမ်ားႀကီး ေတြ႕ရၿပီး
ေမွ်ာ္စင္ေပၚတက္ဖုိ႔ တန္းစီရမွာျဖစ္လို႔ ေကြ႕ေကာက္ၿပီး ရွည္လ်ားလွတဲ့
လူတန္းႀကီးထဲကုိ၀င္ၿပီး ေနရာယူ တန္းစီလိုက္ရပါေတာ့တယ္ . .။ မီတာ (၃၀၀)
ျမင့္တဲ့ ေမွ်ာ္စင္ေပၚ ေရာက္ေအာင္ ဓါတ္ေလွခါးနဲ႔ တက္ရမွာျဖစ္လုိ႔
ဓါတ္ေလွခါးအတက္တစ္စီး၊ အဆင္းတစ္စီး ေစာင့္ၿပီး စီးေနရဖုိ႔ ေတာ္ေတာ္နဲ႔
ဓါတ္ေလွခါးစီးရမဲ့ ေနရာကုိ မေရာက္ႏုိင္ပါဘူး . . ။ စုစုေပါင္း ေစာင့္ရတာ
(၂)နာရီေက်ာ္ ၾကာ သြားတဲ့အခါ ဓါတ္ေလွခါးေနရာ ေရာက္ပါၿပီ . . ။ လူေတြကလည္း
တုိးၾကပ္ညပ္ေနပါတယ္။ ဓါတ္ေလွခါးအတြင္း ၀င္လိုက္တာနဲ႔ “Beware of
Pickpocket” ဆုိတဲ့ ခါးပိုက္ႏိႈက္ သတိျပဳပါဆုိတဲ့ သတိေပးဆုိင္းဘုတ္
ေတြ႕ေနရပါၿပီ။ သတိထားတဲ့အေနနဲ႔ ေဘာင္းဘီအိတ္ထဲမွာ ထည့္ထားတဲ့
ပုိက္ဆံအိတ္ကုိ လက္တစ္ဖက္က ဆုတ္ကုိင္ထားၿပီး သတိနဲ႔ေနၿပီး ေဘးဘီလည္း
အကဲခတ္ရင္း ေမွ်ာ္စင္ရဲ႕ အေပၚဆံုးမေရာက္ခင္ တစ္ထပ္ဓါတ္ေလွခါး ဂိတ္ဆံုးကုိ
ေရာက္ရွိပါတယ္။ ဓါတ္ေလွခါးအထြက္မွာ ျပန္ဆင္းမဲ့သူေတြနဲ႔ တုိးေ၀ွ႕ရင္း
“Beware of Pickpocket” ဆုိင္းဘုတ္ေတြ ေနရာအႏွံ ေတြ႕ရျပန္ပါၿပီ။
ခါးပိုက္ႏိႈက္ေတြ ဘယ္ေလာက္ ေပါသလဲဆုိတာ သိသာပါတယ္။ စာေရးသူလည္း
ေဘာင္းဘီအိတ္ထဲက ပိုက္ဆံအိတ္ကုိ လက္နဲ႔ ဖိထားရင္း အီဖယ္(လ္)
ေမွ်ာ္စင္ေပၚကေန ပဲရစ္ၿမိဳ႕ႀကီးတစ္ခုလံုးရဲ႕ အလွအပကုိ ေမွ်ာ္စင္တစ္ပတ္
ပတ္ၾကည့္ရင္း ကမၻာ့အံ့ဖြယ္တစ္ခုအေပၚမွာ ငါေရာက္ေန ပါလားဆုိတဲ့အသိနဲ႔
ဘ၀င္ေလဟပ္သြားပါေတာ့တယ္ . . ။ ၿပီးေတာ့ ဓါတ္ေလွခါးနဲ႔ ျပန္ဆင္းဖုိ႔
တန္းစီရျပန္ပါေရာ . .။ အဲဒီမွာလည္း တုိးတုိးႀကိတ္ႀကိတ္နဲ႔ ခါးပိုက္ႏိႈက္
သတိျပဳစာတမ္းေတြလည္း ေနရာအႏွံ႕ . . တန္းစီၿပီး သတိထားရင္းနဲ႔ ကုိယ့္အလွည့္
ေရာက္ေတာ့ ဓါတ္ေလွခါးစီးၿပီးေအာက္ ကုိ ေရာက္သြားေတာ့မွ သက္ျပင္းခ်ႏုိင္ပါ
ေတာ့တယ္ . . ။ ဘာရမလဲ ငါကြ . . ခါးပိုက္ႏိႈက္မခံရဘူးဆုိၿပီး စိတ္လက္ေပါ့ပါး
စြာနဲ႔ ျပန္ဖုိ႔ Invalides ဘူတာကုိ ျပန္လာ ခဲ့ပါေတာ့တယ္ . .။ လူကလည္း
တုိးရစ္ ပံု ေပါက္ေနသလား အဲဒီကေန ပဲရစ္မွာ သိတ္မေအးလုိ႔ တီရွပ္နဲ႔
ဂ်င္းေဘာင္းဘီနဲ႔ လည္ပင္းမွာလဲ Nikon ကင္မရာႀကီးလည္း ဆြဲလုိ႔ေပါ့. . ။
ဘူတာထဲဆင္းလိုက္ေတာ့ လည္း လူမ်ားမ်ားစားစား မရွိ ျပင္သစ္မ တစ္ေယာက္
ႏွစ္ေယာက္ေလာက္ဘဲ ေတြ႕ ၿပီးလူရွင္းေနပါတယ္ . . ။ အီဖယ္(လ္)
ေမွ်ာ္စင္သြားတုန္းက ခါးပုိက္ႏိႈက္မွာဆုိးလုိ႔ စိတ္ပင္ပန္းခဲ့ရသမွ် အခုေတာ့
လူေတြ တုိးေ၀ွ႕ ေနစရာမရွိလုိ႔ စိတ္သက္သာရာ ရသြားပါၿပီ. . ။ စီးရမဲ့ ရထားက
ဘူတာ႐ံုထဲ ၀င္လာပါၿပီ . .။ ရထားရပ္လုိ႔ တံခါးဖြင့္လိုက္တဲ့ အခါ အထဲကုိ
၀င္လုိက္ၿပီး ထုိင္ခံုမွာ မထုိင္ဘဲ အေပါက္အနား အလယ္မွာဘဲ ရပ္လိုက္ မိပါတယ္ …
။ ဘူတာကလည္း ႏွစ္ဘူတာ ေလာက္ဆုိေတာ့ မထုိင္ေတာ့ဘူးေပါ့ …။ ၀င္ၿပီး
ရပ္လိုက္လုိ႔မွ မၾကာဘူး အခုနက ဘူတာ႐ံုမွာေတြ႕တဲ့ ျပင္သစ္မ ေနာက္က
လိုက္၀င္လာၿပီး စာေရးသူရဲ႕ ေဘးကေန တုိးရစ္ (Tourist Map) ေျမပံုႀကီးကုိ
ျဖန္႔ၿပီး ျပင္သစ္လုိ႔ အတင္းစကားေျပာ ေမးျမန္းလုိက္လုိ႔ လန္႔သြားပါတယ္ . .။
စာေရးသူလည္း . . မသိဘူး . . ႏုိး. . ႏုိး .. ဆုိၿပီး
တံု႕ျပန္တဲ့အခ်ိန္အားလံုးဟာ စကၠန္႔ ပိုင္းကေလးသာျဖစ္ၿပီး ရထားတံခါးပိတ္ၿပီး
ထြက္လိုက္တဲ့အခါ . . ခ်က္ျခင္းသတိထားမိလိုက္တာက ေဘာင္းဘီအိတ္ထဲ. . .
ေပါ့ရႊတ္ရႊတ္ ျဖစ္ေနတာ သိလုိက္ၿပီး .. ၾကည့္လိုက္ေတာ့
ပိုက္ဆံအိတ္မရွိေတာ့ပါဘူး . . ခါးပိုက္ႏိႈက္ ခံလိုက္ရပါၿပီ . . ။ အဲဒီ
ျပင္သစ္မကုိ ၾကည့္လိုက္ေတာ့ မရွိေတာ့ပါဘူး။ ရထားတံခါး မပိတ္ခင္
ျပန္ဆင္းသြားပါၿပီ ျဖစ္ပါတယ္ . . .။ သြားပါၿပီ .. ရွိသမွ် ပိုက္ဆံအားလံုး
ပိုက္ဆံအိတ္ထဲ အကုန္ပါသြားပါၿပီ . ။ အေမရိကန္ ေဒၚလာ ၃၀၀၀ ေက်ာ္၊ ယူ႐ို ၉၀၀၊
ေပါင္စတာလင္ ၂၅၀ ေလာက္နဲ႔ ထုိင္းဘတ္ေငြတစ္ခ်ိဳ႕၊ ျမန္မာက်ပ္တစ္ခ်ိဳ႕အျပင္
VISA Card ေတြလည္း အကုန္ပါသြားၿပီ . . ပုိက္ဆံေတြအားလံုး ပိုက္ဆံအိတ္ထဲ
အကုန္ထည့္ထားတာ ပိုက္ဆံအိတ္ႀကီးကလည္း ေဖာင္း၊ ေဘာင္းဘီအိတ္ထဲ ထည့္ထားတာက
ေဘာင္းဘီ အိတ္ကလဲေဖာင္းနဲ႔. . ေတာသားလူမိုက္ ခါးပိုက္ႏိႈက္ခံလိုက္ရပါၿပီ .
.။ အသက္ (၆၀) ေက်ာ္တဲ့အထိ တစ္ခါမွ ခါးပုိက္ႏိႈက္ မခံရဘဲ ျပင္သစ္ကုိ
ေရာက္ေတာ့မွ ခါးပိုက္ႏိႈက္ ခံရေလျခင္း .. ဆုိၿပီး ဘာလုပ္ရမွန္းမသိ . . ။
ပါတာလည္း တစ္ျပားမွမရွိေတာ့ . . ။ ပါရီတြင္ ေသာင္တင္သြားပါၿပီ . . ။
ျပင္သစ္မနဲ႔ ဇာတ္လမ္းျဖစ္ၿပီး တစ္ေဆြးေဆြးတစ္ေျမ့ေျမ့နဲ႔ ပါရီတြင္
ေသာင္တင္ခဲ့ျခင္းမဟုတ္ပါ။ ျပင္သစ္မ “မ” သြားလုိ႔ တစ္ေငြ႕ေငြ႕နဲ႔
စိတ္ဆင္းရဲျခင္း ႀကီးစြာျဖစ္ၿပီး ပါရီတြင္ ေသာင္တင္ခဲ့ျခင္း ျဖစ္ပါတယ္ . . ။
“ဟဲလုိ . . ကုိျပည္စုိး . . လား အကူအညီေပးပါအံုးဗ်ာ . . က်ဳပ္ရထားေပၚမွာ
ခါးပိုက္ႏိႈက္ခံရလုိ႔ . . ပိုက္ဆံ တစ္ျပားမွ မရွိေတာ့ဘူး . . ညေနထမင္း
စားဖုိ႔ေတာင္ ပိုက္ဆံမရွိဘူးျဖစ္ေနတယ္ .. မနက္ျဖန္လည္း လန္ဒန္ကုိ
ျပန္ရအံုးမယ္ . .” အဲဒါကေတာ့ ျပင္သစ္-ျမန္မာသံ႐ံုးက သံမွဴး ကုိျပည္စုိး . .
ကုိ ဖုန္းဆက္ေခၚရတာ ျဖစ္ပါတယ္။ သူက တပည့္လည္းျဖစ္ခဲ့ဘူးေတာ့ . .
မတတ္ႏုိင္ဘူး။ အကူအညီေတာင္းရေတာ့တာေပါ့။ “ဟာ .. ဆရာရယ္ .. ျဖစ္ရေလ ..
ပဲရစ္မွာ ခါးပိုက္ႏိႈက္က သိပ္ေပါတာ . . ဆရာခံရတဲ့ပံုစံမ်ိဳးူ . .
ႏုိင္ငံျခားကလူေတြ မၾကာခဏ ခံရတတ္တယ္ . .။ အဲဒီထဲမွာ ျမန္မာေတြ မ်ားတယ္ . . ။
ကြၽန္ေတာ္တုိ႔ သံ႐ံုးက လူေတြေတာင္ မလြတ္ဘူး . .။ စိတ္မပူပါနဲ႔
ကြၽန္ေတာ္အခုဘဲ လာခဲ့ပါ့မယ္ . . ။” ေတာ္ပါေသးရဲ႕။ ေမာင္မင္းႀကီးသား
သက္ေတာ္ရာေက်ာ္ ရွည္ပါေစ . . ။ “ဟဲလုိ . . သားလား . . ငါေတာ့ ပဲရစ္မွာ
ခါးပိုက္ႏိႈက္ခံရလုိ႔ VISA Card လည္း ပါသြားတယ္။ အဲဒါ VISA Card ထုတ္ေပးတဲ့
DBS Bank ကုိ ခ်က္ျခင္းဖုန္းဆက္ၿပီး Card ကုိ ပိတ္ခုိင္းေပးပါ . . .”
စကၤာပူက သားဆီကုိလည္း ခ်က္ျခင္းဖုန္းဆက္ၿပီး VISA Card ကုိ
ပိတ္ခုိင္းရျပန္ပါတယ္။ သားကတစ္ဆင့္ ရန္ကုန္က မိသားစုေတြဆီ
သတင္းေတြေရာက္ၿပီး မိသားစုေတြလည္း စုိးရိမ္တႀကီးနဲ႔ ဘာလုပ္ေပးရမလဲဆုိတာ
ဖုန္းေတြ ဆက္ၾကျပန္ပါတယ္ . . ။ ကမၻာတစ္လႊား . . ေနရာတကာသြားၿပီး . .
လူလည္ႀကီးျဖစ္ၿပီ ထင္ရတဲ့ စာေရးသူကေတာ့ ဒီတစ္ခ်ီ ႏွပ္ပစ္ခံလိုက္ရၿပီ . .
ပါရီတြင္ ပိုက္ဆံတျပားမွ မရွိဘဲ ေသာင္တင္ေတာ့မယ့္ အျဖစ္ပါဘဲ . . .။
မၾကာခင္မွာဘဲ . . ဟုိတယ္ကုိ ကုိျပည္စုိးနဲ႔ သံ႐ံုး . . မိသားစု ေရာက္လာ
ပါတယ္။ ၿပီးေတာ့ ယူ႐ိုေငြ (၅၀၀) လာေပး ၿပီးေနာက္ ဆရာႀကံဳမွ ေပးပါတဲ့ .. ။
ေက်းဇူးပါဘဲ ေမာင္မင္းႀကီးသားတုိ႔ရာ .. ဒီညေန ထမင္းစားဖုိ႔ မနက္ျဖန္
လန္ဒန္သြား ဖုိ႔ တကၠစီခ၊ ရထားခေတာ့ ရသြားလုိ႔ ေတာ္ ပါေသးတယ္ . . ။
လန္ဒန္ေရာက္ေတာ့ လန္ဒန္က မိတ္ေဆြေတြကလည္း ဒီအျဖစ္သနစ္ကုိ ရန္ကုန္ကလူေတြ
သတင္းပုိ႔ထားလုိ႔ သိေနၾကပါၿပီ။ ဂ႐ုဏာအျပည့္နဲ႔ ဘာကူညီရမလဲဆုိတာ
ေမးၾကရင္းနဲ႔ မိတ္ေဆြျဖစ္သူ Michael ဆီက ေဒၚလာ (၁၀၀၀) ယူလိုက္ၿပီး သူရဲ႕
Account ထဲကုိ ရန္ကုန္ကေန ပိုက္ဆံ လႊဲခုိင္းလိုက္ရပါတယ္ . . ။
အဲဒါကေတာ့ MCC ဥကၠ႒ႀကီး “ပါရီတြင္ ေသာင္တင္ခဲ့စဥ္က” အျဖစ္ကုိ
ျပန္ၿပီးေဖာက္သည္ခ်လိုက္တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ေခတ္မွီတဲ့
တုိင္းျပည္သြားလုိ႔ ခါးပိုက္ႏိႈက္မရွိဘူးမထင္နဲ႔ . . ကုိယ္တုိင္းျပည္
ထက္ေတာင္ ပုိမ်ားေနေသးတယ္ .. ။ ၿပီးေတာ့ ဥကၠ႒ႀကီးလုိ Nikon ကင္မရာ ႀကီး
လည္ပင္းဆြဲၿပီး ပိုက္ဆံအိတ္ႀကီး ေဘာင္းဘီအိတ္ထဲ မထည့္နဲ႔ . . ေတာသားမွန္း
လူသိတယ္ . . ျပင္သစ္မွာ Louis Vuitton လုိ ပိုက္ဆံအိတ္ေတြ
ေပၚျပဴလာျဖစ္ေပမယ့္ . . . ပိုက္ဆံအိတ္ႀကီး တစ္ကုိင္ကုိင္နဲ႕ေတာ့ မသြားနဲ႔
.. ခါး ပိုက္ႏိႈက္ခံရရင္ခံရ . . ဒါမွမဟုတ္ရင္ အလုခံရတတ္တယ္ . . MCC
ဥကၠ႒ႀကီး ရဲ႕ ဇာတ္လမ္းေတြထဲက ဇာတ္လမ္းတစ္ပုဒ္ ေပါ့ . . . ။
အီကုိ ကုိေအာင္
ပါရီတွင် သောင်တင်ခဲ့စဉ်က
စာရေးသူတို့ တက္ကသိုလ် ကျောင်းသားဘဝတွင် အလွန်ကျော်ကြားခဲ့သော
၀တ္ထုတစ်ပိုဒ်မှာ “ပါရီတွင် သောင်တင်ခဲ့စဉ်က” ဟူသော ၀တ္ထုဖြစ်ပါတယ်။
မြန်မာတစ်ဦး ပြင်သစ်နိုင်ငံ ပဲရစ် (ပါရီ) ရောက်ခဲ့ စဉ်က အဖြစ်အပျက်ကို
ဖွဲ့နွဲ့စီကုံးထားခဲ့ခြင်းဖြစ်ပြီး လက်ကမချရအောင်ကို ဖတ်ပြီး အင်း . . ငါသာ
ပါရီကို ရောက်ခဲ့ရင်ဟူသော အတွေးဖြင့် စိတ်ကူးယဉ်ခဲ့ရသည်မှာ အမောပင်
ဖြစ်ခဲ့ပါသည်။ .. အခုတော့ အဲဒီ ပါရီ(ပြင်သစ်နိုင်ငံပဲရစ်မြို့) ကို
အကြိမ်ကြိမ် ရောက်ခဲ့ပြီး “ပါရီတွင် သောင်တင်ခဲ့စဉ်က” ၀တ္ထုထဲကလို
ချောမောလှပတဲ့ ပြင်သစ်သူနဲ့ ဇာတ်လမ်းဖွဲ့နိုင်ခဲ့ပါတယ်။ အဲဒီ ၀တ္ထုထဲကလို
ပါရီတွင် သောင်တင်ခဲ့ဖူးလိုက် ပါတယ်။ ဒါပေမယ့် ၀တ္ထုထဲကလို တဆွေးဆွေး
တမြေ့မြေ့မဟုတ်ဘဲ တငေးငေး တဝေ့ဝေ့နဲ့ ကြောက်လန့်တကြား စိတ်လှုပ်ရှားခဲ့
ရတဲ့ အဖြစ်အပျက်ကို တစ်ကယ် မမေ့နိုင် စရာပါပဲ . . . ။
MCC နဲ့
ဆက်စပ်လုပ်ကိုင်နေတဲ့ အင်္ဂလန်နိုင်ငံက တက္ကသိုလ်တွေနဲ့ တွေ့ဖို့
အင်္ဂလန်နိုင်ငံကို ခဏခဏ သွားလေ့ရှိပါတယ်။ အင်္ဂလန်နိုင်ငံရောက်တိုင်းလည်း
လန်ဒန်ကနေ ပြင်သစ်ကို အမြဲတမ်း တစ်ခေါက်တော့ ရောက်ဖြစ်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ပြင်သစ်နိုင်ငံရဲ့ မြောက်ဘက် ဘယ်လဂျီယံနိုင်ငံနဲ့
ကပ်နေတဲ့ နေရာမှာရှိတဲ့ Lille ဆိုတဲ့ မြို့မှာရှိတဲ့ HEI အင်ဂျင်နီယာ
တက္ကသိုလ်ကြီးကို သွားရလို့ ဖြစ်ပါတယ်။ MCC မှာ AIT (Asian Institute of
Technology) နဲ့ ပူးပေါင်း သင်ကြားနေတဲ့ အင်ဂျင်နီယာ ဘွဲ့သင်တန်းတွေ
ရှိသလို BTEC Program ရဲ့ HND (Higner National Diploma) အင်ဂျင်နီယာ
ဒီပလိုမာရပြီးသူတွေအတွက် Bermingham City University, Middlesex
University, Liverpool John Moores University တွေနဲ့ Top-Up
အင်ဂျင်နီယာဘွဲ့သင်တန်းတွေလည်း ရှိပါတယ်။ ဒါပေမယ့် အဆင့်မြင့်
အင်ဂျင်နီယာပညာ သင်ကြားတဲ့ အစဉ်အလာကြီးတဲ့ ဥရောပ တက္ကသိုလ်တွေနဲ့လည်း
ပူးပေါင်း ဆောင်ရွက်ခြင်လို့ ကြိုးပမ်းရင်းနဲ့ HEI အင်ဂျင်နီယာ
တက္ကသိုလ်ကြီးနဲ့ တွေ့တာပါ။ အဲဒီတက္ကသိုလ်ရှိရာ Lille မြို့ကို လန်ဒန်ကနေ့
Euro Star လို့ ခေါ်သော အမြန်ရထားနဲ့ တိုက်ရိုက်သွားလို့ ရပါတယ်။
နှစ်နာရီသာသာ စီးလိုက်ရင် ရောက်ပါတယ်။ ပဲရစ်ကို အရင်သွားပြီးမှ Lille ကို
သွားရင်လည်း ရပါတယ်။
လန်ဒန်ရဲ့ စောစောစီးစီး မနက်(၅) နာရီမှာ
ဟိုတယ်က တက္ကစီနဲ့ စိန်းပင်ကရပ်(စ်) (St. Pancras) ဘူတာရုံကို သွားပါတယ်။
အဲဒီမှာ မနက် (၆း၃၀)ထွက် မဲ့ Euro Star ရထားကို စီးလိုက်ပါတယ်။ အဲဒီရထားဟာ
အင်္ဂလန်နိုင်ငံ လန်ဒန်က ပြင်သစ်နိုင်ငံ Lille ၊ ဘယ်ဂျီယံနိုင်ငံ
ဘရပ်ဆဲ(လ်) (Brussel) မြို့အထိ ရောက် ပါတယ်။ ဘူတာရောက်တော့ နည်းနည်း
စောနေသေးလို့ ကော်ဖီလေး ဘာလေး သောက်ရင်းနဲ့ (၆း၃၀) လည်းရောက်ရော
ကိုယ်စီးရမဲ့တွဲ နံပါတ်ကိုရှာ၊ ကိုယ်စီးမဲ့ ခုံနံ ပါတ်မှာထိုင်လို့ မကြာမှီ
ရထားထွက်ပါပြီ။ တစ်နာရီကို မိုင်(၁၅၀)ကျော်နှုံးနဲ့ ပြေးနေ တဲ့ ရထားပေါ့။
ဘေးဘက် မြင်ကွင်းကို ကြည့်လိုက်တော့ မြန်မာပြည်လိုပါပဲ။ လယ်ကွင်းတွေ ...။
ဒါပေမယ့် စပါးစိုက်ခင်း တော့ မဟုတ်။ ဂျုံနဲ့ တခြားသီးနှံတွေ စိုက်
ပျိုးထားတာ မျက်စေ့တဆုံးပါပဲ။ လန်ဒန်က ထွက်လာတာ နာရီဝက်ကျော်ကြာမှာတော့
အင်္ဂလိပ် ရေလက်ကြားလို့ခေါ်တဲ့ အင်္ဂလန်နဲ့ ပြင်သစ်နိုင်ငံအကြား
ပင်လယ်ရေအောက် ဥမင်ကို ဖြတ်ပါပြီ။ ပါတ်ဝန်းကျင်ကို ဘာမှမမြင်ရတော့ပါ။
(၄၅)မိနစ်ကျော်ကြာမှ မြေပေါ်ကို ပြန်တက်လိုက်တာပါ။ ပြင်သစ်နိုင်ငံ
နယ်နိမိတ်ကို ၀င်လာပြီဖြစ်ပါတယ်။ ပြင်သစ်ရောက်တော့လဲ အင်္ဂလန်လိုပါပဲ။
လယ်ကွင်းတွေနဲ့ ကြိုကြား ကြိုကြား တွေ့ရတဲ့ မြို့ကလေးတွေကို ဖြတ်သန်းရင်း
မနက် (၉)နာရီလောက်မှာ Lille ဘူတာကို ရောက်သွားပါတယ်။ အဲဒီမှာ HEI က မိတ်ဆွေ
David Perry က လာကြိုနေပြီး သူ့ကားနဲ့ဘဲ HEI တက္ကသိုလ်ရှိရာကို
ထွက်ခဲ့ပါတယ်။ မနက် (၁၀)နာရီမှာ HEI က တာဝန်ရှိသူတွေနဲ့ အစည်းအဝေး
လုပ်ရပါတယ်။ MCC နဲ့ HEI ပူးပေါင်းပြီး အဆင့်မြင့် အင်ဂျင်နီယာဘွဲ့ (ME)
သင်တန်းကို မြန်မာနိုင်ငံမှာ (Twinning Program) ပုံစံနဲ့ သင်ဖို့
ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ (၂)နှစ် ပြင်သစ်မှာ (၃)နှစ် တက်ပြီး
ပြင်သစ်နိုင်ငံ HEI က ချီးမြှင့်မယ့် Master of Engineering (ME) ဘွဲ့ကို
ရှိမှာ ဖြစ်ပါတယ်။ အစည်းအဝေး (၁၂)နာရီလောက်မှာ ပြီးတဲ့အခါ နေ့လည်စာ စားရင်း
နေလည် (၂)နာရီ ပဲရစ်ကိုထွက်မယ့် ရထားစီးဖို့ ဘူတာရုံကို ပြန်လာခဲ့ပါတယ်။
နေ့လည် (၁)နာရီတိတိမှာ ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲ(လ်)မြို့ကလာတဲ့ Euro Star
ရထားဟာ Lille ဘူတာမှာ ခေတ္တရပ်ပြီး ပဲရစ်ကို သွားမှာ ဖြစ်ပါတယ်။
အဲဒီရထားနဲ့စီးခဲ့ပြီး ပဲရစ်ရဲ့ Paris Nord လို့ခေါ်တဲ့ ဘူတာကြီးကို ညနေ
(၅) နာရီလောက်မှာ ရောက်ခဲ့ပါတယ်။ အဲဒါနဲ့ “ပါရီတွင် သောင်တင်ခဲ့တဲ့”
ဇာတ်လမ်း စတော့မှာ ဖြစ်ပါတယ်။
ပြင်သစ်ဆိုတာ ကမ္ဘာမှာ ကမ္ဘာကျော်
ပိသုကာအင်ဂျင်နီယာကြီးတွေ ရှိတဲ့ နေရာပါ။ ပြီးတော့ ကမ္ဘာ့ဖက်ရှင် Industry
ရဲ့ အထွဋ်အမြတ်နေရာ၊ ဥရောပယဉ်ကျေးမှု ထွန်းကားပြီး သမိုင်းအမွေအနှစ်တွေ
တစ်ပုံတစ်ပင်ကြီး ရှိနေတဲ့နေရာ၊ ရှေးဟောင်း အဆောက်အဦးတွေ၊ ပြတိုက်တွေလည်း
ကြည့်လို့မကုန်နိုင်အောင်ရှိတဲ့အထဲ မှာ ကမ္ဘာကျော် အီဖယ်(လ်)
မျှော်စင်ကြီးလည်း ပါပါတယ်။ ဒါပေမယ့် ပျိုမေတို့ကတော့ အဲဒါတွေကိုကျော်ပြီး
ပဲရစ်ရဲ့ အလှအပတွေ ဖက်ရှင်တွေရှိရာကို ပြေးကြပါတယ်။ ဘာ ဖြစ်လို့လဲဆိုတော့
ပျိုမေတို့အသဲမှာ Louis Vritton လက်ကိုင်အိတ်နဲ့ နာမည်ကျော် Chanel
ရေမွှေးတို့ ရှိရာအရပ်ကိုပေါ့။ အဲ ဒါပေမယ့် ကမ္ဘာကျော် Boulevard Haussmanm
မှာရှိတဲ့ Lafayette Haussmanm ကုန်တိုက်ကြီးကိုဘဲ ဖြစ်ပါတယ်။
စာရေးသူကတော့ ပြင်သစ်ကို မကြာ ခဏရောက်လို့ ကြည့်စရာရှု့စရာတွေ တော်
တော်စုံပြီဖြစ်တဲ့အတွက် ဒီတစ်ခေါက် မသွား ဖြစ်သေးတဲ့ အိဖယ်(လ်)မျှော်စင်
(Eiffel Tower) ကို သွားမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ပြီးတော့
တနင်္လာနေ့ကြရင် MCC အနေနဲ့ Founder အဖြစ် ပါ၀င်ထားတဲ့ MTN (Myanmar
Telecommunication Network Public Co., Ltd) အတွက် ပြင်သစ်နိုင်ငံရဲ့
အကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ Orange နဲ့ တွေ့ဖို့ ချိန်းထားတဲ့အတွက်
တနင်္ဂနွေနေ့မှာ ချိန်းထားတဲ့ အဆောက်အဦးကိုလည်း သေချာအောင် ၀င်ကြည့်မယ်ပေါ့
. . အဲဒါနဲ့ ပဲရစ်ကိုရောက်တဲ့ စနေနေ့ညနေမှာတော့ ဘယ်မှ မသွားတော့ဘဲ
ဟိုတယ်မှာ နေလိုက်ပါတော့တယ်။
တနင်္ဂနွေ မနက် (၅)နာရီမှာ
ပုံမှန်အတိုင်း နိုးလာပြီး နေ့စဉ်မပျက် မလုပ်ရရင် မနေနိုင်တဲ့ အပြေးလျှောက်
(Jogging) တဲ့အလုပ်ကို ဟိုတယ်အပြင်ဖက်ထွက်ပြီး လမ်းမကြီးတလျှောက်မှာ
ပြုလုပ်ပါတယ်။ မှောင်နေဆဲနံနက် ခင်းမှာ . . ကောင်းလိုက်တဲ့ ဖြစ်ခြင်း၊
(Jogging) လုပ်ပြီး ရေမိုးချိုး အဝတ် အစားလဲ နံနက်စာ စားပြီးတော့ မနက်
(၇)နာရီခွဲဆိုတော့ မနေ့က ဆုံးဖြတ်ထားတဲ့ အတိုင်း Orange
ဆက်သွယ်ရေးကုမ္ပဏီနဲ့ တွေ့ဖို့နေရာကို မြေပုံအညွှန်းအတိုင်း Metro
လို့ခေါ်တဲ့ မြေအောက်ရထားနဲ့ သွားဖို့ ဟိုတယ်နဲ့ အနီးဆုံး ဘူတာကိုသွားပြီး
ရထားစီးဖို့ လှေခါးနဲ့ မြေအောက်ဘူတာကို ဆင်းလိုက်ပါတယ်။ ဇာတ်လမ်းက စပါပြီ .
. .။ တနင်္ဂနွေနေ့ ရုံးပိတ်ရက်ဆိုတော့ ဘူတာမှာ လူသူ ကင်းမဲ့နေပါတယ်။
လှေခါး က နှစ်ဆင့်ချိုး ဖြစ်လို့ တစ်ဆင့်ချိုးဆင်းပြီးတဲ့ အခါ ဆူဆူညံညံ
စကားပြောသံတွေနဲ့အတူ ပြင်သစ်လူမျိုး မဟုတ်တဲ့ တူရကီလိုလို၊
အီတလီလိုလိုလူငယ် (၄)ယောက် ဒယိမ်းဒယိုင်နဲ့ မိမိဆင်းမဲ့ လှေခါးအတိုင်း
တက်လာပါတယ်။ စာရေးသူက ဘေးဖယ်ပေးပေမဲ့ အသလွတ်ကြီး လူကို၀င်တိုက်ပြီး လက်တွေက
ခန္ဓာကိုယ်အနှံ မတော်တဆ တိုက်မိသလိုနဲ့ ဗျောင်အနုကြမ်းစီးမယ့်ပုံစံ
ဖြစ်ပါတယ်။ စာရေးသူလည်း မဖြစ်ချေဘူးဆိုပြီး လှေခါးကနေ အပေါ်ကို ပြန်တက်ပြီး
ဟိုတယ်ကို အပြေးပြန်ခဲ့ရတော့တာပေါ့ . . မြတ်စွာဘုရား . .. မလွယ်ပါလား . .
မြေပေါ်ကနေ မြေအောက်ဆင်းလိုက်တာနဲ့ ပြဿနာစတွေ့တော့တာ ဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံမှာ တရားဝင်ရော တရားမဝင်ရော နေထိုင်တဲ့ အာဖရိကနဲ့
အရှေ့အလယ်ပိုင်းက လူတွေ အများကြီးရှိနေပါတယ်။ အလုပ်အကိုင် မယ်မယ်ရရမရှိဘဲ
ခါးပိုက်နိုက် ခိုးဆိုးလုယက်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်တယ်ဆိုတာ
ကြားဘူးရဲ့သားနဲ့ အခုတော့ ကိုယ်တွေ့ကြံုရပြီဖြစ်ပါတယ် . . ။ ဒါပေမယ့် . .
ဘာရမလဲ အမိမခံဘဲ ဟိုတယ်ကို ပြန်ပြေးလိုက်တာပေါ့ . . တော်ပါသေးရဲ့ . . ။
ဒီလိုနဲ့ မနက် (၉) နာရီလောက်ကြတော့ . . ဟိုတယ်က ပြန်ထွက်ပြီး လူရိပ်လူခြေ
ကြည့်တော့ လူတွေမများပေမယ့် သွားလာနေကြပြီဆိုတော့ . . အခုနက
ပြန်ပြေးလာခဲ့တဲ့ ဘူတာကို သွား . . မရဲတရဲနဲ့ အောက်ကိုဆင်းတော့ ဘူတာထဲမှာ
လူတစ်ချို့ ရှိနေပြီဖြစ်လို့ စိတ်ချလက်ချနဲ့ စီးရမယ့် ရထားကို စောင့်ပြီး
Orange ကုမ္ပဏီက လူတွေနဲ့ ချိန်းထားတဲ့ စားသောက်ဆိုင်နဲ့
အနီးဆုံးလည်းဖြစ်တဲ့ (Invalides) ဘူတာကို Metro စီးခဲ့တာ ခဏလေးပါပဲ။
ဘူတာရောက်တော့ ရထား ကနေ ဆင်း . . လှေခါးနဲ့ အပေါ်ကို တက်ပြီးတော့
မြေပုံအညွှန်းအတိုင်း ချိန်းထားတဲ့ စားသောက်ဆိုင်ကို လွယ်လွယ်နဲ့
ရောက်သွားခဲ့ပါတယ် . .။ နာမည်ကြီး စားသောက်ဆိုင်ဖြစ်လို့ . .
နံနက်စာစားဖို့ ပိတ်ရက်မှာ ပြင်သစ်လူမျိုးတွေ ရှိုးအပြည့်နဲ့၊ ပြီးတော့
မတန်တဆ စျေးပေးပြီးဝယ် ထားတဲ့ Antique ရှေးဟောင်း ကားတွေနဲ့
တစ်စီးပြီးတစ်စီး ရောက်လာနေပါတယ် . . ။ စာရေးသူလည်း ဟန်ကိုယ့်ဖို့ဆိုပြီး .
. Capac Chino ကော်ဖီတစ်ခွက် မှာ သောက်ပြီးတော့ . . စတိုင်နဲ့
ပြန်ထွက်ပြီး နေရာကို သေသေချာချာမှတ် . . ဘာဖြစ်လို့လဲဆိုတော့ မနက်ဖြန်
Orange နဲ့ တွေ့တဲ့ အခါ နောက်မကျဘဲ တန်းတန်းမတ်မတ် ရောက်ရအောင် ဖြစ်ပါတယ် .
. ။ စားသောက်ဆိုင်ကထွက်ပြီး ပါတ်ဝန်းကျင်ကို မော့ကြည့်လိုက်တဲ့အခါ
အီဖယ်(လ်)မျှော်စင်ကြီးက အနားမှာဆိုတော့ လမ်းလျှောက်သွားရုံပါဘဲ . . ။
တနင်္ဂနွေနေ့မို့ထင်ပါတယ် . . အီဖ(လ်)မျှော်စင်ကိုလာတဲ့
ပြင်သစ်လူမျိုးတွေရော၊ ကမ္ဘာလှည့် ခရီးသည် တွေကိုရော အများကြီး တွေ့ရပြီး
မျှော်စင်ပေါ်တက်ဖို့ တန်းစီရမှာဖြစ်လို့ ကွေ့ကောက်ပြီး ရှည်လျားလှတဲ့
လူတန်းကြီးထဲကို၀င်ပြီး နေရာယူ တန်းစီလိုက်ရပါတော့တယ် . .။ မီတာ (၃၀၀)
မြင့်တဲ့ မျှော်စင်ပေါ် ရောက်အောင် ဓါတ်လှေခါးနဲ့ တက်ရမှာဖြစ်လို့
ဓါတ်လှေခါးအတက်တစ်စီး၊ အဆင်းတစ်စီး စောင့်ပြီး စီးနေရဖို့ တော်တော်နဲ့
ဓါတ်လှေခါးစီးရမဲ့ နေရာကို မရောက်နိုင်ပါဘူး . . ။ စုစုပေါင်း စောင့်ရတာ
(၂)နာရီကျော် ကြာ သွားတဲ့အခါ ဓါတ်လှေခါးနေရာ ရောက်ပါပြီ . . ။ လူတွေကလည်း
တိုးကြပ်ညပ်နေပါတယ်။ ဓါတ်လှေခါးအတွင်း ၀င်လိုက်တာနဲ့ “Beware of
Pickpocket” ဆိုတဲ့ ခါးပိုက်နှိုက် သတိပြုပါဆိုတဲ့ သတိပေးဆိုင်းဘုတ်
တွေ့နေရပါပြီ။ သတိထားတဲ့အနေနဲ့ ဘောင်းဘီအိတ်ထဲမှာ ထည့်ထားတဲ့
ပိုက်ဆံအိတ်ကို လက်တစ်ဖက်က ဆုတ်ကိုင်ထားပြီး သတိနဲ့နေပြီး ဘေးဘီလည်း
အကဲခတ်ရင်း မျှော်စင်ရဲ့ အပေါ်ဆုံးမရောက်ခင် တစ်ထပ်ဓါတ်လှေခါး ဂိတ်ဆုံးကို
ရောက်ရှိပါတယ်။ ဓါတ်လှေခါးအထွက်မှာ ပြန်ဆင်းမဲ့သူတွေနဲ့ တိုးဝှေ့ရင်း
“Beware of Pickpocket” ဆိုင်းဘုတ်တွေ နေရာအနှံ တွေ့ရပြန်ပါပြီ။
ခါးပိုက်နှိုက်တွေ ဘယ်လောက် ပေါသလဲဆိုတာ သိသာပါတယ်။ စာရေးသူလည်း
ဘောင်းဘီအိတ်ထဲက ပိုက်ဆံအိတ်ကို လက်နဲ့ ဖိထားရင်း အီဖယ်(လ်)
မျှော်စင်ပေါ်ကနေ ပဲရစ်မြို့ကြီးတစ်ခုလုံးရဲ့ အလှအပကို မျှော်စင်တစ်ပတ်
ပတ်ကြည့်ရင်း ကမ္ဘာ့အံ့ဖွယ်တစ်ခုအပေါ်မှာ ငါရောက်နေ ပါလားဆိုတဲ့အသိနဲ့
ဘဝင်လေဟပ်သွားပါတော့တယ် . . ။ ပြီးတော့ ဓါတ်လှေခါးနဲ့ ပြန်ဆင်းဖို့
တန်းစီရပြန်ပါရော . .။ အဲဒီမှာလည်း တိုးတိုးကြိတ်ကြိတ်နဲ့ ခါးပိုက်နှိုက်
သတိပြုစာတမ်းတွေလည်း နေရာအနှံ့ . . တန်းစီပြီး သတိထားရင်းနဲ့ ကိုယ့်အလှည့်
ရောက်တော့ ဓါတ်လှေခါးစီးပြီးအောက် ကို ရောက်သွားတော့မှ သက်ပြင်းချနိုင်ပါ
တော့တယ် . . ။ ဘာရမလဲ ငါကွ . . ခါးပိုက်နှိုက်မခံရဘူးဆိုပြီး
စိတ်လက်ပေါ့ပါး စွာနဲ့ ပြန်ဖို့ Invalides ဘူတာကို ပြန်လာ ခဲ့ပါတော့တယ် .
.။ လူကလည်း တိုးရစ် ပုံ ပေါက်နေသလား အဲဒီကနေ ပဲရစ်မှာ သိတ်မအေးလို့
တီရှပ်နဲ့ ဂျင်းဘောင်းဘီနဲ့ လည်ပင်းမှာလဲ Nikon ကင်မရာကြီးလည်း
ဆွဲလို့ပေါ့. . ။ ဘူတာထဲဆင်းလိုက်တော့ လည်း လူများများစားစား မရှိ ပြင်သစ်မ
တစ်ယောက် နှစ်ယောက်လောက်ဘဲ တွေ့ ပြီးလူရှင်းနေပါတယ် . . ။ အီဖယ်(လ်)
မျှော်စင်သွားတုန်းက ခါးပိုက်နှိုက်မှာဆိုးလို့ စိတ်ပင်ပန်းခဲ့ရသမျှ
အခုတော့ လူတွေ တိုးဝှေ့ နေစရာမရှိလို့ စိတ်သက်သာရာ ရသွားပါပြီ. . ။ စီးရမဲ့
ရထားက ဘူတာရုံထဲ ၀င်လာပါပြီ . .။ ရထားရပ်လို့ တံခါးဖွင့်လိုက်တဲ့ အခါ
အထဲကို ၀င်လိုက်ပြီး ထိုင်ခုံမှာ မထိုင်ဘဲ အပေါက်အနား အလယ်မှာဘဲ ရပ်လိုက်
မိပါတယ် … ။ ဘူတာကလည်း နှစ်ဘူတာ လောက်ဆိုတော့ မထိုင်တော့ဘူးပေါ့ …။ ၀င်ပြီး
ရပ်လိုက်လို့မှ မကြာဘူး အခုနက ဘူတာရုံမှာတွေ့တဲ့ ပြင်သစ်မ နောက်က
လိုက်ဝင်လာပြီး စာရေးသူရဲ့ ဘေးကနေ တိုးရစ် (Tourist Map) မြေပုံကြီးကို
ဖြန့်ပြီး ပြင်သစ်လို့ အတင်းစကားပြော မေးမြန်းလိုက်လို့ လန့်သွားပါတယ် . .။
စာရေးသူလည်း . . မသိဘူး . . နိုး. . နိုး .. ဆိုပြီး
တုံ့ပြန်တဲ့အချိန်အားလုံးဟာ စက္ကန့် ပိုင်းကလေးသာဖြစ်ပြီး
ရထားတံခါးပိတ်ပြီး ထွက်လိုက်တဲ့အခါ . . ချက်ခြင်းသတိထားမိလိုက်တာက
ဘောင်းဘီအိတ်ထဲ. . . ပေါ့ရွှတ်ရွှတ် ဖြစ်နေတာ သိလိုက်ပြီး ..
ကြည့်လိုက်တော့ ပိုက်ဆံအိတ်မရှိတော့ပါဘူး . . ခါးပိုက်နှိုက် ခံလိုက်ရပါပြီ
. . ။ အဲဒီ ပြင်သစ်မကို ကြည့်လိုက်တော့ မရှိတော့ပါဘူး။ ရထားတံခါး မပိတ်ခင်
ပြန်ဆင်းသွားပါပြီ ဖြစ်ပါတယ် . . .။ သွားပါပြီ .. ရှိသမျှ ပိုက်ဆံအားလုံး
ပိုက်ဆံအိတ်ထဲ အကုန်ပါသွားပါပြီ . ။ အမေရိကန် ဒေါ်လာ ၃၀၀၀ ကျော်၊ ယူရို
၉၀၀၊ ပေါင်စတာလင် ၂၅၀ လောက်နဲ့ ထိုင်းဘတ်ငွေတစ်ချို့၊
မြန်မာကျပ်တစ်ချို့အပြင် VISA Card တွေလည်း အကုန်ပါသွားပြီ . .
ပိုက်ဆံတွေအားလုံး ပိုက်ဆံအိတ်ထဲ အကုန်ထည့်ထားတာ ပိုက်ဆံအိတ်ကြီးကလည်း
ဖောင်း၊ ဘောင်းဘီအိတ်ထဲ ထည့်ထားတာက ဘောင်းဘီ အိတ်ကလဲဖောင်းနဲ့. .
တောသားလူမိုက် ခါးပိုက်နှိုက်ခံလိုက်ရပါပြီ . .။ အသက် (၆၀) ကျော်တဲ့အထိ
တစ်ခါမှ ခါးပိုက်နှိုက် မခံရဘဲ ပြင်သစ်ကို ရောက်တော့မှ ခါးပိုက်နှိုက်
ခံရလေခြင်း .. ဆိုပြီး ဘာလုပ်ရမှန်းမသိ . . ။ ပါတာလည်း တစ်ပြားမှမရှိတော့ .
. ။ ပါရီတွင် သောင်တင်သွားပါပြီ . . ။ ပြင်သစ်မနဲ့ ဇာတ်လမ်းဖြစ်ပြီး
တစ်ဆွေးဆွေးတစ်မြေ့မြေ့နဲ့ ပါရီတွင် သောင်တင်ခဲ့ခြင်းမဟုတ်ပါ။ ပြင်သစ်မ “မ”
သွားလို့ တစ်ငွေ့ငွေ့နဲ့ စိတ်ဆင်းရဲခြင်း ကြီးစွာဖြစ်ပြီး ပါရီတွင်
သောင်တင်ခဲ့ခြင်း ဖြစ်ပါတယ် . . ။
“ဟဲလို . . ကိုပြည်စိုး . . လား
အကူအညီပေးပါအုံးဗျာ . . ကျုပ်ရထားပေါ်မှာ ခါးပိုက်နှိုက်ခံရလို့ . .
ပိုက်ဆံ တစ်ပြားမှ မရှိတော့ဘူး . . ညနေထမင်း စားဖို့တောင်
ပိုက်ဆံမရှိဘူးဖြစ်နေတယ် .. မနက်ဖြန်လည်း လန်ဒန်ကို ပြန်ရအုံးမယ် . .”
အဲဒါကတော့ ပြင်သစ်-မြန်မာသံရုံးက သံမှူး ကိုပြည်စိုး . . ကို
ဖုန်းဆက်ခေါ်ရတာ ဖြစ်ပါတယ်။ သူက တပည့်လည်းဖြစ်ခဲ့ဘူးတော့ . . မတတ်နိုင်ဘူး။
အကူအညီတောင်းရတော့တာပေါ့။ “ဟာ .. ဆရာရယ် .. ဖြစ်ရလေ .. ပဲရစ်မှာ
ခါးပိုက်နှိုက်က သိပ်ပေါတာ . . ဆရာခံရတဲ့ပုံစံမျိုးူ . . နိုင်ငံခြားကလူတွေ
မကြာခဏ ခံရတတ်တယ် . .။ အဲဒီထဲမှာ မြန်မာတွေ များတယ် . . ။ ကျွန်တော်တို့
သံရုံးက လူတွေတောင် မလွတ်ဘူး . .။ စိတ်မပူပါနဲ့ ကျွန်တော်အခုဘဲ လာခဲ့ပါ့မယ်
. . ။” တော်ပါသေးရဲ့။ မောင်မင်းကြီးသား သက်တော်ရာကျော် ရှည်ပါစေ . . ။
“ဟဲလို . . သားလား . . ငါတော့ ပဲရစ်မှာ ခါးပိုက်နှိုက်ခံရလို့ VISA Card
လည်း ပါသွားတယ်။ အဲဒါ VISA Card ထုတ်ပေးတဲ့ DBS Bank ကို
ချက်ခြင်းဖုန်းဆက်ပြီး Card ကို ပိတ်ခိုင်းပေးပါ . . .” စင်္ကာပူက
သားဆီကိုလည်း ချက်ခြင်းဖုန်းဆက်ပြီး VISA Card ကို ပိတ်ခိုင်းရပြန်ပါတယ်။
သားကတစ်ဆင့် ရန်ကုန်က မိသားစုတွေဆီ သတင်းတွေရောက်ပြီး မိသားစုတွေလည်း
စိုးရိမ်တကြီးနဲ့ ဘာလုပ်ပေးရမလဲဆိုတာ ဖုန်းတွေ ဆက်ကြပြန်ပါတယ် . . ။
ကမ္ဘာတစ်လွှား . . နေရာတကာသွားပြီး . . လူလည်ကြီးဖြစ်ပြီ ထင်ရတဲ့
စာရေးသူကတော့ ဒီတစ်ချီ နှပ်ပစ်ခံလိုက်ရပြီ . . ပါရီတွင် ပိုက်ဆံတပြားမှ
မရှိဘဲ သောင်တင်တော့မယ့် အဖြစ်ပါဘဲ . . .။
မကြာခင်မှာဘဲ . .
ဟိုတယ်ကို ကိုပြည်စိုးနဲ့ သံရုံး . . မိသားစု ရောက်လာ ပါတယ်။ ပြီးတော့
ယူရိုငွေ (၅၀၀) လာပေး ပြီးနောက် ဆရာကြံုမှ ပေးပါတဲ့ .. ။ ကျေးဇူးပါဘဲ
မောင်မင်းကြီးသားတို့ရာ .. ဒီညနေ ထမင်းစားဖို့ မနက်ဖြန် လန်ဒန်သွား ဖို့
တက္ကစီခ၊ ရထားခတော့ ရသွားလို့ တော် ပါသေးတယ် . . ။ လန်ဒန်ရောက်တော့ လန်ဒန်က
မိတ်ဆွေတွေကလည်း ဒီအဖြစ်သနစ်ကို ရန်ကုန်ကလူတွေ သတင်းပို့ထားလို့
သိနေကြပါပြီ။ ဂရုဏာအပြည့်နဲ့ ဘာကူညီရမလဲဆိုတာ မေးကြရင်းနဲ့ မိတ်ဆွေဖြစ်သူ
Michael ဆီက ဒေါ်လာ (၁၀၀၀) ယူလိုက်ပြီး သူရဲ့ Account ထဲကို ရန်ကုန်ကနေ
ပိုက်ဆံ လွှဲခိုင်းလိုက်ရပါတယ် . . ။
အဲဒါကတော့ MCC ဥက္ကဋ္ဌကြီး
“ပါရီတွင် သောင်တင်ခဲ့စဉ်က” အဖြစ်ကို ပြန်ပြီးဖောက်သည်ချလိုက်တာ ဖြစ်ပါတယ်။
ဒါကြောင့် ခေတ်မှီတဲ့ တိုင်းပြည်သွားလို့ ခါးပိုက်နှိုက်မရှိဘူးမထင်နဲ့ . .
ကိုယ်တိုင်းပြည် ထက်တောင် ပိုများနေသေးတယ် .. ။ ပြီးတော့ ဥက္ကဋ္ဌကြီးလို
Nikon ကင်မရာ ကြီး လည်ပင်းဆွဲပြီး ပိုက်ဆံအိတ်ကြီး ဘောင်းဘီအိတ်ထဲ မထည့်နဲ့
. . တောသားမှန်း လူသိတယ် . . ပြင်သစ်မှာ Louis Vuitton လို ပိုက်ဆံအိတ်တွေ
ပေါ်ပြူလာဖြစ်ပေမယ့် . . . ပိုက်ဆံအိတ်ကြီး တစ်ကိုင်ကိုင်နဲ့တော့ မသွားနဲ့
.. ခါး ပိုက်နှိုက်ခံရရင်ခံရ . . ဒါမှမဟုတ်ရင် အလုခံရတတ်တယ် . . MCC
ဥက္ကဋ္ဌကြီး ရဲ့ ဇာတ်လမ်းတွေထဲက ဇာတ်လမ်းတစ်ပုဒ် ပေါ့ . . . ။
အီကို ကိုအောင်