Friday, August 21, 2015

Whitepaper Series : e-Government

Whitepaper Series : e-Government
အစိုးရ (Government)
ကမၻာေပၚတြင္ လူအမ်ားဆံုး ႏွင့္ ထိစပ္ေနရၿပီး ယင္းလူအမ်ား လူေနမႈ ဘ၀မ်ားအတြက္ ေဆာင္ရြက္ ေပးေနရေသာ အႀကီးဆံုးအဖြဲ႕အစည္းမွာ အစိုးရပင္ျဖစ္ အပါ သည္။ အစိုးရေပၚလစီမ်ားသည္ တုိင္းျပည္ အတြင္း မွီတင္းေနထုိင္ေသာ ျပည္သူတစ္ဦးခ်င္းစီ လူမႈအဖြဲ႕အစည္းမ်ား၊ စီးပြားေရးလုပ္ငန္းမ်ား၏ ဖြံ႕ၿဖိဳးတုိးတက္မႈ အေပၚ အက်ိဳးသက္ေရာက္မႈမ်ား ျဖစ္ေပၚေစပါသည္။ အစိုးရသည္ တုိင္းသူျပည္သားမ်ား
၏ ေန႔စဥ္ဘ၀အေပၚ လႊမ္းမိုးလ်က္ရွိေသာေၾကာင့္ အစုိးရေကာင္းမွ ျဖစ္မည္။ အစုိးရ ျမန္မွျဖစ္မည္။ အစိုးရ မွန္မွ ျဖစ္ပါမည္။ ထုိ႔ေၾကာင့္ တ႐ုတ္ပညာရွိ ကြန္ျဖဴးရွပ္(စ္)၏ အဆုိအမိန္႔တစ္ခုကုိ ရည္ညႊန္းရသည္ ရွိေသာ္
The art of government simply consists in making things right or putting things in their right. When the ruler himself in “right”, then the people naturally follow him in his right course. Confucius (551-479 BC)
အစိုးရ၏ လုပ္ငန္းတာ၀န္မ်ားမွာမ်ားေျမာင္လွပါသည္။ အဓိကတာ၀န္ယူ ေဆာင္ရြက္ေပးရေသာ လုပ္ငန္းတာ၀န္မ်ား မွာ -
• ႏုိင္ငံတကာဆက္ဆံေရး
• တုိင္းျပည္၏ အခ်ဳပ္အျခာအာဏာ တည္တံ့ခုိင္ျမဲေရးႏွင့္ ႏုိင္ငံေတာ္ကာကြယ္ေရး
• တုိင္းျပည္ေအးခ်မ္းသာယာေရး
• တရားဥပေဒစိုးမိုးေရး
• အမ်ားျပည္သူ လုိအပ္ခ်က္ကုိ ျဖည့္ဆည္းေပးေရး
• စီးပြားေရးတုိးတက္ၿပီး ဘက္စံု ဖြံ႕ၿဖိဳး တုိးတက္ေအာင္ ေဆာင္ရြက္ေရး
• ဆင္းရဲႏြမ္းပါးမႈ ေလ်ာ့ခ်ေရး တုိ႔ျဖစ္ပါသည္။
ယင္းတုိ႔ကုိ ထင္သာျမင္သာေအာင္ ေဖာ္ျပရမည္ျဖစ္၍ အိမ္ယာ၊ အေဆာက္အဦးမ်ား၊ လမ္း၊ တံတားမ်ား၊ ေဆာက္လုပ္ျခင္း၊ အမ်ားျပည္သူသံုး လွ်ပ္စစ္၊ ေရ၊ သန္႔ရွင္းေရးတုိ႔ကုိ ျပည့္စံုေအာင္ ေဆာင္ရြက္ေပးျခင္း၊ ပညာေရး၊ က်န္းမာေရး၊ တရားဥပေဒစိုးမိုးေရး၊ သယ္ယူပုိ႔ေဆာင္ေရး၊ ကုန္သြယ္ေရး၊ စက္မႈလက္မႈ၊ ႏုိင္ငံျခား ေရး၊ လူ၀င္မႈႀကီးၾကပ္ေရး၊ သဘာ၀ပတ္၀န္း က်င္ထိန္းသိမ္းေရး စသည္အားျဖင့္ အလြန္မ်ားေျမာင္လွပါသည္။ ဖြဲ႕စည္းအုပ္ခ်ဳပ္ပံု အေျခခံဥပေဒျဖင့္ဖြဲ႕စည္းထားေသာ အစိုးရမွာ ဒီမုိကေရစီအစိုးရ ျဖစ္ပါသည္။ ျပည္သူ တစ္ဦးခ်င္းစီ၏ အေျခခံလြတ္လပ္ခြင့္ကုိ ကာကြယ္ျခင္းႏွင့္ ေရြးေကာက္ပြဲမ်ားကုိ တရားမွ်တစြာ ျပဳလုပ္ႏုိင္ရန္ စည္းစနစ္ေပါင္းမ်ားစြာ ေရးဆြဲသတ္မွတ္ျခင္းဟူေသာ တာ၀န္ယူစရာမ်ားလည္း ရွိပါသည္။ ဤကဲ့သုိ႔ေသာ မ်ားေျမာင္လွစြာေသာ အစိုးရ၏ တာ၀န္၀တၲရားမ်ားႏွင့္ ျပည္သူတစ္ဦးခ်င္းစီႏွင့္ တုိင္းျပည္တစ္ခုလံုး၏ ေန႔စဥ္ ဘ၀အေပၚ လႊမ္းမုိးထားရေသာ အစိုးရအေနျဖင့္ နိစၥဓူ၀ လုပ္ငန္းမ်ားကုိ စြမ္းေဆာင္ႏုိင္ရန္ ကုန္က်စရိတ္ ႀကီးမားစြာ ဗ်ဴ႐ိုကေရစီ အုပ္ခ်ဳပ္ေရးယႏၲရားကုိ အုပ္ခ်ဳပ္လုပ္ကုိင္ေသာ္လည္း စြမ္းရည္မျပည့္၀ျခင္း၊ အစိုးရ၀န္ထမ္းမ်ား တာ၀န္ခံမႈမရွိျခင္း၊ အစိုးရလုပ္ငန္ေဆာင္ခ်က္မ်ား ထင္သာျမင္ သာ မရွိျခင္း၊ အဂတိလိုက္စား ျခင္းစသည္ မ်ား ျဖစ္ေပၚခဲ့ပါသည္။ ထုိ႔ေၾကာင့္ ကမၻာတစ္၀ွမ္းလံုးရွိ အစိုးရ မ်ားမွာ အစိုးရ ပံုစံသစ္ ေျပာင္းလဲရန္ (Reinvent the Government) ဟူ၍ လည္းေကာင္း၊ NPM (New Public Management) က၍ လည္းေကာင္း၊ (Government 2.0) ဟူ၍လည္းေကာင္း ေၾကြးေၾကာ္ၿပီးႀကိဳးပမ္း ခဲ့ၾကပါသည္။ တစ္နည္းအားျဖင့္ အစိုးရအုပ္ခ်ဳပ္ေရး ဗ်ဴ႐ိုကေရစီယႏၲရားအေပၚ အေလးေပးထားၿပီး ျပည္သူလူထုအေပၚ ေဆာင္ရြက္ေပးမႈ အားနည္းခဲ့ေသာ ပံုစံမွ ျပည္သူလူထုအေပၚ ေဆာင္ရြက္ေပးမႈ အေလးထားၿပီး အစိုးရ အုပ္ခ်ဳပ္မႈယႏၲရား ေသးငယ္စြာျဖင့္ အလုပ္လုပ္ႏုိင္မည့္ ပံုစံ အမ်ိဳးမ်ိဳးတုိ႔ ကူးေျပာင္းရန္ ျဖစ္ပါသည္။
အထက္ပါအတုိင္း အစိုးရပံုစံ ေျပာင္းေရးအတြက္ ႀကိဳးပမ္းခဲ့ၾကေသာ္လည္း လက္ေတြ႕တြင္ ထိေရာက္ေအာင္ျမင္မႈ ရွိသင့္သေလာက္ မရွိခဲ့ရာ အစိုးရပံုစံ ေျပာင္းေရးအတြက္ အေျခခံက်ေသာ တြန္း အားတစ္ခုခု လိုေနၿပီဟု သေဘာေပါက္ လက္ခံခဲ့ၾကပါသည္။ ယင္းလုိအပ္ေနေသာ တြန္းအားသည္ ICT
ဟုေခၚေသာ သတင္းအခ်က္အလက္ႏွင့္ ဆက္သြယ္ေရး နည္းပညာ (Information & Communication
Technology) ပင္ ျဖစ္ပါသည္။ ICT နည္းပညာ တစ္ရွိန္ထိုး တုိးတက္ေျပာင္းလဲလာခဲ့ေသာေၾကာင့္ လူတုိ႔
ေန႔စဥ္ေနထုိင္အလုပ္လုပ္ကုိင္ပံု၊ စီးပြားေရးလုပ္ငန္းမ်ား ေဆာင္ရြက္လုပ္ကုိင္ပံု၊ အစိုးရအေနျဖင့္ ျပည္သူလူထုကုိ ေဆာင္ရြက္မႈေပးပံုတုိ႔ကုိ မ်ားစြာေျပာင္းလဲလာခဲ့ၿပီ ျဖစ္ပါသည္။ ထုိ႔ေၾကာင့္ ICT နည္းပညာကုိ
အစိုးရမွ အားကုိးျပဳၿပီး ျပည္သူလူထု၊ စီးပြားေရးလုပ္ငန္းမ်ား၊ အစိုးရ၀န္ထမ္းမ်ားအေပၚ အက်ိဳးေက်းဇူး ရရွိလာေအာင္ ျပဳလုပ္ျခင္းကုိ Electronic Government (သုိ႔) e-Government ဟူ၍ အမည္ နာမတတ္ ေခၚေ၀ၚျခင္း ျဖစ္ပါသည္။ သာမန္အားျဖင့္ e-Government ကုိ အင္တာနက္အသံုး ျပဳ၍ အစိုးရ လုပ္ငန္းမ်ား ေဆာင္ရြက္ၿပီး ျပည္သူလူထုသို႔ အစုိးရေဆာင္ရြက္မႈမ်ား ေပးျခင္းဟူ၍ အသိမ်ားေသာ္လည္း e-Government
သေဘာတရားမ်ား၊ နည္းပညာ၊ အေျခခံအေဆာက္အဦ၊ စီးပြားေရးျဖစ္စဥ္၊ လူ႕စြမ္းအားအရင္းအျမစ္ တုိ႔သာမက ယင္းတုိ႔အားလံုး ေပါင္းစပ္ၿပီး ျဖစ္ေပၚေနေသာ က်ယ္ျပန္႔နက္ရိႈင္းေသာ အေျခအေနႀကီး တစ္ခု ျဖစ္ပါသည္။ထုိ႔ေၾကာင့္ e-Government ပံုစံျဖင့္ ေအာင္ျမင္စြာ ေဆာင္ရြက္မႈမ်ား ေပးႏုိင္ ရန္မွာ ပါ၀င္ဆက္စပ္ေနေသာ ဌာနမ်ား၊ အဖြဲ႕မ်ားအားလံုး ဆက္စပ္ညိႇႏိႈင္းပူးေပါင္း ပါ၀င္ ေဆာင္ရြက္ႏုိင္မွ သာ ေအာင္ျမင္ႏုိင္ မည္ ျဖစ္ပါသည္။
e-Government ဆုိသည္မွာ -
e-Government ကုိ “Digital Government” ဟူ၍လည္းေကာင္း၊ (Internetworked Government) ဟူ၍ လည္းေကာင္း၊ “Government Online” ဟူ၍လည္းေကာင္း၊ အမ်ိဳးမ်ိဳးေခၚဆုိၾကရာ အေျခခံအႏွစ္သာရမွာ အတူတူပင္ ျဖစ္ပါသည္။ အစိုးရအေနျဖင့္ အင္တာနက္၊ အထူးသျဖင့္ Web-based Internet နည္းပညာကုိ အသံုးျပဳၿပီး ျပည္သူလူထု၊ စီးပြားေရးလုပ္ငန္းမ်ား၊ အစိုးရ၀န္ထမ္းမ်ားႏွင့္ အစိုးရလုပ္ငန္းအခ်င္းခ်င္းတုိ႔အား အစုိးရေဆာင္ရြက္မႈမ်ားကုိ ပုိမုိေကာင္းမြန္စြာေပးျခင္းဟူေသာ အဓိပၸာယ္သေဘာရပါသည္။ အခ်ဳိ႕ကမႈ e-Government ဆုိသည္မွာ အစိုးရႏွင့္ ျပည္သူလူထုအၾကား ဆက္စပ္ ေဆာင္ရြက္လုပ္ကုိင္မႈမ်ားကုိ အီလက္ ထေရာနစ္ ပံုစံျဖင့္ျပဳလုပ္ ျခင္းျဖစ္သည္ဟူ၍လည္း လြယ္လြယ္ကူကူ အဓိပၸာယ္ဖြင့္တတ္ၾကပါသည္။ အမွန္
တကယ္တြင္ e-Government ဟူသည္ ျပည္သူလူထုက အစိုးရေဆာင္ရြက္မႈမ်ားကုိ အီလက္ထေရာနစ္ပံုစံျဖင့္ ပုိမုိလ်င္ျမန္ထိေရာက္စြာ ေပးႏုိင္ျခင္းအျပင္ အစိုးရ အခ်င္းခ်င္းလည္း ပုိ၍ ဆက္စပ္ထိေရာက္စြာ ေဆာင္ရြက္ လုပ္ကုိင္လာႏုိင္ေသာ အက်ိဳးတရားကုိပါ ရရွိေစႏုိင္ေသာေၾကာင့္ အစိုးရလုပ္ငန္းတြင္ အီလက္ထေရာနစ္ပံုစံျဖင့္ ေဆာင္ရြက္လုပ္ကုိင္ႏုိင္သည့္ “e-Administration” သေဘာတရားလည္း ေပါင္းစပ္ပါ၀င္ေနသည္ဟုလည္း သိရန္ လိုအပ္ပါသည္။ ထုိ႔ေၾကာင့္ e-Government ကုိ အဓိပၸာယ္ဖြင့္ရာတြင္ အစိုးရ ေဆာင္ရြက္မႈမ်ားကုိ ပိုမိုလ်င္ျမန္ ထိေရာက္ ေစရန္ အီလက္ထေရာနစ္နည္းပညာ (သုိ႔) အင္တာနက္နည္းပညာအသံုးျပဳၿပီး ေဆာင္ ရြက္ျခင္းဟူေသာ က်ဥ္းေျမာင္းသည့္ အဓိပၸာယ္ဖြင့္ဆုိမႈအစား၊ ေခတ္မီ ICT နည္းပညာမ်ားကုိ သံုးျပဳၿပီးအစုိးရ၊ ျပည္သူလူထု၊ စီးပြားေရး လုပ္ငန္းမ်ားအၾကား အလ်င္မျပတ္ ပုိမုိဆက္စပ္ တုိးတက္သြားရင္းျဖင့္ တုိင္းျပည္၏ ႏုိင္ငံေရး၊ စီးပြားေရး၊ လႈမႈေရးတုိ႔ ပါ၀င္ေသာ လူမႈအေဆာက္အဦတစ္ခုလံုး အတုိင္းအတာျဖင့္ ေျပာင္းလဲတုိး တက္သြားေစႏုိင္ေသာျဖစ္စဥ္ဟု အဓိပၸာယ္က်ယ္ျပန္႔စြာ ဖြင့္ဆုိႏုိင္ပါသည္။
e-Government တြင္ ပါ၀င္အက်ံဳး၀င္မႈမ်ား (Perspectives of e-Government)
အစိုးရလုပ္ငန္းမ်ား ျပဳျပင္ေျပာင္း လဲေရးတြင္ အဓိကက်ေသာ “အစိုးရ” Government “ျပည္သူ” (Citizens)
ႏွင့္ “စီးပြားေရးလုပ္ငန္းမ်ား” (Bsiness) တုိ႔ အက်ံဳး၀င္ ဆက္စပ္ေနေသာ e-Government အသြင္သ႑ာန္ကုိ ပံု(၂)အတုိင္း ေတြ႕ျမင္ႏုိင္ပါသည္။ ယင္းအေျခခံ (၃) မ်ိဳးတြင္ အစိုးရသည္ ဦးေဆာင္ အစပ်ိဳးသူ (Initiator)
အျဖစ္လည္းေကာင္း၊ လုပ္ငန္းအရွိန္ျမႇင့္သူ (Reactor) အျဖစ္လည္းေကာင္း၊ ျပည္သူလူထုႏွင့္ စီးပြားေရး လုပ္
ငန္းမ်ားကုိ စဥ္ဆက္မျပတ္ ထိစပ္ေဆာင္ရြက္ေနရမည္ ျဖစ္ပါသည္။
Government-to-Government (G2G)
အစိုးရလုပ္ငန္းအခ်င္းခ်င္း သတင္း အခ်က္အလက္မ်ား ျဖန္႔ေ၀ျခင္း၊ လုပ္ေဆာင္ခ်က္မ်ားကုိ အီလက္ထေရာနစ္ သေဘာ အြန္လုိင္းေဆာင္ရြက္ျခင္းတုိ႔ ပါ၀င္သည္။ ယင္းလုပ္ငန္းစဥ္တြင္ အစိုးရ၀န္ ထမ္းအခ်င္းခ်င္း၊ အစိုးရဌာနအခ်င္းခ်င္း၊ ၀န္ႀကီးဌာနအခ်င္းခ်င္း၊ အစိုးရအခ်င္းခ်င္း တုိ႔ အားလံုး အက်ံဳး၀င္ပါသည္။
Government to Business (G2B)
စီးပြားေရးလုပ္ငန္းမ်ား၊ အစိုးရႏွင့္ဆက္စပ္လုပ္ကုိင္ရေသာ လုပ္ေဆာင္ခ်က္မ်ား ႀကိဳးနီစနစ္ပံုစံမ်ိဳးမဟုတ္ဘဲ လ်င္ျမန္သြက္လက္ၿပီး ဆက္စပ္ေဆာင္ရြက္ေနရေသာ ကုန္က်စရိတ္ (Transaction Costs) သက္သာေစရန္ အစိုးရႏွင့္စီးပြားေရးလုပ္ငန္းမ်ားအၾကား အြန္လုိင္း (Online) ေဆာင္ရြက္လုပ္ကုိင္လာေစ ႏုိင္မည့္ အေျခအေနတစ္ခု ျဖစ္ပါသည္။ အစိုးရ ဌာနမ်ားသုိ႔ သြားရန္မလုိဘဲ (၂၄) နာရီ မျပတ္ e-Form မ်ား ရယူႏုိင္ျခင္း၊ ျဖည့္ စြက္ၿပီး ျပန္ပုိ႔ႏုိင္ျခင္း၊ အဆုိျပဳခ်က္ မ်ား တင္ျပႏုိင္ျခင္း၊ ပါမစ္မ်ား ေလွ်ာက္ထားႏုိင္ျခင္း စသည္တုိ႔ကုိ လြယ္ကူလ်င္ ျမန္စြာ ျပဳလုပ္လာႏုိင္မည္ ျဖစ္ပါသည္။
Government to Citizen (G2C)
အစိုးရႏွင့္ျပည္သူလူထု နာရီမလပ္ ဆက္စပ္ေနၿပီး အစိုးရေဆာင္ရြက္မႈမ်ားကုိ ျပည္သူလူထုသုိ႔ အီလက္ထေရာနစ္၏ နည္းလမ္းျဖင့္ ေဆာင္ရြက္မႈေပးျခင္းမ်ိဳး (Non - Stop Services) ျဖစ္သကဲ့သုိ႔ ျပည္သူမ်ားအေနျဖင့္ အစိုးရဌာနမ်ားသုိ႔ သြားရန္မလုိဘဲ တစ္ေနရာတည္းမွ တစ္ထုိင္တည္း အစိုးရ ဌာနအားလံုးႏွင့္ သက္ဆုိင္ေသာ လုပ္ငန္းမ်ားအားလံုးကုိ ေဆာင္ရြက္ႏုိင္မည့္ (One-Stop-Shop)
ပံုစံ မ်ားလည္းပါ၀င္သည္။ ထုိ႔အျပင္ၿမိဳ႕ ျပေဒသ၊ ေက်းလက္ေဒသဟူ၍ ခြဲျခားရန္ မလုိေတာ့ဘဲ အစိုးရ လုပ္ေဆာင္မႈမ်ားကုိ တစ္ေျပးညီေပးႏုိင္မည့္ (Universal Services) မ်ိဳးလည္း ျဖစ္ပါသည္။
အီလက္ထေရာနစ္အစိုးရဟူေသာ e-Government လုပ္ငန္းကုိ အေကာင္အထည္ေဖာ္ရင္းျဖင့္ အစုိးရ၏ စီမံအုပ္ခ်ဳပ္ မႈကုိ ေကာင္းမြန္ေစေသာ e-Government ကုိလည္း တစ္ပါတည္း ျဖစ္ေပၚေစ ႏုိင္ပါသည္။ e-Government တြင္ e-Administration, (e-Citizen and e-Services) ႏွင့္ (e-Society) တုိ႔ ပါ၀င္လ်က္ရွိပါသည္။ e-Administration ေၾကာင့္ အစိုးရလုပ္ငန္းမ်ား စီမံအုပ္ ခ်ဳပ္လုပ္ကုိင္မႈမ်ား တုိးတက္ ေကာင္းမြန္ လာျခင္းေၾကာင့္ ျပည္သူလူထုသုိ႔ အစိုးရေဆာင္ရြက္မႈမ်ားတုိ႔ကုိ ေကာင္းမြန္စြာ ေပးႏုိင္ရန္ (e-Citizen and e-Services) မ်ား ေပၚေပါက္လာသကဲ့သုိ႔ အစိုးရ စီးပြားေရးလုပ္ငန္းမ်ားႏွင့္ လူမႈအဖြဲ႕အစည္း မ်ားပါမက်န္ အားလံုး ဆက္စပ္ေဆာင္ရြက္ လ်က္ရွိေသာ ျဖစ္စဥ္ႀကီးေၾကာင့္ e-Society ႀကီး ေပၚေပါက္လာေစ ႏုိင္ပါသည္။
MCC e-Government Solution
MCC Group သည္ ၁၉၈၉ ခုႏွစ္ ကုမၸဏီ စတင္ဖြဲ႕စည္းတည္ေထာင္စဥ္ကတည္းက အစိုးရ လုပ္ငန္းဌာနမ်ားအတြက္ ကြန္ပ်ဴတာ စနစ္မ်ားကုိ တစ္စိုက္မတ္မတ္ တီထြင္အေကာင္အထည္ေဖာ္ ေဆာင္ရြက္
ေပးခဲ့ေသာ အဖြဲ႕အစည္း ျဖစ္ပါသည္။ အစိုးရ အဆက္အဆက္တြင္လည္း အဆင့္အျမင့္ဆံုးျဖစ္ေသာ ႏုိင္ငံေတာ္ေအးခ်မ္းသာယာေရးႏွင့္ ဖြံ႕ၿဖိဳးေရးေကာင္စီ၊ ႏုိင္ငံေတာ္၀န္ႀကီးခ်ဳပ္႐ံုးႏွင့္ အစိုးရ ၀န္ႀကီးဌာန မ်ားအတြက္ ေဆာင္ရြက္ခဲ့ေသာ လံုၿခံဳစိတ္ခ်ရသည့္ GOS (Government Online System) မ်ားကုိ အသံုးျပဳခဲ့
ၾကပါသည္။ လက္ရွိအေန၌လည္း အစိုးရ ၀န္ႀကီးဌာနအမ်ားစုအေနျဖင့္ MCCGroup မွ တီထြင္ခဲ့ထားေသာ ကြန္ပ်ဴတာစနစ္မ်ားကုိ တြင္တြယ္ က်ယ္က်ယ္ အသံုးျပဳလ်က္ ရွိပါသည္။ MCC Group အေနျဖင့္ ကမၻာ့နည္းပညာ ေျပာင္းလဲမႈမ်ားကုိ မ်က္ေျခမျပတ္ ေလ့လာၿပီး တုိင္းျပည္အတြက္ အက်ိဳးရွိေအာင္ စဥ္ ဆက္မျပတ္ ျပဳျပင္ေဆာင္ရြက္လ်က္ရွိပါ သည္။ ယခုအခါ ကမၻာေပၚတြင္ (Cloud Computing) ဟူေသာ နည္းပညာ ေျပာင္းလဲမႈႀကီး ျဖစ္ေပၚလ်က္ရွိလာၿပီ ျဖစ္သည့္အတြက္ ဗဟုိအစိုးရႏွင့္ တုိင္းေဒသႀကီး အစိုးရမ်ားအတြက္ အထူးပင္ သင့္ေလ်ာ္ အက်ိဳးရွိေစႏုိင္ေသာေၾကာင့္ MCCGroup မွ တီထြင္ထားေသာ အစိုးရ လုပ္ငန္းသံုး ကြန္ပ်ဴတာစနစ္မ်ားကုိ (Cloud-Computing) စနစ္ျဖင့္ အသံုးျပဳႏုိင္ရန္ စီစဥ္ထားၿပီး ျဖစ္ေၾကာင္း သတင္းေကာင္းပါးလုိက္ပါသည္။ (Cloud-Computing) စနစ္အရ အစိုးရဌာနမ်ား အသံုးျပဳလ်င္ ယခင္ကကဲ့သုိ႔ ျပည္တြင္း(သုိ႔) ႏုိင္ငံျခားေငြျဖင့္ ကုန္က်ခံသံုးစြဲရေသာ ေငြလံုးေငြရင္း အသံုးစရိတ္မ်ား (Capital Expenditure) မ်ား ကုန္က်ရန္ မလုိေတာ့ျခင္းေၾကာင့္ အစိုးရဌာနမ်ားအတြက္ အလြန္အေရးပါေသာ အက်ိဳးတရားတစ္ခုပင္ ျဖစ္ပါသည္။ အဘယ္ေၾကာင့္ဆုိေသာ္ ေယဘုယ်အားျဖင့္ အစိုးရဌာနမ်ားတြင္ ဘတ္ဂ်က္ အကန္႔အသတ္ ရွိၾကေသာေၾကာင့္ ျဖစ္ပါသည္။ ထုိ႔အျပင္ အစိုးရဌာနအတြင္း၌ ခက္ခဲစြာ ျပဳစုပ်ိဳးေထာင္ရသည့္ (In-House Technical Team) လည္း ရွိရန္ မလုိအပ္ေတာ့ျခင္းျဖစ္ပါသည္။ အစိုးရဌာန
မ်ားတြင္ ဘတ္ဂ်က္အကန္႔အသတ္ရွိရံု မကဘဲ နည္းပညာ ကြၽမ္းက်င္သူမ်ားလည္း အကန္႔အသတ္ ျဖစ္ေနပါသည္။ Cloud Computing စနစ္အရ အစိုးရဌာနမ်ားတြင္ နည္းပညာ ကြၽမ္းက်င္သူမ်ားစြာ ရွိရန္ မလုိဘဲ User Level အသံုးျပဳတတ္လွ်င္ စနစ္မ်ားကုိ ေကာင္းစြာ အသံုးျပဳႏုိင္ၾကေတာ့မည္ ျဖစ္ပါသည္။ Cloud Computing စနစ္အရ အစိုးရဌာနမ်ားအေနျဖင့္ တန္ဖိုးႀကီးမားေသာ Server မ်ား၊ Software လုိင္စင္မ်ား အတြက္ ေငြကုန္ေၾကးက် ရင္းႏွီးျမႇဳပ္ႏွံရန္ မလုိေတာ့ဘဲ ကြန္ပ်ဴတာ အသံုးခ်စနစ္မ်ားကုိ SaaS (Software as a Service) ပံုစံမ်ိဳးျဖင့္ ရယူအသံုးျပဳႏုိင္မည္ ျဖစ္သည့္အတြက္ မိမိတုိ႔ အသံုးျပဳသေလာက္ အတြက္သာ အခေပးရသည့္ပံုစံမ်ိဳး ျဖစ္သည့္အတြက္ အဓိက ေငြလံုးေငြရင္း အသံုးစရိတ္မ်ား (Capital Expenditure) သက္သာသြားေစႏုိင္ပါသည္။ ထုိ႔အျပင္ အသံုးျပဳရ လြယ္ကူေအာင္ တီထြင္ဖန္တီးထားသည့္ အတြက္ အစိုးရဌာနမ်ားရွိ အရာရွိႀကီးမ်ားမွအစ သာမန္၀န္ထမ္းမ်ားအထိ မည္သူမဆုိ လြယ္ကူစြာ အသံုးျပဳႏုိင္ေသာ စနစ္မ်ိဳးလည္းျဖစ္ပါသည္။ ထုိ႔အျပင္ Cloud Service ေပးေသာ အဖြဲ႕အစည္း အေနျဖင့္ Data Center မ်ားတြင္ လံုၿခံဳေရး လုိအပ္ခ်က္မ်ား အပါအ၀င္ အားလံုးျပည့္စံုစြာ တည္ေထာင္ထားၿပီး ျဖစ္သည့္ အတြက္ အသံုးျပဳလုိေသာ အစိုးရဌာနမ်ားအတြက္ လြယ္ကူလ်င္ျမန္စြာ ဆက္လက္အသံုးျပဳႏုိင္မည္လည္း ျဖစ္ပါသည္။ အထက္ေဖာ္ျပပါ လိုအပ္ခ်က္မ်ားကုိ ျဖည့္ဆည္းႏုိင္ရန္ အလုိ႔ငွာ MCC Group အေနျဖင့္ ေနျပည္ေတာ္ Junction Center ေနရာတြင္ MCC Capacity Development Center ႀကီးကုိ ထူေထာင္ထား ရွိကာ အစိုးရ၀န္ႀကီးဌာနမ်ားအား e-Government စနစ္မ်ားကုိ Cloud Computing စနစ္အရ SaaS (Software as a Service) ပံုစံျဖင့္ ေဆာင္ရြက္ေပးႏုိင္ရန္ အသင့္ ျဖစ္ေနၿပီျဖစ္ပါသည္။ အစိုးရ၀န္ႀကီးဌာနမ်ား အသံုးျပဳရန္ လုိအပ္သည့္ ေအာက္ပါစနစ္မ်ားအားလံုးကုိ တီထြင္ထားရွိၿပီး ျဖစ္ပါသည္။
1. GOS (Government OnlineSystem)
ျမန္မာႏုိင္ငံ အစိုးရဌာနလက္စြဲ႐ံုးလုပ္ထံုး လုပ္နည္းမ်ားအတုိင္း ကုိက္ညီစြာ အထူးတီထြင္ထားေသာ အစုိးရဌာန အခ်င္းခ်င္း Online ဆက္သြယ္ေဆာင္ရြက္ႏုိင္ေသာ စနစ္ျဖစ္ပါသည္။ အထူးအေလးထားရမည့္ လံုၿခံဳမႈ အဆင့္ျမင့္မားေသာ ဆက္သြယ္ေဆာင္ရြက္မႈအတြက္ အသံုးျပဳႏုိင္ရန္ တီထြင္ထားရွိပါသည္။ ႏုိင္ငံေတာ္ ေအးခ်မ္းသာယာေရးႏွင့္ ဖြံ႕ၿဖိဳးေရးေကာင္စီ၊ ႏုိင္ငံေတာ္၀န္ႀကီးခ်ဳပ္႐ံုးတုိ႔မွ အသံုးျပဳခဲ့ေသာ စနစ္ျဖစ္ပါသည္။
2. g-MIS (e-Government Portal)
အစုိးရ၀န္ႀကီးဌာနတုိင္းအတြက္ G2G, G2B, G2C စေသာ e-Government လုပ္ငန္းေဆာင္ရြက္ခ်က္မ်ားကုိ လြယ္ကူစြာ ေဆာင္ရြက္ႏုိင္သည့္ e-Government Portal အင္ဂ်င္ျဖစ္ပါသည္။ လြယ္ကူလ်င္ ျမန္စြာ တပ္ဆင္
အသံုးျပဳႏုိင္သည့္ Web Portal အင္ဂ်င္ျဖစ္သည့္အတြက္ အစိုးရ၀န္ႀကီးဌာနမ်ားအၾကား ေရပန္းစား နာမည္ရၿပီးေသာစနစ္ျဖစ္ပါသည္။
3. g-DMS (Government Document Management System)
အစိုးရဌာနမ်ား၏ အႀကီးမားဆံုးႏွင့္ အလုိအပ္ဆံုးျဖစ္ေသာ ႐ံုးစာရြက္စာတမ္း မ်ားကုိ အီလက္ထေရာနစ္ပံုစံ (Electronic Document) အျဖစ္ ေျပာင္းလဲ အလုပ္လုပ္ေစျခင္း ျဖစ္ပါသည္။ အလြယ္တကူ ျပဳစုႏုိင္ျခင္း၊ ျဖန္႔ေ၀ႏုိင္ျခင္း၊ သိမ္းဆည္းႏုိင္ျခင္း၊ ရွာေဖြႏုိင္ျခင္းတုိ႔ အျပင္ ႏွစ္ရွည္ကာလ အတြက္ က်စ္လစ္စြာ (Archive) ျပဳလုပ္ ေပးႏုိင္ျခင္းတုိ႔ကုိ လုပ္ေဆာင္ႏုိင္ပါသည္။ အစိုးရဌာန အလုပ္မ်ားကုိ လြယ္ကူ လ်င္ျမန္စြာ ၿပီးေျမာက္ေစမည္ သာမက ကုန္က်စရိတ္လည္း မ်ားစြာသက္သာသြားေစပါသည္။
4. g-CMS (Government Content Management System)
အစိုးရဌာနမ်ား လုိအပ္ေသာ သတင္းအခ်က္အလက္မ်ားကုိ အင္တာနက္ထဲမွ အခ်က္အလက္မ်ား ရွာေဖြႏုိင္သကဲ့သုိ႔ ရွာေဖြအသံုးျပဳႏုိင္မည့္ အစိုးရဌာနမ်ားအတြက္ အင္တာနက္ ျဖစ္ပါသည္။ မိမိလုပ္ငန္းႏွင့္ ပတ္သက္သမွ် အစိုးရဌာနမ်ား လိုက္နာက်င့္သံုးရမည့္ ဥပေဒမ်ား၊ လက္စြဲမ်ား၊ ေဆာင္ရြက္ခဲ့သမွ် အလုပ္မ်ားအားလံုးကုိ အလြယ္တကူ ရွာေဖြ အသံုးျပဳႏုိင္မည္ျဖစ္ပါသည္။
5. g-ERP (Government Enterprise Resource Planning)
အစိုးရဌာနတုိင္းတြင္ စီမံအုပ္ခ်ဳပ္ေရးႏွင့္ ပါတ္သက္ၿပီး မလြဲမေသြ ေဆာင္ရြက္ရမည့္ ေက်ာေထာက္ေနာက္ခံ လုပ္ငန္းၾကီးမ်ား ရွိပါသည္။ ယင္းတုိ႔ကုိ လြယ္ကူလ်င္ျမန္စြာ ေဆာင္ရြက္ႏုိင္ေရးအတြက္ ေအာက္ပါ ကြန္ပ်ဴတာ အသံုးခ်စနစ္မ်ားကုိ ေပါင္းစပ္အသံုးျပဳႏုိင္ရန္ တီထြင္ထားပါသည္။
(က) ၀န္ထမ္းစီမံခန္႔ခြဲေရးစနစ္ (Staff Management Information System)
(ခ) လစာ စာရင္းေရးစြဲျပဳစုျခင္း (Government Payroll System)
(ဂ) အစိုးရ ဘတ္ဂ်က္ႏွင့္ စာရင္းမ်ား ျပဳစုျခင္း (Government Budget and Account System)
(ဃ) စတုိစီမံခန္႔ခြဲျခင္းစနစ္ (Store Control System)
(င) ပုိင္ဆုိင္ပစၥည္းမ်ား စီမံခန္႔ခြဲျခင္းစနစ္ (Asset Management Information System)
6. g-COM (Government Core Operation Management System)
အစိုးရဌာနတစ္ခုခ်င္းစီ၏ သီးသန္႔သဘာ၀အရ လုိအပ္ေသာ ကြန္ပ်ဴတာ အသံုးခ်စနစ္မ်ားကုိ သီးျခားတီထြင္ ထုတ္လုပ္ေပးျခင္းျဖစ္ပါသည္။ ဥပမာအားျဖင့္ ေအာက္ပါစနစ္မ်ားကဲ့သုိ႔ ျဖစ္ပါသည္။
(က) လွ်ပ္စစ္မီတာဘီ(လ္) ျပဳစုျခင္းႏွင့္ ေငြေကာက္ခံျခင္းစနစ္ (Electricity Billing and Collection System)
(ခ) အက်ဥ္းသားစီမံခန္႔ခြဲေရးစနစ္ (Prisoners Managment Information System)
(ဂ) ေက်ာက္မ်က္ရတနာျပပြဲ စီမံခန္႔ခြဲေရးစနစ္ (Emporium Managemnet Information System)
(ဃ) သင္တန္းသား စီမံခန္႔ခြဲေရးစနစ္ (Trainee Management Information System)
(င) ျပည္သူ႕၀န္ထမ္း ေရြးခ်ယ္ေရးစနစ္ (Civil Service Selection Information System)
(စ) ေျမယာစီမံခန္႔ခြဲေရးစနစ္ (Land Information System)
(ဆ) ရန္ကုန္ၿမိဳ႕ေတာ္အခြန္အခ ေပါင္းစည္း ေကာက္ခံေရးစနစ္ (Yangon City Integrate Tax Collection System)
အစုိးရဌာနမ်ားအတြက္ မျဖစ္မေန အသံုးျပဳရမည့္ g-Government စနစ္မ်ားအတြက္ MCC Capacity Development Center သုိ႔ ဆက္သြယ္ေဆာင္ရြက္ႏုိင္ၾကပါၿပီ။
MCC Capacity Development
Center
Extision - 3, Junction Center
(ေနျပည္ေတာ္)
ရာဇသဂၤဟလမ္း၊ ဇမၺဴသီရိၿမိဳ႕နယ္၊
ေနျပည္ ေတာ္။
Tel : 067-421198
Whitepaper Series : e-Government
အစိုးရ (Government)
ကမ္ဘာပေါ်တွင် လူအများဆုံး နှင့် ထိစပ်နေရပြီး ယင်းလူအများ လူနေမှု ဘဝများအတွက် ဆောင်ရွက် ပေးနေရသော အကြီးဆုံးအဖွဲ့အစည်းမှာ အစိုးရပင်ဖြစ် အပါ သည်။ အစိုးရပေါ်လစီများသည် တိုင်းပြည် အတွင်း မှီတင်းနေထိုင်သော ပြည်သူတစ်ဦးချင်းစီ လူမှုအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်မှု အပေါ် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေပါသည်။ အစိုးရသည် တိုင်းသူပြည်သားများ
၏ နေ့စဉ်ဘဝအပေါ် လွှမ်းမိုးလျက်ရှိသောကြောင့် အစိုးရကောင်းမှ ဖြစ်မည်။ အစိုးရ မြန်မှဖြစ်မည်။ အစိုးရ မှန်မှ ဖြစ်ပါမည်။ ထို့ကြောင့် တရုတ်ပညာရှိ ကွန်ဖြူးရှပ်(စ်)၏ အဆိုအမိန့်တစ်ခုကို ရည်ညွှန်းရသည် ရှိသော်
The art of government simply consists in making things right or putting things in their right. When the ruler himself in “right”, then the people naturally follow him in his right course. Confucius (551-479 BC)
အစိုးရ၏ လုပ်ငန်းတာဝန်များမှာများမြောင်လှပါသည်။ အဓိကတာဝန်ယူ ဆောင်ရွက်ပေးရသော လုပ်ငန်းတာဝန်များ မှာ -
• နိုင်ငံတကာဆက်ဆံရေး
• တိုင်းပြည်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် နိုင်ငံတော်ကာကွယ်ရေး
• တိုင်းပြည်အေးချမ်းသာယာရေး
• တရားဥပဒေစိုးမိုးရေး
• အများပြည်သူ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရေး
• စီးပွားရေးတိုးတက်ပြီး ဘက်စုံ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရေး
• ဆင်းရဲနွမ်းပါးမှု လျော့ချရေး တို့ဖြစ်ပါသည်။
ယင်းတို့ကို ထင်သာမြင်သာအောင် ဖော်ပြရမည်ဖြစ်၍ အိမ်ယာ၊ အဆောက်အဦးများ၊ လမ်း၊ တံတားများ၊ ဆောက်လုပ်ခြင်း၊ အများပြည်သူသုံး လျှပ်စစ်၊ ရေ၊ သန့်ရှင်းရေးတို့ကို ပြည့်စုံအောင် ဆောင်ရွက်ပေးခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ တရားဥပဒေစိုးမိုးရေး၊ သယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်ရေး၊ စက်မှုလက်မှု၊ နိုင်ငံခြား ရေး၊ လူဝင်မှုကြီးကြပ်ရေး၊ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး စသည်အားဖြင့် အလွန်များမြောင်လှပါသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြင့်ဖွဲ့စည်းထားသော အစိုးရမှာ ဒီမိုကရေစီအစိုးရ ဖြစ်ပါသည်။ ပြည်သူ တစ်ဦးချင်းစီ၏ အခြေခံလွတ်လပ်ခွင့်ကို ကာကွယ်ခြင်းနှင့် ရွေးကောက်ပွဲများကို တရားမျှတစွာ ပြုလုပ်နိုင်ရန် စည်းစနစ်ပေါင်းများစွာ ရေးဆွဲသတ်မှတ်ခြင်းဟူသော တာဝန်ယူစရာများလည်း ရှိပါသည်။ ဤကဲ့သို့သော များမြောင်လှစွာသော အစိုးရ၏ တာဝန်ဝတ္တရားများနှင့် ပြည်သူတစ်ဦးချင်းစီနှင့် တိုင်းပြည်တစ်ခုလုံး၏ နေ့စဉ် ဘဝအပေါ် လွှမ်းမိုးထားရသော အစိုးရအနေဖြင့် နိစ္စဓူဝ လုပ်ငန်းများကို စွမ်းဆောင်နိုင်ရန် ကုန်ကျစရိတ် ကြီးမားစွာ ဗျူရိုကရေစီ အုပ်ချုပ်ရေးယန္တရားကို အုပ်ချုပ်လုပ်ကိုင်သော်လည်း စွမ်းရည်မပြည့်ဝခြင်း၊ အစိုးရဝန်ထမ်းများ တာဝန်ခံမှုမရှိခြင်း၊ အစိုးရလုပ်ငန်ဆောင်ချက်များ ထင်သာမြင် သာ မရှိခြင်း၊ အဂတိလိုက်စား ခြင်းစသည် များ ဖြစ်ပေါ်ခဲ့ပါသည်။ ထို့ကြောင့် ကမ္ဘာတစ်ဝှမ်းလုံးရှိ အစိုးရ များမှာ အစိုးရ ပုံစံသစ် ပြောင်းလဲရန် (Reinvent the Government) ဟူ၍ လည်းကောင်း၊ NPM (New Public Management) က၍ လည်းကောင်း၊ (Government 2.0) ဟူ၍လည်းကောင်း ကြွေးကြော်ပြီးကြိုးပမ်း ခဲ့ကြပါသည်။ တစ်နည်းအားဖြင့် အစိုးရအုပ်ချုပ်ရေး ဗျူရိုကရေစီယန္တရားအပေါ် အလေးပေးထားပြီး ပြည်သူလူထုအပေါ် ဆောင်ရွက်ပေးမှု အားနည်းခဲ့သော ပုံစံမှ ပြည်သူလူထုအပေါ် ဆောင်ရွက်ပေးမှု အလေးထားပြီး အစိုးရ အုပ်ချုပ်မှုယန္တရား သေးငယ်စွာဖြင့် အလုပ်လုပ်နိုင်မည့် ပုံစံ အမျိုးမျိုးတို့ ကူးပြောင်းရန် ဖြစ်ပါသည်။
အထက်ပါအတိုင်း အစိုးရပုံစံ ပြောင်းရေးအတွက် ကြိုးပမ်းခဲ့ကြသော်လည်း လက်တွေ့တွင် ထိရောက်အောင်မြင်မှု ရှိသင့်သလောက် မရှိခဲ့ရာ အစိုးရပုံစံ ပြောင်းရေးအတွက် အခြေခံကျသော တွန်း အားတစ်ခုခု လိုနေပြီဟု သဘောပေါက် လက်ခံခဲ့ကြပါသည်။ ယင်းလိုအပ်နေသော တွန်းအားသည် ICT
ဟုခေါ်သော သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ (Information & Communication
Technology) ပင် ဖြစ်ပါသည်။ ICT နည်းပညာ တစ်ရှိန်ထိုး တိုးတက်ပြောင်းလဲလာခဲ့သောကြောင့် လူတို့
နေ့စဉ်နေထိုင်အလုပ်လုပ်ကိုင်ပုံ၊ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်ပုံ၊ အစိုးရအနေဖြင့် ပြည်သူလူထုကို ဆောင်ရွက်မှုပေးပုံတို့ကို များစွာပြောင်းလဲလာခဲ့ပြီ ဖြစ်ပါသည်။ ထို့ကြောင့် ICT နည်းပညာကို
အစိုးရမှ အားကိုးပြုပြီး ပြည်သူလူထု၊ စီးပွားရေးလုပ်ငန်းများ၊ အစိုးရဝန်ထမ်းများအပေါ် အကျိုးကျေးဇူး ရရှိလာအောင် ပြုလုပ်ခြင်းကို Electronic Government (သို့) e-Government ဟူ၍ အမည် နာမတတ် ခေါ်ဝေါ်ခြင်း ဖြစ်ပါသည်။ သာမန်အားဖြင့် e-Government ကို အင်တာနက်အသုံး ပြု၍ အစိုးရ လုပ်ငန်းများ ဆောင်ရွက်ပြီး ပြည်သူလူထုသို့ အစိုးရဆောင်ရွက်မှုများ ပေးခြင်းဟူ၍ အသိများသော်လည်း e-Government
သဘောတရားများ၊ နည်းပညာ၊ အခြေခံအဆောက်အဦ၊ စီးပွားရေးဖြစ်စဉ်၊ လူ့စွမ်းအားအရင်းအမြစ် တို့သာမက ယင်းတို့အားလုံး ပေါင်းစပ်ပြီး ဖြစ်ပေါ်နေသော ကျယ်ပြန့်နက်ရှိုင်းသော အခြေအနေကြီး တစ်ခု ဖြစ်ပါသည်။ထို့ကြောင့် e-Government ပုံစံဖြင့် အောင်မြင်စွာ ဆောင်ရွက်မှုများ ပေးနိုင် ရန်မှာ ပါ၀င်ဆက်စပ်နေသော ဌာနများ၊ အဖွဲ့များအားလုံး ဆက်စပ်ညှိနှိုင်းပူးပေါင်း ပါ၀င် ဆောင်ရွက်နိုင်မှ သာ အောင်မြင်နိုင် မည် ဖြစ်ပါသည်။
e-Government ဆိုသည်မှာ -
e-Government ကို “Digital Government” ဟူ၍လည်းကောင်း၊ (Internetworked Government) ဟူ၍ လည်းကောင်း၊ “Government Online” ဟူ၍လည်းကောင်း၊ အမျိုးမျိုးခေါ်ဆိုကြရာ အခြေခံအနှစ်သာရမှာ အတူတူပင် ဖြစ်ပါသည်။ အစိုးရအနေဖြင့် အင်တာနက်၊ အထူးသဖြင့် Web-based Internet နည်းပညာကို အသုံးပြုပြီး ပြည်သူလူထု၊ စီးပွားရေးလုပ်ငန်းများ၊ အစိုးရဝန်ထမ်းများနှင့် အစိုးရလုပ်ငန်းအချင်းချင်းတို့အား အစိုးရဆောင်ရွက်မှုများကို ပိုမိုကောင်းမွန်စွာပေးခြင်းဟူသော အဓိပ္ပာယ်သဘောရပါသည်။ အချို့ကမှု e-Government ဆိုသည်မှာ အစိုးရနှင့် ပြည်သူလူထုအကြား ဆက်စပ် ဆောင်ရွက်လုပ်ကိုင်မှုများကို အီလက် ထရောနစ် ပုံစံဖြင့်ပြုလုပ် ခြင်းဖြစ်သည်ဟူ၍လည်း လွယ်လွယ်ကူကူ အဓိပ္ပာယ်ဖွင့်တတ်ကြပါသည်။ အမှန်
တကယ်တွင် e-Government ဟူသည် ပြည်သူလူထုက အစိုးရဆောင်ရွက်မှုများကို အီလက်ထရောနစ်ပုံစံဖြင့် ပိုမိုလျင်မြန်ထိရောက်စွာ ပေးနိုင်ခြင်းအပြင် အစိုးရ အချင်းချင်းလည်း ပို၍ ဆက်စပ်ထိရောက်စွာ ဆောင်ရွက် လုပ်ကိုင်လာနိုင်သော အကျိုးတရားကိုပါ ရရှိစေနိုင်သောကြောင့် အစိုးရလုပ်ငန်းတွင် အီလက်ထရောနစ်ပုံစံဖြင့် ဆောင်ရွက်လုပ်ကိုင်နိုင်သည့် “e-Administration” သဘောတရားလည်း ပေါင်းစပ်ပါ၀င်နေသည်ဟုလည်း သိရန် လိုအပ်ပါသည်။ ထို့ကြောင့် e-Government ကို အဓိပ္ပာယ်ဖွင့်ရာတွင် အစိုးရ ဆောင်ရွက်မှုများကို ပိုမိုလျင်မြန် ထိရောက် စေရန် အီလက်ထရောနစ်နည်းပညာ (သို့) အင်တာနက်နည်းပညာအသုံးပြုပြီး ဆောင် ရွက်ခြင်းဟူသော ကျဉ်းမြောင်းသည့် အဓိပ္ပာယ်ဖွင့်ဆိုမှုအစား၊ ခေတ်မီ ICT နည်းပညာများကို သုံးပြုပြီးအစိုးရ၊ ပြည်သူလူထု၊ စီးပွားရေး လုပ်ငန်းများအကြား အလျင်မပြတ် ပိုမိုဆက်စပ် တိုးတက်သွားရင်းဖြင့် တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လှုမှုရေးတို့ ပါ၀င်သော လူမှုအဆောက်အဦတစ်ခုလုံး အတိုင်းအတာဖြင့် ပြောင်းလဲတိုး တက်သွားစေနိုင်သောဖြစ်စဉ်ဟု အဓိပ္ပာယ်ကျယ်ပြန့်စွာ ဖွင့်ဆိုနိုင်ပါသည်။
e-Government တွင် ပါ၀င်အကျုံးဝင်မှုများ (Perspectives of e-Government)
အစိုးရလုပ်ငန်းများ ပြုပြင်ပြောင်း လဲရေးတွင် အဓိကကျသော “အစိုးရ” Government “ပြည်သူ” (Citizens)
နှင့် “စီးပွားရေးလုပ်ငန်းများ” (Bsiness) တို့ အကျံုးဝင် ဆက်စပ်နေသော e-Government အသွင်သဏ္ဍာန်ကို ပုံ(၂)အတိုင်း တွေ့မြင်နိုင်ပါသည်။ ယင်းအခြေခံ (၃) မျိုးတွင် အစိုးရသည် ဦးဆောင် အစပျိုးသူ (Initiator)
အဖြစ်လည်းကောင်း၊ လုပ်ငန်းအရှိန်မြှင့်သူ (Reactor) အဖြစ်လည်းကောင်း၊ ပြည်သူလူထုနှင့် စီးပွားရေး လုပ်
ငန်းများကို စဉ်ဆက်မပြတ် ထိစပ်ဆောင်ရွက်နေရမည် ဖြစ်ပါသည်။
Government-to-Government (G2G)
အစိုးရလုပ်ငန်းအချင်းချင်း သတင်း အချက်အလက်များ ဖြန့်ဝေခြင်း၊ လုပ်ဆောင်ချက်များကို အီလက်ထရောနစ် သဘော အွန်လိုင်းဆောင်ရွက်ခြင်းတို့ ပါ၀င်သည်။ ယင်းလုပ်ငန်းစဉ်တွင် အစိုးရဝန် ထမ်းအချင်းချင်း၊ အစိုးရဌာနအချင်းချင်း၊ ၀န်ကြီးဌာနအချင်းချင်း၊ အစိုးရအချင်းချင်း တို့ အားလုံး အကျံုးဝင်ပါသည်။
Government to Business (G2B)
စီးပွားရေးလုပ်ငန်းများ၊ အစိုးရနှင့်ဆက်စပ်လုပ်ကိုင်ရသော လုပ်ဆောင်ချက်များ ကြိုးနီစနစ်ပုံစံမျိုးမဟုတ်ဘဲ လျင်မြန်သွက်လက်ပြီး ဆက်စပ်ဆောင်ရွက်နေရသော ကုန်ကျစရိတ် (Transaction Costs) သက်သာစေရန် အစိုးရနှင့်စီးပွားရေးလုပ်ငန်းများအကြား အွန်လိုင်း (Online) ဆောင်ရွက်လုပ်ကိုင်လာစေ နိုင်မည့် အခြေအနေတစ်ခု ဖြစ်ပါသည်။ အစိုးရ ဌာနများသို့ သွားရန်မလိုဘဲ (၂၄) နာရီ မပြတ် e-Form များ ရယူနိုင်ခြင်း၊ ဖြည့် စွက်ပြီး ပြန်ပို့နိုင်ခြင်း၊ အဆိုပြုချက် များ တင်ပြနိုင်ခြင်း၊ ပါမစ်များ လျှောက်ထားနိုင်ခြင်း စသည်တို့ကို လွယ်ကူလျင် မြန်စွာ ပြုလုပ်လာနိုင်မည် ဖြစ်ပါသည်။
Government to Citizen (G2C)
အစိုးရနှင့်ပြည်သူလူထု နာရီမလပ် ဆက်စပ်နေပြီး အစိုးရဆောင်ရွက်မှုများကို ပြည်သူလူထုသို့ အီလက်ထရောနစ်၏ နည်းလမ်းဖြင့် ဆောင်ရွက်မှုပေးခြင်းမျိုး (Non - Stop Services) ဖြစ်သကဲ့သို့ ပြည်သူများအနေဖြင့် အစိုးရဌာနများသို့ သွားရန်မလိုဘဲ တစ်နေရာတည်းမှ တစ်ထိုင်တည်း အစိုးရ ဌာနအားလုံးနှင့် သက်ဆိုင်သော လုပ်ငန်းများအားလုံးကို ဆောင်ရွက်နိုင်မည့် (One-Stop-Shop)
ပုံစံ များလည်းပါ၀င်သည်။ ထို့အပြင်မြို့ ပြဒေသ၊ ကျေးလက်ဒေသဟူ၍ ခွဲခြားရန် မလိုတော့ဘဲ အစိုးရ လုပ်ဆောင်မှုများကို တစ်ပြေးညီပေးနိုင်မည့် (Universal Services) မျိုးလည်း ဖြစ်ပါသည်။
အီလက်ထရောနစ်အစိုးရဟူသော e-Government လုပ်ငန်းကို အကောင်အထည်ဖော်ရင်းဖြင့် အစိုးရ၏ စီမံအုပ်ချုပ် မှုကို ကောင်းမွန်စေသော e-Government ကိုလည်း တစ်ပါတည်း ဖြစ်ပေါ်စေ နိုင်ပါသည်။ e-Government တွင် e-Administration, (e-Citizen and e-Services) နှင့် (e-Society) တို့ ပါ၀င်လျက်ရှိပါသည်။ e-Administration ကြောင့် အစိုးရလုပ်ငန်းများ စီမံအုပ် ချုပ်လုပ်ကိုင်မှုများ တိုးတက် ကောင်းမွန် လာခြင်းကြောင့် ပြည်သူလူထုသို့ အစိုးရဆောင်ရွက်မှုများတို့ကို ကောင်းမွန်စွာ ပေးနိုင်ရန် (e-Citizen and e-Services) များ ပေါ်ပေါက်လာသကဲ့သို့ အစိုးရ စီးပွားရေးလုပ်ငန်းများနှင့် လူမှုအဖွဲ့အစည်း များပါမကျန် အားလုံး ဆက်စပ်ဆောင်ရွက် လျက်ရှိသော ဖြစ်စဉ်ကြီးကြောင့် e-Society ကြီး ပေါ်ပေါက်လာစေ နိုင်ပါသည်။
MCC e-Government Solution
MCC Group သည် ၁၉၈၉ ခုနှစ် ကုမ္ပဏီ စတင်ဖွဲ့စည်းတည်ထောင်စဉ်ကတည်းက အစိုးရ လုပ်ငန်းဌာနများအတွက် ကွန်ပျူတာ စနစ်များကို တစ်စိုက်မတ်မတ် တီထွင်အကောင်အထည်ဖော် ဆောင်ရွက်
ပေးခဲ့သော အဖွဲ့အစည်း ဖြစ်ပါသည်။ အစိုးရ အဆက်အဆက်တွင်လည်း အဆင့်အမြင့်ဆုံးဖြစ်သော နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ နိုင်ငံတော်ဝန်ကြီးချုပ်ရုံးနှင့် အစိုးရ ၀န်ကြီးဌာန များအတွက် ဆောင်ရွက်ခဲ့သော လုံခြံုစိတ်ချရသည့် GOS (Government Online System) များကို အသုံးပြုခဲ့
ကြပါသည်။ လက်ရှိအနေ၌လည်း အစိုးရ ၀န်ကြီးဌာနအများစုအနေဖြင့် MCCGroup မှ တီထွင်ခဲ့ထားသော ကွန်ပျူတာစနစ်များကို တွင်တွယ် ကျယ်ကျယ် အသုံးပြုလျက် ရှိပါသည်။ MCC Group အနေဖြင့် ကမ္ဘာ့နည်းပညာ ပြောင်းလဲမှုများကို မျက်ခြေမပြတ် လေ့လာပြီး တိုင်းပြည်အတွက် အကျိုးရှိအောင် စဉ် ဆက်မပြတ် ပြုပြင်ဆောင်ရွက်လျက်ရှိပါ သည်။ ယခုအခါ ကမ္ဘာပေါ်တွင် (Cloud Computing) ဟူသော နည်းပညာ ပြောင်းလဲမှုကြီး ဖြစ်ပေါ်လျက်ရှိလာပြီ ဖြစ်သည့်အတွက် ဗဟိုအစိုးရနှင့် တိုင်းဒေသကြီး အစိုးရများအတွက် အထူးပင် သင့်လျော် အကျိုးရှိစေနိုင်သောကြောင့် MCCGroup မှ တီထွင်ထားသော အစိုးရ လုပ်ငန်းသုံး ကွန်ပျူတာစနစ်များကို (Cloud-Computing) စနစ်ဖြင့် အသုံးပြုနိုင်ရန် စီစဉ်ထားပြီး ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါသည်။ (Cloud-Computing) စနစ်အရ အစိုးရဌာနများ အသုံးပြုလျင် ယခင်ကကဲ့သို့ ပြည်တွင်း(သို့) နိုင်ငံခြားငွေဖြင့် ကုန်ကျခံသုံးစွဲရသော ငွေလုံးငွေရင်း အသုံးစရိတ်များ (Capital Expenditure) များ ကုန်ကျရန် မလိုတော့ခြင်းကြောင့် အစိုးရဌာနများအတွက် အလွန်အရေးပါသော အကျိုးတရားတစ်ခုပင် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ယေဘုယျအားဖြင့် အစိုးရဌာနများတွင် ဘတ်ဂျက် အကန့်အသတ် ရှိကြသောကြောင့် ဖြစ်ပါသည်။ ထို့အပြင် အစိုးရဌာနအတွင်း၌ ခက်ခဲစွာ ပြုစုပျိုးထောင်ရသည့် (In-House Technical Team) လည်း ရှိရန် မလိုအပ်တော့ခြင်းဖြစ်ပါသည်။ အစိုးရဌာန
များတွင် ဘတ်ဂျက်အကန့်အသတ်ရှိရုံ မကဘဲ နည်းပညာ ကျွမ်းကျင်သူများလည်း အကန့်အသတ် ဖြစ်နေပါသည်။ Cloud Computing စနစ်အရ အစိုးရဌာနများတွင် နည်းပညာ ကျွမ်းကျင်သူများစွာ ရှိရန် မလိုဘဲ User Level အသုံးပြုတတ်လျှင် စနစ်များကို ကောင်းစွာ အသုံးပြုနိုင်ကြတော့မည် ဖြစ်ပါသည်။ Cloud Computing စနစ်အရ အစိုးရဌာနများအနေဖြင့် တန်ဖိုးကြီးမားသော Server များ၊ Software လိုင်စင်များ အတွက် ငွေကုန်ကြေးကျ ရင်းနှီးမြှုပ်နှံရန် မလိုတော့ဘဲ ကွန်ပျူတာ အသုံးချစနစ်များကို SaaS (Software as a Service) ပုံစံမျိုးဖြင့် ရယူအသုံးပြုနိုင်မည် ဖြစ်သည့်အတွက် မိမိတို့ အသုံးပြုသလောက် အတွက်သာ အခပေးရသည့်ပုံစံမျိုး ဖြစ်သည့်အတွက် အဓိက ငွေလုံးငွေရင်း အသုံးစရိတ်များ (Capital Expenditure) သက်သာသွားစေနိုင်ပါသည်။ ထို့အပြင် အသုံးပြုရ လွယ်ကူအောင် တီထွင်ဖန်တီးထားသည့် အတွက် အစိုးရဌာနများရှိ အရာရှိကြီးများမှအစ သာမန်ဝန်ထမ်းများအထိ မည်သူမဆို လွယ်ကူစွာ အသုံးပြုနိုင်သော စနစ်မျိုးလည်းဖြစ်ပါသည်။ ထို့အပြင် Cloud Service ပေးသော အဖွဲ့အစည်း အနေဖြင့် Data Center များတွင် လုံခြံုရေး လိုအပ်ချက်များ အပါအဝင် အားလုံးပြည့်စုံစွာ တည်ထောင်ထားပြီး ဖြစ်သည့် အတွက် အသုံးပြုလိုသော အစိုးရဌာနများအတွက် လွယ်ကူလျင်မြန်စွာ ဆက်လက်အသုံးပြုနိုင်မည်လည်း ဖြစ်ပါသည်။ အထက်ဖော်ပြပါ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် အလို့ငှာ MCC Group အနေဖြင့် နေပြည်တော် Junction Center နေရာတွင် MCC Capacity Development Center ကြီးကို ထူထောင်ထား ရှိကာ အစိုးရဝန်ကြီးဌာနများအား e-Government စနစ်များကို Cloud Computing စနစ်အရ SaaS (Software as a Service) ပုံစံဖြင့် ဆောင်ရွက်ပေးနိုင်ရန် အသင့် ဖြစ်နေပြီဖြစ်ပါသည်။ အစိုးရဝန်ကြီးဌာနများ အသုံးပြုရန် လိုအပ်သည့် အောက်ပါစနစ်များအားလုံးကို တီထွင်ထားရှိပြီး ဖြစ်ပါသည်။
1. GOS (Government OnlineSystem)
မြန်မာနိုင်ငံ အစိုးရဌာနလက်စွဲရုံးလုပ်ထုံး လုပ်နည်းများအတိုင်း ကိုက်ညီစွာ အထူးတီထွင်ထားသော အစိုးရဌာန အချင်းချင်း Online ဆက်သွယ်ဆောင်ရွက်နိုင်သော စနစ်ဖြစ်ပါသည်။ အထူးအလေးထားရမည့် လုံခြံုမှု အဆင့်မြင့်မားသော ဆက်သွယ်ဆောင်ရွက်မှုအတွက် အသုံးပြုနိုင်ရန် တီထွင်ထားရှိပါသည်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ နိုင်ငံတော်ဝန်ကြီးချုပ်ရုံးတို့မှ အသုံးပြုခဲ့သော စနစ်ဖြစ်ပါသည်။
2. g-MIS (e-Government Portal)
အစိုးရဝန်ကြီးဌာနတိုင်းအတွက် G2G, G2B, G2C စသော e-Government လုပ်ငန်းဆောင်ရွက်ချက်များကို လွယ်ကူစွာ ဆောင်ရွက်နိုင်သည့် e-Government Portal အင်ဂျင်ဖြစ်ပါသည်။ လွယ်ကူလျင် မြန်စွာ တပ်ဆင်
အသုံးပြုနိုင်သည့် Web Portal အင်ဂျင်ဖြစ်သည့်အတွက် အစိုးရဝန်ကြီးဌာနများအကြား ရေပန်းစား နာမည်ရပြီးသောစနစ်ဖြစ်ပါသည်။
3. g-DMS (Government Document Management System)
အစိုးရဌာနများ၏ အကြီးမားဆုံးနှင့် အလိုအပ်ဆုံးဖြစ်သော ရုံးစာရွက်စာတမ်း များကို အီလက်ထရောနစ်ပုံစံ (Electronic Document) အဖြစ် ပြောင်းလဲ အလုပ်လုပ်စေခြင်း ဖြစ်ပါသည်။ အလွယ်တကူ ပြုစုနိုင်ခြင်း၊ ဖြန့်ဝေနိုင်ခြင်း၊ သိမ်းဆည်းနိုင်ခြင်း၊ ရှာဖွေနိုင်ခြင်းတို့ အပြင် နှစ်ရှည်ကာလ အတွက် ကျစ်လစ်စွာ (Archive) ပြုလုပ် ပေးနိုင်ခြင်းတို့ကို လုပ်ဆောင်နိုင်ပါသည်။ အစိုးရဌာန အလုပ်များကို လွယ်ကူ လျင်မြန်စွာ ပြီးမြောက်စေမည် သာမက ကုန်ကျစရိတ်လည်း များစွာသက်သာသွားစေပါသည်။
4. g-CMS (Government Content Management System)
အစိုးရဌာနများ လိုအပ်သော သတင်းအချက်အလက်များကို အင်တာနက်ထဲမှ အချက်အလက်များ ရှာဖွေနိုင်သကဲ့သို့ ရှာဖွေအသုံးပြုနိုင်မည့် အစိုးရဌာနများအတွက် အင်တာနက် ဖြစ်ပါသည်။ မိမိလုပ်ငန်းနှင့် ပတ်သက်သမျှ အစိုးရဌာနများ လိုက်နာကျင့်သုံးရမည့် ဥပဒေများ၊ လက်စွဲများ၊ ဆောင်ရွက်ခဲ့သမျှ အလုပ်များအားလုံးကို အလွယ်တကူ ရှာဖွေ အသုံးပြုနိုင်မည်ဖြစ်ပါသည်။
5. g-ERP (Government Enterprise Resource Planning)
အစိုးရဌာနတိုင်းတွင် စီမံအုပ်ချုပ်ရေးနှင့် ပါတ်သက်ပြီး မလွဲမသွေ ဆောင်ရွက်ရမည့် ကျောထောက်နောက်ခံ လုပ်ငန်းကြီးများ ရှိပါသည်။ ယင်းတို့ကို လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် အောက်ပါ ကွန်ပျူတာ အသုံးချစနစ်များကို ပေါင်းစပ်အသုံးပြုနိုင်ရန် တီထွင်ထားပါသည်။
(က) ၀န်ထမ်းစီမံခန့်ခွဲရေးစနစ် (Staff Management Information System)
(ခ) လစာ စာရင်းရေးစွဲပြုစုခြင်း (Government Payroll System)
(ဂ) အစိုးရ ဘတ်ဂျက်နှင့် စာရင်းများ ပြုစုခြင်း (Government Budget and Account System)
(ဃ) စတိုစီမံခန့်ခွဲခြင်းစနစ် (Store Control System)
(င) ပိုင်ဆိုင်ပစ္စည်းများ စီမံခန့်ခွဲခြင်းစနစ် (Asset Management Information System)
6. g-COM (Government Core Operation Management System)
အစိုးရဌာနတစ်ခုချင်းစီ၏ သီးသန့်သဘာဝအရ လိုအပ်သော ကွန်ပျူတာ အသုံးချစနစ်များကို သီးခြားတီထွင် ထုတ်လုပ်ပေးခြင်းဖြစ်ပါသည်။ ဥပမာအားဖြင့် အောက်ပါစနစ်များကဲ့သို့ ဖြစ်ပါသည်။
(က) လျှပ်စစ်မီတာဘီ(လ်) ပြုစုခြင်းနှင့် ငွေကောက်ခံခြင်းစနစ် (Electricity Billing and Collection System)
(ခ) အကျဉ်းသားစီမံခန့်ခွဲရေးစနစ် (Prisoners Managment Information System)
(ဂ) ကျောက်မျက်ရတနာပြပွဲ စီမံခန့်ခွဲရေးစနစ် (Emporium Managemnet Information System)
(ဃ) သင်တန်းသား စီမံခန့်ခွဲရေးစနစ် (Trainee Management Information System)
(င) ပြည်သူ့ဝန်ထမ်း ရွေးချယ်ရေးစနစ် (Civil Service Selection Information System)
(စ) မြေယာစီမံခန့်ခွဲရေးစနစ် (Land Information System)
(ဆ) ရန်ကုန်မြို့တော်အခွန်အခ ပေါင်းစည်း ကောက်ခံရေးစနစ် (Yangon City Integrate Tax Collection System)
အစိုးရဌာနများအတွက် မဖြစ်မနေ အသုံးပြုရမည့် g-Government စနစ်များအတွက် MCC Capacity Development Center သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြပါပြီ။
MCC Capacity Development
Center
Extision - 3, Junction Center
(နေပြည်တော်)
ရာဇသင်္ဂဟလမ်း၊ ဇမ္ဗူသီရိမြို့နယ်၊
နေပြည် တော်။
Tel : 067-421198